Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 7
ယွင်းရန်က မေ့မြောနေသောချီယွမ်အား ပွေ့ချီထားလျက်ပင် နန်းတော်ကြီး၏ လူနှစ်ရပ်စာခန့်မြင့်သောတံတိုင်းကြီးအား ခုန်ကျော်လာခဲ့သည်။

ရွှေအတိပြီးသော နဂါးနှစ်ကောင်ပါသည့်အမိုးသည် တိုင်းပြည်၏ကြွယ်ဝချမ်းသာမှုကို သိရှိစေနိုင်သည်။ကြီးမားလွန်းလှသည့် အဆောင်ရှေ့တွင်ယွင်းရန် ဖြေးညှင်းစွာ သက်ဆင်းလိုက်ပြီး အဆောင်တွင်းသို့ ခြေလှမ်းတစ်လှမ်းခြင်း ဝင်ရောက်လာခဲ့သည်။

တံခါးမကြီး၏ အဝတွင်ရှိသောတံခါးစောင့်နှစ်ဦးက ယွင်းရန်အား ဂါရဝပြုပြီးနောက် တံခါးနှစ်ဖက်ကို တဖက်စီမှနေ၍ဆွဲဖွင့်ပေးလိုက်သည်။
ဧည့်ခန်းမဆောင်ကြီး၏ အရှေ့တည့်တည့်တွင်က
ခန့်ညားထည်ဝါလှသည့် ပလ္လင်တော်ကြီးကနေရာယူထားသည်။ပိုးသားအတိဖြင့် ချုပ်လုပ်ထားသောအနီရောင် အခင်းထက်တွင် ကျောပေးကာ
ရပ်နေသည့် သူတစ်ယောက်။

ဘေးတဖက်တစ်ချပ်စီတွင်ရှိနေသောအခြားသူများက ယွင်းရန်လာသည်နှင့်ဒူးထောက်ကာအရိုအသေပြုကြသည်။ထိုအခါမှ သူအာ့ကျောခိုင်းထားသည့်သူက ချက်ချင်းပင် လှည့်လာပြီးယွင်းရန်အား ခါးကိုင်းကာ ဂါရဝပြုလိုက်သည်။

"ဦးရီတော်....ပြန်လာပါပြီလား။ဒါက...."

ယွင်းရန်က သူ့အားခေါင်းအသာညိမ့်ပြရုံအပြင်အခြားစကားမဆိုချေ။သူလာရာလမ်းအတိုင်းကိုသာဆက်လျှောက်လာလိုက်ရင်း တခြားဖက်နေရာရှိအိပ်ဆောင်အတွင်းသို့ ချီယွမ်အားချီထားလျက်ပင် ဝင်သွားတော့သည်။ထိုသူက ယွင်းရန်အားသေချာကြည့်နေသည်။ဘေးရှိသူ၏သက်တော်စောင့်တစ်ယောက်က

"အရှင်မင်းကြီး....အဆောင်တော်ကိုပြန်ကြမလား။ဦးရီးတော်က.... အလုပ်ရှုပ်နေပုံ..."

ထိုသူက လက်ခါပြလိုက်သည်။

"ရတယ်...ငါကိုယ်တော်ကဦးရီတော်ကို ပြောစရာရှိနေတာမို့သူပြန်ထွက်လာမဲ့အချိန်အထိစောင့်မယ်။".

"မှန်လှပါ....အရှင်မင်းကြီး။."

ထိုသူကခေါင်းကိုသာပြန်ငုံ့နေလိုက်ပြီး မူလအတိုင်းပြန်ငြိမ်နေလိုက်သည်။

........................................................

ယွင်းရန်က သူ၏ အိပ်ယာထက်၌ချီယွမ်ကို ပစ်ချလိုက်သည်။ပိတ်လှောင်ထားသောမျက်ဝန်းတို့နှင့်ထို​ကောင်လေး၏မျက်နှာအား မပြုံးမရယ်စွာ နှင့်ပင် သူအတော်ကြာ​ကြာစိုက်ကြည့်နေသည်။ပြီးမှ နှာတချက်မှုတ်လိုက်ပြီး

"ဟမ့်.....အပြင်က အစောင့်တွေလာခဲ့စမ်း။."

အပျိုတော်နှစ်ဦးက ချက်ချင်းပင်ရောက်လာကြသည်။

"ဦးရီးတော်... ဘာများအလိုရှိပါသလဲ။"

"သူ့ကို အဝတ်အစားလဲပေးလိုက်...."

"မှန်လှပါ....."

ယွင်းရန်က ချီယွမ်အားလှည့်မကြည့်တော့ပဲ အိပ်ဆောင်အပြင်ဘက်ဧည့်ခန်းမဆောင်သို့ ထွက်လာခဲ့သည်။ပြင်ပ၌ အချိန်သည် မနက်မိုးပင်လင်းချေပြီ။ယွင်းရန်က သူ၏ ပလ္လင်ထက်တွင်ဝတ်ရုံကို ခါလိုက်ပြီး ခန့်ညားထည်ဝါစွာထိုင်လိုက်သည်။

"ချင်းပိုင်.....ဘာကိစ္စရှိလို့လဲ။မနက်အစောကြီး ဒီဦးလေးကိုလာတွေ့တယ်ဆိုတော့"

ချင်းပိုင်က ထပ်မံကာဂါရဝပြုလိုက်သည်။

"ဦးရီတော်....ကျွန်တော်..ဦးရီတော်ကိုတင်ပြစရာရှိလို့ပါ...."

ယွင်းရန်က တည်ငြိမ်စွာပင်

"အင်း...ပြောစရာရှိတာပြော..."

ချင်းပိုင်က အခန်းတွင်းရှိအစေခံများအားလုံးကိုအပြင်သို့ထွက်ရန် အချက်ပြလိုက်သည်။

"ဦးရီတော်...ဟိုလေ...ကျွန်တော်အမတ်တစ်ယောက်ရဲ့ သမီးကို သဘောကျနေမိလို့
အဲ့တာ......"

ယွင်းရန်က သူ၏ဆိုလိုရင်းကိုကြားတော့
ကျယ်လောင်စွာအော်ရီလိုက်သည်။ပြီးနောက် ပလ္လင်ထက်မှ ထလိုက်ပြီးချင်းပိုင် အနားသို့ရောက်လာလိုက်သည်။ချင်းပိုင်၏ ပုခုံးအား အသာပုတ်လိုက်ပြီး

"အဲ့တာကြောင့် မင်းက အခုတလောအနယ်နယ်အရပ်ရပ်က ဆက်သတဲ့မိန်းမပျိုတွေကို
ငြင်းလွှတ်နေတာကိုး။

အဲ့တာလောက်ထိတော့ ဦးရီတော်ကိုတိုင်ပင်စရာမလိုပါဘူး။မင်းက တိုင်းပြည်ကိုအုပ်စိုးတဲ့
ဘုရင်တစ်ပါးပဲလေ။ တလောကလုံးက မိန်းမတွေဟာမင်းအပိုင်ပဲ သူတို့ကိုမင်းစိတ်သဘောကျသလို လုပ်လို့ရတယ်..... ဟုတ်ပြီလား...."

ချင်းပိုင်ကပျော်သွားသည့်ပုံပင်။

"ဟုတ်ကဲ့ပါ ဦးရီတော်...ချင်းပိုင်နားလည်ပါပြီ..."

ယွင်းရန်က ချင်းပိုင်၏ ဖခင်ယခင်ဘုရင်​ဟောင်းအားတခါအသက်ဘေးမှ အမှတ်မထင်ကယ်တင်ဖူးသည်။ ဤသည်က လွန်ခဲ့သောဆယ်နှစ်ခန့်လောက်ကပင်။

ထို ဘုရင်က ယွင်းရန်ကို ကျေးဇူးဆပ်ရန်စိတ်ဆန္ဒအလွန်ပြင်းပြခဲ့သည်။ယွင်းရန်လည်း သွားစရာမရှိသည်နှင့်နှစ်အနည်းငယ်လောက် နေကြည့်ရန်ဆုံးဖြတ် လိုက်ပြီး နန်းတော်သိူ့လိုက်လာခဲ့သည်။ထိုဘုရင်တွင် သားတော်ဟူ၍ချင်းပိုင်တစ်ဦးသာရှိသည်။ ရှိသည့်သားတော်ကလည်း အရာရာကြောက်တက်သည့်ပုံစံ။မဝံ့မရဲဖြင့် တုန်လှုပ်နေတက်သောကြောင့်ယွင်းရန်ကပင် ဦးဆောင်ပေးနေရသည်။

ထိုအရာများကို သူလုံးဝစိတ်မဝင်စားချေ။သည်အတိုင်း သူ၏ အစာအရင်းအမြစ်အားစောင့်ဆိုင်းရင်းသာ အပျော်တမ်းလုပ်နေခြင်းပင်။မိစ္ဆာ တိုင်းပြည်သည်လည်းမင်းမဲ့ တိုင်းပြည်ဖြစ်နေသည်မှာအတော်ကြာနေပြီဖြစ်သည်။
ထိုအချက်ကြောင့်နှင့်ပင် ကောင်းကင်တိုင်းပြည်ကယွင်းရန်၏ မိစ္ဆာ တိုင်းပြည်အားလာရောက်ထိပါးခြင်းမရှိပေ။ အဓိကသည်က ယခု မိစ္ဆာတိုင်းပြည်သည် ကောင်းကင်ဘုံ၏လက်အောက်တွင် ရောက်ရှိနေခြင်းဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဘုံက ဤအကြောင်းအရာကို အသိအလင်းကြေညာခြင်းမရှိခဲ့ပဲ သုံးလောကကိုဖုံးကွယ်ထားခဲ့သည်။

ယွင်းရန် စွမ်းအားအလုံအလောက်မရှိပဲမိစ္ဆာ တိုင်းပြည်အား ပြန်လည်အုပ်စိုးပါကအခြေအနေက ဖရိုဖရဲဖြစ်လာနိုင်သည်။ထို့ကြောင့် အမှန်တိုင်းဆိုရလျင်သူသည် သေမျိုးတို့နေရာတွင် ခတ္တခဏ ပုန်းခိုနေခြင်းက သူ့အတွက်အဆင်ပြေသည့်နည်းလမ်းတစ်ခုပင်။

ချင်းပိုင်အနေဖြင့် ဤသို့ဖွင့်ဟလာခြင်းမှထူးဆန်းသည်ဟုဆိုရမည်။ထိုကောင်လေးသည် အသက်နှစ်ဆယ်သာ ပြည့်လာပြီဖြစ်သော်လည်းကလေးစိတ်ကသိပ်ကုန်ချင်သည်မဟုတ်ပေ။နန်းတက်ခဲ့သည်မှာ နှစ်နှစ်ပင်ပြည့်ချေတော့မည်။မယ်မယ်ရရလုပ်တက်သည်ကိုမရှိ။နောက်ကွယ်မှ သူကထိန်းကိုင်ပေးနေရသည်။

တစ်နှစ်ခန့်သာ လိုတော့သည်။မိမိလွတ်မြောက်ရန်အတွက် တစ်နှစ်လောက်သာသည်းခံနိုင်မည်ဆိုလျင်အားလုံးအဆင်ပြေသွားတော့မည်။ယွင်းရန်တွင် တမ်းတစရာ နောက်ဆံတင်းစရာဟူ၍တယောက်မျှမရှိခဲ့ချေ။

အတိတ်ကမူ ယုံကြည်ရာဟူ၍ရှိခဲ့သေးသည်။ ထိုယုံကြည်ရာကပင်သူ၏ နှလုံးသားနှင့် ဘဝအားရက်ရက်စက်စက် ဖျက်စီးပစ်ခဲ့သည်။ချင်းပိုင်က ယွင်းရန်အားနှုတ်ဆက်ပြီးနောက် ထွက်သွားတော့သည်။မျက်နှာထက်အပြုံးတို့ကပျော်ရွှင်နေသည်ကို ပုံဖော်ပြလျက်ရှိသည်။

"တိဟွ......."

ယွင်းရန်က အသာခေါ်လိုက်သည်။ချက်ချင်းပင် အမဲရောင်အခိုးငွေ့တို့ကသူဘေးနားတွင် ရစ်သိုင်းလျက် လူပုံစံ ပုံရိပ်တစ်ခုပေါ်လာသည်။

တခဏကြာတော့ကောင်လေးတယောက်အသွင်ဖြင့်။ထိုကောင်လေးက ယွင်းရန်ကိုအရိုအသေပေးလိုက်သည်။

"အရှင့်အမိန့်အတိုင်း ဆောင်ရွက်ရန်အသင့်ပါ..."

ယွင်းရန်က ထိုကောင်လေးဘက်လှည့်လိုက်ပြီး

"အမတ်ကြီးကျုူ ကို နေ့လည်ကျရင်ငါ့ဆီကို လာခဲ့ဖို့ပြောလိုက်ပါ။."

"ဟုတ်ကဲ့ပါ...အရှင်...."

ထိုကောင်လေးက ဂါရဝပြုပြီးအခိုးငွေ့အနေဖြင့် ပျောက်ကွယ်သွားတော့သည်။

ယခင်မိစ္ဆာဘုရင်ဘဝထဲကပင်သူ၏ အားထားရသူအဖြစ်ရှိနေခဲ့သူဖြစ်သည်၊။အရာရာကို အလျင်အမြန်သဘောပေါက်လွယ်ပြီး ယွင်းရန်မှ လွဲ၍ အခြားသူကိုဂရုပင်မစိုက်တက်ချေ။ယွင်းရန်သာ သူ၏ ကိုးကွယ်ရာအဖြစ်သတ်မှတ်ကာထားသည်။

ယွင်းရန်က ခန်းမအတွင်းမည်သူမျှ မရှိတော့သည့်အချိန်မှသူ၏ အိပ်ဆောင်အတွင်းသို့ တလှမ်းချင်းဝင်ရောက်လာလိုက်သည်။ခြေလှမ်းတိုင်း၏နောက်တွင် ဝတ်ရုံရှည်အစ၏အောက်ခြေနှင့် ကြမ်းပြင်တို့၏ ပွတ်တိုက်မှုက ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။

အခန်းတွင်းအိပ်ယာထပ်၌ အဝတ်အစားတို့ လဲနှင့်ပြီးသောကုတင်ထက်တွင် မေ့မြောနေဆဲ ချီယွမ်ကိုသူတွေ့မြင်ရသည်။အပေါ်အောက် အဖြူရောင် ပိတ်စဖြင့်ဖုံးလွှမ်းထားသည့်အတွက်နှင်းတမျှဖြူဖွေးသည့် အသားအရည်ကအဝတ်အောက်တွင် မြုပ်နေလျက်ရှိသည်။ယွင်းရန် အပေါက်ဝမှ ကြည့်နေလျက်ပင်လက်က မသိလိုက်မသိဘာသာလှမ်းလိုက်မိသည်။

သူ၏မျက်ဝန်းထဲတွင်မျက်နှာတူသော်လည်အခြားပုံစံနှင့်သူတစ်ယောက်။တဖားဖားကျနေသော အဖြူရောင်ဝတ်ရုံကြီးနှင့် ထိုကောင်လေး၏ ဆံနွယ်တစ်ခုလုံးသည်လည်း ဖြူဖွေးကာနေသည်။လင်းလက်ကာ တလက်လက်သဖွယ်ထနေသောနှင်းပွင့်အသေးစားလေးတစ်ချပ်သည်ထိုကောင်လေး၏ မျက်ခုံးနှစ်ခုကြားအလည်တည့်တည်နေရာတွင် နေရာယူလျက်ရှိသည်။

