Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 19
‌ေရႊဝါေရာင္မ်ဉ္းေလးမ်ားသည္
ေလတိုးခံလိုက္ရသၫ့္ ေခါင္းစည္းပုဝါစေလးႏွယ္
တြန႔္ေကြးသြားလိုက္။
တစ္ခါတစ္ရံေျဖာင့္တန္းသြားလိုက္နဲ႔
အျခားေသာ ပံုရိပ္မ်ားကိုထပ္မံဖန္တီးေပးလ်က္ရိွသည္။

က်င္းမွာ သူ႔ခႏၶာကိုယ္၏‌ေျပာင္းလဲမႈကိုပင္
ဂရုမျပဳႏိုင္ဘဲ၊ ေရႊဝါေရာင္ပံုရိပ္မ်ားကိုသာ
မ်က္ေျခမျပတ္ေစာင့္ၾကၫ့္ေနမိသည္။

ပထမဦးစြာထြက္ေပၚလာျပန္သည္က
မက္မြန္ပင္မ်ားနဲ႔ ‌ေလထဲတြင္ပ်ံဝဲေနေသာ
ပြင့္ဖတ္ေႂကြမ်ား။
ေကာင္းကင္ဘံုမွေကာင္းခ်ီးေပးေနသၫ့္အလား
ရုပ္ေသးဆရာနဲ႔ရုပ္ေသးရုပ္ေလးအေပၚ
ျငင္ျငင္သာသာေလးက်ဆင္းေန၏။

က်င္းရဲ့ႏွလံုးသားဟာေအးခဲလို႔သြားရေလၿပီ။
ေမ်ွာ္လင့္ခ်က္တို႔အားလံုးဆံုးရႈံးသြားရသၫ့္ႏွယ္
ေျပာစရာစကားမ်ားဟာ ေပ်ာက္ဆံုးျခင္းလမ္းဆီသို႔။

သူျမင္ေနတဲ့ေနရာက
ဟြာ့စန္းေတာင္ထိပ္မဟုတ္ပါလား။။။။။
ေဟာ္လင္အရွင္သခင္တစ္ေယာက္သာ
ေနထိုင္ခဲ့ဖူးသၫ့္ ဟြာ့စန္းေတာင္ထိပ္မွာ
ဘာေၾကာင့္ သူတို႔ကရိွေနခဲ့ရတာလဲ။

အေျဖကားရွင္း၏။
ထိုရုပ္ေသးဆရာမွာ ရွင္းျဖစ္ၿပီး၊
ဓားသိုင္းကစားေနသၫ့္ကေလးငယ္မွာ
ခ်ိဳးယြဲ႔သာျဖစ္၏။
သို႔ေၾကာင့္သာ မည္သူမွသြားေရာက္ခြင့္မရိွသၫ့္
တားျမစ္နယ္ေျမတစ္ျဖစ္လဲ၊ ဟြာ့စန္းေတာင္ေပၚမွာ
ပူပင္ေၾကာင့္ၾကမႈမရိွဘဲေနထိုင္ေနတာေပါ့။

ၾကၫ့္ေနရင္းနဲ႔ မ်က္လံုးထဲမွာ
မ်က္ရည္ၾကည္ေတြစုေဝးလာသလိုပါပဲ။
ဒါေပမယ့္ ေအးျမလို႔မေနခဲ့ဘူး။
ပူေနြးေနတဲ့မီးေတာင္ေခ်ာ္ရည္ေတြလို၊
ေလာင္ကြၽမ္းျပာက်သြားေစဖို႔
တြန္းအားေပးေနသလိုပင္။

ဘာေၾကာင့္ ရွင္းနဲ႔မိုးနတ္မင္းက
တားျမစ္နယ္ေျမထဲမွာ
အတူတကြရိွေနခဲ့ပါလိမ့္။
သူ႔ကိုေတာင္တစ္ခါမွေခၚသြားဖူးျခင္းမရိွသၫ့္
ေနရာဆီ မိုးနတ္မင္းကိုေတာ့
ေခၚေဆာင္သြားခဲ့သည္ေပါ့။
သူတစ္ခါေလးခိုးဝင္ၾကၫ့္ခဲ့တာကိုပင္
‌ေသြးအလိမ္းလိမ္းျဖစ္သြားရတဲ့အထိ
ရိုက္ႏွက္ခဲ့ဖူးသၫ့္ ရွင္းက
မိုးနတ္မင္းကိုေတာ့ ဝင္ခြင့္ေပးၿပီး
လန္ယာရဲ့ႀကိဳးေတြနဲ႔ခ်ည္ေနွာင္ရင္း
ကိုယ္တိုင္ကိုယ္က်သိုင္းေလ့က်င့္ေပးခဲ့သည္တဲ့လား။

မ်က္ႏွာလိုက္လြန္းတဲ့ ရွစ္ဇြင္းပါေလ။။။။။။

သူ႔ထံတစ္ႀကိမ္တစ္ခါမွ စြန႔္ႀကဲေပးခဲ့ျခင္းမရိွတဲ့
အၿပံဳးေတြကို မိုးနတ္မင္းအတြက္ေတာ့
ရက္ရက္ေရာေရာေပးခဲ့သတဲ့လား။

အမိႈက္တစ္စလိုပစ္ပယ္ခံရတဲ့သူနဲ႔
လက္ေပၚမွာတင္ေျမႇာက္ခံထားရတဲ့သူလို
ကြဲျပားျခားနားစြာဆက္ဆံခံရသၫ့္အခ်ိန္၊
လူေတြဘယ္လိုေတြးဆတတ္ၾကသပါသလဲ။
က်င္းလည္း အခုခ်ိန္မွာအဲ့လိုခံစားေနရတာပင္။
ပစ္ပယ္ခံရတဲ့ခံစားမႈ၊ အပယ္ခံရတဲ့နာက်င္မႈ၊
တန္ဖိုးထားခံရျခင္းမရိွတဲ့ ေရွာင္ဖယ္မႈ
ခံစားလို႔ေကာင္းတဲ့အရာေတြပါပဲ။

ေဆြးေဆြးေျမ့ေျမ့နဲ႔ လြမ္းစရာေကာင္းလြန္းသည္။
ေသရည္ေလးေသာက္ၿပီး ေဆြးၾကၫ့္လိုက္ရင္
ဇာတ္လမ္းတစ္ပုဒ္ပင္၊ ဖန္တီးဖို႔လံုေလာက္သၫ့္
ခံစားမႈေတြပါပဲ။

ကဗ်ာေလးေတြရြတ္ၿပီး၊ စာတိုပတ္စေတြစုဖို႔
ဒီအေတြးေတြနဲ႔တင္လံုေလာက္သည္မို႔
က်င္း ထပ္မေတြးခ်င္ေတာ့ပါ။
ပံုရိပ္ေယာင္ေတြကိုထပ္ၾကၫ့္ခ်င္စိတ္လည္း
သူ႔မွာမရိွ။ ဘာကိုမွလည္းထပ္မၾကၫ့္ခ်င္ေတာ့ၿပီမို႔
မ်က္လံုးေတြကိုဖိပိတ္ပစ္လိုက္ရင္းသာ
သူ႔ကိုယ္သူထိန္းခ်ဳပ္ေနမိပါ၏။

ေနာက္တစ္ႀကိမ္ အေတြးေတြဆီထပ္ေရာက္မသြားႏိုင္ေအာင္ေပါ့။

ဒါေပမယ့္ သူကံဆိုးပါသည္။
ပံုရိပ္ေတြကိုသာ ထပ္ၾကၫ့္ျဖစ္ခဲ့မယ္ဆိုရင္
ရွင္းနဲ႔ခ်ိဳးယြဲ႔ရဲ့ပံုရိပ္‌ေတြေနရာမွာ၊
က်င္းကိုသာ အခ်ိန္တိုင္းေငးေမာၾကၫ့္ေနခဲ့တဲ့
ရွင္းကို ေတြ ့ရလိမ့္မည္သာ။

ဝိဉာဉ္စုဓာတ္လံုးထဲတြင္ အမ်ားအားျဖင့္
ပံုရိပ္ႏွစ္ခုသာရိွတတ္ပါ၏။
တစ္ခုမွာ ကိုယ့္ဘဝမွာရိွခဲ့ဖူးေသာ
အမွတ္တရမ်ားထဲမွ တန္ဖိုးအထားရဆံုးပံုရိပ္ျဖစ္ၿပီး
က်န္တစ္ခုမွာအနာက်င္ရဆံုးေသာပံုရိပ္ျဖစ္၏။

