Chapter 23
"ရွစ္ဇြင္း......ရွစ္ဇြင္းရဲ့ဝိဉာဉ္ထဲမွာ
ဘာလို႔မိစၧာဓာတ္ေတြေရာက္ေနတာလဲ"
ဟြားရန္ရဲ့အေမးကို ရွင္းကမည္သို႔မ်ွမတံု႔ျပန္ပဲ
မဲ့ၿပံဳးၿပံဳးရင္း ခုတင္ေပၚမွာထိုင္ေနရာမွ
ေအာက္သို႔ဆင္းလိုက္သည္။
တစ္ဆက္တည္းမွာပင္
အသက္ဝိဉာဉ္ကင္းမဲ့ေနသၫ့္
အေလာင္ေကာင္ႀကီးပမာဆံႏြယ္ေတြကိုစုကိုင္သည္။
အစပိုင္းတုန္းကေတာ့ ပြေယာင္းစျပဳေနတဲ့ဆံႏြယ္ေတြကို
ျပန္လည္ျပင္ဆင္ခ်င္ခဲ့တယ္လို႔ထင္ခဲ့ေပမယ့္၊
လက္ေတြ ့မွာေတာ့ ထိုသို႔မဟုတ္ခဲ့ပါ။
လက္ခနဲျဖစ္သြားတဲ့အလင္းတစ္ျဖာေအာက္တြင္
ဒူးအထိရွည္လ်ားလွတဲ့ဆံႏြယ္ရွည္ႀကီးသည္
ခါးအေပၚထိေရာက္ေအာင္
ျဖတ္ခ်ခံလိုက္ရေတာ့သည္။
မီးပြားေတြအျဖစ္ျပဳတ္က်လာတဲ့
ဆံပင္အပိုင္းအစမ်ားၾကားတြင္
ရွင္းရာသည္ တုန္ရီစြာရိွေနခဲ့၏။
သူ႔သခင္ျဖစ္သူရဲ့ျမတ္ႏိုးဖြယ္ေကာင္းတဲ့
ဆံႏြယ္ေတြကိုျဖတ္ေတာက္လိုက္ရတဲ့အတြက္
ဝမ္းနည္းစြာငိုေႂကြးေနသၫ့္အလား
တဆတ္ဆတ္တုန္ေနရွာ၏။
"ရွစ္ဇြင္း....... ဘာလုပ္လိုက္တာလဲ"
ရွင္းက ဟြားရန္တို႔ဆီစူးစူးရဲရဲစိုက္ၾကၫ့္ရင္း
မႏွစ္ၿမိဳ႔လွသၫ့္အသံျဖင့္ ျပန္ေျဖလာ၏။
"ငါ့ကိုဘယ္လုပ္ပါ၊ဘယ္လိုေနပါလို႔ေျပာေနၾကတဲ့
မင္းတို႔ကေရာ ဘာလုပ္ေနတယ္လို႔ထင္လဲ"
"ထိုက္ယန္....ငါတို႔ကမင္းအတြက္ေျပာ"
ရွဲ႔ယန္ရဲ့စကားကိုရွင္းလက္မခံ။
အဆံုးထိပင္ေျပာခြင့္မေျပာပဲ ျပန္လည္ေခ်ပျခင္းျဖင့္
ျဖတ္ခ်လိုက္၏။
"ဘယ္သူကထိုက္ယန္လဲ......"
"ရွင္း အဲ့လိုမလုပ္ပါနဲ႔"
ဖန႔္ယြင္ရဲ့ေလႏုေသြးစကားေတြသည္
အခုခ်ိန္မွာေတာ့ ရွင္းကိုေပ်ာ့ညံ့လာေအာင္
မစြမ္းေဆာင္ႏိုင္ေတာ့ပဲ
ေဒါသေတြဆီသို႔သာ ပိုမိုလြင့္ေျမာသြားေစသည္။
ရွင္းကခက္ထန္စြာဆိုသည္။
"မင္းတို႔ကိုငါေျပာမယ္
ငါဘယ္တုန္းကမွထိုက္ယန္မျဖစ္ခ်င္ခဲ့ဘူး....
အဲ့ဒီအခ်ိန္တုန္းကအမွတ္တရေတြကလည္း
ငါ့အတြက္ျပဇာတ္တစ္ပုဒ္ထက္မပိုခဲ့ဘူး"
"......"
"........"
"........"
ရွင္းသည္ သူအျမတ္တႏိုးဝတ္ဆင္တတ္သၫ့္
အနီေရာင္ဝတ္ရံုကို အနက္ေရာင္သို႔
ေျပာင္းလဲရင္းျဖင့္။။။
"ျပီးေတာ့ မင္းတို႔သိထားရမွာက
ေဟာ္လင္အရွင္သခင္ကို
ငါကိုယ္တိုင္သတ္လိုက္ၿပီ......
သူဆိုတာဘယ္ေတာ့မျွပန္မေပၚလာႏိုင္ေတာ့ဘူး
မင္းတို႔ေျဖာင္းဖ်ဖို႔ႀကိဳးစားလည္းအပိုပဲ....."
"မဟုတ္ဘူး"
ဟြားရန္ရဲ့ထိတ္လန႔္မႈကို ရွင္းကဂရုမစိုက္ပဲ
ဆက္ေျပာလာသည္။
"ငါက ဟုန္လင္က်င္းပဲ...
ငါ့လမ္းကိုပိတ္ဖို႔မႀကိဳးစားပါနဲ႔....
ငါကတကယ့္ဟုန္လင္က်င္းထက္
ပိုေသြးေအးၿပီး ပိုရက္စက္ဖို႔ဝန္မေလးဘူး"
ေျပာေနရင္းျဖင့္ပင္
ရွင္းရဲ့မ်က္လံုးေတြသည္ပိုမိုနီရဲလာခဲ့သည္။
ႏႈတ္ခမ္းေအာက္မွာ တစ္စြန္းတစ္စထြက္ေပၚေနတဲ့
အစြယ္ေတြက တစ္စံုတစ္ေယာက္ကို
ကိုက္သတ္ခ်င္ေနသၫ့္အလား။
မာန္ဝံ့ေနၾက၏။
သူသည္ လက္ေခ်ာင္းရွည္ေတြမွာဝတ္ဆင္ထားတဲ့
လန္ယာကို ဖယ္ရွားလိုက္ၿပီး
ဝိဉာဉ္လႊာထဲမွာပိတ္ေလွာင္ပစ္၏။
ရွင္းရာနဲ႔ေက်ာက္ဟြာကိုလည္းအလားတူပင္၊
သူ႔ကိုယ္ေပၚမွခြၽတ္ယူကာ
ဝိဉာဉ္ထဲသို႔ဝင္ေရာက္ေစ၏။
ရွင္းရာျဖင့္
ထိန္းၫွိထားျခင္းမရိွေတာ့သၫ့္
ဆံႏြယ္မ်ားသည္ ျမင့္ျမင့္ေျမႇာက္စီးခံလိုက္ရၿပီး၊
၎တို႔အေပၚတြင္ေငြေရာင္ဆံခ်ိတ္တစ္ခုက
အေရာင္တလက္လက္နဲ႔ရိွေနခဲ့သည္။
လန္ယာမရိွေတာ့သၫ့္
လက္ေခ်ာင္းမ်ားေပၚမွာေတာ့
ေငြေရာင္သိမ္းငွက္လက္သည္းမ်ားက
မ်က္စိစပါးေမႊးစူးစဖြယ္ရိွေန၏။
ထိုအသြင္မွာ ဟုန္လင္က်င္းရဲ့ျပင္ဆင္မႈမ်ိဳးပင္။
ဆံခ်ည္တစ္မ်ွင္၊ အၾကၫ့္တစ္ခ်က္ပင္
မလြဲေစရေအာင္ ပံုတူပြားထားသၫ့္ႏွယ္။
သို႔ေပမယ့္ မ်က္ႏွာကေတာ့မတူ။
ရွင္းသည္ ဟုန္လင္က်င္းရဲ့မ်က္ႏွာအစစ္ကို
သံုးေလာကေရ႔ွမွာ ဘယ္ေတာ့မွခ်ျပခ်င္စိတ္မရိွသၫ့္အလား။
သူ႔မ်က္ႏွာကိုသာ သူသံုး၏။
ထိုအျပဳအမူမွာ အျပစ္ေတြအားလံုးငါ့ဆီကိုလာ၊
တကယ့္ဟုန္လင္က်င္းကို
လက္တစ္ေခ်ာင္းနဲ႔ေတာင္ထိဖို႔မႀကိဳးစားေလနဲ႔
ဆိုသၫ့္သေဘာသက္ေရာက္ေနသည္မို႔
ဟြားရန္တို႔သံုးေယာက္ကိုပို၍ခံစားရေစသည္။
သို႔ေပမယ့္ ရွင္းကသူတို႔ရဲ့ခံစားခ်က္ေတြကို
ဂရုမစိုက္ခ်င္သၫ့္အလား။
တစ္ခ်က္ပင္ေစာင္းငဲ့မၾကၫ့္ပါပဲ
ေနနန္းေဆာင္ထဲမွထြက္ခြာသြားေတာ့သည္။
ေျခတစ္လွမ္းပင္ မွားယြင္းျခင္းမရိွခဲ့ပါေလ။
လိုက္ကာစမွပုလဲလံုးတန္းေလးေတြကို
ရွင္းေက်ာ္ျဖတ္သြားခ်ိန္မွာေတာ့
နီရဲေနတဲ့မ်က္ဝန္းေတြထဲတြင္
အလင္းတစ္ျဖာလက္ခနဲျဖစ္လို႔သြားခဲ့၏။
ထိုအရာကို ရွင္းရဲ့အေနာက္တၫ့္တၫ့္မွာ
ရပ္ေနခဲ့တဲ့ဟြားရန္နဲ႔ဖန႔္ယြင္က
မျမင္ႏိုင္ခဲ့ေပမယ့္
ေဘးဘက္မွာရပ္ေနခဲ့တဲ့ရွဲ႔ယန္ကေတာ့
ျမင္ျဖစ္ေအာင္ ျမင္လိုက္ရပါ၏။
ထိုအရာသည္ မ်က္ရည္စမ်ားသာ။။။။။
ထိုခဏ၌ရွင္းရဲ့စိတ္ကို ရွဲ႔ယန္အႂကြင္းမဲ့နားလည္သြားေတာ့သည္။
ရွင္းသည္ ဟုန္လင္က်င္းကို
အျပစ္အနာအဆာကင္းသၫ့္
ၾကာပန္းျဖဴေလးလိုအမ်ားအျမင္မွာ
ထင္ေပၚေစခ်င္သၫ့္အတြက္
သူ႔ကိုယ္သူစေတးခံဖို႔ဆံုးျဖတ္ေနျခင္းသာ။
ထို႔ျပင္ ရွဲ႔ယန္တို႔သံုးေယာက္ကို
သူရႈပ္ထားသၫ့္ျပႆနာေတြထဲ
ဆြဲမထၫ့္ခ်င္သည္မို႔
ရင္ထဲမပါသၫ့္စကားေတြေျပာၿပီး
ထြက္သြားျခင္းသာျဖစ္၏။
' မင္းဘယ္ေလာက္ေတာင္ ခံစားရခက္ေနရွာမလဲရွင္းရယ္......
ငါကေဒါသႀကီးတယ္ဆိုေပမယ့္
စဉ္းစားခ်င့္ခ်ိန္တတ္တဲ့သူတစ္ေယာက္ပါ.....
မင္းဘာေၾကာင့္အခုလိုေျပာသြားလဲဆိုတာ
ငါမသိပဲေနပါ့မလား.....
ငါ့ညီေလး.....ငါ့သားေလးလိုျဖစ္ေနတဲ့
မင္းရဲ့ရင္ထဲကို ငါဝင္ၾကၫ့္လို႔ရပါတယ္.....
ဒါေပမယ့္ ဒဏ္ရာေတြနဲ႔ေသြးေတြပဲ
ျမင္ေနရေတာ့ ငါဘယ္လိုရပ္ၾကၫ့္ေနႏိုင္ပါ့မလဲ....
ေကာင္းၿပီ......မင္းကနတ္ဘုရားေတျြဖစ္တဲ့
ငါတို႔ကိုျပႆနာထဲဆြဲ႔မထၫ့္ခ်င္ဘူးဆိုေတာ့
နတ္ဆိုးတစ္ေကာင္အျဖစ္
မင္းကိုေစာင့္ေရွာက္ဖို႔ငါလာခဲ့မယ္......
ငါ့ညီေလးကို ဘယ္သူ႔မွထိဖို႔မႀကိဳးစားေစရဘူး....
ရွဲ႔ယန္ဆိုတဲ့ ဒီအစ္ကိုရိွေနသေရြ ့ေပါ့.....
မၾကာပါဘူး......မင္းဆီကိုလိုက္လာခဲ့မယ္
အစ္ကို႔ကိုခဏပဲေစာင့္ေပးပါကြာ'
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
တင္းထားသမ်ွစိတ္ေတြကိုေလ်ာ့ခ်လိုက္ေတာ့
မ်က္ရည္စေတြသည္
တလိပ္လိပ္တက္ေနတဲ့တိမ္စိုင္ေတြ
ငိုခ်လိုက္သၫ့္ႏွယ္ သူ႔မ်က္ႏွာေပၚ
အဆီးအတားမရိွျဖတ္သန္းသြားေပ၏။
ညေနေစာင္းေနေရာင္ျခည္ေလးကို
ေငးၾကၫ့္မိေတာ့ သူ႔ကိုကေလးတစ္ေယာက္လို
ေစာင့္ေရွာက္ေပးခဲ့သၫ့္
အစ္ကိုသံုးေယာက္ကိုျပန္လည္တမ္းတမိ၏။
အခ်ိန္နာရီေတြသည္ ေနာက္ျပန္လွၫ့္ရိုး
ထံုးစံမရိွေပမယ့္ ရွင္းအၿမဲတမ္းဆုေတာင္းမိခဲ့သည္က
ေနြးေထြးျခင္းေတြေရးထိုးထားတဲ့
ထိုေန့ရက္ေတြဆီ ျပန္သြားခြင့္ရဖို႔သာ။။။။။
ဒါေပမယ့္ သူ႔မွာလုပ္စရာေတြက
အမ်ားႀကီးေလ။
ကတိေတြကေနေပါက္ဖြားလာတဲ့
ေျဖရွင္းစရာကိစၥေတြကအမ်ားႀကီးမို႔
အဲ့ဒီေန့ရက္ေတြကို သူစြန႔္လႊတ္လိုက္ရတာျဖစ္သည္။
ခ်ိဳးယြဲ႔ရဲ့ေဖာ္ထုတ္မႈေတြေအာက္မွာ
က်င္းက ဟုန္လင္က်င္းဆိုတာ
အေနွးနဲ႔အျမန္သိသြားမည္ကမလြဲဧကန္။
ဒါကိုသူေျပာင္းလဲခ်င္သည္။
က်င္းကို ဝမ္ယြဲ႔လိုျဖစ္ေစခ်င္သည္။
အျပစ္ဆိုတာတစ္ခုမွမရိွေလသၫ့္
သံုးေလာကဧကရာဇ္အျဖစ္
ပလႅင္ထက္မွာ ျမင္ေတြ ့ခ်င္သည္။
ဒါေပမယ့္ ဟုန္လင္က်င္းေနရာမွာ
အစားထိုးဖို႔လူကလိုေနေသးသည္။
အခုတေလာ သူ႔စြမ္းအားေတြက
တျဖည္းျဖည္းေလ်ာ့နည္းလာၿပီ
ျဖစ္သၫ့္အေလ်ာက္
အားလံုး၏မွတ္ဉာဏ္ထဲမွာ
သူေဖ်ာက္ဖ်က္ပစ္ထားတဲ့
ဟုန္လင္က်င္းရဲ့အသြင္က
တျဖည္းျဖည္းေပၚလြင္လာၿပီျဖစ္သည္။
သတ္ခဲ့တဲ့သူေတြ၊ ဖ်က္စီးခဲ့တဲ့အရာေတြက
အားလံုးရဲ့မွတ္ဉာဏ္ထဲမွာ
ျပန္လည္ဝင္ေရာက္လာၿပီျဖစ္သၫ့္အျပင္
ဟုန္လင္က်င္းမေသဆံုးခဲ့ဘူးဆိုတာကိုလည္း
ျပန္လည္မွတ္မိလာၾကေတာ့မည္ျဖစ္သည္။
ဒီေတာ့ သူ႔မွာေရြးခ်ယ္စရာမရိွေတာ့ပဲ
ဟုန္လင္က်င္းေနရာဝင္ယူဖို႔သာ
တတ္ႏိုင္ေတာ့တာေပါ့။
ဟုန္လင္က်င္းရဲ့မ်က္ႏွာကိုေတာ့
တစ္သက္လံုးဘယ္သူ႔မျွပန္မမွတ္မိမွာေသခ်ာသည္။
ဒါေၾကာင့္ သူ႔အစီအစဉ္ေတြအတိုင္းသာ
အဆင့္ဆင့္လုပ္ေဆာင္သြားဖို႔လိုအပ္ပါ၏။
ထိုအစီအစဉ္၏ ပထမအခ်က္မွာ
နတ္ဘုရားနယ္ေျမနဲ႔သံေယာဇဉ္ျဖတ္ဖို႔သာ
ျဖစ္၏။ သို႔မွသာ သူ႔အစ္ကိုသံုးေယာက္ကို
သံုးေလာကအလယ္မွာ အျပစ္တင္မခံရေအာင္
ကာကြယ္ေပးႏိုင္မွာမဟုတ္လား။
နာက်င္စရာေကာင္းတယ္ဆိုေပမယ့္
သူ႔အစ္ကိုေတြသာ အဆင္ေျပမယ္ဆိုရင္
ဒီလမ္းကိုသူအႀကိမ္ႀကိမ္ေရြးခ်ယ္ဖို႔
ႀကိဳးပမ္းမည္သာ။
ဘာေၾကာင့္လဲဆိုေတာ့ သူ႔ဘဝမွာက်င္းကလြဲရင္
အေရးႀကီးဆံုးက
ထိုသံုးေယာက္ျဖစ္ေနျခင္းေၾကာင့္ပင္။။။။။
မ်က္ေတာင္ရွည္ေတြကို တဖ်တ္ဖ်တ္ခတ္ၿပီး
မ်က္ရည္စေတြကိုထိန္းလိုက္ေတာ့
ဝမ္းနည္းမႈေတြအနည္းငယ္ေလ်ာ့သြားသလိုပါပဲ။
သို႔ေပမယ့္ ထိုေလ်ာ့ပါးမႈေတြသည္
သူ႔ဆီကေနၾကာၾကာထြက္သြားခ်င္စိတ္မရိွသၫ့္ႏွယ္
ျပန္လည္ဝင္ေရာက္လာခဲ့ျပန္၏။
သူ႔ဆီကိုတေရြ ့ေရြ ့ေလ်ွာက္လွမ္းလာေနတဲ့
အျပာေရာင္အရိပ္ေလးတစ္ခု။
ျဖဴစင္ျခင္းနဲ႔စင္ၾကယ္ျခင္းကိုေဆာင္ၿပီး
ေျဖာင့္မတ္မွန္ကန္ျခင္းကို
လက္ကိုင္ထားသၫ့္အသြင္ေပၚသၫ့္
ထိုပံုရိပ္ေလးသည္ သူနဲ႔ႏွစ္လွမ္းအကြာမွာ
ရပ္လိုက္ၿပီး ေမးခြန္းတစ္ခုကိုဖန္တီးလာသည္။
"ရွစ္ဇြင္း.....ကြၽန္ေတာ့္ကိုမွတ္မိလားဟင္"
ေမးရက္လိုက္တဲ့သူပါေလ။။။။။
ဒီအသံ။
ဒီမ်က္ႏွာ။
ဒီအျပဳအမူ။
သူေသသြားတဲ့အထိအမွတ္ရေနမယ့္
အရာေတြေလ။
ဘယ္လိုမမွတ္မိပဲေနပါ့မလဲ။
လူေတြက အရာအားလံုးကို
ေမ့ခ်င္ေမ့သြားႏိုင္ေပမယ့္
သူတို႔ရဲ့ေကာင္းကင္ႀကီးကိုေတာ့
ဘယ္ေတာ့မွမေမ့ႏိုင္ဘူးတဲ့။
ရွင္းအတြက္ေတာ့ အဲ့ဒီစကားကအနည္းငယ္
ေျပာင္းလဲလို႔သြားေပမည္။
' အရာအားလံုးကိုေမ့သြားႏိုင္ေပမယ့္
ဟုန္လင္က်င္းကိုေတာ့ ဘယ္ေတာ့မွမေမ့ႏိုင္ဘူး'
လို႔ေလ။
ပုစြန္ဆီေရာင္သမ္းေနတဲ့
ညေနခင္းေနေရာင္ျခည္ေအာက္မွာ
ျမင္ေနရတဲ့ က်င္းရဲ့အသြင္က
အရင္တုန္းက ဟုန္လင္က်င္းနဲ႔
အနည္းငယ္ကြဲျပားေနေပမယ့္
ၾကၫ့္ေကာင္းလွသည္။
ဒါေပမယ့္ ရွင္းထိုစကားကို
ဘယ္ေတာ့မွေျပာထြက္မည္မဟုတ္ေပ။
ဒါေၾကာင့္ မ်က္လံုးေတြကိုေမွးမိွတ္လိုက္ကာ
စိတ္အေျခအေနကိုတည္ၿငိမ္ေအာင္
ႀကိဳးစားယူလိုက္ေတာ့သည္။
ထိုေနာက္ အနည္ထိုင္ေနျပီျဖစ္ေသာ
ခါးသက္သက္ေရေနြးၾကမ္းတစ္ခြက္ကို
လ်ွာေပၚမွာစြဲထင္ေအာင္
တစိမ့္စိမ့္ေသာက္ထားသၫ့္ႏွယ္။
ရင့္သီးေသာစကားမ်ားျဖင့္ က်င္းကိုႏႈတ္ဆက္လိုက္သည္။
" မင္းဘယ္သူလဲဆိုတာ ငါသိစရာလိုလို႔လား"
"ရွစ္ဇြင္း......ကြၽန္ေတာ့္ကိုမရက္စက္ပါနဲ႔ဗ်ာ"
သူ႔နားကိုတျဖည္းျဖည္းတိုးကပ္လာတဲ့
က်င္းရဲ့ေျခလွမ္းေတြကို
ရွင္း ေရွာင္ဖို႔ႀကိဳးစားမိသည္။
က်င္းကတစ္လွမ္းအေရ႔ွတိုးရင္
သူကတစ္လွမ္းအေနာက္ဆုတ္ျခင္းျဖင့္။
ဒါေပမယ့္ က်င္းကအေလ်ာ့မေပး။
သူ႔ကိုစကားေတြအလ်င္မျပတ္ေအာင္
ဆက္လက္ေျပာေနခဲ့၏။
သူ႔သည္းခံစိတ္ကိုစမ္းသပ္ေနသၫ့္အလား။
သူ႔မ်က္ရည္ေတြကို က်မလာနိုင္ဘူးလို႔
ယံုၾကည္ေနသၫ့္အလား။။။။။။
" ကြၽန္ေတာ္ ရွစ္ဇြင္းဆီျပန္ေရာက္ဖို႔
ဘယ္ေလာက္ထိႀကိဳးစားခဲ့ရလဲသိလား.....
မေတြ ့ရတဲ့တစ္ရက္အတြင္းမွာ
အရမ္းလြမ္းေနခဲ့ရတယ္ဆိုတာသိရဲ့လား.....
ရွစ္ဇြင္းနဲ႔မိုးနတ္မင္းရဲ့အေၾကာင္းကို
သိခြင့္ရလိုက္လို႔ ဘယ္ေလာက္ခံစားေနရလဲဆိုတာ
သိရဲ့လားဗ်......"
"ဘာ"
သူနဲ႔မိုးနတ္မင္းရဲ့အေၾကာင္းတဲ့လား။
သူတို႔ၾကားမွာ
ဘယ္လိုအေၾကာင္းအရာေတြမ်ားရိွခဲ့လို႔လဲ။
သူမွတ္မိသေလာက္က
ဆရာတပၫ့္ဆိုတာထက္ေတာင္
မပိုခဲ့ဘူးေလ။
ဝမ္ယြဲ႔နဲ႔ဟြားရန္ေလာက္ေတာင္
ခ်ိဳးယြဲ႔က သူနဲ႔နီးကပ္ခြင့္မရိွခဲ့ဘူးမဟုတ္လား။
က်င္းဘာေတြေျပာေနပါလိမ့္။
သူနားမလည္ႏိုင္ပါေလ။
ဒါေပမယ့္ ရွင္းကလက္ရိွအေျခအေနကို
ဘယ္လိုကိုင္တြယ္ရမလဲဆိုတာ
ေကာင္းစြာသိသူျဖစ္၏။
ဒီအခြင့္အေရးသည္ႏွစ္ခါျပန္မရႏိုင္သၫ့္
အရာပင္ျဖစ္သည္မို႔ ေကာင္းစြာအသံုးခ်ဖို႔
သူအနည္းငယ္မွပင္ ဝန္မေလးခဲ့ပါ။
သူကဆိုသည္။။။။။။
" မင္းက က်င္းလား"
က်င္းသည္ သူ႔ကိုျပန္မွတ္မိသြားၿပီဆိုသၫ့္အထင္နဲ႔
ဝမ္းသာအားရေခါင္းၿငိမ့္ျပရွာ၏။
ဒါေပမယ့္ ရွင္းကထိုဝမ္းသာမႈေလးေတြကို
တစ္စစီဖ်က္ဆီးပစ္ခဲ့သည္ေလ။
"ေအာ္..... ငါ့ရဲ့သားကိုး....
ရုတ္တရက္မို႔ မမွတ္မိျဖစ္သြားတာ
ဒီအေဖ့ကိုစိတ္မဆိုးပါဘူးေနာ္....."
"ရွစ္ဇြင္း???"
" ဘာလဲ..... မိုးနတ္မင္းကမင္းကို
ေမြးစားထားတာဆိုေတာ့
ဒီနတ္ဆိုးအေဖကို လက္မခံႏိုင္တာလား"
"......."
"တကယ္ေတာ့ မင္းအေမသာဝင္မရႈပ္ရင္
မင္းကငါတို႔ႏွစ္ေယာက္ရဲ့
သားတစ္ေယာက္ျဖစ္လာရမွာ.....
အခုေတာ့.....ထားပါေတာ့ေလ"
က်င္းမွာ ထိုသို႔ေသာယုတၲိမတန္တဲ့စကားကိုပင္၊
မခ်င့္ခ်ိန္ႏိုင္ေတာ့ပဲ ဒူးေထာက္ရက္လဲက်သြားေတာ့သည္။
သူၾကားလိုက္ရတဲ့စကားကို
လက္မခံရဲသလို၊ ယံုၾကည္ဖို႔လည္း တြန႔္ဆုတ္ေနမိသည္။
ဒါေပမယ့္ သူ႔ရွစ္ဇြင္းကိုယ္တိုင္ေျပာေနမွေတာ့
အမွန္ေတြပဲ ျဖစ္မွာပါလို႔၊
သူ႔ကိုယ္သူျပန္သတိေပးေနမိ၏။
" ခ်စ္ခဲ့လား "
သူသည္ ဒူးေထာက္ရက္ပင္၊
ရွင္းရဲ့ဝတ္ရံုအနားစေတြဆီ
အၾကၫ့္ေတြလႊဲရင္းေမးလာခဲ့သည္။
ရွင္းကလည္း ထိုအေျခအေနကို
အခြင့္ေကာင္းယူၿပီး လိမ္ညာသည္။
"အင္း.....ငါ သူ႔ကိုအရမ္းခ်စ္ခဲ့တာ"
"ဘယ္အထိေမ်ွာ္လင့္ထားလဲ"
"သူနဲ႔တစ္သက္လံုးအတူေနသြားခ်င္တဲ့အထိ"
"ဘယ္ေလာက္ခ်စ္လဲ"
"ငါ့ကိုယ္ငါအဆံုးရႈံးခံရဲတဲ့အထိ"
"ကြၽန္ေတာ့္ကိုေရာ?"
"........"
' ငါကမင္းအေၾကာင္းပဲေျပာေနခဲ့တာေလ.... '
ျပန္ေျဖဖို႔တြန႔္ဆုတ္ေနတဲ့ ရွင္းကို
က်င္းမ်က္လံုးလွန္ၾကၫ့္ၿပီး
ေဒါသရိပ္တစ္စြန္းတစ္စဖံုးလႊမ္းေနတဲ့
အသံျဖင့္ထပ္မံေမးလာသည္။
"ကြၽန္ေတာ့္ကိုေရာ....ခ်စ္ခဲ့လား"
"......."
"ရွစ္ဇြင္းစိတ္ထဲမွာ ကြၽန္ေတာ့္အတြက္ေရာ
ေနရာရိွခဲ့ဖူးလား"
"........"
"မိုးနတ္မင္းမဟုတ္တဲ့ ကြၽန္ေတာ့္ကိုခ်စ္ဖို႔
ဆႏၵမရိွခဲ့ဖူးဘူးလား"
"မရိွဘူး"
"ဟင္"
အရိႈက္တၫ့္တၫ့္ကိုရိုက္ခ်လိုက္သၫ့္ႏွယ္၊
အသက္ရႈပါရပ္သြားေစေလာက္သၫ့္
စကားလံုးသံုးလံုးကို က်င္းမယံုႏိုင္သည္မို႔
ရွင္းကိုေမာ့ၾကၫ့္မိသည္။
ဟန္ေဆာင္ေနတာလား၊ လိမ္ညာေနတာလားဆိုတာ
ခြဲျခားႏိုင္ဖို႔အတြက္ ၾကၫ့္လိုက္ေပမယ့္
ေအးစက္လွသၫ့္ရွင္းရဲ့မ်က္ႏွာေပၚမွာ
ဘာအရိပ္အေယာင္မွရိွမေနခဲ့ေတာ့၊
သူဘာကိုအတည္ျပဳရပါ့မလဲ။
"ငါမင္းကိုခ်စ္ဖို႔မစဉ္းစားခဲ့ဘူး က်င္း"
"ဘာလို႔....."
"မင္းက အဲ့မိန္းကေလးရဲ့သားျဖစ္ေနလို႔ပဲ"
က်င္းက သူ႔အေျဖကိုလက္မခံသၫ့္အလား၊
ေခါင္းကိုျပင္းထန္စြာခါယမ္းေနခဲ့သည္။
"ကြၽန္ေတာ္ေျပာတာက မိုးနတ္မင္းကို
ခ်စ္တဲ့အခ်စ္မ်ိဳးကိုပါ.....
ကြၽန္ေတာ့္ကိုအဲ့လိုခ်စ္လာဖို႔
ဆႏၵမရိွဘူးလားဟင္....."
"အဟက္....ငါ့သားကိုငါကအဲ့လိုခ်စ္ရမယ္တဲ့လား...
ဒါကေလာကနိယာမကို စိန္ေခၚဖို႔တြန္းအားေပးေနတာနဲ႔မတူဘူးလား"
"ဟုန္လင္က်င္းက ေလာကနိယာမေတြကို
အစကတည္းက ခ်ိဳးဖ်က္ေနခဲ့တာမဟုတ္လား....
ရွစ္ဇြင္းက အခုမွေျပာင္းလဲပစ္ေတာ့မလို႔လား"
သူ႔အကြက္ထဲကို တၫ့္တၫ့္ႀကီးတိုးဝင္လာတဲ့
က်င္းေၾကာင့္ ရွင္းအနည္းငယ္ရယ္ခ်င္စိတ္ျဖစ္လာခဲ့သည္။
ဒီကေလးက ကိုယ္ျဖစ္ခ်င္တာပဲ
အၿမဲတမ္းေတြးေနတတ္သူမို႔၊
လွၫ့္စားရလြယ္လြန္းတယ္ဆိုတာ
သူအစကတည္းကသိေနခဲ့သည္မဟုတ္လား။
ရွင္းသည္ရယ္ခ်င္စိတ္ကိုၿမိဳသိမ့္ရင္းျဖင့္
က်င္းကိုကမ္းလွမ္းခ်က္တစ္ခုေပးၿပီး
သူ႔အကြက္ထဲလံုးဝဝင္လာေအာင္
ဆြဲေဆာင္ပစ္လိုက္ေတာ့သည္။
" မင္းကိုခ်စ္ေစခ်င္တာမလား"
"ဟုတ္....."
"ဒါဆိုမင္းကို အခြင့္အေရးတစ္ခုေပးမယ္.....
