Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 13
"အဲ့ဒီတော့ နင် ဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲ။ မိစ္ဆာတိုင်းပြည်ကိုပြန်ဖို့တွေးထားမိလို့လား။"

ရွမ့်ဟွာက ယွင်းရန်ရှေ့သို့ ခြေနှစ်လှမ်းခန့်လှမ်းလိုက်ရင်း စိတ်ပျက်နေသည့်လေသံမျိုးဖြင့်ပြောလာသည်။ ယွင်းရန်က ထိုကျောက်ဂူအတွင်းရှိ ကျောက်သားဖြင့်ပြုလုပ်ထားသော ထိုင်ခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ယွင်းရန်က သူ၏ လက်ကိုအနည်းငယ်မြှောက်ကာကြည့်လိုက်ရင်း

"အားနည်းနေပြီ။ ငါအခုတလော နေရတာအဆင်မပြေဘူး။ ဒါနဲ့ ငါရှာခိုင်းထားတဲ့ဟာရဲ့ အခြေအနေရော။"

သူမက ထိုစကားကိုကြားတော့ ချက်ချင်းယွင်းရန်ရှေ့ရှိ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ သူတိူ့နှစ်ဦး၏ကြားတွင်တော့​ကျောက်သားဖြင့် ပြုလုပ်ကာထားသည့် စားပွဲဝိုင်းတစ်ခုရှိနေသည်။

"ဘယ်လိုဖြစ်တာလဲ။ဒီဆယ်နှစ်ကျော်အတွင်းတောင်ဘာမှမဖြစ်ခဲ့တာလေ။"

ရွမ့်ဟွာက ယွင်းရန်၏မေးခွန်းကို ဥပေက္ခာပြုလိုက်ပြီး သူမသိချင်သည့်အကြောင်းအရာကိုသာဦးတည်လိုက်သည်။သူမ၏အသံက အတော်စိုးရိမ်သွားသည့်လေသံမျိုး။ယွင်းရန်ဆီမှအဖြေမရသေးခင်ပင်သူမက ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် ထပ်ပြောလာသည်။

"ဒါမှမဟုတ်.....ဟိုကောင်လေးကြောင့်လား။"

"........."

ယွင်းရန်က သူမကိုဘာမှမပြောပဲ ကြည့်ရုံသာကြည့်လိုက်ပြီးနောက်သူ၏လက်ကိုပြန်ကြည့်လိုက်သည်။ သူမက ဆက်ပြောသည်။

"သူက နင့်အတွက် အန္တာရာယ်ဖြစ်နေခဲ့တာလား။
အနားမှာ မထားသင့်ရင်မထားနဲ့တော့။ တကယ်လည်း သူ့ဆီက နင့်ရဲ့ အစွမ်းတွေပြန်ရနိုင် မနိုင်ကလည်း သေချာတာမဟုတ်ဘူး။ သူ့ကိုသတ်ပစ်လိုက်တော့။"

သူမက ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။ ယွင်းရန်က လက်သီးဆုပ်လိုက်ပြီး မျက်တောင်တစ်ချက်ခပ်ကာ သက်ပြင်းချလိုက်သည်။

"ယွင်းရန်....နင်ဘာတွေ တွေဝေနေတာလဲ။မဟုတ်မှ နင်......"

သူမ၏ မျက်ဝန်းတို့က စူးရှကာတောက်ပနေလေ၏။ ယွင်းရန်အတွက်ဆို အမြဲတမ်းအကောင်းဆုံးဖြစ်စေချင်သည့် သူမ၏ သဘောထားကို ယွင်းရန်ကနားလည်သည်။ အဆုံးမရှိတိုက်ပွဲ တွင်လည်း သူမက ယွင်းရန်၏ညာလက်ရုံးတစ်ယောက် အဖြစ်ရှိနေပေးခဲ့သည်။ ထိုတိုက်ပွဲ၏ ရှုံးနိမ့်မှုရလဒ်က ယခုသူမကို အဆင့်နိမ့် မိစ္ဆာအသွင်နီးပါး သက်ရောက်ကာ လူသွေး သို့မဟုတ် တိရိစ္ဆာန်သွေးကို မဖြစ်မနေ သောက်သုံးရသည့်ဘဝကို ရောက်စေခဲ့သည်။ ပြောရလျှင် သူမ၏ စွမ်းအားထက်ဝက်ခန့်အား ကောင်းကင်ဘုံမှ အပြစ်ဒဏ်အဖြစ်ဖျက်စီးပစ်ခြင်းကိုခံခဲ့ရသည်။

"နင်တွေးသလိုမျိုး မဟုတ်ဘူး။ ငါ့မှာအကြောင်းအရင်းရှိတယ်။ ငါသူ့ကိုပေးခဲ့တာသေချာတယ်။
ပြီးတော့ အခုလိုငါအားနည်းနေတဲ့အချိန်မှာ တစ်ခုတည်းသောအစာကိုဖျက်စီးပစ်လိုက်ရင် နောက်ဆုံး နစ်နာမဲ့သူက ငါပဲဖြစ်လိမ့်မယ်။"

"ဒါပေမဲ့... သူက"

"ခဏ။ ငါ တိဟွဆီက အာရုံတစ်ခုရတယ်။"

ယွင်းရန်က သူ၏ နားထင်အား လက်ဖြင့်အသာထောက်လိုက်သည်။ ရွမ့်ဟွာက သူ့ကိုငြိမ်လျက်သာကြည့်နေလိုက်တော့သည်။ တခဏနေတော့ ယွင်းရန်က ချက်ချင်းမတ်တပ်ကောက်ရပ်လိုက်သည်။

" သူတို့ အန္တာရာယ်ရှိနေပြီ။ ငါ့ကို အဲ့ဒီပစ္စည်းရဲ့တည်နေရာကို သိရင်အကြောင်းကြားလိုက်။"

"ခ...ခဏ.."

ယွင်းရန်က ပြောပြီးပြီးချင်းပင် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားလေတော့၏။ ရွမ့်ဟွာပင် တားချိန်မရလိုက်ချေ။

...............................

" တိဟွ!!!!!!။"

ယွင်းရန်က မြေပြင်ပေါ်တွင် မြေခွေးအသွင်ဖြင့် ခွေခွေလေးငြိမ်နေသော တိဟွကိုမြင်လေတော့ ချက်ချင်းပြေးလာသည်။ သူက တိဟွ၏ နှာနုသီးနေရာလေးအား လက်ဖြင့်အသာစမ်းလိုက်ရင်း

"ပင့်ကူအဆိပ်။"

ယွင်းရန်က ထိုင်နေရာမှ ချက်ချင်းမတ်တပ်ကောက်ရပ်လိုက်ပြီး သူ၏ လက်တစ်ဖက်ကိုဆန့်ထုတ်ကာ တိဟွဆီသို့ ဦးတည်လိုက်သည်။ စွမ်းအင်သဖွယ် လှိုင်းလူံးငယ်လေးများက သူ၏ လက်ချောင်းနှစ်ချောင်းမှ နေ၍ ထိုးထွက်ကာ တိဟွဆီသိူ့ ကူးလူးသွားကြသည်။

တဖြည်းဖြည်းချင်းပင် တိဟွက မြေခွေးအသွင်သဏ္ဍာန်ပျောက်ကွယ်လာပြီး လူခန္တာကိုယ်ပုံစံအား ပြည်လည်ရရှိလာသည်။ ထိုအခါမှ ယွင်းရန်က သူ၏ လက်ကိုပြန်ရုတ်ကာ စွမ်းအားများကိုလည်း ​ြပန်လည်ရုတ်သိမ်းလိုက်သည်။

"အဆင်ပြေသွားပြီလား။"

တိဟွက ချက်ချင်းပင် ဒူးတစ်ဖက်ကိုထောက်ကာ ခေါင်းကိုငုံ့ချပစ်လိုက်သည်။

"ပေးအပ်တဲ့တာဝန်ကို မကျေပွန်နိုင်ခဲ့လို့ ဒီကျွန်မှာ အပြစ်ရှိပါတယ်။ အရှင်ယွင်းရန် ကျွန်တော့ကို အပြစ်ပေးတော်မူပါ။ "

"မင်းအပြစ်ကဘာလဲ။"

ယွင်းရန်က မေးလိုက်သည်။ ထိုအခါတိဟွက ယွင်းရန်ကို မော့ကြည့်လိုက်မိသည်။သူက ခေါင်းကိုချက်ချင်း ပြန်ငုံ့ပြီး

"နျူးကို မကာကွယ်နိုင်ခဲ့လို့ပါ။ အသက်နဲ့ရင်းပြီးကာကွယ်ရမဲ့ ကိစ္စကြီးတစ်ခုကို ပေါ့လျော့မိခဲ့ပါတယ်။"

ယွင်းရန်ကဆို၏။

"အပြစ်ကိုသိရင် ဒီမှာနေပြီး အတွင်းအားကိုပြန်ထိန်းချုပ်။ ငါ အဲ့ဒီကောင်လေးကို သွားကယ်လိုက်အုန်းမှာမလို့။ ပင့်ကူမိစ္ဆာမက ငါ့ကို အသက်ကြီးပြီး အိုနေတယ်များထင်နေတာလားမသိဘူး။ ဒီတစ်ခါတော့ ငါသူ့ရဲ့ ပင့်ကူအိမ်တွေတင်မကဘူး သူ့ကိုပါ တစ်စစီဖျက်စီးပစ်မယ်။"

ယွင်းရန်က ကြုံးဝါးလိုက်သည်။ တိဟွက မတ်တပ်ရပ်ကာ သူပါအတူလိုက်မည်ဖြစ်ကြောင်း ပြောရန်ပြင်သော်လည်း ယွင်းရန်က ထိုတစ်စက္ကန့်လောက်တွင်ပင် သူ၏ မြင်ကွင်း၌ မရှိတော့ချေ။

........................

