Side Story 13
13.
ရုတ်တရက်ဘော့စ်ကအသိဝင်သွားပုံပဲဗျ။
"မင်းတို့နှစ်ယောက် တကယ်ရောသိကြလို့လား?"
သူ့မျက်နှာမှာ သံသယတွေအပြည့်ဖြစ်နေတယ်။
အမှုသည်ကအထစ်ထစ်အငေါငေါ့ဖြင့် : "ကိုယ်...ကိုယ်သူ့ကိုတကယ်သိပါတယ်"
ဘော့စ်ကမေးလိုက်တယ် : "မင်းတို့အချင်းချင်း ဘယ်တုန်းကသိကြတာလဲ?"
အမှုသည်အနည်းငယ်ပြာယာခတ်သွားကာ : "ရက်...ရက်အနည်းငယ်က..."
.
...ဒီသောက်ပိန်းနှယ်!
မင်းအလိမ်အညာတွေ ငါလည်းမကယ်နိုင်တော့ဘူးကွ!
.
ဘော့စ်မျက်နှာမှောင်မဲသွားပြီး : "မင်းတို့ဘယ်လိုလုပ်သိကြတာလဲ?"
အမှုသည် ဘာမှမပြောတော့ပေ။
ဘောစ့် : "မင်းငါ့ကိုထပ်ပြီးသံသယဝင်ပြန်ပြီလား"
အမှုသည် : "ကိုယ် မဟုတ်ပါဘူးးး..."
ဘော့စ်ကပန်းတွေကိုအမှုသည်ဆီပြန်ထိုးထည့်လိုက်ကာအေးစက်စွာပြောလိုက်တယ် : "အရမ်းကောင်းတယ်"
"အဲ့လိုမဟုတ်ဘူး၊ မင်းထင်နေသလိုမဟုတ်ဘူး" အမှုသည်ပြာယာခတ်နေပြီး "ကိုယ်မင်းကိုချစ်လို့၊ မင်းကိုဆုံးရှုံးရမှာစိုးလွန်းလို့ပါ"
.
ကျွန်တော် ဒီဖြေရှင်းချက်ကိုသုံညပေးတယ်ဗျ။
ဒီအခြေအနေရောက်နေတာတောင်ဘာလို့ရှင်းပြနေသေးတာလဲဟ၊ မင်းသူ့ကိုနံရံမှာဖိကပ်လိုက်၊ kabedonလုပ်ပစ်လိုက်၊ ပြီးရင် အရူးအမူးနမ်းထည့်လိုက်ကွာ၊ အဲ့ဒါဆို အကုန်လုံး အဆင်ပြေသွားလိမ့်မယ် ငပိန်းကောင်လေးရ!
အဲ့ဒါမှမင်းမဖြေရှင်းနိုင်သေးဘူးဆိုရင် သူ့ကိုအိမ်ဆွဲခေါ်သွားပြီး ညကနေမနက်ရောက်တဲ့အထိpapapaပစ်လိုက်ရတယ်ကွ!
ဒီကလေး အတော်ငယ်သေး—
.
ဘောစ့်ကအမှုသည်ကို နံရံဆီတွန်းလိုက်ကာ သူ့လက်တစ်ဖက်ကိုဘေးမှာထောက်ထားပြီး ခေါင်းငုံ့ကာပြင်းရှစွာနမ်းလိုက်တယ်။ ပွဲကြည့်ပရိတ်သတ်တွေအားလုံး ကြောင်အမ်းသွားကြပြီး အနမ်းလေးအဆုံးသတ်သွားတော့ ဘော့စ်ကအမှုသည်ကိုလွှတ်ပေးကာ အသံသြရှရှဖြင့် : "လျှောက်မတွေးနဲ့တော့"
အမှုသည်က အရှက်သည်းစွာမျက်နှာကိုအုပ်လိုက်ပြီး : "အင်း~"
.
ဒီဖြစ်ပျက်သွားတာကြီးတစ်ခုလုံးက တစ်ခုခုလွဲနေသလိုပဲနော်။
.
.....ငါလေးတစ်ချိန်လုံး roleမှားနေခဲ့တာလားဟ?
ကျွန်တော်ကျွန်တော့်ချစ်သူကိုရှုပ်ထွေးတဲ့အကြည့်တွေနဲ့ကြည့်လိုက်တော့ သူကလည်း ကျွန်တော့်ကို ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ပြန်ကြည့်လာတယ်။

Коментарі