ခ်ိဳးယြဲ႔ရဲ့ဘဝတြင္ ရွင္းေဘးမွာရိွေနခဲ့စဉ္က
အခ်ိန္မ်ားမွာၾကည္ႏူးဖြယ္အေကာင္းဆံုးေသာ
အမွတ္တရေတြအျဖစ္က်န္ရိွေနေပ၏။
ဘယ္ေတာ့မွေမ့ေပ်ာက္ႏိုင္မွာမဟုတ္တဲ့
မွတ္ဉာဏ္မ်ားသာ။
သူတို႔တကယ္ကိုနီးစပ္လြန္းခဲ့ပါ၏။
ရွင္းရဲ့ေဘးမွာ အၿမဲတမ္းရိွေနခြင့္ရခဲ့သူသည္
ဟြားရန္ေရာ၊ ဝမ္ယြဲ႔ေရာမဟုတ္ပဲ
သူသာျဖစ္၏။

ညေနခင္းရဲ့အလင္းေရာင္ျခည္တန္းေလးေတြ
မေပ်ာက္ကြယ္ခင္မွာ ရွင္းဖန္ဆင္းေပးခဲ့ဖူးေသာ
ၾကယ္တာရာမ်ားကို
ၾကၫ့္ခြင့္ရခဲ့ဖူးသည္။
ဘယ္သူမွစားခြင့္မရခဲ့ေသာ
ရွင္းရဲ့ပထမဆံုးေသာ ဟင္းခ်က္လက္ရာကိုလည္း
ၿမိန္ယွက္စြာစားခဲ့ရပါ၏။

တပၫ့္သံုးေယာက္လံုးကို ေခ်ာ့သိပ္တတ္ေပမယ့္
ရွင္းရဲ့ရင္ခြင္ထဲမွာအိပ္ခြင့္ရခဲ့သူဟာ
ခ်ိဳးယြဲ႔ဆိုသၫ့္သူသာျဖစ္ခဲ့၏။
ဒါေပမယ့္ အခုခ်ိန္မွာရွင္းက
သူ႔ကိုအနည္းငယ္မွပင္
လွၫ့္ၾကၫ့္ခ်င္စိတ္မရိွေတာ့ဘူးတဲ့ ။

သူ႔ကိုေကာင္းကင္မင္းႀကီးျဖစ္ခြင့္လည္းမေပးသလို၊
ရန္သူလိုသာ ဆက္ဆံခ်င္ေနပါသတဲ့။

တစ္ခါတစ္ေလမွာ
ရွင္းျပခ်ိန္ေတာင္မရလိုက္ပဲ
ခြဲခြာသြားရသၫ့္အေျခအေနမ်ားသည္
အလည္တစ္ေခါက္အေရာက္လာတတ္ပါ၏။
ဘာေၾကာင့္မွန္းမသိလိုက္ခင္ေလးမွာ
ကိုယ္ဟာအျပစ္ရိွသူတစ္ေယာက္
ျဖစ္သြားတတ္သလို၊ မေကာင္းမႈဟူသမ်ွ
ကိုယ္သာျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခံရတတ္သည္။

ဒါေပမယ့္ အနာက်င္ရဆံုးေသာ
ျဖစ္ရပ္ကေတာ့
ကိုယ့္ကိုအၿမဲတေစယံုၾကည္ေနခဲ့သူဆီမွ
အထင္လြဲမႈေတြကို သိမ္းက်ံဳးရရိွလိုက္ျခင္းသာ။
ေဘးလူေတြေတာင္ မျမင္ႏိုင္သၫ့္
ကိုယ့္အမွားေတြကို၊
ကိုယ္ခ်စ္ရတဲ့သူတစ္ေယာက္သာ
ကြက္ျမင္တတ္ပါသတဲ့။

လမ္းခြဲျခင္းဆိုသၫ့္ လက္ျပႏႈတ္ဆက္ခြဲခြာဖို႔
ကံၾကမၼာကေစခိုင္းလိုက္သၫ့္ႏွယ္။

သို႔ေသာ္ ခ်ိဳးယြဲ႔မွာ ရွင္းကိုထိခိုက္ေအာင္လုပ္မယ္လို႔
ဘယ္ေလာက္ပဲႀကံဳးဝါးထားပါေစ။
တစ္ႀကိမ္တစ္ခါမ်ွအထိခိုက္မခံခဲ့ပါ။
သူ႔ကိုယ္သူ လူသားဒိုင္းအျဖစ္အသံုးျပဳျပီး
ကာကြယ္ေပးခဲ့သည္သာ။
ရွင္း အျမင္မၾကည္ေပမယ့္လည္းေပါ့။

အခုခ်ိန္မွာလည္း က်င္းကိုလာကယ္တယ္ဆိုသည္ကား၊
အေၾကာင္းျပခ်က္ရိွပါ၏။
ရွင္းသတိရလာခ်ိန္မွာ က်င္းကိုမေတြ ့ရရင္
စိတ္ပူေနမည္ဆိုး၍ျဖစ္သည္။
ထို႔ျပင္ အားနည္းေနရွာမၫ့္ရွင္းက
အသက္ဝိဉာဉ္ဓာတ္သံုးၿပီး
က်င္းကိုလာကယ္ခဲ့ပါလ်ွင္၊
လြန္ခဲ့တဲ့အႏွစ္ရွစ္ေသာင္းတုန္းကလို
ဝိဉာဉ္ဓာတ္ထိခိုက္သြားႏိုင္သည္ေလ။

ဒီတစ္ႀကိမ္ေတာ့ အဲ့လိုျဖစ္ခြင့္ေပးမည္မဟုတ္ပါ။
ရွင္း နာက်င္ခံစားေနရတာကို
ထပ္မံရပ္ၾကၫ့္ေနႏိုင္မည္မဟုတ္သည္မို႔၊
ကိုယ့္အသက္ကိုသာ တိုေတာင္းေစၿပီး
က်င္းကိုကယ္တင္ဖို႔ ဆံုးျဖတ္လိုက္ေတာ့သည္။

ထို႔ျပင္။။။။။။

က်င္းဆီကေန သူအကူအညီတစ္ခုလည္း
ေတာင္းဆိုရဦးမည္မဟုတ္ပါလား။။။။။။။။

စိတ္အလိုမက်မႈေတြေရာေနွာေနသည္မို႔
က်င္းမွာ မိုးနတ္မင္းရဲ့အကူအညီကိုပင္
မယူခ်င္ေတာ့သလိုျဖစ္ေနခဲ့၏။
ကိုယ့္ၿပိဳင္ဘက္ဆီကေန
ႀကီးမားသၫ့္ကမ္းလွမ္းမႈႀကီးတစ္ခု
ရလိုက္သၫ့္အတြက္
အျပစ္တင္စကားဆိုခြင့္မရိွေတာ့သၫ့္
ကေလးငယ္တစ္‌ေယာက္လို၊
အားငယ္ရပါ၏။

ထို႔ျပင္ ရွင္းသာသိသြားခဲ့ရင္။။။။။
သင္ၾကားေပးသမ်ွက သူမ်ားဆီကအကူအညီေတြ
လက္သင့္ခံဖို႔တစ္ခုတည္းလားဆိုၿပီး
စိတ္ဆိုးေနေရာ့မည္။

ဘာလုပ္သင့္ပါသလဲ။။။။။။။

သူ႔ရဲ့က်န္ရိွေနတဲ့စြမ္းအင္ေတြထုတ္ၿပီး
အသံုးျပဳၾကၫ့္ရင္ေကာင္းမလား။။။။။
သူၾကာၾကာမေတြးပဲ
ထိုသို႔သာဆံုးျဖတ္ခ်က္ခ်လိုက္ပါ၏။

ရွင္းေျပာထားသၫ့္အတိုင္း
မ်က္လံုးအသာမိွတ္လိုက္ၿပီး
သူ႔ကိုယ္သူေရစက္ေလးတစ္စက္လိုသာ
သေဘာထားလိုက္၏။

ထိုေရစက္ေလးသည္ ေလထဲသို႔ဝဲပ်ံသြားၿပီး၊
တစ္ဖန္ေရကန္ထဲသို႔ျပန္၍ျပုတ္က်လာေပလိမ့္မည္။
‌ကန္ေရျပင္ထဲရိွေရေတြကို
သူ(ေရစက္ေလး)နဲ႔မေရာေနွာေစပဲ
သီးျခားသာရိွေနဖို႔ စိတ္စြမ္းအင္နဲ႔
တားဆီးရ‌လိမ့္မည္။

