Chapter (8)
"ဟဲ့ ... ဘာေတြေတြးေနတာလဲ?"
"ဟင္ ... နင္ငါ့ကို အႏိုင္က်င့္ခဲ့တာေတြ ေတြးေနတာ"
"ဘာရယ္ ...? ဘယ္လို ... ?"
"နင္ေတာ္ေတာ္ဆိုးတာ ေလးငယ္"
"အမေလးဟယ္ ... နင္ကပဲေျပာရတယ္လို႔။ နင္ဆိုးတာလား? ငါဆိုးတာလား?"
"နင္ဆိုးတာ။ ငါ့ကို ဟိုးငယ္ငယ္ေလးကတည္းကအႏိုင္က်င့္တာ အခုထိပဲ။ ငါ ဆယ္တန္းႏွစ္က နင္အဆိုးဆံုးပဲ ေလးငယ္ေရ"
"နင္ကလည္း ဂုဏ္ထူးေလးဘာသာအာမခံထားၿပီး ဆိုးခ်က္က 9+ ေလ။ က်ဴရွင္လစ္ၿပီး ဂိမ္းဆိုင္ေရာက္တယ္။ လပတ္စာေမးပြဲေတြ တစ္ခါတေလ မေျဖဘူး။ ရန္ျဖစ္တာမွ ဓားပါထိလာတာေလ။ က်န္ေသးတယ္၊ ငါ့ကိုေပးမယ့္ရည္းစားစာကို ေရးေပးလိုက္ေသးတယ္"
"နင့္ကိုေပးမယ္မွန္းမွ မသိတာ။ အဲဒီေကာင္ကလည္း အဲဒီႏွစ္မွရင္းႏွီးတာေလ။ သူကိုက သူ႔လက္ေရးနဲ႔ျပန္မကူးလို႔ ငါေရးမွန္း နင္သိတာေလ။ မဟုတ္ရင္ သူနဲ႔ငါက်ဴရွင္တူေပမဲ့ ငါေရးေပးတာလို႔ နင္ေတြးမိမွာေတာင္မဟုတ္ဘူး"
"နင္ကိုက Cupid လိုက္လုပ္ေနတာ"
"ဘာျဖစ္လဲ? ၿပီးေတာ့ ဓားထိလာတာက ရွပ္ထိ႐ံုပါဟာ။ ဟိုဘက္ကသံုးေကာင္မွ ေခါင္းေတြကြဲကုန္တာ"
"ရဲမတိုင္လို႔ေပါ့။ တိုင္ရင္ေတာ့ လွၿပီ"
"သူတို႔က ဓားေဆာင္ထားတာေလ။ တိုင္ရဲမလားဟ!"
"နင္ကေလ ရန္ျဖစ္ရမယ္ဆို လက္ကျမန္သလားမေမးနဲ႔"
"နင့္ေလာက္မျမန္ပါဘူး။ ငါ့ကိုႏွိပ္စက္ဖို႔ဆို မိေလးငယ္တို႔မ်ား လက္ျမန္တာမွ စက္တပ္ထားသလိုပဲ"
"ျဖစ္ရေလ ... သူမ်ားေတြၾကားရင္ အဟုတ္ထင္ေနဦးမယ္။ ငါက ဘယ္မွာႏွိပ္စက္လို႔လဲ?"
"ငါ့ေခါင္းကဆံပင္ မညီေသးဘူးေနာ္။ ဒဏ္ရာေဆးထည့္ေပးတာက နည္းနည္းရယ္၊ ဆံပင္ေတြ ညႇပ္ပစ္တာက အမ်ားႀကီး။ နင္ တမင္တကာလုပ္တာမဟုတ္လား?"
"အဲဒီလိုမလုပ္ရင္ ဘယ္လိုေဆးထည့္မလဲ?"
"နင္လုပ္တာက မ်ားလြန္းပါတယ္"
"မေက်နပ္လည္း မတတ္ႏိုင္ဘူး"
"မျဖစ္ရဲပါဘူးဗ်ာ"
"ရြဲ႕တာလား?"
"မဟုတ္ဘူး။ နင့္ရဲ႕ အတိုင္အေတာစေကးကို ေၾကာက္တာ"
"ဟာ ဟ! ငါက ဘာလုပ္ေနလို႔လဲ?"
"ဟိုေန႔ကပဲၾကည့္ေလ။ ငါ့မွာ ဘာမွမေျဖရွင္းႏိုင္ဘဲ ၿငိမ္ေနလိုက္ရတာ။ ဆယ္တန္းႏွစ္တုန္းကလည္း ငါ ရန္ျဖစ္ထားလို႔ အိမ္ထဲကအိမ္ျပင္ထြက္မရပါဘူးဆိုတာ သိရဲ႕နဲ႔ အသြားအျပန္နာရီဝက္ေလာက္ခရီးကို ေၾကးအိုးသြားဝယ္ခိုင္းၿပီးမွ ေဖ့ကို ဖုန္းဆက္တိုင္တယ္။ နင္ေတာ္ေတာ္ အၾကင္နာတရားမရွိတာ။ ေၾကးအိုးဆိုင္မွာလည္း အဲဒီအခ်ိန္မွလူေတြက်ေနတာ င့ါမွာ နာရီဝက္ေလာက္ေစာင့္ေနရတယ္"
"ဟဲ့ ... ငါလိုက္လာၿပီး နင့္အတြက္ ကူေျပာေပးတယ္ေလ"
"ကူေျပာေပးလည္း ခါးပတ္စာမိတာက မိတာပဲေလ။ အဲဒီတုန္းက နင္ ဘာကိုစိတ္ဆိုးၿပီး ငါ့ကိုရစ္တာလဲ?"
"ခုနေျပာတဲ့ ရည္းစားစာအမႈေလ။ ငါ့လက္ထဲ နင့္လက္ေရးနဲ႔စာကရွိေနလို႔ နင္ထြက္လာရတာေလ။ နင္ တစ္နာရီေလာက္အျပင္ေရာက္ေနတုန္း ငါတိုင္လိုက္လို႔ ဦးေဖအိမ္ျပန္လာရင္ နင့္ထက္အရင္ေရာက္ေနမွာ ငါတြက္မိၿပီးသား"
"အဲဒါေျပာတာ၊ ဉာဏ္နီဉာဏ္နက္ေတြခ်ည္းပဲ"
"အၾကံဉာဏ္ေကာင္းေတြ ေတြးတတ္တာပါ"
"တစ္ဘက္ကၾကည့္ရင္ ပရိယာယ္၊ တျခားတစ္ဘက္ကၾကည့္ရင္ ကလိမ္ကက်စ္က်တာပဲ"
"ဟာ ဟ! နင္နဲ႔က ကလိမ္ကက်စ္မက်ရင္ မလြယ္ဘူးေလဟဲ့"
"ေတာ္စမ္းပါ။ ငါ့ ရန္ေတြ႕မေနနဲ႔။ နင့္ဇာတ္လမ္း နင္ၾကည့္စမ္းပါ"
"ဟြန္႔"
ေလးငယ္ သူ႔ဇာတ္လမ္းဘက္ ျပန္လွည့္လာလိုက္သည္။
တကယ္ေတာ့ ေနေကာင္းကင္က ေလးငယ္အေပၚ ေတာ္ေတာ္ႀကီးအႏြံတာခံတာ ေလးငယ္ကိုယ္တိုင္လည္း သိပါသည္။ အျပင္ပန္းက သူငယ္ခ်င္းလိုဆက္ဆံေနေပမဲ့ သူ႔စိတ္ထဲ အစ္ကိုတစ္ေယာက္လိုအားကိုးသည္၊ ဆိုးႏြဲ႕သည္၊ အႏိုင္ယူေနခဲ့သည္။ သူမက ဘယ္လိုပဲဆိုးဆိုး၊ ဘယ္လိုပဲအႏိုင္က်င့္ပါေစ သူ႔ဘက္က စိတ္မကြက္တတ္တာကိုသိေနေတာ့ သူမက ေရာင့္တက္ေနတာလည္း သူမကိုယ္သူမသိသည္။
¤
ေလးငယ္တို႔ငယ္ငယ္က တစ္ရက္မွာ ေနေကာင္းကင္က ျခံထဲဆင္းၿပီး သူလုပ္ထားတဲ့ေလးမွာထည့္ပစ္ဖို႔ ျမားလုပ္ရန္ ဝါးေခ်ာင္းေလးေတြကို ခဲတံခၽြန္ဓားေလးျဖင့္ခၽြန္ေနခဲ့သည္။ သူမက အေမႏွစ္ေယာက္စကားေျပာေနစဥ္ ထြက္လာၿပီး ေကာင္းကင္နားေရာက္လာ၏။ သူမ ျခံထဲကသစ္ရြက္ေလးေတြ ေလၽွာက္ခူးၿပီး
"ေကာင္းေကာင္း၊ ငါ့ကို ဓားခဏေပးပါ"
"ဘာလုပ္မလို႔လဲ? ရွလိမ့္မယ္၊ မယူနဲ႔"
"အရြက္ေတြ လွီးမလို႔ပါ။ မရွပါဘူး"
"ငါ လွီးေပးမယ္"
"ငါ့ဘာသာလုပ္မယ္။ ခဏေလးပါ"
"ခဏေလးပဲေနာ္"
တကယ္ကို ခဏေလးပါ။ ခဏေလးအတြင္း လက္ကိုဓားရွလိုက္တာ ေသြးေတြအမ်ားႀကီး။ သူမ နာတာေရာ၊ ေသြးေတြကိုျမင္လို႔လန္႔တာေရာေၾကာင့္ ေအာ္ငိုေတာ့ အေမႏွစ္ေယာက္ေျပးထြက္လာသည္။
"ဟယ္! ဓားထိတာလား? ဓားမေဆာ့ရဘူးလို႔ ေျပာထားတာကို"
"အမိရယ္၊ ကေလးကို မဆူပါနဲ႔ေတာ့။ လာ၊ ေဆးသြားထည့္ရေအာင္။ တိတ္ ... သမီးငယ္ ... တိတ္ တိတ္! တီေမ ေဆးထည့္ေပးမယ္ေနာ္"
"ဒီေကာင္မေလးေတာ့ ေတာ္ေတာ္ေဆာ့တယ္"
အိမ္ထဲေခၚလာရင္း ေလးငယ္မာမီကဆူေနေတာ့ ေနေကာင္းကင္က
"သားကလုယူလိုက္လို႔ ရွသြားတာပါ။ ေလးငယ္ကို မဆူပါနဲ႔ေနာ္၊ တီမြန္"
ေဒၚမိမိမြန္ ဘာျပန္ေျပာရမွန္းမသိ ျဖစ္သြားသည္။ ေကာင္းကင္ရဲ႕ အေမက
"အငယ္ေကာင္၊ နင္ေတာ္ေတာ္ ျပႆနာရွာတာပဲ။ သြား ... ေရခပ္လာခဲ့၊ ေသြးေတြေဆးရမယ္။ ၿပီးမွ နင္နဲ႔ရွင္းရမယ္"
"ဟုတ္"
ေကာင္းကင္ ေရဇလံုေလးယူလာေတာ့ ေဆးထည့္ဖို႔အဆင္သင့္ျဖစ္ေနၿပီ။ ေရေဆးၿပီး ေရသုတ္၊ အရက္ပ်ံထည့္ေတာ့ ေလးငယ္က တ႐ံႈ႕႐ံႈ႕နဲ႔ငိုျပန္သည္။ ေဆးထည့္၊ ပလာစတာကပ္ၿပီးေတာ့ ေလးငယ္က အိမ္ျပန္မည္ဆိုၿပီးျပန္ခါနီး သူမမာမီက
"ယမင္း၊ ကေလးကို ႐ိုက္မေနနဲ႔ေနာ္။ သူလည္း တမင္လုပ္တာမွမဟုတ္တာ"
"ေအးပါ"
ေအးပါဆိုၿပီး ေလးငယ္တို႔ျပန္သြားေတာ့ ဓားယူေဆာ့ၿပီးလုစရာလားဟုဆိုကာ သူအ႐ိုက္ခံရသည္။ ေနပူပူႀကီး ေသြးထြက္လြန္ရင္ ဘယ္လိုလုပ္မလဲတဲ့။ သူလုပ္တာပါလို႔မေျပာရင္ ေလးငယ္ကို သူ႔မာမီက အခုလိုပဲဆူေနမွာလို႔ ေတြးလိုက္မိသည္။ ေနာက္ေန႔ သူ႔ေျခသလံုးကအ႐ိႈးရာေတြျမင္ေတာ့ ေလးငယ္က မ်က္ႏွာမေကာင္း။
"ငါက ဘာမွမျဖစ္ပါဘူး"
"အဲဒီအရာေတြက နာမွာေပါ့"
"သံုးခ်က္ပဲ အ႐ိုက္ခံရတာပါ"
သူက လက္သံုးေခ်ာင္းေထာင္ၿပီးေျပာေတာ့ သူမ မ်က္လံုးဝိုင္းေလးေတြနဲ႔ ေမာ့ၾကည့္သည္။
"ေနာက္ဆို ငါ ဓားနဲ႔မေဆာ့ေတာ့ဘူး။ ေနာ္ ... ေကာင္းေကာင္း"
သူက အသာျပံဳးျပၿပီး ေခါင္းညိတ္လိုက္သည္။
သူမတို႔က တကယ့္ေမာင္ႏွမအရင္းေတြလိုပါပဲ။ ေနေကာင္းကင္ဆိုတာက သူကိုယ္တိုင္ကဆိုးေပမဲ့ သူ႔အစ္ကိုျဖစ္သူေနမင္းသူရိန္ႏွင့္ သူမအေပၚေတာ့ ငယ္ငယ္ေလးကတည္းက အရမ္းကိုခင္တြယ္သည္။ သူမတို႔ အဆူမခံ၊ အ႐ိုက္မခံရေအာင္ သူကပဲလူဆိုးအျဖစ္ခံခဲ့တာေတြ ခဏခဏပါပဲ။ သူမကအငယ္ဆိုၿပီး ကိုႀကီးေနမင္းကိုေရာ၊ သူ႔ကိုပါ အႏိုင္ယူတတ္ေပမဲ့ သူကေတာ့ သူ႔ထက္သံုးႏွစ္ေက်ာ္ႀကီးတဲ့အစ္ကိုကို တစ္ခါတေလမွာ သူကျပန္ၿပီးညႇာတာေနတတ္တာမ်ဳိး။ ေနမင္းက မိဘစကားနားေထာင္ၿပီးလိမၼာေတာ့ တစ္ခုခုဆို ေနေကာင္းကင္အမွားဟုသာ ထင္လိုက္ၾကလၽွင္ သူက သူ႔အစ္ကိုလုပ္တာပါလို႔ ဘယ္တုန္းကမွထုတ္ေျပာေလ့မရွိခဲ့။
¤
တစ္ခါက ညီအစ္ကိုႏွစ္ေယာက္ ျခံထဲမွာေဘာလံုးကန္ၾကရင္း ေနမင္းပစ္လိုက္တဲ့ေဘာလံုးကို ေကာင္းကင္က ပုတ္ထုတ္လိုက္တာမွာ ျပတင္းေပါက္မွန္ကိုထိမိၿပီး မွန္ကြဲသြားသည္။ ျဖစ္ခ်င္ေတာ့ အေမျဖစ္သူက ျပတင္းေပါက္နားရွိေနေတာ့ အျပင္ကိုၾကည့္လိုက္ခ်ိန္ ေဘာလံုးေျပးေကာက္တဲ့ေကာင္းကင္ကို ျမင္သြားသည္။ စိတ္ေတြတိုၿပီး တုတ္တစ္ေခ်ာင္းကိုင္လို႔ ထြက္လာကာ
"အငယ္ေကာင္၊ လာခဲ့စမ္း!"
ေကာင္းကင္က အေမနားေရာက္သြားေတာ့
"ေဆာ့တာေဆာ့ေပါ့၊ မွန္ကြဲတဲ့အထိ ေဆာ့ရလား? ငါအဲဒီနားရပ္ေနတာ မွန္ကြဲစေတြ ေျခေထာက္နားထိ ေရာက္လာတယ္။ ကိုယ့္အိမ္ထဲမို႔လို႔ေပါ့။ သူမ်ားေတြထိမိလို႔ မ်က္စိကိုေဘာလံုးမွန္ရင္ ဘယ္လိုလုပ္မလဲ? အဲဒီေလာက္ လက္လြတ္စပယ္ေသာင္းက်န္းရလား? ဟိုဘက္လွည့္စမ္း!"
ေျပာၿပီး လႊဲ႐ိုက္လိုက္ေတာ့ ေနမင္းက
"ေမေမ၊ အဲဒါ သားပစ္လိုက္တာ"
"ေနာ္ ပုတ္ထုတ္လိုက္လို႔ ထိသြားတာပါ"
"ေတာ္စမ္း! အႀကီးေကာင္ပါ ဒီနားလာခဲ့"
ႏွစ္ေယာက္လံုးကို႐ိုက္ေတာ့ ေနမင္းကိုႏွစ္ခ်က္ပဲထိေသးသည္၊ ေကာင္းကင္က ေနမင္းေရွ႕က ဝင္ကာသည္။ လူပ်ဳိေပါက္၊ ရွစ္တန္းေက်ာင္းသားေနမင္းကို လူေကာင္ထြားသည့္ ငါးတန္းေက်ာင္းသား ေကာင္းကင္က ေနာက္ကဖက္ထားလၽွင္ ႐ုတ္တရက္ ေနမင္းမ႐ုန္းႏိုင္။ ေကာင္းကင္က အျမဲပင္ ၾကမ္းၾကမ္းတမ္းတမ္းေဆာ့ကစားတတ္သူမို႔ ေနမင္းလိုမဟုတ္။ ငယ္ေသးေတာ့ အစ္ကိုထက္စာလၽွင္ လူေကာင္နည္းနည္းပိုေသးၿပီး အရပ္ကလည္းပိုပုေပမဲ့ အားသန္လွသည္။ အခုလည္း သူကဝင္ကာသည္မို႔ သူခ်ည္းအ႐ိုက္ခံရသည္။ အေမလုပ္သူကပဲ ရပ္လိုက္ရသည္။
"နင္တို႔ ၾကပ္ၾကပ္သတိထား"
အေမ အိမ္ထဲဝင္သြားေတာ့
"ဘယ္လိုလုပ္တာလဲ ညီညီရာ"
"ဘာလုပ္လို႔လဲ?"
ေျပာၿပီး သူကပါအိမ္ထဲဝင္ၿပီး ျပတင္းေပါက္နားေရာက္သြားသည္။ ေနမင္းက ေနာက္ကလိုက္လာၿပီး
"ေဆးလိမ္းမလား?"
"ဟာဗ်ာ ... ဘာမွမျဖစ္ပါဘူး"
"မင္းက ..."
"ေတာ္ၿပီ၊ မေျပာနဲ႔ေတာ့။ ေနာ္က ႐ိုက္ခံရတာ႐ိုးေနၿပီ။ ၿပီးေတာ့ ေဘာလံုးကိုပုတ္ထုတ္လို႔ မွန္ကိုသြားထိတာ"
"ဒါေပမဲ့ ..."
"ေတာ္ၿပီေလ။ မွန္ကြဲေတြသိမ္းရေအာင္ ေဂၚျပားနဲ႔တံျမက္စည္း သြားယူပါလား?"
ေနမင္း ဘာမွဆက္ေျပာမရေတာ့။ ညီအစ္ကိုႏွစ္ေယာက္ မွန္စေတြေသခ်ာရွာၿပီး ရွင္းလိုက္ၾကသည္။
¤
ဒီအေၾကာင္းေတြ ကိုႀကီးျပန္ေျပာျပလို႔ ေလးငယ္သိရသည္။ သူက အဲဒီလိုလည္းခ်စ္ဖို႔ေကာင္းတဲ့ ညီတစ္ေယာက္ျဖစ္သည္ေလ။
သူပထမႏွစ္ေလာက္တုန္းက သႀကၤန္တြင္းေလၽွာက္လည္ၾကရင္း ေနမင္းက သူငယ္ခ်င္းေတြအတင္းတိုက္လို႔ မူးလာသည္။ အေမတရားစခန္းဝင္လို႔ အိမ္မွာလြတ္ေနေတာ့ ကိုယ့္အခန္းကိုယ္အသာဝင္ၿပီး ၿငိမ္ေနလိုက္ၾကသည္။ ဦးသူရိန္မသိလိုက္။
ညက်မွ သားေတြယူသြားတဲ့ကားထဲမွာ ပုလင္းခြံေတြ႕ေတာ့ ထံုးစံအတိုင္း ေကာင္းကင္ကပဲ တရားခံလုပ္လိုက္သည္။ ေနမင္းက အိပ္ေကာင္းေနလို႔မသိလိုက္။ တကၠသိုလ္ေက်ာင္းသားေပါက္စက အရက္ေလးတျမျမ လုပ္ရပါမည္လားဆိုကာ လက္သီးစာမိျပန္သည္။
ေနမင္းက ေနာက္ေန႔ ေကာင္းကင္ႏႈတ္ခမ္းေပါက္ၿပီး ေရာင္ေနတာျမင္မွသိရသည္။
"သားႀကီးကို ေဖတို႔က လိမၼာတယ္ဆိုၿပီးသေဘာက်ေနၾကတာ။ ခုလိုလုပ္တာသိရင္ စိတ္ဆိုး႐ံုမကဘူး၊ စိတ္မေကာင္းျဖစ္ၾကမွာ။ ေနာ္က အရင္ကတည္းကလုပ္ခ်င္ရာလုပ္တတ္ေတာ့ စိတ္ဆိုး႐ံုအျပင္ အပိုမရွိဘူး။ သားႀကီး ဘာလို႔ေသာက္လဲေတာ့ မေမးေတာ့ဘူး။ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ ရွိမွာေပါ့" တဲ့ေလ။
ဒီအေၾကာင္းကို ကိုႀကီးျပန္ေျပာတုန္းက ကိုႀကီးမ်က္လံုးေတြအံု႔မိႈင္းလို႔။ ေကာင္းကင္ကို အားနာမိပံုလည္းေပၚေနတာကို ေလးငယ္သတိထားမိသည္။
သူမကို ေမးလၽွင္ေတာ့
"မလိမၼာရင္ေတာင္ လူေကာင္းတစ္ေယာက္ပါ" လို႔ သူမ ျပန္ေျဖမိမွာပါပဲ။
ေနေကာင္းကင္ဆိုတာ အဲဒီလိုလူမ်ဳိးပါ။
¤
"ဟဲ့! နင့္သရဲကားက ၿပီးလို႔ျဖင့္ စာတန္းေတြတက္လာေနၿပီ။ နင္ ဘာေငးေနတာလဲ?"
"ဟင္!"
"ဟင္ မေနနဲ႔။ နင့္သရဲက ဘယ္ႏွဘဝေလာက္ေျပာင္းေနၿပီလဲေတာင္ မသိဘူး၊ ေလးငယ္ရဲ႕"
"ေနာက္ထပ္ဘာကားၾကည့္ရမလဲလို႔ စဥ္းစားေနတာပါဟ"
"ဟား ... ဟား ... ရႊီးမေနနဲ႔။ ရည္းစားကိုလြမ္းေနတာလားမသိဘူး၊ ေတြးရင္းေငးေနတာ အၾကာႀကီးပဲ"
"မဟုတ္ပါဘူး"
သူတို႔ႏွစ္ေယာက္က ဘာေလးပဲတိုက္ဆိုင္တိုက္ဆိုင္၊ တစ္ေယာက္အေၾကာင္းတစ္ေယာက္ တိုက္ဆိုင္တိုင္း ေတြးမိၾကသည္။
ေနေကာင္းကင္အတြက္ေတာ့ တိုက္ဆိုင္တိုင္းေတြးမိေနတဲ့သူတစ္ေယာက္ ထပ္တိုးလာၿပီ။
အခုမနက္လည္း အေပၚထပ္ဝရန္တာမွာ ဂစ္တာထိုင္ေခါက္ေနရင္း ျခံထဲၾကည့္မိေတာ့ ႏွင္းဆီနီနီရဲရဲတစ္ပြင့္ကို ေတြ႕လိုက္ရသည္။ အိပ္မက္ထဲက ႏွင္းဆီရဲ႕ေသြးဝတ္ဆံကို ျမင္ေယာင္မိျပန္သည္။
ဟုတ္သားပဲ။ သူ မြန္းကို ရင္ထိုးေလးျပန္ေပးရဦးမွာပဲ။ သူမရဲ႕ရင္ထိုးေလးမဟုတ္ေပမဲ့ တစ္ထပ္တည္းတူေနတာပဲေလ။
သူေတြးေနတုန္း ေက်ာ္ေဇဖုန္းေခၚသည္။ မနက္ျဖန္ အၾကတ္ေန႔ ေလၽွာက္လည္ၾကမည္။ ထို႔ေၾကာင့္ သူ႔ကိုလွမ္းေခၚျခင္းပင္။
"မျဖစ္ဘူးထင္တယ္"
"ရန္ျဖစ္တဲ့ကိစၥနဲ႔ ေျခၿငိမ္ေနတာမဟုတ္လား? မင္းအေမကို ငါတို႔လာေျပာေပးမယ္"
"ေနပါကြာ၊ မင္းတို႔ပဲ လိမ့္ၾက"
"ဘယ္ရမလဲ? ညေနက် ထြဋ္ေခါင္ကိုေခၚၿပီး ငါတို႔လာေျပာေပးမယ္"
ေျပာၿပီးဖုန္းခ်သြားတာ သူေတာင္ ဘာမွျပန္မေျပာလိုက္ႏိုင္။ ညေနက်ေတာ့ ႏွစ္ေယာက္သားေရာက္ခ်လာၿပီး ေမ့ကိုဂ်ီတိုက္ေတာ့သည္။
"အငယ္ေကာင္၊ နင့္အၾကံ ဒါအကုန္ပဲလား?"
"မဟုတ္ဘူး အန္တီ၊ သူကမလိုက္ဘူးဆိုလို႔ သားတို႔က အန္တီ့ဆီခြင့္ေတာင္းၿပီး သူ႔ကိုေခၚရမွာ"
ဒီတစ္ခါလည္း သူဘာမွမေျပာလိုက္ရ။ သူတို႔ပဲ ေျပာသြားၾကသည္။
"ကဲ! ေခၚသြားပါေတာ္။ ခြင့္မျပဳမခ်င္း ျပန္မယ့္ပံုမေပၚဘူး"
"အန္တီက ႏွင္တာေပါ့"
"ေအးဟယ္၊ ႏွင္တိုင္းျပန္ရင္လည္း ေကာင္းသား"
"အဟီး! အာ ... ေမ့ေတာ့မလို႔။ ထြဋ္ေခါင္၊ ငါတို႔ဝယ္လာတာေတြေရာ?"
"ေအး၊ ကားေပၚမွာ။ ငါသြားယူလိုက္မယ္"
ထြဋ္ေခါင္ယူလာတာေတြမနည္းေပ။
"ဘာေတြလဲကြ?"
"အတက္ေန႔ မုန္႔လုပ္ဖို႔ေလ။ က်န္တာေတာ့မသိေပမဲ့ ေက်ာက္ေက်ာလုပ္ဖို႔ ေက်ာက္ေက်ာမႈန္႔ရယ္၊ ဂ်ယ္လီမႈန္႔ရယ္၊ သၾကားရယ္၊ နဂါးေမာက္၊ ဖရဲ၊ ပန္းသီး၊ လိေမၼာ္၊ ငွက္ေပ်ာ၊ ကီဝီ၊ သံပရာ၊ သေဘၤာ"
"အဟား ... သီးစံုေက်ာက္ေက်ာလား? ငါႀကိဳက္တယ္"
သူတို႔ေျပာေနတာကို သူ႔အေမက နားေထာင္ေနရင္း
"အဲဒီေတာ့ မင္းတို႔က အန္တီခြင့္မျပဳရင္ ဒါေတြျပန္ယူသြားမွာမို႔ အခုမွသြားယူတာေပါ့"
"No ... No ... ဒါေတြအရင္ေပးရင္ လာဘ္ထိုးတယ္ျဖစ္မွာစိုးလို႔ အခုမွသြားယူတာ။ လာဘ္ေပးလာဘ္ယူဆိုတာ မေကာင္းဘူးေလ အန္တီရဲ႕"
"ဪ ... ေအးကြယ္၊ မင္းတို႔စကားတတ္တိုင္းသာ ေျပာၾကပါေတာ့"
"အန္တီ့သားက သားတို႔ဆရာေလ"
"သူက အဲဒီလိုေတာင္ စကားတတ္သလား?"
"တတ္တာမွ ေရွ႕ေနလုပ္ဖို႔ေကာင္းတာ"
"ေဟ့ေကာင္ေတြ၊ ေတာ္လိုက္ေတာ့။ မင္းတို႔ခၽြန္ေနတာေတြ ရပ္ေတာ့"
"အဟီး"
သူတို႔ေတြက အလယ္တန္းစတက္ကတည္းကဝင္ထြက္ေနတာမို႔ သူ႔အေမနဲ႔လည္း အရမ္းရင္းႏွီးေနၾကသည္ေၾကာင့္ အိမ္လာရင္ သူ႔အေမေျပာသလို စကားတတ္တိုင္း ညာစားေနက်ျဖစ္သည္ေလ။
"သႀကၤန္လည္တာက လည္ပါ၊ ရန္မမ်ားေစနဲ႔။ ေျပာသာေျပာရတာ အိမ္ကေကာင္က အဆိုးဆံုးရယ္။ ဟိုေန႔ကျဖစ္တာ ၾကားၿပီးၿပီမဟုတ္လား?"
"ၾကားတယ္ အန္တီ။ ဒီေကာင္ရန္မျဖစ္ေစရပါဘူး"
"ေအးပါ၊ မင္းတို႔လည္း မျဖစ္နဲ႔"
"ဟုတ္ကဲ့! ဒါနဲ႔ေလ ... ဖရဲသီးက ဒီေန႔အတြက္လည္းပါတယ္၊ အန္တီရဲ႕"
"ဪ ... ေဖ်ာ္ခိုင္းတယ္ဆိုပါေတာ့"
"ဟာ ... မဟုတ္တာ အန္တီရယ္။ အန္တီ့လက္ရာကို လာအားေပးတာ။ ဆိုင္မွာေတာင္ ဝယ္မေသာက္ခဲ့ဘူးဗ်။ အထုပ္ထဲမွာ တစ္ျခမ္းသက္သက္ဝယ္လာတယ္။ အႀကီးႀကီးပဲ။ တစ္အိမ္လံုးစားလို႔ရတယ္"
"ဟုတ္ကဲ့ပါရွင္။ ကၽြန္မေဖ်ာ္ေပးပါ့မယ္။ ဒီလိုပဲညာစားလာတာ ဘယ္ေလာက္ၾကာၿပီမို႔လို႔လဲ?"
ေျပာၿပီး ေဒၚယမင္းသူထရပ္လိုက္ေတာ့ ထြဋ္ေခါင္က
"အထုပ္ကို သားယူလာခဲ့မယ္။ Fridge ထဲ အသီးေတြထည့္ေပးခဲ့မယ္"
ထြဋ္ေခါင္ကထိုသို႔ေျပာေတာ့ ေက်ာ္ေဇက
"ေယာကၡမကို ဖားေနတာလား?"
"ဘာကြ!"
"ဟယ္! အန္တီ့သားက ရည္းစားမရပါလားလို႔ေတြးေနတာ အခုေတာ့ သူတို႔ကဒီလိုလား?"
"အဲ့ဒါ ၾကားစကားေတြပါအန္တီ"
"အန္တီကိုယ္တိုင္ ၾကားလိုက္တာေလကြယ္"
"ဟုတ္တယ္ အန္တီရဲ႕။ အဲဒါကို ကိုယ္တိုင္ၾကားေကာလာဟလလို႔ ေခၚတယ္။ အေတြးထဲေတာင္မထားပါနဲ႔ဗ်ာ"
"မင္းတို႔ကေတာ့ေလ။ ေပါက္ေပါက္ရွာရွာကို ေျပာတတ္တယ္"
ေဒၚယမင္းသူနဲ႔ထြဋ္ေခါင္ မီးဖိုခန္းထဲဝင္သြားေတာ့ ေက်ာ္ေဇက
"မင္း ေခါင္းေပါက္လာၿပီး ေနာက္ေန႔ညေနပိုင္း ဘာျဖစ္ေသးလဲ?"
"ထြဋ္ေခါင္လာတဲ့ေန႔လား?"
"ေအး၊ သူေရာက္ေသးတယ္ေျပာတယ္"
"ဘာမွမျဖစ္ပါဘူး"
"ေသခ်ာလား? ျပန္စဥ္းစားပါဦး"
သူက ေက်ာ္ေဇအနားကိုကပ္ထိုင္လိုက္ၿပီး
"တျခားဘယ္သူ႔မွ ျပန္ေျပာမေနနဲ႔ဦး။ အဲ့ဒီညေနက ေလးငယ္ကိုလိုက္ပို႔ၿပီးျပန္လာေတာ့ ငါ့စက္ဘီးနားကို ကားတစ္စီးက တမင္တကာကပ္ေမာင္းလို႔ လမ္းေဘးပလက္ေဖာင္းေပၚလဲက်ခဲ့တယ္။ သီဟတို႔ထင္တာပဲ။ နံပါတ္မမွတ္လိုက္မိဘူး"
"အင္း ... ငါေျပာခ်င္တာက မမြန္းကိစၥ"
"အာ ... ဒါဆိုဘာလို႔ ငါ့ကိုေမးေနတာလဲ?"
ေျပာၿပီး ေက်ာ္ေဇနားကေန ျပန္ခြာထိုင္လိုက္သည္။
"အဲဒီညေနက မမကေျပာတယ္။ မမြန္းက မူးတယ္ဆိုၿပီး ေရခ်ဳိးခန္းထဲမွာထိုင္လ်က္ကေန သူ႔ကိုလွမ္းေခၚတယ္တဲ့။ ေခ်ာ္လဲတာမဟုတ္ဘဲ မူးလို႔ လဲမွာစိုးလို႔ ထိုင္ခ်လိုက္တာတဲ့။ ေနာက္တစ္နာရီေလာက္ေနေတာ့ ျပန္ေကာင္းသြားတယ္တဲ့"
"မလင္းက ေတာင္ႀကီးေရာက္ေနတာလား?"
"အင္း"
"အဲဒါနဲ႔ ငါနဲ႔ ဆိုင္တယ္ထင္လို႔လား?"
သူတို႔ေျပာေနစဥ္ ထြဋ္ေခါင္ဝင္လာၿပီး
"ဆိုင္ေနမလားလို႔ ငါကေတြးမိလို႔ မင္းကိုေမးၾကည့္ဖို႔ ငါတို႔ေျပာလာၾကတာ။ ဒီေကာင္က ဒီတိုင္းပဲ မမြန္းအေၾကာင္းေျပာတာကို ငါကေတြးမိသြားလို႔"
"ေအး ... သီဟတို႔ ကားကိုကပ္ေမာင္းလို႔ ပလက္ေဖာင္းေပၚ စက္ဘီးလဲတာတဲ့"
"မင္း ဘာျဖစ္သြားေသးလဲ?"
"နည္းနည္းေလးပြန္းတာေလာက္ပဲ"
"ဒါဆို ဒီတစ္ခါက မင္းျဖစ္လို႔ မြန္းကလိုက္ျဖစ္တာေပါ့"
ေက်ာ္ေဇကပါ
"ငါလည္း အဲဒါပဲေတြးေနတာ"
"ဟာ ... ဒီအတိုင္းပဲ တိုက္ဆိုင္တာေနမွာပါ"
"ငါက မင္းဘာလိုက္ျဖစ္ေသးလဲသိခ်င္လို႔ ေမးၾကည့္ခ်င္တာ။ အခုတိုင္းဆို ဟိုကလိုက္ျဖစ္တာပဲ"
"မျဖစ္ႏိုင္တာကြာ။ မင္းတို႔ကိုက ငါ့ထက္သည္းလြန္းေနတယ္"
"အဟီး! စာအုပ္ေလးဘာေလး ထုတ္ရင္ ေကာင္းမလားလို႔"
သူတို႔ စကားေကာင္းေနစဥ္
"ကဲ! ရၿပီ။ ေအးေနတုန္း ေသာက္လိုက္ၾက"
"ဒါေတာ့စိတ္ခ်၊ အန္တီ"
"ေအးပါ။ ညေနစာစားၿပီးမွ ျပန္ၾက။ ထမင္းဆာရင္ အန္တီ့ကိုလာေခၚလိုက္"
"ဟုတ္"
"မင္းတို႔က ငတ္ကိုငတ္တယ္"
"စားႏိုင္ေသာက္ႏိုင္တာကြ!"
သူတို႔သံုးေယာက္ကို ေဒၚယမင္းသူ ျပံဳးၾကည့္ၿပီးထြက္သြားသည္။
¤
အၾကတ္ေန႔
သူတို႔ မနက္ကိုးနာရီမထိုးခင္ထြက္လာၾကၿပီး ေန႔လည္ထမင္းစားခ်ိန္ ကန္ေတာ္ႀကီးထဲဝင္လာခဲ့သည္။ တျခားသူငယ္ခ်င္းေတြလည္း သူ႔အဖြဲ႕နဲ႔သူ စားဖို႔ေသာက္ဖို႔ျပင္ေနၾကသည္။ သူနဲ႔ထြဋ္ေခါင္ Public Toilet ဘက္ကိုအရင္ထြက္လာၿပီး Toilet ကျပန္ထြက္လာေတာ့ ထြဋ္ေခါင္က
"ဟာ ... ဟိုမွာ ေလးငယ္တို႔မဟုတ္လား?"
.
ဟုတ္ပါသည္။ ဒီေန႔ ေလးငယ္တို႔ေက်ာင္းကသူငယ္ခ်င္းေတြစုၿပီး သႀကၤန္လည္ၾကသည္။ အခု ကန္ေတာ္ႀကီးထဲထမင္းစားနားခ်ိန္မွာ သီဟတို႔အဖြဲ႕ႏွင့္တိုးသည္။ သူမက ေရသန္႔ဝယ္ဖို႔ တစ္ေယာက္တည္းထြက္လာတာ မွားၿပီ။
"ေနပါဦး ဆုရယ္။ ခ်စ္သူအေကာင္းစားႀကီး ဘယ္နားထားခဲ့လဲ?"
"ငါ ေက်ာင္းကသူငယ္ခ်င္းေတြနဲ႔ ထြက္လာတာ။ နင္ ဘာေျပာမလို႔လဲ?"
"ဟုတ္ပါ့မလား? ခ်စ္သူရွိတဲ့သူေတြက တစ္ေယာက္တကြဲစီ သႀကၤန္လည္ၾကလို႔လား? ေဟ့ေကာင္ ... မင္းယံုလား?"
သီဟက သူ႔ေဘးကသူငယ္ခ်င္းကို ေမးလိုက္သည္။ ဟိုက စပ္ျဖဲျဖဲႏွင့္ေခါင္းခါျပသည္။
"ေအးေလ ... ဆုရာ၊ နင္တို႔က တကယ္ေရာဟုတ္လို႔လား?"
"ကဲ ... ဘာကိစၥမွမဟုတ္ရင္ ဖယ္ေတာ့သီဟ"
"နင္က ဘာေတြေလာေနတာလဲ? ငါက နင္တို႔ကိစၥတကယ္မဟုတ္တာကို ငါသိတဲ့အေၾကာင္း ေျပာျပတာပါ"
"တကယ္မဟုတ္ဘူးလို႔ မင္းကိုဘယ္သူေျပာလဲ သီဟ?"
"ဟင္ ... ေကာင္းေကာင္း"
"ေနေကာင္းကင္"
"ေအး ... ငါ။ ေလးငယ္၊ နင္ေျပာေတာ့ မလည္ျဖစ္ဘူးလိုလိုနဲ႔။ မနက္က ငါ နင့္အိမ္သြားမွ ထြက္လည္မွန္းသိတာ"
"ေအး ... ဟို ... သူတို႔ မနက္ကလာေခၚလို႔"
"အင္း။ သီဟ! မင္းက ဘာကိစၥကိုသိခ်င္ေနတာလဲ? ငါ့ကိုေမး၊ ငါေျဖမယ္"
"ငါက ဆုကိုေမးေနတာ။ မင္းနဲ႔မဆိုင္ဘူး"
"ငါၾကားမိလိုက္သေလာက္ေတာ့ ငါတို႔ကိစၥကို ေမးေနတာလားလို႔။ အဲဒီလိုဆို ငါနဲ႔ဆိုင္တယ္။ ခုနက မင္း သူ႔ကိုေႏွာင့္ယွက္ေနတာမဟုတ္ရင္ အခုျပန္ေမးေလ"
"ေဟ့ေကာင္၊ မင္း မ႑ာပ္တိုင္တက္ျပမေနနဲ႔"
"မင္းကသာ မနာလိုမရွိနဲ႔"
"ေဟ့ေကာင္..."
သီဟက ေနေကာင္းကင္၏အက်ႌေကာ္လာကို လွမ္းဆြဲသည္။ ထြဋ္ေခါင္က ဝင္ဖ်န္ေျဖရၿပီ။
"အခါႀကီးရက္ႀကီးမွာ ရန္မျဖစ္ၾကနဲ႔ကြာ။ ေဟ့ေကာင္၊ မင္းလူကို လာဆြဲဦး"
သီဟသူငယ္ခ်င္းကိုလွမ္းေျပာေတာ့ ကိုယ့္လူကိုယ္ဆြဲရင္း လမ္းခြဲခဲ့ၾကသည္။
"ေကာင္းေကာင္းရာ....."
"နင့္ပါးစပ္ပိတ္။ ငါ့ကို ရန္ေျပေအးတရားမေဟာနဲ႔။ ဟိုေကာင္ကလြန္တာ နင္ျမင္တယ္မဟုတ္လား? နင္ဒီေန႔လည္မယ္လို႔ ငါမသိရပါလား?"
"နင့္ပါမစ္ လိုလို႔လား? နင္ကေရာ ေမးလို႔လား?"
"နင္က ဒါမ်ဳိးက်မေျပာေတာ့ဘူး။ ေျပာခ်င္တဲ့ဟာက် နားၿငီးေအာင္ေျပာျပပါမယ္"
"ဘယ္တုန္းကေျပာလို႔လဲ?"
"ေနာက္တစ္ခါ ေရးမွတ္ထားမယ္။ ေနာင္လည္း နင္ခိုးရာလိုက္မယ္ဆို ငါ့လာအကူအညီမေတာင္းနဲ႔။ နင္တို႔မဂၤလာဦးညမွာ ငါ့ကို ႏွစ္ေယာက္ၾကားေခၚသိပ္ႏိုင္မွ ငါ့လာေျပာ"
"ၾကားလား ထြဋ္ေခါင္! နင့္မိန္းမက ပါးစပ္က ပြစိပြစိလုပ္႐ံုမကဘူး၊ မရွိေသးတဲ့ငါ့ေယာက်္ားကိုပါ စႏိုက္ေၾကာ္ခ်င္ေနတာ၊ နင္ ၾကားတယ္မဟုတ္လား? ကိုယ့္မိန္းမ ကိုယ္ထိန္းထား!"
ေျပာၿပီး ေလးငယ္က ေျခေဆာင့္ထြက္သြားေတာ့ ထြဋ္ေခါင္က
"ဪ ... သူ ႏြား,မေက်ာင္းခ်င္တိုင္း ငါ့ကို ႏြားႏို႔လာညႇစ္ခိုင္းသြားတယ္"
"ေအးပါကြာ ... ငါပဲ ျမက္ေတြ သြားစားေနလိုက္ပါ့မယ္"
သူတို႔ ေလးငယ္ေနာက္ကပါလာၾကၿပီး သူမသူငယ္ခ်င္းေတြဆီေရာက္သည္အထိ လိုက္ပို႔ေပးၿပီးေတာ့
"ေလးငယ္ ငါတို႔ Go ၿပီေနာ္"
"အင္း"
"ဆု၊ နင္ ေရသန္႔ဘူးသြားဝယ္တာမဟုတ္ဘူးလားဟ?"
"ဆိုင္မေရာက္လိုက္ဘူးေဟ့။ ရွင္တို႔ဘာသာ သြားဝယ္ေတာ့"
"ဘာျဖစ္လာတာလဲဟ"
"သီဟေပါ့။ လိုက္ေႏွာက္ေနလို႔"
"ဪ ... မသိပါဘူး။ ရည္းစားနဲ႔ သြားခ်ိန္းေတြ႕တာလားလို႔"
ထြက္သြားတဲ့ေနေကာင္းကင္တို႔ကို ေမးေငါ့ျပၿပီး ေလးငယ္ကိုေနာက္ေနၾကသည္။
သူတို႔ႏွစ္ေယာက္ ေက်ာ္ေဇေစာင့္ေနရာသို႔ ျပန္ေရာက္လာေတာ့
"မင္းတို႔ႏွစ္ေကာင္ အိမ္သာက်င္းထဲက်သြားၿပီ ထင္ေနတာ"
"ထြီ ... စားခါနီးေသာက္ခါနီး ညစ္ပတ္တာ"
"ရြံတာလည္းမဟုတ္ဘဲနဲ႔ အပိုေတြကြာ"
"အိမ္သာက်င္းထဲက်တာမဟုတ္ဘူး။ ခ်ီးထုပ္တစ္ေကာင္နဲ႔ ညိေနတာေဟ့"
"ဘယ္သူလဲကြ?"
သူတို႔ အစားအေသာက္ေတြ ဖြင့္ေဖာက္ရင္း
"သီဟကြာ၊ ေလးငယ္ကိုရစ္ေနတာ ငါတို႔နဲ႔ တည့္တည့္တိုးလို႔"
သူေျပာလိုက္ေတာ့
"ဟင္ ... လာဆံုေနၾကတာလား? ေလးငယ္လည္း ဒီေန႔ထြက္လည္တယ္လား?"
"သူ႔ေက်ာင္းကသူငယ္ခ်င္းေတြနဲ႔ လည္တာေနမွာ"
"ဆံုတတ္တယ္"
¤
အတက္ေန႔
ေနေကာင္းကင္တို႔ သားအမိသံုးေယာက္ရယ္၊ ေလးငယ္တို႔သားအမိရယ္၊ ထြဋ္ေခါင္နဲ႔ေက်ာ္ေဇရယ္ ေနေကာင္းကင္တို႔အိမ္မွာ လူစံုေနၾကသည္။ သူတို႔ မုန္႔ေတြလုပ္ၾက၊ လိုက္ေဝၾက၊ သီခ်င္းေတြဖြင့္ၾက၊ အခ်င္းခ်င္း ေရေတြပက္ၾကနဲ႔၊ ဒီၾကားထဲ ေနေကာင္းကင္က ေလးငယ္ကိုအိုးမည္းနဲ႔သုတ္လို႔ ဆူညံပြက္ေလာ႐ိုက္ေနၾကသည္။ သူတို႔ သႀကၤန္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းလိုက္ၾကသည္။
.
မြန္းေရာ သႀကၤန္ရက္ေတြမွာ ဘာေတြလုပ္ေနပါလိမ့္???
¤
အပိုင္း (၉) ဆက္ရန္
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဟဲ့ ... ဘာတွေတွေးနေတာလဲ?"
"ဟင် ... နင်ငါ့ကို အနိုင်ကျင့်ခဲ့တာတွေ တွေးနေတာ"
"ဘာရယ် ...? ဘယ်လို ... ?"
"နင်တော်တော်ဆိုးတာ လေးငယ်"
"အမလေးဟယ် ... နင်ကပဲပြောရတယ်လို့။ နင်ဆိုးတာလား? ငါဆိုးတာလား?"
"နင်ဆိုးတာ။ ငါ့ကို ဟိုးငယ်ငယ်လေးကတည်းကအနိုင်ကျင့်တာ အခုထိပဲ။ ငါ ဆယ်တန်းနှစ်က နင်အဆိုးဆုံးပဲ လေးငယ်ရေ"
"နင်ကလည်း ဂုဏ်ထူးလေးဘာသာအာမခံထားပြီး ဆိုးချက်က 9+ လေ။ ကျူရှင်လစ်ပြီး ဂိမ်းဆိုင်ရောက်တယ်။ လပတ်စာမေးပွဲတွေ တစ်ခါတလေ မဖြေဘူး။ ရန်ဖြစ်တာမှ ဓားပါထိလာတာလေ။ ကျန်သေးတယ်၊ ငါ့ကိုပေးမယ့်ရည်းစားစာကို ရေးပေးလိုက်သေးတယ်"
"နင့်ကိုပေးမယ်မှန်းမှ မသိတာ။ အဲဒီကောင်ကလည်း အဲဒီနှစ်မှရင်းနှီးတာလေ။ သူကိုက သူ့လက်ရေးနဲ့ပြန်မကူးလို့ ငါရေးမှန်း နင်သိတာလေ။ မဟုတ်ရင် သူနဲ့ငါကျူရှင်တူပေမဲ့ ငါရေးပေးတာလို့ နင်တွေးမိမှာတောင်မဟုတ်ဘူး"
"နင်ကိုက Cupid လိုက်လုပ်နေတာ"
"ဘာဖြစ်လဲ? ပြီးတော့ ဓားထိလာတာက ရှပ်ထိရုံပါဟာ။ ဟိုဘက်ကသုံးကောင်မှ ခေါင်းတွေကွဲကုန်တာ"
"ရဲမတိုင်လို့ပေါ့။ တိုင်ရင်တော့ လှပြီ"
"သူတို့က ဓားဆောင်ထားတာလေ။ တိုင်ရဲမလားဟ!"
"နင်ကလေ ရန်ဖြစ်ရမယ်ဆို လက်ကမြန်သလားမမေးနဲ့"
"နင့်လောက်မမြန်ပါဘူး။ ငါ့ကိုနှိပ်စက်ဖို့ဆို မိလေးငယ်တို့များ လက်မြန်တာမှ စက်တပ်ထားသလိုပဲ"
"ဖြစ်ရလေ ... သူများတွေကြားရင် အဟုတ်ထင်နေဦးမယ်။ ငါက ဘယ်မှာနှိပ်စက်လို့လဲ?"
"ငါ့ခေါင်းကဆံပင် မညီသေးဘူးနော်။ ဒဏ်ရာဆေးထည့်ပေးတာက နည်းနည်းရယ်၊ ဆံပင်တွေ ညှပ်ပစ်တာက အများကြီး။ နင် တမင်တကာလုပ်တာမဟုတ်လား?"
"အဲဒီလိုမလုပ်ရင် ဘယ်လိုဆေးထည့်မလဲ?"
"နင်လုပ်တာက များလွန်းပါတယ်"
"မကျေနပ်လည်း မတတ်နိုင်ဘူး"
"မဖြစ်ရဲပါဘူးဗျာ"
"ရွဲ့တာလား?"
"မဟုတ်ဘူး။ နင့်ရဲ့ အတိုင်အတောစကေးကို ကြောက်တာ"
"ဟာ ဟ! ငါက ဘာလုပ်နေလို့လဲ?"
"ဟိုနေ့ကပဲကြည့်လေ။ ငါ့မှာ ဘာမှမဖြေရှင်းနိုင်ဘဲ ငြိမ်နေလိုက်ရတာ။ ဆယ်တန်းနှစ်တုန်းကလည်း ငါ ရန်ဖြစ်ထားလို့ အိမ်ထဲကအိမ်ပြင်ထွက်မရပါဘူးဆိုတာ သိရဲ့နဲ့ အသွားအပြန်နာရီဝက်လောက်ခရီးကို ကြေးအိုးသွားဝယ်ခိုင်းပြီးမှ ဖေ့ကို ဖုန်းဆက်တိုင်တယ်။ နင်တော်တော် အကြင်နာတရားမရှိတာ။ ကြေးအိုးဆိုင်မှာလည်း အဲဒီအချိန်မှလူတွေကျနေတာ င့ါမှာ နာရီဝက်လောက်စောင့်နေရတယ်"
"ဟဲ့ ... ငါလိုက်လာပြီး နင့်အတွက် ကူပြောပေးတယ်လေ"
"ကူပြောပေးလည်း ခါးပတ်စာမိတာက မိတာပဲလေ။ အဲဒီတုန်းက နင် ဘာကိုစိတ်ဆိုးပြီး ငါ့ကိုရစ်တာလဲ?"
"ခုနပြောတဲ့ ရည်းစားစာအမှုလေ။ ငါ့လက်ထဲ နင့်လက်ရေးနဲ့စာကရှိနေလို့ နင်ထွက်လာရတာလေ။ နင် တစ်နာရီလောက်အပြင်ရောက်နေတုန်း ငါတိုင်လိုက်လို့ ဦးဖေအိမ်ပြန်လာရင် နင့်ထက်အရင်ရောက်နေမှာ ငါတွက်မိပြီးသား"
"အဲဒါပြောတာ၊ ဉာဏ်နီဉာဏ်နက်တွေချည်းပဲ"
"အကြံဉာဏ်ကောင်းတွေ တွေးတတ်တာပါ"
"တစ်ဘက်ကကြည့်ရင် ပရိယာယ်၊ တခြားတစ်ဘက်ကကြည့်ရင် ကလိမ်ကကျစ်ကျတာပဲ"
"ဟာ ဟ! နင်နဲ့က ကလိမ်ကကျစ်မကျရင် မလွယ်ဘူးလေဟဲ့"
"တော်စမ်းပါ။ ငါ့ ရန်တွေ့မနေနဲ့။ နင့်ဇာတ်လမ်း နင်ကြည့်စမ်းပါ"
"ဟွန့်"
လေးငယ် သူ့ဇာတ်လမ်းဘက် ပြန်လှည့်လာလိုက်သည်။
တကယ်တော့ နေကောင်းကင်က လေးငယ်အပေါ် တော်တော်ကြီးအနွံတာခံတာ လေးငယ်ကိုယ်တိုင်လည်း သိပါသည်။ အပြင်ပန်းက သူငယ်ချင်းလိုဆက်ဆံနေပေမဲ့ သူ့စိတ်ထဲ အစ်ကိုတစ်ယောက်လိုအားကိုးသည်၊ ဆိုးနွဲ့သည်၊ အနိုင်ယူနေခဲ့သည်။ သူမက ဘယ်လိုပဲဆိုးဆိုး၊ ဘယ်လိုပဲအနိုင်ကျင့်ပါစေ သူ့ဘက်က စိတ်မကွက်တတ်တာကိုသိနေတော့ သူမက ရောင့်တက်နေတာလည်း သူမကိုယ်သူမသိသည်။
¤
လေးငယ်တို့ငယ်ငယ်က တစ်ရက်မှာ နေကောင်းကင်က ခြံထဲဆင်းပြီး သူလုပ်ထားတဲ့လေးမှာထည့်ပစ်ဖို့ မြားလုပ်ရန် ဝါးချောင်းလေးတွေကို ခဲတံချွန်ဓားလေးဖြင့်ချွန်နေခဲ့သည်။ သူမက အမေနှစ်ယောက်စကားပြောနေစဉ် ထွက်လာပြီး ကောင်းကင်နားရောက်လာ၏။ သူမ ခြံထဲကသစ်ရွက်လေးတွေ လျှောက်ခူးပြီး
"ကောင်းကောင်း၊ ငါ့ကို ဓားခဏပေးပါ"
"ဘာလုပ်မလို့လဲ? ရှလိမ့်မယ်၊ မယူနဲ့"
"အရွက်တွေ လှီးမလို့ပါ။ မရှပါဘူး"
"ငါ လှီးပေးမယ်"
"ငါ့ဘာသာလုပ်မယ်။ ခဏလေးပါ"
"ခဏလေးပဲနော်"
တကယ်ကို ခဏလေးပါ။ ခဏလေးအတွင်း လက်ကိုဓားရှလိုက်တာ သွေးတွေအများကြီး။ သူမ နာတာရော၊ သွေးတွေကိုမြင်လို့လန့်တာရောကြောင့် အော်ငိုတော့ အမေနှစ်ယောက်ပြေးထွက်လာသည်။
"ဟယ်! ဓားထိတာလား? ဓားမဆော့ရဘူးလို့ ပြောထားတာကို"
"အမိရယ်၊ ကလေးကို မဆူပါနဲ့တော့။ လာ၊ ဆေးသွားထည့်ရအောင်။ တိတ် ... သမီးငယ် ... တိတ် တိတ်! တီမေ ဆေးထည့်ပေးမယ်နော်"
"ဒီကောင်မလေးတော့ တော်တော်ဆော့တယ်"
အိမ်ထဲခေါ်လာရင်း လေးငယ်မာမီကဆူနေတော့ နေကောင်းကင်က
"သားကလုယူလိုက်လို့ ရှသွားတာပါ။ လေးငယ်ကို မဆူပါနဲ့နော်၊ တီမွန်"
ဒေါ်မိမိမွန် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ ကောင်းကင်ရဲ့ အမေက
"အငယ်ကောင်၊ နင်တော်တော် ပြဿနာရှာတာပဲ။ သွား ... ရေခပ်လာခဲ့၊ သွေးတွေဆေးရမယ်။ ပြီးမှ နင်နဲ့ရှင်းရမယ်"
"ဟုတ်"
ကောင်းကင် ရေဇလုံလေးယူလာတော့ ဆေးထည့်ဖို့အဆင်သင့်ဖြစ်နေပြီ။ ရေဆေးပြီး ရေသုတ်၊ အရက်ပျံထည့်တော့ လေးငယ်က တရှုံ့ရှုံ့နဲ့ငိုပြန်သည်။ ဆေးထည့်၊ ပလာစတာကပ်ပြီးတော့ လေးငယ်က အိမ်ပြန်မည်ဆိုပြီးပြန်ခါနီး သူမမာမီက
"ယမင်း၊ ကလေးကို ရိုက်မနေနဲ့နော်။ သူလည်း တမင်လုပ်တာမှမဟုတ်တာ"
"အေးပါ"
အေးပါဆိုပြီး လေးငယ်တို့ပြန်သွားတော့ ဓားယူဆော့ပြီးလုစရာလားဟုဆိုကာ သူအရိုက်ခံရသည်။ နေပူပူကြီး သွေးထွက်လွန်ရင် ဘယ်လိုလုပ်မလဲတဲ့။ သူလုပ်တာပါလို့မပြောရင် လေးငယ်ကို သူ့မာမီက အခုလိုပဲဆူနေမှာလို့ တွေးလိုက်မိသည်။ နောက်နေ့ သူ့ခြေသလုံးကအရှိုးရာတွေမြင်တော့ လေးငယ်က မျက်နှာမကောင်း။
"ငါက ဘာမှမဖြစ်ပါဘူး"
"အဲဒီအရာတွေက နာမှာပေါ့"
"သုံးချက်ပဲ အရိုက်ခံရတာပါ"
သူက လက်သုံးချောင်းထောင်ပြီးပြောတော့ သူမ မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်သည်။
"နောက်ဆို ငါ ဓားနဲ့မဆော့တော့ဘူး။ နော် ... ကောင်းကောင်း"
သူက အသာပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
သူမတို့က တကယ့်မောင်နှမအရင်းတွေလိုပါပဲ။ နေကောင်းကင်ဆိုတာက သူကိုယ်တိုင်ကဆိုးပေမဲ့ သူ့အစ်ကိုဖြစ်သူနေမင်းသူရိန်နှင့် သူမအပေါ်တော့ ငယ်ငယ်လေးကတည်းက အရမ်းကိုခင်တွယ်သည်။ သူမတို့ အဆူမခံ၊ အရိုက်မခံရအောင် သူကပဲလူဆိုးအဖြစ်ခံခဲ့တာတွေ ခဏခဏပါပဲ။ သူမကအငယ်ဆိုပြီး ကိုကြီးနေမင်းကိုရော၊ သူ့ကိုပါ အနိုင်ယူတတ်ပေမဲ့ သူကတော့ သူ့ထက်သုံးနှစ်ကျော်ကြီးတဲ့အစ်ကိုကို တစ်ခါတလေမှာ သူကပြန်ပြီးညှာတာနေတတ်တာမျိုး။ နေမင်းက မိဘစကားနားထောင်ပြီးလိမ္မာတော့ တစ်ခုခုဆို နေကောင်းကင်အမှားဟုသာ ထင်လိုက်ကြလျှင် သူက သူ့အစ်ကိုလုပ်တာပါလို့ ဘယ်တုန်းကမှထုတ်ပြောလေ့မရှိခဲ့။
¤
တစ်ခါက ညီအစ်ကိုနှစ်ယောက် ခြံထဲမှာဘောလုံးကန်ကြရင်း နေမင်းပစ်လိုက်တဲ့ဘောလုံးကို ကောင်းကင်က ပုတ်ထုတ်လိုက်တာမှာ ပြတင်းပေါက်မှန်ကိုထိမိပြီး မှန်ကွဲသွားသည်။ ဖြစ်ချင်တော့ အမေဖြစ်သူက ပြတင်းပေါက်နားရှိနေတော့ အပြင်ကိုကြည့်လိုက်ချိန် ဘောလုံးပြေးကောက်တဲ့ကောင်းကင်ကို မြင်သွားသည်။ စိတ်တွေတိုပြီး တုတ်တစ်ချောင်းကိုင်လို့ ထွက်လာကာ
"အငယ်ကောင်၊ လာခဲ့စမ်း!"
ကောင်းကင်က အမေနားရောက်သွားတော့
"ဆော့တာဆော့ပေါ့၊ မှန်ကွဲတဲ့အထိ ဆော့ရလား? ငါအဲဒီနားရပ်နေတာ မှန်ကွဲစတွေ ခြေထောက်နားထိ ရောက်လာတယ်။ ကိုယ့်အိမ်ထဲမို့လို့ပေါ့။ သူများတွေထိမိလို့ မျက်စိကိုဘောလုံးမှန်ရင် ဘယ်လိုလုပ်မလဲ? အဲဒီလောက် လက်လွတ်စပယ်သောင်းကျန်းရလား? ဟိုဘက်လှည့်စမ်း!"
ပြောပြီး လွှဲရိုက်လိုက်တော့ နေမင်းက
"မေမေ၊ အဲဒါ သားပစ်လိုက်တာ"
"နော် ပုတ်ထုတ်လိုက်လို့ ထိသွားတာပါ"
"တော်စမ်း! အကြီးကောင်ပါ ဒီနားလာခဲ့"
နှစ်ယောက်လုံးကိုရိုက်တော့ နေမင်းကိုနှစ်ချက်ပဲထိသေးသည်၊ ကောင်းကင်က နေမင်းရှေ့က ဝင်ကာသည်။ လူပျိုပေါက်၊ ရှစ်တန်းကျောင်းသားနေမင်းကို လူကောင်ထွားသည့် ငါးတန်းကျောင်းသား ကောင်းကင်က နောက်ကဖက်ထားလျှင် ရုတ်တရက် နေမင်းမရုန်းနိုင်။ ကောင်းကင်က အမြဲပင် ကြမ်းကြမ်းတမ်းတမ်းဆော့ကစားတတ်သူမို့ နေမင်းလိုမဟုတ်။ ငယ်သေးတော့ အစ်ကိုထက်စာလျှင် လူကောင်နည်းနည်းပိုသေးပြီး အရပ်ကလည်းပိုပုပေမဲ့ အားသန်လှသည်။ အခုလည်း သူကဝင်ကာသည်မို့ သူချည်းအရိုက်ခံရသည်။ အမေလုပ်သူကပဲ ရပ်လိုက်ရသည်။
"နင်တို့ ကြပ်ကြပ်သတိထား"
အမေ အိမ်ထဲဝင်သွားတော့
"ဘယ်လိုလုပ်တာလဲ ညီညီရာ"
"ဘာလုပ်လို့လဲ?"
ပြောပြီး သူကပါအိမ်ထဲဝင်ပြီး ပြတင်းပေါက်နားရောက်သွားသည်။ နေမင်းက နောက်ကလိုက်လာပြီး
"ဆေးလိမ်းမလား?"
"ဟာဗျာ ... ဘာမှမဖြစ်ပါဘူး"
"မင်းက ..."
"တော်ပြီ၊ မပြောနဲ့တော့။ နော်က ရိုက်ခံရတာရိုးနေပြီ။ ပြီးတော့ ဘောလုံးကိုပုတ်ထုတ်လို့ မှန်ကိုသွားထိတာ"
"ဒါပေမဲ့ ..."
"တော်ပြီလေ။ မှန်ကွဲတွေသိမ်းရအောင် ဂေါ်ပြားနဲ့တံမြက်စည်း သွားယူပါလား?"
နေမင်း ဘာမှဆက်ပြောမရတော့။ ညီအစ်ကိုနှစ်ယောက် မှန်စတွေသေချာရှာပြီး ရှင်းလိုက်ကြသည်။
¤
ဒီအကြောင်းတွေ ကိုကြီးပြန်ပြောပြလို့ လေးငယ်သိရသည်။ သူက အဲဒီလိုလည်းချစ်ဖို့ကောင်းတဲ့ ညီတစ်ယောက်ဖြစ်သည်လေ။
သူပထမနှစ်လောက်တုန်းက သင်္ကြန်တွင်းလျှောက်လည်ကြရင်း နေမင်းက သူငယ်ချင်းတွေအတင်းတိုက်လို့ မူးလာသည်။ အမေတရားစခန်းဝင်လို့ အိမ်မှာလွတ်နေတော့ ကိုယ့်အခန်းကိုယ်အသာဝင်ပြီး ငြိမ်နေလိုက်ကြသည်။ ဦးသူရိန်မသိလိုက်။
ညကျမှ သားတွေယူသွားတဲ့ကားထဲမှာ ပုလင်းခွံတွေ့တော့ ထုံးစံအတိုင်း ကောင်းကင်ကပဲ တရားခံလုပ်လိုက်သည်။ နေမင်းက အိပ်ကောင်းနေလို့မသိလိုက်။ တက္ကသိုလ်ကျောင်းသားပေါက်စက အရက်လေးတမြမြ လုပ်ရပါမည်လားဆိုကာ လက်သီးစာမိပြန်သည်။
နေမင်းက နောက်နေ့ ကောင်းကင်နှုတ်ခမ်းပေါက်ပြီး ရောင်နေတာမြင်မှသိရသည်။
"သားကြီးကို ဖေတို့က လိမ္မာတယ်ဆိုပြီးသဘောကျနေကြတာ။ ခုလိုလုပ်တာသိရင် စိတ်ဆိုးရုံမကဘူး၊ စိတ်မကောင်းဖြစ်ကြမှာ။ နော်က အရင်ကတည်းကလုပ်ချင်ရာလုပ်တတ်တော့ စိတ်ဆိုးရုံအပြင် အပိုမရှိဘူး။ သားကြီး ဘာလို့သောက်လဲတော့ မမေးတော့ဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိမှာပေါ့" တဲ့လေ။
ဒီအကြောင်းကို ကိုကြီးပြန်ပြောတုန်းက ကိုကြီးမျက်လုံးတွေအုံ့မှိုင်းလို့။ ကောင်းကင်ကို အားနာမိပုံလည်းပေါ်နေတာကို လေးငယ်သတိထားမိသည်။
သူမကို မေးလျှင်တော့
"မလိမ္မာရင်တောင် လူကောင်းတစ်ယောက်ပါ" လို့ သူမ ပြန်ဖြေမိမှာပါပဲ။
နေကောင်းကင်ဆိုတာ အဲဒီလိုလူမျိုးပါ။
¤
"ဟဲ့! နင့်သရဲကားက ပြီးလို့ဖြင့် စာတန်းတွေတက်လာနေပြီ။ နင် ဘာငေးနေတာလဲ?"
"ဟင်!"
"ဟင် မနေနဲ့။ နင့်သရဲက ဘယ်နှဘဝလောက်ပြောင်းနေပြီလဲတောင် မသိဘူး၊ လေးငယ်ရဲ့"
"နောက်ထပ်ဘာကားကြည့်ရမလဲလို့ စဉ်းစားနေတာပါဟ"
"ဟား ... ဟား ... ရွှီးမနေနဲ့။ ရည်းစားကိုလွမ်းနေတာလားမသိဘူး၊ တွေးရင်းငေးနေတာ အကြာကြီးပဲ"
"မဟုတ်ပါဘူး"
သူတို့နှစ်ယောက်က ဘာလေးပဲတိုက်ဆိုင်တိုက်ဆိုင်၊ တစ်ယောက်အကြောင်းတစ်ယောက် တိုက်ဆိုင်တိုင်း တွေးမိကြသည်။
နေကောင်းကင်အတွက်တော့ တိုက်ဆိုင်တိုင်းတွေးမိနေတဲ့သူတစ်ယောက် ထပ်တိုးလာပြီ။
အခုမနက်လည်း အပေါ်ထပ်ဝရန်တာမှာ ဂစ်တာထိုင်ခေါက်နေရင်း ခြံထဲကြည့်မိတော့ နှင်းဆီနီနီရဲရဲတစ်ပွင့်ကို တွေ့လိုက်ရသည်။ အိပ်မက်ထဲက နှင်းဆီရဲ့သွေးဝတ်ဆံကို မြင်ယောင်မိပြန်သည်။
ဟုတ်သားပဲ။ သူ မွန်းကို ရင်ထိုးလေးပြန်ပေးရဦးမှာပဲ။ သူမရဲ့ရင်ထိုးလေးမဟုတ်ပေမဲ့ တစ်ထပ်တည်းတူနေတာပဲလေ။
သူတွေးနေတုန်း ကျော်ဇေဖုန်းခေါ်သည်။ မနက်ဖြန် အကြတ်နေ့ လျှောက်လည်ကြမည်။ ထို့ကြောင့် သူ့ကိုလှမ်းခေါ်ခြင်းပင်။
"မဖြစ်ဘူးထင်တယ်"
"ရန်ဖြစ်တဲ့ကိစ္စနဲ့ ခြေငြိမ်နေတာမဟုတ်လား? မင်းအမေကို ငါတို့လာပြောပေးမယ်"
"နေပါကွာ၊ မင်းတို့ပဲ လိမ့်ကြ"
"ဘယ်ရမလဲ? ညနေကျ ထွဋ်ခေါင်ကိုခေါ်ပြီး ငါတို့လာပြောပေးမယ်"
ပြောပြီးဖုန်းချသွားတာ သူတောင် ဘာမှပြန်မပြောလိုက်နိုင်။ ညနေကျတော့ နှစ်ယောက်သားရောက်ချလာပြီး မေ့ကိုဂျီတိုက်တော့သည်။
"အငယ်ကောင်၊ နင့်အကြံ ဒါအကုန်ပဲလား?"
"မဟုတ်ဘူး အန်တီ၊ သူကမလိုက်ဘူးဆိုလို့ သားတို့က အန်တီ့ဆီခွင့်တောင်းပြီး သူ့ကိုခေါ်ရမှာ"
ဒီတစ်ခါလည်း သူဘာမှမပြောလိုက်ရ။ သူတို့ပဲ ပြောသွားကြသည်။
"ကဲ! ခေါ်သွားပါတော်။ ခွင့်မပြုမချင်း ပြန်မယ့်ပုံမပေါ်ဘူး"
"အန်တီက နှင်တာပေါ့"
"အေးဟယ်၊ နှင်တိုင်းပြန်ရင်လည်း ကောင်းသား"
"အဟီး! အာ ... မေ့တော့မလို့။ ထွဋ်ခေါင်၊ ငါတို့ဝယ်လာတာတွေရော?"
"အေး၊ ကားပေါ်မှာ။ ငါသွားယူလိုက်မယ်"
ထွဋ်ခေါင်ယူလာတာတွေမနည်းပေ။
"ဘာတွေလဲကွ?"
"အတက်နေ့ မုန့်လုပ်ဖို့လေ။ ကျန်တာတော့မသိပေမဲ့ ကျောက်ကျောလုပ်ဖို့ ကျောက်ကျောမှုန့်ရယ်၊ ဂျယ်လီမှုန့်ရယ်၊ သကြားရယ်၊ နဂါးမောက်၊ ဖရဲ၊ ပန်းသီး၊ လိမ္မော်၊ ငှက်ပျော၊ ကီဝီ၊ သံပရာ၊ သင်္ဘော"
"အဟား ... သီးစုံကျောက်ကျောလား? ငါကြိုက်တယ်"
သူတို့ပြောနေတာကို သူ့အမေက နားထောင်နေရင်း
"အဲဒီတော့ မင်းတို့က အန်တီခွင့်မပြုရင် ဒါတွေပြန်ယူသွားမှာမို့ အခုမှသွားယူတာပေါ့"
"No ... No ... ဒါတွေအရင်ပေးရင် လာဘ်ထိုးတယ်ဖြစ်မှာစိုးလို့ အခုမှသွားယူတာ။ လာဘ်ပေးလာဘ်ယူဆိုတာ မကောင်းဘူးလေ အန်တီရဲ့"
"ဪ ... အေးကွယ်၊ မင်းတို့စကားတတ်တိုင်းသာ ပြောကြပါတော့"
"အန်တီ့သားက သားတို့ဆရာလေ"
"သူက အဲဒီလိုတောင် စကားတတ်သလား?"
"တတ်တာမှ ရှေ့နေလုပ်ဖို့ကောင်းတာ"
"ဟေ့ကောင်တွေ၊ တော်လိုက်တော့။ မင်းတို့ချွန်နေတာတွေ ရပ်တော့"
"အဟီး"
သူတို့တွေက အလယ်တန်းစတက်ကတည်းကဝင်ထွက်နေတာမို့ သူ့အမေနဲ့လည်း အရမ်းရင်းနှီးနေကြသည်ကြောင့် အိမ်လာရင် သူ့အမေပြောသလို စကားတတ်တိုင်း ညာစားနေကျဖြစ်သည်လေ။
"သင်္ကြန်လည်တာက လည်ပါ၊ ရန်မများစေနဲ့။ ပြောသာပြောရတာ အိမ်ကကောင်က အဆိုးဆုံးရယ်။ ဟိုနေ့ကဖြစ်တာ ကြားပြီးပြီမဟုတ်လား?"
"ကြားတယ် အန်တီ။ ဒီကောင်ရန်မဖြစ်စေရပါဘူး"
"အေးပါ၊ မင်းတို့လည်း မဖြစ်နဲ့"
"ဟုတ်ကဲ့! ဒါနဲ့လေ ... ဖရဲသီးက ဒီနေ့အတွက်လည်းပါတယ်၊ အန်တီရဲ့"
"ဪ ... ဖျော်ခိုင်းတယ်ဆိုပါတော့"
"ဟာ ... မဟုတ်တာ အန်တီရယ်။ အန်တီ့လက်ရာကို လာအားပေးတာ။ ဆိုင်မှာတောင် ဝယ်မသောက်ခဲ့ဘူးဗျ။ အထုပ်ထဲမှာ တစ်ခြမ်းသက်သက်ဝယ်လာတယ်။ အကြီးကြီးပဲ။ တစ်အိမ်လုံးစားလို့ရတယ်"
"ဟုတ်ကဲ့ပါရှင်။ ကျွန်မဖျော်ပေးပါ့မယ်။ ဒီလိုပဲညာစားလာတာ ဘယ်လောက်ကြာပြီမို့လို့လဲ?"
ပြောပြီး ဒေါ်ယမင်းသူထရပ်လိုက်တော့ ထွဋ်ခေါင်က
"အထုပ်ကို သားယူလာခဲ့မယ်။ Fridge ထဲ အသီးတွေထည့်ပေးခဲ့မယ်"
ထွဋ်ခေါင်ကထိုသို့ပြောတော့ ကျော်ဇေက
"ယောက္ခမကို ဖားနေတာလား?"
"ဘာကွ!"
"ဟယ်! အန်တီ့သားက ရည်းစားမရပါလားလို့တွေးနေတာ အခုတော့ သူတို့ကဒီလိုလား?"
"အဲ့ဒါ ကြားစကားတွေပါအန်တီ"
"အန်တီကိုယ်တိုင် ကြားလိုက်တာလေကွယ်"
"ဟုတ်တယ် အန်တီရဲ့။ အဲဒါကို ကိုယ်တိုင်ကြားကောလာဟလလို့ ခေါ်တယ်။ အတွေးထဲတောင်မထားပါနဲ့ဗျာ"
"မင်းတို့ကတော့လေ။ ပေါက်ပေါက်ရှာရှာကို ပြောတတ်တယ်"
ဒေါ်ယမင်းသူနဲ့ထွဋ်ခေါင် မီးဖိုခန်းထဲဝင်သွားတော့ ကျော်ဇေက
"မင်း ခေါင်းပေါက်လာပြီး နောက်နေ့ညနေပိုင်း ဘာဖြစ်သေးလဲ?"
"ထွဋ်ခေါင်လာတဲ့နေ့လား?"
"အေး၊ သူရောက်သေးတယ်ပြောတယ်"
"ဘာမှမဖြစ်ပါဘူး"
"သေချာလား? ပြန်စဉ်းစားပါဦး"
သူက ကျော်ဇေအနားကိုကပ်ထိုင်လိုက်ပြီး
"တခြားဘယ်သူ့မှ ပြန်ပြောမနေနဲ့ဦး။ အဲ့ဒီညနေက လေးငယ်ကိုလိုက်ပို့ပြီးပြန်လာတော့ ငါ့စက်ဘီးနားကို ကားတစ်စီးက တမင်တကာကပ်မောင်းလို့ လမ်းဘေးပလက်ဖောင်းပေါ်လဲကျခဲ့တယ်။ သီဟတို့ထင်တာပဲ။ နံပါတ်မမှတ်လိုက်မိဘူး"
"အင်း ... ငါပြောချင်တာက မမွန်းကိစ္စ"
"အာ ... ဒါဆိုဘာလို့ ငါ့ကိုမေးနေတာလဲ?"
ပြောပြီး ကျော်ဇေနားကနေ ပြန်ခွာထိုင်လိုက်သည်။
"အဲဒီညနေက မမကပြောတယ်။ မမွန်းက မူးတယ်ဆိုပြီး ရေချိုးခန်းထဲမှာထိုင်လျက်ကနေ သူ့ကိုလှမ်းခေါ်တယ်တဲ့။ ချော်လဲတာမဟုတ်ဘဲ မူးလို့ လဲမှာစိုးလို့ ထိုင်ချလိုက်တာတဲ့။ နောက်တစ်နာရီလောက်နေတော့ ပြန်ကောင်းသွားတယ်တဲ့"
"မလင်းက တောင်ကြီးရောက်နေတာလား?"
"အင်း"
"အဲဒါနဲ့ ငါနဲ့ ဆိုင်တယ်ထင်လို့လား?"
သူတို့ပြောနေစဉ် ထွဋ်ခေါင်ဝင်လာပြီး
"ဆိုင်နေမလားလို့ ငါကတွေးမိလို့ မင်းကိုမေးကြည့်ဖို့ ငါတို့ပြောလာကြတာ။ ဒီကောင်က ဒီတိုင်းပဲ မမွန်းအကြောင်းပြောတာကို ငါကတွေးမိသွားလို့"
"အေး ... သီဟတို့ ကားကိုကပ်မောင်းလို့ ပလက်ဖောင်းပေါ် စက်ဘီးလဲတာတဲ့"
"မင်း ဘာဖြစ်သွားသေးလဲ?"
"နည်းနည်းလေးပွန်းတာလောက်ပဲ"
"ဒါဆို ဒီတစ်ခါက မင်းဖြစ်လို့ မွန်းကလိုက်ဖြစ်တာပေါ့"
ကျော်ဇေကပါ
"ငါလည်း အဲဒါပဲတွေးနေတာ"
"ဟာ ... ဒီအတိုင်းပဲ တိုက်ဆိုင်တာနေမှာပါ"
"ငါက မင်းဘာလိုက်ဖြစ်သေးလဲသိချင်လို့ မေးကြည့်ချင်တာ။ အခုတိုင်းဆို ဟိုကလိုက်ဖြစ်တာပဲ"
"မဖြစ်နိုင်တာကွာ။ မင်းတို့ကိုက ငါ့ထက်သည်းလွန်းနေတယ်"
"အဟီး! စာအုပ်လေးဘာလေး ထုတ်ရင် ကောင်းမလားလို့"
သူတို့ စကားကောင်းနေစဉ်
"ကဲ! ရပြီ။ အေးနေတုန်း သောက်လိုက်ကြ"
"ဒါတော့စိတ်ချ၊ အန်တီ"
"အေးပါ။ ညနေစာစားပြီးမှ ပြန်ကြ။ ထမင်းဆာရင် အန်တီ့ကိုလာခေါ်လိုက်"
"ဟုတ်"
"မင်းတို့က ငတ်ကိုငတ်တယ်"
"စားနိုင်သောက်နိုင်တာကွ!"
သူတို့သုံးယောက်ကို ဒေါ်ယမင်းသူ ပြုံးကြည့်ပြီးထွက်သွားသည်။
¤
အကြတ်နေ့
သူတို့ မနက်ကိုးနာရီမထိုးခင်ထွက်လာကြပြီး နေ့လည်ထမင်းစားချိန် ကန်တော်ကြီးထဲဝင်လာခဲ့သည်။ တခြားသူငယ်ချင်းတွေလည်း သူ့အဖွဲ့နဲ့သူ စားဖို့သောက်ဖို့ပြင်နေကြသည်။ သူနဲ့ထွဋ်ခေါင် Public Toilet ဘက်ကိုအရင်ထွက်လာပြီး Toilet ကပြန်ထွက်လာတော့ ထွဋ်ခေါင်က
"ဟာ ... ဟိုမှာ လေးငယ်တို့မဟုတ်လား?"
.
ဟုတ်ပါသည်။ ဒီနေ့ လေးငယ်တို့ကျောင်းကသူငယ်ချင်းတွေစုပြီး သင်္ကြန်လည်ကြသည်။ အခု ကန်တော်ကြီးထဲထမင်းစားနားချိန်မှာ သီဟတို့အဖွဲ့နှင့်တိုးသည်။ သူမက ရေသန့်ဝယ်ဖို့ တစ်ယောက်တည်းထွက်လာတာ မှားပြီ။
"နေပါဦး ဆုရယ်။ ချစ်သူအကောင်းစားကြီး ဘယ်နားထားခဲ့လဲ?"
"ငါ ကျောင်းကသူငယ်ချင်းတွေနဲ့ ထွက်လာတာ။ နင် ဘာပြောမလို့လဲ?"
"ဟုတ်ပါ့မလား? ချစ်သူရှိတဲ့သူတွေက တစ်ယောက်တကွဲစီ သင်္ကြန်လည်ကြလို့လား? ဟေ့ကောင် ... မင်းယုံလား?"
သီဟက သူ့ဘေးကသူငယ်ချင်းကို မေးလိုက်သည်။ ဟိုက စပ်ဖြဲဖြဲနှင့်ခေါင်းခါပြသည်။
"အေးလေ ... ဆုရာ၊ နင်တို့က တကယ်ရောဟုတ်လို့လား?"
"ကဲ ... ဘာကိစ္စမှမဟုတ်ရင် ဖယ်တော့သီဟ"
"နင်က ဘာတွေလောနေတာလဲ? ငါက နင်တို့ကိစ္စတကယ်မဟုတ်တာကို ငါသိတဲ့အကြောင်း ပြောပြတာပါ"
"တကယ်မဟုတ်ဘူးလို့ မင်းကိုဘယ်သူပြောလဲ သီဟ?"
"ဟင် ... ကောင်းကောင်း"
"နေကောင်းကင်"
"အေး ... ငါ။ လေးငယ်၊ နင်ပြောတော့ မလည်ဖြစ်ဘူးလိုလိုနဲ့။ မနက်က ငါ နင့်အိမ်သွားမှ ထွက်လည်မှန်းသိတာ"
"အေး ... ဟို ... သူတို့ မနက်ကလာခေါ်လို့"
"အင်း။ သီဟ! မင်းက ဘာကိစ္စကိုသိချင်နေတာလဲ? ငါ့ကိုမေး၊ ငါဖြေမယ်"
"ငါက ဆုကိုမေးနေတာ။ မင်းနဲ့မဆိုင်ဘူး"
"ငါကြားမိလိုက်သလောက်တော့ ငါတို့ကိစ္စကို မေးနေတာလားလို့။ အဲဒီလိုဆို ငါနဲ့ဆိုင်တယ်။ ခုနက မင်း သူ့ကိုနှောင့်ယှက်နေတာမဟုတ်ရင် အခုပြန်မေးလေ"
"ဟေ့ကောင်၊ မင်း မဏ္ဍာပ်တိုင်တက်ပြမနေနဲ့"
"မင်းကသာ မနာလိုမရှိနဲ့"
"ဟေ့ကောင်..."
သီဟက နေကောင်းကင်၏အင်္ကျီကော်လာကို လှမ်းဆွဲသည်။ ထွဋ်ခေါင်က ဝင်ဖျန်ဖြေရပြီ။
"အခါကြီးရက်ကြီးမှာ ရန်မဖြစ်ကြနဲ့ကွာ။ ဟေ့ကောင်၊ မင်းလူကို လာဆွဲဦး"
သီဟသူငယ်ချင်းကိုလှမ်းပြောတော့ ကိုယ့်လူကိုယ်ဆွဲရင်း လမ်းခွဲခဲ့ကြသည်။
"ကောင်းကောင်းရာ....."
"နင့်ပါးစပ်ပိတ်။ ငါ့ကို ရန်ပြေအေးတရားမဟောနဲ့။ ဟိုကောင်ကလွန်တာ နင်မြင်တယ်မဟုတ်လား? နင်ဒီနေ့လည်မယ်လို့ ငါမသိရပါလား?"
"နင့်ပါမစ် လိုလို့လား? နင်ကရော မေးလို့လား?"
"နင်က ဒါမျိုးကျမပြောတော့ဘူး။ ပြောချင်တဲ့ဟာကျ နားငြီးအောင်ပြောပြပါမယ်"
"ဘယ်တုန်းကပြောလို့လဲ?"
"နောက်တစ်ခါ ရေးမှတ်ထားမယ်။ နောင်လည်း နင်ခိုးရာလိုက်မယ်ဆို ငါ့လာအကူအညီမတောင်းနဲ့။ နင်တို့မင်္ဂလာဦးညမှာ ငါ့ကို နှစ်ယောက်ကြားခေါ်သိပ်နိုင်မှ ငါ့လာပြော"
"ကြားလား ထွဋ်ခေါင်! နင့်မိန်းမက ပါးစပ်က ပွစိပွစိလုပ်ရုံမကဘူး၊ မရှိသေးတဲ့ငါ့ယောကျ်ားကိုပါ စနိုက်ကြော်ချင်နေတာ၊ နင် ကြားတယ်မဟုတ်လား? ကိုယ့်မိန်းမ ကိုယ်ထိန်းထား!"
ပြောပြီး လေးငယ်က ခြေဆောင့်ထွက်သွားတော့ ထွဋ်ခေါင်က
"ဪ ... သူ နွား,မကျောင်းချင်တိုင်း ငါ့ကို နွားနို့လာညှစ်ခိုင်းသွားတယ်"
"အေးပါကွာ ... ငါပဲ မြက်တွေ သွားစားနေလိုက်ပါ့မယ်"
သူတို့ လေးငယ်နောက်ကပါလာကြပြီး သူမသူငယ်ချင်းတွေဆီရောက်သည်အထိ လိုက်ပို့ပေးပြီးတော့
"လေးငယ် ငါတို့ Go ပြီနော်"
"အင်း"
"ဆု၊ နင် ရေသန့်ဘူးသွားဝယ်တာမဟုတ်ဘူးလားဟ?"
"ဆိုင်မရောက်လိုက်ဘူးဟေ့။ ရှင်တို့ဘာသာ သွားဝယ်တော့"
"ဘာဖြစ်လာတာလဲဟ"
"သီဟပေါ့။ လိုက်နှောက်နေလို့"
"ဪ ... မသိပါဘူး။ ရည်းစားနဲ့ သွားချိန်းတွေ့တာလားလို့"
ထွက်သွားတဲ့နေကောင်းကင်တို့ကို မေးငေါ့ပြပြီး လေးငယ်ကိုနောက်နေကြသည်။
သူတို့နှစ်ယောက် ကျော်ဇေစောင့်နေရာသို့ ပြန်ရောက်လာတော့
"မင်းတို့နှစ်ကောင် အိမ်သာကျင်းထဲကျသွားပြီ ထင်နေတာ"
"ထွီ ... စားခါနီးသောက်ခါနီး ညစ်ပတ်တာ"
"ရွံတာလည်းမဟုတ်ဘဲနဲ့ အပိုတွေကွာ"
"အိမ်သာကျင်းထဲကျတာမဟုတ်ဘူး။ ချီးထုပ်တစ်ကောင်နဲ့ ညိနေတာဟေ့"
"ဘယ်သူလဲကွ?"
သူတို့ အစားအသောက်တွေ ဖွင့်ဖောက်ရင်း
"သီဟကွာ၊ လေးငယ်ကိုရစ်နေတာ ငါတို့နဲ့ တည့်တည့်တိုးလို့"
သူပြောလိုက်တော့
"ဟင် ... လာဆုံနေကြတာလား? လေးငယ်လည်း ဒီနေ့ထွက်လည်တယ်လား?"
"သူ့ကျောင်းကသူငယ်ချင်းတွေနဲ့ လည်တာနေမှာ"
"ဆုံတတ်တယ်"
¤
အတက်နေ့
နေကောင်းကင်တို့ သားအမိသုံးယောက်ရယ်၊ လေးငယ်တို့သားအမိရယ်၊ ထွဋ်ခေါင်နဲ့ကျော်ဇေရယ် နေကောင်းကင်တို့အိမ်မှာ လူစုံနေကြသည်။ သူတို့ မုန့်တွေလုပ်ကြ၊ လိုက်ဝေကြ၊ သီချင်းတွေဖွင့်ကြ၊ အချင်းချင်း ရေတွေပက်ကြနဲ့၊ ဒီကြားထဲ နေကောင်းကင်က လေးငယ်ကိုအိုးမည်းနဲ့သုတ်လို့ ဆူညံပွက်လောရိုက်နေကြသည်။ သူတို့ သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်ကြသည်။
.
မွန်းရော သင်္ကြန်ရက်တွေမှာ ဘာတွေလုပ်နေပါလိမ့်???
¤
အပိုင်း (၉) ဆက်ရန်

Коментарі