Side Story 2
2.
အမှုသည်တော်တော်လေးဒေါသထွက်သွားတယ်။
သူ ကျွန်တော့်လိုပိုက်ဆံကိုအမှိုက်လိုမြင်တဲ့ လူထူးလူဆန်းမျိုး တွေ့ဖူးတဲ့ပုံမရဘူး။
သူက ကျွန်တော်ကိုမလိမ်ညာတတ်တဲ့လူထူးဆန်းလို့ထင်သွားပုံရတယ်။
.
ပြီးတော့ သူကျွန်တော့်ကိုတိုင်ကြားမယ်တဲ့။
.
သူ ကျွန်တော့်ကိုတိုင်ဖို့ဖုန်းနံပတ်တောင်းတော့၊ ကျွန်တော်လည်း ကျွန်တော့်ရုံးဖုန်းနံပတ်ကိုပေးလိုက်တယ်။
ကျွန်တော်ကပိုင်ရှင်လေဗျာ၊ အဲ့ဒီတော့ သူကကျွန်တော့်အကြောင်းကို ကျွန်တော့်ဆီတိုင်ရမှာပေါ့။
အမှုသည်က ဖုန်းလက်ခံဖြေမယ့်သူကကျွန်တော်ဖြစ်လိမ့်မယ်လို့ထင်မထားတဲ့အတွက် ပိုပြီးဒေါသထွက်သွားတယ်။
သူကကျွန်တော်ဒီမြို့မှာဆက်နေလို့မရအောင် နည်းပေါင်းစုံသုံးပြမယ်လို့ပြောတယ်။
အိုးး ကြောက်လိုက်တာဗျာ..။
Коментарі