Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 6
ညတာသည် အလွန်ရှည်လျားလှသည်။ကောင်းကင်ယံရှိ လမင်းကြီးသည် တိမ်ညိုတိမ်မဲတို့၏ဖုံးကွယ်ထားခြင်းကိုခံရသည်မို့ အလင်းရောင်ကိုကောင်းစွာမပေးနိုင်ချေ။ကြယ်တို့၏ မှိန်ပြပြတို့ကမူကောင်းကင်ယံ၏ နေရာအနှံ့တွင် တလက်လက်ထလျက်။

ချီယွမ် လော့လန်၏ ဓားကိုမြဲမြံစွာ ဆုပ်ကိုင်ထားရင်း လော့လန်တို့ညွှန်ပြခဲ့သည့် တောအုပ်ထဲသို့ဝင်လာခဲ့သည်။အချိန်မှာ သန်းခေါင်ယံပင်ရောက်တော့မည်ဖြစ်ကြောင်းကောင်းကင်ယံရှိ ခုနှစ်စင်ကြယ်တို့ကသက်သေပြနေသည်။

ချီယွမ် တော်တော်လျောက်လှမ်းလာပြီးနောက်ပတ်ပတ်လည် မီးတုတ်များကိုယ်စီ ကိုင်ဆောင်ထားသော လူတစ်စုကိုတွေ့လိုက်ရသည်။
လူစုလူဝေးကိုကြည့်ရုံနှင့်ပင် ၅ဝနီးပါးရှိလိမ့်မည်။ချီယွမ်က ခြုံပုတ်တစ်ခုကိုအကာအကွယ်ယူလိုက်ပြီးအခြေအနေကိုအရင်လေ့လာလိုက်သည်။

ထိုသူများ၏ရှေ့တွင် လိုဏ်ဂူတစ်ခုရှိ၏။ဒူးထောက်ကာကြိုးတုတ်ထားခြင်းခံရသောယောက်ျား အချို့မှာ ဆယ်ယောက်လောက်ပင်ရှိလိမ့်မည်။ချီယွမ်က ရှောင်ကျူးကိုအလျင်အမြန်ပင် ရှာဖွေလိုက်သည်။

တခြားသူများထက်ထူးခြားသည့်ကိုယ်ခန္တာ ကြောင့် အလယ်နားလောက်တွင်တုန်ယင်နေသော ရှောင်ကျူးကို တွေ့လိုက်ရသည်။ချီယွမ် တိုး​ဖြော့လှသောအသံဖြင့် ရေရွတ်လိုက်မိသည်။

" ရှောင်ကျူး......."

တခဏကြာတော့ထိုလိုဏ်ဂူအတွင်းမှ ဝတ်ကောင်းစားလှဝတ်ဆင်ထားသော လူတစ်ယောက်ထွက်လာသည်။ချီယွမ်ထိုသူကို ကြည့်လိုက်တော့ ဤသည်က အမတ်ကြီးကျူးပင်။ထိုသူက ဒူးထောက်နေသောသူများကို အထဲသို့ပို့ရန် သူ၏လူများကိုညွှန်ကြားနေပုံရသည်။

ချီယွမ်ချက်ချင်း လိုက်ချင်သော်လည်းဤလူအုပ်အား သူမည်သိူ့မျှ တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။
ထိုလူညွှန်ကြားပြီးနောက်တွင် လူတစ်ချို့သာ အပြင်တွင်နေခိုင်းလိုက်ပြီးနောက် ကျန်သူများကအထဲသို့ဝင်သွားကြသည်။

ချီယွမ်က လူနည်းသွားသောကြောင့်ပြင်ပရှိသူများကိုသာ အရင်တိုက်ခိုက်ရန် တဖြည်းဖြည်း တိုးလာလိုက်သည်။မှောင်ရိပ်ကိုခိုကာနောက်ဘက်မှ နေ၍ အစောင့်တစ်ယောက်၏ပါးစပ်ကိုလက်ဖြင့် အမြန်အုပ်လိုက်ပြီးပါလာသော ဓားရှည်ဖြင့် လည်ပင်းအားတိခနဲ ဖြတ်ချလိုက်သည်။

ထိုလူလဲ ကျသွားပြီးနောက်ကျန်လူများက သတိထားမိသွားပြီးချီယွမ်အား တိုက်ခိုက်ကြတော့သည်။ဝိုင်းဝန်းတိုက်ခိုက်မှုများကို ချီယွမ်
အလျင်အမြန်ရှောင် တိမ်းရင်း ပြန်လည်ခုခံနေသည်။အထဲရှိသူများက အပြင်အခြေအနေအားသိပုံမရပေ။

နောက်ဘက်ရှိ သူတယောက်၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့်ချီယွမ် အမြန်ရှောင် တိမ်းလိုက်သော်လည်းဓားက လက်မောင်းအားထိသွားသည်။ထိမိသွားသော ဓားဒဏ်ရာအားလက်ဖြင့် အုပ်လိုက်ပြီး သွေးတို့ကိုထပ်မထွက်စေရန်ကြိုးစားလိုက်သည်။နာကျင်မှုကိုတောင့်ခံရင်း ဓားရှည်ကိုထပ်မကာဆက်တိုက်ရန်ပြင်လိုက်သည်။

..................................

