Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) : Final
Chapter (4)
ဆြဲထားေသာပံုကိုၾကည့္ၿပီး သူ႔ကိုယ္သူ အမႊန္းတင္လိုက္သည္ေၾကာင့္ က်န္ႏွစ္ေယာက္က မၾကားခ်င္ေယာင္ေဆာင္၊ ပံုကို သူ႔ေရွ႕တြန္းေပးလိုက္ၿပီး ပါးစပ္ေတြပိတ္ကုန္ၾကသည္။

"အဲဒါ ဘာျဖစ္သြားၾကတာလဲ?"

"နားမဒိမ္းက်င့္ခံရလို႔ ပင္းကုန္ၾကတာေလ"

"အဟက္!"

သူရယ္လိုက္ေပမဲ့ သူတို႔ကေတာ့ မသိခ်င္ေယာင္ေဆာင္ေနသည္မို႔ သူက ပံုေလးကို အိတ္ထဲျပန္ထည့္ထားလိုက္သည္။

¤

ဒီၾကားထဲ သူနဲ႔မြန္းအတြက္ ဘာမွထူးျခားမႈမရွိေပမဲ့ ေက်ာ္ေဇတို႔စံုတြဲက သူတို႔ကို ေစာင့္ၾကည့္ေနၾကသည္။ သူတို႔ဇာတ္လမ္းကို ေက်ာ္ေဇတို႔က ပို၍ စိတ္ဝင္စားပံုရသည္။

တစ္ရက္ေတာ့ အတန္းေစာေစာၿပီး၍ သူတစ္ေယာက္တည္း အိမ္ျပန္လာခဲ့ၿပီး အိမ္ေရာက္ေတာ့ ဟိုသည္ေတြးရင္း အၾကံတစ္ခုရသည္။ ထို႔ေၾကာင့္ သူဆြဲထားေသာ ရင္ထိုးပံုေလးကိုယူ၍ သူထြက္လာခဲ့သည့္ဦးတည္ရာက သူသိထားေသာ ေငြထည္ပစၥည္းဆိုင္သို႔။ သူက ပံုစံႏွင့္အရြယ္အစားကို ေျပာျပၿပီး အပ္ခဲ့လိုက္သည္။ ဆိုင္ကေတာင္ေျပာလိုက္ေသးသည္။ ဆြဲထားတာ အသက္ဝင္လြန္း၍ ပံုစံကို အတိအက်ျမင္ႏိုင္သည္တဲ့။ သူ႔ကိုယ္သူေတာင္ အထင္ႀကီးမိသလိုလို။

¤

သည္လိုႏွင့္ ေန႔ရက္ေတြ ပံုမွန္လည္ပတ္ရင္း သူႏွင့္မြန္းလည္း ထပ္မဆံုျဖစ္ၾကေတာ့။ မြန္းကလည္း လင္းေရာင္ႏွင့္သာ အရင္လို တြဲသြားတြဲလာရွိေနခဲ့သည္။

တစ္ရက္ေတာ့ သူတို႔ဆံုဖို႔ျဖစ္လာသည္။
ထိုေန႔က အခ်ိန္အခါမဟုတ္ မိုးရြာသည္။ ေႏြဦးအစတြင္ရြာသည့္မိုးေၾကာင့္ စက္ဘီးတစ္စီးႏွင့္ထြက္လာေသာ သူ႔တစ္ကိုယ္လံုး စိုရႊဲကုန္သည္။ လမ္းၾကားေလးထဲတြင္ အမိႈက္ေကာက္ေနေသာ ေကာင္ေလးက သူ႔အမိႈက္အိတ္ကို ေခါင္းေပၚမွ ေနာက္ေက်ာသို႔တြဲေလာင္းခ်ထားရင္း သြားေနသည္ကို သူလွမ္းျမင္ေနရသည္။ ေကာင္ေလးက သူ႔ေရွ႕ခပ္လွမ္းလွမ္းတြင္ျဖစ္ၿပီး မ်က္ႏွာခ်င္းဆိုင္မွ ကားတစ္စီးက လမ္းက်ဥ္းတြင္ ျဖည္းျဖည္းခ်င္း လွိမ့္လာေနသည္။ ကား၏အရွိန္၊ အကြာအေဝး၊ သူႏွင့္ေကာင္ေလးၾကား အကြာအေဝးအရ သူက ေကာင္ေလးကို ေက်ာ္တက္လိုက္ၿပီးမွ ကားက သူ႔ေဘးမွ ျဖတ္သြားမည္။ ကားေမာင္းလာသူကလည္း ထိုအတိုင္းေတြး၍ တစ္ဖက္ကပ္ကာ ျဖည္းျဖည္းခ်င္း ေမာင္းလာပံုရသည္။

သူက ေကာင္ေလးကိုေက်ာ္တက္ရန္ ဘဲလ္အတီး၊ ေကာင္ေလးက သူ႔ေက်ာဘက္မွအိတ္ကို လႊဲၿပီး ေရွ႕ကိုအယူတြင္ အိတ္က စက္ဘီးႏွင့္ၿငိသည္။ ကေလးက လန္႔ၿပီး အိတ္ကိုလႊတ္ကာ လမ္းေဘးအတင္းဆင္းေသာ္လည္း အိတ္ထဲကပစၥည္းေတြ ျပန္႔ၾကဲကုန္၍ သူ႔စက္ဘီးဟန္ခ်က္ပ်က္သြားသည္။ ကားဘရိတ္ဆြဲသံ၊ စက္ဘီးႏွင့္ကား ၿငိသံ၊ ပစၥည္းေတြၾကား သူလဲက်သံတို႔ တစ္ဆက္တည္းထြက္လာသည္။ တစ္ဘက္မွ ကား၊ သူ၏စက္ဘီး ႏွင့္ ေကာင္ေလး၏ပစၥည္းမ်ားၾကား ေျမဇာပင္က သူ။ လဲက်သြားေသာသူ႔ေပၚ စက္ဘီးပိမက်မီ လက္ႏွင့္တြန္းထားလိုက္သည္။ ကားတံခါးဖြင့္ၿပီး လူဆင္းလာသံၾကားေသာ္လည္း သူက စက္ဘီးကို ေဘးဘက္ေရႊ႕ဖို႔ ႀကိဳးစားေနသည္မို႔ မၾကည့္အား။

"ရွင္ အဆင္ေျပရဲ႕လား?"

"ရပါတယ္"

မိန္းကေလးအသံကို တုန္႔ျပန္လိုက္ခ်ိန္ ထိုမိန္းကေလးက စက္ဘီးကိုကူေရႊ႕ေပးသည္။

"ရတယ္။ ကၽြန္ေတာ္ ဘာမွမျဖစ္ဘူး။ ဟိုကေလးေရာ?"

မိန္းကေလးက စက္ဘီးဖယ္ေပးၿပီး သူဘာမွမျဖစ္ဘူးဆို၍ ကေလးဆီဦးတည္လိုက္သည္။ သူလွမ္းၾကည့္ေတာ့ ကေလးက လမ္းေဘးမွာ၊ သူ႔အျဖစ္ကို ေၾကာင္ေငးၾကည့္ေနသည္။ မိန္းကေလးက

"သား ဘာျဖစ္သြားေသးလဲ?"

"ဗ်ာ! ဘာ ... ဘာမွမျဖစ္ဘူး အန္တီ။ ဟို ... သားပစၥည္းေတြ ..."

"ဪ ..... လာ! အန္တီပါ ေကာက္ေပးမယ္"

ခုနစ္ႏွစ္၊ ရွစ္ႏွစ္အရြယ္ကေလးက အန္တီေခၚ၍ အသက္မငယ္ေလာက္ဟု သူေတြးရင္း အားယူထလိုက္သည္။ ဒူးေခါင္းက မ်က္ခနဲ။ သူျပန္ထိုင္လိုက္သည္။ ပစၥည္းေကာက္ေနတဲ့ႏွစ္ေယာက္ကို လွမ္းၾကည့္မိေတာ့ ေဘးေစာင္းအေနအထားနဲ႔ ျမင္ေနရတာ သူမ ...
မြန္း! သူတို႔တိုက္ဆိုင္မႈကို သူအံ့ဩသြားသည္။ လူသြားလူလာအလြန္နည္းေသာ လမ္းက်ဥ္းေလးမွာ သူတို႔လာဆံုျပန္ၿပီ။ သူမလည္း သူ႔လို လူရွင္းသည္ဟုတြက္ၿပီး သည္လမ္းကို ေအးေအးေဆးေဆး ေမာင္းဝင္လာပံုရသည္မို႔ သူျပံဳးမိသည္။

"ဘာေတြျပံဳးေနတာလဲ? မထေသးဘူးလား?"

"ဟင္"

သူအေတြးရပ္သြားမွ ၾကည့္မိသည္။ ကေလးက သူ႔အိတ္ေလးကို ေသခ်ာပိတ္ၿပီးကိုင္မ,ေနသည္။ သူမက သူ႔ကိုၾကည့္ၿပီး ေမးတာျဖစ္သည္။

"သား သြားေတာ့မယ္ အန္တီ"

"ေအး....သား! ေနာက္ဆိုသတိထားေနာ္"

ကေလးက ေခါင္းညိတ္ၿပီး သူ႔နားကျဖတ္သြားရင္း

"ဦးက ေျခေထာက္နာသြားတာထင္တယ္။ မထႏိုင္ဘူးလား? သားကူေပးမယ္ေလ" တဲ့။

ေျပာၿပီးသူ႔နားလာသည္။ ထိုအခါမွ မြန္းလည္း သူ႔အနားေရာက္လာၿပီး ဆြဲထူသည္။ ကေလးတစ္ေယာက္ႏွင့္ မိန္းကေလးတစ္ေယာက္က ဆြဲထူသည္မို႔ သူအားတင္းကာ မျဖစ္မေနထရပ္လိုက္သည္။ မတ္တပ္ရပ္ေတာ့ နာေနတဲ့ဘက္ကို အသာေဖာ့ရပ္ရသည္မို႔ ဆြဲထူတဲ့ မြန္းကို အနည္းငယ္အားျပဳလိုက္ရသည္။

"ရၿပီ ကေလး။ သတိထားသြား"

"ဟုတ္!"

ကေလးထြက္သြားေတာ့ သူမက

"ဒူးေခါင္းထိသြားတာေပါ့! ဒါဆို တို႔ကားေပၚတက္ ေဆးခန္းသြားလိုက္မယ္"

"ဟို ... "

"မင္းက ဒီပံုစံနဲ႔ ဒီစက္ဘီးနဲ႔ ဘယ္ကိုဆက္သြားမလို႔လဲ?"

သူမေျပာတာလည္း ဟုတ္သည္မို႔ သူေခါင္းညိတ္လိုက္သည္။

"လာ၊ အရင္ ကားေပၚတက္!"

"ဟို ... စက္ဘီးက အစ္မ ......"

"အမေလး .... ဒီစက္ဘီးေလာက္ေတာ့ တို႔ ႏိုင္ပါတယ္။ ေနာက္ခန္းထဲ ထည့္ႏိုင္ပါတယ္"

မိုးက အခုေတာ့လည္း သူမဟုတ္သလို။ သူမႏွင့္ သူ႔မွာသာ မိုးေရေတြစိုလို႔။ သူကားထဲေရာက္ေတာ့ သူမက တြန္းလို႔ရေသးတဲ့စက္ဘီးကို တြန္းသြားၿပီး ေနာက္ခန္းထဲထည့္လိုက္သည္။ ကားထဲဝင္လာတဲ့ သူမမ်က္ႏွာမွာ ေခၽြးစို႔ေနတာလား? မိုးေရစက္ေတြလား?

"ကဲ! တို႔သိတဲ့ေဆးခန္းကိုပဲ ေမာင္းလိုက္မယ္ေနာ္"

သူမ ကားေမာင္းထြက္လိုက္သည္။

"မဟုတ္ဘူးအစ္မ။ ကၽြန္ေတာ့္ကို အိမ္ကိုပဲ ပို႔ေပးပါလား? ေရေတြလည္းစိုေနလို႔ေလ"

"ရတယ္ေလ။ ခု လမ္းမႀကီးေပၚျပန္တက္ၿပီး ညာေကြ႕ရမွာမဟုတ္လား? ၿပီးမွ ျပန္ထြက္မွာလား?"

"ဟုတ္! ရတယ္အစ္မ။ ေဆးခန္းက ကၽြန္ေတာ့္ဘာသာ သြားလိုက္မယ္။ အစ္မလည္း ေရေတြစိုေနေတာ့ အားနာလို႔"

"တို႔ကရတယ္။ အက်ႌအပိုေတြ ကားထဲအျမဲပါတယ္"

"ဒါဆို ကၽြန္ေတာ့္အိမ္က် လဲလိုက္ေလ။ ကၽြန္ေတာ့္အိမ္မွာက ခုခ်ိန္ဆို ဘြားကမရွိေပမဲ့ အိမ္ေတာ္ထိန္း လင္မယားရွိေတာ့ အဲဒီႀကီးႀကီးအခန္းထဲျဖစ္ျဖစ္ ဝင္လဲလိုက္ေလ"

သူမ သူ႔ကို တစ္ခ်က္လွည့္ၾကည့္လာသည္။

"အစ္မက ကၽြန္ေတာ့္ကို မယံုဘူးလား?"

"ဟာဟ! တစ္စက္ကေလးမွ မယံုၾကည္ရပံုဆို ကားေပၚ ေခၚတင္လာစရာလားကြ!"

"ဟီး ... ဒါလည္းဟုတ္တာပဲ။ ဒါေပမယ့္ အစ္မနဲ႔ကၽြန္ေတာ္မွ မသိတာ။ ဘာလို႔ေခၚတင္လာတာလဲ?"

"အင္း ..... တစ္ခါ ကြန္ဒိုဝန္းထဲမွာ တိုက္မိတာ မင္းမဟုတ္လား?"

"ဗ်ာ! မွတ္မိတာလား?"

သူ႔အသံမွာ အေပ်ာ္ေတြ ဘယ္ေလာက္ပါသြားလဲ မသိတာမို႔ ခ်က္ခ်င္း ျပန္ထိန္းလိုက္ရသည္။

"မွတ္မိတယ္ေလ။ ၿပီးေတာ့ ခုနက ကေလးကို တိုက္မိမွာစိုးလို႔ မင္းေရွာင္တာ၊ ကၽြန္ေတာ္ကရတယ္ ဟိုကေလးဆိုၿပီး ကေလးကို စိုးရိမ္တာ၊ ထရပ္ေတာ့ တို႔ကို အားျပဳထားတာမို႔ တကယ္နာသြားတာလို႔ ထင္လို႔။ မင္းက လူဆိုးတစ္ေယာက္မဟုတ္ဘူး ထင္လို႔ေလ။ အရမ္းကို ဟန္ေဆာင္ေကာင္းတဲ့ professional လူလိမ္တစ္ေယာက္ျဖစ္ေနရင္ေတာ့ တို႔လည္းမသိေတာ့ဘူး။ မဟုတ္ဘူးမလား?"

"ဗ်ာ!"

"ဪ ..... လူလိမ္မဟုတ္ဘူးမလားလို႔"

"ဟာ ... သူခိုးက ခိုးတယ္ဘယ္ေျပာမလဲ?"

"ဒါဆို ... ဒါေလးႀကိဳက္လား?"

သူမက ေဘးဘက္လက္ေရာက္သြားၿပီး တစ္ခဏအတြင္း သူမလက္ထဲ ေမာင္းခ်ဓားေလးပါလာသည္။

"ဟာ ... အစ္မကလည္း ... ကၽြန္ေတာ္က ေနာက္တာပါ"

"တို႔လည္း ေနာက္တာပါ။ ဓားကိုမဖြင့္ဘူးေလ"

သူထပ္ျပံဳးမိသည္။ သူမက မသိစိတ္ထဲကေန သူ႔ကို လူေကာင္းတစ္ေယာက္လို႔ သိေနသည္ဆိုပဲ။ ၿပီးေတာ့ သူ႔ကိုမွတ္မိေနလို႔။ ဒါေၾကာင့္ အိမ္ပို႔ေပးပါဆိုေတာ့ ဘယ္ေနရာလဲ မေမးဘဲ လမ္းမႀကီးညာဘက္လို႔ ေျပာတာကိုး။

"ေဟ့! တို႔က မွတ္မိေနလို႔ ထူးဆန္းေနတာလား? အဲ့ေလာက္ေတာ့ တို႔မွတ္ဉာဏ္က မပ်က္စီးေသးပါဘူးကြ!"

"ဟုတ္ကဲ့ပါဗ်ာ"

ထူးဆန္းတာမဟုတ္ဘူး မြန္းေရ ... ေပ်ာ္တာ။ ၿပီးေတာ့ မြန္းက သိပ္ၿပီး ဉာဏ္အေကာင္းႀကီး မဟုတ္ဘူးေနာ္။ ကၽြန္ေတာ္တို႔ ပထမဆံုး ဆံုခဲ့တာကိုေတာ့ မြန္းမမွတ္မိေတာ့ဘူးေလ။

ကြန္ဒိုထဲေရာက္ေတာ့ သူက အိမ္ကို လမ္းညႊန္လိုက္သည္။

"ဪ ... လံုးခ်င္းေတြရွိတဲ့ဘက္ပဲ"

"ဟုတ္"

ျခံထဲဝင္လာေတာ့ ဘညိဳက တံခါးဖြင့္ေပးလို႔

"ဘညိဳေရ၊ ေနာ့္ကို လာတြဲပါဦး။ ဒူးေခါင္းနာလာလို႔"

"ေဟ ... လာၿပီကြဲ႕။ ဘာျဖစ္တာတုန္း လူေလး"

"ေနာက္မွရွင္းျပမယ္ဗ်။ မ႐ိုမေသ အခန္းထဲက အဝတ္အစားတစ္စံု ယူေပးပါလား? အေပၚမတက္ေတာ့ဘူး။ ေအာက္မွာပဲ လဲလိုက္ေတာ့မယ္"

"ေအးပါကြယ္"

"လာ ... အစ္မ၊ ဝင္လာေလ"

"အင္း"

သူမက အဝတ္ထုပ္ေလးကိုင္ၿပီး လိုက္ဝင္လာသည္။ အိမ္ထဲေရာက္ေတာ့

"ႀကီးေမေရ ..... လာပါဦးဗ်ဳိ႕။ ဒီမွာ ေျခေထာက္နာလို႔!"

ႀကီးေမက အျပင္ေျပးထြက္လာၿပီး

"ဟယ္... ဘာျဖစ္လာတာတုန္း? မိုးေတြလည္းစိုလို႔"

"ေနာက္မွေျပာမယ္။ ဒီမွာ ေနာ့္သူငယ္ခ်င္း အဝတ္ေရစိုလဲဖို႔ ႀကီးေမအခန္းထဲ ေခၚသြားေပးပါဦး။ ၿပီးရင္ မီးဖိုထဲလာခဲ့ေနာ္"

ႀကီးေမရဲ႕ သူမကိုစူးစမ္းသလိုအၾကည့္ေတြက သူ႔သူငယ္ခ်င္းဆိုတဲ့ စကားတစ္ခြန္းေၾကာင့္ ခ်က္ခ်င္းေျပာင္းသြားၿပီး

"ဪ ... လာ ... သမီး"

သူက ေရခ်ဳိးခန္းထဲ အဝတ္လဲၿပီး ထမင္းစားပြဲမွာထိုင္လိုက္သည္။ ႀကီးေမက

"ဘာျဖစ္လာၾကတာလဲ?"

"ေကာ္ဖီေဖ်ာ္တာလား ႀကီးေမ?"

"ေအးေလ သားတို႔ေသာက္ရေအာင္"

သူေခါင္းညိတ္လိုက္ၿပီး

"ကေလးတစ္ေယာက္ကိုေရွာင္ရင္း စက္ဘီးေမွာက္ၿပီး ဒူးနာသြားလို႔ သူငယ္ခ်င္းက ကားနဲ႔လိုက္ပို႔တာ။ လမ္းမွာလည္း မိုးမိလာတာေလ။ အဲဒါနဲ႔ ေဆးခန္းမသြားဘဲ အိမ္ကိုတန္းျပန္လာတာ"

သူေျပာၿပီးေတာ့ သူမက ပဝါေလးတစ္ထည္ကိုင္ရင္း ထမင္းစားပြဲဆီေရာက္လာသည္။

"လာအစ္မ ... ထိုင္ဦး!"

သူက ေျပာသာေျပာသည္။ ဆံပင္ေတြကို ပဝါေလးနဲ႔သုတ္ေနတဲ့ သူမရဲ႕ ေရေျခာက္ခါစ အလွကို ေငးၾကည့္ေနမိတာ။ မြန္း သူ႔ေရွ႕ဝင္ထိုင္မွ ႀကီးေမဘက္ အာ႐ံုေျပာင္းရင္း

"ရၿပီလား ႀကီးေမ။ ေပါင္မုန္႔မီးကင္ တူးဦးမယ္"

"အမေလး ... က်ဳပ္သိပါတယ္ ဆရာရယ္"

ေကာ္ဖီခြက္ လာခ်ေပးရင္း ႀကီးေမကရြဲ႕သည္။
သူကရယ္ရင္း

"အစ္မ! ေသာက္လိုက္ဦး၊ ေႏြးသြားေအာင္"

"အင္း Thanks!"

သူမ ပဝါေလး ပခံုးေပၚတင္ကာ ေကာ္ဖီတစ္ငံုေသာက္ရင္း ျပံဳးလိုက္သည္။

"ေကာ္ဖီက ရယ္ရလား?"

"ဟယ္ ... က်ဳပ္ေကာ္ဖီက ဘာလို႔ရယ္ရမွာလဲ။ ေပါက္ကရ!"

ေပါင္မုန္႔မီးကင္ေထာပတ္သုတ္ လာခ်ေပးရင္း ႀကီးေမက ေျပာေတာ့ သူတို႔ရယ္မိၾကျပန္သည္။

"ႀကီးေမေကာ္ဖီကို ေျပာပါဘူး။ သူ႔ကိုေနာက္တာပါ"

"မသိဘူးေလ။ စားၾကဦး။ အဝတ္လွမ္းလိုက္ဦးမယ္။ လိုခ်င္တာရွိရင္ ေခၚလိုက္ေနာ္"

"ဟုတ္"

ေျပာၿပီး ႀကီးေမ ထြက္သြားေတာ့ သူက ဆက္ေမးသည္။

"ခုနက ဘာျပံဳးတာလဲ?"

"ဪ ... ေျခေထာက္နာတာ ပါးစပ္နဲ႔ေဝးတယ္လို႔ ေတြးမိလို႔"

"ကၽြန္ေတာ္က စကားမ်ားတယ္ေပါ့?"

"မင္းဘာသာဝန္ခံတာေနာ္"

"ေကာ္ဖီဖိုး ျပန္ဆပ္တာ အဲ့လိုႀကီးလားဗ်ာ"

"အဟင္း ..... ေနာက္တာပါ။ တစ္အိမ္လံုး ဘယ္သူမွမေနရေအာင္ ဝင္လာကတည္းက ေအာ္လာတာေလ မင္းက"

"အက်င့္ပါေနတာ"

"အဟင္း"

ခဏၾကာေတာ့ ......

"ကဲ! မင္း ေဆးခန္းျပန္မသြားေတာ့ဘူးေပါ့!"

"ညေနမွ ကၽြန္ေတာ့္ဘာသာသြားမယ္"

"အိုေခ၊ ဒါဆို တို႔သြားေတာ့မယ္"

"ျပန္ေတာ့မွာလား? ကားနားထိ လိုက္ပို႔မယ္ေလ"

"အမေလး .... ကိုယ္ေတာ္ရယ္! ေျခေထာက္နာတာ တကယ္ေရာဟုတ္ရဲ႕လား?"

"ဟာဗ်ာ ... အိမ္ရွင္ဝတၱရားေလ"

"ေနပါေတာ့!"

ေျပာၿပီး မြန္းက ပဝါေလးကို ထိုင္ခံုေနာက္မွီမွာတင္ရင္း လွည့္ထြက္မလို႔လုပ္ၿပီးမွ

"ဪ ... ဟို ... မင္းအေျခအေနေလး အေၾကာင္းၾကားဦးေနာ္"

ေျပာၿပီး စားပြဲေပၚက သူ႔ဖုန္းကို သူမက တစ္ခ်က္လွမ္းၾကည့္သည္။ သူက ဖုန္းကို လွမ္းေပးလိုက္ေတာ့

"တို႔ဖုန္းက ကားေပၚမွာက်န္ခဲ့ၿပီ။ ဒီကေန missed call ေခၚလိုက္မယ္"

"ဟုတ္"

သူမက သူ႔ကိုဖုန္းျပန္ေပးလို႔ သူက ဖုန္းကိုတစ္ခ်က္ၾကည့္ၿပီး သူမနာမည္နဲ႔ ဖုန္းနံပါတ္ကို ေတြ႕လိုက္ေတာ့

"ကၽြန္ေတာ့္နာမည္ ေနေကာင္းကင္ပါ"

"ဟင္?"

"အစ္မ ဖုန္းထဲမွာ နာမည္မွတ္ရေအာင္ေလ"

"ဪ ... ေအးပါ"

တကယ္က ေကာင္းကင္ဆိုတဲ့နာမည္ကို သူမစိတ္ထဲ ဘာရယ္မသိ အံ့ဩသြားမိတာ။

"ႀကီးေမေရ ... ႀကီးေမ"

သူ႔အသံၾကားမွ မြန္းသတိျပန္ဝင္လာသည္။

"ေဟ ...... လာၿပီ သားေရ"

"ႀကီးေမ၊ အစ္မျပန္ေတာ့မယ္တဲ့။ ေနာ္က လမ္းေလၽွာက္လို႔ အဆင္မေျပလို႔"

"ေအးပါ။ လာ ... သမီး! ႀကီးေမ အိမ္ေရွ႕ထိ လိုက္ပို႔ေပးမယ္"

"အယ္၊ ဒီေကာင္ေလး။ ႀကီးေမကို အလုပ္ေပးျပန္ၿပီ"

"ရတယ္ သမီးရဲ႕။ ဦးညိဳက အျပင္ခဏသြားလို႔ေလ။ ျခံတံခါးလည္း ႀကီးေမပဲ ပိတ္ရမွာမို႔ပါ"

"ဟုတ္"

မြန္းက သူ႔ကို လက္ျပၿပီး ႏႈတ္ဆက္ကာ ထြက္သြားပါသည္။ သူကေတာ့ အေတြးေတြ တသီႀကီးနဲ႔ က်န္ခဲ့သည္။ သူ ေက်ာ္ေဇ့ဆီ ဖုန္းေခၚလိုက္ၿပီး

"ေဟ့ေကာင္၊ ငါ စက္ဘီးနဲ႔ ကားကိုဝင္တိုက္မိလို႔!"

"ဟာ ..... ခုျဖစ္တာလား?"

"ခုက အိမ္ျပန္ေရာက္ေနၿပီ"

"ေဟ! ေဆးခန္းသြားၿပီးၿပီလား? ဘာျဖစ္သြားလဲ?"

"မသြားရေသးဘူး။ ေျခေထာက္ေခါက္သြား႐ံုပါ"

"ငါ လာခဲ့ရမလား? ေဆးခန္းပို႔ေပးမယ္"

"အင္း ... လာခဲ့"

အဟိ! ဟိုေကာင္ေတာ့ ေခ်ာမိသြားၿပီ။

"သားေရ ..... ႀကီးေမ ဘာလုပ္ေပးရမလဲ? ခုနက ေဆးလိမ္းထားတာ ခုဘယ္လိုေနလဲ?"

"နာတာေတာ့ နာေနတယ္။ ေက်ာ္ေဇလာလိမ့္မယ္။ အဲ့ဒီေတာ့မွ ေဆးခန္းသြားမယ္။ ခု ဧည့္ခန္းထဲ သြားမလို႔"

"ဪ ...ေအး .... ေအး ... မမသိရင္ စိတ္ပူမွာ"

"ဘြားကို ေအးေဆးေျပာပါ့မယ္။ ႀကီးေမတို႔ မေျပာနဲ႔ေလ"

"ေအးပါကြယ္။ လာ ... အိမ္ေရွ႕တြဲပို႔ေပးမယ္"

သူ ဧည့္ခန္းထဲမွာ ေက်ာ္ေဇကို ထိုင္ေစာင့္ေနလိုက္သည္။

"ကားသံၾကားတယ္။ ဘညိဳျပန္ေရာက္လို႔ ဖြင့္ေပးလိုက္တယ္ထင္တယ္"

"ေဟ့ေကာင္! ဘယ္လိုေနလဲ?"

"ေျခေထာက္ေခါက္တာပါ။ ဘာမွမျဖစ္ပါဘူးဆို"

"ေသခ်ာလားကြာ .... မင္းဟာကလည္း"

ေျပာလည္းေျပာ သူ႔နားဝင္ထိုင္ရင္း ဟိုထိဒီထိနဲ႔။

"ဟာကြာ။ ဘာျဖစ္ေနတာလဲ? ဟိုကိုင္ဒီကိုင္နဲ႔။ ငါေျပာတာနားေထာင္ပါဦး"

"ဟ! စိတ္ပူလို႔ကြ။ တိုက္တဲ့ကားက ဘာမွလုပ္မေပးဘူးလား?"

"ကဲ! ငါေျပာတာ ေအးေဆးနားေထာင္ကြာ။ ဟိုေကာင္ ထြဋ္ေခါင္ကိုေျပာရင္ စိတ္ပူတတ္လြန္းလို႔ မင္းကိုေခၚကာမွ ပိုဆိုးေနၿပီ။ မင္းတို႔ ငါ့ကိုမ်ား ႀကိဳက္ေနၾကလားကြာ"

"ဖြီ! လူတိုင္းက ေစတနာနဲ႔မတန္ဘူးဆိုတာ အဲ့ဒါပဲ"

ေျပာၿပီး ေက်ာ္ေဇက တစ္ဘက္ခံုေျပာင္းထိုင္သည္။

"မင္းကလည္းကြာ၊ စိတ္ခ်ည္းပဲ။ ငါေျပာတာ နားေထာင္ဦးမွေပါ့"

"ေျပာ"

စိတ္မဝင္စားတဲ့ပံုစံနဲ႔ စကားေထာက္သည္။

"ငါ့ကိုတိုက္တာ မဟုတ္ဘူးေလ။ ငါကတိုက္တာ"

"ဟင္ .... ခုနက ငါနားၾကားမမွားဘူးေပါ့"

"ေအးေလ ... ဖုန္းထဲမွာ အဲဒီလိုေျပာတာပဲေလ"

"ေနပါဦး။ မင္းက ဘတ္သီးကၽြမ္းသြားလို႔လား?"

"ငါေျပာေနတုန္း ျဖတ္ေမးေနတာနဲ႔ လိုရင္းမေရာက္ေတာ့ဘူး။ လမ္းက်ဥ္းထဲမွာမို႔ လူေရွာင္ရင္း ဝင္တိုက္မိတာကြာ"

"ေသမွေအးမွာ"

"ေသေလာက္တယ္"

သူတို႔ေျပာေနတုန္း အိမ္ေရွ႕မွ အသံၾကားရသည္။ ဝင္လာသည္က

"ေကာင္းကင္ေရ ... ေကာင္းကင္"

"ထြဋ္ေခါင္! စြတ္ေအာ္မေနနဲ႔။ ငါတို႔ဒီမွာ"

"ဟာ! မင္း ဘာျဖစ္သြားလဲ?"

လာျပန္ပါၿပီ တစ္ေကာင္။ တစ္ကိုယ္လံုးကို စမ္းသပ္စစ္ေဆးဖို႔ ႀကိဳးစားေနသည္။

"ေတာ္ၿပီကြာ! ဟိုဘက္သြားထိုင္"

"ဟမ္!"

ထြဋ္ေခါင္က ေက်ာ္ေဇ့ဘက္ၾကည့္လိုက္ေတာ့ ေက်ာ္ေဇက

"လာခဲ့! မင္းမယားက ဘာမွျဖစ္ပံုမေပၚဘူး။ သိပ္စိတ္မပူနဲ႔။ ရပ္ထားတဲ့ကားကို သူက စက္ဘီးနဲ႔ ဝင္တိုက္တာတဲ့"

"အဲလိုလား?"

ထြဋ္ေခါင္က မယံုတစ္ဝက္ စိုးရိမ္တစ္ဝက္ႏွင့္ ခံုေျပာင္းထိုင္သည္။

"ဤကဲ့သို႔ ..... ဤကဲ့သို႔ေပါ့ကြာ။ ခုပဲ ျဖစ္ေၾကာင္းကုန္စင္ရွင္းမလို႔။ မင္းေရာက္လာတာ အေတာ္ပဲ။ ဒါနဲ႔ ကားသံမၾကားပါလား?"

"တကၠစီနဲ႔လာတာ။ ကားမအားလို႔"

"ငါ့ကို အရမ္းစိတ္ပူသြားတာလား?"

"ေဟ့ေကာင္! ေပါက္ကရေျပာဖို႔ မစဥ္းစားနဲ႔။ မင္းဘာျဖစ္လာလဲပဲေျပာ"

"ဒါကဒီလို ..... ငါဝင္တိုက္တဲ့ ကားနံပါတ္က **/****"

သူေျပာေတာ့ ေက်ာ္ေဇက လိုက္ရြတ္သည္။

"ငါသိသလိုပဲ။ ဘယ္သူ႔ကားပါလိမ့္? ငါတို႔ ေဘာ္ဒါေတြထဲကလား?"

သူက တစ္ခ်က္ျပံဳးလိုက္သည္။ ထြဋ္ေခါင္က သူ႔ကိုတစ္လွည့္ ေက်ာ္ေဇ့ကိုတစ္လွည့္ၾကည့္ရင္း မ်က္ေမွာင္က်ံဳ႕ေနသည္။ ထိုအခ်ိန္ ေက်ာ္ေဇက

"အဲ့ဒါေလ ... အဲဒါ ... ကိုလင္းေရာင္ကား!"

"ဟင္!"

ဒီတစ္ခါ မ်က္ေမွာင္က်ံဳ႕မိတာက သူပါ။

"မြန္းမဟုတ္ဘူးလား?"

"မဟုတ္ဘူး။ အဲ့ဒါ ကိုလင္းေရာင္"

"မြန္းတစ္ေယာက္တည္း ေမာင္းလာတာ"

"ထူးဆန္းလားကြာ"

"ဟိုေလ ... မြန္းက မိုးေရစိုလာလို႔ ကားေပၚမွာ အဝတ္အစားအပို အျမဲေဆာင္ထားတယ္ဆိုၿပီး ႀကီးေမအခန္းထဲ ဝင္လဲသြားတာ"

"အဲဒီေတာ့ ......?"

"မြန္းက ကိုလင္းေရာင္ကားထဲမွာ သူ႔အဝတ္အစားေတြ အျမဲေဆာင္ထားတာလား?"

တစ္ခ်ိန္လံုးနားေထာင္ေနသည့္ ထြဋ္ေခါင္ မေနႏိုင္ေတာ့။

"ဟိတ္ေကာင္! ရွာၾကံၿပီး သဝန္တိုမေနနဲ႔။ ဟိုက အျပင္ထြက္တိုင္း သူ႔ဘာသာေဆာင္ထားတတ္တာ ေနမွာေပါ့"

ေက်ာ္ေဇကပါ

"ေအးေလကြာ။ ဘာေတြေတြးေနတာလဲ?"

"အင္းပါ။ ငါအေတြးလြန္သြားတာ"

"ဘာျဖစ္လဲ ဆက္ေျပာ"

"ဘာျဖစ္တာလဲဆိုေတာ့ ......................."

"ေအး......... ဒါဆို ေက်ာ္ေဇနဲ႔ မလင္းအေၾကာင္း မသိသြားဘူးေပါ့"

ထြဋ္ေခါင္က ေမးခြန္းစထုတ္တာျဖစ္သည္။

"ေအးေလ။ အဲ့ဒီေလာက္အထိ အမ်ားႀကီးေျပာဖို႔ အခ်ိန္မွမရတာ"

ေက်ာ္ေဇကလည္း

"သူ႔ဖုန္းနံပါတ္နဲ႔ နာမည္ကို မင္းက ခပ္တည္တည္နဲ႔ ယူထားလိုက္တာေပါ့"

"အင္း ... ေနာက္မွ မလင္းလက္ကေနတစ္ဆင့္ မိတ္ဆက္လည္း ျဖစ္တာပဲ။ စေတြ႕ေတြ႕ခ်င္း စကားေၾကာရွည္ေနလို႔မေကာင္းဘူးေလ"

"အင္း၊ ဟုတ္ပါတယ္ေလ"

ႏွစ္ေယာက္သား ေထာက္ခံမဲေပးၿပီး ၿငိမ္သြားသည္။ သူက

"ကဲ! ဒါဆို ငါ့ကို ေဆးခန္းလိုက္ပို႔ေတာ့"

"ဘာမွ မျဖစ္ဘူးဆို?"

"ေျခေခါက္တယ္ေလ"

"ဒါဆိုလည္း ထြဋ္ေခါင္ေရ ..... မင္းခ်စ္ခ်စ္ကို ေဆးခန္းပို႔ေပးလိုက္ေတာ့။ ငါ ဆိုင္မွာအလုပ္ရွိတယ္"

"ဟမ္! ဘာ ငါ့ခ်စ္ခ်စ္လဲ? ငါ့မွာ ကားလည္းမပါဘူး။ မင္းပို႔လိုက္"

"ဒါဆို သူ႔ဘာသာသြားပါေစ။ လာ ... ငါ မင္းကို အိမ္ျပန္ပို႔ေပးမယ္"

"Ok! That's great! "

"ဟာ ... ေဟ့ေကာင္ေတြ၊ အဲဒီလိုမဟုတ္ဘူးေလ။ ငါ့ကို ေဆးခန္းပို႔ေပးဦးေလ"

ထထြက္သြားတဲ့ ႏွစ္ေယာက္သားက ေနာက္ျပန္လွည့္ၾကည့္ရင္း သူတို႔အခ်င္းခ်င္း

"မမြန္းကို သူဘာေျပာလိုက္တာတဲ့?"

"သူ႔ဘာသာေဆးခန္းသြားမယ္ ဆိုလားကြာ"

"ဒါက အိမ္လိုက္ပို႔ေစခ်င္လို႔၊ အိမ္ကိုေခၚခ်င္လို႔ ကလိမ္ကက်စ္က်တာေပါ့?"

"ေအးေပါ့ကြ!"

သူ႔ကိုေရွ႕ထားၿပီး သူ႔အေၾကာင္းေျပာေနလိုက္ၾကတာမ်ား မိန္းမႀကီးေတြက်ေနတာပဲ။

"ဟာကြာ .... ေခြးေကာင္ေတြ"

သူေအာ္လိုက္ရင္း စားပြဲေပၚတင္ထားတဲ့ ဂ်ာနယ္ကိုလိပ္ၿပီး သူတို႔ဆီ ပစ္ေပါက္လိုက္သည္။

"ဟား ဟား ဟား"

သူတို႔လွမ္းဖမ္းရင္း ပြဲက်ကုန္သည္။

¤

ဒီလိုနဲ႔ သူနဲ႔သူမ ရင္းႏွီးဖို႔အေၾကာင္းက အစေပၚလာသည္။ လင္းလက္ကိုေတာ့ ရင္ထိုးေကာက္ရတဲ့ စေတြ႕တဲ့အႀကိမ္ကို မေျပာပါနဲ႔ဦးလို႔ တားထားရမည္။ သူမနဲ႔ရင္းႏွီးဖို႔ အေၾကာင္းဖန္လာေတာ့လည္း အရင္ကထက္ပိုၿပီး ၿငိတြယ္လာမွာ၊ ဆြဲထုတ္ရခက္လာမွာကို သူစိုးရိမ္မိျပန္သည္။ ကိုလင္းေရာင္နဲ႔ကိစၥကိုလည္း သူေတြးတိုင္း ရင္ထဲက စူးေအာင့္လာသည္။
ခုညလည္း သူမကို သူဖုန္းမေခၚခဲ့ပါဘူး။ ေခၚခ်င္ေပမဲ့ သူမနဲ႔ဖုန္းေျပာရတာကို စြဲလမ္းသြားမွာ ေၾကာက္မိသည္ေလ။ ေနာက္ေန႔မွ ဆက္မည္ဟုသာ သူ႔ကိုယ္သူ ႏွစ္သိမ့္ထားလိုက္သည္။

ဆိုင္သူရွိၿပီးသား မိန္းကေလးတစ္ေယာက္ကို သူ႔အေနနဲ႔ ရိုး႐ိုးသားသား အသိမိတ္ေဆြအေနနဲ႔မဟုတ္ဘဲ ဆန္းဆန္းျပားျပားခံစားခ်က္ရွိေနတာ သူ မလုပ္သင့္ဘူးလို႔ အသိစိတ္က ေတြးမိေပမဲ့ သူမကိုစိတ္ဝင္စားမိခ်ိန္က သူမမွာ ဆိုင္သူရွိၿပီးသားရယ္လို႔ ေသခ်ာသိခဲ့တာမဟုတ္ဘူးလို႔ မသိစိတ္က ေျမႇာက္ထိုးပင့္ေကာ္လုပ္ေနျပန္သည္။ သူ႔စိတ္ေတြ ႐ႈပ္ေထြးလာသည္ႏွင့္အမၽွ ရင္ထဲစူးလာကာ ေခါင္းေတြေနာက္လာသည္။ ဘာမွမေတြးဘဲ အိပ္ပစ္လိုက္ဖို႔သာ သူႀကိဳးစားမိသည္။

ဒါေပမယ့္ ............
သူမအရိပ္ေတြကေန သူ မလြတ္ေျမာက္ခဲ့ပါ။ သူမက သူ႔ကိုေက်ာခိုင္းၿပီး ထြက္သြားေတာ့ ႏွင္းဆီဆူးေတြစူးၿပီး သူက်န္ခဲ့ရျပန္သည္။ ရင္ဘတ္ေတြ စူးေအာင့္ၿပီး အိပ္မက္က ထြက္ေျပးလာရျပန္ပါသည္။ ေနာက္တစ္ႀကိမ္ျပန္အိပ္ဖို႔ သူေၾကာက္မိၿပီ။
အိပ္မက္ထဲျပန္ေရာက္မွာ ေၾကာက္မိသလို သူမနဲ႔ရင္းႏွီးရမွာလည္း မဝံ့ရဲ၊ ထပ္မဆံုမွာလည္း စိုးရိမ္မိသည္မို႔ .........
ေနာက္ဆံုးေတာ့ သူဆံုးျဖတ္လိုက္တဲ့အခ်စ္က ရယူျခင္းမဟုတ္။ သူမေဘးမွာ သူငယ္ခ်င္းတစ္ေယာက္လိုရပ္ၿပီး သူမရဲ႕သက္ဆိုင္သူကို ရင္ဆိုင္ႏႈတ္ဆက္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ရန္အတြက္ နာက်င္မႈေတြကို ခံႏိုင္ရည္ရွိေအာင္ သူ အိပ္မက္ေတြထဲ ခုန္ဆင္းရဲရမည္ေလ။

ဒီအိပ္မက္ဆိုတာက အိပ္လိုက္တိုင္းမက္ေနမွာလည္း မဟုတ္ဘူးလို႔ သူ႔ကိုယ္သူ အားေပးရင္း ျပန္အိပ္ပစ္လိုက္ရသည္။ သည္လိုမွမဟုတ္ရင္ အိပ္မေပ်ာ္တဲ့ညေတြခ်ည္း ျဖစ္ကုန္လိမ့္မည္။ ညဆိုတာလည္း ေကာင္းကင္မွာ လမင္းရွိမွ သာယာသည့္အမ်ဳိးေပကိုး။ ခုေတာ့ ျပတင္းတံခါးမွ အခန္းထဲျဖာက်ေနေသာ လေရာင္ေအာက္မွာ သူအိပ္ေမာက်ႏိုင္ခဲ့ၿပီ။ သည္လို အိပ္မက္ဆိုးမဲ့ အိပ္စက္ဖို႔ဆိုတာ တန္ဖိုးရွိတဲ့ညတစ္ညပဲ ေနေကာင္းကင္ေရ။ မင္း အိပ္ႏိုင္တုန္း အိပ္ထားဦးေပါ့!
ညကေတာ့ စႏၵာက အစြမ္းကုန္လွပစြာ တင့္တယ္ေနေလရဲ႕။

¤

ဒီညမွ လကအရမ္းသာေနတာကို သူမ မေက်မနပ္ျဖစ္မိသည္။ တစ္ေရးႏိုးလာတဲ့သူမ လမင္းႀကီး ဝင္းထိန္ေနတာကို တံခါးေပါက္ကျမင္ေတာ့ ဘာလို႔မ်ား မဆီမဆိုင္ ေဒါသထြက္မိပါလိမ့္? ဟိုေကာင္ေလးကိစၥကို ညဦးပိုင္းေတာ့ သိပ္မစဥ္းစားမိေပမဲ့ အိပ္ခါနီးေတာ့ သူဒီည ဖုန္းမဆက္ပါလားလို႔ ေတြးမိသည္။

"အို! မဆက္လည္းေနေပါ့။ ငါက ဝင္တိုက္တာလည္းမဟုတ္၊ သူ႔ကို အိမ္တိုင္ရာေရာက္ ပို႔ေပးခဲ့တာ ငါ့ကိုေတာင္ သူကေက်းဇူးတင္ရမွာ။ ငါကဘာလို႔ စိတ္ပူရမွာလဲ? မဟုတ္ပါဘူး။ စိတ္ပူတာမဟုတ္ဘူး။ တာဝန္မကင္းသလိုမို႔ ေတြးမိတာပါ" လို႔ ေတြးၿပီး သူမအိပ္ပစ္ခဲ့သည္။
အခု တစ္ေရးႏိုးေတာ့ ဒါကိုေတြးမိျပန္ၿပီ။
ဪ ... ငါလည္းေလ၊ အသက္ေလးမွ အရမ္းမႀကီးေသးဘူး။ စိုးရိမ္တတ္တာလြန္ေရာလို႔ ေတြးၿပီး ျပန္အိပ္လိုက္ရသည္။

¤
အပိုင္း (၅) ဆက္ရန္
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆွဲထားသောပုံကိုကြည့်ပြီး သူ့ကိုယ်သူ အမွှန်းတင်လိုက်သည်ကြောင့် ကျန်နှစ်ယောက်က မကြားချင်ယောင်ဆောင်၊ ပုံကို သူ့ရှေ့တွန်းပေးလိုက်ပြီး ပါးစပ်တွေပိတ်ကုန်ကြသည်။

"အဲဒါ ဘာဖြစ်သွားကြတာလဲ?"

"နားမဒိမ်းကျင့်ခံရလို့ ပင်းကုန်ကြတာလေ"

"အဟက်!"

သူရယ်လိုက်ပေမဲ့ သူတို့ကတော့ မသိချင်ယောင်ဆောင်နေသည်မို့ သူက ပုံလေးကို အိတ်ထဲပြန်ထည့်ထားလိုက်သည်။

¤

ဒီကြားထဲ သူနဲ့မွန်းအတွက် ဘာမှထူးခြားမှုမရှိပေမဲ့ ကျော်ဇေတို့စုံတွဲက သူတို့ကို စောင့်ကြည့်နေကြသည်။ သူတို့ဇာတ်လမ်းကို ကျော်ဇေတို့က ပို၍ စိတ်ဝင်စားပုံရသည်။

တစ်ရက်တော့ အတန်းစောစောပြီး၍ သူတစ်ယောက်တည်း အိမ်ပြန်လာခဲ့ပြီး အိမ်ရောက်တော့ ဟိုသည်တွေးရင်း အကြံတစ်ခုရသည်။ ထို့ကြောင့် သူဆွဲထားသော ရင်ထိုးပုံလေးကိုယူ၍ သူထွက်လာခဲ့သည့်ဦးတည်ရာက သူသိထားသော ငွေထည်ပစ္စည်းဆိုင်သို့။ သူက ပုံစံနှင့်အရွယ်အစားကို ပြောပြပြီး အပ်ခဲ့လိုက်သည်။ ဆိုင်ကတောင်ပြောလိုက်သေးသည်။ ဆွဲထားတာ အသက်ဝင်လွန်း၍ ပုံစံကို အတိအကျမြင်နိုင်သည်တဲ့။ သူ့ကိုယ်သူတောင် အထင်ကြီးမိသလိုလို။

¤

သည်လိုနှင့် နေ့ရက်တွေ ပုံမှန်လည်ပတ်ရင်း သူနှင့်မွန်းလည်း ထပ်မဆုံဖြစ်ကြတော့။ မွန်းကလည်း လင်းရောင်နှင့်သာ အရင်လို တွဲသွားတွဲလာရှိနေခဲ့သည်။

တစ်ရက်တော့ သူတို့ဆုံဖို့ဖြစ်လာသည်။
ထိုနေ့က အချိန်အခါမဟုတ် မိုးရွာသည်။ နွေဦးအစတွင်ရွာသည့်မိုးကြောင့် စက်ဘီးတစ်စီးနှင့်ထွက်လာသော သူ့တစ်ကိုယ်လုံး စိုရွှဲကုန်သည်။ လမ်းကြားလေးထဲတွင် အမှိုက်ကောက်နေသော ကောင်လေးက သူ့အမှိုက်အိတ်ကို ခေါင်းပေါ်မှ နောက်ကျောသို့တွဲလောင်းချထားရင်း သွားနေသည်ကို သူလှမ်းမြင်နေရသည်။ ကောင်လေးက သူ့ရှေ့ခပ်လှမ်းလှမ်းတွင်ဖြစ်ပြီး မျက်နှာချင်းဆိုင်မှ ကားတစ်စီးက လမ်းကျဉ်းတွင် ဖြည်းဖြည်းချင်း လှိမ့်လာနေသည်။ ကား၏အရှိန်၊ အကွာအဝေး၊ သူနှင့်ကောင်လေးကြား အကွာအဝေးအရ သူက ကောင်လေးကို ကျော်တက်လိုက်ပြီးမှ ကားက သူ့ဘေးမှ ဖြတ်သွားမည်။ ကားမောင်းလာသူကလည်း ထိုအတိုင်းတွေး၍ တစ်ဖက်ကပ်ကာ ဖြည်းဖြည်းချင်း မောင်းလာပုံရသည်။

သူက ကောင်လေးကိုကျော်တက်ရန် ဘဲလ်အတီး၊ ကောင်လေးက သူ့ကျောဘက်မှအိတ်ကို လွှဲပြီး ရှေ့ကိုအယူတွင် အိတ်က စက်ဘီးနှင့်ငြိသည်။ ကလေးက လန့်ပြီး အိတ်ကိုလွှတ်ကာ လမ်းဘေးအတင်းဆင်းသော်လည်း အိတ်ထဲကပစ္စည်းတွေ ပြန့်ကြဲကုန်၍ သူ့စက်ဘီးဟန်ချက်ပျက်သွားသည်။ ကားဘရိတ်ဆွဲသံ၊ စက်ဘီးနှင့်ကား ငြိသံ၊ ပစ္စည်းတွေကြား သူလဲကျသံတို့ တစ်ဆက်တည်းထွက်လာသည်။ တစ်ဘက်မှ ကား၊ သူ၏စက်ဘီး နှင့် ကောင်လေး၏ပစ္စည်းများကြား မြေဇာပင်က သူ။ လဲကျသွားသောသူ့ပေါ် စက်ဘီးပိမကျမီ လက်နှင့်တွန်းထားလိုက်သည်။ ကားတံခါးဖွင့်ပြီး လူဆင်းလာသံကြားသော်လည်း သူက စက်ဘီးကို ဘေးဘက်ရွှေ့ဖို့ ကြိုးစားနေသည်မို့ မကြည့်အား။

"ရှင် အဆင်ပြေရဲ့လား?"

"ရပါတယ်"

မိန်းကလေးအသံကို တုန့်ပြန်လိုက်ချိန် ထိုမိန်းကလေးက စက်ဘီးကိုကူရွှေ့ပေးသည်။

"ရတယ်။ ကျွန်တော် ဘာမှမဖြစ်ဘူး။ ဟိုကလေးရော?"

မိန်းကလေးက စက်ဘီးဖယ်ပေးပြီး သူဘာမှမဖြစ်ဘူးဆို၍ ကလေးဆီဦးတည်လိုက်သည်။ သူလှမ်းကြည့်တော့ ကလေးက လမ်းဘေးမှာ၊ သူ့အဖြစ်ကို ကြောင်ငေးကြည့်နေသည်။ မိန်းကလေးက

"သား ဘာဖြစ်သွားသေးလဲ?"

"ဗျာ! ဘာ ... ဘာမှမဖြစ်ဘူး အန်တီ။ ဟို ... သားပစ္စည်းတွေ ..."

"ဪ ..... လာ! အန်တီပါ ကောက်ပေးမယ်"

ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကလေးက အန်တီခေါ်၍ အသက်မငယ်လောက်ဟု သူတွေးရင်း အားယူထလိုက်သည်။ ဒူးခေါင်းက မျက်ခနဲ။ သူပြန်ထိုင်လိုက်သည်။ ပစ္စည်းကောက်နေတဲ့နှစ်ယောက်ကို လှမ်းကြည့်မိတော့ ဘေးစောင်းအနေအထားနဲ့ မြင်နေရတာ သူမ ...
မွန်း! သူတို့တိုက်ဆိုင်မှုကို သူအံ့ဩသွားသည်။ လူသွားလူလာအလွန်နည်းသော လမ်းကျဉ်းလေးမှာ သူတို့လာဆုံပြန်ပြီ။ သူမလည်း သူ့လို လူရှင်းသည်ဟုတွက်ပြီး သည်လမ်းကို အေးအေးဆေးဆေး မောင်းဝင်လာပုံရသည်မို့ သူပြုံးမိသည်။

"ဘာတွေပြုံးနေတာလဲ? မထသေးဘူးလား?"

"ဟင်"

သူအတွေးရပ်သွားမှ ကြည့်မိသည်။ ကလေးက သူ့အိတ်လေးကို သေချာပိတ်ပြီးကိုင်မ,နေသည်။ သူမက သူ့ကိုကြည့်ပြီး မေးတာဖြစ်သည်။

"သား သွားတော့မယ် အန်တီ"

"အေး....သား! နောက်ဆိုသတိထားနော်"

ကလေးက ခေါင်းညိတ်ပြီး သူ့နားကဖြတ်သွားရင်း

"ဦးက ခြေထောက်နာသွားတာထင်တယ်။ မထနိုင်ဘူးလား? သားကူပေးမယ်လေ" တဲ့။

ပြောပြီးသူ့နားလာသည်။ ထိုအခါမှ မွန်းလည်း သူ့အနားရောက်လာပြီး ဆွဲထူသည်။ ကလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်က ဆွဲထူသည်မို့ သူအားတင်းကာ မဖြစ်မနေထရပ်လိုက်သည်။ မတ်တပ်ရပ်တော့ နာနေတဲ့ဘက်ကို အသာဖော့ရပ်ရသည်မို့ ဆွဲထူတဲ့ မွန်းကို အနည်းငယ်အားပြုလိုက်ရသည်။

"ရပြီ ကလေး။ သတိထားသွား"

"ဟုတ်!"

ကလေးထွက်သွားတော့ သူမက

"ဒူးခေါင်းထိသွားတာပေါ့! ဒါဆို တို့ကားပေါ်တက် ဆေးခန်းသွားလိုက်မယ်"

"ဟို ... "

"မင်းက ဒီပုံစံနဲ့ ဒီစက်ဘီးနဲ့ ဘယ်ကိုဆက်သွားမလို့လဲ?"

သူမပြောတာလည်း ဟုတ်သည်မို့ သူခေါင်းညိတ်လိုက်သည်။

"လာ၊ အရင် ကားပေါ်တက်!"

"ဟို ... စက်ဘီးက အစ်မ ......"

"အမလေး .... ဒီစက်ဘီးလောက်တော့ တို့ နိုင်ပါတယ်။ နောက်ခန်းထဲ ထည့်နိုင်ပါတယ်"

မိုးက အခုတော့လည်း သူမဟုတ်သလို။ သူမနှင့် သူ့မှာသာ မိုးရေတွေစိုလို့။ သူကားထဲရောက်တော့ သူမက တွန်းလို့ရသေးတဲ့စက်ဘီးကို တွန်းသွားပြီး နောက်ခန်းထဲထည့်လိုက်သည်။ ကားထဲဝင်လာတဲ့ သူမမျက်နှာမှာ ချွေးစို့နေတာလား? မိုးရေစက်တွေလား?

"ကဲ! တို့သိတဲ့ဆေးခန်းကိုပဲ မောင်းလိုက်မယ်နော်"

သူမ ကားမောင်းထွက်လိုက်သည်။

"မဟုတ်ဘူးအစ်မ။ ကျွန်တော့်ကို အိမ်ကိုပဲ ပို့ပေးပါလား? ရေတွေလည်းစိုနေလို့လေ"

"ရတယ်လေ။ ခု လမ်းမကြီးပေါ်ပြန်တက်ပြီး ညာကွေ့ရမှာမဟုတ်လား? ပြီးမှ ပြန်ထွက်မှာလား?"

"ဟုတ်! ရတယ်အစ်မ။ ဆေးခန်းက ကျွန်တော့်ဘာသာ သွားလိုက်မယ်။ အစ်မလည်း ရေတွေစိုနေတော့ အားနာလို့"

"တို့ကရတယ်။ အင်္ကျီအပိုတွေ ကားထဲအမြဲပါတယ်"

"ဒါဆို ကျွန်တော့်အိမ်ကျ လဲလိုက်လေ။ ကျွန်တော့်အိမ်မှာက ခုချိန်ဆို ဘွားကမရှိပေမဲ့ အိမ်တော်ထိန်း လင်မယားရှိတော့ အဲဒီကြီးကြီးအခန်းထဲဖြစ်ဖြစ် ဝင်လဲလိုက်လေ"

သူမ သူ့ကို တစ်ချက်လှည့်ကြည့်လာသည်။

"အစ်မက ကျွန်တော့်ကို မယုံဘူးလား?"

"ဟာဟ! တစ်စက်ကလေးမှ မယုံကြည်ရပုံဆို ကားပေါ် ခေါ်တင်လာစရာလားကွ!"

"ဟီး ... ဒါလည်းဟုတ်တာပဲ။ ဒါပေမယ့် အစ်မနဲ့ကျွန်တော်မှ မသိတာ။ ဘာလို့ခေါ်တင်လာတာလဲ?"

"အင်း ..... တစ်ခါ ကွန်ဒိုဝန်းထဲမှာ တိုက်မိတာ မင်းမဟုတ်လား?"

"ဗျာ! မှတ်မိတာလား?"

သူ့အသံမှာ အပျော်တွေ ဘယ်လောက်ပါသွားလဲ မသိတာမို့ ချက်ချင်း ပြန်ထိန်းလိုက်ရသည်။

"မှတ်မိတယ်လေ။ ပြီးတော့ ခုနက ကလေးကို တိုက်မိမှာစိုးလို့ မင်းရှောင်တာ၊ ကျွန်တော်ကရတယ် ဟိုကလေးဆိုပြီး ကလေးကို စိုးရိမ်တာ၊ ထရပ်တော့ တို့ကို အားပြုထားတာမို့ တကယ်နာသွားတာလို့ ထင်လို့။ မင်းက လူဆိုးတစ်ယောက်မဟုတ်ဘူး ထင်လို့လေ။ အရမ်းကို ဟန်ဆောင်ကောင်းတဲ့ professional လူလိမ်တစ်ယောက်ဖြစ်နေရင်တော့ တို့လည်းမသိတော့ဘူး။ မဟုတ်ဘူးမလား?"

"ဗျာ!"

"ဪ ..... လူလိမ်မဟုတ်ဘူးမလားလို့"

"ဟာ ... သူခိုးက ခိုးတယ်ဘယ်ပြောမလဲ?"

"ဒါဆို ... ဒါလေးကြိုက်လား?"

သူမက ဘေးဘက်လက်ရောက်သွားပြီး တစ်ခဏအတွင်း သူမလက်ထဲ မောင်းချဓားလေးပါလာသည်။

"ဟာ ... အစ်မကလည်း ... ကျွန်တော်က နောက်တာပါ"

"တို့လည်း နောက်တာပါ။ ဓားကိုမဖွင့်ဘူးလေ"

သူထပ်ပြုံးမိသည်။ သူမက မသိစိတ်ထဲကနေ သူ့ကို လူကောင်းတစ်ယောက်လို့ သိနေသည်ဆိုပဲ။ ပြီးတော့ သူ့ကိုမှတ်မိနေလို့။ ဒါကြောင့် အိမ်ပို့ပေးပါဆိုတော့ ဘယ်နေရာလဲ မမေးဘဲ လမ်းမကြီးညာဘက်လို့ ပြောတာကိုး။

"ဟေ့! တို့က မှတ်မိနေလို့ ထူးဆန်းနေတာလား? အဲ့လောက်တော့ တို့မှတ်ဉာဏ်က မပျက်စီးသေးပါဘူးကွ!"

"ဟုတ်ကဲ့ပါဗျာ"

ထူးဆန်းတာမဟုတ်ဘူး မွန်းရေ ... ပျော်တာ။ ပြီးတော့ မွန်းက သိပ်ပြီး ဉာဏ်အကောင်းကြီး မဟုတ်ဘူးနော်။ ကျွန်တော်တို့ ပထမဆုံး ဆုံခဲ့တာကိုတော့ မွန်းမမှတ်မိတော့ဘူးလေ။

ကွန်ဒိုထဲရောက်တော့ သူက အိမ်ကို လမ်းညွှန်လိုက်သည်။

"ဪ ... လုံးချင်းတွေရှိတဲ့ဘက်ပဲ"

"ဟုတ်"

ခြံထဲဝင်လာတော့ ဘညိုက တံခါးဖွင့်ပေးလို့

"ဘညိုရေ၊ နော့်ကို လာတွဲပါဦး။ ဒူးခေါင်းနာလာလို့"

"ဟေ ... လာပြီကွဲ့။ ဘာဖြစ်တာတုန်း လူလေး"

"နောက်မှရှင်းပြမယ်ဗျ။ မရိုမသေ အခန်းထဲက အဝတ်အစားတစ်စုံ ယူပေးပါလား? အပေါ်မတက်တော့ဘူး။ အောက်မှာပဲ လဲလိုက်တော့မယ်"

"အေးပါကွယ်"

"လာ ... အစ်မ၊ ဝင်လာလေ"

"အင်း"

သူမက အဝတ်ထုပ်လေးကိုင်ပြီး လိုက်ဝင်လာသည်။ အိမ်ထဲရောက်တော့

"ကြီးမေရေ ..... လာပါဦးဗျို့။ ဒီမှာ ခြေထောက်နာလို့!"

ကြီးမေက အပြင်ပြေးထွက်လာပြီး

"ဟယ်... ဘာဖြစ်လာတာတုန်း? မိုးတွေလည်းစိုလို့"

"နောက်မှပြောမယ်။ ဒီမှာ နော့်သူငယ်ချင်း အဝတ်ရေစိုလဲဖို့ ကြီးမေအခန်းထဲ ခေါ်သွားပေးပါဦး။ ပြီးရင် မီးဖိုထဲလာခဲ့နော်"

ကြီးမေရဲ့ သူမကိုစူးစမ်းသလိုအကြည့်တွေက သူ့သူငယ်ချင်းဆိုတဲ့ စကားတစ်ခွန်းကြောင့် ချက်ချင်းပြောင်းသွားပြီး

"ဪ ... လာ ... သမီး"

သူက ရေချိုးခန်းထဲ အဝတ်လဲပြီး ထမင်းစားပွဲမှာထိုင်လိုက်သည်။ ကြီးမေက

"ဘာဖြစ်လာကြတာလဲ?"

"ကော်ဖီဖျော်တာလား ကြီးမေ?"

"အေးလေ သားတို့သောက်ရအောင်"

သူခေါင်းညိတ်လိုက်ပြီး

"ကလေးတစ်ယောက်ကိုရှောင်ရင်း စက်ဘီးမှောက်ပြီး ဒူးနာသွားလို့ သူငယ်ချင်းက ကားနဲ့လိုက်ပို့တာ။ လမ်းမှာလည်း မိုးမိလာတာလေ။ အဲဒါနဲ့ ဆေးခန်းမသွားဘဲ အိမ်ကိုတန်းပြန်လာတာ"

သူပြောပြီးတော့ သူမက ပဝါလေးတစ်ထည်ကိုင်ရင်း ထမင်းစားပွဲဆီရောက်လာသည်။

"လာအစ်မ ... ထိုင်ဦး!"

သူက ပြောသာပြောသည်။ ဆံပင်တွေကို ပဝါလေးနဲ့သုတ်နေတဲ့ သူမရဲ့ ရေခြောက်ခါစ အလှကို ငေးကြည့်နေမိတာ။ မွန်း သူ့ရှေ့ဝင်ထိုင်မှ ကြီးမေဘက် အာရုံပြောင်းရင်း

"ရပြီလား ကြီးမေ။ ပေါင်မုန့်မီးကင် တူးဦးမယ်"

"အမလေး ... ကျုပ်သိပါတယ် ဆရာရယ်"

ကော်ဖီခွက် လာချပေးရင်း ကြီးမေကရွဲ့သည်။
သူကရယ်ရင်း

"အစ်မ! သောက်လိုက်ဦး၊ နွေးသွားအောင်"

"အင်း Thanks!"

သူမ ပဝါလေး ပခုံးပေါ်တင်ကာ ကော်ဖီတစ်ငုံသောက်ရင်း ပြုံးလိုက်သည်။

"ကော်ဖီက ရယ်ရလား?"

"ဟယ် ... ကျုပ်ကော်ဖီက ဘာလို့ရယ်ရမှာလဲ။ ပေါက်ကရ!"

ပေါင်မုန့်မီးကင်ထောပတ်သုတ် လာချပေးရင်း ကြီးမေက ပြောတော့ သူတို့ရယ်မိကြပြန်သည်။

"ကြီးမေကော်ဖီကို ပြောပါဘူး။ သူ့ကိုနောက်တာပါ"

"မသိဘူးလေ။ စားကြဦး။ အဝတ်လှမ်းလိုက်ဦးမယ်။ လိုချင်တာရှိရင် ခေါ်လိုက်နော်"

"ဟုတ်"

ပြောပြီး ကြီးမေ ထွက်သွားတော့ သူက ဆက်မေးသည်။

"ခုနက ဘာပြုံးတာလဲ?"

"ဪ ... ခြေထောက်နာတာ ပါးစပ်နဲ့ဝေးတယ်လို့ တွေးမိလို့"

"ကျွန်တော်က စကားများတယ်ပေါ့?"

"မင်းဘာသာဝန်ခံတာနော်"

"ကော်ဖီဖိုး ပြန်ဆပ်တာ အဲ့လိုကြီးလားဗျာ"

"အဟင်း ..... နောက်တာပါ။ တစ်အိမ်လုံး ဘယ်သူမှမနေရအောင် ဝင်လာကတည်းက အော်လာတာလေ မင်းက"

"အကျင့်ပါနေတာ"

"အဟင်း"

ခဏကြာတော့ ......

"ကဲ! မင်း ဆေးခန်းပြန်မသွားတော့ဘူးပေါ့!"

"ညနေမှ ကျွန်တော့်ဘာသာသွားမယ်"

"အိုခေ၊ ဒါဆို တို့သွားတော့မယ်"

"ပြန်တော့မှာလား? ကားနားထိ လိုက်ပို့မယ်လေ"

"အမလေး .... ကိုယ်တော်ရယ်! ခြေထောက်နာတာ တကယ်ရောဟုတ်ရဲ့လား?"

"ဟာဗျာ ... အိမ်ရှင်ဝတ္တရားလေ"

"နေပါတော့!"

ပြောပြီး မွန်းက ပဝါလေးကို ထိုင်ခုံနောက်မှီမှာတင်ရင်း လှည့်ထွက်မလို့လုပ်ပြီးမှ

"ဪ ... ဟို ... မင်းအခြေအနေလေး အကြောင်းကြားဦးနော်"

ပြောပြီး စားပွဲပေါ်က သူ့ဖုန်းကို သူမက တစ်ချက်လှမ်းကြည့်သည်။ သူက ဖုန်းကို လှမ်းပေးလိုက်တော့

"တို့ဖုန်းက ကားပေါ်မှာကျန်ခဲ့ပြီ။ ဒီကနေ missed call ခေါ်လိုက်မယ်"

"ဟုတ်"

သူမက သူ့ကိုဖုန်းပြန်ပေးလို့ သူက ဖုန်းကိုတစ်ချက်ကြည့်ပြီး သူမနာမည်နဲ့ ဖုန်းနံပါတ်ကို တွေ့လိုက်တော့

"ကျွန်တော့်နာမည် နေကောင်းကင်ပါ"

"ဟင်?"

"အစ်မ ဖုန်းထဲမှာ နာမည်မှတ်ရအောင်လေ"

"ဪ ... အေးပါ"

တကယ်က ကောင်းကင်ဆိုတဲ့နာမည်ကို သူမစိတ်ထဲ ဘာရယ်မသိ အံ့ဩသွားမိတာ။

"ကြီးမေရေ ... ကြီးမေ"

သူ့အသံကြားမှ မွန်းသတိပြန်ဝင်လာသည်။

"ဟေ ...... လာပြီ သားရေ"

"ကြီးမေ၊ အစ်မပြန်တော့မယ်တဲ့။ နော်က လမ်းလျှောက်လို့ အဆင်မပြေလို့"

"အေးပါ။ လာ ... သမီး! ကြီးမေ အိမ်ရှေ့ထိ လိုက်ပို့ပေးမယ်"

"အယ်၊ ဒီကောင်လေး။ ကြီးမေကို အလုပ်ပေးပြန်ပြီ"

"ရတယ် သမီးရဲ့။ ဦးညိုက အပြင်ခဏသွားလို့လေ။ ခြံတံခါးလည်း ကြီးမေပဲ ပိတ်ရမှာမို့ပါ"

"ဟုတ်"

မွန်းက သူ့ကို လက်ပြပြီး နှုတ်ဆက်ကာ ထွက်သွားပါသည်။ သူကတော့ အတွေးတွေ တသီကြီးနဲ့ ကျန်ခဲ့သည်။ သူ ကျော်ဇေ့ဆီ ဖုန်းခေါ်လိုက်ပြီး

"ဟေ့ကောင်၊ ငါ စက်ဘီးနဲ့ ကားကိုဝင်တိုက်မိလို့!"

"ဟာ ..... ခုဖြစ်တာလား?"

"ခုက အိမ်ပြန်ရောက်နေပြီ"

"ဟေ! ဆေးခန်းသွားပြီးပြီလား? ဘာဖြစ်သွားလဲ?"

"မသွားရသေးဘူး။ ခြေထောက်ခေါက်သွားရုံပါ"

"ငါ လာခဲ့ရမလား? ဆေးခန်းပို့ပေးမယ်"

"အင်း ... လာခဲ့"

အဟိ! ဟိုကောင်တော့ ချောမိသွားပြီ။

"သားရေ ..... ကြီးမေ ဘာလုပ်ပေးရမလဲ? ခုနက ဆေးလိမ်းထားတာ ခုဘယ်လိုနေလဲ?"

"နာတာတော့ နာနေတယ်။ ကျော်ဇေလာလိမ့်မယ်။ အဲ့ဒီတော့မှ ဆေးခန်းသွားမယ်။ ခု ဧည့်ခန်းထဲ သွားမလို့"

"ဪ ...အေး .... အေး ... မမသိရင် စိတ်ပူမှာ"

"ဘွားကို အေးဆေးပြောပါ့မယ်။ ကြီးမေတို့ မပြောနဲ့လေ"

"အေးပါကွယ်။ လာ ... အိမ်ရှေ့တွဲပို့ပေးမယ်"

သူ ဧည့်ခန်းထဲမှာ ကျော်ဇေကို ထိုင်စောင့်နေလိုက်သည်။

"ကားသံကြားတယ်။ ဘညိုပြန်ရောက်လို့ ဖွင့်ပေးလိုက်တယ်ထင်တယ်"

"ဟေ့ကောင်! ဘယ်လိုနေလဲ?"

"ခြေထောက်ခေါက်တာပါ။ ဘာမှမဖြစ်ပါဘူးဆို"

"သေချာလားကွာ .... မင်းဟာကလည်း"

ပြောလည်းပြော သူ့နားဝင်ထိုင်ရင်း ဟိုထိဒီထိနဲ့။

"ဟာကွာ။ ဘာဖြစ်နေတာလဲ? ဟိုကိုင်ဒီကိုင်နဲ့။ ငါပြောတာနားထောင်ပါဦး"

"ဟ! စိတ်ပူလို့ကွ။ တိုက်တဲ့ကားက ဘာမှလုပ်မပေးဘူးလား?"

"ကဲ! ငါပြောတာ အေးဆေးနားထောင်ကွာ။ ဟိုကောင် ထွဋ်ခေါင်ကိုပြောရင် စိတ်ပူတတ်လွန်းလို့ မင်းကိုခေါ်ကာမှ ပိုဆိုးနေပြီ။ မင်းတို့ ငါ့ကိုများ ကြိုက်နေကြလားကွာ"

"ဖွီ! လူတိုင်းက စေတနာနဲ့မတန်ဘူးဆိုတာ အဲ့ဒါပဲ"

ပြောပြီး ကျော်ဇေက တစ်ဘက်ခုံပြောင်းထိုင်သည်။

"မင်းကလည်းကွာ၊ စိတ်ချည်းပဲ။ ငါပြောတာ နားထောင်ဦးမှပေါ့"

"ပြော"

စိတ်မဝင်စားတဲ့ပုံစံနဲ့ စကားထောက်သည်။

"ငါ့ကိုတိုက်တာ မဟုတ်ဘူးလေ။ ငါကတိုက်တာ"

"ဟင် .... ခုနက ငါနားကြားမမှားဘူးပေါ့"

"အေးလေ ... ဖုန်းထဲမှာ အဲဒီလိုပြောတာပဲလေ"

"နေပါဦး။ မင်းက ဘတ်သီးကျွမ်းသွားလို့လား?"

"ငါပြောနေတုန်း ဖြတ်မေးနေတာနဲ့ လိုရင်းမရောက်တော့ဘူး။ လမ်းကျဉ်းထဲမှာမို့ လူရှောင်ရင်း ဝင်တိုက်မိတာကွာ"

"သေမှအေးမှာ"

"သေလောက်တယ်"

သူတို့ပြောနေတုန်း အိမ်ရှေ့မှ အသံကြားရသည်။ ဝင်လာသည်က

"ကောင်းကင်ရေ ... ကောင်းကင်"

"ထွဋ်ခေါင်! စွတ်အော်မနေနဲ့။ ငါတို့ဒီမှာ"

"ဟာ! မင်း ဘာဖြစ်သွားလဲ?"

လာပြန်ပါပြီ တစ်ကောင်။ တစ်ကိုယ်လုံးကို စမ်းသပ်စစ်ဆေးဖို့ ကြိုးစားနေသည်။

"တော်ပြီကွာ! ဟိုဘက်သွားထိုင်"

"ဟမ်!"

ထွဋ်ခေါင်က ကျော်ဇေ့ဘက်ကြည့်လိုက်တော့ ကျော်ဇေက

"လာခဲ့! မင်းမယားက ဘာမှဖြစ်ပုံမပေါ်ဘူး။ သိပ်စိတ်မပူနဲ့။ ရပ်ထားတဲ့ကားကို သူက စက်ဘီးနဲ့ ဝင်တိုက်တာတဲ့"

"အဲလိုလား?"

ထွဋ်ခေါင်က မယုံတစ်ဝက် စိုးရိမ်တစ်ဝက်နှင့် ခုံပြောင်းထိုင်သည်။

"ဤကဲ့သို့ ..... ဤကဲ့သို့ပေါ့ကွာ။ ခုပဲ ဖြစ်ကြောင်းကုန်စင်ရှင်းမလို့။ မင်းရောက်လာတာ အတော်ပဲ။ ဒါနဲ့ ကားသံမကြားပါလား?"

"တက္ကစီနဲ့လာတာ။ ကားမအားလို့"

"ငါ့ကို အရမ်းစိတ်ပူသွားတာလား?"

"ဟေ့ကောင်! ပေါက်ကရပြောဖို့ မစဉ်းစားနဲ့။ မင်းဘာဖြစ်လာလဲပဲပြော"

"ဒါကဒီလို ..... ငါဝင်တိုက်တဲ့ ကားနံပါတ်က **/****"

သူပြောတော့ ကျော်ဇေက လိုက်ရွတ်သည်။

"ငါသိသလိုပဲ။ ဘယ်သူ့ကားပါလိမ့်? ငါတို့ ဘော်ဒါတွေထဲကလား?"

သူက တစ်ချက်ပြုံးလိုက်သည်။ ထွဋ်ခေါင်က သူ့ကိုတစ်လှည့် ကျော်ဇေ့ကိုတစ်လှည့်ကြည့်ရင်း မျက်မှောင်ကျုံ့နေသည်။ ထိုအချိန် ကျော်ဇေက

"အဲ့ဒါလေ ... အဲဒါ ... ကိုလင်းရောင်ကား!"

"ဟင်!"

ဒီတစ်ခါ မျက်မှောင်ကျုံ့မိတာက သူပါ။

"မွန်းမဟုတ်ဘူးလား?"

"မဟုတ်ဘူး။ အဲ့ဒါ ကိုလင်းရောင်"

"မွန်းတစ်ယောက်တည်း မောင်းလာတာ"

"ထူးဆန်းလားကွာ"

"ဟိုလေ ... မွန်းက မိုးရေစိုလာလို့ ကားပေါ်မှာ အဝတ်အစားအပို အမြဲဆောင်ထားတယ်ဆိုပြီး ကြီးမေအခန်းထဲ ဝင်လဲသွားတာ"

"အဲဒီတော့ ......?"

"မွန်းက ကိုလင်းရောင်ကားထဲမှာ သူ့အဝတ်အစားတွေ အမြဲဆောင်ထားတာလား?"

တစ်ချိန်လုံးနားထောင်နေသည့် ထွဋ်ခေါင် မနေနိုင်တော့။

"ဟိတ်ကောင်! ရှာကြံပြီး သဝန်တိုမနေနဲ့။ ဟိုက အပြင်ထွက်တိုင်း သူ့ဘာသာဆောင်ထားတတ်တာ နေမှာပေါ့"

ကျော်ဇေကပါ

"အေးလေကွာ။ ဘာတွေတွေးနေတာလဲ?"

"အင်းပါ။ ငါအတွေးလွန်သွားတာ"

"ဘာဖြစ်လဲ ဆက်ပြော"

"ဘာဖြစ်တာလဲဆိုတော့ ......................."

"အေး......... ဒါဆို ကျော်ဇေနဲ့ မလင်းအကြောင်း မသိသွားဘူးပေါ့"

ထွဋ်ခေါင်က မေးခွန်းစထုတ်တာဖြစ်သည်။

"အေးလေ။ အဲ့ဒီလောက်အထိ အများကြီးပြောဖို့ အချိန်မှမရတာ"

ကျော်ဇေကလည်း

"သူ့ဖုန်းနံပါတ်နဲ့ နာမည်ကို မင်းက ခပ်တည်တည်နဲ့ ယူထားလိုက်တာပေါ့"

"အင်း ... နောက်မှ မလင်းလက်ကနေတစ်ဆင့် မိတ်ဆက်လည်း ဖြစ်တာပဲ။ စတွေ့တွေ့ချင်း စကားကြောရှည်နေလို့မကောင်းဘူးလေ"

"အင်း၊ ဟုတ်ပါတယ်လေ"

နှစ်ယောက်သား ထောက်ခံမဲပေးပြီး ငြိမ်သွားသည်။ သူက

"ကဲ! ဒါဆို ငါ့ကို ဆေးခန်းလိုက်ပို့တော့"

"ဘာမှ မဖြစ်ဘူးဆို?"

"ခြေခေါက်တယ်လေ"

"ဒါဆိုလည်း ထွဋ်ခေါင်ရေ ..... မင်းချစ်ချစ်ကို ဆေးခန်းပို့ပေးလိုက်တော့။ ငါ ဆိုင်မှာအလုပ်ရှိတယ်"

"ဟမ်! ဘာ ငါ့ချစ်ချစ်လဲ? ငါ့မှာ ကားလည်းမပါဘူး။ မင်းပို့လိုက်"

"ဒါဆို သူ့ဘာသာသွားပါစေ။ လာ ... ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်"

"Ok! That's great! "

"ဟာ ... ဟေ့ကောင်တွေ၊ အဲဒီလိုမဟုတ်ဘူးလေ။ ငါ့ကို ဆေးခန်းပို့ပေးဦးလေ"

ထထွက်သွားတဲ့ နှစ်ယောက်သားက နောက်ပြန်လှည့်ကြည့်ရင်း သူတို့အချင်းချင်း

"မမွန်းကို သူဘာပြောလိုက်တာတဲ့?"

"သူ့ဘာသာဆေးခန်းသွားမယ် ဆိုလားကွာ"

"ဒါက အိမ်လိုက်ပို့စေချင်လို့၊ အိမ်ကိုခေါ်ချင်လို့ ကလိမ်ကကျစ်ကျတာပေါ့?"

"အေးပေါ့ကွ!"

သူ့ကိုရှေ့ထားပြီး သူ့အကြောင်းပြောနေလိုက်ကြတာများ မိန်းမကြီးတွေကျနေတာပဲ။

"ဟာကွာ .... ခွေးကောင်တွေ"

သူအော်လိုက်ရင်း စားပွဲပေါ်တင်ထားတဲ့ ဂျာနယ်ကိုလိပ်ပြီး သူတို့ဆီ ပစ်ပေါက်လိုက်သည်။

"ဟား ဟား ဟား"

သူတို့လှမ်းဖမ်းရင်း ပွဲကျကုန်သည်။

¤

ဒီလိုနဲ့ သူနဲ့သူမ ရင်းနှီးဖို့အကြောင်းက အစပေါ်လာသည်။ လင်းလက်ကိုတော့ ရင်ထိုးကောက်ရတဲ့ စတွေ့တဲ့အကြိမ်ကို မပြောပါနဲ့ဦးလို့ တားထားရမည်။ သူမနဲ့ရင်းနှီးဖို့ အကြောင်းဖန်လာတော့လည်း အရင်ကထက်ပိုပြီး ငြိတွယ်လာမှာ၊ ဆွဲထုတ်ရခက်လာမှာကို သူစိုးရိမ်မိပြန်သည်။ ကိုလင်းရောင်နဲ့ကိစ္စကိုလည်း သူတွေးတိုင်း ရင်ထဲက စူးအောင့်လာသည်။
ခုညလည်း သူမကို သူဖုန်းမခေါ်ခဲ့ပါဘူး။ ခေါ်ချင်ပေမဲ့ သူမနဲ့ဖုန်းပြောရတာကို စွဲလမ်းသွားမှာ ကြောက်မိသည်လေ။ နောက်နေ့မှ ဆက်မည်ဟုသာ သူ့ကိုယ်သူ နှစ်သိမ့်ထားလိုက်သည်။

ဆိုင်သူရှိပြီးသား မိန်းကလေးတစ်ယောက်ကို သူ့အနေနဲ့ ရိုးရိုးသားသား အသိမိတ်ဆွေအနေနဲ့မဟုတ်ဘဲ ဆန်းဆန်းပြားပြားခံစားချက်ရှိနေတာ သူ မလုပ်သင့်ဘူးလို့ အသိစိတ်က တွေးမိပေမဲ့ သူမကိုစိတ်ဝင်စားမိချိန်က သူမမှာ ဆိုင်သူရှိပြီးသားရယ်လို့ သေချာသိခဲ့တာမဟုတ်ဘူးလို့ မသိစိတ်က မြှောက်ထိုးပင့်ကော်လုပ်နေပြန်သည်။ သူ့စိတ်တွေ ရှုပ်ထွေးလာသည်နှင့်အမျှ ရင်ထဲစူးလာကာ ခေါင်းတွေနောက်လာသည်။ ဘာမှမတွေးဘဲ အိပ်ပစ်လိုက်ဖို့သာ သူကြိုးစားမိသည်။

ဒါပေမယ့် ............
သူမအရိပ်တွေကနေ သူ မလွတ်မြောက်ခဲ့ပါ။ သူမက သူ့ကိုကျောခိုင်းပြီး ထွက်သွားတော့ နှင်းဆီဆူးတွေစူးပြီး သူကျန်ခဲ့ရပြန်သည်။ ရင်ဘတ်တွေ စူးအောင့်ပြီး အိပ်မက်က ထွက်ပြေးလာရပြန်ပါသည်။ နောက်တစ်ကြိမ်ပြန်အိပ်ဖို့ သူကြောက်မိပြီ။
အိပ်မက်ထဲပြန်ရောက်မှာ ကြောက်မိသလို သူမနဲ့ရင်းနှီးရမှာလည်း မဝံ့ရဲ၊ ထပ်မဆုံမှာလည်း စိုးရိမ်မိသည်မို့ .........
နောက်ဆုံးတော့ သူဆုံးဖြတ်လိုက်တဲ့အချစ်က ရယူခြင်းမဟုတ်။ သူမဘေးမှာ သူငယ်ချင်းတစ်ယောက်လိုရပ်ပြီး သူမရဲ့သက်ဆိုင်သူကို ရင်ဆိုင်နှုတ်ဆက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရန်အတွက် နာကျင်မှုတွေကို ခံနိုင်ရည်ရှိအောင် သူ အိပ်မက်တွေထဲ ခုန်ဆင်းရဲရမည်လေ။

ဒီအိပ်မက်ဆိုတာက အိပ်လိုက်တိုင်းမက်နေမှာလည်း မဟုတ်ဘူးလို့ သူ့ကိုယ်သူ အားပေးရင်း ပြန်အိပ်ပစ်လိုက်ရသည်။ သည်လိုမှမဟုတ်ရင် အိပ်မပျော်တဲ့ညတွေချည်း ဖြစ်ကုန်လိမ့်မည်။ ညဆိုတာလည်း ကောင်းကင်မှာ လမင်းရှိမှ သာယာသည့်အမျိုးပေကိုး။ ခုတော့ ပြတင်းတံခါးမှ အခန်းထဲဖြာကျနေသော လရောင်အောက်မှာ သူအိပ်မောကျနိုင်ခဲ့ပြီ။ သည်လို အိပ်မက်ဆိုးမဲ့ အိပ်စက်ဖို့ဆိုတာ တန်ဖိုးရှိတဲ့ညတစ်ညပဲ နေကောင်းကင်ရေ။ မင်း အိပ်နိုင်တုန်း အိပ်ထားဦးပေါ့!
ညကတော့ စန္ဒာက အစွမ်းကုန်လှပစွာ တင့်တယ်နေလေရဲ့။

¤

ဒီညမှ လကအရမ်းသာနေတာကို သူမ မကျေမနပ်ဖြစ်မိသည်။ တစ်ရေးနိုးလာတဲ့သူမ လမင်းကြီး ဝင်းထိန်နေတာကို တံခါးပေါက်ကမြင်တော့ ဘာလို့များ မဆီမဆိုင် ဒေါသထွက်မိပါလိမ့်? ဟိုကောင်လေးကိစ္စကို ညဦးပိုင်းတော့ သိပ်မစဉ်းစားမိပေမဲ့ အိပ်ခါနီးတော့ သူဒီည ဖုန်းမဆက်ပါလားလို့ တွေးမိသည်။

"အို! မဆက်လည်းနေပေါ့။ ငါက ဝင်တိုက်တာလည်းမဟုတ်၊ သူ့ကို အိမ်တိုင်ရာရောက် ပို့ပေးခဲ့တာ ငါ့ကိုတောင် သူကကျေးဇူးတင်ရမှာ။ ငါကဘာလို့ စိတ်ပူရမှာလဲ? မဟုတ်ပါဘူး။ စိတ်ပူတာမဟုတ်ဘူး။ တာဝန်မကင်းသလိုမို့ တွေးမိတာပါ" လို့ တွေးပြီး သူမအိပ်ပစ်ခဲ့သည်။
အခု တစ်ရေးနိုးတော့ ဒါကိုတွေးမိပြန်ပြီ။
ဪ ... ငါလည်းလေ၊ အသက်လေးမှ အရမ်းမကြီးသေးဘူး။ စိုးရိမ်တတ်တာလွန်ရောလို့ တွေးပြီး ပြန်အိပ်လိုက်ရသည်။

¤
အပိုင်း (၅) ဆက်ရန်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
© Demon ,
книга «ကၽြန္ေတာ့္ရင္ခြင္ ညေကာင္းကင္မွ ဧကရီ သူမ».
Коментарі