65
16.
အခုလေးတင်ထလာကာစ အဲ့ဒီကျက်သရေမရှိတဲ့ကောင်လည်း လက်သီးတစ်ချက်တည်းနဲ့ ကြမ်းပေါ်ပြန်လဲကျသွားတယ်။
ကျွန်တော့်ချစ်သူတော်တော်လေးလန့်သွားပုံရတယ်၊ ကျွန်တော်ဘော့စ်တော်တော်လေးလန့်သွားပုံရတယ်၊ ကျွန်တော့်အပေါင်းအပါတွေလည်းတော်တော်လေးလန့်သွားပုံရတယ်။
သူတို့ဘယ်လိုထင်ထင် ကျွန်တော်ဂရုမစိုက်ချင်တော့ဘူး၊ ကျွန်တော်အိမ်ကိုမြန်မြန်ပြန်ပြီး ကျွန်တော့်ချစ်သူနဲ့စကားကောင်းကောင်းပဲပြောချင်တော့တယ်။
ကျွန်တော်က cross-dresser တွေကိုခွဲခြားဆက်ဆံတာမျိုးမလုပ်ပါဘူးဗျာ။ ဒီလောက်နှစ်တွေကြာတာတောင် သူဘာလို့ကျွန်တော့်အပေါ်ပွင့်ပွင့်လင်းလင်းမရှိတာလဲဆိုတာကိုပဲကျွန်တော်နားမလည်တာ။
…
ကျွန်တော်သူနဲ့အိမ်ပြန်လာပြီး ထမင်းစားစားပွဲမှာထိုင်နေကြပြီး နှစ်ယောက်လုံးနှုတ်ဆိတ်နေကြတယ်။
ကျွန်တော်ဒီလိုအခြေအနေကြီးကို တကယ်သဘောမကျဘူးဗျာ။
ဒီအချိန်မှာသူ့ရဲ့ခံစားချက်တွေရှုပ်ထွေးနေလိမ့်မယ် ဒါမှမဟုတ်ကြောက်လန့်နေလိမ့်မယ်ဆိုတာကျွန်တော်သိတယ်၊ ကျွန်တော်သူ့ကိုနှစ်သိမ့်ပေးနိုင်တယ် ပြီးတော့ ကျွန်တော်သူ့ကိုနားလည်ပေးနိုင်ကြောင်းပြောလိုက်တယ်။
ကျွန်တော်အချစ်ရဆုံးကသူဆိုတဲ့လူသားပဲလေ။
ကျွန်တော်ဒီကိစ္စကိုဖြည်းဖြည်းချင်းလက်ခံပေးဖို့ အချိန်နည်းနည်းပဲလိုတာပါ။
သူ့ကြည့်ရတာအားပျက်နေတဲ့ပုံပေါက်နေလို့ ကျွန်တော်သူဝတ်ထားတဲ့အင်္ကျီတွေလဲပေးဖို့လုပ်လိုက်တယ်။
သူ့ကိုနားလည်ပြီး အားပေးထောက်ခံကြောင်းပြသဖို့အတွက် သူလဲဖို့အဝတ်တွေကိုကျွန်တော်ကိုယ်တိုင်ပဲသွားယူဖို့ဆုံးဖြတ်လိုက်တယ်။
ကျွန်တော်သူ့အခန်းထဲကိုဝင်လေ့မရှိဘူးဗျ။ သူ့အခန်းကအနည်းငယ်ရှုပ်ပွနေလို့ ကျွန်တော်ကြည့်ရုံနဲ့စိတ်ရှုပ်လို့ပါဗျာ။ သူက ကျွန်တော်သူ့ပစ္စည််းတွေနေရာရွှေ့တာမကြိုက်တဲ့အတွက် ကျွန်တော်လည်းသန့်ရှင်းလေးလုပ်ပေးလို့မရတာနဲ့ မဝင်ပဲနေလိုက်တော့တာဗျာ။
ကျွန်တော်သူ့အခန်းကိုတခါးဖွင့်ဝင်လိုက်တော့ ခုံပေါ်မှာဖရိုဖရဲတင်ထားတဲ့ဓာတ်ပုံနှစ်ပုံကိုတွေ့လိုက်ရတယ်။
ကျွန်တော်နဲ့ကျွန်တော့်ဘော့စ်ပုံ..။

Коментарі