Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 18
ကိုယ္ေပၚမွာဖံုးလႊမ္းထားတဲ့
ဝတ္ရံုနီသည္ ‌နီေဆြးေဆြးေမဘယ္လ္ရြက္မ်ားႏွင့္
တူသလိုရိွေပမယ့္ ၾကက္ေသြးေရာင္သို႔လည္း
အနည္းငယ္သြားလ်က္ရိွသည္။
ေသခ်ာၾကၫ့္ရမည္ဆိုလ်ွင္
ေသြးေတျြဖင့္ဖံုးလႊမ္းေနေသာ
ဝတ္ရံုကိုဝတ္ထားရသၫ့္ႏွယ္။

ေႂကြေရာင္သမ္းေနေသာ အသားအရည္မွာ
ေရခဲေတာင္တန္းေဒသမွာက်ဆင္းေနသၫ့္
ႏွင္းပြင့္ေတြအလား၊ ေဖြးဆြတ္ေနသည္မို႔
မွင္ရည္ေရာင္သမ္းေနေသာ
ဆံႏြယ္ရွည္မ်ားကို ပိုမိုနက္ေမွာင္‌ေစေနသလို။

သို႔ေပမယ့္ ထိုသို႔ေသာအလွအပမ်ိဳးေတျြဖင့္
ျခယ္သျခင္းခံထားရသၫ့္
ရွင္းမွာ မ်က္လံုးဖြင့္ျပဖို႔ပင္
တြန႔္ဆုတ္ေနခဲ့သည္။
အသက္ရႈသံပင္ရိွပါေသးရဲ့ေလစြဟု
ထင္ရေလာက္ေအာင္တိုးေဖ်ာ့ေနသည္က
သူ႔ကိုအားနည္းသၫ့္ပံုေပၚေစသည္။

အၿမဲတေစနီေဆြးေနတတ္ေသာႏႈတ္ခမ္းအစံုက
ျဖဴေဖ်ာ့ေဖ်ာ့ႏွင့္ေသြးစုပ္ခံထားရသၫ့္
အေလာင္းတစ္ခုႏွယ္။

ဖန႔္ယြင္မွာ သူ၏ညီငယ္ေလးကို
ရပ္‌ၾကၫ့္ေနႏိုင္စြမ္းမရိွေတာ့ၿပီမို႔
မ်က္လႊာခ်ထားလိုက္ရေတာ့သည္။
ရွဲ႔ယန္သည္ကား သူ႔ထက္ပင္ပိုလို႔ဆိုးေသး၏။
ေက်ာပါခိုင္းထားခဲ့ၿပီေလ။

ရွင္းဆီကိုစြမ္းအင္ေတြလႊဲေျပာင္းေပးၿပီး
သတိျပန္လည္လာေအာင္လုပ္ေပးခ်င္ေပမယ့္၊
စြမ္းအင္ျဒပ္စင္ေတြကမတူညီသည္မို႔
ရွင္းကိုပိုလို႔သာဒုကၡေပးသလိုျဖစ္သြားႏိုင္သည္။
ေလာကမွာတစ္ဦးတည္းပိုင္ဆိုင္ေသာ
မီးျဒပ္စင္မွာ တုႏိႈင္းမရေအာင္စြမ္းအားႀကီးေသာ္ျငား၊
ယခုလိုအေျခအေနမ်ားတြင္ အသံုးမဝင္မႈမ်ားသာ
ျဖစ္ေပၚေစ၏။

အကယ္၍ ရွင္းမွာသာ သစ္သားျဒပ္စင္၊
သတ္္ထုျဒပ္စင္ ၊ ဒါမွမဟုတ္ ေရျဒပ္စင္သာ
ရိွေစဦးေတာ့ ၊ သူတို႔အကူအညီေပးလို႔ရေသးသည္မဟုတ္ပါလား။
ေရျဒပ္စင္မွာ ေရနတ္သားမွာသာရိွသည္ဆိုေပမယ့္
မိုးနတ္မင္းခ်ိဳးယြဲ႔၏ တိမ္မ်ိဳးႏြယ္စုသည္လည္း
ေရျဒပ္စင္ကိုအသံုးျပဳသည္မို႔
မ်ိဳးတူရာအသံုးျပဳ၍ ရႏိုင္ေသးသည္ေလ။

အခုေတာ့ ဘာမွမလုပ္ႏိုင္သည္မို႔
ရွင္းရဲ့ဝိဉာဉ္ဓာတ္ျပန္လည္အားျပၫ့္လာမၫ့္အခ်ိန္ကိုသာ ေစာင့္ဆိုင္းရေတာ့မည္ျဖစ္သည္။
ေရြးခ်ယ္စရာမရိွသၫ့္ကိစၥရပ္မ်ားသည္
လက္ခံႏိုင္ဖို႔ခက္ခဲလွသၫ့္အျပင္၊
ရင္ကိုအပ္နဲ႔ထိုးဆြခံရသလို နာက်င္ေစ၏။

ဒါေပမယ့္ ဘယ္တတ္ႏိုင္ပါ့မလဲ။။။။။

ကံၾကမၼာကိုေျပာင္းလဲလို႔မွမရႏိုင္ပဲ။

ရပ္ၾကၫ့္ေနရေတာ့မွာေပါ့‌။

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

တိမ္လႊာေတြကိုျဖတ္သန္းၿပီးစီးဆင္းလာသၫ့္
ေရစီးေၾကာင္းေလးမ်ားသည္ ေရတံခြန္မ်ားႏွယ္
စိတ္ညို႔ေရကန္ထဲသို႔စီးဝင္လ်က္ရိွသည္။

ေရစီးသံတဝုန္းဝုန္းက ‌ပုေလြသံခပ္ျပင္းျပင္းႏွင့္
တူေပမယ့္ စိတ္ညို႔ေရကန္ထဲမွာေတာ့
ညင္သာသၫ့္ပုေလြသံခပ္တိုးတိုးကဲ့သို႔သာ
ျပန႔္လြင့္ေနခဲ့၏။

အေရာင္တလဲ့လဲ့လက္ေနခဲ့ေသာ
ေရကန္ထဲရိွေရမ်ားမွာ ေနေရာင္ေအာက္တြင္
လွခ်င္တိုင္းလွလို႔ေနသည္။
ကန္အလယ္မွာရိွတဲ့ နန္းေဆာင္ႀကီးမွာလည္း
ယေန့မွပို၍ခမ္းနား‌လို႔ေနသလိုလို။

သို႔ေပမယ့္ ထိုနန္းေဆာင္၏အရွင္သခင္ျဖစ္သည့္
က်င္းမွာအခ်ိန္မေစ့ေသးပဲ
အသြင္းေျပာင္းလိုက္ရေသာေၾကာင့္
အခုထက္ထိပင္ စိတ္ညို႔ေရကန္ထဲတြင္
ေခါင္းေလးတစ္လံုးျဖင့္သာ ရိွေနခဲ့၏။

က်င္းသည္ သူ႔အျဖစ္ကိုသူစိတ္ပ်က္ကာ
သက္ျပင္းေမာမ်ားသာအႀကိမ္ႀကိမ္ခ်ေနမိ၏။
စိတ္ညို႔ေရကန္လိုေကာင္းကင္ဘံုရဲ့ရတနာထဲတြင္
ေခါင္းတစ္လံုးျဖင့္သာရိွေနရသည္မွာ
မ်က္ႏွာေျပာင္တိုက္လြန္းေနသလို
ထင္ဟပ္ေနေပလိမ့္မည္။

သူတစ္ပါးကိုစေနာက္ခ်င္သၫ့္အတြက္
ထိုအသြင္ကိုယူထားသၫ့္ႏွယ္၊
ဟာသဆန္လြန္းလွေပ၏။
ရွက္စိတ္က ငယ္ထိပ္ကိုေျပးေဆာင့္ေသာအခါ၊
ဆရာျဖစ္သူကိုအလိုလိုသတိရမိ၏။

အရင္တုန္းကေတာ့ သူ႔မွာရွင္းရိွခဲ့သည္။

အၿမဲတမ္းရိုက္ႏွက္ေနတတ္‌ေပမယ့္၊
အၿမဲတေစသူ႔ကိုအေဝးမွာသာေနခိုင္းခဲ့ေပမယ့္၊
ကာကြယ္ေပးခဲ့ေသးသည္။
မိုးေရစက္ေတြသူ႔အေပၚက်လာမည္ကိုပင္
မႀကိဳက္သၫ့္ရွင္းက က်င္းအတြက္ဆိုရင္
ေရကန္ႀကီးထဲလည္းခုန္ခ်ဖူးခဲ့၏။

အေစာပိုင္းတုန္းကေတာ့
သတိမထားခဲ့မိေပမယ့္၊
ေဟာ္လင္အရွင္သခင္လို႔သိလိုက္ရစဉ္က
ရွင္းဘာေၾကာင့္ တစ္ေယာက္တည္းေနတတ္သည္ဆိုတာကို
သူသိသြားခဲ့ရသည္။
မီးဝိဉာဉ္အရွင္သခင္ဆိုတဲ့နာမည္နဲ႔လိုက္ေအာင္
ႏွလံုသားထဲမွာေတာင္မီးေတာက္ေတြ
သိမ္းဆည္းထားရသၫ့္ ရွင္းကသူ႔ေဒါသေတြကိုထိန္းခ်ဳပ္ရမည္
ျဖစ္ေသာေၾကာင့္သာ အားလံုးရဲ့အေဝးမွာေနခဲ့ျခင္းျဖစ္သည္။

မီးစြမ္းအင္ရိွသူမ်ားမွာ အလြယ္တကူေဒါသထြက္တတ္သည္ဟု
သူၾကားဖူး၏။
သို႔ေပမယ့္ေဒါသထြက္လင့္ကစား၊ အခ်ိန္အနည္းငယ္ၾကာေသာအခါ
သူ႔ကိုယ္သူအျပစ္တင္ကာ ဝမ္းနည္းအားငယ္ေနၾကတတ္သည္ဟုဆို၏။

မည္မ်ွပင္ဝမ္းနည္းတတ္သည္ဆိုပါေစ။
ေဒါသထြက္တာနဲ႔မီးစြမ္းအင္ေတြအလိုအေလ်ာက္
ထုတ္ၿပီး စိတ္လိုလက္ရေပါက္ကြဲတတ္သည္ျဖစ္၍
မီးစြမ္းအင္ရိွသူမ်ားမွာ အျခားသူမ်ား၏
အေဝးတြင္သာ ေနထိုင္ၾကရသည္။
ေတာေတာင္ထူထပ္ၿပီး လူသူအေရာက္ေပါက္နည္းလွသၫ့္
ေနရာမ်ားတြင္ေနထိုင္ၿပီး
သူတို႔ရဲ့စိတ္ကိုတည္ၿငိမ္ေအာင္ထားရ၏။

မဟုတ္လ်ွင္ သူတစ္ပါးကိုသာမက၊သူကိုယ္တိုင္ကိုပါ
ဒုကၡေရာက္ေစႏိုင္သည္မဟုတ္လား။
ႏွလံုးသားကိုမီးၿမိဳက္သလိုျဖစ္ေနသည္မို႔
ထိုဒုကၡဆင္းရဲက အေတာ္ပင္နာက်င္စရာေကာင္းလွပါ၏။

နာက်င္စရာအေကာင္းဆံုးကေတာ့
မီးဓာတ္သည္ ပိုင္ဆိုင္သူကိုပင္
ေလာင္ကြၽမ္းေစသည္ျဖစ္ရာ၊
အၿမဲတေစပူေလာင္သၫ့္ဒဏ္ကိုခံစားေနရျခင္းပင္။

ဖေယာင္းတိုင္မီးေတာက္ေလးကို
ထိမိလ်ွင္ေတာင္မည္မ်ွပူေလာင္လိုက္ပါသနည္း။
ရွင္းလိုသာ နတ္မီးေတာက္ရဲ့အပူဒဏ္ကို
အခ်ိန္နာရီ စကၠန႔္တိုင္း ခံစားေနရမည္ဆိုလ်ွင္။။။။။

သူ႔ရွစ္ဇြင္းမွာ ဤသို႔ေသာဒုကၡေတြၾကားမွ
သူ႔ကိုမရရေအာင္ အိပ္မက္နယ္ေျမထဲမွလာေရာက္
ကယ္တင္ခဲ့ေသးသတဲ့။

သူဘယ္ေလာက္ေတာင္ကံေကာင္းလိုက္ပါသလဲ။

ဘယ္ေလာက္အခြင့္ထူးေတြ ပိုင္ဆိုင္ခြင့္ရလိုက္ပါသလဲ။

တစ္ခါတစ္ေလေတာ့လည္း သူေတြးမိ၏။
ရွင္းရဲ့ပင္လယ္လိုအဓိပၸာယ္ေဖာ္လို႔မရတဲ့
မ်က္ဝန္းေတြထဲကို ဝင္ၾကၫ့္မည္ဆိုရင္
အထီးက်န္ဆန္လြန္းသၫ့္
နယ္ေျမတစ္ခုကိုေတြ ့ျမင္လိုက္ရမလားလို႔ေပါ့။
ဒါေပမယ့္ ရွင္းကတည္ၿငိမ္လြန္းလွသည္။
သူ႔အတြင္းစိတ္ကိုဘယ္သူ႔ကိုမွ
ထုတ္‌ျပေလ့မရိွ။
ထို႔ျပင္ဟန္ေဆာင္လည္းေကာင္း၏။
အမွန္ကိုအမွားဟုထင္ေအာင္
လုပ္ႏိုင္သၫ့္သူမ်ိဳးပင္။

ဥပမာ။။ သူကဟုန္လင္က်င္းမဟုတ္ပဲ
ဟုန္လင္က်င္းအျဖစ္အမ်ားလက္ခံလာေအာင္
လုပ္ယူလိုက္သလိုမ်ိဳး။

"ရွစ္ဇြင္း..... ေက်းဇူးျပဳျပီးဟန္မေဆာင္ပါနဲ႔လား

ကြၽန္ေတာ့္အေဖလိုဟန္မေဆာင္လိုက္ပါနဲ႔လား....."

စကားသံမ်ားသည္ ရင္ထဲမွာျပၫ့္သိပ္ေနသၫ့္
နာက်င္မႈကိုတြန္းမတိုးႏိုင္သၫ့္အလား၊
တိမ္ဝင္စြာျဖင့္သာ ေပၚထြက္လာခဲ့၏။

အမွတ္တရေတြကိုစီကာပတ္ကံုးရင္း
သိမ္းဆည္းထားမိတဲ့အခါ၊
ျဖတ္ေတာက္မရတဲ့သံေယာဇဉ္ေတြ
ရင္ထဲမွာအျမစ္တြယ္က်န္ရစ္ေနတတ္သတဲ့။
အရင္တုန္းကေတာ့ ရွစ္ဇြင္းကိုခ်စ္တဲ့စိတ္ေတြက
ညလယ္မွာတစ္စြန္းတစ္စထြက္ေပၚေနတဲ့
အလင္းေရာင္ေဖ်ာ့ေဖ်ာ့လို၊
မပီျပင္ဝိုးတဝါးႏွင့္ မႈန္မိႈင္းေနခဲ့၏။

သူ႔အေပၚရက္စက္သၫ့္ရွစ္ဇြင္းကို
မခ်စ္ရဲတာလည္း ပါပါလိမ့္မည္။
ၿပီးေတာ့ ရွန္းရႉးနဲ႔ေစ့စပ္ထားရျခင္းေၾကာင့္လည္း
ပါလိမ့္မည္။
သူ႔ကိုအၿမဲတမ္းကာကြယ္ေပးေနတတ္သၫ့္
အျဖဴေရာင္နတ္ဘုရားေလးကို
တြယ္တာမိေနသၫ့္စိတ္ေၾကာင့္လည္းျဖစ္ႏိုင္ပါ၏။

သို႔ေသာ္တကယ္တမ္းဆံုးရႈံးရမၫ့္
အခ်ိန္ေရာက္ေတာ့
သူေရြးခ်ယ္လိုက္မိတာက ရွင္းတဲ့။
ရယ္ရတယ္မလား။
သူ႔ကိုႏြဲ႔ဆိုးဆိုးၿပီး ၊ သူ႔စကားတစ္ခြန္းကို
တစ္ကမ႓ာထင္ေနသၫ့္ ရွန္းရႉးကိုမဟုတ္သလို၊
အၿမဲတမ္းသူ႔အေရ႔ွမွကာကြယ္ေပးေနခဲ့သၫ့္
အျဖဴေရာင္နတ္ဘုရားေလးကိုလည္း
မဟုတ္ဘူးတဲ့။

အခ်စ္ဆိုတာက ဦးေနွာက္ရဲ့လိႈင္းေလးေတြကတစ္ဆင့္
ျဖစ္ေပၚလာတယ္ဆိုတာ တကယ္ေရာမွန္ပါရဲ့လား။
ကိုယ့္အေပၚေကာင္းတဲ့သူ၊
ဒါမွမဟုတ္ ကိုယ္သေဘာက်စရာအခ်က္ေတြရိွတဲ့သူကို
ျမင္လိုက္ရတဲ့အခါ ဦးေနွာက္ကတစ္ဆင့္
'မင္းသူ႔ကိုခ်စ္ေနၿပီ'လို႔ သတိေပးတတ္သတဲ့။
အဲ့ဒီသတိေပးခ်က္ေလးကိုမွ
ႏွလံုးသားကလက္ခံရရိွၿပီး
ရင္ခုန္သံလိႈင္းေတြကို
တစ္စတစ္စႀကီးထြားလာေအာင္ဖန္ဆင္းေပးတာတဲ့။

ဒါဆိုရင္ ရွင္းကိုသူသေဘာက်ရတဲ့
အေၾကာင္းအရင္းကဘာမ်ားပါလိမ့္။
သူ႔ရဲ့အလွအပေတြေၾကာင့္လား၊
ဂုဏ္ပုဒ္ေတြေၾကာင့္လား၊
ဒါမွမဟုတ္ သူ႔ကိုအိပ္မက္နယ္ေျမထဲကေန
ကယ္တင္ေပးခဲ့တဲ့အတြက္ေၾကာင့္လား။
တခ်ိဳ႕ေသာ ေမးခြန္းေတြဟာ အေျဖမရိွခဲ့ပါ။

ဘာေၾကာင့္ရယ္မသိပဲ၊
ကိုယ့္အေဖလို႔သိလိုက္ရခ်ိန္မွာ
သေဘာက်မိသြားသတဲ့။
ခ်စ္မိသြားသတဲ့။

ဟန္ေဆာင္တာပဲျဖစ္ပါေစလို႔
အႀကိမ္ႀကိမ္ဆုေတာင္းမိေနေပမယ့္
အိပ္မက္နယ္ေျမထဲမွာ ရွင္းအသံုးျပဳသြားတဲ့နတ္ဆိုးစြမ္းအင္ေတြက
သူ႔ကိုယံုၾကည္ဖို႔တိုက္တြန္းေနၾကသည္။
ဟုန္လင္က်င္းအျဖစ္လက္ခံလိုက္ဖို႔ေပါ့။။။။။

ဒါေပမယ့္။။။။။။

ထားပါေတာ့ေလ။။။။။

ရွစ္ဇြင္းေရးသားတဲ့ဇာတ္ၫႊန္းေလးထဲမွာ
ရုပ္ေသးရုပ္တစ္ရုပ္လိုကျပယံုကလြဲ၊
ဘာမ်ားတတ္ႏိုင္ေတာ့မွာမို႔လဲ။။။။။

အကယ္၍မ်ား အခြင့္ရိွရင္ေတာ့
ရွစ္ဇြင္းက ဟုန္လင္က်င္းမဟုတ္ဘူးဆိုတာ
သံုးေလာကလံုးသိေအာင္သက္ေသျပလိုက္ခ်င္ပါရဲ့။

ရွစ္ဇြင္းသာလက္ခံရင္ေပါ့ေလ။။။။။။

မ်က္လံုးေတြကိုေမွးမိွတ္လိုက္ရင္း
မ်က္ရည္ေတြက်ဆင္းမႈကိုတားဆီးဖို႔
လုပ္လိုက္စဉ္ ၾကားလိုက္ရတဲ့အသံတစ္ခု။

ေျမျပင္ေပၚမွာလမ္းေလ်ွာက္ေနရသၫ့္ႏွယ္၊
ေရေပၚမွာေအးေအးလူလူေလ်ွာက္လွမ္းေနသၫ့္
တိုးဖြဖြေျခသံတစ္ခု။
ထိုသူရဲ့ ကိုယ္ေဖာ့ပညာမွာတကယ့္ကို
ၿပိဳင္စံရွားျဖစ္ရမည္ဟု က်င္းေကာက္ခ်က္ခ်လိုက္မိသည္။
ႏူးညံ့ညင္သာတဲ့ဟန္ပန္ကိုဆင္သၫ့္
ေျခလွမ္းပိုင္ရွင္ကို‌ေရေအာက္ကေန
လွမ္းၾကၫ့္လိုက္ခ်ိန္၌
က်င္းအံ့ဩသြားရေတာ့သည္။

ႏွင္းခဲတမ်ျွဖဴလြေနေသာဝတ္ရံုျဖဴေပၚတြင္
ေရႊႀကိဳးမ်ွင္မ်ားျဖင့္အလွဆင္ထားသၫ့္
သူတစ္ေယာက္။
ဆံပင္ကိုျမင့္ျမင့္စည္းၿပီး ပုလဲလံုးေသးေသးေလးေတြႏွင့္
ေရႊႀကိဳးေတြေရာစပ္ထားသၫ့္
အဆင္တန္ဆာနွင့္လွပေက်ာ့ရွင္းစြာ
စည္းေနွာင္ထားခဲ့သည္။

ရွင္းထက္ပင္အနည္းငယ္ျမင့္ေလာက္ေသာ
သူ႔အရပ္က(၆ေပ၃လက္မ) ေတာင့္တင္းလွသၫ့္
ခႏၶာကိုယ္ႏွင့္အဆက္အစပ္မိလွစြာ
ေပၚလြင္ေနခဲ့သည္။
ေရကန္အလယ္မွာပြင့္အာေနသၫ့္
ၾကာပန္းျဖဴေလးတစ္ပြင့္ႏွယ္
သူ႔ဆီသို႔အၾကၫ့္ေတြမေရာက္ေရာက္ေအာင္
ၿငိဳ႔ငင္ေနသလိုပင္။

အၿမဲတေစ တည္ၿငိမ္စြာရိွခဲ့သၫ့္
သူ႔မ်က္ႏွာ‌ေပၚမွာေတာ့
စိုးရိမ္မႈအနည္းငယ္‌ေရာယွက္ေန၍ျဖစ္မည္။
မ်က္ခံုးေတြတြန႔္ေကြးၿပီး၊
မ်က္လံုးေတြမႈန္ရီေနေပ၏။
သို႔တိုင္ ေခ်ာေမာမႈကေတာ့
အနည္းငယ္မွေပ်ာက္ဆံုးမသြားခဲ့ေသးေပ။

ထိုသူမွာ မိုးနတ္မင္းခ်ိဳးယြဲ႔ကလြဲ၊
တျခားရိွႏိုင္ပါ့မလား။။။။။။။။


"မိုးနတ္မင္း"

သူ႔ကိုတုန္ရီစြာေခၚလာသၫ့္ က်င္းကိုတစ္ခ်က္မ်ွၾကၫ့္လိုက္ၿပီး
ခ်ိဳးယြဲ႔က ေခါင္းၿငိမ့္ျပသည္။
အသိအမွတ္ျပဳသၫ့္သေဘာသာ။

က်င္းမွာ သူ႔ကိုကယ္တင္ဖို႔ေရာက္လာသၫ့္
မိုးနတ္မင္းေၾကာင့္ ဝမ္းနည္း၊ဝမ္းသာမ်က္ရည္မ်ားပင္
က်လာရေတာ့သည္။
သူဒီပံုစံႏွင့္ေနခဲ့ရသည္မွာ တစ္ရက္နဲ႔တစ္ညပင္
ရိွေနခဲ့ၿပီမဟုတ္ပါလား။

ထိုစဉ္ ၿပိဳးၿပိဳးျပက္ျပက္ေတာက္ပေသာ
အလင္းတန္းတစ္ခုက သူ႔မ်က္လံုးေပၚက်ေရာက္လာသည္မို႔
က်င္း မ်က္လံုးေတြ
အနည္းငယ္က်ဉ္းၾကဳပ္သြားရေတာ့သည္။
ဘာမ်ားျဖစ္လိမ့္မလဲလို႔ အေသအခ်ာၾကၫ့္မိေသာအခါတြင္ေတာ့
သူ႔မ်က္ဝန္းေတြျပူးက်ယ္သြားရျပန္၏။

မိုးနတ္မင္းရဲ့လက္ဖဝါးထက္တြင္
ဝိဉာဉ္စုဓာတ္လံုးရိွေနခဲ့၏။
ထိုဓာတ္လံုးမွ ထြက္ေပၚေနေသာအေရာင္မ်ားမွာ
ၾကယ္အလံုးေပါင္း တစ္ေသာင္းထက္ပင္
ပိုမိုစူးရဲေန၏။

သို႔ေသာ္ထိုအလင္းေရာင္ကိုျမင္လိုက္ရသည္ေၾကာင့္
က်င္းအံ့ဩသြားရတာမဟုတ္ပါ။
ဝိဉာဉ္စုဓာတ္လံုးကို ကိုင္ေဆာင္ထား၍သာ
အံ့ဩရျခင္းျဖစ္၏။

ဘာေၾကာင့္လဲဆိုေတာ့
ဝိဉာဉ္စုဓာတ္လံုးဆိုတာက
မိုးနတ္မင္းရဲ့အသက္ဝိဉာဉ္စြမ္းအား
ျဖစ္ေသာေၾကာင့္ပင္။
အတိအက်ေျပာရမည္ဆိုရင္
ဝိဉာဉ္စုဓာတ္လံုးသည္ မိုးနတ္မင္းရဲ့အသက္။
မိုးနတ္မင္းရဲ့အသက္သည္ ဝိဉာဉ္စုဓာတ္လံုး
ျဖစ္ေန‌ျခင္းသာ။

' ဒါဆိုရင္ မိုးနတ္မင္းကသူ႔အသက္စြမ္းအင္ကို
အသံုးျပဳျပီး ငါ့ကိုကယ္တင္မွာလား '

က်င္းမွာ အသံပင္မထြက္နိုင္‌ေတာ့ပါ။
ဘာေၾကာင့္မ်ား တည္ၿငိမ္လွသၫ့္ေရခဲေတာင္ႀကီးမ်ားက
သူ႔ကိုအသက္နဲ႔ရင္းၿပီး
လာကယ္တင္ေနရပါလိမ့္။
အရင္ေန့က ရွင္းကလာကယ္ခဲ့သည္။
အခုေတာ့ မိုးနတ္မင္း။

ႏွစ္ေယာက္လံုးရဲ့မ်က္ႏွာထက္က
တည္ၿငိမ္မႈက ထပ္တူညီသလို၊
အျပဳအမူေတြကလည္း တစ္ထပ္တည္းက်ေနသလိုလိုပါပဲ။။။။။

သူတို႔ႏွစ္ေယာက္က သာမန္ဆရာတပၫ့္ဆိုတာ
ဟုတ္ပါရဲ့လား။။။။

စဉ္းစားရခက္ေလၿပီ။။။။

ဒါေပမယ့္ သူ႔မွာစဉ္းစားဖို႔ပင္အခ်ိန္မရိွခဲ့ပါ။
ျဖဴလြေနသၫ့္ေရာင္ျခည္တန္းမ်ားက
ဝိဉာဉ္စုဓာတ္လံုးမွသည္
သူ႔ဆီသို႔အလုအယက္ဝင္လာခဲ့ၾကၿပီျဖစ္သည္။


သို႔ေပမယ့္ မ်ဉ္းေျဖာင့္အတိုင္းဝင္လာသည္မဟုတ္ပဲ၊
‌ေကြ ့ပတ္သြားကာစက္ဝိုင္းပံုသ႑ာန္
ျပဳလုပ္လိုက္ေသး၏။
အႀကိမ္ဖန္မ်ားစြာရစ္ပတ္ၿပီးသၫ့္ေနာက္မွာေတာ့
သူသည္ အျဖဴေရာင္ေဘာလံုးေလးထဲသို႔
ေရာက္ႏွင့္ၿပီးျဖစ္ခဲ့၏။


ထိုေဘာလံုးေလးမွာ အျဖဴေရာင္စြမ္းအင္ေတြႏွင့္
ဖန္တီးထားသည္ဆိုေပမယ့္ အတြင္းဘက္နံရံမ်ားမွာေတာ့
ေရႊေရာင္လက္ေနေသာ ပံုရိပ္အခ်ိဳ႕ရိွေနခဲ့သည္။

စပ္စုစိတ္ကေလးအနည္းငယ္ဝင္လာသၫ့္အခါ
ထိုပံုရိပ္မ်ားကိုပံုေဖာ္ၾကၫ့္ဖို႔
က်င္းစတင္မိေတာ့သည္။
သူ႔ခႏၶာကိုယ္ျပန္ရေအာင္
မိုးနတ္မင္းကလုပ္ေပးေနၿပီဆိုေတာ့
ယခုလက္ရိွသူ႔မွာလုပ္စရာဆိုလို႔
စပ္စုဖို႔သာက်န္ေတာ့သည္မဟုတ္လား။

ထို႔ေၾကာင့္ ခပ္ဝါးဝါးသာျမင္ေနရသၫ့္
အႏွီေရႊေရာင္မ်ဥ္း‌‌ေလးမ်ားကို
ဆက္စပ္ၾကၫ့္လိုက္ေတာ့သည္။

ကနဦးအစပိုင္းတြင္ ႀကိဳးဆယ္ႀကိဳးကိုသာ
ျမင္ရ၏။ ထိုႀကိဳးမ်ားသည္ေျဖာင့္စင္းေနၿပီး
အထက္မွေအာက္သို႔သြယ္တန္းေနပါ၏။
ႀကိဳးရဲ့အစကိုမျမင္ရေပမယ့္
ႀကိဳးအဆံုးမွာေတာ့ ဓားတစ္ေခ်ာင္းကိုင္ၿပီး
သိုင္းေလ့က်င့္ေနေသာ
ဆယ္ေက်ာ္သက္အရြယ္ကေလးငယ္တစ္ေယာက္
ရိွေနခဲ့၏။

ထူးဆန္းလွသည္ဟုဆိုရေပမလား။
ႀကိဳးမ်ွင္မ်ားသည္
ထိုေကာင္ေလးရဲ့ ခႏၶာကိုယ္ေပၚတြင္
ခ်ည္ေနွာင္လ်က္သားရိွေနခဲ့၏။
သို႔ေသာ္ မလႈပ္ႏိုင္ေအာင္တုပ္ေနွာင္ထားသည္
မဟုတ္ပဲ၊ လႈပ္ရွားေအာင္တမင္လုပ္ေပးေနသလိုလို။

ရုပ္ေသးရုပ္တစ္ရုပ္ကို ကျပေဖ်ာ္ေျဖႏိုင္ေအာင္
ရုပ္ေသးဆရာကထိန္းၫွိေနသၫ့္အလား၊
ျမင္ေယာင္ေစ၏။
ေကာင္ေလးကလည္း ထိုႀကိဳးေတြနဲ႔
ခ်ည္ေနွာင္ခံထားရသည္ကို
ေက်နပ္ေနပံုေပၚ၏။
သူ႔ႏႈတ္ခမ္းေတြသည္ ေကာ့ၫႊတ္ေနၿပီး
မ်က္ႏွာကိုအနည္းငယ္ေမာ့ကာ
ရႊင္ျမေနသၫ့္မ်က္‌လံုးေတျြဖင့္
ႀကိဳးေတြရဲ့လာရာကိုၾကၫ့္ေနခဲ့သည္။

က်င္းလည္း ေကာင္ေလးနည္းတူ၊
အေပၚသို႔ျပန္လည္ေမာ့ၾကၫ့္မိ၏။
ပထမဆံုးျမင္လိုက္ရသည္က
ႀကိဳးတစ္ေခ်ာင္းစီရစ္ပတ္ထားသၫ့္
လက္ေခ်ာင္းရွည္ေတြ။

ထိုလက္ေခ်ာင္းရွည္ေတြရဲ့အေပၚမွာေတာ့
ျပန႔္က်ယ္လွသၫ့္ဝတ္ရံုလက္တစ္ခုရိွေနေပ၏။
က်င္းမွာ အနည္းငယ္စီေပၚလာေနသၫ့္
ပံုရိပ္မ်ားကိုၾကၫ့္ေနရတာအားမရပါေပ။
သူတကယ္ကို ဘယ္သူလဲဆိုတာ
သိခ်င္ေနၿပီျဖစ္‌ေပမယ့္
ေရႊေရာင္မ်ဉ္းေလးမ်ားသည္၊
စုတ္တံတစ္ခု၏ဆြဲခ်က္မ်ားအလား။

တစ္ဆင့္ခ်င္းစီသာပံုေဖာ္ေနခဲ့သည္ေလ။

ထို႔ေၾကာင့္ စိတ္အနည္းငယ္ရွည္လိုက္ၿပီး
ျပန္ၾကၫ့္လိုက္ေတာ့
အေတာ္မ်ားမ်ားပင္ပံုေပၚေနခဲ့ၿပီျဖစ္ေသာ
ေယာက္်ားတစ္ေယာက္ပံုကိုျမင္လိုက္ရေလ၏။


ေယာက္်ားပ်ိဳမွာ ပုဝါလႊမ္းထားသၫ့္ခေမာက္ကို
အက်အနေဆာင္းထားၿပီး ၊
ႀကိဳးဆြဲရာကေနေသာ ကေလးငယ္ကိုငံု႔ၾကၫ့္ေနခဲ့သည္။
သို႔ေပမယ့္ပုဝါစလွပ္ေနသၫ့္ေနရာတြင္
အနည္းငယ္ေပၚေနသည္က အၿပံဳးတစ္စ။

ေကာင္ေလးရဲ့အၿပံဳးနဲ႔ထပ္တူက်ေနသၫ့္
ပီတိေဝျဖာ‌ေနသၫ့္အၿပံဳး။

ေနြဦးပန္းပြင့္မ်ားႏွယ္ ေတာက္ပလြန္းလွသၫ့္
အၿပံဳးေတြဆင္တူဆင္ျမန္းထားသူႏွစ္ေယာက္မွာ
ရုပ္ေသးဆရာနဲ႔ရုပ္ေသးရုပ္လား။
သို႔မဟုတ္ ႏွစ္ေယာက္လံုးက သက္ရိွေတြလားဆိုတာခြဲျခား၍မရနိုင္‌ေပ။
သို႔ေပမယ့္ေသခ်ာတာတစ္ခုေတာ့ရိွ၏။

ရုပ္ေသးဆရာအေပၚထားသၫ့္
ေကာင္ေလးရဲ့ခံစားခ်က္က
သာမန္ထက္ပိုမိုထူးကဲကာ
ခ်စ္ျခင္းရဲ့အေငြ ့အသက္ေတြ
ေပ်ာ္ဝင္ေနတယ္ဆိုတာပါပဲ။
ထိုခံစားခ်က္မ်ားသည္
တစ္ဖက္လူကိုပါကူးစက္ေစႏိုင္ေလာက္သၫ့္
အၿပံဳးေတျြဖင့္ ေဖာ္ၫႊန္းခံထားရ၏။


ထိုအခ်ိန္တြင္ က်င္းရဲ့ေခါင္းထဲသို႔
ေမးခြန္းတစ္ခုေရာက္ရိွလို႔လာခဲ့၏။
ထိုေမးခြန္းမွာ......

မိုးနတ္မင္းရဲ့အသက္ဝိဉာဉ္ဓာတ္ထဲမွာ
ဘာေၾကာင့္ဒီလိုပံုရိပ္ကို
သိမ္းဆည္းထားရသလဲဆိုတဲ့
ေမးခြန္းသာျဖစ္၏။။။။။။။




Unicode:


ကိုယ်ပေါ်မှာဖုံးလွှမ်းထားတဲ့
ဝတ်ရုံနီသည် ‌နီဆွေးဆွေးမေဘယ်လ်ရွက်များနှင့်
တူသလိုရှိပေမယ့် ကြက်သွေးရောင်သို့လည်း
အနည်းငယ်သွားလျက်ရှိသည်။
သေချာကြည့်ရမည်ဆိုလျှင်
သွေးတြွေဖင့်ဖုံးလွှမ်းနေသော
ဝတ်ရုံကိုဝတ်ထားရသည့်နှယ်။

ကြွေရောင်သမ်းနေသော အသားအရည်မှာ
ရေခဲတောင်တန်းဒေသမှာကျဆင်းနေသည့်
နှင်းပွင့်တွေအလား၊ ဖွေးဆွတ်နေသည်မို့
မှင်ရည်ရောင်သမ်းနေသော
ဆံနွယ်ရှည်များကို ပိုမိုနက်မှောင်‌စေနေသလို။

သို့ပေမယ့် ထိုသို့သောအလှအပမျိုးတြွေဖင့်
ခြယ်သခြင်းခံထားရသည့်
ရှင်းမှာ မျက်လုံးဖွင့်ပြဖို့ပင်
တွန့်ဆုတ်နေခဲ့သည်။
အသက်ရှုသံပင်ရှိပါသေးရဲ့လေစွဟု
ထင်ရလောက်အောင်တိုးဖျော့နေသည်က
သူ့ကိုအားနည်းသည့်ပုံပေါ်စေသည်။

အမြဲတစေနီဆွေးနေတတ်သောနှုတ်ခမ်းအစုံက
ဖြူဖျော့ဖျော့နှင့်သွေးစုပ်ခံထားရသည့်
အလောင်းတစ်ခုနှယ်။

ဖန့်ယွင်မှာ သူ၏ညီငယ်လေးကို
ရပ်‌ကြည့်နေနိုင်စွမ်းမရှိတော့ပြီမို့
မျက်လွှာချထားလိုက်ရတော့သည်။
ရှဲ့ယန်သည်ကား သူ့ထက်ပင်ပိုလို့ဆိုးသေး၏။
ကျောပါခိုင်းထားခဲ့ပြီလေ။

ရှင်းဆီကိုစွမ်းအင်တွေလွှဲပြောင်းပေးပြီး
သတိပြန်လည်လာအောင်လုပ်ပေးချင်ပေမယ့်၊
စွမ်းအင်ဒြပ်စင်တွေကမတူညီသည်မို့
ရှင်းကိုပိုလို့သာဒုက္ခပေးသလိုဖြစ်သွားနိုင်သည်။
လောကမှာတစ်ဦးတည်းပိုင်ဆိုင်သော
မီးဒြပ်စင်မှာ တုနှိုင်းမရအောင်စွမ်းအားကြီးသော်ငြား၊
ယခုလိုအခြေအနေများတွင် အသုံးမဝင်မှုများသာ
ဖြစ်ပေါ်စေ၏။

အကယ်၍ ရှင်းမှာသာ သစ်သားဒြပ်စင်၊
သတ်ထုဒြပ်စင် ၊ ဒါမှမဟုတ် ရေဒြပ်စင်သာ
ရှိစေဦးတော့ ၊ သူတို့အကူအညီပေးလို့ရသေးသည်မဟုတ်ပါလား။
ရေဒြပ်စင်မှာ ရေနတ်သားမှာသာရှိသည်ဆိုပေမယ့်
မိုးနတ်မင်းချိုးယွဲ့၏ တိမ်မျိုးနွယ်စုသည်လည်း
ရေဒြပ်စင်ကိုအသုံးပြုသည်မို့
မျိုးတူရာအသုံးပြု၍ ရနိုင်သေးသည်လေ။

အခုတော့ ဘာမှမလုပ်နိုင်သည်မို့
ရှင်းရဲ့ဝိဉာဉ်ဓာတ်ပြန်လည်အားပြည့်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။
ရွေးချယ်စရာမရှိသည့်ကိစ္စရပ်များသည်
လက်ခံနိုင်ဖို့ခက်ခဲလှသည့်အပြင်၊
ရင်ကိုအပ်နဲ့ထိုးဆွခံရသလို နာကျင်စေ၏။

ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။။။။။

ကံကြမ္မာကိုပြောင်းလဲလို့မှမရနိုင်ပဲ။

ရပ်ကြည့်နေရတော့မှာပေါ့‌။

-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

တိမ်လွှာတွေကိုဖြတ်သန်းပြီးစီးဆင်းလာသည့်
ရေစီးကြောင်းလေးများသည် ရေတံခွန်များနှယ်
စိတ်ညို့ရေကန်ထဲသို့စီးဝင်လျက်ရှိသည်။

ရေစီးသံတဝုန်းဝုန်းက ‌ပုလွေသံခပ်ပြင်းပြင်းနှင့်
တူပေမယ့် စိတ်ညို့ရေကန်ထဲမှာတော့
ညင်သာသည့်ပုလွေသံခပ်တိုးတိုးကဲ့သို့သာ
ပြန့်လွင့်နေခဲ့၏။

အရောင်တလဲ့လဲ့လက်နေခဲ့သော
ရေကန်ထဲရှိရေများမှာ နေရောင်အောက်တွင်
လှချင်တိုင်းလှလို့နေသည်။
ကန်အလယ်မှာရှိတဲ့ နန်းဆောင်ကြီးမှာလည်း
ယနေ့မှပို၍ခမ်းနား‌လို့နေသလိုလို။

သို့ပေမယ့် ထိုနန်းဆောင်၏အရှင်သခင်ဖြစ်သည့်
ကျင်းမှာအချိန်မစေ့သေးပဲ
အသွင်းပြောင်းလိုက်ရသောကြောင့်
အခုထက်ထိပင် စိတ်ညို့ရေကန်ထဲတွင်
ခေါင်းလေးတစ်လုံးဖြင့်သာ ရှိနေခဲ့၏။

ကျင်းသည် သူ့အဖြစ်ကိုသူစိတ်ပျက်ကာ
သက်ပြင်းမောများသာအကြိမ်ကြိမ်ချနေမိ၏။
စိတ်ညို့ရေကန်လိုကောင်းကင်ဘုံရဲ့ရတနာထဲတွင်
ခေါင်းတစ်လုံးဖြင့်သာရှိနေရသည်မှာ
မျက်နှာပြောင်တိုက်လွန်းနေသလို
ထင်ဟပ်နေပေလိမ့်မည်။

သူတစ်ပါးကိုစနောက်ချင်သည့်အတွက်
ထိုအသွင်ကိုယူထားသည့်နှယ်၊
ဟာသဆန်လွန်းလှပေ၏။
ရှက်စိတ်က ငယ်ထိပ်ကိုပြေးဆောင့်သောအခါ၊
ဆရာဖြစ်သူကိုအလိုလိုသတိရမိ၏။

အရင်တုန်းကတော့ သူ့မှာရှင်းရှိခဲ့သည်။

အမြဲတမ်းရိုက်နှက်နေတတ်‌ပေမယ့်၊
အမြဲတစေသူ့ကိုအဝေးမှာသာနေခိုင်းခဲ့ပေမယ့်၊
ကာကွယ်ပေးခဲ့သေးသည်။
မိုးရေစက်တွေသူ့အပေါ်ကျလာမည်ကိုပင်
မကြိုက်သည့်ရှင်းက ကျင်းအတွက်ဆိုရင်
ရေကန်ကြီးထဲလည်းခုန်ချဖူးခဲ့၏။

အစောပိုင်းတုန်းကတော့
သတိမထားခဲ့မိပေမယ့်၊
ဟော်လင်အရှင်သခင်လို့သိလိုက်ရစဉ်က
ရှင်းဘာကြောင့် တစ်ယောက်တည်းနေတတ်သည်ဆိုတာကို
သူသိသွားခဲ့ရသည်။
မီးဝိဉာဉ်အရှင်သခင်ဆိုတဲ့နာမည်နဲ့လိုက်အောင်
နှလုံသားထဲမှာတောင်မီးတောက်တွေ
သိမ်းဆည်းထားရသည့် ရှင်းကသူ့ဒေါသတွေကိုထိန်းချုပ်ရမည်
ဖြစ်သောကြောင့်သာ အားလုံးရဲ့အဝေးမှာနေခဲ့ခြင်းဖြစ်သည်။

မီးစွမ်းအင်ရှိသူများမှာ အလွယ်တကူဒေါသထွက်တတ်သည်ဟု
သူကြားဖူး၏။
သို့ပေမယ့်ဒေါသထွက်လင့်ကစား၊ အချိန်အနည်းငယ်ကြာသောအခါ
သူ့ကိုယ်သူအပြစ်တင်ကာ ဝမ်းနည်းအားငယ်နေကြတတ်သည်ဟုဆို၏။

မည်မျှပင်ဝမ်းနည်းတတ်သည်ဆိုပါစေ။
ဒေါသထွက်တာနဲ့မီးစွမ်းအင်တွေအလိုအလျောက်
ထုတ်ပြီး စိတ်လိုလက်ရပေါက်ကွဲတတ်သည်ဖြစ်၍
မီးစွမ်းအင်ရှိသူများမှာ အခြားသူများ၏
အဝေးတွင်သာ နေထိုင်ကြရသည်။
တောတောင်ထူထပ်ပြီး လူသူအရောက်ပေါက်နည်းလှသည့်
နေရာများတွင်နေထိုင်ပြီး
သူတို့ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားရ၏။

မဟုတ်လျှင် သူတစ်ပါးကိုသာမက၊သူကိုယ်တိုင်ကိုပါ
ဒုက္ခရောက်စေနိုင်သည်မဟုတ်လား။
နှလုံးသားကိုမီးမြိုက်သလိုဖြစ်နေသည်မို့
ထိုဒုက္ခဆင်းရဲက အတော်ပင်နာကျင်စရာကောင်းလှပါ၏။

နာကျင်စရာအကောင်းဆုံးကတော့
မီးဓာတ်သည် ပိုင်ဆိုင်သူကိုပင်
လောင်ကျွမ်းစေသည်ဖြစ်ရာ၊
အမြဲတစေပူလောင်သည့်ဒဏ်ကိုခံစားနေရခြင်းပင်။

ဖယောင်းတိုင်မီးတောက်လေးကို
ထိမိလျှင်တောင်မည်မျှပူလောင်လိုက်ပါသနည်း။
ရှင်းလိုသာ နတ်မီးတောက်ရဲ့အပူဒဏ်ကို
အချိန်နာရီ စက္ကန့်တိုင်း ခံစားနေရမည်ဆိုလျှင်။။။။။

သူ့ရှစ်ဇွင်းမှာ ဤသို့သောဒုက္ခတွေကြားမှ
သူ့ကိုမရရအောင် အိပ်မက်နယ်မြေထဲမှလာရောက်
ကယ်တင်ခဲ့သေးသတဲ့။

သူဘယ်လောက်တောင်ကံကောင်းလိုက်ပါသလဲ။

ဘယ်လောက်အခွင့်ထူးတွေ ပိုင်ဆိုင်ခွင့်ရလိုက်ပါသလဲ။

တစ်ခါတစ်လေတော့လည်း သူတွေးမိ၏။
ရှင်းရဲ့ပင်လယ်လိုအဓိပ္ပာယ်ဖော်လို့မရတဲ့
မျက်ဝန်းတွေထဲကို ဝင်ကြည့်မည်ဆိုရင်
အထီးကျန်ဆန်လွန်းသည့်
နယ်မြေတစ်ခုကိုတွေ့မြင်လိုက်ရမလားလို့ပေါ့။
ဒါပေမယ့် ရှင်းကတည်ငြိမ်လွန်းလှသည်။
သူ့အတွင်းစိတ်ကိုဘယ်သူ့ကိုမှ
ထုတ်‌ပြလေ့မရှိ။
ထို့ပြင်ဟန်ဆောင်လည်းကောင်း၏။
အမှန်ကိုအမှားဟုထင်အောင်
လုပ်နိုင်သည့်သူမျိုးပင်။

ဥပမာ။။ သူကဟုန်လင်ကျင်းမဟုတ်ပဲ
ဟုန်လင်ကျင်းအဖြစ်အများလက်ခံလာအောင်
လုပ်ယူလိုက်သလိုမျိုး။

"ရှစ်ဇွင်း..... ကျေးဇူးပြုပြီးဟန်မဆောင်ပါနဲ့လား

ကျွန်တော့်အဖေလိုဟန်မဆောင်လိုက်ပါနဲ့လား....."

စကားသံများသည် ရင်ထဲမှာပြည့်သိပ်နေသည့်
နာကျင်မှုကိုတွန်းမတိုးနိုင်သည့်အလား၊
တိမ်ဝင်စွာဖြင့်သာ ပေါ်ထွက်လာခဲ့၏။

အမှတ်တရတွေကိုစီကာပတ်ကုံးရင်း
သိမ်းဆည်းထားမိတဲ့အခါ၊
ဖြတ်တောက်မရတဲ့သံယောဇဉ်တွေ
ရင်ထဲမှာအမြစ်တွယ်ကျန်ရစ်နေတတ်သတဲ့။
အရင်တုန်းကတော့ ရှစ်ဇွင်းကိုချစ်တဲ့စိတ်တွေက
ညလယ်မှာတစ်စွန်းတစ်စထွက်ပေါ်နေတဲ့
အလင်းရောင်ဖျော့ဖျော့လို၊
မပီပြင်ဝိုးတဝါးနှင့် မှုန်မှိုင်းနေခဲ့၏။

သူ့အပေါ်ရက်စက်သည့်ရှစ်ဇွင်းကို
မချစ်ရဲတာလည်း ပါပါလိမ့်မည်။
ပြီးတော့ ရှန်းရှူးနဲ့စေ့စပ်ထားရခြင်းကြောင့်လည်း
ပါလိမ့်မည်။
သူ့ကိုအမြဲတမ်းကာကွယ်ပေးနေတတ်သည့်
အဖြူရောင်နတ်ဘုရားလေးကို
တွယ်တာမိနေသည့်စိတ်ကြောင့်လည်းဖြစ်နိုင်ပါ၏။

သို့သော်တကယ်တမ်းဆုံးရှုံးရမည့်
အချိန်ရောက်တော့
သူရွေးချယ်လိုက်မိတာက ရှင်းတဲ့။
ရယ်ရတယ်မလား။
သူ့ကိုနွဲ့ဆိုးဆိုးပြီး ၊ သူ့စကားတစ်ခွန်းကို
တစ်ကမ္ဘာထင်နေသည့် ရှန်းရှူးကိုမဟုတ်သလို၊
အမြဲတမ်းသူ့အရှေ့မှကာကွယ်ပေးနေခဲ့သည့်
အဖြူရောင်နတ်ဘုရားလေးကိုလည်း
မဟုတ်ဘူးတဲ့။

အချစ်ဆိုတာက ဦးနှောက်ရဲ့လှိုင်းလေးတွေကတစ်ဆင့်
ဖြစ်ပေါ်လာတယ်ဆိုတာ တကယ်ရောမှန်ပါရဲ့လား။
ကိုယ့်အပေါ်ကောင်းတဲ့သူ၊
ဒါမှမဟုတ် ကိုယ်သဘောကျစရာအချက်တွေရှိတဲ့သူကို
မြင်လိုက်ရတဲ့အခါ ဦးနှောက်ကတစ်ဆင့်
'မင်းသူ့ကိုချစ်နေပြီ'လို့ သတိပေးတတ်သတဲ့။
အဲ့ဒီသတိပေးချက်လေးကိုမှ
နှလုံးသားကလက်ခံရရှိပြီး
ရင်ခုန်သံလှိုင်းတွေကို
တစ်စတစ်စကြီးထွားလာအောင်ဖန်ဆင်းပေးတာတဲ့။

ဒါဆိုရင် ရှင်းကိုသူသဘောကျရတဲ့
အကြောင်းအရင်းကဘာများပါလိမ့်။
သူ့ရဲ့အလှအပတွေကြောင့်လား၊
ဂုဏ်ပုဒ်တွေကြောင့်လား၊
ဒါမှမဟုတ် သူ့ကိုအိပ်မက်နယ်မြေထဲကနေ
ကယ်တင်ပေးခဲ့တဲ့အတွက်ကြောင့်လား။
တချို့သော မေးခွန်းတွေဟာ အဖြေမရှိခဲ့ပါ။

ဘာကြောင့်ရယ်မသိပဲ၊
ကိုယ့်အဖေလို့သိလိုက်ရချိန်မှာ
သဘောကျမိသွားသတဲ့။
ချစ်မိသွားသတဲ့။

ဟန်ဆောင်တာပဲဖြစ်ပါစေလို့
အကြိမ်ကြိမ်ဆုတောင်းမိနေပေမယ့်
အိပ်မက်နယ်မြေထဲမှာ ရှင်းအသုံးပြုသွားတဲ့နတ်ဆိုးစွမ်းအင်တွေက
သူ့ကိုယုံကြည်ဖို့တိုက်တွန်းနေကြသည်။
ဟုန်လင်ကျင်းအဖြစ်လက်ခံလိုက်ဖို့ပေါ့။။။။။

ဒါပေမယ့်။။။။။။

ထားပါတော့လေ။။။။။

ရှစ်ဇွင်းရေးသားတဲ့ဇာတ်ညွှန်းလေးထဲမှာ
ရုပ်သေးရုပ်တစ်ရုပ်လိုကပြယုံကလွဲ၊
ဘာများတတ်နိုင်တော့မှာမို့လဲ။။။။။

အကယ်၍များ အခွင့်ရှိရင်တော့
ရှစ်ဇွင်းက ဟုန်လင်ကျင်းမဟုတ်ဘူးဆိုတာ
သုံးလောကလုံးသိအောင်သက်သေပြလိုက်ချင်ပါရဲ့။

ရှစ်ဇွင်းသာလက်ခံရင်ပေါ့လေ။။။။။။

မျက်လုံးတွေကိုမှေးမှိတ်လိုက်ရင်း
မျက်ရည်တွေကျဆင်းမှုကိုတားဆီးဖို့
လုပ်လိုက်စဉ် ကြားလိုက်ရတဲ့အသံတစ်ခု။

မြေပြင်ပေါ်မှာလမ်းလျှောက်နေရသည့်နှယ်၊
ရေပေါ်မှာအေးအေးလူလူလျှောက်လှမ်းနေသည့်
တိုးဖွဖွခြေသံတစ်ခု။
ထိုသူရဲ့ ကိုယ်ဖော့ပညာမှာတကယ့်ကို
ပြိုင်စံရှားဖြစ်ရမည်ဟု ကျင်းကောက်ချက်ချလိုက်မိသည်။
နူးညံ့ညင်သာတဲ့ဟန်ပန်ကိုဆင်သည့်
ခြေလှမ်းပိုင်ရှင်ကို‌ရေအောက်ကနေ
လှမ်းကြည့်လိုက်ချိန်၌
ကျင်းအံ့ဩသွားရတော့သည်။

နှင်းခဲတမျြှဖူလွနေသောဝတ်ရုံဖြူပေါ်တွင်
ရွှေကြိုးမျှင်များဖြင့်အလှဆင်ထားသည့်
သူတစ်ယောက်။
ဆံပင်ကိုမြင့်မြင့်စည်းပြီး ပုလဲလုံးသေးသေးလေးတွေနှင့်
ရွှေကြိုးတွေရောစပ်ထားသည့်
အဆင်တန်ဆာနှင့်လှပကျော့ရှင်းစွာ
စည်းနှောင်ထားခဲ့သည်။

ရှင်းထက်ပင်အနည်းငယ်မြင့်လောက်သော
သူ့အရပ်က(၆ပေ၃လက်မ) တောင့်တင်းလှသည့်
ခန္ဓာကိုယ်နှင့်အဆက်အစပ်မိလှစွာ
ပေါ်လွင်နေခဲ့သည်။
ရေကန်အလယ်မှာပွင့်အာနေသည့်
ကြာပန်းဖြူလေးတစ်ပွင့်နှယ်
သူ့ဆီသို့အကြည့်တွေမရောက်ရောက်အောင်
ငြို့ငင်နေသလိုပင်။

အမြဲတစေ တည်ငြိမ်စွာရှိခဲ့သည့်
သူ့မျက်နှာ‌ပေါ်မှာတော့
စိုးရိမ်မှုအနည်းငယ်‌ရောယှက်နေ၍ဖြစ်မည်။
မျက်ခုံးတွေတွန့်ကွေးပြီး၊
မျက်လုံးတွေမှုန်ရီနေပေ၏။
သို့တိုင် ချောမောမှုကတော့
အနည်းငယ်မှပျောက်ဆုံးမသွားခဲ့သေးပေ။

ထိုသူမှာ မိုးနတ်မင်းချိုးယွဲ့ကလွဲ၊
တခြားရှိနိုင်ပါ့မလား။။။။။။။။


"မိုးနတ်မင်း"

သူ့ကိုတုန်ရီစွာခေါ်လာသည့် ကျင်းကိုတစ်ချက်မျှကြည့်လိုက်ပြီး
ချိုးယွဲ့က ခေါင်းငြိမ့်ပြသည်။
အသိအမှတ်ပြုသည့်သဘောသာ။

ကျင်းမှာ သူ့ကိုကယ်တင်ဖို့ရောက်လာသည့်
မိုးနတ်မင်းကြောင့် ဝမ်းနည်း၊ဝမ်းသာမျက်ရည်များပင်
ကျလာရတော့သည်။
သူဒီပုံစံနှင့်နေခဲ့ရသည်မှာ တစ်ရက်နဲ့တစ်ညပင်
ရှိနေခဲ့ပြီမဟုတ်ပါလား။

ထိုစဉ် ပြိုးပြိုးပြက်ပြက်တောက်ပသော
အလင်းတန်းတစ်ခုက သူ့မျက်လုံးပေါ်ကျရောက်လာသည်မို့
ကျင်း မျက်လုံးတွေ
အနည်းငယ်ကျဉ်းကြုပ်သွားရတော့သည်။
ဘာများဖြစ်လိမ့်မလဲလို့ အသေအချာကြည့်မိသောအခါတွင်တော့
သူ့မျက်ဝန်းတွေပြူးကျယ်သွားရပြန်၏။

မိုးနတ်မင်းရဲ့လက်ဖဝါးထက်တွင်
ဝိဉာဉ်စုဓာတ်လုံးရှိနေခဲ့၏။
ထိုဓာတ်လုံးမှ ထွက်ပေါ်နေသောအရောင်များမှာ
ကြယ်အလုံးပေါင်း တစ်သောင်းထက်ပင်
ပိုမိုစူးရဲနေ၏။

သို့သော်ထိုအလင်းရောင်ကိုမြင်လိုက်ရသည်ကြောင့်
ကျင်းအံ့ဩသွားရတာမဟုတ်ပါ။
ဝိဉာဉ်စုဓာတ်လုံးကို ကိုင်ဆောင်ထား၍သာ
အံ့ဩရခြင်းဖြစ်၏။

ဘာကြောင့်လဲဆိုတော့
ဝိဉာဉ်စုဓာတ်လုံးဆိုတာက
မိုးနတ်မင်းရဲ့အသက်ဝိဉာဉ်စွမ်းအား
ဖြစ်သောကြောင့်ပင်။
အတိအကျပြောရမည်ဆိုရင်
ဝိဉာဉ်စုဓာတ်လုံးသည် မိုးနတ်မင်းရဲ့အသက်။
မိုးနတ်မင်းရဲ့အသက်သည် ဝိဉာဉ်စုဓာတ်လုံး
ဖြစ်နေ‌ခြင်းသာ။

' ဒါဆိုရင် မိုးနတ်မင်းကသူ့အသက်စွမ်းအင်ကို
အသုံးပြုပြီး ငါ့ကိုကယ်တင်မှာလား '

ကျင်းမှာ အသံပင်မထွက်နိုင်‌တော့ပါ။
ဘာကြောင့်များ တည်ငြိမ်လှသည့်ရေခဲတောင်ကြီးများက
သူ့ကိုအသက်နဲ့ရင်းပြီး
လာကယ်တင်နေရပါလိမ့်။
အရင်နေ့က ရှင်းကလာကယ်ခဲ့သည်။
အခုတော့ မိုးနတ်မင်း။

နှစ်ယောက်လုံးရဲ့မျက်နှာထက်က
တည်ငြိမ်မှုက ထပ်တူညီသလို၊
အပြုအမူတွေကလည်း တစ်ထပ်တည်းကျနေသလိုလိုပါပဲ။။။။။

သူတို့နှစ်ယောက်က သာမန်ဆရာတပည့်ဆိုတာ
ဟုတ်ပါရဲ့လား။။။။

စဉ်းစားရခက်လေပြီ။။။။

ဒါပေမယ့် သူ့မှာစဉ်းစားဖို့ပင်အချိန်မရှိခဲ့ပါ။
ဖြူလွနေသည့်ရောင်ခြည်တန်းများက
ဝိဉာဉ်စုဓာတ်လုံးမှသည်
သူ့ဆီသို့အလုအယက်ဝင်လာခဲ့ကြပြီဖြစ်သည်။


သို့ပေမယ့် မျဉ်းဖြောင့်အတိုင်းဝင်လာသည်မဟုတ်ပဲ၊
‌ကွေ့ပတ်သွားကာစက်ဝိုင်းပုံသဏ္ဍာန်
ပြုလုပ်လိုက်သေး၏။
အကြိမ်ဖန်များစွာရစ်ပတ်ပြီးသည့်နောက်မှာတော့
သူသည် အဖြူရောင်ဘောလုံးလေးထဲသို့
ရောက်နှင့်ပြီးဖြစ်ခဲ့၏။


ထိုဘောလုံးလေးမှာ အဖြူရောင်စွမ်းအင်တွေနှင့်
ဖန်တီးထားသည်ဆိုပေမယ့် အတွင်းဘက်နံရံများမှာတော့
ရွှေရောင်လက်နေသော ပုံရိပ်အချို့ရှိနေခဲ့သည်။

စပ်စုစိတ်ကလေးအနည်းငယ်ဝင်လာသည့်အခါ
ထိုပုံရိပ်များကိုပုံဖော်ကြည့်ဖို့
ကျင်းစတင်မိတော့သည်။
သူ့ခန္ဓာကိုယ်ပြန်ရအောင်
မိုးနတ်မင်းကလုပ်ပေးနေပြီဆိုတော့
ယခုလက်ရှိသူ့မှာလုပ်စရာဆိုလို့
စပ်စုဖို့သာကျန်တော့သည်မဟုတ်လား။

ထို့ကြောင့် ခပ်ဝါးဝါးသာမြင်နေရသည့်
အနှီရွှေရောင်မျဉ်း‌‌လေးများကို
ဆက်စပ်ကြည့်လိုက်တော့သည်။

ကနဦးအစပိုင်းတွင် ကြိုးဆယ်ကြိုးကိုသာ
မြင်ရ၏။ ထိုကြိုးများသည်ဖြောင့်စင်းနေပြီး
အထက်မှအောက်သို့သွယ်တန်းနေပါ၏။
ကြိုးရဲ့အစကိုမမြင်ရပေမယ့်
ကြိုးအဆုံးမှာတော့ ဓားတစ်ချောင်းကိုင်ပြီး
သိုင်းလေ့ကျင့်နေသော
ဆယ်ကျော်သက်အရွယ်ကလေးငယ်တစ်ယောက်
ရှိနေခဲ့၏။

ထူးဆန်းလှသည်ဟုဆိုရပေမလား။
ကြိုးမျှင်များသည်
ထိုကောင်လေးရဲ့ ခန္ဓာကိုယ်ပေါ်တွင်
ချည်နှောင်လျက်သားရှိနေခဲ့၏။
သို့သော် မလှုပ်နိုင်အောင်တုပ်နှောင်ထားသည်
မဟုတ်ပဲ၊ လှုပ်ရှားအောင်တမင်လုပ်ပေးနေသလိုလို။

ရုပ်သေးရုပ်တစ်ရုပ်ကို ကပြဖျော်ဖြေနိုင်အောင်
ရုပ်သေးဆရာကထိန်းညှိနေသည့်အလား၊
မြင်ယောင်စေ၏။
ကောင်လေးကလည်း ထိုကြိုးတွေနဲ့
ချည်နှောင်ခံထားရသည်ကို
ကျေနပ်နေပုံပေါ်၏။
သူ့နှုတ်ခမ်းတွေသည် ကော့ညွှတ်နေပြီး
မျက်နှာကိုအနည်းငယ်မော့ကာ
ရွှင်မြနေသည့်မျက်‌လုံးတြွေဖင့်
ကြိုးတွေရဲ့လာရာကိုကြည့်နေခဲ့သည်။

ကျင်းလည်း ကောင်လေးနည်းတူ၊
အပေါ်သို့ပြန်လည်မော့ကြည့်မိ၏။
ပထမဆုံးမြင်လိုက်ရသည်က
ကြိုးတစ်ချောင်းစီရစ်ပတ်ထားသည့်
လက်ချောင်းရှည်တွေ။

ထိုလက်ချောင်းရှည်တွေရဲ့အပေါ်မှာတော့
ပြန့်ကျယ်လှသည့်ဝတ်ရုံလက်တစ်ခုရှိနေပေ၏။
ကျင်းမှာ အနည်းငယ်စီပေါ်လာနေသည့်
ပုံရိပ်များကိုကြည့်နေရတာအားမရပါပေ။
သူတကယ်ကို ဘယ်သူလဲဆိုတာ
သိချင်နေပြီဖြစ်‌ပေမယ့်
ရွှေရောင်မျဉ်းလေးများသည်၊
စုတ်တံတစ်ခု၏ဆွဲချက်များအလား။

တစ်ဆင့်ချင်းစီသာပုံဖော်နေခဲ့သည်လေ။

ထို့ကြောင့် စိတ်အနည်းငယ်ရှည်လိုက်ပြီး
ပြန်ကြည့်လိုက်တော့
အတော်များများပင်ပုံပေါ်နေခဲ့ပြီဖြစ်သော
ယောက်ျားတစ်ယောက်ပုံကိုမြင်လိုက်ရလေ၏။


ယောက်ျားပျိုမှာ ပုဝါလွှမ်းထားသည့်ခမောက်ကို
အကျအနဆောင်းထားပြီး ၊
ကြိုးဆွဲရာကနေသော ကလေးငယ်ကိုငုံ့ကြည့်နေခဲ့သည်။
သို့ပေမယ့်ပုဝါစလှပ်နေသည့်နေရာတွင်
အနည်းငယ်ပေါ်နေသည်က အပြုံးတစ်စ။

ကောင်လေးရဲ့အပြုံးနဲ့ထပ်တူကျနေသည့်
ပီတိဝေဖြာ‌နေသည့်အပြုံး။

နွေဦးပန်းပွင့်များနှယ် တောက်ပလွန်းလှသည့်
အပြုံးတွေဆင်တူဆင်မြန်းထားသူနှစ်ယောက်မှာ
ရုပ်သေးဆရာနဲ့ရုပ်သေးရုပ်လား။
သို့မဟုတ် နှစ်ယောက်လုံးက သက်ရှိတွေလားဆိုတာခွဲခြား၍မရနိုင်‌ပေ။
သို့ပေမယ့်သေချာတာတစ်ခုတော့ရှိ၏။

ရုပ်သေးဆရာအပေါ်ထားသည့်
ကောင်လေးရဲ့ခံစားချက်က
သာမန်ထက်ပိုမိုထူးကဲကာ
ချစ်ခြင်းရဲ့အငွေ့အသက်တွေ
ပျော်ဝင်နေတယ်ဆိုတာပါပဲ။
ထိုခံစားချက်များသည်
တစ်ဖက်လူကိုပါကူးစက်စေနိုင်လောက်သည့်
အပြုံးတြွေဖင့် ဖော်ညွှန်းခံထားရ၏။


ထိုအချိန်တွင် ကျင်းရဲ့ခေါင်းထဲသို့
မေးခွန်းတစ်ခုရောက်ရှိလို့လာခဲ့၏။
ထိုမေးခွန်းမှာ......

မိုးနတ်မင်းရဲ့အသက်ဝိဉာဉ်ဓာတ်ထဲမှာ
ဘာကြောင့်ဒီလိုပုံရိပ်ကို
သိမ်းဆည်းထားရသလဲဆိုတဲ့
မေးခွန်းသာဖြစ်၏။။။။။။။












© Sun Elf,
книга «The truth untold».
Коментарі