မြူခိုးငွေ့များက နေရာအနှံ့အပြားတွင်ပြန့်နှံ့ကာ အုံ့မှိုင်းနေလျက်ရှိသည်။ ပတ်ဝန်းကျင်က မှောင်ရီပျိုးနေပြီး ကောင်းကင်ယံထွန်းလင်းနေသည့် လမင်းကြီးသည်လည်း တိမ်မဲတို့၏ဖုံးကွယ်ခြင်းကိုခံထားရသည်မို့ မဲမှောင်နေလျက်ရှိသည်။ တောတွင်းရှိ အကောင်ပလောင်ငယ်များ၏ တလူလူအော်သံများက တစ်ချက်တစ်ချက်ထွက်ပေါ်လာကြပြီး တစ်ချက်တစ်ချက်တွင်တော့ တိတ်ဆိတ်ကာသွားကြပြန်သည်။

ဝန်းကျင်ပတ်လည်ရှိအရာများ​ပေါ်တွင် ပင့်ကူမျှင်များအပြင် ပင့်ကူပေါက်စလေးများ အကြီးကောင်ကြီးများဖြင့် ပြည့်နှက်ကာနေလေ၏။ သစ်ပင်ကြီးများ သစ်ပင်ငယ်များသည်လည်း ပင့်ကူမျှင်များဖြင့်ပြည့်နှက်နေလျက်ရှိသည်။ ပင့်ကူများက မြေပြင်တွင်လည်း ပြန့်ကျဲကာနေကြပြီး လှုပ်စိလှုပ်စိဖြင့်ပင် တစ်ကောင်ပေါ်တစ်ကောင်ထပ်လုနီးပါး သွားနေကြလေ၏။ တစ်ချို့အကောင်များကလည်း သစ်ကိုင်းများပေါ်မှာ တွဲလောင်းကျနေကြသည်။

ယွင်းရန်က ထိုပင့်ကူများပြည့်နှက်နေသော နေရာ၏ တည့်တည့်တွင်ရှိသော လှိုဏ်ဂူတစ်ခုဆီသို့ သူ၏ခြေလှမ်းများကို ဦးတည်လိုက်သည်။ မြေပြင်တွင် မွစိတတ်နေသော ပင့်ကူကြီးငယ်များသည် ယွင်းရန်၏ ခြေတစ်လှမ်းချလိုက်သည်နှင့် ထိုခြေချမည့်နေရာမှ ရှောင်ဖယ်ပေးနေကြသည်။ အပေါ်ဘက် သစ်ကိုင်းများနှင့် ကျောက်တုံးများတွင် ရှိနေသော ပင့်ကူများကမူ ၎င်းတို့၏ ​မြောက်များစွာသောမျက်လုံးနက်ကြီးများဖြင့် ယွင်းရန်အား အကြည့်မလွှဲပဲကြည့်နေကြလေ၏။

မည်သည့် ပင့်ကူများကမှ ယွင်းရန်၏ ခန္တာကိုယ်ကိုမဆိုထားနှင့် အောက်ခြေရှိ မြေပြင်နှင့်တိုက်နေသော ဝတ်ရုံဖြူစကိုပင် ထိနိုင်စွမ်းမရှိကြချေ။ အစဦးလာကတည်းကပင် သူအနားသို့ ကပ်ရန်ပြင်လိုက်သည့် ပင့်ကူများသည် ချက်ချင်း ပြာမှုန်ဖြစ်သွားကြလေ၏။ ထို့ကြောင့် နောက်ပိုင်း ယွင်းရန် ခြေတစ်လှမ်းလှမ်းလေတိုင်း ထိုပင့်ကူများက အမြန်ပင်ရှောင်ရှားပေးနေကြခြင်းပင်။

ယွင်းရန်က ထို လိုဏ်ဂူပေါက်ဝတွင်ရပ်ကာ ဂူ၏ ထိပ်အပေါ်ပိုင်းနားသို့ မော့ကာကြည့်လိုက်သည်။လိုဏ်ဂူထိပ်တွင် 'ကျီကျူး' ဟူသော စကားလုံးအား ပင့်ကူမျှင်များဖြင့် ပုံစံဖော်ထားသည်ကိုတွေ့ရသည်။

"ရွံစရာတွေ! "

ယွင်းရန်က ရေရွတ်လိုက်သည်။ ထိုစကားလုံးအား ပင့်ကူများက ယခုအချိန်ထိ ပင့်ကူမျှင်များဖြင့် ဆက်ပုံဖော်နေသေးပုံပေါ်သည်။ ယွင်းရန်က ရုတ်တရက်ပင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ပစ်လိုက်ပြီး ထိုနေရာကိုချိန်ရွယ်လိုက်သည်။

ထိုစကားလုံးများကို ပြုလုပ်ထားသော ပင့်ကူမျှင်များ ချက်ချင်းပင် အမှုန့်ဖြစ်ကာ ထိုပတ်ပတ်လည်ရှိ ပင့်ကူများသည်လည်း ထွက်ပြေးသွားကြလေတော့၏။ ယွင်းရန်က သူ၏ ဝတ်ရုံလက်ကို ခါလိုက်ပြီး လိုဏ်ဂူအတွင်းသို့ ဝင်လာလိုက်တော့သည်။

အထဲတွင်က ပိုများသော ပင့်ကူများကိုတွေ့ရလေ၏။ တစ်ချက်ကြည့်ရူံနှင့်ပင် အန်ထွက်ချင်စရာ ပွစိတတ်နေကြ၏။ တစ်ချို့သော ပင့်ကူများ၏ မျက်ဝန်းများက နီရဲကာနေကြပြီး ဘေးပတ်ပတ်လည်တွင် လူရိုးများကို ပင့်ကူများတတ်နေသည်ကိုတွေ့ရသည်။ လူသားစားထားသော ပင့်ကူများက လူလက်တစ်ဝါးစာလောက်အထိ အရွယ်အစားရှိကြပြီး သူတိူ့က လူ့အရိုးများပေါ်တွင် ကျန်ရှိနေသော အသားစများကို စိတ်ကြိုက်စားသောက်နေကြသည်။ ၎င်းတို့၏ မျက်ဝန်းများက အမှန်တကယ်ကိုပင် နီရဲနေကြပြီး ထို လိုဏ်ဂူအတွင်းကိုပင် အလင်းပေးနိုင်လောက်သည်အထိ လုံလောက်သည်။ ထို့ကြောင့်ပင် လိုဏ်ဂူတစ်ခုလုံးသည် နီရဲကာ လင်းနေလေ၏။ လူတစ်ရပ်စာအရှည်ရှိသော ပိုးတုံးလုံးပုံစံ ပင့်ကူမျှင်များဖြင့် ထုတ်ကာထားသော အရာများကိုလည်း ကျောက်သား၏ အပေါ်ဘက်များတွင် တွဲလောင်းချိတ်ဆွဲကာထားသည်။

"လာပြီလား ။"

ယွင်းရန်၏ ရှေ့တည့်တည့်တွင် ပင့်ကူမိစ္ဆာမက ကျောက်သားဖြင့်လုပ်ကာထားသော ထိုင်ခုံကြီးပေါ်တွင် ခြေနှစ်ဖက်ကို ထိုင်ခုံတစ်ဖက်၏ လက်ယန်းတွင် တင်ကာ ကျောနှင့် အပေါ်ကိုယ်ခန္တာအား နောက်တစ်ဖက်ရှိ လက်ယန်းတွင်မှီကာထားသည်။ သူမက လှောင်ပြောင်သည့်အသံမျိုးဖြင့် ယွင်းရန်ကိုလှမ်းပြောသည်။ ယွင်းရန်က အမူအရာမဲ့သည့် မျက်နှာမျိုးဖြင့် သူမအားကြည့်နေသည်။

"ကောင်လေး ဘယ်မှာလဲ။"

"ဟားဟား...ဟားဟား "

သူမက အသံကျယ်ကြီးဖြင့် အော်ရီပစ်လိုက်သည်။ ခုံ၏တစ်ဖက်လက်ယန်းတွင် တင်ကာထားသော သူမ၏ခြေထောက်များကို အပေါ်သို့ မြှောက်လိုက်ပြီးမှ မြေပြင်သို့ ဖြည်းဖြည်းချင်းချကာ အတည့်ထိုင်လိုက်သည်။ ထို့နောက် သူမက ယွင်းရန်ကိုကြည့်ကာ ပြုံးလျက်ပင်

"သေပြီ။ ဦးနှောက်ဖောက်စားလိုက်တာ။ ချိုမွှေးနေတာပဲ။ "

"ဟမ့်။ ငါ့ကိုများလာလိမ်နေတယ်။"

