Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 12
"ရက်စက်လိုက်တာ အဖိုးကြီးက။"

"မင်းဘာသာ အတင့်ရဲတာလေ ။ ဘယ်သူက စည်းကမ်းဖောက်ခိုင်းလို့လဲ။ ဒီလောက်လေးပဲ အပြစ်ပေးတာကိုသာ ကျေးဇူးတင်နေလိုက်။"

တိဟွက ချီယွမ်နှင့်မလှမ်းမကမ်း ​အရှေ့ဘက်နားတွင်မတ်တပ်ရပ်ကာ ချီယွမ်အား စောင့်ကျပ်နေသည်။ ချီယွမ်က ယွင်းရန်၏အဆောင်ရှေ့တွင် တံခါးမကြီးအား မျက်နှာမူကာ ဒူးထောက်နေရလေ၏။အချိန်အားဖြင့် နှစ်နာရီခန့်သာကြာမြင့်သေးသည်။ယွင်းရန်ကလည်း ချီယွမ်အားအပြစ်ပေးရမည်ဟူသော မိန့်ထုတ်ပြန်ပြီးနောက် ပေါ်ကိုမလာတော့ချေ။ ချီယွမ်က သူ၏​ပေါင်နှစ်ဖက်အား လက်ဖြင့် အသာထုနေရင်းအော်ဟစ်နေသည်။

"ညောင်းလိုက်တာ ။ညောင်းလိုက်တာနော်။"

တိဟွက သူ့ကိုဘာမှဆက်မပြောပဲ ဒီအတိုင်းသာကြည့်နေသည်။ချီယွမ်က ထိုသို့အော်နေခြင်းမှာအသုံးမဝင်မှန်းသိလေတော့ သူကတစ်ခြားသို့စကားလမ်းကြောင်းလွှဲလိုက်သည်။

"တိဟွ။ တိဟွ။ အဘိုးကြီးကလေ ငါ့ကိုဘာလုပ်မှာလဲ မင်းသိလား။"

ထိုအမေးက ချီယွမ်ဒူးထောက်ရသည်မှာ ပျင်းလာသောကြောင့် ရရာစကားရှာကြံပြောရုံသာဖြစ်သည်။ တိဟွကမူ မျက်နှာအနည်းငယ်ပျက်ယွင်းသွားလေ၏။ ပြီးမှသူက ချီယွမ်ကို အကြည့်လွှဲလိုက်ပြီး

"ငါမသိဘူးလေ။အဲ့လောက်ထိလည်း သိခွင့်မရှိဘူး။"

ချီယွမ်က တိဟွအားကြည့်နေသည်။

"မင်းက သူ့တပည့်မဟုတ်ဘူးလား။ ဘာလို့မသိရတာလဲ။ ပြီးတော့မင်းငါ့ကို နျူးလို့လည်းခေါ်တယ်လေ။ သူကရော ဘယ်သူလဲ။ ငါကသူနဲ့တော်တော်တူလို့လား။"

"ငါမသိဘူးလို့။ "

တိဟွက ထိုနေရာမှ အမြန်ထွက်သွားတော့သည်။ထိုမေးခွန်းများကို သူအဘယ်ကြောင့်ဤမျှလောက်ဖြေရခက်နေမှန်း ချီယွမ်နားမလည်နိုင်ချေ။ ဤမေးခွန်းများက လွယ်ကူရိုးရှင်းလွန်းသည့်မေးခွန်းများပေမဟုတ်ပါလား။ ချီယွမ်က ထိုနေရာမှရုတ်တရက်ထွက်ပြေးသွားသောတိဟွအား နားမလည်သောအကြည့်တို့ဖြင့်လှမ်းကြည့်နေရင်းပင် တစ်ခုခုအားသဘောပေါက်သွားသော ပုံစံဖြင့် သူ၏ လည်ပင်းအား လက်နှစ်ဖက်ဖြင့်ပင် အသာဆုပ်ကိုင်လိုက်သည်။

"အဘိုးကြီးက ငါ့ကို သွေးစုပ်မှာလား။ ​ဒါမှမဟုတ် ဝူခုန်းရဲ့ဆရာတော်လို ချက်ပြုတ်စားမှာလား။"

ချီယွမ်က သူ၏လက်ဖျံအား အသာကြည့်ကာ လျှာဖြင့်မထိတထိတို့လိုက်သည်။

"ဖီ.....ငန်တယ် ။ ချိုလည်းမချိူပဲနဲ့။ အဘိုးကြီးကို ငါ့ကိုမစားဖို့ပြောရမယ်။ မကောင်းမှမကောင်းတဲ့ဟာကို။

ဒါနဲ့ တစ်ယောက်မှလည်းမရှိတော့ဘူး။ငါဆက်ပြီး ဒူးထောက်နေစရာမလိုတော့ဘူးထင်တယ်။"

ချီယွမ်က ပြုံးစိပြုံးစိနှင့်ပင် ဖြည်းဖြည်းချင်း မတ်တပ်ကောက်ရပ်လိုက်သည်။ နှစ်နာရီကျော်ကျော် ဒူးထောက်ထားရသောကြောင့် သူ့ခြေထောက်များက အနည်းငယ် ထုံကျင်နေသေးသည်။

"အားရိုး....ငါ့ခြေထောက်။"

ချီယွမ်က သူ၏ခြေထောက်နှစ်ဖက်အားတစ်လှည့်စီ ဖွဖွထုနေသည်။ တစ်ခဏနေလေတော့ ချီယွမ်က ထိုနေရာမှ အဆောင်တွင်းသို့ဝင်ရန် ခြေလှမ်းပြင်လိုက်သည်။

"အ့..."

ရုတ်တရက်ပင် လည်ပင်းထက်သို့ တစ်စုံတစ်ခုက ရစ်ပတ်ကာ သူ့အားဖမ်းဆုပ်ကာထားသည်။
ချီယွမ်က လည်ပင်းအားရစ်ပတ်ထားသောအရာအား လက်ဖြင့် အတင်း​ဆုပ်ကာဖြေလျော့ရန် ကြိုးစားနေသည်။

"အ့...အ့...."

"လှုပ်မနေနဲ့။ အဖိုးတန်လေး။ မင်းကိုမထိခိုက်စေချင်ဘူး။"

နောက်ဘက်မှနေ၍ ကြောက်မတ်ဖွယ်ရာ ကြက်သည်းထစရာကောင်းလှသော အသံတစ်ခုက ချီယွမ်၏ နားအတွင်းသို့ဝင်ရောက်လာခဲ့သည်။

"သူ့ကိုလွှတ်လိုက်။"

အဆောင်အတွင်းမှရုတ်တရက်ထွက်ကာလာသော တိဟွက ချက်ချင်းပင် ချီယွမ်၏လည်ပင်းအားလှမ်းဆွဲကာထားသော ထိုအရာအား သူ၏လက်ထဲရှိ ဓားရှည်ကိုမှအကောက်သဏ္ဍာန်ရှိသော လက်နက်ဖြင့် ခုတ်ဖြတ်ပစ်လိုက်သည်။ တိဟွက ချီယွမ်၏အရှေ့တွင် ရပ်တည်လျက်ပင် ထို အရာကြီးအားတိုက်ခိုက်ရန် ပြင်နေသည်။

"အဟွတ်..... အဟွတ်...အဟွတ်..."

"မင်းရရဲ့လား။"

တိဟွက ခေါင်းအသာစောင်းရုံသာစောင်းလိုက်ရင်း ချီယွမ်အားမေးသည်။ချီယွမ်က သူ၏ လည်ပင်းကိုပွတ်လျက်ပင် ချောင်းဆိုးနေရာမှ

"ပြေတယ်။ ဘာကြီးလဲ။"

ချီယွမ်က သူ၏​ရှေ့တွင်မြင်လိုက်ရသောအရာကြောင့် မျက်လုံးပင်ပြူးကာ လူကလုံးဝ​ပင်လန့်ဖြန့်သွားရတော့သည်။သူ၏လက်ထဲတွင် တိဟွဖြတ်လိုက်ရာမှ ကျန်ရှိနေသော အပိုင်းအစအပြတ်များကို မြင်လေတော့

"ပင့်ကူမျှင်။ ပင်ကူမျှင်တွေလား။ ဘာကောင်ကြီးလဲ။"

သူတိူ့၏ရှေ့တွင် ရှိနေသောအရာသည်အမျိုးသမီးတစ်ဦးပင်။ သို့သော်ထိုအမျိုးသမီး၏ပုံစံသည်က သွေးလန့်စရာပင်အလွန်ကောင်းလှသည်။ရှုပ်ပွကာ လအနည်းငယ်နီးပါးမလျှော်ရသေးသည့်ပုံစံဟု ထင်ရလောက်သော ရှုပ်ပွေလေကာ ကောက်ရိုးမျှင်တမျှ ခြောက်ကာနေ​သောဆံသား။ထိုဆံသားများကလည်းအနီရောင်တွေဆံနွယ်တွေကိုမှ အနက်ရောင်တို့က ရောယှက်နေသေးသည်။ ဟိုတစ်မျှင်သည်တစ်မျှင်သည်လည်း ထိုးထွက်ကာနေ၏။ ထိုဆံနွယ်များထက်၌ ဟိုနေရာသည်နေရာတို့၌ သေချာကြည့်မည်ဆိုပါလျင်
ပင့်ကူအကောင်ပေါက်ကလေးများကိုတွေ့ရပေလိမ့်မည်။

နှုတ်ခမ်းသားတို့က ခရမ်းပုတ်ရောင်ကဲ့သို့ အရောင်မျိုးဖြစ်နေလေ၏။ မျက်ဝန်း တစ်ဝိုက်သည်က ညိုမဲကာနေသေး၏။ ဝတ်ဆင်ကာထားသော ဝတ်ရုံတို့က အစီအစဥ်မကျလျက်။ အတော်ပင် ကြည့်ရဆိုးနေသည်။တိဟွက ချီယွမ်၏အမေးအားဖြေသည်။

"ပင့်ကူမိစ္ဆာ။"

"ဟားဟား ဟားဟား ဟားဟား ဟားဟား ။ "

ထို မိန်းမက ကျယ်လောင်လှသောအသံဖြင့် သူ၏ခေါင်းကိုမော့ကာရီလေသည်။ပြီးမှသူမက တိဟွတို့အားကြည့်ရင်း

"တစ်ပွဲလောက်စမ်းကြည့်ကြတာပေါ့။"

သူမပြောပြီးသည့်ချက်ချင်းဆိုသလိုပင် သူမ၏ ဝတ်ရုံအောက်ဘက်များမှ ပင့်ကူကြီးငယ်များ
တစ်လုံးတစ်ခဲထွက်ပေါ်လာကြသည်။ ထိုရွံစရာကောင်းပြီး ပြွတ်သိပ်နေသော ပင့်ကူးငယ်လေးများက ချီယွမ်တို့ဆီသို့ ဦးတည်လာသည်။တိဟွက ချီယွမ်အား သူ၏နောက်တွင်ထားလိုက်သည်။

"နောက်ဘက်မှာပဲနေ။"

"ငါ့ဓားကို မင်းယူပေးလို့ရနိုင်လား။"

ချီယွမ်၏စကားကြောင့် တိဟွကသူ့အားကြည့်လိုက်သည်။

"ငါပါ တိုက်ခိုက်မယ်။ ငါ စွမ်းအားတွေဘာတွေမရှိပေမဲ့ ပျော့ညံ့တဲ့ကောင်တော့မဟုတ်ဘူး။"

တိဟွက တစ်ချက်ပြုံးလိုက်သည်။ သူက မျက်စိအသာမှိတ်ပြီးနောက် လွတ်နေသော လက်တစ်ဖက်အား ယွင်းရန်၏အဆောင်တံခါးဘက်သို့ ဦးတည်ချိန်ရွယ်လိုက်သည်။ မကြာမီတွင်ပင်
ချီယွမ်၏ဓားက တိဟွ၏လက်အတွင်းသို့ လျှင်မြန်သော အရှိန်တစ်ခုဖြင့်​ပင် ရောက်လာလေ၏။

"ရော့....။"

တိဟွက ဓားကိုအရှိန်သတ်စေ ကာ ဖမ်းလိုက်ပြီးနောက် သူ၏လက်ထဲတွင်ရောက်လာသော ဓားအား ချီယွမ်ကို အမြန်ပင်ပေးလိုက်သည်။ ချီယွမ်က အမြန်ယူလိုက်ပြီး ဓားအိမ်အတွင်းမှဓားကို ဆွဲထုတ်ကာနီးကပ်လာသော ပင့်ကူများကို
ဓားဖြင့်လွှဲကာခုတ်ပစ်လိုက်သည်။တိဟွကလည်း အမြန်ပင် သူ့ဘက်သို့လာနေသော ပင့်ကူများကို သူ၏လက်နက်ဖြင့် လွှဲခုတ်နေ​သည်။

သူတို့ ခုတ်ပိုင်းကာသတ်လိုက်သော ပင့်ကူငယ်များက မီးလောင်သွားသည့်နှယ်ပြာဖြစ်ကာ လွင့်စင်သွားကြသည်။ သို့သော်လည်း ထိုအကောင်များ၏နေရာတွင် ပိုများသော ပင့်ကူများက
အစားထိုးကာ အဆက်မပြတ်ဝင်ရောက်နေသည်။ တိဟွနှင့် ချီယွမ်ကကျောချင်းကပ်ကာ
ဓားများကို မြဲမြံစွာ ကိုင်ဆောင်ထားကြသည်။ ချီယွမ်ကပြောသည်။

"ပိုများလာတယ်။"

"သူ့ကိုပဲ ဦးတည်မှ ဖြစ်မယ်။ မင်းအဆင်ပြေပါ့မလား။"

တိဟွက ကျောချင်းကပ်ကာထားရင်းမှ ချီယွမ်ကိုမေးလိုက်သည်။ ယွင်းရန်က နျူးအား စောင့်ရှောက်ရန်သူ့အားအပြည့်အဝတာဝန်ပေးထားခဲ့သည်မို့ သူ့အသက်ပင် ဆုံးရှုံးပါစေ။ ချီယွမ်အား သူကာကွယ်ရန်လိုအပ်သည်။

"ပြေတာပေါ့။ တစ်ဖက်ဆီ ဝင်မယ်။"

ချီယွမ်က ဖြေပြီးနောက်ချက်ချင်းပင် သူတို့နှင့် မလှမ်းမကမ်းတွင် လက်ပိုက်ကာရပ်နေသော မိစ္ဆာမဆီသို့ ဦးတည်လိုက်သည်။

"ယား.........."

ချီယွမ်၏ လွှဲချက်ကို ထိုမိစ္ဆာမက အသာလေး ပျံကာ ရှောင်လိုက်သည်။ လေပေါ်တွင်ရောက်ကာသွားသော ထိုမိစ္ဆာမအား တိဟွကလေပေါ်မှနေ၍ထပ်မံတိုက်ခိုက်သည်။ ချီယွမ်က အောက်တွင်ပိုပိုများလာသော ပင့်ကူများကို ဆက်လက်ခုတ်ပိုင်းကာ သုတ်သင်ပစ်နေသည်။တိဟွကမူ ထိုမိစ္ဆာမနှင့် အပြင်းအထန်တိုက်ခိုက်နေ၏။ သူမက တိဟွနှင့်တိုက်ခိုက်ရင်း ထူးဆန်းသည့် မြည်ဟီးသံ​ကိုပြုသည်။ ထိုအသံကမြင်းတစ်ကောင်အော်သံကဲ့သို့ပင် အနည်းငယ်တေယ့ဆူညံ၏။
အပေါ်ရှိတိုက်ပွဲက ပြင်းထန်နေ​သကဲ့သို့ ချီယွမ်သည်လည်းပင့်ကူများကိုတိုက်ခိုက်ရင်း ချွေးများပင် ဒီးဒီးကျလာလေသည်။

ပင့်ကူမိစ္ဆာမက လျက်တပြတ်ပင် သူမ၏ပင့်ကူအမျှင်များကို ထုတ်ကာ တိဟွကိုပစ်လိုက်သည်။ တိဟွက အမြန်ပင်ရှောင်လိုက်ပြီးနောက်သူမဘက်သို့ပြန်လှည့်ကာလာသော်လည်း ထပ်မံကာပစ်လိုက်​သော ပင့်ကူမျှင်များကိုမူသူ မရှောင်နိုင်တော့ချေ။ ထိုပင့်ကူမျှင်တို့က တိဟွ၏ မျက်နှာတည့်တည့်သို့ ကပ်ကာသွားသည်။အမြင်အာရုံက ဝေဝါးကွာ တိဟွကလေပေါ်မှ အောက်သို့ပြုတ်ကျလေတော့၏။

"တိဟွ!!!!....။"

တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ပစ်လိုက်ပြီး တိဟွ အနားသို့ ချီယွမ်က အမြန်ပင်ရောက်လာလိုက်သည်။ ဘေးရှိ ဝါးမြိုရန်ကပ်ကာလာသောပင့်ကူများကို ဓားဖြင့် ဖယ်ရှားဆက်တိုက်ထပ်ကာ ဖယ်ရှားနေရင်း

"မင်းအဆင်ပြေရဲ့လား။"

"အဆိပ်။ပင့်ကူမျှင်မှာ အဆိပ်တွေနဲ့။ ခေါ်လိုက်။ သူ့ကိုခေါ်လိုက်။အ...အမြန်...အား....။"

တိဟွက မျက်နှာကို အုပ်ကာ နာလွန်းသဖြင့်လူးလှိမ့်နေသည်။ ချီယွမ်လည်း ပင့်ကူမျှင်များဖြင့် အဖမ်းခံခဲ့ရသော်လည်း အဆိပ်များက သူ့ထံတွင် မသက်ရောက်ခဲ့ချေ။ ထို့ကြောင့်တိဟွက ပင့်ကူမျှင်များနှင့်ပတ်သတ်၍ ပေါ့ဆခဲ့မိပုံရသည်။သူက လက်တစ်ဖက်ဖြင့် သူ၏မျက်နှာထက် ကပ်ကာနေသော ပင့်ကူမျှင်များကို နာကျင်စွာပင် အမြန်ခွာပစ်နေရင်း ကျန်လက်တစ်ဖက်က
ချီယွမ်၏ ရင်ဘတ်ဝတ်ရုံကို ဆုပ်ကိုင်ရင် အော်ပြောနေသည်။

"ငါ ဘယ်သူ့ကိုခေါ်ရမှာလဲ....အ့...။"

ချီယွမ်ပင် ဘာမှမသိလိုက်ရပဲ နောက်ဘက်တွင် ရပ်ကာနေသော မိစ္ဆာမက ချီယွမ်အား အတွင်းအားတစ်ချို့သုံးကာ နောက်ကျောသို့ရိုက်ချလိုက်သည်။ မေ့လဲကာသွားသော ချီယွမ်အား တစ်ဖြည်းဖြည်းချင်း သူ၏ ပင့်ကူမျှင်များဖြင့် ရစ်ပတ်ကာလုံးထွေးပစ်လိုက်သည်။ မကြာခင်တွင်ပင် ချီယွမ်၏ ပုံစံက ပိုးတုံးလုံး အဖြူကောင်တစ်ကောင်ကဲ့သို့ဖြစ်ကာသွားတော့သည်။ သူ၏ဓားသည်လည်း ဘေးတွင် ကျကာနေတော့သည်။

တိဟွက နီရဲကာနေသော မျက်နှာအပြင် တစ်ကိုယ်လုံးနီးပါးက အဆိပ်ဒဏ်ကြောင့် ဖူးရောင်ကာလာသည်။.သူက မြေပေါ်တွင် ကွေးလျက်ပင် မချိ့မဆန့်ခံစားနေရပြီး သူ၏မူလ အသွင်သဏ္ဍာန်ကိုပြောင်းလုနီးဆဲဆဲ ပေါက်နေသည်။ထိုမိစ္ဆာမက ချီယွမ်အား မ ကာ သူ၏ပုခုံးပေါ်တွင်ထမ်းလိုက်သည်။ တိဟွက သူမအား မော့ကာကြည့်ရင်း အားတင်းလျက်

"အရှင်ယွင်းရန် သိရင် မင်းအသက်ရှင်ကျန်မယ်ထင်နေတာလား။"

"ဟီးဟီး..... ဟီးဟီး...... ငါဒီကို ဝင်လာလို့ရပြီးဒီကောင်လေးရဲ့ ရနံ့ကိုခံနိုင်ပြီဆိုကတည်းက သူအားနည်းနေပြီဆိုတာကိုပြတာပဲလေ။ ကြောက်စရာလိုတော့လို့လား။ ပြီးတော့ ငါသာသူ့ကိုစားပြီးသွားရင် ဘယ်သူ့ကိုမှကြောက်စရာမလိုတော့ဘူး။ မဟုတ်ဘူးလား။"

သူမက ထိုသို့ပြောပြီးနောက် ကိုယ်ဖော့ကာထွက်သွားတော့သည်။ တိဟွက သူ့တွင်ရှိသောအားအင်အကုန်စုလိုက်ပြီးနောက်အတွင်းအားကုန်သုံးကာ ယွင်းရန်ကိုဆက်သွယ်ရန်ကြိုးစားလိုက်သည်။ ချီယွမ်က အရွယ်မရောက်သေးသည့်အတွက် ထိုမိစ္ဆာမ သူ့အား စား၍ရနိုင်အုန်းမည်တော့မဟုတ်ချေ။အခုချိန်စားလျင်လည်း သာမန်လူသားတစ်ယောက်ကိုစားသည်နှင့် ထူးမခြားနားသာဖြစ်လိမ့်မည်။ ထို့ကြောင့် တိဟွ ချီယွမ်အတွက် အနည်းငယ်စိတ်သက်သာရရသည်။

တိဟွက ယွင်းရန်ဆီသို့ စိတ်အတွင်းအားဖြင့် ရှိသမျှ အားကုန်သုံးလိုက်ပြီးနောက် ထိုနေရာ၌ပင် ခွေခွေလေးဖြစ်နေကာ သူ၏ မူလအသွင်ဖြစ်သော ကြက်သွေးရောင် အမွှေးခပ်ဖွားဖွား မြေခွေးအသွင်သို့ ပြောင်းသွားလေတော့၏။

~~~~~~~~~~~~~~~~~~~~~~~~~~~

"ရက္စက္လိုက္တာ အဖိုးႀကီးက။"

"မင္းဘာသာ အတင့္ရဲတာေလ ။ ဘယ္သူက စည္းကမ္းေဖာက္ခိုင္းလို႔လဲ။ ဒီေလာက္ေလးပဲ အျပစ္ေပးတာကိုသာ ေက်းဇူးတင္ေနလိုက္။"

တိဟြက ခ်ီယြမ္ႏွင့္မလွမ္းမကမ္း ​အေရွ႕ဘက္နားတြင္မတ္တပ္ရပ္ကာ ခ်ီယြမ္အား ေစာင့္က်ပ္ေနသည္။ ခ်ီယြမ္က ယြင္းရန္၏အေဆာင္ေရွ႕တြင္ တံခါးမႀကီးအား မ်က္ႏွာမူကာ ဒူးေထာက္ေနရေလ၏။အခ်ိန္အားျဖင့္ ႏွစ္နာရီခန့္သာၾကာျမင့္ေသးသည္။ယြင္းရန္ကလည္း ခ်ီယြမ္အားအျပစ္ေပးရမည္ဟူေသာ မိန့္ထုတ္ျပန္ၿပီးေနာက္ ေပၚကိုမလာေတာ့ေခ်။ ခ်ီယြမ္က သူ၏​ေပါင္ႏွစ္ဖက္အား လက္ျဖင့္ အသာထုေနရင္းေအာ္ဟစ္ေနသည္။

"ေညာင္းလိုက္တာ ။ေညာင္းလိုက္တာေနာ္။"

တိဟြက သူ႕ကိုဘာမွဆက္မေျပာပဲ ဒီအတိုင္းသာၾကည့္ေနသည္။ခ်ီယြမ္က ထိုသို႔ေအာ္ေနျခင္းမွာအသုံးမဝင္မွန္းသိေလေတာ့ သူကတစ္ျခားသို႔စကားလမ္းေၾကာင္းလႊဲလိုက္သည္။

"တိဟြ။ တိဟြ။ အဘိုးႀကီးကေလ ငါ့ကိုဘာလုပ္မွာလဲ မင္းသိလား။"

ထိုအေမးက ခ်ီယြမ္ဒူးေထာက္ရသည္မွာ ပ်င္းလာေသာေၾကာင့္ ရရာစကားရွာႀကံေျပာ႐ုံသာျဖစ္သည္။ တိဟြကမူ မ်က္ႏွာအနည္းငယ္ပ်က္ယြင္းသြားေလ၏။ ၿပီးမွသူက ခ်ီယြမ္ကို အၾကည့္လႊဲလိုက္ၿပီး

"ငါမသိဘူးေလ။အဲ့ေလာက္ထိလည္း သိခြင့္မရွိဘူး။"

ခ်ီယြမ္က တိဟြအားၾကည့္ေနသည္။

"မင္းက သူ႕တပည့္မဟုတ္ဘူးလား။ ဘာလို႔မသိရတာလဲ။ ၿပီးေတာ့မင္းငါ့ကို န်ဴးလို႔လည္းေခၚတယ္ေလ။ သူကေရာ ဘယ္သူလဲ။ ငါကသူနဲ႕ေတာ္ေတာ္တူလို႔လား။"

"ငါမသိဘူးလို႔။ "

တိဟြက ထိုေနရာမွ အျမန္ထြက္သြားေတာ့သည္။ထိုေမးခြန္းမ်ားကို သူအဘယ္ေၾကာင့္ဤမွ်ေလာက္ေျဖရခက္ေနမွန္း ခ်ီယြမ္နားမလည္နိုင္ေခ်။ ဤေမးခြန္းမ်ားက လြယ္ကူရိုးရွင္းလြန္းသည့္ေမးခြန္းမ်ားေပမဟုတ္ပါလား။ ခ်ီယြမ္က ထိုေနရာမွ႐ုတ္တရက္ထြက္ေျပးသြားေသာတိဟြအား နားမလည္ေသာအၾကည့္တို႔ျဖင့္လွမ္းၾကည့္ေနရင္းပင္ တစ္ခုခုအားသေဘာေပါက္သြားေသာ ပုံစံျဖင့္ သူ၏ လည္ပင္းအား လက္ႏွစ္ဖက္ျဖင့္ပင္ အသာဆုပ္ကိုင္လိုက္သည္။

"အဘိုးႀကီးက ငါ့ကို ေသြးစုပ္မွာလား။ ​ဒါမွမဟုတ္ ဝူခုန္းရဲ႕ဆရာေတာ္လို ခ်က္ျပဳတ္စားမွာလား။"

ခ်ီယြမ္က သူ၏လက္ဖ်ံအား အသာၾကည့္ကာ လွ်ာျဖင့္မထိတထိတို႔လိုက္သည္။

"ဖီ.....ငန္တယ္ ။ ခ်ိဳလည္းမခ်ိဴပဲနဲ႕။ အဘိုးႀကီးကို ငါ့ကိုမစားဖို႔ေျပာရမယ္။ မေကာင္းမွမေကာင္းတဲ့ဟာကို။

ဒါနဲ႕ တစ္ေယာက္မွလည္းမရွိေတာ့ဘူး။ငါဆက္ၿပီး ဒူးေထာက္ေနစရာမလိုေတာ့ဘူးထင္တယ္။"

ခ်ီယြမ္က ၿပဳံးစိၿပဳံးစိႏွင့္ပင္ ျဖည္းျဖည္းခ်င္း မတ္တပ္ေကာက္ရပ္လိုက္သည္။ ႏွစ္နာရီေက်ာ္ေက်ာ္ ဒူးေထာက္ထားရေသာေၾကာင့္ သူ႕ေျခေထာက္မ်ားက အနည္းငယ္ ထုံက်င္ေနေသးသည္။

"အားရိုး....ငါ့ေျခေထာက္။"

ခ်ီယြမ္က သူ၏ေျခေထာက္ႏွစ္ဖက္အားတစ္လွည့္စီ ဖြဖြထုေနသည္။ တစ္ခဏေနေလေတာ့ ခ်ီယြမ္က ထိုေနရာမွ အေဆာင္တြင္းသို႔ဝင္ရန္ ေျခလွမ္းျပင္လိုက္သည္။

"အ့..."

႐ုတ္တရက္ပင္ လည္ပင္းထက္သို႔ တစ္စုံတစ္ခုက ရစ္ပတ္ကာ သူ႕အားဖမ္းဆုပ္ကာထားသည္။
ခ်ီယြမ္က လည္ပင္းအားရစ္ပတ္ထားေသာအရာအား လက္ျဖင့္ အတင္း​ဆုပ္ကာေျဖေလ်ာ့ရန္ ႀကိဳးစားေနသည္။

"အ့...အ့...."

"လႈပ္မေနနဲ႕။ အဖိုးတန္ေလး။ မင္းကိုမထိခိုက္ေစခ်င္ဘူး။"

ေနာက္ဘက္မွေန၍ ေၾကာက္မတ္ဖြယ္ရာ ၾကက္သည္းထစရာေကာင္းလွေသာ အသံတစ္ခုက ခ်ီယြမ္၏ နားအတြင္းသို႔ဝင္ေရာက္လာခဲ့သည္။

"သူ႕ကိုလႊတ္လိုက္။"

အေဆာင္အတြင္းမွ႐ုတ္တရက္ထြက္ကာလာေသာ တိဟြက ခ်က္ခ်င္းပင္ ခ်ီယြမ္၏လည္ပင္းအားလွမ္းဆြဲကာထားေသာ ထိုအရာအား သူ၏လက္ထဲရွိ ဓားရွည္ကိုမွအေကာက္သ႑ာန္ရွိေသာ လက္နက္ျဖင့္ ခုတ္ျဖတ္ပစ္လိုက္သည္။ တိဟြက ခ်ီယြမ္၏အေရွ႕တြင္ ရပ္တည္လ်က္ပင္ ထို အရာႀကီးအားတိုက္ခိုက္ရန္ ျပင္ေနသည္။

"အဟြတ္..... အဟြတ္...အဟြတ္..."

"မင္းရရဲ႕လား။"

တိဟြက ေခါင္းအသာေစာင္း႐ုံသာေစာင္းလိုက္ရင္း ခ်ီယြမ္အားေမးသည္။ခ်ီယြမ္က သူ၏ လည္ပင္းကိုပြတ္လ်က္ပင္ ေခ်ာင္းဆိုးေနရာမွ

"ေျပတယ္။ ဘာႀကီးလဲ။"

ခ်ီယြမ္က သူ၏​ေရွ႕တြင္ျမင္လိုက္ရေသာအရာေၾကာင့္ မ်က္လုံးပင္ျပဴးကာ လူကလုံးဝ​ပင္လန့္ျဖန့္သြားရေတာ့သည္။သူ၏လက္ထဲတြင္ တိဟြျဖတ္လိုက္ရာမွ က်န္ရွိေနေသာ အပိုင္းအစအျပတ္မ်ားကို ျမင္ေလေတာ့

"ပင့္ကူမွ်င္။ ပင္ကူမွ်င္ေတြလား။ ဘာေကာင္ႀကီးလဲ။"

သူတိူ႕၏ေရွ႕တြင္ ရွိေနေသာအရာသည္အမ်ိဳးသမီးတစ္ဦးပင္။ သို႔ေသာ္ထိုအမ်ိဳးသမီး၏ပုံစံသည္က ေသြးလန့္စရာပင္အလြန္ေကာင္းလွသည္။ရႈပ္ပြကာ လအနည္းငယ္နီးပါးမေလွ်ာ္ရေသးသည့္ပုံစံဟု ထင္ရေလာက္ေသာ ရႈပ္ေပြေလကာ ေကာက္ရိုးမွ်င္တမွ် ေျခာက္ကာေန​ေသာဆံသား။ထိုဆံသားမ်ားကလည္းအနီေရာင္ေတြဆံႏြယ္ေတြကိုမွ အနက္ေရာင္တို႔က ေရာယွက္ေနေသးသည္။ ဟိုတစ္မွ်င္သည္တစ္မွ်င္သည္လည္း ထိုးထြက္ကာေန၏။ ထိုဆံႏြယ္မ်ားထက္၌ ဟိုေနရာသည္ေနရာတို႔၌ ေသခ်ာၾကည့္မည္ဆိုပါလ်င္
ပင့္ကူအေကာင္ေပါက္ကေလးမ်ားကိုေတြ႕ရေပလိမ့္မည္။

ႏႈတ္ခမ္းသားတို႔က ခရမ္းပုတ္ေရာင္ကဲ့သို႔ အေရာင္မ်ိဳးျဖစ္ေနေလ၏။ မ်က္ဝန္း တစ္ဝိုက္သည္က ညိုမဲကာေနေသး၏။ ဝတ္ဆင္ကာထားေသာ ဝတ္႐ုံတို႔က အစီအစဥ္မက်လ်က္။ အေတာ္ပင္ ၾကည့္ရဆိုးေနသည္။တိဟြက ခ်ီယြမ္၏အေမးအားေျဖသည္။

"ပင့္ကူမိစ္ဆာ။"

"ဟားဟား ဟားဟား ဟားဟား ဟားဟား ။ "

ထို မိန္းမက က်ယ္ေလာင္လွေသာအသံျဖင့္ သူ၏ေခါင္းကိုေမာ့ကာရီေလသည္။ၿပီးမွသူမက တိဟြတို႔အားၾကည့္ရင္း

"တစ္ပြဲေလာက္စမ္းၾကည့္ၾကတာေပါ့။"

သူမေျပာၿပီးသည့္ခ်က္ခ်င္းဆိုသလိုပင္ သူမ၏ ဝတ္႐ုံေအာက္ဘက္မ်ားမွ ပင့္ကူႀကီးငယ္မ်ား
တစ္လုံးတစ္ခဲထြက္ေပၚလာၾကသည္။ ထို႐ြံစရာေကာင္းၿပီး ႁပြတ္သိပ္ေနေသာ ပင့္ကူးငယ္ေလးမ်ားက ခ်ီယြမ္တို႔ဆီသို႔ ဦးတည္လာသည္။တိဟြက ခ်ီယြမ္အား သူ၏ေနာက္တြင္ထားလိုက္သည္။

"ေနာက္ဘက္မွာပဲေန။"

"ငါ့ဓားကို မင္းယူေပးလို႔ရနိုင္လား။"

ခ်ီယြမ္၏စကားေၾကာင့္ တိဟြကသူ႕အားၾကည့္လိုက္သည္။

"ငါပါ တိုက္ခိုက္မယ္။ ငါ စြမ္းအားေတြဘာေတြမရွိေပမဲ့ ေပ်ာ့ညံ့တဲ့ေကာင္ေတာ့မဟုတ္ဘူး။"

တိဟြက တစ္ခ်က္ၿပဳံးလိုက္သည္။ သူက မ်က္စိအသာမွိတ္ၿပီးေနာက္ လြတ္ေနေသာ လက္တစ္ဖက္အား ယြင္းရန္၏အေဆာင္တံခါးဘက္သို႔ ဦးတည္ခ်ိန္႐ြယ္လိုက္သည္။ မၾကာမီတြင္ပင္
ခ်ီယြမ္၏ဓားက တိဟြ၏လက္အတြင္းသို႔ လွ်င္ျမန္ေသာ အရွိန္တစ္ခုျဖင့္​ပင္ ေရာက္လာေလ၏။

"ေရာ့....။"

တိဟြက ဓားကိုအရွိန္သတ္ေစ ကာ ဖမ္းလိုက္ၿပီးေနာက္ သူ၏လက္ထဲတြင္ေရာက္လာေသာ ဓားအား ခ်ီယြမ္ကို အျမန္ပင္ေပးလိုက္သည္။ ခ်ီယြမ္က အျမန္ယူလိုက္ၿပီး ဓားအိမ္အတြင္းမွဓားကို ဆြဲထုတ္ကာနီးကပ္လာေသာ ပင့္ကူမ်ားကို
ဓားျဖင့္လႊဲကာခုတ္ပစ္လိုက္သည္။တိဟြကလည္း အျမန္ပင္ သူ႕ဘက္သို႔လာေနေသာ ပင့္ကူမ်ားကို သူ၏လက္နက္ျဖင့္ လႊဲခုတ္ေန​သည္။

သူတို႔ ခုတ္ပိုင္းကာသတ္လိုက္ေသာ ပင့္ကူငယ္မ်ားက မီးေလာင္သြားသည့္ႏွယ္ျပာျဖစ္ကာ လြင့္စင္သြားၾကသည္။ သို႔ေသာ္လည္း ထိုအေကာင္မ်ား၏ေနရာတြင္ ပိုမ်ားေသာ ပင့္ကူမ်ားက
အစားထိုးကာ အဆက္မျပတ္ဝင္ေရာက္ေနသည္။ တိဟြႏွင့္ ခ်ီယြမ္ကေက်ာခ်င္းကပ္ကာ
ဓားမ်ားကို ၿမဲၿမံစြာ ကိုင္ေဆာင္ထားၾကသည္။ ခ်ီယြမ္ကေျပာသည္။

"ပိုမ်ားလာတယ္။"

"သူ႕ကိုပဲ ဦးတည္မွ ျဖစ္မယ္။ မင္းအဆင္ေျပပါ့မလား။"

တိဟြက ေက်ာခ်င္းကပ္ကာထားရင္းမွ ခ်ီယြမ္ကိုေမးလိုက္သည္။ ယြင္းရန္က န်ဴးအား ေစာင့္ေရွာက္ရန္သူ႕အားအျပည့္အဝတာဝန္ေပးထားခဲ့သည္မို႔ သူ႕အသက္ပင္ ဆုံးရႈံးပါေစ။ ခ်ီယြမ္အား သူကာကြယ္ရန္လိုအပ္သည္။

"ေျပတာေပါ့။ တစ္ဖက္ဆီ ဝင္မယ္။"

ခ်ီယြမ္က ေျဖၿပီးေနာက္ခ်က္ခ်င္းပင္ သူတို႔ႏွင့္ မလွမ္းမကမ္းတြင္ လက္ပိုက္ကာရပ္ေနေသာ မိစ္ဆာမဆီသို႔ ဦးတည္လိုက္သည္။

"ယား.........."

ခ်ီယြမ္၏ လႊဲခ်က္ကို ထိုမိစ္ဆာမက အသာေလး ပ်ံကာ ေရွာင္လိုက္သည္။ ေလေပၚတြင္ေရာက္ကာသြားေသာ ထိုမိစ္ဆာမအား တိဟြကေလေပၚမွေန၍ထပ္မံတိုက္ခိုက္သည္။ ခ်ီယြမ္က ေအာက္တြင္ပိုပိုမ်ားလာေသာ ပင့္ကူမ်ားကို ဆက္လက္ခုတ္ပိုင္းကာ သုတ္သင္ပစ္ေနသည္။တိဟြကမူ ထိုမိစ္ဆာမႏွင့္ အျပင္းအထန္တိုက္ခိုက္ေန၏။ သူမက တိဟြႏွင့္တိုက္ခိုက္ရင္း ထူးဆန္းသည့္ ျမည္ဟီးသံ​ကိုျပဳသည္။ ထိုအသံကျမင္းတစ္ေကာင္ေအာ္သံကဲ့သို႔ပင္ အနည္းငယ္ေတယ့ဆူညံ၏။
အေပၚရွိတိုက္ပြဲက ျပင္းထန္ေန​သကဲ့သို႔ ခ်ီယြမ္သည္လည္းပင့္ကူမ်ားကိုတိုက္ခိုက္ရင္း ေခြၽးမ်ားပင္ ဒီးဒီးက်လာေလသည္။

ပင့္ကူမိစ္ဆာမက လ်က္တျပတ္ပင္ သူမ၏ပင့္ကူအမွ်င္မ်ားကို ထုတ္ကာ တိဟြကိုပစ္လိုက္သည္။ တိဟြက အျမန္ပင္ေရွာင္လိုက္ၿပီးေနာက္သူမဘက္သို႔ျပန္လွည့္ကာလာေသာ္လည္း ထပ္မံကာပစ္လိုက္​ေသာ ပင့္ကူမွ်င္မ်ားကိုမူသူ မေရွာင္နိုင္ေတာ့ေခ်။ ထိုပင့္ကူမွ်င္တို႔က တိဟြ၏ မ်က္ႏွာတည့္တည့္သို႔ ကပ္ကာသြားသည္။အျမင္အာ႐ုံက ေဝဝါးကြာ တိဟြကေလေပၚမွ ေအာက္သို႔ျပဳတ္က်ေလေတာ့၏။

"တိဟြ!!!!....။"

တိုက္ခိုက္ေနျခင္းကို ခ်က္ခ်င္းရပ္တန့္ပစ္လိုက္ၿပီး တိဟြ အနားသို႔ ခ်ီယြမ္က အျမန္ပင္ေရာက္လာလိုက္သည္။ ေဘးရွိ ဝါးၿမိဳရန္ကပ္ကာလာေသာပင့္ကူမ်ားကို ဓားျဖင့္ ဖယ္ရွားဆက္တိုက္ထပ္ကာ ဖယ္ရွားေနရင္း

"မင္းအဆင္ေျပရဲ႕လား။"

"အဆိပ္။ပင့္ကူမွ်င္မွာ အဆိပ္ေတြနဲ႕။ ေခၚလိုက္။ သူ႕ကိုေခၚလိုက္။အ...အျမန္...အား....။"

တိဟြက မ်က္ႏွာကို အုပ္ကာ နာလြန္းသျဖင့္လူးလွိမ့္ေနသည္။ ခ်ီယြမ္လည္း ပင့္ကူမွ်င္မ်ားျဖင့္ အဖမ္းခံခဲ့ရေသာ္လည္း အဆိပ္မ်ားက သူ႕ထံတြင္ မသက္ေရာက္ခဲ့ေခ်။ ထို႔ေၾကာင့္တိဟြက ပင့္ကူမွ်င္မ်ားႏွင့္ပတ္သတ္၍ ေပါ့ဆခဲ့မိပုံရသည္။သူက လက္တစ္ဖက္ျဖင့္ သူ၏မ်က္ႏွာထက္ ကပ္ကာေနေသာ ပင့္ကူမွ်င္မ်ားကို နာက်င္စြာပင္ အျမန္ခြာပစ္ေနရင္း က်န္လက္တစ္ဖက္က
ခ်ီယြမ္၏ ရင္ဘတ္ဝတ္႐ုံကို ဆုပ္ကိုင္ရင္ ေအာ္ေျပာေနသည္။

"ငါ ဘယ္သူ႕ကိုေခၚရမွာလဲ....အ့...။"

ခ်ီယြမ္ပင္ ဘာမွမသိလိုက္ရပဲ ေနာက္ဘက္တြင္ ရပ္ကာေနေသာ မိစ္ဆာမက ခ်ီယြမ္အား အတြင္းအားတစ္ခ်ိဳ႕သုံးကာ ေနာက္ေက်ာသို႔ရိုက္ခ်လိဳက္သည္။ ေမ့လဲကာသြားေသာ ခ်ီယြမ္အား တစ္ျဖည္းျဖည္းခ်င္း သူ၏ ပင့္ကူမွ်င္မ်ားျဖင့္ ရစ္ပတ္ကာလုံးေထြးပစ္လိုက္သည္။ မၾကာခင္တြင္ပင္ ခ်ီယြမ္၏ ပုံစံက ပိုးတုံးလုံး အျဖဴေကာင္တစ္ေကာင္ကဲ့သို႔ျဖစ္ကာသြားေတာ့သည္။ သူ၏ဓားသည္လည္း ေဘးတြင္ က်ကာေနေတာ့သည္။

တိဟြက နီရဲကာေနေသာ မ်က္ႏွာအျပင္ တစ္ကိုယ္လုံးနီးပါးက အဆိပ္ဒဏ္ေၾကာင့္ ဖူးေရာင္ကာလာသည္။.သူက ေျမေပၚတြင္ ေကြးလ်က္ပင္ မခ်ိ့မဆန့္ခံစားေနရၿပီး သူ၏မူလ အသြင္သ႑ာန္ကိုေျပာင္းလုနီးဆဲဆဲ ေပါက္ေနသည္။ထိုမိစ္ဆာမက ခ်ီယြမ္အား မ ကာ သူ၏ပုခုံးေပၚတြင္ထမ္းလိုက္သည္။ တိဟြက သူမအား ေမာ့ကာၾကည့္ရင္း အားတင္းလ်က္

"အရွင္ယြင္းရန္ သိရင္ မင္းအသက္ရွင္က်န္မယ္ထင္ေနတာလား။"

"ဟီးဟီး..... ဟီးဟီး...... ငါဒီကို ဝင္လာလို႔ရၿပီးဒီေကာင္ေလးရဲ႕ ရနံ႕ကိုခံနိုင္ၿပီဆိုကတည္းက သူအားနည္းေနၿပီဆိုတာကိုျပတာပဲေလ။ ေၾကာက္စရာလိုေတာ့လို႔လား။ ၿပီးေတာ့ ငါသာသူ႕ကိုစားၿပီးသြားရင္ ဘယ္သူ႕ကိုမွေၾကာက္စရာမလိုေတာ့ဘူး။ မဟုတ္ဘူးလား။"

သူမက ထိုသို႔ေျပာၿပီးေနာက္ ကိုယ္ေဖာ့ကာထြက္သြားေတာ့သည္။ တိဟြက သူ႕တြင္ရွိေသာအားအင္အကုန္စုလိုက္ၿပီးေနာက္အတြင္းအားကုန္သုံးကာ ယြင္းရန္ကိုဆက္သြယ္ရန္ႀကိဳးစားလိုက္သည္။ ခ်ီယြမ္က အ႐ြယ္မေရာက္ေသးသည့္အတြက္ ထိုမိစ္ဆာမ သူ႕အား စား၍ရနိုင္အုန္းမည္ေတာ့မဟုတ္ေခ်။အခုခ်ိန္စားလ်င္လည္း သာမန္လူသားတစ္ေယာက္ကိုစားသည္ႏွင့္ ထူးမျခားနားသာျဖစ္လိမ့္မည္။ ထို႔ေၾကာင့္ တိဟြ ခ်ီယြမ္အတြက္ အနည္းငယ္စိတ္သက္သာရရသည္။

တိဟြက ယြင္းရန္ဆီသို႔ စိတ္အတြင္းအားျဖင့္ ရွိသမွ် အားကုန္သုံးလိုက္ၿပီးေနာက္ ထိုေနရာ၌ပင္ ေခြေခြေလးျဖစ္ေနကာ သူ၏ မူလအသြင္ျဖစ္ေသာ ၾကက္ေသြးေရာင္ အေမႊးခပ္ဖြားဖြား ေျမေခြးအသြင္သို႔ ေျပာင္းသြားေလေတာ့၏။

~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі