59
10.
ကျွန်တော်အနည်းငယ်ထိတ်လန့်သွားခဲ့တယ်။
သူ့မှာဖြစ်နေတဲ့ဒီကိစ္စတွေအတွက် သူတကယ်ခံစားနေခဲ့ရတာပဲ? ကျွန်တော်သူ့ကိုပစ်ထားတယ်လို့ထင်နေတာလား? ဒါပေမယ့်ကျွန်တော်သူ့ကိုတခါမှလျစ်လျူရှုမထားဘူးလေ!
ကျွန်တော့်အချစ်တွေကိုထုတ်ပြတာမပွင့်လင်းလို့သူဒီလိုဖြစ်နေရတာ။
ကျွန်တော်သူ့ကို မနက်ခင်းအနမ်းလေးပေးပြီး သူ့ကိုချစ်တယ်လို့ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ ဘာလို့သူကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေကထူးဆန်းနေတယ်လို့ခံစားနေရတာလဲ?
…
ကျွန်တော့် နေ့ခင်းတရေးတမောအနားယူနေတဲ့အတောအတွင်း သူရဲ့ရှင်သန်လိုတဲ့ဆန္ဒတွေကိုဘယ်လိုလှုံ့ဆော်ပေးရမလဲဆိုတာအလေးအနက်တွေးတောနေလိုက်တယ်။
အဲ့ဒီအချိန် ကျွန်တော်ခွေးဟောင်သံကြားလိုက်ရတယ်။
ကျွန်တော်တံခါးဖွင့်လိုက်တော့ နေရာအနှံ့မှာ ဖုန်တွေနဲ့ပြည့်နေပြီး သူကဧည့်ခန်းအလယ်ခေါင်မှာရပ်ရင်း မျက်နှာမှာလည်းဖုန်တွေနဲ့ပေပွနေပြီး ခြေထောက်ဆာနေတဲ့ခွေးလေးဟာလည်း အလန့်တကြားထိုးဟောင်နေတယ်။
သူကျွန်တော့်ကို ဖုန်စုပ်စက်ပျက်သွားတဲ့အကြောင်းကို ထိတ်ထိတ်ပြာပြာရှင်းပြတယ်။
ကျွန်တော့်ရဲ့ သန့်ရှင်းသေသပ်တဲ့ဧည့်ခန်းလေးလည်းသွားရှာပြီ၊ ကျွန်တော်ဒေါသမထွက်ပဲနေမလားဗျာ။
သူပြောလိုက်တယ် : မင်းမနိုးခင် ငါတစ်အိမ်လုံးသန့်ရှင်းရေးထားလုပ်မလို့စီစဥ်ထားတာ။
ကျွန်တော် တကယ်ပဲ...
ခနနေပါအုံး.. သူဘယ်တုန်းကမှ သူ့ဖာသာအိမ်သန့်ရှင်းရေးမလုပ်ဖူးဘူးလေ၊ သူဘာလို့...
...ဖြစ်နိုင်တာက သူ့မှာရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေပြီး ကျွန်တော်သူ့ကိုထားသွားမှာစိုးရိမ်နေတယ်၊ အဲ့ဒါကြောင့် အိမ်အလုပ်တွေသူတာဝန်ယူလုပ်မယ်လို့စဥ်းစားမိတာနေမှာ?
.
ကျွန်တော်ဒေါသမထွက်ရက်တော့ဘူးဗျာ။
.
သူအကောင်းဆုံးကြိုးစားနေတာကိုကျွန်တော်မျက်ကွယ်ပြုမထားနိုင်ဘူးလေ၊ သူပင်ပင်ပန်းပန်းကြိုးစားထားတာကိုအသိအမှတ်ပြုရမယ်။
ကျွန်တော့်ခံစားချက်တွေထိန်းလိုက်ဖို့ အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း အပြုံးလေးဖြင့်သူ့ကိုပြောလိုက်တယ် : ဘာမှမဖြစ်ဘူး၊ ကိုယ်ဆက်လုပ်လိုက်မယ်။
သူ့အရမ်းအံ့အားသင့်သွားပုံရတယ်။
ကျွန်တော်ဧည့်ခန်းကို တံမြက်စည်းစ,လှည်းတော့ သူကခိုကိုးရာမဲ့ပုံစံလေးနဲ့ အိမ်ရှင်မလေးတစ်ယောက်လို ကျွန်တော့်နောက်ကနေတကောက်ကောက်လိုက်နေတယ်။
ကျွန်တော်လည်း နာကျင်ရတယ်။
.
.
သူ အဲ့ဒီညမှာဆိုင်ကနေမှာစားလိုက်တယ်။
ကျွန်တော်လည်း သူ့ရဲ့ဒဏ်ရာရနေတဲ့ နှလုံးသားနုနုလေးကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာစဥ်းစားနေတုန်း deliသမားကဘဲလ်တီးလာတယ်။
သူကသိုးသားကျောက်ကပ်ကြော်၊ နှမ်းအနှစ်နဲ့သိုးသားကျောက်ကပ်ဟင်း၊ သိုးသားကျောက်ကပ်ကင်၊ ကြက်သွန်ဖြူပါးပါးလေးဖြူးထားတဲ့Gojiသီးနှင့်သိုးသားကျောက်ကပ်ချက်ကိုမှာထားတယ်။
.
...သူခန္ဓာကိုယ်တွင်းအပူချိန်လွန်ကဲသွားမှာ မကြောက်ဘူးလား?!
.
သိုးသားကျောက်ကပ်က ကျောက်ကပ်ကိုအားကောင်းစေတယ်ဆိုတဲ့ ရိုးရာအယူတွေကိုကျွန်တော်လည်းသိပါတယ်၊ ဒါပေမယ့် စိတ်ရှည်ရှည်မထားတာတော့မကောင်းဘူးလေ။
ပြောရရင် သူစိတ်လှုံခြုံမှုခံစားရအောင်ကျွန်တော်လုပ်မပေးလိုက်နိုင်ဘူးဗျာ။
ဒါတွေအားလုံးကျွန်တော့်အပြစ်တွေပါ။
ဒီအကြောင်းတွေတွေးမိပြီး ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိတာနဲ့ သူ့ပုခုံးကိုပုတ်လိုက်ပြီးသူ့ကိုပြောလိုက်တယ် : ကိုယ်မင်းနဲ့ လမ်းမခွဲဘူး။
သူအရမ်းခံစားသွားရတယ်ထင်တယ်၊ သူမျက်ရည်လေးတွေတောင်ဝိုင်းနေတာဗျာ။
သနားစရာကလေးလေး..။
ကျွန်တော် နောက်ဘယ်တော့မှ သူ့အပေါ်ဒေါသမထွက်တော့ဘူး။

Коментарі