လိုဏ်ဂူထဲတွင်ရှိနေသောလူများက ထိုအမျိုးသားဆယ်ဦးကို ယဇ်ပူဇော်ရန်အသင့်ရှိနေကြပြီဖြစ်သည်။

တခဏအကြာတွင် ကြီးမားလှသောအရိုးပုံးကြီး၏ နောက်မှ လှပသောအမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။

သူမ၏ပုံစံမှာ နုနယ်နေသည့် မိန်းကလေးတစ်ဦးအသွင် ဖြစ်သည့်အပြင်ယောက်ျားတစ်ဦး၏ နှလုံးသားကိုပင် ဆွဲကိုင်လှုပ်စေနိုင်သောအလှမျိုးဖြစ်သည်။သူမ၏ နှုတ်ခမ်းသားတို့က နီရဲနေပြီးမျက်ဝန်းတို့ကလည်း ထို့အတူပင်။ဆံနွယ်တွေကို ဖားလျားချထားသော်လည်းဖြောင့်စင်းကာ နက်မှောင်လှသည့်အတွက် အလွန်ကြည့်ကောင်းလှသည်။နီရဲနေသော ဝတ်စုံဖြင့် အရာရာလက်ဖက်နေသည်မှာနတ်ဘုရားမတစ်ပါးအလားပင်။အမတ်ကြီးက သူမအားဒူးထောက်ကာအရိုအသေပြုလိုက်သည်။

"အရှင်သခင်မ....ကျွန်တော်မျိုးရောက်ရှိကြောင်းပါ...."

သူမက ရှည်လျားလှသော သူမ၏လက်သည်းများနှင့် လက်အား ပြန်ကြည့်နေရင်းာအသာပြုံးကာဆိုလိုက်သည်။

"ငါ့ရဲ့ ဘုရင်ကြီးရော...ကျန်းမာရဲ့လား..."

အမတ်ကြီးက လုံးဝပင်ခေါင်းမော့မလာ။

"ဟုတ်ကဲ့...ကျန်းမာပါတယ်...."

"ဟီးဟီး ဟီးဟီး......... "

အမတ်ကြီး၏အဖြေကိုကြားလေတော့ သူမက ကြောက်မက်ဖွယ်ရာ ရီသံဖြင့်အော်ရီနေသည်။ပြီးမှ ဒူးထောက်ထားသောအမျိုးသားများထံသို့ အလျင်အမြန်ပင်ရောက်ရှိလာသည်။သူမက တန်းစီကြည့်နေရင်း အလွန်သဘောကျနေသည်။
သို့သော် ရှောင်ကျုူးကိုမြင်သည်နှင့်သူမ၏မျက်နှာက မဲ့သွားသည်။

ကြောက်လွန်း၍ သေးထွက်ကျလုမတတ်တုန်နေသောရှောင်ကျူး၏ ပါးဖောင်းဖောင်းလေးအားသူမ၏ လက်သည်းဖြင့်ထိုးစိုက်ရင်း

"ဒီ ဝတုတ်ကဘယ်ကပါလာတာလဲ။ငါ ဝက်သားကြိုက်တယ်များမှတ်နေလား။ပြီးတော့ ကလေးသာသာလေးပဲ ရှိသေးတာ။သူက ငါ့ကစားလို့ အားရမယ်ထင်နေတာလား.။."

အမတ်ကြီးက ချက်ချင်းပင်ကြောက်လန့်စွာဖြင့်

"ကျွန်တော်ချက်ချင်း သတ်ပစ်လိုက်ပါ့မယ်။အစောင့်တွေ သူ့ကိုသတ်ပြီးတစ်နေရာရာကိုလွှတ်ပစ်လိုက်တော့..."

ရှောင်ကျူးကို အစောင့်များက ဆွဲခေါ်လေတော့ ရှောင်ကျူးမှာ ငိုယိုကာသေးပါထွက်ကျလေတော့သည်။

"အီးဟီးဟီး...... အမေရေ...ယွမ်လေးရေ.။ငါ့ကိုကယ်ပါအုန်း...."

ထိုအခါ အမျိုးသမီးကသူမ၏လက်ကို ချက်ချင်းပင်နှခေါင်းဝ၌ ထားလိုက်သည်။

"ရွံဖို့ကောင်းလိုက်တာ...."

သူမက နှခေါင်းကိုရှုံ့တွတွလုပ်နေရင်းရုတ်တရက်ရလာသော အနံတစ်ခုကို ရှုရှိုက်မိလိုက်သည်။

"ဒီသွေးနံ့က....."

သူမ၏ မျက်နှာက ချက်ချင်းပင်ကြည်လင်လာသည့်နှယ်လျင်မြန်လှသော ကိုယ်ဖော့နည်းဖြင့်သူမလိုဏ်ဂူအပြင်ဘက်သို့ထွက်သွားလေသည်။

သူမ ဂူပေါက်ဝရှေ့ရောက်တော့အခြားသူများကို တိုက်ခိုက်နေသည့်ချီယွမ်ကိုတွေ့လိုက်ရသဖြင့် မဲ့ပြုံးပြုံးလိုက်သည်။အမတ်ကြီးက ချီယွမ်အားတွေ့သောအခါချက်ချင်း အခြားသူများကိုခေါ်၍တိုက်ခိုက်စေရန် အမိန့်ပေးလိုက်သည်။ထိုမိစ္ဆာမက အမတ်ကြီးအားတားလိုက်ပြီး သူကမူ လက်ပိုက်ကြည့်နေလိုက်သည်။

သူမဘေးပတ်ပတ်လည်ကိုကြည့်မိတော့တောအုပ်တစ်ခုလုံးနီးပါးတွင်အဆင့်နိမ့်ဝိညာည်များ၊အများစွာသော မကောင်းဆိုးဝါးတို့က
တဖြည်းဖြည်း ဝန်းရံကာ တိုးတိုးလာကြသည်။

သူမ၏ ရဲရဲနီနေသောနှုတ်ခမ်းထက်တွင်လှပသော်လည်း ရေခဲတမျှအေးစက်သည့်အပြုံးကို ဖန်တီးလိုက်ရင်းချီယွမ်၏ သွေးတတောက်တောက်ကျနေသောလက်မောင်းဒဏ်ရာကို ကြည့်လိုက်သည်။သူမက ပြုံးလျက်

"အော်...ဘုရင်ကြီးတောင် ငါ့ဆီ
လာလည်တော့မှာပဲ.။ဧည့်ခံဖို့ပြင်ဆင်ထားသင့်ပြီ။"

သူမကလက်ဖျောက်တချက်တီးလိုက်သည်။မည်သူမျှမသိသော်လိုက်လည်းသူမ၏ ကိုယ်မှ အနီရောင်အခိုးအငွေ့တို့ကပတ်ပတ်လည်ရှိ တစ္ဆေ သရဲ မကောင်းဆိုးဝါးများကို တမဟုတ်ချင်း လွင့်စင်သွားစေသည်။သူမကလက်ကိုပြန်ပိုက်လိုက်ရင်း

"တော်လောက်ပြီ....သူ့ကိုအထဲဖမ်းခေါ်လာခဲ့။.မသေစေနဲ့နော်။အဲ့တာက အရမ်းတန်ဖိုးရှိတယ်...."

