Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 2
ယွင်းရန်က ချီယွမ်အား
ပစ်ချလိုက်ပြီးနောက် အပြင်ဘက်သို့
ထွက်လာလိုက်သည်။
သူ၏ဘေးပတ်လည်တွင် ရှုပ်ထွေးနေဆဲ
အခိုးအငွေ့တို့က မကွယ်ပျောက်သေးပေ။

ယွင်းရန်က ဘုံကျောင်းပျက်၏
တံခါးပေါက်နားရောက်တော့ လဲကျနေသော
ချီယွမ်တို့ဘက်အား
အသာစောင်းငဲ့ကာကြည့်လာသည်။

ရဲရဲနီနေသော မျက်ဝန်းတို့သည်က
ယခုချိန်ထိ မှေးမှိန်သွားခြင်းမရှိသေးပေ။
နှုတ်ခမ်းအစွန်းထောင့်နားတွင်
ပေကျံနေသော ချီယွမ်၏သွေးစလေးများအား
လက်ဖြင့် သုတ်ချလိုက်ပြီး

ချီယွမ်၏မိဘနှစ်ပါးအား
စူးစိုက်ကြည့်လိုက်သည်။
နှုတ်ခမ်းအား အပေါ်သိူ့ကွေးညွတ်ရုံသာ
ပြုံးလိုက်ပြီး

"ဟမ့်...စာခြောက်ရုပ်တွေကိုများ
ဝိညာည်အတုထည့်ပေးလိုက်တာနဲ့
သူက အေးချမ်းတဲ့မိသားစုဘဝရပြီပေါ့
သူနဲ့တကယ်တန်တယ်ထင်လို့လား ရှန်းဝူပိုင်။
မင်းကရော ဒီလောက်နဲ့ မင်းလုပ်ထားသမျှပျောက်ကွယ်ပြီးလို့တွေးနေတာလား။

ဟားဟား... မင်းတကယ်ရီရတဲ့အကောင်ပဲ
သူ့ကိုငါ့လက်ကလွတ်စေချင်ရင်လည်း
မင်းဘာသာသေချာဖွက်ထားပေါ့ကွာ

ဒါပေမဲ့ အခုသူ့ကိုငါတွေ့သွားပြီဆိုတော့
ဘယ်တတ်နိုင်ပါတော့မလဲ မင်းတို့ယုတ်မာခဲ့တာတွေအတွက် ပြန်ပဲပေးဆပ်ဖို့ပြင်ထားတော့ပေါ့"

ယွင်းရန်က ကောင်းကင်ကို
အသာမော့ကြည့်လျက် ပြောဆိုနေသည်။
ပတ်ဝန်းကျင်တစ်ခွင်သည်
ရေခဲတောင် သဖွယ် အေးစိမ့်ကာနေလေ၏။
တခဏအကြာတွင်မှ ယွင်းရန်က
ချီယွမ်အား ကြည့်ကာ
မဲ့ပြုံးပြုံးလျက် ထွက်ခွာသွားတော့သည်။

ချီယွမ်၏ ဘေးတွင် လဲကျသေဆုံးနေသော
သူ၏မိဘနှစ်ပါးသည်လည်း
ယွင်းရန်ထွက်သွားပြီးချက်ချင်းဆိုသလိုပင်
ကောက်ရိုးခြောက်များဖြင့်
လုပ်ထားသော စာခြောက်ရုပ်အသွင်သိူ့
ပြောင်းလဲသွားကြတော့သည်။

ချီယွမ်ကမူ လဲကျနေသော
မူလနေရာလေးတွင်သာ ငြိမ်သက်လျက်။

.....................................

၁၂နှစ်ခန့်ကြာပြီးနောက်

"နတ်ကောင်းကိုရွေးမလား..
.နတ်ဆိုးကိုရွေးမလား...မိစၦာ တွေကိုပဲရွေးမလား
လမ်းပျောက်နေတာမျိုးရှိလာရင်တော့
ဟောဒီက ဆရာကြီးက ပြောပြပေးသွားမယ်"

ကျူးယွီမြို့တော်ကြီးသည်
ဧကရာဇ်နန်းတော်တည်ရှိရာမြို့တော်ဖြစ်သည့်အလျောက် အတော်ပင်စည်ကားလှသည်။

လူချမ်းသာများ ဂုဏ်သရေရှိလူကြီးမင်း များ
ဆင်းရဲသားလူတန်းစားများသာမက
အစေခံများပါ နေထိုင်သော
မြို့တော်တစ်ခုလည်းဖြစ်သေးသည်။

စည်ပင်လှသော ဈေးတန်းကြီးသည်
နှစ်မိုင်နီးပါးရှည်လျားလေ၏။

လူတန်းစားအမျိုးမျိုး တနေ့တာအတွက်
လုပ်ကိုင်စားသောက်ရန် အလုပ်ရှာရန် အဆင်ပြေသော ဈေးတစ်ခုဆိုလျင်လည်းမမှားပေ။

လမ်းမကြီး၏ ထောင့်တစ်နေရာတွင်
ဘေဒင်ဟောနေသော ကောင်လေးတယောက်။
သူ၏ဘေးတွင် 'ယနေ့အတွက်အထူးဘေဒင်'
ဟူသော ဆိုင်းဘုတ်အား
ဖက်ကာအိပ်နေသော ကောင်လေးတယောက်လည်းရှိသည်။

"ဟေ့ကောင် ဟေ့ကောင် ထတော့
ဖောက်သည်လာပြီ...."

ကလောင်ကိုကိုင်ရင်း အိပ်ပျော်နေသော
ထိုလူအား နှိုးကာနေသည်။
အိပ်ပျော်နေသောထိုသူမှာ
နိုးထလာပြီး မတ်တပ်ကောက်ရပ်လိုက်သည်။

"တိုးတက်ဖို့ပဲရှိမယ် ယုံလိုက် ယုံလိုက်..."

"ဟားဟား ဟားဟား....... "

ယောင်ယမ်းက ပြောလိုက်သော
စကားကြောင့် ကလောင်ကိုင်ထားသော
ကောင်လေးမှာ အာပြဲကြီးဖြင့်ရီလေတော့သည်။

ထိုအခါမှ အိပ်နေရာမှနိုးလာသော
ကောင်လေးက ခေါင်းကိုကုတ်လျက်

"ယွမ်လေး....မင်းငါ့ကိုစပြန်ပြီ....
ငါအိပ်နေတာကိုကွာ...."

"ငတုံးရှောင်ကျူး.....မင်းတချိန်လုံး
အိပ်လိုက်စားလိုက်ပဲ လုပ်မနေနဲ့ မင်းကိုမင်း
ပြန်ကြည့်အုန်း ဝတုတ်ဖြစ်နေပြီ....
နာမည်နဲ့လည်း ကွက်တိကိုဖြစ်လို့...... "

"ငါလျော့စားနေပါတယ်ကွာ....
ဒါနဲ့ဘယ်မှာတူန်း ဖောက်သည်က"

ချီယွမ်က အထုတ်များအား.သိမ်းလိုက်ပြီး

"ငါဘယ်လိုလုပ်သိမှာတုန်း
တယောက်မှလည်းမတွေ့ဘူး ပြန်ကြမယ်
မနက်ဖြန်အလုပ်ပြောင်းရအောင်"

"အေးကောင်းတယ်....ငါလည်း
ဒါကြီးကိုဆက်မလုပ်နိုင်တော့ဘူး တလွဲတွေ
ဟောနေတာ ဘယ် ချိန်အသတ်ခံရမယ်
ဆိုတာ မသိဘူးဖြစ်နေတယ်...."

"ဟားဟား..... မင်းကတကယ့်ငတုံးပေမဲ့
သူတို့က ပိုတုံးလို့ငါတိူ့ပြောတာယုံတာပေါ့ကွ"

"အေး...ဟုတ်သားနော်...."

ရှောင်ကျူးက ခေါင်းကုတ်နေပြန်သည်။

သူတို့နှစ်ဦး သည်
ငယ်ရွယ်စဉ်ကတည်းကပင် ပုခုံးဖက်ကာ
ပေါင်းသင်းလာကြသော
သူငယ်ချင်းများဖြစ်ကြသည်။

ညီအကိုများဟုခေါ်လျင်လည်း
ရနိုင်ပေလိမ့်မည်။

ရှောင်ကျူး၏အမေပြောပုံအရဆိုလျင်
ချီယွမ်အား ရှောင်ကျူး၏ဖခင် ခရီးသွားရာ
အပြန်လမ်းတွင် လဲနေသည်ကို
တွေ့ခဲ့ရသဖြင့် ခေါ်လာခဲ့့ခြင်းဖြစ်ကြောင်း။

ချီယွမ်အား တွေ့စဉ်ကအတော်ပင်
ဖျားနာနေခဲ့သည်။
တပတ်နီးပါး မေ့မြောနေရာမှ
နိုးထလာခဲ့ပြီးနောက်တွင် ချီယွမ်သည်
သူ၏အမည်မှလွဲ၍ကျန်သည့်အရာများကို
မမှတ်မိတော့ချေ။

ထို့ကြောင့်ရှောင်ကျူးတို့မိသားစုကပင်
မွေးစားခဲ့ရသည်။
ရှောင်ကျူးနှင့်ရွယ်တူဖြစ်သဖြင့်
သူတို့နှစ်ဦးအား ရင်းနှီးစွာညီအကိုသဖွယ်နေစေခဲ့သည်။ ရှောင်ကျုးတွင် ၃နှစ်ခန့်ငယ်သော
ညီမတယောက်လည်းရှိသည်။

ချ။ီယွမ်တို့ဆယ်နှစ်အရွယ်လောက်တွင်
ရှောင်ကျူး၏ ဖခင်သည်
ကုန်သည်ရင်း ဓားပြတသိူက်ဖြင့်တွေ့သောကြောင့်
သေဆုံးခဲ့ရသည်။
ဖခင်တစ်ဦး၏လုပ်စာဖြင့်အဆင်ပြေနေသော
သူတို့မိသားစုသည် ဖခင်သေဆုံးမှုကြောင့်
ကုန်းကောက်စရာမရှိလေါက်အောင်ပင်
ဖြစ်သွားခဲ့ရတော့သည်။

ချီယွမ်နှင့် ရှောင်ကျူးတို့ကို
ပညာဆက်သင်ရန်မတတ်နိုင်တော့သောကြောင့်
စာသင်ကြားခြင်းကို
ရပ်တန့်ပစ်လိုက်ရသည်။

ချီယွမ်သည် ရှောင်ကျူးထက်
ပို၍ဉာဏ်ကောင်းသဖြင့်
စာလည်းအလွန်တော်သည်။
ထို့ကြောင့်ပင် ရှောင်ကျူး၏မိခင်သည်
ချီယွမ်အား လုံးဝပင်သဘောမကျခြေ။

သေချာပြောရလျင် ချီယွမ်အား
သူမ၏ယောက်ျားစခေါ်လာကတည်းက
သဘောမခွေ့ခဲ့ခြင်းပင်။
သားဖြစ်သူထက်အရာရာတော်သည့်အပြင်
သားဖြစ်သူကပါ မနာလိုစိတ်မရှိစွာ
သူ၏ဘေးတွင် တချိန်လုံး
ပူးကပ်နေသောကြောင့် စိတ်ညစ်နေရသည်။

ရှောင်းဟွာသည်လည်း
ချီယွမ်အားအလွန်သဘောကျသည်။

ဈေးလမ်းမတလျောက်
ချီယွမ်နှင့် ရှောင်ကျုးတို့
လက်ကိုနောက်ပစ်ကာ လျောက်လှမ်းနေရင်း
ချီယွမ်က

"ငါဒီနေ့ပြန်မအိပ်တော့ဘူး အိမ်ကို..."

"ဘာလို့လည်း...မနေ့ကလည်း
မင်းပြန်မှမအိပ်တာ ရှောင်းဟွာတောင်
မင်းကိုလွမ်းနေပြီ...."

"ငါလုပ်စရာရှိသေးလို့ပါ....
မနက်ဖြန်စောစော ဇရပ်ပျက်ကိုလာခဲ့နော်
ငါသွားပြီ....."

ရှောင်ကျူးအား.ပုခုံးတချက်ပုတ်ကာ
အမြန်ပင်ပြေးသွားတော့သည်။
သူမလိုက်ချင်ခြင်းမဟုတ်။

သူ့အားအလိုမရှိသည့် မွေးစားအမေအား
စိတ်မကောင်းမဖြစ်စေလိုသောကြောင့်ပင်။
သူမ၏စိတ်ထဲတွင်သူသည်
သူမတို့၏မိသားစုကိုပျက်စီးစေခဲ့သော
သူတစ်ယောက်ကဲ့သိူ့တွေးထင်နေပုံရသည်။

သူအလိုရှိသည့် မိသားစုဘဝအား
တသက်တာလုံးမရနိုင်တော့သည်ကို
သူ၏ မွေးစားဖခင်သေဆုံးပြီးနောက်ပိုင်းတွင်
သိရှိခဲ့ရသည်။

မျက်စိအစုံပွင့်လာသည့်အချိန်မှစ၍
မြင်တွေ့ခဲ့ရသည် ထိုလူသည်သာသူ၏
ကိုးကွယ်ရာ ၊ ယုံကြည်အားထားရာဖြစ်ခဲ့သည်။
ဘာဆိုဘာမျှမသိတော့သည့်
ကလေးဘဝအတွက်သူ့တွင် အမှတ်တရ
တစ်ခုမျှမရှိပေ။

ထို့ကြောင့်သူစတင်ရောက်ရှိခဲ့သည့်
ထိုမိသားစုလေးတွင်သာ သူ၏
ကလေးဘဝမှတ်ဉာဏ်များ စုပုံလျက်ရှိသည်။

ကံတရားသည် ကံဆိုးသည့်သူကို
ပို၍ကံဆိုးစေချင်သည့်နှယ်။
ချီယွမ်ထိုမိသားစုတွင်ပင် ကြာကြာမဆံဝင်နိုင် ခဲ့ပေ။

မြို့တော်အပြင်ဘက်အလွန်တွင်ရှိသော
ဇရပ်ပျက်အတွင်းသို့
ချီယွမ်တွေးရင်းနှင့်ပင်ရောက်လာခဲ့လေပြီ။

ဒီနေ့ရသလောက်ငွေစအနည်းငယ်ကိုလည်း
ရှောင်ကျူးအား ပေးလိုက်လေပြီ။
မိမိကတော့ ဒီညဗိုက်ဟောင်းလောင်းဖြင့်
အိပ်ရပေတော့မည်။

ဇရပ်ပျက်၏ အပေါ်ဘက်အဆင့်
ထုတ်တန်းပေါ်သို့ ခုန်ကာတက်လိုက်ရင်း
ထိုတန်းပေါ်၌ပင် လက်တစ်ဖက်အား
ခေါ င်းခုလျက် လှဲလိုက်သည်။

"မနက်ဖြန် ဘာလုပ်ရင်ကောင်းမလည်း..."

တွေးတောရင်း အတွေးတို့နယ်မြေချဲ့ကာ
အိပ်ပျော်သွားတော့သည်။

........................................

"ယွမ်လေး....ယွမ်လေး....."

နှစ်နှစ်ခြိုက်ခြိုက်အိမ်မောကျနေသည်မှာ
ပါးစပ်မှသရေအချို့ပင် စီးကျနေသည်အထိ။

အောက်မှ သူ့အားမော့ကြည့်ကာ
လှမ်းအော်နေသော ရှောင်ကျူးအသံကြောင့်
လန့်နိုးကာ ထုတ်တန်းပေါ်မှ
ပြုတ်ကျမလိုပင် ဖြစ်သွားသည်။

ကိုယ်ကိုအမြန်ထိန်းလိုက်ပြီး
ထိုအပေါ်မှ ဆင်းလိုက်သည်။

ရှောင်ကျူးမှ ချီယွမ်အားကြည့်ပြီး

"ဒီနေ့အတွက် ဘာအစီအစဉ်ရှိလည်း...."

ချီယွမ်တချက်ပြုံးလိုက်ရင်း.......

"ဆေးရောင်းကြတာပေါ့......."

"အမ်...ဘာဆေးလည်း...."

"လာစမ်းပါ....."

ချီယွမ်က ရီလျက်ပင်
ရှောင်ကျူး၏ ပုခုံးအကျႌစအား ဆွဲကာ
ခေါ်သွားတော့သည်။

........................................

"မင်းရဲ့ အသားအရည်လေးတွေကလေ
နှင်းပွင့်လေးတွေလိုပဲ
ဖြူနုနေတာ ဒါပေမဲ့ မပြည့်စုံသေးဘူး

ဒါလေး စမ်းသုံးကြည့်..... "

ဆန်ပြုတ်ဆိုင်တစ်ဆိုင်တွင်
ချီယွမ်နှင့်ရှောင်ကျူးတို့နှစ်ဦး အမျိုးသမီးတယောက်အား ဆေးအချို့ရောင်းနေသည်။

အနှစ်ပုံသဏ္႑ာန်အား ကြွေခွက်ကလေးနှင့်
ထည့်ကာ သေချာဖုံးအုပ်ထားနိုင်ရန်
အဖုံးလေးပါ ပါဝင်နေသေးသည်။

အသက် ၄၀နီးပါးထိုအမျိုးသမီးသည်
လူကုံထံအသိုင်းအဝိုင်းမှဖြစ်သည်ဟူသော
အချက်က သူမ၏အဝတ်အစားများကို
ကြည့်ရုံနှင့်ပင် သိနိုင်သည်။

ချီယွမ်သည် ယောကျ်ားတစ်ဦးဖြစ်သော်လည်း
မည်မျှပင် ကြမ်းတမ်းစွာလုပ်ကိုင်နေရပါစေ
သူ့တွင် လှပသော အသားအရည်သည်
မိန်းကလေးများပင်ရှုံးရစေသည်။

အမြဲလိုလို ချယ်ရီရောင်သန်းနေသော
နှုတ်ခမ်းဖူးတို့သည်လည်း
မိန်းမလှလေးတစ်ဦးနှယ်။

ထိုအမျိုးသမီးက ချီယွမ်အား
မယုံသည့်အကြည့်ဖြင့်ကြည့်လာသည်။
ထိုအခါချီယွမ်က

"အမကမယုံတာလား...ဟာဗျာ...
ကျွန်တော်ဒီနေရာမှာ နာမည်တစ်လုံးနဲ့လုပ်စားနေတာ လူတိုင်းသိတယ်
ကျွန်တော်အမကိုမလိမ်ပါဘူး....

မယုံရင်လေ ကျွန်တော့ကိုသာကြည့်
အစက ကျွန်တော့အသားအရေဆိုတာ
မဲသဲပြီး ကြည့်ချင်စရာတောင်မရှိဘူး

ဒီဆေးကို ဝူရှန်းတောင်ပေါ်မှာကျွန်တော်တွေ့ခဲ့တာ
သစ်ဥသစ်ဖု ၅၆မျိုးနဲ့ပေါင်းစပ်ထားတာ
ဒါလိမ်းပြီးတော့ အခုကျွန်တော့ပုံစံကိုကြည့်...

ရော့ပါ....ကိုင်ကြည့်လိုက်စမ်းပါ...."

ချီယွမ်က သူ၏ လက်အား
ထိုမိန်းမကြီးထံသို့အတင်းထိုးပေးလိုက်သည်။

ထိုအမျိုးသမီးက ချီယွမ်အားကြည့်ရင်းပင်
ချီယွမ်ထိုးပေးလာသောလက်အား
အသာထိကြည့်လိုက်သည်။

"ဝါး....ချောမွေ့နေတာပဲ..."

ထိုအမျိုးသမီးက သေချာပွတ်သပ်ကြည့်နေသည်။
ချီယွမ်က ရီလျက်

"တွေ့လား....ကျွန်တော်ပြောပါတယ်..."

"တကယ်ပဲ ဒါသုံးရင် အဲ့လိုဖြစ်လာမှာလား"

"ဒါပေါ့ဗျာ....ကျွန်တော့ကိုမယုံရင်တောင်
ဒီဆေးကိုတော့ယုံလိုက်
သစ်ဥသစ်ဖုတွေကရတာလေ...."

"ကဲပါ..ကဲပါ...မင်းကိုယုံလိုက်မယ်
ဘယ်လောက်လည်း ဒီတစ်ဗူးကို....."

"၅စ..၅..စထဲ  ဈေးမများဘူး..."

"အွန်းပါ..အွန်းပါ...."

ထိုအမျိုးသမီးကြီးက ချီယွမ်အား
ငွေစဆယ်စပါသော အိတ်လေးကိုထုတ်ကာ
ပေးလိုက်သည်။

ချီယွမ်က ထိုငွေစအားယူကာ
အမြန်ပင် ထိုဆိုင်မှထွက်လာသည်။

အပြင်ရောက်ရောက်ချင်း
ရှောင်ကျူးက ချီယွမ်အနားသို့အမြန်ကပ်လာသည်။

"ဘယ်လိုလည်း...လိမ်လို့ရလား..."

ချီယွမ်က ငွေထုပ်အား
ရှောင်ကျူးကို ပစ်ပေးလိုက်ပြီး

"ဒါ့ပေါ့...ငါကဘယ်သူမလို့လည်း....
တမိုးအောက်တယောက်ဖွား...ဖုန်းချီယွမ် ပဲဟာ..

ဒီနေ့တို့ ဒေါ်လေးနဲ့ ရှောင်းဟွာလေးတို့အတွက်
လုံလောက်မှာပါ...မင်းပဲသွားပေးလိုက်တော့..."

"ဟေ့ကောင်...မရဘူး..ဒီနေ့တော့
မင်းလိုက်ခဲ့ရမယ်...."

"အာ...ငါ....သွားစရာ..."

ချီယွမ်က ခေါင်းကုတ်လျက်
ထိုစကားအား ရှောင်ရန်ကြိုးစားလိုက်သည်။

ရူတ်တရက် ဈေးလမ်း၏တဖက်တွင်
ချိတ်ဆွဲလိုက်သော စာကြောင့်
လူများ အုတ်အုတ်ကျက်ကျက် ဖြစ်လာကြသည်။

ရှောင်ကျူးက ချီယွမ်အား
ဆွဲကာ ထိုစာချိတ်ထားသောနေရာသို့
လူအုပ်ကြီးအားဖျက်ကာ ဝင်တိုး၍
ရှေ့တွင်ရပ်လိုက်သည်။

"ဟေ့ကောင်....ငါတို့ပွကိန်း...."

ချီယွမ်လည်း ရှောင်ကျူး၏စကားကြောင့်
စာအားဖတ်လိုက်သည်။

"အမတ်ကြီးကျူ၏ အိမ်တော်တွင်အသုံးပြုရန်
အလုပ်သမားခေါ်ယူကြောင်း တစ်လစာ
တဦးလျင် ငွေစ ၁၀၀.....

ဝါး....ရက်ရောလိုက်တာ....."

ရှောင်ကျူးက ချီယွမ်၏လက်အား
အတင်းဆွဲ၍

"လာလာမြန်မြန်သွားရအောင်....
ငါတို့ မြန်မြန်မသွားရင်သူများဦးသွားလိမ့်မယ်"

"ခဏနေပါအုန်းကွာ....ပုံမှန်ဆို
ဒီလောက်ငွေတွေအများကြီးပေးရင်
လူတွေ အလုအယက်
သွားကြမှာပဲ အခုကြည့်စမ်း တယောက်မှမလုှပ်ကြဘူး အဲ့တာဘာလို့လည်းသိလား

အဲ့ဒီအိမ်မှာရှိတဲ့ ငရဲမင်းထက်ကြောက်စရာကောင်းတဲ့အမတ်ကြီးရဲ့သား ကြောင့်ပဲ....

အဲ့ဒီကောင်က မိုက်ရိုင်းတုန်း
အစေခံတွေကို စိတ်ရှိရင်ရှိသလို ရိုက်တဲ့ကောင်
ငါတို့မသွားသင့်ဘူး...."

ချီယွမ်ကထိုစကားကိုပြောပြီး
ရှေ့သို့လျောက်လာလိုက်သည်။
ဆယ်လှမ်းလောက်လှမ်းလာသော်လည်း.သူ၏ဘေးတွင်ရှောင်ကျူးက ပါမလာပေ။

နောက်ပြန်လှည့်ကြည့်တော့မှ
လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်ကာ
ခေါင်းငုံလျက် မတ်တပ်ရပ်နေသော
ရှောင်ကျူးကိုတွေ့ရသည်။

ချီယွမ်တယောက် ရှောင်ကျူးအနားသို့
ပြန်လှည့်လာလိုက်ပြီး

"ရှောင်ကျူး...ဘာဖြစ်လို့လဲ...."

ထိုအခါမှရှောင်ကျူးက ခေါင်းမော့လျက်

"မနေ့က မင်းအိမ်မှာမရှိဘူး
ညဘက်ရောက်တော့ အကြွေးရှင်တွေ
ရောက်လာကြတယ် ငါတို့ဒီတစ်ခါမှ
အတိုးရောအရင်းပါမပေးနိုင်ရင် ရှောင်းဟွာကို
သိမ်းမယ်တဲ့...."

ရှောင်ကျူးက ပြောရင်းငိုတော့သည်။
ချီယွမ်ကရှောင်ကျူး၏ကျောပြင်အား
အသာပုတ်ပေးလိုက်ရင်း

"အဲ့တော့မင်း ဒီအလုပ်ကိုလုပ်ပြီး
အကြွေးဆပ်မယ်လို့စိတ်ကူးတယ်ပေါ့..."

"အင်း...ငါတို့နှစ်ယောက်ဆို ၂၀၀ရမှာ
ဒါဆိုငါတို့ကို သူတို့သုံးလလောက်တော့
လာနှောက်ယှက်မှာမဟုတ်တော့ဘူး......"

"ကောင်းပြီ...ကောင်းပြီ....
မင်းအတွေးကဒီလိုဆိုရင် ငါတို့သွားကြမယ်"

ရှောင်ကျူးက မျက်ရည်များကြားမှ
ချီယွမ်အား ရီပြလိုက်သည်။

"ဟီး....."

"မင်းကတော့ကွာ....တိတ်စမ်း.....
မိန်းမကြီးကျလို့ ငိုနေတာများ..."

ချီယွမ်က လက်ကိုနောက်ပစ်လျက်ပင်
ရှောင်ကျူးရှေ့မှလှည့်ထွက်လာတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါလေးက အတော်အကြောရှည်မယ်လို့
ထင်မိပါတယ်.....

😁😁😁😁😁😁
အပိုင်းများလောက်မယ်...
အစပိုင်းမို့ နားမလည်တာများရှိရင်
စောင့်ကြပါအုန်းလို့....

ယြင္းရန္က ခ်ီယြမ္အား
ပစ္ခ်လိုက္ၿပီးေနာက္ အျပင္ဘက္သို႔
ထြက္လာလိုက္သည္။
သူ၏ေဘးပတ္လည္တြင္ ရွုပ္ေထြးေနဆဲ
အခိုးအေငြ႕တို႔က မကြယ္ေပ်ာက္ေသးေပ။

ယြင္းရန္က ဘုံေက်ာင္းပ်က္၏
တံခါးေပါက္နားေရာက္ေတာ့ လဲက်ေနေသာ
ခ်ီယြမ္တို႔ဘက္အား
အသာေစာင္းငဲ့ကာၾကည့္လာသည္။

ရဲရဲနီေနေသာ မ်က္ဝန္းတို႔သည္က
ယခုခ်ိန္ထိ ေမွးမွိန္သြားျခင္းမရွိေသးေပ။
ႏွုတ္ခမ္းအစြန္းေထာင့္နားတြင္
ေပက်ံေနေသာ ခ်ီယြမ္၏ေသြးစေလးမ်ားအား
လက္ျဖင့္ သုတ္ခ်လိုက္ၿပီး

ခ်ီယြမ္၏မိဘႏွစ္ပါးအား
စူးစိုက္ၾကည့္လိုက္သည္။
ႏွုတ္ခမ္းအား အေပၚသိူ႔ေကြးညြတ္႐ုံသာ
ျပဳံးလိုက္ၿပီး

"ဟမ့္...စာေျခာက္႐ုပ္ေတြကိုမ်ား
ဝိညာည္အတုထည့္ေပးလိုက္တာနဲ႔
သူက ေအးခ်မ္းတဲ့မိသားစုဘဝရၿပီေပါ့
သူနဲ႔တကယ္တန္တယ္ထင္လို႔လား ရွန္းဝူပိုင္။
မင္းကေရာ ဒီေလာက္နဲ႔ မင္းလုပ္ထားသမၽွေပ်ာက္ကြယ္ၿပီးလို႔ေတြးေနတာလား။

ဟားဟား... မင္းတကယ္ရီရတဲ့အေကာင္ပဲ
သူ႔ကိုငါ့လက္ကလြတ္ေစခ်င္ရင္လည္း
မင္းဘာသာေသခ်ာဖြက္ထားေပါ့ကြာ

ဒါေပမဲ့ အခုသူ႔ကိုငါေတြ႕သြားၿပီဆိုေတာ့
ဘယ္တတ္နိုင္ပါေတာ့မလဲ မင္းတို႔ယုတ္မာခဲ့တာေတြအတြက္ ျပန္ပဲေပးဆပ္ဖို႔ျပင္ထားေတာ့ေပါ့"

ယြင္းရန္က ေကာင္းကင္ကို
အသာေမာ့ၾကည့္လ်က္ ေျပာဆိုေနသည္။
ပတ္ဝန္းက်င္တစ္ခြင္သည္
ေရခဲေတာင္ သဖြယ္ ေအးစိမ့္ကာေနေလ၏။
တခဏအၾကာတြင္မွ ယြင္းရန္က
ခ်ီယြမ္အား ၾကည့္ကာ
မဲ့ျပဳံးျပဳံးလ်က္ ထြက္ခြာသြားေတာ့သည္။

ခ်ီယြမ္၏ ေဘးတြင္ လဲက်ေသဆုံးေနေသာ
သူ၏မိဘႏွစ္ပါးသည္လည္း
ယြင္းရန္ထြက္သြားၿပီးခ်က္ခ်င္းဆိုသလိုပင္
ေကာက္ရိုးေျခာက္မ်ားျဖင့္
လုပ္ထားေသာ စာေျခာက္႐ုပ္အသြင္သိူ႔
ေျပာင္းလဲသြားၾကေတာ့သည္။

ခ်ီယြမ္ကမူ လဲက်ေနေသာ
မူလေနရာေလးတြင္သာ ၿငိမ္သက္လ်က္။

.....................................

၁၂ႏွစ္ခန႔္ၾကာၿပီးေနာက္

"နတ္ေကာင္းကိုေရြးမလား..
.နတ္ဆိုးကိုေရြးမလား...မိစၧာ ေတြကိုပဲေရြးမလား
လမ္းေပ်ာက္ေနတာမ်ိဳးရွိလာရင္ေတာ့
ေဟာဒီက ဆရာႀကီးက ေျပာျပေပးသြားမယ္"

က်ဴးယြီၿမိဳ႕ေတာ္ႀကီးသည္
ဧကရာဇ္နန္းေတာ္တည္ရွိရာၿမိဳ႕ေတာ္ျဖစ္သည့္အေလ်ာက္ အေတာ္ပင္စည္ကားလွသည္။

လူခ်မ္းသာမ်ား ဂုဏ္သေရရွိလူႀကီးမင္း မ်ား
ဆင္းရဲသားလူတန္းစားမ်ားသာမက
အေစခံမ်ားပါ ေနထိုင္ေသာ
ၿမိဳ႕ေတာ္တစ္ခုလည္းျဖစ္ေသးသည္။

စည္ပင္လွေသာ ေဈးတန္းႀကီးသည္
ႏွစ္မိုင္နီးပါးရွည္လ်ားေလ၏။

လူတန္းစားအမ်ိဳးမ်ိဳး တေန႔တာအတြက္
လုပ္ကိုင္စားေသာက္ရန္ အလုပ္ရွာရန္ အဆင္ေျပေသာ ေဈးတစ္ခုဆိုလ်င္လည္းမမွားေပ။

လမ္းမႀကီး၏ ေထာင့္တစ္ေနရာတြင္
ေဘဒင္ေဟာေနေသာ ေကာင္ေလးတေယာက္။
သူ၏ေဘးတြင္ 'ယေန႔အတြက္အထူးေဘဒင္'
ဟူေသာ ဆိုင္းဘုတ္အား
ဖက္ကာအိပ္ေနေသာ ေကာင္ေလးတေယာက္လည္းရွိသည္။

"ေဟ့ေကာင္ ေဟ့ေကာင္ ထေတာ့
ေဖာက္သည္လာၿပီ...."

ကေလာင္ကိုကိုင္ရင္း အိပ္ေပ်ာ္ေနေသာ
ထိုလူအား ႏွိုးကာေနသည္။
အိပ္ေပ်ာ္ေနေသာထိုသူမွာ
နိုးထလာၿပီး မတ္တပ္ေကာက္ရပ္လိုက္သည္။

"တိုးတက္ဖို႔ပဲရွိမယ္ ယုံလိုက္ ယုံလိုက္..."

"ဟားဟား ဟားဟား....... "

ေယာင္ယမ္းက ေျပာလိုက္ေသာ
စကားေၾကာင့္ ကေလာင္ကိုင္ထားေသာ
ေကာင္ေလးမွာ အာျပဲႀကီးျဖင့္ရီေလေတာ့သည္။

ထိုအခါမွ အိပ္ေနရာမွနိုးလာေသာ
ေကာင္ေလးက ေခါင္းကိုကုတ္လ်က္

"ယြမ္ေလး....မင္းငါ့ကိုစျပန္ၿပီ....
ငါအိပ္ေနတာကိုကြာ...."

"ငတုံးေရွာင္က်ဴး.....မင္းတခ်ိန္လုံး
အိပ္လိုက္စားလိုက္ပဲ လုပ္မေနနဲ႔ မင္းကိုမင္း
ျပန္ၾကည့္အုန္း ဝတုတ္ျဖစ္ေနၿပီ....
နာမည္နဲ႔လည္း ကြက္တိကိုျဖစ္လို႔...... "

"ငါေလ်ာ့စားေနပါတယ္ကြာ....
ဒါနဲ႔ဘယ္မွာတူန္း ေဖာက္သည္က"

ခ်ီယြမ္က အထုတ္မ်ားအား.သိမ္းလိုက္ၿပီး

"ငါဘယ္လိုလုပ္သိမွာတုန္း
တေယာက္မွလည္းမေတြ႕ဘူး ျပန္ၾကမယ္
မနက္ျဖန္အလုပ္ေျပာင္းရေအာင္"

"ေအးေကာင္းတယ္....ငါလည္း
ဒါႀကီးကိုဆက္မလုပ္နိုင္ေတာ့ဘူး တလြဲေတြ
ေဟာေနတာ ဘယ္ ခ်ိန္အသတ္ခံရမယ္
ဆိုတာ မသိဘူးျဖစ္ေနတယ္...."

"ဟားဟား..... မင္းကတကယ့္ငတုံးေပမဲ့
သူတို႔က ပိုတုံးလို႔ငါတိူ႔ေျပာတာယုံတာေပါ့ကြ"

"ေအး...ဟုတ္သားေနာ္...."

ေရွာင္က်ဴးက ေခါင္းကုတ္ေနျပန္သည္။

သူတို႔ႏွစ္ဦး သည္
ငယ္ရြယ္စဥ္ကတည္းကပင္ ပုခုံးဖက္ကာ
ေပါင္းသင္းလာၾကေသာ
သူငယ္ခ်င္းမ်ားျဖစ္ၾကသည္။

ညီအကိုမ်ားဟုေခၚလ်င္လည္း
ရနိုင္ေပလိမ့္မည္။

ေရွာင္က်ဴး၏အေမေျပာပုံအရဆိုလ်င္
ခ်ီယြမ္အား ေရွာင္က်ဴး၏ဖခင္ ခရီးသြားရာ
အျပန္လမ္းတြင္ လဲေနသည္ကို
ေတြ႕ခဲ့ရသျဖင့္ ေခၚလာခဲ့့ျခင္းျဖစ္ေၾကာင္း။

ခ်ီယြမ္အား ေတြ႕စဥ္ကအေတာ္ပင္
ဖ်ားနာေနခဲ့သည္။
တပတ္နီးပါး ေမ့ေျမာေနရာမွ
နိုးထလာခဲ့ၿပီးေနာက္တြင္ ခ်ီယြမ္သည္
သူ၏အမည္မွလြဲ၍က်န္သည့္အရာမ်ားကို
မမွတ္မိေတာ့ေခ်။

ထို႔ေၾကာင့္ေရွာင္က်ဴးတို႔မိသားစုကပင္
ေမြးစားခဲ့ရသည္။
ေရွာင္က်ဴးႏွင့္ရြယ္တူျဖစ္သျဖင့္
သူတို႔ႏွစ္ဦးအား ရင္းႏွီးစြာညီအကိုသဖြယ္ေနေစခဲ့သည္။ ေရွာင္က်ဳးတြင္ ၃ႏွစ္ခန႔္ငယ္ေသာ
ညီမတေယာက္လည္းရွိသည္။

ခ်။ီယြမ္တို႔ဆယ္ႏွစ္အရြယ္ေလာက္တြင္
ေရွာင္က်ဴး၏ ဖခင္သည္
ကုန္သည္ရင္း ဓားျပတသိူက္ျဖင့္ေတြ႕ေသာေၾကာင့္
ေသဆုံးခဲ့ရသည္။
ဖခင္တစ္ဦး၏လုပ္စာျဖင့္အဆင္ေျပေနေသာ
သူတို႔မိသားစုသည္ ဖခင္ေသဆုံးမွုေၾကာင့္
ကုန္းေကာက္စရာမရွိေလါက္ေအာင္ပင္
ျဖစ္သြားခဲ့ရေတာ့သည္။

ခ်ီယြမ္ႏွင့္ ေရွာင္က်ဴးတို႔ကို
ပညာဆက္သင္ရန္မတတ္နိုင္ေတာ့ေသာေၾကာင့္
စာသင္ၾကားျခင္းကို
ရပ္တန႔္ပစ္လိုက္ရသည္။

ခ်ီယြမ္သည္ ေရွာင္က်ဴးထက္
ပို၍ဉာဏ္ေကာင္းသျဖင့္
စာလည္းအလြန္ေတာ္သည္။
ထို႔ေၾကာင့္ပင္ ေရွာင္က်ဴး၏မိခင္သည္
ခ်ီယြမ္အား လုံးဝပင္သေဘာမက်ေျခ။

ေသခ်ာေျပာရလ်င္ ခ်ီယြမ္အား
သူမ၏ေယာက္်ားစေခၚလာကတည္းက
သေဘာမေခြ႕ခဲ့ျခင္းပင္။
သားျဖစ္သူထက္အရာရာေတာ္သည့္အျပင္
သားျဖစ္သူကပါ မနာလိုစိတ္မရွိစြာ
သူ၏ေဘးတြင္ တခ်ိန္လုံး
ပူးကပ္ေနေသာေၾကာင့္ စိတ္ညစ္ေနရသည္။

ေရွာင္းဟြာသည္လည္း
ခ်ီယြမ္အားအလြန္သေဘာက်သည္။

ေဈးလမ္းမတေလ်ာက္
ခ်ီယြမ္ႏွင့္ ေရွာင္က်ဳးတို႔
လက္ကိုေနာက္ပစ္ကာ ေလ်ာက္လွမ္းေနရင္း
ခ်ီယြမ္က

"ငါဒီေန႔ျပန္မအိပ္ေတာ့ဘူး အိမ္ကို..."

"ဘာလို႔လည္း...မေန႔ကလည္း
မင္းျပန္မွမအိပ္တာ ေရွာင္းဟြာေတာင္
မင္းကိုလြမ္းေနၿပီ...."

"ငါလုပ္စရာရွိေသးလို႔ပါ....
မနက္ျဖန္ေစာေစာ ဇရပ္ပ်က္ကိုလာခဲ့ေနာ္
ငါသြားၿပီ....."

ေရွာင္က်ဴးအား.ပုခုံးတခ်က္ပုတ္ကာ
အျမန္ပင္ေျပးသြားေတာ့သည္။
သူမလိုက္ခ်င္ျခင္းမဟုတ္။

သူ႔အားအလိုမရွိသည့္ ေမြးစားအေမအား
စိတ္မေကာင္းမျဖစ္ေစလိုေသာေၾကာင့္ပင္။
သူမ၏စိတ္ထဲတြင္သူသည္
သူမတို႔၏မိသားစုကိုပ်က္စီးေစခဲ့ေသာ
သူတစ္ေယာက္ကဲ့သိူ႔ေတြးထင္ေနပုံရသည္။

သူအလိုရွိသည့္ မိသားစုဘဝအား
တသက္တာလုံးမရနိုင္ေတာ့သည္ကို
သူ၏ ေမြးစားဖခင္ေသဆုံးၿပီးေနာက္ပိုင္းတြင္
သိရွိခဲ့ရသည္။

မ်က္စိအစုံပြင့္လာသည့္အခ်ိန္မွစ၍
ျမင္ေတြ႕ခဲ့ရသည္ ထိုလူသည္သာသူ၏
ကိုးကြယ္ရာ ၊ ယုံၾကည္အားထားရာျဖစ္ခဲ့သည္။
ဘာဆိုဘာမၽွမသိေတာ့သည့္
ကေလးဘဝအတြက္သူ႔တြင္ အမွတ္တရ
တစ္ခုမၽွမရွိေပ။

ထို႔ေၾကာင့္သူစတင္ေရာက္ရွိခဲ့သည့္
ထိုမိသားစုေလးတြင္သာ သူ၏
ကေလးဘဝမွတ္ဉာဏ္မ်ား စုပုံလ်က္ရွိသည္။

ကံတရားသည္ ကံဆိုးသည့္သူကို
ပို၍ကံဆိုးေစခ်င္သည့္ႏွယ္။
ခ်ီယြမ္ထိုမိသားစုတြင္ပင္ ၾကာၾကာမဆံဝင္နိုင္ ခဲ့ေပ။

ၿမိဳ႕ေတာ္အျပင္ဘက္အလြန္တြင္ရွိေသာ
ဇရပ္ပ်က္အတြင္းသို႔
ခ်ီယြမ္ေတြးရင္းႏွင့္ပင္ေရာက္လာခဲ့ေလၿပီ။

ဒီေန႔ရသေလာက္ေငြစအနည္းငယ္ကိုလည္း
ေရွာင္က်ဴးအား ေပးလိုက္ေလၿပီ။
မိမိကေတာ့ ဒီညဗိုက္ေဟာင္းေလာင္းျဖင့္
အိပ္ရေပေတာ့မည္။

ဇရပ္ပ်က္၏ အေပၚဘက္အဆင့္
ထုတ္တန္းေပၚသို႔ ခုန္ကာတက္လိုက္ရင္း
ထိုတန္းေပၚ၌ပင္ လက္တစ္ဖက္အား
ေခါ င္းခုလ်က္ လွဲလိုက္သည္။

"မနက္ျဖန္ ဘာလုပ္ရင္ေကာင္းမလည္း..."

ေတြးေတာရင္း အေတြးတို႔နယ္ေျမခ်ဲ႕ကာ
အိပ္ေပ်ာ္သြားေတာ့သည္။

........................................

"ယြမ္ေလး....ယြမ္ေလး....."

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိမ္ေမာက်ေနသည္မွာ
ပါးစပ္မွသေရအခ်ိဳ႕ပင္ စီးက်ေနသည္အထိ။

ေအာက္မွ သူ႔အားေမာ့ၾကည့္ကာ
လွမ္းေအာ္ေနေသာ ေရွာင္က်ဴးအသံေၾကာင့္
လန႔္နိုးကာ ထုတ္တန္းေပၚမွ
ျပဳတ္က်မလိုပင္ ျဖစ္သြားသည္။

ကိုယ္ကိုအျမန္ထိန္းလိုက္ၿပီး
ထိုအေပၚမွ ဆင္းလိုက္သည္။

ေရွာင္က်ဴးမွ ခ်ီယြမ္အားၾကည့္ၿပီး

"ဒီေန႔အတြက္ ဘာအစီအစဥ္ရွိလည္း...."

ခ်ီယြမ္တခ်က္ျပဳံးလိုက္ရင္း.......

"ေဆးေရာင္းၾကတာေပါ့......."

"အမ္...ဘာေဆးလည္း...."

"လာစမ္းပါ....."

ခ်ီယြမ္က ရီလ်က္ပင္
ေရွာင္က်ဴး၏ ပုခုံးအက်ႌစအား ဆြဲကာ
ေခၚသြားေတာ့သည္။

........................................

"မင္းရဲ့ အသားအရည္ေလးေတြကေလ
ႏွင္းပြင့္ေလးေတြလိုပဲ
ျဖဴႏုေနတာ ဒါေပမဲ့ မျပည့္စုံေသးဘူး

ဒါေလး စမ္းသုံးၾကည့္..... "

ဆန္ျပဳတ္ဆိုင္တစ္ဆိုင္တြင္
ခ်ီယြမ္ႏွင့္ေရွာင္က်ဴးတို႔ႏွစ္ဦး အမ်ိဳးသမီးတေယာက္အား ေဆးအခ်ိဳ႕ေရာင္းေနသည္။

အႏွစ္ပုံသဏ္႑ာန္အား ေႂကြခြက္ကေလးႏွင့္
ထည့္ကာ ေသခ်ာဖုံးအုပ္ထားနိုင္ရန္
အဖုံးေလးပါ ပါဝင္ေနေသးသည္။

အသက္ ၄၀နီးပါးထိုအမ်ိဳးသမီးသည္
လူကုံထံအသိုင္းအဝိုင္းမွျဖစ္သည္ဟူေသာ
အခ်က္က သူမ၏အဝတ္အစားမ်ားကို
ၾကည့္႐ုံႏွင့္ပင္ သိနိုင္သည္။

ခ်ီယြမ္သည္ ေယာက်္ားတစ္ဦးျဖစ္ေသာ္လည္း
မည္မၽွပင္ ၾကမ္းတမ္းစြာလုပ္ကိုင္ေနရပါေစ
သူ႔တြင္ လွပေသာ အသားအရည္သည္
မိန္းကေလးမ်ားပင္ရွုံးရေစသည္။

အျမဲလိုလို ခ်ယ္ရီေရာင္သန္းေနေသာ
ႏွုတ္ခမ္းဖူးတို႔သည္လည္း
မိန္းမလွေလးတစ္ဦးႏွယ္။

ထိုအမ်ိဳးသမီးက ခ်ီယြမ္အား
မယုံသည့္အၾကည့္ျဖင့္ၾကည့္လာသည္။
ထိုအခါခ်ီယြမ္က

"အမကမယုံတာလား...ဟာဗ်ာ...
ကၽြန္ေတာ္ဒီေနရာမွာ နာမည္တစ္လုံးနဲ႔လုပ္စားေနတာ လူတိုင္းသိတယ္
ကၽြန္ေတာ္အမကိုမလိမ္ပါဘူး....

မယုံရင္ေလ ကၽြန္ေတာ့ကိုသာၾကည့္
အစက ကၽြန္ေတာ့အသားအေရဆိုတာ
မဲသဲၿပီး ၾကည့္ခ်င္စရာေတာင္မရွိဘူး

ဒီေဆးကို ဝူရွန္းေတာင္ေပၚမွာကၽြန္ေတာ္ေတြ႕ခဲ့တာ
သစ္ဥသစ္ဖု ၅၆မ်ိဳးနဲ႔ေပါင္းစပ္ထားတာ
ဒါလိမ္းၿပီးေတာ့ အခုကၽြန္ေတာ့ပုံစံကိုၾကည့္...

ေရာ့ပါ....ကိုင္ၾကည့္လိုက္စမ္းပါ...."

ခ်ီယြမ္က သူ၏ လက္အား
ထိုမိန္းမႀကီးထံသို႔အတင္းထိုးေပးလိုက္သည္။

ထိုအမ်ိဳးသမီးက ခ်ီယြမ္အားၾကည့္ရင္းပင္
ခ်ီယြမ္ထိုးေပးလာေသာလက္အား
အသာထိၾကည့္လိုက္သည္။

"ဝါး....ေခ်ာေမြ႕ေနတာပဲ..."

ထိုအမ်ိဳးသမီးက ေသခ်ာပြတ္သပ္ၾကည့္ေနသည္။
ခ်ီယြမ္က ရီလ်က္

"ေတြ႕လား....ကၽြန္ေတာ္ေျပာပါတယ္..."

"တကယ္ပဲ ဒါသုံးရင္ အဲ့လိုျဖစ္လာမွာလား"

"ဒါေပါ့ဗ်ာ....ကၽြန္ေတာ့ကိုမယုံရင္ေတာင္
ဒီေဆးကိုေတာ့ယုံလိုက္
သစ္ဥသစ္ဖုေတြကရတာေလ...."

"ကဲပါ..ကဲပါ...မင္းကိုယုံလိုက္မယ္
ဘယ္ေလာက္လည္း ဒီတစ္ဗူးကို....."

"၅စ..၅..စထဲ  ေဈးမမ်ားဘူး..."

"အြန္းပါ..အြန္းပါ...."

ထိုအမ်ိဳးသမီးႀကီးက ခ်ီယြမ္အား
ေငြစဆယ္စပါေသာ အိတ္ေလးကိုထုတ္ကာ
ေပးလိုက္သည္။

ခ်ီယြမ္က ထိုေငြစအားယူကာ
အျမန္ပင္ ထိုဆိုင္မွထြက္လာသည္။

အျပင္ေရာက္ေရာက္ခ်င္း
ေရွာင္က်ဴးက ခ်ီယြမ္အနားသို႔အျမန္ကပ္လာသည္။

"ဘယ္လိုလည္း...လိမ္လို႔ရလား..."

ခ်ီယြမ္က ေငြထုပ္အား
ေရွာင္က်ဴးကို ပစ္ေပးလိုက္ၿပီး

"ဒါ့ေပါ့...ငါကဘယ္သူမလို႔လည္း....
တမိုးေအာက္တေယာက္ဖြား...ဖုန္းခ်ီယြမ္ ပဲဟာ..

ဒီေန႔တို႔ ေဒၚေလးနဲ႔ ေရွာင္းဟြာေလးတို႔အတြက္
လုံေလာက္မွာပါ...မင္းပဲသြားေပးလိုက္ေတာ့..."

"ေဟ့ေကာင္...မရဘူး..ဒီေန႔ေတာ့
မင္းလိုက္ခဲ့ရမယ္...."

"အာ...ငါ....သြားစရာ..."

ခ်ီယြမ္က ေခါင္းကုတ္လ်က္
ထိုစကားအား ေရွာင္ရန္ႀကိဳးစားလိုက္သည္။

႐ူတ္တရက္ ေဈးလမ္း၏တဖက္တြင္
ခ်ိတ္ဆြဲလိုက္ေသာ စာေၾကာင့္
လူမ်ား အုတ္အုတ္က်က္က်က္ ျဖစ္လာၾကသည္။

ေရွာင္က်ဴးက ခ်ီယြမ္အား
ဆြဲကာ ထိုစာခ်ိတ္ထားေသာေနရာသို႔
လူအုပ္ႀကီးအားဖ်က္ကာ ဝင္တိုး၍
ေရွ႕တြင္ရပ္လိုက္သည္။

"ေဟ့ေကာင္....ငါတို႔ပြကိန္း...."

ခ်ီယြမ္လည္း ေရွာင္က်ဴး၏စကားေၾကာင့္
စာအားဖတ္လိုက္သည္။

"အမတ္ႀကီးက်ဴ၏ အိမ္ေတာ္တြင္အသုံးျပဳရန္
အလုပ္သမားေခၚယူေၾကာင္း တစ္လစာ
တဦးလ်င္ ေငြစ ၁၀၀.....

ဝါး....ရက္ေရာလိုက္တာ....."

ေရွာင္က်ဴးက ခ်ီယြမ္၏လက္အား
အတင္းဆြဲ၍

"လာလာျမန္ျမန္သြားရေအာင္....
ငါတို႔ ျမန္ျမန္မသြားရင္သူမ်ားဦးသြားလိမ့္မယ္"

"ခဏေနပါအုန္းကြာ....ပုံမွန္ဆို
ဒီေလာက္ေငြေတြအမ်ားႀကီးေပးရင္
လူေတြ အလုအယက္
သြားၾကမွာပဲ အခုၾကည့္စမ္း တေယာက္မွမလုွပ္ၾကဘူး အဲ့တာဘာလို႔လည္းသိလား

အဲ့ဒီအိမ္မွာရွိတဲ့ ငရဲမင္းထက္ေၾကာက္စရာေကာင္းတဲ့အမတ္ႀကီးရဲ့သား ေၾကာင့္ပဲ....

အဲ့ဒီေကာင္က မိုက္ရိုင္းတုန္း
အေစခံေတြကို စိတ္ရွိရင္ရွိသလို ရိုက္တဲ့ေကာင္
ငါတို႔မသြားသင့္ဘူး...."

ခ်ီယြမ္ကထိုစကားကိုေျပာၿပီး
ေရွ႕သို႔ေလ်ာက္လာလိုက္သည္။
ဆယ္လွမ္းေလာက္လွမ္းလာေသာ္လည္း.သူ၏ေဘးတြင္ေရွာင္က်ဴးက ပါမလာေပ။

ေနာက္ျပန္လွည့္ၾကည့္ေတာ့မွ
လက္ႏွစ္ဖက္ကို အခ်င္းခ်င္းဆုပ္ကိုင္ကာ
ေခါင္းငုံလ်က္ မတ္တပ္ရပ္ေနေသာ
ေရွာင္က်ဴးကိုေတြ႕ရသည္။

ခ်ီယြမ္တေယာက္ ေရွာင္က်ဴးအနားသို႔
ျပန္လွည့္လာလိုက္ၿပီး

"ေရွာင္က်ဴး...ဘာျဖစ္လို႔လဲ...."

ထိုအခါမွေရွာင္က်ဴးက ေခါင္းေမာ့လ်က္

"မေန႔က မင္းအိမ္မွာမရွိဘူး
ညဘက္ေရာက္ေတာ့ အေႂကြးရွင္ေတြ
ေရာက္လာၾကတယ္ ငါတို႔ဒီတစ္ခါမွ
အတိုးေရာအရင္းပါမေပးနိုင္ရင္ ေရွာင္းဟြာကို
သိမ္းမယ္တဲ့...."

ေရွာင္က်ဴးက ေျပာရင္းငိုေတာ့သည္။
ခ်ီယြမ္ကေရွာင္က်ဴး၏ေက်ာျပင္အား
အသာပုတ္ေပးလိုက္ရင္း

"အဲ့ေတာ့မင္း ဒီအလုပ္ကိုလုပ္ၿပီး
အေႂကြးဆပ္မယ္လို႔စိတ္ကူးတယ္ေပါ့..."

"အင္း...ငါတို႔ႏွစ္ေယာက္ဆို ၂၀၀ရမွာ
ဒါဆိုငါတို႔ကို သူတို႔သုံးလေလာက္ေတာ့
လာေႏွာက္ယွက္မွာမဟုတ္ေတာ့ဘူး......"

"ေကာင္းၿပီ...ေကာင္းၿပီ....
မင္းအေတြးကဒီလိုဆိုရင္ ငါတို႔သြားၾကမယ္"

ေရွာင္က်ဴးက မ်က္ရည္မ်ားၾကားမွ
ခ်ီယြမ္အား ရီျပလိုက္သည္။

"ဟီး....."

"မင္းကေတာ့ကြာ....တိတ္စမ္း.....
မိန္းမႀကီးက်လို႔ ငိုေနတာမ်ား..."

ခ်ီယြမ္က လက္ကိုေနာက္ပစ္လ်က္ပင္
ေရွာင္က်ဴးေရွ႕မွလွည့္ထြက္လာေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါေလးက အေတာ္အေၾကာရွည္မယ္လို႔
ထင္မိပါတယ္.....

😁😁😁😁😁😁
အပိုင္းမ်ားေလာက္မယ္...
အစပိုင္းမို႔ နားမလည္တာမ်ားရွိရင္
ေစာင့္ၾကပါအုန္းလို႔....

© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі