Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 2
ေလထဲမွာလြင့္‌ေျမာ‌ေနတဲ့ မက္မြန္ပန္းေတြႏွင့္အတူ‌ပဝါစ‌ေလးအသာလွပ္ျပီး
ႏြဲ႔‌ေနွာင္းစြာကေနတဲ့ ခ်စ္သူကိုၿပံဳးျမျမႏွင့္ၾကၫ့္ေနမိေပမယ့္
က်င္း ရဲ့ ရင္ထဲမွာခံစားခ်က္တခ်ိဳ႕ကေပ်ာက္ဆံုးလို႔ေနသည္။
အခ်စ္နဲ႔ေတြ ့ရင္ တုန႔္ျပန္တတ္သည္ဟုဆိုသၫ့္
ရင္ခုန္သံေတြကလည္း ေျမေပၚမွာခိုင္ခိုင္ၿမဲျမဲကုပ္တြယ္ထားတဲ့
သစ္ျမစ္ေတြလို လႈပ္ခါျခင္းအလ်ဉ္းမရိွ။

                                           [*က်င္း>>ေရႊ*]

လက္ထဲမွာရိွေနတဲ့ေက်ာက္ျဖဴခြက္ထဲမွ
ေသရည္ေနြးေနြးေလးကလည္း အရသာခ်ိဳျမျမကိုမေပးစြမ္းႏိုင္ခဲ့ေလေတာ့
သူ႔ရင္ေတြလည္းလွစ္ဟာေနခဲ့ရၿပီေပါ့။
ကံၾကမၼာနတ္မင္းက‌ေတာ့ပန္းနတ္သမီး ရွန္းရွုးနဲ႔ေပါင္းဖက္ရမယ္လို႔
နိမိတ္ဖတ္ေပးခဲ့ပါရဲ့။ သို႔ေပမယ့္ ထိုနိမိတ္စကားထဲမွာ
မွားယြင္းမႈတစ္ခုရိွေနလိမ့္မယ္လို႔ထင္ေနမိတာ
ဘာ‌ေၾကာင့္မ်ားပါလိမ့္။

                                   [*ရွန္းရႈး>>နတ္မိမယ္*]

ရွန္းရႉးကိုစိတ္ထဲမွာ‌ေနရာ‌ေပးထားျခင္းမရိွဘူး
ဆိုတာေတာ့မဟုတ္လွေပမယ့္ သူ႔ႏွလံုးသားကတစ္စံုတစ္ေယာက္ကို
အႏွစ္ရွစ္ေသာင္းလံုးလြမ္းဆြတ္တမ္းတေနခဲ့သည္က
ေတာ့အမွန္။ ေမွာင္မိုက္ေနတဲ့ေကာင္းကင္တစ္ခြင္က
မဟူရာလိုနက္ေမွာင္ကာ ၾကယ္ေတြေပ်ာက္ဆံုးေနလ်က္။ ဒါေပမယ့္ သူ႔စိတ္ကူးထဲမွာေတာ့ ၾကယ္ေရာင္စံုကထြန္းလင္းေနခဲ့သည္။
အေရာင္တလဲ့လဲ့လက္ေနတဲ့ၾကယ္ေတြၾကားမွာ
ရပ္ေနတဲ့နတ္ဘုရားတစ္ပါးက ဘယ္သူမ်ားပါလိမ့္။

အျဖဴေရာင္နဲ႔ေရႊေရာင္တြဲစပ္ထားတဲ့ဝတ္ရံုရွည္ကို
ဝတ္ဆင္ထားၿပီး မဟူရာလိုမည္းနက္ေနတဲ့
ဆံႏြယ္ရွည္ေတြကို စည္းေနွာင္ျခင္းမရိွပဲ‌ေက်ာျပင္တစ္ေလ်ာက္
ျဖန႔္က်က္ထားတဲ့ပံုရိပ္တစ္ခုက သူ႔အာရံုထဲကို
အၿမဲတမ္းတိုးဝင္လို႔လာတတ္သည္။
ေက်ာျပင္ပဲျမင္ရသည္ဆိုေပမယ့္ နတ္ဘုရာေလးရဲ့လႈပ္ခါေနတဲ့ပုခံုးစြန္းႏွစ္ဖက္က ငိုေႂကြးျခင္းျပယုပ္ေတြရဲ့သက္ေသျဖစ္ေနခဲ့သည္။
တစ္ခါတစ္ေလမွာေတာ့ ထိုပံုရိပ္ေလးကေသြးေရာင္ေတြလႊမ္းကာ သူ႔ကိုႏႈတ္ဆက္တတ္ပါရဲ့။

သူဒဏ္ရာတစ္ခုခုရတိုင္း ထိုပံုရိပ္‌ေလးကသူ႔အေရ႔ွမွာ
ေသြးေတြစြန္းထင္းလ်က္ႏွင့္ ေပၚလာတတ္သည္။
ထူးဆန္းလွသည္ဆိုေပမယ့္ သူ႔ဒဏ္ရာေတြကဘယ္ေတာ့မွနာက်င္ျခင္းမရိွခဲ့ပါေလ။ ေသြးမည္မ်ွပင္ထြက္ေနပါေစ။
ဘယ္‌လိုနာက်င္ျခင္းကိုမွ သူ႔ဆီမသယ္ေဆာင္ႏိုင္ခဲ့ပါ။
ထိုအစား ေသြးစြန္းေနတဲ့နတ္ဘုရားပံုရိပ္ေလးထံမွ
ၿငီးျငဴသံတခ်ိဳ႕သာ သူၾကားခဲ့ရသည္။
အၿမဲတေစ ျမင္ေတြ ့‌ေနရေပမယ့္ နတ္ဘုရားေလးရဲ့ မ်က္ႏွာကိုလံုးဝမျမင္ရတတ္တာက ဘယ္ဘဝကထားခဲ့သည့္
စည္းေတြကျခားထားလို႔မ်ားပါလိမ့္။

ျဖစ္ႏိုင္ရင္ တစ္စံုတစ္ေယာက္ကိုလွမ္း၍ေမးလိုက္ခ်င္သည္။
နတ္ဘုရားနယ္ေျမမွာ အဘယ္သူက အျဖဴေရာင္နဲ႔ေရႊေရာင္အဝတ္အစားေတြဝတ္ဆင္တတ္ပါသလဲ။ အဘယ္သူက မွင္ေရာင္လႊမ္းေနတဲ့ဆံႏြယ္ရွည္ေတြကို စည္းေနွာင္ဖို႔
ပ်င္းရိေနပါသလဲ။ အဘယ္သူက သူ႔ျမင္ကြင္းထဲကို
ခဏခဏလာေရာက္လည္ပတ္တတ္ပါသလဲ။
ေမးခြန္းေတြက ျမစ္ေရလိုစီးဆင္းေနေပမယ့္
သီးျခားနယ္ေျမအျဖစ္သတ္မွတ္ထားတဲ့
နတ္ဘုရားနယ္ေျမထဲမွ တစ္စံုတစ္ေယာက္ကို
သြားေရာက္ေမးျမန္းဖို႔က ေအးခဲေနတဲ့ဆီးႏွင္းေတြကို
ေနြလယ္ေခါင္ႀကီးထဲမွာက်ေနတဲ့ မိုးစက္ေတြၾကားမွာ ၾကၫ့္ရသည္ထက္ပိုခက္ခဲလြန္းလွပါသည္။

"ကိုကို!!!"

သနပ္ခါးပန္းရနံ႔လိႈင္ေနတဲ့ေသရည္ကို
တေျမ့ေျမ့ႏွင့္အရသာခံၾကၫ့္ေနစဉ္ ၾကားလိုက္ရတဲ့
အသံစူးစူးတစ္ခုေၾကာင့္ က်င္းလွၫ့္ၾကၫ့္လိုက္မိသည္။
ရွန္းရွုးက သူမရဲ့အကကို သူ မၾကၫ့္လိုက္တာသိေနလို႔ျဖစ္မည္။
မ်က္ေစာင္းရြယ္ၿပီး ႏႈတ္ခမ္းေလးကလည္းဆူလို႔။
သို႔ေပမယ့္ အႏွီခ်စ္စဖြယ္ျမင္ကြင္းလွလွေလးထဲမွာ
အဓိပၸာယ္မ်ားစြာေပ်ာက္ဆံုးလို့‌ေနျပန္သည္။

ဘာေၾကာင့္မ်ားပါလိမ့္!!!
ဘယ္သူ႔ေၾကာင့္မ်ား ငါဒီလိုျဖစ္ေနရပါလိမ့္!!!

စိတ္ထဲမွာျဖတ္ခနဲေပၚလာျပန္တဲ့ေမးခြန္းေတြက
ယခင္တုန္းကႏွင့္ထပ္တူပင္။ ေျဖၾကားသံတို႔က
တိတ္ဆိတ္ေနလ်က္။ ‌

"ကိုကိုလို႔...."

အေတြးေတြထဲနစ္ေျမာေနလိုက္တာ ရွန္းရႈးရဲ့ခြၽဲႏြဲ႔သံေလးၾကားလိုက္မွပဲ အသိစိတ္ကခႏၶာနဲ႔ျပန္ကပ္လာခဲ့သည္။

"အင္း...."

"ကိုကို ခုနတုန္းကဘာလို႔ ရႈးအာ က‌ေနတာကိုမၾကၫ့္ရတာလဲဟင္.....

ကိုကို႔အတြက္အားႀကိဳးမာန္တက္ကျပေနတာပါ‌ဆို...
ကိုကိုေနာ္....ရႈးအာကိုမခ်စ္ေတာ့ဘူးလား ေျပာ"

နားဆြဲေလးေတြတုန္ခါေန‌ေအာင္ေခါင္းေလးယမ္းလိုက္၊
ခ်စ္စဖြယ္ေကာင္းေအာင္ခုန္ေပါက္လိုက္ႏွင့္ လုပ္ေနသၫ့္
ရွန္းရႈးကတကယ္ကို ျဖဴစင္လြန္းတဲ့ယုန္မေလးလိုပါပဲ။
ေဟာ။။။။။‌ေျပာေနရင္းနွင့္ သူမေလးက
က်င္းရဲ့ပခံုး‌ေပၚေမးဖ်ားေလးတင္လို႔လာျပန္သည္။
လွၫ့္ၾကၫ့္လိုက္ေတာ့ သြားစြယ္တန္းေလးေတြေပၚေအာင္ ၿပံဳးျပေနေလရဲ့။
ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းၿပီးေခ်ာေမာလိုက္တဲ့ မိန္းက‌ေလးလဲ။
ဒါကိုေတာင္ သူကစိတ္သိပ္မဝင္စားသလိုျဖစ္ေနမိသတဲ့။
သိပ္ကိုစိတ္ႀကီးဝင္လြန္းေနမိတာပါပဲ။

က်င္းက သူမအေပၚအျပစ္မကင္းသလိုခံစားလိုက္မိတာေၾကာင့္ ဆံပင္ေလးေတြကိုခပ္ဖြဖြသပ္ေပးလိုက္ၿပီး
ေတာင္းပန္စကားလိုက္ပါ၏။ သူမေလးကိုစိတ္မညစ္ေစခ်င္တာ သူ႔ရင္ထဲကတကယ့္စိတ္ရင္းပါေလ။

"ကိုယ္ေတာင္းပန္ပါတယ္.....
ဒီညေသာက္တာမ်ားသြားလို႔ ေခါင္းသိပ္မရွင္းျဖစ္ေနလို႔ပါ.....


ေနာက္တစ္ခါက်ရင္ မင္းကိုတစ္ခ်ိန္လံုးမ်က္ေတာင္မခပ္ပဲၾကၫ့္ေနပါ့မယ္လို႔ ကတိေပးပါတယ္"

ေက်နပ္စရာေကာင္းလွတဲ့အေျဖစကားေၾကာင့္
ရွန္းရွုးၿပံဳးလိုက္မိသည္။ ဘယ္ေလာက္ပင္ေအးစက္လြန္းတဲ့ဆက္ဆံေရးေတြ
သူမတို႔ၾကားမွာရိွေနပါေစ။ သူမလံုးဝဂရုစိုက္မည္မဟုတ္။
ေကာင္းကင္ဘံုရဲ့အိမ္ေရ႔ွစံကို လက္လႊတ္ဖို႔ဆိုတာ
သူမအတြက္လြယ္ကူသၫ့္ကိစၥမွမဟုတ္ပဲ။
ကံၾကမၼာနတ္မင္းကိုေတာင္ အကူအညီေတာင္းၿပီး
သူ႔အနားမွာေနဖို႔ ဖန္တီးခဲ့တာက လက္ေလ်ာ့ဖို႔မွမဟုတ္ခဲ့ပဲ။ ဒါေၾကာင့္
ဘယ္‌လိုအတားအဆီးမ်ိဳးက သူမကိုႀကိဳဆိုေနပါေစ။
ေက်ာ္ျဖတ္သြားပါမည္။ အနည္းဆံုးေတာ့
အိမ္ေရ႔ွစံရဲ့ၾကင္ယာေတာ္ဆိုသၫ့္ဂုဏ္ပုဒ္ကေတာ့
သူမလက္ထဲက်န္ေနခဲ့ရမွာပဲေလ။ ဘာလို့မ်ားအမႈထားရပါဦးမလဲ။

အေတြးတစ္မ်ိဳးစီႏွင့္အလုပ္ရႈပ္ေနၾကတဲ့
အခ်စ္ငွက္ေမာင္ႏွံကို ေငးၾကၫ့္ေနရင္း
မီးဝိဉာဉ္(ရွင္း) သက္ျပင္းခိုးရိႈက္မိသည္။

"ထိုက္ယန္နတ္ဘုရား.....
ကြၽန္ေတာ့္ႏွလံုးသားကိုတစ္ခါေလာက္‌ေလးပဲ
ယံုၾကည္ေပးလို႔မရဘူးလားဟင္.....
တစ္ေခါက္ေလးပဲေလ....မရဘူးလား...."

             [*ထိုက္ယန္နတ္ဘုရား>>ေနနတ္ဘုရား*]

တစ္ခ်ိန္တုန္းက တစ္စံုတစ္ေယာက္ကမ်က္ရည္‌ေတြျကားက‌ေန
သူ႔ကိုေမးခဲ့ဖူးပါရဲ့။ ဒါေပမယ့္ သူျပန္‌ေျဖဖို့ ့တြန႔္ဆုတ္မိခဲ့သည္။ဒါ‌ေၾကာင့္ပဲ လံုးဝမဆံုႏိုင္ရေအာင္ေဝးကြာျခင္းဆိုသၫ့္စည္းတို႔က ျခားသြားခဲ့ရသည္။

သူဒီတစ္ခါေရာ ဘယ္လိုရင္ဆိုင္ရပါ့မလဲ။သူက က်င္းအရမ္းခ်စ္ခဲ့ဖူးသည့္သူဆိုတာကို
ဘယ္လိုေမ့ရက္ႏိုင္ပါ့မလဲ။ဘာ‌ေၾကာင့္ အားလံုးကိုမွတ္မိေနတဲ့သူက
က်င္းမဟုတ္ဘဲ သူျဖစ္ေနရတာလဲ။
တကယ္ဆိုရင္ ပိုခ်စ္တဲ့သူကက်င္းမဟုတ္လား။
ပိုခ်စ္တဲ့သူက အားလံုးကိုတကယ္‌ေမ့ပစ္ႏိုင္သတဲ့လား။

