Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 5
လော့လန်က ချီယွမ်နှင့်အကြည့်ချင်းဆုံလျက်

"ငါကလေ...မင်းကို ငါ့အနားမှာတသက်လုံးထားဖို့ စဉ်းစားထားမိတယ်။

ငါ့ကို နာကျင်အောင် လုပ်ရဲတဲ့တစ်ဦးတည်းသော လူတယောက်ဆိုတော့စိတ်လှုပ်ရှားမိတာတော့ အမှန်ပဲ။ဒါ့ကြောင့် ငါရိုးသွားတဲ့အချိန်ထိတော့မင်းမသေရသေးဘူး။

နုဖက်နေတဲ့အသားအရေနဲ့ယောက်ျားပျိုလေး တစ်ယောက်၊ သူ့ရဲ့ အရသာက ဘယ်လိုရှိမလည်းဆိုတာငါတကယ်ပဲခံစားကြည့်ဖို့မစောင့်နိုင်တော့ဘူး။"

လော့လန်က ချီယွမ်၏လက်မောင်း လက်ဖျံတို့ကို
သူ၏ လက်ညိုးဖြင့် ဟိုထောက် သည်ထောက်
လုပ်နေသည်။နောက်သို့ လက်ပြန်ကြိုးတုတ်ခံထားရသောကြောင့်ချီယွမ်က သူ့ကိုမျက်နှာလွှဲလိုက်ရင်းလက်ကို လှုပ်ခါလိုက်သည်။

"သူ့ကို အရင်လွှတ်ပေးလိုက်။သူ အန္တာရာယ်ကင်းတယ်ဆိုမှ ငါလက်ခံမှာ။."

လော့လန်က သူ့လက်ကိုပြန်ရုတ်လိုက်ပြီး အပြင်ဘက်ရှိသူ၏အစေခံတယောက်အား လှမ်းခေါ်လိုက်သည်။

"ရီကျူး။ဒီကောင်မလေးကို ခေါ်သွားလိုက်တော့။"

"ဟုတ်ကဲ့ပါသခင်လေး။"

ရီကျူးဆိုသူက ရှောင်းဟွာအား လက်မောင်းမှဆွဲကာခေါ်ထုတ်သွားတော့သည်။ရှောင်းဟွာက ချီယွမ်အားလှည့်ကြည့်လှည့်ကြည့်နှင့်ပင်

"ကိုကိုချီယွမ်........ "

ချီယွမ်က စိတ်ချစေချင်သည့်နှယ် ခေါင်းညိမ့်ပြရင်း

"ကိုကိုဘာမှမဖြစ်ဘူး။အမေ့ဆီကိုအမြန်ပြန်။သူစိတ်ပူနေတယ်။

ရှောင်းဟွာထွက်သွားပြီးသည်အထိချီယွမ်က တံခါးမကိုကြည့်နေဆဲ။ ပတ်ပတ်လည်ကိုစူးစမ်းကြည့်တော့နံရံတစ်ခု၏ထောင့်တနေရာတွင် ထောင်ထားသည့်ဓားရှည်တစ်ခုကိုသူတွေ့လိုက်သည်။လော့လန်က ချီယွမ်အားသူနှင့်အကြည့်ချင်းဆုံရန် မေးစေ့မှကိုင်ကာ ခေါင်းကို လှည့်စေလိုက်သည်။

"ကဲ....ညှိနှိုင်းလို့လည်းပြီးပြီဆိုတော့စလိုက်ကြရအောင်။."

ချီယွမ်က ဘာမှမပြောပေ။သူ၏ မျက်ဝန်းတို့က ထိုဓားရှည်ဆီ၌သာ။ ကြည့်ရသည်မှာ ဤသည်က လော့လန်၏လက်စွဲတော်ဓားပင်ဖြစ်ရမည်။
လော့လန်က ချီယွမ်အားပွေ့ချီလိုက်သည်။ချီယွမ်ကလည်း အလိုက်သင့်ပါလာလိုက်သည်။သူ၏ အိပ်ယာထက်၌ ပစ်ချလိုက်ပြီးကြိုးတုပ်ခံထားရသော ချီယွမ်၏အပေါ်မှအုပ်မိုးလိုက်သည်။

ချီယွမ်က သူ့ကိုကြည့်နေရင်းပင်သူ၏ ပူးကပ်ချည်နှောင်ခံထားရသောလက်နှစ်ဖက်ကို ပြသည်။

"ဒီပုံစံနဲ့ သက်တောင့်သက်သာရှိမယ်လို့ထင်နေတာလား။ကြိုးလေးဘာလေး ဖြည်မပေးချင်ဘူးလား.."

လော့လန်က ပြုံးလိုက်သည်။သူက ချီယွမ်၏ ခြေထောက်အားတုပ်နှောင်ထားသည့် ကြိုးအချို့ကိုသာဖြည်ပေးလိုက်သည်။ချီယွမ်က လက်ကိုထပ်မြှော​က်ပြရင်း

"ဒါတွေကရော။"

"လိုမှမလိုတာ။ မင်းက မင်းရဲ့​ခြေထောက်တွေကိုကားပေးဖို့ပဲလေ။လက်သုံးစရာမှမလိုတာကွာ။"

"မင်း....လူယုတ်မာ...."

"ဟားဟား........"

လော့လန်က အလျင်အမြန်ပင်ချီယွမ်၏ အင်္ကျီ တို့ကို ဆွဲဖြဲပစ်လိုက်သည်။ပြဲသွားသော အင်္ကျီ စအချို့တို့နှင့်ထွက်ကျလာသော အိတ်အသေးလေးတစ်လုံး။ဤသည်က ရှောင်းဟွာ ပေးထားသည့်အိတ်ကလေးပင်။

ပေါ်ထွက်လာသော နှင်းတမျှဖြူဖွေးသည့်အသားအရေတို့က လော့လန်အားအလွန်ဆွဲဆောင်နိုင်လွန်းသည်။ပုခုံးအနားရှိ အမှတ်အားမြင်တော့လော့လန် အနည်းငယ်ပြုံးလိုက်သည်။

"ဟမ့်....လှသားပဲ။မွေးရာပါ အမှတ်လား။"

ချီယွမ်က အပေါ်ပိုင်းလစ်ဟနေသောကြောင့်သူ့ကိုယ်သူပင် ပြန်မကြည့်ချင်လောက်အောင်အကြည့်ကိုလွှဲထားသည်။လော့လန်အမေးကို သူကခပ်ပြတ်ပြတ်ပင် ဖြေလိုက်သည်။

"ဟုတ်တယ်။"

"တကယ်ထူးဆန်းတဲ့အမှတ်ပဲ။မသိရင် တမင်လုပ်ထားတယ်တောင်ထင်ရလောက်တယ်။"

"မင်းလုပ်စရာရှိတာလုပ်ပါလား။ဘာလို့ဒီလောက် လျှာတွေရှည်နေရတာလဲ။"

လော့လန်က ချီယွမ်၏ မျက်နှာအားသူဘက်ဆွဲလှည့်ရင်းအကြည့်ဆုံစေသည်။

"မင်းငါ့ကိုကြည့်နေရမယ်လေ။မင်းရဲ့အော်ငိုသံတွေ ညည်းသံတွေကဒီညရဲ့ တိတ်ဆိတ်မှုကိုဖြိုခွင်းစေရမယ်။"

"မင်းက.... ခွေးလေါက်တေါင်အဆင့်မရှိတဲ့ကောင်..."

လော့လန်က ချီယွမ်၏ ပုခုံးရှိနှင်းပွင်ချပ်ပုံစံ အမှတ်အား လက်ဖြင့်အသာထိကြည့်လိုက်သည်။

"အ့......."

သူထိကိုင်ကြည့်၍မရပေ။ထိလိုက်သည်နှင့် ဓာတ်လိုက်သည့်နှယ်တုန်တက်သွားသည်။

"မင်းအမှတ်က.......ဟင်း....ထားလိုက်တော့..."

ချီယွမ်က မျက်ဝန်းတို့ကိုအသေမှိတ်ထားလိုက်သည်။တုတ်နှောင်ခံထားရသော လက်တို့ကိုမူယခုအချိန်ထိ ကြိုးစားဖြည်နေဆဲပင်။

ယခုအထိလည်း သူ့တွင်ဇဝေဇဝါဖြစ်ကာနေဆဲ။လိုက်လျော့သင့်လေသလား ရုန်းကန်သင့်လေသလား။ရှောင်ကျုူး မိခင်၏ စကားကလည်း
သူ၏ နားတွင် အထပ်ထပ်ကြားယောင်နေသည်။

ဤ ရွံစရာကိစ္စပြီးသည်နှင့် ရှောင်ကျူးတို့ကို
လုံခြုံသည့်နေရာသိူ့ ပို့ပေးပြီးဒီလူယုတ်မာအား သတ်ကာ မိမိကိုယ်ကိုလည်းအဆုံးစီရင်ပစ်လိုက်မည်။သူတွေးနေသည့်အချိန်တွင်ပင်လော့လန်က သူ၏ ရင်ဘတ်ကို လျှာဖြင့်ဆုပ်လိုက်၊ ယက်လိုက်လုပ်နေသည်။

ချီယွမ် အသံတစ်စမထွက်ပဲထိန်းချုပ်ကာထားသည်။ရွံရှာသည့်စိတ်က အန်ထွက်လုမတတ်ပင်။

"ဘယ်လိုလဲ။မခံနိုင်တော့ဘူးလား။"

"........."

လော့လန်က ချီယွမ်၏ ပုခုံးရှိထိုအမှတ်ကို ထပ်မံကာထိတွေ့ရင်းပင်ကိုက်ချလိုက်သည်။

"အား.!!!!!"

ချီယွမ်က နာကျင်မှုကြောင့်ရုတ်တရက်အော်လိုက်မိသော်လည်းချက်ချင်း သူ၏ ပါးစပ်ကို ပြန်စိပြီး အံကြိတ်လိုက်သည်။

သွေးစတို့က ပုခုံးမှ တဆင့် အနည်းငယ်စီးကျလာသည်။ထိုအခန်းမှ တစ်ဆင့် သွေးစတို့မှအခိုးအငွေ့သဖွယ် အပြာရောင်စွမ်းအားတို့က ထိုအခန်းတွင်းမှနေ၍ ကောင်းကင်တခွင်ပျံ့လွင့်ကာသွားတော့သည်။

လော့လန်က ချီယွမ် အားထပ်ထိရန် ကြိုးစားလိုက်စဉ်မှာပဲသူ၏ လက်က ချီယွမ် အနားသို့ မရောက်လိုက်ခင်ပင် လူက လွင့်ထွက်သွားသည်။

လစ်ဟာသွားသောကြောင့်ချီယွမ်က အမြန်ကုန်းထလိုက်ပြီးထောင့်တနေရာရှိ ဓားရှည်ကို ပြေးယူလိုက်သည်။လော့လန်က ပြန်ထရန် အားယူနေသေးသည်။

ချီယွမ်ကလက်နှစ်ဖက်ကိုပူးကပ်ထားရင်ပင်
ဓားအိမ်မှဓားကို ဆွဲထုတ်လိုက်ပြီး သူ၏လက်ရှိကြိုးများကိုဓား၏ အသွားဖြင့် ဖြတ်တောက်စေလိုက်သည်။ချီယွမ်ထို ဓားကို ကိုင်လိုက်ပြီးနောက်ထလာသော လော့လန်၏ လည်တိုင်ထက်တွင်တင်လိုက်သည်။လော့လန်က ချက်ချင်းပင်ကြောက်ရွံ့လာပြီး သူ၏လက်ကိုမြှောက်လိုက်ကာ

"ငါ့ကိုမသတ်ပါနဲ့။ငါ့ကိုမသတ်ပါနဲ့။ "

ချီယွမ်က သူ၏ ဓားကို လော့လန်၏ လည်ပင်းနားသို့ ပိုမိုကာနီးကပ်သည်အထိ ထောက်ထားလိုက်ရင်း

" ရှောင်ကျူး ဘယ်မှာလဲ။"

"သခင်လေး....ဘာဖြစ်....."

ရုတ်တရက်ဝင်ရောက်လာသည်ကလော့လန်၏ အစေခံပင်။ချီယွမ်က လော့လန်အားဂုတ်မှဆွဲယူလိုက်သည်။လည်တိုင်တွင် ဓားကိုထောက်ထားရင်း

" ရှောင်ကျူး ဘယ်မှာလဲ။"

အစေခံက ကြောက်ကြောက်နှင့်ပင်ပြောရန်ဖွင့်ဟနေသည်။ချီယွမ်က ချီတုံချတုံဖြစ်နေသောထိုအစေခံကြောင့်စိတ်မရှည်တော့သည့်နှယ်ထပ်မံကာအော်လိုက်သည်။

" ရှောင်ကျူးဘယ်မှာလဲလို့။ ငါမေးနေတယ်လေ။
မင်းမပြောရင် ငါသူ့ကိုသတ်လိုက်မှာ။"

လော့လန်၏ လည်ပင်းထက်သွေးစတို့ပေါ်ထွက်လာလေသည်။သူ့ကထိတ်လန့်လျက်ပင်

"ပြောလိုက်တော့။အမြန်ပြောလိုက်တော့။"

" ရီးဝူ တောထဲကို ခေါ်သွားကြတယ်။ယဇ်...ယဇ် ပူဇော်ဖို့။"

"ဘာ.!!!."

"ဟုတ်..ဟုတ်တယ်။လူကြီးမင်းကျူကခေါ်သွားတာ။သူကအမြဲ အပြစ်သားတချို့ကိုခေါ်သွားပြီးတော့ အဲ့ဒီမှာစီရင်ခိုင်းတယ်။အပြစ်သားလည်းသေ သူလည်းလိုချင်တာရအောင်.."

ချီယွမ်က မျက်မှောင်ကြုတ်လိုက်သည်၊။

" ရှောင်းဟွာ ရော....ဘယ်မှာလဲ။မင်းတို့သူ့ကိုပြန်မလွှတ်ပေးသေးဘူးဆိုတာ ငါသိတယ်။ သူ့ကိုအခုခေါ်လာခဲ့။."

လော့လန်က အမြန်ပင်ခေါ်လာခိုင်းလိုက်သည်။သူ၏ လည်ပင်းကဓားရာကြောင့်သွေးတို့စီးကျနေလေသည်။အစေခံက အမြန်ပင်ပြေး၍
ရှောင်းဟွာကိုခေါ်လာလိုက်သည်။ချီယွမ်က လော့လန်ကိုဓားဖြင့်ရွယ်ထားရင်းပင် အပြင်ဘက်သို့ထွက်လာခဲ့သည်။

"ကိုကိုချီယွမ်။"

ရှောင်းဟွာက ချက်ချင်းပင်အစေခံ၏လက်အတွင်းမှ ချီယွမ်ဆီသို့ပြေးထွက်လာလိုက်သည်။
ချီယွမ်၏ ဘေးတွင် ရပ်တန့်လိုက်ပြီးကိုက်ခံထားရသောကြောင့်သွေးတို့ထွက်နေသည့် ချီယွမ်၏ ပုခုံးအားသူမ၏ ဝတ်ရုံလက်ဖြင့် ဖိကာသုတ်ပေးလိုက်သည်။ချီယွမ်က သူမကိုကြည့်လိုက်ရင်း

" ရှောင်းဟွာ.... ရတယ်။အကိုဘာမှမဖြစ်ဘူး။
သွားကြရအောင်။အဒေါ့်ကိုသွားခေါ်ရအောင်။"

ရှောင်းဟွာက ငိုသံပါလေးဖြင့် ပြန်ဖြေကာခေါင်းကိုတစက်စက် ငုံ့ပြသည်။

"အွန်း....."

ချီယွမ်က လော့လန်ကို ဓားဖြင့်ရွယ်ထားလျက်ပင် အပြင်ဘက်သို့ထွက်လာသည်။သူ၏ နောက်တွင် ထိုအိမ်ရှိအစေခံများ အစောင့်များက
ဝန်းရံလျက်ပါလာကြသည်။ချီယွမ်ကလော့လန်အား ပြောလိုက်သည်။

"မင်းမသေချင်ဘူးဆိုရင်သူတို့ကို ဒီမှာပဲနေခဲ့ခိုင်းလိုက်။"

"မင်းတို့...ဒီမှာပဲနေခဲ့ကြ။."

ချီယွမ်က လော့လန်ကို သူနှင့်အတူခေါ်ထုတ်သွားသည်။ ဘေးတွင်ရှောင်းဟွာကကပ်လိုက်လာသည်။ကျန်သူများက လိုက်ရမလိုနေခဲ့ရမလိုဖြင့်ပင်ကျန်နေခဲ့ကြသည်။အိမ်ကိုရောက်တော့ ရှောင်ကျုူးမိခင်ကချီယွမ်တို့ကိုမြင်သည်နှင့်ချက်ချင်းပြေးလာသည်။

ရှောင်းဟွာ ကိုဖက်လျက်ငိုကြွေးလေသည်။သမီးဖြစ်သူမှာ ပြည့်တန်ဆာသဖွယ်ဝတ်ဆင်ထားမှုကြောင့် ယူကြုံးမရဖြစ်နေသည့်မိခင်တစ်ယောက်ငိုကြွေးသံမှာညအချိန်၏ တိတ်ဆိတ်မှုကိုဖြိုခွင်းသည်။ချီယွမ်က သူမ၏ပူဆွေးမှုကိုသိသည့်အတွက် စိတ်ချရန်စကားဆိုလိုက်သည်။

"အဒေါ်...ရှောင်းဟွာ ဘာမှမဖြစ်ခဲ့ပါဘူး။အခု လုပ်ရမှာက သိမ်းစရာရှိတာသိမ်းပြီးဒီကနေအမြန်ဆုံးထွက်သွားပါ။

အတတ်နိုင်ဆုံးမြို့တော်နဲ့ဝေးလေကောင်းလေပါပဲ ကျွန်တော် ရှောင်ကျုးကိုခေါ်လာခဲ့ပြီး အဒေါ်တို့ကိုလာရှာပါ့မယ်။."

ရှောင်းဟွာကပါ ဝင်ပြောသည်။

"ဟုတ်တယ်။အမေ...သမီးတို့အမြန်ဆုံးထွက်သွားရအောင်။သမီး အရမ်းကြောက်တယ်..."

ရှောင်ကျူး၏မိခင်မှာ ချီယွမ်၏ပုံစံကိုကြည့်၍ ပို၍ပင် အံ့သြမှင်သတ်နေရသည်။ခုနက လော့လန်၏ လက်ချက်ကြောင့်သွေးတိတ်သွားသော်လည်းအရာက ထင်နေသေးသည်။

ဖွေးဥနေသော ရင်ဘတ်မှာ လော့လန် ထိကိုင်ထားသောကြောင့်အညိုကွက်ကလေးများက ရှိနေသေးသည်။ဤသည်ကိုကြည့်၍သူမနားလည်လိုက်သည်။ချီယွမ်က ရှက်ရွံသည့်ပုံစံဖြင့်ခေါင်းကိုငုံ့လိုက်ရင်းရှောင်းဟွာကို အကူအညီတောင်းလိုက်သည်။

" ရှောင်းဟွာ အကို့ကို အပေါ်ဝတ်လေးတစ်ထည်လောက်ယူပေးလို့ရမလား။တစ်ထည်ပဲရှိတဲ့အဝတ်ကပြဲသွားလို့..."

ရှောင်းဟွာ က အမြန်ပင် အိမ်ထဲသို့ဝင်ကာသူ့အကို၏ အဝတ်ကို ယူပေးလိုက်သည်။ရှောင်းဟွာက အဝတ်အားကမ်းပေးလာတော့ မယူသေးပဲဓားရိုးဖြင့် လော့လန်၏ ခေါင်းအားအနောက်ဘက်မှနေ၍ ထုချလိုက်သည်။

လော့လန်မှာ ခွေးပေါက်စတစ်ကောင်၏အသံဖြင့်အော်ကာ မေ့လဲကျသွားတော့သည်။ ချီယွမ်က
ရှောင်းဟွာ လက်ထဲမှ အဝတ်ကိုယူလိုက်ပြီးဝတ်လိုက်သည်။

ရှောင်းဟွာ က လဲကျသွားသောလော့လန်၏ခါးအား သူမ၏ ခြေထောက်သေးသေးလေးတို့ဖြင့်
စောင့်ကန်နေသည်။

"လူယုတ်မာသေစမ်း။ကျက်သရေတုံးတဲ့ကောင်။နင်တစ်သက်လုံး ပြန်ထမလာနဲ့။."

ချီယွမ်က အဝတ်တို့ကိုဝတ်ဆင်လိုက်ပြီးနောက်...

"အမြန်...လိုအပ်မယ်ထင်တာကိုပဲယူပါ။အနောက်ဘက်ကို ပြေးပြီး...ကျွန်တော်တို့ကိုရွာတစ်ရွာမှာစောင့်နေပေးပါ။ရှောင်ကျူးကို ကျွန်တော်ခေါ်ပြီး လိုက်လာခဲ့ပါမယ်..."

ရှောင်းဟွာ နှင့် ရှောင်ကျူးမိခင်ကလိုအပ်သည့်အချို့ပစ္စည်းတို့ကိုအဝတ်ဖြင့်ထုတ်လိုက်ပြီးထွက်ရန်ပြင်လိုက်သည်။ရှောင်ကျူးမိခင်က ချီယွမ်ကိုငေးကြည့်ရင်း

"ကျေးဇူးပါ....."

ချီယွမ်က အရိုအသေပြုလိုက်ရင်း

"ကျွန်တော်ရှောင်ကျူးကို ခေါ်လာခဲ့ပါ့မယ်..."

ထို့နောက် ချီယွမ်က ရှောင်းဟွာ အားတစ်ချက်ကြည့်ကာ အမြန်ပင်လှည့်ထွက်လာလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေလာ့လန္က ခ်ီယြမ္ႏွင့္အၾကည့္ခ်င္းဆုံလ်က္

"ငါကေလ...မင္းကို ငါ့အနားမွာတသက္လုံးထားဖို႔ စဥ္းစားထားမိတယ္။

ငါ့ကို နာက်င္ေအာင္ လုပ္ရဲတဲ့တစ္ဦးတည္းေသာ လူတေယာက္ဆိုေတာ့စိတ္လွုပ္ရွားမိတာေတာ့ အမွန္ပဲ။ဒါ့ေၾကာင့္ ငါရိုးသြားတဲ့အခ်ိန္ထိေတာ့မင္းမေသရေသးဘူး။

ႏုဖက္ေနတဲ့အသားအေရနဲ႔ေယာက္်ားပ်ိဳေလး တစ္ေယာက္၊ သူ႔ရဲ့ အရသာက ဘယ္လိုရွိမလည္းဆိုတာငါတကယ္ပဲခံစားၾကည့္ဖို႔မေစာင့္နိုင္ေတာ့ဘူး။"

ေလာ့လန္က ခ်ီယြမ္၏လက္ေမာင္း လက္ဖ်ံတို႔ကို
သူ၏ လက္ညိဳးျဖင့္ ဟိုေထာက္ သည္ေထာက္
လုပ္ေနသည္။ေနာက္သို႔ လက္ျပန္ႀကိဳးတုတ္ခံထားရေသာေၾကာင့္ခ်ီယြမ္က သူ႔ကိုမ်က္ႏွာလႊဲလိုက္ရင္းလက္ကို လွုပ္ခါလိုက္သည္။

"သူ႔ကို အရင္လႊတ္ေပးလိုက္။သူ အႏၲာရာယ္ကင္းတယ္ဆိုမွ ငါလက္ခံမွာ။."

ေလာ့လန္က သူ႔လက္ကိုျပန္႐ုတ္လိုက္ၿပီး အျပင္ဘက္ရွိသူ၏အေစခံတေယာက္အား လွမ္းေခၚလိုက္သည္။

"ရီက်ဴး။ဒီေကာင္မေလးကို ေခၚသြားလိုက္ေတာ့။"

"ဟုတ္ကဲ့ပါသခင္ေလး။"

ရီက်ဴးဆိုသူက ေရွာင္းဟြာအား လက္ေမာင္းမွဆြဲကာေခၚထုတ္သြားေတာ့သည္။ေရွာင္းဟြာက ခ်ီယြမ္အားလွည့္ၾကည့္လွည့္ၾကည့္ႏွင့္ပင္

"ကိုကိုခ်ီယြမ္........ "

ခ်ီယြမ္က စိတ္ခ်ေစခ်င္သည့္ႏွယ္ ေခါင္းညိမ့္ျပရင္း

"ကိုကိုဘာမွမျဖစ္ဘူး။အေမ့ဆီကိုအျမန္ျပန္။သူစိတ္ပူေနတယ္။

ေရွာင္းဟြာထြက္သြားၿပီးသည္အထိခ်ီယြမ္က တံခါးမကိုၾကည့္ေနဆဲ။ ပတ္ပတ္လည္ကိုစူးစမ္းၾကည့္ေတာ့နံရံတစ္ခု၏ေထာင့္တေနရာတြင္ ေထာင္ထားသည့္ဓားရွည္တစ္ခုကိုသူေတြ႕လိုက္သည္။ေလာ့လန္က ခ်ီယြမ္အားသူႏွင့္အၾကည့္ခ်င္းဆုံရန္ ေမးေစ့မွကိုင္ကာ ေခါင္းကို လွည့္ေစလိုက္သည္။

"ကဲ....ညႇိႏွိုင္းလို႔လည္းၿပီးၿပီဆိုေတာ့စလိုက္ၾကရေအာင္။."

ခ်ီယြမ္က ဘာမွမေျပာေပ။သူ၏ မ်က္ဝန္းတို႔က ထိုဓားရွည္ဆီ၌သာ။ ၾကည့္ရသည္မွာ ဤသည္က ေလာ့လန္၏လက္စြဲေတာ္ဓားပင္ျဖစ္ရမည္။
ေလာ့လန္က ခ်ီယြမ္အားေပြ႕ခ်ီလိုက္သည္။ခ်ီယြမ္ကလည္း အလိုက္သင့္ပါလာလိုက္သည္။သူ၏ အိပ္ယာထက္၌ ပစ္ခ်လိုက္ၿပီးႀကိဳးတုပ္ခံထားရေသာ ခ်ီယြမ္၏အေပၚမွအုပ္မိုးလိုက္သည္။

ခ်ီယြမ္က သူ႔ကိုၾကည့္ေနရင္းပင္သူ၏ ပူးကပ္ခ်ည္ေႏွာင္ခံထားရေသာလက္ႏွစ္ဖက္ကို ျပသည္။

"ဒီပုံစံနဲ႔ သက္ေတာင့္သက္သာရွိမယ္လို႔ထင္ေနတာလား။ႀကိဳးေလးဘာေလး ျဖည္မေပးခ်င္ဘူးလား.."

ေလာ့လန္က ျပဳံးလိုက္သည္။သူက ခ်ီယြမ္၏ ေျခေထာက္အားတုပ္ေႏွာင္ထားသည့္ ႀကိဳးအခ်ိဳ႕ကိုသာျဖည္ေပးလိုက္သည္။ခ်ီယြမ္က လက္ကိုထပ္ေျမႇာ​က္ျပရင္း

"ဒါေတြကေရာ။"

"လိုမွမလိုတာ။ မင္းက မင္းရဲ့​ေျခေထာက္ေတြကိုကားေပးဖို႔ပဲေလ။လက္သုံးစရာမွမလိုတာကြာ။"

"မင္း....လူယုတ္မာ...."

"ဟားဟား........"

ေလာ့လန္က အလ်င္အျမန္ပင္ခ်ီယြမ္၏ အကၤ်ီ တို႔ကို ဆြဲျဖဲပစ္လိုက္သည္။ျပဲသြားေသာ အကၤ်ီ စအခ်ိဳ႕တို႔ႏွင့္ထြက္က်လာေသာ အိတ္အေသးေလးတစ္လုံး။ဤသည္က ေရွာင္းဟြာ ေပးထားသည့္အိတ္ကေလးပင္။

ေပၚထြက္လာေသာ ႏွင္းတမၽွျဖဴေဖြးသည့္အသားအေရတို႔က ေလာ့လန္အားအလြန္ဆြဲေဆာင္နိုင္လြန္းသည္။ပုခုံးအနားရွိ အမွတ္အားျမင္ေတာ့ေလာ့လန္ အနည္းငယ္ျပဳံးလိုက္သည္။

"ဟမ့္....လွသားပဲ။ေမြးရာပါ အမွတ္လား။"

ခ်ီယြမ္က အေပၚပိုင္းလစ္ဟေနေသာေၾကာင့္သူ႔ကိုယ္သူပင္ ျပန္မၾကည့္ခ်င္ေလာက္ေအာင္အၾကည့္ကိုလႊဲထားသည္။ေလာ့လန္အေမးကို သူကခပ္ျပတ္ျပတ္ပင္ ေျဖလိုက္သည္။

"ဟုတ္တယ္။"

"တကယ္ထူးဆန္းတဲ့အမွတ္ပဲ။မသိရင္ တမင္လုပ္ထားတယ္ေတာင္ထင္ရေလာက္တယ္။"

"မင္းလုပ္စရာရွိတာလုပ္ပါလား။ဘာလို႔ဒီေလာက္ လၽွာေတြရွည္ေနရတာလဲ။"

ေလာ့လန္က ခ်ီယြမ္၏ မ်က္ႏွာအားသူဘက္ဆြဲလွည့္ရင္းအၾကည့္ဆုံေစသည္။

"မင္းငါ့ကိုၾကည့္ေနရမယ္ေလ။မင္းရဲ့ေအာ္ငိုသံေတြ ညည္းသံေတြကဒီညရဲ့ တိတ္ဆိတ္မွုကိုၿဖိဳခြင္းေစရမယ္။"

"မင္းက.... ေခြးေလါက္ေတါင္အဆင့္မရွိတဲ့ေကာင္..."

ေလာ့လန္က ခ်ီယြမ္၏ ပုခုံးရွိႏွင္းပြင္ခ်ပ္ပုံစံ အမွတ္အား လက္ျဖင့္အသာထိၾကည့္လိုက္သည္။

"အ့......."

သူထိကိုင္ၾကည့္၍မရေပ။ထိလိုက္သည္ႏွင့္ ဓာတ္လိုက္သည့္ႏွယ္တုန္တက္သြားသည္။

"မင္းအမွတ္က.......ဟင္း....ထားလိုက္ေတာ့..."

ခ်ီယြမ္က မ်က္ဝန္းတို႔ကိုအေသမွိတ္ထားလိုက္သည္။တုတ္ေႏွာင္ခံထားရေသာ လက္တို႔ကိုမူယခုအခ်ိန္ထိ ႀကိဳးစားျဖည္ေနဆဲပင္။

ယခုအထိလည္း သူ႔တြင္ဇေဝဇဝါျဖစ္ကာေနဆဲ။လိုက္ေလ်ာ့သင့္ေလသလား ႐ုန္းကန္သင့္ေလသလား။ေရွာင္က်ဳူး မိခင္၏ စကားကလည္း
သူ၏ နားတြင္ အထပ္ထပ္ၾကားေယာင္ေနသည္။

ဤ ရြံစရာကိစၥၿပီးသည္ႏွင့္ ေရွာင္က်ဴးတို႔ကို
လုံျခဳံသည့္ေနရာသိူ႔ ပို႔ေပးၿပီးဒီလူယုတ္မာအား သတ္ကာ မိမိကိုယ္ကိုလည္းအဆုံးစီရင္ပစ္လိုက္မည္။သူေတြးေနသည့္အခ်ိန္တြင္ပင္ေလာ့လန္က သူ၏ ရင္ဘတ္ကို လၽွာျဖင့္ဆုပ္လိုက္၊ ယက္လိုက္လုပ္ေနသည္။

ခ်ီယြမ္ အသံတစ္စမထြက္ပဲထိန္းခ်ဳပ္ကာထားသည္။ရြံရွာသည့္စိတ္က အန္ထြက္လုမတတ္ပင္။

"ဘယ္လိုလဲ။မခံနိုင္ေတာ့ဘူးလား။"

"........."

ေလာ့လန္က ခ်ီယြမ္၏ ပုခုံးရွိထိုအမွတ္ကို ထပ္မံကာထိေတြ႕ရင္းပင္ကိုက္ခ်လိုက္သည္။

"အား.!!!!!"

ခ်ီယြမ္က နာက်င္မွုေၾကာင့္႐ုတ္တရက္ေအာ္လိုက္မိေသာ္လည္းခ်က္ခ်င္း သူ၏ ပါးစပ္ကို ျပန္စိၿပီး အံႀကိတ္လိုက္သည္။

ေသြးစတို႔က ပုခုံးမွ တဆင့္ အနည္းငယ္စီးက်လာသည္။ထိုအခန္းမွ တစ္ဆင့္ ေသြးစတို႔မွအခိုးအေငြ႕သဖြယ္ အျပာေရာင္စြမ္းအားတို႔က ထိုအခန္းတြင္းမွေန၍ ေကာင္းကင္တခြင္ပ်ံ႕လြင့္ကာသြားေတာ့သည္။

ေလာ့လန္က ခ်ီယြမ္ အားထပ္ထိရန္ ႀကိဳးစားလိုက္စဥ္မွာပဲသူ၏ လက္က ခ်ီယြမ္ အနားသို႔ မေရာက္လိုက္ခင္ပင္ လူက လြင့္ထြက္သြားသည္။

လစ္ဟာသြားေသာေၾကာင့္ခ်ီယြမ္က အျမန္ကုန္းထလိုက္ၿပီးေထာင့္တေနရာရွိ ဓားရွည္ကို ေျပးယူလိုက္သည္။ေလာ့လန္က ျပန္ထရန္ အားယူေနေသးသည္။

ခ်ီယြမ္ကလက္ႏွစ္ဖက္ကိုပူးကပ္ထားရင္ပင္
ဓားအိမ္မွဓားကို ဆြဲထုတ္လိုက္ၿပီး သူ၏လက္ရွိႀကိဳးမ်ားကိုဓား၏ အသြားျဖင့္ ျဖတ္ေတာက္ေစလိုက္သည္။ခ်ီယြမ္ထို ဓားကို ကိုင္လိုက္ၿပီးေနာက္ထလာေသာ ေလာ့လန္၏ လည္တိုင္ထက္တြင္တင္လိုက္သည္။ေလာ့လန္က ခ်က္ခ်င္းပင္ေၾကာက္ရြံ့လာၿပီး သူ၏လက္ကိုေျမႇာက္လိုက္ကာ

"ငါ့ကိုမသတ္ပါနဲ႔။ငါ့ကိုမသတ္ပါနဲ႔။ "

ခ်ီယြမ္က သူ၏ ဓားကို ေလာ့လန္၏ လည္ပင္းနားသို႔ ပိုမိုကာနီးကပ္သည္အထိ ေထာက္ထားလိုက္ရင္း

" ေရွာင္က်ဴး ဘယ္မွာလဲ။"

"သခင္ေလး....ဘာျဖစ္....."

႐ုတ္တရက္ဝင္ေရာက္လာသည္ကေလာ့လန္၏ အေစခံပင္။ခ်ီယြမ္က ေလာ့လန္အားဂုတ္မွဆြဲယူလိုက္သည္။လည္တိုင္တြင္ ဓားကိုေထာက္ထားရင္း

" ေရွာင္က်ဴး ဘယ္မွာလဲ။"

အေစခံက ေၾကာက္ေၾကာက္ႏွင့္ပင္ေျပာရန္ဖြင့္ဟေနသည္။ခ်ီယြမ္က ခ်ီတုံခ်တုံျဖစ္ေနေသာထိုအေစခံေၾကာင့္စိတ္မရွည္ေတာ့သည့္ႏွယ္ထပ္မံကာေအာ္လိုက္သည္။

" ေရွာင္က်ဴးဘယ္မွာလဲလို႔။ ငါေမးေနတယ္ေလ။
မင္းမေျပာရင္ ငါသူ႔ကိုသတ္လိုက္မွာ။"

ေလာ့လန္၏ လည္ပင္းထက္ေသြးစတို႔ေပၚထြက္လာေလသည္။သူ႔ကထိတ္လန႔္လ်က္ပင္

"ေျပာလိုက္ေတာ့။အျမန္ေျပာလိုက္ေတာ့။"

" ရီးဝူ ေတာထဲကို ေခၚသြားၾကတယ္။ယဇ္...ယဇ္ ပူေဇာ္ဖို႔။"

"ဘာ.!!!."

"ဟုတ္..ဟုတ္တယ္။လူႀကီးမင္းက်ဴကေခၚသြားတာ။သူကအျမဲ အျပစ္သားတခ်ိဳ႕ကိုေခၚသြားၿပီးေတာ့ အဲ့ဒီမွာစီရင္ခိုင္းတယ္။အျပစ္သားလည္းေသ သူလည္းလိုခ်င္တာရေအာင္.."

ခ်ီယြမ္က မ်က္ေမွာင္ၾကဳတ္လိုက္သည္၊။

" ေရွာင္းဟြာ ေရာ....ဘယ္မွာလဲ။မင္းတို႔သူ႔ကိုျပန္မလႊတ္ေပးေသးဘူးဆိုတာ ငါသိတယ္။ သူ႔ကိုအခုေခၚလာခဲ့။."

ေလာ့လန္က အျမန္ပင္ေခၚလာခိုင္းလိုက္သည္။သူ၏ လည္ပင္းကဓားရာေၾကာင့္ေသြးတို႔စီးက်ေနေလသည္။အေစခံက အျမန္ပင္ေျပး၍
ေရွာင္းဟြာကိုေခၚလာလိုက္သည္။ခ်ီယြမ္က ေလာ့လန္ကိုဓားျဖင့္ရြယ္ထားရင္းပင္ အျပင္ဘက္သို႔ထြက္လာခဲ့သည္။

"ကိုကိုခ်ီယြမ္။"

ေရွာင္းဟြာက ခ်က္ခ်င္းပင္အေစခံ၏လက္အတြင္းမွ ခ်ီယြမ္ဆီသို႔ေျပးထြက္လာလိုက္သည္။
ခ်ီယြမ္၏ ေဘးတြင္ ရပ္တန႔္လိုက္ၿပီးကိုက္ခံထားရေသာေၾကာင့္ေသြးတို႔ထြက္ေနသည့္ ခ်ီယြမ္၏ ပုခုံးအားသူမ၏ ဝတ္႐ုံလက္ျဖင့္ ဖိကာသုတ္ေပးလိုက္သည္။ခ်ီယြမ္က သူမကိုၾကည့္လိုက္ရင္း

" ေရွာင္းဟြာ.... ရတယ္။အကိုဘာမွမျဖစ္ဘူး။
သြားၾကရေအာင္။အေဒါ့္ကိုသြားေခၚရေအာင္။"

ေရွာင္းဟြာက ငိုသံပါေလးျဖင့္ ျပန္ေျဖကာေခါင္းကိုတစက္စက္ ငုံ႔ျပသည္။

"အြန္း....."

ခ်ီယြမ္က ေလာ့လန္ကို ဓားျဖင့္ရြယ္ထားလ်က္ပင္ အျပင္ဘက္သို႔ထြက္လာသည္။သူ၏ ေနာက္တြင္ ထိုအိမ္ရွိအေစခံမ်ား အေစာင့္မ်ားက
ဝန္းရံလ်က္ပါလာၾကသည္။ခ်ီယြမ္ကေလာ့လန္အား ေျပာလိုက္သည္။

"မင္းမေသခ်င္ဘူးဆိုရင္သူတို႔ကို ဒီမွာပဲေနခဲ့ခိုင္းလိုက္။"

"မင္းတို႔...ဒီမွာပဲေနခဲ့ၾက။."

ခ်ီယြမ္က ေလာ့လန္ကို သူႏွင့္အတူေခၚထုတ္သြားသည္။ ေဘးတြင္ေရွာင္းဟြာကကပ္လိုက္လာသည္။က်န္သူမ်ားက လိုက္ရမလိုေနခဲ့ရမလိုျဖင့္ပင္က်န္ေနခဲ့ၾကသည္။အိမ္ကိုေရာက္ေတာ့ ေရွာင္က်ဳူးမိခင္ကခ်ီယြမ္တို႔ကိုျမင္သည္ႏွင့္ခ်က္ခ်င္းေျပးလာသည္။

ေရွာင္းဟြာ ကိုဖက္လ်က္ငိုေႂကြးေလသည္။သမီးျဖစ္သူမွာ ျပည့္တန္ဆာသဖြယ္ဝတ္ဆင္ထားမွုေၾကာင့္ ယူၾကဳံးမရျဖစ္ေနသည့္မိခင္တစ္ေယာက္ငိုေႂကြးသံမွာညအခ်ိန္၏ တိတ္ဆိတ္မွုကိုၿဖိဳခြင္းသည္။ခ်ီယြမ္က သူမ၏ပူေဆြးမွုကိုသိသည့္အတြက္ စိတ္ခ်ရန္စကားဆိုလိုက္သည္။

"အေဒၚ...ေရွာင္းဟြာ ဘာမွမျဖစ္ခဲ့ပါဘူး။အခု လုပ္ရမွာက သိမ္းစရာရွိတာသိမ္းၿပီးဒီကေနအျမန္ဆုံးထြက္သြားပါ။

အတတ္နိုင္ဆုံးၿမိဳ႕ေတာ္နဲ႔ေဝးေလေကာင္းေလပါပဲ ကၽြန္ေတာ္ ေရွာင္က်ဳးကိုေခၚလာခဲ့ၿပီး အေဒၚတို႔ကိုလာရွာပါ့မယ္။."

ေရွာင္းဟြာကပါ ဝင္ေျပာသည္။

"ဟုတ္တယ္။အေမ...သမီးတို႔အျမန္ဆုံးထြက္သြားရေအာင္။သမီး အရမ္းေၾကာက္တယ္..."

ေရွာင္က်ဴး၏မိခင္မွာ ခ်ီယြမ္၏ပုံစံကိုၾကည့္၍ ပို၍ပင္ အံ့ၾသမွင္သတ္ေနရသည္။ခုနက ေလာ့လန္၏ လက္ခ်က္ေၾကာင့္ေသြးတိတ္သြားေသာ္လည္းအရာက ထင္ေနေသးသည္။

ေဖြးဥေနေသာ ရင္ဘတ္မွာ ေလာ့လန္ ထိကိုင္ထားေသာေၾကာင့္အညိဳကြက္ကေလးမ်ားက ရွိေနေသးသည္။ဤသည္ကိုၾကည့္၍သူမနားလည္လိုက္သည္။ခ်ီယြမ္က ရွက္ရြံသည့္ပုံစံျဖင့္ေခါင္းကိုငုံ႔လိုက္ရင္းေရွာင္းဟြာကို အကူအညီေတာင္းလိုက္သည္။

" ေရွာင္းဟြာ အကို႔ကို အေပၚဝတ္ေလးတစ္ထည္ေလာက္ယူေပးလို႔ရမလား။တစ္ထည္ပဲရွိတဲ့အဝတ္ကျပဲသြားလို႔..."

ေရွာင္းဟြာ က အျမန္ပင္ အိမ္ထဲသို႔ဝင္ကာသူ႔အကို၏ အဝတ္ကို ယူေပးလိုက္သည္။ေရွာင္းဟြာက အဝတ္အားကမ္းေပးလာေတာ့ မယူေသးပဲဓားရိုးျဖင့္ ေလာ့လန္၏ ေခါင္းအားအေနာက္ဘက္မွေန၍ ထုခ်လိုက္သည္။

ေလာ့လန္မွာ ေခြးေပါက္စတစ္ေကာင္၏အသံျဖင့္ေအာ္ကာ ေမ့လဲက်သြားေတာ့သည္။ ခ်ီယြမ္က
ေရွာင္းဟြာ လက္ထဲမွ အဝတ္ကိုယူလိုက္ၿပီးဝတ္လိုက္သည္။

ေရွာင္းဟြာ က လဲက်သြားေသာေလာ့လန္၏ခါးအား သူမ၏ ေျခေထာက္ေသးေသးေလးတို႔ျဖင့္
ေစာင့္ကန္ေနသည္။

"လူယုတ္မာေသစမ္း။က်က္သေရတုံးတဲ့ေကာင္။နင္တစ္သက္လုံး ျပန္ထမလာနဲ႔။."

ခ်ီယြမ္က အဝတ္တို႔ကိုဝတ္ဆင္လိုက္ၿပီးေနာက္...

"အျမန္...လိုအပ္မယ္ထင္တာကိုပဲယူပါ။အေနာက္ဘက္ကို ေျပးၿပီး...ကၽြန္ေတာ္တို႔ကိုရြာတစ္ရြာမွာေစာင့္ေနေပးပါ။ေရွာင္က်ဴးကို ကၽြန္ေတာ္ေခၚၿပီး လိုက္လာခဲ့ပါမယ္..."

ေရွာင္းဟြာ ႏွင့္ ေရွာင္က်ဴးမိခင္ကလိုအပ္သည့္အခ်ိဳ႕ပစၥည္းတို႔ကိုအဝတ္ျဖင့္ထုတ္လိုက္ၿပီးထြက္ရန္ျပင္လိုက္သည္။ေရွာင္က်ဴးမိခင္က ခ်ီယြမ္ကိုေငးၾကည့္ရင္း

"ေက်းဇူးပါ....."

ခ်ီယြမ္က အရိုအေသျပဳလိုက္ရင္း

"ကၽြန္ေတာ္ေရွာင္က်ဴးကို ေခၚလာခဲ့ပါ့မယ္..."

ထို႔ေနာက္ ခ်ီယြမ္က ေရွာင္းဟြာ အားတစ္ခ်က္ၾကည့္ကာ အျမန္ပင္လွည့္ထြက္လာလိုက္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі