Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 9
"အရှင်ရှန်းဝူပိုင်....."

သာယာလွန်းလှတဲ့သံစဉ်သဖွယ်အသံလေးတစ်ခုက ကျောခိုင်းထားသောထိုသူ၏ နားအတွင်းညှင်သာစွာ ဝင်ရောက်လာခဲ့သည်။ရှန်းဝူပိုင်က အသာလှည့်ကြည့်လိုက်ပြီးနောက်ပြုံးလိုက်ကာ သူမ၏ရှေ့သို့လျောက်လာပြီး ရပ်တန့်လိုက်သည်။

"ချန်ဟွားဖန်း။ဘာကိစ္စ ရှိလို့များလဲ။."

"ကျွန်မ လက်ဖက်ရည် လာဆပ်တာပါအရှင်။"

သူမက ဘေးရှိမလှမ်းမကမ်းနေရာရှိ ကြွေဖြူဖြင့်ပြုလုပ်ထားသည့်စားပွဲပေါ်တွင် ရှိနေသော မက်မွန်ပွင့်ကြွေလွှာတစ်ချို့အား သူမအနည်းငယ်ရှင်းလိုက်ပြီးလက်ဖက်ရည် ဗန်းအားအသာချလိုက်ကာ လှပစွာပုံဖော်ထားသောပန်းပွင့်သဏ္ဍာန် လက်ဖက်ရည်ဖန်ခွက်လေးအားကိုင်လိုက်ပြီး ရေနွေးအိုးအားအသာ လောင်းချလိုက်သည်။
ထို့နောက်သူမက ထိုဖန်ခွက်လေးအားရှန်းဝူပိုင်ထံ ကမ်းပေးလိုက်သည်။

"အရှင်....သုံးဆောင်တော်မူပါ။"

ရှန်းဝူပိုင်က သူ၏လက်တစ်ဖက်ကိုနောက်ပစ်ထားလျက်ပင်ကျန်လက်တစ်ဖက်ဖြင့်ထိုခွက်ကိုယူလိုက်သည်။ ချန်ဟွားဖန်း က ခေါင်းကိုငုံ့ကာထားလျက်ပင် သူမကမေးမြန်လေသည်။

"အရှင်....နျူးရဲ့ဥယျာဉ်တော်မှာရှိနေတာဆိုတော့အရှင်သူ့ကိုသတိရမိနေပြန်ပြီလား။"

ထိုစကားကိုကြားတော့ရှန်းဝူပိုင်ကနှုတ်ခမ်းဝတွင် တေ့ကာထားသော လက်ဖက်ရည်ခွက်အား ပြန်ခွာလိုက်ပြီး လက်ထဲတွင်ဆက်ကိုင်ထားလျက်ပင်
​ေရှ့ရှိထိုင်ခုံတစ်ခုတွင်ဝင်ထိုင်လိုက်သည်။

ချန်ဟွားဖန်း ကို သူကြည့်လိုက်တော့မမေးသင့်သည့်မေးခွန်းကိုမေးလိုက်မိသည့်သူတစ်ယောက်နှယ် သူမက ခေါင်းကိုအသေငုံ့ကာထားသည်။ရှန်းဝူပိုင် က သက်ပြင်းတစ်ချက်ချလိုက်ပြီး

"မင်းစဉ်းစားကြည့်...ဒီဥယျာဉ်ကြီးကအရမ်းသာယာတယ်လို့မထင်ဘူးလား။အရမ်းလည်းတိတ်ဆိတ်ငြိမ်းချမ်းလွန်းတယ်။အရင်ကတော့ဒီလိုမဟုတ်ပေမဲ့ပေါ့။

နတ်မင်းတွေရဲ့ အဆိုတင်သွင်းတဲ့စကားမျိုးစုံကိုငါနားမထောင်ချင်တော့တဲ့အခါ၊ ဒါမှမဟုတ်ငါ့မှာစိတ်ရှုပ်စရာတွေ ရှိလာတဲ့အခါ၊ ဒီနေရာက ငါစိတ်ကိုသက်သာရာရစေတယ်။

ဒီဥယျာဉ်တစ်ခုလုံးက ပန်းရောင်မက်မွန်ပန်းတွေ၊ ပွင့်ရွက်ကြွေလွှာတွေနဲ့ပြည့်နှက်နေကြတယ်။ ဘယ်လောက်လှလိုက်သလဲ။လူ့ပြည်မှာရော ဒီလိုနေရာရှိမယ်လို့မင်းထင်လား။"

ရှန်းဝူပိုင်ကသူမကို ပြုံးလျက်ကြည့်ကာမေးမြန်းလိုက်သည်။သူမက ရှန်းဝူပိုင် အားမသိမသာပြန်ကြည့်လိုက်ပြီးနောက်ပြန်ငုံ့ကာသွားသည်။ချန်ဟွားဖန်း သည် ပန်းလောက၏နတ်သမီးတစ်ပါးဖြစ်သည်။ သူမ၏ရွှေအဆင်းသဖွယ်တင့်တယ်ကာဘယ်သောအခါမှညိုးနွမ်းမသွားနိုင်လောက်သည့်ပန်းတစ်ပွင့်သဖွယ်လှပလွန်းသည်။
သူမသည် သုံးလောကအလည်ရှိအမတ ပန်းဥယျာဉ်တွင်နေထိုင်သည့်ဘုရင်မတစ်ပါးလည်းဖြစ်သည်။

သူမ၏အချိန်အများစုကို ကောင်းကင်ဘုံတွင်သာဖြတ်သန်းလေ့ရှိသည်။အဓိကအကြောင်းအရင်းကမူရှန်းဝူပိုင်ကြောင့်ပင်။သူမရှန်းဝူပိုင်အား လွန်ခဲ့သည့် နှစ်ငါးထောင်ခန့်ကသူမ စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစတင်၍ မြင်မြင်ချင်းနှစ်သက်မြတ်နိုးစွဲလမ်းခဲ့မိသည်။

ထို သူ၏ ဝေယျာဝစ္စ များကိုသူမအတတ်နိုင်ဆုံးလုပ်ပေးရသည်ကိုသူမကနှစ်သက်သည်။ရှန်းဝူပိုင်က ယခုအချိန်ထိသိပုံမရသေးပေ။သူက မိမိ၏လက်အောက်ငယ်သားသဖွယ်သာသူမကိုဆက်ဆံလေ့ရှိသည်။ထို့အပြင် ကောင်းကင်မင်းကြီး သည်ဘယ်သောအခါမှ ခက်ထန်သည့်မျက်နှာထားမျိုးမရှိခဲ့ဖူးပေ။ အမြဲတမ်းလိုလိုတည်ကြည်နေတက်သော်လည်းသူ၏ အပြုံးကိုမကြာခဏတွေ့ရတက်သည်။