ေပ်ာ္ရႊင္စြာရယ္ေမာေနျကတဲ့ စိတ္တူကိုယ္တူ ခ်စ္သူႏွစ္ဦးကို ေငးၾကၫ့္ရင္းႏွင့္ ရွင္း နာက်င္စြာရယ္‌ေမာလိုက္မိသည္။

သူ႔အသံေတြက လည္ေခ်ာင္းကိုနာက်င္သြားသည္အထိတစ္ဆို႔ေနၿပီး မ်က္ရည္ေတြက နာက်င္မႈရဲ့အတိုင္းအတာကမည္မ်ွႀကီးမား‌ေၾကာင္းကိုေဖာ္ျပေပးေနၾကသည္။
ဘယ္အခ်ိန္ထိ သူေဘးမွာရပ္ၾကၫ့္ေနရပါ့မလဲ။
အႏွစ္ရွစ္ေသာင္း‌ေလ။ သူရပ္ၾကၫ့္ေနခဲ့ရတာ
အႏွစ္ရွစ္ေသာင္းေတာင္ရိွခဲ့ၿပီေလ။
ဒီအခ်ိန္ေလာက္နဲ႔ပဲ နာက်င္မႈေတြကိုကံၾကမၼာဆီျပန္အပ္ႏွံလို႔မရဘူးလား။

ေက်ာခိုင္းၿပီးေျခလွမ္းေတြကို ဦးတည္ခ်က္ေျပာင္းလိုက္ေတာ့ အမွတ္တရေတြက သူ႔ကိုထြက္မသြားဖို႔တားျမစ္ေနျကျပန္သည္။ ဒါေပမယ့္ ထြက္သြားယံုအျပင္သူဘာကိုမ်ားထပ္ေတာင္းဆိုရအံုးမွာတဲ့လဲ။

မေသာက္ပဲမူးခ်င္ေနသည့္ခႏၶာကိုယ္က အသည္းကြဲျခင္းရ့ဲအစဆိုတာ သေဘာေပါက္မိေတာ့ ခါးသီးျခင္းေတြက လမ္းဆံုးကိုဆြဲေခၚေနျပန္သည္။ ဒါေပမယ့္ ထြက္သြားဖို႔ဆိုတာ ဘယ္လိုသတၲိေတြ၊ ဘယ္လိုျပတ္သားျခင္းေတြကိုသက္‌ေသျပဳျပီး
ႏွလံုးသားကိုရင္းႏွီးရပါ့မလဲ။

သူသိတာက က်င္း ဆိုသည္မွာ သူ႔ကိုသိပ္ခ်စ္ခဲ့တဲ့နတ္သားေလးတစ္ပါး။ ထိုနတ္သားေလးက သူ႔ကိုကယ္တင္ခ်င္သၫ့္စိတ္တစ္ခုတည္းႏွင့္
အသက္ေပါင္းမ်ားစြာကို‌နွုတ္ယူပစ္ခဲ့သည္။
သူ႔အသက္သူပင္ မ်က္ေတာင္တစ္ခ်က္မခတ္ပဲစြန႔္ပစ္ခဲ့ဖူးသည္။ အသက္ႏွင့္ရင္းၿပီး မ်က္ရည္စေတြကိုအေဖာ္ျပုကာသူ႔ကိုခ်စ္ခဲ့သၫ့္ က်င္းက အခုေတာ့ ရွန္းရႈး ကိုတကယ္‌ေရြးခ်ယ္သြားခဲ့ျပီဆိုတာကို
သူဘယ္လိုအင္အားနွင့္လက္ခံရပါ့မလဲ။

အခုတေလာ သူေတြးေနမိတာက က်င္း သူ႔ကိုတကယ္ခ်စ္ခဲ့ဖူးရဲ့လားဆိုတဲ့ ေမးခြန္းပါပဲ။

အခ်စ္လား။သူတို႔ၾကားမွာအခ်စ္ဆိုတာ
မရိွခဲ့ဘူးလို႔ အားလံုးကသတ္မွတ္ခဲ့ၾကဖူးသည္။
ကိုယ့္ကိုတြယ္တာေနတဲ့ကေလးတစ္ေယာက္ကိုႏွစ္သိမ့္ေပးခဲ့တဲ့ အခ်စ္မဟုတ္တဲ့အခ်စ္ေတြပဲ
က်င္းကိုေပးခဲ့မိတာလို႔ေျပာရင္
မယံုၾကည္မယ့္သူေတာ့ရိွလိမ့္မည္မဟုတ္။

'ဒါေပမယ့္ မင္းကိုငါသိပ္ခ်စ္ခဲ့တယ္ က်င္း!!!
ငါက မင္းလက္ထပ္လိုက္တဲ့အခ်ိန္ေရာက္မွ
မင္းကိုခ်စ္မိေနတယ္ဆိုတာသိလိုက္မိတာေလ....

သိပ္ေနာက္က်သြားျပီဆိုတာသိလို႔ ငါအေဝးကိုထြက္သြားခဲ့မိတာ...  
မင္းေရာ၊ ငါေရာ လွၫ့္စားခံခဲ့ရမယ္လို႔
ငါမွမထင္ခဲ့မိပဲ......

ငါ့လက္နဲ႔မင္းကိုသတ္ခဲ့ရတဲ့ခံစားခ်က္က
အခုထိေလာင္ကြၽမ္းေအာင္ျပဳစားေနတုန္းပဲ......
ခံရခက္တယ္.....မင္းရဲ့သားအျဖစ္ျပန္ဝင္စားခဲ့ရတဲ့
မင္းကိုၾကၫ့္ေနရတာ ငါတကယ္ခံရခက္လြန္းတယ္

ငါ့အျပစ္ေတြေၾကာင့္သာ မဟုတ္ရင္
မင္းမခ်စ္တဲ့သူရဲ့ သားအျဖစ္ ဒီေနရာမွာရိွေနရမွာမဟုတ္ဘူး.....
အခုလိုလည္း သူမ်ားထိန္းခ်ဳပ္တာခံေနရမွာမဟုတ္ဘူး.....

ငါမွားသြားတယ္ က်င္း....
အဲ့ဒီေန့က မင္းရဲ့‌ေမးခြန္းျပန္မေျဖမိခဲ့တာ
ငါမွားသြားတယ္.....
မင္းရဲ့စိတ္ရင္းအမွန္ကိုမသိပဲ ဓားနဲ႔ရက္ရက္စက္စက္ထိုးသတ္လိုက္မိတာ
ငါမွားသြားတယ္.....

ခြင့္လႊတ္ေပးဖို႔ မေတာင္းဆိုဘူး......
မင္းလြတ္လပ္တဲ့ဘဝကို ပိုင္ဆိုင္ရဖို႔ပဲ
ႀကိဳးစားေပးခ်င္မိတာ......

ဒါေတြအားလံုးၿပီးရင္ေတာ့ မင္းရဲ့ဘဝထဲကေန
လံုးဝထြက္သြားေပးပါ့မယ္.....
အရင္တုန္းကအတိုင္းမင္းရဲ့မာနႀကီးတဲ့
ရွစ္ဇြင္းအျဖစ္နဲ႔ေပါ့.....'

ရုတ္တရက္ႀကီးႏွာေခါင္းထဲအရိွန္အဟုန္ႏွင့္တိုးဝင္လာတဲ့ သနပ္ခါးပန္းရနံ႔ေၾကာင့္ က်င္းမတ္တပ္ရပ္လိုက္မိသည္။

"ရွစ္ဇြင္း?"

မ်က္လံုးကိုေဝ့ၾကၫ့္ၿပီး အေလာတႀကီးလိုက္ရွာလိုက္ေတာ့
သူ႔ကိုေက်ာခိုင္းကာလွၫ့္ထြက္သြားသၫ့္
အနီေရာင္အရိပ္ေလးကိုျမင္လိုက္ရသည္။

"ရွစ္ဇြင္းပဲ"

ဝမ္းသာေပ်ာ္ျမဴးကာ သြားေတြေပၚေအာင္ၿပံဳးလိုက္မိေတာ့ ရွန္းရႉးကေမးလာသည္။

"ကိုကိုဘယ္သူလဲဟင္"

"ကိုယ္သြားၿပီ.....သြားစရာရိွလို႔"

အလ်င္အျမန္စကားျဖတ္ၿပီး ထြက္သြားတဲ့ က်င္းကိုၾကၫ့္ၿပီး ရွန္းရႉးသံေဝဂရမိသည္။
ခုနတုန္းက ဖုန္အလိပ္လိပ္တက္ေနသလိုသုန္မႈန္ေနတဲ့
မ်က္ႏွာက အခုလိုက်ေတာ့ၿပံဳးၿဖီးေနတာပါေလ။

ဘယ္ကမွန္းမသိတဲ့သာမညေညာင္ေညာင္ဆရာကို
ခင္တြယ္ေနသၫ့္ က်င္းကိုသူမတကယ္ၾကၫ့္မရႏိုင္ၿပီမို႔ မိုးနတ္မင္းႏွင့္တိုင္ဖို႔သာစဉ္းစားလိုက္ပါ၏။
သို႔ေပမယ့္ သူမမသိခဲ့သည္က
သူမေျပာေသာ သာမညေညာင္ေညာင္ဆရာဆိုသည္မွာ
သံုးေလာကတြင္မည္သူမွမယွဉ္ႏိုင္သၫ့္
မီးဝိဉာဉ္ျဖစ္ေနတာပါပဲ။

တည္ၿငိမ္မႈအေပါင္းၿခံရံၿပီး ရွင္း ေက်ာခိုင္းထြက္လာခဲ့မိသည္။ သို႔ေပမယ့္
သစ္ေတာရဲ႕အလယ္ေရာက္သည္ႏွင့္ခပ္လွမ္းလွမ္းရိွမက္မြန္ပင္ေတြၾကားမွဆယ္ေက်ာ္သက္အရြယ္နတ္သားေလးတစ္ပါးက
ေလထဲမွာပ်ံဝဲၿပီးထြက္‌ေပၚလို႔လာခဲ့သည္။
ထိုလူငယ္ကမဟူရာလိုနက္ေမွာင္ေနတဲ့အဝတ္အစားဝတ္ထားေပမယ့္သူ႔ကိုယ္ထဲကေန အလင္းဓာတ္တစ္မ်ိဳးကျဖာလို့‌ေနသည္။သူ႔ရဲ႕ဝတ္စံုက
ကိုယ္အတိဝတ္စံုျဖစ္ေနၿပီးဝတ္ရံု႐ွည္ေတြမဝတ္ထားပါ။ ၿခံဳငံုၾကၫ့္လိုက္ရင္ေတာ့ ခပ္မိုက္မိုက္ေကာင္ေလးတစ္ေယာက္ရဲ့အသြင္ေဆာင္လို႔ေနသည္။

ရွည္လ်ားလွတဲ့ဆံႏြယ္ရွည္ေတြက
ကေခ်သည္ေတြရဲ့ပုဝါစေလးလိုပင္ ေလထဲမွာတလြင့္လြင့္ႏွင့္။ထိုခဏ၌
ရုတ္တရက္ဆိုသလို အႏွီ‌ေကာင္ေလးကလက္ထဲမွာအသင့္ကိုင္ထားသၫ့္အနက္ေရာင္ျကာပြတ္ကိုေဝ့ယမ္းလို့လာခဲ့သည္။
ရွင္းမေ႐ွာင္မိပါ။ဘာလို႔လဲဆိုေတာ့ ထိုေကာင္ေလးက သူ႔ကိုတိုက္ခိုက္တာမဟုတ္ပဲ မက္မြန္ပန္းေတြသူ႔အ‌ေပၚသို႔ေႂကြက်လာေအာင္သာလုပ္လိုက္ေသာေၾကာင့္ျဖစ္သည္။

တျဖဳတ္ျဖဳတ္ႏွင့္‌ေျကြက်လာတဲ့ မက္မြန္ပန္းပြင့္လႊာေတြၾကားမွာ
သူ႔ကိုအၿပံဳးတစ္ခုနဲ႔ႀကိုဆိုေနတဲ့ေကာင္ေလးကို
ရွင္း ေငးခနဲၾကၫ့္လိုက္မိသည္။
တကယ္ကိုလြမ္းလြမ္းေဆြးေဆြးပံုစံနဲ႔ၾကည့္လိုက္တာပါ။သူ႔အေ႐ွ႕မွာရိွေနတာက က်င္းေလ။

"ရွစ္ဇြင္း....
ဒီလိုအခ်ိန္ဆိုရင္ ရွစ္ဇြင္းရဲ့အလွကပိုေပၚလြင္တယ္ဆိုတာ သိရဲ့လား"

က်င္းရဲ့စေနာက္မႈေၾကာင့္ ရွင္းမွာထိန္းခ်ဳပ္ထားေပမယ့္ နားရြက္ဖ်ားေတြပင္နီရဲလာရေခ်ၿပီ။ သူသည္ဒီလိုစေနာက္မႈကိုခံႏိုင္ရည္မရိွပါေပ။
အရင္တုန္းကလို စိတ္မ်ိဳးဆိုရင္ က်င္းကိုရိုက္ႏွက္ျပီး‌ေနေလာက္ပါၿပီ။
သို႔ေပမယ့္ ယခုအခ်ိန္မွာေတာ့ ေအးတိေအးစက္မ်က္ႏွာႀကီးကိုသာ
ျပျဖစ္ပါ၏။ ဒါကမည္သူ႔ကိုမဆိုသူျပသတတ္သၫ့္
မ်က္ႏွာထားသာ။ သူကခံစားခ်က္ေတြကို တစ္ပါးသူကို ထုတ္ျပဖို႔ဝန္ေလးတတ္သည္မဟုတ္လား။

" ပ်င္းစရာေကာင္းလိုက္တဲ့ဟာသပဲ"

ေအးတိေအးစက္ႏွင့္ျပန္ေျပာလိုက္တဲ့ ရွင္းေၾကာင့္
က်င္း ရယ္မိေခ်ၿပီ။ သူ႔ရွစ္ဇြင္းဆိုသည္မွာလည္း
အၿမဲဆူပုတ္ေနတတ္တဲ့အက်င့္ကို စြဲလမ္းတတ္သူပါေလ။
သို႔ေသာ္ ရွင္းကိုမစရပဲ သူမေနႏိုင္ပါ။ဒါ‌ေျကာင့္
အခ်ိန္တိုင္း၊ ေနရာတိုင္းမွာ မထိတထိစေနာက္ေနမိပါ၏။

ရွင္းက အေမွာင္ထုကိုမႏွစ္ၿမိဳ႔လွသည္မို႔ အလင္းတစ္စကိုဖန္တီးယူလိုက္သည္။
လက္ဖဝါးျဖန္႔လိုက္သည္နွင့္ ဆူးပန္းပြင့္ေလးေတြ‌ေလထဲမွာအႏွံ႔အျပ‌ားေပၚထြက္လို႔လာကာ  အလင္းေဖ်ာ့ေဖ်ာ့ေလးတခ်ိဳ႕လင္းလက္လို႔လာ၏။


မီးေရာင္ေအာက္တြင္ျမင္လိုက္ရတဲ့က်င္းရဲ႕ပံုရိပ္ကအရင္တုန္းက က်င္းႏွင့္မ်ားစြာကြာျခားလွသည္။အထူးသျဖင့္
သူ႔အေရ႔ွမွာရပ္ေနတဲ့ က်င္းရဲ႕မ်က္လံုးေတြကမည္းနက္‌ေနၿပီး အၾကၫ့္ေတြကႏူးညံ့လို႔ေန၏။
အစြယ္ေသးေသးေလးေတြမရိွေတာ့ေပမယ့္ က်င္းကို႐ုပ္ဆိုးမသြားေစတဲ့အျပင္ ပို၍ခ်စ္စဖြယ္ေကာင္းသြားေစေသးသည္။အမွန္အတိုင္းေျပာရရင္ေတာ့ က်င္းက အရင္ကလိုတည္ၿငိမ္ခန္႔ညားတဲ့ပံုစံမဟုတ္ေပမယ့္
ခပ္ေဟ့ာေဟာ့ေကာင္ေလးတစ္ေယာက္လိုေခ်ာေမာေနေသးသည္။

ၾကၫ့္ေနရင္းမွာပင္ က်င္းက သူ႔‌ေဘးမွာဝင္ရပ္လိုက္ၿပီး လက္ကိုလွမ္းဆြဲလို႔လာခဲ့သည္။
မထင္မွတ္ထားသၫ့္ အျပဳအမူေၾကာင့္ ရွင္းရဲ့မ်က္လံုးေတျြပဴးက်ယ္သြားရၿပီး
က်င္းကိုအေဝးကိုလြင့္ထြက္သြားေအာင္ လုပ္လိုက္မိေတာ့သည္။

Unicode:

လေထဲမှာလွင့်‌မြော‌နေတဲ့ မက်မွန်ပန်းတွေနှင့်အတူ‌ပဝါစ‌လေးအသာလှပ်ပြီး
နွဲ့‌နှောင်းစွာကနေတဲ့ ချစ်သူကိုပြုံးမြမြနှင့်ကြည့်နေမိပေမယ့်
ကျင်း ရဲ့ ရင်ထဲမှာခံစားချက်တချို့ကပျောက်ဆုံးလို့နေသည်။
အချစ်နဲ့တွေ့ရင် တုန့်ပြန်တတ်သည်ဟုဆိုသည့်
ရင်ခုန်သံတွေကလည်း မြေပေါ်မှာခိုင်ခိုင်မြဲမြဲကုပ်တွယ်ထားတဲ့
သစ်မြစ်တွေလို လှုပ်ခါခြင်းအလျဉ်းမရှိ။

                                           [*ကျင်း>>ရွှေ*]

လက်ထဲမှာရှိနေတဲ့ကျောက်ဖြူခွက်ထဲမှ
သေရည်နွေးနွေးလေးကလည်း အရသာချိုမြမြကိုမပေးစွမ်းနိုင်ခဲ့လေတော့
သူ့ရင်တွေလည်းလှစ်ဟာနေခဲ့ရပြီပေါ့။
ကံကြမ္မာနတ်မင်းက‌တော့ပန်းနတ်သမီး ရှန်းရှုးနဲ့ပေါင်းဖက်ရမယ်လို့
နိမိတ်ဖတ်ပေးခဲ့ပါရဲ့။ သို့ပေမယ့် ထိုနိမိတ်စကားထဲမှာ
မှားယွင်းမှုတစ်ခုရှိနေလိမ့်မယ်လို့ထင်နေမိတာ
ဘာ‌ကြောင့်များပါလိမ့်။

                                   [*ရှန်းရှုး>>နတ်မိမယ်*]

ရှန်းရှူးကိုစိတ်ထဲမှာ‌နေရာ‌ပေးထားခြင်းမရှိဘူး
ဆိုတာတော့မဟုတ်လှပေမယ့် သူ့နှလုံးသားကတစ်စုံတစ်ယောက်ကို
အနှစ်ရှစ်သောင်းလုံးလွမ်းဆွတ်တမ်းတနေခဲ့သည်က
တော့အမှန်။ မှောင်မိုက်နေတဲ့ကောင်းကင်တစ်ခွင်က
မဟူရာလိုနက်မှောင်ကာ ကြယ်တွေပျောက်ဆုံးနေလျက်။ ဒါပေမယ့် သူ့စိတ်ကူးထဲမှာတော့ ကြယ်ရောင်စုံကထွန်းလင်းနေခဲ့သည်။
အရောင်တလဲ့လဲ့လက်နေတဲ့ကြယ်တွေကြားမှာ
ရပ်နေတဲ့နတ်ဘုရားတစ်ပါးက ဘယ်သူများပါလိမ့်။

အဖြူရောင်နဲ့ရွှေရောင်တွဲစပ်ထားတဲ့ဝတ်ရုံရှည်ကို
ဝတ်ဆင်ထားပြီး မဟူရာလိုမည်းနက်နေတဲ့
ဆံနွယ်ရှည်တွေကို စည်းနှောင်ခြင်းမရှိပဲ‌ကျောပြင်တစ်လျောက်
ဖြန့်ကျက်ထားတဲ့ပုံရိပ်တစ်ခုက သူ့အာရုံထဲကို
အမြဲတမ်းတိုးဝင်လို့လာတတ်သည်။
ကျောပြင်ပဲမြင်ရသည်ဆိုပေမယ့် နတ်ဘုရာလေးရဲ့လှုပ်ခါနေတဲ့ပုခုံးစွန်းနှစ်ဖက်က ငိုကြွေးခြင်းပြယုပ်တွေရဲ့သက်သေဖြစ်နေခဲ့သည်။
တစ်ခါတစ်လေမှာတော့ ထိုပုံရိပ်လေးကသွေးရောင်တွေလွှမ်းကာ သူ့ကိုနှုတ်ဆက်တတ်ပါရဲ့။

သူဒဏ်ရာတစ်ခုခုရတိုင်း ထိုပုံရိပ်‌လေးကသူ့အရှေ့မှာ
သွေးတွေစွန်းထင်းလျက်နှင့် ပေါ်လာတတ်သည်။
ထူးဆန်းလှသည်ဆိုပေမယ့် သူ့ဒဏ်ရာတွေကဘယ်တော့မှနာကျင်ခြင်းမရှိခဲ့ပါလေ။ သွေးမည်မျှပင်ထွက်နေပါစေ။
ဘယ်‌လိုနာကျင်ခြင်းကိုမှ သူ့ဆီမသယ်ဆောင်နိုင်ခဲ့ပါ။
ထိုအစား သွေးစွန်းနေတဲ့နတ်ဘုရားပုံရိပ်လေးထံမှ
ငြီးငြူသံတချို့သာ သူကြားခဲ့ရသည်။
အမြဲတစေ မြင်တွေ့‌နေရပေမယ့် နတ်ဘုရားလေးရဲ့ မျက်နှာကိုလုံးဝမမြင်ရတတ်တာက ဘယ်ဘဝကထားခဲ့သည့်
စည်းတွေကခြားထားလို့များပါလိမ့်။

ဖြစ်နိုင်ရင် တစ်စုံတစ်ယောက်ကိုလှမ်း၍မေးလိုက်ချင်သည်။
နတ်ဘုရားနယ်မြေမှာ အဘယ်သူက အဖြူရောင်နဲ့ရွှေရောင်အဝတ်အစားတွေဝတ်ဆင်တတ်ပါသလဲ။ အဘယ်သူက မှင်ရောင်လွှမ်းနေတဲ့ဆံနွယ်ရှည်တွေကို စည်းနှောင်ဖို့
ပျင်းရိနေပါသလဲ။ အဘယ်သူက သူ့မြင်ကွင်းထဲကို
ခဏခဏလာရောက်လည်ပတ်တတ်ပါသလဲ။
မေးခွန်းတွေက မြစ်ရေလိုစီးဆင်းနေပေမယ့်
သီးခြားနယ်မြေအဖြစ်သတ်မှတ်ထားတဲ့
နတ်ဘုရားနယ်မြေထဲမှ တစ်စုံတစ်ယောက်ကို
သွားရောက်မေးမြန်းဖို့က အေးခဲနေတဲ့ဆီးနှင်းတွေကို
နွေလယ်ခေါင်ကြီးထဲမှာကျနေတဲ့ မိုးစက်တွေကြားမှာ ကြည့်ရသည်ထက်ပိုခက်ခဲလွန်းလှပါသည်။

"ကိုကို!!!"

သနပ်ခါးပန်းရနံ့လှိုင်နေတဲ့သေရည်ကို
တမြေ့မြေ့နှင့်အရသာခံကြည့်နေစဉ် ကြားလိုက်ရတဲ့
အသံစူးစူးတစ်ခုကြောင့် ကျင်းလှည့်ကြည့်လိုက်မိသည်။
ရှန်းရှုးက သူမရဲ့အကကို သူ မကြည့်လိုက်တာသိနေလို့ဖြစ်မည်။
မျက်စောင်းရွယ်ပြီး နှုတ်ခမ်းလေးကလည်းဆူလို့။
သို့ပေမယ့် အနှီချစ်စဖွယ်မြင်ကွင်းလှလှလေးထဲမှာ
အဓိပ္ပာယ်များစွာပျောက်ဆုံးလို့‌နေပြန်သည်။

ဘာကြောင့်များပါလိမ့်!!!
ဘယ်သူ့ကြောင့်များ ငါဒီလိုဖြစ်နေရပါလိမ့်!!!

စိတ်ထဲမှာဖြတ်ခနဲပေါ်လာပြန်တဲ့မေးခွန်းတွေက
ယခင်တုန်းကနှင့်ထပ်တူပင်။ ဖြေကြားသံတို့က
တိတ်ဆိတ်နေလျက်။ ‌

"ကိုကိုလို့...."

အတွေးတွေထဲနစ်မြောနေလိုက်တာ ရှန်းရှုးရဲ့ချွဲနွဲ့သံလေးကြားလိုက်မှပဲ အသိစိတ်ကခန္ဓာနဲ့ပြန်ကပ်လာခဲ့သည်။

"အင်း...."

"ကိုကို ခုနတုန်းကဘာလို့ ရှုးအာ က‌နေတာကိုမကြည့်ရတာလဲဟင်.....

ကိုကို့အတွက်အားကြိုးမာန်တက်ကပြနေတာပါ‌ဆို...
ကိုကိုနော်....ရှုးအာကိုမချစ်တော့ဘူးလား ပြော"

နားဆွဲလေးတွေတုန်ခါနေ‌အောင်ခေါင်းလေးယမ်းလိုက်၊
ချစ်စဖွယ်ကောင်းအောင်ခုန်ပေါက်လိုက်နှင့် လုပ်နေသည့်
ရှန်းရှုးကတကယ်ကို ဖြူစင်လွန်းတဲ့ယုန်မလေးလိုပါပဲ။
ဟော။။။။။‌ပြောနေရင်းနှင့် သူမလေးက
ကျင်းရဲ့ပခုံး‌ပေါ်မေးဖျားလေးတင်လို့လာပြန်သည်။
လှည့်ကြည့်လိုက်တော့ သွားစွယ်တန်းလေးတွေပေါ်အောင် ပြုံးပြနေလေရဲ့။
ဘယ်လောက်တောင် ချစ်စရာကောင်းပြီးချောမောလိုက်တဲ့ မိန်းက‌လေးလဲ။
ဒါကိုတောင် သူကစိတ်သိပ်မဝင်စားသလိုဖြစ်နေမိသတဲ့။
သိပ်ကိုစိတ်ကြီးဝင်လွန်းနေမိတာပါပဲ။

ကျင်းက သူမအပေါ်အပြစ်မကင်းသလိုခံစားလိုက်မိတာကြောင့် ဆံပင်လေးတွေကိုခပ်ဖွဖွသပ်ပေးလိုက်ပြီး
တောင်းပန်စကားလိုက်ပါ၏။ သူမလေးကိုစိတ်မညစ်စေချင်တာ သူ့ရင်ထဲကတကယ့်စိတ်ရင်းပါလေ။

"ကိုယ်တောင်းပန်ပါတယ်.....
ဒီညသောက်တာများသွားလို့ ခေါင်းသိပ်မရှင်းဖြစ်နေလို့ပါ.....


နောက်တစ်ခါကျရင် မင်းကိုတစ်ချိန်လုံးမျက်တောင်မခပ်ပဲကြည့်နေပါ့မယ်လို့ ကတိပေးပါတယ်"

ကျေနပ်စရာကောင်းလှတဲ့အဖြေစကားကြောင့်
ရှန်းရှုးပြုံးလိုက်မိသည်။ ဘယ်လောက်ပင်အေးစက်လွန်းတဲ့ဆက်ဆံရေးတွေ
သူမတို့ကြားမှာရှိနေပါစေ။ သူမလုံးဝဂရုစိုက်မည်မဟုတ်။
ကောင်းကင်ဘုံရဲ့အိမ်ရှေ့စံကို လက်လွှတ်ဖို့ဆိုတာ
သူမအတွက်လွယ်ကူသည့်ကိစ္စမှမဟုတ်ပဲ။
ကံကြမ္မာနတ်မင်းကိုတောင် အကူအညီတောင်းပြီး
သူ့အနားမှာနေဖို့ ဖန်တီးခဲ့တာက လက်လျော့ဖို့မှမဟုတ်ခဲ့ပဲ။ ဒါကြောင့်
ဘယ်‌လိုအတားအဆီးမျိုးက သူမကိုကြိုဆိုနေပါစေ။
ကျော်ဖြတ်သွားပါမည်။ အနည်းဆုံးတော့
အိမ်ရှေ့စံရဲ့ကြင်ယာတော်ဆိုသည့်ဂုဏ်ပုဒ်ကတော့
သူမလက်ထဲကျန်နေခဲ့ရမှာပဲလေ။ ဘာလို့များအမှုထားရပါဦးမလဲ။

အတွေးတစ်မျိုးစီနှင့်အလုပ်ရှုပ်နေကြတဲ့
အချစ်ငှက်မောင်နှံကို ငေးကြည့်နေရင်း
မီးဝိဉာဉ်(ရှင်း) သက်ပြင်းခိုးရှိုက်မိသည်။

"ထိုက်ယန်နတ်ဘုရား.....
ကျွန်တော့်နှလုံးသားကိုတစ်ခါလောက်‌လေးပဲ
ယုံကြည်ပေးလို့မရဘူးလားဟင်.....
တစ်ခေါက်လေးပဲလေ....မရဘူးလား...."

             [*ထိုက်ယန်နတ်ဘုရား>>နေနတ်ဘုရား*]

တစ်ချိန်တုန်းက တစ်စုံတစ်ယောက်ကမျက်ရည်‌တွေကြားက‌နေ
သူ့ကိုမေးခဲ့ဖူးပါရဲ့။ ဒါပေမယ့် သူပြန်‌ဖြေဖို့တွန့်ဆုတ်မိခဲ့သည်။ဒါ‌ကြောင့်ပဲ လုံးဝမဆုံနိုင်ရအောင်ဝေးကွာခြင်းဆိုသည့်စည်းတို့က ခြားသွားခဲ့ရသည်။

သူဒီတစ်ခါရော ဘယ်လိုရင်ဆိုင်ရပါ့မလဲ။သူက ကျင်းအရမ်းချစ်ခဲ့ဖူးသည့်သူဆိုတာကို
ဘယ်လိုမေ့ရက်နိုင်ပါ့မလဲ။ဘာ‌ကြောင့် အားလုံးကိုမှတ်မိနေတဲ့သူက
ကျင်းမဟုတ်ဘဲ သူဖြစ်နေရတာလဲ။
တကယ်ဆိုရင် ပိုချစ်တဲ့သူကကျင်းမဟုတ်လား။
ပိုချစ်တဲ့သူက အားလုံးကိုတကယ်‌မေ့ပစ်နိုင်သတဲ့လား။

ပျော်ရွှင်စွာရယ်မောနေကြတဲ့ စိတ်တူကိုယ်တူ ချစ်သူနှစ်ဦးကို ငေးကြည့်ရင်းနှင့် ရှင်း နာကျင်စွာရယ်‌မောလိုက်မိသည်။

သူ့အသံတွေက လည်ချောင်းကိုနာကျင်သွားသည်အထိတစ်ဆို့နေပြီး မျက်ရည်တွေက နာကျင်မှုရဲ့အတိုင်းအတာကမည်မျှကြီးမား‌ကြောင်းကိုဖော်ပြပေးနေကြသည်။
ဘယ်အချိန်ထိ သူဘေးမှာရပ်ကြည့်နေရပါ့မလဲ။
အနှစ်ရှစ်သောင်း‌လေ။ သူရပ်ကြည့်နေခဲ့ရတာ
အနှစ်ရှစ်သောင်းတောင်ရှိခဲ့ပြီလေ။
ဒီအချိန်လောက်နဲ့ပဲ နာကျင်မှုတွေကိုကံကြမ္မာဆီပြန်အပ်နှံလို့မရဘူးလား။

ကျောခိုင်းပြီးခြေလှမ်းတွေကို ဦးတည်ချက်ပြောင်းလိုက်တော့ အမှတ်တရတွေက သူ့ကိုထွက်မသွားဖို့တားမြစ်နေကြပြန်သည်။ ဒါပေမယ့် ထွက်သွားယုံအပြင်သူဘာကိုများထပ်တောင်းဆိုရအုံးမှာတဲ့လဲ။

မသောက်ပဲမူးချင်နေသည့်ခန္ဓာကိုယ်က အသည်းကွဲခြင်းရဲ့အစဆိုတာ သဘောပေါက်မိတော့ ခါးသီးခြင်းတွေက လမ်းဆုံးကိုဆွဲခေါ်နေပြန်သည်။ ဒါပေမယ့် ထွက်သွားဖို့ဆိုတာ ဘယ်လိုသတ္တိတွေ၊ ဘယ်လိုပြတ်သားခြင်းတွေကိုသက်‌သေပြုပြီး
နှလုံးသားကိုရင်းနှီးရပါ့မလဲ။

သူသိတာက ကျင်း ဆိုသည်မှာ သူ့ကိုသိပ်ချစ်ခဲ့တဲ့နတ်သားလေးတစ်ပါး။ ထိုနတ်သားလေးက သူ့ကိုကယ်တင်ချင်သည့်စိတ်တစ်ခုတည်းနှင့်
အသက်ပေါင်းများစွာကို‌နှုတ်ယူပစ်ခဲ့သည်။
သူ့အသက်သူပင် မျက်တောင်တစ်ချက်မခတ်ပဲစွန့်ပစ်ခဲ့ဖူးသည်။ အသက်နှင့်ရင်းပြီး မျက်ရည်စတွေကိုအဖော်ပြုကာသူ့ကိုချစ်ခဲ့သည့် ကျင်းက အခုတော့ ရှန်းရှုး ကိုတကယ်‌ရွေးချယ်သွားခဲ့ပြီဆိုတာကို
သူဘယ်လိုအင်အားနှင့်လက်ခံရပါ့မလဲ။

အခုတလော သူတွေးနေမိတာက ကျင်း သူ့ကိုတကယ်ချစ်ခဲ့ဖူးရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။

အချစ်လား။သူတို့ကြားမှာအချစ်ဆိုတာ
မရှိခဲ့ဘူးလို့ အားလုံးကသတ်မှတ်ခဲ့ကြဖူးသည်။
ကိုယ့်ကိုတွယ်တာနေတဲ့ကလေးတစ်ယောက်ကိုနှစ်သိမ့်ပေးခဲ့တဲ့ အချစ်မဟုတ်တဲ့အချစ်တွေပဲ
ကျင်းကိုပေးခဲ့မိတာလို့ပြောရင်
မယုံကြည်မယ့်သူတော့ရှိလိမ့်မည်မဟုတ်။

'ဒါပေမယ့် မင်းကိုငါသိပ်ချစ်ခဲ့တယ် ကျင်း!!!
ငါက မင်းလက်ထပ်လိုက်တဲ့အချိန်ရောက်မှ
မင်းကိုချစ်မိနေတယ်ဆိုတာသိလိုက်မိတာလေ....

သိပ်နောက်ကျသွားပြီဆိုတာသိလို့ ငါအဝေးကိုထွက်သွားခဲ့မိတာ...  
မင်းရော၊ ငါရော လှည့်စားခံခဲ့ရမယ်လို့
ငါမှမထင်ခဲ့မိပဲ......

ငါ့လက်နဲ့မင်းကိုသတ်ခဲ့ရတဲ့ခံစားချက်က
အခုထိလောင်ကျွမ်းအောင်ပြုစားနေတုန်းပဲ......
ခံရခက်တယ်.....မင်းရဲ့သားအဖြစ်ပြန်ဝင်စားခဲ့ရတဲ့
မင်းကိုကြည့်နေရတာ ငါတကယ်ခံရခက်လွန်းတယ်

ငါ့အပြစ်တွေကြောင့်သာ မဟုတ်ရင်
မင်းမချစ်တဲ့သူရဲ့ သားအဖြစ် ဒီနေရာမှာရှိနေရမှာမဟုတ်ဘူး.....
အခုလိုလည်း သူများထိန်းချုပ်တာခံနေရမှာမဟုတ်ဘူး.....

ငါမှားသွားတယ် ကျင်း....
အဲ့ဒီနေ့က မင်းရဲ့‌မေးခွန်းပြန်မဖြေမိခဲ့တာ
ငါမှားသွားတယ်.....
မင်းရဲ့စိတ်ရင်းအမှန်ကိုမသိပဲ ဓားနဲ့ရက်ရက်စက်စက်ထိုးသတ်လိုက်မိတာ
ငါမှားသွားတယ်.....

ခွင့်လွှတ်ပေးဖို့ မတောင်းဆိုဘူး......
မင်းလွတ်လပ်တဲ့ဘဝကို ပိုင်ဆိုင်ရဖို့ပဲ
ကြိုးစားပေးချင်မိတာ......

ဒါတွေအားလုံးပြီးရင်တော့ မင်းရဲ့ဘဝထဲကနေ
လုံးဝထွက်သွားပေးပါ့မယ်.....
အရင်တုန်းကအတိုင်းမင်းရဲ့မာနကြီးတဲ့
ရှစ်ဇွင်းအဖြစ်နဲ့ပေါ့.....'

ရုတ်တရက်ကြီးနှာခေါင်းထဲအရှိန်အဟုန်နှင့်တိုးဝင်လာတဲ့ သနပ်ခါးပန်းရနံ့ကြောင့် ကျင်းမတ်တပ်ရပ်လိုက်မိသည်။

"ရှစ်ဇွင်း?"

မျက်လုံးကိုဝေ့ကြည့်ပြီး အလောတကြီးလိုက်ရှာလိုက်တော့
သူ့ကိုကျောခိုင်းကာလှည့်ထွက်သွားသည့်
အနီရောင်အရိပ်လေးကိုမြင်လိုက်ရသည်။

"ရှစ်ဇွင်းပဲ"

ဝမ်းသာပျော်မြူးကာ သွားတွေပေါ်အောင်ပြုံးလိုက်မိတော့ ရှန်းရှူးကမေးလာသည်။

"ကိုကိုဘယ်သူလဲဟင်"

"ကိုယ်သွားပြီ.....သွားစရာရှိလို့"

အလျင်အမြန်စကားဖြတ်ပြီး ထွက်သွားတဲ့ ကျင်းကိုကြည့်ပြီး ရှန်းရှူးသံဝေဂရမိသည်။
ခုနတုန်းက ဖုန်အလိပ်လိပ်တက်နေသလိုသုန်မှုန်နေတဲ့
မျက်နှာက အခုလိုကျတော့ပြုံးဖြီးနေတာပါလေ။

ဘယ်ကမှန်းမသိတဲ့သာမညညောင်ညောင်ဆရာကို
ခင်တွယ်နေသည့် ကျင်းကိုသူမတကယ်ကြည့်မရနိုင်ပြီမို့ မိုးနတ်မင်းနှင့်တိုင်ဖို့သာစဉ်းစားလိုက်ပါ၏။
သို့ပေမယ့် သူမမသိခဲ့သည်က
သူမပြောသော သာမညညောင်ညောင်ဆရာဆိုသည်မှာ
သုံးလောကတွင်မည်သူမှမယှဉ်နိုင်သည့်
မီးဝိဉာဉ်ဖြစ်နေတာပါပဲ။

တည်ငြိမ်မှုအပေါင်းခြံရံပြီး ရှင်း ကျောခိုင်းထွက်လာခဲ့မိသည်။ သို့ပေမယ့်
သစ်တောရဲ့အလယ်ရောက်သည်နှင့်ခပ်လှမ်းလှမ်းရှိမက်မွန်ပင်တွေကြားမှဆယ်ကျော်သက်အရွယ်နတ်သားလေးတစ်ပါးက
လေထဲမှာပျံဝဲပြီးထွက်‌ပေါ်လို့လာခဲ့သည်။
ထိုလူငယ်ကမဟူရာလိုနက်မှောင်နေတဲ့အဝတ်အစားဝတ်ထားပေမယ့်သူ့ကိုယ်ထဲကနေ အလင်းဓာတ်တစ်မျိုးကဖြာလို့‌နေသည်။သူ့ရဲ့ဝတ်စုံက
ကိုယ်အတိဝတ်စုံဖြစ်နေပြီးဝတ်ရုံရှည်တွေမဝတ်ထားပါ။ ခြုံငုံကြည့်လိုက်ရင်တော့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့အသွင်ဆောင်လို့နေသည်။

ရှည်လျားလှတဲ့ဆံနွယ်ရှည်တွေက
ကချေသည်တွေရဲ့ပုဝါစလေးလိုပင် လေထဲမှာတလွင့်လွင့်နှင့်။ထိုခဏ၌
ရုတ်တရက်ဆိုသလို အနှီ‌ကောင်လေးကလက်ထဲမှာအသင့်ကိုင်ထားသည့်အနက်ရောင်ကြာပွတ်ကိုဝေ့ယမ်းလို့လာခဲ့သည်။
ရှင်းမရှောင်မိပါ။ဘာလို့လဲဆိုတော့ ထိုကောင်လေးက သူ့ကိုတိုက်ခိုက်တာမဟုတ်ပဲ မက်မွန်ပန်းတွေသူ့အ‌ပေါ်သို့ကြွေကျလာအောင်သာလုပ်လိုက်သောကြောင့်ဖြစ်သည်။

တဖြုတ်ဖြုတ်နှင့်‌ကြွေကျလာတဲ့ မက်မွန်ပန်းပွင့်လွှာတွေကြားမှာ
သူ့ကိုအပြုံးတစ်ခုနဲ့ကြိုဆိုနေတဲ့ကောင်လေးကို
ရှင်း ငေးခနဲကြည့်လိုက်မိသည်။
တကယ်ကိုလွမ်းလွမ်းဆွေးဆွေးပုံစံနဲ့ကြည့်လိုက်တာပါ။သူ့အရှေ့မှာရှိနေတာက ကျင်းလေ။

"ရှစ်ဇွင်း....
ဒီလိုအချိန်ဆိုရင် ရှစ်ဇွင်းရဲ့အလှကပိုပေါ်လွင်တယ်ဆိုတာ သိရဲ့လား"

ကျင်းရဲ့စနောက်မှုကြောင့် ရှင်းမှာထိန်းချုပ်ထားပေမယ့် နားရွက်ဖျားတွေပင်နီရဲလာရချေပြီ။ သူသည်ဒီလိုစနောက်မှုကိုခံနိုင်ရည်မရှိပါပေ။
အရင်တုန်းကလို စိတ်မျိုးဆိုရင် ကျင်းကိုရိုက်နှက်ပြီး‌နေလောက်ပါပြီ။
သို့ပေမယ့် ယခုအချိန်မှာတော့ အေးတိအေးစက်မျက်နှာကြီးကိုသာ
ပြဖြစ်ပါ၏။ ဒါကမည်သူ့ကိုမဆိုသူပြသတတ်သည့်
မျက်နှာထားသာ။ သူကခံစားချက်တွေကို တစ်ပါးသူကို ထုတ်ပြဖို့ဝန်လေးတတ်သည်မဟုတ်လား။

" ပျင်းစရာကောင်းလိုက်တဲ့ဟာသပဲ"

အေးတိအေးစက်နှင့်ပြန်ပြောလိုက်တဲ့ ရှင်းကြောင့်
ကျင်း ရယ်မိချေပြီ။ သူ့ရှစ်ဇွင်းဆိုသည်မှာလည်း
အမြဲဆူပုတ်နေတတ်တဲ့အကျင့်ကို စွဲလမ်းတတ်သူပါလေ။
သို့သော် ရှင်းကိုမစရပဲ သူမနေနိုင်ပါ။ဒါ‌ကြောင့်
အချိန်တိုင်း၊ နေရာတိုင်းမှာ မထိတထိစနောက်နေမိပါ၏။

ရှင်းက အမှောင်ထုကိုမနှစ်မြို့လှသည်မို့ အလင်းတစ်စကိုဖန်တီးယူလိုက်သည်။
လက်ဖဝါးဖြန့်လိုက်သည်နှင့် ဆူးပန်းပွင့်လေးတွေ‌လေထဲမှာအနှံ့အပြ‌ားပေါ်ထွက်လို့လာကာ  အလင်းဖျော့ဖျော့လေးတချို့လင်းလက်လို့လာ၏။


မီးရောင်အောက်တွင်မြင်လိုက်ရတဲ့ကျင်းရဲ့ပုံရိပ်ကအရင်တုန်းက ကျင်းနှင့်များစွာကွာခြားလှသည်။အထူးသဖြင့်
သူ့အရှေ့မှာရပ်နေတဲ့ ကျင်းရဲ့မျက်လုံးတွေကမည်းနက်‌နေပြီး အကြည့်တွေကနူးညံ့လို့နေ၏။
အစွယ်သေးသေးလေးတွေမရှိတော့ပေမယ့် ကျင်းကိုရုပ်ဆိုးမသွားစေတဲ့အပြင် ပို၍ချစ်စဖွယ်ကောင်းသွားစေသေးသည်။အမှန်အတိုင်းပြောရရင်တော့ ကျင်းက အရင်ကလိုတည်ငြိမ်ခန့်ညားတဲ့ပုံစံမဟုတ်ပေမယ့်
ခပ်ဟေ့ာဟော့ကောင်လေးတစ်ယောက်လိုချောမောနေသေးသည်။

ကြည့်နေရင်းမှာပင် ကျင်းက သူ့‌ဘေးမှာဝင်ရပ်လိုက်ပြီး လက်ကိုလှမ်းဆွဲလို့လာခဲ့သည်။
မထင်မှတ်ထားသည့် အပြုအမူကြောင့် ရှင်းရဲ့မျက်လုံးတြွေပူးကျယ်သွားရပြီး
ကျင်းကိုအဝေးကိုလွင့်ထွက်သွားအောင် လုပ်လိုက်မိတော့သည်။

© Sun Elf,
книга «The truth untold».
Коментарі