ယွင်းရန်က စကားများများစားစားပြောမနေတော့ပဲ ဘေးရှိ ပင့်ကူများတတ်နေသော အရာများထဲမှ အတော်ကြီးသည့် ကျောက်တုံးကြီးအား စွမ်းအားသုံးကာ လှမ်းယူလိုက်ပြီးနောက်ပင့်ကူမိစ္ဆာမ ရှိရာသို့ ဦးတည်ပစ်လိုက်သည်။

*ဝုန်း*

ကျယ်လှောင်လှသော အသံနှင့်အတူ ထိုကျောက်တုံးသာမက ကျောက်ထိုင်ခုံသည်လည်း နှစ်ခြမ်းပဲ့ကျကာ သွားလေ၏။ ပင့်ကူမိစ္ဆာမကမူ ဘေးသို့အမြန်ရှောင်တိမ်းလိုက်ပြီးနောက် သူမကချက်ချင်းပင် ကိုယ်ဖော့က ယွင်းရန်ဆီသို့ ဦးတည်တိုက်ခိုက်လာတော့သည်။ သူမ၏ ပင့်ကူမျှသ်များဖြင့် ပစ်လွှတ်ကာတိုက်ခိုက်သော်လည်း ယွင်းရန်က အသာလေးရှောင်လိုက်ပြီးနောက် နှစ်ဦးသား ထိပ်တိုက်တွေ့ကာ တိုက်ခိုက်လေတော့သည်။

စတင်တိုက်ခိုက်လိုက်သည်နှင့် ပတ်ပတ်လည်ရှိ များပြားလှသော လူသားစားနေသည့် ပင့်ကူကြီးများကလည်း ယွင်းရန်တို့ဆီသိူ့ ဦးတည်လာကြတော့သည်။ ထိုပင့်ကူကြီးများ က ယွင်းရန်ကို အာရုံလွှင့်သွားစေရန် ပတ်ပတ်လည်မှ​ေန၍အတတ်နိုင်ဆုံး အနှောက်အယှက်ပေးနေကြသည်။

ယွင်းရန်က သူမနှင့်တိုက်ခိုက်နေရင်းပင် ထိုပင့်ကူကြီးများကိုလည်း တိုက်ခိုက်နေရသေးသည်။ ပင့်ကူမိစ္ဆာမ၏ စွမ်းအားက ဒီနှစ်နှစ်ထောင်အတွင်းအတော်ကို တိုးတတ်လာသည်ဟု ယွင်းရန်ထင်ကြေးပေးလိုက်သည်။ သူမနှင့် ယွင်းရန်၏ ကြားတွင် ရန်ညှိုးတစ်ခုရှိခဲ့သည်။ ယွင်းရန်က သူမ၏ ရန်ညှိုးကြောင့် လုပ်သမျှကိုဂရုစိုက်မနေပဲ ဥပေက္ခာပြုခဲ့သည်။

အကြောင်းက သုံးလောက၏ ပြိုင်ပွဲတစ်ခုတွင် ယွင်းရန်က သူမ၏အကိုဖြစ်သူအားသတ်ပစ်ခဲ့ခြင်းကြောင့်ပင်။ ယွင်းရန်အနေဖြင့် ထိုကိစ္စအားရှင်းပြစရာမလိုသည့် ကိစ္စဟုမှတ်လိုက်တာကြောင့် ထိုကိစ္စနှင့်ပတ်သတ်၍ ယွင်းရန်က တစ်ခွန်းမျှမဟပဲ သူမကယွင်းရန်အား အကို့အတွက်လက်စားချေမည်ဟူသော ခေါင်းစဥ်ဖြင့် စိန်ခေါ်လာတိုင်း လက်ခံပေးခဲ့သည်။ နောက်ဆုံး နျူးကို ဖမ်းခေါ်ခဲ့ပြီးနောက်မှ ယွင်းရန်ကဒေါသထွက်ခဲဲ့ပြီး သူမ၏ အသိုက်အား မီးရှို့ဖျက်စီးပစ်ခဲ့သည်။

အဲ့ဒီနောက်ပိုင်း သူမပေါ်မလာတော့ချေ။ ယခုတော့ သူမကပုန်းအောင်းကာ ယွင်းရန်ကိုလက်စားချေရန် ကြံစည်နေခဲ့ပုံရသည်။ ယွင်းရန်အားနည်းနေသည့်အချိန်ကို စောင့်ဆိုင်းကာ ထက်မံ၍ နျူးကို ပြန်ပေးဆွဲပြန်လေပြီ။

ယွင်းရန်က လက်ဗလာတိုက်ခိုက်နေသည့်အပြင် ပတ်ပတ်လည်ရှိ ပင့်ကူများကိုလည်း နှိမ်နင်းနေရသေးသည်။နောက်သို့ တစ်လှမ်းအမြန်ဆုတ်ချလိုက်ပြီးနောက် ယွင်းရန်က သူ၏လက်ကို ဆန့်ကာ လက်ဝါးဖြန့်ချလိုက်သည်။

တစ်မဟုတ်ချင်းပင် သူ၏လက်အတွင်းသို့ ဓားရှည်တစ်ချောင်းက စွမ်းအားများစုစည်းသွားသည့်နှယ် ပုံပေါ်ကာလာလေ၏။ ဓား၏ လက်ကိုင်ရိုးသည်က နဂါးနက်တစ်ကောင်ရစ်ပတ်ကာနေသည့်ပုံစံဖြစ်ပြီး ရဲရဲတောက်နီနေသော မျက်ဝန်းများနှင့်နဂါး၏ခေါင်းက သံမဏိကိုယ်ထည်​ဖြစ်သောဓား၏ အောက်ခြေဘေးဘက်နားကို မသိမသာ ကိုက်ဆွဲထားသည့်ပုံစံ ဖန်တီးထားသည်။

ယွင်းရန်က သူ၏ အတွင်းအားများကိုစုစည်းကာ ထိုဓားကို မြဲမြံစွာကိုင်ဆွဲလိုက်ပြီးနောက် လွှဲကာခုတ်ချပစ်လိုက်သည်။ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်သည့်နှယ် အလင်းရောင်များဖြာထွက်သွားပြီးနောက် ပတ်ပတ်လည်ရှိ ပင့်ကူများသာမက ပင့်ကူမိစ္ဆာမသည်လည်း တော်တော်ဝေးဝေးသို့ လွှင့်ထွက်ကာသွားသည်။

"အား!!!!"

သူမက သူမ၏နှစ်ပိုင်းကျိုးကျနေသော ကျောက်ထိုင်ခုံ၏ အောက်ခြေနားသို့ ပြုတ်ကျလေ၏။ ပါးစပ်တွင် သွေးစတို့က စီးကျကာလာသည်။ ယွင်းရန်က ဓားကို ကိုင်ထားရင်း သူမအနားသို့ဖြည်းဖြည်းချင်းလျှောက်လာသည်။

သူမက နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် နီးကပ်လာသော ယွင်းရန်ကို ကြည့်နေလေ၏။ ယွင်းရန်က သူနှင့် မနီးမဝေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း သူမကို ပြောလေသည်။

"ငါ ဒီကိစ္စကို တစ်စက်ကလေးမှစိတ်မဝင်စားလို့ မင်းစိန်ခေါ်တိုင်း အပျော်အနေနဲ့ လက်ခံပေးခဲ့တာ။ မင်းအကိုက ငါ့ကို လုပ်ကြံဖို့ကြိုးစားခဲ့တာမို့ သူ့ထိုက်နဲ့သူ့ကံ သေရတာ။ မင်းအကိုကသာ ငါတို့ မိစ္ဆာလောကကို သစ္စာဖောက်ပြီး ကောင်းကင်ဘုံနဲ့ ပူးပေါင်း၊ ငါ့ကိုလုပ်ကြံဖို့ကြိုးစားတာ။

ပြီးတော့ ငါတွေးမိတယ်။ မင်းတို့မောင်နှမက ရူးနေတာပဲလို့။ ဘာတဲ့ ငါ့ကိုများ သတ်ပစ်မယ်။ လက်စားချေမယ်ဟုတ်လား။ တကယ်ကို အိမ်မက်မက်နေတာပဲ။

အဲ့တော့ ငါပြောမယ်။အိမ်မက်ကနေနိုးထလိုက်ပြီးတော့ မင်းဘာသာမင်း တိတ်တိတ်လေးဆက်နေ၊ ငါ့ကိုလာထပ်မရှုပ်နဲ့၊ မင်းအကိုကြောင့် ငါသက်ညှာပေးနေရတာတွေအရမ်းများနေပြီ။ နောက်တစ်ခါဆိုရင်တော့ ငါတကယ်ညှာမှာမဟုတ်တော့ဘူး။"

ယွင်းရန်က ပြောပြီးနောက် မတ်တပ်ပြန်ရပ်ကာ တဖက်သို့လှည့်​လိုက်သည်။ ပတ်ပတ်လည်တွဲလောင်းချိတ်ခံထားရသော အထုပ်အဖြူများက သူတိူ့သိုလှောင်ကာထားသော လူသားအစာများပင်ဖြစ်ချေလိမ့်မည်။ ထို့ကြောင့် ချီယွမ်သည်လည်း ထိုအထုတ်များထဲရှိ တစ်ထုပ်ထုပ်တွင်ရှိပေလိမ့်မည်။ ယွင်းရန်က ထိုအထုပ်များဆီသို့ ဦးတည်ရန် ခြေလှမ်းလှမ်းလိုက်သည်။

