1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
12
12.

အတောင့်လိုက်ကြီးဆွံ့အ,နေတဲ့ ကျွန်တော့်ကို ရေချိုးခန်းထဲ ထိုးထည့်လိုက်တယ်။

အတောင့်လိုက်ကြီးဆွံ့အ,နေတဲ့ ကျွန်တော့်အဝတ်တွေကို ဆွဲချွတ်ပစ်လိုက်တယ်။

အတောင့်လိုက်ကြီးဆွံ့အ,နေတဲ့ ကျွန်တော်လေး ရုတ်တရက်ကြီး သဘောပေါက်သွားတယ်၊ ဒီအခြေအနေကြီးက ဟိုအချစ်ကားတွေထဲက ဇာတ်ဝင်ခန်းနဲ့တူနေတယ်ဟ။

.

ကျွန်တော် အရမ်းစိတ်လှုပ်ရှားလာပြီ!!!

.

သူကျွန်တော့် အင်္ကျီကိုဆွဲချွတ်ပစ်တော့ ကျွန်တော် အရမ်းကို နိုးကြားတက်ကြွနေပြီး၊ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ သူကျွန်တော့်ကို ရေစိမ်ကန်ထဲထည့်လိုက်တော့ ကျွန်တော် အရမ်းကို နိုးကြားတက်ကြွနေပြီး၊ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ပြီးတော့ ကန်ထဲကို ရေပူလေးဖြည့်ပေးတယ်။ မင်းတို့လည်း သိမှာပါ၊ ရေချိုးနေတဲ့အချိန်ဆိုတာ စိတ်အပန်းဖြေဖို့အကောင်းဆုံးအချိန်ဆိုတာ။

ကျွန်တော့် အမှုသည်တစ်ယောက်ရဲ့ ကိစ္စတစ်ခုကြောင့် ဒီသုံးရက်အတွင်း သုံးလေးနာရီပဲ အိပ်ချိန်ရှိခဲ့တယ်။ ကျွန်တော် အိမ်ပြန်လာပြီး တစ်ခုခုစားပြီး အိပ်ဖို့စီစဥ်ထားခဲ့တာ၊ ကျွန်တော်လည်း အဲ့ဒီခွေးလေးနဲ့ တိုးမယ်လို့ထင်မထားဘူးလေ။ အဲ့ဒါထက် ကျွန်တော့်ချစ်သူ ဇွတ်ကြီး ကားရေဆေးခိုင်းလိမ့်မယ်ဆိုတာ ပိုလို့တောင် ထင်မထားသေး။

ကျွန်တော်လေ ဒီလောက်အခက်အခဲတွေကြုံပြီးတာတောင်မှ နောက်နှစ်ဝက်လောက် နောင်တရသွားစေမယ့်ကိစ္စကြီး လုပ်မိသွားတယ်ဗျာ။

ရေပူဖြည့်နေတဲ့အချိန်မှာ သောက်ကျိုးနည်း  အိပ်ပျော်သွားတာဗျ။

ဘာဆို ဘာမှကိုမပြောချင်တော့ပါဘူး။

စိတ်လျော့..စိတ်လျော့..

.

နောက်နေ့ရောက်တော့ ကျွန်တော့်အိပ်ရာပေါ်မှာပဲ နိုးလာခဲ့တယ်၊ ဗီရိုထဲမှာ ချိတ်ထားတဲ့အဝတ်တွေကို သေသေသပ်သပ်ဝတ်ထားရင်းနဲ့ပေါ့။ ပြီးတော့ ရင်ထဲမှာ ကိုယ့်ကိုယ်ကို အပြစ်တင်မှု အပြည့်နဲ့။

ဒီလောက် ပြီးပြည့်စုံတဲ့အခွင့်အရေးကြီး ကိုယ့်ရှေ့ရောက်လာတာကို ကျွန်တော် တကယ်ကြီးအိပ်ပျော်သွားတယ်!!!

စားပွဲပေါ်မှာတော့ ကျွန်တော့်ချစ်သူ စာတိုလေးချန်ထားခဲ့တယ်။ သူခွင့်ယူပြီး ခွေးကို ဆေးခန်းသွားပို့တယ်တဲ့။

ချစ်တင်းနှောဖို့အတွက်မဟုတ်ပဲ အလုပ်ကနေခွင့်ယူတယ်၊ တကယ် ငါးဆားနယ်ကောင်ပဲ!!!

မနေ့ညကလို အခြေအနေမျိုးမှာ ဘာလို့မနှိုးခဲ့လဲ!

.

သူ တကယ်ကြီး ကျွန်တော်ကရေပြောင်အောင်မချိုးနိုင်ဘူးလို့ ထင်နေတာလား။

...စိတ်ဓာတ်တွေလည်း အဝီစိရောက်နေပါပြီ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі