Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) : Final
Chapter (10)
တကယ္ဆို ေနေကာင္းကင္က အျပင္လူျဖစ္ေနသည္ပဲ။ သူ႔စိတ္သူ ထိန္းခ်ဳပ္လိုက္သည္။ ထိုအခါမွပင္ လင္းေရာင္က

"လမင္း၊ ကိုယ္လိုက္ပို႔မယ္ေလ"

"ဟိုေလ၊ သူက ကားမပါဘူး"

လင္းေရာင္က လမင္းႏွင့္သူ႔ကို ခပ္စူးစူးၾကည့္သည္။ ဒါကို ရိပ္မိလိုက္သည့္မြန္းက

"အဲဒီေတာ့ လမင္းက ကိုလင္းကားနဲ႔လိုက္ခဲ့မယ္ေလ။ ေကာင္းကင္က ဒီကားယူသြားလိုက္ေပါ့။ ဝပ္ေရွာ့ပို႔ရမွာဆိုေတာ့ ေကာင္းကင္ယူသြားရင္ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ေပါ့။ ေနာ္?"

"ဟုတ္၊ အစ္မ။ ကၽြန္ေတာ္ ယူသြားလိုက္မယ္"

"ကားကဘာျဖစ္လို႔လဲ လမင္း?"

"အင္း ... ဟိုေလ"

"ကားက လြယ္လြယ္ဆီျဖည့္မိလို႔ထင္တယ္။ ဆီေခ်းပိတ္ခ်င္ေနတာပါ ကိုလင္းေရာင္"

"အိုေခေလ။ ဒါဆို ကိုယ္တို႔ကိုခြင့္ျပဳဦး ညီ"

"ဟုတ္ကဲ့"

မြန္းက သူ႔ကိုတစ္ခ်က္ၾကည့္ၿပီး အၾကည့္ႏွင့္ႏႈတ္ဆက္သြားသည္။
သူမက ဘာလို႔ ေတာက္ေလၽွာက္ညာေနတာလဲ? ဆရာမဆီလာတာမဟုတ္ဘဲ မုန္႔ထြက္စားတာပါလို႔ ေျပာပါလား။ ကားကို ေနေကာင္းကင္ယူသြားပါလို႔ေျပာၿပီးမွ ဝပ္ေရွာ့ပို႔ရမယ္လို႔ ဘာလို႔ညာလဲ? သူကပါ ဝိုင္းညာေပးလိုက္ေသးတာပဲ။ ကိုလင္းေရာင္နဲ႔ျပႆနာမျဖစ္ခ်င္လို႔ မြန္းကဒီလိုေျပာေပမဲ့ သူက မေက်မနပ္နဲ႔က်န္ခဲ့သည္။
မြန္းက ကိုလင္းေရာင္နဲ႔ နည္းနည္းေလးေတာင္ ျပႆနာအျဖစ္မခံခ်င္ဘူးေပါ့။ လင္းေရာင္ေနာက္ပါသြားတာကိုလည္း သူမျမင္ခ်င္သလို မ်က္ႏွာလႊဲလိုက္သည္။ တကယ္ဆို သူဒီလိုျဖစ္ေနတာပဲ လြန္လွၿပီ။ လင္းေရာင္ကေရာ ေယာက်္ားခ်င္းမို႔ သူ႔ရင္ထဲကိုျမင္ေနသည္လား? ေတာ္ပါၿပီ။ ဆက္မေတြးခ်င္ေတာ့ဘူး။

¤

"ေတာ္ၿပီဟာ၊ မေျပာခ်င္ေတာ့ဘူး လင္းလက္ရာ"

"ငါက အတင္းေမးေနလို႔လား မြန္းရယ္"

"ဒါေပမဲ့ ......."

"ဘာျဖစ္လဲ?"

"သူတို႔အခ်င္းခ်င္း ရန္လိုေနသလားလို႔ပါ"

"ဘာမ်ား ရန္လိုစရာရွိလို႔လဲ?"

"ကိုလင္းက .... သူက မနက္ကပဲ ငါနဲ႔အဆင္မေျပျဖစ္တာမို႔ ညေနက်ေတာ့ ငါ့ဘက္က သူ႔ကိုရြဲ႕ၿပီး ေကာင္းကင္နဲ႔ရွိေနတယ္လို႔ ထင္သြားပံုပဲ"

"တကယ္ကေရာ?"

"မဟုတ္ဘူး။ ငါ့ဘာသာစိတ္မၾကည္လို႔ နင့္ကိုေခၚတာ နင္ကမအားေတာ့ သူ႔ကိုေခၚမိတာ"

"ေဩာ္ ... ငါက တရားခံေပါ့"

"အင္း"

"ဒါဆို နင္ကဘာလို႔ ကိုလင္းေရာင္ကို အဲဒီလိုညာေျပာတာလဲ?"

"စကားေတြရွည္ေနမွာစိုးလို႔"

"အခုက်ေတာ့ ဘာမွမေမးဘူးလား? သူက နင္ညာတာ မရိပ္မိဘူးတဲ့လား?"

"ဘာမွမေမးေပမဲ့ သိပ္ေတာ့ယံုပံုမရဘူး"

"ေနေကာင္းကင္က ဝိုင္းညာေပးတာပဲေလ"

"ေအး၊ သူက မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ အလိုက္သင့္ေလး လိုက္ေျပာေပးတာ"

"အဲဒီေတာ့ အခု နင္က ဘာကိုစိုးရိမ္တာလဲ?"

"ကိုလင္းက လက္ထပ္ဖို႔အတင္းေလာမွာကို"

"နင္က အခ်ိန္ဆြဲလာတာ ၾကာေနၿပီကိုး"

"ငါ ..... ငါ ကိုလင္းကို ....."

မြန္းက လင္းလက္မ်က္ႏွာကိုၾကည့္လိုက္ေတာ့ လင္းလက္က ဆက္ေျပာေလဆိုတဲ့အၾကည့္နဲ႔။

"ငါ ကိုလင္းကို လက္မထပ္ႏိုင္ဘူး"

"အေၾကာင္းျပခ်က္က?"

"မသိဘူး။ လက္မထပ္ခ်င္တာပဲ သိတယ္"

"အဲဒါေၾကာင့္ခက္ေနတာပဲ မဟုတ္ဘူးလား?"

"အင္း"

သူမဘက္က အေၾကာင္းျပခ်က္မရွိဘဲ ဘယ္လိုျငင္းရမလဲ?

¤

မနက္က်ေတာ့ ေကာင္းကင္က ကားလာပို႔သည္။

"အစ္မ မေန႔က အဆင္ေျပရဲ႕လား?"

"ေျပပါတယ္။ ဘာျဖစ္လို႔လဲ?"

"မ်က္ႏွာမေကာင္းလို႔ေလ"

"အလုပ္မ်ားလို႔ပါ။ မင္းက ဒီေန႔ေက်ာင္းမသြားဘူးလား?"

"မနက္ပိုင္း အတန္းခ်ိန္မရွိလို႔ ေက်ာင္းမွာသြားထိုင္မေနခ်င္လို႔"

"အဲဒါကို အေစာႀကီး ကားလာပို႔တယ္?"

"အစ္မ မနက္ေစာေစာသံုးစရာရွိရင္ သံုးရေအာင္လို႔ေလ"

"မရွိပါဘူး။ မင္း မနက္စာမစားရေသးရင္ ဒီမွာစားသြားပါလား?"

"မစားေတာ့ဘူး အစ္မ"

"စားသြားပါ။ ခဏေနရင္ ေက်ာ္ေဇလာလိမ့္မယ္"

လင္းလက္က ဝင္ေျပာလိုက္ျခင္းပါ။

"ေဩာ္ ... မလင္းတို႔က မ်က္ႏွာခ်င္းဆိုင္ မနက္စာစားၾကမွာေပါ့။ မေႏွာင့္ယွက္ေတာ့ပါဘူးဗ်ာ"

"မင္းမေႏွာင့္ယွက္လည္း မြန္းတစ္ေယာက္လံုး ရွိေနတာကို"

"ငါက အေႏွာင့္အယွက္ေပါ့ေလ၊ ဟုတ္လား?"

"အဟီး! ေနာက္တာပါ မိမြန္းရယ္။ အခုပဲ သူကဖုန္းဆက္ေတာ့ ေကာင္းကင္ေရာက္ေနတာသိသြားၿပီး သူလာခဲ့မယ္တဲ့။ ေကာင္းကင္ကို ေစာင့္ေနပါလို႔ ေျပာေပးပါတဲ့"

"အဲဒီလိုလား?"

"အင္း၊ မနက္စာကို ေလးေယာက္စာလုပ္ထားလိုက္ပါတဲ့"

"ေက်ာ္ေဇတို႔က ပိုင္တယ္ကြာ"

"ကိုယ္ေတြကဒီလိုပဲ၊ မရွိတဲ့လူေတြကိုလည္း ေကၽြးေမြးေနက်ဆိုေတာ့ေလ"

"ဟာဗ်ာ ... မလင္းစကားကလည္း"

"မစားဘူးလား?"

"အေျပာခံရတာနဲ႔တန္ေအာင္ စားမွာ"

"ဟာ ဟ ... အဲဒါဆိုလည္း လာေလ"

ခဏေနေတာ့ အသံၾကားလို႔ ေက်ာ္ေဇလာတယ္မွတ္ေနၾကတာ တကယ္ေရာက္လာသည္က လင္းေရာင္။

"ေမာနင္း၊ လမင္းေလး။ ေမာနင္း လင္းလက္"

"ဟင္! ကိုလင္း"

မြန္း အံ့ဩသြားသည္။ လင္းလက္က

"ေမာနင္း ကိုလင္းေရာင္! မနက္ေစာေစာစီးစီး အေရးႀကီးကိစၥရွိလို႔လား?"

"လမင္းကို ေတြ႕ခ်င္လို႔ပါ"

ေသစမ္း! ေနေကာင္းကင္။ မင္းေတာ့ အေျပာအဆိုထပ္ခံေပဦးေတာ့။

"ေစာေစာစီးစီးေပမဲ့ ကိုယ့္ထက္ေစာတဲ့ဧည့္သည္ ေရာက္ေနတာကိုး"

"ဟုတ္ကဲ့၊ ကိုလင္းေရာင္။ ကားလာပို႔တာေလ"

"ကိုယ့္ညီကပါ အဲဒီဝပ္ေရွာ့မွာ လုပ္ေနတာလား?"

ဘာသေဘာနဲ႔ေမးေမး သူျပန္ေျဖလိုက္သည္။

"ဟုတ္! ကၽြန္ေတာ္တို႔သူငယ္ခ်င္းသံုးေယာက္ ကားပစၥည္းဆိုင္ေလး ထပ္ခ်ဲ႕ၾကမွာမို႔ပါ"

"ေဩာ္ ... ေကာင္းပါတယ္"

"ဟုတ္တယ္ ကိုလင္းေရ ... ခုလည္း ကၽြန္ေတာ္က မမဆီသြားမယ္ဆိုၿပီး မမြန္းကားကိုေမာင္းလာေပးဖို႔ ဒီေကာင့္ကို အတင္းႏႈိးၿပီးေခၚလာတာ။ မေန႔က ေကာင္းကင္က ကၽြန္ေတာ့္ဆီမွာအိပ္တာေလ"

ဘယ္တုန္းကေရာက္လာမွန္းမသိတဲ့ ေက်ာ္ေဇက ဝင္ေျပာလိုက္ေတာ့ လင္းေရာင္တစ္ေယာက္ ဘာမွဆက္မေျပာႏိုင္ေတာ့။

"ကိုလင္း၊ မနက္စာ စားသြားေလ"

ထိုအခ်ိန္ လင္းေရာင္ဖုန္းက ျမည္လာသည္။

"ေမာင္တိုး ... ေျပာ"

"......"

"ဟုတ္ၿပီေလ။ ငါအခုလာၿပီ"

ဖုန္းခ်လိုက္ၿပီး လင္းေရာင္က

"ေနာက္မွ အတူစားၾကတာေပါ့။ အလုပ္အေရးႀကီးလို႔ သြားလိုက္ဦးမယ္"

လင္းေရာင္ကို မြန္းက အိမ္ေရွ႕လိုက္ပို႔ၿပီး ျပန္ဝင္လာေတာ့

"ေက်ာ္ေဇဆီမွာ အိပ္တာလား?"

"ဘယ္ကလာ ... ခုနက မမဆီဖုန္းဆက္ေတာ့ မေန႔ညေနက မမြန္းကားဒီေကာင့္ဆီပါသြားၿပီး ကိုလင္းေရာင္ကိုညာထားတဲ့အေၾကာင္း သိရလို႔ အဲဒါကိုစပ္စုဖို႔လာတာ။ သူေရာက္ေနတာကို အျပင္ကေနၾကားလိုက္လို႔ ဝင္ရႊီးလိုက္တာ"

"အဟင္း"

သူတို႔အားလံုး ျပံဳးမိၾကသည္။ ဘာလို႔မ်ား တက္ညီလက္ညီဝိုင္းညာေပးၾကလဲဆိုတာ မြန္းကို သူတို႔ သိေစခ်င္ၾကေပမဲ့ .....

"ေျပာပါဦး မေန႔ကကိစၥေလး"

မြန္းက ေကာင္းကင္ကို လွမ္းၾကည့္သည္။ ဒါကို ေက်ာ္ေဇက

"မင္းေျပာစမ္း! တကယ္ဆို ငါ့နာမည္သံုးၿပီးညာထားတာကို ညကတည္းက မင္းငါ့ကို သတင္းပို႔ရမွာေလ။ ဘာလို႔ ငါ့ကိုမေျပာလဲ?"

"ေအးပါကြာ။ ငါမေျပာမိတာ ငါ့အမွားပါ"

ကိစၥအားလံုးသိသြားေတာ့ ေက်ာ္ေဇက

"ဒါဆို ဘိုးေတာ္က သက္သက္အူတိုတာေပါ့"

"ဒါကေတာ့ သူ႔လုပ္ပိုင္ခြင့္ေလ"

ေနေကာင္းကင္ရဲ႕အေျဖေၾကာင့္ သူတို႔ေမာ့ၾကည့္ၾကသည္။

"ဘာလို႔လဲ? သူ႔မိန္းကေလးကို သူအူတိုတာ ဆန္းလား?"

သူ႔မိန္းကေလးဆိုသည့္အသံုးအႏႈန္းမွာ လင္းလက္တို႔က သူ႔ကို မသိမသာအကဲခတ္ၾကသလို၊ ရင္ထဲေအာင့္သြားသည္က ေနေကာင္းကင္တစ္ေယာက္တည္းမဟုတ္၊ မြန္းကလည္း မ်က္ႏွာမေကာင္းသည္ကို ခ်က္ခ်င္းျပင္လိုက္ရသည္။ သူတို႔အေျခအေနေတြ ဘာျဖစ္လာၾကမည္ကို သိလိုၾကဟန္ျဖင့္ လင္းလက္တို႔စံုတြဲ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မိၾကသည္။ ကာယကံရွင္ေတြကေတာ့ ႏႈတ္ဆိတ္လ်က္။

"Sorry ေနာ္ ေကာင္းကင္။ အစ္မလွမ္းေခၚလိုက္လို႔ မင္းကၾကားညပ္သြားတာ"

ေျပာၿပီးမွ သူမစကားက ေနေကာင္းကင္ကို သူမနဲ႔လင္းေရာင္ၾကားက ဘာမွမဆိုင္သူလိုေျပာမိသြားသလားလို႔ မြန္းေတြးမိသည္။
တကယ္လည္း ဘာမွမဆိုင္ဘူးေလ။ မဟုတ္ဘူး၊ ေကာင္းကင္က သူမမိတ္ေဆြ။ ဒီလိုနည္းနဲ႔သက္ဆိုင္သည္ေလ။

"ရပါတယ္။ ဒါေတြက ျဖစ္တတ္ပါတယ္"

ဟုတ္ပါတယ္။ ကၽြန္ေတာ္က အေနအထိုင္မတတ္ခဲ့တာပါ။ မြန္းစိတ္ညစ္လို႔ အေဖာ္လုပ္ေပးဖို႔ထြက္လာရာက ေလၽွာက္သြားဖို႔ေခၚမိသြားတာေလ။
အေတြးကိုယ္စီနဲ႔ သူတို႔ၿငိမ္သြားေတာ့ ေက်ာ္ေဇက

"ဒါနဲ႔ေလ။ မနက္စာကို ေန႔လည္မွစားၾကမလို႔လား?"

"ဘာလို႔လဲ?"

"ဒီတိုင္းႀကီး စကားေတြေျပာေနၾကလို႔"

"မင္းကိုကငတ္ပါတယ္ ေက်ာ္ေဇရာ"

ေက်ာ္ေဇေျပာေတာ့မွ သူတို႔ မနက္စာစားျဖစ္ၾကသည္။ လင္းေရာင္သာေရာက္မလာခဲ့ရင္ ဒီမနက္ခင္းေလးက စည္ကားေနမလားပဲ။ ခုေတာ့ အနည္းငယ္တိတ္ဆိတ္ေနသေယာင္။

¤

ထိုညက ေနေကာင္းကင္တစ္ေယာက္ မြန္းကိုမေပးရေသးတဲ့ရင္ထိုးေလးကို ထုတ္ၾကည့္ေနမိသည္။ ႐ုတ္တရက္ သူ႔ရင္ဘတ္ထဲေအာင့္လာသည္။ သူေတြးမိသည္က မြန္းဘာျဖစ္သလဲဟူ၍။ သူကိုယ္တိုင္ဖုန္းဆက္ဖို႔လည္း မလုပ္ခ်င္။
တစ္နာရီေလာက္ၾကာေတာ့ ေက်ာ္ေဇထံဖုန္းေခၚၿပီး ဒီည လင္းလက္ႏွင့္ဖုန္းေျပာၿပီးၿပီလားဟုေမးရင္း သူစိတ္ပူေနသည္ကို ေျပာမိသည္။ ေက်ာ္ေဇက သူမဆက္ျဖစ္ေသး၍ အခုဆက္ၾကည့္မည္ဆိုကာ ဖုန္းခ်သြားသည္။ ခဏၾကာေတာ့ ဖုန္းျပန္ေခၚသည္။

"ေဟ့ေကာင္! စိတ္ေအးေအးထား၊ ဘာမွမျဖစ္ဘူး။ မင္းသာ Medical Check up လုပ္ၾကည့္ဦး"

"အင္း ... ဘာမွမျဖစ္ရင္ ၿပီးတာပဲ"

ဘာမွမျဖစ္ဘူးဆိုေပမဲ့ တစ္ညလံုးရင္ပူေနမိသည္မို႔ မနက္ေစာေစာမွအိပ္ေပ်ာ္သြားသည္။ ႏိႈးစက္သံေၾကာင့္ႏိုးလာေတာ့ အိပ္ေရးမဝ၍ မူးေၾကာင္ေၾကာင္ႏွင့္ ေက်ာင္းကိုေရာက္လာသည္။ အတန္းခ်ိန္ေစာေသးသည္မို႔ Canteen ထိုင္ေနရင္း ထြဋ္ေခါင္ေရာက္လာသည္။

"မင္းက ဘယ္လိုျဖစ္လာတာလဲ? လူမမာ႐ုပ္နဲ႔ အသည္းကြဲေနတာလား?"

"အိပ္ေရးမဝလို႔ပါ"

"ဘာလဲ? မြန္းစိတ္နဲ႔ ေသေတာ့မွာလား?"

"မနက္ေစာေစာစီးစီး ပါးစပ္ပုပ္နဲ႔ကြာ!"

"ေအးပါ။ မင္းက လူမမာ႐ုပ္ေပါက္ေနတာကိုး"

ေက်ာ္ေဇေရာက္လာေတာ့

"ဟာ ... ေသြးစုပ္ဖုတ္ေကာင္ ေသြးမေသာက္ရတဲ့႐ုပ္နဲ႔ ဘာျဖစ္ေနတာလဲ?"

"လာျပန္ၿပီတစ္ေကာင္၊ မင္းေျပာမွပိုဆိုးေနၿပီ"

"မင္းက ဘာျဖစ္ေနတာလဲ? အိပ္ေရးပ်က္လို႔လား? မင္းဘာသာ က်န္းမာေရးဂ႐ုစိုက္ဦး။ ႏွလံုးေရာဂါျဖစ္ေနမယ္"

ေက်ာ္ေဇက ထိုသို႔ေျပာေတာ့ ထြဋ္ေခါင္ စပ္စုေတာ့သည္။

"ဒီေကာင္က ဘာလို႔ ႏွလံုးေရာဂါျဖစ္မွာလဲ?"

"မေန႔ညက သူရင္ဘတ္ေအာင့္လို႔ မြန္းဘာျဖစ္လဲသိရေအာင္ ငါက မမဆီဖုန္းဆက္ၿပီး စကားႏိႈက္ရေသးတယ္ေလ"

"ဟင္! အဲဒီလို?"

"ေတာ္ပါ၊ ေက်ာ္ေဇရာ ... မင္းကလည္း မင္းမမဆီ ဖုန္းမဆက္ခ်င္တာက်ေနတာပဲ။ ငါေျပာလိုက္မွ ခ်က္ခ်င္းႀကီးဖုန္းခ်သြားတာ ငါေတာင္စကားမဆံုးေသးဘူး။ အဲဒါ မြန္းကိုစိတ္ပူတာလို႔ေတာ့ လာမရႊီးနဲ႔"

"ဟဲဟဲ ... ဒါကေတာ့ကြာ ..."

သူတို႔ေျပာေနတာကို နားေထာင္ၿပီး ထြဋ္ေခါင္က

"မြန္းက ဘာမွမျဖစ္ဘူးဆိုေတာ့ မင္းကိုယ္မင္းသာ ဂ႐ုစိုက္သင့္ၿပီ။ ႏွလံုးေဖာက္ၿပီး ခ်က္ခ်င္းေသရင္ ေသမွန္းမသိဘဲေလၽွာက္သြားေနမွျဖင့္ ငါတို႔ပါ အေျခာက္ခံေနရဦးမယ္"

"ေမတၱာေတြ သိပ္မထားနဲ႔။ ငါမေသဘူး ေရကူးတတ္တယ္"

"ဟား ဟား ဟား"

¤

ဒီေန႔တစ္ေနကုန္ အတန္းခ်ိန္ေတြျပည့္ေနၿပီး ညေနေက်ာင္းဆင္းေတာ့ လူကအရမ္းအိပ္ငိုက္ေနၿပီ။ ကားေမာင္းလာရင္းလည္း ေခါင္းမူးေနသည္။ အရင္ဆို သံုး/ေလးရက္မအိပ္ရလည္း ဘာမွမျဖစ္သည့္သူက အခုမွ ဘာျဖစ္သည္ကိုမသိ။ စိတ္ထဲေတြးမိေနစဥ္

*ကလင္ ... ကလင္*

သူတို႔လမ္းထဲအခ်ဳိးမွာ စက္ဘီးတစ္စီး .........
မ်က္ႏွာခ်င္းဆိုင္မွ ခ်ိဳးေကြ႕ဝင္လာတဲ့စက္ဘီးေၾကာင့္ သူ ဘရိတ္အုပ္လိုက္သည္။

*ကၽြီ ...... ကၽြီ ......*

စက္ဘီးႏွင့္ကားမွဘရိတ္မ်ား လမ္းႏွင့္ပြတ္မိသံေတြ ထြက္လာသည္။ စက္ဘီးတာယာႏွင့္ ကားက ထိသည္ဆိုရံုေလးသာ။ သူ အျပင္သို႔ေခါင္းျပဴလိုက္ၿပီး

"ဘာျဖစ္သြားေသးလဲ ညီေလး?"

"ဘာမွမျဖစ္ဘူးဗ်၊ Sorry! လန္႔သြားလား? ကၽြန္ေတာ္အေတြးလြန္သြားတာ"

"ေအးပါကြာ၊ အတူတူပါပဲ။ Take care ကြာ"

"Yes! အဲဒါဆို သြားေတာ့မယ္ေနာ္"

သူေခါင္းညိတ္ျပေတာ့ ေကာင္ေလးက စက္ဘီးေလးစီးၿပီးထြက္သြားသည္။
သူ႔မွာေတာ့ အိပ္ေရးပ်က္တာ၊ မူးေနာက္ေနာက္ျဖစ္တာနဲ႔ စိုးရိမ္သြားတာေတြေၾကာင့္ ရင္ထဲေအာင့္သြားသည္မို႔ 'ငါ ႏွလံုးေရာဂါျဖစ္ခ်င္ေနတာမ်ားလား?' လို႔ သူေတြးမိေနသည္။
အိပ္ခါနီးအထိ ရင္ထဲကမေကာင္း။ ဒါကိုပဲ ရင္ထိုးေလးကိုထုတ္ၾကည့္လိုက္မိသည္။

"ဟင္"

ထုတ္ယူလိုက္ခ်ိန္မွာ လက္ကိုစူးသြားသည္။ သူျပံဳးလိုက္မိသည္။ အိပ္မက္ထဲ ႏွင္းဆီဆူးေတြစူးတာ ရင္ထဲေရာက္သည္မို႔ ခုလို လက္ကိုရင္ထိုးစူးတာက အမ်ားႀကီးသက္သာသည္မဟုတ္ပါလား?

¤

"အ"

"ဟဲ့၊ မြန္း! ဘာျဖစ္တာလဲ?"

"ရင္ထဲစူးစူးႀကီးဟ"

"ဟင္?"

"ေလထိုးတာထင္တယ္ လင္းရယ္။ ညေနကလည္း အဲဒီလိုပဲ။"

"ေဆးေသာက္ေလ။ ငါယူေပးမယ္။"

"ေသာက္ၿပီးၿပီ။ အရမ္းမဆိုးဘူး၊ ရတယ္"

"ေသခ်ာလား?"

"ေအး၊ ရတယ္။ တစ္ခ်က္တစ္ခ်က္ ထိုးတာ၊ ခုသက္သာတယ္"

"ေအး၊ ေျခေထာက္လည္းမေအးေစနဲ႔။ လွဲေနလိုက္ေတာ့၊ အိပ္လိုက္ေတာ့"

"အင္း၊ good night"

"Sweet dream, Moon!"

လင္း အခန္းအျပင္ထြက္လာၿပီးမွ ေတြးမိသည္။ မြန္းနဲ႔ ေနေကာင္းကင္ ေျပာင္းျပန္ျဖစ္ေနၾကၿပီလားလို႔ေပါ့။ ေတြးၿပီး ျပံဳးမိျပန္သည္။ ဒီလိုဆိုရင္ ေရာဂါတစ္ခုခုမဟုတ္ဘူးေလ။ ေတာ္ေသးတာေပါ့။

¤

သူ ႏွင္းဆီျဖဴေလးဆီလက္လွမ္းလိုက္စဥ္ ႏွင္းဆီကိုင္းတို႔က သူ႔လက္ကို ရစ္ပတ္တုပ္ေႏွာင္လိုက္သည္မို႔ လက္ကိုျပန္ရုတ္လိုက္ေသာ္လည္း ႏြယ္တို႔က တင္းက်ပ္စြာဆြဲယူလိုက္ေသာေၾကာင့္ ဆူးေတြက လက္မွာစိုက္ဝင္ၿပီး ေသြးခ်င္းခ်င္းနီသြားသည္။ ထိုစဥ္တစ္ၿပိဳက္နက္မွာပဲ ႏွင္းဆီဝတ္ဆံတို႔ေနရာတြင္ ေသြးစက္တို႔ေနရာယူသြားသည္။ သူ႔ရင္ဘတ္မွာစူးခနဲျဖစ္သြားၿပီး ႏွင္းဆီႏြယ္ေတြၾကားကသူ႔လက္က ေသြးအလိမ္းလိမ္းႏွင့္။ အရိပ္တစ္ခုကိုျမင္လိုက္ရသည္မို႔ သူ႔ေရွ႕တည့္တည့္ကိုေမာ့ၾကည့္လိုက္ေတာ့ သူမက ႏွင္းဆီျဖဴကိုခူးဖို႔ လက္လွမ္းေနသည္။ သူ႔ကိုျမင္ဟန္မတူ။ သူမ ခူးယူလိုက္ခ်ိန္ ပန္းႏွင့္ဆက္ေနေသာႏြယ္တို႔က သူ႔လက္ကိုဆြဲယူ၍ သူပါေရွ႕ကိုေရာက္သြားသည္။ သူ႔ကိုခ်ည္ထားသည့္ႀကိဳးကို သူမက ေဆာင့္ဆြဲလိုက္သည့္ပံုစံျဖစ္သြားသည္ေလ။ ႏြယ္ကတင္းက်ပ္သြားသည္မို႔ ဆူးေတြက ပို၍ထိုးစိုက္ကုန္ၿပီး ...

"အ"

သူ လန္႔ႏိုးလာသည္။ သူမက သူ႔ကို ခ်ဳပ္ေႏွာင္ဖမ္းဆီးေနၿပီပဲ။ ဒါကို သူမကိုယ္တိုင္ကမသိေပမဲ့ သူကေတာ့ နာက်င္မႈေတြထဲမွာ ခ်ိဳၿမိန္စြာေႏွာင္ဖြဲ႕ေနခဲ့ၿပီ။
အိပ္မက္၏အဓိပၸါယ္က သိပ္ကိုထင္ရွားေနသည္။

¤

မနက္မိုးလင္းေတာ့ မြန္းက

"လင္း! ငါ ညကအိပ္မက္မက္ျပန္ၿပီ။ ငါ့ရင္ထိုးေလးအလယ္မွာ ေသြးစက္ေလးတစ္စက္။ ဒါေလးပဲမက္တာ"

"ဟမ္! ေအးပါ။ ရင္ထိုးေလးကို စိတ္စြဲလို႔ေနမွာပါ"

"အင္း"

လင္းလက္ေတြးမိသည္။ ဟိုေကာင္ေလး ဘာျဖစ္ျပန္ၿပီလဲေပါ့။
သူတို႔ဇာတ္လမ္းက ရႈပ္လာေတာ့မည့္အေနအထားပါပဲ။ လမင္း၊ လင္းေရာင္၊ ေကာင္းကင္တို႔ သံုးပြင့္ဆိုင္ေနၿပီ။

¤

"ေဟ့ေကာင္၊ ဆရာေခၚေနတယ္ေလ"

ထြဋ္ေခါင္က အနားကပ္ၿပီး တိုးတိုးေလးေျပာမွ

"ဗ်ာ ... ဗ်ာ၊ ဆရာ"

"ေအး၊ ေကာင္းကင္။ ဘာျဖစ္တာလဲကြ။ ေနမေကာင္းဘူးလား?"

"ေကာင္းပါတယ္ ဆရာ"

"အင္း ... အတန္းခ်ိန္ေတြၿပီးရင္ ဆရာနဲ႔လိုက္ၿပီး စာအုပ္ေတြလိုက္သယ္ေပးဦးကြ။ ကားပါတယ္မဟုတ္လား?"

"ဟုတ္! လိုက္ခဲ့မယ္ ဆရာ"

ဆရာထြက္သြားေတာ့ ေက်ာ္ေဇက

"ေဟ့ေကာင္ ေကာင္းကင္! မင္းဘာျဖစ္ေနတာလဲ? စာသင္ေနတာေရာ ေခါင္းထဲေရာက္ရဲ႕လား?"

ထြဋ္ေခါင္ကလည္း

"စိတ္နဲ႔ကိုယ္နဲ႔ ခြာျပဲေနသလား?"

သူဘာမွမေျဖဘဲ စာအုပ္ေတြသိမ္းၿပီး ထထြက္မည္ျပင္ေတာ့

"ဟာ ေဟ့ေကာင္၊ တစ္ခ်ိန္က်န္ေသးတယ္ေလ"

"ငါ ကားေပၚမွာပဲရွိမယ္"

"ဟင္!"

သူေျပာၿပီးထြက္သြားေတာ့ ဟိုႏွစ္ေကာင္ ေခါင္းကုတ္ၿပီးက်န္ခဲ့ၾကသည္။
သူ႔ကားက အရိပ္ေကာင္းေကာင္းရသည့္ေနရာမွာ ရပ္ထားသည္မို႔ ေနာက္ဖံုးဖြင့္ၿပီးထိုင္ေနလိုက္သည္။ ဘာကိုမွအာရံုမစိုက္၊ ဘာမွမေတြးဘဲ သီခ်င္းေတြခပ္တိုးတိုးဖြင့္ၿပီး နားေထာင္ေနသလားဆိုေတာ့လည္း မဟုတ္ျပန္ဘူးထင္ပါရဲ႕။
စာသင္ခ်ိန္တစ္နာရီခြဲက ဘယ္လိုကုန္သြားသည္မသိ၊ ထြဋ္ေခါင္တို႔ေရာက္လာၾကၿပီး

"ကဲ၊ ေျပာ"

"မေျပာခ်င္ဘူး"

"အဲဒါဆို အခု ဘာလုပ္မလဲ?"

"ဆရာနဲ႔ စာအုပ္သြားသယ္ရမယ္ေလ"

"ေအးေလ၊ သြားၾကတာေပါ့"

စာအုပ္ေတြ သယ္ၾက၊ ပို႔ၾကၿပီးေတာ့

"အိမ္မျပန္ခ်င္ေသးဘူး။ တစ္ခုခုသြားေသာက္ရေအာင္"

"ဘာေသာက္မလို႔လဲ?"

"ဘီယာျဖစ္ျဖစ္၊ ဝိုင္ျဖစ္ျဖစ္"

"Uniform ေတြနဲ႔ ဆိုင္မထိုင္ခ်င္ဘူးကြာ"

"ေက်ာ္ေဇ၊ မင္းအခန္းကို သြားလို႔ရတယ္မဟုတ္လား?"

"အင္း၊ ရတယ္"

သူတို႔သံုးေယာက္ ေက်ာ္ေဇ့အခန္းထဲေရာက္ေတာ့ ဖုန္းႀကိဳဆက္ထားလို႔ ဝပ္ေရွာ့ကေကာင္ေလးေတြက ေသာက္စရာအဆင္သင့္ခ်ထားေပးတာ ေတြ႕ရသည္။

"ကဲ! ဆိုစမ္းပါဦး။ ေကာင္းကင္ၿပိဳေတာ့မလား?"

သူ႔ကို ဝိုင္းေမးၾကၿပီေလ။
သူ ဘီယာတစ္ဘူးဖြင့္ၿပီး ေမာ့လိုက္သည္။ ၿပီးေတာ့မွ

"ငါ မြန္းနဲ႔ေဝးေဝးေနေတာ့မယ္"

ႏွစ္ေယာက္သား သူ႔ကိုဝိုင္းၾကည့္ၾကၿပီး မ်က္လံုးေတြနဲ႔ ေမးခြန္းထုတ္ေနၾကသည္။
သူတို႔ကိုေက်ာေပးရပ္လို႔ ျပတင္းေပါက္အျပင္ကိုေငးရင္း အိပ္မက္ကိုေျပာျပမိသည္။ သူတို႔ ဘာေျပာရမွန္းမသိျဖစ္ေနသည့္အတြက္ သူကပဲ

"မြန္းက သူကိုယ္တိုင္မသိဘဲ ငါ့ကိုခ်ည္ေႏွာင္ေနၿပီ။ ငါကလည္း နာက်င္ေနရတာသိရဲ႕နဲ႔ ေမ်ာပါေနတယ္။ အိပ္မက္က ငါတို႔အျဖစ္အပ်က္ကို သတိထားမိလာေအာင္ နိမိတ္ျပလိုက္သလိုပဲ။ အားလံုးမနာက်င္ရေအာင္၊ မထိခိုက္ရေအာင္ ငါ မြန္းနဲ႔ေဝးေဝးေနရမယ္"

ေက်ာ္ေဇက

"အားလံုးမနာက်င္ရေအာင္ဆိုေတာ့ ... မင္းကေရာ?"

"ငါေၾကာင့္ တျခားလူေတြအားလံုး မနာက်င္ေစခ်င္တာကို ေျပာတာပါ"

"အဲဒီလိုဆို မင္း အစကတည္းက ဒီလိုအေျခအေနထိမေရာက္ေအာင္ေနခဲ့ရင္ ..."

"ေကာင္းကင္က တမင္လုပ္ယူခဲ့တာမွမဟုတ္တာ ေက်ာ္ေဇရာ"

ေက်ာ္ေဇစကားမဆံုးခင္ ထြဋ္ေခါင္က ျဖတ္ေျပာလိုက္တာျဖစ္သည္။
သူက

"ရင္ထိုးေလးကို ေကာက္သိမ္းမထားခဲ့ရင္၊ သူ႔ကားနဲ႔ အိမ္ကိုလိုက္မပို႔ခိုင္းခဲ့ရင္၊ သူ႔ကိုဖုန္းမဆက္ခဲ့ရင္၊ သူ႔အတြက္ မုန္႔ေတြသြားမပို႔ခဲ့ရင္၊ ၿပီးေတာ့ သူစိတ္ညစ္လို႔ေခၚတုန္းက မသြားခဲ့ရင္..."

"ေတာ္ပါေတာ့ကြာ။ ဒါေတြက တိုက္ဆိုင္ရာကေနျဖစ္လာတဲ့ ေနာက္ဆက္တြဲျဖစ္ရပ္ေတြေလကြာ"

သူ႔ကိုယ္သူအျပစ္တင္သလိုေျပာေနတာကို ထြဋ္ေခါင္က ႏွစ္သိမ့္ေပးလိုက္တာပါ။ ဒါေပမဲ့ သူဘယ္လိုမွ ေျဖလို႔မရဘူး။

"ငါသာ ငါ့ခံစားခ်က္ေတြကို အလိုမလိုက္ခဲ့ရင္ေပါ့ေလ"

သူ႔မ်က္လံုးအိမ္ေတြ စိုလဲ့လာသည္မို႔ ေက်ာ္ေဇက

"ခုေရာ မင္းကလြဲရင္ ဘယ္သူ႔ကိုထိခိုက္ေနလို႔ မင္းကိုယ္မင္းအျပစ္တင္ေနတာလဲ?"

"မြန္းနဲ႔ ကိုလေရာင္ေလ။ သူတို႔ လက္ထပ္ဖို႔ကိစၥနဲ႔ျပႆနာတက္ေနတာ ငါ့ပေယာဂလံုးဝကင္းတယ္လို႔ မင္းေျပာရဲလား?"

"မမြန္းက မင္းဘက္ကိုစိတ္ယိုင္ေနတယ္လို႔ မင္းေျပာခ်င္တာလား?"

"အဲဒီလိုအထိ ထင္ျမင္ခ်က္မေပးႏိုင္ေပမဲ့ သူ႔ထြက္ေပါက္က ငါျဖစ္လာေနတယ္ေလ။ ငါမရွိရင္ သူတို႔ အခုလိုျဖစ္လာခ်င္မွျဖစ္လာမွာ"

ဝဲလာသလိုရွိတဲ့မ်က္ရည္ကို မ်က္ေတာင္ေတြကိုပုတ္ခတ္ရင္း ဖယ္ထုတ္လိုက္သည္။ ရင္ထဲမွာေတာ့ မြန္းက်ပ္ေနသည္။ သူတို႔ဝိုင္းေလး တိတ္ဆိတ္စြာနဲ႔ပဲ ဘီယာဘူးခြံေတြသာမ်ားလာခဲ့သည္။ စိတ္ညစ္ညစ္နဲ႔ေသာက္ပစ္ၿပီး အယ္ကိုေဟာနဲ႔မတည့္တဲ့သူ ေသာက္တာထက္ကိုပိုမူးသြားကာ မူးတာထက္ကို ပိုေသာင္းက်န္းပစ္လိုက္သည္။ ေနာက္ဆံုးသူသိသည္က နံရံကို လက္သီးနဲ႔ပိတ္ထိုးေနမိလို႔ ေက်ာ္ေဇနဲ႔ထြဋ္ေခါင္ အတင္းဝိုင္းဆြဲၾကသည္ကိုပင္။

တကယ္ေတာ့ ဝယ္ထားသမၽွ သူခ်ည္းေသာက္ပစ္တာျဖစ္ၿပီး က်န္ႏွစ္ေယာက္က အေဖာ္လုပ္ရင္း အနည္းငယ္သာေသာက္၍ သူ႔ကိုေစာင့္ၾကည့္ရံုသာ။ ငယ္ငယ္ကတည္းကတြဲလာၾကသည္မို႔ ေကာင္းကင္တစ္ေယာက္ မျဖစ္စဖူးထူးဆန္းေနသည္ကို သူငယ္ခ်င္းေတြက စိုးရိမ္ေနၾကသည္ေလ။ သူ မူးၿပီးေမွာက္သြားမွ သူတို႔က အိပ္ရာထဲပို႔၊ လက္ကိုေဆးထည့္ၿပီး သိပ္လိုက္ၾကရသည္။ ဒါေတာင္ တစ္ခ်က္တစ္ခ်က္ "အ" ခနဲ ညည္းသံက ထြက္လာေသးသည္။ နံရံကိုထိုးထားသည့္လက္က နာတာလား? အိပ္မက္မက္ၿပီး ရင္ဘတ္ထဲကနာတာလား? သူလည္း ေခါင္းေတြေပါက္ကြဲမတတ္ကိုက္ခဲေနသည္မို႔ ကိုယ္တိုင္ပင္ ဘာေၾကာင့္ညည္းသလဲဆိုတာ မသိေတာ့ပါ။

¤

ေနာက္ေန႔ေန႔လယ္မွသူႏိုးေတာ့ လက္မွာပတ္တီးႏွင့္။ ေခါင္းေတြက အံုခဲေနသည္။ ထထိုင္ၿပီးမွ မခံစားႏိုင္၍ အိပ္ရာေပၚပက္လက္လွဲခ်လိုက္ကာ ဘယ္ဘက္လက္က နားထင္ႏွစ္ဖက္ကို ညႇစ္ထားမိသည္။ ေက်ာ္ေဇဝင္လာေတာ့

"ႏိုးၿပီလား? ဒီမွာ Black Coffee နဲ႔ သံပုရာသီးစိပ္"

"အင္း"

"ၿပီးရင္ ေရခ်ိဳးလိုက္"

သူ ထထိုင္လိုက္ၿပီး

"အင္း၊ ထြဋ္ေခါင္ ေက်ာင္းသြားလား?"

"ေအးေပါ့၊ မေန႔ကစာအုပ္ေတြကိစၥ လက္စသတ္ဖို႔သြားတယ္ေလ"

"မင္းကေရာ?"

"ငါက ကေလးထိန္းတာဝန္ေလ။ အခုေလးတင္ အဲဒီကေလးစုတ္မႏိုးခင္ မမနဲ႔ စကားသြားေျပးေျပာလာတာ"

သူ ရယ္မိသည္။ ဒီလိုသူငယ္ခ်င္းေတြရထားတာ သူအရမ္းကံေကာင္းသည္ေလ။

"ဒါဆို ငါ့ကိစၥ မလင္းသိသြားၿပီလား?"

"မူးၿပီးအိပ္ေနတယ္လို႔ပဲ ေျပာလိုက္တာပါ။ မမလည္းရိပ္မိေပမဲ့ ဘာမွမေမးဘူး"

"အင္း"

"ငါ အေရွ႕မွာအလုပ္ရွိေသးတယ္။ ေက်ာင္းမသြားျဖစ္မွေတာ့ အလုပ္ျပတ္ေအာင္ ပစၥည္းေတြမွာလိုက္တာ ခဏေနလာပို႔ေတာ့မွာ။ မင္း ေရခ်ိဳးၿပီးရင္ထြက္ခဲ့"

"အင္း၊ သြားေလ"

ေက်ာ္ေဇထြက္သြားေတာ့ သူ႔လက္ကပတ္တီးကို ျဖည္လိုက္သည္။ ေဆးလိမ္းေပးထားလို႔ အရမ္းႀကီးမေရာင္ေပမဲ့ လက္ဆစ္ေတြမွာညိဳမည္းေနသည္ေလ။ လက္သူႂကြယ္အဆစ္ေအာက္နားေလးမွာ နည္းနည္းေလးကြဲသြားသည္။ သူေရခ်ိဳးၿပီးထြက္လာေတာ့ ေက်ာ္ေဇအလုပ္ရႈပ္ေနသည္။ ေခါင္းအံုေနသည္မို႔ ဝင္မကူႏိုင္ဘဲ ခပ္လွမ္းလွမ္းမွာထိုင္ေနလိုက္သည္။ အလုပ္ၿပီးလို႔ ေက်ာ္ေဇနားသူေရာက္သြားေတာ့

"ေကာင္းကင္၊ တစ္ခုခုစားၿပီးရင္ ေဆးခန္းသြားဦး"

ေျပာၿပီး သူ႔လက္ကိုၾကည့္လိုက္ေတာ့ လက္မွာပတ္တီးကမရွိ။

"ေဟ့ေကာင္! မင္း ဘာလုပ္ျပန္ၿပီလဲ? လက္က ေရစိုသြားၿပီေပါ့"

သူ လက္ကိုၾကည့္လိုက္ၿပီး

"ဘာမွမျဖစ္ပါဘူး"

"ေဩာ္ ... ေအး၊ ကြဲသြားတယ္ေလ။ ေရမထိေအာင္ေနဖို႔ နားမလည္ဘူးလား?"

"ေဆးခန္းသြားမွာပဲကိုကြာ"

"က်စ္! မင္း ဘယ္လိုေကာင္လဲ?"

သူ အေဟာက္ခံေနရစဥ္ ထြဋ္ေခါင္ျပန္ေရာက္လာသည္။

"ဘာျဖစ္ေနတာတုန္း? အသံက အျပင္ကၾကားေနရတယ္"

"မင္းျပန္လာတာအေတာ္ပဲ။ မင္းမိန္းမ မင္းၾကည့္ေျပာေတာ့။ လက္ကပတ္တီးျဖည္ၿပီး ေရခ်ိဳးတယ္တဲ့။ ငါ့ႏွယ္ ကေလးထိန္းရသလိုပဲ။ ေရမခ်ိဳးခင္မမွာတာလည္း ဒါေလာက္ေတာ့ သိမယ္ထင္လို႔ေလ"

ႏွစ္ေယာက္သား သူ႔ကိုဆူေတာ့သည္။

¤

အပိုင္း (၁၁) ဆက္ရန္

>>>>>>>>>>>>>>>>>>>>>>>>>>>

တကယ်ဆို နေကောင်းကင်က အပြင်လူဖြစ်နေသည်ပဲ။ သူ့စိတ်သူ ထိန်းချုပ်လိုက်သည်။ ထိုအခါမှပင် လင်းရောင်က

"လမင်း၊ ကိုယ်လိုက်ပို့မယ်လေ"

"ဟိုလေ၊ သူက ကားမပါဘူး"

လင်းရောင်က လမင်းနှင့်သူ့ကို ခပ်စူးစူးကြည့်သည်။ ဒါကို ရိပ်မိလိုက်သည့်မွန်းက

"အဲဒီတော့ လမင်းက ကိုလင်းကားနဲ့လိုက်ခဲ့မယ်လေ။ ကောင်းကင်က ဒီကားယူသွားလိုက်ပေါ့။ ဝပ်ရှော့ပို့ရမှာဆိုတော့ ကောင်းကင်ယူသွားရင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပေါ့။ နော်?"

"ဟုတ်၊ အစ်မ။ ကျွန်တော် ယူသွားလိုက်မယ်"

"ကားကဘာဖြစ်လို့လဲ လမင်း?"

"အင်း ... ဟိုလေ"

"ကားက လွယ်လွယ်ဆီဖြည့်မိလို့ထင်တယ်။ ဆီချေးပိတ်ချင်နေတာပါ ကိုလင်းရောင်"

"အိုခေလေ။ ဒါဆို ကိုယ်တို့ကိုခွင့်ပြုဦး ညီ"

"ဟုတ်ကဲ့"

မွန်းက သူ့ကိုတစ်ချက်ကြည့်ပြီး အကြည့်နှင့်နှုတ်ဆက်သွားသည်။
သူမက ဘာလို့ တောက်လျှောက်ညာနေတာလဲ? ဆရာမဆီလာတာမဟုတ်ဘဲ မုန့်ထွက်စားတာပါလို့ ပြောပါလား။ ကားကို နေကောင်းကင်ယူသွားပါလို့ပြောပြီးမှ ဝပ်ရှော့ပို့ရမယ်လို့ ဘာလို့ညာလဲ? သူကပါ ဝိုင်းညာပေးလိုက်သေးတာပဲ။ ကိုလင်းရောင်နဲ့ပြဿနာမဖြစ်ချင်လို့ မွန်းကဒီလိုပြောပေမဲ့ သူက မကျေမနပ်နဲ့ကျန်ခဲ့သည်။
မွန်းက ကိုလင်းရောင်နဲ့ နည်းနည်းလေးတောင် ပြဿနာအဖြစ်မခံချင်ဘူးပေါ့။ လင်းရောင်နောက်ပါသွားတာကိုလည်း သူမမြင်ချင်သလို မျက်နှာလွှဲလိုက်သည်။ တကယ်ဆို သူဒီလိုဖြစ်နေတာပဲ လွန်လှပြီ။ လင်းရောင်ကရော ယောကျ်ားချင်းမို့ သူ့ရင်ထဲကိုမြင်နေသည်လား? တော်ပါပြီ။ ဆက်မတွေးချင်တော့ဘူး။

¤

"တော်ပြီဟာ၊ မပြောချင်တော့ဘူး လင်းလက်ရာ"

"ငါက အတင်းမေးနေလို့လား မွန်းရယ်"

"ဒါပေမဲ့ ......."

"ဘာဖြစ်လဲ?"

"သူတို့အချင်းချင်း ရန်လိုနေသလားလို့ပါ"

"ဘာများ ရန်လိုစရာရှိလို့လဲ?"

"ကိုလင်းက .... သူက မနက်ကပဲ ငါနဲ့အဆင်မပြေဖြစ်တာမို့ ညနေကျတော့ ငါ့ဘက်က သူ့ကိုရွဲ့ပြီး ကောင်းကင်နဲ့ရှိနေတယ်လို့ ထင်သွားပုံပဲ"

"တကယ်ကရော?"

"မဟုတ်ဘူး။ ငါ့ဘာသာစိတ်မကြည်လို့ နင့်ကိုခေါ်တာ နင်ကမအားတော့ သူ့ကိုခေါ်မိတာ"

"ေဩာ် ... ငါက တရားခံပေါ့"

"အင်း"

"ဒါဆို နင်ကဘာလို့ ကိုလင်းရောင်ကို အဲဒီလိုညာပြောတာလဲ?"

"စကားတွေရှည်နေမှာစိုးလို့"

"အခုကျတော့ ဘာမှမမေးဘူးလား? သူက နင်ညာတာ မရိပ်မိဘူးတဲ့လား?"

"ဘာမှမမေးပေမဲ့ သိပ်တော့ယုံပုံမရဘူး"

"နေကောင်းကင်က ဝိုင်းညာပေးတာပဲလေ"

"အေး၊ သူက မျက်နှာတစ်ချက်မပျက်ဘဲ အလိုက်သင့်လေး လိုက်ပြောပေးတာ"

"အဲဒီတော့ အခု နင်က ဘာကိုစိုးရိမ်တာလဲ?"

"ကိုလင်းက လက်ထပ်ဖို့အတင်းလောမှာကို"

"နင်က အချိန်ဆွဲလာတာ ကြာနေပြီကိုး"

"ငါ ..... ငါ ကိုလင်းကို ....."

မွန်းက လင်းလက်မျက်နှာကိုကြည့်လိုက်တော့ လင်းလက်က ဆက်ပြောလေဆိုတဲ့အကြည့်နဲ့။

"ငါ ကိုလင်းကို လက်မထပ်နိုင်ဘူး"

"အကြောင်းပြချက်က?"

"မသိဘူး။ လက်မထပ်ချင်တာပဲ သိတယ်"

"အဲဒါကြောင့်ခက်နေတာပဲ မဟုတ်ဘူးလား?"

"အင်း"

သူမဘက်က အကြောင်းပြချက်မရှိဘဲ ဘယ်လိုငြင်းရမလဲ?

¤

မနက်ကျတော့ ကောင်းကင်က ကားလာပို့သည်။

"အစ်မ မနေ့က အဆင်ပြေရဲ့လား?"

"ပြေပါတယ်။ ဘာဖြစ်လို့လဲ?"

"မျက်နှာမကောင်းလို့လေ"

"အလုပ်များလို့ပါ။ မင်းက ဒီနေ့ကျောင်းမသွားဘူးလား?"

"မနက်ပိုင်း အတန်းချိန်မရှိလို့ ကျောင်းမှာသွားထိုင်မနေချင်လို့"

"အဲဒါကို အစောကြီး ကားလာပို့တယ်?"

"အစ်မ မနက်စောစောသုံးစရာရှိရင် သုံးရအောင်လို့လေ"

"မရှိပါဘူး။ မင်း မနက်စာမစားရသေးရင် ဒီမှာစားသွားပါလား?"

"မစားတော့ဘူး အစ်မ"

"စားသွားပါ။ ခဏနေရင် ကျော်ဇေလာလိမ့်မယ်"

လင်းလက်က ဝင်ပြောလိုက်ခြင်းပါ။

"ေဩာ် ... မလင်းတို့က မျက်နှာချင်းဆိုင် မနက်စာစားကြမှာပေါ့။ မနှောင့်ယှက်တော့ပါဘူးဗျာ"

"မင်းမနှောင့်ယှက်လည်း မွန်းတစ်ယောက်လုံး ရှိနေတာကို"

"ငါက အနှောင့်အယှက်ပေါ့လေ၊ ဟုတ်လား?"

"အဟီး! နောက်တာပါ မိမွန်းရယ်။ အခုပဲ သူကဖုန်းဆက်တော့ ကောင်းကင်ရောက်နေတာသိသွားပြီး သူလာခဲ့မယ်တဲ့။ ကောင်းကင်ကို စောင့်နေပါလို့ ပြောပေးပါတဲ့"

"အဲဒီလိုလား?"

"အင်း၊ မနက်စာကို လေးယောက်စာလုပ်ထားလိုက်ပါတဲ့"

"ကျော်ဇေတို့က ပိုင်တယ်ကွာ"

"ကိုယ်တွေကဒီလိုပဲ၊ မရှိတဲ့လူတွေကိုလည်း ကျွေးမွေးနေကျဆိုတော့လေ"

"ဟာဗျာ ... မလင်းစကားကလည်း"

"မစားဘူးလား?"

"အပြောခံရတာနဲ့တန်အောင် စားမှာ"

"ဟာ ဟ ... အဲဒါဆိုလည်း လာလေ"

ခဏနေတော့ အသံကြားလို့ ကျော်ဇေလာတယ်မှတ်နေကြတာ တကယ်ရောက်လာသည်က လင်းရောင်။

"မောနင်း၊ လမင်းလေး။ မောနင်း လင်းလက်"

"ဟင်! ကိုလင်း"

မွန်း အံ့ဩသွားသည်။ လင်းလက်က

"မောနင်း ကိုလင်းရောင်! မနက်စောစောစီးစီး အရေးကြီးကိစ္စရှိလို့လား?"

"လမင်းကို တွေ့ချင်လို့ပါ"

သေစမ်း! နေကောင်းကင်။ မင်းတော့ အပြောအဆိုထပ်ခံပေဦးတော့။

"စောစောစီးစီးပေမဲ့ ကိုယ့်ထက်စောတဲ့ဧည့်သည် ရောက်နေတာကိုး"

"ဟုတ်ကဲ့၊ ကိုလင်းရောင်။ ကားလာပို့တာလေ"

"ကိုယ့်ညီကပါ အဲဒီဝပ်ရှော့မှာ လုပ်နေတာလား?"

ဘာသဘောနဲ့မေးမေး သူပြန်ဖြေလိုက်သည်။

"ဟုတ်! ကျွန်တော်တို့သူငယ်ချင်းသုံးယောက် ကားပစ္စည်းဆိုင်လေး ထပ်ချဲ့ကြမှာမို့ပါ"

"ေဩာ် ... ကောင်းပါတယ်"

"ဟုတ်တယ် ကိုလင်းရေ ... ခုလည်း ကျွန်တော်က မမဆီသွားမယ်ဆိုပြီး မမွန်းကားကိုမောင်းလာပေးဖို့ ဒီကောင့်ကို အတင်းနှိုးပြီးခေါ်လာတာ။ မနေ့က ကောင်းကင်က ကျွန်တော့်ဆီမှာအိပ်တာလေ"

ဘယ်တုန်းကရောက်လာမှန်းမသိတဲ့ ကျော်ဇေက ဝင်ပြောလိုက်တော့ လင်းရောင်တစ်ယောက် ဘာမှဆက်မပြောနိုင်တော့။

"ကိုလင်း၊ မနက်စာ စားသွားလေ"

ထိုအချိန် လင်းရောင်ဖုန်းက မြည်လာသည်။

"မောင်တိုး ... ပြော"

"......"

"ဟုတ်ပြီလေ။ ငါအခုလာပြီ"

ဖုန်းချလိုက်ပြီး လင်းရောင်က

"နောက်မှ အတူစားကြတာပေါ့။ အလုပ်အရေးကြီးလို့ သွားလိုက်ဦးမယ်"

လင်းရောင်ကို မွန်းက အိမ်ရှေ့လိုက်ပို့ပြီး ပြန်ဝင်လာတော့

"ကျော်ဇေဆီမှာ အိပ်တာလား?"

"ဘယ်ကလာ ... ခုနက မမဆီဖုန်းဆက်တော့ မနေ့ညနေက မမွန်းကားဒီကောင့်ဆီပါသွားပြီး ကိုလင်းရောင်ကိုညာထားတဲ့အကြောင်း သိရလို့ အဲဒါကိုစပ်စုဖို့လာတာ။ သူရောက်နေတာကို အပြင်ကနေကြားလိုက်လို့ ဝင်ရွှီးလိုက်တာ"

"အဟင်း"

သူတို့အားလုံး ပြုံးမိကြသည်။ ဘာလို့များ တက်ညီလက်ညီဝိုင်းညာပေးကြလဲဆိုတာ မွန်းကို သူတို့ သိစေချင်ကြပေမဲ့ .....

"ပြောပါဦး မနေ့ကကိစ္စလေး"

မွန်းက ကောင်းကင်ကို လှမ်းကြည့်သည်။ ဒါကို ကျော်ဇေက

"မင်းပြောစမ်း! တကယ်ဆို ငါ့နာမည်သုံးပြီးညာထားတာကို ညကတည်းက မင်းငါ့ကို သတင်းပို့ရမှာလေ။ ဘာလို့ ငါ့ကိုမပြောလဲ?"

"အေးပါကွာ။ ငါမပြောမိတာ ငါ့အမှားပါ"

ကိစ္စအားလုံးသိသွားတော့ ကျော်ဇေက

"ဒါဆို ဘိုးတော်က သက်သက်အူတိုတာပေါ့"

"ဒါကတော့ သူ့လုပ်ပိုင်ခွင့်လေ"

နေကောင်းကင်ရဲ့အဖြေကြောင့် သူတို့မော့ကြည့်ကြသည်။

"ဘာလို့လဲ? သူ့မိန်းကလေးကို သူအူတိုတာ ဆန်းလား?"

သူ့မိန်းကလေးဆိုသည့်အသုံးအနှုန်းမှာ လင်းလက်တို့က သူ့ကို မသိမသာအကဲခတ်ကြသလို၊ ရင်ထဲအောင့်သွားသည်က နေကောင်းကင်တစ်ယောက်တည်းမဟုတ်၊ မွန်းကလည်း မျက်နှာမကောင်းသည်ကို ချက်ချင်းပြင်လိုက်ရသည်။ သူတို့အခြေအနေတွေ ဘာဖြစ်လာကြမည်ကို သိလိုကြဟန်ဖြင့် လင်းလက်တို့စုံတွဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ကာယကံရှင်တွေကတော့ နှုတ်ဆိတ်လျက်။

"Sorry နော် ကောင်းကင်။ အစ်မလှမ်းခေါ်လိုက်လို့ မင်းကကြားညပ်သွားတာ"

ပြောပြီးမှ သူမစကားက နေကောင်းကင်ကို သူမနဲ့လင်းရောင်ကြားက ဘာမှမဆိုင်သူလိုပြောမိသွားသလားလို့ မွန်းတွေးမိသည်။
တကယ်လည်း ဘာမှမဆိုင်ဘူးလေ။ မဟုတ်ဘူး၊ ကောင်းကင်က သူမမိတ်ဆွေ။ ဒီလိုနည်းနဲ့သက်ဆိုင်သည်လေ။

"ရပါတယ်။ ဒါတွေက ဖြစ်တတ်ပါတယ်"

ဟုတ်ပါတယ်။ ကျွန်တော်က အနေအထိုင်မတတ်ခဲ့တာပါ။ မွန်းစိတ်ညစ်လို့ အဖော်လုပ်ပေးဖို့ထွက်လာရာက လျှောက်သွားဖို့ခေါ်မိသွားတာလေ။
အတွေးကိုယ်စီနဲ့ သူတို့ငြိမ်သွားတော့ ကျော်ဇေက

"ဒါနဲ့လေ။ မနက်စာကို နေ့လည်မှစားကြမလို့လား?"

"ဘာလို့လဲ?"

"ဒီတိုင်းကြီး စကားတွေပြောနေကြလို့"

"မင်းကိုကငတ်ပါတယ် ကျော်ဇေရာ"

ကျော်ဇေပြောတော့မှ သူတို့ မနက်စာစားဖြစ်ကြသည်။ လင်းရောင်သာရောက်မလာခဲ့ရင် ဒီမနက်ခင်းလေးက စည်ကားနေမလားပဲ။ ခုတော့ အနည်းငယ်တိတ်ဆိတ်နေသယောင်။

¤

ထိုညက နေကောင်းကင်တစ်ယောက် မွန်းကိုမပေးရသေးတဲ့ရင်ထိုးလေးကို ထုတ်ကြည့်နေမိသည်။ ရုတ်တရက် သူ့ရင်ဘတ်ထဲအောင့်လာသည်။ သူတွေးမိသည်က မွန်းဘာဖြစ်သလဲဟူ၍။ သူကိုယ်တိုင်ဖုန်းဆက်ဖို့လည်း မလုပ်ချင်။
တစ်နာရီလောက်ကြာတော့ ကျော်ဇေထံဖုန်းခေါ်ပြီး ဒီည လင်းလက်နှင့်ဖုန်းပြောပြီးပြီလားဟုမေးရင်း သူစိတ်ပူနေသည်ကို ပြောမိသည်။ ကျော်ဇေက သူမဆက်ဖြစ်သေး၍ အခုဆက်ကြည့်မည်ဆိုကာ ဖုန်းချသွားသည်။ ခဏကြာတော့ ဖုန်းပြန်ခေါ်သည်။

"ဟေ့ကောင်! စိတ်အေးအေးထား၊ ဘာမှမဖြစ်ဘူး။ မင်းသာ Medical Check up လုပ်ကြည့်ဦး"

"အင်း ... ဘာမှမဖြစ်ရင် ပြီးတာပဲ"

ဘာမှမဖြစ်ဘူးဆိုပေမဲ့ တစ်ညလုံးရင်ပူနေမိသည်မို့ မနက်စောစောမှအိပ်ပျော်သွားသည်။ နှိုးစက်သံကြောင့်နိုးလာတော့ အိပ်ရေးမဝ၍ မူးကြောင်ကြောင်နှင့် ကျောင်းကိုရောက်လာသည်။ အတန်းချိန်စောသေးသည်မို့ Canteen ထိုင်နေရင်း ထွဋ်ခေါင်ရောက်လာသည်။

"မင်းက ဘယ်လိုဖြစ်လာတာလဲ? လူမမာရုပ်နဲ့ အသည်းကွဲနေတာလား?"

"အိပ်ရေးမဝလို့ပါ"

"ဘာလဲ? မွန်းစိတ်နဲ့ သေတော့မှာလား?"

"မနက်စောစောစီးစီး ပါးစပ်ပုပ်နဲ့ကွာ!"

"အေးပါ။ မင်းက လူမမာရုပ်ပေါက်နေတာကိုး"

ကျော်ဇေရောက်လာတော့

"ဟာ ... သွေးစုပ်ဖုတ်ကောင် သွေးမသောက်ရတဲ့ရုပ်နဲ့ ဘာဖြစ်နေတာလဲ?"

"လာပြန်ပြီတစ်ကောင်၊ မင်းပြောမှပိုဆိုးနေပြီ"

"မင်းက ဘာဖြစ်နေတာလဲ? အိပ်ရေးပျက်လို့လား? မင်းဘာသာ ကျန်းမာရေးဂရုစိုက်ဦး။ နှလုံးရောဂါဖြစ်နေမယ်"

ကျော်ဇေက ထိုသို့ပြောတော့ ထွဋ်ခေါင် စပ်စုတော့သည်။

"ဒီကောင်က ဘာလို့ နှလုံးရောဂါဖြစ်မှာလဲ?"

"မနေ့ညက သူရင်ဘတ်အောင့်လို့ မွန်းဘာဖြစ်လဲသိရအောင် ငါက မမဆီဖုန်းဆက်ပြီး စကားနှိုက်ရသေးတယ်လေ"

"ဟင်! အဲဒီလို?"

"တော်ပါ၊ ကျော်ဇေရာ ... မင်းကလည်း မင်းမမဆီ ဖုန်းမဆက်ချင်တာကျနေတာပဲ။ ငါပြောလိုက်မှ ချက်ချင်းကြီးဖုန်းချသွားတာ ငါတောင်စကားမဆုံးသေးဘူး။ အဲဒါ မွန်းကိုစိတ်ပူတာလို့တော့ လာမရွှီးနဲ့"

"ဟဲဟဲ ... ဒါကတော့ကွာ ..."

သူတို့ပြောနေတာကို နားထောင်ပြီး ထွဋ်ခေါင်က

"မွန်းက ဘာမှမဖြစ်ဘူးဆိုတော့ မင်းကိုယ်မင်းသာ ဂရုစိုက်သင့်ပြီ။ နှလုံးဖောက်ပြီး ချက်ချင်းသေရင် သေမှန်းမသိဘဲလျှောက်သွားနေမှဖြင့် ငါတို့ပါ အခြောက်ခံနေရဦးမယ်"

"မေတ္တာတွေ သိပ်မထားနဲ့။ ငါမသေဘူး ရေကူးတတ်တယ်"

"ဟား ဟား ဟား"

¤

ဒီနေ့တစ်နေကုန် အတန်းချိန်တွေပြည့်နေပြီး ညနေကျောင်းဆင်းတော့ လူကအရမ်းအိပ်ငိုက်နေပြီ။ ကားမောင်းလာရင်းလည်း ခေါင်းမူးနေသည်။ အရင်ဆို သုံး/လေးရက်မအိပ်ရလည်း ဘာမှမဖြစ်သည့်သူက အခုမှ ဘာဖြစ်သည်ကိုမသိ။ စိတ်ထဲတွေးမိနေစဉ်

*ကလင် ... ကလင်*

သူတို့လမ်းထဲအချိုးမှာ စက်ဘီးတစ်စီး .........
မျက်နှာချင်းဆိုင်မှ ချိုးကွေ့ဝင်လာတဲ့စက်ဘီးကြောင့် သူ ဘရိတ်အုပ်လိုက်သည်။

*ကျွီ ...... ကျွီ ......*

စက်ဘီးနှင့်ကားမှဘရိတ်များ လမ်းနှင့်ပွတ်မိသံတွေ ထွက်လာသည်။ စက်ဘီးတာယာနှင့် ကားက ထိသည်ဆိုရုံလေးသာ။ သူ အပြင်သို့ခေါင်းပြူလိုက်ပြီး

"ဘာဖြစ်သွားသေးလဲ ညီလေး?"

"ဘာမှမဖြစ်ဘူးဗျ၊ Sorry! လန့်သွားလား? ကျွန်တော်အတွေးလွန်သွားတာ"

"အေးပါကွာ၊ အတူတူပါပဲ။ Take care ကွာ"

"Yes! အဲဒါဆို သွားတော့မယ်နော်"

သူခေါင်းညိတ်ပြတော့ ကောင်လေးက စက်ဘီးလေးစီးပြီးထွက်သွားသည်။
သူ့မှာတော့ အိပ်ရေးပျက်တာ၊ မူးနောက်နောက်ဖြစ်တာနဲ့ စိုးရိမ်သွားတာတွေကြောင့် ရင်ထဲအောင့်သွားသည်မို့ 'ငါ နှလုံးရောဂါဖြစ်ချင်နေတာများလား?' လို့ သူတွေးမိနေသည်။
အိပ်ခါနီးအထိ ရင်ထဲကမကောင်း။ ဒါကိုပဲ ရင်ထိုးလေးကိုထုတ်ကြည့်လိုက်မိသည်။

"ဟင်"

ထုတ်ယူလိုက်ချိန်မှာ လက်ကိုစူးသွားသည်။ သူပြုံးလိုက်မိသည်။ အိပ်မက်ထဲ နှင်းဆီဆူးတွေစူးတာ ရင်ထဲရောက်သည်မို့ ခုလို လက်ကိုရင်ထိုးစူးတာက အများကြီးသက်သာသည်မဟုတ်ပါလား?

¤

"အ"

"ဟဲ့၊ မွန်း! ဘာဖြစ်တာလဲ?"

"ရင်ထဲစူးစူးကြီးဟ"

"ဟင်?"

"လေထိုးတာထင်တယ် လင်းရယ်။ ညနေကလည်း အဲဒီလိုပဲ။"

"ဆေးသောက်လေ။ ငါယူပေးမယ်။"

"သောက်ပြီးပြီ။ အရမ်းမဆိုးဘူး၊ ရတယ်"

"သေချာလား?"

"အေး၊ ရတယ်။ တစ်ချက်တစ်ချက် ထိုးတာ၊ ခုသက်သာတယ်"

"အေး၊ ခြေထောက်လည်းမအေးစေနဲ့။ လှဲနေလိုက်တော့၊ အိပ်လိုက်တော့"

"အင်း၊ good night"

"Sweet dream, Moon!"

လင်း အခန်းအပြင်ထွက်လာပြီးမှ တွေးမိသည်။ မွန်းနဲ့ နေကောင်းကင် ပြောင်းပြန်ဖြစ်နေကြပြီလားလို့ပေါ့။ တွေးပြီး ပြုံးမိပြန်သည်။ ဒီလိုဆိုရင် ရောဂါတစ်ခုခုမဟုတ်ဘူးလေ။ တော်သေးတာပေါ့။

¤

သူ နှင်းဆီဖြူလေးဆီလက်လှမ်းလိုက်စဉ် နှင်းဆီကိုင်းတို့က သူ့လက်ကို ရစ်ပတ်တုပ်နှောင်လိုက်သည်မို့ လက်ကိုပြန်ရုတ်လိုက်သော်လည်း နွယ်တို့က တင်းကျပ်စွာဆွဲယူလိုက်သောကြောင့် ဆူးတွေက လက်မှာစိုက်ဝင်ပြီး သွေးချင်းချင်းနီသွားသည်။ ထိုစဉ်တစ်ပြိုက်နက်မှာပဲ နှင်းဆီဝတ်ဆံတို့နေရာတွင် သွေးစက်တို့နေရာယူသွားသည်။ သူ့ရင်ဘတ်မှာစူးခနဲဖြစ်သွားပြီး နှင်းဆီနွယ်တွေကြားကသူ့လက်က သွေးအလိမ်းလိမ်းနှင့်။ အရိပ်တစ်ခုကိုမြင်လိုက်ရသည်မို့ သူ့ရှေ့တည့်တည့်ကိုမော့ကြည့်လိုက်တော့ သူမက နှင်းဆီဖြူကိုခူးဖို့ လက်လှမ်းနေသည်။ သူ့ကိုမြင်ဟန်မတူ။ သူမ ခူးယူလိုက်ချိန် ပန်းနှင့်ဆက်နေသောနွယ်တို့က သူ့လက်ကိုဆွဲယူ၍ သူပါရှေ့ကိုရောက်သွားသည်။ သူ့ကိုချည်ထားသည့်ကြိုးကို သူမက ဆောင့်ဆွဲလိုက်သည့်ပုံစံဖြစ်သွားသည်လေ။ နွယ်ကတင်းကျပ်သွားသည်မို့ ဆူးတွေက ပို၍ထိုးစိုက်ကုန်ပြီး ...

"အ"

သူ လန့်နိုးလာသည်။ သူမက သူ့ကို ချုပ်နှောင်ဖမ်းဆီးနေပြီပဲ။ ဒါကို သူမကိုယ်တိုင်ကမသိပေမဲ့ သူကတော့ နာကျင်မှုတွေထဲမှာ ချိုမြိန်စွာနှောင်ဖွဲ့နေခဲ့ပြီ။
အိပ်မက်၏အဓိပ္ပါယ်က သိပ်ကိုထင်ရှားနေသည်။

¤

မနက်မိုးလင်းတော့ မွန်းက

"လင်း! ငါ ညကအိပ်မက်မက်ပြန်ပြီ။ ငါ့ရင်ထိုးလေးအလယ်မှာ သွေးစက်လေးတစ်စက်။ ဒါလေးပဲမက်တာ"

"ဟမ်! အေးပါ။ ရင်ထိုးလေးကို စိတ်စွဲလို့နေမှာပါ"

"အင်း"

လင်းလက်တွေးမိသည်။ ဟိုကောင်လေး ဘာဖြစ်ပြန်ပြီလဲပေါ့။
သူတို့ဇာတ်လမ်းက ရှုပ်လာတော့မည့်အနေအထားပါပဲ။ လမင်း၊ လင်းရောင်၊ ကောင်းကင်တို့ သုံးပွင့်ဆိုင်နေပြီ။

¤

"ဟေ့ကောင်၊ ဆရာခေါ်နေတယ်လေ"

ထွဋ်ခေါင်က အနားကပ်ပြီး တိုးတိုးလေးပြောမှ

"ဗျာ ... ဗျာ၊ ဆရာ"

"အေး၊ ကောင်းကင်။ ဘာဖြစ်တာလဲကွ။ နေမကောင်းဘူးလား?"

"ကောင်းပါတယ် ဆရာ"

"အင်း ... အတန်းချိန်တွေပြီးရင် ဆရာနဲ့လိုက်ပြီး စာအုပ်တွေလိုက်သယ်ပေးဦးကွ။ ကားပါတယ်မဟုတ်လား?"

"ဟုတ်! လိုက်ခဲ့မယ် ဆရာ"

ဆရာထွက်သွားတော့ ကျော်ဇေက

"ဟေ့ကောင် ကောင်းကင်! မင်းဘာဖြစ်နေတာလဲ? စာသင်နေတာရော ခေါင်းထဲရောက်ရဲ့လား?"

ထွဋ်ခေါင်ကလည်း

"စိတ်နဲ့ကိုယ်နဲ့ ခွာပြဲနေသလား?"

သူဘာမှမဖြေဘဲ စာအုပ်တွေသိမ်းပြီး ထထွက်မည်ပြင်တော့

"ဟာ ဟေ့ကောင်၊ တစ်ချိန်ကျန်သေးတယ်လေ"

"ငါ ကားပေါ်မှာပဲရှိမယ်"

"ဟင်!"

သူပြောပြီးထွက်သွားတော့ ဟိုနှစ်ကောင် ခေါင်းကုတ်ပြီးကျန်ခဲ့ကြသည်။
သူ့ကားက အရိပ်ကောင်းကောင်းရသည့်နေရာမှာ ရပ်ထားသည်မို့ နောက်ဖုံးဖွင့်ပြီးထိုင်နေလိုက်သည်။ ဘာကိုမှအာရုံမစိုက်၊ ဘာမှမတွေးဘဲ သီချင်းတွေခပ်တိုးတိုးဖွင့်ပြီး နားထောင်နေသလားဆိုတော့လည်း မဟုတ်ပြန်ဘူးထင်ပါရဲ့။
စာသင်ချိန်တစ်နာရီခွဲက ဘယ်လိုကုန်သွားသည်မသိ၊ ထွဋ်ခေါင်တို့ရောက်လာကြပြီး

"ကဲ၊ ပြော"

"မပြောချင်ဘူး"

"အဲဒါဆို အခု ဘာလုပ်မလဲ?"

"ဆရာနဲ့ စာအုပ်သွားသယ်ရမယ်လေ"

"အေးလေ၊ သွားကြတာပေါ့"

စာအုပ်တွေ သယ်ကြ၊ ပို့ကြပြီးတော့

"အိမ်မပြန်ချင်သေးဘူး။ တစ်ခုခုသွားသောက်ရအောင်"

"ဘာသောက်မလို့လဲ?"

"ဘီယာဖြစ်ဖြစ်၊ ဝိုင်ဖြစ်ဖြစ်"

"Uniform တွေနဲ့ ဆိုင်မထိုင်ချင်ဘူးကွာ"

"ကျော်ဇေ၊ မင်းအခန်းကို သွားလို့ရတယ်မဟုတ်လား?"

"အင်း၊ ရတယ်"

သူတို့သုံးယောက် ကျော်ဇေ့အခန်းထဲရောက်တော့ ဖုန်းကြိုဆက်ထားလို့ ဝပ်ရှော့ကကောင်လေးတွေက သောက်စရာအဆင်သင့်ချထားပေးတာ တွေ့ရသည်။

"ကဲ! ဆိုစမ်းပါဦး။ ကောင်းကင်ပြိုတော့မလား?"

သူ့ကို ဝိုင်းမေးကြပြီလေ။
သူ ဘီယာတစ်ဘူးဖွင့်ပြီး မော့လိုက်သည်။ ပြီးတော့မှ

"ငါ မွန်းနဲ့ဝေးဝေးနေတော့မယ်"

နှစ်ယောက်သား သူ့ကိုဝိုင်းကြည့်ကြပြီး မျက်လုံးတွေနဲ့ မေးခွန်းထုတ်နေကြသည်။
သူတို့ကိုကျောပေးရပ်လို့ ပြတင်းပေါက်အပြင်ကိုငေးရင်း အိပ်မက်ကိုပြောပြမိသည်။ သူတို့ ဘာပြောရမှန်းမသိဖြစ်နေသည့်အတွက် သူကပဲ

"မွန်းက သူကိုယ်တိုင်မသိဘဲ ငါ့ကိုချည်နှောင်နေပြီ။ ငါကလည်း နာကျင်နေရတာသိရဲ့နဲ့ မျောပါနေတယ်။ အိပ်မက်က ငါတို့အဖြစ်အပျက်ကို သတိထားမိလာအောင် နိမိတ်ပြလိုက်သလိုပဲ။ အားလုံးမနာကျင်ရအောင်၊ မထိခိုက်ရအောင် ငါ မွန်းနဲ့ဝေးဝေးနေရမယ်"

ကျော်ဇေက

"အားလုံးမနာကျင်ရအောင်ဆိုတော့ ... မင်းကရော?"

"ငါကြောင့် တခြားလူတွေအားလုံး မနာကျင်စေချင်တာကို ပြောတာပါ"

"အဲဒီလိုဆို မင်း အစကတည်းက ဒီလိုအခြေအနေထိမရောက်အောင်နေခဲ့ရင် ..."

"ကောင်းကင်က တမင်လုပ်ယူခဲ့တာမှမဟုတ်တာ ကျော်ဇေရာ"

ကျော်ဇေစကားမဆုံးခင် ထွဋ်ခေါင်က ဖြတ်ပြောလိုက်တာဖြစ်သည်။
သူက

"ရင်ထိုးလေးကို ကောက်သိမ်းမထားခဲ့ရင်၊ သူ့ကားနဲ့ အိမ်ကိုလိုက်မပို့ခိုင်းခဲ့ရင်၊ သူ့ကိုဖုန်းမဆက်ခဲ့ရင်၊ သူ့အတွက် မုန့်တွေသွားမပို့ခဲ့ရင်၊ ပြီးတော့ သူစိတ်ညစ်လို့ခေါ်တုန်းက မသွားခဲ့ရင်..."

"တော်ပါတော့ကွာ။ ဒါတွေက တိုက်ဆိုင်ရာကနေဖြစ်လာတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေလေကွာ"

သူ့ကိုယ်သူအပြစ်တင်သလိုပြောနေတာကို ထွဋ်ခေါင်က နှစ်သိမ့်ပေးလိုက်တာပါ။ ဒါပေမဲ့ သူဘယ်လိုမှ ဖြေလို့မရဘူး။

"ငါသာ ငါ့ခံစားချက်တွေကို အလိုမလိုက်ခဲ့ရင်ပေါ့လေ"

သူ့မျက်လုံးအိမ်တွေ စိုလဲ့လာသည်မို့ ကျော်ဇေက

"ခုရော မင်းကလွဲရင် ဘယ်သူ့ကိုထိခိုက်နေလို့ မင်းကိုယ်မင်းအပြစ်တင်နေတာလဲ?"

"မွန်းနဲ့ ကိုလရောင်လေ။ သူတို့ လက်ထပ်ဖို့ကိစ္စနဲ့ပြဿနာတက်နေတာ ငါ့ပယောဂလုံးဝကင်းတယ်လို့ မင်းပြောရဲလား?"

"မမွန်းက မင်းဘက်ကိုစိတ်ယိုင်နေတယ်လို့ မင်းပြောချင်တာလား?"

"အဲဒီလိုအထိ ထင်မြင်ချက်မပေးနိုင်ပေမဲ့ သူ့ထွက်ပေါက်က ငါဖြစ်လာနေတယ်လေ။ ငါမရှိရင် သူတို့ အခုလိုဖြစ်လာချင်မှဖြစ်လာမှာ"

ဝဲလာသလိုရှိတဲ့မျက်ရည်ကို မျက်တောင်တွေကိုပုတ်ခတ်ရင်း ဖယ်ထုတ်လိုက်သည်။ ရင်ထဲမှာတော့ မွန်းကျပ်နေသည်။ သူတို့ဝိုင်းလေး တိတ်ဆိတ်စွာနဲ့ပဲ ဘီယာဘူးခွံတွေသာများလာခဲ့သည်။ စိတ်ညစ်ညစ်နဲ့သောက်ပစ်ပြီး အယ်ကိုဟောနဲ့မတည့်တဲ့သူ သောက်တာထက်ကိုပိုမူးသွားကာ မူးတာထက်ကို ပိုသောင်းကျန်းပစ်လိုက်သည်။ နောက်ဆုံးသူသိသည်က နံရံကို လက်သီးနဲ့ပိတ်ထိုးနေမိလို့ ကျော်ဇေနဲ့ထွဋ်ခေါင် အတင်းဝိုင်းဆွဲကြသည်ကိုပင်။

တကယ်တော့ ဝယ်ထားသမျှ သူချည်းသောက်ပစ်တာဖြစ်ပြီး ကျန်နှစ်ယောက်က အဖော်လုပ်ရင်း အနည်းငယ်သာသောက်၍ သူ့ကိုစောင့်ကြည့်ရုံသာ။ ငယ်ငယ်ကတည်းကတွဲလာကြသည်မို့ ကောင်းကင်တစ်ယောက် မဖြစ်စဖူးထူးဆန်းနေသည်ကို သူငယ်ချင်းတွေက စိုးရိမ်နေကြသည်လေ။ သူ မူးပြီးမှောက်သွားမှ သူတို့က အိပ်ရာထဲပို့၊ လက်ကိုဆေးထည့်ပြီး သိပ်လိုက်ကြရသည်။ ဒါတောင် တစ်ချက်တစ်ချက် "အ" ခနဲ ညည်းသံက ထွက်လာသေးသည်။ နံရံကိုထိုးထားသည့်လက်က နာတာလား? အိပ်မက်မက်ပြီး ရင်ဘတ်ထဲကနာတာလား? သူလည်း ခေါင်းတွေပေါက်ကွဲမတတ်ကိုက်ခဲနေသည်မို့ ကိုယ်တိုင်ပင် ဘာကြောင့်ညည်းသလဲဆိုတာ မသိတော့ပါ။

¤

နောက်နေ့နေ့လယ်မှသူနိုးတော့ လက်မှာပတ်တီးနှင့်။ ခေါင်းတွေက အုံခဲနေသည်။ ထထိုင်ပြီးမှ မခံစားနိုင်၍ အိပ်ရာပေါ်ပက်လက်လှဲချလိုက်ကာ ဘယ်ဘက်လက်က နားထင်နှစ်ဖက်ကို ညှစ်ထားမိသည်။ ကျော်ဇေဝင်လာတော့

"နိုးပြီလား? ဒီမှာ Black Coffee နဲ့ သံပုရာသီးစိပ်"

"အင်း"

"ပြီးရင် ရေချိုးလိုက်"

သူ ထထိုင်လိုက်ပြီး

"အင်း၊ ထွဋ်ခေါင် ကျောင်းသွားလား?"

"အေးပေါ့၊ မနေ့ကစာအုပ်တွေကိစ္စ လက်စသတ်ဖို့သွားတယ်လေ"

"မင်းကရော?"

"ငါက ကလေးထိန်းတာဝန်လေ။ အခုလေးတင် အဲဒီကလေးစုတ်မနိုးခင် မမနဲ့ စကားသွားပြေးပြောလာတာ"

သူ ရယ်မိသည်။ ဒီလိုသူငယ်ချင်းတွေရထားတာ သူအရမ်းကံကောင်းသည်လေ။

"ဒါဆို ငါ့ကိစ္စ မလင်းသိသွားပြီလား?"

"မူးပြီးအိပ်နေတယ်လို့ပဲ ပြောလိုက်တာပါ။ မမလည်းရိပ်မိပေမဲ့ ဘာမှမမေးဘူး"

"အင်း"

"ငါ အရှေ့မှာအလုပ်ရှိသေးတယ်။ ကျောင်းမသွားဖြစ်မှတော့ အလုပ်ပြတ်အောင် ပစ္စည်းတွေမှာလိုက်တာ ခဏနေလာပို့တော့မှာ။ မင်း ရေချိုးပြီးရင်ထွက်ခဲ့"

"အင်း၊ သွားလေ"

ကျော်ဇေထွက်သွားတော့ သူ့လက်ကပတ်တီးကို ဖြည်လိုက်သည်။ ဆေးလိမ်းပေးထားလို့ အရမ်းကြီးမရောင်ပေမဲ့ လက်ဆစ်တွေမှာညိုမည်းနေသည်လေ။ လက်သူကြွယ်အဆစ်အောက်နားလေးမှာ နည်းနည်းလေးကွဲသွားသည်။ သူရေချိုးပြီးထွက်လာတော့ ကျော်ဇေအလုပ်ရှုပ်နေသည်။ ခေါင်းအုံနေသည်မို့ ဝင်မကူနိုင်ဘဲ ခပ်လှမ်းလှမ်းမှာထိုင်နေလိုက်သည်။ အလုပ်ပြီးလို့ ကျော်ဇေနားသူရောက်သွားတော့

"ကောင်းကင်၊ တစ်ခုခုစားပြီးရင် ဆေးခန်းသွားဦး"

ပြောပြီး သူ့လက်ကိုကြည့်လိုက်တော့ လက်မှာပတ်တီးကမရှိ။

"ဟေ့ကောင်! မင်း ဘာလုပ်ပြန်ပြီလဲ? လက်က ရေစိုသွားပြီပေါ့"

သူ လက်ကိုကြည့်လိုက်ပြီး

"ဘာမှမဖြစ်ပါဘူး"

"ေဩာ် ... အေး၊ ကွဲသွားတယ်လေ။ ရေမထိအောင်နေဖို့ နားမလည်ဘူးလား?"

"ဆေးခန်းသွားမှာပဲကိုကွာ"

"ကျစ်! မင်း ဘယ်လိုကောင်လဲ?"

သူ အဟောက်ခံနေရစဉ် ထွဋ်ခေါင်ပြန်ရောက်လာသည်။

"ဘာဖြစ်နေတာတုန်း? အသံက အပြင်ကကြားနေရတယ်"

"မင်းပြန်လာတာအတော်ပဲ။ မင်းမိန်းမ မင်းကြည့်ပြောတော့။ လက်ကပတ်တီးဖြည်ပြီး ရေချိုးတယ်တဲ့။ ငါ့နှယ် ကလေးထိန်းရသလိုပဲ။ ရေမချိုးခင်မမှာတာလည်း ဒါလောက်တော့ သိမယ်ထင်လို့လေ"

နှစ်ယောက်သား သူ့ကိုဆူတော့သည်။

¤

အပိုင်း (၁၁) ဆက်ရန်

>>>>>>>>>>>>>>>>>>>>>>>>>>>
© Demon ,
книга «ကၽြန္ေတာ့္ရင္ခြင္ ညေကာင္းကင္မွ ဧကရီ သူမ».
Коментарі