23
23.
ကျွန်တော် ကျွန်တော့်ချစ်သူ လိင်မှုကိစ္စကိုစိတ်မဝင်စားတဲ့အချက်ကို လုံးဝမေ့ထားလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ကျွန်တော်က သူ့ရဲ့ဖြစ်တည်မှုကိုချစ်တာ၊ အိပ်ရာပေါ်ကစွမ်းရည်ကိုချစ်တာမဟုတ်ဘူး!
ကျွန်တော်တို့အနာဂတ်လေးဟာ ဒီလောက်သာယာလှပနေတာ၊ ကျွန်တော်တို့နှစ်ဦးလည်း ပုံမှန်အခြေအနေပြန်ရောက်လာတော့မှာမကြာဘူး!
.
ကျွန်တော့်ချစ်သူ သိုးသားကျောက်ကပ်ဟင်းကိုပါးစပ်နဲ့အပြည့်မြိုချရင်းပြောလိုက်သည် : ကိုယ်တို့ ဆေးခန်းသွားပြရအောင်လား။
ကျွန်တော် : ...
.
ခန သူအခုဘာပြောလိုက်တယ်?!
ဒါလင် မင်းဒီလိုကြီးလုပ်နေတာ ငါ့လန့်လာပြီနော်!!
.
ကျွန်တော့်ချစ်သူ စိတ်ပျက်သွားတဲ့အမူအရာဖြင့် : ကိုယ်တို့မသွားလည်းရပါတယ်။
.
သွားမှာ! သွားမှာ! သွားမှာ! သွားရမှာပေါ့ဟ!
ကျွန်တော်လေ ကျွန်တော်ချစ်သူ သူ့ဂုဏ်သိက္ခာကိုတောင်ထည့်မတွက်ပဲ ကျွန်တော်တို့ရဲ့ဘဝလေး ချမ်းသာသုခနဲ့ ကာမသုခပြည့်ဝစေဖို့အတွက်နဲ့ သူ့ဘက်ကစ,ပြီး ဆေးကုသမှုခံယူဖို့ပြောလာလိမ့်မယ်လို့ လုံးဝထင်မထားဘူး။
ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှားသွားတယ်!
ကျွန်တော်ချစ်သူက တစ်ရက်ပဲခွင့်ရတယ်၊ ပြီးတော့ အခုတလောဆို သူအလုပ်တွေသိပ်များတာ။ ကျွန်တော်တို့ ဆေးခန်းသွားပြဖို့ဆို ရက်အနည်းငယ်လောက်ကြာအုံးမှာ၊ အဲ့ဒီနေ့ကြရင်တော့ ကျွန်တော်လည်းအလုပ်နားပြီး သူ့ကိုအဖော်လုပ်ပေးရမယ်။
.
ကျွန်တော်တို့ ဘယ်နေ့လောက်ဆေးခန်းသွားပြမယ်ဆိုတာတိုင်ပင်ပြီးမှပဲ ကျွန်တော်လည်းစိတ်ပူနေတာတွေ လျော့သွားတော့တယ်။
ဒါပေမယ့် ကျွန်တော့်ချစ်သူအနည်းငယ်တိတ်ဆိတ်နေတယ်။
ခနကြာမှ သူကျွန်တော်ခေါင်းကိုပုတ်ရင်းဆိုတယ် : ဒီနောက်ပိုင်း ဆေးပညာတွေလည်း တော်တော်လည်းတိုးတက်လာပြီဆိုတော့...
သူဆက်မပြောပဲနေ,နေတယ်။
ကျွန်တော်မြန်မြန်လေးသူ့ကိုနှစ်သိမ့်ပေးလိုက်တယ် : အားလုံးအဆင်ပြေသွားမှာပါ!
ကျွန်တော်ချစ်သူ ကျွန်တော့်ကိုကြည့်ကာ လေးလေးနက်နက်အမူအရာနဲ့ ခေါင်းငြိမ့်ပြတယ်။
နောက်ဆုံးတော့ အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ပြီပေါ့!
ပျော်လိုက်တာ!
.
အာာ ဒါနဲ့လေ ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ။
ကျွန်တော် သိုးသားကျောက်ကပ်ဟင်းတွေစားတာများပြီး ညကြီးမင်းကြီး နှာခေါင်းသွေးတွေလျှံနေတာမရပ်လို့ ဘယ်လိုလုပ်ရမလဲဟင်?

Коментарі