ဝမ္ယြဲ႔လို သံုးေလာကဧကရာဇ္ျဖစ္ေအာင္
တစ္ႏွစ္အတြင္းႀကိဳးစားႏိုင္မယ္ဆိုရင္.....
ငါ့အခ်စ္ေတြေရာ၊ ငါ့ဘဝပါ မင္းလက္ထဲထၫ့္ေပးမယ္......
ဘယ္လိုလဲ....."
"ကြၽန္ေတာ္ သေဘာတူတယ္.....
သံုးေလာကဧကရာဇ္အျဖစ္ ရွစ္ဇြင္းကိုအရယူမယ္"
သူ႔ကမ္းလွမ္းခ်က္ကို က်င္းကလံုးဝျငင္းပယ္ျခင္းမျပဳပဲ၊
သေဘာတူလိုက္သည္။
ဒါေပမယ့္ သူ႔စိတ္ထဲမွာေတာ့ အၿငိဳးမမည္သၫ့္အၿငိဳးတစ္ခုက
ရွင္းအတြက္ သီးသန႔္ျဖစ္တည္လို႔သြားခဲ့၏။
ထိုအၿငိဳးသည္ ရွင္းရဲ့ဘဝတြင္
အႀကီးက်ယ္ဆံုးေသာေနာင္တမ်ားကို
ေနာင္အခါတြင္ျဖစ္ေပၚလာေစမည္ကိုကား
ထိုအခ်ိန္က ရွင္းမရိပ္မိခဲ့ပါေလ။။။။။။။။။
Unicode:
"ရှစ်ဇွင်း......ရှစ်ဇွင်းရဲ့ဝိဉာဉ်ထဲမှာ
ဘာလို့မိစ္ဆာဓာတ်တွေရောက်နေတာလဲ"
ဟွားရန်ရဲ့အမေးကို ရှင်းကမည်သို့မျှမတုံ့ပြန်ပဲ
မဲ့ပြုံးပြုံးရင်း ခုတင်ပေါ်မှာထိုင်နေရာမှ
အောက်သို့ဆင်းလိုက်သည်။
တစ်ဆက်တည်းမှာပင်
အသက်ဝိဉာဉ်ကင်းမဲ့နေသည့်
အလောင်ကောင်ကြီးပမာဆံနွယ်တွေကိုစုကိုင်သည်။
အစပိုင်းတုန်းကတော့ ပွယောင်းစပြုနေတဲ့ဆံနွယ်တွေကို
ပြန်လည်ပြင်ဆင်ချင်ခဲ့တယ်လို့ထင်ခဲ့ပေမယ့်၊
လက်တွေ့မှာတော့ ထိုသို့မဟုတ်ခဲ့ပါ။
လက်ခနဲဖြစ်သွားတဲ့အလင်းတစ်ဖြာအောက်တွင်
ဒူးအထိရှည်လျားလှတဲ့ဆံနွယ်ရှည်ကြီးသည်
ခါးအပေါ်ထိရောက်အောင်
ဖြတ်ချခံလိုက်ရတော့သည်။
မီးပွားတွေအဖြစ်ပြုတ်ကျလာတဲ့
ဆံပင်အပိုင်းအစများကြားတွင်
ရှင်းရာသည် တုန်ရီစွာရှိနေခဲ့၏။
သူ့သခင်ဖြစ်သူရဲ့မြတ်နိုးဖွယ်ကောင်းတဲ့
ဆံနွယ်တွေကိုဖြတ်တောက်လိုက်ရတဲ့အတွက်
ဝမ်းနည်းစွာငိုကြွေးနေသည့်အလား
တဆတ်ဆတ်တုန်နေရှာ၏။
"ရှစ်ဇွင်း....... ဘာလုပ်လိုက်တာလဲ"
ရှင်းက ဟွားရန်တို့ဆီစူးစူးရဲရဲစိုက်ကြည့်ရင်း
မနှစ်မြို့လှသည့်အသံဖြင့် ပြန်ဖြေလာ၏။
"ငါ့ကိုဘယ်လုပ်ပါ၊ဘယ်လိုနေပါလို့ပြောနေကြတဲ့
မင်းတို့ကရော ဘာလုပ်နေတယ်လို့ထင်လဲ"
"ထိုက်ယန်....ငါတို့ကမင်းအတွက်ပြော"
ရှဲ့ယန်ရဲ့စကားကိုရှင်းလက်မခံ။
အဆုံးထိပင်ပြောခွင့်မပြောပဲ ပြန်လည်ချေပခြင်းဖြင့်
ဖြတ်ချလိုက်၏။
"ဘယ်သူကထိုက်ယန်လဲ......"
"ရှင်း အဲ့လိုမလုပ်ပါနဲ့"
ဖန့်ယွင်ရဲ့လေနုသွေးစကားတွေသည်
အခုချိန်မှာတော့ ရှင်းကိုပျော့ညံ့လာအောင်
မစွမ်းဆောင်နိုင်တော့ပဲ
ဒေါသတွေဆီသို့သာ ပိုမိုလွင့်မြောသွားစေသည်။
ရှင်းကခက်ထန်စွာဆိုသည်။
"မင်းတို့ကိုငါပြောမယ်
ငါဘယ်တုန်းကမှထိုက်ယန်မဖြစ်ချင်ခဲ့ဘူး....
အဲ့ဒီအချိန်တုန်းကအမှတ်တရတွေကလည်း
ငါ့အတွက်ပြဇာတ်တစ်ပုဒ်ထက်မပိုခဲ့ဘူး"
"......"
"........"
"........"
ရှင်းသည် သူအမြတ်တနိုးဝတ်ဆင်တတ်သည့်
အနီရောင်ဝတ်ရုံကို အနက်ရောင်သို့
ပြောင်းလဲရင်းဖြင့်။။။
"ပြီးတော့ မင်းတို့သိထားရမှာက
ဟော်လင်အရှင်သခင်ကို
ငါကိုယ်တိုင်သတ်လိုက်ပြီ......
သူဆိုတာဘယ်တော့မြှပန်မပေါ်လာနိုင်တော့ဘူး
မင်းတို့ဖြောင်းဖျဖို့ကြိုးစားလည်းအပိုပဲ....."
"မဟုတ်ဘူး"
ဟွားရန်ရဲ့ထိတ်လန့်မှုကို ရှင်းကဂရုမစိုက်ပဲ
ဆက်ပြောလာသည်။
"ငါက ဟုန်လင်ကျင်းပဲ...
ငါ့လမ်းကိုပိတ်ဖို့မကြိုးစားပါနဲ့....
ငါကတကယ့်ဟုန်လင်ကျင်းထက်
ပိုသွေးအေးပြီး ပိုရက်စက်ဖို့ဝန်မလေးဘူး"
ပြောနေရင်းဖြင့်ပင်
ရှင်းရဲ့မျက်လုံးတွေသည်ပိုမိုနီရဲလာခဲ့သည်။
နှုတ်ခမ်းအောက်မှာ တစ်စွန်းတစ်စထွက်ပေါ်နေတဲ့
အစွယ်တွေက တစ်စုံတစ်ယောက်ကို
ကိုက်သတ်ချင်နေသည့်အလား။
မာန်ဝံ့နေကြ၏။
သူသည် လက်ချောင်းရှည်တွေမှာဝတ်ဆင်ထားတဲ့
လန်ယာကို ဖယ်ရှားလိုက်ပြီး
ဝိဉာဉ်လွှာထဲမှာပိတ်လှောင်ပစ်၏။
ရှင်းရာနဲ့ကျောက်ဟွာကိုလည်းအလားတူပင်၊
သူ့ကိုယ်ပေါ်မှချွတ်ယူကာ
ဝိဉာဉ်ထဲသို့ဝင်ရောက်စေ၏။
ရှင်းရာဖြင့်
ထိန်းညှိထားခြင်းမရှိတော့သည့်
ဆံနွယ်များသည် မြင့်မြင့်မြှောက်စီးခံလိုက်ရပြီး၊
၎င်းတို့အပေါ်တွင်ငွေရောင်ဆံချိတ်တစ်ခုက
အရောင်တလက်လက်နဲ့ရှိနေခဲ့သည်။
လန်ယာမရှိတော့သည့်
လက်ချောင်းများပေါ်မှာတော့
ငွေရောင်သိမ်းငှက်လက်သည်းများက
မျက်စိစပါးမွှေးစူးစဖွယ်ရှိနေ၏။
ထိုအသွင်မှာ ဟုန်လင်ကျင်းရဲ့ပြင်ဆင်မှုမျိုးပင်။
ဆံချည်တစ်မျှင်၊ အကြည့်တစ်ချက်ပင်
မလွဲစေရအောင် ပုံတူပွားထားသည့်နှယ်။
သို့ပေမယ့် မျက်နှာကတော့မတူ။
ရှင်းသည် ဟုန်လင်ကျင်းရဲ့မျက်နှာအစစ်ကို
သုံးလောကရှေ့မှာ ဘယ်တော့မှချပြချင်စိတ်မရှိသည့်အလား။
သူ့မျက်နှာကိုသာ သူသုံး၏။
ထိုအပြုအမူမှာ အပြစ်တွေအားလုံးငါ့ဆီကိုလာ၊
တကယ့်ဟုန်လင်ကျင်းကို
လက်တစ်ချောင်းနဲ့တောင်ထိဖို့မကြိုးစားလေနဲ့
ဆိုသည့်သဘောသက်ရောက်နေသည်မို့
ဟွားရန်တို့သုံးယောက်ကိုပို၍ခံစားရစေသည်။
သို့ပေမယ့် ရှင်းကသူတို့ရဲ့ခံစားချက်တွေကို
ဂရုမစိုက်ချင်သည့်အလား။
တစ်ချက်ပင်စောင်းငဲ့မကြည့်ပါပဲ
နေနန်းဆောင်ထဲမှထွက်ခွာသွားတော့သည်။
ခြေတစ်လှမ်းပင် မှားယွင်းခြင်းမရှိခဲ့ပါလေ။
လိုက်ကာစမှပုလဲလုံးတန်းလေးတွေကို
ရှင်းကျော်ဖြတ်သွားချိန်မှာတော့
နီရဲနေတဲ့မျက်ဝန်းတွေထဲတွင်
အလင်းတစ်ဖြာလက်ခနဲဖြစ်လို့သွားခဲ့၏။
ထိုအရာကို ရှင်းရဲ့အနောက်တည့်တည့်မှာ
ရပ်နေခဲ့တဲ့ဟွားရန်နဲ့ဖန့်ယွင်က
မမြင်နိုင်ခဲ့ပေမယ့်
ဘေးဘက်မှာရပ်နေခဲ့တဲ့ရှဲ့ယန်ကတော့
မြင်ဖြစ်အောင် မြင်လိုက်ရပါ၏။
ထိုအရာသည် မျက်ရည်စများသာ။။။။။
ထိုခဏ၌ရှင်းရဲ့စိတ်ကို ရှဲ့ယန်အကြွင်းမဲ့နားလည်သွားတော့သည်။
ရှင်းသည် ဟုန်လင်ကျင်းကို
အပြစ်အနာအဆာကင်းသည့်
ကြာပန်းဖြူလေးလိုအများအမြင်မှာ
ထင်ပေါ်စေချင်သည့်အတွက်
သူ့ကိုယ်သူစတေးခံဖို့ဆုံးဖြတ်နေခြင်းသာ။
ထို့ပြင် ရှဲ့ယန်တို့သုံးယောက်ကို
သူရှုပ်ထားသည့်ပြဿနာတွေထဲ
ဆွဲမထည့်ချင်သည်မို့
ရင်ထဲမပါသည့်စကားတွေပြောပြီး
ထွက်သွားခြင်းသာဖြစ်၏။
' မင်းဘယ်လောက်တောင် ခံစားရခက်နေရှာမလဲရှင်းရယ်......
ငါကဒေါသကြီးတယ်ဆိုပေမယ့်
စဉ်းစားချင့်ချိန်တတ်တဲ့သူတစ်ယောက်ပါ.....
မင်းဘာကြောင့်အခုလိုပြောသွားလဲဆိုတာ
ငါမသိပဲနေပါ့မလား.....
ငါ့ညီလေး.....ငါ့သားလေးလိုဖြစ်နေတဲ့
မင်းရဲ့ရင်ထဲကို ငါဝင်ကြည့်လို့ရပါတယ်.....
ဒါပေမယ့် ဒဏ်ရာတွေနဲ့သွေးတွေပဲ
မြင်နေရတော့ ငါဘယ်လိုရပ်ကြည့်နေနိုင်ပါ့မလဲ....
ကောင်းပြီ......မင်းကနတ်ဘုရားတြွေဖစ်တဲ့
ငါတို့ကိုပြဿနာထဲဆွဲ့မထည့်ချင်ဘူးဆိုတော့
နတ်ဆိုးတစ်ကောင်အဖြစ်
မင်းကိုစောင့်ရှောက်ဖို့ငါလာခဲ့မယ်......
ငါ့ညီလေးကို ဘယ်သူ့မှထိဖို့မကြိုးစားစေရဘူး....
ရှဲ့ယန်ဆိုတဲ့ ဒီအစ်ကိုရှိနေသရွေ့ပေါ့.....
မကြာပါဘူး......မင်းဆီကိုလိုက်လာခဲ့မယ်
အစ်ကို့ကိုခဏပဲစောင့်ပေးပါကွာ'
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
တင်းထားသမျှစိတ်တွေကိုလျော့ချလိုက်တော့
မျက်ရည်စတွေသည်
တလိပ်လိပ်တက်နေတဲ့တိမ်စိုင်တွေ
ငိုချလိုက်သည့်နှယ် သူ့မျက်နှာပေါ်
အဆီးအတားမရှိဖြတ်သန်းသွားပေ၏။
ညနေစောင်းနေရောင်ခြည်လေးကို
ငေးကြည့်မိတော့ သူ့ကိုကလေးတစ်ယောက်လို
စောင့်ရှောက်ပေးခဲ့သည့်
အစ်ကိုသုံးယောက်ကိုပြန်လည်တမ်းတမိ၏။
အချိန်နာရီတွေသည် နောက်ပြန်လှည့်ရိုး
ထုံးစံမရှိပေမယ့် ရှင်းအမြဲတမ်းဆုတောင်းမိခဲ့သည်က
နွေးထွေးခြင်းတွေရေးထိုးထားတဲ့
ထိုနေ့ရက်တွေဆီ ပြန်သွားခွင့်ရဖို့သာ။။။။။
ဒါပေမယ့် သူ့မှာလုပ်စရာတွေက
အများကြီးလေ။
ကတိတွေကနေပေါက်ဖွားလာတဲ့
ဖြေရှင်းစရာကိစ္စတွေကအများကြီးမို့
အဲ့ဒီနေ့ရက်တွေကို သူစွန့်လွှတ်လိုက်ရတာဖြစ်သည်။
ချိုးယွဲ့ရဲ့ဖော်ထုတ်မှုတွေအောက်မှာ
ကျင်းက ဟုန်လင်ကျင်းဆိုတာ
အနှေးနဲ့အမြန်သိသွားမည်ကမလွဲဧကန်။
ဒါကိုသူပြောင်းလဲချင်သည်။
ကျင်းကို ဝမ်ယွဲ့လိုဖြစ်စေချင်သည်။
အပြစ်ဆိုတာတစ်ခုမှမရှိလေသည့်
သုံးလောကဧကရာဇ်အဖြစ်
ပလ္လင်ထက်မှာ မြင်တွေ့ချင်သည်။
ဒါပေမယ့် ဟုန်လင်ကျင်းနေရာမှာ
အစားထိုးဖို့လူကလိုနေသေးသည်။
အခုတလော သူ့စွမ်းအားတွေက
တဖြည်းဖြည်းလျော့နည်းလာပြီ
ဖြစ်သည့်အလျောက်
အားလုံး၏မှတ်ဉာဏ်ထဲမှာ
သူဖျောက်ဖျက်ပစ်ထားတဲ့
ဟုန်လင်ကျင်းရဲ့အသွင်က
တဖြည်းဖြည်းပေါ်လွင်လာပြီဖြစ်သည်။
သတ်ခဲ့တဲ့သူတွေ၊ ဖျက်စီးခဲ့တဲ့အရာတွေက
အားလုံးရဲ့မှတ်ဉာဏ်ထဲမှာ
ပြန်လည်ဝင်ရောက်လာပြီဖြစ်သည့်အပြင်
ဟုန်လင်ကျင်းမသေဆုံးခဲ့ဘူးဆိုတာကိုလည်း
ပြန်လည်မှတ်မိလာကြတော့မည်ဖြစ်သည်။
ဒီတော့ သူ့မှာရွေးချယ်စရာမရှိတော့ပဲ
ဟုန်လင်ကျင်းနေရာဝင်ယူဖို့သာ
တတ်နိုင်တော့တာပေါ့။
ဟုန်လင်ကျင်းရဲ့မျက်နှာကိုတော့
တစ်သက်လုံးဘယ်သူ့မြှပန်မမှတ်မိမှာသေချာသည်။
ဒါကြောင့် သူ့အစီအစဉ်တွေအတိုင်းသာ
အဆင့်ဆင့်လုပ်ဆောင်သွားဖို့လိုအပ်ပါ၏။
ထိုအစီအစဉ်၏ ပထမအချက်မှာ
နတ်ဘုရားနယ်မြေနဲ့သံယောဇဉ်ဖြတ်ဖို့သာ
ဖြစ်၏။ သို့မှသာ သူ့အစ်ကိုသုံးယောက်ကို
သုံးလောကအလယ်မှာ အပြစ်တင်မခံရအောင်
ကာကွယ်ပေးနိုင်မှာမဟုတ်လား။
နာကျင်စရာကောင်းတယ်ဆိုပေမယ့်
သူ့အစ်ကိုတွေသာ အဆင်ပြေမယ်ဆိုရင်
ဒီလမ်းကိုသူအကြိမ်ကြိမ်ရွေးချယ်ဖို့
ကြိုးပမ်းမည်သာ။
ဘာကြောင့်လဲဆိုတော့ သူ့ဘဝမှာကျင်းကလွဲရင်
အရေးကြီးဆုံးက
ထိုသုံးယောက်ဖြစ်နေခြင်းကြောင့်ပင်။။။။။
မျက်တောင်ရှည်တွေကို တဖျတ်ဖျတ်ခတ်ပြီး
မျက်ရည်စတွေကိုထိန်းလိုက်တော့
ဝမ်းနည်းမှုတွေအနည်းငယ်လျော့သွားသလိုပါပဲ။
သို့ပေမယ့် ထိုလျော့ပါးမှုတွေသည်
သူ့ဆီကနေကြာကြာထွက်သွားချင်စိတ်မရှိသည့်နှယ်
ပြန်လည်ဝင်ရောက်လာခဲ့ပြန်၏။
သူ့ဆီကိုတရွေ့ရွေ့လျှောက်လှမ်းလာနေတဲ့
အပြာရောင်အရိပ်လေးတစ်ခု။
ဖြူစင်ခြင်းနဲ့စင်ကြယ်ခြင်းကိုဆောင်ပြီး
ဖြောင့်မတ်မှန်ကန်ခြင်းကို
လက်ကိုင်ထားသည့်အသွင်ပေါ်သည့်
ထိုပုံရိပ်လေးသည် သူနဲ့နှစ်လှမ်းအကွာမှာ
ရပ်လိုက်ပြီး မေးခွန်းတစ်ခုကိုဖန်တီးလာသည်။
"ရှစ်ဇွင်း.....ကျွန်တော့်ကိုမှတ်မိလားဟင်"
မေးရက်လိုက်တဲ့သူပါလေ။။။။။
ဒီအသံ။
ဒီမျက်နှာ။
ဒီအပြုအမူ။
သူသေသွားတဲ့အထိအမှတ်ရနေမယ့်
အရာတွေလေ။
ဘယ်လိုမမှတ်မိပဲနေပါ့မလဲ။
လူတွေက အရာအားလုံးကို
မေ့ချင်မေ့သွားနိုင်ပေမယ့်
သူတို့ရဲ့ကောင်းကင်ကြီးကိုတော့
ဘယ်တော့မှမမေ့နိုင်ဘူးတဲ့။
ရှင်းအတွက်တော့ အဲ့ဒီစကားကအနည်းငယ်
ပြောင်းလဲလို့သွားပေမည်။
' အရာအားလုံးကိုမေ့သွားနိုင်ပေမယ့်
ဟုန်လင်ကျင်းကိုတော့ ဘယ်တော့မှမမေ့နိုင်ဘူး'
လို့လေ။
ပုစွန်ဆီရောင်သမ်းနေတဲ့
ညနေခင်းနေရောင်ခြည်အောက်မှာ
မြင်နေရတဲ့ ကျင်းရဲ့အသွင်က
အရင်တုန်းက ဟုန်လင်ကျင်းနဲ့
အနည်းငယ်ကွဲပြားနေပေမယ့်
ကြည့်ကောင်းလှသည်။
ဒါပေမယ့် ရှင်းထိုစကားကို
ဘယ်တော့မှပြောထွက်မည်မဟုတ်ပေ။
ဒါကြောင့် မျက်လုံးတွေကိုမှေးမှိတ်လိုက်ကာ
စိတ်အခြေအနေကိုတည်ငြိမ်အောင်
ကြိုးစားယူလိုက်တော့သည်။
ထိုနောက် အနည်ထိုင်နေပြီဖြစ်သော
ခါးသက်သက်ရေနွေးကြမ်းတစ်ခွက်ကို
လျှာပေါ်မှာစွဲထင်အောင်
တစိမ့်စိမ့်သောက်ထားသည့်နှယ်။
ရင့်သီးသောစကားများဖြင့် ကျင်းကိုနှုတ်ဆက်လိုက်သည်။
" မင်းဘယ်သူလဲဆိုတာ ငါသိစရာလိုလို့လား"
"ရှစ်ဇွင်း......ကျွန်တော့်ကိုမရက်စက်ပါနဲ့ဗျာ"
သူ့နားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့
ကျင်းရဲ့ခြေလှမ်းတွေကို
ရှင်း ရှောင်ဖို့ကြိုးစားမိသည်။
ကျင်းကတစ်လှမ်းအရှေ့တိုးရင်
သူကတစ်လှမ်းအနောက်ဆုတ်ခြင်းဖြင့်။
ဒါပေမယ့် ကျင်းကအလျော့မပေး။
သူ့ကိုစကားတွေအလျင်မပြတ်အောင်
ဆက်လက်ပြောနေခဲ့၏။
သူ့သည်းခံစိတ်ကိုစမ်းသပ်နေသည့်အလား။
သူ့မျက်ရည်တွေကို ကျမလာနိုင်ဘူးလို့
ယုံကြည်နေသည့်အလား။။။။။။
" ကျွန်တော် ရှစ်ဇွင်းဆီပြန်ရောက်ဖို့
ဘယ်လောက်ထိကြိုးစားခဲ့ရလဲသိလား.....
မတွေ့ရတဲ့တစ်ရက်အတွင်းမှာ
အရမ်းလွမ်းနေခဲ့ရတယ်ဆိုတာသိရဲ့လား.....
ရှစ်ဇွင်းနဲ့မိုးနတ်မင်းရဲ့အကြောင်းကို
သိခွင့်ရလိုက်လို့ ဘယ်လောက်ခံစားနေရလဲဆိုတာ
သိရဲ့လားဗျ......"
"ဘာ"
သူနဲ့မိုးနတ်မင်းရဲ့အကြောင်းတဲ့လား။
သူတို့ကြားမှာ
ဘယ်လိုအကြောင်းအရာတွေများရှိခဲ့လို့လဲ။
သူမှတ်မိသလောက်က
ဆရာတပည့်ဆိုတာထက်တောင်
မပိုခဲ့ဘူးလေ။
ဝမ်ယွဲ့နဲ့ဟွားရန်လောက်တောင်
ချိုးယွဲ့က သူနဲ့နီးကပ်ခွင့်မရှိခဲ့ဘူးမဟုတ်လား။
ကျင်းဘာတွေပြောနေပါလိမ့်။
သူနားမလည်နိုင်ပါလေ။
ဒါပေမယ့် ရှင်းကလက်ရှိအခြေအနေကို
ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ
ကောင်းစွာသိသူဖြစ်၏။
ဒီအခွင့်အရေးသည်နှစ်ခါပြန်မရနိုင်သည့်
အရာပင်ဖြစ်သည်မို့ ကောင်းစွာအသုံးချဖို့
သူအနည်းငယ်မှပင် ဝန်မလေးခဲ့ပါ။
သူကဆိုသည်။။။။။။
" မင်းက ကျင်းလား"
ကျင်းသည် သူ့ကိုပြန်မှတ်မိသွားပြီဆိုသည့်အထင်နဲ့
ဝမ်းသာအားရခေါင်းငြိမ့်ပြရှာ၏။
ဒါပေမယ့် ရှင်းကထိုဝမ်းသာမှုလေးတွေကို
တစ်စစီဖျက်ဆီးပစ်ခဲ့သည်လေ။
"အော်..... ငါ့ရဲ့သားကိုး....
ရုတ်တရက်မို့ မမှတ်မိဖြစ်သွားတာ
ဒီအဖေ့ကိုစိတ်မဆိုးပါဘူးနော်....."
"ရှစ်ဇွင်း???"
" ဘာလဲ..... မိုးနတ်မင်းကမင်းကို
မွေးစားထားတာဆိုတော့
ဒီနတ်ဆိုးအဖေကို လက်မခံနိုင်တာလား"
"......."
"တကယ်တော့ မင်းအမေသာဝင်မရှုပ်ရင်
မင်းကငါတို့နှစ်ယောက်ရဲ့
သားတစ်ယောက်ဖြစ်လာရမှာ.....
အခုတော့.....ထားပါတော့လေ"
ကျင်းမှာ ထိုသို့သောယုတ္တိမတန်တဲ့စကားကိုပင်၊
မချင့်ချိန်နိုင်တော့ပဲ ဒူးထောက်ရက်လဲကျသွားတော့သည်။
သူကြားလိုက်ရတဲ့စကားကို
လက်မခံရဲသလို၊ ယုံကြည်ဖို့လည်း တွန့်ဆုတ်နေမိသည်။
ဒါပေမယ့် သူ့ရှစ်ဇွင်းကိုယ်တိုင်ပြောနေမှတော့
အမှန်တွေပဲ ဖြစ်မှာပါလို့၊
သူ့ကိုယ်သူပြန်သတိပေးနေမိ၏။
" ချစ်ခဲ့လား "
သူသည် ဒူးထောက်ရက်ပင်၊
ရှင်းရဲ့ဝတ်ရုံအနားစတွေဆီ
အကြည့်တွေလွှဲရင်းမေးလာခဲ့သည်။
ရှင်းကလည်း ထိုအခြေအနေကို
အခွင့်ကောင်းယူပြီး လိမ်ညာသည်။
"အင်း.....ငါ သူ့ကိုအရမ်းချစ်ခဲ့တာ"
"ဘယ်အထိမျှော်လင့်ထားလဲ"
"သူနဲ့တစ်သက်လုံးအတူနေသွားချင်တဲ့အထိ"
"ဘယ်လောက်ချစ်လဲ"
"ငါ့ကိုယ်ငါအဆုံးရှုံးခံရဲတဲ့အထိ"
"ကျွန်တော့်ကိုရော?"
"........"
' ငါကမင်းအကြောင်းပဲပြောနေခဲ့တာလေ.... '
ပြန်ဖြေဖို့တွန့်ဆုတ်နေတဲ့ ရှင်းကို
ကျင်းမျက်လုံးလှန်ကြည့်ပြီး
ဒေါသရိပ်တစ်စွန်းတစ်စဖုံးလွှမ်းနေတဲ့
အသံဖြင့်ထပ်မံမေးလာသည်။
"ကျွန်တော့်ကိုရော....ချစ်ခဲ့လား"
"......."
"ရှစ်ဇွင်းစိတ်ထဲမှာ ကျွန်တော့်အတွက်ရော
နေရာရှိခဲ့ဖူးလား"
"........"
"မိုးနတ်မင်းမဟုတ်တဲ့ ကျွန်တော့်ကိုချစ်ဖို့
ဆန္ဒမရှိခဲ့ဖူးဘူးလား"
"မရှိဘူး"
"ဟင်"
အရှိုက်တည့်တည့်ကိုရိုက်ချလိုက်သည့်နှယ်၊
အသက်ရှုပါရပ်သွားစေလောက်သည့်
စကားလုံးသုံးလုံးကို ကျင်းမယုံနိုင်သည်မို့
ရှင်းကိုမော့ကြည့်မိသည်။
ဟန်ဆောင်နေတာလား၊ လိမ်ညာနေတာလားဆိုတာ
ခွဲခြားနိုင်ဖို့အတွက် ကြည့်လိုက်ပေမယ့်
အေးစက်လှသည့်ရှင်းရဲ့မျက်နှာပေါ်မှာ
ဘာအရိပ်အယောင်မှရှိမနေခဲ့တော့၊
သူဘာကိုအတည်ပြုရပါ့မလဲ။
"ငါမင်းကိုချစ်ဖို့မစဉ်းစားခဲ့ဘူး ကျင်း"
"ဘာလို့....."
"မင်းက အဲ့မိန်းကလေးရဲ့သားဖြစ်နေလို့ပဲ"
ကျင်းက သူ့အဖြေကိုလက်မခံသည့်အလား၊
ခေါင်းကိုပြင်းထန်စွာခါယမ်းနေခဲ့သည်။
"ကျွန်တော်ပြောတာက မိုးနတ်မင်းကို
ချစ်တဲ့အချစ်မျိုးကိုပါ.....
ကျွန်တော့်ကိုအဲ့လိုချစ်လာဖို့
ဆန္ဒမရှိဘူးလားဟင်....."
"အဟက်....ငါ့သားကိုငါကအဲ့လိုချစ်ရမယ်တဲ့လား...
ဒါကလောကနိယာမကို စိန်ခေါ်ဖို့တွန်းအားပေးနေတာနဲ့မတူဘူးလား"
"ဟုန်လင်ကျင်းက လောကနိယာမတွေကို
အစကတည်းက ချိုးဖျက်နေခဲ့တာမဟုတ်လား....
ရှစ်ဇွင်းက အခုမှပြောင်းလဲပစ်တော့မလို့လား"
သူ့အကွက်ထဲကို တည့်တည့်ကြီးတိုးဝင်လာတဲ့
ကျင်းကြောင့် ရှင်းအနည်းငယ်ရယ်ချင်စိတ်ဖြစ်လာခဲ့သည်။
ဒီကလေးက ကိုယ်ဖြစ်ချင်တာပဲ
အမြဲတမ်းတွေးနေတတ်သူမို့၊
လှည့်စားရလွယ်လွန်းတယ်ဆိုတာ
သူအစကတည်းကသိနေခဲ့သည်မဟုတ်လား။
ရှင်းသည်ရယ်ချင်စိတ်ကိုမြိုသိမ့်ရင်းဖြင့်
ကျင်းကိုကမ်းလှမ်းချက်တစ်ခုပေးပြီး
သူ့အကွက်ထဲလုံးဝဝင်လာအောင်
ဆွဲဆောင်ပစ်လိုက်တော့သည်။
" မင်းကိုချစ်စေချင်တာမလား"
"ဟုတ်....."
"ဒါဆိုမင်းကို အခွင့်အရေးတစ်ခုပေးမယ်.....
ဝမ်ယွဲ့လို သုံးလောကဧကရာဇ်ဖြစ်အောင်
တစ်နှစ်အတွင်းကြိုးစားနိုင်မယ်ဆိုရင်.....
ငါ့အချစ်တွေရော၊ ငါ့ဘဝပါ မင်းလက်ထဲထည့်ပေးမယ်......
ဘယ်လိုလဲ....."
"ကျွန်တော် သဘောတူတယ်.....
သုံးလောကဧကရာဇ်အဖြစ် ရှစ်ဇွင်းကိုအရယူမယ်"
သူ့ကမ်းလှမ်းချက်ကို ကျင်းကလုံးဝငြင်းပယ်ခြင်းမပြုပဲ၊
သဘောတူလိုက်သည်။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ အငြိုးမမည်သည့်အငြိုးတစ်ခုက
ရှင်းအတွက် သီးသန့်ဖြစ်တည်လို့သွားခဲ့၏။
ထိုအငြိုးသည် ရှင်းရဲ့ဘဝတွင်
အကြီးကျယ်ဆုံးသောနောင်တများကို
နောင်အခါတွင်ဖြစ်ပေါ်လာစေမည်ကိုကား
ထိုအချိန်က ရှင်းမရိပ်မိခဲ့ပါလေ။။။။။။။။။
ဘာလို႔မိစၧာဓာတ္ေတြေရာက္ေနတာလဲ"
ဟြားရန္ရဲ့အေမးကို ရွင္းကမည္သို႔မ်ွမတံု႔ျပန္ပဲ
မဲ့ၿပံဳးၿပံဳးရင္း ခုတင္ေပၚမွာထိုင္ေနရာမွ
ေအာက္သို႔ဆင္းလိုက္သည္။
တစ္ဆက္တည္းမွာပင္
အသက္ဝိဉာဉ္ကင္းမဲ့ေနသၫ့္
အေလာင္ေကာင္ႀကီးပမာဆံႏြယ္ေတြကိုစုကိုင္သည္။
အစပိုင္းတုန္းကေတာ့ ပြေယာင္းစျပဳေနတဲ့ဆံႏြယ္ေတြကို
ျပန္လည္ျပင္ဆင္ခ်င္ခဲ့တယ္လို႔ထင္ခဲ့ေပမယ့္၊
လက္ေတြ ့မွာေတာ့ ထိုသို႔မဟုတ္ခဲ့ပါ။
လက္ခနဲျဖစ္သြားတဲ့အလင္းတစ္ျဖာေအာက္တြင္
ဒူးအထိရွည္လ်ားလွတဲ့ဆံႏြယ္ရွည္ႀကီးသည္
ခါးအေပၚထိေရာက္ေအာင္
ျဖတ္ခ်ခံလိုက္ရေတာ့သည္။
မီးပြားေတြအျဖစ္ျပဳတ္က်လာတဲ့
ဆံပင္အပိုင္းအစမ်ားၾကားတြင္
ရွင္းရာသည္ တုန္ရီစြာရိွေနခဲ့၏။
သူ႔သခင္ျဖစ္သူရဲ့ျမတ္ႏိုးဖြယ္ေကာင္းတဲ့
ဆံႏြယ္ေတြကိုျဖတ္ေတာက္လိုက္ရတဲ့အတြက္
ဝမ္းနည္းစြာငိုေႂကြးေနသၫ့္အလား
တဆတ္ဆတ္တုန္ေနရွာ၏။
"ရွစ္ဇြင္း....... ဘာလုပ္လိုက္တာလဲ"
ရွင္းက ဟြားရန္တို႔ဆီစူးစူးရဲရဲစိုက္ၾကၫ့္ရင္း
မႏွစ္ၿမိဳ႔လွသၫ့္အသံျဖင့္ ျပန္ေျဖလာ၏။
"ငါ့ကိုဘယ္လုပ္ပါ၊ဘယ္လိုေနပါလို႔ေျပာေနၾကတဲ့
မင္းတို႔ကေရာ ဘာလုပ္ေနတယ္လို႔ထင္လဲ"
"ထိုက္ယန္....ငါတို႔ကမင္းအတြက္ေျပာ"
ရွဲ႔ယန္ရဲ့စကားကိုရွင္းလက္မခံ။
အဆံုးထိပင္ေျပာခြင့္မေျပာပဲ ျပန္လည္ေခ်ပျခင္းျဖင့္
ျဖတ္ခ်လိုက္၏။
"ဘယ္သူကထိုက္ယန္လဲ......"
"ရွင္း အဲ့လိုမလုပ္ပါနဲ႔"
ဖန႔္ယြင္ရဲ့ေလႏုေသြးစကားေတြသည္
အခုခ်ိန္မွာေတာ့ ရွင္းကိုေပ်ာ့ညံ့လာေအာင္
မစြမ္းေဆာင္ႏိုင္ေတာ့ပဲ
ေဒါသေတြဆီသို႔သာ ပိုမိုလြင့္ေျမာသြားေစသည္။
ရွင္းကခက္ထန္စြာဆိုသည္။
"မင္းတို႔ကိုငါေျပာမယ္
ငါဘယ္တုန္းကမွထိုက္ယန္မျဖစ္ခ်င္ခဲ့ဘူး....
အဲ့ဒီအခ်ိန္တုန္းကအမွတ္တရေတြကလည္း
ငါ့အတြက္ျပဇာတ္တစ္ပုဒ္ထက္မပိုခဲ့ဘူး"
"......"
"........"
"........"
ရွင္းသည္ သူအျမတ္တႏိုးဝတ္ဆင္တတ္သၫ့္
အနီေရာင္ဝတ္ရံုကို အနက္ေရာင္သို႔
ေျပာင္းလဲရင္းျဖင့္။။။
"ျပီးေတာ့ မင္းတို႔သိထားရမွာက
ေဟာ္လင္အရွင္သခင္ကို
ငါကိုယ္တိုင္သတ္လိုက္ၿပီ......
သူဆိုတာဘယ္ေတာ့မျွပန္မေပၚလာႏိုင္ေတာ့ဘူး
မင္းတို႔ေျဖာင္းဖ်ဖို႔ႀကိဳးစားလည္းအပိုပဲ....."
"မဟုတ္ဘူး"
ဟြားရန္ရဲ့ထိတ္လန႔္မႈကို ရွင္းကဂရုမစိုက္ပဲ
ဆက္ေျပာလာသည္။
"ငါက ဟုန္လင္က်င္းပဲ...
ငါ့လမ္းကိုပိတ္ဖို႔မႀကိဳးစားပါနဲ႔....
ငါကတကယ့္ဟုန္လင္က်င္းထက္
ပိုေသြးေအးၿပီး ပိုရက္စက္ဖို႔ဝန္မေလးဘူး"
ေျပာေနရင္းျဖင့္ပင္
ရွင္းရဲ့မ်က္လံုးေတြသည္ပိုမိုနီရဲလာခဲ့သည္။
ႏႈတ္ခမ္းေအာက္မွာ တစ္စြန္းတစ္စထြက္ေပၚေနတဲ့
အစြယ္ေတြက တစ္စံုတစ္ေယာက္ကို
ကိုက္သတ္ခ်င္ေနသၫ့္အလား။
မာန္ဝံ့ေနၾက၏။
သူသည္ လက္ေခ်ာင္းရွည္ေတြမွာဝတ္ဆင္ထားတဲ့
လန္ယာကို ဖယ္ရွားလိုက္ၿပီး
ဝိဉာဉ္လႊာထဲမွာပိတ္ေလွာင္ပစ္၏။
ရွင္းရာနဲ႔ေက်ာက္ဟြာကိုလည္းအလားတူပင္၊
သူ႔ကိုယ္ေပၚမွခြၽတ္ယူကာ
ဝိဉာဉ္ထဲသို႔ဝင္ေရာက္ေစ၏။
ရွင္းရာျဖင့္
ထိန္းၫွိထားျခင္းမရိွေတာ့သၫ့္
ဆံႏြယ္မ်ားသည္ ျမင့္ျမင့္ေျမႇာက္စီးခံလိုက္ရၿပီး၊
၎တို႔အေပၚတြင္ေငြေရာင္ဆံခ်ိတ္တစ္ခုက
အေရာင္တလက္လက္နဲ႔ရိွေနခဲ့သည္။
လန္ယာမရိွေတာ့သၫ့္
လက္ေခ်ာင္းမ်ားေပၚမွာေတာ့
ေငြေရာင္သိမ္းငွက္လက္သည္းမ်ားက
မ်က္စိစပါးေမႊးစူးစဖြယ္ရိွေန၏။
ထိုအသြင္မွာ ဟုန္လင္က်င္းရဲ့ျပင္ဆင္မႈမ်ိဳးပင္။
ဆံခ်ည္တစ္မ်ွင္၊ အၾကၫ့္တစ္ခ်က္ပင္
မလြဲေစရေအာင္ ပံုတူပြားထားသၫ့္ႏွယ္။
သို႔ေပမယ့္ မ်က္ႏွာကေတာ့မတူ။
ရွင္းသည္ ဟုန္လင္က်င္းရဲ့မ်က္ႏွာအစစ္ကို
သံုးေလာကေရ႔ွမွာ ဘယ္ေတာ့မွခ်ျပခ်င္စိတ္မရိွသၫ့္အလား။
သူ႔မ်က္ႏွာကိုသာ သူသံုး၏။
ထိုအျပဳအမူမွာ အျပစ္ေတြအားလံုးငါ့ဆီကိုလာ၊
တကယ့္ဟုန္လင္က်င္းကို
လက္တစ္ေခ်ာင္းနဲ႔ေတာင္ထိဖို႔မႀကိဳးစားေလနဲ႔
ဆိုသၫ့္သေဘာသက္ေရာက္ေနသည္မို႔
ဟြားရန္တို႔သံုးေယာက္ကိုပို၍ခံစားရေစသည္။
သို႔ေပမယ့္ ရွင္းကသူတို႔ရဲ့ခံစားခ်က္ေတြကို
ဂရုမစိုက္ခ်င္သၫ့္အလား။
တစ္ခ်က္ပင္ေစာင္းငဲ့မၾကၫ့္ပါပဲ
ေနနန္းေဆာင္ထဲမွထြက္ခြာသြားေတာ့သည္။
ေျခတစ္လွမ္းပင္ မွားယြင္းျခင္းမရိွခဲ့ပါေလ။
လိုက္ကာစမွပုလဲလံုးတန္းေလးေတြကို
ရွင္းေက်ာ္ျဖတ္သြားခ်ိန္မွာေတာ့
နီရဲေနတဲ့မ်က္ဝန္းေတြထဲတြင္
အလင္းတစ္ျဖာလက္ခနဲျဖစ္လို႔သြားခဲ့၏။
ထိုအရာကို ရွင္းရဲ့အေနာက္တၫ့္တၫ့္မွာ
ရပ္ေနခဲ့တဲ့ဟြားရန္နဲ႔ဖန႔္ယြင္က
မျမင္ႏိုင္ခဲ့ေပမယ့္
ေဘးဘက္မွာရပ္ေနခဲ့တဲ့ရွဲ႔ယန္ကေတာ့
ျမင္ျဖစ္ေအာင္ ျမင္လိုက္ရပါ၏။
ထိုအရာသည္ မ်က္ရည္စမ်ားသာ။။။။။
ထိုခဏ၌ရွင္းရဲ့စိတ္ကို ရွဲ႔ယန္အႂကြင္းမဲ့နားလည္သြားေတာ့သည္။
ရွင္းသည္ ဟုန္လင္က်င္းကို
အျပစ္အနာအဆာကင္းသၫ့္
ၾကာပန္းျဖဴေလးလိုအမ်ားအျမင္မွာ
ထင္ေပၚေစခ်င္သၫ့္အတြက္
သူ႔ကိုယ္သူစေတးခံဖို႔ဆံုးျဖတ္ေနျခင္းသာ။
ထို႔ျပင္ ရွဲ႔ယန္တို႔သံုးေယာက္ကို
သူရႈပ္ထားသၫ့္ျပႆနာေတြထဲ
ဆြဲမထၫ့္ခ်င္သည္မို႔
ရင္ထဲမပါသၫ့္စကားေတြေျပာၿပီး
ထြက္သြားျခင္းသာျဖစ္၏။
' မင္းဘယ္ေလာက္ေတာင္ ခံစားရခက္ေနရွာမလဲရွင္းရယ္......
ငါကေဒါသႀကီးတယ္ဆိုေပမယ့္
စဉ္းစားခ်င့္ခ်ိန္တတ္တဲ့သူတစ္ေယာက္ပါ.....
မင္းဘာေၾကာင့္အခုလိုေျပာသြားလဲဆိုတာ
ငါမသိပဲေနပါ့မလား.....
ငါ့ညီေလး.....ငါ့သားေလးလိုျဖစ္ေနတဲ့
မင္းရဲ့ရင္ထဲကို ငါဝင္ၾကၫ့္လို႔ရပါတယ္.....
ဒါေပမယ့္ ဒဏ္ရာေတြနဲ႔ေသြးေတြပဲ
ျမင္ေနရေတာ့ ငါဘယ္လိုရပ္ၾကၫ့္ေနႏိုင္ပါ့မလဲ....
ေကာင္းၿပီ......မင္းကနတ္ဘုရားေတျြဖစ္တဲ့
ငါတို႔ကိုျပႆနာထဲဆြဲ႔မထၫ့္ခ်င္ဘူးဆိုေတာ့
နတ္ဆိုးတစ္ေကာင္အျဖစ္
မင္းကိုေစာင့္ေရွာက္ဖို႔ငါလာခဲ့မယ္......
ငါ့ညီေလးကို ဘယ္သူ႔မွထိဖို႔မႀကိဳးစားေစရဘူး....
ရွဲ႔ယန္ဆိုတဲ့ ဒီအစ္ကိုရိွေနသေရြ ့ေပါ့.....
မၾကာပါဘူး......မင္းဆီကိုလိုက္လာခဲ့မယ္
အစ္ကို႔ကိုခဏပဲေစာင့္ေပးပါကြာ'
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
တင္းထားသမ်ွစိတ္ေတြကိုေလ်ာ့ခ်လိုက္ေတာ့
မ်က္ရည္စေတြသည္
တလိပ္လိပ္တက္ေနတဲ့တိမ္စိုင္ေတြ
ငိုခ်လိုက္သၫ့္ႏွယ္ သူ႔မ်က္ႏွာေပၚ
အဆီးအတားမရိွျဖတ္သန္းသြားေပ၏။
ညေနေစာင္းေနေရာင္ျခည္ေလးကို
ေငးၾကၫ့္မိေတာ့ သူ႔ကိုကေလးတစ္ေယာက္လို
ေစာင့္ေရွာက္ေပးခဲ့သၫ့္
အစ္ကိုသံုးေယာက္ကိုျပန္လည္တမ္းတမိ၏။
အခ်ိန္နာရီေတြသည္ ေနာက္ျပန္လွၫ့္ရိုး
ထံုးစံမရိွေပမယ့္ ရွင္းအၿမဲတမ္းဆုေတာင္းမိခဲ့သည္က
ေနြးေထြးျခင္းေတြေရးထိုးထားတဲ့
ထိုေန့ရက္ေတြဆီ ျပန္သြားခြင့္ရဖို႔သာ။။။။။
ဒါေပမယ့္ သူ႔မွာလုပ္စရာေတြက
အမ်ားႀကီးေလ။
ကတိေတြကေနေပါက္ဖြားလာတဲ့
ေျဖရွင္းစရာကိစၥေတြကအမ်ားႀကီးမို႔
အဲ့ဒီေန့ရက္ေတြကို သူစြန႔္လႊတ္လိုက္ရတာျဖစ္သည္။
ခ်ိဳးယြဲ႔ရဲ့ေဖာ္ထုတ္မႈေတြေအာက္မွာ
က်င္းက ဟုန္လင္က်င္းဆိုတာ
အေနွးနဲ႔အျမန္သိသြားမည္ကမလြဲဧကန္။
ဒါကိုသူေျပာင္းလဲခ်င္သည္။
က်င္းကို ဝမ္ယြဲ႔လိုျဖစ္ေစခ်င္သည္။
အျပစ္ဆိုတာတစ္ခုမွမရိွေလသၫ့္
သံုးေလာကဧကရာဇ္အျဖစ္
ပလႅင္ထက္မွာ ျမင္ေတြ ့ခ်င္သည္။
ဒါေပမယ့္ ဟုန္လင္က်င္းေနရာမွာ
အစားထိုးဖို႔လူကလိုေနေသးသည္။
အခုတေလာ သူ႔စြမ္းအားေတြက
တျဖည္းျဖည္းေလ်ာ့နည္းလာၿပီ
ျဖစ္သၫ့္အေလ်ာက္
အားလံုး၏မွတ္ဉာဏ္ထဲမွာ
သူေဖ်ာက္ဖ်က္ပစ္ထားတဲ့
ဟုန္လင္က်င္းရဲ့အသြင္က
တျဖည္းျဖည္းေပၚလြင္လာၿပီျဖစ္သည္။
သတ္ခဲ့တဲ့သူေတြ၊ ဖ်က္စီးခဲ့တဲ့အရာေတြက
အားလံုးရဲ့မွတ္ဉာဏ္ထဲမွာ
ျပန္လည္ဝင္ေရာက္လာၿပီျဖစ္သၫ့္အျပင္
ဟုန္လင္က်င္းမေသဆံုးခဲ့ဘူးဆိုတာကိုလည္း
ျပန္လည္မွတ္မိလာၾကေတာ့မည္ျဖစ္သည္။
ဒီေတာ့ သူ႔မွာေရြးခ်ယ္စရာမရိွေတာ့ပဲ
ဟုန္လင္က်င္းေနရာဝင္ယူဖို႔သာ
တတ္ႏိုင္ေတာ့တာေပါ့။
ဟုန္လင္က်င္းရဲ့မ်က္ႏွာကိုေတာ့
တစ္သက္လံုးဘယ္သူ႔မျွပန္မမွတ္မိမွာေသခ်ာသည္။
ဒါေၾကာင့္ သူ႔အစီအစဉ္ေတြအတိုင္းသာ
အဆင့္ဆင့္လုပ္ေဆာင္သြားဖို႔လိုအပ္ပါ၏။
ထိုအစီအစဉ္၏ ပထမအခ်က္မွာ
နတ္ဘုရားနယ္ေျမနဲ႔သံေယာဇဉ္ျဖတ္ဖို႔သာ
ျဖစ္၏။ သို႔မွသာ သူ႔အစ္ကိုသံုးေယာက္ကို
သံုးေလာကအလယ္မွာ အျပစ္တင္မခံရေအာင္
ကာကြယ္ေပးႏိုင္မွာမဟုတ္လား။
နာက်င္စရာေကာင္းတယ္ဆိုေပမယ့္
သူ႔အစ္ကိုေတြသာ အဆင္ေျပမယ္ဆိုရင္
ဒီလမ္းကိုသူအႀကိမ္ႀကိမ္ေရြးခ်ယ္ဖို႔
ႀကိဳးပမ္းမည္သာ။
ဘာေၾကာင့္လဲဆိုေတာ့ သူ႔ဘဝမွာက်င္းကလြဲရင္
အေရးႀကီးဆံုးက
ထိုသံုးေယာက္ျဖစ္ေနျခင္းေၾကာင့္ပင္။။။။။
မ်က္ေတာင္ရွည္ေတြကို တဖ်တ္ဖ်တ္ခတ္ၿပီး
မ်က္ရည္စေတြကိုထိန္းလိုက္ေတာ့
ဝမ္းနည္းမႈေတြအနည္းငယ္ေလ်ာ့သြားသလိုပါပဲ။
သို႔ေပမယ့္ ထိုေလ်ာ့ပါးမႈေတြသည္
သူ႔ဆီကေနၾကာၾကာထြက္သြားခ်င္စိတ္မရိွသၫ့္ႏွယ္
ျပန္လည္ဝင္ေရာက္လာခဲ့ျပန္၏။
သူ႔ဆီကိုတေရြ ့ေရြ ့ေလ်ွာက္လွမ္းလာေနတဲ့
အျပာေရာင္အရိပ္ေလးတစ္ခု။
ျဖဴစင္ျခင္းနဲ႔စင္ၾကယ္ျခင္းကိုေဆာင္ၿပီး
ေျဖာင့္မတ္မွန္ကန္ျခင္းကို
လက္ကိုင္ထားသၫ့္အသြင္ေပၚသၫ့္
ထိုပံုရိပ္ေလးသည္ သူနဲ႔ႏွစ္လွမ္းအကြာမွာ
ရပ္လိုက္ၿပီး ေမးခြန္းတစ္ခုကိုဖန္တီးလာသည္။
"ရွစ္ဇြင္း.....ကြၽန္ေတာ့္ကိုမွတ္မိလားဟင္"
ေမးရက္လိုက္တဲ့သူပါေလ။။။။။
ဒီအသံ။
ဒီမ်က္ႏွာ။
ဒီအျပဳအမူ။
သူေသသြားတဲ့အထိအမွတ္ရေနမယ့္
အရာေတြေလ။
ဘယ္လိုမမွတ္မိပဲေနပါ့မလဲ။
လူေတြက အရာအားလံုးကို
ေမ့ခ်င္ေမ့သြားႏိုင္ေပမယ့္
သူတို႔ရဲ့ေကာင္းကင္ႀကီးကိုေတာ့
ဘယ္ေတာ့မွမေမ့ႏိုင္ဘူးတဲ့။
ရွင္းအတြက္ေတာ့ အဲ့ဒီစကားကအနည္းငယ္
ေျပာင္းလဲလို႔သြားေပမည္။
' အရာအားလံုးကိုေမ့သြားႏိုင္ေပမယ့္
ဟုန္လင္က်င္းကိုေတာ့ ဘယ္ေတာ့မွမေမ့ႏိုင္ဘူး'
လို႔ေလ။
ပုစြန္ဆီေရာင္သမ္းေနတဲ့
ညေနခင္းေနေရာင္ျခည္ေအာက္မွာ
ျမင္ေနရတဲ့ က်င္းရဲ့အသြင္က
အရင္တုန္းက ဟုန္လင္က်င္းနဲ႔
အနည္းငယ္ကြဲျပားေနေပမယ့္
ၾကၫ့္ေကာင္းလွသည္။
ဒါေပမယ့္ ရွင္းထိုစကားကို
ဘယ္ေတာ့မွေျပာထြက္မည္မဟုတ္ေပ။
ဒါေၾကာင့္ မ်က္လံုးေတြကိုေမွးမိွတ္လိုက္ကာ
စိတ္အေျခအေနကိုတည္ၿငိမ္ေအာင္
ႀကိဳးစားယူလိုက္ေတာ့သည္။
ထိုေနာက္ အနည္ထိုင္ေနျပီျဖစ္ေသာ
ခါးသက္သက္ေရေနြးၾကမ္းတစ္ခြက္ကို
လ်ွာေပၚမွာစြဲထင္ေအာင္
တစိမ့္စိမ့္ေသာက္ထားသၫ့္ႏွယ္။
ရင့္သီးေသာစကားမ်ားျဖင့္ က်င္းကိုႏႈတ္ဆက္လိုက္သည္။
" မင္းဘယ္သူလဲဆိုတာ ငါသိစရာလိုလို႔လား"
"ရွစ္ဇြင္း......ကြၽန္ေတာ့္ကိုမရက္စက္ပါနဲ႔ဗ်ာ"
သူ႔နားကိုတျဖည္းျဖည္းတိုးကပ္လာတဲ့
က်င္းရဲ့ေျခလွမ္းေတြကို
ရွင္း ေရွာင္ဖို႔ႀကိဳးစားမိသည္။
က်င္းကတစ္လွမ္းအေရ႔ွတိုးရင္
သူကတစ္လွမ္းအေနာက္ဆုတ္ျခင္းျဖင့္။
ဒါေပမယ့္ က်င္းကအေလ်ာ့မေပး။
သူ႔ကိုစကားေတြအလ်င္မျပတ္ေအာင္
ဆက္လက္ေျပာေနခဲ့၏။
သူ႔သည္းခံစိတ္ကိုစမ္းသပ္ေနသၫ့္အလား။
သူ႔မ်က္ရည္ေတြကို က်မလာနိုင္ဘူးလို႔
ယံုၾကည္ေနသၫ့္အလား။။။။။။
" ကြၽန္ေတာ္ ရွစ္ဇြင္းဆီျပန္ေရာက္ဖို႔
ဘယ္ေလာက္ထိႀကိဳးစားခဲ့ရလဲသိလား.....
မေတြ ့ရတဲ့တစ္ရက္အတြင္းမွာ
အရမ္းလြမ္းေနခဲ့ရတယ္ဆိုတာသိရဲ့လား.....
ရွစ္ဇြင္းနဲ႔မိုးနတ္မင္းရဲ့အေၾကာင္းကို
သိခြင့္ရလိုက္လို႔ ဘယ္ေလာက္ခံစားေနရလဲဆိုတာ
သိရဲ့လားဗ်......"
"ဘာ"
သူနဲ႔မိုးနတ္မင္းရဲ့အေၾကာင္းတဲ့လား။
သူတို႔ၾကားမွာ
ဘယ္လိုအေၾကာင္းအရာေတြမ်ားရိွခဲ့လို႔လဲ။
သူမွတ္မိသေလာက္က
ဆရာတပၫ့္ဆိုတာထက္ေတာင္
မပိုခဲ့ဘူးေလ။
ဝမ္ယြဲ႔နဲ႔ဟြားရန္ေလာက္ေတာင္
ခ်ိဳးယြဲ႔က သူနဲ႔နီးကပ္ခြင့္မရိွခဲ့ဘူးမဟုတ္လား။
က်င္းဘာေတြေျပာေနပါလိမ့္။
သူနားမလည္ႏိုင္ပါေလ။
ဒါေပမယ့္ ရွင္းကလက္ရိွအေျခအေနကို
ဘယ္လိုကိုင္တြယ္ရမလဲဆိုတာ
ေကာင္းစြာသိသူျဖစ္၏။
ဒီအခြင့္အေရးသည္ႏွစ္ခါျပန္မရႏိုင္သၫ့္
အရာပင္ျဖစ္သည္မို႔ ေကာင္းစြာအသံုးခ်ဖို႔
သူအနည္းငယ္မွပင္ ဝန္မေလးခဲ့ပါ။
သူကဆိုသည္။။။။။။
" မင္းက က်င္းလား"
က်င္းသည္ သူ႔ကိုျပန္မွတ္မိသြားၿပီဆိုသၫ့္အထင္နဲ႔
ဝမ္းသာအားရေခါင္းၿငိမ့္ျပရွာ၏။
ဒါေပမယ့္ ရွင္းကထိုဝမ္းသာမႈေလးေတြကို
တစ္စစီဖ်က္ဆီးပစ္ခဲ့သည္ေလ။
"ေအာ္..... ငါ့ရဲ့သားကိုး....
ရုတ္တရက္မို႔ မမွတ္မိျဖစ္သြားတာ
ဒီအေဖ့ကိုစိတ္မဆိုးပါဘူးေနာ္....."
"ရွစ္ဇြင္း???"
" ဘာလဲ..... မိုးနတ္မင္းကမင္းကို
ေမြးစားထားတာဆိုေတာ့
ဒီနတ္ဆိုးအေဖကို လက္မခံႏိုင္တာလား"
"......."
"တကယ္ေတာ့ မင္းအေမသာဝင္မရႈပ္ရင္
မင္းကငါတို႔ႏွစ္ေယာက္ရဲ့
သားတစ္ေယာက္ျဖစ္လာရမွာ.....
အခုေတာ့.....ထားပါေတာ့ေလ"
က်င္းမွာ ထိုသို႔ေသာယုတၲိမတန္တဲ့စကားကိုပင္၊
မခ်င့္ခ်ိန္ႏိုင္ေတာ့ပဲ ဒူးေထာက္ရက္လဲက်သြားေတာ့သည္။
သူၾကားလိုက္ရတဲ့စကားကို
လက္မခံရဲသလို၊ ယံုၾကည္ဖို႔လည္း တြန႔္ဆုတ္ေနမိသည္။
ဒါေပမယ့္ သူ႔ရွစ္ဇြင္းကိုယ္တိုင္ေျပာေနမွေတာ့
အမွန္ေတြပဲ ျဖစ္မွာပါလို႔၊
သူ႔ကိုယ္သူျပန္သတိေပးေနမိ၏။
" ခ်စ္ခဲ့လား "
သူသည္ ဒူးေထာက္ရက္ပင္၊
ရွင္းရဲ့ဝတ္ရံုအနားစေတြဆီ
အၾကၫ့္ေတြလႊဲရင္းေမးလာခဲ့သည္။
ရွင္းကလည္း ထိုအေျခအေနကို
အခြင့္ေကာင္းယူၿပီး လိမ္ညာသည္။
"အင္း.....ငါ သူ႔ကိုအရမ္းခ်စ္ခဲ့တာ"
"ဘယ္အထိေမ်ွာ္လင့္ထားလဲ"
"သူနဲ႔တစ္သက္လံုးအတူေနသြားခ်င္တဲ့အထိ"
"ဘယ္ေလာက္ခ်စ္လဲ"
"ငါ့ကိုယ္ငါအဆံုးရႈံးခံရဲတဲ့အထိ"
"ကြၽန္ေတာ့္ကိုေရာ?"
"........"
' ငါကမင္းအေၾကာင္းပဲေျပာေနခဲ့တာေလ.... '
ျပန္ေျဖဖို႔တြန႔္ဆုတ္ေနတဲ့ ရွင္းကို
က်င္းမ်က္လံုးလွန္ၾကၫ့္ၿပီး
ေဒါသရိပ္တစ္စြန္းတစ္စဖံုးလႊမ္းေနတဲ့
အသံျဖင့္ထပ္မံေမးလာသည္။
"ကြၽန္ေတာ့္ကိုေရာ....ခ်စ္ခဲ့လား"
"......."
"ရွစ္ဇြင္းစိတ္ထဲမွာ ကြၽန္ေတာ့္အတြက္ေရာ
ေနရာရိွခဲ့ဖူးလား"
"........"
"မိုးနတ္မင္းမဟုတ္တဲ့ ကြၽန္ေတာ့္ကိုခ်စ္ဖို႔
ဆႏၵမရိွခဲ့ဖူးဘူးလား"
"မရိွဘူး"
"ဟင္"
အရိႈက္တၫ့္တၫ့္ကိုရိုက္ခ်လိုက္သၫ့္ႏွယ္၊
အသက္ရႈပါရပ္သြားေစေလာက္သၫ့္
စကားလံုးသံုးလံုးကို က်င္းမယံုႏိုင္သည္မို႔
ရွင္းကိုေမာ့ၾကၫ့္မိသည္။
ဟန္ေဆာင္ေနတာလား၊ လိမ္ညာေနတာလားဆိုတာ
ခြဲျခားႏိုင္ဖို႔အတြက္ ၾကၫ့္လိုက္ေပမယ့္
ေအးစက္လွသၫ့္ရွင္းရဲ့မ်က္ႏွာေပၚမွာ
ဘာအရိပ္အေယာင္မွရိွမေနခဲ့ေတာ့၊
သူဘာကိုအတည္ျပဳရပါ့မလဲ။
"ငါမင္းကိုခ်စ္ဖို႔မစဉ္းစားခဲ့ဘူး က်င္း"
"ဘာလို႔....."
"မင္းက အဲ့မိန္းကေလးရဲ့သားျဖစ္ေနလို႔ပဲ"
က်င္းက သူ႔အေျဖကိုလက္မခံသၫ့္အလား၊
ေခါင္းကိုျပင္းထန္စြာခါယမ္းေနခဲ့သည္။
"ကြၽန္ေတာ္ေျပာတာက မိုးနတ္မင္းကို
ခ်စ္တဲ့အခ်စ္မ်ိဳးကိုပါ.....
ကြၽန္ေတာ့္ကိုအဲ့လိုခ်စ္လာဖို႔
ဆႏၵမရိွဘူးလားဟင္....."
"အဟက္....ငါ့သားကိုငါကအဲ့လိုခ်စ္ရမယ္တဲ့လား...
ဒါကေလာကနိယာမကို စိန္ေခၚဖို႔တြန္းအားေပးေနတာနဲ႔မတူဘူးလား"
"ဟုန္လင္က်င္းက ေလာကနိယာမေတြကို
အစကတည္းက ခ်ိဳးဖ်က္ေနခဲ့တာမဟုတ္လား....
ရွစ္ဇြင္းက အခုမွေျပာင္းလဲပစ္ေတာ့မလို႔လား"
သူ႔အကြက္ထဲကို တၫ့္တၫ့္ႀကီးတိုးဝင္လာတဲ့
က်င္းေၾကာင့္ ရွင္းအနည္းငယ္ရယ္ခ်င္စိတ္ျဖစ္လာခဲ့သည္။
ဒီကေလးက ကိုယ္ျဖစ္ခ်င္တာပဲ
အၿမဲတမ္းေတြးေနတတ္သူမို႔၊
လွၫ့္စားရလြယ္လြန္းတယ္ဆိုတာ
သူအစကတည္းကသိေနခဲ့သည္မဟုတ္လား။
ရွင္းသည္ရယ္ခ်င္စိတ္ကိုၿမိဳသိမ့္ရင္းျဖင့္
က်င္းကိုကမ္းလွမ္းခ်က္တစ္ခုေပးၿပီး
သူ႔အကြက္ထဲလံုးဝဝင္လာေအာင္
ဆြဲေဆာင္ပစ္လိုက္ေတာ့သည္။
" မင္းကိုခ်စ္ေစခ်င္တာမလား"
"ဟုတ္....."
"ဒါဆိုမင္းကို အခြင့္အေရးတစ္ခုေပးမယ္.....
ဝမ္ယြဲ႔လို သံုးေလာကဧကရာဇ္ျဖစ္ေအာင္
တစ္ႏွစ္အတြင္းႀကိဳးစားႏိုင္မယ္ဆိုရင္.....
ငါ့အခ်စ္ေတြေရာ၊ ငါ့ဘဝပါ မင္းလက္ထဲထၫ့္ေပးမယ္......
ဘယ္လိုလဲ....."
"ကြၽန္ေတာ္ သေဘာတူတယ္.....
သံုးေလာကဧကရာဇ္အျဖစ္ ရွစ္ဇြင္းကိုအရယူမယ္"
သူ႔ကမ္းလွမ္းခ်က္ကို က်င္းကလံုးဝျငင္းပယ္ျခင္းမျပဳပဲ၊
သေဘာတူလိုက္သည္။
ဒါေပမယ့္ သူ႔စိတ္ထဲမွာေတာ့ အၿငိဳးမမည္သၫ့္အၿငိဳးတစ္ခုက
ရွင္းအတြက္ သီးသန႔္ျဖစ္တည္လို႔သြားခဲ့၏။
ထိုအၿငိဳးသည္ ရွင္းရဲ့ဘဝတြင္
အႀကီးက်ယ္ဆံုးေသာေနာင္တမ်ားကို
ေနာင္အခါတြင္ျဖစ္ေပၚလာေစမည္ကိုကား
ထိုအခ်ိန္က ရွင္းမရိပ္မိခဲ့ပါေလ။။။။။။။။။
Unicode:
"ရှစ်ဇွင်း......ရှစ်ဇွင်းရဲ့ဝိဉာဉ်ထဲမှာ
ဘာလို့မိစ္ဆာဓာတ်တွေရောက်နေတာလဲ"
ဟွားရန်ရဲ့အမေးကို ရှင်းကမည်သို့မျှမတုံ့ပြန်ပဲ
မဲ့ပြုံးပြုံးရင်း ခုတင်ပေါ်မှာထိုင်နေရာမှ
အောက်သို့ဆင်းလိုက်သည်။
တစ်ဆက်တည်းမှာပင်
အသက်ဝိဉာဉ်ကင်းမဲ့နေသည့်
အလောင်ကောင်ကြီးပမာဆံနွယ်တွေကိုစုကိုင်သည်။
အစပိုင်းတုန်းကတော့ ပွယောင်းစပြုနေတဲ့ဆံနွယ်တွေကို
ပြန်လည်ပြင်ဆင်ချင်ခဲ့တယ်လို့ထင်ခဲ့ပေမယ့်၊
လက်တွေ့မှာတော့ ထိုသို့မဟုတ်ခဲ့ပါ။
လက်ခနဲဖြစ်သွားတဲ့အလင်းတစ်ဖြာအောက်တွင်
ဒူးအထိရှည်လျားလှတဲ့ဆံနွယ်ရှည်ကြီးသည်
ခါးအပေါ်ထိရောက်အောင်
ဖြတ်ချခံလိုက်ရတော့သည်။
မီးပွားတွေအဖြစ်ပြုတ်ကျလာတဲ့
ဆံပင်အပိုင်းအစများကြားတွင်
ရှင်းရာသည် တုန်ရီစွာရှိနေခဲ့၏။
သူ့သခင်ဖြစ်သူရဲ့မြတ်နိုးဖွယ်ကောင်းတဲ့
ဆံနွယ်တွေကိုဖြတ်တောက်လိုက်ရတဲ့အတွက်
ဝမ်းနည်းစွာငိုကြွေးနေသည့်အလား
တဆတ်ဆတ်တုန်နေရှာ၏။
"ရှစ်ဇွင်း....... ဘာလုပ်လိုက်တာလဲ"
ရှင်းက ဟွားရန်တို့ဆီစူးစူးရဲရဲစိုက်ကြည့်ရင်း
မနှစ်မြို့လှသည့်အသံဖြင့် ပြန်ဖြေလာ၏။
"ငါ့ကိုဘယ်လုပ်ပါ၊ဘယ်လိုနေပါလို့ပြောနေကြတဲ့
မင်းတို့ကရော ဘာလုပ်နေတယ်လို့ထင်လဲ"
"ထိုက်ယန်....ငါတို့ကမင်းအတွက်ပြော"
ရှဲ့ယန်ရဲ့စကားကိုရှင်းလက်မခံ။
အဆုံးထိပင်ပြောခွင့်မပြောပဲ ပြန်လည်ချေပခြင်းဖြင့်
ဖြတ်ချလိုက်၏။
"ဘယ်သူကထိုက်ယန်လဲ......"
"ရှင်း အဲ့လိုမလုပ်ပါနဲ့"
ဖန့်ယွင်ရဲ့လေနုသွေးစကားတွေသည်
အခုချိန်မှာတော့ ရှင်းကိုပျော့ညံ့လာအောင်
မစွမ်းဆောင်နိုင်တော့ပဲ
ဒေါသတွေဆီသို့သာ ပိုမိုလွင့်မြောသွားစေသည်။
ရှင်းကခက်ထန်စွာဆိုသည်။
"မင်းတို့ကိုငါပြောမယ်
ငါဘယ်တုန်းကမှထိုက်ယန်မဖြစ်ချင်ခဲ့ဘူး....
အဲ့ဒီအချိန်တုန်းကအမှတ်တရတွေကလည်း
ငါ့အတွက်ပြဇာတ်တစ်ပုဒ်ထက်မပိုခဲ့ဘူး"
"......"
"........"
"........"
ရှင်းသည် သူအမြတ်တနိုးဝတ်ဆင်တတ်သည့်
အနီရောင်ဝတ်ရုံကို အနက်ရောင်သို့
ပြောင်းလဲရင်းဖြင့်။။။
"ပြီးတော့ မင်းတို့သိထားရမှာက
ဟော်လင်အရှင်သခင်ကို
ငါကိုယ်တိုင်သတ်လိုက်ပြီ......
သူဆိုတာဘယ်တော့မြှပန်မပေါ်လာနိုင်တော့ဘူး
မင်းတို့ဖြောင်းဖျဖို့ကြိုးစားလည်းအပိုပဲ....."
"မဟုတ်ဘူး"
ဟွားရန်ရဲ့ထိတ်လန့်မှုကို ရှင်းကဂရုမစိုက်ပဲ
ဆက်ပြောလာသည်။
"ငါက ဟုန်လင်ကျင်းပဲ...
ငါ့လမ်းကိုပိတ်ဖို့မကြိုးစားပါနဲ့....
ငါကတကယ့်ဟုန်လင်ကျင်းထက်
ပိုသွေးအေးပြီး ပိုရက်စက်ဖို့ဝန်မလေးဘူး"
ပြောနေရင်းဖြင့်ပင်
ရှင်းရဲ့မျက်လုံးတွေသည်ပိုမိုနီရဲလာခဲ့သည်။
နှုတ်ခမ်းအောက်မှာ တစ်စွန်းတစ်စထွက်ပေါ်နေတဲ့
အစွယ်တွေက တစ်စုံတစ်ယောက်ကို
ကိုက်သတ်ချင်နေသည့်အလား။
မာန်ဝံ့နေကြ၏။
သူသည် လက်ချောင်းရှည်တွေမှာဝတ်ဆင်ထားတဲ့
လန်ယာကို ဖယ်ရှားလိုက်ပြီး
ဝိဉာဉ်လွှာထဲမှာပိတ်လှောင်ပစ်၏။
ရှင်းရာနဲ့ကျောက်ဟွာကိုလည်းအလားတူပင်၊
သူ့ကိုယ်ပေါ်မှချွတ်ယူကာ
ဝိဉာဉ်ထဲသို့ဝင်ရောက်စေ၏။
ရှင်းရာဖြင့်
ထိန်းညှိထားခြင်းမရှိတော့သည့်
ဆံနွယ်များသည် မြင့်မြင့်မြှောက်စီးခံလိုက်ရပြီး၊
၎င်းတို့အပေါ်တွင်ငွေရောင်ဆံချိတ်တစ်ခုက
အရောင်တလက်လက်နဲ့ရှိနေခဲ့သည်။
လန်ယာမရှိတော့သည့်
လက်ချောင်းများပေါ်မှာတော့
ငွေရောင်သိမ်းငှက်လက်သည်းများက
မျက်စိစပါးမွှေးစူးစဖွယ်ရှိနေ၏။
ထိုအသွင်မှာ ဟုန်လင်ကျင်းရဲ့ပြင်ဆင်မှုမျိုးပင်။
ဆံချည်တစ်မျှင်၊ အကြည့်တစ်ချက်ပင်
မလွဲစေရအောင် ပုံတူပွားထားသည့်နှယ်။
သို့ပေမယ့် မျက်နှာကတော့မတူ။
ရှင်းသည် ဟုန်လင်ကျင်းရဲ့မျက်နှာအစစ်ကို
သုံးလောကရှေ့မှာ ဘယ်တော့မှချပြချင်စိတ်မရှိသည့်အလား။
သူ့မျက်နှာကိုသာ သူသုံး၏။
ထိုအပြုအမူမှာ အပြစ်တွေအားလုံးငါ့ဆီကိုလာ၊
တကယ့်ဟုန်လင်ကျင်းကို
လက်တစ်ချောင်းနဲ့တောင်ထိဖို့မကြိုးစားလေနဲ့
ဆိုသည့်သဘောသက်ရောက်နေသည်မို့
ဟွားရန်တို့သုံးယောက်ကိုပို၍ခံစားရစေသည်။
သို့ပေမယ့် ရှင်းကသူတို့ရဲ့ခံစားချက်တွေကို
ဂရုမစိုက်ချင်သည့်အလား။
တစ်ချက်ပင်စောင်းငဲ့မကြည့်ပါပဲ
နေနန်းဆောင်ထဲမှထွက်ခွာသွားတော့သည်။
ခြေတစ်လှမ်းပင် မှားယွင်းခြင်းမရှိခဲ့ပါလေ။
လိုက်ကာစမှပုလဲလုံးတန်းလေးတွေကို
ရှင်းကျော်ဖြတ်သွားချိန်မှာတော့
နီရဲနေတဲ့မျက်ဝန်းတွေထဲတွင်
အလင်းတစ်ဖြာလက်ခနဲဖြစ်လို့သွားခဲ့၏။
ထိုအရာကို ရှင်းရဲ့အနောက်တည့်တည့်မှာ
ရပ်နေခဲ့တဲ့ဟွားရန်နဲ့ဖန့်ယွင်က
မမြင်နိုင်ခဲ့ပေမယ့်
ဘေးဘက်မှာရပ်နေခဲ့တဲ့ရှဲ့ယန်ကတော့
မြင်ဖြစ်အောင် မြင်လိုက်ရပါ၏။
ထိုအရာသည် မျက်ရည်စများသာ။။။။။
ထိုခဏ၌ရှင်းရဲ့စိတ်ကို ရှဲ့ယန်အကြွင်းမဲ့နားလည်သွားတော့သည်။
ရှင်းသည် ဟုန်လင်ကျင်းကို
အပြစ်အနာအဆာကင်းသည့်
ကြာပန်းဖြူလေးလိုအများအမြင်မှာ
ထင်ပေါ်စေချင်သည့်အတွက်
သူ့ကိုယ်သူစတေးခံဖို့ဆုံးဖြတ်နေခြင်းသာ။
ထို့ပြင် ရှဲ့ယန်တို့သုံးယောက်ကို
သူရှုပ်ထားသည့်ပြဿနာတွေထဲ
ဆွဲမထည့်ချင်သည်မို့
ရင်ထဲမပါသည့်စကားတွေပြောပြီး
ထွက်သွားခြင်းသာဖြစ်၏။
' မင်းဘယ်လောက်တောင် ခံစားရခက်နေရှာမလဲရှင်းရယ်......
ငါကဒေါသကြီးတယ်ဆိုပေမယ့်
စဉ်းစားချင့်ချိန်တတ်တဲ့သူတစ်ယောက်ပါ.....
မင်းဘာကြောင့်အခုလိုပြောသွားလဲဆိုတာ
ငါမသိပဲနေပါ့မလား.....
ငါ့ညီလေး.....ငါ့သားလေးလိုဖြစ်နေတဲ့
မင်းရဲ့ရင်ထဲကို ငါဝင်ကြည့်လို့ရပါတယ်.....
ဒါပေမယ့် ဒဏ်ရာတွေနဲ့သွေးတွေပဲ
မြင်နေရတော့ ငါဘယ်လိုရပ်ကြည့်နေနိုင်ပါ့မလဲ....
ကောင်းပြီ......မင်းကနတ်ဘုရားတြွေဖစ်တဲ့
ငါတို့ကိုပြဿနာထဲဆွဲ့မထည့်ချင်ဘူးဆိုတော့
နတ်ဆိုးတစ်ကောင်အဖြစ်
မင်းကိုစောင့်ရှောက်ဖို့ငါလာခဲ့မယ်......
ငါ့ညီလေးကို ဘယ်သူ့မှထိဖို့မကြိုးစားစေရဘူး....
ရှဲ့ယန်ဆိုတဲ့ ဒီအစ်ကိုရှိနေသရွေ့ပေါ့.....
မကြာပါဘူး......မင်းဆီကိုလိုက်လာခဲ့မယ်
အစ်ကို့ကိုခဏပဲစောင့်ပေးပါကွာ'
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
တင်းထားသမျှစိတ်တွေကိုလျော့ချလိုက်တော့
မျက်ရည်စတွေသည်
တလိပ်လိပ်တက်နေတဲ့တိမ်စိုင်တွေ
ငိုချလိုက်သည့်နှယ် သူ့မျက်နှာပေါ်
အဆီးအတားမရှိဖြတ်သန်းသွားပေ၏။
ညနေစောင်းနေရောင်ခြည်လေးကို
ငေးကြည့်မိတော့ သူ့ကိုကလေးတစ်ယောက်လို
စောင့်ရှောက်ပေးခဲ့သည့်
အစ်ကိုသုံးယောက်ကိုပြန်လည်တမ်းတမိ၏။
အချိန်နာရီတွေသည် နောက်ပြန်လှည့်ရိုး
ထုံးစံမရှိပေမယ့် ရှင်းအမြဲတမ်းဆုတောင်းမိခဲ့သည်က
နွေးထွေးခြင်းတွေရေးထိုးထားတဲ့
ထိုနေ့ရက်တွေဆီ ပြန်သွားခွင့်ရဖို့သာ။။။။။
ဒါပေမယ့် သူ့မှာလုပ်စရာတွေက
အများကြီးလေ။
ကတိတွေကနေပေါက်ဖွားလာတဲ့
ဖြေရှင်းစရာကိစ္စတွေကအများကြီးမို့
အဲ့ဒီနေ့ရက်တွေကို သူစွန့်လွှတ်လိုက်ရတာဖြစ်သည်။
ချိုးယွဲ့ရဲ့ဖော်ထုတ်မှုတွေအောက်မှာ
ကျင်းက ဟုန်လင်ကျင်းဆိုတာ
အနှေးနဲ့အမြန်သိသွားမည်ကမလွဲဧကန်။
ဒါကိုသူပြောင်းလဲချင်သည်။
ကျင်းကို ဝမ်ယွဲ့လိုဖြစ်စေချင်သည်။
အပြစ်ဆိုတာတစ်ခုမှမရှိလေသည့်
သုံးလောကဧကရာဇ်အဖြစ်
ပလ္လင်ထက်မှာ မြင်တွေ့ချင်သည်။
ဒါပေမယ့် ဟုန်လင်ကျင်းနေရာမှာ
အစားထိုးဖို့လူကလိုနေသေးသည်။
အခုတလော သူ့စွမ်းအားတွေက
တဖြည်းဖြည်းလျော့နည်းလာပြီ
ဖြစ်သည့်အလျောက်
အားလုံး၏မှတ်ဉာဏ်ထဲမှာ
သူဖျောက်ဖျက်ပစ်ထားတဲ့
ဟုန်လင်ကျင်းရဲ့အသွင်က
တဖြည်းဖြည်းပေါ်လွင်လာပြီဖြစ်သည်။
သတ်ခဲ့တဲ့သူတွေ၊ ဖျက်စီးခဲ့တဲ့အရာတွေက
အားလုံးရဲ့မှတ်ဉာဏ်ထဲမှာ
ပြန်လည်ဝင်ရောက်လာပြီဖြစ်သည့်အပြင်
ဟုန်လင်ကျင်းမသေဆုံးခဲ့ဘူးဆိုတာကိုလည်း
ပြန်လည်မှတ်မိလာကြတော့မည်ဖြစ်သည်။
ဒီတော့ သူ့မှာရွေးချယ်စရာမရှိတော့ပဲ
ဟုန်လင်ကျင်းနေရာဝင်ယူဖို့သာ
တတ်နိုင်တော့တာပေါ့။
ဟုန်လင်ကျင်းရဲ့မျက်နှာကိုတော့
တစ်သက်လုံးဘယ်သူ့မြှပန်မမှတ်မိမှာသေချာသည်။
ဒါကြောင့် သူ့အစီအစဉ်တွေအတိုင်းသာ
အဆင့်ဆင့်လုပ်ဆောင်သွားဖို့လိုအပ်ပါ၏။
ထိုအစီအစဉ်၏ ပထမအချက်မှာ
နတ်ဘုရားနယ်မြေနဲ့သံယောဇဉ်ဖြတ်ဖို့သာ
ဖြစ်၏။ သို့မှသာ သူ့အစ်ကိုသုံးယောက်ကို
သုံးလောကအလယ်မှာ အပြစ်တင်မခံရအောင်
ကာကွယ်ပေးနိုင်မှာမဟုတ်လား။
နာကျင်စရာကောင်းတယ်ဆိုပေမယ့်
သူ့အစ်ကိုတွေသာ အဆင်ပြေမယ်ဆိုရင်
ဒီလမ်းကိုသူအကြိမ်ကြိမ်ရွေးချယ်ဖို့
ကြိုးပမ်းမည်သာ။
ဘာကြောင့်လဲဆိုတော့ သူ့ဘဝမှာကျင်းကလွဲရင်
အရေးကြီးဆုံးက
ထိုသုံးယောက်ဖြစ်နေခြင်းကြောင့်ပင်။။။။။
မျက်တောင်ရှည်တွေကို တဖျတ်ဖျတ်ခတ်ပြီး
မျက်ရည်စတွေကိုထိန်းလိုက်တော့
ဝမ်းနည်းမှုတွေအနည်းငယ်လျော့သွားသလိုပါပဲ။
သို့ပေမယ့် ထိုလျော့ပါးမှုတွေသည်
သူ့ဆီကနေကြာကြာထွက်သွားချင်စိတ်မရှိသည့်နှယ်
ပြန်လည်ဝင်ရောက်လာခဲ့ပြန်၏။
သူ့ဆီကိုတရွေ့ရွေ့လျှောက်လှမ်းလာနေတဲ့
အပြာရောင်အရိပ်လေးတစ်ခု။
ဖြူစင်ခြင်းနဲ့စင်ကြယ်ခြင်းကိုဆောင်ပြီး
ဖြောင့်မတ်မှန်ကန်ခြင်းကို
လက်ကိုင်ထားသည့်အသွင်ပေါ်သည့်
ထိုပုံရိပ်လေးသည် သူနဲ့နှစ်လှမ်းအကွာမှာ
ရပ်လိုက်ပြီး မေးခွန်းတစ်ခုကိုဖန်တီးလာသည်။
"ရှစ်ဇွင်း.....ကျွန်တော့်ကိုမှတ်မိလားဟင်"
မေးရက်လိုက်တဲ့သူပါလေ။။။။။
ဒီအသံ။
ဒီမျက်နှာ။
ဒီအပြုအမူ။
သူသေသွားတဲ့အထိအမှတ်ရနေမယ့်
အရာတွေလေ။
ဘယ်လိုမမှတ်မိပဲနေပါ့မလဲ။
လူတွေက အရာအားလုံးကို
မေ့ချင်မေ့သွားနိုင်ပေမယ့်
သူတို့ရဲ့ကောင်းကင်ကြီးကိုတော့
ဘယ်တော့မှမမေ့နိုင်ဘူးတဲ့။
ရှင်းအတွက်တော့ အဲ့ဒီစကားကအနည်းငယ်
ပြောင်းလဲလို့သွားပေမည်။
' အရာအားလုံးကိုမေ့သွားနိုင်ပေမယ့်
ဟုန်လင်ကျင်းကိုတော့ ဘယ်တော့မှမမေ့နိုင်ဘူး'
လို့လေ။
ပုစွန်ဆီရောင်သမ်းနေတဲ့
ညနေခင်းနေရောင်ခြည်အောက်မှာ
မြင်နေရတဲ့ ကျင်းရဲ့အသွင်က
အရင်တုန်းက ဟုန်လင်ကျင်းနဲ့
အနည်းငယ်ကွဲပြားနေပေမယ့်
ကြည့်ကောင်းလှသည်။
ဒါပေမယ့် ရှင်းထိုစကားကို
ဘယ်တော့မှပြောထွက်မည်မဟုတ်ပေ။
ဒါကြောင့် မျက်လုံးတွေကိုမှေးမှိတ်လိုက်ကာ
စိတ်အခြေအနေကိုတည်ငြိမ်အောင်
ကြိုးစားယူလိုက်တော့သည်။
ထိုနောက် အနည်ထိုင်နေပြီဖြစ်သော
ခါးသက်သက်ရေနွေးကြမ်းတစ်ခွက်ကို
လျှာပေါ်မှာစွဲထင်အောင်
တစိမ့်စိမ့်သောက်ထားသည့်နှယ်။
ရင့်သီးသောစကားများဖြင့် ကျင်းကိုနှုတ်ဆက်လိုက်သည်။
" မင်းဘယ်သူလဲဆိုတာ ငါသိစရာလိုလို့လား"
"ရှစ်ဇွင်း......ကျွန်တော့်ကိုမရက်စက်ပါနဲ့ဗျာ"
သူ့နားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့
ကျင်းရဲ့ခြေလှမ်းတွေကို
ရှင်း ရှောင်ဖို့ကြိုးစားမိသည်။
ကျင်းကတစ်လှမ်းအရှေ့တိုးရင်
သူကတစ်လှမ်းအနောက်ဆုတ်ခြင်းဖြင့်။
ဒါပေမယ့် ကျင်းကအလျော့မပေး။
သူ့ကိုစကားတွေအလျင်မပြတ်အောင်
ဆက်လက်ပြောနေခဲ့၏။
သူ့သည်းခံစိတ်ကိုစမ်းသပ်နေသည့်အလား။
သူ့မျက်ရည်တွေကို ကျမလာနိုင်ဘူးလို့
ယုံကြည်နေသည့်အလား။။။။။။
" ကျွန်တော် ရှစ်ဇွင်းဆီပြန်ရောက်ဖို့
ဘယ်လောက်ထိကြိုးစားခဲ့ရလဲသိလား.....
မတွေ့ရတဲ့တစ်ရက်အတွင်းမှာ
အရမ်းလွမ်းနေခဲ့ရတယ်ဆိုတာသိရဲ့လား.....
ရှစ်ဇွင်းနဲ့မိုးနတ်မင်းရဲ့အကြောင်းကို
သိခွင့်ရလိုက်လို့ ဘယ်လောက်ခံစားနေရလဲဆိုတာ
သိရဲ့လားဗျ......"
"ဘာ"
သူနဲ့မိုးနတ်မင်းရဲ့အကြောင်းတဲ့လား။
သူတို့ကြားမှာ
ဘယ်လိုအကြောင်းအရာတွေများရှိခဲ့လို့လဲ။
သူမှတ်မိသလောက်က
ဆရာတပည့်ဆိုတာထက်တောင်
မပိုခဲ့ဘူးလေ။
ဝမ်ယွဲ့နဲ့ဟွားရန်လောက်တောင်
ချိုးယွဲ့က သူနဲ့နီးကပ်ခွင့်မရှိခဲ့ဘူးမဟုတ်လား။
ကျင်းဘာတွေပြောနေပါလိမ့်။
သူနားမလည်နိုင်ပါလေ။
ဒါပေမယ့် ရှင်းကလက်ရှိအခြေအနေကို
ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ
ကောင်းစွာသိသူဖြစ်၏။
ဒီအခွင့်အရေးသည်နှစ်ခါပြန်မရနိုင်သည့်
အရာပင်ဖြစ်သည်မို့ ကောင်းစွာအသုံးချဖို့
သူအနည်းငယ်မှပင် ဝန်မလေးခဲ့ပါ။
သူကဆိုသည်။။။။။။
" မင်းက ကျင်းလား"
ကျင်းသည် သူ့ကိုပြန်မှတ်မိသွားပြီဆိုသည့်အထင်နဲ့
ဝမ်းသာအားရခေါင်းငြိမ့်ပြရှာ၏။
ဒါပေမယ့် ရှင်းကထိုဝမ်းသာမှုလေးတွေကို
တစ်စစီဖျက်ဆီးပစ်ခဲ့သည်လေ။
"အော်..... ငါ့ရဲ့သားကိုး....
ရုတ်တရက်မို့ မမှတ်မိဖြစ်သွားတာ
ဒီအဖေ့ကိုစိတ်မဆိုးပါဘူးနော်....."
"ရှစ်ဇွင်း???"
" ဘာလဲ..... မိုးနတ်မင်းကမင်းကို
မွေးစားထားတာဆိုတော့
ဒီနတ်ဆိုးအဖေကို လက်မခံနိုင်တာလား"
"......."
"တကယ်တော့ မင်းအမေသာဝင်မရှုပ်ရင်
မင်းကငါတို့နှစ်ယောက်ရဲ့
သားတစ်ယောက်ဖြစ်လာရမှာ.....
အခုတော့.....ထားပါတော့လေ"
ကျင်းမှာ ထိုသို့သောယုတ္တိမတန်တဲ့စကားကိုပင်၊
မချင့်ချိန်နိုင်တော့ပဲ ဒူးထောက်ရက်လဲကျသွားတော့သည်။
သူကြားလိုက်ရတဲ့စကားကို
လက်မခံရဲသလို၊ ယုံကြည်ဖို့လည်း တွန့်ဆုတ်နေမိသည်။
ဒါပေမယ့် သူ့ရှစ်ဇွင်းကိုယ်တိုင်ပြောနေမှတော့
အမှန်တွေပဲ ဖြစ်မှာပါလို့၊
သူ့ကိုယ်သူပြန်သတိပေးနေမိ၏။
" ချစ်ခဲ့လား "
သူသည် ဒူးထောက်ရက်ပင်၊
ရှင်းရဲ့ဝတ်ရုံအနားစတွေဆီ
အကြည့်တွေလွှဲရင်းမေးလာခဲ့သည်။
ရှင်းကလည်း ထိုအခြေအနေကို
အခွင့်ကောင်းယူပြီး လိမ်ညာသည်။
"အင်း.....ငါ သူ့ကိုအရမ်းချစ်ခဲ့တာ"
"ဘယ်အထိမျှော်လင့်ထားလဲ"
"သူနဲ့တစ်သက်လုံးအတူနေသွားချင်တဲ့အထိ"
"ဘယ်လောက်ချစ်လဲ"
"ငါ့ကိုယ်ငါအဆုံးရှုံးခံရဲတဲ့အထိ"
"ကျွန်တော့်ကိုရော?"
"........"
' ငါကမင်းအကြောင်းပဲပြောနေခဲ့တာလေ.... '
ပြန်ဖြေဖို့တွန့်ဆုတ်နေတဲ့ ရှင်းကို
ကျင်းမျက်လုံးလှန်ကြည့်ပြီး
ဒေါသရိပ်တစ်စွန်းတစ်စဖုံးလွှမ်းနေတဲ့
အသံဖြင့်ထပ်မံမေးလာသည်။
"ကျွန်တော့်ကိုရော....ချစ်ခဲ့လား"
"......."
"ရှစ်ဇွင်းစိတ်ထဲမှာ ကျွန်တော့်အတွက်ရော
နေရာရှိခဲ့ဖူးလား"
"........"
"မိုးနတ်မင်းမဟုတ်တဲ့ ကျွန်တော့်ကိုချစ်ဖို့
ဆန္ဒမရှိခဲ့ဖူးဘူးလား"
"မရှိဘူး"
"ဟင်"
အရှိုက်တည့်တည့်ကိုရိုက်ချလိုက်သည့်နှယ်၊
အသက်ရှုပါရပ်သွားစေလောက်သည့်
စကားလုံးသုံးလုံးကို ကျင်းမယုံနိုင်သည်မို့
ရှင်းကိုမော့ကြည့်မိသည်။
ဟန်ဆောင်နေတာလား၊ လိမ်ညာနေတာလားဆိုတာ
ခွဲခြားနိုင်ဖို့အတွက် ကြည့်လိုက်ပေမယ့်
အေးစက်လှသည့်ရှင်းရဲ့မျက်နှာပေါ်မှာ
ဘာအရိပ်အယောင်မှရှိမနေခဲ့တော့၊
သူဘာကိုအတည်ပြုရပါ့မလဲ။
"ငါမင်းကိုချစ်ဖို့မစဉ်းစားခဲ့ဘူး ကျင်း"
"ဘာလို့....."
"မင်းက အဲ့မိန်းကလေးရဲ့သားဖြစ်နေလို့ပဲ"
ကျင်းက သူ့အဖြေကိုလက်မခံသည့်အလား၊
ခေါင်းကိုပြင်းထန်စွာခါယမ်းနေခဲ့သည်။
"ကျွန်တော်ပြောတာက မိုးနတ်မင်းကို
ချစ်တဲ့အချစ်မျိုးကိုပါ.....
ကျွန်တော့်ကိုအဲ့လိုချစ်လာဖို့
ဆန္ဒမရှိဘူးလားဟင်....."
"အဟက်....ငါ့သားကိုငါကအဲ့လိုချစ်ရမယ်တဲ့လား...
ဒါကလောကနိယာမကို စိန်ခေါ်ဖို့တွန်းအားပေးနေတာနဲ့မတူဘူးလား"
"ဟုန်လင်ကျင်းက လောကနိယာမတွေကို
အစကတည်းက ချိုးဖျက်နေခဲ့တာမဟုတ်လား....
ရှစ်ဇွင်းက အခုမှပြောင်းလဲပစ်တော့မလို့လား"
သူ့အကွက်ထဲကို တည့်တည့်ကြီးတိုးဝင်လာတဲ့
ကျင်းကြောင့် ရှင်းအနည်းငယ်ရယ်ချင်စိတ်ဖြစ်လာခဲ့သည်။
ဒီကလေးက ကိုယ်ဖြစ်ချင်တာပဲ
အမြဲတမ်းတွေးနေတတ်သူမို့၊
လှည့်စားရလွယ်လွန်းတယ်ဆိုတာ
သူအစကတည်းကသိနေခဲ့သည်မဟုတ်လား။
ရှင်းသည်ရယ်ချင်စိတ်ကိုမြိုသိမ့်ရင်းဖြင့်
ကျင်းကိုကမ်းလှမ်းချက်တစ်ခုပေးပြီး
သူ့အကွက်ထဲလုံးဝဝင်လာအောင်
ဆွဲဆောင်ပစ်လိုက်တော့သည်။
" မင်းကိုချစ်စေချင်တာမလား"
"ဟုတ်....."
"ဒါဆိုမင်းကို အခွင့်အရေးတစ်ခုပေးမယ်.....
ဝမ်ယွဲ့လို သုံးလောကဧကရာဇ်ဖြစ်အောင်
တစ်နှစ်အတွင်းကြိုးစားနိုင်မယ်ဆိုရင်.....
ငါ့အချစ်တွေရော၊ ငါ့ဘဝပါ မင်းလက်ထဲထည့်ပေးမယ်......
ဘယ်လိုလဲ....."
"ကျွန်တော် သဘောတူတယ်.....
သုံးလောကဧကရာဇ်အဖြစ် ရှစ်ဇွင်းကိုအရယူမယ်"
သူ့ကမ်းလှမ်းချက်ကို ကျင်းကလုံးဝငြင်းပယ်ခြင်းမပြုပဲ၊
သဘောတူလိုက်သည်။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ အငြိုးမမည်သည့်အငြိုးတစ်ခုက
ရှင်းအတွက် သီးသန့်ဖြစ်တည်လို့သွားခဲ့၏။
ထိုအငြိုးသည် ရှင်းရဲ့ဘဝတွင်
အကြီးကျယ်ဆုံးသောနောင်တများကို
နောင်အခါတွင်ဖြစ်ပေါ်လာစေမည်ကိုကား
ထိုအချိန်က ရှင်းမရိပ်မိခဲ့ပါလေ။။။။။။။။။
Коментарі