64
15.
ရုတ်တရက် ကျွန်တော်အရမ်းပဲဒေါသထွက်သွားတယ်။
အရင်ဆုံး ဒီ cross-dresser အကြောင်းကထားလိုက်၊ ကျွန်တော့်ကိုမပြောပဲကွယ်ဝှက်ထားတာကိုနည်းနည်းတော့ဒေါသထွက်မိပေမယ့် ကျွန်တော်တို့နှစ်ဦးကြားကကိစ္စဆိုတော့ အိမ်ပြန်ရောက်မှ ဖြည်းဖြည်းချင်းပြောလို့ရတယ်။
အဲ့ဒီကျက်သရေမရှိတဲ့ကောင်က ကျွန်တော့်ချစ်သူကို ကလူကျီစယ်လုပ်တယ်။ ဒါကတော့ ကိစ္စရှိသွားပြီ။
ဒါဟာတော်တော်လေးကိုကိစ္စရှိသွားပြီ။
ကျွန်တော်ထိုးပစ်ချင်လောက်အောင်ကိုကိစ္စရှိသွားပြီ။
ကျွန်တော့်ချစ်သူကိုထူပေးလိုက်ပြီး ဟိုဘက်လှည့်လိုက်ကာ အဲ့ဒီကျက်သရေမရှိတဲ့ကောင်ရဲ့နှာခေါင်းကို အညှာအတာမဲ့တဲ့လက်သီးတစ်လုံးပစ်သွင်းလိုက်တယ်။
ကျွန်တော် တော်ရုံဘယ်သူ့ကိုမှမထိုးဖူးဘူးဗျ ၊ ဒါပေမယ့် ကျွန်တော်ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘူး။
ဖာ့ခ် သူ ငါ့ပိုင်တဲ့လူကိုထိရဲတယ်ပေါ့လေ။
Коментарі