ေလဓာတ္၊ ေျမဓာတ္၊ သစ္သားဓာတ္၊ မီးဓာတ္စသၫ့္ျဒပ္စင္ေတြကို
တစ္ႀကိမ္တစ္ခါမွထိေတြ ့ဖူးတယ္လို႔
မသတ္မွတ္ပဲ ေမ့‌ပစ္ထားရေပမည္။
ဒါေပမယ့္ ေရဓာတ္ကိုေတာ့
သူ႔ဆီေရာက္လာေအာင္
ေခၚေဆာင္ရေပလိမ့္မည္။

က်င္းမွာ သူေရာက္ရိွေနသၫ့္
ေရကန္မွာ စိတ္ညို႔ေရကန္ဆိုတာကို
ေမ့ေလ်ာ့သြားသည္လား၊
ဒါမွမဟုတ္ ဟုန္လင္က်င္းရဲ့ကိုယ္ထဲမွ
ေပါက္ကြဲထြက္လာခဲ့သၫ့္
ေရစြမ္းအင္ေတြဆိုတာ မသိခဲ့ေလသလားမသိ။
ရႏိုင္သမ်ွအားလံုးကို
စုပ္ယူပစ္လိုက္သည္ေလ။

ဟုန္လင္က်င္းေသဆံုးစဉ္က
က်န္ရိွေနခဲ့သၫ့္ေရစြမ္းအင္မ်ား‌ေၾကာင့္သာ
စိတ္ညို႔ေရကန္ဟူ၍ ျဖစ္ေပၚလာသည္ဟု
က်င္းကိုသာ ရွင္းေျပာျပခဲ့ဖူး၏။

ႏွစ္ေပါင္းမ်ားစြာ ေရကန္ထဲမွာပိတ္ေလွာင္ခံထားရသၫ့္
ဟုန္လင္က်င္းရဲ့စြမ္းအင္ေတြသာ
တစ္ဖန္ျပန္လည္ထြက္ေပၚလာခဲ့မည္ဆိုရင္။
ေကာင္းကင္ဘံုတစ္ခုလံုး
တုန္ဟီးသြားႏိုင္၏။
ထို႔ျပင္ နတ္ဆိုးၿမိဳ႔ႏွင့္ေကာင္းကင္ဘံုကို
ပိုင္းျခားထားသၫ့္နယ္နိမိတ္စည္းကို
ၿပိဳကြဲ‌သြားေအာင္ ျပဳလုပ္ေပလိမ့္မည္။
သူ႔ရဲ့အၿငိဳးေတြက အင္မတန္မ်ားျပားလွသည္မို႔
ေကာင္းကင္ဘံုကို ဖ်က္ဆီးပစ္ဖို႔
ရွင္းကာရံထားသၫ့္ နယ္နိမိတ္စည္းကို
ဖ်က္ဆီးမည္ကား မလြဲဧကန္ပင္။
တားဆီး၍လည္းရႏိုင္မည္မဟုတ္။

သို႔အတြက္ စိတ္ညို႔ေရကန္ထဲက
စြမ္းအင္ကိုဘယ္ေတာ့မွအသံုးမျပဳရန္၊
ျဖစ္ႏိုင္ရင္ စိတ္ညို႔ေရကန္ထဲကေရကိုပင္
မထိေတြ ့ပါရန္
က်င္းကိုအႀကိမ္ႀကိမ္သတိေပးခဲ့၏။
တျခားသူေတြ ထိေတြ ့ရင္
ကိစၥမရိွေပမယ့္၊
မူလပိုင္ရွင္သာဆင့္ေခၚခဲ့မယ္ဆိုရင္
ဟုန္လင္က်င္းရဲ့စြမ္းအင္ေတြက
ျပန္လည္ႏိုးထလာေပလိမ့္မည္မဟုတ္ပါလား။


က်င္းရဲ့ကိုယ္ေပၚမွာ ရွင္းစီရင္ေပးထားသၫ့္
အစီအရင္ေတြကိုဖ်က္ဆီးၿပီး
က်င္းက ဟုန္လင္က်င္းပါဆိုတာကို
ေဖာ္ထုတ္ၾကလိမ့္မၫ့္၊
အဆိုပါ ေရစြမ္းအင္ေတြကို
က်င္းကရသမ်ွစုပ္ယူေနခဲ့၏။
တြန႔္ဆုတ္ျခင္းအလ်ဉ္းမရိွပါ‌ေလ။

ရွင္းရဲ့စကားေတြကိုလည္း
အနည္းငယ္မ်ွမွတ္သားထားျခင္းမရိွပါပဲ၊
ထင္ရာ၊ ျမင္ရာေလ်ွာက္လုပ္ေနတတ္သၫ့္သူကို
က်င္းဟုေခၚပါ၏။။။။။။။

တစ္ခါတစ္ရံမွာရည္ရြယ္ျခင္းမရိွပါပဲ
တစ္ဖက္သားအေပၚ မေလးစားသၫ့္အျပဳအမူမ်ိဳးကို
လုပ္တတ္ၾကသည္ကား
သဘာဝပင္။
က်င္းလည္း ထိုကဲ့သို႔လုပ္မိျခင္းသာ။
ရွင္းေျပာသၫ့္စကားမ်ားကို
မမွတ္ထားသည္မဟုတ္ပဲ၊
သတိလက္လြတ္ျဖစ္သြားျခင္းျဖစ္သည္။

ထိုအခ်ိန္တြင္ ခ်ိဳးယြဲ႔ထံတြင္
ျပသနာတစ္စံုတစ္ခုေပၚလာခဲ့သည္။
သူ႔ရဲ့အသက္ဝိဉာဉ္စြမ္းအင္ကိုလက္မခံပဲ
ျပန္လည္တြန္းကန္ေနသၫ့္ စြမ္းအားတစ္ခုေၾကာင့္
က်င္းကိုအကူအညီေပးဖို႔ ခဲယဉ္းလာရသည္။

ေတာင္စြန္းေပၚတြင္ငြားငြားစြင့္စြင့္ရိွေနေသာ
ေက်ာက္ေဆာင္ႀကီးတစ္ခုကို၊
ျပင္းထန္လွေသာေလျပင္းတစ္ခုက
သယ္ေဆာင္သြားခ်င္ေနသၫ့္အသြင္။
သူ႔ကိုမႏိုင္မွန္းသိပါရက္နဲ႔
တန္ျပန္တိုက္စစ္ဆင္ေနသၫ့္
စြမ္းအင္တစ္ခုပင္။

ခ်ိဳးယြဲ႔မွာ သူ႔ကိုတြန္းကန္ေနသၫ့္
ေရစြမ္းအင္မွာ က်င္းဆီကေန
လာေနျခင္းမဟုတ္မွန္းရိပ္မိ၏။
အဘယ္ေၾကာင့္ဆိုေသာ္
က်င္းလိုခႏၶာကိုယ္ၿပိဳကြဲသြားသၫ့္သူတစ္ေယာက္မွာ
ဒီလိုျပင္းထန္သၫ့္စြမ္းအားမရိွႏိုင္ေသာေၾကာင့္
ျဖစ္သည္။

' ဘာလို႔စိတ္ညို႔ေရကန္ကေရေတြက
က်င္းဆီအားလံုးစီးဝင္ေနတာလဲ '

အေတြးျဖတ္ခနဲဝင္လာခ်ိန္မွာပင္၊
ရွင္းရိွေနရာ နတ္ဘုရားနယ္ေျမရိွ၊
ေနနန္းေတာ္မွက်ယ္ေလာင္လွသၫ့္
ျမည္ဟီးမႈတစ္ခုကို သူၾကားလိုက္ရ၏။
မိုးႀကိဳးအစင္းတစ္ရာပစ္လိုက္သၫ့္ႏွယ္
က်ယ္ေလာင္ၿပီး၊ ေျမျပင္ထက္ျခမ္းအက္သြားသၫ့္ႏွယ္
ေၾကာက္မက္ဖြယ္ရာေကာင္းလွပါ၏။

ခ်ိဳးယြဲ႔သည္ ရွင္းဆီသို႔ေမ်ွာ္မွန္းၿပီး
စိုးရိမ္လွစြာေရရြတ္မိ၏။

"ရွစ္ဇြင္း?????"

က်င္းကေတာ့ ထိုျမည္ဟီးမႈကို
ဂရုမစိုက္သၫ့္အလား၊
ေရစြမ္းအင္ေတြကိုသာ သူ႔ဆီေရာက္လာေအာင္
လ်င္ျမန္စြာစုပ္ယူပစ္ေနခဲ့သည္။
ဝဲဂယက္တစ္ခုႏွယ္ျဖစ္သြားသၫ့္ေရလိႈင္းေတြသည္
ဆံစေတြဖံုးလႊမ္းျခင္းကင္းသၫ့္
က်င္းရဲ့နဖူးအလယ္သို႔
ဒေရာ‌ေသာပါးေျပးဝင္ေနၾကသည္။
အမိန႔္ကိုဖီဆန္ခြင့္မရိွသၫ့္ ငယ္သားမ်ားအလား။

သခင္ရဲ့ေဒါသကိုေၾကာက္ရြံ႔ေနၾကသၫ့္
ကေလးငယ္မ်ားအလား။။။။။
က်င္း ႀကိဳးဆြဲရာကိုသာလိုက္ပါဖို႔
အဆင့္ျဖစ္ေနၾက၏။

ေရစြမ္းအင္ေတြသူ႔ဆီစီးဝင္မႈမ်ားလာတာနဲ႔အမ်ွ
က်ယ္ေလာင္စြာၿငီးျငဴလိုက္သၫ့္
အသံတစ္ခုကို က်င္းၾကားလိုက္ရသည္။
အသံရွင္က သူ႔အသံကိုအျခားသူၾကားသြားမွာကို
စိုးရိမ္ေနသည္ထင္။
မရမကထိန္းခ်ဳပ္ဖို႔ႀကိဳးပမ္းေန၏။
သို႔ေသာ္ သူ႔ထိန္းခ်ဳပ္မႈကအရာမဝင္ပဲ
အသံက်ယ္က်ယ္ၿငီးျငဴဖို႔သာ
ေစခိုင္းလိုက္‌တာျဖစ္‌လိမ့္မည္။
ထို႔ေၾကာင့္သာ အသံလိႈင္းေတြထဲမွာ
မဝံ့မရဲမႈ၊ စိုးထိတ္မႈနဲ႔ ေဒါသလိႈင္းေတြ
ကပ္တြယ္ေနခဲ့တာေပါ့။

ဒါေပမယ့္ က်င္း မ်က္စိလံုးဝဖြင့္ဖို႔
မႀကိဳးစားခဲ့ပါ။
သူလုပ္ေနသၫ့္အရာကိုသာ
ဆက္လက္လုပ္ေဆာင္ေနခဲ့၏။
ခ်ိဳးယြဲ႔သည္ ပထမျမည္ဟီးသံေပၚထြက္လာစဉ္ကတည္းက
အသက္ဝိဉာဉ္ဓာတ္ကိုျပန္လည္သိမ္းဆည္းၿပီး
ထြက္သြားၿပီျဖစ္ရာ၊
သူ႔ကိုတားဆီးမယ့္သူလည္းမရိွခဲ့ေပ။
သို႔ေၾကာင့္ စိတ္ထင္ရာစိုင္းၿပီး
ကန္ထဲ၌ ရိွရိွသမ်ွေသာ
ေရစြမ္းအင္အားလံုးကို
သူ႔အပိုင္အျဖစ္သိမ္းယူပစ္လိုက္ေတာ့၏။


ပင္လယ္ျပင္မွာကူးခတ္ေနသၫ့္
နဂါးႀကီးတစ္ေကာင္အလား၊
အားျပင္းထန္လွသၫ့္စြမ္းအင္စီးေၾကာင္း
တစ္ခုက သူ႔ဝိဉာဉ္ထဲမွာ
လွၫ့္ပတ္သြားလာေနသည္ကို
က်င္းခံစားမိ၏။
ထိုစြမ္းအင္စီ‌းေၾကာင္းသည္
သူ႔ကိုလက္ယာဘက္မွစတင္ရစ္ပတ္ကာ
တတိတိႏွင့္ဝါးၿမိဳဖို႔ႀကိဳးစားေနသေယာင္။

တကယ္တမ္းမွာေတာ့ ထိုစြမ္းအင္က
က်င္းကိုဝါးၿမိဳေနတာမဟုတ္ဘဲ၊
က်င္းကသာဝါးၿမိဳပစ္ေနျခင္းျဖစ္သည္။
ေရရဲ့ေရာင္ျပန္ေၾကာင့္သာ
တလြဲထင္မွတ္သြားရျခင္းျဖစ္၏။

ထိုအခ်ိန္၌ သူ႔‌ဝိဉာဉ္စြမ္းအင္ေတြ
အတိုင္းအဆမရိွအားေကာင္းလာတာကို
က်င္း သတိျပဳမိလာသည္။
တစ္ႀကိမ္တစ္ခါမွ မႀကံဳခဲ့ဖူးသၫ့္
အားျပင္းလွသၫ့္
ဝိဉာဉ္စြမ္းအားေတြေၾကာင့္လား‌ေတာ့မသိ။

သူ႔ရဲ့လက္ေခ်ာင္းေလးေတြလႈပ္ခတ္လာသလို
ထင္မွတ္ေနမိ၏။
သို႔ေသာ္ ထိုခံစားမႈသည္
အတုအေယာင္မဟုတ္ပဲ၊
စစ္မွန္ေနသည္ဟု သူ႔ဦးေနွာက္ကအလိုလိုသတိေပးေနခဲ့သည္။
ဒါေၾကာင့္ မ်က္လံုးေတြအသာဖြင့္လိုက္ကာ
သူ႔ခႏၶာကိုယ္ကိုသူ ျပန္ငံု႔ၾကၫ့္လိုက္ေတာ့သည္။

အံ့ဩစရာေကာင္းလိုက္တာလို႔ဆိုရမလား၊
စိတ္ကူးယဉ္ဆန္လြန္းလွတယ္လို႔ဆိုရမလား၊ သူမသိေတာ့။ ေရေတြက သူ႔ကိုနဂါးတစ္ေကာင္လိုရစ္သိုင္းလာကာ ခႏၶာကိုယ္အသစ္တစ္ခုဖန္ဆင္းေပး‌ေနခဲ့သည္ေလ။


ရွည္လ်ားလွတဲ့လက္ေခ်ာင္းသြယ္သြယ္ေလးေတြက
အျပာႏုေရာင္ဝတ္ရံုလက္‌ေအာက္တြင္
လွခ်င္တိုင္းလွေနခဲ့သည္။ ေတာင့္တင္းလွတဲ့ခႏၶာကိုယ္ေပၚမွာေတာ့ အျဖဴနဲ႔အျပာတြဲစပ္ထားတဲ့ဝတ္စံုေလးက
သူ႔အလိုလိုေပၚလာခဲ့၏။
ထိုဝတ္စံုမွာရိုးရွင္း‌ေပမယ့္
ပုလဲတန္းေတြသြယ္တန္းထားတာေၾကာင့္
ဆန္းသစ္ေနသၫ့္အသြင္ေဆာင္၏။

ခါးစည္းႀကိဳးတြင္ ၾကာပြင့္ေလးမ်ားနဲ႔အလွဆင္ထားၿပီး အျပာေရာင္ပုလဲလံုးေလး‌ေတြနဲ႔ေငြမွင္ေရာင္ ေရလိႈင္းေလးေတြကို ဝတ္ရံုအနားစမွာေသသပ္စြာတပ္ဆင္‌ေပးထား၏။
အျဖဴေရာင္ဘြတ္ဖိနပ္ရွည္မွာေတာ့ နဂါးေတာင္ပံႏွစ္ဖက္ကို
ေငြခ်ည္ထိုးၿပီးပံုေဖာ္ေပးထားေလသည္။

သူ႔ရဲ့ရွည္လ်ားလွတဲ့ဆံႏြယ္ေတြကေတာ့ ခပ္ျမင့္ျမင့္စည္းေနွာင္ထားၿပီး
ေဗဒါပန္းပံုဆံၫွပ္ျဖင့္ အလွဆင္ျခင္းခံထားရ၏။
အရပ္အျမင့္မွာမည္မွ်ရိွမည္ဆိုတာ
မသိေပမယ့္ ရွင္းထက္ေတာ့ျမင့္ေနမည္မွာ
ေသခ်ာပါ၏။

က်င္းမွာ မထင္မွတ္ထားသၫ့္
အေျခအေနကိုဖမ္းတုပ္လိုက္ႏိုင္သၫ့္အတြက္
ေပ်ာ္ရႊင္စြာရယ္ေမာရင္း၊
ေရျပင္ထက္သို႔ခုန္တက္လိုက္ေတာ့သည္။

တည္ၿငိမ္စျပဳလာၿပီျဖစ္ေသာ
ေရလိႈင္းမ်ားမွာ သူတို႔သခင္၏အမိန့္ကို
ထပ္မံရရိွလိုက္သၫ့္အလား၊
အၿငိမ္မေနႏိုင္ေတာ့ပါပဲ၊
ၾကာပန္းပံုသ႑ာန္ေျပာင္းလဲသြားျခင္းျဖင့္
သခင္ရဲ့အရိွန္အဝါကိုပိုမိုထြန္းလင္းေစခဲ့သည္။

ေရေတြေပါင္းစပ္ျခင္းျဖင့္ျဖစ္ေပၚလာေသာ
ၾကာပန္းႀကီးသည္ က်င္းရဲ့အရိွန္အဝါကို
ေထာက္ပံ့ေပးၿပီးသည္ႏွင့္
ေကာင္းကင္ဘံုသို႔တမုဟုတ္ခ်င္းဆန္တက္သြားၿပီး
ရွင္းဖန္တီးထားေသာ နယ္နိမိတ္စည္းေၾကာင္းကို
ျပင္းထန္စြာရိုက္ခ်လိုက္ေတာ့သည္။။။။။။။။။



Unicode:

‌ရွှေဝါရောင်မျဉ်းလေးများသည်
လေတိုးခံလိုက်ရသည့် ခေါင်းစည်းပုဝါစလေးနှယ်
တွန့်ကွေးသွားလိုက်။
တစ်ခါတစ်ရံဖြောင့်တန်းသွားလိုက်နဲ့
အခြားသော ပုံရိပ်များကိုထပ်မံဖန်တီးပေးလျက်ရှိသည်။

ကျင်းမှာ သူ့ခန္ဓာကိုယ်၏‌ပြောင်းလဲမှုကိုပင်
ဂရုမပြုနိုင်ဘဲ၊ ရွှေဝါရောင်ပုံရိပ်များကိုသာ
မျက်ခြေမပြတ်စောင့်ကြည့်နေမိသည်။

ပထမဦးစွာထွက်ပေါ်လာပြန်သည်က
မက်မွန်ပင်များနဲ့ ‌လေထဲတွင်ပျံဝဲနေသော
ပွင့်ဖတ်ကြွေများ။
ကောင်းကင်ဘုံမှကောင်းချီးပေးနေသည့်အလား
ရုပ်သေးဆရာနဲ့ရုပ်သေးရုပ်လေးအပေါ်
ငြင်ငြင်သာသာလေးကျဆင်းနေ၏။

ကျင်းရဲ့နှလုံးသားဟာအေးခဲလို့သွားရလေပြီ။
မျှော်လင့်ချက်တို့အားလုံးဆုံးရှုံးသွားရသည့်နှယ်
ပြောစရာစကားများဟာ ပျောက်ဆုံးခြင်းလမ်းဆီသို့။

သူမြင်နေတဲ့နေရာက
ဟွာ့စန်းတောင်ထိပ်မဟုတ်ပါလား။။။။။
ဟော်လင်အရှင်သခင်တစ်ယောက်သာ
နေထိုင်ခဲ့ဖူးသည့် ဟွာ့စန်းတောင်ထိပ်မှာ
ဘာကြောင့် သူတို့ကရှိနေခဲ့ရတာလဲ။

အဖြေကားရှင်း၏။
ထိုရုပ်သေးဆရာမှာ ရှင်းဖြစ်ပြီး၊
ဓားသိုင်းကစားနေသည့်ကလေးငယ်မှာ
ချိုးယွဲ့သာဖြစ်၏။
သို့ကြောင့်သာ မည်သူမှသွားရောက်ခွင့်မရှိသည့်
တားမြစ်နယ်မြေတစ်ဖြစ်လဲ၊ ဟွာ့စန်းတောင်ပေါ်မှာ
ပူပင်ကြောင့်ကြမှုမရှိဘဲနေထိုင်နေတာပေါ့။

ကြည့်နေရင်းနဲ့ မျက်လုံးထဲမှာ
မျက်ရည်ကြည်တွေစုဝေးလာသလိုပါပဲ။
ဒါပေမယ့် အေးမြလို့မနေခဲ့ဘူး။
ပူနွေးနေတဲ့မီးတောင်ချော်ရည်တွေလို၊
လောင်ကျွမ်းပြာကျသွားစေဖို့
တွန်းအားပေးနေသလိုပင်။

ဘာကြောင့် ရှင်းနဲ့မိုးနတ်မင်းက
တားမြစ်နယ်မြေထဲမှာ
အတူတကွရှိနေခဲ့ပါလိမ့်။
သူ့ကိုတောင်တစ်ခါမှခေါ်သွားဖူးခြင်းမရှိသည့်
နေရာဆီ မိုးနတ်မင်းကိုတော့
ခေါ်ဆောင်သွားခဲ့သည်ပေါ့။
သူတစ်ခါလေးခိုးဝင်ကြည့်ခဲ့တာကိုပင်
‌သွေးအလိမ်းလိမ်းဖြစ်သွားရတဲ့အထိ
ရိုက်နှက်ခဲ့ဖူးသည့် ရှင်းက
မိုးနတ်မင်းကိုတော့ ဝင်ခွင့်ပေးပြီး
လန်ယာရဲ့ကြိုးတွေနဲ့ချည်နှောင်ရင်း
ကိုယ်တိုင်ကိုယ်ကျသိုင်းလေ့ကျင့်ပေးခဲ့သည်တဲ့လား။

မျက်နှာလိုက်လွန်းတဲ့ ရှစ်ဇွင်းပါလေ။။။။။။

သူ့ထံတစ်ကြိမ်တစ်ခါမှ စွန့်ကြဲပေးခဲ့ခြင်းမရှိတဲ့
အပြုံးတွေကို မိုးနတ်မင်းအတွက်တော့
ရက်ရက်ရောရောပေးခဲ့သတဲ့လား။

အမှိုက်တစ်စလိုပစ်ပယ်ခံရတဲ့သူနဲ့
လက်ပေါ်မှာတင်မြှောက်ခံထားရတဲ့သူလို
ကွဲပြားခြားနားစွာဆက်ဆံခံရသည့်အချိန်၊
လူတွေဘယ်လိုတွေးဆတတ်ကြသပါသလဲ။
ကျင်းလည်း အခုချိန်မှာအဲ့လိုခံစားနေရတာပင်။
ပစ်ပယ်ခံရတဲ့ခံစားမှု၊ အပယ်ခံရတဲ့နာကျင်မှု၊
တန်ဖိုးထားခံရခြင်းမရှိတဲ့ ရှောင်ဖယ်မှု
ခံစားလို့ကောင်းတဲ့အရာတွေပါပဲ။

ဆွေးဆွေးမြေ့မြေ့နဲ့ လွမ်းစရာကောင်းလွန်းသည်။
သေရည်လေးသောက်ပြီး ဆွေးကြည့်လိုက်ရင်
ဇာတ်လမ်းတစ်ပုဒ်ပင်၊ ဖန်တီးဖို့လုံလောက်သည့်
ခံစားမှုတွေပါပဲ။

ကဗျာလေးတွေရွတ်ပြီး၊ စာတိုပတ်စတွေစုဖို့
ဒီအတွေးတွေနဲ့တင်လုံလောက်သည်မို့
ကျင်း ထပ်မတွေးချင်တော့ပါ။
ပုံရိပ်ယောင်တွေကိုထပ်ကြည့်ချင်စိတ်လည်း
သူ့မှာမရှိ။ ဘာကိုမှလည်းထပ်မကြည့်ချင်တော့ပြီမို့
မျက်လုံးတွေကိုဖိပိတ်ပစ်လိုက်ရင်းသာ
သူ့ကိုယ်သူထိန်းချုပ်နေမိပါ၏။

နောက်တစ်ကြိမ် အတွေးတွေဆီထပ်ရောက်မသွားနိုင်အောင်ပေါ့။

ဒါပေမယ့် သူကံဆိုးပါသည်။
ပုံရိပ်တွေကိုသာ ထပ်ကြည့်ဖြစ်ခဲ့မယ်ဆိုရင်
ရှင်းနဲ့ချိုးယွဲ့ရဲ့ပုံရိပ်‌တွေနေရာမှာ၊
ကျင်းကိုသာ အချိန်တိုင်းငေးမောကြည့်နေခဲ့တဲ့
ရှင်းကို တွေ့ရလိမ့်မည်သာ။

ဝိဉာဉ်စုဓာတ်လုံးထဲတွင် အများအားဖြင့်
ပုံရိပ်နှစ်ခုသာရှိတတ်ပါ၏။
တစ်ခုမှာ ကိုယ့်ဘဝမှာရှိခဲ့ဖူးသော
အမှတ်တရများထဲမှ တန်ဖိုးအထားရဆုံးပုံရိပ်ဖြစ်ပြီး
ကျန်တစ်ခုမှာအနာကျင်ရဆုံးသောပုံရိပ်ဖြစ်၏။

ချိုးယွဲ့ရဲ့ဘဝတွင် ရှင်းဘေးမှာရှိနေခဲ့စဉ်က
အချိန်များမှာကြည်နူးဖွယ်အကောင်းဆုံးသော
အမှတ်တရတွေအဖြစ်ကျန်ရှိနေပေ၏။
ဘယ်တော့မှမေ့ပျောက်နိုင်မှာမဟုတ်တဲ့
မှတ်ဉာဏ်များသာ။
သူတို့တကယ်ကိုနီးစပ်လွန်းခဲ့ပါ၏။
ရှင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေခွင့်ရခဲ့သူသည်
ဟွားရန်ရော၊ ဝမ်ယွဲ့ရောမဟုတ်ပဲ
သူသာဖြစ်၏။

ညနေခင်းရဲ့အလင်းရောင်ခြည်တန်းလေးတွေ
မပျောက်ကွယ်ခင်မှာ ရှင်းဖန်ဆင်းပေးခဲ့ဖူးသော
ကြယ်တာရာများကို
ကြည့်ခွင့်ရခဲ့ဖူးသည်။
ဘယ်သူမှစားခွင့်မရခဲ့သော
ရှင်းရဲ့ပထမဆုံးသော ဟင်းချက်လက်ရာကိုလည်း
မြိန်ယှက်စွာစားခဲ့ရပါ၏။

တပည့်သုံးယောက်လုံးကို ချော့သိပ်တတ်ပေမယ့်
ရှင်းရဲ့ရင်ခွင်ထဲမှာအိပ်ခွင့်ရခဲ့သူဟာ
ချိုးယွဲ့ဆိုသည့်သူသာဖြစ်ခဲ့၏။
ဒါပေမယ့် အခုချိန်မှာရှင်းက
သူ့ကိုအနည်းငယ်မှပင်
လှည့်ကြည့်ချင်စိတ်မရှိတော့ဘူးတဲ့ ။

သူ့ကိုကောင်းကင်မင်းကြီးဖြစ်ခွင့်လည်းမပေးသလို၊
ရန်သူလိုသာ ဆက်ဆံချင်နေပါသတဲ့။

တစ်ခါတစ်လေမှာ
ရှင်းပြချိန်တောင်မရလိုက်ပဲ
ခွဲခွာသွားရသည့်အခြေအနေများသည်
အလည်တစ်ခေါက်အရောက်လာတတ်ပါ၏။
ဘာကြောင့်မှန်းမသိလိုက်ခင်လေးမှာ
ကိုယ်ဟာအပြစ်ရှိသူတစ်ယောက်
ဖြစ်သွားတတ်သလို၊ မကောင်းမှုဟူသမျှ
ကိုယ်သာပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရတတ်သည်။

ဒါပေမယ့် အနာကျင်ရဆုံးသော
ဖြစ်ရပ်ကတော့
ကိုယ့်ကိုအမြဲတစေယုံကြည်နေခဲ့သူဆီမှ
အထင်လွဲမှုတွေကို သိမ်းကျုံးရရှိလိုက်ခြင်းသာ။
ဘေးလူတွေတောင် မမြင်နိုင်သည့်
ကိုယ့်အမှားတွေကို၊
ကိုယ်ချစ်ရတဲ့သူတစ်ယောက်သာ
ကွက်မြင်တတ်ပါသတဲ့။

လမ်းခွဲခြင်းဆိုသည့် လက်ပြနှုတ်ဆက်ခွဲခွာဖို့
ကံကြမ္မာကစေခိုင်းလိုက်သည့်နှယ်။

သို့သော် ချိုးယွဲ့မှာ ရှင်းကိုထိခိုက်အောင်လုပ်မယ်လို့
ဘယ်လောက်ပဲကြုံးဝါးထားပါစေ။
တစ်ကြိမ်တစ်ခါမျှအထိခိုက်မခံခဲ့ပါ။
သူ့ကိုယ်သူ လူသားဒိုင်းအဖြစ်အသုံးပြုပြီး
ကာကွယ်ပေးခဲ့သည်သာ။
ရှင်း အမြင်မကြည်ပေမယ့်လည်းပေါ့။

အခုချိန်မှာလည်း ကျင်းကိုလာကယ်တယ်ဆိုသည်ကား၊
အကြောင်းပြချက်ရှိပါ၏။
ရှင်းသတိရလာချိန်မှာ ကျင်းကိုမတွေ့ရရင်
စိတ်ပူနေမည်ဆိုး၍ဖြစ်သည်။
ထို့ပြင် အားနည်းနေရှာမည့်ရှင်းက
အသက်ဝိဉာဉ်ဓာတ်သုံးပြီး
ကျင်းကိုလာကယ်ခဲ့ပါလျှင်၊
လွန်ခဲ့တဲ့အနှစ်ရှစ်သောင်းတုန်းကလို
ဝိဉာဉ်ဓာတ်ထိခိုက်သွားနိုင်သည်လေ။

ဒီတစ်ကြိမ်တော့ အဲ့လိုဖြစ်ခွင့်ပေးမည်မဟုတ်ပါ။
ရှင်း နာကျင်ခံစားနေရတာကို
ထပ်မံရပ်ကြည့်နေနိုင်မည်မဟုတ်သည်မို့၊
ကိုယ့်အသက်ကိုသာ တိုတောင်းစေပြီး
ကျင်းကိုကယ်တင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထို့ပြင်။။။။။။

ကျင်းဆီကနေ သူအကူအညီတစ်ခုလည်း
တောင်းဆိုရဦးမည်မဟုတ်ပါလား။။။။။။။။

စိတ်အလိုမကျမှုတွေရောနှောနေသည်မို့
ကျင်းမှာ မိုးနတ်မင်းရဲ့အကူအညီကိုပင်
မယူချင်တော့သလိုဖြစ်နေခဲ့၏။
ကိုယ့်ပြိုင်ဘက်ဆီကနေ
ကြီးမားသည့်ကမ်းလှမ်းမှုကြီးတစ်ခု
ရလိုက်သည့်အတွက်
အပြစ်တင်စကားဆိုခွင့်မရှိတော့သည့်
ကလေးငယ်တစ်‌ယောက်လို၊
အားငယ်ရပါ၏။

ထို့ပြင် ရှင်းသာသိသွားခဲ့ရင်။။။။။
သင်ကြားပေးသမျှက သူများဆီကအကူအညီတွေ
လက်သင့်ခံဖို့တစ်ခုတည်းလားဆိုပြီး
စိတ်ဆိုးနေရော့မည်။

ဘာလုပ်သင့်ပါသလဲ။။။။။။။

သူ့ရဲ့ကျန်ရှိနေတဲ့စွမ်းအင်တွေထုတ်ပြီး
အသုံးပြုကြည့်ရင်ကောင်းမလား။။။။။
သူကြာကြာမတွေးပဲ
ထိုသို့သာဆုံးဖြတ်ချက်ချလိုက်ပါ၏။

ရှင်းပြောထားသည့်အတိုင်း
မျက်လုံးအသာမှိတ်လိုက်ပြီး
သူ့ကိုယ်သူရေစက်လေးတစ်စက်လိုသာ
သဘောထားလိုက်၏။

ထိုရေစက်လေးသည် လေထဲသို့ဝဲပျံသွားပြီး၊
တစ်ဖန်ရေကန်ထဲသို့ပြန်၍ပြုတ်ကျလာပေလိမ့်မည်။
‌ကန်ရေပြင်ထဲရှိရေတွေကို
သူ(ရေစက်လေး)နဲ့မရောနှောစေပဲ
သီးခြားသာရှိနေဖို့ စိတ်စွမ်းအင်နဲ့
တားဆီးရ‌လိမ့်မည်။

လေဓာတ်၊ မြေဓာတ်၊ သစ်သားဓာတ်၊ မီးဓာတ်စသည့်ဒြပ်စင်တွေကို
တစ်ကြိမ်တစ်ခါမှထိတွေ့ဖူးတယ်လို့
မသတ်မှတ်ပဲ မေ့‌ပစ်ထားရပေမည်။
ဒါပေမယ့် ရေဓာတ်ကိုတော့
သူ့ဆီရောက်လာအောင်
ခေါ်ဆောင်ရပေလိမ့်မည်။

ကျင်းမှာ သူရောက်ရှိနေသည့်
ရေကန်မှာ စိတ်ညို့ရေကန်ဆိုတာကို
မေ့လျော့သွားသည်လား၊
ဒါမှမဟုတ် ဟုန်လင်ကျင်းရဲ့ကိုယ်ထဲမှ
ပေါက်ကွဲထွက်လာခဲ့သည့်
ရေစွမ်းအင်တွေဆိုတာ မသိခဲ့လေသလားမသိ။
ရနိုင်သမျှအားလုံးကို
စုပ်ယူပစ်လိုက်သည်လေ။

ဟုန်လင်ကျင်းသေဆုံးစဉ်က
ကျန်ရှိနေခဲ့သည့်ရေစွမ်းအင်များ‌ကြောင့်သာ
စိတ်ညို့ရေကန်ဟူ၍ ဖြစ်ပေါ်လာသည်ဟု
ကျင်းကိုသာ ရှင်းပြောပြခဲ့ဖူး၏။

နှစ်ပေါင်းများစွာ ရေကန်ထဲမှာပိတ်လှောင်ခံထားရသည့်
ဟုန်လင်ကျင်းရဲ့စွမ်းအင်တွေသာ
တစ်ဖန်ပြန်လည်ထွက်ပေါ်လာခဲ့မည်ဆိုရင်။
ကောင်းကင်ဘုံတစ်ခုလုံး
တုန်ဟီးသွားနိုင်၏။
ထို့ပြင် နတ်ဆိုးမြို့နှင့်ကောင်းကင်ဘုံကို
ပိုင်းခြားထားသည့်နယ်နိမိတ်စည်းကို
ပြိုကွဲ‌သွားအောင် ပြုလုပ်ပေလိမ့်မည်။
သူ့ရဲ့အငြိုးတွေက အင်မတန်များပြားလှသည်မို့
ကောင်းကင်ဘုံကို ဖျက်ဆီးပစ်ဖို့
ရှင်းကာရံထားသည့် နယ်နိမိတ်စည်းကို
ဖျက်ဆီးမည်ကား မလွဲဧကန်ပင်။
တားဆီး၍လည်းရနိုင်မည်မဟုတ်။

သို့အတွက် စိတ်ညို့ရေကန်ထဲက
စွမ်းအင်ကိုဘယ်တော့မှအသုံးမပြုရန်၊
ဖြစ်နိုင်ရင် စိတ်ညို့ရေကန်ထဲကရေကိုပင်
မထိတွေ့ပါရန်
ကျင်းကိုအကြိမ်ကြိမ်သတိပေးခဲ့၏။
တခြားသူတွေ ထိတွေ့ရင်
ကိစ္စမရှိပေမယ့်၊
မူလပိုင်ရှင်သာဆင့်ခေါ်ခဲ့မယ်ဆိုရင်
ဟုန်လင်ကျင်းရဲ့စွမ်းအင်တွေက
ပြန်လည်နိုးထလာပေလိမ့်မည်မဟုတ်ပါလား။


ကျင်းရဲ့ကိုယ်ပေါ်မှာ ရှင်းစီရင်ပေးထားသည့်
အစီအရင်တွေကိုဖျက်ဆီးပြီး
ကျင်းက ဟုန်လင်ကျင်းပါဆိုတာကို
ဖော်ထုတ်ကြလိမ့်မည့်၊
အဆိုပါ ရေစွမ်းအင်တွေကို
ကျင်းကရသမျှစုပ်ယူနေခဲ့၏။
တွန့်ဆုတ်ခြင်းအလျဉ်းမရှိပါ‌လေ။

ရှင်းရဲ့စကားတွေကိုလည်း
အနည်းငယ်မျှမှတ်သားထားခြင်းမရှိပါပဲ၊
ထင်ရာ၊ မြင်ရာလျှောက်လုပ်နေတတ်သည့်သူကို
ကျင်းဟုခေါ်ပါ၏။။။။။။။

တစ်ခါတစ်ရံမှာရည်ရွယ်ခြင်းမရှိပါပဲ
တစ်ဖက်သားအပေါ် မလေးစားသည့်အပြုအမူမျိုးကို
လုပ်တတ်ကြသည်ကား
သဘာဝပင်။
ကျင်းလည်း ထိုကဲ့သို့လုပ်မိခြင်းသာ။
ရှင်းပြောသည့်စကားများကို
မမှတ်ထားသည်မဟုတ်ပဲ၊
သတိလက်လွတ်ဖြစ်သွားခြင်းဖြစ်သည်။

ထိုအချိန်တွင် ချိုးယွဲ့ထံတွင်
ပြသနာတစ်စုံတစ်ခုပေါ်လာခဲ့သည်။
သူ့ရဲ့အသက်ဝိဉာဉ်စွမ်းအင်ကိုလက်မခံပဲ
ပြန်လည်တွန်းကန်နေသည့် စွမ်းအားတစ်ခုကြောင့်
ကျင်းကိုအကူအညီပေးဖို့ ခဲယဉ်းလာရသည်။

တောင်စွန်းပေါ်တွင်ငွားငွားစွင့်စွင့်ရှိနေသော
ကျောက်ဆောင်ကြီးတစ်ခုကို၊
ပြင်းထန်လှသောလေပြင်းတစ်ခုက
သယ်ဆောင်သွားချင်နေသည့်အသွင်။
သူ့ကိုမနိုင်မှန်းသိပါရက်နဲ့
တန်ပြန်တိုက်စစ်ဆင်နေသည့်
စွမ်းအင်တစ်ခုပင်။

ချိုးယွဲ့မှာ သူ့ကိုတွန်းကန်နေသည့်
ရေစွမ်းအင်မှာ ကျင်းဆီကနေ
လာနေခြင်းမဟုတ်မှန်းရိပ်မိ၏။
အဘယ်ကြောင့်ဆိုသော်
ကျင်းလိုခန္ဓာကိုယ်ပြိုကွဲသွားသည့်သူတစ်ယောက်မှာ
ဒီလိုပြင်းထန်သည့်စွမ်းအားမရှိနိုင်သောကြောင့်
ဖြစ်သည်။

' ဘာလို့စိတ်ညို့ရေကန်ကရေတွေက
ကျင်းဆီအားလုံးစီးဝင်နေတာလဲ '

အတွေးဖြတ်ခနဲဝင်လာချိန်မှာပင်၊
ရှင်းရှိနေရာ နတ်ဘုရားနယ်မြေရှိ၊
နေနန်းတော်မှကျယ်လောင်လှသည့်
မြည်ဟီးမှုတစ်ခုကို သူကြားလိုက်ရ၏။
မိုးကြိုးအစင်းတစ်ရာပစ်လိုက်သည့်နှယ်
ကျယ်လောင်ပြီး၊ မြေပြင်ထက်ခြမ်းအက်သွားသည့်နှယ်
ကြောက်မက်ဖွယ်ရာကောင်းလှပါ၏။

ချိုးယွဲ့သည် ရှင်းဆီသို့မျှော်မှန်းပြီး
စိုးရိမ်လှစွာရေရွတ်မိ၏။

"ရှစ်ဇွင်း?????"

ကျင်းကတော့ ထိုမြည်ဟီးမှုကို
ဂရုမစိုက်သည့်အလား၊
ရေစွမ်းအင်တွေကိုသာ သူ့ဆီရောက်လာအောင်
လျင်မြန်စွာစုပ်ယူပစ်နေခဲ့သည်။
ဝဲဂယက်တစ်ခုနှယ်ဖြစ်သွားသည့်ရေလှိုင်းတွေသည်
ဆံစတွေဖုံးလွှမ်းခြင်းကင်းသည့်
ကျင်းရဲ့နဖူးအလယ်သို့
ဒရော‌သောပါးပြေးဝင်နေကြသည်။
အမိန့်ကိုဖီဆန်ခွင့်မရှိသည့် ငယ်သားများအလား။

သခင်ရဲ့ဒေါသကိုကြောက်ရွံ့နေကြသည့်
ကလေးငယ်များအလား။။။။။
ကျင်း ကြိုးဆွဲရာကိုသာလိုက်ပါဖို့
အဆင့်ဖြစ်နေကြ၏။

ရေစွမ်းအင်တွေသူ့ဆီစီးဝင်မှုများလာတာနဲ့အမျှ
ကျယ်လောင်စွာငြီးငြူလိုက်သည့်
အသံတစ်ခုကို ကျင်းကြားလိုက်ရသည်။
အသံရှင်က သူ့အသံကိုအခြားသူကြားသွားမှာကို
စိုးရိမ်နေသည်ထင်။
မရမကထိန်းချုပ်ဖို့ကြိုးပမ်းနေ၏။
သို့သော် သူ့ထိန်းချုပ်မှုကအရာမဝင်ပဲ
အသံကျယ်ကျယ်ငြီးငြူဖို့သာ
စေခိုင်းလိုက်‌တာဖြစ်‌လိမ့်မည်။
ထို့ကြောင့်သာ အသံလှိုင်းတွေထဲမှာ
မဝံ့မရဲမှု၊ စိုးထိတ်မှုနဲ့ ဒေါသလှိုင်းတွေ
ကပ်တွယ်နေခဲ့တာပေါ့။

ဒါပေမယ့် ကျင်း မျက်စိလုံးဝဖွင့်ဖို့
မကြိုးစားခဲ့ပါ။
သူလုပ်နေသည့်အရာကိုသာ
ဆက်လက်လုပ်ဆောင်နေခဲ့၏။
ချိုးယွဲ့သည် ပထမမြည်ဟီးသံပေါ်ထွက်လာစဉ်ကတည်းက
အသက်ဝိဉာဉ်ဓာတ်ကိုပြန်လည်သိမ်းဆည်းပြီး
ထွက်သွားပြီဖြစ်ရာ၊
သူ့ကိုတားဆီးမယ့်သူလည်းမရှိခဲ့ပေ။
သို့ကြောင့် စိတ်ထင်ရာစိုင်းပြီး
ကန်ထဲ၌ ရှိရှိသမျှသော
ရေစွမ်းအင်အားလုံးကို
သူ့အပိုင်အဖြစ်သိမ်းယူပစ်လိုက်တော့၏။


ပင်လယ်ပြင်မှာကူးခတ်နေသည့်
နဂါးကြီးတစ်ကောင်အလား၊
အားပြင်းထန်လှသည့်စွမ်းအင်စီးကြောင်း
တစ်ခုက သူ့ဝိဉာဉ်ထဲမှာ
လှည့်ပတ်သွားလာနေသည်ကို
ကျင်းခံစားမိ၏။
ထိုစွမ်းအင်စီ‌းကြောင်းသည်
သူ့ကိုလက်ယာဘက်မှစတင်ရစ်ပတ်ကာ
တတိတိနှင့်ဝါးမြိုဖို့ကြိုးစားနေသယောင်။

တကယ်တမ်းမှာတော့ ထိုစွမ်းအင်က
ကျင်းကိုဝါးမြိုနေတာမဟုတ်ဘဲ၊
ကျင်းကသာဝါးမြိုပစ်နေခြင်းဖြစ်သည်။
ရေရဲ့ရောင်ပြန်ကြောင့်သာ
တလွဲထင်မှတ်သွားရခြင်းဖြစ်၏။

ထိုအချိန်၌ သူ့‌ဝိဉာဉ်စွမ်းအင်တွေ
အတိုင်းအဆမရှိအားကောင်းလာတာကို
ကျင်း သတိပြုမိလာသည်။
တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးသည့်
အားပြင်းလှသည့်
ဝိဉာဉ်စွမ်းအားတွေကြောင့်လား‌တော့မသိ။

သူ့ရဲ့လက်ချောင်းလေးတွေလှုပ်ခတ်လာသလို
ထင်မှတ်နေမိ၏။
သို့သော် ထိုခံစားမှုသည်
အတုအယောင်မဟုတ်ပဲ၊
စစ်မှန်နေသည်ဟု သူ့ဦးနှောက်ကအလိုလိုသတိပေးနေခဲ့သည်။
ဒါကြောင့် မျက်လုံးတွေအသာဖွင့်လိုက်ကာ
သူ့ခန္ဓာကိုယ်ကိုသူ ပြန်ငုံ့ကြည့်လိုက်တော့သည်။

အံ့ဩစရာကောင်းလိုက်တာလို့ဆိုရမလား၊
စိတ်ကူးယဉ်ဆန်လွန်းလှတယ်လို့ဆိုရမလား၊ သူမသိတော့။ ရေတွေက သူ့ကိုနဂါးတစ်ကောင်လိုရစ်သိုင်းလာကာ ခန္ဓာကိုယ်အသစ်တစ်ခုဖန်ဆင်းပေး‌နေခဲ့သည်လေ။


ရှည်လျားလှတဲ့လက်ချောင်းသွယ်သွယ်လေးတွေက
အပြာနုရောင်ဝတ်ရုံလက်‌အောက်တွင်
လှချင်တိုင်းလှနေခဲ့သည်။ တောင့်တင်းလှတဲ့ခန္ဓာကိုယ်ပေါ်မှာတော့ အဖြူနဲ့အပြာတွဲစပ်ထားတဲ့ဝတ်စုံလေးက
သူ့အလိုလိုပေါ်လာခဲ့၏။
ထိုဝတ်စုံမှာရိုးရှင်း‌ပေမယ့်
ပုလဲတန်းတွေသွယ်တန်းထားတာကြောင့်
ဆန်းသစ်နေသည့်အသွင်ဆောင်၏။

ခါးစည်းကြိုးတွင် ကြာပွင့်လေးများနဲ့အလှဆင်ထားပြီး အပြာရောင်ပုလဲလုံးလေး‌တွေနဲ့ငွေမှင်ရောင် ရေလှိုင်းလေးတွေကို ဝတ်ရုံအနားစမှာသေသပ်စွာတပ်ဆင်‌ပေးထား၏။
အဖြူရောင်ဘွတ်ဖိနပ်ရှည်မှာတော့ နဂါးတောင်ပံနှစ်ဖက်ကို
ငွေချည်ထိုးပြီးပုံဖော်ပေးထားလေသည်။

သူ့ရဲ့ရှည်လျားလှတဲ့ဆံနွယ်တွေကတော့ ခပ်မြင့်မြင့်စည်းနှောင်ထားပြီး
ဗေဒါပန်းပုံဆံညှပ်ဖြင့် အလှဆင်ခြင်းခံထားရ၏။
အရပ်အမြင့်မှာမည်မျှရှိမည်ဆိုတာ
မသိပေမယ့် ရှင်းထက်တော့မြင့်နေမည်မှာ
သေချာပါ၏။

ကျင်းမှာ မထင်မှတ်ထားသည့်
အခြေအနေကိုဖမ်းတုပ်လိုက်နိုင်သည့်အတွက်
ပျော်ရွှင်စွာရယ်မောရင်း၊
ရေပြင်ထက်သို့ခုန်တက်လိုက်တော့သည်။

တည်ငြိမ်စပြုလာပြီဖြစ်သော
ရေလှိုင်းများမှာ သူတို့သခင်၏အမိန့်ကို
ထပ်မံရရှိလိုက်သည့်အလား၊
အငြိမ်မနေနိုင်တော့ပါပဲ၊
ကြာပန်းပုံသဏ္ဍာန်ပြောင်းလဲသွားခြင်းဖြင့်
သခင်ရဲ့အရှိန်အဝါကိုပိုမိုထွန်းလင်းစေခဲ့သည်။

ရေတွေပေါင်းစပ်ခြင်းဖြင့်ဖြစ်ပေါ်လာသော
ကြာပန်းကြီးသည် ကျင်းရဲ့အရှိန်အဝါကို
ထောက်ပံ့ပေးပြီးသည်နှင့်
ကောင်းကင်ဘုံသို့တမုဟုတ်ချင်းဆန်တက်သွားပြီး
ရှင်းဖန်တီးထားသော နယ်နိမိတ်စည်းကြောင်းကို
ပြင်းထန်စွာရိုက်ချလိုက်တော့သည်။။။။။။။။။

© Sun Elf,
книга «The truth untold».
Коментарі