"ကိုကိုက ရှင့်အပေါ်သစ္စာရှိခဲ့တယ်။ "

သူမက သူမ၏ ရင်ဘတ်ကိုလက်ဖြင့်ဖိထားရင်း ထိုနေရာကပင် အော်လိုက်သည်။သူမ၏မျက်ရည်များက ပါးပြင်တွင်စီးကျကာလာလေ၏။ ယွင်းရန်က ဂရုမစိုက်ပဲသူ၏ဦးတည်ရာသို့သာ ဆက်လျှောက်နေသည်။ သူမက ထပ်ကာအော်ပြောလေ၏။

"ရှင်ကသာ သူ့ကိုဂရုမစိုက်ခဲ့လို့ ...သူအဲ့လိုလုပ်ခဲ့တာနေမှာ။ ရှင်ကအဲ့လို လူစားမျိုးပဲလေ။ မဟုတ်ဘူးလား။ "

ယွင်းရန်က အမှန်တကယ်ကိုပင် နားပင်းသွားသည့်သူတစ်ယောက်နှယ်သူမ၏ စကားများကိုလျစ်လျူရှူလျက်ရှိသည်။

" အဲ့တာကြောင့်လည်း ရှင့်ရဲ့နှလုံးသားက ဒဏ်ခတ်ခံရတာ။ ရှင်နဲ့တန်တာကို ရှင်ရခဲ့တာပဲ။ ရှင်ဘယ်တော့မှ စစ်မှန်တဲ့အချစ်တစ်ခုကိုပိုင်ဆိုင်ရမှာမဟုတ်ဘူး။ အရင်ကရော အခုရော နောင်အနာဂတ်ရော..."

"........."

ထိုစကားကြောင့် ယွင်းရန်က သူ၏ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သည်။ သို့သော်လည်း ယွင်းရန်က သူမကို လှည့်ပင်မကြည့်ခဲ့ပဲ သူ၏ဓားရှည်ကိုသာ သူမဆီသို့ ပစ်လွှတ်လိုက်သည်။

*ရွှတ်.....*

မည်သည့်အသံတစ်သံမျှပင် ထွက်နိုင်ခြင်းမရှိခဲ့တော့ပဲ ပြတ်သားသည့် ဓားသံတစ်သံနှင့်အတူ မြေကြီးပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျသည့်အသံ *ဘုတ်* ဟူသော မြည်သံတစ်ခုသာကြားလိုက်ရသည်။ ထို့အပြင် ပင့်ကူမိစ္ဆာမ၏အသံသည်လည်း တိတ်ဆိတ်ကာသွားလေတော့၏။

သူမ၏ ကိုယ်ခန္တာသည်လည်း ကျောက်သားထိုင်ခုံကျိုး၏ အောက်ခြေနားတွင် လဲကျသွားပြီး ဦးခေါင်းသည် မြေပြင်ပေါ်သို့ လှိမ့်ကျသွားလေတော့သည်။ မဲညစ်နေသော သွေးမဲတို့ကပြတ်ထွက်သွားသော ဦးခေါင်းနှင့် တစ်ဖက်ရှိ ကိုယ်ခန္တာလည်ပင်းတို့မှ တစ်ရစပ်စီးကျနေလေသည်။

ယွင်းရန်က သူ၏ဓားကိူပြန်ခေါ်လိုက်ပြီးနောက်ထိုဓားကိုသာ သုံးလျက် တွဲလောင်းကျနေသော အထုပ်ဖြူများကို အလည်တည့်တည့်မှ ဆွဲဖြတ်လိုက်သည်။ အထဲရှိ ဖြူဖျော့နေသော လူသားအစာများက တဖြည်းဖြည်းချင်း မြေပေါ်သို့ပြုတ်ကျလာကြ၏။ ခုနက အသားစားနေကြသော ပင့်ကူများက ထိုလူသားများကို စားချင်သော်လည်း ယွင်းရန်ကိုကြောက်၍ ထွက်ပြေးသွားသည့်အကောင်ကထွက်ပြေး၊ ငြိမ်ကုတ်ကာ အမှောင်ထဲပုန်းနေသည့်အကောင်က ပုန်းနေဖြင့်အလုပ်ရှုပ်နေကြသည်။

အထုပ်များအကုန်ကုန်သွားသည်အထိ ထိုဖြူဖျော့ကာ အသက်ငွေ့ငွေ့ကျန်နေသော လူသားများကြား ချီယွမ်ကိုမတွေ့ရချေ။ ယွင်းရန်က စိတ်ပျက်သွားသည့် ပုံစံဖြင့်ပင် အသာရေရွတ်လိုက်သည်။

"တကယ်ပဲ ဘယ်မှာထားထားတာလဲ။"

ယွင်းရန်က သူ၏ မျက်လုံးများကို အသာမှိတ်လိုက်ပြီး အာရုံခံရန်ကြိုးစားလိုက်သည်။ ချီယွမ်၏ ကိုယ်ပေါ်တွင် သူထားထားသည့်အမှတ်အသားက နှစ်ခုတောင် ရှိတာကြောင့် ဤနေရာတွင် ချီယွမ်ရှိနေသည်ကို သူသေချာသိသည်။

အတော်ကြာတော့ ယွင်းရန်ကသူ၏ မျက်ဝန်းများကို ပြန်ဖွင့်လိုက်ပြီး ပင့်ကူမိစ္ဆာမ၏ နောက်ဘက်ရှိ ကျောက်သားထိုင်ခုံကျိုးနားသို့ ပြေးသွားသည်။ ထိုထိုင်ခုံ၏ နောက်ဘက်တွင် ကျောက်သားနံရံ ကြီးရှိပြီး ယွင်းရန်ကထိုနံရံအား ချက်ချင်းဖောက်ခွဲပစ်လိုက်သည်။