ရှန်းဝူပိုင်၏ မျက်နှာသွင်ပြင်သည်အလွန်ချောမောခန့်ညားတည်ကြည်လှသည်။သုံးလောကတွင် အခန့်ညားဆုံးနတ်သား တစ်ပါးဟုပြောစမှတ်ပြုရမည့်သူမျိုး။

သူသည်အရာရာတွင် နံပါတ်တစ်သဖွယ်။ယွင်းရန်သည်ပင် သူနှင့်ယှဉ်လျင် နံပါတ်နှစ်နေရာရောက်ပေးလိမ့်မည်။သို့သော်နှစ်ဦးလုံးက ဤသည်ကို စိတ်မဝင်စားပေ။

ရှန်းဝူပိုင်က အဖြူရောင် ဝတ်ရုံလွှာကြီးကိုခန့်ညားတင့်တယ်စွာဝတ်ဆင်ထားသည်။ဝတ်ရုံ၏လက်နှင့်အချို့အောက်ခြေအနားတို့တွင်ရွှေရောင်ရောယှက်ထားသောကနုတ်ပန်းခတ်တို့က ဝတ်ရုံကို နဂါးတစ်ကောင်သဖွယ် ကပ်တွယ်နေကြသည်။ရှန်းဝူပိုင်၏ဆံနွယ်များသည် မီးခိုးရောင်သဖွယ် နှင့် အဖြူရောင်ဆံသားတို့ကပါပါဝင်နေသေးသည်။

နတ်သဘင်အစည်းအဝေးမရှိသည့်နေ့များတွင်မူအမြဲလိုလိုဆံနွယ်တွေအား စီးနှောင်ခြင်းမရှိပဲလွတ်လပ်သည့်အသွင်ဖြင့် ချကာထားသည်။
ဆံနွယ်တို့သည်လည်း ဒူးအထက်ထိပင်ရှည်လျားလှသည်။

ယနေ့တွင်သူသည် ဆံနွယ်ထက်ဝက်ခန့်ကိုစည်းနှောင်ကာ ထိုဆံနွယ်တို့အားဆံထိုးတစ်ခုဖြင့် ထိန်းချုပ်ထားသည်။

ရှန်းဝူပိုင် ၏ခေါင်းထက်ရှိဆံနွယ်တိူ့တွင်ထိူးထားသောကျောက်စိမ်းဖြူဆံထုံး၏ထိပ်အရှေ့ပိုင်းသည် နှင်းပွင့်ချပ်သဏ္ဍာန် ပုံဖော်ကာထားသည်။ဆံထိုး၏ ကိုယ်ထည်တလျောက်သည်နဂါးတစ်ကောင်၏ ကိုယ်ခန္တာပုံစံထုလုပ်ကာထားပြီး ထိုကိုယ်ထည်သည် ကျောက်စိမ်းဖြူကိုအဓိကထားထွင်းထုထားသည်။ရိုးရှင်းသည့်ပုံစံပေါ်သော်လည်းထိုရိုးရှင်း​ခြင်းကပင်အလွန်လှပနေခြင်းဖြစ်သည်။ချန်ဟွားဖန်း က ဖြေလိုက်သည်။

"လူပြည်ကတော့ အရှင့်ရဲ့ကောင်းကင်တိုင်းပြည်ကို အဘယ်ကြောင့်ယှဉ်နိုင်ပါမည်လဲ။"

ရှန်းဝူပိုင်က သူမ၏ အဖြေကြောင့်ရီလိုက်သည်။သူက ရုတ်တရက်ပင် သူ၏လက်ပေါ်၌ပင် ယပ်တောင်တစ်ချောင်းကိုဖန်ဆင်းလိုက်သည်။
ဤသည်က သူ၏လက်စွဲတော်လက်နတ်ပင်။

ယပ်တောင်ကို ဖြန့်လိုက်ကာအသာလှုပ်ခတ်လိုက်သည်နှင့်မက်မွန်ပန်းပွင့်ချပ်ကလေးများသည်သက်ဆိုင်ရာအပင်တို့မှ နေ၍ညှင်သာစွာလွုပ်ခတ်ကာနေကြသည်။ကြွေ့လွင့်သွားသည့်အရွက်လေးများကလည်းလေနှင့်အတူ လွင့်ပါနေကြသည်မှာ မြေပြင်နှင့်ပင်မထိတွေ့ချင်ကြတော့သဖွယ်။

ရှန်းဝူပိုင်က သူ၏လက်ဖက်ရည်အားဆက်သောက်နေလိုက်ရင်းသူမကိုတစ်ချက်ကြည့်လိုက်သည်။

"မင်း..သွားလို့ရပြီ။"

"ဟုတ်ကဲ့ပါ..အရှင်။."

သူမက ရှန်းဝူပိုင် အားလှည့်ကြည့်လှည့်ကြည့်ဖြင့်ပင်ထွက်လာခဲ့လိုက်သည်။ထိုသူအား ယနေ့မိမိ၏ရင်တွင်းခံစားချက်များကိုထုတ်ပြောရန်ကြိုးစားမိသော်လည်း သူရှေ့၌ပင်ပြောစရာတို့ပျောက်ရှနေခဲ့ပြန်လေပြီ။

ရှန်းဝူပိုင်အား ကြည့်ရသည်မှာလည်းတစ်ခုခုကို စိတ်မကောင်းဖြစ်နေသည့်ပုံစံပင်။ထို့ကြောင့်သူမအတွက် ဤသည်က အချိန်ကောင်းမဟုတ်နိုင်သည့်အတွက် သူမတစ်ကြိမ်ထပ်မံကာလက်လျော့ရပြန်ပြီ။ရှန်းဝူပိုင်ကမူ ထိုခုံနေရာတွင်ထိုင်နေရင်းပင်သူ၏ အပေါ်ရှိ အုပ်မိုးကာထားသောမက်မွန်ပင်ကြီးအားမော့ကြည့်နေလေ၏။

......................................................

ယနေ့သည် ကျူးယွီတိုင်းပြည်ကြီး၏ဘုရင်မင်းမြတ်ဖြစ်သော ရှန်ချင်းပိုင်၏မိဖုရားတင်မြှောက်ပွဲအခမ်းအနားဖြစ်သည်။

ဘုရင်မင်းမြတ်၏ ကျက်သရေရှိလှသောမင်္ဂလာ သတင်းကြောင့်တစ်တိုင်းပြည်လုံး ပျော်ရွှင်နေကြသည်။ပထမဦးဆုံး ရွေးကောက်သည့်မိဖုရားဖြစ်သောကြောင့် မိဖုရားခေါင်ကြီးအထိ သူမတတ်လှမ်းနိုင်မည်ကို ယုံကြည်နေကြသည်။