"ဟုတ်ကဲ့ပါ....အရှင်သခင်မ...."

အမတ်ကြီးက သူလူအားလုံးကိုအလုံးအရင်းဝင်ရောက်တိုက်ခိုက်စေလိုက်သည်။လူဦးရေအရမ်းများလာသည့်အပြင်လက်ကလည်းဒဏ်ရာရထားသောကြောင့်ချီယွမ်မည်သို့မျှ ဆက်မတိုက်နိုင်တော့ပေ။နောက်ဆုံးတွင် ထိုသူတို့၏ချုပ်လှောင်ခြင်းကိုခံလိုက်ရတော့သည်။

ချီယွမ်အား လိုဏ်ဂူအတွင်းသိူ့ခေါ်လာလိုက်ပြီး လက်နောက်ပြန်ကြိုးတုတ်ထားကာဒူးထောက်စေလိုက်သည်။ဘေးတွင် သေးထွက်ကျကာငိုနေသော ရှောင်ကျူးက သူ့ကိုတွေ့တော့ငိုသံပါကြီးဖြင့်အော်လေသည်။

"ယွမ်လေး...ယွမ်လေး....ငါ့ကိုကယ်ပါ..."

" ရှောင်ကျူး....ဘာမှမဖြစ်ဘူး။ငါမင်းကိုအိမ်ပြန်ခေါ်မယ်။စိတ်မပူနဲ့.။."

ထိုအမျိုးသမီးက ချီယွမ်အားသေချာစွာစိုက်ကြည့်နေသည်။ချီယွမ်ကလည်း သူမကိုစိုက်ကြည့်နေရင်းအမတ်ကြီးကိုပြန်ကြည့်လိုက်သည်။

"အာဏာရှင်တွေများကြောက်ဖို့ကောင်းချက်ဗျာ။ဒီလောက်ထိ ရက်စက်ယုတ်မာလိမ့်မယ်လို့လုံးဝထင်မထားဘူး။ တရားရုံးက အကျဉ်းသားတွေပျောက်ခြင်းမလှပျောက်နေတာ။

ဒီမကောင်းဆိုးဝါးမကို ကျွေးနေလို့ပေါ့လေ။ခင်ဗျားသူဆီက ဘာပြန်ရလည်းသိချင်စမ်းပါ့..."

အမတ်ကြီးက ချီယွမ်၏ မျက်နှာအားလက်သီးဖြင့်တချက်ထိုးချလိုက်သည်။

"မင်းလို အဆင့်နိမ့်ကများ......"

ချီယွမ်က ပါးစပ်မှထွက်လာသောသွေးအချို့ကို ထွေးထုတ်လိုက်ပြီး စူးစူးဝါးဝါးကြည့်လိုက်သည်။ထိုအခါ ရပ်ကြည့်နေသောအမျိုးသမီးက

"အမတ်ကြီး...သူ့ကိုဒဏ်ရာရအောင်မလုပ်နဲ့လေ။မကြာခင် ဧည့်သည်တော်ကြီးလာတော့မှာ။သူစိတ်ဆိုးရင် ကျွန်မလည်းမကယ်နိုင်ဘူးနော်...."

အမတ်ကြီးက နောက်ပြန်ဆုတ်လိုက်ပြီးထိုအမျိုးသမီး အား အရိုအသေပေးလိုက်သည်။

"ဟုတ်ကဲ့ပါ...အရှင်သခင်မ...."

သူမကချီယွမ်အနားသို့သွားလိုက်ပြီးပြဲနေသော ဝတ်ရုံ၏ အောက်ကသွေးထွက်နေသော ချီယွမ်၏ လက်ဒဏ်ရာအားသူမ၏ လက်ညိုးဖြင့်ထိကိုင်လိုက်သည်။

"အ့......"

ဒဏ်ရာကိုလာထိသောကြောင့်ချီယွမ်ကိုယ်က အနည်းငယ်တုန်သွားသည်။သူမက ချီယွမ်အားကြည့်ကာအနည်းငယ်ပြုံးလိုက်ပြီး သူ၏လက်တွင်ပေလာသော သွေးတို့ကို လျှာဖြင့်ယက်ပြလိုက်သည်။သွေး၏အရသာကို ခံစားရင်းသူမအတော်နှစ်ခြိုက်နေပုံပင်။
ပြီးနောက်ချီယွမ်အားကြည့်လိုက်ရင်း

"ယောက်ျားအယောက်တစ်ရာရဲ့သွေးကိုစုပ်တာနဲ့ညီမျှနေပါလား။ မင်းရဲ့သွေးတစ်စက်က

ငါသာမင်းကိုရရင်....."

ရုတ်တရက် တိုက်ခက်လာသောလေပြင်းတို့မှာ လိုဏ်ဂူအတွင်းပျံနှံနေသည်။သူမက တစ်ခုခုကိုသိလိုက်သည့်ဟန်ပြုံးနေသည်။နေရာတစ်ခုစီကို လိုက်ကြည့်နေရင်းသူမက အော်လိုက်သည်။

"လာပြီလား......"

သူမစကားဆုံးသည်နှင့်တရွေ့ရွေ့ပေါ်ပေါက်လာသည့် ဝတ်ရုံဖြူနှင့်လူတစ်ယောက်။

ဆံနွယ်များကို ထက်ဝက်ခန့်စီးကာထက်ဝက်ခန့်က ကျောပြင်ထက်၌ချထားသည်။စီးနှောင်ကာထားသည့် ဆံထုံးကိုမူနဂါးခေါင်းပတ်ဖြင့် ချုပ်နှောင်ထားသည်။ချီယွမ်က လှည့်ကာကြည့်မိသော်လည်းမှောင်ရိပ်ကြောင့် ဝတ်ရုံဖြူမှတစ်ပါး မမြင်ရချေ။ထိုသူက ဝင်ဝင်လာခြင်းပင်အမတ်ကြီးနှင့်တကွ ကျန်သူများကိုအိပ်စက်စေလိုက်သည်။

ချီယွမ်အနားကိုရောက်တော့ချီယွမ်သည်လည်း ​မြေပြင်တွင် ခွေခွေလေးလဲကျနေပြီဖြစ်သည်။
သူက ချီယွမ် ဘေးမှ ဖြတ်လျောက်လိုက်ပြီးထိုအမျိုးသမီး ၏ ရှေ့တွင်ရပ်လိုက်သည်။သူမကလက်ကိုပိုက်ထားလျက်ပင်

"အခုမှပဲ လာလည်တော့တယ်နော်....."

"သူ့အနံ့က သုံးလောကကိုပျံ့သွားပြီ။မင်းလုပ်ထားတဲ့ အစီအရင်က တခဏလောက်ပဲခံမှာ။ ငါအသက်ရှင်နေသေးတယ်ဆိုတာကိုသူ ဆယ့်ရှစ်နှစ်မပြည့်သေးခင်အထိသုံးလောက သိလို့မဖြစ်ဘူး။

ထပ်ပြီးတိုက်ပွဲတွေဖြစ်လာရင် ငါတို့မိစ္ဆာမျိုးနွယ်ပဲ။ရှုံးနိမ့်လိမ့်မယ်....ငါ့ရဲ့အခုစွမ်းအားကရှန်းဝူပိုင်ကို မှီနိုင်မှာမဟုတ်သေးဘူး....."

"နင်ဘယ်လိုလုပ်မှာလဲ...."

ထိုသူကလဲကျနေသော ချီယွမ်အားတစ်ချက်ကြည့်လိုက်သည်။

"ငါ့အနားမှာ ခေါ်ထားမှရတော့မယ်။ငါ့စွမ်းအားနဲ့ ပိတ်လှောင်ထားလိုက်မယ်။သူ ၁၈နှစ်ပြည့်တာနဲ့ သူ့ဆီကငါ့ရဲ့ စွမ်းအားတစ်ဝက်ကို ပြန်ဆုပ်ယူမယ်.။"

"ယွင်းရန်....နင့်အသီးလေးကအခုတောင်မှဲ့နေပြီထင်တယ်နော်။ဒါမှမဟုတ်...ငါမှဲ့အောင်လုပ်ပေးရမလား..."

ယွင်းရန်က သူမအားအကြည့်စူးစူးတို့ဖြင့် ကြည့်လိုက်သည်။ထို့နောက် ချီယွမ်အား အသာမချီပြီး
သွေးထွက်နေသောဒဏ်ရာကိုပျောက်စေလိုက်သည်။

"ရွမ့်ဟွာ...မင်းသူ့ကိုထိဖို့တွေးတောင်မတွေးနဲ့။"

ယွင်းရန်က ချီယွမ်အားပွေ့ချီလာပြီး ဂူအတွင်းမှထွက်လာသည်။ရွမ့်ဟွာက နောက်မှလှမ်းအော်သည်။

"သူ့ကိုနင် ကလဲ့စားချေရမှာနော်။သူ့ဆီမှာ ထပ်ကျဆုံးရမှာမဟုတ်ဘူး။နင့်ကိုသူဘာတွေလုပ်ခဲ့တယ်ဆိုတာ အမြဲသတိရနေပါ။သူ့ကို ထပ်မချစ်မိစေနဲ့...."

ယွင်းရန်၏ ခြေလှမ်းတို့ကခတ္တခဏ ရပ်တန့်သွားသည်။ပြီးမှသူကဆက်လျောက်လိုက်ရင်း

"ငါသိတယ်......"

ပြတ်သားလှသည့် စကားတစ်ခွန်းကိုဆိုပြီးနောက် ယွင်းရန် ထွက်လာခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညတာသည္ အလြန္ရွည္လ်ားလွသည္။ေကာင္းကင္ယံရွိ လမင္းႀကီးသည္ တိမ္ညိဳတိမ္မဲတို႔၏ဖုံးကြယ္ထားျခင္းကိုခံရသည္မို႔ အလင္းေရာင္ကိုေကာင္းစြာမေပးနိုင္ေခ်။ၾကယ္တို႔၏ မွိန္ျပျပတို႔ကမူေကာင္းကင္ယံ၏ ေနရာအႏွံ့တြင္ တလက္လက္ထလ်က္။

ခ်ီယြမ္ ေလာ့လန္၏ ဓားကိုျမဲၿမံစြာ ဆုပ္ကိုင္ထားရင္း ေလာ့လန္တို႔ညႊန္ျပခဲ့သည့္ ေတာအုပ္ထဲသို႔ဝင္လာခဲ့သည္။အခ်ိန္မွာ သန္းေခါင္ယံပင္ေရာက္ေတာ့မည္ျဖစ္ေၾကာင္းေကာင္းကင္ယံရွိ ခုႏွစ္စင္ၾကယ္တို႔ကသက္ေသျပေနသည္။

ခ်ီယြမ္ ေတာ္ေတာ္ေလ်ာက္လွမ္းလာၿပီးေနာက္ပတ္ပတ္လည္ မီးတုတ္မ်ားကိုယ္စီ ကိုင္ေဆာင္ထားေသာ လူတစ္စုကိုေတြ႕လိုက္ရသည္။
လူစုလူေဝးကိုၾကည့္႐ုံႏွင့္ပင္ ၅ဝနီးပါးရွိလိမ့္မည္။ခ်ီယြမ္က ျခဳံပုတ္တစ္ခုကိုအကာအကြယ္ယူလိုက္ၿပီးအေျခအေနကိုအရင္ေလ့လာလိုက္သည္။

ထိုသူမ်ား၏ေရွ႕တြင္ လိုဏ္ဂူတစ္ခုရွိ၏။ဒူးေထာက္ကာႀကိဳးတုတ္ထားျခင္းခံရေသာေယာက္်ား အခ်ိဳ႕မွာ ဆယ္ေယာက္ေလာက္ပင္ရွိလိမ့္မည္။ခ်ီယြမ္က ေရွာင္က်ဴးကိုအလ်င္အျမန္ပင္ ရွာေဖြလိုက္သည္။

တျခားသူမ်ားထက္ထူးျခားသည့္ကိုယ္ခႏၲာ ေၾကာင့္ အလယ္နားေလာက္တြင္တုန္ယင္ေနေသာ ေရွာင္က်ဴးကို ေတြ႕လိုက္ရသည္။ခ်ီယြမ္ တိုး​ေျဖာ့လွေသာအသံျဖင့္ ေရရြတ္လိုက္မိသည္။

" ေရွာင္က်ဴး......."

တခဏၾကာေတာ့ထိုလိုဏ္ဂူအတြင္းမွ ဝတ္ေကာင္းစားလွဝတ္ဆင္ထားေသာ လူတစ္ေယာက္ထြက္လာသည္။ခ်ီယြမ္ထိုသူကို ၾကည့္လိုက္ေတာ့ ဤသည္က အမတ္ႀကီးက်ဴးပင္။ထိုသူက ဒူးေထာက္ေနေသာသူမ်ားကို အထဲသို႔ပို႔ရန္ သူ၏လူမ်ားကိုညႊန္ၾကားေနပုံရသည္။

ခ်ီယြမ္ခ်က္ခ်င္း လိုက္ခ်င္ေသာ္လည္းဤလူအုပ္အား သူမည္သိူ႔မၽွ တိုက္ခိုက္နိုင္လိမ့္မည္မဟုတ္။
ထိုလူညႊန္ၾကားၿပီးေနာက္တြင္ လူတစ္ခ်ိဳ႕သာ အျပင္တြင္ေနခိုင္းလိုက္ၿပီးေနာက္ က်န္သူမ်ားကအထဲသို႔ဝင္သြားၾကသည္။

ခ်ီယြမ္က လူနည္းသြားေသာေၾကာင့္ျပင္ပရွိသူမ်ားကိုသာ အရင္တိုက္ခိုက္ရန္ တျဖည္းျဖည္း တိုးလာလိုက္သည္။ေမွာင္ရိပ္ကိုခိုကာေနာက္ဘက္မွ ေန၍ အေစာင့္တစ္ေယာက္၏ပါးစပ္ကိုလက္ျဖင့္ အျမန္အုပ္လိုက္ၿပီးပါလာေသာ ဓားရွည္ျဖင့္ လည္ပင္းအားတိခနဲ ျဖတ္ခ်လိုက္သည္။

ထိုလူလဲ က်သြားၿပီးေနာက္က်န္လူမ်ားက သတိထားမိသြားၿပီးခ်ီယြမ္အား တိုက္ခိုက္ၾကေတာ့သည္။ဝိုင္းဝန္းတိုက္ခိုက္မွုမ်ားကို ခ်ီယြမ္
အလ်င္အျမန္ေရွာင္ တိမ္းရင္း ျပန္လည္ခုခံေနသည္။အထဲရွိသူမ်ားက အျပင္အေျခအေနအားသိပုံမရေပ။

ေနာက္ဘက္ရွိ သူတေယာက္၏ ႐ုတ္တရက္တိုက္ခိုက္မွုေၾကာင့္ခ်ီယြမ္ အျမန္ေရွာင္ တိမ္းလိုက္ေသာ္လည္းဓားက လက္ေမာင္းအားထိသြားသည္။ထိမိသြားေသာ ဓားဒဏ္ရာအားလက္ျဖင့္ အုပ္လိုက္ၿပီး ေသြးတို႔ကိုထပ္မထြက္ေစရန္ႀကိဳးစားလိုက္သည္။နာက်င္မွုကိုေတာင့္ခံရင္း ဓားရွည္ကိုထပ္မကာဆက္တိုက္ရန္ျပင္လိုက္သည္။

..................................

လိုဏ္ဂူထဲတြင္ရွိေနေသာလူမ်ားက ထိုအမ်ိဳးသားဆယ္ဦးကို ယဇ္ပူေဇာ္ရန္အသင့္ရွိေနၾကၿပီျဖစ္သည္။

တခဏအၾကာတြင္ ႀကီးမားလွေသာအရိုးပုံးႀကီး၏ ေနာက္မွ လွပေသာအမ်ိဳးသမီးတစ္ဦး ထြက္ေပၚလာသည္။

သူမ၏ပုံစံမွာ ႏုနယ္ေနသည့္ မိန္းကေလးတစ္ဦးအသြင္ ျဖစ္သည့္အျပင္ေယာက္်ားတစ္ဦး၏ ႏွလုံးသားကိုပင္ ဆြဲကိုင္လွုပ္ေစနိုင္ေသာအလွမ်ိဳးျဖစ္သည္။သူမ၏ ႏွုတ္ခမ္းသားတို႔က နီရဲေနၿပီးမ်က္ဝန္းတို႔ကလည္း ထို႔အတူပင္။ဆံႏြယ္ေတြကို ဖားလ်ားခ်ထားေသာ္လည္းေျဖာင့္စင္းကာ နက္ေမွာင္လွသည့္အတြက္ အလြန္ၾကည့္ေကာင္းလွသည္။နီရဲေနေသာ ဝတ္စုံျဖင့္ အရာရာလက္ဖက္ေနသည္မွာနတ္ဘုရားမတစ္ပါးအလားပင္။အမတ္ႀကီးက သူမအားဒူးေထာက္ကာအရိုအေသျပဳလိုက္သည္။

"အရွင္သခင္မ....ကၽြန္ေတာ္မ်ိဳးေရာက္ရွိေၾကာင္းပါ...."

