Chapter (7)
ေနာက္ေန႔ သူ ထြဋ္ေခါင္ကို အိမ္ကို ေခၚလိုက္သည္။ သူက ခဏၿငိမ္ေနရမည္ေလ။
"ေဟ့ေကာင္၊ ၿငိမ္ေနတယ္ေပါ့"
"အင္း"
"ကဲ ... ေျပာ"
"ဘာေျပာရမွာလဲကြ!"
"မင္း ေျပာခ်င္ေနတာေတြေလ"
"ဟား ... ဟား ... ဟား ... ငါက ေျပာခ်င္လို႔ ေခၚလိုက္တယ္ထင္တာလား?"
"အဲ ... ေခၚလိုက္ၿပီးမွ ေျပာခ်င္တာလည္း ျဖစ္ႏိုင္တာပဲ"
"ေသခ်ာလွခ်ည္လား?"
"မေျပာခ်င္လည္း ရပါတယ္။ ျပႆနာမရွိဘူး"
"လြမ္းလို႔ပါကြာ"
"မြန္း?"
"အင္း"
"မင္းကလည္းကြာ၊ ခုမွတစ္ပတ္ပဲရွိေသးတယ္။ လြမ္းၿပီလား?"
"ဘယ္ေလာက္ၾကာမွ လြမ္းရမယ္လို႔ ေဖာ္ျမဴလာရွိလို႔လား?"
"လြမ္းကြာ ..... လြမ္း! လြမ္းလို႔ဝရင္ ပါး႐ိုက္ခံရေသးလားလို႔ ေျပာပါဦး"
သူက ေခါင္းငံု႔ျပလိုက္သည္။
"အဲဒါက ?"
"အဲဒီလိုျဖစ္သြားတယ္"
"ေလးငယ္ လက္ခ်က္လား?"
သူေခါင္းညိတ္ျပလိုက္ေတာ့ ထြဋ္ေခါင္က အံ့ဩသလိုျဖစ္သြားၿပီးမွ ရယ္ပါေတာ့သည္။
"ေပ်ာ္ေနတယ္ေပါ့"
"ဟား ... ဟား ... မင္းကေတာ့ ေလးငယ္နဲ႔ဆို အျမဲတမ္း ခံဘက္ကခ်ည္းပဲ"
"သြားေတာင္းပန္တာကို ေတြ႕သမၽွနဲ႔ ေကာက္ေပါက္လို႔ ေခါင္းထိသြားတာ"
"မေရွာင္လိုက္လို႔ပါဆိုတာေလး ထည့္ေျပာ"
ထြဋ္ေခါင္တို႔က အေၾကာင္းသိမို႔ သူျပံဳးမိသည္။
"ၿပီးေတာ့၊ ငါရန္ျဖစ္ၿပီး ေခါင္းေပါက္ပါတယ္လို႔ ေမ့ကိုတိုင္တယ္ကြာ"
"ေဟ ... မိုက္တယ္ကြာ"
"အဲဒီလိုေျပာရင္ လူတိုင္း သေဘာက်ၾကတယ္"
"အဟဲ ... သူ႔အိုင္ဒီယာက မဆိုးဘူးေလကြာ"
"ဆိုးတယ္ကြ ... ဆိုးတယ္။ ငါ့မွာ ႏွစ္နာရီေလာက္ ဒူးေထာက္လိုက္ရတယ္"
"ဟား ... ဟား ... ဟား ........."
"ေသးထြက္က်ေနဦးမယ္။ ျဖည္းျဖည္းရယ္စမ္း"
"အဟီး ... မင္းက အမွန္အတိုင္းေျပာလိုက္လို႔ ဘာျဖစ္သြားမွာလဲ?"
"အမႈပိုႀကီးသြားမွာေပါ့။ ေက်ာင္းၿပီးရင္ ေပးစားမယ္တကဲကဲေျပာေနတာ။ ေနာက္ေနတာမဟုတ္ရင္ ဘယ္လိုလုပ္မလဲ?"
"ဟိုက လက္ခံမွာက်ေနတာပဲ။ မင္းကပဲ ပူရတယ္လို႔!"
"ဘယ္ေျပာလို႔ရမလဲ?"
"အဟက္ ... ဘဝင္ျမင့္ေနလို႔ ေခါင္းထိတာ"
"ျဖစ္ရဦးမယ္"
"ေတာ္စမ္းပါကြာ! မင္း ဘယ္တုန္းက ေလးငယ္ကိုႏိုင္လို႔လဲ? ကလန္ကဆန္ လုပ္ဖူးလို႔လဲ?"
"ဘာကြ! မႏိုင္စရာလား? မလုပ္ရဲစရာလား?"
"လုပ္ရဲလို႔လား?"
"မလုပ္ခ်င္တာကြ!"
"ငါေျပာပါတယ္။ ဟိုက ငယ္ႏိုင္ပါလို႔"
"ငယ္လို႔ အႏိုင္ေပးထားတာ"
"ငါေမးပါဦးမယ္။ မင္း ဘာလို႔ သူ႔ကို အဲ့ဒီေလာက္ အလိုလိုက္တာလဲ?"
"ဟမ္ ... မဟုတ္ပါဘူးကြ! ႏွစ္အိမ္လံုးမွာ သူက အငယ္ဆံုးေလ။ သူ႔စိတ္တိုင္းက် ေနပါေစဆိုၿပီး လႊတ္ထားလိုက္တာပါ။ တကူးတက သည္းခံေပးေနတာမွ မဟုတ္တာ"
"အဲဒါေလ။ တကူးတကမဟုတ္ဘဲ အလိုလို သည္းခံႏိုင္ေနတာကိုက ထူးဆန္းတာ။ မင္းအိမ္မွာလည္း မင္းက အဆိုးဆံုးပဲေလ။ သူူနဲ႔မွ မင္းက ေရေႁမြျဖစ္ေနတာ"
"ဟိုက မိန္းကေလးေလ။ ေျခာက္လဆိုတာ အသက္ႀကီးမွသိတဲ့လူေတြအတြက္ ဘာမွမကြာေပမဲ့ ငါလမ္းေလၽွာက္တတ္၊ စကားေျပာတတ္တဲ့အခ်ိန္မွာ သူက မတ္တပ္ရပ္တိုင္း လဲက်ေနတဲ့ ေကာင္မေလးေလ။ အကုန္မမွတ္မိေပမဲ့ ကေလးဘဝတည္းက အတူတူႀကီးလာေတာ့ ငါ့ဘက္ကၾကည့္ရင္ သူက ကေလးလိုပဲလို႔ အျမဲေတြးမိေနတာ။ အဲဒါေၾကာင့္လည္း အလိုလိုက္သလို ျဖစ္ေနတာ"
"ထားပါေတာ့။ ငယ္တုန္းကေတာ့ ဟုတ္ပါၿပီ။ ခုအရြယ္ထိ အႏိုင္ေပးထားတာကေရာ"
"မင္း ဘာလို႔ တအားစပ္စုေနတာလဲ?"
"မင္းကိုယ္မင္း မေမးမိတာေတြရွိမွာစိုးလို႔ ငါက ေမးေပးေနတာ"
"ဘာကိုလဲ?"
"မင္းက မြန္းကိုခ်စ္တယ္ေျပာေတာ့ ေလးငယ္ကိုေရာ မင္းစိတ္ထဲ ဘယ္လိုလဲဆိုတာ သိသင့္တယ္ေလ။ အမွန္အတိုင္းကိုေျပာတာ။ ညီမေလးလို၊ သူငယ္ခ်င္းလိုဆိုတာက မင္းအသိစိတ္ထဲစြဲေနတဲ့ မင္းရဲ႕လက္သံုးစကား။ မသိစိတ္ထဲ တကယ္ရွိေနတာက ဘာလဲဆိုတာ သိသင့္တယ္ထင္လို႔"
"ငါက ... ငါက သူ႔ကိုခ်စ္တယ္ဆိုရင္ အဲဒါ အျဖဴေရာင္သက္သက္ပဲ"
"ေသခ်ာရင္ ၿပီးတာပါပဲ။ မြန္းက မင္းကိုခ်စ္တယ္ဆိုရင္ သူ႔ဘက္က ကိုလင္းေရာင္ကိုထားခဲ့ရမွာ။ အဲဒါ သူ႔အတြက္ ေတာ္ေတာ္မလြယ္တဲ့ကိစၥပဲ။ မြန္းက မင္းကိုေရြးၿပီးမွ မင္းဘက္က ေလးငယ္ကို စိတ္ထဲရွိေနပါတယ္ဆိုရင္ အားလံုးအတြက္ မေကာင္းဘူး"
"ဟာ ... မျဖစ္ႏိုင္တာ"
"ေသခ်ာရင္ၿပီးတာပဲ"
"မင္းက ဘာလို႔ ..."
"အင္း ... ငါက ..."
"ဟဲ့ ..... ဪ ... ထြဋ္ေခါင္ေရာက္ေနတာကိုး"
ေလးငယ္က အခန္းထဲဝင္လာတာပါ။
"အင္း ... ဒီေကာင္ေခၚလို႔"
"ငါ ဝင္လာရမွာလား? ျပန္ထြက္ရမွာလား?"
"လာထိုင္ေလ"
ေနေကာင္းကင္က ေျပာလိုက္ျခင္းပါ။ သူက ျပတင္းေပါက္နားရပ္ေနၿပီး ထြဋ္ေခါင္က ကုလားထိုင္ကို ေျပာင္းျပန္ခြထိုင္ထားတာမို႔ ေလးငယ္က သူ႔ခုတင္ေပၚ ဝင္ထိုင္လိုက္သည္။
"တီေမက ရွိေနမယ္ေျပာၿပီး ဘယ္သြားတာလဲ?"
"ခဏေန ျပန္လာလိမ့္မယ္။ ဒီေန႔တစ္ေနကုန္ ေမက အိမ္မွာပဲ ရွိေနမွာ"
"အဲ့ဒါေၾကာင့္ နင္က ၿငိမ္ေနတာေပါ့ေလ"
"အဲဒါ လာေျပာတာလား?"
"နင့္ဒဏ္ရာ ဘယ္လိုေနေသးလဲ လာၾကည့္တာ"
သူ ဘာမွမေျပာရေသးခင္ ထြဋ္ေခါင္က
"အဲဒါက ဘာျဖစ္တာလဲ?"
"ရန္ျဖစ္တာ"
သူျပံဳးမိသည္။ ေလးငယ္က သေဘာေပါက္ၿပီး
"သူနဲ႔ငါ ရန္ျဖစ္တာေလ"
ထြဋ္ေခါင္က
"ဟာ ဟ! အဲဒီလိုလား?"
"နင္က ဘာရယ္တာလဲ?"
"ေဟ ... ငါက ဘာျဖစ္လို႔လဲ? နင္တို႔ရန္ပြဲ ငါ့ဘက္လွည့္မလာနဲ႔။ နင္တို႔ဘာသာကိုက္ၾက"
"နင့္ေကာင္ကမွ ေခြး"
"အဲ့ေခြးက နင့္ကို ဘယ္နားကိုက္သြားလဲ?"
"ဘာ ......! ေကာင္းကင္၊ နင္ ..... နင္ ဘာေပါက္ကရေျပာထားလဲ?"
"အဲဒါကေလ ... ဟို ..."
သူ ထြဋ္ေခါင္ကို ၾကည့္လိုက္ေတာ့ ထြဋ္ေခါင္က
"ငါက ဘာေမးလို႔ နင္က ဘာေတြးေနတာလဲ?"
"နင္......."
"နင္က ဒီေကာင္ကို ေခြးလို႔ေျပာလို႔ အဲဒီေခြးက ဘယ္ကိုကိုက္ေသးလဲေမးတာကို နင္က ဘာျဖစ္တာလဲ? ငါမသိေသးတာရွိလို႔လား?"
"ဘာမွမရွိဘူး။ ငါ တီေမ့ကို သြားေစာင့္ေနလိုက္ဦးမယ္"
ေလးငယ္ေရွာင္ထြက္သြားမွ သူက ထြဋ္ေခါင္လက္ေမာင္းကို လွမ္းထိုးလိုက္သည္။
"အ! နာတယ္ကြ"
"မင္းလုပ္လို႔ ဟိုက ထပ္ၿပီး စိတ္ဆိုးရင္ ငါေသလိမ့္မယ္"
"ငါက ဘယ္နားေခြးကိုက္လဲေမးတာ သူ႔ဘာသာသူ မလံုတာေလ။ မင္းကို ေခြးဆိုလို႔ ငါကေမးတာ"
"လာျပန္ၿပီ ေခြး။ ငါကပဲ ထ,အူျပရမလို"
"ဒါကေတာ့ မင္းဝါသနာနဲ႔မင္းပဲ"
"ေသာက္ေကာင္"
¤
ညေနေစာင္း ေလးငယ္ျပန္ခါနီးေတာ့
"သားငယ္ေရ ... လာပါဦး"
"လာၿပီ ေမ"
"မီးငယ္ကို လိုက္ပို႔လိုက္ဦး။ ေမွာင္ေတာ့မယ္"
"လင္းေနေသးတာပဲ။ သူ႔ဘာသာ ျပန္တတ္တာကို"
"ဟဲ့ ... နင္ဘယ္လိုေျပာတာလဲ?"
"ေမတို႔ကေတာ့ေလ သူ႔သမီးထိရင္ ကိုယ့္သားေလးကိုေတာင္ နင္တစ္လံုး ငါတစ္လံုးနဲ႔ ေျပာေတာ့တာပဲ"
"ဟဲ့! ဒီေကာင္ေလးေတာ့ နာခ်င္ၿပီထင္တယ္"
"နင္ ဘာမွ မနာလိုမျဖစ္နဲ႔၊ ေကာင္းေကာင္း"
"မျဖစ္ပါဗ်ာ။ လာ ... ျပန္ပို႔ေပးမယ္"
သူတို႔ စက္ဘီးတစ္စီးနဲ႔ ထြက္လာေပမဲ့ ေလးငယ္က လမ္းေလၽွာက္မယ္ဆိုလို႔ ေလၽွာက္လာၾကေတာ့
"နင္ ထြဋ္ေခါင္ကို ဘာေတြေျပာလိုက္ေသးလဲ"
"သီဟကိုရြဲ႕ၿပီး နင့္ကို ငါ့ခ်စ္သူလို႔ ေျပာလိုက္လို႔ နင္စိတ္ဆိုးၿပီး ငါေခါင္းေပါက္တဲ့အေၾကာင္းပဲ ေျပာလိုက္တာပါ"
"ေသခ်ာလား?"
"Sure"
"ၿပီးေရာ။ ဒါေပမဲ့ သီဟက ၿငိမ္ေနမွာမဟုတ္ဘူး။ ေလၽွာက္ေျပာရင္ ဘယ္လိုလုပ္မလဲ?"
"လူေတြသိေလ ပိုေကာင္းေလေပါ့"
"ဘာ!"
ေလးငယ္ ရပ္လိုက္ၿပီး သူ႔လက္ေမာင္းကို လိမ္ဆြဲထားသည္။
"အား ... လႊတ္စမ္းပါ။ နာတယ္ဟ"
"နင္ ေပါက္ကရေတြေလၽွာက္လုပ္ထားတာေလ။ အဲဒါကို ခုထိ ပ်က္ေခ်ာ္ေခ်ာ္လုပ္ေနတာလား?"
"ေအးပါဟာ။ ေနာက္တာပါ။ နင္ သူ႔ဘက္မပါလို႔ ဒီေကာင္ေလၽွာက္ေျပာတာလို႔ ျပန္ေျပာလိုက္႐ံုပဲ"
"ဒါေတာ့ ငါလည္းေတြးမိပါတယ္။ သူတို႔က သံုးေယာက္လံုးျမင္လိုက္တာေလ"
"သူတို႔ဘာေျပာေျပာ ငါတို႔ ကာယကံရွင္ႏွစ္ေယာက္လံုး မဟုတ္ဘူးျငင္းရင္ ဘာေျပာႏိုင္မွာလဲ? သူတို႔က အရင္ကတည္းက black list ထဲကပဲကို။ ငါတို႔ျငင္းရင္ သူတို႔စကား ဘယ္သူမွမယံုေလာက္ပါဘူး"
"အင္း"
တကယ္ေတာ့ အဲဒီကိစၥ သူလည္းေတြးေနတာ။ ဒီေကာင္ေတြေလၽွာက္ဖြရင္ ေလးငယ္က သက္သက္မဲ့ နာမည္ပ်က္ရဦးမယ္။ သူကိုက လက္လြတ္စပယ္ ရွင္းလိုက္မိတဲ့ ျပႆနာပါ။ ဒါေၾကာင့္လည္း ေလးငယ္ဘာလုပ္လုပ္ သူၿငိမ္ေနခဲ့တာ။
ဒါေပမဲ့ ဒီေကာင္က သူ႐ံႈးခဲ့တဲ့ကိစၥကို လူသိေအာင္ေျပာမည္ေတာ့ မထင္မိ။ သီဟက ၾကယ္စင္ဆုဆိုတဲ့ ေလးငယ္ကို လိုက္ကပ္ေနတာ သိေနၾကတဲ့သူေတြၾကား သူ႔အရွက္သူခြဲၿပီး ေနေကာင္းကင္ေနာက္ ပါသြားပါတယ္လို႔ေတာ့ ေလၽွာက္မေျပာေလာက္ဘူူးလို႔ ထင္သည္ေလ။
သူ ေလးငယ္ကိုပို႔ေပးၿပီး စက္ဘီးစီးျပန္လာေတာ့ သူ႔ေနာက္ကကားတစ္စီးပါလာလို႔ သူ ေဘးကပ္ေပးေနတဲ့ၾကားက ကားက ကပ္ဆြဲသြားလို႔ သူ႔စက္ဘီးလဲသြားသည္။ တံေတာင္ဆစ္ ပြန္းသြား႐ံုမို႔သာ။
ကားနံပါတ္မျမင္လိုက္ေပမဲ့၊ သီဟတို႔အဖြဲ႕ထဲကကားေတာ့ မဟုတ္ေပမဲ့ သူတို႔ပဲဆိုတာေတာ့ ေသခ်ာသည္။ တမင္တကာ လုပ္သြားတာဆိုေတာ့ သူတို႔မွလြဲ၍ တျခားသူမျဖစ္ႏိုင္။ သူဘယ္သူ႔ကိုမွေတာ့ ေျပာမေနေတာ့ပါ။ အသက္အႏၲရာယ္အထိေတာ့ မလုပ္ရဲမွန္း သူသိသည္မို႔ စိတ္ပူေအာင္ ေျပာမေနေတာ့ေပ။
¤
"လင္းေရ ...... လင္း"
"လာၿပီ .......။ ဟယ္! ေခ်ာ္လဲတာလား? ထ ... ထ ... ငါထူေပးမယ္"
လင္းလက္တစ္ေယာက္ သူ႔အိမ္က သႀကၤန္ပိတ္ရက္ ခရီးထြက္ၾကမည္ဆို၍ သူက မြန္းရွိရာေတာင္ႀကီးကို လိုက္လာျခင္းပင္။ လင္းလက္ ေတာင္ႀကီးကို မေရာက္တာၾကာၿပီ။ တကၠသိုလ္ပထမႏွစ္ၿပီးတုန္းက လိုက္လည္ဖူးၿပီးေနာက္မွာ ခုလိုမလည္ျဖစ္ၾက။
အခုညေနပိုင္း လင္းလက္က သူတို႔အခန္းဝရန္တာမွာ ရွိေနတုန္း ေရခ်ဳိးခန္းထဲက မြန္းလွမ္းေအာ္လို႔ သူမလာၾကည့္ေတာ့ ေခ်ာ္လဲၿပီး ထိုင္လ်က္သားေလးျဖစ္ေနေသာ မြန္းကို ေတြ႕လိုက္ရသည္။
"ရရဲ႕လား?"
သူမကိုတြဲထူၿပီး ခုတင္ေပၚ ေခၚလာခဲ့လိုက္သည္။
"ဘယ္လိုျဖစ္တာလဲ မြန္းရယ္။ ဘယ္နားနာသြားလဲ?"
"မနာပါဘူး။ လက္ေတြ ကပ္ေစးေစးျဖစ္ေနလို႔ ေရေဆးတာ။ ေခါင္းထဲမိုက္ခနဲျဖစ္သြားလို႔ အသာေလး ထိုင္ခ်လိုက္တာ။ ျပန္ထဖို႔ကို မူးေနာက္ေနာက္ျဖစ္ေနတာနဲ႔ နင့္ကိုေခၚတာ။ ေခ်ာ္လဲတာမဟုတ္ဘူးဟ"
"ေတာ္ေသးတာေပါ့။ မူးေနတာဆိုေတာ့ ေဆးေသာက္လိုက္ေလ။ ငါယူေပးမယ္"
"မေသာက္ေတာ့ဘူး။ ခဏေလးလွဲေနလိုက္မယ္။ ၿငိမ္ေနရင္ေကာင္းသြားမွာပါ"
"ေအးပါ။ လွဲေနလိုက္။ မသက္သာရင္ေျပာ"
"အင္း"
¤
သႀကၤန္ရက္
ဒီရက္ေတြ ေမက အိမ္မွာရွိမယ္ဆိုတာနဲ႔ ေဖက အဘြားဆီသြားၿပီး မရီးက တရားစခန္းဝင္သည္။ အစ္ကိုက သႀကၤန္ၿပီးရင္အပ္ရမည့္ ျပင္ဦးလြင္မွအိမ္ကို အၿပီးသတ္စစ္ေဆးရန္ သြားေနသည္။ အၾကတ္ေန႔မွ ျပန္လာမည္တဲ့။
အတက္ေန႔ဆို ႏွစ္တိုင္းမုန္႔လုပ္ေနက်မို႔ အိမ္မွာရွိသည့္လူႏွင့္ ဝတၱရားမျပတ္ အျမဲလုပ္ျဖစ္သည္။ သူရယ္၊ ေလးငယ္ရယ္က အျမဲတမ္းမပါမျဖစ္။ က်န္တဲ့လူေတြသာ မရွိရင္ေနမည္၊ သူတို႔က အျမဲတမ္းရွိသည္။ ေနာက္ေတာ့ ထြဋ္ေခါင္ႏွင့္ ေက်ာ္ေဇတို႔ပါ ပါလာသည္။ သည္ႏွစ္လည္း သူတို႔သူငယ္ခ်င္းေတြ လူစံုသည္။
ဒီေန႔ အႀကိဳေန႔မို႔ ဘာသံမွမၾကား။ ေန႔လည္က်ေတာ့ ေမက ေလးငယ္တို႔အိမ္သြားဖို႔ ကားထုတ္ခိုင္းသည္။ ေလးငယ္ေမေမႏွင့္ သူ႔အေမက ငယ္သူငယ္ခ်င္းေတြ။ သူတို႔က ငယ္သူငယ္ခ်င္းေတြမို႔ ေတြ႕ၾကၿပီဆိုမွျဖင့္ လူငယ္ေတြလို စကားေတြ တြတ္ထိုးၿပီး ရယ္ေမာေပ်ာ္ရႊင္ေနတတ္ၾက၏။
ခုလည္း စကားေျပာဖို႔ ေန႔လည္ခင္းႀကီး အျပင္ထြက္မလို႔တဲ့။
"ေနပူေနတာကို အျပင္ထြက္မလို႔လား ေမရဲ႕"
"ကားေပၚမွာ ေနပူမလား? လိုက္ပို႔ေပးစမ္းပါ"
"ဟင္! ေမ့ဘာသာသြားမွာမဟုတ္ဘူးလား?"
"မေအကိုေတာင္ ကပ္သပ္ေနတာ...."
"မဟုတ္ပါဘူး ေမရယ္။ ေနပူလို႔ေျပာတာပါ။ ေနေအးမွသြားလည္း ရတာကို"
"ေနေကာင္းကင္! ခုမွ အပူေၾကာက္ေနတာလား?"
"ဟုတ္ကဲ့! လိုက္ပို႔ေပးမယ္။ ကားသြားထုတ္လိုက္မယ္ေနာ္။ ေမ လိုက္လာခဲ့"
သူေျပာၿပီး ထြက္လာခဲ့သည္။ မထြက္လာလို႔လည္းမရ။ သူ႔အေမက တားလို႔ရမည္မွမဟုတ္တာ။ သူလၽွာရွည္ရင္ လက္ေတြပါလာေတာ့မည္။ ဒါေတာင္ ကားေပၚတက္ေတာ့ သူက ေနာက္လိုက္ေသးသည္။
"ေမတို႔စားဖို႔ မုန္႔ေတြပါလာရဲ႕လား?"
"နင္က ရြဲ႕တာလား?"
"ေမ့မွာစိုးလို႔ပါ။ ေမကလည္း ေစတနာနဲ႔ ေမးတာပါဗ်!"
"နင့္ မ်က္ႏွာေပး ငါသိတယ္။ ဟင္ ... နင္က အဲ့ဒီေဘာင္းဘီတိုနဲ႔ အက်ႌခ်ဳိင္းျပတ္နဲ႔ လိုက္မွာလား?"
"ဘာျဖစ္လို႔လဲ? အလွဴသြားတာမွမဟုတ္တာ"
"ဘယ္လိုကေလးမွန္းမသိဘူး။ အျမဲတမ္း ဖိုသီဖတ္သီ ဖ႐ိုဖရဲနဲ႔"
သူကပါ အေမျဖစ္သူေျပာသည္ကို ပါးစပ္လႈပ္႐ံုလိုက္ေျပာရင္း ကားေမာင္းထြက္လာခဲ့သည္။ ဒီစကားက သူ႔အေမသူ႔ကို ေျပာေနက်စကား။ သူကလည္း သူေနခ်င္သလိုေနသည္ေလ။ အခုလည္း သူက အိမ္ေနရင္းအဝတ္နဲ႔ ထြက္လာသည္ကို ေျပာေနသည္။ ေလးငယ္တို႔အိမ္ကိုမ်ား ဘာေတြထူးဆန္းေနရဦးမွာလဲ?
¤
"ဟယ္ ... ယမင္း! ေနပူႀကီးထဲ လာခဲ့တာလား?"
"ကားထဲမွာ ေနမပူပါဘူး အမိရယ္"
ေနေကာင္းကင္ရဲ႕ အေမ ေဒၚယမင္းသူနဲ႔ ေလးငယ္ရဲ႕မာမီ ေဒၚမိမိမြန္တို႔ရဲ႕ ႏႈတ္ဆက္စကားေတြပါ။
"ေျပာလို႔မရပါဘူး တီမြန္ရာ"
"နင္က ဒီေရာက္ေနၿပီကို ဘာေျပာခ်င္ေသးတာလဲ?"
ေလးငယ္ အနားေရာက္လာၿပီး ေျပာသည္။
"ပါျပန္ၿပီ ေလးငယ္ရာ"
"နင္တို႔ေလၽွာက္သြားရင္ မိုးမျမင္၊ ေလမျမင္၊ ေနမျမင္ေတြေလ။ ခုမွ လာေျပာမေနနဲ႔"
"ေအးကြယ္ ... မီးငယ္ရယ္၊ ေျပာလိုက္စမ္းပါ"
"ေျပာမွ တီေမေရ ... တီေမ့ဒ႐ိုင္ဘာက အခ်ဳိးမေျပဘူး"
"ဘာေျပာတယ္?"
"ေျပာသာေျပာရတာပါ။ နင္က ဒ႐ိုင္ဘာထက္ကို စုတ္တီးစုတ္ပဲ့ႏိုင္တာ"
"အခါႀကီး ရက္ႀကီးမွာ ကိုယ့္ထက္အသက္ႀကီးတဲ့သူကို အခုလိုေျပာေနရင္ေတာ့ နင္ ငရဲႀကီးမယ္"
"တစ္ခုႏွစ္တည္းေမြးတာေလ"
"ေျခာက္လေတာ့ ကြာတယ္ေလ။ တစ္ရက္၊ တစ္မနက္ႀကီးလည္း အသက္ႀကီးတာပဲ"
"ဟုတ္ကဲ့ အဘ"
ေျပာၿပီး ေလးငယ္က ေမတို႔ဝင္သြားတဲ့ မီးဖိုေခ်ာင္ဘက္ လိုက္ဝင္သြားသည္။ သူက တီဗြီေရွ႕သြားၿပီး ယူလာတဲ့အေခြကို ဖြင့္ၾကည့္ေနလိုက္သည္။ ခဏၾကာေတာ့ ေလးငယ္တစ္ေယာက္ အသီးေတြ၊ အေအးေတြနဲ႔ ေရာက္လာၿပီး
"ဟဲ့! ငါမွာတဲ့သရဲကား ပါလာလား?"
"ေရာ့! နင္ဘာသာ သြားၾကည့္"
"ဟာ ... ဒီမွာၾကည့္မွာ"
"အဲ့ဒါဆို ငါ နင့္အခန္းမွာ ဒါကိုသြားၾကည့္မယ္။ ငါ ၾကည့္လက္စျဖစ္ေနၿပီ"
"ဟမ္ ... ငါနဲ႔ သရဲကားၾကည့္ပါဟာ၊ ေနာ္?"
"မၾကည့္ပါဘူး"
"နင္ကလည္း ... မသြားပါနဲ႔။ ဒီမွာ အသီးေတြ၊ အေအးေတြ နင့္အတြက္ပါ ယူလာတာ"
"မဖားနဲ႔ ေလးငယ္"
"သရဲကားၾကည့္မယ္ဟာ ... ေနာ္? မေန႔က ဇီးသီးကို ထန္းလ်က္နဲ႔ယိုထိုးထားတာ၊ ဒီမွာ"
"နင္ကိုယ္တိုင္ လုပ္ထားတာလား?"
"အင္းေပါ့။ မယံုရင္ မာမီ့ကိုေမးၾကည့္ပါလား? လာစားၾကည့္။ နင္နဲ႔တည့္တယ္"
"ဘာေျပာတယ္? ငါက စိတ္ေနာက္ေနလို႔လား?"
"ဟိုေလ ... နင္ႀကိဳက္တယ္လို႔ ေျပာတာပါ"
"ဟင္း ...ေလးငယ္၊ နင္ေတာ့ေနာ္"
"အဟဲ ... သရဲကားၾကည့္ရေအာင္ဟာ"
သူေခါင္းညိတ္လိုက္ရသည္။ ဒီလိုမွမဟုတ္လည္း သူ႔ကိုေႏွာင့္ယွက္ေနမွာေလ။
ေလးငယ္က သရဲကားၾကည့္ၿပီး အသံစံုထြက္၊ သူက စားလိုက္၊ ေသာက္လိုက္နဲ႔ အလုပ္႐ႈပ္ေနသည္။ ေလးငယ္ယူလာတဲ့အထဲ သရက္သီးေတြ ငံျပာရည္၊ င႐ုတ္သီး၊ ပုစြန္ေျခာက္မႈန္႔နဲ႔ နယ္ထားတာလည္း ပါသည္။
"ေလးငယ္၊ နင္ သရက္သီးေတြမစားဘူးလား?"
"စားမွာ ခဏ၊ ဒီမွာ အေရးႀကီးေနတယ္။ ေၾကာက္စရာႀကီးဟ"
အၾကည့္မပ်က္ လွမ္းေျပာသည္။ ေၾကာက္ဖို႔ေကာင္းတယ္ေျပာၿပီး မ်က္ေတာင္မခတ္စိုက္ၾကည့္ေနသည္။ သူတစ္ခ်က္ ေခါင္းခါလိုက္ၿပီး သရက္သီး ယူစားလိုက္သည္။ သူတစ္ေယာက္လည္း ငယ္ငယ္ကတည္းက ေလးငယ္စားသမၽွလိုက္စားရင္း အစပ္ေတြ၊ အခ်ဥ္ေတြဆိုတာ သူ႔အတြက္႐ိုးေနၿပီ။ တုတ္ထိုးဆိုင္၊ အသုပ္ဆိုင္၊ မုန္႔ဟင္းခါးဆိုင္၊ တစ္ၿမိဳ႕လံုး သူတို႔မထိုင္ဖူးတာ တစ္ဆိုင္မွမရွိသေလာက္။ အခုလည္း သရက္သီးေတြ ထိုင္စားေနမိၿပီ။
"ဟင္ ... ငါ့သရက္သီးေတြ ဘယ္ေရာက္ကုန္လဲ?"
"အဲဒီမွာေလ"
"ဒါပဲက်န္တာလား?"
"မနည္းပါဘူးဟ!"
"နင္ ဘယ္လိုစားလိုက္တာလဲ?"
"ပါးစပ္ထဲထည့္ၿပီး သြားနဲ႔ဝါးစားတာေပါ့"
"မိန္းကေလး႐ံႈးတယ္"
"အာ့ ညည္းအပူလားေအ"
"ဟာဟ ... အေျခာက္မ"
"ေျခာက္/မေျခာက္ သိခ်င္လား?"
"ေဟာ ... လာၿပီ။ သရဲမ"
တီဗြီကိုညႊန္ျပၿပီး စကားလမ္းေၾကာင္း ျပန္လႊဲသြားျပန္သည္။
¤
ဒီေကာင္မေလးနဲ႔က ဘယ္လိုေရစက္မွန္းမသိ။ အရင္ဘဝက သူ႔ဘက္က ေပးစရာအေႂကြးက်န္တာလား? ေလးငယ္ႏွင့္ဆို သူကခ်ည္း အေလၽွာ့ေပးရသည္သာ။ ငယ္ငယ္ကဆို ေက်ာင္းေျပးတာ၊ ဂိမ္းဆိုင္ေရာက္ေနတာ၊ လပတ္စာေမးပြဲေတြ အမွတ္အရမ္းနည္းတာ၊ ေကာင္မေလးတစ္ေယာက္ေယာက္ကို စေနာက္လိုက္တာ၊ ရန္ျဖစ္တာ စသည့္ သူရဲ႕အေၾကာင္းေတြဆို ဆရာမေတြက အိမ္ကို တကူးတကအေၾကာင္းၾကားစရာမလို။ ေလးငယ္က အကုန္ျပန္တိုင္သည္။ သူ မၾကာခဏအ႐ိုက္ခံ၊ အဆူခံရလည္း ျပန္တိုင္သည့္ေလးငယ္ကို သူစိတ္မဆိုးမိ။
ဆယ္တန္းျပန္ေျဖသည့္ႏွစ္က အေဖ့အစီအစဥ္ေၾကာင့္ ေလးငယ္က Guide လုပ္သည္ကို လက္ခံလိုက္ရသည္။ ထိုစဥ္ကပိုဆိုးသည္။ ေလးငယ္ကတိုင္လၽွင္ တခ်ဳိ႕ကိစၥေတြဆို ေဖက ေလးငယ္ကို ဂ်င္နရယ္ပါဝါလႊဲလိုက္သည္။ ေမက ေလးငယ္လက္ထဲ ႀကိမ္လံုးတစ္ေခ်ာင္း ထည့္ေပးထားသည္။ အိမ္စာမလုပ္ထားမိလၽွင္၊ ဂိမ္းဆိုင္ေရာက္သြားလၽွင္၊ စာသင္ဝိုင္းမွာ စာေမးပြဲေျဖခိုင္းလို႔မွ အမွတ္နည္းၿပီဆိုလၽွင္၊ သူမက်က္ခိုင္းသည့္စာမွ မရလၽွင္ သူ႔မွာ ထိုင္ထလုပ္ရသည္ကတစ္မ်ဳိး၊ အ႐ိုက္ခံရသည္ကတစ္ဖံု၊ ေခါင္းေခါက္ခံရသည္ကတစ္သြယ္၊ လက္ဆစ္ေခါက္ခံရသည္ကတစ္နည္းႏွင့္ ကေလးတစ္ေယာက္လို အျပစ္ေပးခံေနရသည္။
တစ္ခါက......
ေလးငယ္တို႔အိမ္မွာစိုက္ထားေသာ သစ္ခြေတြပြင့္၍ မနက္ေစာေစာ ေလးငယ္ေက်ာင္းသြားရင္း ဝင္ေပးသည္။ ေမက ေလးငယ္ႀကိဳက္တဲ့ဟင္း ထည့္ေပးမည္ဆို၍ ေလးငယ္က သူ႔ထမင္းဘူးထဲ လြတ္ေနေသးသည့္အကန္႔တြင္ ထည့္မည္ဆိုကာ ထမင္းဘူးယူ၍အထဲျပန္ဝင္အလာ သူက အိမ္ေပၚထပ္ကေနေျပးအဆင္း ေလွကားအရင္းမွာတိုက္မိၿပီး ထမင္းဘူးေမွာက္ကုန္သည္။
"ဟာ ... နင္ဘယ္လိုလုပ္တာလဲ?"
"အာ ... sorry!"
အေမကၾကားသြားၿပီး မီးဖိုေခ်ာင္က ထြက္လာသည္။
"အငယ္ေကာင္ ... နင္ျပႆနာရွာျပန္ၿပီ။ မီးငယ္ ... တီေမျပန္ထည့္ေပးမယ္။ လာ ... လာ ... အဲဒါေတြထားလိုက္။ သူသိမ္းပါေစ"
ေမက သူ႔ကိုေမးေငါ့ေျပာသြား၍ သူလည္း သူ႔ဘာသာလက္ညႇိဳးျပန္ထိုးရင္း ေၾကာင္ေတာင္ေတာင္ႏွင့္ က်န္ခဲ့သည္။ ေနာက္မွ အိမ္ကေခြးေလး အစာခြက္ယူကာ အကုန္ၾကံဳးထည့္လိုက္သည္။ မီးဖိုခန္းထဲတြင္
"ဟယ္ ... မီးငယ္ေရ၊ ထမင္းအိုးက မီးခလုတ္လြတ္ေနတယ္။ ပူေတာင္မပူေသးဘူး"
"ရတယ္၊ တီေမ။ မီးငယ္ ေက်ာင္းမွာဝယ္စားလိုက္မယ္"
"မရပါဘူး။ ေန႔လည္က်ရင္ အငယ္ေကာင္ကို ထမင္းခ်ဳိင့္ပို႔ခိုင္းလိုက္မယ္"
"ေက်ာင္းကိုလား?"
"ေအးေပါ့၊ မီးငယ္ေလးရဲ႕! သူလုပ္လို႔ျဖစ္တာ သူ႔ပို႔ခိုင္းရမယ္"
"ေကာင္းတယ္၊ တီေမ။ အဲဒါဆို မီးငယ္သြားေတာ့မယ္"
"ေအး ... ေအး ... မီးငယ္ေလး"
ေလးငယ္ထြက္လာေတာ့ ၾကမ္းမွာေပေနတာေတြ အဝတ္စုတ္နဲ႔တိုက္ေနတဲ့ ေနေကာင္းကင္က ဖယ္ေပးၿပီး
"သြားေတာ့မလို႔လား? ထမင္းဘူးေရာ?"
"နင္ လာပို႔ရမွာ"
"ဘယ္လို?"
"တီေမေျပာတာပဲ"
"ငါက ... နင့္ေက်ာင္းကို ... ?"
"မေက်နပ္ရင္ တီေမ့သြားေျပာ။ ငါက နင့္႐ုပ္ကိုျမင္ခ်င္တယ္ထင္ေနလား? လာဘ္ပိတ္လြန္းလို႔! ဟြန္း ...."
ဘဲႏႈတ္ခမ္းလို စူပုပ္ၿပီးေျပာကာ ထြက္သြားသည္။ သူ႔အေမကိုေမးေတာ့ သူက ထမင္းခ်ဳိင့္သြားပို႔ရမည္တဲ့ေလ။ မတတ္ႏိုင္။ သူလုပ္ခဲ့လို႔ ေမွာက္သြားတဲ့ထမင္းခ်ဳိင့္မို႔ သြားပို႔ရမည္သာ။
ေန႔လည္ Break Time အမီ သူေရာက္သြားသည္။ ေက်ာင္းထဲဝင္ေတာ့ First year တက္ေနၿပီျဖစ္သည့္ သူ႔ေက်ာင္းေနဖက္သူငယ္ခ်င္းေတြနဲ႔ ဆံုသည္။ Canteen ကို အတင္းေခၚေနၾက၍
"ဟိုေလ ... ငါက ၾကယ္စင္ဆုကို ထမင္းခ်ဳိင့္လာပို႔ေပးတာ။ သူ႔ဆီပို႔ၿပီးမွ ငါလိုက္ခဲ့မယ္။ မင္းတို႔ဘယ္မွာရွိမလဲ?"
"ဟား ... ဟား ... မင္းတို႔က အဲလိုေတြေတာင္ ျဖစ္သြားၿပီလား?"
"ဟာ ... မဟုတ္ဘူးကြ! မနက္က အိမ္ကိုပန္းလာပို႔ေတာ့ သူ႔ထမင္းဘူး ငါတိုက္မိလို႔ေမွာက္သြားတာနဲ႔ အဲဒါ ..."
"မင္းမွာလည္းေနာ္ ... သူ႔ဆို ခုထိေၾကာက္ေနရတုန္း"
"မင္းတို႔က အဲ့ဒီလိုမေျပာပါနဲ႔ကြ! ခု ၾကယ္စင္ဆုက ေနေကာင္းကင္ရဲ႕ ေငြေသာ္တာေရာင္ျခည္ကြ!"
"ဘယ္လို ... ဘယ္လို ...?"
"သူ႔ရဲ႕ Private Teacher ေလကြာ"
"ဒီလိုလား ... ဟား ... ဟား ...."
"အဲဒီဆရာမနဲ႔ အခုဆရာမနဲ႔ မတူဘူးေလ"
"မတူလည္း ေရာင္ျခည္ပဲကြာ"
သူေျပာရသည္မရွိ။ သူတို႔နဲ႔ အလယ္တန္းကတည္းက အတူတက္လာၾကသည္မို႔ အေၾကာင္းသိေနသည့္ သူငယ္ခ်င္းေတြ ဝိုင္းစေနၾကသည္။
"ေျပာေတာ့ကြာ ... ငါသြားေပးလိုက္ဦးမယ္"
"ေနဦး! ငါတို႔လည္း လိုက္မယ္။ ၿပီးရင္လည္း ၾကယ္စင္ဆုတို႔က Canteen သြားမွာပဲေလ"
"ဟုတ္တယ္၊ ငါတို႔အတူသြားမယ္"
သူ မျငင္းသာေတာ့။ ေလးငယ္ဆီသြားရင္ သူမသူငယ္ခ်င္းမိန္းကေလးေတြလည္း ရွိေနမည္မို႔ သူ႔ေဘာ္ဒါေတြပါေတာ့လည္း သူအေဖာ္ရတာေပါ့ေလ။ သို႔ႏွင့္ ေလးငယ္တို႔စာသင္ခန္းသို႔ သူတို႔သူငယ္ခ်င္းေတြ ခ်ီတက္ခဲ့ၾကသည္။
အခန္းနားေရာက္ခါနီးမွာပင္ ေလးငယ္တို႔ႏွင့္ေတြ႕သည္။
"ေလးငယ္၊ ဒီမွာ"
သူေပးတဲ့ျခင္းကိုလွမ္းယူေတာ့ ေလးငယ္သူငယ္ခ်င္းေတြ အသံစံုထြက္လာၾကသည္။ ေလးငယ္က
"ၿပီးရင္ ဒါေတြျပန္ယူသြား"
"အဲဒါဆို ငါတို႔ နင္တို႔ေနာက္ကလိုက္ခဲ့မယ္။ ေရွ႕ကသြားႏွင့္ေလ"
"အင္း"
"ဝိုး .... ဟိုး ....."
ေနေကာင္းကင္ေဘာ္ဒါေတြရဲ႕ အသံေၾကာင့္ ေလးငယ္က
"ဘာျဖစ္တာလဲ?"
"မဟုတ္ပါဘူး ၾကယ္စင္ရာ။ ဒီေကာင္ႀကီးကို ေျပာတာပါ။ နင္တို႔သြားႏွင့္။ ငါတို႔ ေကာင္းကင္နဲ႔စကားေျပာရင္း ေနာက္က လိုက္ခဲ့မယ္"
သူ႔သူငယ္ခ်င္းတစ္ေယာက္က ဝင္ေျပာေတာ့ ေလးငယ္လွည့္ထြက္သြားသည္။ အကုန္လံုးက ေနေကာင္းကင္ကို ဝိုင္းၾကည့္ၿပီး
"မင္းေၾကာင့္ေတာ့ ငါတို႔ေယာက်္ားေလးေတြ ေဈးက်ကုန္ၿပီကြာ"
"ငါက ဘာလုပ္ေနလို႔လဲ?"
"ၾကယ္စင္ဆုသူငယ္ခ်င္းေတြေရွ႕မွာ သူေျပာသမၽွကို မင္းက တအင္းအင္းနဲ႔ တစ္ခြန္းမက်န္ ျပန္ေျပာေနတာေလ"
"ဟာကြာ"
"ေျပာမေနပါနဲ႔ကြာ။ သူတို႔က ငါတို႔စသိကတည္းက ဒီအတိုင္းပဲကို။ ေနာ္ ... ေယာက္ဖ?"
"ဘယ္လို? မင္းက ေကာင္းကင္ကိုေယာက္ဖေခၚရေအာင္ မင္းတို႔မွာ အစ္မမရွိ၊ ညီမမရွိနဲ႔ကို ..... "
"သူေျပာေနက်ေလ။ ၾကယ္စင္ဆုက ငါ့ညီမေလးလိုပါပဲဆိုတာ။ အဲဒါ"
"ဪ ..... "
အားလံုးဝိုင္းၿပီး ဪ ေတာ့မွ သူက
"ဟိုကၾကားေအာင္ သြားေျပာၾကကြာ"
"သားသား ေၾကာက္ေၾကာက္! သူကစြာတယ္ ကိုကို။ သားက ငယ္ေသးတယ္။ ပါခ်ဳပ္ႀကီးနဲ႔ ေတြ႕ရဲေသးဘူး"
"ဟား ... ဟား ... ဟား ..."
သူတို႔အဖြဲ႕ရယ္ေမာၿပီး ေလးငယ္တို႔ရဲ႕ခပ္လွမ္းလွမ္းကေန အခ်င္းခ်င္းစေနာက္ၿပီး ပါလာၾကသည္။ Canteen မွာ တစ္ဝိုင္းစီထိုင္စားေသာက္ၾကၿပီး ေလးငယ္တို႔ကစားၿပီးေတာ့ ထလာကာ သူ႔ဆီျခင္းလာေပးရင္း
"ႏွစ္နာရီမွာ က်ဴရွင္ရွိတယ္မဟုတ္လား?"
"အင္း ... မီပါတယ္ဟ! ခဏေနျပန္ေတာ့မွာကို ... "
ေလးငယ္တို႔ထြက္သြားေတာ့ သူ႔ကိုေျပာၾကျပန္ၿပီ။
"ႏွစ္နာရီမွာ က်ဴရွင္ရွိတယ္မဟုတ္လား? ျပန္ေတာ့ေလ။ ပါးစပ္ကစားၿပီးၿပီကို ဘာေတြ မ်က္စိအစာေကၽြးေနတာလဲ?"
"ကိုယ္က မင္းကလြဲၿပီး ဘယ္မိန္းကေလးကိုမွ မၾကည့္ပါဘူး"
"ဟင္ ... ဒါဆို သူက ေယာက်္ားခ်င္းေတာ့ လိုက္ၾကည့္တယ္ေပါ့၊ ရင္ေတြခုန္လိုက္တာ..."
သူ႔ကို စလိုက္ၾက၊ ရယ္လိုက္ၾကႏွင့္မို႔
"ကဲ! ေတာ္ၾကပါေတာ့။ မင္းတို႔ေျပာတာနဲ႔တင္ ငါလည္း ရစရာမရွိေတာ့ပါဘူး"
"ရစရာမရွိရင္လည္း ေပးစရာရွိတာေတာ့ ေပးသြားကြာ"
"ေပးဖို႔ပိုက္ဆံပါမလာလို႔ ငါစားတာေလးေတြ မင္းတို႔ရွင္းၾကေနာ္"
"ေဟ ... ေအးေပါ့ကြာ။ ငါတို႔ကအိမ္ရွင္ဆိုေတာ့ ရွင္းရေတာ့မွာေပါ့"
"ေကာင္းကင္၊ မင္း ေနာက္ႏွစ္ ဘယ္ေက်ာင္း Join ျဖစ္မလဲ?"
"ဘာလို႔လဲ?"
"ငါ မင္းကို First year မွာပဲ ေစာင့္မလို႔"
"ေဟ့ေကာင္၊ မင္းဘာသာ က်ရင္က်၊ ငါ့ကို တရားခံမရွာနဲ႔။ အမွတ္မီလည္း ေဆးေက်ာင္းမတက္ဘူး"
"တကယ္ႀကီးလား? TU သြားမွာလား?"
"အင္း ... ၿပီးေတာ့ ရန္ကုန္ကအဘြားအိမ္မွာေနၿပီး ဟိုမွာပဲ တက္ျဖစ္မယ္ထင္တယ္"
"ဟာ ... အဆင္ေျပတယ္။ မင္းေက်ာင္းကို လိုက္လည္လို႔ရတာေပါ့"
"နယ္ေက်ာ္ဖြန္ေၾကာင္ပဲ"
"ဟား ... ဟား ... ဟား ..."
"ဂန္ဒူးမဟုတ္ေၾကာင္း သက္ေသျပတာကြ"
"ကဲ! ငါျပန္ေတာ့မယ္။ မင္းတို႔လည္း အတန္းျပန္ရမယ္မဟုတ္လား? ဟဲဟဲ"
"မင္း ဟဲဟဲ က ငါတို႔ ဘယ္အတန္းေရာက္သြားလို႔လဲ?"
"ငါတို႔က အတန္းခ်ိန္မရွိေတာ့ဘူး။ ဂိမ္းဆိုင္သြားမွာ"
"ႀကိဳးစားတယ္ေနာ္"
"မင္းလိုက္ခဲ့မလား?"
"ေဟ့ေကာင္ ... သူ႔ကိုမေခၚနဲ႔ေလ။ ခုနကပဲ သူ႔ဆရာမမွာသြားတယ္ေလ"
"ဟာဟ! အုပ္ထိန္းသူကိုေၾကာက္ရတာကိုး"
သူဘာမွျပန္မေျပာ။ သူေျပာရင္ မင္းက ေၾကာက္သလား ဘာလားနဲ႔ မခံခ်င္ေအာင္စၿပီး ေခၚသြားၾကမယ့္အခ်ဳိးေတြ ႀကိဳျမင္သည္မို႔ အသာေရွာင္ထြက္လာခဲ့ရသည္။
¤
"ဟဲ့ ... ဘာေတြေတြးေနတာလဲ?"
"ဟင္ ... နင္ငါ့ကို အႏိုင္က်င့္ခဲ့တာေတြ ေတြးေနတာ"
"ဘာရယ္? ... ဘယ္လို...?"
¤
အပိုင္း (၈) ဆက္ရန္
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
နောက်နေ့ သူ ထွဋ်ခေါင်ကို အိမ်ကို ခေါ်လိုက်သည်။ သူက ခဏငြိမ်နေရမည်လေ။
"ဟေ့ကောင်၊ ငြိမ်နေတယ်ပေါ့"
"အင်း"
"ကဲ ... ပြော"
"ဘာပြောရမှာလဲကွ!"
"မင်း ပြောချင်နေတာတွေလေ"
"ဟား ... ဟား ... ဟား ... ငါက ပြောချင်လို့ ခေါ်လိုက်တယ်ထင်တာလား?"
"အဲ ... ခေါ်လိုက်ပြီးမှ ပြောချင်တာလည်း ဖြစ်နိုင်တာပဲ"
"သေချာလှချည်လား?"
"မပြောချင်လည်း ရပါတယ်။ ပြဿနာမရှိဘူး"
"လွမ်းလို့ပါကွာ"
"မွန်း?"
"အင်း"
"မင်းကလည်းကွာ၊ ခုမှတစ်ပတ်ပဲရှိသေးတယ်။ လွမ်းပြီလား?"
"ဘယ်လောက်ကြာမှ လွမ်းရမယ်လို့ ဖော်မြူလာရှိလို့လား?"
"လွမ်းကွာ ..... လွမ်း! လွမ်းလို့ဝရင် ပါးရိုက်ခံရသေးလားလို့ ပြောပါဦး"
သူက ခေါင်းငုံ့ပြလိုက်သည်။
"အဲဒါက ?"
"အဲဒီလိုဖြစ်သွားတယ်"
"လေးငယ် လက်ချက်လား?"
သူခေါင်းညိတ်ပြလိုက်တော့ ထွဋ်ခေါင်က အံ့ဩသလိုဖြစ်သွားပြီးမှ ရယ်ပါတော့သည်။
"ပျော်နေတယ်ပေါ့"
"ဟား ... ဟား ... မင်းကတော့ လေးငယ်နဲ့ဆို အမြဲတမ်း ခံဘက်ကချည်းပဲ"
"သွားတောင်းပန်တာကို တွေ့သမျှနဲ့ ကောက်ပေါက်လို့ ခေါင်းထိသွားတာ"
"မရှောင်လိုက်လို့ပါဆိုတာလေး ထည့်ပြော"
ထွဋ်ခေါင်တို့က အကြောင်းသိမို့ သူပြုံးမိသည်။
"ပြီးတော့၊ ငါရန်ဖြစ်ပြီး ခေါင်းပေါက်ပါတယ်လို့ မေ့ကိုတိုင်တယ်ကွာ"
"ဟေ ... မိုက်တယ်ကွာ"
"အဲဒီလိုပြောရင် လူတိုင်း သဘောကျကြတယ်"
"အဟဲ ... သူ့အိုင်ဒီယာက မဆိုးဘူးလေကွာ"
"ဆိုးတယ်ကွ ... ဆိုးတယ်။ ငါ့မှာ နှစ်နာရီလောက် ဒူးထောက်လိုက်ရတယ်"
"ဟား ... ဟား ... ဟား ........."
"သေးထွက်ကျနေဦးမယ်။ ဖြည်းဖြည်းရယ်စမ်း"
"အဟီး ... မင်းက အမှန်အတိုင်းပြောလိုက်လို့ ဘာဖြစ်သွားမှာလဲ?"
"အမှုပိုကြီးသွားမှာပေါ့။ ကျောင်းပြီးရင် ပေးစားမယ်တကဲကဲပြောနေတာ။ နောက်နေတာမဟုတ်ရင် ဘယ်လိုလုပ်မလဲ?"
"ဟိုက လက်ခံမှာကျနေတာပဲ။ မင်းကပဲ ပူရတယ်လို့!"
"ဘယ်ပြောလို့ရမလဲ?"
"အဟက် ... ဘဝင်မြင့်နေလို့ ခေါင်းထိတာ"
"ဖြစ်ရဦးမယ်"
"တော်စမ်းပါကွာ! မင်း ဘယ်တုန်းက လေးငယ်ကိုနိုင်လို့လဲ? ကလန်ကဆန် လုပ်ဖူးလို့လဲ?"
"ဘာကွ! မနိုင်စရာလား? မလုပ်ရဲစရာလား?"
"လုပ်ရဲလို့လား?"
"မလုပ်ချင်တာကွ!"
"ငါပြောပါတယ်။ ဟိုက ငယ်နိုင်ပါလို့"
"ငယ်လို့ အနိုင်ပေးထားတာ"
"ငါမေးပါဦးမယ်။ မင်း ဘာလို့ သူ့ကို အဲ့ဒီလောက် အလိုလိုက်တာလဲ?"
"ဟမ် ... မဟုတ်ပါဘူးကွ! နှစ်အိမ်လုံးမှာ သူက အငယ်ဆုံးလေ။ သူ့စိတ်တိုင်းကျ နေပါစေဆိုပြီး လွှတ်ထားလိုက်တာပါ။ တကူးတက သည်းခံပေးနေတာမှ မဟုတ်တာ"
"အဲဒါလေ။ တကူးတကမဟုတ်ဘဲ အလိုလို သည်းခံနိုင်နေတာကိုက ထူးဆန်းတာ။ မင်းအိမ်မှာလည်း မင်းက အဆိုးဆုံးပဲလေ။ သူူနဲ့မှ မင်းက ရေမြွေဖြစ်နေတာ"
"ဟိုက မိန်းကလေးလေ။ ခြောက်လဆိုတာ အသက်ကြီးမှသိတဲ့လူတွေအတွက် ဘာမှမကွာပေမဲ့ ငါလမ်းလျှောက်တတ်၊ စကားပြောတတ်တဲ့အချိန်မှာ သူက မတ်တပ်ရပ်တိုင်း လဲကျနေတဲ့ ကောင်မလေးလေ။ အကုန်မမှတ်မိပေမဲ့ ကလေးဘဝတည်းက အတူတူကြီးလာတော့ ငါ့ဘက်ကကြည့်ရင် သူက ကလေးလိုပဲလို့ အမြဲတွေးမိနေတာ။ အဲဒါကြောင့်လည်း အလိုလိုက်သလို ဖြစ်နေတာ"
"ထားပါတော့။ ငယ်တုန်းကတော့ ဟုတ်ပါပြီ။ ခုအရွယ်ထိ အနိုင်ပေးထားတာကရော"
"မင်း ဘာလို့ တအားစပ်စုနေတာလဲ?"
"မင်းကိုယ်မင်း မမေးမိတာတွေရှိမှာစိုးလို့ ငါက မေးပေးနေတာ"
"ဘာကိုလဲ?"
"မင်းက မွန်းကိုချစ်တယ်ပြောတော့ လေးငယ်ကိုရော မင်းစိတ်ထဲ ဘယ်လိုလဲဆိုတာ သိသင့်တယ်လေ။ အမှန်အတိုင်းကိုပြောတာ။ ညီမလေးလို၊ သူငယ်ချင်းလိုဆိုတာက မင်းအသိစိတ်ထဲစွဲနေတဲ့ မင်းရဲ့လက်သုံးစကား။ မသိစိတ်ထဲ တကယ်ရှိနေတာက ဘာလဲဆိုတာ သိသင့်တယ်ထင်လို့"
"ငါက ... ငါက သူ့ကိုချစ်တယ်ဆိုရင် အဲဒါ အဖြူရောင်သက်သက်ပဲ"
"သေချာရင် ပြီးတာပါပဲ။ မွန်းက မင်းကိုချစ်တယ်ဆိုရင် သူ့ဘက်က ကိုလင်းရောင်ကိုထားခဲ့ရမှာ။ အဲဒါ သူ့အတွက် တော်တော်မလွယ်တဲ့ကိစ္စပဲ။ မွန်းက မင်းကိုရွေးပြီးမှ မင်းဘက်က လေးငယ်ကို စိတ်ထဲရှိနေပါတယ်ဆိုရင် အားလုံးအတွက် မကောင်းဘူး"
"ဟာ ... မဖြစ်နိုင်တာ"
"သေချာရင်ပြီးတာပဲ"
"မင်းက ဘာလို့ ..."
"အင်း ... ငါက ..."
"ဟဲ့ ..... ဪ ... ထွဋ်ခေါင်ရောက်နေတာကိုး"
လေးငယ်က အခန်းထဲဝင်လာတာပါ။
"အင်း ... ဒီကောင်ခေါ်လို့"
"ငါ ဝင်လာရမှာလား? ပြန်ထွက်ရမှာလား?"
"လာထိုင်လေ"
နေကောင်းကင်က ပြောလိုက်ခြင်းပါ။ သူက ပြတင်းပေါက်နားရပ်နေပြီး ထွဋ်ခေါင်က ကုလားထိုင်ကို ပြောင်းပြန်ခွထိုင်ထားတာမို့ လေးငယ်က သူ့ခုတင်ပေါ် ဝင်ထိုင်လိုက်သည်။
"တီမေက ရှိနေမယ်ပြောပြီး ဘယ်သွားတာလဲ?"
"ခဏနေ ပြန်လာလိမ့်မယ်။ ဒီနေ့တစ်နေကုန် မေက အိမ်မှာပဲ ရှိနေမှာ"
"အဲ့ဒါကြောင့် နင်က ငြိမ်နေတာပေါ့လေ"
"အဲဒါ လာပြောတာလား?"
"နင့်ဒဏ်ရာ ဘယ်လိုနေသေးလဲ လာကြည့်တာ"
သူ ဘာမှမပြောရသေးခင် ထွဋ်ခေါင်က
"အဲဒါက ဘာဖြစ်တာလဲ?"
"ရန်ဖြစ်တာ"
သူပြုံးမိသည်။ လေးငယ်က သဘောပေါက်ပြီး
"သူနဲ့ငါ ရန်ဖြစ်တာလေ"
ထွဋ်ခေါင်က
"ဟာ ဟ! အဲဒီလိုလား?"
"နင်က ဘာရယ်တာလဲ?"
"ဟေ ... ငါက ဘာဖြစ်လို့လဲ? နင်တို့ရန်ပွဲ ငါ့ဘက်လှည့်မလာနဲ့။ နင်တို့ဘာသာကိုက်ကြ"
"နင့်ကောင်ကမှ ခွေး"
"အဲ့ခွေးက နင့်ကို ဘယ်နားကိုက်သွားလဲ?"
"ဘာ ......! ကောင်းကင်၊ နင် ..... နင် ဘာပေါက်ကရပြောထားလဲ?"
"အဲဒါကလေ ... ဟို ..."
သူ ထွဋ်ခေါင်ကို ကြည့်လိုက်တော့ ထွဋ်ခေါင်က
"ငါက ဘာမေးလို့ နင်က ဘာတွေးနေတာလဲ?"
"နင်......."
"နင်က ဒီကောင်ကို ခွေးလို့ပြောလို့ အဲဒီခွေးက ဘယ်ကိုကိုက်သေးလဲမေးတာကို နင်က ဘာဖြစ်တာလဲ? ငါမသိသေးတာရှိလို့လား?"
"ဘာမှမရှိဘူး။ ငါ တီမေ့ကို သွားစောင့်နေလိုက်ဦးမယ်"
လေးငယ်ရှောင်ထွက်သွားမှ သူက ထွဋ်ခေါင်လက်မောင်းကို လှမ်းထိုးလိုက်သည်။
"အ! နာတယ်ကွ"
"မင်းလုပ်လို့ ဟိုက ထပ်ပြီး စိတ်ဆိုးရင် ငါသေလိမ့်မယ်"
"ငါက ဘယ်နားခွေးကိုက်လဲမေးတာ သူ့ဘာသာသူ မလုံတာလေ။ မင်းကို ခွေးဆိုလို့ ငါကမေးတာ"
"လာပြန်ပြီ ခွေး။ ငါကပဲ ထ,အူပြရမလို"
"ဒါကတော့ မင်းဝါသနာနဲ့မင်းပဲ"
"သောက်ကောင်"
¤
ညနေစောင်း လေးငယ်ပြန်ခါနီးတော့
"သားငယ်ရေ ... လာပါဦး"
"လာပြီ မေ"
"မီးငယ်ကို လိုက်ပို့လိုက်ဦး။ မှောင်တော့မယ်"
"လင်းနေသေးတာပဲ။ သူ့ဘာသာ ပြန်တတ်တာကို"
"ဟဲ့ ... နင်ဘယ်လိုပြောတာလဲ?"
"မေတို့ကတော့လေ သူ့သမီးထိရင် ကိုယ့်သားလေးကိုတောင် နင်တစ်လုံး ငါတစ်လုံးနဲ့ ပြောတော့တာပဲ"
"ဟဲ့! ဒီကောင်လေးတော့ နာချင်ပြီထင်တယ်"
"နင် ဘာမှ မနာလိုမဖြစ်နဲ့၊ ကောင်းကောင်း"
"မဖြစ်ပါဗျာ။ လာ ... ပြန်ပို့ပေးမယ်"
သူတို့ စက်ဘီးတစ်စီးနဲ့ ထွက်လာပေမဲ့ လေးငယ်က လမ်းလျှောက်မယ်ဆိုလို့ လျှောက်လာကြတော့
"နင် ထွဋ်ခေါင်ကို ဘာတွေပြောလိုက်သေးလဲ"
"သီဟကိုရွဲ့ပြီး နင့်ကို ငါ့ချစ်သူလို့ ပြောလိုက်လို့ နင်စိတ်ဆိုးပြီး ငါခေါင်းပေါက်တဲ့အကြောင်းပဲ ပြောလိုက်တာပါ"
"သေချာလား?"
"Sure"
"ပြီးရော။ ဒါပေမဲ့ သီဟက ငြိမ်နေမှာမဟုတ်ဘူး။ လျှောက်ပြောရင် ဘယ်လိုလုပ်မလဲ?"
"လူတွေသိလေ ပိုကောင်းလေပေါ့"
"ဘာ!"
လေးငယ် ရပ်လိုက်ပြီး သူ့လက်မောင်းကို လိမ်ဆွဲထားသည်။
"အား ... လွှတ်စမ်းပါ။ နာတယ်ဟ"
"နင် ပေါက်ကရတွေလျှောက်လုပ်ထားတာလေ။ အဲဒါကို ခုထိ ပျက်ချော်ချော်လုပ်နေတာလား?"
"အေးပါဟာ။ နောက်တာပါ။ နင် သူ့ဘက်မပါလို့ ဒီကောင်လျှောက်ပြောတာလို့ ပြန်ပြောလိုက်ရုံပဲ"
"ဒါတော့ ငါလည်းတွေးမိပါတယ်။ သူတို့က သုံးယောက်လုံးမြင်လိုက်တာလေ"
"သူတို့ဘာပြောပြော ငါတို့ ကာယကံရှင်နှစ်ယောက်လုံး မဟုတ်ဘူးငြင်းရင် ဘာပြောနိုင်မှာလဲ? သူတို့က အရင်ကတည်းက black list ထဲကပဲကို။ ငါတို့ငြင်းရင် သူတို့စကား ဘယ်သူမှမယုံလောက်ပါဘူး"
"အင်း"
တကယ်တော့ အဲဒီကိစ္စ သူလည်းတွေးနေတာ။ ဒီကောင်တွေလျှောက်ဖွရင် လေးငယ်က သက်သက်မဲ့ နာမည်ပျက်ရဦးမယ်။ သူကိုက လက်လွတ်စပယ် ရှင်းလိုက်မိတဲ့ ပြဿနာပါ။ ဒါကြောင့်လည်း လေးငယ်ဘာလုပ်လုပ် သူငြိမ်နေခဲ့တာ။
ဒါပေမဲ့ ဒီကောင်က သူရှုံးခဲ့တဲ့ကိစ္စကို လူသိအောင်ပြောမည်တော့ မထင်မိ။ သီဟက ကြယ်စင်ဆုဆိုတဲ့ လေးငယ်ကို လိုက်ကပ်နေတာ သိနေကြတဲ့သူတွေကြား သူ့အရှက်သူခွဲပြီး နေကောင်းကင်နောက် ပါသွားပါတယ်လို့တော့ လျှောက်မပြောလောက်ဘူူးလို့ ထင်သည်လေ။
သူ လေးငယ်ကိုပို့ပေးပြီး စက်ဘီးစီးပြန်လာတော့ သူ့နောက်ကကားတစ်စီးပါလာလို့ သူ ဘေးကပ်ပေးနေတဲ့ကြားက ကားက ကပ်ဆွဲသွားလို့ သူ့စက်ဘီးလဲသွားသည်။ တံတောင်ဆစ် ပွန်းသွားရုံမို့သာ။
ကားနံပါတ်မမြင်လိုက်ပေမဲ့၊ သီဟတို့အဖွဲ့ထဲကကားတော့ မဟုတ်ပေမဲ့ သူတို့ပဲဆိုတာတော့ သေချာသည်။ တမင်တကာ လုပ်သွားတာဆိုတော့ သူတို့မှလွဲ၍ တခြားသူမဖြစ်နိုင်။ သူဘယ်သူ့ကိုမှတော့ ပြောမနေတော့ပါ။ အသက်အန္တရာယ်အထိတော့ မလုပ်ရဲမှန်း သူသိသည်မို့ စိတ်ပူအောင် ပြောမနေတော့ပေ။
¤
"လင်းရေ ...... လင်း"
"လာပြီ .......။ ဟယ်! ချော်လဲတာလား? ထ ... ထ ... ငါထူပေးမယ်"
လင်းလက်တစ်ယောက် သူ့အိမ်က သင်္ကြန်ပိတ်ရက် ခရီးထွက်ကြမည်ဆို၍ သူက မွန်းရှိရာတောင်ကြီးကို လိုက်လာခြင်းပင်။ လင်းလက် တောင်ကြီးကို မရောက်တာကြာပြီ။ တက္ကသိုလ်ပထမနှစ်ပြီးတုန်းက လိုက်လည်ဖူးပြီးနောက်မှာ ခုလိုမလည်ဖြစ်ကြ။
အခုညနေပိုင်း လင်းလက်က သူတို့အခန်းဝရန်တာမှာ ရှိနေတုန်း ရေချိုးခန်းထဲက မွန်းလှမ်းအော်လို့ သူမလာကြည့်တော့ ချော်လဲပြီး ထိုင်လျက်သားလေးဖြစ်နေသော မွန်းကို တွေ့လိုက်ရသည်။
"ရရဲ့လား?"
သူမကိုတွဲထူပြီး ခုတင်ပေါ် ခေါ်လာခဲ့လိုက်သည်။
"ဘယ်လိုဖြစ်တာလဲ မွန်းရယ်။ ဘယ်နားနာသွားလဲ?"
"မနာပါဘူး။ လက်တွေ ကပ်စေးစေးဖြစ်နေလို့ ရေဆေးတာ။ ခေါင်းထဲမိုက်ခနဲဖြစ်သွားလို့ အသာလေး ထိုင်ချလိုက်တာ။ ပြန်ထဖို့ကို မူးနောက်နောက်ဖြစ်နေတာနဲ့ နင့်ကိုခေါ်တာ။ ချော်လဲတာမဟုတ်ဘူးဟ"
"တော်သေးတာပေါ့။ မူးနေတာဆိုတော့ ဆေးသောက်လိုက်လေ။ ငါယူပေးမယ်"
"မသောက်တော့ဘူး။ ခဏလေးလှဲနေလိုက်မယ်။ ငြိမ်နေရင်ကောင်းသွားမှာပါ"
"အေးပါ။ လှဲနေလိုက်။ မသက်သာရင်ပြော"
"အင်း"
¤
သင်္ကြန်ရက်
ဒီရက်တွေ မေက အိမ်မှာရှိမယ်ဆိုတာနဲ့ ဖေက အဘွားဆီသွားပြီး မရီးက တရားစခန်းဝင်သည်။ အစ်ကိုက သင်္ကြန်ပြီးရင်အပ်ရမည့် ပြင်ဦးလွင်မှအိမ်ကို အပြီးသတ်စစ်ဆေးရန် သွားနေသည်။ အကြတ်နေ့မှ ပြန်လာမည်တဲ့။
အတက်နေ့ဆို နှစ်တိုင်းမုန့်လုပ်နေကျမို့ အိမ်မှာရှိသည့်လူနှင့် ဝတ္တရားမပြတ် အမြဲလုပ်ဖြစ်သည်။ သူရယ်၊ လေးငယ်ရယ်က အမြဲတမ်းမပါမဖြစ်။ ကျန်တဲ့လူတွေသာ မရှိရင်နေမည်၊ သူတို့က အမြဲတမ်းရှိသည်။ နောက်တော့ ထွဋ်ခေါင်နှင့် ကျော်ဇေတို့ပါ ပါလာသည်။ သည်နှစ်လည်း သူတို့သူငယ်ချင်းတွေ လူစုံသည်။
ဒီနေ့ အကြိုနေ့မို့ ဘာသံမှမကြား။ နေ့လည်ကျတော့ မေက လေးငယ်တို့အိမ်သွားဖို့ ကားထုတ်ခိုင်းသည်။ လေးငယ်မေမေနှင့် သူ့အမေက ငယ်သူငယ်ချင်းတွေ။ သူတို့က ငယ်သူငယ်ချင်းတွေမို့ တွေ့ကြပြီဆိုမှဖြင့် လူငယ်တွေလို စကားတွေ တွတ်ထိုးပြီး ရယ်မောပျော်ရွှင်နေတတ်ကြ၏။
ခုလည်း စကားပြောဖို့ နေ့လည်ခင်းကြီး အပြင်ထွက်မလို့တဲ့။
"နေပူနေတာကို အပြင်ထွက်မလို့လား မေရဲ့"
"ကားပေါ်မှာ နေပူမလား? လိုက်ပို့ပေးစမ်းပါ"
"ဟင်! မေ့ဘာသာသွားမှာမဟုတ်ဘူးလား?"
"မအေကိုတောင် ကပ်သပ်နေတာ...."
"မဟုတ်ပါဘူး မေရယ်။ နေပူလို့ပြောတာပါ။ နေအေးမှသွားလည်း ရတာကို"
"နေကောင်းကင်! ခုမှ အပူကြောက်နေတာလား?"
"ဟုတ်ကဲ့! လိုက်ပို့ပေးမယ်။ ကားသွားထုတ်လိုက်မယ်နော်။ မေ လိုက်လာခဲ့"
သူပြောပြီး ထွက်လာခဲ့သည်။ မထွက်လာလို့လည်းမရ။ သူ့အမေက တားလို့ရမည်မှမဟုတ်တာ။ သူလျှာရှည်ရင် လက်တွေပါလာတော့မည်။ ဒါတောင် ကားပေါ်တက်တော့ သူက နောက်လိုက်သေးသည်။
"မေတို့စားဖို့ မုန့်တွေပါလာရဲ့လား?"
"နင်က ရွဲ့တာလား?"
"မေ့မှာစိုးလို့ပါ။ မေကလည်း စေတနာနဲ့ မေးတာပါဗျ!"
"နင့် မျက်နှာပေး ငါသိတယ်။ ဟင် ... နင်က အဲ့ဒီဘောင်းဘီတိုနဲ့ အင်္ကျီချိုင်းပြတ်နဲ့ လိုက်မှာလား?"
"ဘာဖြစ်လို့လဲ? အလှူသွားတာမှမဟုတ်တာ"
"ဘယ်လိုကလေးမှန်းမသိဘူး။ အမြဲတမ်း ဖိုသီဖတ်သီ ဖရိုဖရဲနဲ့"
သူကပါ အမေဖြစ်သူပြောသည်ကို ပါးစပ်လှုပ်ရုံလိုက်ပြောရင်း ကားမောင်းထွက်လာခဲ့သည်။ ဒီစကားက သူ့အမေသူ့ကို ပြောနေကျစကား။ သူကလည်း သူနေချင်သလိုနေသည်လေ။ အခုလည်း သူက အိမ်နေရင်းအဝတ်နဲ့ ထွက်လာသည်ကို ပြောနေသည်။ လေးငယ်တို့အိမ်ကိုများ ဘာတွေထူးဆန်းနေရဦးမှာလဲ?
¤
"ဟယ် ... ယမင်း! နေပူကြီးထဲ လာခဲ့တာလား?"
"ကားထဲမှာ နေမပူပါဘူး အမိရယ်"
နေကောင်းကင်ရဲ့ အမေ ဒေါ်ယမင်းသူနဲ့ လေးငယ်ရဲ့မာမီ ဒေါ်မိမိမွန်တို့ရဲ့ နှုတ်ဆက်စကားတွေပါ။
"ပြောလို့မရပါဘူး တီမွန်ရာ"
"နင်က ဒီရောက်နေပြီကို ဘာပြောချင်သေးတာလဲ?"
လေးငယ် အနားရောက်လာပြီး ပြောသည်။
"ပါပြန်ပြီ လေးငယ်ရာ"
"နင်တို့လျှောက်သွားရင် မိုးမမြင်၊ လေမမြင်၊ နေမမြင်တွေလေ။ ခုမှ လာပြောမနေနဲ့"
"အေးကွယ် ... မီးငယ်ရယ်၊ ပြောလိုက်စမ်းပါ"
"ပြောမှ တီမေရေ ... တီမေ့ဒရိုင်ဘာက အချိုးမပြေဘူး"
"ဘာပြောတယ်?"
"ပြောသာပြောရတာပါ။ နင်က ဒရိုင်ဘာထက်ကို စုတ်တီးစုတ်ပဲ့နိုင်တာ"
"အခါကြီး ရက်ကြီးမှာ ကိုယ့်ထက်အသက်ကြီးတဲ့သူကို အခုလိုပြောနေရင်တော့ နင် ငရဲကြီးမယ်"
"တစ်ခုနှစ်တည်းမွေးတာလေ"
"ခြောက်လတော့ ကွာတယ်လေ။ တစ်ရက်၊ တစ်မနက်ကြီးလည်း အသက်ကြီးတာပဲ"
"ဟုတ်ကဲ့ အဘ"
ပြောပြီး လေးငယ်က မေတို့ဝင်သွားတဲ့ မီးဖိုချောင်ဘက် လိုက်ဝင်သွားသည်။ သူက တီဗွီရှေ့သွားပြီး ယူလာတဲ့အခွေကို ဖွင့်ကြည့်နေလိုက်သည်။ ခဏကြာတော့ လေးငယ်တစ်ယောက် အသီးတွေ၊ အအေးတွေနဲ့ ရောက်လာပြီး
"ဟဲ့! ငါမှာတဲ့သရဲကား ပါလာလား?"
"ရော့! နင်ဘာသာ သွားကြည့်"
"ဟာ ... ဒီမှာကြည့်မှာ"
"အဲ့ဒါဆို ငါ နင့်အခန်းမှာ ဒါကိုသွားကြည့်မယ်။ ငါ ကြည့်လက်စဖြစ်နေပြီ"
"ဟမ် ... ငါနဲ့ သရဲကားကြည့်ပါဟာ၊ နော်?"
"မကြည့်ပါဘူး"
"နင်ကလည်း ... မသွားပါနဲ့။ ဒီမှာ အသီးတွေ၊ အအေးတွေ နင့်အတွက်ပါ ယူလာတာ"
"မဖားနဲ့ လေးငယ်"
"သရဲကားကြည့်မယ်ဟာ ... နော်? မနေ့က ဇီးသီးကို ထန်းလျက်နဲ့ယိုထိုးထားတာ၊ ဒီမှာ"
"နင်ကိုယ်တိုင် လုပ်ထားတာလား?"
"အင်းပေါ့။ မယုံရင် မာမီ့ကိုမေးကြည့်ပါလား? လာစားကြည့်။ နင်နဲ့တည့်တယ်"
"ဘာပြောတယ်? ငါက စိတ်နောက်နေလို့လား?"
"ဟိုလေ ... နင်ကြိုက်တယ်လို့ ပြောတာပါ"
"ဟင်း ...လေးငယ်၊ နင်တော့နော်"
"အဟဲ ... သရဲကားကြည့်ရအောင်ဟာ"
သူခေါင်းညိတ်လိုက်ရသည်။ ဒီလိုမှမဟုတ်လည်း သူ့ကိုနှောင့်ယှက်နေမှာလေ။
လေးငယ်က သရဲကားကြည့်ပြီး အသံစုံထွက်၊ သူက စားလိုက်၊ သောက်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ လေးငယ်ယူလာတဲ့အထဲ သရက်သီးတွေ ငံပြာရည်၊ ငရုတ်သီး၊ ပုစွန်ခြောက်မှုန့်နဲ့ နယ်ထားတာလည်း ပါသည်။
"လေးငယ်၊ နင် သရက်သီးတွေမစားဘူးလား?"
"စားမှာ ခဏ၊ ဒီမှာ အရေးကြီးနေတယ်။ ကြောက်စရာကြီးဟ"
အကြည့်မပျက် လှမ်းပြောသည်။ ကြောက်ဖို့ကောင်းတယ်ပြောပြီး မျက်တောင်မခတ်စိုက်ကြည့်နေသည်။ သူတစ်ချက် ခေါင်းခါလိုက်ပြီး သရက်သီး ယူစားလိုက်သည်။ သူတစ်ယောက်လည်း ငယ်ငယ်ကတည်းက လေးငယ်စားသမျှလိုက်စားရင်း အစပ်တွေ၊ အချဉ်တွေဆိုတာ သူ့အတွက်ရိုးနေပြီ။ တုတ်ထိုးဆိုင်၊ အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ တစ်မြို့လုံး သူတို့မထိုင်ဖူးတာ တစ်ဆိုင်မှမရှိသလောက်။ အခုလည်း သရက်သီးတွေ ထိုင်စားနေမိပြီ။
"ဟင် ... ငါ့သရက်သီးတွေ ဘယ်ရောက်ကုန်လဲ?"
"အဲဒီမှာလေ"
"ဒါပဲကျန်တာလား?"
"မနည်းပါဘူးဟ!"
"နင် ဘယ်လိုစားလိုက်တာလဲ?"
"ပါးစပ်ထဲထည့်ပြီး သွားနဲ့ဝါးစားတာပေါ့"
"မိန်းကလေးရှုံးတယ်"
"အာ့ ညည်းအပူလားအေ"
"ဟာဟ ... အခြောက်မ"
"ခြောက်/မခြောက် သိချင်လား?"
"ဟော ... လာပြီ။ သရဲမ"
တီဗွီကိုညွှန်ပြပြီး စကားလမ်းကြောင်း ပြန်လွှဲသွားပြန်သည်။
¤
ဒီကောင်မလေးနဲ့က ဘယ်လိုရေစက်မှန်းမသိ။ အရင်ဘဝက သူ့ဘက်က ပေးစရာအကြွေးကျန်တာလား? လေးငယ်နှင့်ဆို သူကချည်း အလျှော့ပေးရသည်သာ။ ငယ်ငယ်ကဆို ကျောင်းပြေးတာ၊ ဂိမ်းဆိုင်ရောက်နေတာ၊ လပတ်စာမေးပွဲတွေ အမှတ်အရမ်းနည်းတာ၊ ကောင်မလေးတစ်ယောက်ယောက်ကို စနောက်လိုက်တာ၊ ရန်ဖြစ်တာ စသည့် သူရဲ့အကြောင်းတွေဆို ဆရာမတွေက အိမ်ကို တကူးတကအကြောင်းကြားစရာမလို။ လေးငယ်က အကုန်ပြန်တိုင်သည်။ သူ မကြာခဏအရိုက်ခံ၊ အဆူခံရလည်း ပြန်တိုင်သည့်လေးငယ်ကို သူစိတ်မဆိုးမိ။
ဆယ်တန်းပြန်ဖြေသည့်နှစ်က အဖေ့အစီအစဉ်ကြောင့် လေးငယ်က Guide လုပ်သည်ကို လက်ခံလိုက်ရသည်။ ထိုစဉ်ကပိုဆိုးသည်။ လေးငယ်ကတိုင်လျှင် တချို့ကိစ္စတွေဆို ဖေက လေးငယ်ကို ဂျင်နရယ်ပါဝါလွှဲလိုက်သည်။ မေက လေးငယ်လက်ထဲ ကြိမ်လုံးတစ်ချောင်း ထည့်ပေးထားသည်။ အိမ်စာမလုပ်ထားမိလျှင်၊ ဂိမ်းဆိုင်ရောက်သွားလျှင်၊ စာသင်ဝိုင်းမှာ စာမေးပွဲဖြေခိုင်းလို့မှ အမှတ်နည်းပြီဆိုလျှင်၊ သူမကျက်ခိုင်းသည့်စာမှ မရလျှင် သူ့မှာ ထိုင်ထလုပ်ရသည်ကတစ်မျိုး၊ အရိုက်ခံရသည်ကတစ်ဖုံ၊ ခေါင်းခေါက်ခံရသည်ကတစ်သွယ်၊ လက်ဆစ်ခေါက်ခံရသည်ကတစ်နည်းနှင့် ကလေးတစ်ယောက်လို အပြစ်ပေးခံနေရသည်။
တစ်ခါက......
လေးငယ်တို့အိမ်မှာစိုက်ထားသော သစ်ခွတွေပွင့်၍ မနက်စောစော လေးငယ်ကျောင်းသွားရင်း ဝင်ပေးသည်။ မေက လေးငယ်ကြိုက်တဲ့ဟင်း ထည့်ပေးမည်ဆို၍ လေးငယ်က သူ့ထမင်းဘူးထဲ လွတ်နေသေးသည့်အကန့်တွင် ထည့်မည်ဆိုကာ ထမင်းဘူးယူ၍အထဲပြန်ဝင်အလာ သူက အိမ်ပေါ်ထပ်ကနေပြေးအဆင်း လှေကားအရင်းမှာတိုက်မိပြီး ထမင်းဘူးမှောက်ကုန်သည်။
"ဟာ ... နင်ဘယ်လိုလုပ်တာလဲ?"
"အာ ... sorry!"
အမေကကြားသွားပြီး မီးဖိုချောင်က ထွက်လာသည်။
"အငယ်ကောင် ... နင်ပြဿနာရှာပြန်ပြီ။ မီးငယ် ... တီမေပြန်ထည့်ပေးမယ်။ လာ ... လာ ... အဲဒါတွေထားလိုက်။ သူသိမ်းပါစေ"
မေက သူ့ကိုမေးငေါ့ပြောသွား၍ သူလည်း သူ့ဘာသာလက်ညှိုးပြန်ထိုးရင်း ကြောင်တောင်တောင်နှင့် ကျန်ခဲ့သည်။ နောက်မှ အိမ်ကခွေးလေး အစာခွက်ယူကာ အကုန်ကြုံးထည့်လိုက်သည်။ မီးဖိုခန်းထဲတွင်
"ဟယ် ... မီးငယ်ရေ၊ ထမင်းအိုးက မီးခလုတ်လွတ်နေတယ်။ ပူတောင်မပူသေးဘူး"
"ရတယ်၊ တီမေ။ မီးငယ် ကျောင်းမှာဝယ်စားလိုက်မယ်"
"မရပါဘူး။ နေ့လည်ကျရင် အငယ်ကောင်ကို ထမင်းချိုင့်ပို့ခိုင်းလိုက်မယ်"
"ကျောင်းကိုလား?"
"အေးပေါ့၊ မီးငယ်လေးရဲ့! သူလုပ်လို့ဖြစ်တာ သူ့ပို့ခိုင်းရမယ်"
"ကောင်းတယ်၊ တီမေ။ အဲဒါဆို မီးငယ်သွားတော့မယ်"
"အေး ... အေး ... မီးငယ်လေး"
လေးငယ်ထွက်လာတော့ ကြမ်းမှာပေနေတာတွေ အဝတ်စုတ်နဲ့တိုက်နေတဲ့ နေကောင်းကင်က ဖယ်ပေးပြီး
"သွားတော့မလို့လား? ထမင်းဘူးရော?"
"နင် လာပို့ရမှာ"
"ဘယ်လို?"
"တီမေပြောတာပဲ"
"ငါက ... နင့်ကျောင်းကို ... ?"
"မကျေနပ်ရင် တီမေ့သွားပြော။ ငါက နင့်ရုပ်ကိုမြင်ချင်တယ်ထင်နေလား? လာဘ်ပိတ်လွန်းလို့! ဟွန်း ...."
ဘဲနှုတ်ခမ်းလို စူပုပ်ပြီးပြောကာ ထွက်သွားသည်။ သူ့အမေကိုမေးတော့ သူက ထမင်းချိုင့်သွားပို့ရမည်တဲ့လေ။ မတတ်နိုင်။ သူလုပ်ခဲ့လို့ မှောက်သွားတဲ့ထမင်းချိုင့်မို့ သွားပို့ရမည်သာ။
နေ့လည် Break Time အမီ သူရောက်သွားသည်။ ကျောင်းထဲဝင်တော့ First year တက်နေပြီဖြစ်သည့် သူ့ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ ဆုံသည်။ Canteen ကို အတင်းခေါ်နေကြ၍
"ဟိုလေ ... ငါက ကြယ်စင်ဆုကို ထမင်းချိုင့်လာပို့ပေးတာ။ သူ့ဆီပို့ပြီးမှ ငါလိုက်ခဲ့မယ်။ မင်းတို့ဘယ်မှာရှိမလဲ?"
"ဟား ... ဟား ... မင်းတို့က အဲလိုတွေတောင် ဖြစ်သွားပြီလား?"
"ဟာ ... မဟုတ်ဘူးကွ! မနက်က အိမ်ကိုပန်းလာပို့တော့ သူ့ထမင်းဘူး ငါတိုက်မိလို့မှောက်သွားတာနဲ့ အဲဒါ ..."
"မင်းမှာလည်းနော် ... သူ့ဆို ခုထိကြောက်နေရတုန်း"
"မင်းတို့က အဲ့ဒီလိုမပြောပါနဲ့ကွ! ခု ကြယ်စင်ဆုက နေကောင်းကင်ရဲ့ ငွေသော်တာရောင်ခြည်ကွ!"
"ဘယ်လို ... ဘယ်လို ...?"
"သူ့ရဲ့ Private Teacher လေကွာ"
"ဒီလိုလား ... ဟား ... ဟား ...."
"အဲဒီဆရာမနဲ့ အခုဆရာမနဲ့ မတူဘူးလေ"
"မတူလည်း ရောင်ခြည်ပဲကွာ"
သူပြောရသည်မရှိ။ သူတို့နဲ့ အလယ်တန်းကတည်းက အတူတက်လာကြသည်မို့ အကြောင်းသိနေသည့် သူငယ်ချင်းတွေ ဝိုင်းစနေကြသည်။
"ပြောတော့ကွာ ... ငါသွားပေးလိုက်ဦးမယ်"
"နေဦး! ငါတို့လည်း လိုက်မယ်။ ပြီးရင်လည်း ကြယ်စင်ဆုတို့က Canteen သွားမှာပဲလေ"
"ဟုတ်တယ်၊ ငါတို့အတူသွားမယ်"
သူ မငြင်းသာတော့။ လေးငယ်ဆီသွားရင် သူမသူငယ်ချင်းမိန်းကလေးတွေလည်း ရှိနေမည်မို့ သူ့ဘော်ဒါတွေပါတော့လည်း သူအဖော်ရတာပေါ့လေ။ သို့နှင့် လေးငယ်တို့စာသင်ခန်းသို့ သူတို့သူငယ်ချင်းတွေ ချီတက်ခဲ့ကြသည်။
အခန်းနားရောက်ခါနီးမှာပင် လေးငယ်တို့နှင့်တွေ့သည်။
"လေးငယ်၊ ဒီမှာ"
သူပေးတဲ့ခြင်းကိုလှမ်းယူတော့ လေးငယ်သူငယ်ချင်းတွေ အသံစုံထွက်လာကြသည်။ လေးငယ်က
"ပြီးရင် ဒါတွေပြန်ယူသွား"
"အဲဒါဆို ငါတို့ နင်တို့နောက်ကလိုက်ခဲ့မယ်။ ရှေ့ကသွားနှင့်လေ"
"အင်း"
"ဝိုး .... ဟိုး ....."
နေကောင်းကင်ဘော်ဒါတွေရဲ့ အသံကြောင့် လေးငယ်က
"ဘာဖြစ်တာလဲ?"
"မဟုတ်ပါဘူး ကြယ်စင်ရာ။ ဒီကောင်ကြီးကို ပြောတာပါ။ နင်တို့သွားနှင့်။ ငါတို့ ကောင်းကင်နဲ့စကားပြောရင်း နောက်က လိုက်ခဲ့မယ်"
သူ့သူငယ်ချင်းတစ်ယောက်က ဝင်ပြောတော့ လေးငယ်လှည့်ထွက်သွားသည်။ အကုန်လုံးက နေကောင်းကင်ကို ဝိုင်းကြည့်ပြီး
"မင်းကြောင့်တော့ ငါတို့ယောကျ်ားလေးတွေ ဈေးကျကုန်ပြီကွာ"
"ငါက ဘာလုပ်နေလို့လဲ?"
"ကြယ်စင်ဆုသူငယ်ချင်းတွေရှေ့မှာ သူပြောသမျှကို မင်းက တအင်းအင်းနဲ့ တစ်ခွန်းမကျန် ပြန်ပြောနေတာလေ"
"ဟာကွာ"
"ပြောမနေပါနဲ့ကွာ။ သူတို့က ငါတို့စသိကတည်းက ဒီအတိုင်းပဲကို။ နော် ... ယောက်ဖ?"
"ဘယ်လို? မင်းက ကောင်းကင်ကိုယောက်ဖခေါ်ရအောင် မင်းတို့မှာ အစ်မမရှိ၊ ညီမမရှိနဲ့ကို ..... "
"သူပြောနေကျလေ။ ကြယ်စင်ဆုက ငါ့ညီမလေးလိုပါပဲဆိုတာ။ အဲဒါ"
"ဪ ..... "
အားလုံးဝိုင်းပြီး ဪ တော့မှ သူက
"ဟိုကကြားအောင် သွားပြောကြကွာ"
"သားသား ကြောက်ကြောက်! သူကစွာတယ် ကိုကို။ သားက ငယ်သေးတယ်။ ပါချုပ်ကြီးနဲ့ တွေ့ရဲသေးဘူး"
"ဟား ... ဟား ... ဟား ..."
သူတို့အဖွဲ့ရယ်မောပြီး လေးငယ်တို့ရဲ့ခပ်လှမ်းလှမ်းကနေ အချင်းချင်းစနောက်ပြီး ပါလာကြသည်။ Canteen မှာ တစ်ဝိုင်းစီထိုင်စားသောက်ကြပြီး လေးငယ်တို့ကစားပြီးတော့ ထလာကာ သူ့ဆီခြင်းလာပေးရင်း
"နှစ်နာရီမှာ ကျူရှင်ရှိတယ်မဟုတ်လား?"
"အင်း ... မီပါတယ်ဟ! ခဏနေပြန်တော့မှာကို ... "
လေးငယ်တို့ထွက်သွားတော့ သူ့ကိုပြောကြပြန်ပြီ။
"နှစ်နာရီမှာ ကျူရှင်ရှိတယ်မဟုတ်လား? ပြန်တော့လေ။ ပါးစပ်ကစားပြီးပြီကို ဘာတွေ မျက်စိအစာကျွေးနေတာလဲ?"
"ကိုယ်က မင်းကလွဲပြီး ဘယ်မိန်းကလေးကိုမှ မကြည့်ပါဘူး"
"ဟင် ... ဒါဆို သူက ယောကျ်ားချင်းတော့ လိုက်ကြည့်တယ်ပေါ့၊ ရင်တွေခုန်လိုက်တာ..."
သူ့ကို စလိုက်ကြ၊ ရယ်လိုက်ကြနှင့်မို့
"ကဲ! တော်ကြပါတော့။ မင်းတို့ပြောတာနဲ့တင် ငါလည်း ရစရာမရှိတော့ပါဘူး"
"ရစရာမရှိရင်လည်း ပေးစရာရှိတာတော့ ပေးသွားကွာ"
"ပေးဖို့ပိုက်ဆံပါမလာလို့ ငါစားတာလေးတွေ မင်းတို့ရှင်းကြနော်"
"ဟေ ... အေးပေါ့ကွာ။ ငါတို့ကအိမ်ရှင်ဆိုတော့ ရှင်းရတော့မှာပေါ့"
"ကောင်းကင်၊ မင်း နောက်နှစ် ဘယ်ကျောင်း Join ဖြစ်မလဲ?"
"ဘာလို့လဲ?"
"ငါ မင်းကို First year မှာပဲ စောင့်မလို့"
"ဟေ့ကောင်၊ မင်းဘာသာ ကျရင်ကျ၊ ငါ့ကို တရားခံမရှာနဲ့။ အမှတ်မီလည်း ဆေးကျောင်းမတက်ဘူး"
"တကယ်ကြီးလား? TU သွားမှာလား?"
"အင်း ... ပြီးတော့ ရန်ကုန်ကအဘွားအိမ်မှာနေပြီး ဟိုမှာပဲ တက်ဖြစ်မယ်ထင်တယ်"
"ဟာ ... အဆင်ပြေတယ်။ မင်းကျောင်းကို လိုက်လည်လို့ရတာပေါ့"
"နယ်ကျော်ဖွန်ကြောင်ပဲ"
"ဟား ... ဟား ... ဟား ..."
"ဂန်ဒူးမဟုတ်ကြောင်း သက်သေပြတာကွ"
"ကဲ! ငါပြန်တော့မယ်။ မင်းတို့လည်း အတန်းပြန်ရမယ်မဟုတ်လား? ဟဲဟဲ"
"မင်း ဟဲဟဲ က ငါတို့ ဘယ်အတန်းရောက်သွားလို့လဲ?"
"ငါတို့က အတန်းချိန်မရှိတော့ဘူး။ ဂိမ်းဆိုင်သွားမှာ"
"ကြိုးစားတယ်နော်"
"မင်းလိုက်ခဲ့မလား?"
"ဟေ့ကောင် ... သူ့ကိုမခေါ်နဲ့လေ။ ခုနကပဲ သူ့ဆရာမမှာသွားတယ်လေ"
"ဟာဟ! အုပ်ထိန်းသူကိုကြောက်ရတာကိုး"
သူဘာမှပြန်မပြော။ သူပြောရင် မင်းက ကြောက်သလား ဘာလားနဲ့ မခံချင်အောင်စပြီး ခေါ်သွားကြမယ့်အချိုးတွေ ကြိုမြင်သည်မို့ အသာရှောင်ထွက်လာခဲ့ရသည်။
¤
"ဟဲ့ ... ဘာတွေတွေးနေတာလဲ?"
"ဟင် ... နင်ငါ့ကို အနိုင်ကျင့်ခဲ့တာတွေ တွေးနေတာ"
"ဘာရယ်? ... ဘယ်လို...?"
¤
အပိုင်း (၈) ဆက်ရန်

Коментарі