ဘုရင်မင်းမြတ် ကချစ်မြတ်နိုး၍တော်ကောက်ကြောင်းကိုလည်း သိနှင့်ကြသည်။နန်းတော်ကြီးတစ်ခုလုံး တွင်မက နန်းတော်အပြင်ဘက်တွင်ပါ အနီရောင် ဖဲကြိုးများ ဖဲပွင့်များကို
လမ်းတိုင်းတွင်ချိတ်ဆွဲကာထားကြသည်။ဝေဟင်မှလှမ်းကြည့်လျင်ပင် တိုင်းပြည်ကြီးတစ်ခုလုံး ရဲရဲနီနေလေ၏။ ထိုအထိန်းအမှတ်အတွက်လည်း တိုင်းပြည်တစ်ခုလုံးအား တစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲပြုလုပ်ခွင့်ပေးပေလိမ့်မည်။

နန်းတော်ကြီး၏ အဆောင်တိုင်းတွင်လည်းအနီရောင်ကြိုးစည်များသာမကမင်္ဂလာ ရှိသော စာလုံးတို့ကိုပါတံခါး ပြတင်းပေါက် နေရာလွတ်မကျန်လိုက်ကပ်ထားသေးသည်။

ယွင်းရန်က သူ၏စာကြည့်စားပွဲတွင်အခန့်သားထိုင်ကာ လက်ရေးလှလေ့ကျင့်နေသည်။
မိစ္ဆာ ဘုရင်ဟုဆိုသော်လည်း ယွင်းရန်သည် စာရေးစာဖတ်ကိုဝါသနာပါသည်။ကြည့်ရသည်မှာ သူ၏ ပင်ကိုယ်စိတ်နှလုံးက နူးညံ့သည့်ပုံစံပင်။သူ၏ မိစ္ဆာ နန်းတော်ဖြစ်သော ယွီယွန်းဖူ တွင်စာကြည့်တိုက်သဖွယ်သုံးလောကရှိစာပေကောင်း၊ စာအုပ်ကောင်းများကို ထိန်းသိမ်းထားသည်။

ထိုစာကြည့်တိုက်အခန်းသည်ပင် ဆယ်ဧကနီးပါး ကျယ်ဝန်းလှသည်။ချီယွမ်က ယွင်းရန်ဘေးတွင်ပျင်းရိပျင်းတွဲ ဖြင့်ထိုင်ကာ မှင်သွေးပေးနေသည်။သုံးခါလောက်မှင်တုံးအား သွေးလိုက်၊  ပါးစပ်ကိုလက်ဖြင့်အုပ်ကာ တဝါးဝါးသမ်းလိုက်နှင့်ယွင်းရန်ကိုစနေသည်။

ယွင်းရန်က သူ့ကိုပင်ဂရုမထားသည့်သဖွယ်။ပိုဆိုးသည်က ရှိသည်ဟုပင်မထင်သည့်ပုံစံ။သူတို့၏ ရှေ့တွင်မူ ပန်းဖွားတပ်သူများနှင့်မင်္ဂလာစာလုံးကပ်သူများက အလုပ်ရှုပ်နေကြသည်။

ချီယွမ်က စားပွဲတွင်မေးထောက်လိုက်ပြီးယွင်းရန်ကို ခေါင်းစောင်းကြည့်သည်။ယွင်းရန်ကသူ၏ ဝတ်ရုံလက်တဖက်အားသိမ်းယူထားပြီး ကျန်တဖက်ဖြင့်စာလုံးလှရေးနေဆဲပင်။

"အဖိုးကြီး....."

"........."

"အဖိုးကြီး......."

"..........."

ချီယွမ်ဘယ်လောက်ပင်ခေါ်ခေါ်ထိုသူကတချက်ပင်လှည့်မကြည့်သလိုအသံတစ်သံပင်ပြန်မပြုချေ။ချီယွမ်က လက်တဖက်တွင်ကိုင်ထားသော
မှင်တုံးအား ထိုမှင်ခွက်ထဲတွင်ပင်ပစ်ချလိုက်ပြီး
သူ၏ ကိုယ်ခန္တာ အားလှဲချလိုက်သည်။ပြီးနောက်အသံကျယ်ကြီးဖြင့်

"အား!!!!!!! ပျင်းလိုက်တာ...ပျင်းလိုက်တာ။အပြင်မှာသွားကဲလို့ရရင်ကောင်းမယ်။အရင်လိုသူများကို မလိမ်ရတော့လူကနေလို့မကောင်းဘူး။

ကြာလာလို့စိတ်ဆင်းရဲလာရင်ဒီအသားက စားလို့ကောင်းပါတော့မလား။"

သူကအော်နေရင်းပင်ယွင်းရန်ကို ပြူးကြည့်လိုက်သေးသည်။အလှဆင်နေကြသောနန်းတွင်းသူ များကသူ့ကိုကြောင်ကြည့်နေကြသည်။

ယွင်းရန်က သူ၏ စာရေးနေခြင်းကိုရပ်တန့်လိုက်ပြီးသက်ပြင်းချလိုက်သည်။ပြီးမှသူကစာကိုဆက်ရေးသည်။ချီယွမ်ကမျက်စောင်းထိုးလိုက်သည်။သူက ယွင်းရန်၏ ကိုယ်ခန္တာ ရှိရာဘက်အားခြေဆင်းထားသည်။

ယွင်းရန်က ခြေနှစ်ဖက်ကိုခွေကာထိုင်နေသည်။
ချီယွမ်က သူ၏ခြေမဖြင့် ယွင်းရန်၏ပေါင်အား
မထိတထိသွားလုပ်နေ၏။ယွင်းရန်က မည်သိူ့မျှ​နေပုံမရချေ။

ချီယွမ်က မထိတထိအနေအထားမှသူ၏ခြေဖဝါးဖြင့် ယွင်းရန်၏ပေါင်တစ်လျောက်ကိုပွတ်နေသည်။ မျက်နှာကလည်းပြုံးစိစိဖြင့်ပင် ကျေနပ်ပြုံးပြုံးနေလေ၏။

အတော်ကြာမှ ယွင်းရန်ကသူ၏ စုတ်တံကို ရုတ်တရက် ပစ်ချလိုက်သည်။သူကတည်ငြိမ်စွာနေနေရင်းမှချီယွမ်ကို ကြည့်လိုက်သည်။ချီယွမ်က မူ ယွင်းရန်၏ပေါင်တံအားပွတ်သပ်နေသည့်သူ၏ခြေထောက်၌သာအကြည့်ရောက်နေသဖြင့်ယွင်းရန်၏ မျက်နှာကြီးကိုသူမတွေ့သေးပေ။

ယွင်းရန်က ရုတ်တရက်ပင်ချီယွမ်၏လက်ကောက်ဝတ်နှစ်ဖက်ကိုသူ၏ လက်နှစ်ဖက်ဖြင့်ချုပ်ကာကြမ်းပြင်နှင့်ကပ်ထားလိုက်သည်။ချီယွမ်၏ အပေါ်တွင် အုပ်မိုးလိုက်ပြီးချီယွမ်ကို စိုက်ကြည့်လိုက်သည်။

"ငါ...လုပ်ရင်မင်းခံနိုင်လို့လား။"

"........."

ချီယွမ်က ယွင်းရန်၏စကားကြောင့်ယွင်းရန်အားကြည့်နေရင်းပင် ကြက်သေသေသွားသည်။ပြီးမှ အရှက်ပြေရီလိုက်ပြီး

"အယ်....အဖိုးကြီးကလည်း ကျွန်တော်က စနေတာပါ။ဖယ်...ဖယ်..မကြိုက်ရင်နောက်ခါမစတော့ဘူး။"

ချီယွမ်က ရုန်းရန်ကြိုးစားသည်။သို့သော် သူ၏ ခေါင်းမှတပါး ကျန်သောနေရာများကပါမလာပေ၊။

ချီယွမ်ခေါင်းလေးထောင်ကာအခြားဘက်တွေကိုကြည့်မိတော့နန်းတွင်းသူများ တစ်ယောက်မှပင်မရှိတော့ချေ။ချီယွမ်၏ကြောင်တောင်တောင်အတွေးတချို့က ပေါတောတောဖြင့်ပင်ပေါ်ပေါက်လာသည်။

(ဘာလည်း...ရှောင်ပေးတာလား။ငါတို့ကိုတခုခုလုပ်တော့မယ်လို့ထင်သွားတာလား။

ဒီလူကြီးက နဂိုထဲကဒီလိုကြီးလား။အမလေး...သနားစရာယောက်ျားသားဘဝတွေ သူ့လက်ထဲဘယ်လောက်များဆုံးရှုံးဖူးပြီးပြီလဲ။

အသားစားရုံမလောက်လို့ အရိုးပါကိုက်တဲ့ခွေးအိုကြီးများလား။)

ချီယွမ်၏ မျက်ဝန်းအကြည့်တွေကထူးဆန်းလာတာကြောင့် ယွင်းရန်သူ့အားပြန်လွှတ်ပေးလိုက်သည်။သူ၏ လုပ်လက်စအလုပ်ကိုပြန်လုပ်ရင်း

"ငြိမ်ငြိမ် မနေရင် ရေနှစ်သတ်မယ်။"

ချီယွမ်ကလည်း ပြန်ထလိုက်ပြီး

"အဖိုးကြီး....အရင်က ချစ်ဖူးလား။"

ထိုအမေးကြောင့် ယွင်းရန်၏ ကိုယ်ခန္တာ တစ်ခုလုံးက ကျောက်ရုပ်သဖွယ်ရပ်တန့်သွားသည်။ပြီးမှသူကစာကိုဆက်ရေးလိုက်ရင်း

"ငါ အချစ်ကို အရမ်းမုန်းတယ်။ရွံ့တယ်။ မရှိရင်ကောင်းမယ်လို့တွေးတယ်။ အချစ်သာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ သက်ရှိသာဆို ငါသူ့ကိုဘယ်တော့မှထပ်ပေါ်မလာနိုင်အောင် အမှုန့်ချေပစ်မယ်။"

"အမ်...ဘာလို့လဲ။ အချစ်ဆိုတာမရှိရင်...အွတ်.."

ချီယွမ်က ယွင်းရန်၏အဖြေကြောင့်နားမလည်နိုင်စွာပြောရန်ပြင်စဉ်တွင်ပင် ရုတ်တရက် အပေါ်ဘက်နေရာတွင်ချိတ်ထားသော ဖဲ ကြိုးအဝတ်အနီကချီယွမ်၏ ပါးစပ်ကို ပိတ်ကာ ချည်နှောင်လိုက်ကြသည်။ယွင်းရန်က အေးဆေးစွာပင်

"အခမ်းအနားစရင်ပြန်ဖြေပေးမယ်။အခုဒီအတိုင်းနေ။"

ချီယွမ်က ဂနာမငြိမ်စွာ သူ၏ပိတ်ခံထားရသောပါးစပ်ရှေ့ရှိအဝတ်နီအား ဖြုတ်ရန်ကြိုးစားနေသည်။မည်သို့ပင်လုပ်ပါစေ ထိုအရာကလျော့ပင်မလာချေ။

"အွတ်...အွတ်...အွန်း..အွန်း...."

ချီယွမ်က သူ့ပါးစပ်အား လက်ညိုးထိုးကာအော်နေသည်။ပါးစပ်ပိတ်ခံရသောကြောင့်ဗလုံးပထွေး အသံများမှအပမကြားရချေ။ထိုအခါ ယွင်းရန်က သူ၏ပုံစံအားတစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

ချီယွမ်က သူ့အားလွှတ်ပေးတော့မည်အထင်ဖြင့်
ပါးစပ်ပိတ်ထားသည့်ကြားမှ မျက်ဝန်းအစုံကိုလည်းမှေးကျည်းကာပြုံးသလိုလုပ်ပြလိုက်သည်။

ယွင်းရန်က စုတ်တံကိုင်ထားသောသူ၏ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့်ပတ်ပတ်လည် ချိတ်ထားသည့်အဝတ်နီများ ချီယွမ်အားမန်မီရုပ်လောင်းထုတ်ထားသလိုပင်ရစ်ပတ်လိုက်ကြသည်။မင်္ဂလာ ဟူသည့်စာလုံးကပ်ခွာလေးတစ်ခုသည်ပင်ချီယွမ်၏ နှဖူးတွင် လာကပ်နေသေးသည်။ ထို့နောက်ချီယွမ်တစ်ယောက် နောက်ဆုံးတွင်ငြိမ်ကျသွားတော့သည်။

(ချီးပဲ......)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အရွင္ရွန္းဝူပိုင္....."

သာယာလြန္းလွတဲ့သံစဥ္သဖြယ္အသံေလးတစ္ခုက ေက်ာခိုင္းထားေသာထိုသူ၏ နားအတြင္းညွင္သာစြာ ဝင္ေရာက္လာခဲ့သည္။ရွန္းဝူပိုင္က အသာလွည့္ၾကည့္လိုက္ၿပီးေနာက္ၿပဳံးလိုက္ကာ သူမ၏ေရွ႕သို႔ေလ်ာက္လာၿပီး ရပ္တန႔္လိုက္သည္။

"ခ်န္ဟြားဖန္း။ဘာကိစၥ ရွိလို႔မ်ားလဲ။."

"ကြၽန္မ လက္ဖက္ရည္ လာဆပ္တာပါအရွင္။"

သူမက ေဘးရွိမလွမ္းမကမ္းေနရာရွိ ေႂကြျဖဴျဖင့္ျပဳလုပ္ထားသည့္စားပြဲေပၚတြင္ ရွိေနေသာ မက္မြန္ပြင့္ေႂကြလႊာတစ္ခ်ိဳ႕အား သူမအနည္းငယ္ရွင္းလိုက္ၿပီးလက္ဖက္ရည္ ဗန္းအားအသာခ်လိဳက္ကာ လွပစြာပုံေဖာ္ထားေသာပန္းပြင့္သ႑ာန္ လက္ဖက္ရည္ဖန္ခြက္ေလးအားကိုင္လိုက္ၿပီး ေရႏြေးအိုးအားအသာ ေလာင္းခ်လိဳက္သည္။
ထို႔ေနာက္သူမက ထိုဖန္ခြက္ေလးအားရွန္းဝူပိုင္ထံ ကမ္းေပးလိုက္သည္။

"အရွင္....သုံးေဆာင္ေတာ္မူပါ။"

ရွန္းဝူပိုင္က သူ၏လက္တစ္ဖက္ကိုေနာက္ပစ္ထားလ်က္ပင္က်န္လက္တစ္ဖက္ျဖင့္ထိုခြက္ကိုယူလိုက္သည္။ ခ်န္ဟြားဖန္း က ေခါင္းကိုငုံ႕ကာထားလ်က္ပင္ သူမကေမးျမန္ေလသည္။

"အရွင္....န်ဴးရဲ႕ဥယ်ာဥ္ေတာ္မွာရွိေနတာဆိုေတာ့အရွင္သူ႕ကိုသတိရမိေနျပန္ၿပီလား။"

ထိုစကားကိုၾကားေတာ့ရွန္းဝူပိုင္ကႏႈတ္ခမ္းဝတြင္ ေတ့ကာထားေသာ လက္ဖက္ရည္ခြက္အား ျပန္ခြာလိုက္ၿပီး လက္ထဲတြင္ဆက္ကိုင္ထားလ်က္ပင္
​ေရွ႕ရွိထိုင္ခုံတစ္ခုတြင္ဝင္ထိုင္လိုက္သည္။

ခ်န္ဟြားဖန္း ကို သူၾကည့္လိုက္ေတာ့မေမးသင့္သည့္ေမးခြန္းကိုေမးလိုက္မိသည့္သူတစ္ေယာက္ႏွယ္ သူမက ေခါင္းကိုအေသငုံ႕ကာထားသည္။ရွန္းဝူပိုင္ က သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး

"မင္းစဥ္းစားၾကည့္...ဒီဥယ်ာဥ္ႀကီးကအရမ္းသာယာတယ္လို႔မထင္ဘူးလား။အရမ္းလည္းတိတ္ဆိတ္ၿငိမ္းခ်မ္းလြန္းတယ္။အရင္ကေတာ့ဒီလိုမဟုတ္ေပမဲ့ေပါ့။

နတ္မင္းေတြရဲ႕ အဆိုတင္သြင္းတဲ့စကားမ်ိဳးစုံကိုငါနားမေထာင္ခ်င္ေတာ့တဲ့အခါ၊ ဒါမွမဟုတ္ငါ့မွာစိတ္ရႈပ္စရာေတြ ရွိလာတဲ့အခါ၊ ဒီေနရာက ငါစိတ္ကိုသက္သာရာရေစတယ္။

ဒီဥယ်ာဥ္တစ္ခုလုံးက ပန္းေရာင္မက္မြန္ပန္းေတြ၊ ပြင့္႐ြက္ေႂကြလႊာေတြနဲ႕ျပည့္ႏွက္ေနၾကတယ္။ ဘယ္ေလာက္လွလိုက္သလဲ။လူ႕ျပည္မွာေရာ ဒီလိုေနရာရွိမယ္လို႔မင္းထင္လား။"

ရွန္းဝူပိုင္ကသူမကို ၿပဳံးလ်က္ၾကည့္ကာေမးျမန္းလိုက္သည္။သူမက ရွန္းဝူပိုင္ အားမသိမသာျပန္ၾကည့္လိုက္ၿပီးေနာက္ျပန္ငုံ႕ကာသြားသည္။ခ်န္ဟြားဖန္း သည္ ပန္းေလာက၏နတ္သမီးတစ္ပါးျဖစ္သည္။ သူမ၏ေ႐ႊအဆင္းသဖြယ္တင့္တယ္ကာဘယ္ေသာအခါမွညိုးႏြမ္းမသြားနိုင္ေလာက္သည့္ပန္းတစ္ပြင့္သဖြယ္လွပလြန္းသည္။
သူမသည္ သုံးေလာကအလည္ရွိအမတ ပန္းဥယ်ာဥ္တြင္ေနထိုင္သည့္ဘုရင္မတစ္ပါးလည္းျဖစ္သည္။

သူမ၏အခ်ိန္အမ်ားစုကို ေကာင္းကင္ဘုံတြင္သာျဖတ္သန္းေလ့ရွိသည္။အဓိကအေၾကာင္းအရင္းကမူရွန္းဝူပိုင္ေၾကာင့္ပင္။သူမရွန္းဝူပိုင္အား လြန္ခဲ့သည့္ ႏွစ္ငါးေထာင္ခန႔္ကသူမ စတင္ျဖစ္ေပၚခဲ့သည့္အခ်ိန္မွစတင္၍ ျမင္ျမင္ခ်င္းႏွစ္သက္ျမတ္နိုးစြဲလမ္းခဲ့မိသည္။

ထို သူ၏ ေဝယ်ာဝစၥ မ်ားကိုသူမအတတ္နိုင္ဆုံးလုပ္ေပးရသည္ကိုသူမကႏွစ္သက္သည္။ရွန္းဝူပိုင္က ယခုအခ်ိန္ထိသိပုံမရေသးေပ။သူက မိမိ၏လက္ေအာက္ငယ္သားသဖြယ္သာသူမကိုဆက္ဆံေလ့ရွိသည္။ထို႔အျပင္ ေကာင္းကင္မင္းႀကီး သည္ဘယ္ေသာအခါမွ ခက္ထန္သည့္မ်က္ႏွာထားမ်ိဳးမရွိခဲ့ဖူးေပ။ အၿမဲတမ္းလိုလိုတည္ၾကည္ေနတက္ေသာ္လည္းသူ၏ အၿပဳံးကိုမၾကာခဏေတြ႕ရတက္သည္။

ရွန္းဝူပိုင္၏ မ်က္ႏွာသြင္ျပင္သည္အလြန္ေခ်ာေမာခန႔္ညားတည္ၾကည္လွသည္။သုံးေလာကတြင္ အခန႔္ညားဆုံးနတ္သား တစ္ပါးဟုေျပာစမွတ္ျပဳရမည့္သူမ်ိဳး။

သူသည္အရာရာတြင္ နံပါတ္တစ္သဖြယ္။ယြင္းရန္သည္ပင္ သူႏွင့္ယွဥ္လ်င္ နံပါတ္ႏွစ္ေနရာေရာက္ေပးလိမ့္မည္။သို႔ေသာ္ႏွစ္ဦးလုံးက ဤသည္ကို စိတ္မဝင္စားေပ။

ရွန္းဝူပိုင္က အျဖဴေရာင္ ဝတ္႐ုံလႊာႀကီးကိုခန႔္ညားတင့္တယ္စြာဝတ္ဆင္ထားသည္။ဝတ္႐ုံ၏လက္ႏွင့္အခ်ိဳ႕ေအာက္ေျခအနားတို႔တြင္ေ႐ႊေရာင္ေရာယွက္ထားေသာကႏုတ္ပန္းခတ္တို႔က ဝတ္႐ုံကို နဂါးတစ္ေကာင္သဖြယ္ ကပ္တြယ္ေနၾကသည္။ရွန္းဝူပိုင္၏ဆံႏြယ္မ်ားသည္ မီးခိုးေရာင္သဖြယ္ ႏွင့္ အျဖဴေရာင္ဆံသားတို႔ကပါပါဝင္ေနေသးသည္။

နတ္သဘင္အစည္းအေဝးမရွိသည့္ေန႕မ်ားတြင္မူအၿမဲလိုလိုဆံႏြယ္ေတြအား စီးႏွောင္ျခင္းမရွိပဲလြတ္လပ္သည့္အသြင္ျဖင့္ ခ်ကာထားသည္။
ဆံႏြယ္တို႔သည္လည္း ဒူးအထက္ထိပင္ရွည္လ်ားလွသည္။

ယေန႕တြင္သူသည္ ဆံႏြယ္ထက္ဝက္ခန႔္ကိုစည္းႏွောင္ကာ ထိုဆံႏြယ္တို႔အားဆံထိုးတစ္ခုျဖင့္ ထိန္းခ်ဳပ္ထားသည္။

ရွန္းဝူပိုင္ ၏ေခါင္းထက္ရွိဆံႏြယ္တိူ႕တြင္ထိူးထားေသာေက်ာက္စိမ္းျဖဴဆံထုံး၏ထိပ္အေရွ႕ပိုင္းသည္ ႏွင္းပြင့္ခ်ပ္သ႑ာန္ ပုံေဖာ္ကာထားသည္။ဆံထိုး၏ ကိုယ္ထည္တေလ်ာက္သည္နဂါးတစ္ေကာင္၏ ကိုယ္ခႏၱာပုံစံထုလုပ္ကာထားၿပီး ထိုကိုယ္ထည္သည္ ေက်ာက္စိမ္းျဖဴကိုအဓိကထားထြင္းထုထားသည္။ရိုးရွင္းသည့္ပုံစံေပၚေသာ္လည္းထိုရိုးရွင္း​ျခင္းကပင္အလြန္လွပေနျခင္းျဖစ္သည္။ခ်န္ဟြားဖန္း က ေျဖလိုက္သည္။

"လူျပည္ကေတာ့ အရွင့္ရဲ႕ေကာင္းကင္တိုင္းျပည္ကို အဘယ္ေၾကာင့္ယွဥ္နိုင္ပါမည္လဲ။"

ရွန္းဝူပိုင္က သူမ၏ အေျဖေၾကာင့္ရီလိုက္သည္။သူက ႐ုတ္တရက္ပင္ သူ၏လက္ေပၚ၌ပင္ ယပ္ေတာင္တစ္ေခ်ာင္းကိုဖန္ဆင္းလိုက္သည္။
ဤသည္က သူ၏လက္စြဲေတာ္လက္နတ္ပင္။

ယပ္ေတာင္ကို ျဖန႔္လိုက္ကာအသာလႈပ္ခတ္လိုက္သည္ႏွင့္မက္မြန္ပန္းပြင့္ခ်ပ္ကေလးမ်ားသည္သက္ဆိုင္ရာအပင္တို႔မွ ေန၍ညွင္သာစြာလြုပ္ခတ္ကာေနၾကသည္။ေႂကြ႕လြင့္သြားသည့္အ႐ြက္ေလးမ်ားကလည္းေလႏွင့္အတူ လြင့္ပါေနၾကသည္မွာ ေျမျပင္ႏွင့္ပင္မထိေတြ႕ခ်င္ၾကေတာ့သဖြယ္။

ရွန္းဝူပိုင္က သူ၏လက္ဖက္ရည္အားဆက္ေသာက္ေနလိုက္ရင္းသူမကိုတစ္ခ်က္ၾကည့္လိုက္သည္။

"မင္း..သြားလို႔ရၿပီ။"

"ဟုတ္ကဲ့ပါ..အရွင္။."

သူမက ရွန္းဝူပိုင္ အားလွည့္ၾကည့္လွည့္ၾကည့္ျဖင့္ပင္ထြက္လာခဲ့လိုက္သည္။ထိုသူအား ယေန႕မိမိ၏ရင္တြင္းခံစားခ်က္မ်ားကိုထုတ္ေျပာရန္ႀကိဳးစားမိေသာ္လည္း သူေရွ႕၌ပင္ေျပာစရာတို႔ေပ်ာက္ရွေနခဲ့ျပန္ေလၿပီ။

ရွန္းဝူပိုင္အား ၾကည့္ရသည္မွာလည္းတစ္ခုခုကို စိတ္မေကာင္းျဖစ္ေနသည့္ပုံစံပင္။ထို႔ေၾကာင့္သူမအတြက္ ဤသည္က အခ်ိန္ေကာင္းမဟုတ္နိုင္သည့္အတြက္ သူမတစ္ႀကိမ္ထပ္မံကာလက္ေလ်ာ့ရျပန္ၿပီ။ရွန္းဝူပိုင္ကမူ ထိုခုံေနရာတြင္ထိုင္ေနရင္းပင္သူ၏ အေပၚရွိ အုပ္မိုးကာထားေသာမက္မြန္ပင္ႀကီးအားေမာ့ၾကည့္ေနေလ၏။

......................................................

ယေန႕သည္ က်ဴးယြီတိုင္းျပည္ႀကီး၏ဘုရင္မင္းျမတ္ျဖစ္ေသာ ရွန္ခ်င္းပိုင္၏မိဖုရားတင္ျမႇောက္ပြဲအခမ္းအနားျဖစ္သည္။

ဘုရင္မင္းျမတ္၏ က်က္သေရရွိလွေသာမဂၤလာ သတင္းေၾကာင့္တစ္တိုင္းျပည္လုံး ေပ်ာ္႐ႊင္ေနၾကသည္။ပထမဦးဆုံး ေ႐ြးေကာက္သည့္မိဖုရားျဖစ္ေသာေၾကာင့္ မိဖုရားေခါင္ႀကီးအထိ သူမတတ္လွမ္းနိုင္မည္ကို ယုံၾကည္ေနၾကသည္။

ဘုရင္မင္းျမတ္ ကခ်စ္ျမတ္နိုး၍ေတာ္ေကာက္ေၾကာင္းကိုလည္း သိႏွင့္ၾကသည္။နန္းေတာ္ႀကီးတစ္ခုလုံး တြင္မက နန္းေတာ္အျပင္ဘက္တြင္ပါ အနီေရာင္ ဖဲႀကိဳးမ်ား ဖဲပြင့္မ်ားကို
လမ္းတိုင္းတြင္ခ်ိတ္ဆြဲကာထားၾကသည္။ေဝဟင္မွလွမ္းၾကည့္လ်င္ပင္ တိုင္းျပည္ႀကီးတစ္ခုလုံး ရဲရဲနီေနေလ၏။ ထိုအထိန္းအမွတ္အတြက္လည္း တိုင္းျပည္တစ္ခုလုံးအား တစ္ပတ္လုံး ေပ်ာ္ပြဲ႐ႊင္ပြဲျပဳလုပ္ခြင့္ေပးေပလိမ့္မည္။

နန္းေတာ္ႀကီး၏ အေဆာင္တိုင္းတြင္လည္းအနီေရာင္ႀကိဳးစည္မ်ားသာမကမဂၤလာ ရွိေသာ စာလုံးတို႔ကိုပါတံခါး ျပတင္းေပါက္ ေနရာလြတ္မက်န္လိုက္ကပ္ထားေသးသည္။

ယြင္းရန္က သူ၏စာၾကည့္စားပြဲတြင္အခန့္သားထိုင္ကာ လက္ေရးလွေလ့က်င့္ေနသည္။
မိစ္ဆာ ဘုရင္ဟုဆိုေသာ္လည္း ယြင္းရန္သည္ စာေရးစာဖတ္ကိုဝါသနာပါသည္။ၾကည့္ရသည္မွာ သူ၏ ပင္ကိုယ္စိတ္ႏွလုံးက ႏူးညံ့သည့္ပုံစံပင္။သူ၏ မိစ္ဆာ နန္းေတာ္ျဖစ္ေသာ ယြီယြန္းဖူ တြင္စာၾကည့္တိုက္သဖြယ္သုံးေလာကရွိစာေပေကာင္း၊ စာအုပ္ေကာင္းမ်ားကို ထိန္းသိမ္းထားသည္။

ထိုစာၾကည့္တိုက္အခန္းသည္ပင္ ဆယ္ဧကနီးပါး က်ယ္ဝန္းလွသည္။ခ်ီယြမ္က ယြင္းရန္ေဘးတြင္ပ်င္းရိပ်င္းတြဲ ျဖင့္ထိုင္ကာ မွင္ေသြးေပးေနသည္။သုံးခါေလာက္မွင္တုံးအား ေသြးလိုက္၊  ပါးစပ္ကိုလက္ျဖင့္အုပ္ကာ တဝါးဝါးသမ္းလိုက္ႏွင့္ယြင္းရန္ကိုစေနသည္။

ယြင္းရန္က သူ႕ကိုပင္ဂ႐ုမထားသည့္သဖြယ္။ပိုဆိုးသည္က ရွိသည္ဟုပင္မထင္သည့္ပုံစံ။သူတို႔၏ ေရွ႕တြင္မူ ပန္းဖြားတပ္သူမ်ားႏွင့္မဂၤလာစာလုံးကပ္သူမ်ားက အလုပ္ရႈပ္ေနၾကသည္။

ခ်ီယြမ္က စားပြဲတြင္ေမးေထာက္လိုက္ၿပီးယြင္းရန္ကို ေခါင္းေစာင္းၾကည့္သည္။ယြင္းရန္ကသူ၏ ဝတ္႐ုံလက္တဖက္အားသိမ္းယူထားၿပီး က်န္တဖက္ျဖင့္စာလုံးလွေရးေနဆဲပင္။

"အဖိုးႀကီး....."

"........."

"အဖိုးႀကီး......."

"..........."

ခ်ီယြမ္ဘယ္ေလာက္ပင္ေခၚေခၚထိုသူကတခ်က္ပင္လွည့္မၾကည့္သလိုအသံတစ္သံပင္ျပန္မျပဳေခ်။ခ်ီယြမ္က လက္တဖက္တြင္ကိုင္ထားေသာ
မွင္တုံးအား ထိုမွင္ခြက္ထဲတြင္ပင္ပစ္ခ်လိဳက္ၿပီး
သူ၏ ကိုယ္ခႏၱာ အားလွဲခ်လိဳက္သည္။ၿပီးေနာက္အသံက်ယ္ႀကီးျဖင့္

"အား!!!!!!! ပ်င္းလိုက္တာ...ပ်င္းလိုက္တာ။အျပင္မွာသြားကဲလို႔ရရင္ေကာင္းမယ္။အရင္လိုသူမ်ားကို မလိမ္ရေတာ့လူကေနလို႔မေကာင္းဘူး။

ၾကာလာလို႔စိတ္ဆင္းရဲလာရင္ဒီအသားက စားလို႔ေကာင္းပါေတာ့မလား။"

သူကေအာ္ေနရင္းပင္ယြင္းရန္ကို ျပဴးၾကည့္လိုက္ေသးသည္။အလွဆင္ေနၾကေသာနန္းတြင္းသူ မ်ားကသူ႕ကိုေၾကာင္ၾကည့္ေနၾကသည္။

ယြင္းရန္က သူ၏ စာေရးေနျခင္းကိုရပ္တန႔္လိုက္ၿပီးသက္ျပင္းခ်လိဳက္သည္။ၿပီးမွသူကစာကိုဆက္ေရးသည္။ခ်ီယြမ္ကမ်က္ေစာင္းထိုးလိုက္သည္။သူက ယြင္းရန္၏ ကိုယ္ခႏၱာ ရွိရာဘက္အားေျခဆင္းထားသည္။

ယြင္းရန္က ေျခႏွစ္ဖက္ကိုေခြကာထိုင္ေနသည္။
ခ်ီယြမ္က သူ၏ေျခမျဖင့္ ယြင္းရန္၏ေပါင္အား
မထိတထိသြားလုပ္ေန၏။ယြင္းရန္က မည္သိူ႕မွ်​ေနပုံမရေခ်။

ခ်ီယြမ္က မထိတထိအေနအထားမွသူ၏ေျခဖဝါးျဖင့္ ယြင္းရန္၏ေပါင္တစ္ေလ်ာက္ကိုပြတ္ေနသည္။ မ်က္ႏွာကလည္းၿပဳံးစိစိျဖင့္ပင္ ေက်နပ္ၿပဳံးၿပဳံးေနေလ၏။

အေတာ္ၾကာမွ ယြင္းရန္ကသူ၏ စုတ္တံကို ႐ုတ္တရက္ ပစ္ခ်လိဳက္သည္။သူကတည္ၿငိမ္စြာေနေနရင္းမွခ်ီယြမ္ကို ၾကည့္လိုက္သည္။ခ်ီယြမ္က မူ ယြင္းရန္၏ေပါင္တံအားပြတ္သပ္ေနသည့္သူ၏ေျခေထာက္၌သာအၾကည့္ေရာက္ေနသျဖင့္ယြင္းရန္၏ မ်က္ႏွာႀကီးကိုသူမေတြ႕ေသးေပ။

ယြင္းရန္က ႐ုတ္တရက္ပင္ခ်ီယြမ္၏လက္ေကာက္ဝတ္ႏွစ္ဖက္ကိုသူ၏ လက္ႏွစ္ဖက္ျဖင့္ခ်ဳပ္ကာၾကမ္းျပင္ႏွင့္ကပ္ထားလိုက္သည္။ခ်ီယြမ္၏ အေပၚတြင္ အုပ္မိုးလိုက္ၿပီးခ်ီယြမ္ကို စိုက္ၾကည့္လိုက္သည္။

"ငါ...လုပ္ရင္မင္းခံနိုင္လို႔လား။"

"........."

ခ်ီယြမ္က ယြင္းရန္၏စကားေၾကာင့္ယြင္းရန္အားၾကည့္ေနရင္းပင္ ၾကက္ေသေသသြားသည္။ၿပီးမွ အရွက္ေျပရီလိုက္ၿပီး

"အယ္....အဖိုးႀကီးကလည္း ကြၽန္ေတာ္က စေနတာပါ။ဖယ္...ဖယ္..မႀကိဳက္ရင္ေနာက္ခါမစေတာ့ဘူး။"

ခ်ီယြမ္က ႐ုန္းရန္ႀကိဳးစားသည္။သို႔ေသာ္ သူ၏ ေခါင္းမွတပါး က်န္ေသာေနရာမ်ားကပါမလာေပ၊။

ခ်ီယြမ္ေခါင္းေလးေထာင္ကာအျခားဘက္ေတြကိုၾကည့္မိေတာ့နန္းတြင္းသူမ်ား တစ္ေယာက္မွပင္မရွိေတာ့ေခ်။ခ်ီယြမ္၏ေၾကာင္ေတာင္ေတာင္အေတြးတခ်ိဳ႕က ေပါေတာေတာျဖင့္ပင္ေပၚေပါက္လာသည္။

(ဘာလည္း...ေရွာင္ေပးတာလား။ငါတို႔ကိုတခုခုလုပ္ေတာ့မယ္လို႔ထင္သြားတာလား။

ဒီလူႀကီးက နဂိုထဲကဒီလိုႀကီးလား။အမေလး...သနားစရာေယာက္်ားသားဘဝေတြ သူ႕လက္ထဲဘယ္ေလာက္မ်ားဆုံးရႈံးဖူးၿပီးၿပီလဲ။

အသားစား႐ုံမေလာက္လို႔ အရိုးပါကိုက္တဲ့ေခြးအိုႀကီးမ်ားလား။)

ခ်ီယြမ္၏ မ်က္ဝန္းအၾကည့္ေတြကထူးဆန္းလာတာေၾကာင့္ ယြင္းရန္သူ႕အားျပန္လႊတ္ေပးလိုက္သည္။သူ၏ လုပ္လက္စအလုပ္ကိုျပန္လုပ္ရင္း

"ၿငိမ္ၿငိမ္ မေနရင္ ေရႏွစ္သတ္မယ္။"

ခ်ီယြမ္ကလည္း ျပန္ထလိုက္ၿပီး

"အဖိုးႀကီး....အရင္က ခ်စ္ဖူးလား။"

ထိုအေမးေၾကာင့္ ယြင္းရန္၏ ကိုယ္ခႏၱာ တစ္ခုလုံးက ေက်ာက္႐ုပ္သဖြယ္ရပ္တန႔္သြားသည္။ၿပီးမွသူကစာကိုဆက္ေရးလိုက္ရင္း

"ငါ အခ်စ္ကို အရမ္းမုန္းတယ္။႐ြံ႕တယ္။ မရွိရင္ေကာင္းမယ္လို႔ေတြးတယ္။ အခ်စ္သာ ထိေတြ႕ကိုင္တြယ္လို႔ရတဲ့ သက္ရွိသာဆို ငါသူ႕ကိုဘယ္ေတာ့မွထပ္ေပၚမလာနိုင္ေအာင္ အမႈန့္ေခ်ပစ္မယ္။"

"အမ္...ဘာလို႔လဲ။ အခ်စ္ဆိုတာမရွိရင္...အြတ္.."

ခ်ီယြမ္က ယြင္းရန္၏အေျဖေၾကာင့္နားမလည္နိုင္စြာေျပာရန္ျပင္စဥ္တြင္ပင္ ႐ုတ္တရက္ အေပၚဘက္ေနရာတြင္ခ်ိတ္ထားေသာ ဖဲ ႀကိဳးအဝတ္အနီကခ်ီယြမ္၏ ပါးစပ္ကို ပိတ္ကာ ခ်ည္ႏွောင္လိုက္ၾကသည္။ယြင္းရန္က ေအးေဆးစြာပင္

"အခမ္းအနားစရင္ျပန္ေျဖေပးမယ္။အခုဒီအတိုင္းေန။"

ခ်ီယြမ္က ဂနာမၿငိမ္စြာ သူ၏ပိတ္ခံထားရေသာပါးစပ္ေရွ႕ရွိအဝတ္နီအား ျဖဳတ္ရန္ႀကိဳးစားေနသည္။မည္သို႔ပင္လုပ္ပါေစ ထိုအရာကေလ်ာ့ပင္မလာေခ်။

"အြတ္...အြတ္...အြန္း..အြန္း...."

ခ်ီယြမ္က သူ႕ပါးစပ္အား လက္ညိုးထိုးကာေအာ္ေနသည္။ပါးစပ္ပိတ္ခံရေသာေၾကာင့္ဗလုံးပေထြး အသံမ်ားမွအပမၾကားရေခ်။ထိုအခါ ယြင္းရန္က သူ၏ပုံစံအားတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ၿပဳံးလိုက္သည္။

ခ်ီယြမ္က သူ႕အားလႊတ္ေပးေတာ့မည္အထင္ျဖင့္
ပါးစပ္ပိတ္ထားသည့္ၾကားမွ မ်က္ဝန္းအစုံကိုလည္းေမွးက်ည္းကာၿပဳံးသလိုလုပ္ျပလိုက္သည္။

ယြင္းရန္က စုတ္တံကိုင္ထားေသာသူ၏ လက္ကိုေဝွ႕ယမ္းလိုက္သည္ႏွင့္ပတ္ပတ္လည္ ခ်ိတ္ထားသည့္အဝတ္နီမ်ား ခ်ီယြမ္အားမန္မီ႐ုပ္ေလာင္းထုတ္ထားသလိုပင္ရစ္ပတ္လိုက္ၾကသည္။မဂၤလာ ဟူသည့္စာလုံးကပ္ခြာေလးတစ္ခုသည္ပင္ခ်ီယြမ္၏ ႏွဖူးတြင္ လာကပ္ေနေသးသည္။ ထို႔ေနာက္ခ်ီယြမ္တစ္ေယာက္ ေနာက္ဆုံးတြင္ၿငိမ္က်သြားေတာ့သည္။

(ခ်ီးပဲ......)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі