Side Story 10
10.
ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုသူတို့ဘော့စ်နဲ့တွေ့ပေးဖို့ဆွဲခေါ်လာလိုက်တယ်။
ဘောစ့်က အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားကာ စိတ်လှုပ်ရှားနေပုံရတယ်။
သူက ကျွန်တော်တို့နှစ်ယောက်ကို ကျွန်တော့်အမှုသည်ရောက်မလာသေးကြောင်းနှင့် သူအနည်းကြောက်လန့်နေကြာင်းပြောလိုက်တယ်။
.
.
ကျွန်တော့်အလုပ်အတွေ့အကြုံအရ အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ကသူဒီကိုလာတဲ့လမ်းမှာယာဥ်တိုက်မှုဖြစ်ပြီး၊ သူတို့ကိုသဘောမတူတဲ့မိဘတွေလွှတ်လိုက်တဲ့လုပ်ကြံရေးသမားတွေနဲ့မမျှော်လင့်ပဲထိပ်တိုက်တွေ့ကာ၊ အဲ့ဒီလောဘသမား ကြေးစားတွေက သူ့မိဘနဲ့ဘော့စ်ဆီကငွေညှစ်လို့ရအောင် အရင်ဆုံး သူ့ကို ဓားစာခံအနေနဲ့ပြန်ပေးဆွဲဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ထင်တယ်။
သွေးနဲ့ရေးထားတဲ့စာတစ်စောင်လည်းအချိန်မရွေးရောက်လာလောက်တယ်။
အဲ့ဒီထဲမှာလက်ပြတ်၊ နားရွက်ပြတ်နဲ့ ဖောက်ထုတ်ထားတဲ့မျက်လုံးတွေလည်းပါလာနိုင်ခြေရှိတယ်...
.
ရုတ်တရက် ဘောစ့်က ပျော်ရွှင်စွာအရှေ့ကိုပြေးထွက်သွားတယ်၊ ကျွန်တော်လှည့်လိုက်ပြီး အဲ့ဒီဉာဏ်မရှိတဲ့အမှုသည် လူအုပ်ကိုဖြတ်ပြီးလျှောက်လာတာကိုကြည့်လိုက်တယ်။
အိုးး
.
နှမျောစရာပဲ..။
Коментарі