ကွဲကြေကာလွှင့်ထွက်သွားသော ကျောက်စများနှင့်အတူ ဖုန်မှုန့်များ လွင့်သွားလေတော့ ထိုနံရံတွင် အပေါ်ကြီးတစ်ပေါက်ဖြစ်သွားလေ၏။ ယွင်းရန်က အထဲသိူ့အမြန်ပင်ဝင်လိုက်သည်။ ချီယွမ်၏ ရနံ့အား သူဝင်လိုက်သည်နှင့် ပို၍ပြင်းစွာရလေ၏။ ထိုအခန်းတွင်း၏ထောင့် တစ်နေရာတွင် အမှန်တကယ်ပင် ပိုးတုံးလုံးကဲ့သိူ့သော အထုပ်တစ်ထုပ်ကိုချိတ်ဆွဲကာထားသည်။ ထို ပင့်ကူမျှင်များတစ်ရစ်ရစ် ရစ်ပတ်ထားသောထိုအရာကို ထိုးဖောက်လျက်ပင် အထဲရှိ တစ်စုံတစ်ခုက မှိတ်တုတ်မှိတ်တုတ်ဖြင့်ပင် လင်းလက်ကာနေလေ၏။

~~~~~~~
"အဲ့ဒီေတာ့ နင္ ဘယ္လိုလုပ္ဖို႔စိတ္ကူးထားလဲ။ မိစ္ဆာတိုင္းျပည္ကိုျပန္ဖို႔ေတြးထားမိလို႔လား။"

႐ြမ့္ဟြာက ယြင္းရန္ေရွ႕သို႔ ေျခႏွစ္လွမ္းခန့္လွမ္းလိုက္ရင္း စိတ္ပ်က္ေနသည့္ေလသံမ်ိဳးျဖင့္ေျပာလာသည္။ ယြင္းရန္က ထိုေက်ာက္ဂူအတြင္းရွိ ေက်ာက္သားျဖင့္ျပဳလုပ္ထားေသာ ထိုင္ခုံတစ္ခုေပၚတြင္ ဝင္ထိုင္လိုက္သည္။ယြင္းရန္က သူ၏ လက္ကိုအနည္းငယ္ျမႇောက္ကာၾကည့္လိုက္ရင္း

"အားနည္းေနၿပီ။ ငါအခုတေလာ ေနရတာအဆင္မေျပဘူး။ ဒါနဲ႕ ငါရွာခိုင္းထားတဲ့ဟာရဲ႕ အေျခအေနေရာ။"

သူမက ထိုစကားကိုၾကားေတာ့ ခ်က္ခ်င္းယြင္းရန္ေရွ႕ရွိ ထိုင္ခုံတြင္ဝင္ထိုင္လိုက္သည္။ သူတိူ႕ႏွစ္ဦး၏ၾကားတြင္ေတာ့​ေက်ာက္သားျဖင့္ ျပဳလုပ္ကာထားသည့္ စားပြဲဝိုင္းတစ္ခုရွိေနသည္။

"ဘယ္လိုျဖစ္တာလဲ။ဒီဆယ္ႏွစ္ေက်ာ္အတြင္းေတာင္ဘာမွမျဖစ္ခဲ့တာေလ။"

႐ြမ့္ဟြာက ယြင္းရန္၏ေမးခြန္းကို ဥေပကၡာျပဳလိုက္ၿပီး သူမသိခ်င္သည့္အေၾကာင္းအရာကိုသာဦးတည္လိုက္သည္။သူမ၏အသံက အေတာ္စိုးရိမ္သြားသည့္ေလသံမ်ိဳး။ယြင္းရန္ဆီမွအေျဖမရေသးခင္ပင္သူမက ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီးေနာက္ ထပ္ေျပာလာသည္။

"ဒါမွမဟုတ္.....ဟိုေကာင္ေလးေၾကာင့္လား။"

"........."

ယြင္းရန္က သူမကိုဘာမွမေျပာပဲ ၾကည့္႐ုံသာၾကည့္လိုက္ၿပီးေနာက္သူ၏လက္ကိုျပန္ၾကည့္လိုက္သည္။ သူမက ဆက္ေျပာသည္။

"သူက နင့္အတြက္ အႏၱာရာယ္ျဖစ္ေနခဲ့တာလား။
အနားမွာ မထားသင့္ရင္မထားနဲ႕ေတာ့။ တကယ္လည္း သူ႕ဆီက နင့္ရဲ႕ အစြမ္းေတြျပန္ရနိုင္ မနိုင္ကလည္း ေသခ်ာတာမဟုတ္ဘူး။ သူ႕ကိုသတ္ပစ္လိုက္ေတာ့။"

သူမက ခပ္ျပတ္ျပတ္ပင္ေျပာလိုက္သည္။ ယြင္းရန္က လက္သီးဆုပ္လိုက္ၿပီး မ်က္ေတာင္တစ္ခ်က္ခပ္ကာ သက္ျပင္းခ်လိဳက္သည္။

"ယြင္းရန္....နင္ဘာေတြ ေတြေဝေနတာလဲ။မဟုတ္မွ နင္......"

သူမ၏ မ်က္ဝန္းတို႔က စူးရွကာေတာက္ပေနေလ၏။ ယြင္းရန္အတြက္ဆို အၿမဲတမ္းအေကာင္းဆုံးျဖစ္ေစခ်င္သည့္ သူမ၏ သေဘာထားကို ယြင္းရန္ကနားလည္သည္။ အဆုံးမရွိတိုက္ပြဲ တြင္လည္း သူမက ယြင္းရန္၏ညာလက္႐ုံးတစ္ေယာက္ အျဖစ္ရွိေနေပးခဲ့သည္။ ထိုတိုက္ပြဲ၏ ရႈံးနိမ့္မႈရလဒ္က ယခုသူမကို အဆင့္နိမ့္ မိစ္ဆာအသြင္နီးပါး သက္ေရာက္ကာ လူေသြး သို႔မဟုတ္ တိရိစ္ဆာန္ေသြးကို မျဖစ္မေန ေသာက္သုံးရသည့္ဘဝကို ေရာက္ေစခဲ့သည္။ ေျပာရလွ်င္ သူမ၏ စြမ္းအားထက္ဝက္ခန့္အား ေကာင္းကင္ဘုံမွ အျပစ္ဒဏ္အျဖစ္ဖ်က္စီးပစ္ျခင္းကိုခံခဲ့ရသည္။

"နင္ေတြးသလိုမ်ိဳး မဟုတ္ဘူး။ ငါ့မွာအေၾကာင္းအရင္းရွိတယ္။ ငါသူ႕ကိုေပးခဲ့တာေသခ်ာတယ္။
ၿပီးေတာ့ အခုလိုငါအားနည္းေနတဲ့အခ်ိန္မွာ တစ္ခုတည္းေသာအစာကိုဖ်က္စီးပစ္လိုက္ရင္ ေနာက္ဆုံး နစ္နာမဲ့သူက ငါပဲျဖစ္လိမ့္မယ္။"

"ဒါေပမဲ့... သူက"

"ခဏ။ ငါ တိဟြဆီက အာ႐ုံတစ္ခုရတယ္။"

ယြင္းရန္က သူ၏ နားထင္အား လက္ျဖင့္အသာေထာက္လိုက္သည္။ ႐ြမ့္ဟြာက သူ႕ကိုၿငိမ္လ်က္သာၾကည့္ေနလိုက္ေတာ့သည္။ တခဏေနေတာ့ ယြင္းရန္က ခ်က္ခ်င္းမတ္တပ္ေကာက္ရပ္လိုက္သည္။

" သူတို႔ အႏၱာရာယ္ရွိေနၿပီ။ ငါ့ကို အဲ့ဒီပစၥည္းရဲ႕တည္ေနရာကို သိရင္အေၾကာင္းၾကားလိုက္။"

"ခ...ခဏ.."

ယြင္းရန္က ေျပာၿပီးၿပီးခ်င္းပင္ ထိုေနရာမွ ခ်က္ခ်င္းေပ်ာက္ကြယ္သြားေလေတာ့၏။ ႐ြမ့္ဟြာပင္ တားခ်ိန္မရလိုက္ေခ်။

...............................

" တိဟြ!!!!!!။"

ယြင္းရန္က ေျမျပင္ေပၚတြင္ ေျမေခြးအသြင္ျဖင့္ ေခြေခြေလးၿငိမ္ေနေသာ တိဟြကိုျမင္ေလေတာ့ ခ်က္ခ်င္းေျပးလာသည္။ သူက တိဟြ၏ ႏွာႏုသီးေနရာေလးအား လက္ျဖင့္အသာစမ္းလိုက္ရင္း

"ပင့္ကူအဆိပ္။"

ယြင္းရန္က ထိုင္ေနရာမွ ခ်က္ခ်င္းမတ္တပ္ေကာက္ရပ္လိုက္ၿပီး သူ၏ လက္တစ္ဖက္ကိုဆန့္ထုတ္ကာ တိဟြဆီသို႔ ဦးတည္လိုက္သည္။ စြမ္းအင္သဖြယ္ လွိုင္းလူံးငယ္ေလးမ်ားက သူ၏ လက္ေခ်ာင္းႏွစ္ေခ်ာင္းမွ ေန၍ ထိုးထြက္ကာ တိဟြဆီသိူ႕ ကူးလူးသြားၾကသည္။

တျဖည္းျဖည္းခ်င္းပင္ တိဟြက ေျမေခြးအသြင္သ႑ာန္ေပ်ာက္ကြယ္လာၿပီး လူခႏၱာကိုယ္ပုံစံအား ျပည္လည္ရရွိလာသည္။ ထိုအခါမွ ယြင္းရန္က သူ၏ လက္ကိုျပန္႐ုတ္ကာ စြမ္းအားမ်ားကိုလည္း ​ျပန္လည္႐ုတ္သိမ္းလိုက္သည္။

"အဆင္ေျပသြားၿပီလား။"

