Side Story 12
12.
ကျွန်တော်ကဘာလို့ထူးဆန်းတာတွေးနေရမှာလဲ! ဟမ့်! သူက ကျွန်တော့်ကိုဆို အမြဲသံသယဝင်နေတော့တာပဲ!
ကျွန်တော်အနောက်တိုင်းဝတ်စုံရဲ့အိပ်ကပ်ကိုထိလိုက်တယ်။
ဒီနေ့ ကျွန်တော်အရေးကြီးတဲ့တစ်စုံတရာပြင်ဆင်လာခဲ့တာဗျ၊ သေချာပေါက်လွဲချော်သွားလို့မဖြစ်ဘူး။
.
အနီရောင်နှင်းဆီပန်းစည်းကိုလက်ကကိုင်ပြီး အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားတဲ့ ထိုဉာဏ်မရှိတဲ့အမှုသည်ကအနည်းငယ်လေးနက်တဲ့ပုံပေါက်နေတယ်။
သူကနှင်းဆီပန်းကို ဘော့စ်ရဲ့ရင်ဘက်ဆီထိုးပေးလိုက်ပြီးတောင်းပန်စကားဆိုလိုက်သည် : "ဒါလင် ကိုယ်နောက်ကျသွားလို့ တောင်းပန်ပါတယ်"
ဘော့စ်ကပန်းစည်းကိုပိုက်ထားရင်းသူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး : "ငါကမင်းရောက်မလာတော့ဘူးလို့ထင်နေတာ"
အမှုသည်ကနှာဘူးတစ်ယောက်လိုပြုံးလိုက်ပြီး : "အရူးလေး၊ ကိုယ်ကဘာလို့ရောက်မလာရမှာလဲ၊ ဒီကိုလာတုန်းလမ်းပိတ်နေလို့ပါကွ"
.
ကျွန်တော်သွားတွေကြိမ်းလာတယ်ဗျာ။
.
ဘောစ့်ကပြောလိုက်တယ် : "ဒါဆို စလိုက်ရအောင်လား?"
အမှုသည်ကခေါင်းငြိမ့်လိုက်ပြီးဘော့စ်လက်ကိုဆွဲကာတစ်ဖက်လှည့်သွားတယ်။ အကြည့်တစ်ချက်နဲ့ လူအုပ်ကြားထဲကကျွန်တော့်ကိုမြင်သွားတဲ့ပုံပဲဗျ။
.
အမှုသည် "..."
.
.
ကျွန်တော်ဒီလိုဖြစ်မယ်လို့တွက်ပြီးသားပါ။ ကျွန်တော်တို့လည်း တစ်ယောက်ကိုတစ်ယောက်မှတ်မိတယ်၊ သူလည်းကျွန်တော့်ကိုမြင်သွားတယ်လေ၊ ကျွန်တော်သူ့ကိုနှုတ်မဆက်ရင် အဲ့ဒါရိုင်းကျတယ်မဟုတ်လားဗျ။
အဲ့ဒါနဲ့ ကျွန်တော်လည်းအဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ကို လက်လှမ်းပြလိုက်တာပေါ့ဗျ။
တမဟုတ်ချင်းမှာ အမှုသည်မျက်နှာကမဲမှောင်သွားတယ်။ သူ့ဘေးမှရပ်နေသောဘော့စ်လည်း ခေါင်းရှုပ်သွားပုံရတယ်၊ သူ့ခေါင်းကိုဖြည်းညှင်းစွာလှည့်လာပြီး သူ့အကြည့်တွေက ကျွန်တော်နဲ့ဘေးမှာရပ်နေတဲ့ ကျွန်တော့်ချစ်သူဆီမှာရပ်သွားတယ်။
အမှုသည်က ကျွန်တော့်ဘက်ကိုခြေလှမ်းကျဲကြီးနဲ့လျှောက်လာပြီး ကျွန်တော့်ကိုဘေးကိုဆွဲခေါ်သွားတယ်။
.
အမှုသည် "မင်းဘာလို့ဒီရောက်နေတာလဲ!"
ကျွန်တော် : "ငါ..."
အမှုသည် : "မင်းဘာလိုချင်တာလဲ! ငါ့ဆီကငွေညှစ်မလို့လား!"
ကျွန်တော် : "..."
အမှုသည် : "ပိုက်ဆံယူပြီးလစ်လိုက်တော့! ငါမင်းကိုသတိပေးလိုက်မယ်၊ ငါတို့နှစ်ယောက်ကိုလာခွဲဖို့ စိတ်တောင်မကူးနဲ့!"
.
ဒီသောက်ပိန်းကတော့။
.
ကျွန်တော့်ချစ်သူနဲ့ဘော့စ်လည်း ဒီဘက်ကိုလျှောက်လာကြတယ်။
ဘောစ့်ကသိလိုစိတ်ပြင်းပြစွာ : "မင်းတို့နှစ်ယောက်သိနေကြတာလား?"
အမှုသည် : "မသိဘူး"
ကျွန်တော် : "သိတယ်"
အမှုသည် : "..."
အမှုသည်က ကျွန်တော့်ကိုရက်စက်ကြမ်းကြုတ်စွာ စိမ်းစိမ်းဝါးဝါးကြည့်လာတယ်ဗျ။ ကျွန်တော့်ချစ်သူမျက်နှာပေါ်မှာလည်း သံသယတွေပြည့်နေတယ်။
ကျွန်တော်ပြုံးရုံပြုံးနိုင်လိုက်ပြီး : "မကြာသေးဘူးလေ၊ မင်းငါ့ကိုမမှတ်မိတော့ဘူးလား?"
အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်က ကျွန်တော်နဲ့မပတ်သတ်ချင်တဲ့ပုံနဲ့ အေးစက်စွာပင်မသိချင်ယောင်ဆောင်လိုက်တယ်။
ဘော့စ်က အနည်းငယ်ဝမ်းသာအားရအံအားသင့်သွားပြီး ကျွန်တော်နဲ့ကျွန်တော့်ချစ်သူကိုသူ့ကိုမိတ်ဆက်ပေးရင်းပြောလိုက်တယ် : "တိုက်ဆိုင်လိုက်တာ ငါမင်းတို့အချင်းချင်းသိမယ်လို့ထင်မထားဘူး"
အမှုသည်ကကျွန်တော့်ကိုကြည့်ကာကြောင်သွားတယ်။
အဲ့ဒီအမူအရာက ကျယ်လောင်စွာမေးနေတဲ့ပုံပဲဗျ—
.
မင်းတကယ်ပဲ သောက်ကျိုးနည်းမင်းတို့နှစ်ယောက်တွဲနေတာကိုငါ့ကိုမပြောခဲ့ဘူးပေါ့?!
.
.
ကျွန်တော်လည်းအတတ်နိုင်ဆုံးဉာဏ်မရှိတဲ့အမှုသည်ကိုမျက်လုံးနဲ့အရိပ်အကဲပြဖို့ကြိုးစားတာပဲဗျ။ ကျွန်တော့်ချစ်သူက တခဏလောက် သူ့အကြည့်တွေကိုကျွန်တော်တို့နှစ်ယောက်ကြားပြောင်းနေပြီးမနေနိုင်စွာမေးလိုက်တယ် : "မင်းတို့နှစ်ယောက်က ဘယ်လိုလုပ်သိကြတာလဲ?"
အမှုသည် : "အာ ဒါက..."
ကျွန်တော်ပြုံးလိုက်ပြီး : "အတန်းဖော်တွေ၊ ငါတို့ကအတန်းဖော်တွေ!"
အမှုသည် : "ဟုတ်တယ်! အတန်းဖော်တွေ!"
ကျွန်တော့်ချစ်သူကျွန်တော့်ကိုပြုံးပြကာ : "ကိုယ် မင်းနိုင်ငံခြားမှာစာသင်ခဲ့တယ်ဆိုတာမသိိလိုက်ဘူး"
ကျွန်တော် : "...အမ်?"
အမှုသည် : "..."
အမှုသည်ကျွန်တော့်ကိုတိုးတိုးလေးပြောလိုက်တယ် : "ငါမူလတန်းကျောင်းပြီးကတည်းက နိုင်ငံခြားသွားခဲ့တာကွ"
ကျွန်တော် : "အိုး ငါတို့က မူကြိုတုန်းက အတန်းဖော်တွေလေ"
.
ချစ်သူ : "ဟီးဟီး"
အမှုသည် "..."
ဘော့စ် : "..."
.
ကျွန်တော့်ချစ်သူ ကျွန်တော်တို့အကြောင်းသိသွားလို့ အဲ့ဒီမေးခွန်းကိုမေးလိုက်ပုံပဲဗျ။
.
ဘယ်လိုလုပ်ရမလဲ၊ ကျွန်တော်အနည်းငယ်ထိတ်ထိတ်ပြာပြာဖြစ်လာပြီ။
Коментарі