Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 22
အလ်ွံတၿငီးၿငီးေတာက္ေလာင္ေနေသာ
မီးမႏၲာန္ထဲတြင္ ေလာင္ကြၽမ္းခံေနရသၫ့္
ခ်ိဳးယြဲ႔ရဲ့လက္သည္ တစ္စထက္တစ္စပံုေျပာင္းလို႔လာခဲ့၏။

ကနဦးအစတြင္ ေသြးေၾကာစိမ္းတို႔ဖံုးလႊမ္းေနေသာ
ျဖဴလြလြလက္တစ္စံုမွ အနီေရာင္ေဖ်ာ့ေဖ်ာ့သို႔။
ေနာက္တြင္ ေဖ်ာ့ေတာ့ေသာအနီေရာင္မွ
နီေဆြးေသာသႏၲာေက်ာက္ေရာင္သို႔။
ထိုမွသည္ ေသြးေၾကာမ်ားေပါက္ကြဲလာရာ
ပ်က္စီးျခင္းဆီသို႔ တျဖည္းျဖည္းေရာက္လာေတာ့သည္။

ရွင္းသည္ ထိုသို႔ေသာျမင္ကြင္းမ်ိဳးကို
မျမင္ခ်င္လွပါ။ ထိုေၾကာင့္ျမင္ေနရေသာတစ္ခဏတြင္ပင္
သူ႔မ်က္ခံုးေတြသည္တြန႔္ေကြးသြားရၿပီး
အမ်ိဳးအမည္မသိေသာ နာက်င္မႈေတြမွာ
မ်က္ႏွာေပၚတြင္အထင္းသား
ထင္ဟပ္လာရ၏။

သူတကယ္ကို ခ်ိဳးယြဲ႔ရဲ့အကူအညီကို
မယူ‌ခ်င္ေတာ့တာျဖစ္သည္။
လူတစ္ေယာက္က တျခားတစ္ေယာက္အတြက္
သူ႔ကိုယ္သူအထိခိုက္ခံတယ္ဆိုတာက
သာမန္သံေယာဇဉ္ထက္ပိုနက္ရိႈင္းတဲ့
အေျခအေနဆီဦးတည္ခ်င္လို႔တဲ့။
ဒါမွမဟုတ္ ျခားထားတဲ့သံေယာဇဉ္စည္းထက္
ေက်ာ္လြန္ခ်င္လို႔လည္း ျဖစ္ႏိုင္ပါသတဲ့။

ဒါေပမယ့္ သူျခားထားတဲ့
ဆရာတပၫ့္စည္းကို ခ်ိဳးယြဲ႔ေက်ာ္လြန္ဖို႔ဘယ္လိုအခြင့္အေရးမွ
ရွင္း မေပးႏိုင္ပါ။
ေပးခ်င္စိတ္လည္းမရိွလွ။

ထို႔ျပင္ တစ္စံုတစ္ေယာက္ရဲ့အကူအညီကို
ေတာင္းခံလိုက္တယ္ ..... ဒါမွမဟုတ္.....
ရယူလိုက္တယ္ဆိုတာက
'မင္းေျပာသမ်ွကို လက္ခံႏိုင္သည္ျဖစ္ေစ၊
လက္မခံႏိုင္သည္ျဖစ္ေစ
မပယ္ရွားေတာ့ပါဘူး' လို႔
စာခ်ဳပ္မွာလက္မွတ္ထိုးလိုက္ရသည္ႏွင့္တူ၏။

ဒါကိုရွင္းလက္မခံႏိုင္ပါ။
ခ်ိဳးယြဲ႔စိတ္ထဲမွာရိွေနတဲ့ဘယ္လိုအရာမ်ိဳးကိုမွ
ရွင္းလက္သင့္မခံႏိုင္သည္ျဖစ္၍
အၿမဲတေစပယ္ရွားဖို႔သာ
ႀကိဳးပမ္းေနရမည္ေလ။
ကိုယ္အကူအညီယူထားတဲ့သူနဲ႔
အတိုက္အခံလုပ္ရတယ္ဆိုတာက
ေက်းဇူးကန္းသၫ့္အသြင္ေရာက္ေစၿပီး
ကိုယ့္နာမည္ကိုဖ်က္စီးလိုက္သည္ႏွင့္တူေစ၏။

သို႔ေၾကာင့္ သူ႔ကိုယ္ထဲသို႔စီးဝင္ေနဆဲျဖစ္တဲ့
ခ်ိဳးယြဲ႔ရဲ့စြမ္းအင္ေတြကို တန္ျပန္တိုက္ခိုက္လိုက္ေတာ့သည္။

စီးဆင္းေနသၫ့္ျမစ္ေရစီးေၾကာင္းေရ႔ွမွာ
ေက်ာက္တံုးေတြစုပံုသြားသၫ့္ႏွယ္
သူ႔စြမ္းအား‌ေတြကိုတြန္းကန္လာသၫ့္
မီးစြမ္းအင္မ်ားေၾကာင့္
ခ်ိဳးယြဲ႔မ်က္လံုးေတြပြင့္လာခဲ့ရသည္။
တန္ျပန္တြန္းကန္လာသည္ဆိုေပမယ့္
ရွင္းသံုးလိုက္တဲ့အားက
အဲ့ထက္အဆေပါင္းမ်ားစြာပိုသည္။
ၫွာတာျခင္းအလ်ဉ္းမရိွသၫ့္အျပင္
ရက္စက္မႈကိုလည္းေဆာင္၏။
သူသည္ ခ်ိဳးယြဲ႔ရဲ့အကူအညီကိုမယူရရင္
ဘာမဆိုလုပ္ႏိုင္မၫ့္ပံုစံမ်ိဳးျဖင့္
သူ႔ကိုယ္သူပင္အထိခိုက္ခံၿပီး
ဝိဉာဉ္စြမ္းအင္ေတြကို ခ်ိဳးယြဲ႔ထံျပန္‌စီးဝင္ေစလိုက္တာျဖစ္၏။

ေရစြမ္းအင္ပိုင္ဆိုင္သူထံ
မီးဓာတ္ျပန္လည္စီးဝင္ေစျခင္းသည္
ဝိဉာဉ္ဓာတ္ကိုဖ်က္ဆီးခ်င္သၫ့္
သေဘာသက္ေရာက္ေသာ္ျငား
ရွင္းရဲ့သေဘာထားကဤသို႔ႏွယ္မဟုတ္ေၾကာင္း
ခ်ိဳးယြဲ႔ခန႔္မွန္းမိပါ၏။
ရွင္းက သူ႔ကိုအေဝးသို႔ထြက္သြားေစခ်င္ျခင္းသာ။

သူ႔အကူအညီမရယူလို၍၊
သူ႔မ်က္ႏွာကိုေနာက္တစ္ႀကိမ္ထပ္မံမျမင္လို၍၊
သူနဲ႔ဘယ္ေတာ့မွထပ္မံပတ္သတ္ျခင္းမျပဳလို၍
လုပ္လိုက္တယ္ဆိုတာ
အားလံုးထက္သူကပိုသိေတာ့
ပိုခံစားရ၏။

သူသည္ စူးရဲေတာက္ပေနေသာ
ရွင္းရဲ့နီညိုေရာင္မ်က္လံုးေတြထဲကို
မဝံ့မရဲစိုက္ၾကၫ့္ရင္း
သူ႔အတြက္အနည္းငယ္မ်ွေသာ
ခံစားခ်က္ကိုလိုက္လံရွာေဖြေနမိ၏။
ဒါေပမယ့္ အခ်စ္ကခါးသည္။
ေတာင္းခံေနတဲ့သူဆီ
ဘယ္ေတာ့မွေရာက္မလာတတ္တာပါေလ။

ဟုတ္သည္။ ရွင္းရဲ့မ်က္လံုးေတြထဲမွာ
သူနဲ႔ပတ္သတ္တဲ့ဘယ္လိုခံစားခ်က္မ်ိဳးကိုမွ
ရိွမေနခဲ့ပါ။ တစ္ခုေတာ့ရိွပါ၏။
မုန္းတီးရြံ႔ရွာမႈနဲ႔စက္ဆုပ္မႈ။
ထိုအရာႏွစ္ခုကေတာ့ ခ်ိဳးယြဲ႔အတြက္
သီးသန႔္ျဖစ္တည္ေပးေနခဲ့၏။

သူသည္ ရွင္းရဲ့လက္ေတြကိုတုပ္ေနွာင္ထားသၫ့္
ေငျြဖဴေရာင္ခ်ိန္းႀကိဳးေလးကို
ခပ္ယဲ့ယဲ့ၿပံဳးရင္းျပန္ျဖဳတ္ေပး၏။
သို႔ေသာ္ ရွင္းရဲ့လက္ကို
တိုက္ရိုက္မထိေတြ ့ႏိုင္ေအာင္ အတတ္ႏိုင္ဆံုးႀကိဳးစားေပးခဲ့သည္။
ရွင္းက သူမုန္းတဲ့အရာေတြကို
ထိေတြ ့ရမွာအမုန္းဆံုးဆိုတာ
သူသိေနသည္ေလ။
ဒီေတာ့ သူခ်စ္ရတဲ့ရွစ္ဇြင္းကို
ဘယ္လိုစိတ္မ်ိဳးနဲ႔စိတ္အေနွာက္အယွက္
ထပ္ေပးရပါ့မလဲ။သူ မေပးရက္ပါေလ။

"ရွစ္ဇြင္း.....ကြၽန္ေတာ္သြားေတာ့မယ္ေနာ္"

နာက်င္အက္ကြဲေနမယ့္အသံကို
အတတ္ႏိုင္ဆံုးထိန္းခ်ဳပ္လိုက္ၿပီး
ႏႈတ္ဆက္ေတာ့ ရွင္းကရယ္သည္။

"မင္းကငါ့ကိုရွစ္ဇြင္းလို႔
ဘယ္တုန္းကေခၚခြင့္ျပန္ရသြားတာလဲ"

"........"

အၾကၫ့္ေတြနဲ႔ျဖစ္ေစ၊ စကားလံုးနဲ႔ျဖစ္ေစ၊
ရင္ကိုတစ္လႊာခ်င္းခြဲခ်ေနတဲ့
ရွစ္ဇြင္းကိုၾကၫ့္ရင္း
သူ႔မ်က္ရည္ေတြအစီးအတားမရိွက်လာရသည္။
ေမးခ်င္မိသည္။ အခုတစ္ေခါက္ကလြဲရင္
ရွစ္ဇြင္းကိုထိခိုက္ေအာင္
လုပ္ခဲ့ဖူးလို႔လားေပါ့။

ဒါေပမယ့္ ၿပီးဆံုးခဲ့ၿပီပဲ။
မုန္းေနတဲ့သူကမုန္းေနၿပီမို႔ သူကဘာေတြထပ္ေမးခြန္းထုတ္ရပါ့မလဲ။
လက္ဝါးျဖန႔္လိုက္တာနဲ႔
ရွစ္ဇြင္းေပၚပန္းေတြပဲႀကဲျဖန႔္ေပးခ်င္ခဲ့တာကို
မသိေရာ့ေလသလား။
ဒါမွမဟုတ္ မသိဟန္ေဆာင္တာမ်ားလား။

သက္ျပင္းခ်လြန္းရင္ အသက္တိုတတ္သတဲ့။
ျဖစ္ႏိုင္ရင္ဘယ္ေတာ့မျွပန္ႏိုးမထလာႏိုင္ေတာ့တဲ့
ေသဆံုးျခင္းစီ အျဖဴေရာင္တံခါးခ်ပ္ကို
တြန္းဖြင့္ၿပီးဝင္သြားလိုက္ခ်င္ပါရဲ့။
ဒါေပမယ့္ သူဘယ္ေတာ့မွ
ၿငိမ္းခ်မ္းစြာအနားယူႏိုင္မွာမဟုတ္တာ
ခ်ိဳးယြဲ႔သိသည္။
သူ႔မွာတာဝန္ေတြ၊ ဝတၲရားေတြ၊
သယ္ပိုးထားရတဲ့ဒုကၡေတြ
အမ်ားႀကီးရိွေနတာေလ။
ဘယ္လိုစိတ္မ်ိဳးကိုလက္ကိုင္ထားၿပီး
တမလြန္ကမ႓ာဆီစိတ္ခ်၊လက္ခ်သြားေရာက္
အေျခခ်ႏိုင္ပါ့မလဲ။

အားငယ္စိတ္ေတြကို ခ်စ္ရသူအေရ႔ွမွာ
ေဖာ္ထုတ္ျပမိေတာ့
ဗေလာင္ဆူေနတဲ့ခံစားခ်က္ေတြက
လမ္းဆံုးကိုေရာက္ေအာင္ဆြဲခ်ေနၾကသည္။
သူ႔အျဖစ္က ေျမာင္းထဲကငါးတစ္ေကာင္ႏွယ္။
ဘယ္သူ႔အတြက္မွ အက်ိဳးမေပးႏိုင္သူတစ္ေယာက္
ျဖစ္မွန္းမသိျဖစ္ေနရတာပင္။
သူ႔မ်ိဳးႏြယ္စုကလည္း သူ႔ကိုအယံုအၾကည္သိပ္မထားေတာ့သလို၊
သူ႔ဆရာကလည္း သူ႔ကိုလႊတ္ပစ္လိုက္ၿပီတဲ့။

ခံစားလို႔ေကာင္းတဲ့သီခ်င္းတစ္ပုဒ္ကို
မိုးေရထဲမွာသီဆိုေနရသလိုပါပဲ။
ေအးစိမ့္စိမ့္နဲ႔ဒဏ္ရာအေပၚ
ေသရည္ေတြေလာင္းခ်လိုက္သလို။
နာက်င္ေပမယ့္ အက္ရွရွနဲ႔မို႔
ခံစားလို႔ေကာင္းေနဆဲပင္။

ခ်ိဳးယြဲ႔သည္ သူ႔ကိုမုန္းတီးစက္ဆုပ္ေနရွာတဲ့
ရွင္းဆီရင္ဖြင့္ခ်င္ေနမိသည္။
သူ႔ကို အႀကံဉာဏ္ေလးမ်ားေပးမလား၊
အားေပးစကားေလးမ်ားေျပာမလားလို႔ေပါ့။
ဒါေပမယ့္ ကံၾကမၼာကသူ႔ဘက္မွာရိွ‌ေနဖို႔
မႀကိဳးစားခဲ့ရွာေပ။

ထိုအခ်ိန္မွာပင္ အခန္းထဲသို႔ေလ်ွာက္လွမ္းလာတဲ့
သံုးမ်ိဳးေသာေျခသံမ်ားကို
သူၾကားလိုက္ရ၏။
ခ်ိဳသာၿပီးေအးၿငိမ့္လွေသာ
ဟြားရန္ရဲ့စကားသံအခ်ိဳ႕သည္လည္း
နားထဲစီးဝင္လာၿပီျဖစ္ရာ
ဒီေနရာမွာဆက္မေနသင့္ေတာ့မွန္း
သတိျပဳမိလိုက္၏။

သူသည္ ေနရာေျပာင္းအစီအရင္သံုးၿပီး
အခန္းထဲကေနလ်င္ျမန္စြာထြက္ခြာသြားလိုက္သည္။
သူ႔ရွစ္ဇြင္းက သူ႔ကိုနတ္ဘုရားနယ္ေျမထဲမွာ
ရိွေနခြင့္မေပးထားေတာ့ ထြက္သြားယံုေပါ့။
ထို႔ျပင္ သူ႔ရဲ့ဆရာတူအစ္ကိုေရ႔ွမွာ
အရွက္ကြဲက်ိဳးနည္းစြာ ေမာင္းထုတ္မခံရခ်င္လွပါ။
ထို့‌ေၾကာင့္ ရွစ္ဇြင္းကိုပင္ႏႈတ္မဆက္ႏိုင္ေတာ့ပဲ
ထြက္လာျဖစ္တာပင္။

မေမ်ွာ္လင့္သင့္မွန္းသိေပမယ့္
သူ႔ကိုမ်ား ရွင္းစိတ္ပူေနရွာမလားလို႔
ရူးသြပ္စြာေတြးမိေသးသည္။
ဒါေပမယ့္ မျဖစ္ႏိုင္တဲ့ပံုျပင္တစ္ပုဒ္ပဲေလ။
ဘာလို႔ဖမ္းဆုပ္ဖို႔ႀကိဳးစားေနေတာ့မွာလဲ။။။။။။။။

ခုတင္ေပၚတြင္ ငုတ္တုပ္ထိုင္ေနတဲ့
ရွင္းကိုေတြ ့လိုက္ရသၫ့္အခိုက္အတန႔္မွာ
စကားတေျပာေျပာနဲ႔ဝင္လာသၫ့္
ဟြားရန္၊ ဖန႔္ယြင္နဲ႔ ရွဲ႔ယန္မွာ
‌ဆြံ႔အမွင္သက္သြားရေတာ့သည္။
ဟြားရန္ရဲ့မ်က္ႏွာဆိုရင္
ေသြးဆုပ္ကာျဖဴေဖ်ာ့သြားသၫ့္အသြင္ပင္
ျဖစ္သြားခဲ့ရသည္။

ေက်ာက္ရုပ္ပမာၿငိမ္သက္ေနၾကတဲ့
ထိုသံုးေယာက္ကို
ၾကၫ့္ၿပီး ရွင္းကဤသို႔ႏွယ္ႏႈတ္ဆက္လိုက္၏။

"ေခါင္းကိုင္အေဖသံုးေယာက္ကို
ႏႈတ္ဆက္ပါတယ္......."

ဟြားရန္တို႔သံုးေယာက္မွာ
ထိုသို႔ေသာ စေနာက္သၫ့္စကားသံကို
မၾကားရသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာလွၿပီ
ျဖစ္ေသာေၾကာင့္ ရုတ္တရက္မည္သၫ့္စကားမွမဆိုႏိုင္ရွာ။

ဒါေပမယ့္ သူတို႔သံုးေယာက္သည္
ေငးၾကၫ့္ေနျခင္းျဖင့္သာ
မေနႏိုင္ၾကသူမ်ားျဖစ္သၫ့္အေလ်ာက္၊
ရွင္းဆီသို႔လ်င္ျမန္စြာေျပးလာၾကကာ
ေဘးတစ္ဖက္တစ္ခ်က္စီတြင္
အသီးသီးဝင္ထိုင္လိုက္ၾက၏။
ရွဲ႔ယန္နဲ႔ဖန္ယြင္သာ ေျပးျခင္းအမႈကို
ျပဳလုပ္ေပမယ့္ ဟြားရန္ကေတာ့
သူ႔ရဲ့ပင္ကိုယ္အက်င့္အတိုင္းပင္
တည္ၿငိမ္ေအးေဆးစြာ
သူတို႔အနားေလ်ွာက္လွမ္းလာခဲ့သည္။

ရွဲ႔ယန္သည္ စိတ္မရွည္တတ္သူပီသစြာ
ဤသို႔ႏွယ္ဆို၏။

"မင္းကို ငါတို႔ထပ္မေတြ ့ရေတာ့ဘူးထင္ေနတာ.....
အဲ့ေကာင္စုတ္ေလးအတြက္
မင္းဘာေတြေလ်ွာက္လုပ္ေနရတာလဲ.....

မင္းေလာက္တံုးအတဲ့သူ
ဒီေလာကမွာ‌ေနာက္ထပ္ရိွမွာမဟုတ္ေတာ့ဘူး....."

"........"

"........"

"........."

သူသည္ စိတ္လႈပ္ရွားလြန္းေနသည္မို႔
သူ႔ေဘးမွာထိုင္‌ေနသူက
ေနနတ္ဘုရားမဟုတ္ပဲ
ေဟာ္လင္အရွင္သခင္ျဖစ္ေနသည္ဆိုတာ
ေမ့ေလ်ာ့လို႔သြား၏။
ထိုေၾကာင့္ အရင္တုန္းကအတိုင္းပင္
ဂရုဏာေဒါေသာျဖင့္ဆက္ဆူေနရွာ၏။

"ေက်းဇူးျပဳျပီး....ငါတို႔သံုးေယာက္ရဲ့စကားေတြကို
နားေထာင္ပါဉီးလား....

ဟားးးး မင္းကိုငါတို႔ဘယ္လိုထိန္းရပါ့မလဲကြာ"

"........ "

".........."

".........."

ဟြားရန္နဲ႔ဖန႔္ယြင္မွာ ထိုစကားေၾကာင့္
အသက္ရႈသံေတြပင္ေျပာင္းျပန္ျဖစ္သြားသလို
ခံစားလိုက္ရေလၿပီ။
တစ္မိုးေအာက္တစ္ေယာက္သာရိွသၫ့္
ႀကီးျမတ္သၫ့္ေဟာ္လင္အရွင္သခင္ကို
ဆံုးမစကားဆိုေနသၫ့္အျပင္၊
ထိန္းဖို႔ပင္ႀကံရြယ္ေနသၫ့္ ရွဲ႔ယန္အတြက္
စိုးရိမ္စလည္းျပဳလာ၏။

အရင္တုန္းက ‌ရွင္းကေနနတ္ဘုရားအျဖစ္၊
သူတို႔ရဲ့ညီငယ္ေလးအျဖစ္ေနခဲ့သည္က
မွန္သည္။ ဒါေပမယ့္ အခုကား။
အေျခအေနမတူေတာ့ၿပီ။
ရွင္းဆိုသည္မွာ သူတို႔ထက္အသက္အားျဖင့္ေသာ္လည္း၊
အဆင့္အတန္းအားျဖင့္ေသာ္လည္း၊
ႀကီးျမင့္သူျဖစ္၏။

ကမ႓ာဦးအစကတည္းကျဖစ္တည္ေနခဲ့တဲ့
ရွင္းကိုဆူေနျခင္းသည္ ၊
အသက္ ၈၀‌ ‌ေက်ာ္ၿပီျဖစ္သၫ့့္
အဘိုးအိုတစ္ဦးအား ၊
အႏွီးထုပ္ထဲမွာအိပ္ေနသၫ့္ကေလးက
လက္ညိုးေလးတေထာင္ေထာင္နဲ႔
ထဆူေနသည္ႏွင့္တူ၏။
ၾကၫ့္၍လည္း အျမင္မလွသလို၊
ယုတၲိလည္းမရိွသလိုခံစားရေစ၏။

သို႔ေသာ္ ရွင္းသည္
မည္သၫ့္အျပစ္တင္စကားကိုမွမဆို။
မ်က္လႊာခ်လိုက္ၿပီး
အၿပံဳးတစ္ခုကိုဖန္တီးယူလိုက္ကာ

"အင္းပါ.....အစ္ကိုရွဲ႔ယန္ကေတာ့
ကြၽန္ေတာ့္ကိုဆူၿပီးၿပီ.....

အစ္ကိုဟြားရန္နဲ႔အစ္ကိုဖန႔္ယြင္ကေရာ
ကြၽန္ေတာ့္ကိုဘာမွေျပာစရာမရိွဘူးလား....."

အမိန႔္နာခံသၫ့္ကေလးငယ္ေလးလို
အျပစ္ကင္းလွသၫ့္အၿပံဳးေတြနဲ႔
ဆူပူမႈကိုႀကိဳတင္ကာရံထားသၫ့္
ရွင္းေၾကာင့္ ဖန႔္ယြက္သက္ျပင္းခ်လိုက္မိသည္။
သူ႔ဘဝမွာတြယ္တာစရာဟူ၍
ဟြားရန္၊ ရွဲ႔ယန္နဲ႔ရွင္းသာရိွ၏။
ထို႔ျပင္ ရွင္းမွာေနနတ္ဘုရားအျဖစ္
သူတို႔ဆီေရာက္လာစဉ္က
သူ႔လက္ေပၚမွာသာေနခဲ့သူတစ္ဦးေပမို႔
ပို၍သာတြယ္တာရ၏။

ေဟာ္လင္အရွင္သခင္ဆိုသည္မွာ
သူေလးစားရသူတစ္ဦးဆိုလ်ွင္
ေနနတ္ဘုရားကေတာ့ သူ႔ႏွလံုးသည္းပြတ္ကို
အပိုင္စားရသၫ့္ညီငယ္ေလးျဖစ္၏။
ထို႔ျပင္ မအိပ္မေနထိန္းေက်ာင္းေပးခဲ့ရသည္မို႔
သားတစ္ေယာက္လိုလည္းျဖစ္ေနသည္ေလ။
ဒီကေလးကို သူဘယ္လိုဆူရက္ပါ့မလဲ။
သူ႔ကိုသိပ္တြယ္တာလြန္းခဲ့တဲ့
ကေလးကိုဘယ္လိုအျပစ္တင္စကား
ဆိုႏိုင္ပါ့မလဲ။

သူသည္ သက္ျပင္းတစ္ခ်က္ခိုးရိႈက္ရင္းသာ
ရွင္းကိုေလေျပေလးနဲ႔
စည္းရံုးၾကၫ့္ဖို႔ႀကိဳးပမ္းလာ၏။

"မင္း ဒီနတ္ဘုရားနယ္ေျမမွာပဲ‌ေနပါလား.....

ဒီအစ္ကိုက မင္းေလာက္စြမ္းအားမရိွတာ
မွန္ပါတယ္.... 
မင္းေလာက္ဒီ‌ေလာကျကီးထဲမွာမ‌ေနခဲ့ရဘူး
ဆိုတာလည္းမွန္ပါတယ္.....
မင္းေလာက္အဆင့္အတန္းမျမင့္ဘူးဆိုတာလည္း
မွန္ပါတယ္.....

ဒါေပမယ့္ မင္းကိုကာကြယ္ေပးႏိုင္ပါေသးတယ္....
ဒီအစ္ကိုက မင္းနတ္ဘုရားနယ္ေျမထဲမွာရိွေနေသးသ၍
အသက္နဲ႔ရင္းၿပီးကာကြယ္ေပးႏိုင္ပါတယ္......

ဒါေၾကာင့္......ဒါေၾကာင့္......."

ဆက္ေျပာဖို႔တြန့္ဆုတ္‌ေနတဲ့ ဖန႔္ယြင္ကို
နားလည္စြာနဲ႔ ရွင္းက
စကားကိုဆက္ေပးလိုက္သည္။

"ဒါေၾကာင့္....ဟုန္လင္က်င္းအျဖစ္နဲ႔
နတ္ဆိုးၿမိဳ႔ကိုထြက္မသြားနဲ႔ လို႔ေျပာခ်င္တာလား"

ရွင္းေျပာသၫ့္စကားကမွန္ေနသည္မို႔ ဖန႔္ယြင္ေၾကာင္အသြားရသည္။
ထို႔ေနာက္ သူသည္ခပ္ယဲ့ယဲ့‌ေလးရယ္ကာ
အားတံု႔အားနာနဲ႔ ရွင္းကိုဆက္ေျပာလာသည္။

"ဟုတ္တယ္......ဒါ‌ေၾကာင့္‌ေက်းဇူးျပဳျပီး
ျပန္လမ္းမရိွတဲ့လမ္းကိုမေလ်ွာက္ပါနဲ႔ေတာ့လား"

ရွင္းကၿပံဳးယံုသာၿပံဳးၿပီး သူ႔စကားကိုျပန္တံု႔ျပန္ဖို႔
မႀကိဳးစားခဲ့ေပ။
သူ႔မ်က္လံုးထဲတြင္လည္း
ခံစားခ်က္ေတြဘာဆိုဘာမွရိွမေန။
ထိုအသြင္သည္ ေသြးေအးသူတစ္ေယာက္အျဖစ္
ပိုလို႔သာျမင္ေယာင္ေစ၏။
သူ႔အၾကၫ့္ေတြသည္ ပံုမွန္ထက္ပင္
ေအးစက္ေနသည္ကို သတိထားမိသြားသည္ႏွင့္
ဟြားရန္သည္ ေမးခြန္းတစ္ခုကို
အေလာတႀကီးေမးလိုက္ေတာ့သည္။

"ရွစ္ဇြင္း......ရွစ္ဇြင္းရဲ့ဝိဉာဉ္ထဲမွာ
ဘာလို႔မိစၧာဓာတ္ေတြကိန္းေအာင္းေနရတာလဲ"

ထိုေမးခြန္းကိုၾကားရသၫ့္ တစ္ခဏ၌
ရွင္းရဲ့အၿပံဳးေတြက မဲ့ၿပံဳးဆီသို႔
ကူးေျပာင္းသြားခဲ့ေတာ့သည္။


Unicode:

အလျှံတငြီးငြီးတောက်လောင်နေသော
မီးမန္တာန်ထဲတွင် လောင်ကျွမ်းခံနေရသည့်
ချိုးယွဲ့ရဲ့လက်သည် တစ်စထက်တစ်စပုံပြောင်းလို့လာခဲ့၏။

ကနဦးအစတွင် သွေးကြောစိမ်းတို့ဖုံးလွှမ်းနေသော
ဖြူလွလွလက်တစ်စုံမှ အနီရောင်ဖျော့ဖျော့သို့။
နောက်တွင် ဖျော့တော့သောအနီရောင်မှ
နီဆွေးသောသန္တာကျောက်ရောင်သို့။
ထိုမှသည် သွေးကြောများပေါက်ကွဲလာရာ
ပျက်စီးခြင်းဆီသို့ တဖြည်းဖြည်းရောက်လာတော့သည်။

ရှင်းသည် ထိုသို့သောမြင်ကွင်းမျိုးကို
မမြင်ချင်လှပါ။ ထိုကြောင့်မြင်နေရသောတစ်ခဏတွင်ပင်
သူ့မျက်ခုံးတွေသည်တွန့်ကွေးသွားရပြီး
အမျိုးအမည်မသိသော နာကျင်မှုတွေမှာ
မျက်နှာပေါ်တွင်အထင်းသား
ထင်ဟပ်လာရ၏။

သူတကယ်ကို ချိုးယွဲ့ရဲ့အကူအညီကို
မယူ‌ချင်တော့တာဖြစ်သည်။
လူတစ်ယောက်က တခြားတစ်ယောက်အတွက်
သူ့ကိုယ်သူအထိခိုက်ခံတယ်ဆိုတာက
သာမန်သံယောဇဉ်ထက်ပိုနက်ရှိုင်းတဲ့
အခြေအနေဆီဦးတည်ချင်လို့တဲ့။
ဒါမှမဟုတ် ခြားထားတဲ့သံယောဇဉ်စည်းထက်
ကျော်လွန်ချင်လို့လည်း ဖြစ်နိုင်ပါသတဲ့။

ဒါပေမယ့် သူခြားထားတဲ့
ဆရာတပည့်စည်းကို ချိုးယွဲ့ကျော်လွန်ဖို့ဘယ်လိုအခွင့်အရေးမှ
ရှင်း မပေးနိုင်ပါ။
ပေးချင်စိတ်လည်းမရှိလှ။

ထို့ပြင် တစ်စုံတစ်ယောက်ရဲ့အကူအညီကို
တောင်းခံလိုက်တယ် ..... ဒါမှမဟုတ်.....
ရယူလိုက်တယ်ဆိုတာက
'မင်းပြောသမျှကို လက်ခံနိုင်သည်ဖြစ်စေ၊
လက်မခံနိုင်သည်ဖြစ်စေ
မပယ်ရှားတော့ပါဘူး' လို့
စာချုပ်မှာလက်မှတ်ထိုးလိုက်ရသည်နှင့်တူ၏။

ဒါကိုရှင်းလက်မခံနိုင်ပါ။
ချိုးယွဲ့စိတ်ထဲမှာရှိနေတဲ့ဘယ်လိုအရာမျိုးကိုမှ
ရှင်းလက်သင့်မခံနိုင်သည်ဖြစ်၍
အမြဲတစေပယ်ရှားဖို့သာ
ကြိုးပမ်းနေရမည်လေ။
ကိုယ်အကူအညီယူထားတဲ့သူနဲ့
အတိုက်အခံလုပ်ရတယ်ဆိုတာက
ကျေးဇူးကန်းသည့်အသွင်ရောက်စေပြီး
ကိုယ့်နာမည်ကိုဖျက်စီးလိုက်သည်နှင့်တူစေ၏။

သို့ကြောင့် သူ့ကိုယ်ထဲသို့စီးဝင်နေဆဲဖြစ်တဲ့
ချိုးယွဲ့ရဲ့စွမ်းအင်တွေကို တန်ပြန်တိုက်ခိုက်လိုက်တော့သည်။

စီးဆင်းနေသည့်မြစ်ရေစီးကြောင်းရှေ့မှာ
ကျောက်တုံးတွေစုပုံသွားသည့်နှယ်
သူ့စွမ်းအား‌တွေကိုတွန်းကန်လာသည့်
မီးစွမ်းအင်များကြောင့်
ချိုးယွဲ့မျက်လုံးတွေပွင့်လာခဲ့ရသည်။
တန်ပြန်တွန်းကန်လာသည်ဆိုပေမယ့်
ရှင်းသုံးလိုက်တဲ့အားက
အဲ့ထက်အဆပေါင်းများစွာပိုသည်။
ညှာတာခြင်းအလျဉ်းမရှိသည့်အပြင်
ရက်စက်မှုကိုလည်းဆောင်၏။
သူသည် ချိုးယွဲ့ရဲ့အကူအညီကိုမယူရရင်
ဘာမဆိုလုပ်နိုင်မည့်ပုံစံမျိုးဖြင့်
သူ့ကိုယ်သူပင်အထိခိုက်ခံပြီး
ဝိဉာဉ်စွမ်းအင်တွေကို ချိုးယွဲ့ထံပြန်‌စီးဝင်စေလိုက်တာဖြစ်၏။

ရေစွမ်းအင်ပိုင်ဆိုင်သူထံ
မီးဓာတ်ပြန်လည်စီးဝင်စေခြင်းသည်
ဝိဉာဉ်ဓာတ်ကိုဖျက်ဆီးချင်သည့်
သဘောသက်ရောက်သော်ငြား
ရှင်းရဲ့သဘောထားကဤသို့နှယ်မဟုတ်ကြောင်း
ချိုးယွဲ့ခန့်မှန်းမိပါ၏။
ရှင်းက သူ့ကိုအဝေးသို့ထွက်သွားစေချင်ခြင်းသာ။

သူ့အကူအညီမရယူလို၍၊
သူ့မျက်နှာကိုနောက်တစ်ကြိမ်ထပ်မံမမြင်လို၍၊
သူနဲ့ဘယ်တော့မှထပ်မံပတ်သတ်ခြင်းမပြုလို၍
လုပ်လိုက်တယ်ဆိုတာ
အားလုံးထက်သူကပိုသိတော့
ပိုခံစားရ၏။

သူသည် စူးရဲတောက်ပနေသော
ရှင်းရဲ့နီညိုရောင်မျက်လုံးတွေထဲကို
မဝံ့မရဲစိုက်ကြည့်ရင်း
သူ့အတွက်အနည်းငယ်မျှသော
ခံစားချက်ကိုလိုက်လံရှာဖွေနေမိ၏။
ဒါပေမယ့် အချစ်ကခါးသည်။
တောင်းခံနေတဲ့သူဆီ
ဘယ်တော့မှရောက်မလာတတ်တာပါလေ။

ဟုတ်သည်။ ရှင်းရဲ့မျက်လုံးတွေထဲမှာ
သူနဲ့ပတ်သတ်တဲ့ဘယ်လိုခံစားချက်မျိုးကိုမှ
ရှိမနေခဲ့ပါ။ တစ်ခုတော့ရှိပါ၏။
မုန်းတီးရွံ့ရှာမှုနဲ့စက်ဆုပ်မှု။
ထိုအရာနှစ်ခုကတော့ ချိုးယွဲ့အတွက်
သီးသန့်ဖြစ်တည်ပေးနေခဲ့၏။

သူသည် ရှင်းရဲ့လက်တွေကိုတုပ်နှောင်ထားသည့်
ငြွေဖူရောင်ချိန်းကြိုးလေးကို
ခပ်ယဲ့ယဲ့ပြုံးရင်းပြန်ဖြုတ်ပေး၏။
သို့သော် ရှင်းရဲ့လက်ကို
တိုက်ရိုက်မထိတွေ့နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပေးခဲ့သည်။
ရှင်းက သူမုန်းတဲ့အရာတွေကို
ထိတွေ့ရမှာအမုန်းဆုံးဆိုတာ
သူသိနေသည်လေ။
ဒီတော့ သူချစ်ရတဲ့ရှစ်ဇွင်းကို
ဘယ်လိုစိတ်မျိုးနဲ့စိတ်အနှောက်အယှက်
ထပ်ပေးရပါ့မလဲ။သူ မပေးရက်ပါလေ။

"ရှစ်ဇွင်း.....ကျွန်တော်သွားတော့မယ်နော်"

နာကျင်အက်ကွဲနေမယ့်အသံကို
အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ပြီး
နှုတ်ဆက်တော့ ရှင်းကရယ်သည်။

"မင်းကငါ့ကိုရှစ်ဇွင်းလို့
ဘယ်တုန်းကခေါ်ခွင့်ပြန်ရသွားတာလဲ"

"........"

အကြည့်တွေနဲ့ဖြစ်စေ၊ စကားလုံးနဲ့ဖြစ်စေ၊
ရင်ကိုတစ်လွှာချင်းခွဲချနေတဲ့
ရှစ်ဇွင်းကိုကြည့်ရင်း
သူ့မျက်ရည်တွေအစီးအတားမရှိကျလာရသည်။
မေးချင်မိသည်။ အခုတစ်ခေါက်ကလွဲရင်
ရှစ်ဇွင်းကိုထိခိုက်အောင်
လုပ်ခဲ့ဖူးလို့လားပေါ့။

ဒါပေမယ့် ပြီးဆုံးခဲ့ပြီပဲ။
မုန်းနေတဲ့သူကမုန်းနေပြီမို့ သူကဘာတွေထပ်မေးခွန်းထုတ်ရပါ့မလဲ။
လက်ဝါးဖြန့်လိုက်တာနဲ့
ရှစ်ဇွင်းပေါ်ပန်းတွေပဲကြဲဖြန့်ပေးချင်ခဲ့တာကို
မသိရော့လေသလား။
ဒါမှမဟုတ် မသိဟန်ဆောင်တာများလား။

သက်ပြင်းချလွန်းရင် အသက်တိုတတ်သတဲ့။
ဖြစ်နိုင်ရင်ဘယ်တော့မြှပန်နိုးမထလာနိုင်တော့တဲ့
သေဆုံးခြင်းစီ အဖြူရောင်တံခါးချပ်ကို
တွန်းဖွင့်ပြီးဝင်သွားလိုက်ချင်ပါရဲ့။
ဒါပေမယ့် သူဘယ်တော့မှ
ငြိမ်းချမ်းစွာအနားယူနိုင်မှာမဟုတ်တာ
ချိုးယွဲ့သိသည်။
သူ့မှာတာဝန်တွေ၊ ဝတ္တရားတွေ၊
သယ်ပိုးထားရတဲ့ဒုက္ခတွေ
အများကြီးရှိနေတာလေ။
ဘယ်လိုစိတ်မျိုးကိုလက်ကိုင်ထားပြီး
တမလွန်ကမ္ဘာဆီစိတ်ချ၊လက်ချသွားရောက်
အခြေချနိုင်ပါ့မလဲ။

အားငယ်စိတ်တွေကို ချစ်ရသူအရှေ့မှာ
ဖော်ထုတ်ပြမိတော့
ဗလောင်ဆူနေတဲ့ခံစားချက်တွေက
လမ်းဆုံးကိုရောက်အောင်ဆွဲချနေကြသည်။
သူ့အဖြစ်က မြောင်းထဲကငါးတစ်ကောင်နှယ်။
ဘယ်သူ့အတွက်မှ အကျိုးမပေးနိုင်သူတစ်ယောက်
ဖြစ်မှန်းမသိဖြစ်နေရတာပင်။
သူ့မျိုးနွယ်စုကလည်း သူ့ကိုအယုံအကြည်သိပ်မထားတော့သလို၊
သူ့ဆရာကလည်း သူ့ကိုလွှတ်ပစ်လိုက်ပြီတဲ့။

ခံစားလို့ကောင်းတဲ့သီချင်းတစ်ပုဒ်ကို
မိုးရေထဲမှာသီဆိုနေရသလိုပါပဲ။
အေးစိမ့်စိမ့်နဲ့ဒဏ်ရာအပေါ်
သေရည်တွေလောင်းချလိုက်သလို။
နာကျင်ပေမယ့် အက်ရှရှနဲ့မို့
ခံစားလို့ကောင်းနေဆဲပင်။

ချိုးယွဲ့သည် သူ့ကိုမုန်းတီးစက်ဆုပ်နေရှာတဲ့
ရှင်းဆီရင်ဖွင့်ချင်နေမိသည်။
သူ့ကို အကြံဉာဏ်လေးများပေးမလား၊
အားပေးစကားလေးများပြောမလားလို့ပေါ့။
ဒါပေမယ့် ကံကြမ္မာကသူ့ဘက်မှာရှိ‌နေဖို့
မကြိုးစားခဲ့ရှာပေ။

ထိုအချိန်မှာပင် အခန်းထဲသို့လျှောက်လှမ်းလာတဲ့
သုံးမျိုးသောခြေသံများကို
သူကြားလိုက်ရ၏။
ချိုသာပြီးအေးငြိမ့်လှသော
ဟွားရန်ရဲ့စကားသံအချို့သည်လည်း
နားထဲစီးဝင်လာပြီဖြစ်ရာ
ဒီနေရာမှာဆက်မနေသင့်တော့မှန်း
သတိပြုမိလိုက်၏။

သူသည် နေရာပြောင်းအစီအရင်သုံးပြီး
အခန်းထဲကနေလျင်မြန်စွာထွက်ခွာသွားလိုက်သည်။
သူ့ရှစ်ဇွင်းက သူ့ကိုနတ်ဘုရားနယ်မြေထဲမှာ
ရှိနေခွင့်မပေးထားတော့ ထွက်သွားယုံပေါ့။
ထို့ပြင် သူ့ရဲ့ဆရာတူအစ်ကိုရှေ့မှာ
အရှက်ကွဲကျိုးနည်းစွာ မောင်းထုတ်မခံရချင်လှပါ။
ထို့‌ကြောင့် ရှစ်ဇွင်းကိုပင်နှုတ်မဆက်နိုင်တော့ပဲ
ထွက်လာဖြစ်တာပင်။

မမျှော်လင့်သင့်မှန်းသိပေမယ့်
သူ့ကိုများ ရှင်းစိတ်ပူနေရှာမလားလို့
ရူးသွပ်စွာတွေးမိသေးသည်။
ဒါပေမယ့် မဖြစ်နိုင်တဲ့ပုံပြင်တစ်ပုဒ်ပဲလေ။
ဘာလို့ဖမ်းဆုပ်ဖို့ကြိုးစားနေတော့မှာလဲ။။။။။။။။

ခုတင်ပေါ်တွင် ငုတ်တုပ်ထိုင်နေတဲ့
ရှင်းကိုတွေ့လိုက်ရသည့်အခိုက်အတန့်မှာ
စကားတပြောပြောနဲ့ဝင်လာသည့်
ဟွားရန်၊ ဖန့်ယွင်နဲ့ ရှဲ့ယန်မှာ
‌ဆွံ့အမှင်သက်သွားရတော့သည်။
ဟွားရန်ရဲ့မျက်နှာဆိုရင်
သွေးဆုပ်ကာဖြူဖျော့သွားသည့်အသွင်ပင်
ဖြစ်သွားခဲ့ရသည်။

ကျောက်ရုပ်ပမာငြိမ်သက်နေကြတဲ့
ထိုသုံးယောက်ကို
ကြည့်ပြီး ရှင်းကဤသို့နှယ်နှုတ်ဆက်လိုက်၏။

"ခေါင်းကိုင်အဖေသုံးယောက်ကို
နှုတ်ဆက်ပါတယ်......."

ဟွားရန်တို့သုံးယောက်မှာ
ထိုသို့သော စနောက်သည့်စကားသံကို
မကြားရသည်မှာ နှစ်ပေါင်းများစွာကြာလှပြီ
ဖြစ်သောကြောင့် ရုတ်တရက်မည်သည့်စကားမှမဆိုနိုင်ရှာ။

ဒါပေမယ့် သူတို့သုံးယောက်သည်
ငေးကြည့်နေခြင်းဖြင့်သာ
မနေနိုင်ကြသူများဖြစ်သည့်အလျောက်၊
ရှင်းဆီသို့လျင်မြန်စွာပြေးလာကြကာ
ဘေးတစ်ဖက်တစ်ချက်စီတွင်
အသီးသီးဝင်ထိုင်လိုက်ကြ၏။
ရှဲ့ယန်နဲ့ဖန်ယွင်သာ ပြေးခြင်းအမှုကို
ပြုလုပ်ပေမယ့် ဟွားရန်ကတော့
သူ့ရဲ့ပင်ကိုယ်အကျင့်အတိုင်းပင်
တည်ငြိမ်အေးဆေးစွာ
သူတို့အနားလျှောက်လှမ်းလာခဲ့သည်။

ရှဲ့ယန်သည် စိတ်မရှည်တတ်သူပီသစွာ
ဤသို့နှယ်ဆို၏။

"မင်းကို ငါတို့ထပ်မတွေ့ရတော့ဘူးထင်နေတာ.....
အဲ့ကောင်စုတ်လေးအတွက်
မင်းဘာတွေလျှောက်လုပ်နေရတာလဲ.....

မင်းလောက်တုံးအတဲ့သူ
ဒီလောကမှာ‌နောက်ထပ်ရှိမှာမဟုတ်တော့ဘူး....."

"........"

"........"

"........."

သူသည် စိတ်လှုပ်ရှားလွန်းနေသည်မို့
သူ့ဘေးမှာထိုင်‌နေသူက
နေနတ်ဘုရားမဟုတ်ပဲ
ဟော်လင်အရှင်သခင်ဖြစ်နေသည်ဆိုတာ
မေ့လျော့လို့သွား၏။
ထိုကြောင့် အရင်တုန်းကအတိုင်းပင်
ဂရုဏာဒေါသောဖြင့်ဆက်ဆူနေရှာ၏။

"ကျေးဇူးပြုပြီး....ငါတို့သုံးယောက်ရဲ့စကားတွေကို
နားထောင်ပါဉီးလား....

ဟားးးး မင်းကိုငါတို့ဘယ်လိုထိန်းရပါ့မလဲကွာ"

"........ "

".........."

".........."

ဟွားရန်နဲ့ဖန့်ယွင်မှာ ထိုစကားကြောင့်
အသက်ရှုသံတွေပင်ပြောင်းပြန်ဖြစ်သွားသလို
ခံစားလိုက်ရလေပြီ။
တစ်မိုးအောက်တစ်ယောက်သာရှိသည့်
ကြီးမြတ်သည့်ဟော်လင်အရှင်သခင်ကို
ဆုံးမစကားဆိုနေသည့်အပြင်၊
ထိန်းဖို့ပင်ကြံရွယ်နေသည့် ရှဲ့ယန်အတွက်
စိုးရိမ်စလည်းပြုလာ၏။

အရင်တုန်းက ‌ရှင်းကနေနတ်ဘုရားအဖြစ်၊
သူတို့ရဲ့ညီငယ်လေးအဖြစ်နေခဲ့သည်က
မှန်သည်။ ဒါပေမယ့် အခုကား။
အခြေအနေမတူတော့ပြီ။
ရှင်းဆိုသည်မှာ သူတို့ထက်အသက်အားဖြင့်သော်လည်း၊
အဆင့်အတန်းအားဖြင့်သော်လည်း၊
ကြီးမြင့်သူဖြစ်၏။

ကမ္ဘာဦးအစကတည်းကဖြစ်တည်နေခဲ့တဲ့
ရှင်းကိုဆူနေခြင်းသည် ၊
အသက် ၈၀‌ ‌ကျော်ပြီဖြစ်သည့်
အဘိုးအိုတစ်ဦးအား ၊
အနှီးထုပ်ထဲမှာအိပ်နေသည့်ကလေးက
လက်ညိုးလေးတထောင်ထောင်နဲ့
ထဆူနေသည်နှင့်တူ၏။
ကြည့်၍လည်း အမြင်မလှသလို၊
ယုတ္တိလည်းမရှိသလိုခံစားရစေ၏။

သို့သော် ရှင်းသည်
မည်သည့်အပြစ်တင်စကားကိုမှမဆို။
မျက်လွှာချလိုက်ပြီး
အပြုံးတစ်ခုကိုဖန်တီးယူလိုက်ကာ

"အင်းပါ.....အစ်ကိုရှဲ့ယန်ကတော့
ကျွန်တော့်ကိုဆူပြီးပြီ.....

အစ်ကိုဟွားရန်နဲ့အစ်ကိုဖန့်ယွင်ကရော
ကျွန်တော့်ကိုဘာမှပြောစရာမရှိဘူးလား....."

အမိန့်နာခံသည့်ကလေးငယ်လေးလို
အပြစ်ကင်းလှသည့်အပြုံးတွေနဲ့
ဆူပူမှုကိုကြိုတင်ကာရံထားသည့်
ရှင်းကြောင့် ဖန့်ယွက်သက်ပြင်းချလိုက်မိသည်။
သူ့ဘဝမှာတွယ်တာစရာဟူ၍
ဟွားရန်၊ ရှဲ့ယန်နဲ့ရှင်းသာရှိ၏။
ထို့ပြင် ရှင်းမှာနေနတ်ဘုရားအဖြစ်
သူတို့ဆီရောက်လာစဉ်က
သူ့လက်ပေါ်မှာသာနေခဲ့သူတစ်ဦးပေမို့
ပို၍သာတွယ်တာရ၏။

ဟော်လင်အရှင်သခင်ဆိုသည်မှာ
သူလေးစားရသူတစ်ဦးဆိုလျှင်
နေနတ်ဘုရားကတော့ သူ့နှလုံးသည်းပွတ်ကို
အပိုင်စားရသည့်ညီငယ်လေးဖြစ်၏။
ထို့ပြင် မအိပ်မနေထိန်းကျောင်းပေးခဲ့ရသည်မို့
သားတစ်ယောက်လိုလည်းဖြစ်နေသည်လေ။
ဒီကလေးကို သူဘယ်လိုဆူရက်ပါ့မလဲ။
သူ့ကိုသိပ်တွယ်တာလွန်းခဲ့တဲ့
ကလေးကိုဘယ်လိုအပြစ်တင်စကား
ဆိုနိုင်ပါ့မလဲ။

သူသည် သက်ပြင်းတစ်ချက်ခိုးရှိုက်ရင်းသာ
ရှင်းကိုလေပြေလေးနဲ့
စည်းရုံးကြည့်ဖို့ကြိုးပမ်းလာ၏။

"မင်း ဒီနတ်ဘုရားနယ်မြေမှာပဲ‌နေပါလား.....

ဒီအစ်ကိုက မင်းလောက်စွမ်းအားမရှိတာ
မှန်ပါတယ်.... 
မင်းလောက်ဒီ‌လောကကြီးထဲမှာမ‌နေခဲ့ရဘူး
ဆိုတာလည်းမှန်ပါတယ်.....
မင်းလောက်အဆင့်အတန်းမမြင့်ဘူးဆိုတာလည်း
မှန်ပါတယ်.....

ဒါပေမယ့် မင်းကိုကာကွယ်ပေးနိုင်ပါသေးတယ်....
ဒီအစ်ကိုက မင်းနတ်ဘုရားနယ်မြေထဲမှာရှိနေသေးသ၍
အသက်နဲ့ရင်းပြီးကာကွယ်ပေးနိုင်ပါတယ်......

ဒါကြောင့်......ဒါကြောင့်......."

ဆက်ပြောဖို့တွန့်ဆုတ်‌နေတဲ့ ဖန့်ယွင်ကို
နားလည်စွာနဲ့ ရှင်းက
စကားကိုဆက်ပေးလိုက်သည်။

"ဒါကြောင့်....ဟုန်လင်ကျင်းအဖြစ်နဲ့
နတ်ဆိုးမြို့ကိုထွက်မသွားနဲ့ လို့ပြောချင်တာလား"

ရှင်းပြောသည့်စကားကမှန်နေသည်မို့ ဖန့်ယွင်ကြောင်အသွားရသည်။
ထို့နောက် သူသည်ခပ်ယဲ့ယဲ့‌လေးရယ်ကာ
အားတုံ့အားနာနဲ့ ရှင်းကိုဆက်ပြောလာသည်။

"ဟုတ်တယ်......ဒါ‌ကြောင့်‌ကျေးဇူးပြုပြီး
ပြန်လမ်းမရှိတဲ့လမ်းကိုမလျှောက်ပါနဲ့တော့လား"

ရှင်းကပြုံးယုံသာပြုံးပြီး သူ့စကားကိုပြန်တုံ့ပြန်ဖို့
မကြိုးစားခဲ့ပေ။
သူ့မျက်လုံးထဲတွင်လည်း
ခံစားချက်တွေဘာဆိုဘာမှရှိမနေ။
ထိုအသွင်သည် သွေးအေးသူတစ်ယောက်အဖြစ်
ပိုလို့သာမြင်ယောင်စေ၏။
သူ့အကြည့်တွေသည် ပုံမှန်ထက်ပင်
အေးစက်နေသည်ကို သတိထားမိသွားသည်နှင့်
ဟွားရန်သည် မေးခွန်းတစ်ခုကို
အလောတကြီးမေးလိုက်တော့သည်။

"ရှစ်ဇွင်း......ရှစ်ဇွင်းရဲ့ဝိဉာဉ်ထဲမှာ
ဘာလို့မိစ္ဆာဓာတ်တွေကိန်းအောင်းနေရတာလဲ"

ထိုမေးခွန်းကိုကြားရသည့် တစ်ခဏ၌
ရှင်းရဲ့အပြုံးတွေက မဲ့ပြုံးဆီသို့
ကူးပြောင်းသွားခဲ့တော့သည်။



















© Sun Elf,
книга «The truth untold».
Коментарі