တိဟြက ခ်က္ခ်င္းပင္ ဒူးတစ္ဖက္ကိုေထာက္ကာ ေခါင္းကိုငုံ႕ခ်ပစ္လိုက္သည္။

"ေပးအပ္တဲ့တာဝန္ကို မေက်ပြန္နိုင္ခဲ့လို႔ ဒီကြၽန္မွာ အျပစ္ရွိပါတယ္။ အရွင္ယြင္းရန္ ကြၽန္ေတာ့ကို အျပစ္ေပးေတာ္မူပါ။ "

"မင္းအျပစ္ကဘာလဲ။"

ယြင္းရန္က ေမးလိုက္သည္။ ထိုအခါတိဟြက ယြင္းရန္ကို ေမာ့ၾကည့္လိုက္မိသည္။သူက ေခါင္းကိုခ်က္ခ်င္း ျပန္ငုံ႕ၿပီး

"န်ဴးကို မကာကြယ္နိုင္ခဲ့လို႔ပါ။ အသက္နဲ႕ရင္းၿပီးကာကြယ္ရမဲ့ ကိစၥႀကီးတစ္ခုကို ေပါ့ေလ်ာ့မိခဲ့ပါတယ္။"

ယြင္းရန္ကဆို၏။

"အျပစ္ကိုသိရင္ ဒီမွာေနၿပီး အတြင္းအားကိုျပန္ထိန္းခ်ဳပ္။ ငါ အဲ့ဒီေကာင္ေလးကို သြားကယ္လိုက္အုန္းမွာမလို႔။ ပင့္ကူမိစ္ဆာမက ငါ့ကို အသက္ႀကီးၿပီး အိုေနတယ္မ်ားထင္ေနတာလားမသိဘူး။ ဒီတစ္ခါေတာ့ ငါသူ႕ရဲ႕ ပင့္ကူအိမ္ေတြတင္မကဘူး သူ႕ကိုပါ တစ္စစီဖ်က္စီးပစ္မယ္။"

ယြင္းရန္က ႀကဳံးဝါးလိုက္သည္။ တိဟြက မတ္တပ္ရပ္ကာ သူပါအတူလိုက္မည္ျဖစ္ေၾကာင္း ေျပာရန္ျပင္ေသာ္လည္း ယြင္းရန္က ထိုတစ္စကၠန့္ေလာက္တြင္ပင္ သူ၏ ျမင္ကြင္း၌ မရွိေတာ့ေခ်။

........................

ျမဴခိုးေငြ႕မ်ားက ေနရာအႏွံ႕အျပားတြင္ျပန့္ႏွံ႕ကာ အုံ႕မွိုင္းေနလ်က္ရွိသည္။ ပတ္ဝန္းက်င္က ေမွာင္ရီပ်ိဳးေနၿပီး ေကာင္းကင္ယံထြန္းလင္းေနသည့္ လမင္းႀကီးသည္လည္း တိမ္မဲတို႔၏ဖုံးကြယ္ျခင္းကိုခံထားရသည္မို႔ မဲေမွာင္ေနလ်က္ရွိသည္။ ေတာတြင္းရွိ အေကာင္ပေလာင္ငယ္မ်ား၏ တလူလူေအာ္သံမ်ားက တစ္ခ်က္တစ္ခ်က္ထြက္ေပၚလာၾကၿပီး တစ္ခ်က္တစ္ခ်က္တြင္ေတာ့ တိတ္ဆိတ္ကာသြားၾကျပန္သည္။

ဝန္းက်င္ပတ္လည္ရွိအရာမ်ား​ေပၚတြင္ ပင့္ကူမွ်င္မ်ားအျပင္ ပင့္ကူေပါက္စေလးမ်ား အႀကီးေကာင္ႀကီးမ်ားျဖင့္ ျပည့္ႏွက္ကာေနေလ၏။ သစ္ပင္ႀကီးမ်ား သစ္ပင္ငယ္မ်ားသည္လည္း ပင့္ကူမွ်င္မ်ားျဖင့္ျပည့္ႏွက္ေနလ်က္ရွိသည္။ ပင့္ကူမ်ားက ေျမျပင္တြင္လည္း ျပန့္က်ဲကာေနၾကၿပီး လႈပ္စိလႈပ္စိျဖင့္ပင္ တစ္ေကာင္ေပၚတစ္ေကာင္ထပ္လုနီးပါး သြားေနၾကေလ၏။ တစ္ခ်ိဳ႕အေကာင္မ်ားကလည္း သစ္ကိုင္းမ်ားေပၚမွာ တြဲေလာင္းက်ေနၾကသည္။

ယြင္းရန္က ထိုပင့္ကူမ်ားျပည့္ႏွက္ေနေသာ ေနရာ၏ တည့္တည့္တြင္ရွိေသာ လွိုဏ္ဂူတစ္ခုဆီသို႔ သူ၏ေျခလွမ္းမ်ားကို ဦးတည္လိုက္သည္။ ေျမျပင္တြင္ မြစိတတ္ေနေသာ ပင့္ကူႀကီးငယ္မ်ားသည္ ယြင္းရန္၏ ေျခတစ္လွမ္းခ်လိဳက္သည္ႏွင့္ ထိုေျခခ်မည့္ေနရာမွ ေရွာင္ဖယ္ေပးေနၾကသည္။ အေပၚဘက္ သစ္ကိုင္းမ်ားႏွင့္ ေက်ာက္တုံးမ်ားတြင္ ရွိေနေသာ ပင့္ကူမ်ားကမူ ၎တို႔၏ ​ေျမာက္မ်ားစြာေသာမ်က္လုံးနက္ႀကီးမ်ားျဖင့္ ယြင္းရန္အား အၾကည့္မလႊဲပဲၾကည့္ေနၾကေလ၏။

မည္သည့္ ပင့္ကူမ်ားကမွ ယြင္းရန္၏ ခႏၱာကိုယ္ကိုမဆိုထားႏွင့္ ေအာက္ေျခရွိ ေျမျပင္ႏွင့္တိုက္ေနေသာ ဝတ္႐ုံျဖဴစကိုပင္ ထိနိုင္စြမ္းမရွိၾကေခ်။ အစဦးလာကတည္းကပင္ သူအနားသို႔ ကပ္ရန္ျပင္လိုက္သည့္ ပင့္ကူမ်ားသည္ ခ်က္ခ်င္း ျပာမႈန္ျဖစ္သြားၾကေလ၏။ ထို႔ေၾကာင့္ ေနာက္ပိုင္း ယြင္းရန္ ေျခတစ္လွမ္းလွမ္းေလတိုင္း ထိုပင့္ကူမ်ားက အျမန္ပင္ေရွာင္ရွားေပးေနၾကျခင္းပင္။

ယြင္းရန္က ထို လိုဏ္ဂူေပါက္ဝတြင္ရပ္ကာ ဂူ၏ ထိပ္အေပၚပိုင္းနားသို႔ ေမာ့ကာၾကည့္လိုက္သည္။လိုဏ္ဂူထိပ္တြင္ 'က်ီက်ဴး' ဟူေသာ စကားလုံးအား ပင့္ကူမွ်င္မ်ားျဖင့္ ပုံစံေဖာ္ထားသည္ကိုေတြ႕ရသည္။

"႐ြံစရာေတြ! "

ယြင္းရန္က ေရ႐ြတ္လိုက္သည္။ ထိုစကားလုံးအား ပင့္ကူမ်ားက ယခုအခ်ိန္ထိ ပင့္ကူမွ်င္မ်ားျဖင့္ ဆက္ပုံေဖာ္ေနေသးပုံေပၚသည္။ ယြင္းရန္က ႐ုတ္တရက္ပင္ သူ၏ လက္တစ္ဖက္ကို ဆန့္ထုတ္ပစ္လိုက္ၿပီး ထိုေနရာကိုခ်ိန္႐ြယ္လိုက္သည္။

ထိုစကားလုံးမ်ားကို ျပဳလုပ္ထားေသာ ပင့္ကူမွ်င္မ်ား ခ်က္ခ်င္းပင္ အမႈန့္ျဖစ္ကာ ထိုပတ္ပတ္လည္ရွိ ပင့္ကူမ်ားသည္လည္း ထြက္ေျပးသြားၾကေလေတာ့၏။ ယြင္းရန္က သူ၏ ဝတ္႐ုံလက္ကို ခါလိုက္ၿပီး လိုဏ္ဂူအတြင္းသို႔ ဝင္လာလိုက္ေတာ့သည္။

အထဲတြင္က ပိုမ်ားေသာ ပင့္ကူမ်ားကိုေတြ႕ရေလ၏။ တစ္ခ်က္ၾကည့္႐ူံႏွင့္ပင္ အန္ထြက္ခ်င္စရာ ပြစိတတ္ေနၾက၏။ တစ္ခ်ိဳ႕ေသာ ပင့္ကူမ်ား၏ မ်က္ဝန္းမ်ားက နီရဲကာေနၾကၿပီး ေဘးပတ္ပတ္လည္တြင္ လူရိုးမ်ားကို ပင့္ကူမ်ားတတ္ေနသည္ကိုေတြ႕ရသည္။ လူသားစားထားေသာ ပင့္ကူမ်ားက လူလက္တစ္ဝါးစာေလာက္အထိ အ႐ြယ္အစားရွိၾကၿပီး သူတိူ႕က လူ႕အရိုးမ်ားေပၚတြင္ က်န္ရွိေနေသာ အသားစမ်ားကို စိတ္ႀကိဳက္စားေသာက္ေနၾကသည္။ ၎တို႔၏ မ်က္ဝန္းမ်ားက အမွန္တကယ္ကိုပင္ နီရဲေနၾကၿပီး ထို လိုဏ္ဂူအတြင္းကိုပင္ အလင္းေပးနိုင္ေလာက္သည္အထိ လုံေလာက္သည္။ ထို႔ေၾကာင့္ပင္ လိုဏ္ဂူတစ္ခုလုံးသည္ နီရဲကာ လင္းေနေလ၏။ လူတစ္ရပ္စာအရွည္ရွိေသာ ပိုးတုံးလုံးပုံစံ ပင့္ကူမွ်င္မ်ားျဖင့္ ထုတ္ကာထားေသာ အရာမ်ားကိုလည္း ေက်ာက္သား၏ အေပၚဘက္မ်ားတြင္ တြဲေလာင္းခ်ိတ္ဆြဲကာထားသည္။

"လာၿပီလား ။"

