Side Story 1
1.
ကျွန်တော့်ဘဝကြီးက ကျေနပ်စရာတွေအပြည့်နဲ့ အဆင့်လည်းပိုမြင့်သွားပြီး အရာအားလုံးပြီးပြည့်စုံနေကာ ကမ္ဘာကြီးတစ်ခုလုံးကကျွန်တော့်ကိုထွေးပွေ့ထားသလိုခံစားနေရတယ်။
အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ကလွဲလို့ပေါ့ဗျာ။
ကျွန်တော် ကျွန်တော့်ချစ်သူကိုဆက်ပြီးနောက်ယောင်ခံလိုက်ဖို့ငြင်းလိုက်တော့ သူဒေါသထွက်သွားပြီး အခကြေးငွေမပေးတော့ဘူးလို့ ခြိမ်းခြောက်လာတယ်ဗျ။
အိုး အဲ့ဒါဆိုလည်းမပေးနဲ့ပေါ့ကွာ။
ငါ ကမ္ဘာကြီးရဲ့မမြဲတဲ့အကြောင်းကိုသိမြင်ပြီးသားပါကွ။
အဲ့ဒီတော့ မင်းငါ့ကိုပိုက်ဆံမပေးတော့ဘာဖြစ်လဲ၊ ငါပုံစံက တစ်ကျပ်လောက်နဲ့စျေးဆစ်တတ်တဲ့ ငွေမက်တဲ့ရုပ်ပေါက်နေလို့လား။
ဟမ့်
ဘာပဲဖြစ်ဖြစ် မင်းကငါ့မျက်လုံးထဲမှာတော့ ဉာဏ်မရှိတဲ့အမှုသည်ပါပဲနော်။
.
.
.
…
.
.
.
ငါ့ရဲ့ ရမ္မက်ထန်တဲ့ချစ်သူနဲ့ယှဥ်ကြည့်ပါလား! ငွေရေးကြေးရေးများ ဂရုစိုက်နေစရာလား!
အဟားဟားဟားဟား!!!
Коментарі