24
24.
ဒီရက်ပိုင်းမှာ တော်တော်လေးအလုပ်ရှုပ်နေတယ်။
ကျွန်တော့်ချစ်သူလည်း အလုပ်ရှုပ်လွန်းလို့ ပျာယာကိုခတ်နေရောပဲ၊ နေ့တိုင်းလိုလို မနက်စောစောအိမ်ကထွက်ပြီး ညမိုးချုပ်မှပြန်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း အမှုအသစ်ထပ်ရတယ်၊ အမှုသည်က ကျွန်တော်နဲ့ဆုံဖို့ ကျွန်တော့်ချစ်သူရုံးနားက ကော်ဖီဆိုင်မှာချိန်းခဲ့တယ်။ အချိန်ကလည်းနေ့လည်စာစားခါနီးလေးပေါ့၊ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့်ချစ်သူဆီဖုန်းခေါ်ပြီး အစားအစာတစ်ခုခုယူလာရမလားလို့မေးလိုက်တယ်။
ဒီတစ်ခေါက် အမှုသည်က တော်တော်လေး ပိုက်ဆံရှိတဲ့လူပေါ်ကြော့တစ်ယောက်ဖြစ်တဲ့ပုံပဲ၊ သူက တော်တော်လေးလည်း စိုးရိမ်ပူပန်သောကရောက်နေတယ်။ နှစ်ပေါင်းများစွာ ဒီအလုပ်လုပ်လာတဲ့အတွေ့အကြုံအရ တစ်ချက်ကြည့်ရုံနဲ့ သူဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့အမှုအတွက် စုံစမ်းဖို့ဖြစ်မယ်ဆိုတာသိလိုက်တယ်။
.
ကျွန်တော့်အမှုသည်က သူ့ချစ်သူကဖောက်ပြန်နေတယ်လို့ သံသယရှိတဲ့အတွက် ကျွန်တော်ကို သက်သေရှာပေးနိုင်မလားလို့ပြောခဲ့တယ်။
ဟင်း...လူချမ်းသာတွေဟာလေ တကယ်ပဲ ပြသနာကောင်းကောင်းရှာနိုင်ကြတယ်။
သူကပြောတယ်၊ သူတို့နှစ်ယောက်က တစ်ဦးပေါ်တစ်ဦးအရမ်းချစ်ကြတာ..။
အိုး..
ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ လုံးဝထင်မထားဘူး..။
အိုး..
သူ့ချစ်သူက ဒီနားတဝိုက်မှာပဲအလုပ်လုပ်တယ်..။
အိုး..
သူက သူ့ချစ်သူက ဒီအနီးနားရှေ့နေရုံးက မန်နေဂျာ..။
အိုး..
.
.....ဝှက်သယ်ဖက်??? မင်းမေလခွမ်း!!
သောက်ကျိုးနည်းလာနောက်နေတာလား!!!
.
ဟုတ်ပြီ အခုမေးချင်တာက တော်တော်လေးအရေးကြီးတယ်ဗျ။
.
ကျွန်တော့်အမှုသည်က ကျွန်တော့်ချစ်သူရဲ့ အထက်လူကြီးကို နောက်ယောက်ခံလိုက်ခိုင်းနေတယ်၊ ကျွန်တော်ဘာလုပ်သင့်လဲဗျာ?
ကျွန်တော်လုပ်နေတာတွေပေါ်သွားရင် ကျွန်တော့်ချစ်သူ အလုပ်ဖြုတ်ခံရလောက်လား၊ ကျွန်တော်တော့ စိတ်တွေပူလာပြီ။

Коментарі