ယြင္းရန္၏ ေရွ႕တည့္တည့္တြင္ ပင့္ကူမိစ္ဆာမက ေက်ာက္သားျဖင့္လုပ္ကာထားေသာ ထိုင္ခုံႀကီးေပၚတြင္ ေျခႏွစ္ဖက္ကို ထိုင္ခုံတစ္ဖက္၏ လက္ယန္းတြင္ တင္ကာ ေက်ာႏွင့္ အေပၚကိုယ္ခႏၱာအား ေနာက္တစ္ဖက္ရွိ လက္ယန္းတြင္မွီကာထားသည္။ သူမက ေလွာင္ေျပာင္သည့္အသံမ်ိဳးျဖင့္ ယြင္းရန္ကိုလွမ္းေျပာသည္။ ယြင္းရန္က အမူအရာမဲ့သည့္ မ်က္ႏွာမ်ိဳးျဖင့္ သူမအားၾကည့္ေနသည္။

"ေကာင္ေလး ဘယ္မွာလဲ။"

"ဟားဟား...ဟားဟား "

သူမက အသံက်ယ္ႀကီးျဖင့္ ေအာ္ရီပစ္လိုက္သည္။ ခုံ၏တစ္ဖက္လက္ယန္းတြင္ တင္ကာထားေသာ သူမ၏ေျခေထာက္မ်ားကို အေပၚသို႔ ျမႇောက္လိုက္ၿပီးမွ ေျမျပင္သို႔ ျဖည္းျဖည္းခ်င္းခ်ကာ အတည့္ထိုင္လိုက္သည္။ ထို႔ေနာက္ သူမက ယြင္းရန္ကိုၾကည့္ကာ ၿပဳံးလ်က္ပင္

"ေသၿပီ။ ဦးႏွောက္ေဖာက္စားလိုက္တာ။ ခ်ိဳေမႊးေနတာပဲ။ "

"ဟမ့္။ ငါ့ကိုမ်ားလာလိမ္ေနတယ္။"

ယြင္းရန္က စကားမ်ားမ်ားစားစားေျပာမေနေတာ့ပဲ ေဘးရွိ ပင့္ကူမ်ားတတ္ေနေသာ အရာမ်ားထဲမွ အေတာ္ႀကီးသည့္ ေက်ာက္တုံးႀကီးအား စြမ္းအားသုံးကာ လွမ္းယူလိုက္ၿပီးေနာက္ပင့္ကူမိစ္ဆာမ ရွိရာသို႔ ဦးတည္ပစ္လိုက္သည္။

*ဝုန္း*

က်ယ္ေလွာင္လွေသာ အသံႏွင့္အတူ ထိုေက်ာက္တုံးသာမက ေက်ာက္ထိုင္ခုံသည္လည္း ႏွစ္ျခမ္းပဲ့က်ကာ သြားေလ၏။ ပင့္ကူမိစ္ဆာမကမူ ေဘးသို႔အျမန္ေရွာင္တိမ္းလိုက္ၿပီးေနာက္ သူမကခ်က္ခ်င္းပင္ ကိုယ္ေဖာ့က ယြင္းရန္ဆီသို႔ ဦးတည္တိုက္ခိုက္လာေတာ့သည္။ သူမ၏ ပင့္ကူမွ်သ္မ်ားျဖင့္ ပစ္လႊတ္ကာတိုက္ခိုက္ေသာ္လည္း ယြင္းရန္က အသာေလးေရွာင္လိုက္ၿပီးေနာက္ ႏွစ္ဦးသား ထိပ္တိုက္ေတြ႕ကာ တိုက္ခိုက္ေလေတာ့သည္။

စတင္တိုက္ခိုက္လိုက္သည္ႏွင့္ ပတ္ပတ္လည္ရွိ မ်ားျပားလွေသာ လူသားစားေနသည့္ ပင့္ကူႀကီးမ်ားကလည္း ယြင္းရန္တို႔ဆီသိူ႕ ဦးတည္လာၾကေတာ့သည္။ ထိုပင့္ကူႀကီးမ်ား က ယြင္းရန္ကို အာ႐ုံလႊင့္သြားေစရန္ ပတ္ပတ္လည္မွ​ေန၍အတတ္နိုင္ဆုံး အႏွောက္အယွက္ေပးေနၾကသည္။

ယြင္းရန္က သူမႏွင့္တိုက္ခိုက္ေနရင္းပင္ ထိုပင့္ကူႀကီးမ်ားကိုလည္း တိုက္ခိုက္ေနရေသးသည္။ ပင့္ကူမိစ္ဆာမ၏ စြမ္းအားက ဒီႏွစ္ႏွစ္ေထာင္အတြင္းအေတာ္ကို တိုးတတ္လာသည္ဟု ယြင္းရန္ထင္ေၾကးေပးလိုက္သည္။ သူမႏွင့္ ယြင္းရန္၏ ၾကားတြင္ ရန္ညွိုးတစ္ခုရွိခဲ့သည္။ ယြင္းရန္က သူမ၏ ရန္ညွိုးေၾကာင့္ လုပ္သမွ်ကိုဂ႐ုစိုက္မေနပဲ ဥေပကၡာျပဳခဲ့သည္။

အေၾကာင္းက သုံးေလာက၏ ၿပိဳင္ပြဲတစ္ခုတြင္ ယြင္းရန္က သူမ၏အကိုျဖစ္သူအားသတ္ပစ္ခဲ့ျခင္းေၾကာင့္ပင္။ ယြင္းရန္အေနျဖင့္ ထိုကိစၥအားရွင္းျပစရာမလိုသည့္ ကိစၥဟုမွတ္လိုက္တာေၾကာင့္ ထိုကိစၥႏွင့္ပတ္သတ္၍ ယြင္းရန္က တစ္ခြန္းမွ်မဟပဲ သူမကယြင္းရန္အား အကို႔အတြက္လက္စားေခ်မည္ဟူေသာ ေခါင္းစဥ္ျဖင့္ စိန္ေခၚလာတိုင္း လက္ခံေပးခဲ့သည္။ ေနာက္ဆုံး န်ဴးကို ဖမ္းေခၚခဲ့ၿပီးေနာက္မွ ယြင္းရန္ကေဒါသထြက္ခဲဲ့ၿပီး သူမ၏ အသိုက္အား မီးရွို႔ဖ်က္စီးပစ္ခဲ့သည္။

အဲ့ဒီေနာက္ပိုင္း သူမေပၚမလာေတာ့ေခ်။ ယခုေတာ့ သူမကပုန္းေအာင္းကာ ယြင္းရန္ကိုလက္စားေခ်ရန္ ႀကံစည္ေနခဲ့ပုံရသည္။ ယြင္းရန္အားနည္းေနသည့္အခ်ိန္ကို ေစာင့္ဆိုင္းကာ ထက္မံ၍ န်ဴးကို ျပန္ေပးဆြဲျပန္ေလၿပီ။

ယြင္းရန္က လက္ဗလာတိုက္ခိုက္ေနသည့္အျပင္ ပတ္ပတ္လည္ရွိ ပင့္ကူမ်ားကိုလည္း ႏွိမ္နင္းေနရေသးသည္။ေနာက္သို႔ တစ္လွမ္းအျမန္ဆုတ္ခ်လိဳက္ၿပီးေနာက္ ယြင္းရန္က သူ၏လက္ကို ဆန့္ကာ လက္ဝါးျဖန့္ခ်လိဳက္သည္။

တစ္မဟုတ္ခ်င္းပင္ သူ၏လက္အတြင္းသို႔ ဓားရွည္တစ္ေခ်ာင္းက စြမ္းအားမ်ားစုစည္းသြားသည့္ႏွယ္ ပုံေပၚကာလာေလ၏။ ဓား၏ လက္ကိုင္ရိုးသည္က နဂါးနက္တစ္ေကာင္ရစ္ပတ္ကာေနသည့္ပုံစံျဖစ္ၿပီး ရဲရဲေတာက္နီေနေသာ မ်က္ဝန္းမ်ားႏွင့္နဂါး၏ေခါင္းက သံမဏိကိုယ္ထည္​ျဖစ္ေသာဓား၏ ေအာက္ေျခေဘးဘက္နားကို မသိမသာ ကိုက္ဆြဲထားသည့္ပုံစံ ဖန္တီးထားသည္။

ယြင္းရန္က သူ၏ အတြင္းအားမ်ားကိုစုစည္းကာ ထိုဓားကို ၿမဲၿမံစြာကိုင္ဆြဲလိုက္ၿပီးေနာက္ လႊဲကာခုတ္ခ်ပစ္လိုက္သည္။ ျပင္းထန္ေသာ ေပါက္ကြဲမႈတစ္ခုျဖစ္သည့္ႏွယ္ အလင္းေရာင္မ်ားျဖာထြက္သြားၿပီးေနာက္ ပတ္ပတ္လည္ရွိ ပင့္ကူမ်ားသာမက ပင့္ကူမိစ္ဆာမသည္လည္း ေတာ္ေတာ္ေဝးေဝးသို႔ လႊင့္ထြက္ကာသြားသည္။

"အား!!!!"

သူမက သူမ၏ႏွစ္ပိုင္းက်ိဳးက်ေနေသာ ေက်ာက္ထိုင္ခုံ၏ ေအာက္ေျခနားသို႔ ျပဳတ္က်ေလ၏။ ပါးစပ္တြင္ ေသြးစတို႔က စီးက်ကာလာသည္။ ယြင္းရန္က ဓားကို ကိုင္ထားရင္း သူမအနားသို႔ျဖည္းျဖည္းခ်င္းေလွ်ာက္လာသည္။

သူမက နီရဲေနေသာ မ်က္ဝန္းတစ္စုံျဖင့္ နီးကပ္လာေသာ ယြင္းရန္ကို ၾကည့္ေနေလ၏။ ယြင္းရန္က သူႏွင့္ မနီးမေဝးတြင္ ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္ရင္း သူမကို ေျပာေလသည္။

"ငါ ဒီကိစၥကို တစ္စက္ကေလးမွစိတ္မဝင္စားလို႔ မင္းစိန္ေခၚတိုင္း အေပ်ာ္အေနနဲ႕ လက္ခံေပးခဲ့တာ။ မင္းအကိုက ငါ့ကို လုပ္ႀကံဖို႔ႀကိဳးစားခဲ့တာမို႔ သူ႕ထိုက္နဲ႕သူ႕ကံ ေသရတာ။ မင္းအကိုကသာ ငါတို႔ မိစ္ဆာေလာကကို သစၥာေဖာက္ၿပီး ေကာင္းကင္ဘုံနဲ႕ ပူးေပါင္း၊ ငါ့ကိုလုပ္ႀကံဖို႔ႀကိဳးစားတာ။

ၿပီးေတာ့ ငါေတြးမိတယ္။ မင္းတို႔ေမာင္ႏွမက ႐ူးေနတာပဲလို႔။ ဘာတဲ့ ငါ့ကိုမ်ား သတ္ပစ္မယ္။ လက္စားေခ်မယ္ဟုတ္လား။ တကယ္ကို အိမ္မက္မက္ေနတာပဲ။

အဲ့ေတာ့ ငါေျပာမယ္။အိမ္မက္ကေနနိုးထလိုက္ၿပီးေတာ့ မင္းဘာသာမင္း တိတ္တိတ္ေလးဆက္ေန၊ ငါ့ကိုလာထပ္မရႈပ္နဲ႕၊ မင္းအကိုေၾကာင့္ ငါသက္ညွာေပးေနရတာေတြအရမ္းမ်ားေနၿပီ။ ေနာက္တစ္ခါဆိုရင္ေတာ့ ငါတကယ္ညွာမွာမဟုတ္ေတာ့ဘူး။"

ယြင္းရန္က ေျပာၿပီးေနာက္ မတ္တပ္ျပန္ရပ္ကာ တဖက္သို႔လွည့္​လိုက္သည္။ ပတ္ပတ္လည္တြဲေလာင္းခ်ိတ္ခံထားရေသာ အထုပ္အျဖဴမ်ားက သူတိူ႕သိုေလွာင္ကာထားေသာ လူသားအစာမ်ားပင္ျဖစ္ေခ်လိမ့္မည္။ ထို႔ေၾကာင့္ ခ်ီယြမ္သည္လည္း ထိုအထုတ္မ်ားထဲရွိ တစ္ထုပ္ထုပ္တြင္ရွိေပလိမ့္မည္။ ယြင္းရန္က ထိုအထုပ္မ်ားဆီသို႔ ဦးတည္ရန္ ေျခလွမ္းလွမ္းလိုက္သည္။

"ကိုကိုက ရွင့္အေပၚသစၥာရွိခဲ့တယ္။ "

သူမက သူမ၏ ရင္ဘတ္ကိုလက္ျဖင့္ဖိထားရင္း ထိုေနရာကပင္ ေအာ္လိုက္သည္။သူမ၏မ်က္ရည္မ်ားက ပါးျပင္တြင္စီးက်ကာလာေလ၏။ ယြင္းရန္က ဂ႐ုမစိုက္ပဲသူ၏ဦးတည္ရာသို႔သာ ဆက္ေလွ်ာက္ေနသည္။ သူမက ထပ္ကာေအာ္ေျပာေလ၏။

"ရွင္ကသာ သူ႕ကိုဂ႐ုမစိုက္ခဲ့လို႔ ...သူအဲ့လိုလုပ္ခဲ့တာေနမွာ။ ရွင္ကအဲ့လို လူစားမ်ိဳးပဲေလ။ မဟုတ္ဘူးလား။ "

ယြင္းရန္က အမွန္တကယ္ကိုပင္ နားပင္းသြားသည့္သူတစ္ေယာက္ႏွယ္သူမ၏ စကားမ်ားကိုလ်စ္လ်ဴရႉလ်က္ရွိသည္။

" အဲ့တာေၾကာင့္လည္း ရွင့္ရဲ႕ႏွလုံးသားက ဒဏ္ခတ္ခံရတာ။ ရွင္နဲ႕တန္တာကို ရွင္ရခဲ့တာပဲ။ ရွင္ဘယ္ေတာ့မွ စစ္မွန္တဲ့အခ်စ္တစ္ခုကိုပိုင္ဆိုင္ရမွာမဟုတ္ဘူး။ အရင္ကေရာ အခုေရာ ေနာင္အနာဂတ္ေရာ..."

"........."

ထိုစကားေၾကာင့္ ယြင္းရန္က သူ၏ေျခလွမ္းမ်ားကို ရပ္တန့္ပစ္လိုက္သည္။ သို႔ေသာ္လည္း ယြင္းရန္က သူမကို လွည့္ပင္မၾကည့္ခဲ့ပဲ သူ၏ဓားရွည္ကိုသာ သူမဆီသို႔ ပစ္လႊတ္လိုက္သည္။

*႐ႊတ္.....*

မည္သည့္အသံတစ္သံမွ်ပင္ ထြက္နိုင္ျခင္းမရွိခဲ့ေတာ့ပဲ ျပတ္သားသည့္ ဓားသံတစ္သံႏွင့္အတူ ေျမႀကီးေပၚသို႔ တစ္စုံတစ္ခုျပဳတ္က်သည့္အသံ *ဘုတ္* ဟူေသာ ျမည္သံတစ္ခုသာၾကားလိုက္ရသည္။ ထို႔အျပင္ ပင့္ကူမိစ္ဆာမ၏အသံသည္လည္း တိတ္ဆိတ္ကာသြားေလေတာ့၏။

သူမ၏ ကိုယ္ခႏၱာသည္လည္း ေက်ာက္သားထိုင္ခုံက်ိဳး၏ ေအာက္ေျခနားတြင္ လဲက်သြားၿပီး ဦးေခါင္းသည္ ေျမျပင္ေပၚသို႔ လွိမ့္က်သြားေလေတာ့သည္။ မဲညစ္ေနေသာ ေသြးမဲတို႔ကျပတ္ထြက္သြားေသာ ဦးေခါင္းႏွင့္ တစ္ဖက္ရွိ ကိုယ္ခႏၱာလည္ပင္းတို႔မွ တစ္ရစပ္စီးက်ေနေလသည္။

ယြင္းရန္က သူ၏ဓားကိူျပန္ေခၚလိုက္ၿပီးေနာက္ထိုဓားကိုသာ သုံးလ်က္ တြဲေလာင္းက်ေနေသာ အထုပ္ျဖဴမ်ားကို အလည္တည့္တည့္မွ ဆြဲျဖတ္လိုက္သည္။ အထဲရွိ ျဖဴေဖ်ာ့ေနေသာ လူသားအစာမ်ားက တျဖည္းျဖည္းခ်င္း ေျမေပၚသို႔ျပဳတ္က်လာၾက၏။ ခုနက အသားစားေနၾကေသာ ပင့္ကူမ်ားက ထိုလူသားမ်ားကို စားခ်င္ေသာ္လည္း ယြင္းရန္ကိုေၾကာက္၍ ထြက္ေျပးသြားသည့္အေကာင္ကထြက္ေျပး၊ ၿငိမ္ကုတ္ကာ အေမွာင္ထဲပုန္းေနသည့္အေကာင္က ပုန္းေနျဖင့္အလုပ္ရႈပ္ေနၾကသည္။

အထုပ္မ်ားအကုန္ကုန္သြားသည္အထိ ထိုျဖဴေဖ်ာ့ကာ အသက္ေငြ႕ေငြ႕က်န္ေနေသာ လူသားမ်ားၾကား ခ်ီယြမ္ကိုမေတြ႕ရေခ်။ ယြင္းရန္က စိတ္ပ်က္သြားသည့္ ပုံစံျဖင့္ပင္ အသာေရ႐ြတ္လိုက္သည္။

"တကယ္ပဲ ဘယ္မွာထားထားတာလဲ။"

ယြင္းရန္က သူ၏ မ်က္လုံးမ်ားကို အသာမွိတ္လိုက္ၿပီး အာ႐ုံခံရန္ႀကိဳးစားလိုက္သည္။ ခ်ီယြမ္၏ ကိုယ္ေပၚတြင္ သူထားထားသည့္အမွတ္အသားက ႏွစ္ခုေတာင္ ရွိတာေၾကာင့္ ဤေနရာတြင္ ခ်ီယြမ္ရွိေနသည္ကို သူေသခ်ာသိသည္။

အေတာ္ၾကာေတာ့ ယြင္းရန္ကသူ၏ မ်က္ဝန္းမ်ားကို ျပန္ဖြင့္လိုက္ၿပီး ပင့္ကူမိစ္ဆာမ၏ ေနာက္ဘက္ရွိ ေက်ာက္သားထိုင္ခုံက်ိဳးနားသို႔ ေျပးသြားသည္။ ထိုထိုင္ခုံ၏ ေနာက္ဘက္တြင္ ေက်ာက္သားနံရံ ႀကီးရွိၿပီး ယြင္းရန္ကထိုနံရံအား ခ်က္ခ်င္းေဖာက္ခြဲပစ္လိုက္သည္။

ကြဲေၾကကာလႊင့္ထြက္သြားေသာ ေက်ာက္စမ်ားႏွင့္အတူ ဖုန္မႈန့္မ်ား လြင့္သြားေလေတာ့ ထိုနံရံတြင္ အေပၚႀကီးတစ္ေပါက္ျဖစ္သြားေလ၏။ ယြင္းရန္က အထဲသိူ႕အျမန္ပင္ဝင္လိုက္သည္။ ခ်ီယြမ္၏ ရနံ႕အား သူဝင္လိုက္သည္ႏွင့္ ပို၍ျပင္းစြာရေလ၏။ ထိုအခန္းတြင္း၏ေထာင့္ တစ္ေနရာတြင္ အမွန္တကယ္ပင္ ပိုးတုံးလုံးကဲ့သိူ႕ေသာ အထုပ္တစ္ထုပ္ကိုခ်ိတ္ဆြဲကာထားသည္။ ထို ပင့္ကူမွ်င္မ်ားတစ္ရစ္ရစ္ ရစ္ပတ္ထားေသာထိုအရာကို ထိုးေဖာက္လ်က္ပင္ အထဲရွိ တစ္စုံတစ္ခုက မွိတ္တုတ္မွိတ္တုတ္ျဖင့္ပင္ လင္းလက္ကာေနေလ၏။

~~~~~~~
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі