Chapter 1
တစ္ခုေသာညသန္းေခါင္ယံဝယ္။။။။။
အရာရာဟာတိတ္ဆိတ္ၿငိမ္သက္ကာ
အသက္မဲ့ေနခဲ့သည္။ ညအေမွာင္ကိုထိုးခြင္းၿပီး ဆြဲဆြဲငင္ငင္အူတတ္တဲ့ဝံပုေလြေတြကလည္း
ယေန့ညမွတိတ္ဆိတ္ျခင္းမႏၲာန္ရဲ့ဖိႏိွပ္မွုကိုခံထားရသလို။
ေလတိုးသံ၊ စကားေျပာသံ၊ လႈပ္ရွားသြားလာသံ၊
သီခ်င္းညည္းသံေတြေပ်ာက္ကြယ္ေနတဲ့ညအေမွာင္ဟာ သာမန္ထက္ထူးကဲေနၿပီး
ထိတ္လန႔္ဖြယ္အေတြးေတျြဖတ္ေျပးဖို႔ ကူညီေနေလရဲ့။ ေနြးေထြးမႈ၊ ေအးစက္မႈဟူသည္ ဒီေနရာမွာရိွပါရဲ့လားဟုေမးျမန္းရေလာက္ေအာင္
မြန္းၾကပ္ပိတ္ေလွာင္ေနသၫ့္ ခံစားခ်က္ေတြကႀကီးစိုးလို႔ေနသည္။
ထိုသို႔ေသာရာသီဥတုရဲ့ေျခာက္လွန႔္မႈက အေမွာင္ထုႏွင့္အသားက်ေနတဲ့ ေျမေခြးနတ္ဆိုးဘုရင္မကိုပင္ အခုလိုတိတ္ဆိတ္ၿငိမ္သက္လြန္းတဲ့ညမွာ
တစ္ေယာက္တည္းဘယ္လိုျဖတ္သန္းရမလဲဆိုတာ
စဉ္းစား၍မရႏိုင္ေအာင္အခက္ေတြ ့ေနေစခဲ့သည္။
ကိုယ့္ပိုင္နက္ထဲမွာရိွေနခဲ့ရင္ေတာ့
ဤသို႔စိတ္မတည္ျငိမ္ျဖစ္ေနရလိမ့္မည္မဟုတ္။
ယခုေတာ့ သူမေရာက္ေနသည္က
သူစိမ္းနယ္ေျမ။ မည္သူတစ္ဦးတစ္ေယာက္မွေျခမခ်ဖူးခဲ့သၫ့္
ထိတ္လန႔္ေျခာက္ျခားဖြယ္အႏၲရာယ္မ်ားႀကီးစိုးေနသၫ့္ေရွးေဟာင္းဒ႑ာရီလာနတ္သားရဲေတြေနထိုင္က်က္စရာနယ္ေျမတစ္ခု။
ဘယ္အခ်ိန္မွာ၊ ဘယ္လိုသားရဲေတြထြက္ေပၚလာၿပီး
တိုက္ခိုက္မလဲဆိုတာလည္းမသိရသၫ့္အျပင္၊
သူမႏွင့္အခ်ိန္းအခ်က္လုပ္ထားသၫ့္ သားရဲတစ္ေကာင္၏အႏၲရာယ္ကိုလည္း မ်က္စိလ်င္လ်င္ျဖင့္
ေစာင့္ၾကၫ့္ေနရေသးသည္။ သူမရဲ့လက္ထဲမွာရိွေနတဲ့
'ပိုင္ရႈဖူ 'ဆိုသၫ့္ ၾကာပြတ္ကလည္းထိုသားရဲကိုယွဉ္ႏိုင္လိမ့္မည္မဟုတ္။ နတ္သားရဲေတြကအရမ္းကိုစြမ္းအားႀကီးလြန္းသည္ေလ။
[*ပိုင္ရႈဖူ>>အျဖဴေရာင္ေနွာင္ႀကိဳး*]
နားရြက္ႏွစ္ဖက္ကိုအေသအခ်ာစြင့္ၿပီးနားေထာင္လိုက္ေတာ့ ေျခသံခပ္တိုးတိုးတစ္ခုက သူမဆီလာေနသေယာင္။ သို႔ေပမယ့္ ထူးဆန္းလွသည္။ ထိုေျခသံက ေလထဲကလာေနတဲ့အသံႏွင့္တူေနသည္။
သစ္ရြက္ေလးေတြေပၚျဖတ္တိုက္သြားသလို၊ ပန္းပြင့္ေလးေတြေပၚႏူးႏူးညံ့ညံ့ေလးက်ေရာက္လာသလို၊ ေစာင္းႀကိဳးေလးေတြေပၚေလျဖတ္တိုက္သြားသလို။ တိုးေဖ်ာ့လြန္းၿပီးညင္သာလွသည္။
သူမသိလိုက္ေလၿပီ။ ထိုအသံမွာေျခသံမဟုတ္။
ေခါင္းစည္းပုဝါရဲ့အဖ်ားမွာတပ္ထားတဲ့မာေက်ာတဲ့
အရာတစ္ခုႏွင့္ သစ္ရြက္ေတြကိုပြတ္တိုက္မိတဲ့အသံသာျဖစ္သည္။ေစာင္းသံသဲ့သဲ့ေလးႏွင့္ဆင္တဲ့အသံကေတာ့
ဘာအသံလည္းဆိုတာ သူမလည္းမေတြးတတ္ပါ။
ဒါေၾကာင့္ 'ပိုင္ရႈဖူ' ကိုသာ တင္းက်ပ္ေအာင္ဆုပ္ကိုင္ၿပီး ထိုအသံပိုင္ရွင္ကို
တိတ္တဆိတ္ေစာင့္ေနလိုက္ေတာ့သည္။
သူမနဲ႔အေတာ္ပင္နီးကပ္လာၿပီျဖစ္ေပမယ့္
ယခုခ်ိန္အထိေတာ့ သစ္ရြက္လႈပ္သံခပ္တိုးတိုးႏွင့္
ေစာင္းႀကိဳးယွက္သံသဲ့သဲ့ကိုသာၾကားရေသးသည္။
ေျခသံသည္စိုးစဉ္းမ်ွပင္ထြက္မလာခဲ့။
တသြင္သြင္စီးဆင္းေနတဲ့ျမစ္ေရစီးေၾကာင္းထဲေျမာပါေနတဲ့ပန္းပြင့္ေလးလိုပင္ ထိုသူရဲ့ေျခလွမ္းေတြက
ဆိတ္ၿငိမ္ေသာအသြင္ေဆာင္သည္။
လြတ္လပ္ေပါ့ပါးတဲ့အသြင္သ႑ာန္ရိွတဲ့
နတ္သားရဲတစ္ေကာင္မ်ားလား။
ဒါမွမဟုတ္ သူမကိုလာဖို႔ခ်ိန္းဆိုစာပို႔လိုက္သၫ့္ နတ္သားရဲမ်ားလား။
သူမတကယ္မေတြးတတ္ပါ။
ဒါေၾကာင့္ 'ပိုင္ရႈဖူ' ကိုညာလက္မွာဆုပ္ကိုင္ၿပီးတိုက္ခိုက္ရန္အသင့္ျပင္ထားလိုက္သည္။
တျဖည္းျဖည္းနွင့္အသံေလးေတြနီးကပ္လာသည္ႏွင့္အမ်ွ
သနပ္ခါးပန္းရနံ႔သင္းသင္းေလးကသူမရဲ့ႏွာသီးဖ်ားကိုတစ္စထက္တစ္စပိုတိုး၍က်ီစယ္လာခဲ့သည္။
သနပ္ခါးပန္းရနံ႔ေတြႏွင့္အတူကပ္ပါလာသည္က
ေလၫွင္းသြဲ႔သြဲ႔ေလးႏွင့္ အနီေရာင္အရိပ္တစ္ခု။
အနက္ေရာင္ဝတ္ရံုရွည္ကိုေခါင္းေပၚကေန လႊမ္းၿခံဳထားေပမယ့္ ဝတ္ရံုေအာက္မွ နီေစြးေစြးဝတ္စံုေလးႏွင့္ တစ္စြန္းတစ္စေပၚထြက္ေနတဲ့ မ်က္ႏွာေလးက အေတာ္ပင္လွပလြန္းလွသည္။
ျမင့္မားလွသၫ့္အရပ္ႏွင့္လိုက္ဖက္ညီသၫ့္
ခႏၶာကိုယ္အခ်ိဳးအစားက အႏွီလူကိုတင့္တယ္သၫ့္အသြင္ဖန္တီးေပးလ်က္ရိွသည္။
မထူလြန္း၊မပါးလြန္းပဲ ဖူးႂကြၾကျြဖစ္ကာနီျမန္းေနသၫ့္ႏႈတ္ခမ္းႏွင့္
အေရာင္တလက္လက္လဲ့ေနတဲ့နီညိုေရာင္မ်က္ဝန္းတစ္စံု။ ေႂကြေရာင္သမ္းေနသၫ့္အသားအရည္ႏွင့္
ဓားသြားပမာလွပလြန္းသၫ့္မ်က္ခံုးတစ္စံုက
ရွည္လ်ားလွတဲ့မ်က္ေတာင္ရွည္ေတြရဲ့အလွကို
ပံ့ပိုးကူညီေနသေယာင္။
ထိုသူ၏ေျဖာင့္တန္းေနသၫ့္ႏွာတံႏွင့္လံုးဝန္းေနသၫ့္
ႏွာသီးဖ်ားေလးက လွပလြန္းသည္မို႔
ရုတ္တရက္ၾကၫ့္လိုက္လ်င္ မိန္းမငယ္ေလးတစ္ေယာက္လို႔ပင္ထင္ရေစသည္။
ၾကၫ့္ေနရင္းမွာပင္ သူ႔ရဲ့ခ်ိပ္ပိတ္ထားသလိုတင္းတင္းေစ့ေနသၫ့္
ႏႈတ္ခမ္းေတြဆီမွ စကားသံတခ်ိဳ႕ကလိွမ့္ဆင္းလို႔လာခဲ့သည္။
"ပိုင္ဟယ္သခင္မ ဟုန္ဟြမ့္ ေနေကာင္းပါရဲ့လား"
[*ပိုင္ဟယ္>>ႏွင္းပန္း၊ဟုန္ဟြမ့္>>ဟုန္(အနီေရာင္)+ဟြမ့္(စိတ္ကူး)*]
မ်က္လႊာခ်ထားရင္းေမးလိုက္သၫ့္အသံက
စူးရွလြန္းေပမယ့္ ေအးၿငိမ့္ၿငိမ့္ႏွင့္သာသာယာယာရိွလွသည္။
သို႔ေပမယ့္ သူမအေနႏွင့္ျပန္ေျဖရမၫ့္တာဝန္ကရိွေနေသးသည္မဟုတ္လား။
"ေပးပို႔တဲ့ေမတၲာေၾကာင့္ သာသာယာယာရိွပါတယ္....
ဒါေပမယ့္....လူႀကီးမင္းကဘယ္သူလဲဆိုတာ
ကြၽန္မေမးခြင့္ရိွမလား"
ထိုသူက ခပ္ဖြဖြၿပံဳးကာ ေကာင္းကင္ေပၚျဖတ္ေျပးေနသၫ့္တိမ္စိုင္ေတြကို
ေမာ့ၾကၫ့္ရင္း တိုးေဖ်ာ့ေဖ်ာ့ဆိုသည္။
"လြန္ခဲ့တဲ့အႏွစ္ရွစ္ေသာင္းတုန္းက ကြၽန္ေတာ္တို႔
ရင္းရင္းႏွီးႏွီးေတြ ့ခဲ့ဖူးပါတယ္....ဟုန္ဟြမ့္"
သူမလို နတ္ဆိုးဘုရင္မတစ္ပါးကိုနာမည္တိုက္ရိုက္ႀကီး
ေခၚလိုက္တဲ့အႏွီလူေၾကာင့္
သူမရဲ့ေဒါသေတြကေဖာင္းခနဲ။
ေရေနြးေငြ ့ေတြေရာယွက္ေနသၫ့္ ေရပူစမ္းထဲေခ်ာ္ရည္ေလာင္းထၫ့္လိုက္သၫ့္ႏွယ္
ေဒါသအရိပ္ေတြက သူမမ်က္ႏွာေပၚမွာထင္ဟပ္လို႔လာခဲ့သည္။။။။။။
သို႔ေပမယ့္ သူမကို ထိုသူကမ်က္လံုးထဲပင္မထၫ့္သၫ့္ႏွယ္
ဆက္၍ေျပာျပန္သည္။
"ဟုန္ဟြမ့္ဆီက ကြၽန္ေတာ္အကူအညီတစ္ခုေတာင္းစရာရိွလို႔ေခၚလိုက္တာပါ...."
ဒီတစ္ႀကိမ္မွာေတာ့ သူမသည္းမခံႏိုင္ေတာ့ပဲ
ေဒါသတႀကီးေအာ္ဟစ္လိုက္မိေတာ့သည္။
နတ္သားရဲဆိုသၫ့္အတိုင္း ယဉ္ေက်းမႈနည္းပါးသၫ့္သူပါေလ!!!
"ရွင့္ပံုစံၾကၫ့္ရတာက ယဉ္ေက်းသိမ္ေမြ ့မယ့္
အသြင္ရိွေပမယ့္ တကယ္တမ္းက်ေတာ့
လ်ွာေပၚမွာတမာရည္ေလာင္းထားသလိုပါပဲလား....
နတ္ဆိုးဘုရင္မတစ္ပါးကို နာမည္တိုက္ရိုက္ေခၚရေလာက္ေအာင္
နတ္သားရဲရဲ့အရိွန္အဝါက ႀကီးရင့္မေနဘူး
မဟုတ္လား"
သူက တည္ၿငိမ္စြာႏွင့္ပင္သူမဘက္ကိုလွည့္ၾကၫ့္လိုက္ၿပီး လက္ကိုေဝ့ယမ္းလိုက္ကာ
သူ႔ကိုယ္ေပၚမွာလႊမ္းၿခံဳထားသၫ့္ အနက္ေရာင္ဝတ္ရံုရွည္ကိုေပ်ာက္ကြယ္သြားေအာင္ျပဳလုပ္လိုက္သည္။
လွစ္ခနဲေပ်ာက္ကြယ္သြားတဲ့ဝတ္ရံုရွည္ရဲ့ေအာက္မွ
ေပၚလာတဲ့နီေစြးေစြးဝတ္ရံုကိုျမင္လိုက္ရခ်ိန္မွာေတာ့
ဟုန္ဟြမ့္ရဲ့ ဝိုင္းစက္ေနတဲ့မ်က္လံုးေတြကပိုလို႔ပင္
လံုးဝိုင္းသြားရေတာ့သည္။
သူမအေရ႔ွမွာရပ္ေနတဲ့သူက အနီေရာင္ဝတ္ရံုရွည္ကို လွပေသသပ္စြာဝတ္ဆင္ထားၿပီး အနက္ေရာင္ဘြတ္ဖိနပ္ကိုစီးထားသည္။
အနီေရာင္ဝတ္ရံုရဲ့အနားစတစ္ေလ်ွာက္မွာ ေနမင္းကိုခစားေနတဲ့ဇာဏီငွက္ေလးေတြကိုေရႊမွင္ႏွင့္ေရးဆြဲကာ၊ ဝတ္ရံုေအာက္အဖ်ားစေတြမွာေတာ့
တိမ္စိုင္ေတြကိုလွပစြာေရးဆြဲထားသည္။
အနက္ေရာင္ဘြတ္ဖိနပ္ေပၚတြင္ သနပ္ခါးပန္းခက္ပံုေလးတစ္ခုစီကိုေရႊခ်ည္ကို
အသံုးျပဳ၍ ပန္းထိုးထားသည္။
လက္ေကာက္ဝတ္ႏွစ္ဖက္မွာေတာ့ ေရႊေရာင္အဆင္တန္ဆာ ႏွစ္ခုကထည္ဝါစြာရိွလို႔ေနသည္။ ထိုအဆင္တန္ဆာ
တစ္ခုခ်င္းစီတိုင္းတြင္ ေန၊ လ၊ ၾကယ္ စတဲ့ နကၡတ္တာရာေတြကို အႏုစိတ္ပံုေဖာ္ထားသည္။ဘယ္ဘက္ဝတ္ရံုလက္အေပၚမွ ေရႊေရာင္ပိုးခ်ည္မ်ွင္စေလးေတြသည္ ပခံုးအစြန္းမွစ၍ ေရႊေရာင္အဆင္တန္ဆာအထိ လွပစြာသြယ္တန္းေနကာ ေလႏွင့္အတူေျမာလြင့္ေနေလရဲ့။
မွင္လိုမည္းနက္ေနတဲ့ဆံႏြယ္ရွည္တစ္ခ်ိဳ႕ကို ေရႊေရာင္ႀကိဳးပါးေလးႏွင့္ ဖြဖြစည္းေနွာင္ထားၿပီး တစ္ခ်ိဳ႕ကို က်စ္ဆံၿမီးက်စ္၍ ေက်ာျပင္တစ္ေလ်ွာက္လွပစြာျဖန႔္က်က္ထားသည္။
အႏွီလူမွာ နားဆြဲႏွစ္ဖက္ကိုလည္း တပ္ဆင္ထားေသးသည္။ တစ္ဖက္ကေတာ့ ပခံုးအထိရွည္သၫ့္ ေရႊႀကိဳးေလးတစ္ခုသာျဖစ္ၿပီး က်န္တစ္ဖက္ကေတာ့
ကြၽဲခ်ိဳသ႑ာန္ေလးကိုင္းေလးတစ္ခုသာျဖစ္သည္။
ေယာက္်ားေလးေတြမွာ နားဆြဲနဲ႔လိုက္ဖက္သည္ကရွားပါးလွေသာ္လည္း သူႏွင့္ေတာ့လိုက္ဖက္လွပါသည္။
လက္ေခ်ာင္းသြယ္သြယ္ေလးတစ္ေခ်ာင္းစီတိုင္းမွာ
လက္စြပ္တစ္ကြင္းစီဝတ္ဆင္ထားၿပီး ထိုလက္စြပ္ေလးေတြမွ ေသးမ်ွင္လြန္းတဲ့ ေရႊႀကိဳးေလးေတြတြဲေလာင္းက်ေနေသးသည္။
ဟုန္ဟြမ့္မွာ ထိုအဆင္တန္တစ္ခုခ်င္းစီကိုၾကၫ့္ေနရင္း မ်က္ရည္ပင္လည္မိေခ်ၿပီ။ သူမဘာေၾကာင့္မ်ား
သူ႔ကိုေမ့ေနရပါလိမ့္။ သူမရဲ့မ်ိဳးရိုးနာမည္က
သူ႔ရဲ့နီေစြးေစြးဝတ္ရံုကိုအမွီျပဳျပီးျဖစ္တည္လာရသည္မဟုတ္ပါလား။
ရုတ္တရက္။။။။။။။
ဟုန္ဟြမ့္သည္ေျမျပင္ေပၚဒူးေထာက္ခ်လိုက္ၿပီး လက္ႏွစ္ဖက္ကို
ၾကက္ေျခခတ္ပံုသ႑ာန္ျပဳလုပ္ၿပီး ပခံုးတစ္ဖက္တစ္ခ်က္ေပၚတြင္တင္လိုက္ကာ
သူ႔ကိုဦးၫႊတ္ဂါဝရျပဳလိုက္သည္။
"ပိုင္ဟယ္သခင္မ ဟုန္ဟြမ့္.....
ေဟာ္လင္အရွင္သခင္ မီးဝိဉာဉ္ကိုဂါဝရျပဳပါတယ္....."
"ထပါ"
မီးဝိဉာဉ္က ေျပာၿပီးသည္ႏွင့္ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္သည္။
ထူးဆန္းစြာပင္ လက္ေဖ်ာက္သံဆံုးသည္ႏွင့္
ေက်ာက္စားပြဲတစ္လံုးႏွင့္ ထိုင္ခံုႏွစ္လံုးက
သူတို႔အေရ႔ွတြင္ေပၚလို႔လာသည္။
စားပြဲေပၚမွာေတာ့ သနပ္ခါးပန္းေျခာက္ေလးမ်ားႏွင့္
ေရေနြးအိုးတစ္အိုး၊ အၾကမ္းပန္းကန္လံုးႏွစ္လံုးက
ေနရာယူေနခဲ့၏။
ထိုင္ခံုမွာတည္ၿငိမ္စြာထိုင္ၿပီးသည္ႏွင့္
ေရေနြးအိုးထဲ သနပ္ခါးပန္းေျခာက္အခ်ိဳ႕ကို
ပစ္ထၫ့္ေနသၫ့္ မီးဝိဉာဉ္က အရင္ကအတိုင္း
ႏုပ်ိဳေခ်ာေမာေနခဲ့သည္။ ကမ႓ာဦးကတည္းက
ျဖစ္တည္ေနခဲ့သၫ့္ အႏွီမီးဝိဉာဉ္မွာ
ဘယ္လိုပင္ၾကၫ့္ပါေစ။ အႏွစ္ရွစ္ေသာင္းသာရိွသၫ့္(ဆယ္ေက်ာ္သက္)
နတ္သားတစ္ပါးသို႔ပင္ထင္ရ၏။
သို႔ေပမယ့္ သူက နတ္သားတစ္ပါးမဟုတ္။
နတ္ဘုရားဆိုလည္းမဟုတ္။ နတ္ဆိုးလည္းမျဖစ္ခဲ့သၫ့္
နတ္သားရဲတစ္ပိုင္းသာျဖစ္သည္။
ကိုယ္ေယာင္ကိုယ္ဝါလင္းလက္ေတာက္ပလြန္းသၫ့္အျပင္၊ စိတ္စြမ္းအင္၊ တိုက္ခိုက္ေရးစြမ္းရည္၊
ဉာဏ္ပညာစသၫ့္အရာရာမွာ သူ႔ကိုေက်ာ္လြန္ႏိုင္သၫ့္သူကို သံုးေလာကတစ္ခြင္မွာ
ႏွစ္ေပါင္းရွစ္ရာအသံုးျပဳျပီးရွာရင္ေတာင္
ေတြ ့လိမ့္မည္မဟုတ္။
ထို႔အျပင္ အစြမ္းထက္လွသၫ့္ရတနာႏွစ္ခုသာ အမ်ားဆံုးပိုင္ဆိုင္ႏိုင္သၫ့္ေလာကႀကီးထဲတြင္
ရတနာသံုးပါးပိုင္ဆိုင္ခြင့္ရိွခဲ့သၫ့္ပထမဆံုးေသာ
နတ္သားရဲတစ္ပါးလည္းျဖစ္သည္။
သူ႔ရဲ့ဆံႏြယ္ေတြေပၚမွာအလွဆင္ထားသၫ့္
ေရႊေရာင္ေခါင္းစည္းႀကိဳးမွာတကယ္ေတာ့
'ရွင္းရာ' အမည္ရိွသၫ့္ရတနာဓားတစ္လက္ျဖစ္သည္။
ဓားသြားသည္ႏွင္းခဲတမ်ွ ျဖဴေဖြးေနသၫ့္တိုင္ေအာင္
ေရႊေရာင္အလင္းတန္းကိုသာထုတ္လႊတ္ေပး၏။
လက္ကိုင္ရိုးသည္ ဇာမဏီတစ္ေကာင္ပံုစံရိွၿပီး
မ်က္လံုးေနရာတြင္နီရဲေနသၫ့္ေက်ာက္တစ္လံုးစီျမႇဳပ္ႏွံလို႔ထားသည္။
နားတစ္ဖက္တစ္ခ်က္စီမွာဆြဲထားသၫ့္နားဆြဲေတြမွာ
'ေက်ာက္ဟြာ'ဆိုသၫ့္ေလး၏
ေလးႏွင့္ေလးႀကိဳးသာျဖစ္သည္။
လက္ေခ်ာင္းသြယ္သြယ္ေလးေတြမွာဝတ္ဆင္ထားသၫ့္ ႀကိဳးမ်ွင္မ်ားပါသၫ့္လက္စြပ္မ်ားမွာ
အျခားမဟုတ္လွ။ 'လန္ယာ' အမည္ရိွသၫ့္ ေစာင္းကို
ပံု႑ာန္ေျပာင္းထားျခင္းသာျဖစ္သည္။
ဟုန္ဟြမ့္မွာ ထိုအခ်ိန္မွဘာေၾကာင့္ ေျခသံကိုမၾကားရဘဲ သစ္ရြက္ခတ္သံႏွင့္ေစာင္းသံသဲ့သဲ့ကိုသာ ၾကားခဲ့ရသည္ကို အေျဖရွာလိုက္ႏိုင္ေလၿပီ။
ဤသည္မွာအျခားအေၾကာင္းေတာ့မဟုတ္။
ေရႊသားႏွင့္လုပ္ထားသၫ့္ေခါင္းစည္းႀကိဳးေပၚမွ
ဇာမဏီငွက္သည္သစ္ရြက္ေလးေတြအေပၚမွ
ျဖတ္သန္းလာခဲ့ၿပီး လက္စြပ္မွတြဲေလာင္းက်ေနသၫ့္
ေစာင္းႀကိဳးသံကိုအေဖာ္ျပဳေပးေနခဲ့ျခင္းသာျဖစ္၏။
ေျခသံကေတာ့မၾကားရသည္မွာမထူးျခားလွ။
ၾကားရမွသာထူးဆန္းစရာျဖစ္တည္လို႔ေနလိမ့္မည္။
အဘယ္ေၾကာင့္ဆိုေသာ္ မီးဝိဉာဉ္ဆိုသည္မွာ
နာမည္ႏွင့္လိုက္ဖက္သၫ့္အရာတစ္ခုျဖစ္ေနျခင္းေၾကာင့္သာ။ ဘယ္လိုပင္ၾကၫ့္ပါေစ ။
ခႏၶာကိုယ္တစ္ခုပိုင္ဆိုင္ထားသည္ဟုထင္ေနရေပမယ့္ တကယ္တမ္းမွာေတာ့သူကဝိဉာဉ္သက္သက္သာရိွလို႔ေန၏။ အျခားေသာဝိဉာဉ္မ်ားမွာ ၎တို့၏ပိုင္နက္နယ္ေျမမွမည္သၫ့္အရာကိုမဆို
ထိေတြ ့ကိုင္တြယ္ႏိုင္သည္ဆိုေပမယ့္ မီးဝိဉာဉ္မွာေတာ့ ထိုသို႔မဟုတ္။
သူ႔ကိုယ္ပိုင္အစြမ္းႏွင့္ဖန္တီးျပဳလုပ္ထားသၫ့္အရာကိုသာ ကိုယ္တြယ္ႏိုင္ၿပီးအျခားအရာမ်ားကို
ထိပင္မထိႏိုင္သၫ့္သူမ်ိဳးပါေလ။
သို႔ေပမယ့္ ထိုအခ်က္မွာသူ၏အားနည္းခ်က္တစ္ခုမဟုတ္ပဲ။
အားသာခ်က္တစ္ခုအျဖစ္သာ သံုးေလာကတစ္ခြင္မွာ သတင္းပ်ံ့လ်က္ရိွသည္။
ထိုသတင္းမွာ
"မီးဝိဉာဉ္ကိုဘယ္လက္နက္နဲ႔မွခုတ္လို႔မရတဲ့အျပင္
ဘယ္လိုအစြမ္းမ်ိဳးနဲ႔မွနာက်င္ေအာင္
တိုက္ခိုက္လို႔မရဘူး"
ဆိုသၫ့္သတင္းသာျဖစ္သည္။ တကယ္လည္းမွန္၏။
သူ႔ကိုဘယ္လိုအရာႏွင့္မွ ထိခိုက္ေအာင္မလုပ္ႏိုင္ခဲ့သည္မွာ
ကမ႓ာဦးအစကတည္းကျဖစ္သည္။
အေတြးေတြႏွင့္နစ္မြန္းေနသၫ့္ ဟုန္ဟြမ့္ကို
မီးဝိဉာဉ္က ေရေနြးတစ္ခြက္ငွဲ႔ေပးရင္းႏွင့္
စကားစသည္။ ပင္လယ္ျပင္ေပၚျဖတ္ေျပးသြားသၫ့္
ေဆာင္းေလၫွင္းလိုေအးျမေနေပမယ့္ သူ႔အသံက
အာဏာစက္ေတြလႊမ္းလို႔ေနသည္။
"နတ္ဆိုးနယ္ေျမကိုျပန္စုစည္းရမယ္...."
"ဒါေပမယ့္....မီးဝိဉာဉ္
ဘယ္လိုနတ္ဆိုးဘုရင္ငယ္ကမွ နတ္ဆိုးနယ္ေျမေဟာင္းဆီျပန္လာမယ္လို႔
ကြၽန္မမထင္ဘူး"
"ေအာ္.....အဲ့လိုလား....
ဒါဆိုဘာေၾကာင့္မ်ား ပိုင္ဟယ္ဆြဲျပားကိုဝတ္ဆင္ထားရတာလဲ.....
ဘာေၾကာင့္မ်ား ဟုန္ဆိုတဲ့စကားလံုးကိုမင္းရဲ့နာမည္အေရ႔ွမွာ
ထားေနရေသးတာလဲ"
ဟုန္ဟြမ့္မွာ သူမရဲ့ခါးစည္းႀကိဳးႏွင့္ပူးတြဲခ်ည္ေနွာင္လို႔ထားသၫ့္
အျဖဴေရာင္လျခမ္းေကြးပံုဆြဲျပားေအာက္အဖ်ားကႏွင္းပန္းပြင့္ေလးကိုငံု႔ၾကၫ့္လိုက္မိသည္။
တစ္ခ်ိန္တုန္းကေတာ့
"နတ္ဆိုးဘုရင္မငယ္ ေျမေခြးဘုရင္မရဲ့အမည္ကို
ဟုန္ဟြမ့္လို႔ေျပာင္းလဲလိုက္တယ္.....
အျဖဴေရာင္လျခမ္းေကြးနဲ႔ႏွင္းပန္းပံုဆြဲျပားကိုကိုင္ေဆာင္ၿပီး ေျမေအာက္ကာကြယ္ေရးကိုတာဝန္ယူပါ"
ဆိုသၫ့္ အမိန႔္စာကိုလက္ခံရရိွခဲ့တာေၾကာင့္
မ်က္ရည္က်ေလာက္ေအာင္ေပ်ာ္ရႊင္ခဲ့ရဖူးပါရဲ့ ။
သို႔ေပမယ့္ နတ္ဆိုးဘုရင္ႀကီးကိုယ္တိုင္ သူမတို႔နတ္ဆိုးဘုရင္ငယ္ကိုးပါးလံုးကိုႏွင္ထုတ္လိုက္သည္မဟုတ္လား။
သစၥာရိွခဲ့သၫ့္အခ်ိန္ေတြ၊ နတ္ဆိုးၿမိဳ႔ကိုကာကြယ္ရင္းေပးဆပ္ခဲ့ရသၫ့္
ေသြးစက္ေတြႏွင့္ေသသည္အထိအသားမွာစြဲထင္က်န္ေနခဲ့သၫ့္ဒဏ္ရာေတြရဲ့နာက်င္မႈေၾကာင့္က်ခဲ့ရသၫ့္မ်က္ရည္ေတြကိုမွမေထာက္ သူမတို႔ကိုႏွင္ထုတ္လိုက္သၫ့္ အရွင္သခင္ကိုဘယ္အတြက္ေၾကာင့္
ေနာက္တစ္ႀကိမ္ထပ္မံကာကြယ္ဖို႔ေရြးခ်ယ္ရမည္နည္း။ ေရြးခ်ယ္ရမၫ့္အေၾကာင္းျပခ်က္ကေကာ
ဘယ္သူလာ၍ေထာက္ျပမွာတဲ့လဲ။
"ဟုန္ဟြမ့္.....
မင္းကိုင္အတင္းအက်ပ္မေစခိုင္းဘူး....
ဒီေန့မင္းကိုေခၚလိုက္တဲ့အေၾကာင္းအရင္းက
မင္းတစ္ေယာက္တည္းကသာ
ငါ့ကိုကူညီႏိုင္လို႔ပဲ......
ငါနတ္ဆိုးနယ္ေျမအားလံုးျပန္စုစည္းၿပီး
ေရွးေဟာင္းနတ္ဆိုးၿမိဳ႔ကိုျပဳျပင္မယ္.....
ငါအခုမင္းနဲ႔ၫွိႏိႈင္းတာက
မင္းကိုမတိုက္ခိုက္ခ်င္လို႔ပဲ.....
တကယ္လို႔မ်ား မင္းသာျငင္းဆန္မယ္ဆိုရင္"
သူကဆက္မေျပာပဲေခတၲရပ္နားလိုက္ကာ
သူ ့အေရ႔ွမွာရိွေနတဲ့ ေရေနြးၾကမ္းခြက္ကိုလက္နဲ႔ဖြဖြေလးတစ္ခ်က္ေတာက္လိုက္သည္။ ကံမေကာင္းစြာႏွင့္ပင္
ထိုခြက္ကေလးသည္မီးထေလာင္သြားၿပီး
အေငြ ့အျဖစ္သို႔ေျပာင္းလဲလို႔သြားခဲ့၏။
ေရေနြးခြက္ေလးကိုၾကၫ့္ၿပီး ထိတ္လန႔္ေနတဲ့
ဟုန္ဟြမ့္ကို ေက်နပ္စြာၾကၫ့္ရင္း သူကေအးခဲေနတဲ့အသံနွင့္ဆိုသည္။
"မင္းကိုငါတိုက္ခိုက္ရလိမ့္မယ္"
"ဟင္!!!!"
ဟုန္ဟြမ့္မွာတကယ္ကိုပင္ထိတ္လန႔္သြားရ၏။
သူမကိုေကာင္းကင္ဘံုဆီသြားၿပီးျပႆနာရွာခိုင္းမည္ဆိုရင္ေတာင္ မ်က္ေတာင္တစ္ခ်က္မခတ္ပဲ
ရန္စရဲေသးသည္။ မီးဝိဉာဉ္ႏွင့္ေတာ့
မတိုက္ခိုက္ဝံ့ပါ။ စြမ္းအားခ်င္းမမ်ွတာကထားေတာ့။
သူမေလးစားရသၫ့္သူကိုမည္သို႔တိုက္ခိုက္ရမည္နည္း။ ဒါက မိုးေပၚကက်လာတဲ့သနပ္ခါးပန္းကို
ေျမေအာက္ကမ႓ာကေနလွမ္း၍ဖမ္းရသည္ထက္
ပိုခက္လွသည္။
သို႔ေၾကာင့္ ၾကာၾကာေတြးမေနေတာ့ပဲ
ေခါင္းသာၿငိမ့္ျပလိုက္ေတာ့သည္။
"ကြၽန္မ ကူညီပါ့မယ္....အရွင္"
'အရွင္' ဟု သံုးႏႈန္းခံလိုက္ရသၫ့္အတြက္သူရယ္မိသည္။
ဒီေနရာကို သူ႔အတြက္အသံုးျပဳခ်င္ေနသည္လို႔မ်ား
ဟုန္ဟြမ့္ကထင္ေနေလ်ာ့သလား။ သူမသိ။
အမွန္အတိုင္းဆိုရရင္ေတာ့ ဒီနယ္ေျမကိုသူစုစည္းဖို႔လုပ္ေနသည္က သူကိုယ္တိုင္အသံုးျပဳဖို႔မဟုတ္ပဲ ၊ တျခားတစ္ေယာက္အတြက္ ေပးဆပ္ခ်င္တဲ့စိတ္တစ္ခုတည္းေၾကာင့္သာ။
သူ႔ကိုအႀကိမ္ႀကိမ္ငိုေႂကြးေစခဲ့တဲ့ထိုသူ ့အတြက္
ၿမိဳ႔တစ္ၿမိဳ႔ဖန္တီးေပးခ်င္မိတာ သူတံုးအလြန္းလို႔မ်ားလား။
ႏွစ္ေပါင္းရွစ္ေသာင္းတိုင္ေအာင္ နတ္သားရဲနယ္ေျမထဲမွာ သူ႔ကိုယ္သူပိတ္ေလွာင္ထားရေလာက္ေအာင္
နာက်င္ခဲ့ရေပမယ့္ ထိုသူ႔အတြက္ဆိုရင္
အရိုးေတြဆြဲထုတ္ၿပီးဆံထိုးလုပ္ေပးခ်င္ေနေသးသည္။
ကိုယ့္ကိုဘယ္ေတာ့မျွပန္ခ်စ္လာမွာမဟုတ္တဲ့သူကို
အေဝးကေနေငးၾကၫ့္ရင္းနဲ႔ပဲ အသံတိတ္မ်က္ရည္က်ေနမိတဲ့သူက တကယ့္ကိုအရူးတစ္ေယာက္လိုပါပဲ။
ဒါေပမယ့္ ကႏၲာရထဲမွာေရဆာၿပီးေသအံ့မူးမူးျဖစ္ေနတဲ့လူတစ္ေယာက္က
အဆိပ္ရည္ကိုေတာင္မက္ေမာတြယ္တာစြာေသာက္တတ္သည္မဟုတ္လား။သူကဘာေျကာင့္
အဲ့ဒီသူကိုဆက္ခ်စ္ဖို႔တြန႔္ဆုတ္ေနရမွာတဲ့လဲ။
အဆိပ္သုတ္ထားတဲ့ဓားသြားတစ္ခုကိုသူ႔ဆီကမ္းေပးလာရင္ေတာင္ ေက်ေက်နပ္နပ္ႀကီးဆုပ္ကိုင္ခ်င္ရေလာက္ေအာင္ျပဳစားႏိုင္တဲ့အဲ့ဒီတစ္ေယာက္ရဲ့နာမည္က
"က်င္း"
တဲ့။
သူ႔အသက္ကိုအႀကိမ္ႀကိမ္ရန္ရွာခဲ့ဖူးတဲ့
ခ်စ္ရသူေပါ့။။။။။။။။
ဒါေပမယ့္.....ကြၽန္ေတာ္ သူ႔ကိုသိပ္ခ်စ္ခဲ့တာ!!!
Unicode:
တစ်ခုသောညသန်းခေါင်ယံဝယ်။။။။။
အရာရာဟာတိတ်ဆိတ်ငြိမ်သက်ကာ
အသက်မဲ့နေခဲ့သည်။ ညအမှောင်ကိုထိုးခွင်းပြီး ဆွဲဆွဲငင်ငင်အူတတ်တဲ့ဝံပုလွေတွေကလည်း
ယနေ့ညမှတိတ်ဆိတ်ခြင်းမန္တာန်ရဲ့ဖိနှိပ်မှုကိုခံထားရသလို။
လေတိုးသံ၊ စကားပြောသံ၊ လှုပ်ရှားသွားလာသံ၊
သီချင်းညည်းသံတွေပျောက်ကွယ်နေတဲ့ညအမှောင်ဟာ သာမန်ထက်ထူးကဲနေပြီး
ထိတ်လန့်ဖွယ်အတွေးတြွေဖတ်ပြေးဖို့ ကူညီနေလေရဲ့။ နွေးထွေးမှု၊ အေးစက်မှုဟူသည် ဒီနေရာမှာရှိပါရဲ့လားဟုမေးမြန်းရလောက်အောင်
မွန်းကြပ်ပိတ်လှောင်နေသည့် ခံစားချက်တွေကကြီးစိုးလို့နေသည်။
ထိုသို့သောရာသီဥတုရဲ့ခြောက်လှန့်မှုက အမှောင်ထုနှင့်အသားကျနေတဲ့ မြေခွေးနတ်ဆိုးဘုရင်မကိုပင် အခုလိုတိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ညမှာ
တစ်ယောက်တည်းဘယ်လိုဖြတ်သန်းရမလဲဆိုတာ
စဉ်းစား၍မရနိုင်အောင်အခက်တွေ့နေစေခဲ့သည်။
ကိုယ့်ပိုင်နက်ထဲမှာရှိနေခဲ့ရင်တော့
ဤသို့စိတ်မတည်ငြိမ်ဖြစ်နေရလိမ့်မည်မဟုတ်။
ယခုတော့ သူမရောက်နေသည်က
သူစိမ်းနယ်မြေ။ မည်သူတစ်ဦးတစ်ယောက်မှခြေမချဖူးခဲ့သည့်
ထိတ်လန့်ခြောက်ခြားဖွယ်အန္တရာယ်များကြီးစိုးနေသည့်ရှေးဟောင်းဒဏ္ဍာရီလာနတ်သားရဲတွေနေထိုင်ကျက်စရာနယ်မြေတစ်ခု။
ဘယ်အချိန်မှာ၊ ဘယ်လိုသားရဲတွေထွက်ပေါ်လာပြီး
တိုက်ခိုက်မလဲဆိုတာလည်းမသိရသည့်အပြင်၊
သူမနှင့်အချိန်းအချက်လုပ်ထားသည့် သားရဲတစ်ကောင်၏အန္တရာယ်ကိုလည်း မျက်စိလျင်လျင်ဖြင့်
စောင့်ကြည့်နေရသေးသည်။ သူမရဲ့လက်ထဲမှာရှိနေတဲ့
'ပိုင်ရှုဖူ 'ဆိုသည့် ကြာပွတ်ကလည်းထိုသားရဲကိုယှဉ်နိုင်လိမ့်မည်မဟုတ်။ နတ်သားရဲတွေကအရမ်းကိုစွမ်းအားကြီးလွန်းသည်လေ။
[*ပိုင်ရှုဖူ>>အဖြူရောင်နှောင်ကြိုး*]
နားရွက်နှစ်ဖက်ကိုအသေအချာစွင့်ပြီးနားထောင်လိုက်တော့ ခြေသံခပ်တိုးတိုးတစ်ခုက သူမဆီလာနေသယောင်။ သို့ပေမယ့် ထူးဆန်းလှသည်။ ထိုခြေသံက လေထဲကလာနေတဲ့အသံနှင့်တူနေသည်။
သစ်ရွက်လေးတွေပေါ်ဖြတ်တိုက်သွားသလို၊ ပန်းပွင့်လေးတွေပေါ်နူးနူးညံ့ညံ့လေးကျရောက်လာသလို၊ စောင်းကြိုးလေးတွေပေါ်လေဖြတ်တိုက်သွားသလို။ တိုးဖျော့လွန်းပြီးညင်သာလှသည်။
သူမသိလိုက်လေပြီ။ ထိုအသံမှာခြေသံမဟုတ်။
ခေါင်းစည်းပုဝါရဲ့အဖျားမှာတပ်ထားတဲ့မာကျောတဲ့
အရာတစ်ခုနှင့် သစ်ရွက်တွေကိုပွတ်တိုက်မိတဲ့အသံသာဖြစ်သည်။စောင်းသံသဲ့သဲ့လေးနှင့်ဆင်တဲ့အသံကတော့
ဘာအသံလည်းဆိုတာ သူမလည်းမတွေးတတ်ပါ။
ဒါကြောင့် 'ပိုင်ရှုဖူ' ကိုသာ တင်းကျပ်အောင်ဆုပ်ကိုင်ပြီး ထိုအသံပိုင်ရှင်ကို
တိတ်တဆိတ်စောင့်နေလိုက်တော့သည်။
သူမနဲ့အတော်ပင်နီးကပ်လာပြီဖြစ်ပေမယ့်
ယခုချိန်အထိတော့ သစ်ရွက်လှုပ်သံခပ်တိုးတိုးနှင့်
စောင်းကြိုးယှက်သံသဲ့သဲ့ကိုသာကြားရသေးသည်။
ခြေသံသည်စိုးစဉ်းမျှပင်ထွက်မလာခဲ့။
တသွင်သွင်စီးဆင်းနေတဲ့မြစ်ရေစီးကြောင်းထဲမြောပါနေတဲ့ပန်းပွင့်လေးလိုပင် ထိုသူရဲ့ခြေလှမ်းတွေက
ဆိတ်ငြိမ်သောအသွင်ဆောင်သည်။
လွတ်လပ်ပေါ့ပါးတဲ့အသွင်သဏ္ဍာန်ရှိတဲ့
နတ်သားရဲတစ်ကောင်များလား။
ဒါမှမဟုတ် သူမကိုလာဖို့ချိန်းဆိုစာပို့လိုက်သည့် နတ်သားရဲများလား။
သူမတကယ်မတွေးတတ်ပါ။
ဒါကြောင့် 'ပိုင်ရှုဖူ' ကိုညာလက်မှာဆုပ်ကိုင်ပြီးတိုက်ခိုက်ရန်အသင့်ပြင်ထားလိုက်သည်။
တဖြည်းဖြည်းနှင့်အသံလေးတွေနီးကပ်လာသည်နှင့်အမျှ
သနပ်ခါးပန်းရနံ့သင်းသင်းလေးကသူမရဲ့နှာသီးဖျားကိုတစ်စထက်တစ်စပိုတိုး၍ကျီစယ်လာခဲ့သည်။
သနပ်ခါးပန်းရနံ့တွေနှင့်အတူကပ်ပါလာသည်က
လေညှင်းသွဲ့သွဲ့လေးနှင့် အနီရောင်အရိပ်တစ်ခု။
အနက်ရောင်ဝတ်ရုံရှည်ကိုခေါင်းပေါ်ကနေ လွှမ်းခြုံထားပေမယ့် ဝတ်ရုံအောက်မှ နီစွေးစွေးဝတ်စုံလေးနှင့် တစ်စွန်းတစ်စပေါ်ထွက်နေတဲ့ မျက်နှာလေးက အတော်ပင်လှပလွန်းလှသည်။
မြင့်မားလှသည့်အရပ်နှင့်လိုက်ဖက်ညီသည့်
ခန္ဓာကိုယ်အချိုးအစားက အနှီလူကိုတင့်တယ်သည့်အသွင်ဖန်တီးပေးလျက်ရှိသည်။
မထူလွန်း၊မပါးလွန်းပဲ ဖူးကြွကြြွဖစ်ကာနီမြန်းနေသည့်နှုတ်ခမ်းနှင့်
အရောင်တလက်လက်လဲ့နေတဲ့နီညိုရောင်မျက်ဝန်းတစ်စုံ။ ကြွေရောင်သမ်းနေသည့်အသားအရည်နှင့်
ဓားသွားပမာလှပလွန်းသည့်မျက်ခုံးတစ်စုံက
ရှည်လျားလှတဲ့မျက်တောင်ရှည်တွေရဲ့အလှကို
ပံ့ပိုးကူညီနေသယောင်။
ထိုသူ၏ဖြောင့်တန်းနေသည့်နှာတံနှင့်လုံးဝန်းနေသည့်
နှာသီးဖျားလေးက လှပလွန်းသည်မို့
ရုတ်တရက်ကြည့်လိုက်လျင် မိန်းမငယ်လေးတစ်ယောက်လို့ပင်ထင်ရစေသည်။
ကြည့်နေရင်းမှာပင် သူ့ရဲ့ချိပ်ပိတ်ထားသလိုတင်းတင်းစေ့နေသည့်
နှုတ်ခမ်းတွေဆီမှ စကားသံတချို့ကလှိမ့်ဆင်းလို့လာခဲ့သည်။
"ပိုင်ဟယ်သခင်မ ဟုန်ဟွမ့် နေကောင်းပါရဲ့လား"
[*ပိုင်ဟယ်>>နှင်းပန်း၊ဟုန်ဟွမ့်>>ဟုန်(အနီရောင်)+ဟွမ့်(စိတ်ကူး)*]
မျက်လွှာချထားရင်းမေးလိုက်သည့်အသံက
စူးရှလွန်းပေမယ့် အေးငြိမ့်ငြိမ့်နှင့်သာသာယာယာရှိလှသည်။
သို့ပေမယ့် သူမအနေနှင့်ပြန်ဖြေရမည့်တာဝန်ကရှိနေသေးသည်မဟုတ်လား။
"ပေးပို့တဲ့မေတ္တာကြောင့် သာသာယာယာရှိပါတယ်....
ဒါပေမယ့်....လူကြီးမင်းကဘယ်သူလဲဆိုတာ
ကျွန်မမေးခွင့်ရှိမလား"
ထိုသူက ခပ်ဖွဖွပြုံးကာ ကောင်းကင်ပေါ်ဖြတ်ပြေးနေသည့်တိမ်စိုင်တွေကို
မော့ကြည့်ရင်း တိုးဖျော့ဖျော့ဆိုသည်။
"လွန်ခဲ့တဲ့အနှစ်ရှစ်သောင်းတုန်းက ကျွန်တော်တို့
ရင်းရင်းနှီးနှီးတွေ့ခဲ့ဖူးပါတယ်....ဟုန်ဟွမ့်"
သူမလို နတ်ဆိုးဘုရင်မတစ်ပါးကိုနာမည်တိုက်ရိုက်ကြီး
ခေါ်လိုက်တဲ့အနှီလူကြောင့်
သူမရဲ့ဒေါသတွေကဖောင်းခနဲ။
ရေနွေးငွေ့တွေရောယှက်နေသည့် ရေပူစမ်းထဲချော်ရည်လောင်းထည့်လိုက်သည့်နှယ်
ဒေါသအရိပ်တွေက သူမမျက်နှာပေါ်မှာထင်ဟပ်လို့လာခဲ့သည်။။။။။။
သို့ပေမယ့် သူမကို ထိုသူကမျက်လုံးထဲပင်မထည့်သည့်နှယ်
ဆက်၍ပြောပြန်သည်။
"ဟုန်ဟွမ့်ဆီက ကျွန်တော်အကူအညီတစ်ခုတောင်းစရာရှိလို့ခေါ်လိုက်တာပါ...."
ဒီတစ်ကြိမ်မှာတော့ သူမသည်းမခံနိုင်တော့ပဲ
ဒေါသတကြီးအော်ဟစ်လိုက်မိတော့သည်။
နတ်သားရဲဆိုသည့်အတိုင်း ယဉ်ကျေးမှုနည်းပါးသည့်သူပါလေ!!!
"ရှင့်ပုံစံကြည့်ရတာက ယဉ်ကျေးသိမ်မွေ့မယ့်
အသွင်ရှိပေမယ့် တကယ်တမ်းကျတော့
လျှာပေါ်မှာတမာရည်လောင်းထားသလိုပါပဲလား....
နတ်ဆိုးဘုရင်မတစ်ပါးကို နာမည်တိုက်ရိုက်ခေါ်ရလောက်အောင်
နတ်သားရဲရဲ့အရှိန်အဝါက ကြီးရင့်မနေဘူး
မဟုတ်လား"
သူက တည်ငြိမ်စွာနှင့်ပင်သူမဘက်ကိုလှည့်ကြည့်လိုက်ပြီး လက်ကိုဝေ့ယမ်းလိုက်ကာ
သူ့ကိုယ်ပေါ်မှာလွှမ်းခြုံထားသည့် အနက်ရောင်ဝတ်ရုံရှည်ကိုပျောက်ကွယ်သွားအောင်ပြုလုပ်လိုက်သည်။
လှစ်ခနဲပျောက်ကွယ်သွားတဲ့ဝတ်ရုံရှည်ရဲ့အောက်မှ
ပေါ်လာတဲ့နီစွေးစွေးဝတ်ရုံကိုမြင်လိုက်ရချိန်မှာတော့
ဟုန်ဟွမ့်ရဲ့ ဝိုင်းစက်နေတဲ့မျက်လုံးတွေကပိုလို့ပင်
လုံးဝိုင်းသွားရတော့သည်။
သူမအရှေ့မှာရပ်နေတဲ့သူက အနီရောင်ဝတ်ရုံရှည်ကို လှပသေသပ်စွာဝတ်ဆင်ထားပြီး အနက်ရောင်ဘွတ်ဖိနပ်ကိုစီးထားသည်။
အနီရောင်ဝတ်ရုံရဲ့အနားစတစ်လျှောက်မှာ နေမင်းကိုခစားနေတဲ့ဇာဏီငှက်လေးတွေကိုရွှေမှင်နှင့်ရေးဆွဲကာ၊ ဝတ်ရုံအောက်အဖျားစတွေမှာတော့
တိမ်စိုင်တွေကိုလှပစွာရေးဆွဲထားသည်။
အနက်ရောင်ဘွတ်ဖိနပ်ပေါ်တွင် သနပ်ခါးပန်းခက်ပုံလေးတစ်ခုစီကိုရွှေချည်ကို
အသုံးပြု၍ ပန်းထိုးထားသည်။
လက်ကောက်ဝတ်နှစ်ဖက်မှာတော့ ရွှေရောင်အဆင်တန်ဆာ နှစ်ခုကထည်ဝါစွာရှိလို့နေသည်။ ထိုအဆင်တန်ဆာ
တစ်ခုချင်းစီတိုင်းတွင် နေ၊ လ၊ ကြယ် စတဲ့ နက္ခတ်တာရာတွေကို အနုစိတ်ပုံဖော်ထားသည်။ဘယ်ဘက်ဝတ်ရုံလက်အပေါ်မှ ရွှေရောင်ပိုးချည်မျှင်စလေးတွေသည် ပခုံးအစွန်းမှစ၍ ရွှေရောင်အဆင်တန်ဆာအထိ လှပစွာသွယ်တန်းနေကာ လေနှင့်အတူမြောလွင့်နေလေရဲ့။
မှင်လိုမည်းနက်နေတဲ့ဆံနွယ်ရှည်တစ်ချို့ကို ရွှေရောင်ကြိုးပါးလေးနှင့် ဖွဖွစည်းနှောင်ထားပြီး တစ်ချို့ကို ကျစ်ဆံမြီးကျစ်၍ ကျောပြင်တစ်လျှောက်လှပစွာဖြန့်ကျက်ထားသည်။
အနှီလူမှာ နားဆွဲနှစ်ဖက်ကိုလည်း တပ်ဆင်ထားသေးသည်။ တစ်ဖက်ကတော့ ပခုံးအထိရှည်သည့် ရွှေကြိုးလေးတစ်ခုသာဖြစ်ပြီး ကျန်တစ်ဖက်ကတော့
ကျွဲချိုသဏ္ဍာန်လေးကိုင်းလေးတစ်ခုသာဖြစ်သည်။
ယောက်ျားလေးတွေမှာ နားဆွဲနဲ့လိုက်ဖက်သည်ကရှားပါးလှသော်လည်း သူနှင့်တော့လိုက်ဖက်လှပါသည်။
လက်ချောင်းသွယ်သွယ်လေးတစ်ချောင်းစီတိုင်းမှာ
လက်စွပ်တစ်ကွင်းစီဝတ်ဆင်ထားပြီး ထိုလက်စွပ်လေးတွေမှ သေးမျှင်လွန်းတဲ့ ရွှေကြိုးလေးတွေတွဲလောင်းကျနေသေးသည်။
ဟုန်ဟွမ့်မှာ ထိုအဆင်တန်တစ်ခုချင်းစီကိုကြည့်နေရင်း မျက်ရည်ပင်လည်မိချေပြီ။ သူမဘာကြောင့်များ
သူ့ကိုမေ့နေရပါလိမ့်။ သူမရဲ့မျိုးရိုးနာမည်က
သူ့ရဲ့နီစွေးစွေးဝတ်ရုံကိုအမှီပြုပြီးဖြစ်တည်လာရသည်မဟုတ်ပါလား။
ရုတ်တရက်။။။။။။။
ဟုန်ဟွမ့်သည်မြေပြင်ပေါ်ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို
ကြက်ခြေခတ်ပုံသဏ္ဍာန်ပြုလုပ်ပြီး ပခုံးတစ်ဖက်တစ်ချက်ပေါ်တွင်တင်လိုက်ကာ
သူ့ကိုဦးညွှတ်ဂါဝရပြုလိုက်သည်။
"ပိုင်ဟယ်သခင်မ ဟုန်ဟွမ့်.....
ဟော်လင်အရှင်သခင် မီးဝိဉာဉ်ကိုဂါဝရပြုပါတယ်....."
"ထပါ"
မီးဝိဉာဉ်က ပြောပြီးသည်နှင့် လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ထူးဆန်းစွာပင် လက်ဖျောက်သံဆုံးသည်နှင့်
ကျောက်စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးက
သူတို့အရှေ့တွင်ပေါ်လို့လာသည်။
စားပွဲပေါ်မှာတော့ သနပ်ခါးပန်းခြောက်လေးများနှင့်
ရေနွေးအိုးတစ်အိုး၊ အကြမ်းပန်းကန်လုံးနှစ်လုံးက
နေရာယူနေခဲ့၏။
ထိုင်ခုံမှာတည်ငြိမ်စွာထိုင်ပြီးသည်နှင့်
ရေနွေးအိုးထဲ သနပ်ခါးပန်းခြောက်အချို့ကို
ပစ်ထည့်နေသည့် မီးဝိဉာဉ်က အရင်ကအတိုင်း
နုပျိုချောမောနေခဲ့သည်။ ကမ္ဘာဦးကတည်းက
ဖြစ်တည်နေခဲ့သည့် အနှီမီးဝိဉာဉ်မှာ
ဘယ်လိုပင်ကြည့်ပါစေ။ အနှစ်ရှစ်သောင်းသာရှိသည့်(ဆယ်ကျော်သက်)
နတ်သားတစ်ပါးသို့ပင်ထင်ရ၏။
သို့ပေမယ့် သူက နတ်သားတစ်ပါးမဟုတ်။
နတ်ဘုရားဆိုလည်းမဟုတ်။ နတ်ဆိုးလည်းမဖြစ်ခဲ့သည့်
နတ်သားရဲတစ်ပိုင်းသာဖြစ်သည်။
ကိုယ်ယောင်ကိုယ်ဝါလင်းလက်တောက်ပလွန်းသည့်အပြင်၊ စိတ်စွမ်းအင်၊ တိုက်ခိုက်ရေးစွမ်းရည်၊
ဉာဏ်ပညာစသည့်အရာရာမှာ သူ့ကိုကျော်လွန်နိုင်သည့်သူကို သုံးလောကတစ်ခွင်မှာ
နှစ်ပေါင်းရှစ်ရာအသုံးပြုပြီးရှာရင်တောင်
တွေ့လိမ့်မည်မဟုတ်။
ထို့အပြင် အစွမ်းထက်လှသည့်ရတနာနှစ်ခုသာ အများဆုံးပိုင်ဆိုင်နိုင်သည့်လောကကြီးထဲတွင်
ရတနာသုံးပါးပိုင်ဆိုင်ခွင့်ရှိခဲ့သည့်ပထမဆုံးသော
နတ်သားရဲတစ်ပါးလည်းဖြစ်သည်။
သူ့ရဲ့ဆံနွယ်တွေပေါ်မှာအလှဆင်ထားသည့်
ရွှေရောင်ခေါင်းစည်းကြိုးမှာတကယ်တော့
'ရှင်းရာ' အမည်ရှိသည့်ရတနာဓားတစ်လက်ဖြစ်သည်။
ဓားသွားသည်နှင်းခဲတမျှ ဖြူဖွေးနေသည့်တိုင်အောင်
ရွှေရောင်အလင်းတန်းကိုသာထုတ်လွှတ်ပေး၏။
လက်ကိုင်ရိုးသည် ဇာမဏီတစ်ကောင်ပုံစံရှိပြီး
မျက်လုံးနေရာတွင်နီရဲနေသည့်ကျောက်တစ်လုံးစီမြှုပ်နှံလို့ထားသည်။
နားတစ်ဖက်တစ်ချက်စီမှာဆွဲထားသည့်နားဆွဲတွေမှာ
'ကျောက်ဟွာ'ဆိုသည့်လေး၏
လေးနှင့်လေးကြိုးသာဖြစ်သည်။
လက်ချောင်းသွယ်သွယ်လေးတွေမှာဝတ်ဆင်ထားသည့် ကြိုးမျှင်များပါသည့်လက်စွပ်များမှာ
အခြားမဟုတ်လှ။ 'လန်ယာ' အမည်ရှိသည့် စောင်းကို
ပုံဏ္ဍာန်ပြောင်းထားခြင်းသာဖြစ်သည်။
ဟုန်ဟွမ့်မှာ ထိုအချိန်မှဘာကြောင့် ခြေသံကိုမကြားရဘဲ သစ်ရွက်ခတ်သံနှင့်စောင်းသံသဲ့သဲ့ကိုသာ ကြားခဲ့ရသည်ကို အဖြေရှာလိုက်နိုင်လေပြီ။
ဤသည်မှာအခြားအကြောင်းတော့မဟုတ်။
ရွှေသားနှင့်လုပ်ထားသည့်ခေါင်းစည်းကြိုးပေါ်မှ
ဇာမဏီငှက်သည်သစ်ရွက်လေးတွေအပေါ်မှ
ဖြတ်သန်းလာခဲ့ပြီး လက်စွပ်မှတွဲလောင်းကျနေသည့်
စောင်းကြိုးသံကိုအဖော်ပြုပေးနေခဲ့ခြင်းသာဖြစ်၏။
ခြေသံကတော့မကြားရသည်မှာမထူးခြားလှ။
ကြားရမှသာထူးဆန်းစရာဖြစ်တည်လို့နေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မီးဝိဉာဉ်ဆိုသည်မှာ
နာမည်နှင့်လိုက်ဖက်သည့်အရာတစ်ခုဖြစ်နေခြင်းကြောင့်သာ။ ဘယ်လိုပင်ကြည့်ပါစေ ။
ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ထားသည်ဟုထင်နေရပေမယ့် တကယ်တမ်းမှာတော့သူကဝိဉာဉ်သက်သက်သာရှိလို့နေ၏။ အခြားသောဝိဉာဉ်များမှာ ၎င်းတို့၏ပိုင်နက်နယ်မြေမှမည်သည့်အရာကိုမဆို
ထိတွေ့ကိုင်တွယ်နိုင်သည်ဆိုပေမယ့် မီးဝိဉာဉ်မှာတော့ ထိုသို့မဟုတ်။
သူ့ကိုယ်ပိုင်အစွမ်းနှင့်ဖန်တီးပြုလုပ်ထားသည့်အရာကိုသာ ကိုယ်တွယ်နိုင်ပြီးအခြားအရာများကို
ထိပင်မထိနိုင်သည့်သူမျိုးပါလေ။
သို့ပေမယ့် ထိုအချက်မှာသူ၏အားနည်းချက်တစ်ခုမဟုတ်ပဲ။
အားသာချက်တစ်ခုအဖြစ်သာ သုံးလောကတစ်ခွင်မှာ သတင်းပျံ့လျက်ရှိသည်။
ထိုသတင်းမှာ
"မီးဝိဉာဉ်ကိုဘယ်လက်နက်နဲ့မှခုတ်လို့မရတဲ့အပြင်
ဘယ်လိုအစွမ်းမျိုးနဲ့မှနာကျင်အောင်
တိုက်ခိုက်လို့မရဘူး"
ဆိုသည့်သတင်းသာဖြစ်သည်။ တကယ်လည်းမှန်၏။
သူ့ကိုဘယ်လိုအရာနှင့်မှ ထိခိုက်အောင်မလုပ်နိုင်ခဲ့သည်မှာ
ကမ္ဘာဦးအစကတည်းကဖြစ်သည်။
အတွေးတွေနှင့်နစ်မွန်းနေသည့် ဟုန်ဟွမ့်ကို
မီးဝိဉာဉ်က ရေနွေးတစ်ခွက်ငှဲ့ပေးရင်းနှင့်
စကားစသည်။ ပင်လယ်ပြင်ပေါ်ဖြတ်ပြေးသွားသည့်
ဆောင်းလေညှင်းလိုအေးမြနေပေမယ့် သူ့အသံက
အာဏာစက်တွေလွှမ်းလို့နေသည်။
"နတ်ဆိုးနယ်မြေကိုပြန်စုစည်းရမယ်...."
"ဒါပေမယ့်....မီးဝိဉာဉ်
ဘယ်လိုနတ်ဆိုးဘုရင်ငယ်ကမှ နတ်ဆိုးနယ်မြေဟောင်းဆီပြန်လာမယ်လို့
ကျွန်မမထင်ဘူး"
"အော်.....အဲ့လိုလား....
ဒါဆိုဘာကြောင့်များ ပိုင်ဟယ်ဆွဲပြားကိုဝတ်ဆင်ထားရတာလဲ.....
ဘာကြောင့်များ ဟုန်ဆိုတဲ့စကားလုံးကိုမင်းရဲ့နာမည်အရှေ့မှာ
ထားနေရသေးတာလဲ"
ဟုန်ဟွမ့်မှာ သူမရဲ့ခါးစည်းကြိုးနှင့်ပူးတွဲချည်နှောင်လို့ထားသည့်
အဖြူရောင်လခြမ်းကွေးပုံဆွဲပြားအောက်အဖျားကနှင်းပန်းပွင့်လေးကိုငုံ့ကြည့်လိုက်မိသည်။
တစ်ချိန်တုန်းကတော့
"နတ်ဆိုးဘုရင်မငယ် မြေခွေးဘုရင်မရဲ့အမည်ကို
ဟုန်ဟွမ့်လို့ပြောင်းလဲလိုက်တယ်.....
အဖြူရောင်လခြမ်းကွေးနဲ့နှင်းပန်းပုံဆွဲပြားကိုကိုင်ဆောင်ပြီး မြေအောက်ကာကွယ်ရေးကိုတာဝန်ယူပါ"
ဆိုသည့် အမိန့်စာကိုလက်ခံရရှိခဲ့တာကြောင့်
မျက်ရည်ကျလောက်အောင်ပျော်ရွှင်ခဲ့ရဖူးပါရဲ့ ။
သို့ပေမယ့် နတ်ဆိုးဘုရင်ကြီးကိုယ်တိုင် သူမတို့နတ်ဆိုးဘုရင်ငယ်ကိုးပါးလုံးကိုနှင်ထုတ်လိုက်သည်မဟုတ်လား။
သစ္စာရှိခဲ့သည့်အချိန်တွေ၊ နတ်ဆိုးမြို့ကိုကာကွယ်ရင်းပေးဆပ်ခဲ့ရသည့်
သွေးစက်တွေနှင့်သေသည်အထိအသားမှာစွဲထင်ကျန်နေခဲ့သည့်ဒဏ်ရာတွေရဲ့နာကျင်မှုကြောင့်ကျခဲ့ရသည့်မျက်ရည်တွေကိုမှမထောက် သူမတို့ကိုနှင်ထုတ်လိုက်သည့် အရှင်သခင်ကိုဘယ်အတွက်ကြောင့်
နောက်တစ်ကြိမ်ထပ်မံကာကွယ်ဖို့ရွေးချယ်ရမည်နည်း။ ရွေးချယ်ရမည့်အကြောင်းပြချက်ကကော
ဘယ်သူလာ၍ထောက်ပြမှာတဲ့လဲ။
"ဟုန်ဟွမ့်.....
မင်းကိုင်အတင်းအကျပ်မစေခိုင်းဘူး....
ဒီနေ့မင်းကိုခေါ်လိုက်တဲ့အကြောင်းအရင်းက
မင်းတစ်ယောက်တည်းကသာ
ငါ့ကိုကူညီနိုင်လို့ပဲ......
ငါနတ်ဆိုးနယ်မြေအားလုံးပြန်စုစည်းပြီး
ရှေးဟောင်းနတ်ဆိုးမြို့ကိုပြုပြင်မယ်.....
ငါအခုမင်းနဲ့ညှိနှိုင်းတာက
မင်းကိုမတိုက်ခိုက်ချင်လို့ပဲ.....
တကယ်လို့များ မင်းသာငြင်းဆန်မယ်ဆိုရင်"
သူကဆက်မပြောပဲခေတ္တရပ်နားလိုက်ကာ
သူ့အရှေ့မှာရှိနေတဲ့ ရေနွေးကြမ်းခွက်ကိုလက်နဲ့ဖွဖွလေးတစ်ချက်တောက်လိုက်သည်။ ကံမကောင်းစွာနှင့်ပင်
ထိုခွက်ကလေးသည်မီးထလောင်သွားပြီး
အငွေ့အဖြစ်သို့ပြောင်းလဲလို့သွားခဲ့၏။
ရေနွေးခွက်လေးကိုကြည့်ပြီး ထိတ်လန့်နေတဲ့
ဟုန်ဟွမ့်ကို ကျေနပ်စွာကြည့်ရင်း သူကအေးခဲနေတဲ့အသံနှင့်ဆိုသည်။
"မင်းကိုငါတိုက်ခိုက်ရလိမ့်မယ်"
"ဟင်!!!!"
ဟုန်ဟွမ့်မှာတကယ်ကိုပင်ထိတ်လန့်သွားရ၏။
သူမကိုကောင်းကင်ဘုံဆီသွားပြီးပြဿနာရှာခိုင်းမည်ဆိုရင်တောင် မျက်တောင်တစ်ချက်မခတ်ပဲ
ရန်စရဲသေးသည်။ မီးဝိဉာဉ်နှင့်တော့
မတိုက်ခိုက်ဝံ့ပါ။ စွမ်းအားချင်းမမျှတာကထားတော့။
သူမလေးစားရသည့်သူကိုမည်သို့တိုက်ခိုက်ရမည်နည်း။ ဒါက မိုးပေါ်ကကျလာတဲ့သနပ်ခါးပန်းကို
မြေအောက်ကမ္ဘာကနေလှမ်း၍ဖမ်းရသည်ထက်
ပိုခက်လှသည်။
သို့ကြောင့် ကြာကြာတွေးမနေတော့ပဲ
ခေါင်းသာငြိမ့်ပြလိုက်တော့သည်။
"ကျွန်မ ကူညီပါ့မယ်....အရှင်"
'အရှင်' ဟု သုံးနှုန်းခံလိုက်ရသည့်အတွက်သူရယ်မိသည်။
ဒီနေရာကို သူ့အတွက်အသုံးပြုချင်နေသည်လို့များ
ဟုန်ဟွမ့်ကထင်နေလျော့သလား။ သူမသိ။
အမှန်အတိုင်းဆိုရရင်တော့ ဒီနယ်မြေကိုသူစုစည်းဖို့လုပ်နေသည်က သူကိုယ်တိုင်အသုံးပြုဖို့မဟုတ်ပဲ ၊ တခြားတစ်ယောက်အတွက် ပေးဆပ်ချင်တဲ့စိတ်တစ်ခုတည်းကြောင့်သာ။
သူ့ကိုအကြိမ်ကြိမ်ငိုကြွေးစေခဲ့တဲ့ထိုသူ့အတွက်
မြို့တစ်မြို့ဖန်တီးပေးချင်မိတာ သူတုံးအလွန်းလို့များလား။
နှစ်ပေါင်းရှစ်သောင်းတိုင်အောင် နတ်သားရဲနယ်မြေထဲမှာ သူ့ကိုယ်သူပိတ်လှောင်ထားရလောက်အောင်
နာကျင်ခဲ့ရပေမယ့် ထိုသူ့အတွက်ဆိုရင်
အရိုးတွေဆွဲထုတ်ပြီးဆံထိုးလုပ်ပေးချင်နေသေးသည်။
ကိုယ့်ကိုဘယ်တော့မြှပန်ချစ်လာမှာမဟုတ်တဲ့သူကို
အဝေးကနေငေးကြည့်ရင်းနဲ့ပဲ အသံတိတ်မျက်ရည်ကျနေမိတဲ့သူက တကယ့်ကိုအရူးတစ်ယောက်လိုပါပဲ။
ဒါပေမယ့် ကန္တာရထဲမှာရေဆာပြီးသေအံ့မူးမူးဖြစ်နေတဲ့လူတစ်ယောက်က
အဆိပ်ရည်ကိုတောင်မက်မောတွယ်တာစွာသောက်တတ်သည်မဟုတ်လား။သူကဘာကြောင့်
အဲ့ဒီသူကိုဆက်ချစ်ဖို့တွန့်ဆုတ်နေရမှာတဲ့လဲ။
အဆိပ်သုတ်ထားတဲ့ဓားသွားတစ်ခုကိုသူ့ဆီကမ်းပေးလာရင်တောင် ကျေကျေနပ်နပ်ကြီးဆုပ်ကိုင်ချင်ရလောက်အောင်ပြုစားနိုင်တဲ့အဲ့ဒီတစ်ယောက်ရဲ့နာမည်က
"ကျင်း"
တဲ့။
သူ့အသက်ကိုအကြိမ်ကြိမ်ရန်ရှာခဲ့ဖူးတဲ့
ချစ်ရသူပေါ့။။။။။။။။
ဒါပေမယ့်.....ကျွန်တော် သူ့ကိုသိပ်ချစ်ခဲ့တာ!!!

Коментарі