သူမက ရွည္လ်ားလွေသာ သူမ၏လက္သည္းမ်ားႏွင့္ လက္အား ျပန္ၾကည့္ေနရင္းာအသာျပဳံးကာဆိုလိုက္သည္။

"ငါ့ရဲ့ ဘုရင္ႀကီးေရာ...က်န္းမာရဲ့လား..."

အမတ္ႀကီးက လုံးဝပင္ေခါင္းေမာ့မလာ။

"ဟုတ္ကဲ့...က်န္းမာပါတယ္...."

"ဟီးဟီး ဟီးဟီး......... "

အမတ္ႀကီး၏အေျဖကိုၾကားေလေတာ့ သူမက ေၾကာက္မက္ဖြယ္ရာ ရီသံျဖင့္ေအာ္ရီေနသည္။ၿပီးမွ ဒူးေထာက္ထားေသာအမ်ိဳးသားမ်ားထံသို႔ အလ်င္အျမန္ပင္ေရာက္ရွိလာသည္။သူမက တန္းစီၾကည့္ေနရင္း အလြန္သေဘာက်ေနသည္။
သို႔ေသာ္ ေရွာင္က်ဳူးကိုျမင္သည္ႏွင့္သူမ၏မ်က္ႏွာက မဲ့သြားသည္။

ေၾကာက္လြန္း၍ ေသးထြက္က်လုမတတ္တုန္ေနေသာေရွာင္က်ဴး၏ ပါးေဖာင္းေဖာင္းေလးအားသူမ၏ လက္သည္းျဖင့္ထိုးစိုက္ရင္း

"ဒီ ဝတုတ္ကဘယ္ကပါလာတာလဲ။ငါ ဝက္သားႀကိဳက္တယ္မ်ားမွတ္ေနလား။ၿပီးေတာ့ ကေလးသာသာေလးပဲ ရွိေသးတာ။သူက ငါ့ကစားလို႔ အားရမယ္ထင္ေနတာလား.။."

အမတ္ႀကီးက ခ်က္ခ်င္းပင္ေၾကာက္လန႔္စြာျဖင့္

"ကၽြန္ေတာ္ခ်က္ခ်င္း သတ္ပစ္လိုက္ပါ့မယ္။အေစာင့္ေတြ သူ႔ကိုသတ္ၿပီးတစ္ေနရာရာကိုလႊတ္ပစ္လိုက္ေတာ့..."

ေရွာင္က်ဴးကို အေစာင့္မ်ားက ဆြဲေခၚေလေတာ့ ေရွာင္က်ဴးမွာ ငိုယိုကာေသးပါထြက္က်ေလေတာ့သည္။

"အီးဟီးဟီး...... အေမေရ...ယြမ္ေလးေရ.။ငါ့ကိုကယ္ပါအုန္း...."

ထိုအခါ အမ်ိဳးသမီးကသူမ၏လက္ကို ခ်က္ခ်င္းပင္ႏွေခါင္းဝ၌ ထားလိုက္သည္။

"ရြံဖို႔ေကာင္းလိုက္တာ...."

သူမက ႏွေခါင္းကိုရွုံ႔တြတြလုပ္ေနရင္း႐ုတ္တရက္ရလာေသာ အနံတစ္ခုကို ရွုရွိုက္မိလိုက္သည္။

"ဒီေသြးနံ့က....."

သူမ၏ မ်က္ႏွာက ခ်က္ခ်င္းပင္ၾကည္လင္လာသည့္ႏွယ္လ်င္ျမန္လွေသာ ကိုယ္ေဖာ့နည္းျဖင့္သူမလိုဏ္ဂူအျပင္ဘက္သို႔ထြက္သြားေလသည္။

သူမ ဂူေပါက္ဝေရွ႕ေရာက္ေတာ့အျခားသူမ်ားကို တိုက္ခိုက္ေနသည့္ခ်ီယြမ္ကိုေတြ႕လိုက္ရသျဖင့္ မဲ့ျပဳံးျပဳံးလိုက္သည္။အမတ္ႀကီးက ခ်ီယြမ္အားေတြ႕ေသာအခါခ်က္ခ်င္း အျခားသူမ်ားကိုေခၚ၍တိုက္ခိုက္ေစရန္ အမိန႔္ေပးလိုက္သည္။ထိုမိစၧာမက အမတ္ႀကီးအားတားလိုက္ၿပီး သူကမူ လက္ပိုက္ၾကည့္ေနလိုက္သည္။

သူမေဘးပတ္ပတ္လည္ကိုၾကည့္မိေတာ့ေတာအုပ္တစ္ခုလုံးနီးပါးတြင္အဆင့္နိမ့္ဝိညာည္မ်ား၊အမ်ားစြာေသာ မေကာင္းဆိုးဝါးတို႔က
တျဖည္းျဖည္း ဝန္းရံကာ တိုးတိုးလာၾကသည္။

သူမ၏ ရဲရဲနီေနေသာႏွုတ္ခမ္းထက္တြင္လွပေသာ္လည္း ေရခဲတမၽွေအးစက္သည့္အျပဳံးကို ဖန္တီးလိုက္ရင္းခ်ီယြမ္၏ ေသြးတေတာက္ေတာက္က်ေနေသာလက္ေမာင္းဒဏ္ရာကို ၾကည့္လိုက္သည္။သူမက ျပဳံးလ်က္

"ေအာ္...ဘုရင္ႀကီးေတာင္ ငါ့ဆီ
လာလည္ေတာ့မွာပဲ.။ဧည့္ခံဖို႔ျပင္ဆင္ထားသင့္ၿပီ။"

သူမကလက္ေဖ်ာက္တခ်က္တီးလိုက္သည္။မည္သူမၽွမသိေသာ္လိုက္လည္းသူမ၏ ကိုယ္မွ အနီေရာင္အခိုးအေငြ႕တို႔ကပတ္ပတ္လည္ရွိ တေစၧ သရဲ မေကာင္းဆိုးဝါးမ်ားကို တမဟုတ္ခ်င္း လြင့္စင္သြားေစသည္။သူမကလက္ကိုျပန္ပိုက္လိုက္ရင္း

"ေတာ္ေလာက္ၿပီ....သူ႔ကိုအထဲဖမ္းေခၚလာခဲ့။.မေသေစနဲ႔ေနာ္။အဲ့တာက အရမ္းတန္ဖိုးရွိတယ္...."

"ဟုတ္ကဲ့ပါ....အရွင္သခင္မ...."

အမတ္ႀကီးက သူလူအားလုံးကိုအလုံးအရင္းဝင္ေရာက္တိုက္ခိုက္ေစလိုက္သည္။လူဦးေရအရမ္းမ်ားလာသည့္အျပင္လက္ကလည္းဒဏ္ရာရထားေသာေၾကာင့္ခ်ီယြမ္မည္သို႔မၽွ ဆက္မတိုက္နိုင္ေတာ့ေပ။ေနာက္ဆုံးတြင္ ထိုသူတို႔၏ခ်ဳပ္ေလွာင္ျခင္းကိုခံလိုက္ရေတာ့သည္။

ခ်ီယြမ္အား လိုဏ္ဂူအတြင္းသိူ႔ေခၚလာလိုက္ၿပီး လက္ေနာက္ျပန္ႀကိဳးတုတ္ထားကာဒူးေထာက္ေစလိုက္သည္။ေဘးတြင္ ေသးထြက္က်ကာငိုေနေသာ ေရွာင္က်ဴးက သူ႔ကိုေတြ႕ေတာ့ငိုသံပါႀကီးျဖင့္ေအာ္ေလသည္။

"ယြမ္ေလး...ယြမ္ေလး....ငါ့ကိုကယ္ပါ..."

" ေရွာင္က်ဴး....ဘာမွမျဖစ္ဘူး။ငါမင္းကိုအိမ္ျပန္ေခၚမယ္။စိတ္မပူနဲ႔.။."

ထိုအမ်ိဳးသမီးက ခ်ီယြမ္အားေသခ်ာစြာစိုက္ၾကည့္ေနသည္။ခ်ီယြမ္ကလည္း သူမကိုစိုက္ၾကည့္ေနရင္းအမတ္ႀကီးကိုျပန္ၾကည့္လိုက္သည္။

"အာဏာရွင္ေတြမ်ားေၾကာက္ဖို႔ေကာင္းခ်က္ဗ်ာ။ဒီေလာက္ထိ ရက္စက္ယုတ္မာလိမ့္မယ္လို႔လုံးဝထင္မထားဘူး။ တရား႐ုံးက အက်ဥ္းသားေတြေပ်ာက္ျခင္းမလွေပ်ာက္ေနတာ။

ဒီမေကာင္းဆိုးဝါးမကို ေကၽြးေနလို႔ေပါ့ေလ။ခင္ဗ်ားသူဆီက ဘာျပန္ရလည္းသိခ်င္စမ္းပါ့..."

အမတ္ႀကီးက ခ်ီယြမ္၏ မ်က္ႏွာအားလက္သီးျဖင့္တခ်က္ထိုးခ်လိုက္သည္။

"မင္းလို အဆင့္နိမ့္ကမ်ား......"

ခ်ီယြမ္က ပါးစပ္မွထြက္လာေသာေသြးအခ်ိဳ႕ကို ေထြးထုတ္လိုက္ၿပီး စူးစူးဝါးဝါးၾကည့္လိုက္သည္။ထိုအခါ ရပ္ၾကည့္ေနေသာအမ်ိဳးသမီးက

"အမတ္ႀကီး...သူ႔ကိုဒဏ္ရာရေအာင္မလုပ္နဲ႔ေလ။မၾကာခင္ ဧည့္သည္ေတာ္ႀကီးလာေတာ့မွာ။သူစိတ္ဆိုးရင္ ကၽြန္မလည္းမကယ္နိုင္ဘူးေနာ္...."

အမတ္ႀကီးက ေနာက္ျပန္ဆုတ္လိုက္ၿပီးထိုအမ်ိဳးသမီး အား အရိုအေသေပးလိုက္သည္။

"ဟုတ္ကဲ့ပါ...အရွင္သခင္မ...."

သူမကခ်ီယြမ္အနားသို႔သြားလိုက္ၿပီးျပဲေနေသာ ဝတ္႐ုံ၏ ေအာက္ကေသြးထြက္ေနေသာ ခ်ီယြမ္၏ လက္ဒဏ္ရာအားသူမ၏ လက္ညိဳးျဖင့္ထိကိုင္လိုက္သည္။

"အ့......"

ဒဏ္ရာကိုလာထိေသာေၾကာင့္ခ်ီယြမ္ကိုယ္က အနည္းငယ္တုန္သြားသည္။သူမက ခ်ီယြမ္အားၾကည့္ကာအနည္းငယ္ျပဳံးလိုက္ၿပီး သူ၏လက္တြင္ေပလာေသာ ေသြးတို႔ကို လၽွာျဖင့္ယက္ျပလိုက္သည္။ေသြး၏အရသာကို ခံစားရင္းသူမအေတာ္ႏွစ္ၿခိဳက္ေနပုံပင္။
ၿပီးေနာက္ခ်ီယြမ္အားၾကည့္လိုက္ရင္း

"ေယာက္်ားအေယာက္တစ္ရာရဲ့ေသြးကိုစုပ္တာနဲ႔ညီမၽွေနပါလား။ မင္းရဲ့ေသြးတစ္စက္က

ငါသာမင္းကိုရရင္....."

႐ုတ္တရက္ တိုက္ခက္လာေသာေလျပင္းတို႔မွာ လိုဏ္ဂူအတြင္းပ်ံႏွံေနသည္။သူမက တစ္ခုခုကိုသိလိုက္သည့္ဟန္ျပဳံးေနသည္။ေနရာတစ္ခုစီကို လိုက္ၾကည့္ေနရင္းသူမက ေအာ္လိုက္သည္။

"လာၿပီလား......"

သူမစကားဆုံးသည္ႏွင့္တေရြ႕ေရြ႕ေပၚေပါက္လာသည့္ ဝတ္႐ုံျဖဴႏွင့္လူတစ္ေယာက္။

ဆံႏြယ္မ်ားကို ထက္ဝက္ခန႔္စီးကာထက္ဝက္ခန႔္က ေက်ာျပင္ထက္၌ခ်ထားသည္။စီးေႏွာင္ကာထားသည့္ ဆံထုံးကိုမူနဂါးေခါင္းပတ္ျဖင့္ ခ်ဳပ္ေႏွာင္ထားသည္။ခ်ီယြမ္က လွည့္ကာၾကည့္မိေသာ္လည္းေမွာင္ရိပ္ေၾကာင့္ ဝတ္႐ုံျဖဴမွတစ္ပါး မျမင္ရေခ်။ထိုသူက ဝင္ဝင္လာျခင္းပင္အမတ္ႀကီးႏွင့္တကြ က်န္သူမ်ားကိုအိပ္စက္ေစလိုက္သည္။

ခ်ီယြမ္အနားကိုေရာက္ေတာ့ခ်ီယြမ္သည္လည္း ​ေျမျပင္တြင္ ေခြေခြေလးလဲက်ေနၿပီျဖစ္သည္။
သူက ခ်ီယြမ္ ေဘးမွ ျဖတ္ေလ်ာက္လိုက္ၿပီးထိုအမ်ိဳးသမီး ၏ ေရွ႕တြင္ရပ္လိုက္သည္။သူမကလက္ကိုပိုက္ထားလ်က္ပင္

"အခုမွပဲ လာလည္ေတာ့တယ္ေနာ္....."

"သူ႔အနံ့က သုံးေလာကကိုပ်ံ႕သြားၿပီ။မင္းလုပ္ထားတဲ့ အစီအရင္က တခဏေလာက္ပဲခံမွာ။ ငါအသက္ရွင္ေနေသးတယ္ဆိုတာကိုသူ ဆယ့္ရွစ္ႏွစ္မျပည့္ေသးခင္အထိသုံးေလာက သိလို႔မျဖစ္ဘူး။

ထပ္ၿပီးတိုက္ပြဲေတြျဖစ္လာရင္ ငါတို႔မိစၧာမ်ိဳးႏြယ္ပဲ။ရွုံးနိမ့္လိမ့္မယ္....ငါ့ရဲ့အခုစြမ္းအားကရွန္းဝူပိုင္ကို မွီနိုင္မွာမဟုတ္ေသးဘူး....."

"နင္ဘယ္လိုလုပ္မွာလဲ...."

ထိုသူကလဲက်ေနေသာ ခ်ီယြမ္အားတစ္ခ်က္ၾကည့္လိုက္သည္။

"ငါ့အနားမွာ ေခၚထားမွရေတာ့မယ္။ငါ့စြမ္းအားနဲ႔ ပိတ္ေလွာင္ထားလိုက္မယ္။သူ ၁၈ႏွစ္ျပည့္တာနဲ႔ သူ႔ဆီကငါ့ရဲ့ စြမ္းအားတစ္ဝက္ကို ျပန္ဆုပ္ယူမယ္.။"

"ယြင္းရန္....နင့္အသီးေလးကအခုေတာင္မွဲ႕ေနၿပီထင္တယ္ေနာ္။ဒါမွမဟုတ္...ငါမွဲ႕ေအာင္လုပ္ေပးရမလား..."

ယြင္းရန္က သူမအားအၾကည့္စူးစူးတို႔ျဖင့္ ၾကည့္လိုက္သည္။ထို႔ေနာက္ ခ်ီယြမ္အား အသာမခ်ီၿပီး
ေသြးထြက္ေနေသာဒဏ္ရာကိုေပ်ာက္ေစလိုက္သည္။

"ရြမ့္ဟြာ...မင္းသူ႔ကိုထိဖို႔ေတြးေတာင္မေတြးနဲ႔။"

ယြင္းရန္က ခ်ီယြမ္အားေပြ႕ခ်ီလာၿပီး ဂူအတြင္းမွထြက္လာသည္။ရြမ့္ဟြာက ေနာက္မွလွမ္းေအာ္သည္။

"သူ႔ကိုနင္ ကလဲ့စားေခ်ရမွာေနာ္။သူ႔ဆီမွာ ထပ္က်ဆုံးရမွာမဟုတ္ဘူး။နင့္ကိုသူဘာေတြလုပ္ခဲ့တယ္ဆိုတာ အျမဲသတိရေနပါ။သူ႔ကို ထပ္မခ်စ္မိေစနဲ႔...."

ယြင္းရန္၏ ေျခလွမ္းတို႔ကခတၱခဏ ရပ္တန႔္သြားသည္။ၿပီးမွသူကဆက္ေလ်ာက္လိုက္ရင္း

"ငါသိတယ္......"

ျပတ္သားလွသည့္ စကားတစ္ခြန္းကိုဆိုၿပီးေနာက္ ယြင္းရန္ ထြက္လာခဲ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі