58
9.
အဲ့ဒီညအကြောင်း စဥ်းစားလေစဥ်းစားလေ ဒေါသထွက်ရလေပဲဗျာ၊ သူဘယ်လောက်တွေတောင် အိပ်ရေးပျက်နေရတာလဲ? သူတစ်ရက်လေးတောင် မသမ်းရမနေနိုင်ဘူးလား?
ကျွန်တော်သာဆိုရင်လေ ကျွန်တော့်ကို ရေချိုးခန်းထဲထည့်တာခံရရင်၊ အဝတ်တွေ အတင်းချွတ်တာခံရရင်၊ ကပိုကယိုဖြစ်နေမယ့်ကျွန်တော့်ကို ရေစိမ်ကန်ထဲ ပစ်ထည့်တာခံလိုက်ရရင်...
စဥ်းစားကြည့်တာနဲ့တင် စိတ်ကြွလာပြီ!
ဒါပေမယ့် သူတကယ်ပဲ အိပ်ပျော်သွားတာဗျ!
အဲ့ဒါအိပ်ရမယ့်အချိန်လားဗျာ?!
ကျွန်တော်တကယ်ပဲသူနဲ့တွေ့ဖို့စိတ်မပါတာနဲ့နောက်နေ့မနက်ချက်ချင်းပဲ အနမ်းလေးတောင်မပေးပဲ ခွေးလေးကိုခေါ်ပြီး တိရစ္ဆာန်ဆေးခန်းသွားလိုက်တယ်။ တစ်မနက်လုံး သူကျွန်တော့်ကို ဖုန်းလေးတစ်ချက်တောင်မခေါ်ဘူးဗျာ။
ကျွန်တော်ဒေါသထွက်နေပြီ။ ကျွန်တော်အရမ်းကိုဒေါသတွေထွက်နေပြီ။
သူဘာလို့နည်းနည်းလေးတောင် မရိပ်မိရတာလဲ? ကျွန်တော်သူ့ကိုဒေါသထွက်နေတာ သူမသိဘူးလား?!
နေ့လည်ခင်းရောက်တော့ ကျွန်တော်လည်း မခံမရပ်နိုင်လောက်အောင်ဒေါသအပြည့်နဲ့ မျက်နှာမသာမယာနဲ့ ခွေးလေးကိုခေါ်ပြီးအိမ်ပြန်လာခဲ့တယ်။
ကျွန်တော် ခွေးလေးကိုဧည့်ခန်းထဲထည့်လိုက်ပြီး သူစာကြည့်ခန်းထဲရောက်နေတာကို သတိထားမိလိုက်တယ်။
အိမ်ကိုပြင်ဆင်ပြီးကတည်းက ကျွန်တော်ပဲစာကြည့်ခန်းကိုအသုံးပြုပြီး သူဝင်လေ့မရှိဘူးဗျ။ ကျွန်တော်စာကြည့်ခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ သူက သူ့လက်ပ်တော့ကိုကိုင်ရင်းဆိုဖာပေါ်ထိုင်နေပြီး စခရင်ကို မလှုပ်မရက်စိုက်ကြည့်နေတာ ကျွန်တော်ဝင်လာတာကိုတောင်သတိမထားမိဘူးဗျ။
သူတွေကြည့်နေတာလဲ?
ကျွန်တော်ရုတ်တရက်အရမ်းသိချင်လာတယ်။
.
ကျွန်တော်သူ့နောက်နားကိုလျှောက်လာလိုက်ပြီး သိချင်စိတ်ပြင်းပြစွာ သူဘာတွေကြည့်နေလဲလို့မေးလိုက်တယ်။
သူ လက်ပ်တော့အဖုံးကိုပိတ်ချလိုက်တယ်၊ ဒါပေမယ့် လက်ပ်တော့စခရင်ပေါ်က စာသားတစ်ချို့ကို ကျွန်တော်မြင်လိုက်ရတယ်။
【ပန်းသေပန်းညိုးဖြစ်နေသော သင့်၏ သူငယ်ချင်းကို ရှေ့ဆက်ရှင်သန်လိုစိတ်ရှိအောင် မည်သို့ကူညီဖေးမပေးမလဲ】
သူ...တကယ်ပဲ...သတ်သေချင်နေတာလား?

Коментарі