Chapter (1)
"ေမ၊ သြားေတာ့မယ္ေနာ္"
"ေအးပါ၊ တိုင္သံေတာသံ မၾကားခ်င္ဘူးေနာ္"
"ဟုတ္! ဟိုေရာက္ရင္ ဘြားကို လာဘ္ထိုးထားလိုက္ပါ့မယ္။ ေမ့ကိုျပန္မတိုင္ဖို႔"
"ဪ ... ဒီကေလးေတာ့ ..."
ေမ့ကိုကန္ေတာ့ၿပီးေတာ့ အစ္ကိုျဖစ္သူ ေမာင္းၿပီးလိုက္ပို႔ေပးမည့္ကား၏ ေနာက္ခန္းထဲသို႔ သူ႔အထုပ္ေတြထည့္လိုက္သည္။ အစ္ကိုကပါ ဝိုင္းကူထည့္ေပးၿပီးေနာက္ ႏွစ္ေယာက္သား ကားေပၚတက္လိုက္ၾကၿပီး
"ေမ၊ တာ့တာ။ ညက်မွ ဖုန္းဆက္လိုက္မယ္ေနာ္"
"ေကာင္းပါၿပီရွင္၊ ႏွစ္ေယာက္လံုး ဂ႐ုစိုက္ၾက"
"ဟုတ္! သြားၿပီေနာ္ ေမ ... ေမ"
ႏွစ္ေယာက္သား ၿပိဳင္တူေျပာလိုက္ၾကေပမဲ့ တစ္ေယာက္က 'ေမ'လို႔ တစ္လံုးတည္းသာေခၚသည္မို႔ ေနာက္တစ္ေယာက္၏ ေနာက္ထပ္ 'ေမ'ဆိုတဲ့အသံ သီးသန္႔ထပ္ထြက္လာတတ္သည္က သူတို႔ငယ္ငယ္ကတည္းကပင္။
သူ႔ရဲ႕ အေခၚအေဝၚေတြက သူ႔သမိုင္းေၾကာင္းနဲ႔သူ။
.
"သားႀကီး၊ ထြဋ္ေခါင္တို႔အိမ္ကိုပဲ ပို႔ေပးပါေနာ္"
"ဘာ!!!!"
"အဲ၊ ျဖည္းျဖည္းေျပာပါ။ လန္႔လိုက္တာ"
"မင္း ... ေတာ္ေတာ္စိတ္ခ်ရပါလား!"
"အလာကတည္းက အျပန္အတြက္ပါ တစ္လက္စတည္း စီစဥ္ၿပီးသားမို႔ပါ"
"ေမေမ့မန္ေနဂ်ာ ကားလက္မွတ္ျဖတ္ေပးတယ္ဆို"
"အဲဒါကေလ ... အဟီး! ေနာ္တို႔ ညႇိလိုက္ၿပီ။ ေမ့ကိုျပန္မေျပာပါနဲ႔ေနာ္။ ကိုဂ်ာႀကီးက ၾကားထဲကဆူခံေနရပါဦးမယ္။ ေမသိရင္လည္း စိတ္တိုရဦးမယ္"
"ခုေတာ့ မင္းက စိတ္ခ်မ္းသာေနတယ္ေလ။ ခုေလးတင္ လိမၼာပါ့မယ္လို႔ ေမေမ့ကိုကတိေပးခဲ့တာ ဘယ္ပါးစပ္လဲ? လမ္းေပၚေရာက္တာနဲ႔ တစ္မ်ိဳးျဖစ္သြားၿပီ"
"အာ ... လိမၼာပါတယ္ဗ်ာ။ စီစဥ္ၿပီးသားျဖစ္ေနလို႔ပါ။ ေမ့ကိုေျပာရင္လည္း ခြင့္ျပဳမွာမဟုတ္လို႔ အားလံုးစိတ္ခ်မ္းသာေအာင္ လိမ္ေျပာလိုက္ရတာ"
"မင္းေတာ့ကြာ!"
"ေမ့ကို ျပန္မေျပာနဲ႔ေနာ္"
"မင္းေတာ့ နာေတာ့မယ္။ ငါလက္မအားလို႔ေနာ္၊ ဟင္း ..."
ေျပာသာေျပာသည္၊ ထြဋ္ေခါင္တို႔အိမ္ဘက္ကို ကားကဦးတည္ေနၿပီ။
.
အဲဒီကိုေရာက္ေတာ့ ျခံတံခါးကဖြင့္လ်က္သား။ ကားေပၚကို ပစၥည္းေတြတင္ေနၾကသည္။
"ေဟာ၊ လာၿပီ"
သူတို႔အေျပာကို လက္ျပတုန္႔ျပန္ၿပီး ေနာက္ခန္းကသူ႔ပစၥည္းေတြကို ခ်လိုက္သည္။
ညီအစ္ကိုႏွစ္ေယာက္ အထုပ္ေတြကို ထြဋ္ေခါင္ကားနားယူလာေတာ့ ထြဋ္ေခါင္က
"ကိုသားႀကီး၊ ဒီေကာင္ကို နားရင္းအုပ္ၿပီးၿပီလား?"
"ေအးကြာ၊ ကားေမာင္းလာရလို႔ လက္မအားတာနဲ႔ ဒီေကာင္သက္သာသြားတယ္"
"ဟားဟား! ဒါေပမဲ့ အစ္ကိုစိတ္ခ်ပါဗ်။ ကၽြန္ေတာ္တို႔ ဂ႐ုစိုက္ေမာင္းမွာပါ၊ ဒီေကာင္ကိုလည္း ေပးမေမာင္းဘူး။ ကၽြန္ေတာ္နဲ႔ထြဋ္ေခါင္ပဲ ေမာင္းမွာပါ"
ေက်ာ္ေဇက ဝင္ေျပာလိုက္ျခင္းတြင္ သူ႔အစ္ကိုမွ
"ေအးပါကြာ၊ စိတ္ခ်ပါတယ္။ ဂ႐ုစိုက္သြားၾက၊ ကိုယ္သြားေတာ့မယ္"
သူတို႔ ၿပိဳင္တူ ဟုတ္ကဲ့လိုက္ၾကသည္။
အစ္ကိုစိတ္ခ်မွာေပါ့။ ထြဋ္ေခါင္က စိတ္ရွည္တဲ့ စိတ္ေအးလက္ေအးသမား။
ေက်ာ္ေဇက သူ႔ဦးေလးအလုပ္မွာ ႏွစ္ႏွစ္ေလာက္ကားေမာင္းလာတာ အထိအခိုက္တစ္ခါမွမရွိ။
ေက်ာ္ေဇက အသက္မျပည့္ခင္ေက်ာင္းေနျဖစ္ေတာ့ သူတို႔ထက္တစ္တန္းႀကီးသည္။ ေက်ာ္ေဇဆယ္တန္းေအာင္ေတာ့ သူတို႔က ဆယ္တန္းတက္တဲ့ႏွစ္။ အဲဒီႏွစ္ သူကစာေမးပြဲမေျဖျဖစ္ေတာ့ သူဆယ္တန္းႏွစ္ႏွစ္ေနရခ်ိန္မွာ ေက်ာ္ေဇက အေဖဆံုးၿပီး စီးပြားေရးအဆင္မေျပလို႔ သူ႔ဦးေလးကားမွာ ေန႔ဘက္အကူ၊ ညဘက္သင္ေမာင္းလိုက္ရင္း အသက္မျပည့္ခင္ကတည္းက ကားေမာင္းကၽြမ္းက်င္ေနခဲ့သည္။
ထြဋ္ေခါင္ကေတာ့ ကိုးတန္းေျဖၿပီး ေႏြရာသီေက်ာင္းပိတ္ရက္မွာ နယ္ကအမ်ိဳးေတြဆီသြားလည္ရင္း မေတာ္တဆျဖစ္လို႔ အေတာ္ေလးေဆးကုလိုက္ရကာ ေက်ာင္းတစ္ႏွစ္နားလိုက္ရသည္။
သူကသာ အေဖႏွင့္အတိုက္အခံလုပ္ရင္း ဆယ္တန္းကို ႏွစ္ႏွစ္တက္လိုက္ရသည္။
"ကဲ! ပစၥည္းေတြစံုၿပီလား?"
ထြဋ္ေခါင္အသံၾကားေတာ့မွ ပစၥည္းထုပ္ေတြေနရာခ်ရင္း ေတြးေနေသာအေတြးမ်ား ရပ္သြားခဲ့ရသည္။
"အိုေခ၊ စံုၿပီ"
သူက စပ္ျဖဲျဖဲလုပ္ေနလိုက္သည္။ အိမ္မွာအငယ္ဆံုးျဖစ္တဲ့သူက ဒီသံုးေယာက္ထဲ အဆိုးဆံုး၊ အေပဆံုးပင္။ အစ္ကိုက မိဘစကားဆို တစ္ခြန္းဆိုတစ္ခြန္း နားေထာင္သေလာက္ သူက သူလုပ္ခ်င္ရာလုပ္သည္။ ႐ိုင္းစိုင္းဆိုးသြမ္းေနတာမဟုတ္ေပမဲ့ ႏြဲ႕ဆိုးလည္းမကေအာင္ဆိုးသည္။ စည္းမဲ့ကမ္းမဲ့မဟုတ္ေပမဲ့ ေဘာင္ခတ္မခံသူ။ ညီအစ္ကိုႏွစ္ေယာက္ယွဥ္ေတာ့ သူက လူဆိုးျဖစ္ရသည္ေပါ့။
¤
ထြဋ္ေခါင္ေမာင္းလာတဲ့ကားကိုစီးရင္း စကားေတြေျပာလာၾကသည္။ ေက်ာ္ေဇက
"ဒီတစ္ခါအိမ္ျပန္တာ ေလးငယ္အေၾကာင္း ေျပာသံမၾကားရပါလားကြ။ ငါတို႔က မင္းဆိုတာနဲ႔ ေလးငယ္ကိုပါ တြဲျမင္ေနမိတာ"
"ေအး၊ မေန႔ညကေတာင္ ေမက စသလိုေနာက္သလိုနဲ႔ ေျပာေနေသးတယ္။ ေက်ာင္းၿပီးတာနဲ႔ ေစ့စပ္ေပးရမလားတဲ့"
"ဟာ! တကယ္ႀကီးလား?"
ေက်ာ္ေဇတို႔ႏွစ္ေယာက္ ၿပိဳင္တူလိုလိုေမးၿပီး ေက်ာ္ေဇက ေရွ႕ခန္းထိုင္ခံုေနရာကေန ကားၾကည့္ေပးေနရာက ေဘးေစာင္းေျပာင္းထိုင္ကာ ေနာက္မွာထိုင္ေနတဲ့သူ႔ကို ၾကည့္လာသလို ထြဋ္ေခါင္ကလည္း ေနာက္ၾကည့္မွန္မွ လွမ္းၾကည့္သည္။
"မင္းတို႔က ဘာလို႔အဲဒီေလာက္ စိတ္ဝင္စားသြားၾကတာလဲ? ငါ့ကိုမ်ား ႀကိဳက္ေနၾကတာလား? ႏွစ္ေယာက္လံုးေတာ့ ငါတာဝန္မယူႏိုင္ဘူးေနာ္"
"ထြီ"ခနဲအသံျပဳၿပီး ေက်ာ္ေဇတစ္ေယာက္ ေရွ႕ျပန္လွည့္သြားသည့္နည္းတူ ထြဋ္ေခါင္ကလည္း မ်က္ႏွာမဲ့သြားသည္ကို ေနာက္ၾကည့္မွန္မွ ျမင္လိုက္ရသည္။
"အဟီး ... မင္းတို႔ကလည္း အဲဒီေလာက္မခါးသည္းပါနဲ႔။ ေမတို႔က ငါတို႔ကို အဲဒီလိုေျပာလာၾကတာ ၾကာၿပီပဲ။ တကယ္စီစဥ္မယ္ဆိုရင္ေတာ့ ငါတို႔ကို အရင္ေမးမွာပါ"
"ေလးငယ္မွာ ခ်စ္သူရွိလား?"
ထြဋ္ေခါင္က ေမးလာၿပီ။
"မင္းက ၾကံစည္ေနတာလား?"
ကၽြန္ေတာ့္ေျပာစကားကို ထြဋ္ေခါင္က ခ်က္ခ်င္းျငင္းသည္။
"ဟာ ..... အေၾကာင္းသိေတြ မစဥ္းစားဘူး"
ဟုတ္ပါသည္။ ကၽြန္ေတာ္တို႔(ကၽြန္ေတာ္၊ ထြဋ္ေခါင္၊ ေလးငယ္တို႔)ေတြက ကိုးတန္းအထိ အတူတက္လာခဲ့ၾကသည္ပဲ။
ေက်ာ္ေဇကေတာ့ တစ္တန္းႀကီးသည္။ သို႔ေပမဲ့ တစ္ေက်ာင္းတည္းမို႔ အေပါင္းအသင္းျဖစ္ေနၾကျခင္းပင္။
ကိုးတန္းေျဖၿပီးေတာ့ ထြဋ္ေခါင္က accident ေၾကာင့္ ေက်ာင္းတစ္ႏွစ္နား၊ ကၽြန္ေတာ့္ကို ေဖက ေဘာ္ဒါပို႔၊ ေလးငယ္က တက္လက္စေက်ာင္းမွာဆက္တက္ကာ ေက်ာ္ေဇကေတာ့ ဆယ္တန္းေအာင္ၿပီး သူ႔ဦးေလးဆီ ေရာက္သြားခဲ့သည္။
¤
*ေလးငယ္*
သူမနာမည္က "ၾကယ္စင္ဆု"။ သူ႔ထက္ ေျခာက္လေက်ာ္ငယ္သည္။
သူစကားေျပာတတ္ခါစက နာမည္ေတြေခၚေတာ့ အေမျဖစ္သူကို "ေမေမ" လို႔ ေခၚခိုင္းလို႔မရ၊ "ေမ" တစ္လံုးတည္းသာေခၚသည္ကို ကေလးမို႔ အလြယ္ေခၚသည္သာထင္ၾကသည္။
တကယ္က သူ႔အေဖေခၚေျပာသလို လိုက္ေျပာျခင္းျဖစ္ေၾကာင္းကို ေနာက္မွသိရသည္။
အေဖက ကၽြန္ေတာ္ဟုနာမ္စားသံုးသည္မို႔ အေဖျဖစ္သူကို "ေနာ္" ဟုေခၚလာၿပီး အစ္ကိုျဖစ္သူကို "တားရီး" ဟု မပီကလာေခၚလာေတာ့မွ အေဖ့ေလသံလိုက္ေၾကာင္း သိရေလေတာ့သည္။
သူကလည္း အထူးအဆန္းပင္၊ အေမလက္ေပၚႀကီးလာၿပီး အေဖေခၚေျပာသလို လိုက္ေျပာတတ္သည္။ အဘြားျဖစ္သူကို "ေမေမ" ေခၚသည္။
အဘြားတို႔လက္ထက္ကတည္းက အိမ္မွာေနလာေသာ အေဒၚႀကီးကိုေတာ့ျဖင့္ အေဖျဖစ္သူလို "မႀကီးသန္း" လို႔ မေခၚတတ္၍ "ႀကီးသန္း" ေခၚသည္။
အေမကိုသာေခၚတတ္ၿပီး အေတာ္ၾကာမွ တျခားအေခၚအေဝၚေတြတတ္လာေတာ့ ျပင္သင့္သည္မ်ား ျပင္ေပးသည့္အခါ အေဖကို "ေဖ"၊ အဘြားကို "ဘြား" လို႔ ေခၚလာေပမဲ့
အစ္ကိုကို "ကိုကို" ေခၚခိုင္းလၽွင္ လူႀကီးေတြေရွ႕တြင္သာ ခဏေခၚၿပီး ကြယ္ရာေရာက္လၽွင္ "သားႀကီး" ျဖစ္သြားျပန္သည္။
သမီးမိန္းကေလးလိုခ်င္ေသာ သူ႔မိဘေတြက သူ႔ကိုေမြးၿပီး အေမကသားအိမ္မေကာင္း၍ ထုတ္ပစ္လိုက္ရေသာေၾကာင့္ ကေလးထပ္မရႏိုင္သည့္အခါ တစ္လမ္းေက်ာ္တြင္ေနေသာ ေမ့ငယ္သူငယ္ခ်င္း၏ သမီးကေလးကို ေခၚလာေလ့ရွိၿပီး "သမီးငယ္"၊ သမီးငယ္ႏွင့္ လက္ကမခ်ဘဲ ေခၚထိန္းေလ့ရွိသည္။
ဒါကို သူကဘယ္လိုၾကားသည္မသိ၊ "ေလးငယ္" ဆိုၿပီး လိုက္ေခၚသည္။
စကားေကာင္းေကာင္းေျပာတတ္လာေတာ့ က်န္တဲ့အေခၚအေဝၚေတြမွန္ေသာ္လည္း သားႀကီးႏွင့္ ေလးငယ္က ျပင္မရေတာ့။
သူကိုယ္သူလည္း သားလို႔မေျပာတတ္ဘဲ အေဖျဖစ္သူက ကၽြန္ေတာ္လို႔ေျပာသည္ကို အတုခိုးကာ "ေနာ္" လို႔ပင္ သံုးႏႈန္းလာသည္က အခုထိ အိမ္မွာဆို ဒီအတိုင္းေျပာသည္။
ဘြားကေတာ့ သူက အေဖနဲ႔သိပ္တူတာတဲ့။
သူ႔အေဖငယ္ငယ္က အရမ္းဆိုးတာပဲလို႔ေျပာလၽွင္ လူတိုင္းအံ့ဩၾကသည္။
ေဖက အဘိုးဆံုးၿပီးမွ လိမၼာလာသည္တဲ့။ ေမနဲ႔ေတြ႕ေတာ့ ေဖကလူလိမၼာေလးျဖစ္ေနၿပီမို႔ ေမကအစ ဘြားစကားကို အံ့ဩခဲ့ရသည္တဲ့။
ဘြားေျပာေလ့ရွိသည္က
"ေျမးငယ္ေလးက သူ႔အေဖငယ္ငယ္ကအတိုင္းပဲ။ ေျမးႀကီးကေတာ့ သူ႔အေဖရဲ႕ အခုပံုစံေလ။ ကၽြန္မေခၽြးမက ေမြးလည္းေမြးတတ္တယ္။ သူ႔ေယာက္်ားပံုစံေတြ တစ္မ်ိဳးမွ မလြတ္ေစရဘူး" ဟူ၍။
သူက ေဖခ်စ္။ အေဖကိုေတြ႕တာနဲ႔ အေဖေနာက္ တစ္ေကာက္ေကာက္လိုက္ေနတတ္သူ။ အရမ္းဆိုးတဲ့သူ႔ကို အေဖျဖစ္သူက အလိုမလိုက္၊ အခန္႔မသင့္လၽွင္ မၾကာခဏအ႐ိုက္ခံရတတ္ေပမဲ့ အေမထက္ အေဖနားကို ပိုကပ္ခ်င္ေနတတ္သူ။
ငယ္ငယ္ကတည္းက အေမကိုလွည့္ပတ္၍ ေက်ာင္းေျပးတတ္ေနသည့္သူက အေဖျဖစ္သူကသိလာၿပီး ေမးလာလၽွင္ ႏွစ္ခါေမးစရာမလိုဘဲ ဝန္ခံတတ္သူ။
အေဖျဖစ္သူကလည္း ခပ္ဆိုးဆိုးသူ႔သားကို သူငယ္ငယ္ကႏွင့္မတူေစခ်င္၍ မ်က္ႏွာသာမေပးဘဲ အျမဲတမ္း တင္းတင္းၾကပ္ၾကပ္ဆံုးမတတ္သည္။
သူကလည္း အျပစ္ေပးမွာေၾကာက္၍ အမွားမလုပ္ရဲဘူးဆိုတာမ်ိဳးမဟုတ္။ အမွားကို မေကာင္းမွန္းသိ၍ ေရွာင္တာမ်ိဳးပဲ ျဖစ္ရမည္။ ကိုယ့္စိတ္ကိုယ္မထိန္းႏိုင္ဘဲ က်ဴးလြန္မိသည့္အမွားအတြက္ ႀကိဳက္သည့္အျပစ္ေပး၊ ခံလိုက္မည္ဆိုတာမ်ိဳး။
ဘယ္ေတာ့မွ သူ႔ကို ခ်ဳပ္ထားလို႔မရခဲ့။
အက်ိဳးသင့္၊ အေၾကာင္းသင့္ ဆံုးမလၽွင္ သူလက္ခံသည္။ အတင္းႀကီးခ်ဳပ္ကိုင္ထား၍ မရသည့္အမ်ိဳး။
ဘြားကေတာ့ သူ႔အေဖဝဋ္လည္တာလို႔ အျမဲေျပာတတ္သည္။
¤
ဆယ္တန္းႏွစ္က သူ႔ကိုေဘာ္ဒါေဆာင္ပို႔ဖို႔ အေဖကစီစဥ္ေတာ့ သူျငင္းသည္။ သူလိုလူက အခ်ိန္ဇယားႏွင့္ အျမဲမေနႏိုင္။
စည္းမရွိ၊ ကမ္းမရွိ၊ အခ်ိန္ဇယားမရွိဘဲ အိပ္ခ်င္သည့္အခ်ိန္အိပ္၊ စာလုပ္ခ်င္လၽွင္ ညမအိပ္ဘဲလည္း စာလုပ္ေနတတ္သည့္သူ႔ကို အေဖက စည္းစနစ္တက် ရွိေစခ်င္သည္။
အေဖကိုမလြန္ဆန္ႏိုင္၍ သူသြားခဲ့သည္။
သို႔ေသာ္လည္း အဆင္မေျပခဲ့။ လပတ္စာေမးပြဲေတြ အမွတ္မေကာင္း။ ရံဖန္ရံခါ က်တတ္ေသးသည္။
အေဖျဖစ္သူကလည္း လာေတြ႕တိုင္းဆံုးမၿပီး သူကလည္း လာေတြ႕တိုင္း ျပန္ေခၚခိုင္းသည္။
ဒီအတိုင္းဆို စာေမးပြဲက်မွာပဲ လို႔ သူေျပာလိုက္သည့္လမွစ၍ အေဖလာမေတြ႕ေတာ့ေပ။
ေအာင္မွတ္ရႏိုင္ေသာ္လည္း အမွတ္ေကာင္းေကာင္းမရလၽွင္ မျဖစ္စေလာက္အမွတ္ကို မလိုခ်င္သည္မို႔ စာေမးပြဲေနာက္ဆံုးေန႔က ေမွာက္အိပ္ေနၿပီး ခံုနံပါတ္တပ္ကာ ျပန္ထြက္လာခဲ့သည္။
အိမ္ကေမးလၽွင္ ေျဖႏိုင္သည္ပဲ ေျပာထားသည္။ ေနာက္မွသိလၽွင္ အေျခအေနပိုဆိုးႏိုင္တာသိေပမဲ့ ႀကိဳသိလၽွင္ အေဖစိတ္ဆိုးၿပီး တစ္ခုခုစီစဥ္လို႔ ျပန္မေျဖရမွာစိုးသည္။
ေအာင္စာရင္းထြက္မွသိလၽွင္ ေက်ာင္းေတြဖြင့္ေနၿပီမို႔ သူ႔ဘက္က ေက်ာင္းတက္ဖို႔စီစဥ္ထားႏွင့္လို႔ ရသည္။
ထြဋ္ေခါင္ႏွင့္ အတူျပန္တက္ဖို႔ စီစဥ္ႏိုင္ၿပီး တစ္ဦးတည္းေသာသား ထြဋ္ေခါင္အတြက္ သူကညီအစ္ကိုလိုမို႔ ထြဋ္ေခါင္မိဘေတြက သူ႔အတြက္ဆို အကုန္ခြင့္ျပဳေပးမွာမလြဲ။
သူတို႔ plan ေတြအကုန္ခ်ထားၿပီး ေအာင္စာရင္းမထြက္ခင္ တစ္ပတ္အလိုမွာ သူဖြင့္ေျပာဖို႔ၾကံတုန္း အေဖက သူ႔ဘာသာစံုစမ္းရင္း သိသြားခဲ့သည္။
ထိုေန႔က ျခံထဲမွာ သူတစ္ေယာက္တည္း ပန္းအိုးေတြစီေနတုန္းမွာ ေဖက ေဒါသတႀကီး အိမ္ျပန္လာသည္။
သူ႔ကိုေခၚလို႔ ဧည့္ခန္းထဲလိုက္ဝင္သြားေတာ့ ေဖ့လက္သီးစာမိသြားခဲ့သည္။
ေမက အလုပ္မွာ။ ႀကီးသန္းက ေဈးသြားဝယ္ေနၿပီး အစ္ကိုျဖစ္သူက ေက်ာင္းသြားသည္မို႔ သူ႔အတြက္ ဝင္ေျပာေပးမည့္သူမရွိ။
ျခံထဲမွာအလုပ္လုပ္ေနသည္မို႔ စြပ္က်ယ္ခ်ိဳင္းျပတ္ေလးသာ ဝတ္ထားေသာ သူ႔ေက်ာျပင္မွာ ခါးပတ္ရာေတြ ပြထကုန္သည္။
ဒါေတာင္ အစ္ကိုက အတန္းခ်ိန္နည္း၍ အိမ္ျပန္လာခ်ိန္ ဝင္ဆြဲသည္မို႔ ခုနစ္ခ်က္၊ ရွစ္ခ်က္ေလာက္ႏွင့္ ၿပီးသြားခဲ့ျခင္းသာ။ ေဖက ခ်က္ခ်င္းျပန္ထြက္သြားသည္။
အ႐ႈိးရာေတြကို အေမျမင္ရင္ စိတ္မေကာင္းျဖစ္မွာစိုးလို႔ အေမ့ကိုမေျပာဖို႔ ညီအစ္ကိုႏွစ္ေယာက္တိုင္ပင္လိုက္ၾကသည္။ မ်က္ႏွာကဒဏ္ရာပဲ အေမသိမွာေလ။
အစ္ကိုကေဆးလိမ္းေပးေတာ့ သူတစ္ခ်က္မွ အသံမထြက္ခဲ့။ သူ႔အခန္းထဲမွာ ေဆးလိမ္းေပးဖို႔ အက်ႌခၽြတ္လိုက္ေတာ့ အစ္ကိုက
"အားပါးပါး ... အ႐ႈိးရာေတြမနည္းပါလား ငါ့ညီရာ။ မင္းကလည္းကြာ ေဖေဖေက်နပ္ေအာင္ ေတာင္းပန္မွေပါ့"
"ကိုယ့္အျပစ္နဲ႔ကိုယ္ပဲေလဗ်ာ။ သြားေျပာမွပိုစိတ္တိုလာရင္ ပိုဆိုးမွာေပါ့။ ေဖ့အေၾကာင္း မသိတာက်လို႔"
"မင္းကလည္းေနာ္၊ အေၾကာကတင္းတယ္။ ေျပာပံုကိုက ထပ္႐ိုက္ခ်င္စရာ"
ေဆးလိမ္းခံေနရင္း သူ ကုတင္ေျခရင္းကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး
"ဟိုမွာ leather belt ရွိတယ္"
"ဘာ! မင္းကေတာ့ ႐ိုက္ေပါက္ပဲ။ ငါထပ္လုပ္လိုက္ရ ေသေတာ့မယ္"
"စိတ္ထဲမပါဘဲ လာေျပာေနတာကိုး။ စိတ္ညစ္ရတဲ့အထဲမွာ"
"ဟား ... စိတ္ပါတယ္၊ ကဲကြာ!"
ေျပာေျပာဆိုဆို အစ္ကိုျဖစ္သူက သူ႔ေက်ာကို ေဆးဖိလူးလိုက္ရာ
"အ! နာတယ္"
"ေအး၊ ဒါေတာင္ leather belt မဟုတ္ေသးဘူးေနာ္"
"ေၾကာက္ပါတယ္ဗ်ာ"
"ေဖေဖက ဘာေျပာေသးလဲ? ေမေမနဲ႔ငါ ဒီအေၾကာင္း ႀကိဳသိေနတာကို ေဖေဖသိလား?"
"ဟာဟ! ခါးပတ္စာမိမွာေၾကာက္လို႔လား?"
"ျဖစ္ရေလ"
"မသိေလာက္ေသးဘူး။ ထြဋ္ေခါင္တို႔နဲ႔ ေက်ာင္းျပန္တက္ဖို႔ ေမစီစဥ္ေပးထားတာကိုလည္း သိဦးမွာမဟုတ္ဘူး"
"အင္း"
သူအက်ႌျပန္ဝတ္ၿပီး ညီအစ္ကိုႏွစ္ေယာက္ စကားထိုင္ေျပာျဖစ္ၾကသည္။
"ဒါေပမဲ့ ... မနက္ျဖန္ ျခံထဲသြားရမယ္တဲ့"
"ဘယ္လို ညီ? စိုက္ခင္းထဲ အလုပ္ခိုင္းမလို႔တဲ့လား? ေနပူလိုက္၊ မိုးရြာလိုက္နဲ႔ကို အလုပ္ၾကမ္းခိုင္းမလို႔တဲ့လား? ေက်ာင္းျပန္တက္ဖို႔လည္း ရွိေသးတယ္"
"ဒါပဲရွိတာပဲေလ။ အလုပ္က ျပႆနာမရွိပါဘူး။ ျပန္ေျဖဖို႔ကိစၥပဲ ..."
"အဲဒါကမပူပါနဲ႔။ သားတစ္ေယာက္လံုးကိုေတာ့ ပညာေရးတစ္ပိုင္းတစ္စ အျဖစ္ခံမွာမဟုတ္ဘူး။ ေဖေဖစိတ္ဆိုးတုန္းမို႔ပါ။ စိတ္ေအးသြားတဲ့အခါ ေမေမေျပာလိုက္ရင္ ရမွာပါကြ"
"အင္း ... လြယ္လြယ္ေတာ့ ေျပာလို႔ရမွာမဟုတ္ဘူး။ သူစီစဥ္တာကို ကလန္ကဆန္လုပ္ၿပီးမွ အခု ကိုယ့္စိတ္ႀကိဳက္ေတြခ်ည္း အသိမေပးဘဲလုပ္ထားေတာ့ ေက်နပ္မွာမဟုတ္ဘူးေလ"
သူက ရယ္က်ဲက်ဲေျပာလိုက္ေတာ့ အစ္ကိုက
"ေအးေလ၊ မင္းက အရင္ကတည္းက ဒီလိုပဲ လုပ္ခ်င္တာလုပ္ေနတာပဲေလ။ ငါသိတုန္းကလည္း စိတ္ဆိုးတာပဲ။ ေဖေဖက ပိုဆိုးမွာေပါ့"
"ေမသိသြားတုန္းက စိတ္ေတြလည္းဆိုး၊ ငိုလည္းငို၊ လူကို ထု႐ိုက္လုပ္ေနတုန္းက ဒီေလာက္မနာဘူးေလ။ အဟီး!"
"ဪ ... ေျပာတတ္ပါေပ့ ငါညီရာ"
"ေဖက သူ႔ဘာသာစံုစမ္းရင္း သိလာတာ။ ကုမၸဏီမွာ ေမနဲ႔မေတြ႕ရေသးဘူးထင္တယ္။ ေဖသိသြားတာကို ေမကမသိေလာက္ေသးဘူးဗ်"
"အင္း ... ဟုတ္မွာ။ ေမေမရွင္းတတ္ပါတယ္။ ဒါေတြထားလိုက္! နက္ျဖန္ ဘယ္လိုသြားမွာလဲ?"
"တာဝန္ခံဦးညိဳကို ေျပာၿပီးၿပီမို႔ လာေခၚလိမ့္မယ္တဲ့။ အဝတ္အစားလည္း အိမ္ေနရင္းအၾကမ္းထည္ေလာက္ပဲ ထည့္သြားတဲ့။ ပိုက္ဆံလည္း တစ္ျပားမွယူသြားစရာမလိုသလို ဖုန္းလည္းထားခဲ့တဲ့။ အလုပ္သမားအသစ္ပံုစံမ်ိဳး လႊတ္မလို႔ထင္တယ္။ အေတြ႕အၾကံဳသစ္ေပါ့"
"ဪ ... ေပ်ာ္ေနတာ။ လံုးဝ၊ ကြင္းစ၊ ကြင္းပိတ္နဲ႔ကို လံုးဝ သနားလို႔မရတဲ့အေကာင္ပါကြာ"
"ဟဲဟဲ ... ေဆးစက္က်ရာ အ႐ုပ္ထင္ပါတယ္ဗ်"
"ေအးပါ၊ ထင္လိုက္စမ္းပါ"
¤
ဤသို႔ျဖင့္ ျခံထဲမွာ ဆယ့္ငါးရက္ေလာက္ အလုပ္လုပ္လိုက္ရသည္။ ျပန္မည့္ေန႔မွ ဦးထြန္းေတာက္ေနရဲ႕သားမွန္း အလုပ္သမားေတြသိသြားၾကသည္။
သူတို႔သူေဌးရဲ႕သားက သူတို႔နဲ႔အတူအိပ္၊ အတူစား၊ အတူေန၍ ေပါက္တူးကိုင္၊ ေျမဆြ၊ ႏြားေခ်းက်ံဳးခဲ့သည္ကို မယံုႏိုင္ျဖစ္ေနၾကျခင္း။
ျခံထဲေရာက္ၿပီးေနာက္တစ္ေန႔ အလုပ္ေတြလုပ္ၿပီးလို႔ ေရခ်ိဳးၾကေတာ့ ေက်ာက ခါးပတ္ရာခပ္ေရးေရးေၾကာင့္ အိမ္ေျပးကေလးတစ္ေယာက္လို႔သာ သူတို႔ထင္ခဲ့ၾကသည္တဲ့။
အဲဒီလိုေနခဲ့လို႔လည္း အေဖက ဒီေလာက္ႏွင့္ျပန္ေခၚသည္သာ။ အေမလည္း ဘယ္ေလာက္ေတာင္ ေျပာေနၿပီဆိုတာ မသိႏိုင္။ အိမ္ျပန္ေရာက္ေတာ့ ေဖက
"မင္းပညာေရး မင္းဘယ္ေလာက္ထိ အေကာင္းဆံုးလုပ္ႏိုင္မလဲ?"
"ဂုဏ္ထူးေလးဘာသာ။ ဒါေပမဲ့၊ ေဆးေက်ာင္းမတက္ဘူးေနာ္ ေဖ"
"ေကာင္းၿပီေလ။ သမီးငယ္က ညဘက္ေတြ Guide လာလုပ္ေပးလိမ့္မယ္"
"ဗ်ာ!!! ေလးငယ္က?"
သူ တအံ့တဩေရရြတ္မိေတာ့ ေဖ့ဆီက ဘာျဖစ္လဲ ဆိုေသာ အၾကည့္က စူးခနဲ။ ေမ့ကို မသိမသာၾကည့္မိေတာ့ ေခါင္းအသာညိတ္ျပသည္က လက္ခံလိုက္ ဆိုသည့္သေဘာ။ မေက်မနပ္ႏွင့္ သူလက္ခံလိုက္ရသည္။
ေလးငယ္က ေဖ့ရဲ႕စပိုင္ေပါ့ေလ။ သူေျခလွမ္းတိုင္း ေလးငယ္မွတစ္ဆင့္ ေဖ့ဆီသတင္းေရာက္ေတာ့မည္။
ညက်ေတာ့ ေမက သူ႔အခန္းထဲေရာက္လာၿပီး
"သားငယ္ ပိန္သြားတယ္၊ အသားလည္းညိဳလာတယ္။ အရမ္းပင္ပန္းလား?"
"ေပ်ာ္စရာႀကီး ေမရဲ႕။ ပိန္တာမဟုတ္ဘူး အဆီက်သြားတာ။ အရမ္းႀကီးမပင္ပန္းပါဘူး။ စားေကာင္း၊ အိပ္ေပ်ာ္၊ က်န္းမာေရးညီညြတ္တာေပါ့။ အဟီး"
"ငါ့သားေလးမ်ား ပင္ပန္းေနမလား စိုးရိမ္ေနတာ၊ သင္းေလးက ေပ်ာ္ေနတာပဲ။ အလုပ္တန္ဖိုး၊ ေငြတန္ဖိုးေတာ့ ေကာင္းေကာင္းနားလည္သြားတယ္ မဟုတ္လား?"
ေမက သူ႔နားရြက္ကို ခပ္ဖြဖြဆြဲရင္းဆိုလာသည္။
"ဟုတ္။ ေနာ့္ကို ေန႔စားခရွင္းေပးလိုက္တယ္ ေမ။ ဒီမွာၾကည့္ပါဦး"
ေျပာရင္း သူ႔အိတ္ထဲက ေမ့အတြက္ဝယ္လာတဲ့ မာဖလာေလးကို ထုတ္ယူကာ ၾကမ္းျပင္ေပၚထိုင္ခ်လိုက္ၿပီး
"ေမ့ကို ကန္ေတာ့မယ္ေနာ္"
ေမက မ်က္ရည္ေတြဝဲရင္း ဆုေတြတန္းစီေနေအာင္ေပးေတာ့ သူေပ်ာ္ေနမိသည္။
"ငယ္ငယ္က ဘယ္အခ်ိန္ေမးေမး ေဖ့ကိုပိုခ်စ္တယ္လို႔ေျဖတဲ့ သားငယ္က ခုေတာ့ အေဖေပးတဲ့လုပ္အားခနဲ႔ ေမ့ကို ကန္ေတာ့တယ္ေပါ့?"
"ေမ့ဗိုက္ထဲကထြက္လာတဲ့ ေမ့သားက ေမ့ကိုပိုခ်စ္တာပါဗ်ာ"
"အဲဒါလည္း အေဖတူလို႔ စကားတတ္တာ။ ဦးထြန္းေတာက္ေနကိုယ္ပြားေလး။ မင္းအေဖအတြက္ေရာ?"
ေမကသူ႔ကို ေဖ့ကိုယ္ပြားလို႔ အျမဲေျပာေနက်။ ဒါေပမဲ့ သူ႔ကို သူ႔အစ္ကိုလိုေတာ့ ေမက အယံုအၾကည္မရွိ။ သူကလည္း ယံုၾကည္ခ်င္စရာမေကာင္းတာ သူ႔ဘာသာသိသည္။
အခု ေဖ့ကို ဘာနဲ႔ကန္ေတာ့မလဲလို႔ သိခ်င္ေနျပန္ၿပီ။
"ဟိုေလ ... အဲဒါကေလ ... ေမလိုက္ခဲ့ေပးပါလား! ေဖ့ကို ပုဆိုးနဲ႔သြားကန္ေတာ့မလို႔ဟာ တစ္ေယာက္တည္းမသြားရဲလို႔"
"အယ္! ေၾကာက္တတ္ေနတာ"
"အဟီး ... ေမကလည္း"
"လာ၊ သြားမယ္"
ေဖနဲ႔အစ္ကိုတို႔အလုပ္လုပ္ေနတဲ့နား ရစ္သီေနတဲ့သူ႔ကို ေမကတြန္းလႊတ္ရင္း
"အစ္ကို၊ သားငယ္က ကန္ေတာ့မလို႔တဲ့"
ေဖ့ေျခရင္းနားထိုင္လိုက္တဲ့သူ႔ကို ေဖကလွမ္းၾကည့္ရင္း
"မင္းအေမကိုေရာ?"
"ကန္ေတာ့ၿပီးပါၿပီ။ ေမ၊ ေနာ္ကန္ေတာ့ထားတာ ေဖ့ကိုျပလိုက္ေလ။ တကယ္ပဲ ခ်စ္တတ္လိုက္ၾကတာ"
ေနာက္ဆံုးတစ္ခြန္းကို ေခါင္းငံု႔ကာ စပ္ျဖဲျဖဲ႐ုပ္နဲ႔ ခပ္တိုးတိုးေျပာလိုက္ေသာ္ျငား
"ငါၾကားတယ္ အငယ္ေကာင္၊ နာခ်င္ျပန္ၿပီလား?"
"အာ ... မဟုတ္ပါဘူး။ ကန္ေတာ့မယ္ေနာ္"
သူတို႔သားအဖႏွစ္ေယာက္ကို မ်က္ႏွာခ်င္းဆိုင္ခံုမွာထိုင္ရင္း ေမတို႔သားအမိက ျပံဳးၿပီးၾကည့္ေနခဲ့သည္။
¤
တီ ... တီ ... တီ ...
လူႀကီးမင္းေခၚဆိုေသာ ...
သူသံုးႀကိမ္ေျမာက္ ဖုန္းခ်လိုက္သည္။ ေလးငယ္ကို ဖုန္းေခၚမရ။
တီ ... တီ ...
"ေျပာ"
ထူးပံုက ဟယ္လို ေတာင္မလာေတာ့။
"ဘာလို႔ဖုန္းမကိုင္တာလဲ?"
ခဏၿငိမ္သြားသည္။ သူ႔ဖုန္းသူျပန္ၾကည့္ပံုပင္။
"ဘာလို႔ ေသမလိုဖုန္းေခၚေနတာလဲ?"
စိတ္ေလၽွာ့မွပါ။ ေခ်ာ့ေျပာမွ သူလိုခ်င္သလိုျဖစ္မည္ေလ။
"ေအး၊ မေသခင္ ေမးစရာရွိတာ ေမးမလို႔"
"ဘာလဲ?"
"နင္ ဘာစိတ္႐ူး ... အဲ၊ ဘာစိတ္ကူးေပါက္လို႔ ေဖေျပာတာကို လက္ခံလိုက္တာလဲ?"
"ဘာ ... အဲဒါ နင့္ဘာသာ ဦးေဖကိုသြားေမးပါလား!"
"ဒီမယ္ အမိ ... ငါမေမးရဲဘူးထင္ေနလား?"
"ေမးရဲလား ၊ ေျပာ!"
"မေမးရဲလို႔ေပါ့။ အဲဒါေၾကာင့္ နင့္ေမးတာကို"
"ဟင့္! ထင္သားပဲ"
"နင္ ငါ့ကိုေန႔တိုင္းေတြ႕ခ်င္လို႔ အကြက္ဆင္တာမဟုတ္လား?"
"အမ္! ေအး၊ ဟုတ္တာေပါ့။ ဒါမွနင့္ကို ေန႔တိုင္းႏွိပ္ကြပ္လို႔ရမွာ"
"နင္ ဟိုးပိစိေလးကတည္းက ငါ့ဆီကေန ငါ့ေမႏို႔ေတြလာလုစို႔လိုက္၊ ငါ့အ႐ုပ္ေတြ လာယူေဆာ့လိုက္နဲ႔ အခု ငါ့အခ်ိန္ေတြကိုပါ လာလုေနတာလား?"
"ဟဲ့ေကာင္! တီေမက ငါ့ကို နင့္ထက္ပိုခ်စ္တာကို နင္မနာလိုေနတာမဟုတ္လား?"
"ၾကည့္စမ္း! ကိုယ့္ထက္အႀကီးကို ဟဲ့ေကာင္တဲ့"
"နင္နဲ႔ငါ တစ္ႏွစ္တည္းေမြးတာ၊ လၽွာမရွည္နဲ႔"
"ဒါေပမဲ့ နင္က ေျခာက္လငယ္တယ္၊ ကေလးမ။ ငါလမ္းေလၽွာက္တတ္ေတာ့ နင္က နင့္ဘာသာေတာင္ ေကာင္းေကာင္း မထိုင္ႏိုင္ေသးဘဲနဲ႔မ်ား"
"ဟဲ့! ဘာပဲေျပာေျပာ မနက္ျဖန္ကစၿပီး ငါကနင့္ဆရာမပဲ။ ငါ့ကို အရင္လို အႏိုင္က်င့္ဖို႔မစဥ္းစားနဲ႔"
"ဘုရားေရ ..... ငါကနင့္ကိုအႏိုင္က်င့္တာလား? နင္ကငါ့ကို အႏိုင္က်င့္တာလား?"
"မသိဘူး။ တီေမနဲ႔ ဦးေဖတို႔ကို သြားေမး!"
"ဪ ... နင္က ငါ့မိဘေတြကိုပိုင္တယ္ဆိုၿပီး ငါ့ကိုျပန္ကန္တယ္ေပါ့။ ေအးပါ၊ နင္ဘယ္ေလာက္ပိုင္ပိုင္ အလြန္ဆံုး ေခၽြးမပဲျဖစ္မွာ၊ ငါက သားအရင္းေလ။ ဟဲဟဲ"
"ဘာေျပာတယ္? အေကာင္စုတ္၊ နင့္ကို ဘယ္သူက ယူမယ္ေျပာလို႔လဲ!"
"ငါကေရာ ဘာေျပာလို႔လဲ? နင့္ဘာသာ လိုရာဆြဲေတြးေနတာ"
"Oki! နက္ျဖန္ငါမလာေတာ့ဘူး။ ဦးေဖေမးရင္ နင္က မသင္ႏိုင္ပါဘူးဆိုၿပီး အတင္းျငင္းလို႔ လာမသင္တာပါလို႔ ေျပာလိုက္႐ံုပဲေလ"
"ဟမ္ ... မဟုတ္ဘူးေလ။ Sorry! အဟဲ၊ ခ်စ္လို႔စတာပါ ညေလးရယ္။ အဲ ... ဆရာမေလးရယ္။ လာခဲ့ပါေနာ္၊ ကၽြန္ေတာ္စာသင္ပါ့မယ္ခင္ဗ်။ အျမင္မေတာ္တာေတြ႕ရင္လည္း ဆံုးမပါ။ မလိမ္မိုးမလိမ္မာေလးမို႔ ဒီတစ္ခါေတာ့ ခြင့္လႊတ္ေပးပါေနာ္"
"အင္းေပါ့ေလ ... ခုလိုေတာင္းပန္ေတာ့လည္း ခြင့္လႊတ္ေပးရတာေပါ့။ နက္ျဖန္မွေတြ႕မယ္၊ ဒါပဲ"
"အ႐ူးမ" (ဖုန္းခ်ၿပီးမွေျပာတာပါ)
ဟူး .......
သူ႔ကိုညႇိလို႔ရမလားမွတ္တယ္၊ သူကပိုဆိုးေနတယ္။ ေအးေလ၊ ဖုန္းဆက္ၿပီး လွမ္းစေနသလို ျဖစ္ေနတာကိုး။ သူနဲ႔ဆို စခ်င္ေနာက္ခ်င္ေနတာ ကိုယ့္အမွားပဲေလ။
"ညီမေလးနဲ႔ဖုန္းေျပာေနတာလား ညီ"
"ဟင္! နားေထာင္ေနတာလား?"
"အင္း၊ ဒီမွာလာထိုင္ေနတာေလ။ မင္းဘာသာမင္း ေျပာခ်င္တာေတြေျပာၿပီး လွည့္မၾကည့္တာေလ"
ဟုတ္သည္။ အေပၚထပ္ဧည့္ခန္းထဲမွာ အျပင္ဘက္ကိုေငးၿပီး ဖုန္းေျပာေနတာ။ သူ႔အစ္ကို ဆိုဖာမွာလာထိုင္တာေတာင္ သူမသိလိုက္ေပ။
"ေျပာစရာရွိလို႔လား?"
"မရွိပါဘူး။ အဟင္း ... ေဖေဖ့ plan မဆိုးဘူး"
"ဆိုးတယ္ဗ်! အရင္တည္းက ခၽြန္တြန္းပါဆို ရာထူးတိုးေပးလိုက္တယ္။ ခုလည္း သူ႔ကိုအႏိုင္မက်င့္နဲ႔တဲ့။ ဘယ္သူက အႏိုင္က်င့္တာလဲဆိုတာ ႏွစ္အိမ္လံုးသိေနတာကိုမ်ားဗ်ာ။ ခုေတာ့ပိုဆိုးၿပီ"
"ဟားဟား ... မင္းတို႔က မျမင္ရင္လည္း ေမးတယ္၊ ဆံုရင္လည္းသတ္ၾကတယ္။ ခုဆို တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ အသံစံုၾကားရေတာ့မယ္။ ေပ်ာ္ဖို႔ေတာ့ ေကာင္းဦးမယ္ကြာ"
"ေပ်ာ္ဗ်ာ၊ ေပ်ာ္ဗ်ာ။ သြားေတာ့မယ္"
သူေျပာၿပီး ထလာေတာ့ အစ္ကိုက ရယ္ေမာၿပီး ဧည့္ခန္းထဲက်န္ခဲ့သည္။
¤
"ေဟ့ေကာင္! အိပ္ေနတာလား?"
ေက်ာ္ေဇ့အသံေၾကာင့္ အတိတ္ကိုေရာက္ေနတဲ့ သူ႔စိတ္ေတြ ပစၥဳပၸန္ကို ေျပးကပ္လာၾကသည္။
"ေဟ ... မအိပ္ပါဘူး။ မ်က္စိမွိတ္ထားတာ၊ မင္းတို႔ကိုျမင္ရတာ မ်က္စိပသာဒ မျဖစ္လို႔"
"ေခြးေကာင္! ေန႔လည္စာဝင္စားၾကမယ္လို႔ ေျပာမလို႔ကြ"
"Good"
ေရွ႕ခန္းမွာ ႏွစ္ေကာင္သား သီခ်င္းဖြင့္ထားၿပီး လိုက္ဆိုလိုက္ၾက၊ စကားေျပာလိုက္ၾကႏွင့္ သာယာေနၾကသလို သူကလည္း ပီေကဝါးရင္း အတိတ္ကိုျပန္ေတြးေနမိတာ ေန႔လည္စာစားခ်ိန္ေတာင္ ေရာက္ေနၿပီ။
ဆိုင္တစ္ဆိုင္မွာ ေန႔လည္စာစားၿပီး ဟိုႏွစ္ေယာက္ သန္႔စင္ခန္းသြားၾကေတာ့ ဆိုင္ေရာက္ေရာက္ခ်င္း ေနာက္ေဖးတန္းေျပးရတဲ့သူက ထမင္းဆိုင္ေရွ႕နားက ကြမ္းယာဆိုင္မွာ ပီေကဝယ္ရင္းေစာင့္မယ္ဆိုၿပီး ထြက္လာလိုက္သည္။
ဆိုင္ထဲဝင္ေတာ့ အမ်ိဳးသမီးတစ္ဦး ေရသန္႔ဝယ္ၿပီး ပိုက္ဆံရွင္းဖို႔ လက္ကိုင္အိတ္ထဲက ပိုက္ဆံႏႈိက္ယူေနသည္။ သူက ေဘးကျဖတ္လာၿပီး ပီေကဝင္ဝယ္သည္။
သူမက တစ္ေထာင္တန္တစ္ရြက္ ဆြဲထုတ္လိုက္စဥ္ ပိုက္ဆံအေခါက္လိုက္ေလး သူ႔ေျခေထာက္နားက်လာတာကို တစ္ခ်က္ၾကည့္ၿပီး ဆိုင္ရွင္ကို ပိုက္ဆံလွမ္းေပးကာ ေကာက္ဖို႔ျပင္သည္။
သူ႔ေျခေထာက္နားမွာမို႔ ေကာက္ေပးလိုက္ေတာ့ သူမက အျပံဳးေလးႏွင့္
"ေက်းဇူး၊ ေမာင္ေလး"
ေျပာၿပီး ျပန္အမ္းေငြႏွင့္ ေရသန္႔ဘူးေလးကိုင္ကာ ျပန္ထြက္သြားသည္ကို သူလိုက္ၾကည့္ေနမိသည္။
"ေဟ့ေကာင္! ဘာေငးေနတာလဲ?"
"ဒီလိုပဲ လွလို႔ၾကည့္တာေလ"
■
အပိုင္း (၂) ဆက္ရန္
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"မေ၊ သွားတော့မယ်နော်"
"အေးပါ၊ တိုင်သံတောသံ မကြားချင်ဘူးနော်"
"ဟုတ်! ဟိုရောက်ရင် ဘွားကို လာဘ်ထိုးထားလိုက်ပါ့မယ်။ မေ့ကိုပြန်မတိုင်ဖို့"
"ဪ ... ဒီကလေးတော့ ..."
မေ့ကိုကန်တော့ပြီးတော့ အစ်ကိုဖြစ်သူ မောင်းပြီးလိုက်ပို့ပေးမည့်ကား၏ နောက်ခန်းထဲသို့ သူ့အထုပ်တွေထည့်လိုက်သည်။ အစ်ကိုကပါ ဝိုင်းကူထည့်ပေးပြီးနောက် နှစ်ယောက်သား ကားပေါ်တက်လိုက်ကြပြီး
"မေ၊ တာ့တာ။ ညကျမှ ဖုန်းဆက်လိုက်မယ်နော်"
"ကောင်းပါပြီရှင်၊ နှစ်ယောက်လုံး ဂရုစိုက်ကြ"
"ဟုတ်! သွားပြီနော် မေ ... မေ"
နှစ်ယောက်သား ပြိုင်တူပြောလိုက်ကြပေမဲ့ တစ်ယောက်က 'မေ'လို့ တစ်လုံးတည်းသာခေါ်သည်မို့ နောက်တစ်ယောက်၏ နောက်ထပ် 'မေ'ဆိုတဲ့အသံ သီးသန့်ထပ်ထွက်လာတတ်သည်က သူတို့ငယ်ငယ်ကတည်းကပင်။
သူ့ရဲ့ အခေါ်အဝေါ်တွေက သူ့သမိုင်းကြောင်းနဲ့သူ။
.
"သားကြီး၊ ထွဋ်ခေါင်တို့အိမ်ကိုပဲ ပို့ပေးပါနော်"
"ဘာ!!!!"
"အဲ၊ ဖြည်းဖြည်းပြောပါ။ လန့်လိုက်တာ"
"မင်း ... တော်တော်စိတ်ချရပါလား!"
"အလာကတည်းက အပြန်အတွက်ပါ တစ်လက်စတည်း စီစဉ်ပြီးသားမို့ပါ"
"မေမေ့မန်နေဂျာ ကားလက်မှတ်ဖြတ်ပေးတယ်ဆို"
"အဲဒါကလေ ... အဟီး! နော်တို့ ညှိလိုက်ပြီ။ မေ့ကိုပြန်မပြောပါနဲ့နော်။ ကိုဂျာကြီးက ကြားထဲကဆူခံနေရပါဦးမယ်။ မေသိရင်လည်း စိတ်တိုရဦးမယ်"
"ခုတော့ မင်းက စိတ်ချမ်းသာနေတယ်လေ။ ခုလေးတင် လိမ္မာပါ့မယ်လို့ မေမေ့ကိုကတိပေးခဲ့တာ ဘယ်ပါးစပ်လဲ? လမ်းပေါ်ရောက်တာနဲ့ တစ်မျိုးဖြစ်သွားပြီ"
"အာ ... လိမ္မာပါတယ်ဗျာ။ စီစဉ်ပြီးသားဖြစ်နေလို့ပါ။ မေ့ကိုပြောရင်လည်း ခွင့်ပြုမှာမဟုတ်လို့ အားလုံးစိတ်ချမ်းသာအောင် လိမ်ပြောလိုက်ရတာ"
"မင်းတော့ကွာ!"
"မေ့ကို ပြန်မပြောနဲ့နော်"
"မင်းတော့ နာတော့မယ်။ ငါလက်မအားလို့နော်၊ ဟင်း ..."
ပြောသာပြောသည်၊ ထွဋ်ခေါင်တို့အိမ်ဘက်ကို ကားကဦးတည်နေပြီ။
.
အဲဒီကိုရောက်တော့ ခြံတံခါးကဖွင့်လျက်သား။ ကားပေါ်ကို ပစ္စည်းတွေတင်နေကြသည်။
"ဟော၊ လာပြီ"
သူတို့အပြောကို လက်ပြတုန့်ပြန်ပြီး နောက်ခန်းကသူ့ပစ္စည်းတွေကို ချလိုက်သည်။
ညီအစ်ကိုနှစ်ယောက် အထုပ်တွေကို ထွဋ်ခေါင်ကားနားယူလာတော့ ထွဋ်ခေါင်က
"ကိုသားကြီး၊ ဒီကောင်ကို နားရင်းအုပ်ပြီးပြီလား?"
"အေးကွာ၊ ကားမောင်းလာရလို့ လက်မအားတာနဲ့ ဒီကောင်သက်သာသွားတယ်"
"ဟားဟား! ဒါပေမဲ့ အစ်ကိုစိတ်ချပါဗျ။ ကျွန်တော်တို့ ဂရုစိုက်မောင်းမှာပါ၊ ဒီကောင်ကိုလည်း ပေးမမောင်းဘူး။ ကျွန်တော်နဲ့ထွဋ်ခေါင်ပဲ မောင်းမှာပါ"
ကျော်ဇေက ဝင်ပြောလိုက်ခြင်းတွင် သူ့အစ်ကိုမှ
"အေးပါကွာ၊ စိတ်ချပါတယ်။ ဂရုစိုက်သွားကြ၊ ကိုယ်သွားတော့မယ်"
သူတို့ ပြိုင်တူ ဟုတ်ကဲ့လိုက်ကြသည်။
အစ်ကိုစိတ်ချမှာပေါ့။ ထွဋ်ခေါင်က စိတ်ရှည်တဲ့ စိတ်အေးလက်အေးသမား။
ကျော်ဇေက သူ့ဦးလေးအလုပ်မှာ နှစ်နှစ်လောက်ကားမောင်းလာတာ အထိအခိုက်တစ်ခါမှမရှိ။
ကျော်ဇေက အသက်မပြည့်ခင်ကျောင်းနေဖြစ်တော့ သူတို့ထက်တစ်တန်းကြီးသည်။ ကျော်ဇေဆယ်တန်းအောင်တော့ သူတို့က ဆယ်တန်းတက်တဲ့နှစ်။ အဲဒီနှစ် သူကစာမေးပွဲမဖြေဖြစ်တော့ သူဆယ်တန်းနှစ်နှစ်နေရချိန်မှာ ကျော်ဇေက အဖေဆုံးပြီး စီးပွားရေးအဆင်မပြေလို့ သူ့ဦးလေးကားမှာ နေ့ဘက်အကူ၊ ညဘက်သင်မောင်းလိုက်ရင်း အသက်မပြည့်ခင်ကတည်းက ကားမောင်းကျွမ်းကျင်နေခဲ့သည်။
ထွဋ်ခေါင်ကတော့ ကိုးတန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှာ နယ်ကအမျိုးတွေဆီသွားလည်ရင်း မတော်တဆဖြစ်လို့ အတော်လေးဆေးကုလိုက်ရကာ ကျောင်းတစ်နှစ်နားလိုက်ရသည်။
သူကသာ အဖေနှင့်အတိုက်အခံလုပ်ရင်း ဆယ်တန်းကို နှစ်နှစ်တက်လိုက်ရသည်။
"ကဲ! ပစ္စည်းတွေစုံပြီလား?"
ထွဋ်ခေါင်အသံကြားတော့မှ ပစ္စည်းထုပ်တွေနေရာချရင်း တွေးနေသောအတွေးများ ရပ်သွားခဲ့ရသည်။
"အိုခေ၊ စုံပြီ"
သူက စပ်ဖြဲဖြဲလုပ်နေလိုက်သည်။ အိမ်မှာအငယ်ဆုံးဖြစ်တဲ့သူက ဒီသုံးယောက်ထဲ အဆိုးဆုံး၊ အပေဆုံးပင်။ အစ်ကိုက မိဘစကားဆို တစ်ခွန်းဆိုတစ်ခွန်း နားထောင်သလောက် သူက သူလုပ်ချင်ရာလုပ်သည်။ ရိုင်းစိုင်းဆိုးသွမ်းနေတာမဟုတ်ပေမဲ့ နွဲ့ဆိုးလည်းမကအောင်ဆိုးသည်။ စည်းမဲ့ကမ်းမဲ့မဟုတ်ပေမဲ့ ဘောင်ခတ်မခံသူ။ ညီအစ်ကိုနှစ်ယောက်ယှဉ်တော့ သူက လူဆိုးဖြစ်ရသည်ပေါ့။
¤
ထွဋ်ခေါင်မောင်းလာတဲ့ကားကိုစီးရင်း စကားတွေပြောလာကြသည်။ ကျော်ဇေက
"ဒီတစ်ခါအိမ်ပြန်တာ လေးငယ်အကြောင်း ပြောသံမကြားရပါလားကွ။ ငါတို့က မင်းဆိုတာနဲ့ လေးငယ်ကိုပါ တွဲမြင်နေမိတာ"
"အေး၊ မနေ့ညကတောင် မေက စသလိုနောက်သလိုနဲ့ ပြောနေသေးတယ်။ ကျောင်းပြီးတာနဲ့ စေ့စပ်ပေးရမလားတဲ့"
"ဟာ! တကယ်ကြီးလား?"
ကျော်ဇေတို့နှစ်ယောက် ပြိုင်တူလိုလိုမေးပြီး ကျော်ဇေက ရှေ့ခန်းထိုင်ခုံနေရာကနေ ကားကြည့်ပေးနေရာက ဘေးစောင်းပြောင်းထိုင်ကာ နောက်မှာထိုင်နေတဲ့သူ့ကို ကြည့်လာသလို ထွဋ်ခေါင်ကလည်း နောက်ကြည့်မှန်မှ လှမ်းကြည့်သည်။
"မင်းတို့က ဘာလို့အဲဒီလောက် စိတ်ဝင်စားသွားကြတာလဲ? ငါ့ကိုများ ကြိုက်နေကြတာလား? နှစ်ယောက်လုံးတော့ ငါတာဝန်မယူနိုင်ဘူးနော်"
"ထွီ"ခနဲအသံပြုပြီး ကျော်ဇေတစ်ယောက် ရှေ့ပြန်လှည့်သွားသည့်နည်းတူ ထွဋ်ခေါင်ကလည်း မျက်နှာမဲ့သွားသည်ကို နောက်ကြည့်မှန်မှ မြင်လိုက်ရသည်။
"အဟီး ... မင်းတို့ကလည်း အဲဒီလောက်မခါးသည်းပါနဲ့။ မေတို့က ငါတို့ကို အဲဒီလိုပြောလာကြတာ ကြာပြီပဲ။ တကယ်စီစဉ်မယ်ဆိုရင်တော့ ငါတို့ကို အရင်မေးမှာပါ"
"လေးငယ်မှာ ချစ်သူရှိလား?"
ထွဋ်ခေါင်က မေးလာပြီ။
"မင်းက ကြံစည်နေတာလား?"
ကျွန်တော့်ပြောစကားကို ထွဋ်ခေါင်က ချက်ချင်းငြင်းသည်။
"ဟာ ..... အကြောင်းသိတွေ မစဉ်းစားဘူး"
ဟုတ်ပါသည်။ ကျွန်တော်တို့(ကျွန်တော်၊ ထွဋ်ခေါင်၊ လေးငယ်တို့)တွေက ကိုးတန်းအထိ အတူတက်လာခဲ့ကြသည်ပဲ။
ကျော်ဇေကတော့ တစ်တန်းကြီးသည်။ သို့ပေမဲ့ တစ်ကျောင်းတည်းမို့ အပေါင်းအသင်းဖြစ်နေကြခြင်းပင်။
ကိုးတန်းဖြေပြီးတော့ ထွဋ်ခေါင်က accident ကြောင့် ကျောင်းတစ်နှစ်နား၊ ကျွန်တော့်ကို ဖေက ဘော်ဒါပို့၊ လေးငယ်က တက်လက်စကျောင်းမှာဆက်တက်ကာ ကျော်ဇေကတော့ ဆယ်တန်းအောင်ပြီး သူ့ဦးလေးဆီ ရောက်သွားခဲ့သည်။
¤
*လေးငယ်*
သူမနာမည်က "ကြယ်စင်ဆု"။ သူ့ထက် ခြောက်လကျော်ငယ်သည်။
သူစကားပြောတတ်ခါစက နာမည်တွေခေါ်တော့ အမေဖြစ်သူကို "မေမေ" လို့ ခေါ်ခိုင်းလို့မရ၊ "မေ" တစ်လုံးတည်းသာခေါ်သည်ကို ကလေးမို့ အလွယ်ခေါ်သည်သာထင်ကြသည်။
တကယ်က သူ့အဖေခေါ်ပြောသလို လိုက်ပြောခြင်းဖြစ်ကြောင်းကို နောက်မှသိရသည်။
အဖေက ကျွန်တော်ဟုနာမ်စားသုံးသည်မို့ အဖေဖြစ်သူကို "နော်" ဟုခေါ်လာပြီး အစ်ကိုဖြစ်သူကို "တားရီး" ဟု မပီကလာခေါ်လာတော့မှ အဖေ့လေသံလိုက်ကြောင်း သိရလေတော့သည်။
သူကလည်း အထူးအဆန်းပင်၊ အမေလက်ပေါ်ကြီးလာပြီး အဖေခေါ်ပြောသလို လိုက်ပြောတတ်သည်။ အဘွားဖြစ်သူကို "မေမေ" ခေါ်သည်။
အဘွားတို့လက်ထက်ကတည်းက အိမ်မှာနေလာသော အဒေါ်ကြီးကိုတော့ဖြင့် အဖေဖြစ်သူလို "မကြီးသန်း" လို့ မခေါ်တတ်၍ "ကြီးသန်း" ခေါ်သည်။
အမေကိုသာခေါ်တတ်ပြီး အတော်ကြာမှ တခြားအခေါ်အဝေါ်တွေတတ်လာတော့ ပြင်သင့်သည်များ ပြင်ပေးသည့်အခါ အဖေကို "ဖေ"၊ အဘွားကို "ဘွား" လို့ ခေါ်လာပေမဲ့
အစ်ကိုကို "ကိုကို" ခေါ်ခိုင်းလျှင် လူကြီးတွေရှေ့တွင်သာ ခဏခေါ်ပြီး ကွယ်ရာရောက်လျှင် "သားကြီး" ဖြစ်သွားပြန်သည်။
သမီးမိန်းကလေးလိုချင်သော သူ့မိဘတွေက သူ့ကိုမွေးပြီး အမေကသားအိမ်မကောင်း၍ ထုတ်ပစ်လိုက်ရသောကြောင့် ကလေးထပ်မရနိုင်သည့်အခါ တစ်လမ်းကျော်တွင်နေသော မေ့ငယ်သူငယ်ချင်း၏ သမီးကလေးကို ခေါ်လာလေ့ရှိပြီး "သမီးငယ်"၊ သမီးငယ်နှင့် လက်ကမချဘဲ ခေါ်ထိန်းလေ့ရှိသည်။
ဒါကို သူကဘယ်လိုကြားသည်မသိ၊ "လေးငယ်" ဆိုပြီး လိုက်ခေါ်သည်။
စကားကောင်းကောင်းပြောတတ်လာတော့ ကျန်တဲ့အခေါ်အဝေါ်တွေမှန်သော်လည်း သားကြီးနှင့် လေးငယ်က ပြင်မရတော့။
သူကိုယ်သူလည်း သားလို့မပြောတတ်ဘဲ အဖေဖြစ်သူက ကျွန်တော်လို့ပြောသည်ကို အတုခိုးကာ "နော်" လို့ပင် သုံးနှုန်းလာသည်က အခုထိ အိမ်မှာဆို ဒီအတိုင်းပြောသည်။
ဘွားကတော့ သူက အဖေနဲ့သိပ်တူတာတဲ့။
သူ့အဖေငယ်ငယ်က အရမ်းဆိုးတာပဲလို့ပြောလျှင် လူတိုင်းအံ့ဩကြသည်။
ဖေက အဘိုးဆုံးပြီးမှ လိမ္မာလာသည်တဲ့။ မေနဲ့တွေ့တော့ ဖေကလူလိမ္မာလေးဖြစ်နေပြီမို့ မေကအစ ဘွားစကားကို အံ့ဩခဲ့ရသည်တဲ့။
ဘွားပြောလေ့ရှိသည်က
"မြေးငယ်လေးက သူ့အဖေငယ်ငယ်ကအတိုင်းပဲ။ မြေးကြီးကတော့ သူ့အဖေရဲ့ အခုပုံစံလေ။ ကျွန်မချွေးမက မွေးလည်းမွေးတတ်တယ်။ သူ့ယောက်ျားပုံစံတွေ တစ်မျိုးမှ မလွတ်စေရဘူး" ဟူ၍။
သူက ဖေချစ်။ အဖေကိုတွေ့တာနဲ့ အဖေနောက် တစ်ကောက်ကောက်လိုက်နေတတ်သူ။ အရမ်းဆိုးတဲ့သူ့ကို အဖေဖြစ်သူက အလိုမလိုက်၊ အခန့်မသင့်လျှင် မကြာခဏအရိုက်ခံရတတ်ပေမဲ့ အမေထက် အဖေနားကို ပိုကပ်ချင်နေတတ်သူ။
ငယ်ငယ်ကတည်းက အမေကိုလှည့်ပတ်၍ ကျောင်းပြေးတတ်နေသည့်သူက အဖေဖြစ်သူကသိလာပြီး မေးလာလျှင် နှစ်ခါမေးစရာမလိုဘဲ ဝန်ခံတတ်သူ။
အဖေဖြစ်သူကလည်း ခပ်ဆိုးဆိုးသူ့သားကို သူငယ်ငယ်ကနှင့်မတူစေချင်၍ မျက်နှာသာမပေးဘဲ အမြဲတမ်း တင်းတင်းကြပ်ကြပ်ဆုံးမတတ်သည်။
သူကလည်း အပြစ်ပေးမှာကြောက်၍ အမှားမလုပ်ရဲဘူးဆိုတာမျိုးမဟုတ်။ အမှားကို မကောင်းမှန်းသိ၍ ရှောင်တာမျိုးပဲ ဖြစ်ရမည်။ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ ကျူးလွန်မိသည့်အမှားအတွက် ကြိုက်သည့်အပြစ်ပေး၊ ခံလိုက်မည်ဆိုတာမျိုး။
ဘယ်တော့မှ သူ့ကို ချုပ်ထားလို့မရခဲ့။
အကျိုးသင့်၊ အကြောင်းသင့် ဆုံးမလျှင် သူလက်ခံသည်။ အတင်းကြီးချုပ်ကိုင်ထား၍ မရသည့်အမျိုး။
ဘွားကတော့ သူ့အဖေဝဋ်လည်တာလို့ အမြဲပြောတတ်သည်။
¤
ဆယ်တန်းနှစ်က သူ့ကိုဘော်ဒါဆောင်ပို့ဖို့ အဖေကစီစဉ်တော့ သူငြင်းသည်။ သူလိုလူက အချိန်ဇယားနှင့် အမြဲမနေနိုင်။
စည်းမရှိ၊ ကမ်းမရှိ၊ အချိန်ဇယားမရှိဘဲ အိပ်ချင်သည့်အချိန်အိပ်၊ စာလုပ်ချင်လျှင် ညမအိပ်ဘဲလည်း စာလုပ်နေတတ်သည့်သူ့ကို အဖေက စည်းစနစ်တကျ ရှိစေချင်သည်။
အဖေကိုမလွန်ဆန်နိုင်၍ သူသွားခဲ့သည်။
သို့သော်လည်း အဆင်မပြေခဲ့။ လပတ်စာမေးပွဲတွေ အမှတ်မကောင်း။ ရံဖန်ရံခါ ကျတတ်သေးသည်။
အဖေဖြစ်သူကလည်း လာတွေ့တိုင်းဆုံးမပြီး သူကလည်း လာတွေ့တိုင်း ပြန်ခေါ်ခိုင်းသည်။
ဒီအတိုင်းဆို စာမေးပွဲကျမှာပဲ လို့ သူပြောလိုက်သည့်လမှစ၍ အဖေလာမတွေ့တော့ပေ။
အောင်မှတ်ရနိုင်သော်လည်း အမှတ်ကောင်းကောင်းမရလျှင် မဖြစ်စလောက်အမှတ်ကို မလိုချင်သည်မို့ စာမေးပွဲနောက်ဆုံးနေ့က မှောက်အိပ်နေပြီး ခုံနံပါတ်တပ်ကာ ပြန်ထွက်လာခဲ့သည်။
အိမ်ကမေးလျှင် ဖြေနိုင်သည်ပဲ ပြောထားသည်။ နောက်မှသိလျှင် အခြေအနေပိုဆိုးနိုင်တာသိပေမဲ့ ကြိုသိလျှင် အဖေစိတ်ဆိုးပြီး တစ်ခုခုစီစဉ်လို့ ပြန်မဖြေရမှာစိုးသည်။
အောင်စာရင်းထွက်မှသိလျှင် ကျောင်းတွေဖွင့်နေပြီမို့ သူ့ဘက်က ကျောင်းတက်ဖို့စီစဉ်ထားနှင့်လို့ ရသည်။
ထွဋ်ခေါင်နှင့် အတူပြန်တက်ဖို့ စီစဉ်နိုင်ပြီး တစ်ဦးတည်းသောသား ထွဋ်ခေါင်အတွက် သူကညီအစ်ကိုလိုမို့ ထွဋ်ခေါင်မိဘတွေက သူ့အတွက်ဆို အကုန်ခွင့်ပြုပေးမှာမလွဲ။
သူတို့ plan တွေအကုန်ချထားပြီး အောင်စာရင်းမထွက်ခင် တစ်ပတ်အလိုမှာ သူဖွင့်ပြောဖို့ကြံတုန်း အဖေက သူ့ဘာသာစုံစမ်းရင်း သိသွားခဲ့သည်။
ထိုနေ့က ခြံထဲမှာ သူတစ်ယောက်တည်း ပန်းအိုးတွေစီနေတုန်းမှာ ဖေက ဒေါသတကြီး အိမ်ပြန်လာသည်။
သူ့ကိုခေါ်လို့ ဧည့်ခန်းထဲလိုက်ဝင်သွားတော့ ဖေ့လက်သီးစာမိသွားခဲ့သည်။
မေက အလုပ်မှာ။ ကြီးသန်းက ဈေးသွားဝယ်နေပြီး အစ်ကိုဖြစ်သူက ကျောင်းသွားသည်မို့ သူ့အတွက် ဝင်ပြောပေးမည့်သူမရှိ။
ခြံထဲမှာအလုပ်လုပ်နေသည်မို့ စွပ်ကျယ်ချိုင်းပြတ်လေးသာ ဝတ်ထားသော သူ့ကျောပြင်မှာ ခါးပတ်ရာတွေ ပွထကုန်သည်။
ဒါတောင် အစ်ကိုက အတန်းချိန်နည်း၍ အိမ်ပြန်လာချိန် ဝင်ဆွဲသည်မို့ ခုနစ်ချက်၊ ရှစ်ချက်လောက်နှင့် ပြီးသွားခဲ့ခြင်းသာ။ ဖေက ချက်ချင်းပြန်ထွက်သွားသည်။
အရှိုးရာတွေကို အမေမြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့ အမေ့ကိုမပြောဖို့ ညီအစ်ကိုနှစ်ယောက်တိုင်ပင်လိုက်ကြသည်။ မျက်နှာကဒဏ်ရာပဲ အမေသိမှာလေ။
အစ်ကိုကဆေးလိမ်းပေးတော့ သူတစ်ချက်မှ အသံမထွက်ခဲ့။ သူ့အခန်းထဲမှာ ဆေးလိမ်းပေးဖို့ အင်္ကျီချွတ်လိုက်တော့ အစ်ကိုက
"အားပါးပါး ... အရှိုးရာတွေမနည်းပါလား ငါ့ညီရာ။ မင်းကလည်းကွာ ဖေဖေကျေနပ်အောင် တောင်းပန်မှပေါ့"
"ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေဗျာ။ သွားပြောမှပိုစိတ်တိုလာရင် ပိုဆိုးမှာပေါ့။ ဖေ့အကြောင်း မသိတာကျလို့"
"မင်းကလည်းနော်၊ အကြောကတင်းတယ်။ ပြောပုံကိုက ထပ်ရိုက်ချင်စရာ"
ဆေးလိမ်းခံနေရင်း သူ ကုတင်ခြေရင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
"ဟိုမှာ leather belt ရှိတယ်"
"ဘာ! မင်းကတော့ ရိုက်ပေါက်ပဲ။ ငါထပ်လုပ်လိုက်ရ သေတော့မယ်"
"စိတ်ထဲမပါဘဲ လာပြောနေတာကိုး။ စိတ်ညစ်ရတဲ့အထဲမှာ"
"ဟား ... စိတ်ပါတယ်၊ ကဲကွာ!"
ပြောပြောဆိုဆို အစ်ကိုဖြစ်သူက သူ့ကျောကို ဆေးဖိလူးလိုက်ရာ
"အ! နာတယ်"
"အေး၊ ဒါတောင် leather belt မဟုတ်သေးဘူးနော်"
"ကြောက်ပါတယ်ဗျာ"
"ဖေဖေက ဘာပြောသေးလဲ? မေမေနဲ့ငါ ဒီအကြောင်း ကြိုသိနေတာကို ဖေဖေသိလား?"
"ဟာဟ! ခါးပတ်စာမိမှာကြောက်လို့လား?"
"ဖြစ်ရလေ"
"မသိလောက်သေးဘူး။ ထွဋ်ခေါင်တို့နဲ့ ကျောင်းပြန်တက်ဖို့ မေစီစဉ်ပေးထားတာကိုလည်း သိဦးမှာမဟုတ်ဘူး"
"အင်း"
သူအင်္ကျီပြန်ဝတ်ပြီး ညီအစ်ကိုနှစ်ယောက် စကားထိုင်ပြောဖြစ်ကြသည်။
"ဒါပေမဲ့ ... မနက်ဖြန် ခြံထဲသွားရမယ်တဲ့"
"ဘယ်လို ညီ? စိုက်ခင်းထဲ အလုပ်ခိုင်းမလို့တဲ့လား? နေပူလိုက်၊ မိုးရွာလိုက်နဲ့ကို အလုပ်ကြမ်းခိုင်းမလို့တဲ့လား? ကျောင်းပြန်တက်ဖို့လည်း ရှိသေးတယ်"
"ဒါပဲရှိတာပဲလေ။ အလုပ်က ပြဿနာမရှိပါဘူး။ ပြန်ဖြေဖို့ကိစ္စပဲ ..."
"အဲဒါကမပူပါနဲ့။ သားတစ်ယောက်လုံးကိုတော့ ပညာရေးတစ်ပိုင်းတစ်စ အဖြစ်ခံမှာမဟုတ်ဘူး။ ဖေဖေစိတ်ဆိုးတုန်းမို့ပါ။ စိတ်အေးသွားတဲ့အခါ မေမေပြောလိုက်ရင် ရမှာပါကွ"
"အင်း ... လွယ်လွယ်တော့ ပြောလို့ရမှာမဟုတ်ဘူး။ သူစီစဉ်တာကို ကလန်ကဆန်လုပ်ပြီးမှ အခု ကိုယ့်စိတ်ကြိုက်တွေချည်း အသိမပေးဘဲလုပ်ထားတော့ ကျေနပ်မှာမဟုတ်ဘူးလေ"
သူက ရယ်ကျဲကျဲပြောလိုက်တော့ အစ်ကိုက
"အေးလေ၊ မင်းက အရင်ကတည်းက ဒီလိုပဲ လုပ်ချင်တာလုပ်နေတာပဲလေ။ ငါသိတုန်းကလည်း စိတ်ဆိုးတာပဲ။ ဖေဖေက ပိုဆိုးမှာပေါ့"
"မေသိသွားတုန်းက စိတ်တွေလည်းဆိုး၊ ငိုလည်းငို၊ လူကို ထုရိုက်လုပ်နေတုန်းက ဒီလောက်မနာဘူးလေ။ အဟီး!"
"ဪ ... ပြောတတ်ပါပေ့ ငါညီရာ"
"ဖေက သူ့ဘာသာစုံစမ်းရင်း သိလာတာ။ ကုမ္ပဏီမှာ မေနဲ့မတွေ့ရသေးဘူးထင်တယ်။ ဖေသိသွားတာကို မေကမသိလောက်သေးဘူးဗျ"
"အင်း ... ဟုတ်မှာ။ မေမေရှင်းတတ်ပါတယ်။ ဒါတွေထားလိုက်! နက်ဖြန် ဘယ်လိုသွားမှာလဲ?"
"တာဝန်ခံဦးညိုကို ပြောပြီးပြီမို့ လာခေါ်လိမ့်မယ်တဲ့။ အဝတ်အစားလည်း အိမ်နေရင်းအကြမ်းထည်လောက်ပဲ ထည့်သွားတဲ့။ ပိုက်ဆံလည်း တစ်ပြားမှယူသွားစရာမလိုသလို ဖုန်းလည်းထားခဲ့တဲ့။ အလုပ်သမားအသစ်ပုံစံမျိုး လွှတ်မလို့ထင်တယ်။ အတွေ့အကြုံသစ်ပေါ့"
"ဪ ... ပျော်နေတာ။ လုံးဝ၊ ကွင်းစ၊ ကွင်းပိတ်နဲ့ကို လုံးဝ သနားလို့မရတဲ့အကောင်ပါကွာ"
"ဟဲဟဲ ... ဆေးစက်ကျရာ အရုပ်ထင်ပါတယ်ဗျ"
"အေးပါ၊ ထင်လိုက်စမ်းပါ"
¤
ဤသို့ဖြင့် ခြံထဲမှာ ဆယ့်ငါးရက်လောက် အလုပ်လုပ်လိုက်ရသည်။ ပြန်မည့်နေ့မှ ဦးထွန်းတောက်နေရဲ့သားမှန်း အလုပ်သမားတွေသိသွားကြသည်။
သူတို့သူဌေးရဲ့သားက သူတို့နဲ့အတူအိပ်၊ အတူစား၊ အတူနေ၍ ပေါက်တူးကိုင်၊ မြေဆွ၊ နွားချေးကျုံးခဲ့သည်ကို မယုံနိုင်ဖြစ်နေကြခြင်း။
ခြံထဲရောက်ပြီးနောက်တစ်နေ့ အလုပ်တွေလုပ်ပြီးလို့ ရေချိုးကြတော့ ကျောက ခါးပတ်ရာခပ်ရေးရေးကြောင့် အိမ်ပြေးကလေးတစ်ယောက်လို့သာ သူတို့ထင်ခဲ့ကြသည်တဲ့။
အဲဒီလိုနေခဲ့လို့လည်း အဖေက ဒီလောက်နှင့်ပြန်ခေါ်သည်သာ။ အမေလည်း ဘယ်လောက်တောင် ပြောနေပြီဆိုတာ မသိနိုင်။ အိမ်ပြန်ရောက်တော့ ဖေက
"မင်းပညာရေး မင်းဘယ်လောက်ထိ အကောင်းဆုံးလုပ်နိုင်မလဲ?"
"ဂုဏ်ထူးလေးဘာသာ။ ဒါပေမဲ့၊ ဆေးကျောင်းမတက်ဘူးနော် ဖေ"
"ကောင်းပြီလေ။ သမီးငယ်က ညဘက်တွေ Guide လာလုပ်ပေးလိမ့်မယ်"
"ဗျာ!!! လေးငယ်က?"
သူ တအံ့တဩရေရွတ်မိတော့ ဖေ့ဆီက ဘာဖြစ်လဲ ဆိုသော အကြည့်က စူးခနဲ။ မေ့ကို မသိမသာကြည့်မိတော့ ခေါင်းအသာညိတ်ပြသည်က လက်ခံလိုက် ဆိုသည့်သဘော။ မကျေမနပ်နှင့် သူလက်ခံလိုက်ရသည်။
လေးငယ်က ဖေ့ရဲ့စပိုင်ပေါ့လေ။ သူခြေလှမ်းတိုင်း လေးငယ်မှတစ်ဆင့် ဖေ့ဆီသတင်းရောက်တော့မည်။
ညကျတော့ မေက သူ့အခန်းထဲရောက်လာပြီး
"သားငယ် ပိန်သွားတယ်၊ အသားလည်းညိုလာတယ်။ အရမ်းပင်ပန်းလား?"
"ပျော်စရာကြီး မေရဲ့။ ပိန်တာမဟုတ်ဘူး အဆီကျသွားတာ။ အရမ်းကြီးမပင်ပန်းပါဘူး။ စားကောင်း၊ အိပ်ပျော်၊ ကျန်းမာရေးညီညွတ်တာပေါ့။ အဟီး"
"ငါ့သားလေးများ ပင်ပန်းနေမလား စိုးရိမ်နေတာ၊ သင်းလေးက ပျော်နေတာပဲ။ အလုပ်တန်ဖိုး၊ ငွေတန်ဖိုးတော့ ကောင်းကောင်းနားလည်သွားတယ် မဟုတ်လား?"
မေက သူ့နားရွက်ကို ခပ်ဖွဖွဆွဲရင်းဆိုလာသည်။
"ဟုတ်။ နော့်ကို နေ့စားခရှင်းပေးလိုက်တယ် မေ။ ဒီမှာကြည့်ပါဦး"
ပြောရင်း သူ့အိတ်ထဲက မေ့အတွက်ဝယ်လာတဲ့ မာဖလာလေးကို ထုတ်ယူကာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး
"မေ့ကို ကန်တော့မယ်နော်"
မေက မျက်ရည်တွေဝဲရင်း ဆုတွေတန်းစီနေအောင်ပေးတော့ သူပျော်နေမိသည်။
"ငယ်ငယ်က ဘယ်အချိန်မေးမေး ဖေ့ကိုပိုချစ်တယ်လို့ဖြေတဲ့ သားငယ်က ခုတော့ အဖေပေးတဲ့လုပ်အားခနဲ့ မေ့ကို ကန်တော့တယ်ပေါ့?"
"မေ့ဗိုက်ထဲကထွက်လာတဲ့ မေ့သားက မေ့ကိုပိုချစ်တာပါဗျာ"
"အဲဒါလည်း အဖေတူလို့ စကားတတ်တာ။ ဦးထွန်းတောက်နေကိုယ်ပွားလေး။ မင်းအဖေအတွက်ရော?"
မေကသူ့ကို ဖေ့ကိုယ်ပွားလို့ အမြဲပြောနေကျ။ ဒါပေမဲ့ သူ့ကို သူ့အစ်ကိုလိုတော့ မေက အယုံအကြည်မရှိ။ သူကလည်း ယုံကြည်ချင်စရာမကောင်းတာ သူ့ဘာသာသိသည်။
အခု ဖေ့ကို ဘာနဲ့ကန်တော့မလဲလို့ သိချင်နေပြန်ပြီ။
"ဟိုလေ ... အဲဒါကလေ ... မေလိုက်ခဲ့ပေးပါလား! ဖေ့ကို ပုဆိုးနဲ့သွားကန်တော့မလို့ဟာ တစ်ယောက်တည်းမသွားရဲလို့"
"အယ်! ကြောက်တတ်နေတာ"
"အဟီး ... မေကလည်း"
"လာ၊ သွားမယ်"
ဖေနဲ့အစ်ကိုတို့အလုပ်လုပ်နေတဲ့နား ရစ်သီနေတဲ့သူ့ကို မေကတွန်းလွှတ်ရင်း
"အစ်ကို၊ သားငယ်က ကန်တော့မလို့တဲ့"
ဖေ့ခြေရင်းနားထိုင်လိုက်တဲ့သူ့ကို ဖေကလှမ်းကြည့်ရင်း
"မင်းအမေကိုရော?"
"ကန်တော့ပြီးပါပြီ။ မေ၊ နော်ကန်တော့ထားတာ ဖေ့ကိုပြလိုက်လေ။ တကယ်ပဲ ချစ်တတ်လိုက်ကြတာ"
နောက်ဆုံးတစ်ခွန်းကို ခေါင်းငုံ့ကာ စပ်ဖြဲဖြဲရုပ်နဲ့ ခပ်တိုးတိုးပြောလိုက်သော်ငြား
"ငါကြားတယ် အငယ်ကောင်၊ နာချင်ပြန်ပြီလား?"
"အာ ... မဟုတ်ပါဘူး။ ကန်တော့မယ်နော်"
သူတို့သားအဖနှစ်ယောက်ကို မျက်နှာချင်းဆိုင်ခုံမှာထိုင်ရင်း မေတို့သားအမိက ပြုံးပြီးကြည့်နေခဲ့သည်။
¤
တီ ... တီ ... တီ ...
လူကြီးမင်းခေါ်ဆိုသော ...
သူသုံးကြိမ်မြောက် ဖုန်းချလိုက်သည်။ လေးငယ်ကို ဖုန်းခေါ်မရ။
တီ ... တီ ...
"ပြော"
ထူးပုံက ဟယ်လို တောင်မလာတော့။
"ဘာလို့ဖုန်းမကိုင်တာလဲ?"
ခဏငြိမ်သွားသည်။ သူ့ဖုန်းသူပြန်ကြည့်ပုံပင်။
"ဘာလို့ သေမလိုဖုန်းခေါ်နေတာလဲ?"
စိတ်လျှော့မှပါ။ ချော့ပြောမှ သူလိုချင်သလိုဖြစ်မည်လေ။
"အေး၊ မသေခင် မေးစရာရှိတာ မေးမလို့"
"ဘာလဲ?"
"နင် ဘာစိတ်ရူး ... အဲ၊ ဘာစိတ်ကူးပေါက်လို့ ဖေပြောတာကို လက်ခံလိုက်တာလဲ?"
"ဘာ ... အဲဒါ နင့်ဘာသာ ဦးဖေကိုသွားမေးပါလား!"
"ဒီမယ် အမိ ... ငါမမေးရဲဘူးထင်နေလား?"
"မေးရဲလား ၊ ပြော!"
"မမေးရဲလို့ပေါ့။ အဲဒါကြောင့် နင့်မေးတာကို"
"ဟင့်! ထင်သားပဲ"
"နင် ငါ့ကိုနေ့တိုင်းတွေ့ချင်လို့ အကွက်ဆင်တာမဟုတ်လား?"
"အမ်! အေး၊ ဟုတ်တာပေါ့။ ဒါမှနင့်ကို နေ့တိုင်းနှိပ်ကွပ်လို့ရမှာ"
"နင် ဟိုးပိစိလေးကတည်းက ငါ့ဆီကနေ ငါ့မေနို့တွေလာလုစို့လိုက်၊ ငါ့အရုပ်တွေ လာယူဆော့လိုက်နဲ့ အခု ငါ့အချိန်တွေကိုပါ လာလုနေတာလား?"
"ဟဲ့ကောင်! တီမေက ငါ့ကို နင့်ထက်ပိုချစ်တာကို နင်မနာလိုနေတာမဟုတ်လား?"
"ကြည့်စမ်း! ကိုယ့်ထက်အကြီးကို ဟဲ့ကောင်တဲ့"
"နင်နဲ့ငါ တစ်နှစ်တည်းမွေးတာ၊ လျှာမရှည်နဲ့"
"ဒါပေမဲ့ နင်က ခြောက်လငယ်တယ်၊ ကလေးမ။ ငါလမ်းလျှောက်တတ်တော့ နင်က နင့်ဘာသာတောင် ကောင်းကောင်း မထိုင်နိုင်သေးဘဲနဲ့များ"
"ဟဲ့! ဘာပဲပြောပြော မနက်ဖြန်ကစပြီး ငါကနင့်ဆရာမပဲ။ ငါ့ကို အရင်လို အနိုင်ကျင့်ဖို့မစဉ်းစားနဲ့"
"ဘုရားရေ ..... ငါကနင့်ကိုအနိုင်ကျင့်တာလား? နင်ကငါ့ကို အနိုင်ကျင့်တာလား?"
"မသိဘူး။ တီမေနဲ့ ဦးဖေတို့ကို သွားမေး!"
"ဪ ... နင်က ငါ့မိဘတွေကိုပိုင်တယ်ဆိုပြီး ငါ့ကိုပြန်ကန်တယ်ပေါ့။ အေးပါ၊ နင်ဘယ်လောက်ပိုင်ပိုင် အလွန်ဆုံး ချွေးမပဲဖြစ်မှာ၊ ငါက သားအရင်းလေ။ ဟဲဟဲ"
"ဘာပြောတယ်? အကောင်စုတ်၊ နင့်ကို ဘယ်သူက ယူမယ်ပြောလို့လဲ!"
"ငါကရော ဘာပြောလို့လဲ? နင့်ဘာသာ လိုရာဆွဲတွေးနေတာ"
"Oki! နက်ဖြန်ငါမလာတော့ဘူး။ ဦးဖေမေးရင် နင်က မသင်နိုင်ပါဘူးဆိုပြီး အတင်းငြင်းလို့ လာမသင်တာပါလို့ ပြောလိုက်ရုံပဲလေ"
"ဟမ် ... မဟုတ်ဘူးလေ။ Sorry! အဟဲ၊ ချစ်လို့စတာပါ ညလေးရယ်။ အဲ ... ဆရာမလေးရယ်။ လာခဲ့ပါနော်၊ ကျွန်တော်စာသင်ပါ့မယ်ခင်ဗျ။ အမြင်မတော်တာတွေ့ရင်လည်း ဆုံးမပါ။ မလိမ်မိုးမလိမ်မာလေးမို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်"
"အင်းပေါ့လေ ... ခုလိုတောင်းပန်တော့လည်း ခွင့်လွှတ်ပေးရတာပေါ့။ နက်ဖြန်မှတွေ့မယ်၊ ဒါပဲ"
"အရူးမ" (ဖုန်းချပြီးမှပြောတာပါ)
ဟူး .......
သူ့ကိုညှိလို့ရမလားမှတ်တယ်၊ သူကပိုဆိုးနေတယ်။ အေးလေ၊ ဖုန်းဆက်ပြီး လှမ်းစနေသလို ဖြစ်နေတာကိုး။ သူနဲ့ဆို စချင်နောက်ချင်နေတာ ကိုယ့်အမှားပဲလေ။
"ညီမလေးနဲ့ဖုန်းပြောနေတာလား ညီ"
"ဟင်! နားထောင်နေတာလား?"
"အင်း၊ ဒီမှာလာထိုင်နေတာလေ။ မင်းဘာသာမင်း ပြောချင်တာတွေပြောပြီး လှည့်မကြည့်တာလေ"
ဟုတ်သည်။ အပေါ်ထပ်ဧည့်ခန်းထဲမှာ အပြင်ဘက်ကိုငေးပြီး ဖုန်းပြောနေတာ။ သူ့အစ်ကို ဆိုဖာမှာလာထိုင်တာတောင် သူမသိလိုက်ပေ။
"ပြောစရာရှိလို့လား?"
"မရှိပါဘူး။ အဟင်း ... ဖေဖေ့ plan မဆိုးဘူး"
"ဆိုးတယ်ဗျ! အရင်တည်းက ချွန်တွန်းပါဆို ရာထူးတိုးပေးလိုက်တယ်။ ခုလည်း သူ့ကိုအနိုင်မကျင့်နဲ့တဲ့။ ဘယ်သူက အနိုင်ကျင့်တာလဲဆိုတာ နှစ်အိမ်လုံးသိနေတာကိုများဗျာ။ ခုတော့ပိုဆိုးပြီ"
"ဟားဟား ... မင်းတို့က မမြင်ရင်လည်း မေးတယ်၊ ဆုံရင်လည်းသတ်ကြတယ်။ ခုဆို တစ်နေ့တစ်မျိုး မရိုးရအောင် အသံစုံကြားရတော့မယ်။ ပျော်ဖို့တော့ ကောင်းဦးမယ်ကွာ"
"ပျော်ဗျာ၊ ပျော်ဗျာ။ သွားတော့မယ်"
သူပြောပြီး ထလာတော့ အစ်ကိုက ရယ်မောပြီး ဧည့်ခန်းထဲကျန်ခဲ့သည်။
¤
"ဟေ့ကောင်! အိပ်နေတာလား?"
ကျော်ဇေ့အသံကြောင့် အတိတ်ကိုရောက်နေတဲ့ သူ့စိတ်တွေ ပစ္စုပ္ပန်ကို ပြေးကပ်လာကြသည်။
"ဟေ ... မအိပ်ပါဘူး။ မျက်စိမှိတ်ထားတာ၊ မင်းတို့ကိုမြင်ရတာ မျက်စိပသာဒ မဖြစ်လို့"
"ခွေးကောင်! နေ့လည်စာဝင်စားကြမယ်လို့ ပြောမလို့ကွ"
"Good"
ရှေ့ခန်းမှာ နှစ်ကောင်သား သီချင်းဖွင့်ထားပြီး လိုက်ဆိုလိုက်ကြ၊ စကားပြောလိုက်ကြနှင့် သာယာနေကြသလို သူကလည်း ပီကေဝါးရင်း အတိတ်ကိုပြန်တွေးနေမိတာ နေ့လည်စာစားချိန်တောင် ရောက်နေပြီ။
ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားပြီး ဟိုနှစ်ယောက် သန့်စင်ခန်းသွားကြတော့ ဆိုင်ရောက်ရောက်ချင်း နောက်ဖေးတန်းပြေးရတဲ့သူက ထမင်းဆိုင်ရှေ့နားက ကွမ်းယာဆိုင်မှာ ပီကေဝယ်ရင်းစောင့်မယ်ဆိုပြီး ထွက်လာလိုက်သည်။
ဆိုင်ထဲဝင်တော့ အမျိုးသမီးတစ်ဦး ရေသန့်ဝယ်ပြီး ပိုက်ဆံရှင်းဖို့ လက်ကိုင်အိတ်ထဲက ပိုက်ဆံနှိုက်ယူနေသည်။ သူက ဘေးကဖြတ်လာပြီး ပီကေဝင်ဝယ်သည်။
သူမက တစ်ထောင်တန်တစ်ရွက် ဆွဲထုတ်လိုက်စဉ် ပိုက်ဆံအခေါက်လိုက်လေး သူ့ခြေထောက်နားကျလာတာကို တစ်ချက်ကြည့်ပြီး ဆိုင်ရှင်ကို ပိုက်ဆံလှမ်းပေးကာ ကောက်ဖို့ပြင်သည်။
သူ့ခြေထောက်နားမှာမို့ ကောက်ပေးလိုက်တော့ သူမက အပြုံးလေးနှင့်
"ကျေးဇူး၊ မောင်လေး"
ပြောပြီး ပြန်အမ်းငွေနှင့် ရေသန့်ဘူးလေးကိုင်ကာ ပြန်ထွက်သွားသည်ကို သူလိုက်ကြည့်နေမိသည်။
"ဟေ့ကောင်! ဘာငေးနေတာလဲ?"
"ဒီလိုပဲ လှလို့ကြည့်တာလေ"
■
အပိုင်း (၂) ဆက်ရန်

Коментарі