ယွင်းရန် မျက်တောင်အမြန်ခပ်လိုက်ပြီးထိုမြင်ကွင်းကို ဖယ်ရှားလိုက်သည်။ထိုအခါမှ ပုံမှန်အတိုင်း လဲလျောင်းနေသောအနက်ရောင်ဆံနွယ်တို့နှင့် ချီယွမ်အားပြန်တွေ့ရလေ၏။ယွင်းရန်က ချီယွမ်တို့ အနားသို့လျောက်လာလိုက်ပြီးဘေးတွင် အိပ်ယာအား ပြင်ဆင်နေသောအပျိုတော်များကို အပြင်ထွက်ရန်အချက်ပြလိုက်သည်။

ထိုမိန်းကလေးများက ယွင်းရန်အားဂါရဝပြုကာ အပြင်သို့ထွက်သွားကြတော့သည်။ယွင်းရန်က ကုတင် အစွန်းဘက်တွင်ထိုင်လိုက်ပြီး ချီယွမ်၏
အင်္ကျီအား ပုခုံးပေါ်စေရန်ဆွဲချွတ်လိုက်သည်။

ပုခုံးမှ နှင်းပွင့်ချပ်သဏ္ဍာန်ရှိသောအရာအားသူ၏လက်ဖြင့် အသာထိကိုင်လိုက်သည်။ ထိုအမှတ်အသားက နီရဲနေသည်ကိုမှ ထပ်မံကာ ကိုက်ရာကြောင့် နီရဲနေသေးသည်။ယွင်းရန်ကကျန်လက်တဖက်ကိုမူ သူ၏ ဘယ်ဘက်ရင်အုံကိုဖိကပ်ထားလိုက်ပြီး

"မကြာခင်...ငါ့အပိုင်ဖြစ်လာမှာပါ။ပြီးတာနဲ့..မင်းကို ရှန်းဝူပိုင် ရဲ့ရှေ့မှာရက်ရက်စက်စက် တစစီလုပ်ပြီး သတ်ပစ်မယ်။

သူတော့ အရမ်းခံစားရခက်နေမှပဲ...ဟားဟား....ဟားဟား။"

ယွင်းရန်၏ ကြိမ်းဝါးသံကအလွန်ပင် ကြေယက်လန့်ဖွယ်ရာကောင်းလှသည်။ သူ၏မျက်ဝန်းနှစ်ဖက်က နီရဲကာနေပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ပုံစံနှင့်​ဆင်တူနေသည်။

ယွင်းရန်က ထိုအမှတ်အားခပ်ပြင်းပြင်း ဖိလိုက်တော့ ချီယွမ်ကမျက်လုံးတို့မှိတ်ထားရင်း ကြားကပင်နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ရင်း ထိုလက်အားဖယ်ရှားရန် သူ၏ခန္တာကိုယ်ကို ရုန်းနေသည်။ ထိုအခါမှယွင်းရန်က ပြန်လွှတ်ပေးလိုက်ပြီး ထကာ အပြင်ဘက်သို့ ပြန်ထွက်သွားတော့သည်။

...............................

"မင်း အဲ့တာတွေ အခုထိလုပ်နေတုန်းပဲလား။"

ယွင်းရန်၏ စကားကြောင့်အမတ်ကြီးကျူးမှာ ချက်ချင်းပင်ဒူးထောက်ကာ ခယ၍တောင်းပန်လေသည်။

"ကျွန်...ကျွန်တော်...မျိုးကို...ခွင့်..ခွင့်လွှတ်တော်မူပါ။မတတ်သာလို့ပါ...တကယ်မတတ်သာလို့လုပ်ရတာပါ။"

"နောက်တစ်ခါမင်းသူမကိုသွားပို့စရာမလိုတော့ဘူး။သူ့ဘာသာရှာစားလိမ့်မယ်။ ယောက်ျားသွေးမှမဟုတ်ဘူး။တိရစ္ဆာန် သွေးလည်း သူသောက်လို့ရတယ်။သူ့ဘာသာ ဖန်တီးယူလိမ့်မယ်။"

"အဲ့နေ့က လူဆယ်ယောက်ရော။အကုန်သွေးစုပ်လိုက်ပြီလား။."

အမတ်ကြီးက ချီတုံချတုံဖြင့်ဖြေလာသည်။

"တ...တ..ယောက်တော့ကျန်ပါတယ်။သူက ဝလို့ဆိုပြီး သခင်မကလက်မခံတာပါ။"

ယွင်းရန်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်မှာလဲ။အဲ့ဒီတယောက်က..."

"သူ့ကို...တော...တောအုပ်ထဲမှာပဲ...ပစ်ခဲ့ပါတယ်။သခင်မက တခြားသူတွေရဲ့သွေးကိုစုတ်နေတဲ့အချိန်မှာ သူကအဲ့ပုံစံတွေကိုမြင်ပြီးကြောက်လန့်သွားပုံရတယ်။

အဲ့ဒီနောက်ပိုင်း မူမမှန်တော့တာနဲ့တောထဲမှာပဲ ပစ်ထားခဲ့လိုက်တယ်...အဲ့တာ....."

"လူယုတ်မာ!!!!"

*ခွပ်*

ပဲ့တင်သံတစ်ခုနှင့်အတူအမတ်ကြီး၏ မျက်နှာသည် ပြင်းထန်သည့် လက်သီးချင်တစ်ချက်ကိုခံလိုက်ရသည်။အမတ်ကြီးမှာ ဘေးသို့ပင်လွင့်ကာသွားသည်။သွေးအနည်းငယ်ထွက်သွားသည့်အတွက်သူ၏ ပါးပြင်ကိုကိုင်ကာထိုလက်ပိုင်ရှင်အား ကြည့်လိုက်သည်။

အဖြူရောင် အင်္ကျီက ယွင်းရန်ထားခဲ့သည့်အတိုင်းပင်။ ကြိုးမချည်ထားပဲပြေကျနေသဖြင့် ရင်ဘတ်ကအတိုင်းသား။ဤသည်က ချီယွမ်ပင်။ဘယ်အချိန်က သတိရလာမှန်သည်ကိုပင်ယွင်းရန်သတိမထားမိလိုက်သည်မှာအမှန်။ယွင်းရန်ကပြုံးလျက်ဘေးရှိဖဲသားခေါင်းအုံးကြီးကို မေးထောက်ကာဆက်ကြည့်နေလိုက်သည်။
ချီယွမ်က အမတ်ကြီး၏ အင်္ကျီစမှအတင်းဆွဲကိုင်ပစ်လိုက်ပြီး

"ဘယ်မှာလဲ ရှောင်ကျူး။ မပြောရင် ကျုပ်အခုချက်ချင်း ခင်ဗျားကို ကျုပ်သတ်မယ်။"

အမတ်ကြီးက စကားတစ်ခွန်းမျှမဟချေ။
သူကကြောက်လန့်နေသည့်ပုံစံဖြင့်ပင် ယွင်းရန်အား အကူအညီတောင်းသည့်နှယ်လှမ်းကြည့်သည်။ အတော်ကြာမှ ယွင်းရန်က လက်ခုပ်တီးကာပလ္လင်ပေါ်မှ ဆင်းလာသည်။

"မင်း ရှောင်ကျူးကိုပြန်လိုချင်ရင်ငါနဲ့ သဘောတူညီမှုတစ်ခုလောက်လုပ်ရအောင်။"

ချီယွမ်က ယွင်းရန်ကိုမြင်တော့အမတ်ကြီးအား လွှတ်ချလိုက်သည်။ ပြီးနောက် စိတ်မဝင်စားသည့်ပုံစံဖြင့်

"အော်...နောက်မှရောက်လာတဲ့သောက်အဖိုးကြီးကိုး။ခင်ဗျားကလူမဟုတ်ဘူးမလား။အဲ့တုန်းက ဝတ်စုံနဲ့ဝတ်ထားတဲ့ဝတ်စုံကိုမြင်ကတည်းကသိလိုက်တယ်။ ဟို ရွံစရာမိစ္ဆာမလိုပဲ"

ယွင်းရန်က ချီယွမ်၏ လည်ပင်းအားသူ၏ လက်တစ်ဖက်တည်းဖြင့် ဆွဲယူကာညစ်လိုက်သည်။

"ငါ့ကို အဖိုးကြီးလို့မခေါ်နဲ့.။မင်း ရှောင်ကျူးကို ငါချက်ချင်းသတ်ပစ်လိုက်လို့ရတယ်။ သိတယ်မလား။ ငါကမင်းပြောသလို မိစ္ဆာလေ။"

ချီယွမ်၏ ခြေထောက်များကမြင်ပြင်နှင့်ပင်အနည်းငယ်ဟနေ၏။ချီယွမ်ကအသက်ရှုရခက်နေပြီဖြစ်သောကြောင့် ယွင်းရန်၏ လည်ပင်းအားဆုပ်ကိုင်ထားသောလက်ကို အတင်းဆွဲခွာနေသည်။

"အ့...အ့...."

ယွင်းရန်က ချီယွမ်အားပြန်လွှတ်ပေးလိုက်သည်။
ချီယွမ်က ယွင်းရန်၏လက်လွှတ်လိုက်သည်နှင့်တပြိုင်နက် အောက်သို့ခွေခွေလေးကျသွားသည်။ လည်ပင်းကို လက်ဖြင့်အသာပွတ်ကာလဲကျ​နေရာမှချက်ချင်း ပြန်ထလိုက်ပြီး

"အဟွတ်...အဟွတ်...."

ယွင်းရန်က ချီယွမ်အားကြည့်ရင်း

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းငါ့ကိုဘယ်သူမှ အဲ့ဒီလို မခေါ်ဖူးဘူး။ ခေါ်လည်း မခေါ်ရဲ ကြဘူး မင်းကများသတ္တိတွေကောင်းနေတယ်ပေါ့။

ထားလိုက်ပါ။ငါတို့သဘောတူညီမှုအကြောင်းကို
ပြောကြတာပေါ့....မင်း...."

ယွင်းရန်က ချီယွမ်အားလက်ညိုးထိုးလိုက်သည်။
ချီယွမ်ကလည်း မိမိကိုယ်ကိုလက်ညိုးပြန်ထိုးလိုက်ရင်း

"ငါ.....ငါလား.....ဘာဖြစ်လဲ။"

"မင်း...ငါ့အနားမှာ တစ်နှစ်နေပေးရမယ်။
အဲ့တာဆိုရင်...ငါ..ရှောင်ကျူးကို ပြန်ပေးမယ်။."

ယွင်းရန်ကအတည်ပေါက်သဘောဖြင့်ပြောလိုက်သည်။ချီယွမ်က သူ့အား သေချာကြည့်နေရာမှ

"ခွီး......ရီရတယ်...အဖိုးကြီး။ခင်ဗျား..လင်လိုချင်လို့လား။ဘာလဲ...အသက်ကြီးလာတော့ဇာတ်တူသားစားချင်လာတာလား။ ဇာတ်တူသားတောင် ကျုပ်လို နုနုနယ်နယ်လေးကို မှန်းတာနော်။ အားနာပေမဲ့ ကျွန်တော်က အဖိုးကြီးတွေကို
မကြိုက်ဘူး။ပြီးတော့  ဘယ်လောက်ငတ်နေပါစေ ခန္တာကိုယ်နဲ့ရင်းရတဲ့အလုပ်တော့မလုပ်ဘူးဗျ။ကိုယ့်ဘာသာပဲအပြင်ထွက်ပြီး ရှောင်ကျုးကိုရှာမယ်။

ဒါဘယ်နေရာလဲ။ ခန်းနားပုံအရနန်းတော်ကြီးထင်တာပဲ။အမ်......ဘာပဲဖြစ်ဖြစ် ဒီနေရာကိုထပ်အခြေချတော့မှာမှ မဟုတ်တာ။ သွားပြီ....."

ချီယွမ်က လက်ကာပြလိုက်ပြီးခပ်တည်တည်ပင် အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။ယွင်းရန်က သူ့ကိုစိုက်ကြည့်နေသည်။ရုတ်တရက် ယွင်းရန်ဘေးတွင် တိဟွကပေါ်လာသည်။သူက ချီယွမ်ကို လှမ်းကြည့်နေရင်း

"လုံးဝတခြားတစ်ယောက်လိုဖြစ်သွားတာပဲ။နျူးက အရမ်းနူးညံတဲ့ သူတစ်ယောက်"

တိဟွက မိမိဘာသာရေရွတ်နေရင်းမှယွင်းရန်ကို မေးလိုက်သည်။

"အရှင်...သူဆိုတာရောသေချာလို့လား။သူကလုံးဝအရိုင်းတုန်းနော်။ မျက်နှာတူတာနဲ့ပဲ နျူးလို့သတ်မှတ်လို့မရဘူးလေ။"

ယွင်းရန်က ချီယွမ်အားလှမ်းကြည့်နေရင်း

"ရနံ့က လိမ်လို့မရဘူး။ ပြီးတော့ ကောင်းကင်ဘုံရဲ့ ကံကြမ္မာကျောက်ပြားမှာ နျူးက နှစ်ဘဝတိုင်တိုင် ငါ့နဲ့ပတ်သတ်ရလိမ့်မယ်လို့ ရေးထားခဲ့တယ်။ အဲ့တော့ဘာများကွာခြားမှာမို့လို့လဲ။ တစ်ယောက်က နူးညံသလိုနဲ့ ရက်စက်တယ်။တစ်ယောက်က ကြမ်းတမ်းပြီး ရက်စက်တယ်။သူတို့ကတစ်ယောက်တည်းပဲ...."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တို့ရဲ့ မိစ္ဆာဘုရင်ကြီး အတော်လေး နင် သွားရှာမာပဲ

🙃🙃🙃🙃🙃

ယြင္းရန္က ေမ့ေျမာေနေသာခ်ီယြမ္အား ေပြ႕ခ်ီထားလ်က္ပင္ နန္းေတာ္ႀကီး၏ လူႏွစ္ရပ္စာခန္႔ျမင့္ေသာတံတိုင္းႀကီးအား ခုန္ေက်ာ္လာခဲ့သည္။

ေရႊအတိၿပီးေသာ နဂါးႏွစ္ေကာင္ပါသည့္အမိုးသည္ တိုင္းျပည္၏ႂကြယ္ဝခ်မ္းသာမွုကို သိရွိေစနိုင္သည္။ႀကီးမားလြန္းလွသည့္ အေဆာင္ေရွ႕တြင္ယြင္းရန္ ေျဖးညႇင္းစြာ သက္ဆင္းလိုက္ၿပီး အေဆာင္တြင္းသို႔ ေျခလွမ္းတစ္လွမ္းျခင္း ဝင္ေရာက္လာခဲ့သည္။

တံခါးမႀကီး၏ အဝတြင္ရွိေသာတံခါးေစာင့္ႏွစ္ဦးက ယြင္းရန္အား ဂါရဝျပဳၿပီးေနာက္ တံခါးႏွစ္ဖက္ကို တဖက္စီမွေန၍ဆြဲဖြင့္ေပးလိုက္သည္။
ဧည့္ခန္းမေဆာင္ႀကီး၏ အေရွ႕တည့္တည့္တြင္က
ခန႔္ညားထည္ဝါလွသည့္ ပလႅင္ေတာ္ႀကီးကေနရာယူထားသည္။ပိုးသားအတိျဖင့္ ခ်ဳပ္လုပ္ထားေသာအနီေရာင္ အခင္းထက္တြင္ ေက်ာေပးကာ
ရပ္ေနသည့္ သူတစ္ေယာက္။

ေဘးတဖက္တစ္ခ်ပ္စီတြင္ရွိေနေသာအျခားသူမ်ားက ယြင္းရန္လာသည္ႏွင့္ဒူးေထာက္ကာအရိုအေသျပဳၾကသည္။ထိုအခါမွ သူအာ့ေက်ာခိုင္းထားသည့္သူက ခ်က္ခ်င္းပင္ လွည့္လာၿပီးယြင္းရန္အား ခါးကိုင္းကာ ဂါရဝျပဳလိုက္သည္။

"ဦးရီေတာ္....ျပန္လာပါၿပီလား။ဒါက...."

ယြင္းရန္က သူ႔အားေခါင္းအသာညိမ့္ျပ႐ုံအျပင္အျခားစကားမဆိုေခ်။သူလာရာလမ္းအတိုင္းကိုသာဆက္ေလၽွာက္လာလိုက္ရင္း တျခားဖက္ေနရာရွိအိပ္ေဆာင္အတြင္းသို႔ ခ်ီယြမ္အားခ်ီထားလ်က္ပင္ ဝင္သြားေတာ့သည္။ထိုသူက ယြင္းရန္အားေသခ်ာၾကည့္ေနသည္။ေဘးရွိသူ၏သက္ေတာ္ေစာင့္တစ္ေယာက္က

"အရွင္မင္းႀကီး....အေဆာင္ေတာ္ကိုျပန္ၾကမလား။ဦးရီးေတာ္က.... အလုပ္ရွုပ္ေနပုံ..."

ထိုသူက လက္ခါျပလိုက္သည္။

"ရတယ္...ငါကိုယ္ေတာ္ကဦးရီေတာ္ကို ေျပာစရာရွိေနတာမို႔သူျပန္ထြက္လာမဲ့အခ်ိန္အထိေစာင့္မယ္။".

"မွန္လွပါ....အရွင္မင္းႀကီး။."

ထိုသူကေခါင္းကိုသာျပန္ငုံ႔ေနလိုက္ၿပီး မူလအတိုင္းျပန္ၿငိမ္ေနလိုက္သည္။

........................................................

ယြင္းရန္က သူ၏ အိပ္ယာထက္၌ခ်ီယြမ္ကို ပစ္ခ်လိုက္သည္။ပိတ္ေလွာင္ထားေသာမ်က္ဝန္းတို႔ႏွင့္ထို​ေကာင္ေလး၏မ်က္ႏွာအား မျပဳံးမရယ္စြာ ႏွင့္ပင္ သူအေတာ္ၾကာ​ၾကာစိုက္ၾကည့္ေနသည္။ၿပီးမွ ႏွာတခ်က္မွုတ္လိုက္ၿပီး

"ဟမ့္.....အျပင္က အေစာင့္ေတြလာခဲ့စမ္း။."

အပ်ိဳေတာ္ႏွစ္ဦးက ခ်က္ခ်င္းပင္ေရာက္လာၾကသည္။

"ဦးရီးေတာ္... ဘာမ်ားအလိုရွိပါသလဲ။"

"သူ႔ကို အဝတ္အစားလဲေပးလိုက္...."

"မွန္လွပါ....."

ယြင္းရန္က ခ်ီယြမ္အားလွည့္မၾကည့္ေတာ့ပဲ အိပ္ေဆာင္အျပင္ဘက္ဧည့္ခန္းမေဆာင္သို႔ ထြက္လာခဲ့သည္။ျပင္ပ၌ အခ်ိန္သည္ မနက္မိုးပင္လင္းေခ်ၿပီ။ယြင္းရန္က သူ၏ ပလႅင္ထက္တြင္ဝတ္႐ုံကို ခါလိုက္ၿပီး ခန႔္ညားထည္ဝါစြာထိုင္လိုက္သည္။

"ခ်င္းပိုင္.....ဘာကိစၥရွိလို႔လဲ။မနက္အေစာႀကီး ဒီဦးေလးကိုလာေတြ႕တယ္ဆိုေတာ့"

ခ်င္းပိုင္က ထပ္မံကာဂါရဝျပဳလိုက္သည္။

"ဦးရီေတာ္....ကၽြန္ေတာ္..ဦးရီေတာ္ကိုတင္ျပစရာရွိလို႔ပါ...."

ယြင္းရန္က တည္ၿငိမ္စြာပင္

"အင္း...ေျပာစရာရွိတာေျပာ..."

ခ်င္းပိုင္က အခန္းတြင္းရွိအေစခံမ်ားအားလုံးကိုအျပင္သို႔ထြက္ရန္ အခ်က္ျပလိုက္သည္။

"ဦးရီေတာ္...ဟိုေလ...ကၽြန္ေတာ္အမတ္တစ္ေယာက္ရဲ့ သမီးကို သေဘာက်ေနမိလို႔
အဲ့တာ......"

ယြင္းရန္က သူ၏ဆိုလိုရင္းကိုၾကားေတာ့
က်ယ္ေလာင္စြာေအာ္ရီလိုက္သည္။ၿပီးေနာက္ ပလႅင္ထက္မွ ထလိုက္ၿပီးခ်င္းပိုင္ အနားသို႔ေရာက္လာလိုက္သည္။ခ်င္းပိုင္၏ ပုခုံးအား အသာပုတ္လိုက္ၿပီး

"အဲ့တာေၾကာင့္ မင္းက အခုတေလာအနယ္နယ္အရပ္ရပ္က ဆက္သတဲ့မိန္းမပ်ိဳေတြကို
ျငင္းလႊတ္ေနတာကိုး။

အဲ့တာေလာက္ထိေတာ့ ဦးရီေတာ္ကိုတိုင္ပင္စရာမလိုပါဘူး။မင္းက တိုင္းျပည္ကိုအုပ္စိုးတဲ့
ဘုရင္တစ္ပါးပဲေလ။ တေလာကလုံးက မိန္းမေတြဟာမင္းအပိုင္ပဲ သူတို႔ကိုမင္းစိတ္သေဘာက်သလို လုပ္လို႔ရတယ္..... ဟုတ္ၿပီလား...."

ခ်င္းပိုင္ကေပ်ာ္သြားသည့္ပုံပင္။

"ဟုတ္ကဲ့ပါ ဦးရီေတာ္...ခ်င္းပိုင္နားလည္ပါၿပီ..."

ယြင္းရန္က ခ်င္းပိုင္၏ ဖခင္ယခင္ဘုရင္​ေဟာင္းအားတခါအသက္ေဘးမွ အမွတ္မထင္ကယ္တင္ဖူးသည္။ ဤသည္က လြန္ခဲ့ေသာဆယ္ႏွစ္ခန႔္ေလာက္ကပင္။

ထို ဘုရင္က ယြင္းရန္ကို ေက်းဇူးဆပ္ရန္စိတ္ဆႏၵအလြန္ျပင္းျပခဲ့သည္။ယြင္းရန္လည္း သြားစရာမရွိသည္ႏွင့္ႏွစ္အနည္းငယ္ေလာက္ ေနၾကည့္ရန္ဆုံးျဖတ္ လိုက္ၿပီး နန္းေတာ္သိူ႔လိုက္လာခဲ့သည္။ထိုဘုရင္တြင္ သားေတာ္ဟူ၍ခ်င္းပိုင္တစ္ဦးသာရွိသည္။ ရွိသည့္သားေတာ္ကလည္း အရာရာေၾကာက္တက္သည့္ပုံစံ။မဝံ့မရဲျဖင့္ တုန္လွုပ္ေနတက္ေသာေၾကာင့္ယြင္းရန္ကပင္ ဦးေဆာင္ေပးေနရသည္။

ထိုအရာမ်ားကို သူလုံးဝစိတ္မဝင္စားေခ်။သည္အတိုင္း သူ၏ အစာအရင္းအျမစ္အားေစာင့္ဆိုင္းရင္းသာ အေပ်ာ္တမ္းလုပ္ေနျခင္းပင္။မိစၧာ တိုင္းျပည္သည္လည္းမင္းမဲ့ တိုင္းျပည္ျဖစ္ေနသည္မွာအေတာ္ၾကာေနၿပီျဖစ္သည္။
ထိုအခ်က္ေၾကာင့္ႏွင့္ပင္ ေကာင္းကင္တိုင္းျပည္ကယြင္းရန္၏ မိစၧာ တိုင္းျပည္အားလာေရာက္ထိပါးျခင္းမရွိေပ။ အဓိကသည္က ယခု မိစၧာတိုင္းျပည္သည္ ေကာင္းကင္ဘုံ၏လက္ေအာက္တြင္ ေရာက္ရွိေနျခင္းျဖစ္သည္။ သို႔ေသာ္လည္း ေကာင္းကင္ဘုံက ဤအေၾကာင္းအရာကို အသိအလင္းေၾကညာျခင္းမရွိခဲ့ပဲ သုံးေလာကကိုဖုံးကြယ္ထားခဲ့သည္။

ယြင္းရန္ စြမ္းအားအလုံအေလာက္မရွိပဲမိစၧာ တိုင္းျပည္အား ျပန္လည္အုပ္စိုးပါကအေျခအေနက ဖရိုဖရဲျဖစ္လာနိုင္သည္။ထို႔ေၾကာင့္ အမွန္တိုင္းဆိုရလ်င္သူသည္ ေသမ်ိဳးတို႔ေနရာတြင္ ခတၱခဏ ပုန္းခိုေနျခင္းက သူ႔အတြက္အဆင္ေျပသည့္နည္းလမ္းတစ္ခုပင္။

ခ်င္းပိုင္အေနျဖင့္ ဤသို႔ဖြင့္ဟလာျခင္းမွထူးဆန္းသည္ဟုဆိုရမည္။ထိုေကာင္ေလးသည္ အသက္ႏွစ္ဆယ္သာ ျပည့္လာၿပီျဖစ္ေသာ္လည္းကေလးစိတ္ကသိပ္ကုန္ခ်င္သည္မဟုတ္ေပ။နန္းတက္ခဲ့သည္မွာ ႏွစ္ႏွစ္ပင္ျပည့္ေခ်ေတာ့မည္။မယ္မယ္ရရလုပ္တက္သည္ကိုမရွိ။ေနာက္ကြယ္မွ သူကထိန္းကိုင္ေပးေနရသည္။

တစ္ႏွစ္ခန႔္သာ လိုေတာ့သည္။မိမိလြတ္ေျမာက္ရန္အတြက္ တစ္ႏွစ္ေလာက္သာသည္းခံနိုင္မည္ဆိုလ်င္အားလုံးအဆင္ေျပသြားေတာ့မည္။ယြင္းရန္တြင္ တမ္းတစရာ ေနာက္ဆံတင္းစရာဟူ၍တေယာက္မၽွမရွိခဲ့ေခ်။

အတိတ္ကမူ ယုံၾကည္ရာဟူ၍ရွိခဲ့ေသးသည္။ ထိုယုံၾကည္ရာကပင္သူ၏ ႏွလုံးသားႏွင့္ ဘဝအားရက္ရက္စက္စက္ ဖ်က္စီးပစ္ခဲ့သည္။ခ်င္းပိုင္က ယြင္းရန္အားႏွုတ္ဆက္ၿပီးေနာက္ ထြက္သြားေတာ့သည္။မ်က္ႏွာထက္အျပဳံးတို႔ကေပ်ာ္ရႊင္ေနသည္ကို ပုံေဖာ္ျပလ်က္ရွိသည္။

"တိဟြ......."

ယြင္းရန္က အသာေခၚလိုက္သည္။ခ်က္ခ်င္းပင္ အမဲေရာင္အခိုးေငြ႕တို႔ကသူေဘးနားတြင္ ရစ္သိုင္းလ်က္ လူပုံစံ ပုံရိပ္တစ္ခုေပၚလာသည္။

တခဏၾကာေတာ့ေကာင္ေလးတေယာက္အသြင္ျဖင့္။ထိုေကာင္ေလးက ယြင္းရန္ကိုအရိုအေသေပးလိုက္သည္။

"အရွင့္အမိန႔္အတိုင္း ေဆာင္ရြက္ရန္အသင့္ပါ..."

ယြင္းရန္က ထိုေကာင္ေလးဘက္လွည့္လိုက္ၿပီး

"အမတ္ႀကီးက်ဳူ ကို ေန႔လည္က်ရင္ငါ့ဆီကို လာခဲ့ဖို႔ေျပာလိုက္ပါ။."

"ဟုတ္ကဲ့ပါ...အရွင္...."

ထိုေကာင္ေလးက ဂါရဝျပဳၿပီးအခိုးေငြ႕အေနျဖင့္ ေပ်ာက္ကြယ္သြားေတာ့သည္။

ယခင္မိစၧာဘုရင္ဘဝထဲကပင္သူ၏ အားထားရသူအျဖစ္ရွိေနခဲ့သူျဖစ္သည္၊။အရာရာကို အလ်င္အျမန္သေဘာေပါက္လြယ္ၿပီး ယြင္းရန္မွ လြဲ၍ အျခားသူကိုဂ႐ုပင္မစိုက္တက္ေခ်။ယြင္းရန္သာ သူ၏ ကိုးကြယ္ရာအျဖစ္သတ္မွတ္ကာထားသည္။

ယြင္းရန္က ခန္းမအတြင္းမည္သူမၽွ မရွိေတာ့သည့္အခ်ိန္မွသူ၏ အိပ္ေဆာင္အတြင္းသို႔ တလွမ္းခ်င္းဝင္ေရာက္လာလိုက္သည္။ေျခလွမ္းတိုင္း၏ေနာက္တြင္ ဝတ္႐ုံရွည္အစ၏ေအာက္ေျခႏွင့္ ၾကမ္းျပင္တို႔၏ ပြတ္တိုက္မွုက ခပ္သဲ့သဲ့ထြက္ေပၚေနသည္။

အခန္းတြင္းအိပ္ယာထပ္၌ အဝတ္အစားတို႔ လဲႏွင့္ၿပီးေသာကုတင္ထက္တြင္ ေမ့ေျမာေနဆဲ ခ်ီယြမ္ကိုသူေတြ႕ျမင္ရသည္။အေပၚေအာက္ အျဖဴေရာင္ ပိတ္စျဖင့္ဖုံးလႊမ္းထားသည့္အတြက္ႏွင္းတမၽွျဖဴေဖြးသည့္ အသားအရည္ကအဝတ္ေအာက္တြင္ ျမဳပ္ေနလ်က္ရွိသည္။ယြင္းရန္ အေပါက္ဝမွ ၾကည့္ေနလ်က္ပင္လက္က မသိလိုက္မသိဘာသာလွမ္းလိုက္မိသည္။

သူ၏မ်က္ဝန္းထဲတြင္မ်က္ႏွာတူေသာ္လည္အျခားပုံစံႏွင့္သူတစ္ေယာက္။တဖားဖားက်ေနေသာ အျဖဴေရာင္ဝတ္႐ုံႀကီးႏွင့္ ထိုေကာင္ေလး၏ ဆံႏြယ္တစ္ခုလုံးသည္လည္း ျဖဴေဖြးကာေနသည္။လင္းလက္ကာ တလက္လက္သဖြယ္ထေနေသာႏွင္းပြင့္အေသးစားေလးတစ္ခ်ပ္သည္ထိုေကာင္ေလး၏ မ်က္ခုံးႏွစ္ခုၾကားအလည္တည့္တည္ေနရာတြင္ ေနရာယူလ်က္ရွိသည္။

ယြင္းရန္ မ်က္ေတာင္အျမန္ခပ္လိုက္ၿပီးထိုျမင္ကြင္းကို ဖယ္ရွားလိုက္သည္။ထိုအခါမွ ပုံမွန္အတိုင္း လဲေလ်ာင္းေနေသာအနက္ေရာင္ဆံႏြယ္တို႔ႏွင့္ ခ်ီယြမ္အားျပန္ေတြ႕ရေလ၏။ယြင္းရန္က ခ်ီယြမ္တို႔ အနားသို႔ေလ်ာက္လာလိုက္ၿပီးေဘးတြင္ အိပ္ယာအား ျပင္ဆင္ေနေသာအပ်ိဳေတာ္မ်ားကို အျပင္ထြက္ရန္အခ်က္ျပလိုက္သည္။

ထိုမိန္းကေလးမ်ားက ယြင္းရန္အားဂါရဝျပဳကာ အျပင္သို႔ထြက္သြားၾကေတာ့သည္။ယြင္းရန္က ကုတင္ အစြန္းဘက္တြင္ထိုင္လိုက္ၿပီး ခ်ီယြမ္၏
အကၤ်ီအား ပုခုံးေပၚေစရန္ဆြဲခၽြတ္လိုက္သည္။

ပုခုံးမွ ႏွင္းပြင့္ခ်ပ္သ႑ာန္ရွိေသာအရာအားသူ၏လက္ျဖင့္ အသာထိကိုင္လိုက္သည္။ ထိုအမွတ္အသားက နီရဲေနသည္ကိုမွ ထပ္မံကာ ကိုက္ရာေၾကာင့္ နီရဲေနေသးသည္။ယြင္းရန္ကက်န္လက္တဖက္ကိုမူ သူ၏ ဘယ္ဘက္ရင္အုံကိုဖိကပ္ထားလိုက္ၿပီး

"မၾကာခင္...ငါ့အပိုင္ျဖစ္လာမွာပါ။ၿပီးတာနဲ႔..မင္းကို ရွန္းဝူပိုင္ ရဲ့ေရွ႕မွာရက္ရက္စက္စက္ တစစီလုပ္ၿပီး သတ္ပစ္မယ္။

သူေတာ့ အရမ္းခံစားရခက္ေနမွပဲ...ဟားဟား....ဟားဟား။"

ယြင္းရန္၏ ႀကိမ္းဝါးသံကအလြန္ပင္ ေၾကယက္လန္႔ဖြယ္ရာေကာင္းလွသည္။ သူ၏မ်က္ဝန္းႏွစ္ဖက္က နီရဲကာေနၿပီး မေကာင္းဆိုးဝါးတစ္ေကာင္၏ ပုံစံႏွင့္​ဆင္တူေနသည္။

ယြင္းရန္က ထိုအမွတ္အားခပ္ျပင္းျပင္း ဖိလိုက္ေတာ့ ခ်ီယြမ္ကမ်က္လုံးတို႔မွိတ္ထားရင္း ၾကားကပင္နာက်င္မွုေၾကာင့္ မ်က္ေမွာင္ၾကဳတ္ရင္း ထိုလက္အားဖယ္ရွားရန္ သူ၏ခႏၲာကိုယ္ကို ႐ုန္းေနသည္။ ထိုအခါမွယြင္းရန္က ျပန္လႊတ္ေပးလိုက္ၿပီး ထကာ အျပင္ဘက္သို႔ ျပန္ထြက္သြားေတာ့သည္။

...............................

"မင္း အဲ့တာေတြ အခုထိလုပ္ေနတုန္းပဲလား။"

ယြင္းရန္၏ စကားေၾကာင့္အမတ္ႀကီးက်ဴးမွာ ခ်က္ခ်င္းပင္ဒူးေထာက္ကာ ခယ၍ေတာင္းပန္ေလသည္။

"ကၽြန္...ကၽြန္ေတာ္...မ်ိဳးကို...ခြင့္..ခြင့္လႊတ္ေတာ္မူပါ။မတတ္သာလို႔ပါ...တကယ္မတတ္သာလို႔လုပ္ရတာပါ။"

"ေနာက္တစ္ခါမင္းသူမကိုသြားပို႔စရာမလိုေတာ့ဘူး။သူ႔ဘာသာရွာစားလိမ့္မယ္။ ေယာက္်ားေသြးမွမဟုတ္ဘူး။တိရစၧာန္ ေသြးလည္း သူေသာက္လို႔ရတယ္။သူ႔ဘာသာ ဖန္တီးယူလိမ့္မယ္။"

"အဲ့ေန႔က လူဆယ္ေယာက္ေရာ။အကုန္ေသြးစုပ္လိုက္ၿပီလား။."

အမတ္ႀကီးက ခ်ီတုံခ်တုံျဖင့္ေျဖလာသည္။

"တ...တ..ေယာက္ေတာ့က်န္ပါတယ္။သူက ဝလို႔ဆိုၿပီး သခင္မကလက္မခံတာပါ။"

ယြင္းရန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ဘယ္မွာလဲ။အဲ့ဒီတေယာက္က..."

"သူ႔ကို...ေတာ...ေတာအုပ္ထဲမွာပဲ...ပစ္ခဲ့ပါတယ္။သခင္မက တျခားသူေတြရဲ့ေသြးကိုစုတ္ေနတဲ့အခ်ိန္မွာ သူကအဲ့ပုံစံေတြကိုျမင္ၿပီးေၾကာက္လန႔္သြားပုံရတယ္။

အဲ့ဒီေနာက္ပိုင္း မူမမွန္ေတာ့တာနဲ႔ေတာထဲမွာပဲ ပစ္ထားခဲ့လိုက္တယ္...အဲ့တာ....."

"လူယုတ္မာ!!!!"

*ခြပ္*

ပဲ့တင္သံတစ္ခုႏွင့္အတူအမတ္ႀကီး၏ မ်က္ႏွာသည္ ျပင္းထန္သည့္ လက္သီးခ်င္တစ္ခ်က္ကိုခံလိုက္ရသည္။အမတ္ႀကီးမွာ ေဘးသို႔ပင္လြင့္ကာသြားသည္။ေသြးအနည္းငယ္ထြက္သြားသည့္အတြက္သူ၏ ပါးျပင္ကိုကိုင္ကာထိုလက္ပိုင္ရွင္အား ၾကည့္လိုက္သည္။

အျဖဴေရာင္ အကၤ်ီက ယြင္းရန္ထားခဲ့သည့္အတိုင္းပင္။ ႀကိဳးမခ်ည္ထားပဲေျပက်ေနသျဖင့္ ရင္ဘတ္ကအတိုင္းသား။ဤသည္က ခ်ီယြမ္ပင္။ဘယ္အခ်ိန္က သတိရလာမွန္သည္ကိုပင္ယြင္းရန္သတိမထားမိလိုက္သည္မွာအမွန္။ယြင္းရန္ကျပဳံးလ်က္ေဘးရွိဖဲသားေခါင္းအုံးႀကီးကို ေမးေထာက္ကာဆက္ၾကည့္ေနလိုက္သည္။
ခ်ီယြမ္က အမတ္ႀကီး၏ အကၤ်ီစမွအတင္းဆြဲကိုင္ပစ္လိုက္ၿပီး

"ဘယ္မွာလဲ ေရွာင္က်ဴး။ မေျပာရင္ က်ဳပ္အခုခ်က္ခ်င္း ခင္ဗ်ားကို က်ဳပ္သတ္မယ္။"

အမတ္ႀကီးက စကားတစ္ခြန္းမၽွမဟေခ်။
သူကေၾကာက္လန္႔ေနသည့္ပုံစံျဖင့္ပင္ ယြင္းရန္အား အကူအညီေတာင္းသည့္ႏွယ္လွမ္းၾကည့္သည္။ အေတာ္ၾကာမွ ယြင္းရန္က လက္ခုပ္တီးကာပလႅင္ေပၚမွ ဆင္းလာသည္။

"မင္း ေရွာင္က်ဴးကိုျပန္လိုခ်င္ရင္ငါနဲ႔ သေဘာတူညီမွုတစ္ခုေလာက္လုပ္ရေအာင္။"

ခ်ီယြမ္က ယြင္းရန္ကိုျမင္ေတာ့အမတ္ႀကီးအား လႊတ္ခ်လိုက္သည္။ ၿပီးေနာက္ စိတ္မဝင္စားသည့္ပုံစံျဖင့္

"ေအာ္...ေနာက္မွေရာက္လာတဲ့ေသာက္အဖိုးႀကီးကိုး။ခင္ဗ်ားကလူမဟုတ္ဘူးမလား။အဲ့တုန္းက ဝတ္စုံနဲ႔ဝတ္ထားတဲ့ဝတ္စုံကိုျမင္ကတည္းကသိလိုက္တယ္။ ဟို ရြံစရာမိစၧာမလိုပဲ"

ယြင္းရန္က ခ်ီယြမ္၏ လည္ပင္းအားသူ၏ လက္တစ္ဖက္တည္းျဖင့္ ဆြဲယူကာညစ္လိုက္သည္။

"ငါ့ကို အဖိုးႀကီးလို႔မေခၚနဲ႔.။မင္း ေရွာင္က်ဴးကို ငါခ်က္ခ်င္းသတ္ပစ္လိုက္လို႔ရတယ္။ သိတယ္မလား။ ငါကမင္းေျပာသလို မိစၧာေလ။"

ခ်ီယြမ္၏ ေျခေထာက္မ်ားကျမင္ျပင္ႏွင့္ပင္အနည္းငယ္ဟေန၏။ခ်ီယြမ္ကအသက္ရွုရခက္ေနၿပီျဖစ္ေသာေၾကာင့္ ယြင္းရန္၏ လည္ပင္းအားဆုပ္ကိုင္ထားေသာလက္ကို အတင္းဆြဲခြာေနသည္။

"အ့...အ့...."

ယြင္းရန္က ခ်ီယြမ္အားျပန္လႊတ္ေပးလိုက္သည္။
ခ်ီယြမ္က ယြင္းရန္၏လက္လႊတ္လိုက္သည္ႏွင့္တၿပိဳင္နက္ ေအာက္သို႔ေခြေခြေလးက်သြားသည္။ လည္ပင္းကို လက္ျဖင့္အသာပြတ္ကာလဲက်​ေနရာမွခ်က္ခ်င္း ျပန္ထလိုက္ၿပီး

"အဟြတ္...အဟြတ္...."

ယြင္းရန္က ခ်ီယြမ္အားၾကည့္ရင္း

"လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာအတြင္းငါ့ကိုဘယ္သူမွ အဲ့ဒီလို မေခၚဖူးဘူး။ ေခၚလည္း မေခၚရဲ ၾကဘူး မင္းကမ်ားသတၱိေတြေကာင္းေနတယ္ေပါ့။

ထားလိုက္ပါ။ငါတို႔သေဘာတူညီမွုအေၾကာင္းကို
ေျပာၾကတာေပါ့....မင္း...."

ယြင္းရန္က ခ်ီယြမ္အားလက္ညိဳးထိုးလိုက္သည္။
ခ်ီယြမ္ကလည္း မိမိကိုယ္ကိုလက္ညိဳးျပန္ထိုးလိုက္ရင္း

"ငါ.....ငါလား.....ဘာျဖစ္လဲ။"

"မင္း...ငါ့အနားမွာ တစ္ႏွစ္ေနေပးရမယ္။
အဲ့တာဆိုရင္...ငါ..ေရွာင္က်ဴးကို ျပန္ေပးမယ္။."

ယြင္းရန္ကအတည္ေပါက္သေဘာျဖင့္ေျပာလိုက္သည္။ခ်ီယြမ္က သူ႔အား ေသခ်ာၾကည့္ေနရာမွ

"ခြီး......ရီရတယ္...အဖိုးႀကီး။ခင္ဗ်ား..လင္လိုခ်င္လို႔လား။ဘာလဲ...အသက္ႀကီးလာေတာ့ဇာတ္တူသားစားခ်င္လာတာလား။ ဇာတ္တူသားေတာင္ က်ဳပ္လို ႏုႏုနယ္နယ္ေလးကို မွန္းတာေနာ္။ အားနာေပမဲ့ ကၽြန္ေတာ္က အဖိုးႀကီးေတြကို
မႀကိဳက္ဘူး။ၿပီးေတာ့  ဘယ္ေလာက္ငတ္ေနပါေစ ခႏၲာကိုယ္နဲ႔ရင္းရတဲ့အလုပ္ေတာ့မလုပ္ဘူးဗ်။ကိုယ့္ဘာသာပဲအျပင္ထြက္ၿပီး ေရွာင္က်ဳးကိုရွာမယ္။

ဒါဘယ္ေနရာလဲ။ ခန္းနားပုံအရနန္းေတာ္ႀကီးထင္တာပဲ။အမ္......ဘာပဲျဖစ္ျဖစ္ ဒီေနရာကိုထပ္အေျခခ်ေတာ့မွာမွ မဟုတ္တာ။ သြားၿပီ....."

ခ်ီယြမ္က လက္ကာျပလိုက္ၿပီးခပ္တည္တည္ပင္ အျပင္ဘက္သို႔ထြက္လာခဲ့လိုက္သည္။ယြင္းရန္က သူ႔ကိုစိုက္ၾကည့္ေနသည္။႐ုတ္တရက္ ယြင္းရန္ေဘးတြင္ တိဟြကေပၚလာသည္။သူက ခ်ီယြမ္ကို လွမ္းၾကည့္ေနရင္း

"လုံးဝတျခားတစ္ေယာက္လိုျဖစ္သြားတာပဲ။န်ဴးက အရမ္းႏူးညံတဲ့ သူတစ္ေယာက္"

တိဟြက မိမိဘာသာေရရြတ္ေနရင္းမွယြင္းရန္ကို ေမးလိုက္သည္။

"အရွင္...သူဆိုတာေရာေသခ်ာလို႔လား။သူကလုံးဝအရိုင္းတုန္းေနာ္။ မ်က္ႏွာတူတာနဲ႔ပဲ န်ဴးလို႔သတ္မွတ္လို႔မရဘူးေလ။"

ယြင္းရန္က ခ်ီယြမ္အားလွမ္းၾကည့္ေနရင္း

"ရနံ့က လိမ္လို႔မရဘူး။ ၿပီးေတာ့ ေကာင္းကင္ဘုံရဲ့ ကံၾကမၼာေက်ာက္ျပားမွာ န်ဴးက ႏွစ္ဘဝတိုင္တိုင္ ငါ့နဲ႔ပတ္သတ္ရလိမ့္မယ္လို႔ ေရးထားခဲ့တယ္။ အဲ့ေတာ့ဘာမ်ားကြာျခားမွာမို႔လို႔လဲ။ တစ္ေယာက္က ႏူးညံသလိုနဲ႔ ရက္စက္တယ္။တစ္ေယာက္က ၾကမ္းတမ္းၿပီး ရက္စက္တယ္။သူတို႔ကတစ္ေယာက္တည္းပဲ...."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တို႔ရဲ့ မိစၧာဘုရင္ႀကီး အေတာ္ေလး နင္ သြားရွာမာပဲ

🙃🙃🙃🙃🙃
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі