Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14) : Final
Chapter (3)
အလန္႔တၾကား သူမလက္ကို ျပန္ျဖန္႔ၾကည့္မိသည္။ ဘာမွမရွိ။ သူမ အိပ္ရာေဘးကေရဘူးကိုယူၿပီး ေမာ့ေသာက္ပစ္လိုက္သည္။
ျပန္အိပ္မရေတာ့ ညတာကသိပ္ရွည္သည္။

သူမရင္ထိုးေလးက ဘယ္ေရာက္သြားလို႔လဲ?

¤

မနက္မိုးလင္းခါနီးမွ အိပ္ေပ်ာ္သြားတဲ့သူ႔ကို ေက်ာ္ေဇလာႏႈိးေတာ့ မနက္ ၁၀နာရီ။

"ေဟ့ေကာင္၊ ထေတာ့။ ေန႔လည္အတန္းခ်ိန္က ပ်က္လို႔မရဘူး"

အိပ္ခ်င္မူးတူးနဲ႔ နာရီၾကည့္ၿပီး မျဖစ္မေန အိပ္ရာထလိုက္ရသည္။
ေခါင္းေတြကိုက္ၿပီး လူကႏံုးေနေသာ္လည္း အားတင္းထကာ ေရခ်ိဳးလိုက္သည္။ ေခါင္းကမၾကည္၊ အစားကမစားႏိုင္။
ေက်ာင္းဆင္းေတာ့ အိမ္ေရာက္တာနဲ႔ နားေနလိုက္တာေတာင္ မနက္မထႏိုင္။ ဘြားလည္း အလုပ္မသြားျဖစ္ေတာ့ဘဲ ဆရာဝန္ပင့္၊ သူ႔အနားေနကာ ေျမးကိုျပန္ၿပီး ျပဳစုေနရသည္။ မျဖစ္စဖူး ေသြးေပါင္က်သည္တဲ့။
ေန႔လည္ခင္းေလာက္သက္သာသြားေပမဲ့ ညေနမွပဲ လႈပ္လႈပ္ရွားရွားလုပ္ႏိုင္သည္။ ဘြားကေတာ့ အိမ္ျပန္မလာဘဲ ဘာေတြလုပ္လို႔ျဖစ္ရသလဲဆိုၿပီး ဆူပါေတာ့သည္။ သူ႔အျပစ္နဲ႔သူမို႔ ၿငိမ္ေနရေတာ့သည္ေလ။ ညေနပိုင္းထြဋ္ေခါင္ဖုန္းဆက္ေတာ့ ေနာက္ေန႔လည္း ေက်ာင္းမလာႏိုင္ဘူးဆို၍ ေနာက္ေန႔ညေနေက်ာင္းဆင္းေတာ့ အိမ္ကိုလိုက္လာေသာ္လည္း ေက်ာ္ေဇပါမလာ။

"အေျခအေနဘယ္လိုလဲ လူမမာေရ"

"ေကာင္းသြားၿပီ။ မနက္ေက်ာင္းတက္မယ္။ ဟိုေကာင္ေရာ?"

"မင္းရဲ႕မ၊ ေဆး႐ံုေရာက္ေနလို႔။ အဲဒါ မလင္းလက္က ေဆး႐ံုေစာင့္ေပးေနရတာကို သူကဝိုင္းကူေပးေနတယ္။ ကိုလင္းေရာင္က ဘန္ေကာက္ဘက္ေရာက္ေနလို႔ေလ"

"ဟင္! မြန္းဘာျဖစ္တာလဲ?"

"မစိုးရိမ္ရပါဘူး။ အားနည္းၿပီး မီးဖိုေခ်ာင္ထဲမွာ မူးလဲတဲ့အခ်ိန္ လက္ထဲမွာ ဟင္းရည္ပန္းကန္နဲ႔မို႔ ေျခေထာက္မွာပါ အပူေလာင္သြားလို႔ေလ"

"ဒဏ္ရာမ်ားလား? ဘယ္တုန္းကျဖစ္တာလဲ?"

"မမ်ားပါဘူး၊ ေနာက္ေန႔ပဲ ေဆးရံုဆင္းရမွာ။ ျဖစ္တာက မင္းတို႔ဆံုၿပီးေနာက္ရက္"

"ငါ ေက်ာင္းမွာဖ်ားတဲ့ေန႔ေပါ့?"

"အင္း၊ မင္းတို႔က ဘာေတြမွန္းကိုမသိဘူး"

"................."

"မင္းကေရာ ဘယ္လိုျဖစ္တာလဲ? အားေကာင္းေမာင္းသန္၊ က်ားကိုးစီးစားမကုန္တဲ့ ေနမေကာင္းျဖစ္ခဲတဲ့ ခႏၶာကိုယ္က ေသြးအားနည္းလို႔ ေက်ာင္းႏွစ္ရက္ပ်က္တယ္ဆိုေတာ့ ..."

"ငါ အိပ္မက္မက္တယ္"

"မက္ျပန္ၿပီ? ဘယ္တုန္းကလဲ? မူးတဲ့ညကလား?"

"အင္း"

"အရင္လိုပဲလား?"

"နည္းနည္းေလး မတူဘူး။ ဒီလို ..."

"ထူးဆန္းျပန္ၿပီ။ ထားပါ။ ခုဘာစားထားလဲ? ႏြားႏို႔နဲ႔ cheese cake ပါလာတယ္။ စားေတာ့မလား?"

"အင္း၊ စားရေအာင္"

¤

ေနာက္ေန႔ေက်ာင္းကအျပန္ ေက်ာ္ေဇက

"ေဟ့ေကာင္ေတြ! ေနာက္တစ္နာရီခြဲေလာက္ေနရင္ ငါလာေခၚမယ္။ ဘယ္အိမ္ကေစာင့္မလဲ?"

"ဆရာ့ႏႈတ္ဆက္ပြဲကိစၥ ရွိေသးတယ္ေလ။ ဒီညေနမအားဘူး"

"ေအး ဟုတ္သား! စေနေန႔မွ ေအးေဆးေျပာမယ္ကြာ"

"ဘာကိစၥလဲကြ?"

"ေနာက္မွေအးေဆး"

"Ok"

ထိုညေနက ႏႈတ္ဆက္ပြဲအတြက္ တာဝန္ယူထားတဲ့အပိုင္းကိုလုပ္ဖို႔ ကားတစ္စီးနဲ႔ run ေနရင္းက လမင္းနဲ႔လင္းလက္တို႔ကို ကားတစ္စီးနဲ႔ေတြ႕လိုက္ပါသည္။ လမ္းေၾကာင္းဆန္႔က်င္ဘက္မို႔ လွမ္းျမင္လိုက္႐ံုသာ။
ဒီတေလာေတာ့ ခဏခဏဆံုျဖစ္ေနတာမ်ားလား?

¤

Saturday

သူတို႔ခ်ိန္းထားတာကို သူေနာက္ဆံုးမွေရာက္လာသည္။ သူငယ္ခ်င္းႏွစ္ေယာက္အျပင္ လင္းလက္ပါေရာက္ေနသည္။

"မလင္းပါေရာက္ေနတာလား?"

"အင္း၊ မင္းနဲ႔ေျပာစရာေလးရွိလို႔"

"ဆိုပါဦးဗ်"

"မင္းဆီမွာ မြန္းရဲ႕ရင္ထိုးေလး ေရာက္ေနတယ္ဆို?"

သူ ေက်ာ္ေဇကိုၾကည့္လိုက္ေတာ့ သူ႔ကိုေခါင္းညိတ္ျပသည္။

"ဟုတ္"

"ေနမေကာင္းမျဖစ္ခင္ညကမက္တဲ့ အိပ္မက္ေလး တို႔ကိုျပန္ေျပာျပပါလား?"

"ေက်ာ္ေဇ! မင္း ျပန္မေျပာပါဘူးဆို?"

"ေျပာရမယ့္အေၾကာင္းေလး ရွိလာလို႔ပါ။ ေမးတာေျဖလိုက္ပါကြာ"

"မင္းေတာ့ကြာ၊ မြန္း မသိဘူးမဟုတ္လား?"

သူ ေက်ာ္ေဇ့ဆီကေန လင္းလက္ဆီသို႔ အၾကည့္ေတြေျပာင္းလိုက္သည္။

"မေျပာသင့္ေသးဘူးထင္တာပဲ"

"ဟုတ္။ ကၽြန္ေတာ္ ရင္ထိုးေလးျပန္ေပးမွာပါ။ ဒါေပမဲ့ အိပ္မက္ေတြက ထူးဆန္းလို႔။ အဲဒီညကအိပ္မက္မွာလည္း ရင္ထိုးေလးပါတယ္"

သူ အိပ္မက္အေၾကာင္းကို အကုန္ေျပာျပလိုက္သည္။

"အင္း ... တို႔ေတြကိုယ္တိုင္ ကာယကံရွင္ေတြနဲ႔ မရင္းႏွီးရင္ စိတ္ကူးယဥ္ဇာတ္လမ္းလား၊ လုပ္ၾကံဇာတ္လမ္းလားလို႔ ထင္မိမွာ"

"ဘာေတြျဖစ္လို႔လဲ မလင္းရဲ႕"

"အဲဒီညက အဲဒီလိုခပ္ဆင္ဆင္အိပ္မက္မ်ိဳး မြန္းလည္းမက္တယ္"

"ဗ်ာ၊ ဘယ္လို?"

လင္းလက္က လမင္းရဲ႕အိပ္မက္ကို ေျပာျပလိုက္သည္။
သူ အံ့ဩမိသလို စိတ္ထဲတစ္မ်ိဳးႀကီးခံစားရသည္။ ရင္ထဲမွာလည္း ဆစ္ခနဲျဖစ္လာျပန္သည္။
ေက်ာ္ေဇက

"ေဆး႐ံုမဆင္းခင္ မမြန္းက မမကို အိပ္မက္အေၾကာင္းေျပာေနတုန္း ငါေရာက္သြားလို႔ ေသခ်ာေမးၾကည့္ေတာ့မွ တူေနတာသိရတာ။ အဲဒါေၾကာင့္ မင္းကိစၥ မမကို ငါေျပာလိုက္တာ။ မင္း ရင္ဘတ္ေအာင့္ျပန္ၿပီလား?"

"အင္း။ ရပါတယ္၊ ဘာမွမဟုတ္ပါဘူး"

"မင္းျဖစ္တာ ေသြးေပါင္က်႐ံုသက္သက္ပဲလား? ဆရာဝန္ကေရာ ဘာေျပာေသးလဲ?"

"ႏွလံုးေရာဂါထင္လို႔လား? မဟုတ္ပါဘူးကြာ"

"ေအးပါ၊ စိုးရိမ္လို႔ေမးၾကည့္တာ"

သူတို႔စကားစျပတ္ေတာ့ လင္းလက္တာရာက

"မင္းက တို႔သူငယ္ခ်င္းကို စိတ္ဝင္စားေနတာလား?"

"ခ်စ္တာပါ။ Sorry မလင္း ... ကၽြန္ေတာ္က ..."

"ရပါတယ္။ ရွင္းျပစရာမလိုပါဘူး။ ပြင့္ပြင့္လင္းလင္းေျပာမယ္ေနာ္"

"ဟုတ္"

"ပံုမွန္ဆို မင္းကိုတားမိမွာ။ မြန္းလည္း သူ႔ဘဝနဲ႔သူ တင့္တင့္တယ္တယ္ပဲေလ။ မင္းပါလာရင္ ႐ႈပ္ကုန္မွာစိုးတယ္။ ခုက မင္းတို႔ပတ္သက္မႈက မင္းတို႔ဘာသာရွင္းမွ ပိုေကာင္းမယ္ထင္တဲ့ အေျခအေနလားလို႔ပါ။ ၿပီးေတာ့ သိရသေလာက္ဆို မြန္းက ကိုလင္းေရာင္နဲ႔ကိစၥကို မိဘသေဘာအတိုင္း ေခါင္းညိတ္ထားတာ။ သူတို႔ကိစၥကို မြန္းက ေသခ်ာေျပာျပခ်င္ပံုမရလို႔ မေမးရေပမဲ့ ကိုလင္းေရာင္ကို သူခ်စ္ေနတဲ့ပံု လံုးဝမေပၚဘူး။ မြန္းက ေတာင္ႀကီးေျပာင္းသြားလို႔ ဒီႏွစ္မွ တို႔ေတြျပန္ဆံုၿပီး တစ္အိမ္တည္းေနျဖစ္ၾကတာ။ ဒီၾကားထဲျဖစ္သြားတာေတြကို ေသခ်ာမသိဘူးေလ"

"ဪ ... ဒါေၾကာင့္ ေက်ာ္ေဇလည္း မြန္းကိုသိတာမၾကာေသးဘူးေပါ့"

"ဟုတ္တယ္။ မင္းအေၾကာင္း မြန္းကိုမေျပာပါဘူး။ မင္းတို႔ေရစက္ကို မင္းတို႔ဘာသာေစာင့္ၾကည့္ၾကေပါ့ေနာ္"

"ဟုတ္၊ ခုလိုေျပာျပေပးတာေရာ၊ မြန္းကိုမေျပာျပတာေရာ မလင္းကို ေက်းဇူးတင္ပါတယ္"

သူတို႔စကားဝိုင္းေလး ဒီေလာက္နဲ႔အဆံုးသတ္ၿပီး ကားကိုယ္စီနဲ႔ ျပန္ၾကမည္ျပင္ေတာ့ ေမွာင္စျပဳေနၿပီ။
လင္းလက္က ျပန္ခါနီး မြန္းမွာလိုက္တယ္ဆိုၿပီး cheese cake မွာေတာ့ သူတို႔သူငယ္ခ်င္းသံုးေယာက္ အၾကည့္ဆံုသြားၾကသည္။ သူနဲ႔မြန္း အႀကိဳက္တူတာပဲေလ။
ထြဋ္ေခါင္ကို ေက်ာ္ေဇဝင္ေခၚလာတာမို႔ ကားမပါလာ၍ ျပန္ပို႔ဖို႔ သူ႔အလွည့္က်သည္။ သူတို႔ Car Stand ကိုေရာက္ေတာ့ သူ႔ရင္ဘတ္ထဲေအာင့္တက္လာၿပီး ကားကိုကိုင္ကာ ကိုယ္ကိုထိန္းရသည္။ ထြဋ္ေခါင္က လွမ္းဆြဲထားသည္။
လင္းလက္နဲ႔ေက်ာ္ေဇကလည္း ကားထဲမဝင္ရေသးေတာ့ ျမင္လိုက္သည္မို႔ ေက်ာ္ေဇက လွမ္းေမးသည္၊

"ေဟ့ေကာင္၊ ရရဲ႕လား?"

ေက်ာ္ေဇ့အေမးကို လက္ကာျပရင္း

"မလင္း၊ မြန္းက အိမ္မွာက်န္ခဲ့တာလား?"

"အင္းေလ၊ ဘာျဖစ္လို႔လဲ?"

လင္းလက္စကားအဆံုးမွာ ဖုန္းထျမည္တာမို႔

"ေအး၊ သူငယ္ခ်င္း"

"..........."

"ဟင္! နင္ဘာျဖစ္သြားေသးလဲ?"

"............"

"Ok, ok. I'm coming."

"ဘာျဖစ္တာလဲ မလင္း?"

သူ႔အေမးကို လင္းလက္က

"အရမ္းစိတ္မပူပါနဲ႔။ မီးသီးအေသးေလးကၽြမ္းလို႔ လဲတပ္ေနတုန္း shock ျဖစ္တာထင္တယ္၊ ထေပါက္သလိုျဖစ္လို႔ ခံုအနိမ့္ေပၚကေန ျပဳတ္က်တာတဲ့။ လူေတာ့ဘာမွမျဖစ္ပါဘူးတဲ့။ မီးလည္း မိန္းခ်ထားတယ္တဲ့ေလ။ မင္း အရမ္းႀကီးစိတ္မပူပါနဲ႔။ အိမ္ျပန္နားလိုက္ေလ။ မင္းသူငယ္ခ်င္းေက်ာ္ေဇ အိမ္ေရာက္ရင္ အေျခအေနဖုန္းဆက္ေျပာေပးလိမ့္မယ္။ ဟုတ္ၿပီလား?"

"ဟုတ္ကဲ့"

ေျပာၿပီး သူ႔ကိုထိန္းထားေပးတဲ့ ထြဋ္ေခါင္လက္ထဲ ကားေသာ့ထည့္ေပးလိုက္သည္။ ခုခ်ိန္မွာ သူ ကားမေမာင္းႏိုင္ေတာ့တာ အေသအခ်ာပင္။

¤

သူမ လန္႔သြား႐ံုပါပဲတဲ့။ ေက်ာ္ေဇက လိုတာေတြ အားလံုးလုပ္ေပးခဲ့ၿပီးၿပီတဲ့။

ဘာလဲကြာ? ဘာလို႔ ဒီလိုေတြ လာၿပီးတိုက္ဆိုင္ေနတာလဲ?

ဒီညေနကိစၥကို ကာယကံရွင္ေရာ မ်က္ျမင္ေတြ႕ရတဲ့သံုးေယာက္ေရာ အံ့ဩမိၾကသည္။ မြန္းမသိတာက လြဲလို႔ေပါ့။ သူကေတာ့ ပံုစံတူအိပ္မက္မ်ိဳး ထပ္မမက္ခ်င္ေတာ့ပါ။ ရင္ထဲနင့္သြားတဲ့ ခံစားခ်က္ကို အိပ္မက္ထဲေတာင္ ထပ္ၿပီးမခံစားႏိုင္ေတာ့ဘူး။ ရင္ထိုးေလးကို သူျပန္ေပးဖို႔ ဆံုးျဖတ္လိုက္သည္။ ျပန္ေပးလိုက္ရင္ သူတို႔ၾကားကဆက္စပ္မႈ ေလ်ာ့သြားႏိုင္မည္ထင္သည္။ ေဆးမရွိဘူးဆိုရင္ ေရာဂါမရင့္ေအာင္ ေနသင့္သည္မဟုတ္ပါလား။
သူ ရင္ထိုးေလးကိုရွာမိသည္၊ အိတ္ထဲမွာမရွိ။ စာၾကည့္စားပြဲတစ္ခုလံုးႏွံ႔သြားသည္၊ မေတြ႕။ ဘယ္ေရာက္သြားလဲ?"
သူအိတ္ထဲထည့္ထားတာ။ မြန္းနဲ႔မဆံုခင္ရက္က ညေရာက္မွထုတ္ၾကည့္ကာ သူ အိတ္ထဲျပန္ထည့္ထားလိုက္တာ အေသအခ်ာပါပဲ။

¤

သူမအေတြးထဲ ရင္ထိုးေလးအေၾကာင္း ေရာက္လာသည္။ ေတြးေနတုန္းမွာ လင္းလက္က

"မအိပ္ေသးဘူးလား?"

"စဥ္းစားတာ မ်ားသြားလို႔ပါ"

"ဘာျဖစ္ျပန္ၿပီလဲ? မနက္ျဖန္ ကိုလင္းေရာင္ေမြးေန႔မွာ ငါ့သူငယ္ခ်င္းမ်က္ႏွာေလး ျပည့္ျပည့္ေဖာင္းေဖာင္းျဖစ္ေနရမွာေလ။ ပန္ဒါ႐ုပ္ျဖစ္ေနလို႔ မရဘူး၊ ေစာေစာအိပ္"

"ဟာဟ! နင္ေျပာတာကလည္း ေနာက္ေန႔ပဲ ငါကမဂၤလာေဆာင္မွာက်လို႔"

ေျပာၿပီး သူမၿငိမ္က်သြားျပန္သည္။

"ဘာေတြးျပန္ၿပီလဲ?"

"မဂၤလာေဆာင္ဆိုလို႔ပါ။ ငါအခ်ိန္ဆြဲလာတာ ၾကာေနၿပီ။ တကယ္ဆိုေတာ့လည္း သူ႔ကို ငါမယူခ်င္ဘူး။ သံေယာဇဥ္ျဖစ္လာၿပီး ခ်စ္လို႔ရလာမယ္ထင္ထားတာ။ အခုေတာ့ ထင္သလိုျဖစ္မလာဘူး"

"မခ်စ္ႏိုင္ဘူးေပါ့?"

"အင္း ... တျဖည္းျဖည္း ေသခ်ာလာသလိုပါပဲ"

"ငါေမးရင္မေျဖတဲ့နင္က အခုေတာ့ဝန္ခံၿပီေပါ့။ အစားမထိုးႏိုင္တာလား?"

မြန္းက လင္းလက္နဲ႔မ်က္လံုးဆံုၾကည့္ၿပီး

"မဟုတ္ဘူးဟ။ အစားထိုးဖို႔လို႔ ေျပာရေအာင္ကလည္း ရင္ထဲမွာ ဘာမွရွိမေနဘူး။ ဒါေပမဲ့ အဲဒီေနရာလြတ္က ကိုလင္းေရာင္အတြက္လည္း မဟုတ္ျပန္ဘူး"

အရင္ကသာဒီစကားၾကားရင္ လင္းလက္တို႔ ေမးခြန္းေတြအမ်ားႀကီးေမးမိမွာ။ အခုေတာ့ မြန္းရဲ႕ခံစားခ်က္ကို လင္းလက္ ေမးခြန္းမထုတ္မိေတာ့။ ခံစားခ်က္ဆိုတာ ထိန္းဖို႔မလြယ္ဘူး။ တစ္ခါတေလ ကိုယ္တိုင္မသိခင္ မသိစိတ္က ဦးေဆာင္ေနတတ္တာမ်ိဳးလား?
ၿပီးေတာ့ ဒီေန႔ လင္းလက္ကိုယ္တိုင္ ၾကံဳေတြ႕လိုက္ရတဲ့ စိတ္ခ်င္းဆက္စပ္မႈလို႔ေျပာရမလား? အဲဒါက ထူးဆန္းေနတာအမွန္ပဲ။

¤

ရင္ထိုးေလးကို သူရွာမေတြ႕တဲ့အဆံုး ကုတင္ေပၚပစ္လွဲလိုက္သည္။ အိတ္ထဲမွာမရွိရင္ ... ဟုတ္ၿပီ ... ပိုက္ဆံအိတ္! သူ ထြဋ္ေခါင္ဆီေပးလိုက္ၿပီး အခုထိျပန္မယူရေသးဘူး။
ဖုန္းဆက္ဖို႔ lock screen ကိုအေရႊ႕၊ ေတြ႕လိုက္တာ 11:11 တဲ့။ သူျပံဳးမိသည္။ သူမေရာ? ရင္ထိုးေလးအေၾကာင္းစဥ္းစားေနတာလား? သူ႔ကို မြန္းမသိေသးတာေၾကာင့္ ရင္ထိုးေလးအေၾကာင္းစဥ္းစားေနတာေနမွာ။

"ဟယ္လို၊ ထြဋ္ေခါင္!"

"အင္း ဘာကိတ္?"

"ငါ့ပိုက္ဆံအိတ္ထဲ ရွာၾကည့္ပါဦး"

"အာ ... မင္းပိုက္ဆံအိတ္ျပန္ေပးဖို႔ ေမ့ေမ့ေနတာ။ ဘာရွာရမွာလဲ"

"ရင္ထိုး၊ အဲဒီအထဲမွာ ထည့္ထားတာ"

"အဲဒီလိုလား? ငါရွာၾကည့္ၿပီးရင္ ဖုန္းဆက္ေျပာမယ္"

"No!! Speaker ဖြင့္ၿပီး ခုရွာေပးပါလား?"

"ေဟ ... ေအးပါကြာ"

ထြဋ္ေခါင္ ဖုန္းကို speaker ဖြင့္လိုက္ၿပီး ေခါင္းအံုးေပၚတင္ထားကာ သူ႔အိတ္ထဲကေန ပိုက္ဆံအိတ္ကိုထုတ္ယူရွာေနသည္။ ထြဋ္ေခါင္တစ္ေယာက္ ပိုက္ဆံအိတ္ထဲ ေသခ်ာရွာသည္။ အိတ္အကန္႔ေသးေလးေတြထဲ၊ ဇစ္ပိတ္ထားသမၽွထဲေတြ ဘယ္ေနရာမွာမွမေတြ႕။
ဖုန္းထဲကေန ထြဋ္ေခါင္ကို သူ ေအာ္ေမးမိသည္။

"ေဟ့ေကာင္! ေတြ႕လား?"

"မေတြ႕ဘူးကြ!"

ထြဋ္ေခါင္ကျပန္ေအာ္သည္။

"ထားလိုက္ေတာ့၊ ေနာက္ေန႔မွ မင္းဆီငါလာရွာမယ္။ ငါ့ဆီမွာေတာ့ ႏွံ႔ေနၿပီ"

"အထားမွားတာလားမွ မသိတာ"

"ေအးပါ၊ မနက္မွေတြ႕မယ္။ Good night"

"See you"

သူ ကုတင္ေပၚပစ္လွဲလိုက္သည္။ အထားမွားတာေတာ့ ဘယ္လိုမွမျဖစ္ႏိုင္။ တစ္ေနရာရာမွာ က်က်န္ခဲ့သလား? ဆက္စဥ္းစားမေနေတာ့ဘဲ အိပ္ပစ္လိုက္သည္။
မအိပ္ႏိုင္သည္က ထြဋ္ေခါင္။ ပိုက္ဆံအိတ္ကို သူယူထားမိေတာ့ သူ႔တာဝန္မကင္းသလို ခံစားရသည္။ သူ႔အိတ္ထဲရွာသည္။ မေတြ႕ေတာ့ ကားထဲသြားရွာျပန္သည္။ ဒါလည္းမေတြ႕ေတာ့ အခန္းထဲပတ္ရွာျပန္သည္။ မေတြ႕သည့္အဆံုး လက္ေလၽွာ့ကာ ေမာေမာႏွင့္အိပ္ပစ္လိုက္ေတာ့သည္။

¤

ဒီမနက္ မြန္း အေစာႀကီးႏိုးေနသည္။ ျပတင္းေပါက္တံခါးမွ အျပင္ကိုၾကည့္မိေတာ့ သူမစိုက္ထားသည့္ ႏွင္းဆီျဖဴပင္က အဖူးေလးဖူးေနတာေတြ႕ရသည္။ သူမေပ်ာ္သြားၿပီး ႏွင္းဆီပင္ရွိရာထြက္လာကာ ေသခ်ာၾကည့္ေနမိသည္။
ဒီအပင္ေလးစိုက္ထားတဲ့ ၾကာေနၿပီျဖစ္သည့္သက္တမ္းအတြင္း အခုမွ ပထမဆံုးစထြက္သည့္ အဖူးေလး။

"ဟဲ့!"

သူမေနာက္မွ ေခၚသံခပ္တိုးတိုးကို သူမလန္႔သြားမိသည္။

"အမေလး ... နင္ကလည္း ဘယ္လိုျဖစ္တာလဲ? ငတက္ျပားေျခလွမ္းနဲ႔ အနားကပ္လာရလား?"

"ဘာ ငတက္ျပားလဲ? နင့္ဘာသာ ေရွ႕ကိုအာ႐ံုေရာက္ေနတာ"

"ဒီမွာၾကည့္! ႏွင္းဆီျဖဴေလး ဖူးေနၿပီ"

"ဟင္!! ဒီအပင္က အျမံဳမဟုတ္ဘူးပဲ။"

"ဟာ ... ဘယ္လိုႀကီးေျပာလိုက္တာလဲ? ငါ့အပင္ကိုမ်ား အျမံဳတဲ့"

"ငါေျပာတတ္သလို ေျပာတာေလ။ ေတာ္ၿပီ၊ နင္နဲ႔မေျပာဘူး။ ခဏေန ပဲျပဳတ္သည္လာေတာ့မွာ။ ထမင္းေၾကာ္ရင္းေစာင့္ရမယ္။ ငါဗိုက္ဆာၿပီ"

"ပိန္ေနဦးမယ္"

"ငါတို႔က စားႏိုင္၊ ေသာက္ႏိုင္တယ္ေလ"

"ဪ ... က်ဳပ္က မစား၊ မေသာက္ႏိုင္တဲ့ လူတန္းစားေပါ့?"

"ကိုယ္ဘာသာသိေလ"

ေျပာၿပီး လင္းလက္က အထဲျပန္ဝင္သြားေတာ့ သူမေနာက္ကလိုက္ဝင္ရင္း လင္းလက္ခါးကို ကလိထိုးကာ စေနာက္ေနျပန္သည္။ သူမတို႔ ရယ္ေမာရင္း မနက္စာျပင္ၾက၊ စားေသာက္ၾကသည္။
ေန႔လည္ပိုင္းမွာ လင္းေရာင္ေမြးေန႔ပြဲအတြက္ ကူညီျပင္ဆင္ေပးဖို႔ လင္းေရာင္တို႔အိမ္ကို သူမထြက္လာခဲ့သည္။ လင္းေရာင္က ျခံထဲမွာ သူ႔လူေတြနဲ႔ အလုပ္႐ႈပ္ေနသည္။

"ဟာ! လမင္းေလး၊ လာကူတာလား?"

"ဟုတ္တယ္ ကိုလင္း"

"ဟား ... ဟား ... မလိုပါဘူးဗ်ာ။ အားလံုးၿပီးေတာ့မွာပါ။ ေန႔လည္စာစားၿပီးၿပီလား"

"စားၿပီးမွထြက္လာတာ။ ကူဖို႔ေလ"

"အပင္ပန္းမခံပါနဲ႔ကြာ။ လာခဲ့၊ ဟိုဘက္သြားမယ္"

လင္းေရာင္က သူမလက္ကိုဆြဲၿပီး ျခံေထာင့္ကထိုင္ခံုေလးေတြဆီ ေခၚလာကာ ထိုင္ခိုင္းသည္။

"ဒီနားက ထိုင္ၾကည့္။ အဆင္မေျပတာေတြ႕ရင္ လွမ္းေျပာ။ ok?"

သူမ ဘာမွျပန္ေျပာမေနေတာ့။ ေျပာလည္းမရမယ့္အတူတူ ျပံဳးၿပီးေခါင္းညိတ္ျပလိုက္သည္။ လင္းေရာင္က သူမေခါင္းေလးကို အသာပုတ္ၿပီး လွည့္ထြက္သြားသည္။
လင္းေရာင္ဆိုသည့္ေယာက္်ားက သူမကိုသိပ္ခ်စ္တာေတာ့ ခံစားမိသည္။ သူမထက္ ေျခာက္ႏွစ္ႀကီးေသာ လင္းေရာင္က သူမကို ကေလးတစ္ေယာက္လို အလိုလိုက္သည္၊ ေစာင့္ေရွာက္သည္၊ အႏြံတာခံသည္၊ ျဖည့္ဆည္းေပးသည္။ သူမအတြက္ အစ္ကိုတစ္ေယာက္ရသလိုပင္။
လင္းေရာင္ကသာ လက္ထပ္ဖို႔ကိုတိုက္တြန္းေနေပမဲ့ သူမက မငယ္ေတာ့ေသာအသက္ကို ငယ္ေသးသည္ဟုအေၾကာင္းျပကာ ေရွာင္လို႔ေကာင္းဆဲ။ သူမဘက္က လင္းေရာင္ကို လက္တြဲေဖာ္တစ္ေယာက္လိုအခ်စ္မ်ိဳးႏွင့္ မခ်စ္သည္မွာေသခ်ာသည္။
မိန္းကေလးတစ္ေယာက္အတြက္ ျငင္းစရာမရွိသည့္ေယာက္်ားမို႔ မျငင္းဆန္သည္မွလြဲ၍ သူမခံစားခ်က္က ေမတၱာတရားသက္သက္သာ။ ရင္ခုန္ခ်စ္ျမတ္ႏိုးျခင္းဆိုတာမ်ိဳး မရွိခဲ့။
ဒါကလည္း သူမျပန္မေတြးခ်င္ေသာ အေၾကာင္းအရာတစ္ခုေၾကာင့္လား ဆိုတာကိုေတာ့ သူမလည္း ေသခ်ာမသိ။

သူမအေတြးေတြရြက္လႊင့္ရင္း လင္းေရာင္ကို လိုက္ၾကည့္ေနမိသည္ထင္သည္။ လင္းေရာင္က သူမကို လွမ္းျပံဳးျပသည္။ ခုနေလးတင္ လာခ်ေပးထားေသာ သူမေရွ႕က အေအးတစ္ခြက္ကို လွမ္းယူရင္း သူမျပန္ျပံဳးျပလိုက္မိသည္။
လင္းေရာင္ရဲ႕ တည္ၿငိမ္တဲ့အျပံဳးေတြမွာ ေႂကြဆင္းခ်င္ၾကတဲ့ပန္းေလးေတြက အမ်ားအျပား။ သူမကေတာ့ ေႂကြရေအာင္လည္း ပန္းမွမဟုတ္တာပဲ။
သူမက ညဘက္ေကာင္းကင္မွာ အလင္းေရာင္ေပးဖို႔အတြက္ ေႂကြက်လို႔မျဖစ္တဲ့ လတစ္စင္း။ လင္းေရာင္ရဲ႕ပတ္ဝန္းက်င္မွာ လမင္းလင္းေရာင္ဆိုၿပီး လူတိုင္းသိၾကသည္။ ေနနဲ႔လ၊ ေရႊနဲ႔ျမ ဆိုတာမ်ိဳး။ လမင္းသြားရာ အလင္းေရာင္ျဖာတတ္သလိုမ်ိဳး ကိုလင္းေရာင္ဆိုတာ လမင္းစႏၵာေဘးမွာ အရိပ္လိုရွိေနတဲ့လူမ်ိဳး။

သူမက လမင္းဝင္းပခ်ိန္ ယွဥ္တြဲပါလာေသာ အလင္းေရာင္လိုလူမ်ိဳးထက္ ကိုယ္ပိုင္အလင္းေရာင္မရွိေသာ လတစ္စင္းအတြက္ ေတာက္ပသည္ျဖစ္ေစ၊ ေမွးမွိန္သည္ျဖစ္ေစ လက္ခံေပးႏိုင္ေသာ .....
သူမ၏အလင္းေရာင္ကို ဝမ္းေျမာက္စြာလက္ခံ၍၊ သူမ၏ Dark side ကို ေက်နပ္စြာေထြးေပြ႕ေပးႏိုင္ေသာ .....
သူမဘဝလမ္းကို လြတ္လပ္စြာေလၽွာက္လွမ္း၍ အခ်ိန္မေရြး မွီတြယ္ခိုဝင္ႏိုင္ေသာ ....
မိုးေကာင္ကင္လိုလူမ်ိဳးကို ပို၍လိုခ်င္မိသည္။

လင္းေရာင္ဆိုသူက လမင္းႏွင့္အတူတကြတည္ရွိေနေသာ လမင္းလင္းေရာင္ဆိုသည့္ ဘဝမ်ိဳးကို လက္ခံထားသူ။သူမ၏ အခ်စ္အိပ္မက္သည္ လင္းေရာင္မဟုတ္ေသာ္လည္း သူမႏွင့္သက္ဆိုင္ေသာေကာင္းကင္တစ္ခု သူမမွာရွိမေနခဲ့။

¤

***Happy birthday***

ဆုေတာင္းသံမ်ားႏွင့္အတူ လက္ခုပ္သံမ်ား။ ေဖာက္ခနဲအသံႏွင့္အတူ တလက္လက္ေတာက္သြားေသာ ပတ္ဝန္းက်င္တြင္ သူမတို႔ေခါင္းေပၚ ေငြမႈန္ေလးေတြ ျပန္႔က်ဲသြားသည္။
လင္းေရာင္က သူ႔ေရွ႕မွေမြးေန႔ကိတ္ႀကီးကိုခြဲၿပီး သူမကိုအရင္ဆံုးခြံ႕သည္။ လက္ခုပ္သံေတြ၊ ေဟးခနဲေအာ္သံေတြ ထြက္လာၾကျပန္သည္။ သူမက လက္ထဲကဘူးေလးကိုဖြင့္ၿပီး ကလစ္ေလးတစ္ခုထုတ္ယူကာ လင္းေရာင္၏နက္ခ္တိုင္တြင္ တပ္ဆင္ေပးလိုက္သည္။
လက္ခုပ္သံေတြမစဲေတာ့သလို လင္းေရာင္၏ပီတိအျပံဳးေတြ၊ သူမတို႔ႏွစ္ဦး ဘယ္ေလာက္လိုက္ဖက္ေၾကာင္း ခ်ီးမြမ္းသံေတြ၊ ဆုေတာင္းစကားေတြနဲ႔ ရႊန္းရႊန္းေဝေနသည့္ ညခ်မ္းေလးတစ္ခု။

ထိုပြဲတြင္ မြန္း၏အခ်စ္ဆံုးသူငယ္ခ်င္း လင္းလက္တာရာႏွင့္ ဦးေလးကိုယ္စားပြဲတက္လာေသာ ေက်ာ္ေဇတို႔က စံုတြဲလိုက္အတူရွိေနၾကသည္။ မြန္းႏွင့္လင္းေရာင္တို႔၏လုပ္ငန္းမွ လုပ္ငန္းသံုးယာဥ္မ်ား၊ အိမ္စီးကားမ်ားကို ေက်ာ္ေဇတို႔ဆိုင္သို႔သာ ယံုၾကည္စြာအပ္ႏွံေနက်မို႔ သူတို႔ခ်င္းက တရင္းတႏွီးမဟုတ္ေတာင္ လုပ္ငန္းသေဘာအရ အေတာ္ေလးခင္မင္မႈရွိၾကသည္မို႔။
လင္းလက္တာရာတစ္ေယာက္ ေမြးေန႔ပြဲျမင္ကြင္းကိုၾကည့္ရင္း ေပ်ာ္ရႊင္စြာ လက္ခုပ္တီးအားေပးေနေသာ္လည္း ေဘးမွေက်ာ္ေဇကေတာ့ လက္ခုပ္တီးရင္း သူ႔သူငယ္ခ်င္း၏ မြန္းႏွင့္ပတ္သက္သည့္ အင္တာဗ်ဴးကို မည္သို႔မည္ပံုေျဖရမလဲလို႔ ေတြးေနခ်ိန္ ....

* ေဖာင္း * * ေဖာင္း *

"အား"

ပူေဖာင္းႏွစ္လံုးဆင့္ေပါက္သံႏွင့္ မြန္းရဲ႕လန္႔ေအာ္သံ ထြက္လာၿပီး မြန္းလက္ထဲကအခ်ိဳရည္ခြက္ လြတ္က်သြားသည္။ သူမအနားက ပူေဖာင္းက ေလအလြင့္မွာ သူမေခါင္းဆီအေရာက္ ဆံထိုးႏွင့္ထိမိဟန္တူသည္။ နားနားမွာကပ္ေပါက္သြားသည့္အျပင္ ေနာက္ထပ္တစ္လံုးပါ ထပ္ေပါက္သည္မို႔ သူမလန္႔ၿပီး ေအာ္မိသြားသည္။
ဘာထိခိုက္မႈမွမရွိ၍ ပရိတ္သတ္မ်ားကို ေသခ်ာေျပာၿပီး မြန္းတစ္ေယာက္ လင္းလက္တို႔ႏွင့္ ေထာင့္အစြန္ဝိုင္းမွာထိုင္ျဖစ္သည္။

ထိုသို႔ျဖစ္ၿပီး ငါးမိနစ္ခန္႔အၾကာ စားပြဲေပၚက ေက်ာ္ေဇ့ဖုန္းက ထျမည္သည္။ အသံစံုတို႔ၾကားထဲ ဖုန္းသံမၾကားရေသာ္လည္း vibration ေၾကာင့္ ေက်ာ္ေဇလွမ္းၾကည့္မိေတာ့ ...

"Hello"

".........."

"ဆူေနလို႔ ဘာမွမၾကားရဘူး။ ခဏ"

ျခံေပါက္ဝနားေရာက္မွ အသံၾကားရသည္။

"ေျပာ! ခုမွၾကားရလို႔"

".........."

"မြန္း? ရွိတယ္ေလ။ မင္းဘာျဖစ္ျပန္ၿပီလဲ?"

".........."

"ရင္တုန္ျပန္ၿပီလား? သူကဘာမွမျဖစ္ပါဘူး။ သူ႔နားကပူေဖာင္း ထေပါက္လို႔ နည္းနည္းလန္႔သြားတာ၊ အခုငါတို႔နဲ႔ ထိုင္စကားေျပာေနတုန္း မင္းဖုန္းဆက္တာပဲ"

".........."

"ေအးပါ။ See you tomorrow"

ေက်ာ္ေဇျပန္ဝင္လာေတာ့ လင္းလက္က မ်က္စပစ္ၿပီး ဖုန္းကိုေမးေငါ့ျပသည္။ ဘယ္သူဖုန္းဆက္တာလဲ ဆိုသည့္ အေမးသေဘာ။

"ဟိုေရာဂါသည္ေကာင္၊ ရင္တုန္လို႔တဲ့"

"ဟင္! အဲဒါလည္းသိျပန္ၿပီလား?"

လင္းလက္က ေက်ာ္ေဇနားကပ္ၿပီး ေမးလိုက္သည္ကို ေက်ာ္ေဇက ေခါင္းညိတ္ျပသည္။
သူတို႔တြတ္ထိုးေနသည္ကို မြန္းက

"ဘာေတြေျပာေနၾကတာလဲ?"

"ၾကားသံုးၾကား မဝင္ေကာင္းဘူး၊ သူငယ္ခ်င္း"

"နင္တို႔က သားအမိေတြလား?"

"အစုတ္ပလုတ္မ! လင္မယားလားလို႔ေမးရင္ေတာင္ ေတာ္ေသးတယ္။ နင့္ႀကီးေဒၚနဲ႔မွ သားအမိ"

"ဪ ... ေယာက္်ားမလိုခ်င္ရွာဘူးေနာ္"

သူမတို႔သူငယ္ခ်င္းႏွစ္ေယာက္အေျပာေၾကာင့္ ေက်ာ္ေဇရယ္မိသည္။
သူ႔သူငယ္ခ်င္းႀကီးကေတာ့ အိမ္မွာေနရင္း အိပ္ေတာင္ေပ်ာ္ပါ့မလားမသိ။

¤

ေက်ာင္းမွာ သူငယ္ခ်င္းသံုးေယာက္ဆံုေတာ့ သူ႔ဘက္က မြန္းအေၾကာင္းကို တစ္ခြန္းမွမဟ၍ က်န္ႏွစ္ေယာက္လည္း မေျပာမိေအာင္ ေနၾကသည္။
ညေနေက်ာင္းဆင္းေတာ့ ထြဋ္ေခါင္အိမ္မွာ ရင္ထိုးေလးလိုက္ရွာမည္ဆို၍

"မေတြ႕ဘူး။ အခန္းထဲႏွံ႔ေနၿပီ။ အိတ္ထဲေရာ၊ ကားထဲေရာ၊ အိမ္ထဲမွာပါ ေလၽွာက္ၾကည့္ၿပီးၿပီ။ မင္းဆႏၵရွိရင္ေတာ့ လိုက္ရွာေလ"

ထြဋ္ေခါင္က ဤသို႔ေျပာၿပီး သူ႔ပိုက္ဆံအိတ္ေလး ထုတ္ေပးလာသည္။

"အဲဒါဆိုလည္း ေနပါေစေတာ့။ ငါ့အိမ္မွာလည္းမေတြ႕ဘူး။ ဘယ္နားက်ေပ်ာက္သြားပါလိမ့္? အဲဒီေန႔က ဆိုင္မွာက်ေပ်ာက္သြားတာမ်ားလား?"

"ဆိုင္မွာ အိတ္ထဲက ဘာမွမထုတ္ဘူးေလ"

"ထားလိုက္ပါေတာ့ကြာ"

ညေရာက္ေတာ့ သူ႔စိတ္ထဲထင္က်န္ေနတဲ့ ရင္ထိုးပံုစံေလးကို စာရြက္ျဖဴေပၚ ခ်ဆြဲၾကည့္လိုက္သည္။ ဆြဲၿပီးသြားေတာ့ သူ႔ကိုယ္သူအံဩသြားသည္။ State ေက်ာင္းမွာ ပန္းခ်ီအေျခခံေလး သင္ဖူးတာရယ္၊ တကၠသိုလ္က Drawing ေတြရယ္ကလြဲလို႔ ဘာပံုမွမဆြဲဖူးသည့္သူက ဒီလိုေတြ လက္ရာေျမာက္ေနတာကို ဟိုေကာင္ေတြျမင္ရင္ ဘာေျပာၾကဦးမလဲ?

¤

"ဟာ! ဒါက မင္းဆြဲထားတာလား?"

"သူ မဆြဲလို႔ မမြန္းကဆြဲၿပီး ေပးထားတာျဖစ္မလား?"

"မင္းကလည္း ငါကအံ့ဩလို႔ပါ"

"ေအးေလ၊ ဒီေကာင္က ဒီလိုလည္းရတယ္လား?"

သူ႔ကိုေဘးနားထားၿပီး ႏွစ္ေယာက္သား ေျပာခ်င္ရာေျပာေနၾကသည္။

"ငါ့ဘာသာ ဒီတိုင္း မွတ္မိသေလာက္ ခ်ဆြဲၾကည့္တာ။ အရမ္းလက္ရာေျမာက္သြားတာေတာ့ ငါလည္းမေျပာတတ္ေတာ့ဘူး။ ပါရမီပါတာေနမွာေပါ့ေလ"

သူခပ္ႂကြားႂကြားေျပာေတာ့ ခုနက လုေျပာေနတဲ့ႏွစ္ေယာက္ အသံတိတ္ကာ တစ္ဘက္လွည့္သြားၿပီး မၾကားခ်င္ေယာင္ေဆာင္ၾကျပန္သည္။
ဒါမ်ိဳးက် သိပ္ခ်စ္ဖို႔ေကာင္းၾကသည့္ သူငယ္ခ်င္းေတြ၊ ႂကြားလို႔ကိုမရ။



အပိုင္း (၄) ဆက္ရန္

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလန့်တကြား သူမလက်ကို ပြန်ဖြန့်ကြည့်မိသည်။ ဘာမှမရှိ။ သူမ အိပ်ရာဘေးကရေဘူးကိုယူပြီး မော့သောက်ပစ်လိုက်သည်။
ပြန်အိပ်မရတော့ ညတာကသိပ်ရှည်သည်။

သူမရင်ထိုးလေးက ဘယ်ရောက်သွားလို့လဲ?

¤

မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတဲ့သူ့ကို ကျော်ဇေလာနှိုးတော့ မနက် ၁၀နာရီ။

"ဟေ့ကောင်၊ ထတော့။ နေ့လည်အတန်းချိန်က ပျက်လို့မရဘူး"

အိပ်ချင်မူးတူးနဲ့ နာရီကြည့်ပြီး မဖြစ်မနေ အိပ်ရာထလိုက်ရသည်။
ခေါင်းတွေကိုက်ပြီး လူကနုံးနေသော်လည်း အားတင်းထကာ ရေချိုးလိုက်သည်။ ခေါင်းကမကြည်၊ အစားကမစားနိုင်။
ကျောင်းဆင်းတော့ အိမ်ရောက်တာနဲ့ နားနေလိုက်တာတောင် မနက်မထနိုင်။ ဘွားလည်း အလုပ်မသွားဖြစ်တော့ဘဲ ဆရာဝန်ပင့်၊ သူ့အနားနေကာ မြေးကိုပြန်ပြီး ပြုစုနေရသည်။ မဖြစ်စဖူး သွေးပေါင်ကျသည်တဲ့။
နေ့လည်ခင်းလောက်သက်သာသွားပေမဲ့ ညနေမှပဲ လှုပ်လှုပ်ရှားရှားလုပ်နိုင်သည်။ ဘွားကတော့ အိမ်ပြန်မလာဘဲ ဘာတွေလုပ်လို့ဖြစ်ရသလဲဆိုပြီး ဆူပါတော့သည်။ သူ့အပြစ်နဲ့သူမို့ ငြိမ်နေရတော့သည်လေ။ ညနေပိုင်းထွဋ်ခေါင်ဖုန်းဆက်တော့ နောက်နေ့လည်း ကျောင်းမလာနိုင်ဘူးဆို၍ နောက်နေ့ညနေကျောင်းဆင်းတော့ အိမ်ကိုလိုက်လာသော်လည်း ကျော်ဇေပါမလာ။

"အခြေအနေဘယ်လိုလဲ လူမမာရေ"

"ကောင်းသွားပြီ။ မနက်ကျောင်းတက်မယ်။ ဟိုကောင်ရော?"

"မင်းရဲ့မ၊ ဆေးရုံရောက်နေလို့။ အဲဒါ မလင်းလက်က ဆေးရုံစောင့်ပေးနေရတာကို သူကဝိုင်းကူပေးနေတယ်။ ကိုလင်းရောင်က ဘန်ကောက်ဘက်ရောက်နေလို့လေ"

"ဟင်! မွန်းဘာဖြစ်တာလဲ?"

"မစိုးရိမ်ရပါဘူး။ အားနည်းပြီး မီးဖိုချောင်ထဲမှာ မူးလဲတဲ့အချိန် လက်ထဲမှာ ဟင်းရည်ပန်းကန်နဲ့မို့ ခြေထောက်မှာပါ အပူလောင်သွားလို့လေ"

"ဒဏ်ရာများလား? ဘယ်တုန်းကဖြစ်တာလဲ?"

"မများပါဘူး၊ နောက်နေ့ပဲ ဆေးရုံဆင်းရမှာ။ ဖြစ်တာက မင်းတို့ဆုံပြီးနောက်ရက်"

"ငါ ကျောင်းမှာဖျားတဲ့နေ့ပေါ့?"

"အင်း၊ မင်းတို့က ဘာတွေမှန်းကိုမသိဘူး"

"................."

"မင်းကရော ဘယ်လိုဖြစ်တာလဲ? အားကောင်းမောင်းသန်၊ ကျားကိုးစီးစားမကုန်တဲ့ နေမကောင်းဖြစ်ခဲတဲ့ ခန္ဓာကိုယ်က သွေးအားနည်းလို့ ကျောင်းနှစ်ရက်ပျက်တယ်ဆိုတော့ ..."

"ငါ အိပ်မက်မက်တယ်"

"မက်ပြန်ပြီ? ဘယ်တုန်းကလဲ? မူးတဲ့ညကလား?"

"အင်း"

"အရင်လိုပဲလား?"

"နည်းနည်းလေး မတူဘူး။ ဒီလို ..."

"ထူးဆန်းပြန်ပြီ။ ထားပါ။ ခုဘာစားထားလဲ? နွားနို့နဲ့ cheese cake ပါလာတယ်။ စားတော့မလား?"

"အင်း၊ စားရအောင်"

¤

နောက်နေ့ကျောင်းကအပြန် ကျော်ဇေက

"ဟေ့ကောင်တွေ! နောက်တစ်နာရီခွဲလောက်နေရင် ငါလာခေါ်မယ်။ ဘယ်အိမ်ကစောင့်မလဲ?"

"ဆရာ့နှုတ်ဆက်ပွဲကိစ္စ ရှိသေးတယ်လေ။ ဒီညနေမအားဘူး"

"အေး ဟုတ်သား! စနေနေ့မှ အေးဆေးပြောမယ်ကွာ"

"ဘာကိစ္စလဲကွ?"

"နောက်မှအေးဆေး"

"Ok"

ထိုညနေက နှုတ်ဆက်ပွဲအတွက် တာဝန်ယူထားတဲ့အပိုင်းကိုလုပ်ဖို့ ကားတစ်စီးနဲ့ run နေရင်းက လမင်းနဲ့လင်းလက်တို့ကို ကားတစ်စီးနဲ့တွေ့လိုက်ပါသည်။ လမ်းကြောင်းဆန့်ကျင်ဘက်မို့ လှမ်းမြင်လိုက်ရုံသာ။
ဒီတလောတော့ ခဏခဏဆုံဖြစ်နေတာများလား?

¤

Saturday

သူတို့ချိန်းထားတာကို သူနောက်ဆုံးမှရောက်လာသည်။ သူငယ်ချင်းနှစ်ယောက်အပြင် လင်းလက်ပါရောက်နေသည်။

"မလင်းပါရောက်နေတာလား?"

"အင်း၊ မင်းနဲ့ပြောစရာလေးရှိလို့"

"ဆိုပါဦးဗျ"

"မင်းဆီမှာ မွန်းရဲ့ရင်ထိုးလေး ရောက်နေတယ်ဆို?"

သူ ကျော်ဇေကိုကြည့်လိုက်တော့ သူ့ကိုခေါင်းညိတ်ပြသည်။

"ဟုတ်"

"နေမကောင်းမဖြစ်ခင်ညကမက်တဲ့ အိပ်မက်လေး တို့ကိုပြန်ပြောပြပါလား?"

"ကျော်ဇေ! မင်း ပြန်မပြောပါဘူးဆို?"

"ပြောရမယ့်အကြောင်းလေး ရှိလာလို့ပါ။ မေးတာဖြေလိုက်ပါကွာ"

"မင်းတော့ကွာ၊ မွန်း မသိဘူးမဟုတ်လား?"

သူ ကျော်ဇေ့ဆီကနေ လင်းလက်ဆီသို့ အကြည့်တွေပြောင်းလိုက်သည်။

"မပြောသင့်သေးဘူးထင်တာပဲ"

"ဟုတ်။ ကျွန်တော် ရင်ထိုးလေးပြန်ပေးမှာပါ။ ဒါပေမဲ့ အိပ်မက်တွေက ထူးဆန်းလို့။ အဲဒီညကအိပ်မက်မှာလည်း ရင်ထိုးလေးပါတယ်"

သူ အိပ်မက်အကြောင်းကို အကုန်ပြောပြလိုက်သည်။

"အင်း ... တို့တွေကိုယ်တိုင် ကာယကံရှင်တွေနဲ့ မရင်းနှီးရင် စိတ်ကူးယဉ်ဇာတ်လမ်းလား၊ လုပ်ကြံဇာတ်လမ်းလားလို့ ထင်မိမှာ"

"ဘာတွေဖြစ်လို့လဲ မလင်းရဲ့"

"အဲဒီညက အဲဒီလိုခပ်ဆင်ဆင်အိပ်မက်မျိုး မွန်းလည်းမက်တယ်"

"ဗျာ၊ ဘယ်လို?"

လင်းလက်က လမင်းရဲ့အိပ်မက်ကို ပြောပြလိုက်သည်။
သူ အံ့ဩမိသလို စိတ်ထဲတစ်မျိုးကြီးခံစားရသည်။ ရင်ထဲမှာလည်း ဆစ်ခနဲဖြစ်လာပြန်သည်။
ကျော်ဇေက

"ဆေးရုံမဆင်းခင် မမွန်းက မမကို အိပ်မက်အကြောင်းပြောနေတုန်း ငါရောက်သွားလို့ သေချာမေးကြည့်တော့မှ တူနေတာသိရတာ။ အဲဒါကြောင့် မင်းကိစ္စ မမကို ငါပြောလိုက်တာ။ မင်း ရင်ဘတ်အောင့်ပြန်ပြီလား?"

"အင်း။ ရပါတယ်၊ ဘာမှမဟုတ်ပါဘူး"

"မင်းဖြစ်တာ သွေးပေါင်ကျရုံသက်သက်ပဲလား? ဆရာဝန်ကရော ဘာပြောသေးလဲ?"

"နှလုံးရောဂါထင်လို့လား? မဟုတ်ပါဘူးကွာ"

"အေးပါ၊ စိုးရိမ်လို့မေးကြည့်တာ"

သူတို့စကားစပြတ်တော့ လင်းလက်တာရာက

"မင်းက တို့သူငယ်ချင်းကို စိတ်ဝင်စားနေတာလား?"

"ချစ်တာပါ။ Sorry မလင်း ... ကျွန်တော်က ..."

"ရပါတယ်။ ရှင်းပြစရာမလိုပါဘူး။ ပွင့်ပွင့်လင်းလင်းပြောမယ်နော်"

"ဟုတ်"

"ပုံမှန်ဆို မင်းကိုတားမိမှာ။ မွန်းလည်း သူ့ဘဝနဲ့သူ တင့်တင့်တယ်တယ်ပဲလေ။ မင်းပါလာရင် ရှုပ်ကုန်မှာစိုးတယ်။ ခုက မင်းတို့ပတ်သက်မှုက မင်းတို့ဘာသာရှင်းမှ ပိုကောင်းမယ်ထင်တဲ့ အခြေအနေလားလို့ပါ။ ပြီးတော့ သိရသလောက်ဆို မွန်းက ကိုလင်းရောင်နဲ့ကိစ္စကို မိဘသဘောအတိုင်း ခေါင်းညိတ်ထားတာ။ သူတို့ကိစ္စကို မွန်းက သေချာပြောပြချင်ပုံမရလို့ မမေးရပေမဲ့ ကိုလင်းရောင်ကို သူချစ်နေတဲ့ပုံ လုံးဝမပေါ်ဘူး။ မွန်းက တောင်ကြီးပြောင်းသွားလို့ ဒီနှစ်မှ တို့တွေပြန်ဆုံပြီး တစ်အိမ်တည်းနေဖြစ်ကြတာ။ ဒီကြားထဲဖြစ်သွားတာတွေကို သေချာမသိဘူးလေ"

"ဪ ... ဒါကြောင့် ကျော်ဇေလည်း မွန်းကိုသိတာမကြာသေးဘူးပေါ့"

"ဟုတ်တယ်။ မင်းအကြောင်း မွန်းကိုမပြောပါဘူး။ မင်းတို့ရေစက်ကို မင်းတို့ဘာသာစောင့်ကြည့်ကြပေါ့နော်"

"ဟုတ်၊ ခုလိုပြောပြပေးတာရော၊ မွန်းကိုမပြောပြတာရော မလင်းကို ကျေးဇူးတင်ပါတယ်"

သူတို့စကားဝိုင်းလေး ဒီလောက်နဲ့အဆုံးသတ်ပြီး ကားကိုယ်စီနဲ့ ပြန်ကြမည်ပြင်တော့ မှောင်စပြုနေပြီ။
လင်းလက်က ပြန်ခါနီး မွန်းမှာလိုက်တယ်ဆိုပြီး cheese cake မှာတော့ သူတို့သူငယ်ချင်းသုံးယောက် အကြည့်ဆုံသွားကြသည်။ သူနဲ့မွန်း အကြိုက်တူတာပဲလေ။
ထွဋ်ခေါင်ကို ကျော်ဇေဝင်ခေါ်လာတာမို့ ကားမပါလာ၍ ပြန်ပို့ဖို့ သူ့အလှည့်ကျသည်။ သူတို့ Car Stand ကိုရောက်တော့ သူ့ရင်ဘတ်ထဲအောင့်တက်လာပြီး ကားကိုကိုင်ကာ ကိုယ်ကိုထိန်းရသည်။ ထွဋ်ခေါင်က လှမ်းဆွဲထားသည်။
လင်းလက်နဲ့ကျော်ဇေကလည်း ကားထဲမဝင်ရသေးတော့ မြင်လိုက်သည်မို့ ကျော်ဇေက လှမ်းမေးသည်၊

"ဟေ့ကောင်၊ ရရဲ့လား?"

ကျော်ဇေ့အမေးကို လက်ကာပြရင်း

"မလင်း၊ မွန်းက အိမ်မှာကျန်ခဲ့တာလား?"

"အင်းလေ၊ ဘာဖြစ်လို့လဲ?"

လင်းလက်စကားအဆုံးမှာ ဖုန်းထမြည်တာမို့

"အေး၊ သူငယ်ချင်း"

"..........."

"ဟင်! နင်ဘာဖြစ်သွားသေးလဲ?"

"............"

"Ok, ok. I'm coming."

"ဘာဖြစ်တာလဲ မလင်း?"

သူ့အမေးကို လင်းလက်က

"အရမ်းစိတ်မပူပါနဲ့။ မီးသီးအသေးလေးကျွမ်းလို့ လဲတပ်နေတုန်း shock ဖြစ်တာထင်တယ်၊ ထပေါက်သလိုဖြစ်လို့ ခုံအနိမ့်ပေါ်ကနေ ပြုတ်ကျတာတဲ့။ လူတော့ဘာမှမဖြစ်ပါဘူးတဲ့။ မီးလည်း မိန်းချထားတယ်တဲ့လေ။ မင်း အရမ်းကြီးစိတ်မပူပါနဲ့။ အိမ်ပြန်နားလိုက်လေ။ မင်းသူငယ်ချင်းကျော်ဇေ အိမ်ရောက်ရင် အခြေအနေဖုန်းဆက်ပြောပေးလိမ့်မယ်။ ဟုတ်ပြီလား?"

"ဟုတ်ကဲ့"

ပြောပြီး သူ့ကိုထိန်းထားပေးတဲ့ ထွဋ်ခေါင်လက်ထဲ ကားသော့ထည့်ပေးလိုက်သည်။ ခုချိန်မှာ သူ ကားမမောင်းနိုင်တော့တာ အသေအချာပင်။

¤

သူမ လန့်သွားရုံပါပဲတဲ့။ ကျော်ဇေက လိုတာတွေ အားလုံးလုပ်ပေးခဲ့ပြီးပြီတဲ့။

ဘာလဲကွာ? ဘာလို့ ဒီလိုတွေ လာပြီးတိုက်ဆိုင်နေတာလဲ?

ဒီညနေကိစ္စကို ကာယကံရှင်ရော မျက်မြင်တွေ့ရတဲ့သုံးယောက်ရော အံ့ဩမိကြသည်။ မွန်းမသိတာက လွဲလို့ပေါ့။ သူကတော့ ပုံစံတူအိပ်မက်မျိုး ထပ်မမက်ချင်တော့ပါ။ ရင်ထဲနင့်သွားတဲ့ ခံစားချက်ကို အိပ်မက်ထဲတောင် ထပ်ပြီးမခံစားနိုင်တော့ဘူး။ ရင်ထိုးလေးကို သူပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ ပြန်ပေးလိုက်ရင် သူတို့ကြားကဆက်စပ်မှု လျော့သွားနိုင်မည်ထင်သည်။ ဆေးမရှိဘူးဆိုရင် ရောဂါမရင့်အောင် နေသင့်သည်မဟုတ်ပါလား။
သူ ရင်ထိုးလေးကိုရှာမိသည်၊ အိတ်ထဲမှာမရှိ။ စာကြည့်စားပွဲတစ်ခုလုံးနှံ့သွားသည်၊ မတွေ့။ ဘယ်ရောက်သွားလဲ?"
သူအိတ်ထဲထည့်ထားတာ။ မွန်းနဲ့မဆုံခင်ရက်က ညရောက်မှထုတ်ကြည့်ကာ သူ အိတ်ထဲပြန်ထည့်ထားလိုက်တာ အသေအချာပါပဲ။

¤

သူမအတွေးထဲ ရင်ထိုးလေးအကြောင်း ရောက်လာသည်။ တွေးနေတုန်းမှာ လင်းလက်က

"မအိပ်သေးဘူးလား?"

"စဉ်းစားတာ များသွားလို့ပါ"

"ဘာဖြစ်ပြန်ပြီလဲ? မနက်ဖြန် ကိုလင်းရောင်မွေးနေ့မှာ ငါ့သူငယ်ချင်းမျက်နှာလေး ပြည့်ပြည့်ဖောင်းဖောင်းဖြစ်နေရမှာလေ။ ပန်ဒါရုပ်ဖြစ်နေလို့ မရဘူး၊ စောစောအိပ်"

"ဟာဟ! နင်ပြောတာကလည်း နောက်နေ့ပဲ ငါကမင်္ဂလာဆောင်မှာကျလို့"

ပြောပြီး သူမငြိမ်ကျသွားပြန်သည်။

"ဘာတွေးပြန်ပြီလဲ?"

"မင်္ဂလာဆောင်ဆိုလို့ပါ။ ငါအချိန်ဆွဲလာတာ ကြာနေပြီ။ တကယ်ဆိုတော့လည်း သူ့ကို ငါမယူချင်ဘူး။ သံယောဇဉ်ဖြစ်လာပြီး ချစ်လို့ရလာမယ်ထင်ထားတာ။ အခုတော့ ထင်သလိုဖြစ်မလာဘူး"

"မချစ်နိုင်ဘူးပေါ့?"

"အင်း ... တဖြည်းဖြည်း သေချာလာသလိုပါပဲ"

"ငါမေးရင်မဖြေတဲ့နင်က အခုတော့ဝန်ခံပြီပေါ့။ အစားမထိုးနိုင်တာလား?"

မွန်းက လင်းလက်နဲ့မျက်လုံးဆုံကြည့်ပြီး

"မဟုတ်ဘူးဟ။ အစားထိုးဖို့လို့ ပြောရအောင်ကလည်း ရင်ထဲမှာ ဘာမှရှိမနေဘူး။ ဒါပေမဲ့ အဲဒီနေရာလွတ်က ကိုလင်းရောင်အတွက်လည်း မဟုတ်ပြန်ဘူး"

အရင်ကသာဒီစကားကြားရင် လင်းလက်တို့ မေးခွန်းတွေအများကြီးမေးမိမှာ။ အခုတော့ မွန်းရဲ့ခံစားချက်ကို လင်းလက် မေးခွန်းမထုတ်မိတော့။ ခံစားချက်ဆိုတာ ထိန်းဖို့မလွယ်ဘူး။ တစ်ခါတလေ ကိုယ်တိုင်မသိခင် မသိစိတ်က ဦးဆောင်နေတတ်တာမျိုးလား?
ပြီးတော့ ဒီနေ့ လင်းလက်ကိုယ်တိုင် ကြုံတွေ့လိုက်ရတဲ့ စိတ်ချင်းဆက်စပ်မှုလို့ပြောရမလား? အဲဒါက ထူးဆန်းနေတာအမှန်ပဲ။

¤

ရင်ထိုးလေးကို သူရှာမတွေ့တဲ့အဆုံး ကုတင်ပေါ်ပစ်လှဲလိုက်သည်။ အိတ်ထဲမှာမရှိရင် ... ဟုတ်ပြီ ... ပိုက်ဆံအိတ်! သူ ထွဋ်ခေါင်ဆီပေးလိုက်ပြီး အခုထိပြန်မယူရသေးဘူး။
ဖုန်းဆက်ဖို့ lock screen ကိုအရွှေ့၊ တွေ့လိုက်တာ 11:11 တဲ့။ သူပြုံးမိသည်။ သူမရော? ရင်ထိုးလေးအကြောင်းစဉ်းစားနေတာလား? သူ့ကို မွန်းမသိသေးတာကြောင့် ရင်ထိုးလေးအကြောင်းစဉ်းစားနေတာနေမှာ။

"ဟယ်လို၊ ထွဋ်ခေါင်!"

"အင်း ဘာကိတ်?"

"ငါ့ပိုက်ဆံအိတ်ထဲ ရှာကြည့်ပါဦး"

"အာ ... မင်းပိုက်ဆံအိတ်ပြန်ပေးဖို့ မေ့မေ့နေတာ။ ဘာရှာရမှာလဲ"

"ရင်ထိုး၊ အဲဒီအထဲမှာ ထည့်ထားတာ"

"အဲဒီလိုလား? ငါရှာကြည့်ပြီးရင် ဖုန်းဆက်ပြောမယ်"

"No!! Speaker ဖွင့်ပြီး ခုရှာပေးပါလား?"

"ဟေ ... အေးပါကွာ"

ထွဋ်ခေါင် ဖုန်းကို speaker ဖွင့်လိုက်ပြီး ခေါင်းအုံးပေါ်တင်ထားကာ သူ့အိတ်ထဲကနေ ပိုက်ဆံအိတ်ကိုထုတ်ယူရှာနေသည်။ ထွဋ်ခေါင်တစ်ယောက် ပိုက်ဆံအိတ်ထဲ သေချာရှာသည်။ အိတ်အကန့်သေးလေးတွေထဲ၊ ဇစ်ပိတ်ထားသမျှထဲတွေ ဘယ်နေရာမှာမှမတွေ့။
ဖုန်းထဲကနေ ထွဋ်ခေါင်ကို သူ အော်မေးမိသည်။

"ဟေ့ကောင်! တွေ့လား?"

"မတွေ့ဘူးကွ!"

ထွဋ်ခေါင်ကပြန်အော်သည်။

"ထားလိုက်တော့၊ နောက်နေ့မှ မင်းဆီငါလာရှာမယ်။ ငါ့ဆီမှာတော့ နှံ့နေပြီ"

"အထားမှားတာလားမှ မသိတာ"

"အေးပါ၊ မနက်မှတွေ့မယ်။ Good night"

"See you"

သူ ကုတင်ပေါ်ပစ်လှဲလိုက်သည်။ အထားမှားတာတော့ ဘယ်လိုမှမဖြစ်နိုင်။ တစ်နေရာရာမှာ ကျကျန်ခဲ့သလား? ဆက်စဉ်းစားမနေတော့ဘဲ အိပ်ပစ်လိုက်သည်။
မအိပ်နိုင်သည်က ထွဋ်ခေါင်။ ပိုက်ဆံအိတ်ကို သူယူထားမိတော့ သူ့တာဝန်မကင်းသလို ခံစားရသည်။ သူ့အိတ်ထဲရှာသည်။ မတွေ့တော့ ကားထဲသွားရှာပြန်သည်။ ဒါလည်းမတွေ့တော့ အခန်းထဲပတ်ရှာပြန်သည်။ မတွေ့သည့်အဆုံး လက်လျှော့ကာ မောမောနှင့်အိပ်ပစ်လိုက်တော့သည်။

¤

ဒီမနက် မွန်း အစောကြီးနိုးနေသည်။ ပြတင်းပေါက်တံခါးမှ အပြင်ကိုကြည့်မိတော့ သူမစိုက်ထားသည့် နှင်းဆီဖြူပင်က အဖူးလေးဖူးနေတာတွေ့ရသည်။ သူမပျော်သွားပြီး နှင်းဆီပင်ရှိရာထွက်လာကာ သေချာကြည့်နေမိသည်။
ဒီအပင်လေးစိုက်ထားတဲ့ ကြာနေပြီဖြစ်သည့်သက်တမ်းအတွင်း အခုမှ ပထမဆုံးစထွက်သည့် အဖူးလေး။

"ဟဲ့!"

သူမနောက်မှ ခေါ်သံခပ်တိုးတိုးကို သူမလန့်သွားမိသည်။

"အမလေး ... နင်ကလည်း ဘယ်လိုဖြစ်တာလဲ? ငတက်ပြားခြေလှမ်းနဲ့ အနားကပ်လာရလား?"

"ဘာ ငတက်ပြားလဲ? နင့်ဘာသာ ရှေ့ကိုအာရုံရောက်နေတာ"

"ဒီမှာကြည့်! နှင်းဆီဖြူလေး ဖူးနေပြီ"

"ဟင်!! ဒီအပင်က အမြုံမဟုတ်ဘူးပဲ။"

"ဟာ ... ဘယ်လိုကြီးပြောလိုက်တာလဲ? ငါ့အပင်ကိုများ အမြုံတဲ့"

"ငါပြောတတ်သလို ပြောတာလေ။ တော်ပြီ၊ နင်နဲ့မပြောဘူး။ ခဏနေ ပဲပြုတ်သည်လာတော့မှာ။ ထမင်းကြော်ရင်းစောင့်ရမယ်။ ငါဗိုက်ဆာပြီ"

"ပိန်နေဦးမယ်"

"ငါတို့က စားနိုင်၊ သောက်နိုင်တယ်လေ"

"ဪ ... ကျုပ်က မစား၊ မသောက်နိုင်တဲ့ လူတန်းစားပေါ့?"

"ကိုယ်ဘာသာသိလေ"

ပြောပြီး လင်းလက်က အထဲပြန်ဝင်သွားတော့ သူမနောက်ကလိုက်ဝင်ရင်း လင်းလက်ခါးကို ကလိထိုးကာ စနောက်နေပြန်သည်။ သူမတို့ ရယ်မောရင်း မနက်စာပြင်ကြ၊ စားသောက်ကြသည်။
နေ့လည်ပိုင်းမှာ လင်းရောင်မွေးနေ့ပွဲအတွက် ကူညီပြင်ဆင်ပေးဖို့ လင်းရောင်တို့အိမ်ကို သူမထွက်လာခဲ့သည်။ လင်းရောင်က ခြံထဲမှာ သူ့လူတွေနဲ့ အလုပ်ရှုပ်နေသည်။

"ဟာ! လမင်းလေး၊ လာကူတာလား?"

"ဟုတ်တယ် ကိုလင်း"

"ဟား ... ဟား ... မလိုပါဘူးဗျာ။ အားလုံးပြီးတော့မှာပါ။ နေ့လည်စာစားပြီးပြီလား"

"စားပြီးမှထွက်လာတာ။ ကူဖို့လေ"

"အပင်ပန်းမခံပါနဲ့ကွာ။ လာခဲ့၊ ဟိုဘက်သွားမယ်"

လင်းရောင်က သူမလက်ကိုဆွဲပြီး ခြံထောင့်ကထိုင်ခုံလေးတွေဆီ ခေါ်လာကာ ထိုင်ခိုင်းသည်။

"ဒီနားက ထိုင်ကြည့်။ အဆင်မပြေတာတွေ့ရင် လှမ်းပြော။ ok?"

သူမ ဘာမှပြန်ပြောမနေတော့။ ပြောလည်းမရမယ့်အတူတူ ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။ လင်းရောင်က သူမခေါင်းလေးကို အသာပုတ်ပြီး လှည့်ထွက်သွားသည်။
လင်းရောင်ဆိုသည့်ယောက်ျားက သူမကိုသိပ်ချစ်တာတော့ ခံစားမိသည်။ သူမထက် ခြောက်နှစ်ကြီးသော လင်းရောင်က သူမကို ကလေးတစ်ယောက်လို အလိုလိုက်သည်၊ စောင့်ရှောက်သည်၊ အနွံတာခံသည်၊ ဖြည့်ဆည်းပေးသည်။ သူမအတွက် အစ်ကိုတစ်ယောက်ရသလိုပင်။
လင်းရောင်ကသာ လက်ထပ်ဖို့ကိုတိုက်တွန်းနေပေမဲ့ သူမက မငယ်တော့သောအသက်ကို ငယ်သေးသည်ဟုအကြောင်းပြကာ ရှောင်လို့ကောင်းဆဲ။ သူမဘက်က လင်းရောင်ကို လက်တွဲဖော်တစ်ယောက်လိုအချစ်မျိုးနှင့် မချစ်သည်မှာသေချာသည်။
မိန်းကလေးတစ်ယောက်အတွက် ငြင်းစရာမရှိသည့်ယောက်ျားမို့ မငြင်းဆန်သည်မှလွဲ၍ သူမခံစားချက်က မေတ္တာတရားသက်သက်သာ။ ရင်ခုန်ချစ်မြတ်နိုးခြင်းဆိုတာမျိုး မရှိခဲ့။
ဒါကလည်း သူမပြန်မတွေးချင်သော အကြောင်းအရာတစ်ခုကြောင့်လား ဆိုတာကိုတော့ သူမလည်း သေချာမသိ။

သူမအတွေးတွေရွက်လွှင့်ရင်း လင်းရောင်ကို လိုက်ကြည့်နေမိသည်ထင်သည်။ လင်းရောင်က သူမကို လှမ်းပြုံးပြသည်။ ခုနလေးတင် လာချပေးထားသော သူမရှေ့က အအေးတစ်ခွက်ကို လှမ်းယူရင်း သူမပြန်ပြုံးပြလိုက်မိသည်။
လင်းရောင်ရဲ့ တည်ငြိမ်တဲ့အပြုံးတွေမှာ ကြွေဆင်းချင်ကြတဲ့ပန်းလေးတွေက အများအပြား။ သူမကတော့ ကြွေရအောင်လည်း ပန်းမှမဟုတ်တာပဲ။
သူမက ညဘက်ကောင်းကင်မှာ အလင်းရောင်ပေးဖို့အတွက် ကြွေကျလို့မဖြစ်တဲ့ လတစ်စင်း။ လင်းရောင်ရဲ့ပတ်ဝန်းကျင်မှာ လမင်းလင်းရောင်ဆိုပြီး လူတိုင်းသိကြသည်။ နေနဲ့လ၊ ရွှေနဲ့မြ ဆိုတာမျိုး။ လမင်းသွားရာ အလင်းရောင်ဖြာတတ်သလိုမျိုး ကိုလင်းရောင်ဆိုတာ လမင်းစန္ဒာဘေးမှာ အရိပ်လိုရှိနေတဲ့လူမျိုး။

သူမက လမင်းဝင်းပချိန် ယှဉ်တွဲပါလာသော အလင်းရောင်လိုလူမျိုးထက် ကိုယ်ပိုင်အလင်းရောင်မရှိသော လတစ်စင်းအတွက် တောက်ပသည်ဖြစ်စေ၊ မှေးမှိန်သည်ဖြစ်စေ လက်ခံပေးနိုင်သော .....
သူမ၏အလင်းရောင်ကို ဝမ်းမြောက်စွာလက်ခံ၍၊ သူမ၏ Dark side ကို ကျေနပ်စွာထွေးပွေ့ပေးနိုင်သော .....
သူမဘဝလမ်းကို လွတ်လပ်စွာလျှောက်လှမ်း၍ အချိန်မရွေး မှီတွယ်ခိုဝင်နိုင်သော ....
မိုးကောင်ကင်လိုလူမျိုးကို ပို၍လိုချင်မိသည်။

လင်းရောင်ဆိုသူက လမင်းနှင့်အတူတကွတည်ရှိနေသော လမင်းလင်းရောင်ဆိုသည့် ဘဝမျိုးကို လက်ခံထားသူ။သူမ၏ အချစ်အိပ်မက်သည် လင်းရောင်မဟုတ်သော်လည်း သူမနှင့်သက်ဆိုင်သောကောင်းကင်တစ်ခု သူမမှာရှိမနေခဲ့။

¤

***Happy birthday***

ဆုတောင်းသံများနှင့်အတူ လက်ခုပ်သံများ။ ဖောက်ခနဲအသံနှင့်အတူ တလက်လက်တောက်သွားသော ပတ်ဝန်းကျင်တွင် သူမတို့ခေါင်းပေါ် ငွေမှုန်လေးတွေ ပြန့်ကျဲသွားသည်။
လင်းရောင်က သူ့ရှေ့မှမွေးနေ့ကိတ်ကြီးကိုခွဲပြီး သူမကိုအရင်ဆုံးခွံ့သည်။ လက်ခုပ်သံတွေ၊ ဟေးခနဲအော်သံတွေ ထွက်လာကြပြန်သည်။ သူမက လက်ထဲကဘူးလေးကိုဖွင့်ပြီး ကလစ်လေးတစ်ခုထုတ်ယူကာ လင်းရောင်၏နက်ခ်တိုင်တွင် တပ်ဆင်ပေးလိုက်သည်။
လက်ခုပ်သံတွေမစဲတော့သလို လင်းရောင်၏ပီတိအပြုံးတွေ၊ သူမတို့နှစ်ဦး ဘယ်လောက်လိုက်ဖက်ကြောင်း ချီးမွမ်းသံတွေ၊ ဆုတောင်းစကားတွေနဲ့ ရွှန်းရွှန်းဝေနေသည့် ညချမ်းလေးတစ်ခု။

ထိုပွဲတွင် မွန်း၏အချစ်ဆုံးသူငယ်ချင်း လင်းလက်တာရာနှင့် ဦးလေးကိုယ်စားပွဲတက်လာသော ကျော်ဇေတို့က စုံတွဲလိုက်အတူရှိနေကြသည်။ မွန်းနှင့်လင်းရောင်တို့၏လုပ်ငန်းမှ လုပ်ငန်းသုံးယာဉ်များ၊ အိမ်စီးကားများကို ကျော်ဇေတို့ဆိုင်သို့သာ ယုံကြည်စွာအပ်နှံနေကျမို့ သူတို့ချင်းက တရင်းတနှီးမဟုတ်တောင် လုပ်ငန်းသဘောအရ အတော်လေးခင်မင်မှုရှိကြသည်မို့။
လင်းလက်တာရာတစ်ယောက် မွေးနေ့ပွဲမြင်ကွင်းကိုကြည့်ရင်း ပျော်ရွှင်စွာ လက်ခုပ်တီးအားပေးနေသော်လည်း ဘေးမှကျော်ဇေကတော့ လက်ခုပ်တီးရင်း သူ့သူငယ်ချင်း၏ မွန်းနှင့်ပတ်သက်သည့် အင်တာဗျူးကို မည်သို့မည်ပုံဖြေရမလဲလို့ တွေးနေချိန် ....

* ဖောင်း * * ဖောင်း *

"အား"

ပူဖောင်းနှစ်လုံးဆင့်ပေါက်သံနှင့် မွန်းရဲ့လန့်အော်သံ ထွက်လာပြီး မွန်းလက်ထဲကအချိုရည်ခွက် လွတ်ကျသွားသည်။ သူမအနားက ပူဖောင်းက လေအလွင့်မှာ သူမခေါင်းဆီအရောက် ဆံထိုးနှင့်ထိမိဟန်တူသည်။ နားနားမှာကပ်ပေါက်သွားသည့်အပြင် နောက်ထပ်တစ်လုံးပါ ထပ်ပေါက်သည်မို့ သူမလန့်ပြီး အော်မိသွားသည်။
ဘာထိခိုက်မှုမှမရှိ၍ ပရိတ်သတ်များကို သေချာပြောပြီး မွန်းတစ်ယောက် လင်းလက်တို့နှင့် ထောင့်အစွန်ဝိုင်းမှာထိုင်ဖြစ်သည်။

ထိုသို့ဖြစ်ပြီး ငါးမိနစ်ခန့်အကြာ စားပွဲပေါ်က ကျော်ဇေ့ဖုန်းက ထမြည်သည်။ အသံစုံတို့ကြားထဲ ဖုန်းသံမကြားရသော်လည်း vibration ကြောင့် ကျော်ဇေလှမ်းကြည့်မိတော့ ...

"Hello"

".........."

"ဆူနေလို့ ဘာမှမကြားရဘူး။ ခဏ"

ခြံပေါက်ဝနားရောက်မှ အသံကြားရသည်။

"ပြော! ခုမှကြားရလို့"

".........."

"မွန်း? ရှိတယ်လေ။ မင်းဘာဖြစ်ပြန်ပြီလဲ?"

".........."

"ရင်တုန်ပြန်ပြီလား? သူကဘာမှမဖြစ်ပါဘူး။ သူ့နားကပူဖောင်း ထပေါက်လို့ နည်းနည်းလန့်သွားတာ၊ အခုငါတို့နဲ့ ထိုင်စကားပြောနေတုန်း မင်းဖုန်းဆက်တာပဲ"

".........."

"အေးပါ။ See you tomorrow"

ကျော်ဇေပြန်ဝင်လာတော့ လင်းလက်က မျက်စပစ်ပြီး ဖုန်းကိုမေးငေါ့ပြသည်။ ဘယ်သူဖုန်းဆက်တာလဲ ဆိုသည့် အမေးသဘော။

"ဟိုရောဂါသည်ကောင်၊ ရင်တုန်လို့တဲ့"

"ဟင်! အဲဒါလည်းသိပြန်ပြီလား?"

လင်းလက်က ကျော်ဇေနားကပ်ပြီး မေးလိုက်သည်ကို ကျော်ဇေက ခေါင်းညိတ်ပြသည်။
သူတို့တွတ်ထိုးနေသည်ကို မွန်းက

"ဘာတွေပြောနေကြတာလဲ?"

"ကြားသုံးကြား မဝင်ကောင်းဘူး၊ သူငယ်ချင်း"

"နင်တို့က သားအမိတွေလား?"

"အစုတ်ပလုတ်မ! လင်မယားလားလို့မေးရင်တောင် တော်သေးတယ်။ နင့်ကြီးဒေါ်နဲ့မှ သားအမိ"

"ဪ ... ယောက်ျားမလိုချင်ရှာဘူးနော်"

သူမတို့သူငယ်ချင်းနှစ်ယောက်အပြောကြောင့် ကျော်ဇေရယ်မိသည်။
သူ့သူငယ်ချင်းကြီးကတော့ အိမ်မှာနေရင်း အိပ်တောင်ပျော်ပါ့မလားမသိ။

¤

ကျောင်းမှာ သူငယ်ချင်းသုံးယောက်ဆုံတော့ သူ့ဘက်က မွန်းအကြောင်းကို တစ်ခွန်းမှမဟ၍ ကျန်နှစ်ယောက်လည်း မပြောမိအောင် နေကြသည်။
ညနေကျောင်းဆင်းတော့ ထွဋ်ခေါင်အိမ်မှာ ရင်ထိုးလေးလိုက်ရှာမည်ဆို၍

"မတွေ့ဘူး။ အခန်းထဲနှံ့နေပြီ။ အိတ်ထဲရော၊ ကားထဲရော၊ အိမ်ထဲမှာပါ လျှောက်ကြည့်ပြီးပြီ။ မင်းဆန္ဒရှိရင်တော့ လိုက်ရှာလေ"

ထွဋ်ခေါင်က ဤသို့ပြောပြီး သူ့ပိုက်ဆံအိတ်လေး ထုတ်ပေးလာသည်။

"အဲဒါဆိုလည်း နေပါစေတော့။ ငါ့အိမ်မှာလည်းမတွေ့ဘူး။ ဘယ်နားကျပျောက်သွားပါလိမ့်? အဲဒီနေ့က ဆိုင်မှာကျပျောက်သွားတာများလား?"

"ဆိုင်မှာ အိတ်ထဲက ဘာမှမထုတ်ဘူးလေ"

"ထားလိုက်ပါတော့ကွာ"

ညရောက်တော့ သူ့စိတ်ထဲထင်ကျန်နေတဲ့ ရင်ထိုးပုံစံလေးကို စာရွက်ဖြူပေါ် ချဆွဲကြည့်လိုက်သည်။ ဆွဲပြီးသွားတော့ သူ့ကိုယ်သူအံဩသွားသည်။ State ကျောင်းမှာ ပန်းချီအခြေခံလေး သင်ဖူးတာရယ်၊ တက္ကသိုလ်က Drawing တွေရယ်ကလွဲလို့ ဘာပုံမှမဆွဲဖူးသည့်သူက ဒီလိုတွေ လက်ရာမြောက်နေတာကို ဟိုကောင်တွေမြင်ရင် ဘာပြောကြဦးမလဲ?

¤

"ဟာ! ဒါက မင်းဆွဲထားတာလား?"

"သူ မဆွဲလို့ မမွန်းကဆွဲပြီး ပေးထားတာဖြစ်မလား?"

"မင်းကလည်း ငါကအံ့ဩလို့ပါ"

"အေးလေ၊ ဒီကောင်က ဒီလိုလည်းရတယ်လား?"

သူ့ကိုဘေးနားထားပြီး နှစ်ယောက်သား ပြောချင်ရာပြောနေကြသည်။

"ငါ့ဘာသာ ဒီတိုင်း မှတ်မိသလောက် ချဆွဲကြည့်တာ။ အရမ်းလက်ရာမြောက်သွားတာတော့ ငါလည်းမပြောတတ်တော့ဘူး။ ပါရမီပါတာနေမှာပေါ့လေ"

သူခပ်ကြွားကြွားပြောတော့ ခုနက လုပြောနေတဲ့နှစ်ယောက် အသံတိတ်ကာ တစ်ဘက်လှည့်သွားပြီး မကြားချင်ယောင်ဆောင်ကြပြန်သည်။
ဒါမျိုးကျ သိပ်ချစ်ဖို့ကောင်းကြသည့် သူငယ်ချင်းတွေ၊ ကြွားလို့ကိုမရ။



အပိုင်း (၄) ဆက်ရန်

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
© Demon ,
книга «ကၽြန္ေတာ့္ရင္ခြင္ ညေကာင္းကင္မွ ဧကရီ သူမ».
Коментарі