Chapter 4
"ချီယွမ်....ချီယွမ်..... "
အပြင်ဘက်မလှမ်းမကမ်းမှအော်သံကြောင့်
ချီယွမ် လန့်နိုးလာခဲ့သည်။ချွေးများစိုရွဲနေသည်မှာသူငုတ်တုတ်ထထိုင်လိုက်သည်နှင့် သစ်သားကြမ်းခင်းသည် ရေစိုနေသည့်နှယ်အကွက်လိုက်ကျန်နေခဲ့၏။ညက ဖျားနေသည့်အရှိန်ကြောင့်
အတော်ညနက်သည်ထိ သူမအိပ်နိုင်ခဲ့ပေ။ယခုအိပ်ပျော်သွားသည်မှာမည်သည့်အချိန်ပင်ရောက်နေသည်ကိုသူမခန့်မှန်းနိုင်ချေ။
ချီယွမ် အပြင်ဘက်ရှိအသံကြောင့်
ချွေးတို့ကို လက်ဖြင့်သုတ်လိုက်ပြီး အပြင်ဘက်သို့ထွက်လာလိုက်သည်။ထိုသူကိုကြည့်ရသည်မှာ အလွန်အရေးကြီးနေသည့်ပုံစံပင်။
ချီယွမ်က အနည်းငယ်အားနည်းနေသောကိုယ်ခန္တာအား တောင့်ခံထားရင်းထိုသူ၏ရှေ့တွင် ရပ်ကာမေးလိုက်သည်။
"ယုံးလီ.... ဘာဖြစ်လို့လည်းကွ..."
ထိုသူက သူ့အား ထစ်ထစ်အအဖြင့် တဖက်ကိုလက်ညိုးထိုးကာပြောနေသည်။
" ရှောင်ကျူး...ရှောင်ကျူး... ရှောင်ကျူးလေ.."
ချီယွမ်က ထိုအသံကိုကြားတော့
ယုံးလီရဲ့ ပုခုံးနှစ်ဖက်ကို
ဆွဲကိုင်ကာ မေးလေသည်။
"ဘာဖြစ်လို့လည်း...ရှောင်ကျူးဘာဖြစ်လို့လဲ။.."
" ရှောင်ကျူးကို အမတ်ကြီးအိမ်ကလာဖမ်းသွားတယ်...သူ့သားကိုအပြစ်လုပ်မိလို့တဲ့.."
"ဘာ....."
ချီယွမ်က ယုံးလီကိုပင်ဂရုမစိုက်နိုင်တော့ပဲချက်ချင်းပြေးထွက်သွားလေတော့သည်။ ထိုကောင်လေးကမူ ထိုနေရာတွင် အမောဖြေရင်းကျန်နေခဲ့၏။
.......................................
အိမ်၏ပုံစံလေးမှာ ဝါးကိုသာအဓိကထားပြုလုပ်ထားသည့် အိမ်ငယ်လေးတစ်လုံးဖြစ်ပြီး အစာခြောက်အချို့နှင့် ယာဂုပြုလုပ်ရန် ပြောင်းဖူး နှင့်အချို့ အသီးများကိုအိမ်တိုင်နှင့် ဝါးနံရံလေးတို့တွင် အတန်းလိုက်ချိတ်ဆွဲကာထားသည်။
ချီယွမ်ရောက်တော့ ထိုအိမ်ရှေ့အပေါက်ဝတွင်ထိုင်ကာ ဝမ်းနည်းပက်လက်ငိုနေသည့်ရှောင်ကျူး၏ မိခင်အားတွေ့ရသည်။
နိမ့်ကျသောလူတန်းစားအနေဖြင့်ဤသိူ့ဖြစ်လာလျင် သူတို့အနေဖြင့်ဘာမှမလုပ်နိုင်ကြပေ။
အထက်တန်းလွှာများ၏ ပြုသမျှကိုသာနုကြ
ရမည်ဖြစ်သည်။
ချီယွမ် ဘေးပတ်ပတ်လည်ကိုကြည့်မိတော့အရာအားလုံးမှာ တစ်စစီပင်ပျက်စီးကာပြန့်ကျဲနေသည်။ပစ္စည်း များကိုရိုက်ခွဲဖျက်စီးခဲ့ကြပုံပင်။
ချီယွမ်ကပတ်ဝနကျင်အခြေအနေကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ကျုး၏ မိခင်အနားသို့တဖြည်းဖြည်း ချင်းလျောက်သွားလိုက်သည်။
"အဒေါ်......"
သူမက ငိုကြွေးနေရာမှချီယွမ်၏ အသံကိုကြားလိုက်ရသောအခါနီရဲနေသော မျက်ဝန်းတစ်စုံဖြင့်ချီယွမ်ကိုလှမ်းကြည့်လိုက်သည်။ချက်ချင်းဆိုသလိုပင် မတ်တပ်ရပ်ကာချီယွမ်၏လည်ပင်းအား လက်နှစ်ဖက်ဖြင့်ညှစ််လေတော့သည်။
"နင့်ကြောင့်...နင်လုပ်လို့ဖြစ်တာ။အခုငါ့သားကိုပြန်ကယ်ပေး.။ အခုချက်ချင်းပြန်ကယ်ပေး..။..နင်ကအစထဲက မကောင်းဆိုးဝါး ကောင်
။မမွေးစားသင့်တဲ့ကောင် ငါအမြဲပြောခဲ့တယ်
နင့်ကိုမကယ်ပါနဲ့လို့ အခု...အခုတော့...."
ရှောင်ကျူး ၏မိခင်ကချီယွမ် အား ပြောဆိုနေရင်းပင်သူမ၏လက်နှစ်ဖက်ကို ပြန်လွှတ်လိုက်သည်။ သူမက မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်ပင် ခြေဆင်းကာ အရုပ်ကျိုးပြတ်ပုံစံထိုင်ချလိုက်ပြီးနောက်ထပ်မံငိုကြွေးကာ
"ငါ့သားလေး.။ငါ့သား....မင်းသာသူနဲ့မပေါင်းခဲ့ရင်း မင်းအလကားနေရင်းဒီလိုအဖမ်းခံရမှာမဟုတ်ဘူး။ ဘာလို့ရူးမိုက်ရတာလဲလို့...."
ချီယွမ်က မေးလိုက်သည်။
" ရှောင်းဟွာ ကရော....."
ထိုအမေးကြောင့် ရှောင်းကျူး၏မိခင်မှာထပ်မံ၍စကားပင်မဟနိုင်လောက်အောင်အော်ကာငိုနေတော့သည်။ထိုအခါမှ သူ့အားလာခေါ်သောယုံးလီက ဝင်ပြောသည်။
"နေ့လည်က အဲ့ဒီအမတ်ရဲ့သားရောက်လာပြီး မင်းကိုမေးတယ်။ ရှောင်ကျူးကခေါင်းမာပြီး လုံးဝပြောမပြဘူး။အဲ့ဒါနဲ့ပဲ ဒီလိုတွေဖျက်စီးသွားပြီးတော့ရှောင်ကျူးကိုရော ရှောင်းဟွာ ကိုပါခေါ်သွားကြတယ်။
အဒေါ်က သူတို့ဖမ်းခံသွားရပြီး တခဏနေမှ ရောက်လာတာ။အမတ်ကြီးအိမ်ကို သူမသွားတော့လည်းလုံးဝဝင်ခွင့်မပေးတဲ့အပြင်အပေါက်ဝကနေနှင်ထုတ်လိုက်ကြတယ်။."
ရုတ်တရက် ရှောင်ကျူးမိခင်ကချီယွမ်၏ ဝတ်ရုံစကိုဆွဲကိုင်လိုက်ပြီး ဝမ်းနည်းမှုရော မာနတို့ပါ ရောပါနေသည့်လေသံဖြင့်ပြောလိုက်သည်။
" ရှောင်ကျုးတို့ကိုပြန်ခေါ်လာခဲ့ပြန်ခေါ်လာခဲ့ပေး။ ရှောင်ကျူးတို့ အဖေပေါ်မှာတင်နေတဲ့ကျေးဇူးတွေကို မင်းပြန်ဆပ်သင့်ပြီ။
ပြီးတော့ဒါတွေက မင်းကြောင့်ဖြစ်ရတာ။ မင်းမှာ တာဝန်အပြည့်ရှိတယ်။ သူတို့ကို ပြန်ခေါ်လာခဲ့...."
ချီယွမ်က မျက်ဝန်းအစုံကိုအသာမှိတ်လိုက်ပြီးနောက် သက်ပြင်းအသာချသည်။
"စိတ်မပူပါနဲ့ ဒေါ်လေး.။ဒေါ်လေးပြောသလိုပဲကျွန်တော်မွေးစားအဖေအပေါ် တင်နေသမျှကျေးဇူးကြွေးတွေအကုန်လုံးကိုဒီနေ့ပြန်ပေးဆပ်ပါ့မယ်...."
ချီယွမ်က သူမ၏ လက်ကိုဆွဲဖြုတ်လိုက်ပြီး ရဲရဲဝံ့ဝံ့ပုံစံဖြင့်လှည့်ထွက်လာခဲ့လိုက်သည်။
....................................................
ချီယွမ် ပထမဆုံးသွားမိသည်ကတရားစီရင်ခြင်း ရုံးကိုပင် ။တခြားသူတွေကိုမေးရာတွင် ဒီဘက်သို့သာလမ်းညွှန်လိုက်သဖြင့် ချီယွမ် လာခဲ့လိုက်သော်လည်းထိုရုံးတွင် ရှောင်ကျူး၏ အရိပ်အယောင်ပင်လုံးဝမတွေ့ရချေ။အပြစ်ရှိ၍ လုပ်သည်ဟုဆိုလျင်မလွဲမသေ ဤနေရာသို့အပြစ်သားကိုပို့ရမည်ဖြစ်သည်။သို့သော်အဘယ်ကြောင့် မတွေ့ရသနည်း။
ချီယွမ် တစ်ယောက် သံသယများစွာဖြင့်ပင်ထိုအမတ်ကြီး၏ အိမ်ဘက်သို့တိတ်တဆိတ်ချည်းကပ်လာခဲ့လိုက်သည်။ညအချိန်၏အမှောင်ယံကို အားယူလျက်ပင်နံရံတံတိုင်းအား ကျော်၍ခြံအတွင်းသို့ဝင်ရောက်လာခဲ့လိုက်သည်။
အစေခံအချို့သွားလာလွုပ်ရှားနေမှုများကိုရှောင်ကွင်းရင်း အိမ်တော်ကိုလှည့်ပတ်ကြည့်ရှုကာ အခြေအနေကိုအကဲခတ်သည်။
ရှောင်ကျုး၏ အရိပ်အယောင်ကိုပင် ယခုထိမတွေ့ရသေး။သို့သော် အခန်းအတွင်ရှိ မှိန်ပြပြမီရောင်ထက်တွင်မိန်းမပျိုတစ်ဦး၏ အရိပ်က ထင်ဟပ်လျက်ရှိသည်။ထိုမိန်းကလေးက ချီယွမ်ရောက်နေသည်ကိုသိရှိနေသည့်ဟန် အထဲမှနေ၍တုန်ယင်နေသော အသံဖြင့် လှမ်းခေါ်လိုက်သည်။
"ကိုကိုချီယွမ်.........."
ချီယွမ် ထိုအသံကြောင့်ချက်ချင်း ပြေးသွားရန်ဟန်ပြင်လိုက်စဉ်တွင်ဦးခေါင်းအနောက်ဘက်အားရိုက်လိုက်သည့် ပြင်းထန်သောရိုက်ချက်ကြောင့်အသံတစ်သံပင်မထွက်နိုင်တော့ပဲမေ့မြောကာသွားတော့သည်။
..............................................
ချီယွမ် နိုးထလာတော့သူ၏ ကိုယ်ခန္တာ အား ချုပ်နှောင်ထားခြင်းကိုခံထားရသည်။ခိုင်ခံသည့် ကြိုးထုံးများကအထပ်ထပ်ပင်။လူကလည်း ဘေးစောင်းလှဲနေသည့်အနေအထားဖြင့် အဝတ်တို့ကလည်း ဖရိုဖရဲ။ရင်ဘတ်နေရာသည်လည်း ဟကာနေသေးသည်။
ချီယွမ် ရှေ့ကိုကြည့်လိုက်မိတော့ အပေါ်ရုံ အင်္ကျီကို ရင်ဘတ်ဟကာ လျော့ရဲ့စွာဝတ်ဆင်ထားသည့် လော့လန်ကိုတွေ့ရသည်။သူ၏ ဘေးတွင်ကမူ ပြည့်တန်ဆာမိန်းကလေးများအသွင် ပြင်ဆင်ပေးထားခြင်းခံရသောရှောင်းဟွာ ပင်။
သူမသည် လော့လန်၏ဘေးတွင်ခေါင်းကို အသေငုံ့ကာ ကိုယ်ခန္တာကိုလည်းအတတ်နိုင်ဆုံး ကြုံ့ထားသည့်နှယ်ထိုင်နေသည်။ကိုယ်ခန္တာ တစ်ခုလုံးကလည်း တုန်ယင်လျက်။ချီယွမ် သူ့အား တုတ်နှောင်ထားသောကြိုးထုံးတို့ကိုရုန်းကန်နေရင်းပင်အော်လိုက်သည်။
" ရှောင်းဟွာ......ရှောင်းဟွာမကြောက်နဲ့နော်။ ကိုကိုရှိတယ်။ "
ချီယွမ်က ရှောင်းဟွာအနည်းငယ်လောက်ပင် စိတ်သက်သာရာရစေရန်စကားလုံးတို့ဖြင့် ကြိုးစားလိုက်သည်။
"ကိုယ့်ကိုယ်ကို အရင်ကယ်တင်ပါအုန်းလား။ သူရဲကောင်းကြီးရဲ့။"
လှောင်ပြောင်ချင်မှန်းသိသာသော စကားတို့က သူ့ရှေ့တည့်တည့်တွင် ထိုင်နေသည့်လော့လန်ထံမှထွက်ပေါ်လာသည်။ချီယွမ်က လော့လန်အားစူးစူးဝါးဝါး အကြည့်တို့ဖြင့်စိုက်ကြည့်ရင်း
"ခွေးသူခိုး။လူယုတ်မာလိုကောင်။မင်းသူ့ကို အခုလွှတ်လိုက်စမ်း။"
ဒူးတစ်ဖက်ကိုထောင်ပြီး အခန့်သားထိုင်နေသောလော့လန်က ချီယွမ်အားကြည့်ကာ ရီလိုက်သည်။
ပြီးနောက် သူက ဖြည်းဖြည်း ချင်းထလာလိုက်ပြီးချီယွမ်အနားရောက်တော့ ဆောင့်ကြောင့်ထိုင်ချကာချီယွမ်၏ မေးဖျားကို လက်ဖြင့်ဆွဲကိုင်လိုက်သည်။
"ငါ သူ့ကိုလွှတ်ပေးမယ်ဆိုရင်မင်းကရော....ငါ့ကိုဘာပြန်ပေးမှာလဲ။..."
"မင်း....လူယုတ်မာကောင်။သူတို့နှစ်ယောက်ကိုလွှတ်လိုက်။အဲ့ဒီနေ့ကမင်းကိုထိုးတာ ငါ။မင်းသတ်ချင်ရင်ငါ့ကိုသတ်။"
လော့လန်၏ လက်များကချီယွမ်၏ လစ်ဟာသလိုဖြစ်နေသောရင်ဘတ်သို့ရောက်ရှိလာသည်။ချီယွမ်၏ ကိုယ်ခန္တာ တစ်ခုလုံး ခြေရောလက်ရောပါမကျန် တုတ်နှောင်ခံထားရတာကြောင့်မည်သို့မှ ရုန်းကန်၍မရ။သူလုပ်နိုင်သည်က လော့လန်အားဆဲနေခြင်းပင်။လော့လန်က ချီယွမ်၏ရင်ဘတ်ကိုကြည့်ရင်း လူယုတ်မာအပြုံးပြုံးကာဆိုလေသည်။
"မင်းသိလား။ငါအခုတလောဇာတ်တူသား စားချင်နေတာ။"
လော့လန်က ချီယွမ်၏ရင်ဘတ်များကိုဖြေးဖြေချင်း ပွတ်သပ်ရင်းဆိုသည်။
"ငါသေချာတွေးကြည့်ပြီးတဲ့နောက် မင်းညီမထက်မင်းက ပိုစားကောင်းမဲ့ပုံပဲ။မင်းကိုထိတွေ့လေ ငါပိုသဘောကျမိလေ။ဟိုမှာ ကြောက်လန့်ပြီး ထိုင်နေတဲ့၁၄နှစ်အရွယ်ကောင်မလေးရဲ့ အတွင်းသားထက် မင်းရဲ့ ၁၇နှစ်အရွယ်အတွင်းသားတွေက ငါ့ကိုပိုပြီးခံစားလို့ကောင်းစေလိမ့်မယ်လို့ငါစဉ်းစားမိတယ်။"
"ဖီ....."
ချီယွမ်က လော့လန်၏မျက်နှာအားတံတွေးဖြင့် လှမ်းထွေးလိုက်သည်။လော့လန်က မျက်နှာထက်ပေကျံသွားသောတံတွေးတို့အား လက်ဖြင့်သုတ်လိုက်ပြီး အားရပါးရရီလိုက်သည်။
"ဟား..ဟား...ဟား...ရတယ်လေ။ငါက အတင်းလုပ်ရတာမျိုးကို ကြိုက်ပေမဲ့လည်းမင်းကိုတော့ အတင်းလုပ်ချင်စိတ်မရှိဘူး။မင်းဘက်ကတောင်းဆိုလာတာမျိုးကိုငါပိုစိတ်ဝင်စားတယ်။အဲ့ဒီတော့ ဒီလိုလုပ်ကြရအောင်။ အရင်ဆုံး မင်းညီမလေးနဲ့စကြမယ်လေ။"
လော့လန်က ချက်ချင်းပင်ထကာရှောင်းဟွာ အနားသို့ပြန်လျောက်လာလိုက်သည်။ရှောင်းဟွာက သူ့က်ုမော့ကြည့်ရင်းနောက်သို့ ဆုတ် ဆုတ်နေသည်။သူမအတော်ပင်ကြောက်လန့်နေသည့်ပုံ။ချီယွမ်က တုတ်နှောင်ထားသောကြိုးများအားအသေရုန်းကန်နေသည်။လှုပ်ရှားမရသည့်အတွက်စိတ်ကလည်း အတော်ပင် ခံရခက်နေသည်။
"ခွေးလိုကောင်။မင်းသူ့ကိုထိရဲထိကြည့်။ငါမင်းကိုသတ်မယ်။"
"ကိုကိုချီယွမ်။ ကယ်ပါ....အုန်း။ ရှောင်းဟွာ.... ရှောင်းဟွာ ကိုကယ်ပါအုန်း။"
ရှောင်းဟွာ က တုန်ယင်နေသောအသံလေးဖြင့် ချီယွမ်အားလှမ်းကြည့်က အကူအညီတောင်းနေသည်။ချီယွမ်ကလည်း အသေလုပ်ရှားနေသည်မှာပိုးတုံးလုံး အဆိပ်မိနေသည့်ပုံစံမျိုးပင် လူးလှိမ့်ကာ အော်ဟစ်နေလေ၏။လော့လန်က ရှောင်းဟွာ၏ အပေါ်ဆုံးအထပ် ဝတ်ရုံအားဆွဲချွတ်ပစ်လိုက်သည်။ထို ဝတ်ရုံကို ခွေခွေလေးဖြစ်နေသောချီယွမ်ရှေ့သို့ လွှတ်ချပြလိုက်သည်။
ထို့နောက် ရှောင်းဟွာအားအတင်းအကျပ်ဖက်လိုက်ပြီး နမ်းရန်ကြိုးစားလိုက်သည်။ရှောင်းဟွာက မူ အတင်းအကျပ်ရုန်းကန်လျက်ပင်ချီယွမ်က ထိုအဖြစ်အားကြည့်ရင်းအော်ဟစ်နေသည်။
"တော်တော့။တော်လိုက်တော့။သူ့ကိုမထိနဲ့......ငါသဘောတူတယ်။အခုလွှတ်လိုက် သူ့ကိုအခုလွှတ်လိုက်....."
ထိုအခါမှ လော့လန်က ပြုံးလိုက်ပြီး ရှောင်းဟွာအားလွှတ်ပေးလိုက်သည်။သူက အခန့်သားပြန်ထိုင်လိုက်ပြီးနောက်ပုခုံးတစ်ဖက်လျောကျကာဟပြဲပြဲ ဖြစ်နေသော သူ၏ ဝတ်ရုံအားပြန်ဆွဲတင်လိုက်ရင်း
"ဟမ့်.....အရှုံးပေးတာမြန်လှချည်လား။ကျေးဇူးအကြွေးတွေပေါ့။ သိပ်တော့ ပျော်စရာမကောင်းတော့ပေမဲ့ငါလက်ခံလိုက်ပါမယ်။"
ချီယွမ်က အကြည့်စူးစူးတို့ဖြင့်လော့လန်အားကြည့်ရင်း
"သူ့ကိုလွှတ်ပေးလိုက်တော့။ငါမင်းပြောသမျှ အကုန်လက်ခံမယ်။ပြီးတော့ သူတို့မိသားစုကို ထပ်မထိပါနဲ့.။
မင်းသူတို့ကိုထိမယ်ဆိုရင် ငါသေသွားတဲ့အခါမင်းရဲ့ အိမ်မက်ဆိုးတိုင်းမှာငါရှိနေမယ်....."
လော့လန်က လက်နှစ်ဖက်ကိုအသာမြှောက်လိုက်ရင်း ကြောက်လန့်သည့်ပုံစံဖမ်းပြလိုက်သည်။
"ဝိုး...ဝိုး...ကြောက်လိုက်တာဗျာ....
ဒါပေမဲ့လေ မင်းကို ဘယ်သူကမှသေခွင့်မပေးပါဘူး။ "
လော့လန်က ချီယွမ်အနားသို့ပြန်လျောက်လာသည်။ချီယွမ်၏ ကိုယ်ခန္တာ အားထိကိုင်ပြီး ထိုင်စေလိုက်သည်။ရှောင်းဟွာက ငိုလျက် သူမ၏
ဖရိုဖရဲဖြစ်နေသော အဝတ်တို့ကို ဆွဲကပ်နေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ချီယွမ်....ချီယွမ်..... "
ဆွဲကိုင်ကာ မေးလေသည်။
"ဘာ....."
.......................................
နိမ့်ကျသောလူတန်းစားအနေဖြင့်ဤသို့ဖြစ်လာလျင် သူတို့အနေဖြင့်ဘာမှမလုပ်နိုင်ကြပေ။
ရမည်ဖြစ်သည်။
"အဒေါ်......"
ချီယွမ်က မေးလိုက်သည်။
" ရှောင်းဟွာ ကရော....."
"ကိုကိုချီယွမ်.........."
"ဖီ....."