Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 4
ၾကယ္ေရာင္ေပ်ာက္တဲ့ညတစ္ညရဲ့
သန္း‌ေခါင္ယံတစ္ခုမွာ ထူးဆန္းစြာပင္
'နတ္သားရဲ'နယ္ေျမရဲ့အရွင္သခင္‌ေဟာင္းျမႇဳပ္ႏွံထားရာ ေက်ာက္ေဆာင္‌ဆီမွ ေပါက္တူးသံမ်ား
အဆက္မျပတ္ထြက္ေပၚလာခဲ့သည္။
လက္ဆြဲမီးအိမ္ေလးေတြရဲ့အလင္း‌ေရာင္‌ကိုအားျပဳကာ
ေပါက္တူး၊ သံတူရြင္းစတဲ့ပစၥည္းေတြကိုသံုးၿပီး
နတ္သားရဲအရွင္သခင္ေဟာင္းရဲ့အုတ္ဂူကိုေဖာက္ေနတဲ့ ထိုရာဇဝတ္သားမ်ားရဲ့မ်က္ႏွာထက္မွာ ‌ေၾကာက္ရြံ႔ျခင္းဟူသည္
စိုးစဉ္းမ်ွပင္မရိွ။ ေလာဘရမက္မ်ားသာလ်င္ ထင္ဟပ္ေနခဲ့သည္။

ထိုစဉ္ အေဝးတစ္ေနရာမွ ဆြဲဆြဲငင္ငင္အူလိုက္တဲ့
‌ေျမ‌ေခြး‌ေတြရဲ့အသံက ေလထုကိုဓားတစ္စင္းနဲ႔ခြင္းခ်လိုက္သလို ျပတ္ျပတ္သားသားထြက္ေပၚလာခဲ့သည္။

ေလာဘတႀကီးနဲ့ဂူေဖာက္ေနတဲ့လူတစ္စုမွာ ေျမေခြးအူသံၾကားသည္ႏွင့္ ဓား‌ေတြ၊ သိဒၶိစြမ္းအင္‌ေတြကိုအသင့္ျပင္လိုက္ၿပီး ေက်ာခ်င္းကပ္အေနအထားအတိုင္း
အႏၲရာယ္ကိုရင္ဆိုင္လိုက္ၾကသည္။

ဒါဟာ နတ္သားရဲအရွင္သခင္ျကီးရဲ့ အ‌ေစာင့္အေရွာက္သားရဲတစ္ေကာင္(သို႔)အုပ္စုတစ္စုရဲ့အသံသာျဖစ္ေပလိမ့္မည္ဟုထင္မွတ္ထားေပမယ့္ သူတို႔စိတ္ထဲမွာဘဝင္မက်မႈတခ်ိဳ႕လည္း
ေပၚေပါက္လာရျပန္သည္။ နတ္သားရဲနယ္ေျမမွာ
စုစုေပါင္းမွ သက္ရိွငါးဦးသာရိွသည္။
နတ္သားရဲအရွင္သခင္ႀကီးႏွင့္ သူ႔ကိုေစာင့္ေရွာက္ေနတဲ့ သားရဲေလးပါး။
ယခုလက္ရိွနတ္သားရဲအရွင္သခင္ႀကီးက ေဟာ္လင္အရွင္သခင္ဟုသံုးေလာကလံုးသိထားၾကသၫ့္ မီးဝိဉာဉ္ျဖစ္သည္မို႔
သူက တိရစၧာန္တစ္ပိုင္းမျဖစ္တန္ရာ။
ဒီေတာ့ သူ႔ကိုစာရင္းထဲမွပယ္ဖ်က္လို႔ရသည္။
ဒါဆိုရင္ ႂကြင္းက်န္ရစ္သည္မွာ အေစာင့္အေရွာက္သားရဲေလးပါးသာ။
နတ္သားရဲနယ္ေျမရဲ့အေရ႔ွအရပ္ကိုေစာင့္ေရွာက္ေနသူက ဇာမဏီသားရဲျဖစ္ၿပီး အေနာက္အရပ္ကိုေစာင့္ေရွာက္ေနသူက
နဂါးျဖူဟုေခၚသၫ့္သားရဲ‌ျဖစ္သည္။
ေျမာက္အရပ္ကိုအစိုးရသည္က က်ားျဖဴသားရဲျဖစ္ၿပီး
ေတာင္အရပ္ကိုအစိုးရသည္က လိပ္ေႁမြသားရဲျဖစ္၏။

ဒါဆိုရင္ ခုနတုန္းကၾကားလိုက္ရတဲ့ေျမေခြးအူသံက
ဘယ္ကလာသနည္း။
ထို႔ျပင္ သူတို႔ဒီနယ္ေျမထဲအလြယ္တကူဝင္လာႏိုင္သည္ကေရာ တိုက္ဆိုင္မႈတစ္ခုေပလား။ သို႔မဟုတ္
‌အစကတည္းက ရိွေနတဲ့ေထာင္ေခ်ာက္တစ္ခုမ်ားလား။
ေကာင္းကင္ဘံုရဲ့အေနာက္ေျမာက္အရပ္စစ္သူႀကီး
ရြမ္မင္မွာ ေတြးရင္းႏွင့္ ေခြၽးမ်ားပင္ရြဲနစ္လာရေခ်ၿပီ။
မိုးနတ္မင္းရွာခိုင္းသၫ့္ပစၥည္းကို အစအနပင္မျမင္ရေသးခင္မွာ
အခုလိုအႏၲရာယ္ႀကံဳေတြ ့ရသည္ဆိုတာက
ျပန္လမ္းမရိွႏိုင္သၫ့္ေခ်ာက္ကမ္းပါးထဲျပဳတ္က်ရသလိုပါ။
ဒါေၾကာင့္ျဖစ္ခ်င္ရာျဖစ္ပါေစဆိုၿပီး သူတို႔လာရွာသၫ့္ ပစၥည္းကိုဆက္လက္ရွာေဖြခိုင္းရ‌ေတာ့သည္။

"ဆက္ရွာၾကစမ္း!!! "

နတ္အရာရိွေလးေတြမွာ စစ္သူႀကီး၏အမိန့္ကိုဖီဆန္ရန္ မတတ္စြမ္းႏိုင္တာေၾကာင့္
ေပါက္တူးကိုသာထပ္မံဆြဲကိုင္လိုက္ရျပန္သည္။
နတ္သားရဲနယ္ေျမမွာထင္တိုင္းႀကဲေနတာက
ေဟာ္လင္အရွင္သခင္ကို မခန႔္ေလးစား‌စိန္ေခၚလိုက္တာႏွင့္တူေနေပမယ့္
သူတို႔မွာေရြးခ်ယ္စရာမ်ားမ်ားစားစားမရိွပါေပ။
မိုးနတ္မင္းရဲ့ထိန္းခ်ဳပ္မႈကို တြန္းလွန္ႏိုင္ျခင္းမရိွသည္မို႔
သံုးေလာကကေန ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္
ေပ်ာက္ကြယ္ေနသၫ့္ ေဟာ္လင္အရွင္သခင္ကိုသာ
အျပစ္ျပဳရပါေတာ့မည္။

ဒ႑ာရီလာယံုတမ္းစကားေတြအရ...
ေဟာ္လင္အရွင္သခင္မွာ ၾကင္နာတတ္သၫ့္စိတ္ဝိဉာဉ္ရိွေပမယ့္ သူ႔ရဲ့အေမွာင္ဘက္မွစိတ္ဝိဉာဉ္က ရက္စက္လြန္းသည္ဟုဆို၏။ သူ႔ဆီကတစ္စံုတစ္ရာလုယူသြားသၫ့္သူကို
ခ်က္ခ်င္းမတိုက္ခိုက္ပဲ ေသြးစြန္းတဲ့ျမင္ကြင္းမ်ိဳးမွာ
သူစိတ္ေက်နပ္ေလာက္တဲ့အထိ ကျပေဖ်ာ္ေျဖခိုင္းၿပီးမွ အသက္ကိုႏုတ္ယူတတ္သည္တဲ့။

ဒါေၾကာင့္ သူ႔ကိုအ‌ေမွာင္‌စိတ္ဖံုးလႊမ္းေနတဲ့စိတ္ဝိဉာဉ္ကို
ထိ‌ေတြ ့ဖူးသူမ်ားက
'ေသြးဆာေနတဲ့မိစၧာ'လို႔‌ေျပာင္းလဲေခၚတတ္ၾကသည္ဟူ၏။

ရြမ္မင္ႏွင့္ နတ္အရာရိွငယ္တခ်ိဳ႕မွာ
လာမယ့္ေဘးေျပးေတြ ့ရန္ အသင့္ျပင္ေနၾကစဉ္
အေမွာင္ရိပ္ထဲမွ အစြယ္ေဖြးေဖြးနဲ႔ ေျမေခြးႀကီးသံုးေကာင္ ေျပးလာတာကိုထိတ္လန႔္ဖြယ္ျမင္လိုက္ရ‌တာေၾကာင့္
ၾကက္ေသေသသြားရေတာ့သည္။
ဘယ္ေလာက္ပဲ သတၲိရိွပါတယ္ေျပာေျပာ
သူတို႔အရပ္ထက္ႏွစ္ဆ‌ေလာက္ျမင့္မားေနတဲ့ ေျမေခြးႀကီးေတြကိုျမင္လိုက္ရတဲ့အခ်ိန္မွာ
ေၾကာက္စိတ္ဝင္လာမိတာကေတာ့အမွန္။

"သတ္"

ထိုခဏ၌အေမွာင္ရိပ္ထဲမွ
ထြက္ေပၚလာတဲ့ေအးခဲ‌ေျခာက္ကပ္လွတဲ့
အသံတစ္ခုကိုၾကားလိုက္ရတဲ့ေနာက္မွာေတာ့ ေျမေခြးႀကီးေတြက သူတို႔ကိုခုန္အုပ္လိုက္ေတာ့သည္။
‌ေၾကာက္လန႔္တၾကားနဲ႔ရုန္းကန္ၾကရင္း
လက္ထဲမွဓား‌ေတြလည္း လြင့္ထြက္သြားခဲ့ၿပီမို႔
ေျမေခြးႀကီးေတြရဲ့အစြယ္နဲ႔လက္သည္းေတြၾကားမွာ နတ္အရာရိွငယ္အခ်ိဳ႕၏ဘဝေတြက ဓားေအာက္မွာရိွေနတဲ့
အသားတစ္ေတြလို ျဖစ္ေနခဲ့ရ‌ေလၿပီ ။
ရြမ္မင္သည္ပင္ ေသြးအလိမ္းလိမ္းႏွင့္ ဒဏ္ရာဗလာပျြဖစ္ေနၿပီမို႔ သူ႔ငယ္သားေတြကို
ကယ္တင္ရန္မတတ္စြမ္းႏိုင္ေတာ့ပါ။

ငရဲပြတ္သလိုမ်ိဳး ဆူညံပြတ္ေလာရိုက္ေနတဲ့ျမင္ကြင္းကို
ျကၫ့္ေနတဲ့ ရွင္းရဲ့မ်က္လံုးေတြကစူးရဲေတာက္ပေနၿပီး
ႏႈတ္ခမ္းေတြကၿပံဳးေရာင္သမ္းေနခဲ့သည္။
‌အနီေရာင္ေမဘယ္လ္ရြက္ေတြနွင့္အလွဆင္ထားသၫ့္
ပန္းခ်ီကားတစ္ခ်ပ္ကိုၾကၫ့္ေနရသလို တြန႔္ေကြးေနတဲ့
သူ႔အၿပံဳးေတြကလွပလြန္းေပမယ့္ အသက္ေတာ့သိပ္မပါလွပါ။

အားလံုး ဒဏ္ရာေတြနဲ႔မလႈပ္ႏိုင္ေတာ့တဲ့အခ်ိန္က်မွာေတာ့ သူကေမွာင္ရိပ္ထဲကေန လူတစ္စုၿခံရံၿပီးထြက္လာခဲ့သည္။ အေသအခ်ာေျပာရမည္ဆိုလ်င္ေတာ့
ထူးဆန္းသၫ့္သတၲဝါေလးေကာင္ႏွင့္ မိန္းမပ်ိဳတစ္ဦးၿခံရံၿပီးထြက္လာသည္ဟုေျပာရင္
ပိုမွန္လိမ့္မည္။
ထိုသူမ်ားမွာ
အျခားမဟုတ္ေပ။
နတ္သားရဲေလးပါးႏွင့္ပိုင္ဟယ္သခင္မသာျဖစ္သည္။

လက္ေခ်ာင္းျဖဴျဖဴသြယ္သြယ္ေလးေတြမွာ
ဝတ္ဆင္ထားတဲ့
ေရႊ‌ေရာင္လက္စြပ္ေလးေတြကိုပြတ္သပ္ရင္း
ရွင္းကခပ္ဟဟရယ္သည္။ သူ႔ရယ္သံေတြကေျခာက္ကပ္လြန္းသည္မို႔
ၾကားရသူရဲ့စိတ္ဝိဉာဉ္ကိုဝါးမ်ိဳေတာ့မလိုပင္
ထင္ရေစသည္။ တကယ္တမ္းမွာေတာ့ ရွင္းမွာအတိတ္တစ္ခ်ိန္တုန္းက မိုးနတ္မင္းရဲ့စနက္ေၾကာင့္ ေထာင္ေသာင္းခ်ီတဲ့ဒဏ္ရာေတြကို အၫွာအတာကင္းမဲ့စြာ သူခံစားခဲ့ရသည္ကို
ျပန္ျမင္ေယာင္ရင္း ဟားတိုက္ရယ္ေမာမိျခင္းသာျဖစ္၏။
အေစာပိုင္းတုန္းက ရန္ေဆာင္ေနတဲ့
ေျမေခြးႀကီးေတြကေတာ့ ပိုင္ဟယ္သခင္မ(ဟုန္ဟြမ့္)ရဲ့
လက္ထဲမွာရိွေနသၫ့္ ပိုင္ရႈဖူအမည္ရသၫ့္
က်ာပြတ္ထဲသို႔ အသီးသီးဝင္ေရာက္ေပ်ာက္ကြယ္သြားၾကျပီျဖစ္သည္။

ရွင္းက ‌ပြင့္ခါနီးၿပီျဖစ္ေသာဂူကိုတစ္ခ်က္ၾကၫ့္လိုက္ကာ
သူ႔ရဲ့ရွည္လ်ားလွတဲ့ လက္ေခ်ာင္းသြယ္သြယ္ေလးေတြ
ၾကားမွာ လက္ေဖ်ာက္သံတစ္ခ်က္ထြက္‌ေပၚ
လာ‌ေအာင္ဖန္တီးလိုက္သည္။
လက္ေဖ်ာက္သံျကားလိုက္ရသည္ႏွင့္
ရွင္းရဲ့အေနာက္မွာရပ္ေနတဲ့ နဂါးႀကီးက
ရြမ္မင္ကိုအၿမီးႏွင့္ယမ္းလိုက္ၿပီး
ရွင္းအေရ႔ွမွာဒူးေထာက္ဝပ္တြားေစလိုက္သည္။

ရွင္းကႏွစ္လိုဖြယ္‌ေကာင္း‌ေအာင္ၿပံဳးလိုက္ၿပီး
ရြမ္မင္ကိုေမးခြန္းတခ်ိဳ႕ေမးလိုက္၏။

"နတ္သားရဲနယ္ေျမမွာ စိတ္ထဲရိွတဲ့အတိုင္း
ထင္ရာစိုင္းေနတာက ငါ့ကိုမ်က္လံုးထဲထၫ့္မထားတာမ်ားလား....

မင္းတို႔ရဲ့မိုးနတ္မင္းက ငါ့ရဲ့တပၫ့္ျဖစ္ခဲ့တယ္ဆိုတဲ့
အခ်က္ကိုေမ့ေနၿပီထင္တယ္....
ငါေျပာတာဟုတ္ရဲ့လား"

ရြမ္မင္မွာေၾကာက္လြန္းလို႔အသံပင္မထြက္ႏိုင္ေတာ့ေခ်။ ေဟာ္လင္အရွင္သခင္က မိုးနတ္မင္းသာမက ၊
နတ္ဘုရားအႀကီးအကဲဟြားရန္ႏွင့္ တစ္ခ်ိန္ကသံုးေလာကကိုတစ္ေပါင္းတစ္စည္းတည္း
အုပ္ခ်ဳပ္ႏိုင္ခဲ့သၫ့္ ေကာင္းကင္မင္းႀကီး ဝမ္ယြဲ႔ရဲ့
ဆရာျဖစ္ခဲ့ဖူးတာကို သူမသိပဲေနပါ့မလား။
သို႔ေပမယ့္ ေနနတ္ဘုရားႏွင့္နတ္ဆိုးဘုရင္တိုက္ခိုက္ခဲ့ၾကသၫ့္
ေကာင္းကင္တိုက္ပြဲေနာက္ပိုင္း၌ မိုးနတ္မင္းက
ထင္ရာစိုင္းလာသည္မို႔ သူတို႔လည္း
ေဟာ္လင္အရွင္သခင္ကိုမ်က္ကြယ္ျပဳျပီး
မိုးနတ္မင္းႀကိဳးဆြဲရာ
ကခဲ့ရျခင္းျဖစ္သည္။
အခုေတာ့ ေဟာ္လင္အရွင္သခင္ရဲ့လက္ထဲမွာ
ေသမလား၊ ရွင္မလားပင္ မေတြးတတ္ေတာ့ေလာက္ေအာင္ျဖစ္ခဲ့ရေခ်ၿပီ။
အေၾကာင္းျပခ်က္ေတြ ေတာင္စဉ္ေရမရေလ်ွာက္ေပးျပန္ရင္လည္း
မျဖစ္ၿပီမို႔ ေသခ်င္ရင္ေသပါေစေတာ့ဟုဆိုကာ
စိတ္ကိုေလ်ာ့ထားလိုက္ေတာ့သည္။
သူကဆို၏။

"ကြၽန္ေတာ္မ်ိဳးမဝံ့ရဲပါဘူး....ေဟာ္လင္အရွင္သခင္"

ရွင္းကမ်က္ခံုးႏွစ္ဖက္ၾကားရိွ နဖူးျပင္ေပၚက အနီေရာင္ရွည္ေမ်ာေမ်ာအမွတ္အသားေလးကို
လက္နဲ႔ထိေနရင္း သူ႔ကိုျပန္ေမးလာသည္။

"ဘာကိုလာယူခိုင္းတာလဲ"

"အလင္းမဲ့ေက်ာက္တံုးပါ ......

မိုးနတ္မင္းက လြန္ခဲ့တဲ့ႏွစ္ေပါင္းရွစ္ေသာင္းတုန္းက
ရုတ္တရက္ႀကီး အားလံုးရဲ့မွတ္ဉာဏ္ထဲကေနေပ်ာက္ကြယ္သြားခဲ့တဲ့
ေနနတ္ဘုရား ထိုက္ယန္နဲ႔ နတ္ဆိုးဘုရင္ႀကီး
ဟုန္လင္က်င္းရဲ့အေၾကာင္းအရာေတြကို
ျပန္မွတ္မိခ်င္လို႔ အလင္းမဲ့ေက်ာက္တံုးကိုေဆာင္ယူလာခိုင္းတာပါ..."

"ဘယ္လိုအေၾကာင္းအရာမ်ားလဲ.....
သူတို႔ႏွစ္ေယာက္ရဲ့မ်က္ႏွာသြင္ျပင္နဲ႔
အတြင္းေရးပတ္သတ္မႈအေၾကာင္းအရာေတြလား"

ျပတ္ေတာင္းလွတဲ့စကားသံ‌ေၾကာင့္ ရြမ္မင္မ်က္လံုးပင့္ၾကၫ့္လိုက္မိသည္။
ဘာအေၾကာင္းေၾကာင့္ ေဟာ္လင္အရွင္သခင္က
မိုးနတ္မင္းရဲ့စိတ္အမွန္ကိုျမင္ေနရပါလိမ့္။
ေရရွည္ျဖစ္တည္ခဲ့တဲ့ ဆရာတပၫ့္သံေယာဇဉ္ေၾကာင့္မ်ားလား။
သူမေတြးတတ္ေတာ့။
ထိုစဉ္ အသံတစ္စကရွင္းရဲ့
နွုတ္ခမ္းဖ်ားမွျပန္လည္ထြက္ေပၚလာခဲ့သည္။

"ရြမ္မင္.....
ေသြးေခ်ာင္းစီးၿပီး ေသြးမိုးၿဖိဳင္ၿဖိဳင္က်ခဲ့တဲ့
ေန့ရက္ေတြကို မင္းသတိရခ်င္ေသးလား"

"မရခ်င္ပါဘူး....ေဟာ္လင္အရွင္သခင္"

"ငါေရာပဲ..... အဲ့ဒီေန့ရက္ေတြက ပံုျပင္တစ္ပုဒ္လို၊
ဒါမွမဟုတ္ ယံုတမ္းစကားေတြလိုပဲရိွသင့္တယ္.....

ဘယ္သူကမွ ထိုက္ယန္နဲ႔ဟုန္လင္က်င္းရဲ့မ်က္ႏွာကို
မွတ္မိဖို႔မသင့္ေတာ့သလို....
သူတို႔ႏွစ္ေယာက္ကိုအသံုးခ်ၿပီး
ကမ႓ာႀကီးကိုေနာက္တစ္ႀကိမ္ထိန္းခ်ဳပ္ဖို႔
မလုပ္သင့္ေတာ့ဘူး......"

"ဟုတ္ကဲ့"

"အလင္းမဲ့ေက်ာက္တံုးကိုလာရွာတာမလား....
ငါအဲ့ဒီေက်ာက္တံုးကို အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ခြဲၿပီး
ဝါးမ်ိဳပစ္လိုက္ၿပီ.....

မင္းရဲ့မိုးနတ္မင္းဆီကို အဲ့ဒီအတိုင္းပဲအ‌ေၾကာင္းျပန္လိုက္ပါ...."

"ဟုတ္ကဲ့"

"အာ....ေနဦး"

ရွင္းက လွၫ့္ထြက္မည္ျပဳျပီးမွ သူ႔ေဘးမွာရိွ‌ေနတဲ့ ဇာမဏီသားရဲကို လက္ဟန္တစ္ခ်က္ျပလိုက္သည္။
ဘာအဓိပၸာယ္ဆိုတာမသိသည္မို႔ ရြမ္မင္မွာ
တံေတြးပင္မ်ိဳခ်မိေခ်ၿပီ။ စိတ္ထဲမွာလည္း

' ငယ္ငယ္ရြယ္ရြယ္နဲ႔ ေသရေတာ့မွာပါလား '

လို႔ယူႀကံဳးမရျဖစ္စြာႏွင့္ေအာ္ဟစ္ေနမိ‌ေတာ့၏။

သို႔ေသာ္ လက္ေတြ ့ကစိတ္ကူးႏွင့္လံုးဝကြဲလြဲသြား
ခဲ့၏။ ဇာမဏီသားရဲက သူ႔ကိုအႏၲရာယ္မျပဳဘဲ ေတာင္ပံတစ္ခ်က္သာျပင္းျပင္းခပ္လိုက္ပါ၏။

ေအးခနဲျဖစ္သြားတဲ့အသိႏွင့္အတူ ရြမ္မင္မွာ
ေလထဲသို႔လြင့္ပါသြားေတာ့သည္။
ဘယ္အရာကိုမွဖမ္းဆုပ္ခြင့္မရသည္မို႔
သူ႔ဝိဉာဉ္ဟာ ဒေရာေသာပါးႏွင့္အလဲလဲအၿပိဳၿပိဳ။
တစ္ခါတစ္ရံမွာ ျမင့္သြန္းလြန္းတဲ့ေခ်ာက္ပါးမွာအေပၚမွာ
ရပ္ေနရသလို ရင္တထိတ္ထိတ္ႏွင့္။
တစ္ခါတစ္ေလေတာ့လည္း ေခ်ာက္ထဲကန္ခ်ခံလိုက္ရသၫ့္ႏွယ္ ရင္ထဲမွာ
ဘာမွမက်န္ေတာ့ေလာက္ေအာင္ ေအးခဲေနလ်က္။

ေနာက္ဆံုးမွာေတာ့ သူ႔နားထဲသို႔အဆက္မျပတ္ေခၚေနတဲ့အသံတစ္ခုကတိုးဝင္လို႔လာခဲ့သည္။

"စစ္သူႀကီး.....စစ္သူႀကီး....."

"စစ္သူႀကီး ထပါေတာ့......စစ္သူႀကီး"

ထိုစဉ္အသက္ရႈရသည္မွာ
တျဖည္းျဖည္းနွင့္ခက္လာသည္မို႔
သူပါးစပ္ဖြင့္ၿပီးရႏိုင္သမ်ွေလကိုမ်ိဳခ်လိုက္မိပါ၏။
ေျမႇာက္တက္သြားေသာ ခႏၶာကိုယ္ႏွင့္အတူ
သူ႔အသိစိတ္ေတြက ျပန္လည္လာခဲ့သည္။
ပထမဆံုးအေနႏွင့္ သတိထားလိုက္မိသည္က

"စစ္သူႀကီး ႏိုးလာၿပီ......"

ဆိုသၫ့္ဝမ္းသာအားရေအာ္လိုက္သၫ့္အသံတစ္ခု။
ထိုေနာက္ သူ႔ျမင္ကြင္းထဲဝင္လာသည္က
ခုနေလးတင္ေသဆံုးသြားခဲ့သၫ့္
သူ႔လက္ေအာက္ကအရာရိွငယ္ေလးမ်ား။
ထူးဆန္းသည္ကေတာ့ သူအပါအဝင္တစ္စံုတစ္ေယာက္ရဲ့ခႏၶာကိုယ္ေပၚမွာမွ
ေသြးစြန္းရာတစ္စိုးတစ္စိမ်ွပင္ရိွမေနခဲ့ျခင္းပါပဲ။

"ခုနတုန္းက ငါတို႔ဒဏ္ရာရသြားခဲ့တယ္မလား"

သူ႔အေမးကို ေဘးမွာရိွေနတဲ့အရာရိွငယ္ေလးတစ္ေယာက္ကျပန္ေျဖလို႔လာသည္။

"ဟုတ္တယ္ စစ္သူႀကီး.....ကြၽန္ေတာ္တို႔အားလံုးဒဏ္ရာရသြားခဲ့တယ္"

ေနာက္တစ္ေယာက္ကပါ ထပ္မံဝင္ေျပာ၏။

"ကြၽန္ေတာ္ဆိုရင္ ေသပါေသသြားတာ....
ဒါေပမယ့္ ခုနတုန္းကအိပ္မက္ကေနလန႔္ႏိုးသလိုျဖစ္ၿပီး
နတ္သားရဲနယ္ေျမအျပင္ဘက္ကိုျပန္ေရာက္လာခဲ့တာပဲ"

"ဟုတ္တယ္....ဟုတ္တယ္"

ေနာက္ဆံုးမွာေတာ့ အားလံုးကတင္ေထာက္ခံၾကသည္မို႔
သူလက္မခံခ်င္ပဲလက္ခံလိုက္ရေခ်ၿပီ။
ေသတဲ့သူကိုအသက္ျပန္သြင္းတဲ့အတတ္ပညာဆိုတာက တစ္ခါမ်ွပင္မရိွခဲ့ဖူးတာပါေလ။
ဒါဆိုရင္ ေဟာ္လင္အရွင္သခင္က
သူတို႔ကိုဘယ္လိုအသက္ျပန္သြင္းေပးလိုက္ပါလိမ့္။
ထိုအခ်ိန္မွာ သူ႔ေခါင္းထဲသို႔အေတြးတခ်ိဳ႕ဝင္လာခဲ့ျပန္သည္။

' ငါတို႔ဘယ္တုန္းကမွ နတ္သားရဲနယ္ေျမထဲမဝင္ရေသးတာမ်ားလား '

ရြမ္မင္မွာ ေျမျပင္ေပၚကေနအလူးအလဲထလိုက္ၿပီး
ပတ္ဝန္းက်င္အေျခအေနကိုေသခ်ာေလ့လာၾကၫ့္လိုက္မိသည္။ ‌သူ႔မ်က္စိေရ႔ွမွာရိွေနတဲ့အရာအားလံုးက
သာမန္အတိုင္းသာရိွေနၿပီး ထူးျခားခ်က္တစ္ခုတစ္ေလမ်ွ
ရိွမေနခဲ့ပါ။ သစ္ရြက္မ်ားကစိမ္းစိုေနၿပီး
‌ျမင္ကြင္းေတြကလည္းၾကည္လင္ျပတ္သားကာ
ရွင္းလင္းေနပါ၏။

သို႔ေပမယ့္ မေန့တုန္းက သူတို႔ေရာက္လာစဉ္မွာ
ျမဴမႈန္စေတြႏွင့္မီးခိုးေငြ ့ေတြက ေနရာအႏွံ႔မွာ
ရိွေနခဲ့သည္။ အထူးသျဖင့္သစ္ပင္မ်ားမွာ
ေျခာက္ေသြ ့အိုေဟာင္းေနၿပီး အရြက္တစ္ရြက္မွပင္ရိွ‌မေနခဲ့ပါေလ။
ၿပီးေတာ့ သူ႔ဘက္ေတာင္ပံလွၫ့္ၿပီးခတ္လိုက္တဲ့
ဇာမဏီနတ္သားရဲကလည္း ယခုအခ်ိန္မွာ
သူတို႔အေရ႔ွတြင္ရိွေနသည့္ ဇာမဏီရုပ္ထုႏွင့္
တစ္ေထရာတည္းတူေန၏။

သူရိပ္မိလိုက္ေခ်ၿပီ။ သူတို႔အုပ္စုမွာဘယ္တုန္းကမွ နတ္သားရဲနယ္ေျမထဲဝင္ခြင့္မရလိုက္ပဲ
ဇာမဏီသားရဲဖန္ဆင္းထားသၫ့္ ပံုရိပ္ေယာင္နယ္ေျမထဲသို႔သာေရာက္သြားျခင္းျဖစ္ရမည္။ သို႔ေၾကာင့္သာ ဇာမဏီသားရဲေတာင္ပံခတ္လိုက္သည္ႏွင့္
လက္ရိွအေျခအေနကိုျပန္ေရာက္လာတာေပါ့။

ရြမ္မင္မွာနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေသာ
ရင္ဘတ္ကို သူ႔ငယ္သားေတြမျမင္ေအာင္
ထိန္းသိမ္းရန္မစြမ္းသာခဲ့ပါ။ နတ္သားရဲတစ္ေကာင္ကပင္ဤမ်ွေလာက္
စြမ္းအားႀကီးေနသည္ဆိုရင္
‌ေဟာ္လင္အရွင္သခင္ ရွင္းရဲ့စြမ္းအားက
ဘယ္ေလာက္ေတာင္ရိွေနမလဲ။
သူမခန႔္မွန္းတတ္ေတာ့ပါ။
သို႔ျဖစ္၍  ေျမေပၚက်ေနတဲ့ဓားကိုျပန္လည္ေကာက္ယူကာ
ေကာင္းကင္ဘံုသို႔အလ်င္အျမန္ျပန္‌ေျပးရေတာ့၏။
မဟုတ္ရင္ သူတို႔အရိုးတျခား၊အသားတျခားနွင့္
အိပ္မက္ထဲကအတိုင္းျဖစ္သြားလိမ့္မည္ေလ။။။။။။

ထြက္ေျပးသြားတဲ့အုပ္စုကိုၾကၫ့္ရင္း
ရွင္းအားမလိုအားမရႏွင့္ေခါင္းခါမိသည္။
တကယ္ဆိုရင္ သူ႔ဆီကိုလာတဲ့သူက
ရြမ္မင္ထက္စြမ္းအားႀကီးၿပီး တိုက္ရည္ခိုက္ရည္ေကာင္းမြန္သၫ့္သူျဖစ္ရမည္မဟုတ္လား။ အခုေတာ့ သူလက္တစ္ေခ်ာင္းႏွင့္မ်ွ
မတိုက္ခိုက္လိုက္ရ‌ေသးခင္မွာ ရြမ္မင္ကထြက္ေျပးသြားရေခ်ၿပီ။
တကယ္ေတာ့ သူ႔စြမ္းအားရဲ့တစ္ဝက္ခန႔္သာရိွသၫ့္
ေနနတ္ဘုရား ထိုက္ယန္ကိုပင္ ရြမ္မင္က
စြမ္းရည္ၿပိဳင္ပြဲမွာရႈံးခဲ့ဖူးသည္မဟုတ္လား။
အဲ့ဒီရႈံးနိမ့္မႈေၾကာင့္ပင္ ရြမ္မင္မွာ ထိုက္ယန္ကို
အၿငိဳးထားၿပီး ေခ်ာက္တြန္းခဲ့ဖူးပါ၏။
သို႔ေပမယ့္ အဲ့ဒီအခ်က္ေၾကာင့္ပင္
ထိုက္ယန္မွာ ဟုန္လင္က်င္းဆိုသၫ့္နတ္ဆိုးဘုရင္ႀကီးႏွင့္
အခ်စ္ပံုျပင္တစ္ပုဒ္‌ေရးဆြဲခြင့္ရခဲ့သည္ေလ။

တစ္သက္မွာႏွစ္ခါမရႏိုင္သၫ့္ ေရစက္တစ္ခုကို
ဖန္တီးေပးခဲ့တဲ့ ရြမ္မင္ကို
ရွင္း တကယ္ေက်းဇူးတင္မိပါသည္။
ဘာေၾကာင့္လဲဆိုေတာ့
ဒ႑ာရီတစ္ခုႏွယ္ သံုးေလာကမွာထူးဆန္းစြာေပ်ာက္ကြယ္သြားရတဲ့
အႏွီ ေနနတ္ဘုရား ထိုက္ယန္မွာ ရွင္းဆိုသၫ့္သူျဖစ္ခဲ့ၿပီး ဟုန္လင္က်င္းဆိုသၫ့္
နတ္ဆိုးဘုရင္ႀကီးမွာ က်င္းျဖစ္ခဲ့လို႔ပါပဲ။

ခ်ိဳၿမိန္တဲ့ေတြ ့ဆံုမႈႏွင့္ ျမတ္ႏိုးဖြယ္‌ေကာင္းလွသၫ့္အႏွီပံုျပင္ေလးရဲ့
ဇာတ္သိမ္းက အသက္ေပါင္းမ်ားစြာကိုပ်က္စီးေစခဲ့ျခင္းႏွင့္အဆံုးသတ္ခဲ့သည္မဟုတ္ပါက
ရွင္းလည္း အားလံုးရဲ့မွတ္ဉာဏ္ကိုအႏွစ္ရွစ္ေသာင္းအသံုးျပဳျပီး
ဖ်က္ဆီးပစ္ခဲ့မွာမဟုတ္ပါေလ။
အကယ္၍ သူကေနနတ္ဘုရားဆိုတာကို
တစ္စံုတစ္ေယာက္သာ
သိသြားခဲ့ပါက သူ႔ကိုအသံုးခ်ၿပီး က်င္းကိုထပ္မံ၍ရုပ္ေသးရုပ္တစ္ခုႏွယ္၊
ဓားတစ္လက္ႏွယ္ ထိန္းခ်ဳပ္လိမ့္မည္။
ဒါကို သူလက္မခံႏိုင္ပါ။

သို႔မဟုတ္ က်င္းက နတ္ဆိုးဘုရင္ႀကီးဟုန္လင္က်င္း
ဆိုတာသာ တစ္ေယာက္ေယာက္သိသြားခဲ့ရင္
သူတို႔ရဲ့မိသားစုေတြကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့မႈေၾကာင့္
ဓားသြားကိုအသံုးျပဳျပီး က်င္းကိုလက္စားလာ‌ေခ်လိမ့္မည္။
သူကဘာေၾကာင့္ ခြင့္ျပဳေပးႏိုင္မွာတဲ့လဲ။
သူအသက္ရွင္ေနတဲ့အေတာအတြင္းမွာ
က်င္းကိုေသခြင့္ျပဳႏိုင္မွာမဟုတ္ပါ။

ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ့အသြင္အျပင္၊
ေနာက္ေၾကာင္းႏွင့္ပတ္သတ္မႈအားလံုးကို
သူဖ်က္ပစ္ခဲ့သည္။ မည္သူတစ္ဦးတစ္ေယာက္မ်ွ
မမွတ္မိႏိုင္ေအာင္ သူ႔စြမ္းအားေတြႏွင့္
တားဆီးခဲ့သည္။

သို႔ေပမယ့္ အရာအားလံုးကိုဖ်က္ဆီးပစ္လို႔မရသည္မို႔
ေနနတ္ဘုရားနဲ႔နတ္ဆိုးဘုရင္ႀကီးက
ေကာင္းကင္တိုက္ပြဲမွာေတြ ့ခဲ့ၾကၿပီး
တစ္ေယာက္ႏွင့္တစ္ေယာက္ယွဉ္ၿပိဳင္တိုက္ခိုက္ရင္း
ေသဆံုးသြားရသည္ဟုသာ က်န္ရိွေစခဲ့လိုက္သည္။

ခက္တာက မိုးနတ္မင္းမွာ နတ္ဆိုးဘုရင္ႀကီးရဲ့ရတနာလက္နက္ႏွစ္ခုကို
ပိုင္ဆိုင္ထားသည္မို႔ တခ်ိဳ႕အေၾကာင္းအရာေတြကို
မွတ္မိေနေသးသတဲ့ေလ။ ဒါေၾကာင့္ အတိတ္ကအေၾကာင္းအရာေတြ
‌ေနာက္တဖန္ျပန္မျဖစ္ရေလေအာင္ နတ္ဆိုးဘုရင္ငယ္ေတြအားလံုးကို
ျပန္စုစည္းၿပီး မိုးနတ္မင္းကိုတားျမစ္ဖို႔
သူႀကိဳးစားေနရျခင္းျဖစ္သည္။။။။။။။။။။။

က်င္းကိုေနာက္တစ္ႀကိမ္ အမွားေတြက်ူးလြန္ဖို႔
ခြင့္ျပဳမိရင္ အရာရာတိုင္းပ်က္စီးသြားႏိုင္သည္ေလ။။။။။။။။

Unicode:

ကြယ်ရောင်ပျောက်တဲ့ညတစ်ညရဲ့
သန်း‌ခေါင်ယံတစ်ခုမှာ ထူးဆန်းစွာပင်
'နတ်သားရဲ'နယ်မြေရဲ့အရှင်သခင်‌ဟောင်းမြှုပ်နှံထားရာ ကျောက်ဆောင်‌ဆီမှ ပေါက်တူးသံများ
အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။
လက်ဆွဲမီးအိမ်လေးတွေရဲ့အလင်း‌ရောင်‌ကိုအားပြုကာ
ပေါက်တူး၊ သံတူရွင်းစတဲ့ပစ္စည်းတွေကိုသုံးပြီး
နတ်သားရဲအရှင်သခင်ဟောင်းရဲ့အုတ်ဂူကိုဖောက်နေတဲ့ ထိုရာဇဝတ်သားများရဲ့မျက်နှာထက်မှာ ‌ကြောက်ရွံ့ခြင်းဟူသည်
စိုးစဉ်းမျှပင်မရှိ။ လောဘရမက်များသာလျင် ထင်ဟပ်နေခဲ့သည်။

ထိုစဉ် အဝေးတစ်နေရာမှ ဆွဲဆွဲငင်ငင်အူလိုက်တဲ့
‌မြေ‌ခွေး‌တွေရဲ့အသံက လေထုကိုဓားတစ်စင်းနဲ့ခွင်းချလိုက်သလို ပြတ်ပြတ်သားသားထွက်ပေါ်လာခဲ့သည်။

လောဘတကြီးနဲ့ဂူဖောက်နေတဲ့လူတစ်စုမှာ မြေခွေးအူသံကြားသည်နှင့် ဓား‌တွေ၊ သိဒ္ဓိစွမ်းအင်‌တွေကိုအသင့်ပြင်လိုက်ပြီး ကျောချင်းကပ်အနေအထားအတိုင်း
အန္တရာယ်ကိုရင်ဆိုင်လိုက်ကြသည်။

ဒါဟာ နတ်သားရဲအရှင်သခင်ကြီးရဲ့ အ‌စောင့်အရှောက်သားရဲတစ်ကောင်(သို့)အုပ်စုတစ်စုရဲ့အသံသာဖြစ်ပေလိမ့်မည်ဟုထင်မှတ်ထားပေမယ့် သူတို့စိတ်ထဲမှာဘဝင်မကျမှုတချို့လည်း
ပေါ်ပေါက်လာရပြန်သည်။ နတ်သားရဲနယ်မြေမှာ
စုစုပေါင်းမှ သက်ရှိငါးဦးသာရှိသည်။
နတ်သားရဲအရှင်သခင်ကြီးနှင့် သူ့ကိုစောင့်ရှောက်နေတဲ့ သားရဲလေးပါး။
ယခုလက်ရှိနတ်သားရဲအရှင်သခင်ကြီးက ဟော်လင်အရှင်သခင်ဟုသုံးလောကလုံးသိထားကြသည့် မီးဝိဉာဉ်ဖြစ်သည်မို့
သူက တိရစ္ဆာန်တစ်ပိုင်းမဖြစ်တန်ရာ။
ဒီတော့ သူ့ကိုစာရင်းထဲမှပယ်ဖျက်လို့ရသည်။
ဒါဆိုရင် ကြွင်းကျန်ရစ်သည်မှာ အစောင့်အရှောက်သားရဲလေးပါးသာ။
နတ်သားရဲနယ်မြေရဲ့အရှေ့အရပ်ကိုစောင့်ရှောက်နေသူက ဇာမဏီသားရဲဖြစ်ပြီး အနောက်အရပ်ကိုစောင့်ရှောက်နေသူက
နဂါးဖြူဟုခေါ်သည့်သားရဲ‌ဖြစ်သည်။
မြောက်အရပ်ကိုအစိုးရသည်က ကျားဖြူသားရဲဖြစ်ပြီး
တောင်အရပ်ကိုအစိုးရသည်က လိပ်မြွေသားရဲဖြစ်၏။

ဒါဆိုရင် ခုနတုန်းကကြားလိုက်ရတဲ့မြေခွေးအူသံက
ဘယ်ကလာသနည်း။
ထို့ပြင် သူတို့ဒီနယ်မြေထဲအလွယ်တကူဝင်လာနိုင်သည်ကရော တိုက်ဆိုင်မှုတစ်ခုပေလား။ သို့မဟုတ်
‌အစကတည်းက ရှိနေတဲ့ထောင်ချောက်တစ်ခုများလား။
ကောင်းကင်ဘုံရဲ့အနောက်မြောက်အရပ်စစ်သူကြီး
ရွမ်မင်မှာ တွေးရင်းနှင့် ချွေးများပင်ရွဲနစ်လာရချေပြီ။
မိုးနတ်မင်းရှာခိုင်းသည့်ပစ္စည်းကို အစအနပင်မမြင်ရသေးခင်မှာ
အခုလိုအန္တရာယ်ကြုံတွေ့ရသည်ဆိုတာက
ပြန်လမ်းမရှိနိုင်သည့်ချောက်ကမ်းပါးထဲပြုတ်ကျရသလိုပါ။
ဒါကြောင့်ဖြစ်ချင်ရာဖြစ်ပါစေဆိုပြီး သူတို့လာရှာသည့် ပစ္စည်းကိုဆက်လက်ရှာဖွေခိုင်းရ‌တော့သည်။

"ဆက်ရှာကြစမ်း!!! "

နတ်အရာရှိလေးတွေမှာ စစ်သူကြီး၏အမိန့်ကိုဖီဆန်ရန် မတတ်စွမ်းနိုင်တာကြောင့်
ပေါက်တူးကိုသာထပ်မံဆွဲကိုင်လိုက်ရပြန်သည်။
နတ်သားရဲနယ်မြေမှာထင်တိုင်းကြဲနေတာက
ဟော်လင်အရှင်သခင်ကို မခန့်လေးစား‌စိန်ခေါ်လိုက်တာနှင့်တူနေပေမယ့်
သူတို့မှာရွေးချယ်စရာများများစားစားမရှိပါပေ။
မိုးနတ်မင်းရဲ့ထိန်းချုပ်မှုကို တွန်းလှန်နိုင်ခြင်းမရှိသည်မို့
သုံးလောကကနေ နှစ်ပေါင်းများစွာတိုင်အောင်
ပျောက်ကွယ်နေသည့် ဟော်လင်အရှင်သခင်ကိုသာ
အပြစ်ပြုရပါတော့မည်။

ဒဏ္ဍာရီလာယုံတမ်းစကားတွေအရ...
ဟော်လင်အရှင်သခင်မှာ ကြင်နာတတ်သည့်စိတ်ဝိဉာဉ်ရှိပေမယ့် သူ့ရဲ့အမှောင်ဘက်မှစိတ်ဝိဉာဉ်က ရက်စက်လွန်းသည်ဟုဆို၏။ သူ့ဆီကတစ်စုံတစ်ရာလုယူသွားသည့်သူကို
ချက်ချင်းမတိုက်ခိုက်ပဲ သွေးစွန်းတဲ့မြင်ကွင်းမျိုးမှာ
သူစိတ်ကျေနပ်လောက်တဲ့အထိ ကပြဖျော်ဖြေခိုင်းပြီးမှ အသက်ကိုနုတ်ယူတတ်သည်တဲ့။

ဒါကြောင့် သူ့ကိုအ‌မှောင်‌စိတ်ဖုံးလွှမ်းနေတဲ့စိတ်ဝိဉာဉ်ကို
ထိ‌တွေ့ဖူးသူများက
'သွေးဆာနေတဲ့မိစ္ဆာ'လို့‌ပြောင်းလဲခေါ်တတ်ကြသည်ဟူ၏။

ရွမ်မင်နှင့် နတ်အရာရှိငယ်တချို့မှာ
လာမယ့်ဘေးပြေးတွေ့ရန် အသင့်ပြင်နေကြစဉ်
အမှောင်ရိပ်ထဲမှ အစွယ်ဖွေးဖွေးနဲ့ မြေခွေးကြီးသုံးကောင် ပြေးလာတာကိုထိတ်လန့်ဖွယ်မြင်လိုက်ရ‌တာကြောင့်
ကြက်သေသေသွားရတော့သည်။
ဘယ်လောက်ပဲ သတ္တိရှိပါတယ်ပြောပြော
သူတို့အရပ်ထက်နှစ်ဆ‌လောက်မြင့်မားနေတဲ့ မြေခွေးကြီးတွေကိုမြင်လိုက်ရတဲ့အချိန်မှာ
ကြောက်စိတ်ဝင်လာမိတာကတော့အမှန်။

"သတ်"

ထိုခဏ၌အမှောင်ရိပ်ထဲမှ
ထွက်ပေါ်လာတဲ့အေးခဲ‌ခြောက်ကပ်လှတဲ့
အသံတစ်ခုကိုကြားလိုက်ရတဲ့နောက်မှာတော့ မြေခွေးကြီးတွေက သူတို့ကိုခုန်အုပ်လိုက်တော့သည်။
‌ကြောက်လန့်တကြားနဲ့ရုန်းကန်ကြရင်း
လက်ထဲမှဓား‌တွေလည်း လွင့်ထွက်သွားခဲ့ပြီမို့
မြေခွေးကြီးတွေရဲ့အစွယ်နဲ့လက်သည်းတွေကြားမှာ နတ်အရာရှိငယ်အချို့၏ဘဝတွေက ဓားအောက်မှာရှိနေတဲ့
အသားတစ်တွေလို ဖြစ်နေခဲ့ရ‌လေပြီ ။
ရွမ်မင်သည်ပင် သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာဗလာပြွဖစ်နေပြီမို့ သူ့ငယ်သားတွေကို
ကယ်တင်ရန်မတတ်စွမ်းနိုင်တော့ပါ။

ငရဲပွတ်သလိုမျိုး ဆူညံပွတ်လောရိုက်နေတဲ့မြင်ကွင်းကို
ကြည့်နေတဲ့ ရှင်းရဲ့မျက်လုံးတွေကစူးရဲတောက်ပနေပြီး
နှုတ်ခမ်းတွေကပြုံးရောင်သမ်းနေခဲ့သည်။
‌အနီရောင်မေဘယ်လ်ရွက်တွေနှင့်အလှဆင်ထားသည့်
ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလို တွန့်ကွေးနေတဲ့
သူ့အပြုံးတွေကလှပလွန်းပေမယ့် အသက်တော့သိပ်မပါလှပါ။

အားလုံး ဒဏ်ရာတွေနဲ့မလှုပ်နိုင်တော့တဲ့အချိန်ကျမှာတော့ သူကမှောင်ရိပ်ထဲကနေ လူတစ်စုခြံရံပြီးထွက်လာခဲ့သည်။ အသေအချာပြောရမည်ဆိုလျင်တော့
ထူးဆန်းသည့်သတ္တဝါလေးကောင်နှင့် မိန်းမပျိုတစ်ဦးခြံရံပြီးထွက်လာသည်ဟုပြောရင်
ပိုမှန်လိမ့်မည်။
ထိုသူများမှာ
အခြားမဟုတ်ပေ။
နတ်သားရဲလေးပါးနှင့်ပိုင်ဟယ်သခင်မသာဖြစ်သည်။

လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေမှာ
ဝတ်ဆင်ထားတဲ့
ရွှေ‌ရောင်လက်စွပ်လေးတွေကိုပွတ်သပ်ရင်း
ရှင်းကခပ်ဟဟရယ်သည်။ သူ့ရယ်သံတွေကခြောက်ကပ်လွန်းသည်မို့
ကြားရသူရဲ့စိတ်ဝိဉာဉ်ကိုဝါးမျိုတော့မလိုပင်
ထင်ရစေသည်။ တကယ်တမ်းမှာတော့ ရှင်းမှာအတိတ်တစ်ချိန်တုန်းက မိုးနတ်မင်းရဲ့စနက်ကြောင့် ထောင်သောင်းချီတဲ့ဒဏ်ရာတွေကို အညှာအတာကင်းမဲ့စွာ သူခံစားခဲ့ရသည်ကို
ပြန်မြင်ယောင်ရင်း ဟားတိုက်ရယ်မောမိခြင်းသာဖြစ်၏။
အစောပိုင်းတုန်းက ရန်ဆောင်နေတဲ့
မြေခွေးကြီးတွေကတော့ ပိုင်ဟယ်သခင်မ(ဟုန်ဟွမ့်)ရဲ့
လက်ထဲမှာရှိနေသည့် ပိုင်ရှုဖူအမည်ရသည့်
ကျာပွတ်ထဲသို့ အသီးသီးဝင်ရောက်ပျောက်ကွယ်သွားကြပြီဖြစ်သည်။

ရှင်းက ‌ပွင့်ခါနီးပြီဖြစ်သောဂူကိုတစ်ချက်ကြည့်လိုက်ကာ
သူ့ရဲ့ရှည်လျားလှတဲ့ လက်ချောင်းသွယ်သွယ်လေးတွေ
ကြားမှာ လက်ဖျောက်သံတစ်ချက်ထွက်‌ပေါ်
လာ‌အောင်ဖန်တီးလိုက်သည်။
လက်ဖျောက်သံကြားလိုက်ရသည်နှင့်
ရှင်းရဲ့အနောက်မှာရပ်နေတဲ့ နဂါးကြီးက
ရွမ်မင်ကိုအမြီးနှင့်ယမ်းလိုက်ပြီး
ရှင်းအရှေ့မှာဒူးထောက်ဝပ်တွားစေလိုက်သည်။

ရှင်းကနှစ်လိုဖွယ်‌ကောင်း‌အောင်ပြုံးလိုက်ပြီး
ရွမ်မင်ကိုမေးခွန်းတချို့မေးလိုက်၏။

"နတ်သားရဲနယ်မြေမှာ စိတ်ထဲရှိတဲ့အတိုင်း
ထင်ရာစိုင်းနေတာက ငါ့ကိုမျက်လုံးထဲထည့်မထားတာများလား....

မင်းတို့ရဲ့မိုးနတ်မင်းက ငါ့ရဲ့တပည့်ဖြစ်ခဲ့တယ်ဆိုတဲ့
အချက်ကိုမေ့နေပြီထင်တယ်....
ငါပြောတာဟုတ်ရဲ့လား"

ရွမ်မင်မှာကြောက်လွန်းလို့အသံပင်မထွက်နိုင်တော့ချေ။ ဟော်လင်အရှင်သခင်က မိုးနတ်မင်းသာမက ၊
နတ်ဘုရားအကြီးအကဲဟွားရန်နှင့် တစ်ချိန်ကသုံးလောကကိုတစ်ပေါင်းတစ်စည်းတည်း
အုပ်ချုပ်နိုင်ခဲ့သည့် ကောင်းကင်မင်းကြီး ဝမ်ယွဲ့ရဲ့
ဆရာဖြစ်ခဲ့ဖူးတာကို သူမသိပဲနေပါ့မလား။
သို့ပေမယ့် နေနတ်ဘုရားနှင့်နတ်ဆိုးဘုရင်တိုက်ခိုက်ခဲ့ကြသည့်
ကောင်းကင်တိုက်ပွဲနောက်ပိုင်း၌ မိုးနတ်မင်းက
ထင်ရာစိုင်းလာသည်မို့ သူတို့လည်း
ဟော်လင်အရှင်သခင်ကိုမျက်ကွယ်ပြုပြီး
မိုးနတ်မင်းကြိုးဆွဲရာ
ကခဲ့ရခြင်းဖြစ်သည်။
အခုတော့ ဟော်လင်အရှင်သခင်ရဲ့လက်ထဲမှာ
သေမလား၊ ရှင်မလားပင် မတွေးတတ်တော့လောက်အောင်ဖြစ်ခဲ့ရချေပြီ။
အကြောင်းပြချက်တွေ တောင်စဉ်ရေမရလျှောက်ပေးပြန်ရင်လည်း
မဖြစ်ပြီမို့ သေချင်ရင်သေပါစေတော့ဟုဆိုကာ
စိတ်ကိုလျော့ထားလိုက်တော့သည်။
သူကဆို၏။

"ကျွန်တော်မျိုးမဝံ့ရဲပါဘူး....ဟော်လင်အရှင်သခင်"

ရှင်းကမျက်ခုံးနှစ်ဖက်ကြားရှိ နဖူးပြင်ပေါ်က အနီရောင်ရှည်မျောမျောအမှတ်အသားလေးကို
လက်နဲ့ထိနေရင်း သူ့ကိုပြန်မေးလာသည်။

"ဘာကိုလာယူခိုင်းတာလဲ"

"အလင်းမဲ့ကျောက်တုံးပါ ......

မိုးနတ်မင်းက လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်သောင်းတုန်းက
ရုတ်တရက်ကြီး အားလုံးရဲ့မှတ်ဉာဏ်ထဲကနေပျောက်ကွယ်သွားခဲ့တဲ့
နေနတ်ဘုရား ထိုက်ယန်နဲ့ နတ်ဆိုးဘုရင်ကြီး
ဟုန်လင်ကျင်းရဲ့အကြောင်းအရာတွေကို
ပြန်မှတ်မိချင်လို့ အလင်းမဲ့ကျောက်တုံးကိုဆောင်ယူလာခိုင်းတာပါ..."

"ဘယ်လိုအကြောင်းအရာများလဲ.....
သူတို့နှစ်ယောက်ရဲ့မျက်နှာသွင်ပြင်နဲ့
အတွင်းရေးပတ်သတ်မှုအကြောင်းအရာတွေလား"

ပြတ်တောင်းလှတဲ့စကားသံ‌ကြောင့် ရွမ်မင်မျက်လုံးပင့်ကြည့်လိုက်မိသည်။
ဘာအကြောင်းကြောင့် ဟော်လင်အရှင်သခင်က
မိုးနတ်မင်းရဲ့စိတ်အမှန်ကိုမြင်နေရပါလိမ့်။
ရေရှည်ဖြစ်တည်ခဲ့တဲ့ ဆရာတပည့်သံယောဇဉ်ကြောင့်များလား။
သူမတွေးတတ်တော့။
ထိုစဉ် အသံတစ်စကရှင်းရဲ့
နှုတ်ခမ်းဖျားမှပြန်လည်ထွက်ပေါ်လာခဲ့သည်။

"ရွမ်မင်.....
သွေးချောင်းစီးပြီး သွေးမိုးဖြိုင်ဖြိုင်ကျခဲ့တဲ့
နေ့ရက်တွေကို မင်းသတိရချင်သေးလား"

"မရချင်ပါဘူး....ဟော်လင်အရှင်သခင်"

"ငါရောပဲ..... အဲ့ဒီနေ့ရက်တွေက ပုံပြင်တစ်ပုဒ်လို၊
ဒါမှမဟုတ် ယုံတမ်းစကားတွေလိုပဲရှိသင့်တယ်.....

ဘယ်သူကမှ ထိုက်ယန်နဲ့ဟုန်လင်ကျင်းရဲ့မျက်နှာကို
မှတ်မိဖို့မသင့်တော့သလို....
သူတို့နှစ်ယောက်ကိုအသုံးချပြီး
ကမ္ဘာကြီးကိုနောက်တစ်ကြိမ်ထိန်းချုပ်ဖို့
မလုပ်သင့်တော့ဘူး......"

"ဟုတ်ကဲ့"

"အလင်းမဲ့ကျောက်တုံးကိုလာရှာတာမလား....
ငါအဲ့ဒီကျောက်တုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်ခွဲပြီး
ဝါးမျိုပစ်လိုက်ပြီ.....

မင်းရဲ့မိုးနတ်မင်းဆီကို အဲ့ဒီအတိုင်းပဲအ‌ကြောင်းပြန်လိုက်ပါ...."

"ဟုတ်ကဲ့"

"အာ....နေဦး"

ရှင်းက လှည့်ထွက်မည်ပြုပြီးမှ သူ့ဘေးမှာရှိ‌နေတဲ့ ဇာမဏီသားရဲကို လက်ဟန်တစ်ချက်ပြလိုက်သည်။
ဘာအဓိပ္ပာယ်ဆိုတာမသိသည်မို့ ရွမ်မင်မှာ
တံတွေးပင်မျိုချမိချေပြီ။ စိတ်ထဲမှာလည်း

' ငယ်ငယ်ရွယ်ရွယ်နဲ့ သေရတော့မှာပါလား '

လို့ယူကြုံးမရဖြစ်စွာနှင့်အော်ဟစ်နေမိ‌တော့၏။

သို့သော် လက်တွေ့ကစိတ်ကူးနှင့်လုံးဝကွဲလွဲသွား
ခဲ့၏။ ဇာမဏီသားရဲက သူ့ကိုအန္တရာယ်မပြုဘဲ တောင်ပံတစ်ချက်သာပြင်းပြင်းခပ်လိုက်ပါ၏။

အေးခနဲဖြစ်သွားတဲ့အသိနှင့်အတူ ရွမ်မင်မှာ
လေထဲသို့လွင့်ပါသွားတော့သည်။
ဘယ်အရာကိုမှဖမ်းဆုပ်ခွင့်မရသည်မို့
သူ့ဝိဉာဉ်ဟာ ဒရောသောပါးနှင့်အလဲလဲအပြိုပြို။
တစ်ခါတစ်ရံမှာ မြင့်သွန်းလွန်းတဲ့ချောက်ပါးမှာအပေါ်မှာ
ရပ်နေရသလို ရင်တထိတ်ထိတ်နှင့်။
တစ်ခါတစ်လေတော့လည်း ချောက်ထဲကန်ချခံလိုက်ရသည့်နှယ် ရင်ထဲမှာ
ဘာမှမကျန်တော့လောက်အောင် အေးခဲနေလျက်။

နောက်ဆုံးမှာတော့ သူ့နားထဲသို့အဆက်မပြတ်ခေါ်နေတဲ့အသံတစ်ခုကတိုးဝင်လို့လာခဲ့သည်။

"စစ်သူကြီး.....စစ်သူကြီး....."

"စစ်သူကြီး ထပါတော့......စစ်သူကြီး"

ထိုစဉ်အသက်ရှုရသည်မှာ
တဖြည်းဖြည်းနှင့်ခက်လာသည်မို့
သူပါးစပ်ဖွင့်ပြီးရနိုင်သမျှလေကိုမျိုချလိုက်မိပါ၏။
မြှောက်တက်သွားသော ခန္ဓာကိုယ်နှင့်အတူ
သူ့အသိစိတ်တွေက ပြန်လည်လာခဲ့သည်။
ပထမဆုံးအနေနှင့် သတိထားလိုက်မိသည်က

"စစ်သူကြီး နိုးလာပြီ......"

ဆိုသည့်ဝမ်းသာအားရအော်လိုက်သည့်အသံတစ်ခု။
ထိုနောက် သူ့မြင်ကွင်းထဲဝင်လာသည်က
ခုနလေးတင်သေဆုံးသွားခဲ့သည့်
သူ့လက်အောက်ကအရာရှိငယ်လေးများ။
ထူးဆန်းသည်ကတော့ သူအပါအဝင်တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာမှ
သွေးစွန်းရာတစ်စိုးတစ်စိမျှပင်ရှိမနေခဲ့ခြင်းပါပဲ။

"ခုနတုန်းက ငါတို့ဒဏ်ရာရသွားခဲ့တယ်မလား"

သူ့အမေးကို ဘေးမှာရှိနေတဲ့အရာရှိငယ်လေးတစ်ယောက်ကပြန်ဖြေလို့လာသည်။

"ဟုတ်တယ် စစ်သူကြီး.....ကျွန်တော်တို့အားလုံးဒဏ်ရာရသွားခဲ့တယ်"

နောက်တစ်ယောက်ကပါ ထပ်မံဝင်ပြော၏။

"ကျွန်တော်ဆိုရင် သေပါသေသွားတာ....
ဒါပေမယ့် ခုနတုန်းကအိပ်မက်ကနေလန့်နိုးသလိုဖြစ်ပြီး
နတ်သားရဲနယ်မြေအပြင်ဘက်ကိုပြန်ရောက်လာခဲ့တာပဲ"

"ဟုတ်တယ်....ဟုတ်တယ်"

နောက်ဆုံးမှာတော့ အားလုံးကတင်ထောက်ခံကြသည်မို့
သူလက်မခံချင်ပဲလက်ခံလိုက်ရချေပြီ။
သေတဲ့သူကိုအသက်ပြန်သွင်းတဲ့အတတ်ပညာဆိုတာက တစ်ခါမျှပင်မရှိခဲ့ဖူးတာပါလေ။
ဒါဆိုရင် ဟော်လင်အရှင်သခင်က
သူတို့ကိုဘယ်လိုအသက်ပြန်သွင်းပေးလိုက်ပါလိမ့်။
ထိုအချိန်မှာ သူ့ခေါင်းထဲသို့အတွေးတချို့ဝင်လာခဲ့ပြန်သည်။

' ငါတို့ဘယ်တုန်းကမှ နတ်သားရဲနယ်မြေထဲမဝင်ရသေးတာများလား '

ရွမ်မင်မှာ မြေပြင်ပေါ်ကနေအလူးအလဲထလိုက်ပြီး
ပတ်ဝန်းကျင်အခြေအနေကိုသေချာလေ့လာကြည့်လိုက်မိသည်။ ‌သူ့မျက်စိရှေ့မှာရှိနေတဲ့အရာအားလုံးက
သာမန်အတိုင်းသာရှိနေပြီး ထူးခြားချက်တစ်ခုတစ်လေမျှ
ရှိမနေခဲ့ပါ။ သစ်ရွက်များကစိမ်းစိုနေပြီး
‌မြင်ကွင်းတွေကလည်းကြည်လင်ပြတ်သားကာ
ရှင်းလင်းနေပါ၏။

သို့ပေမယ့် မနေ့တုန်းက သူတို့ရောက်လာစဉ်မှာ
မြူမှုန်စတွေနှင့်မီးခိုးငွေ့တွေက နေရာအနှံ့မှာ
ရှိနေခဲ့သည်။ အထူးသဖြင့်သစ်ပင်များမှာ
ခြောက်သွေ့အိုဟောင်းနေပြီး အရွက်တစ်ရွက်မှပင်ရှိ‌မနေခဲ့ပါလေ။
ပြီးတော့ သူ့ဘက်တောင်ပံလှည့်ပြီးခတ်လိုက်တဲ့
ဇာမဏီနတ်သားရဲကလည်း ယခုအချိန်မှာ
သူတို့အရှေ့တွင်ရှိနေသည့် ဇာမဏီရုပ်ထုနှင့်
တစ်ထေရာတည်းတူနေ၏။

သူရိပ်မိလိုက်ချေပြီ။ သူတို့အုပ်စုမှာဘယ်တုန်းကမှ နတ်သားရဲနယ်မြေထဲဝင်ခွင့်မရလိုက်ပဲ
ဇာမဏီသားရဲဖန်ဆင်းထားသည့် ပုံရိပ်ယောင်နယ်မြေထဲသို့သာရောက်သွားခြင်းဖြစ်ရမည်။ သို့ကြောင့်သာ ဇာမဏီသားရဲတောင်ပံခတ်လိုက်သည်နှင့်
လက်ရှိအခြေအနေကိုပြန်ရောက်လာတာပေါ့။

ရွမ်မင်မှာနိမ့်ချည်မြင့်ချည်ဖြစ်နေသော
ရင်ဘတ်ကို သူ့ငယ်သားတွေမမြင်အောင်
ထိန်းသိမ်းရန်မစွမ်းသာခဲ့ပါ။ နတ်သားရဲတစ်ကောင်ကပင်ဤမျှလောက်
စွမ်းအားကြီးနေသည်ဆိုရင်
‌ဟော်လင်အရှင်သခင် ရှင်းရဲ့စွမ်းအားက
ဘယ်လောက်တောင်ရှိနေမလဲ။
သူမခန့်မှန်းတတ်တော့ပါ။
သို့ဖြစ်၍  မြေပေါ်ကျနေတဲ့ဓားကိုပြန်လည်ကောက်ယူကာ
ကောင်းကင်ဘုံသို့အလျင်အမြန်ပြန်‌ပြေးရတော့၏။
မဟုတ်ရင် သူတို့အရိုးတခြား၊အသားတခြားနှင့်
အိပ်မက်ထဲကအတိုင်းဖြစ်သွားလိမ့်မည်လေ။။။။။။

ထွက်ပြေးသွားတဲ့အုပ်စုကိုကြည့်ရင်း
ရှင်းအားမလိုအားမရနှင့်ခေါင်းခါမိသည်။
တကယ်ဆိုရင် သူ့ဆီကိုလာတဲ့သူက
ရွမ်မင်ထက်စွမ်းအားကြီးပြီး တိုက်ရည်ခိုက်ရည်ကောင်းမွန်သည့်သူဖြစ်ရမည်မဟုတ်လား။ အခုတော့ သူလက်တစ်ချောင်းနှင့်မျှ
မတိုက်ခိုက်လိုက်ရ‌သေးခင်မှာ ရွမ်မင်ကထွက်ပြေးသွားရချေပြီ။
တကယ်တော့ သူ့စွမ်းအားရဲ့တစ်ဝက်ခန့်သာရှိသည့်
နေနတ်ဘုရား ထိုက်ယန်ကိုပင် ရွမ်မင်က
စွမ်းရည်ပြိုင်ပွဲမှာရှုံးခဲ့ဖူးသည်မဟုတ်လား။
အဲ့ဒီရှုံးနိမ့်မှုကြောင့်ပင် ရွမ်မင်မှာ ထိုက်ယန်ကို
အငြိုးထားပြီး ချောက်တွန်းခဲ့ဖူးပါ၏။
သို့ပေမယ့် အဲ့ဒီအချက်ကြောင့်ပင်
ထိုက်ယန်မှာ ဟုန်လင်ကျင်းဆိုသည့်နတ်ဆိုးဘုရင်ကြီးနှင့်
အချစ်ပုံပြင်တစ်ပုဒ်‌ရေးဆွဲခွင့်ရခဲ့သည်လေ။

တစ်သက်မှာနှစ်ခါမရနိုင်သည့် ရေစက်တစ်ခုကို
ဖန်တီးပေးခဲ့တဲ့ ရွမ်မင်ကို
ရှင်း တကယ်ကျေးဇူးတင်မိပါသည်။
ဘာကြောင့်လဲဆိုတော့
ဒဏ္ဍာရီတစ်ခုနှယ် သုံးလောကမှာထူးဆန်းစွာပျောက်ကွယ်သွားရတဲ့
အနှီ နေနတ်ဘုရား ထိုက်ယန်မှာ ရှင်းဆိုသည့်သူဖြစ်ခဲ့ပြီး ဟုန်လင်ကျင်းဆိုသည့်
နတ်ဆိုးဘုရင်ကြီးမှာ ကျင်းဖြစ်ခဲ့လို့ပါပဲ။

ချိုမြိန်တဲ့တွေ့ဆုံမှုနှင့် မြတ်နိုးဖွယ်‌ကောင်းလှသည့်အနှီပုံပြင်လေးရဲ့
ဇာတ်သိမ်းက အသက်ပေါင်းများစွာကိုပျက်စီးစေခဲ့ခြင်းနှင့်အဆုံးသတ်ခဲ့သည်မဟုတ်ပါက
ရှင်းလည်း အားလုံးရဲ့မှတ်ဉာဏ်ကိုအနှစ်ရှစ်သောင်းအသုံးပြုပြီး
ဖျက်ဆီးပစ်ခဲ့မှာမဟုတ်ပါလေ။
အကယ်၍ သူကနေနတ်ဘုရားဆိုတာကို
တစ်စုံတစ်ယောက်သာ
သိသွားခဲ့ပါက သူ့ကိုအသုံးချပြီး ကျင်းကိုထပ်မံ၍ရုပ်သေးရုပ်တစ်ခုနှယ်၊
ဓားတစ်လက်နှယ် ထိန်းချုပ်လိမ့်မည်။
ဒါကို သူလက်မခံနိုင်ပါ။

သို့မဟုတ် ကျင်းက နတ်ဆိုးဘုရင်ကြီးဟုန်လင်ကျင်း
ဆိုတာသာ တစ်ယောက်ယောက်သိသွားခဲ့ရင်
သူတို့ရဲ့မိသားစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုကြောင့်
ဓားသွားကိုအသုံးပြုပြီး ကျင်းကိုလက်စားလာ‌ချေလိမ့်မည်။
သူကဘာကြောင့် ခွင့်ပြုပေးနိုင်မှာတဲ့လဲ။
သူအသက်ရှင်နေတဲ့အတောအတွင်းမှာ
ကျင်းကိုသေခွင့်ပြုနိုင်မှာမဟုတ်ပါ။

ဒါကြောင့် သူတို့နှစ်ယောက်ရဲ့အသွင်အပြင်၊
နောက်ကြောင်းနှင့်ပတ်သတ်မှုအားလုံးကို
သူဖျက်ပစ်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ
မမှတ်မိနိုင်အောင် သူ့စွမ်းအားတွေနှင့်
တားဆီးခဲ့သည်။

သို့ပေမယ့် အရာအားလုံးကိုဖျက်ဆီးပစ်လို့မရသည်မို့
နေနတ်ဘုရားနဲ့နတ်ဆိုးဘုရင်ကြီးက
ကောင်းကင်တိုက်ပွဲမှာတွေ့ခဲ့ကြပြီး
တစ်ယောက်နှင့်တစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ရင်း
သေဆုံးသွားရသည်ဟုသာ ကျန်ရှိစေခဲ့လိုက်သည်။

ခက်တာက မိုးနတ်မင်းမှာ နတ်ဆိုးဘုရင်ကြီးရဲ့ရတနာလက်နက်နှစ်ခုကို
ပိုင်ဆိုင်ထားသည်မို့ တချို့အကြောင်းအရာတွေကို
မှတ်မိနေသေးသတဲ့လေ။ ဒါကြောင့် အတိတ်ကအကြောင်းအရာတွေ
‌နောက်တဖန်ပြန်မဖြစ်ရလေအောင် နတ်ဆိုးဘုရင်ငယ်တွေအားလုံးကို
ပြန်စုစည်းပြီး မိုးနတ်မင်းကိုတားမြစ်ဖို့
သူကြိုးစားနေရခြင်းဖြစ်သည်။။။။။။။။။။။

ကျင်းကိုနောက်တစ်ကြိမ် အမှားတွေကျူးလွန်ဖို့
ခွင့်ပြုမိရင် အရာရာတိုင်းပျက်စီးသွားနိုင်သည်လေ။။။။။။။။

© Sun Elf,
книга «The truth untold».
Коментарі