Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 26
ဟုန္ဟြမ့္ကိုင္ေဆာင္သၫ့္
လျခမ္းေကြးနဲ႔လီလီပန္းပံုဆြဲျပားေလးကို
ၾကၫ့္ရင္း ရွင္း ခ်ိဳျမစြာၿပံဳးလိုက္မိသည္။

တစ္ဆက္တည္းမွာ သူ႔အေတြးထဲဝင္လာခဲ့တာက
ဟုန္လင္က်င္းနဲ႔သူနဲ႔
ပထမဆံုးေတြ ့ဆံုခဲ့သၫ့္ေန့ေလးပင္။။။။။

အဲ့ဒီေန့ေလးမွာ ေကာင္းကင္ႀကီးတစ္ခုလံုး
ပုဇြန္ဆီေရာင္သမ္းေနခဲ့ၿပီး ၊
တခ်ိဳ႕တစ္ဝက္မွာေတာ့ ‌ေရႊေရာင္တိမ္စိုင္ေလးေတြနဲ႔
ဖံုးအုပ္ေနခဲ့သည္။

ဟြာ့စန္းေတာင္ေပၚကလြင့္လာသၫ့္
ေစာင္းသံေဖ်ာ့ေဖ်ာ့ေလးမွာ
သာယာၿငိမ့္ေျငာင္းၿပီး၊
ရွင္းကိုေတာင္ေပၚတက္လာဖို႔
ဆြဲေဆာင္ေနသၫ့္ႏွယ္။။။။။။
ထိုသံစဉ္ေလးသည္ ေက်းငွက္‌ေလးေပၚ
သစ္ရြက္ဝါေလးေႂကြက်လာသလို၊
လြမ္းေမာဖြယ္ေကာင္းလွသည္။
သို႔ေပမယ့္ ထိုလြမ္းေမာဖြယ္ရာသံစဉ္ေလးထဲတြင္
မိုးစက္မိုးေျပာက္ေတြထဲမွာ
ဓားသိုင္းကစားေနသၫ့္
နတ္ဘုရားတစ္ပါးရိွေနသကဲ့သို႔
စိတ္ဓာတ္ခြန္အားတက္ႂကြေစမႈလည္း
ေပ်ာ္ဝင္ေနေသးသည္။

ထပ္တလဲလဲ‌နားေထာင္ေနရသၫ့္တိုင္၊
ရိုးအီသြားျခင္းမရိွသၫ့္သီခ်င္းကို
တီးခတ္ေနသူအား ျမင္ခ်င္လြန္းေပမယ့္၊
ရွင္းအတြက္ခက္ခဲလွပါ၏။
ထိုသူက ခ်ီစြမ္းအင္ေတြေပါမ်ားၿပီး၊
သက္ေတာ္ရွည္နတ္မင္းႀကီးမ်ားသာ
လာခြင့္ရိွသၫ့္ ဟြာ့စန္းေတာင္ေပၚမွာ
ေနထိုင္သူသာ။

သို႔အတြက္ ငယ္ရြယ္ၿပီး
အားနည္းလွသၫ့္ရွင္းမွာ
သူ႔အိပ္မက္ထဲကနတ္ဘုရားေလးကို
ေတြ ့ဆံုဖို႔၊အင္မတန္ခက္ခဲလြန္းေနခဲ့သည္ေလ။

ထို႔ေၾကာင့္ ညေနခင္းတိုင္းၾကားရေလ့ရိွသၫ့္
ေစာင္းသံေလးကိုသာနားေထာင္ရင္း
ေတြ ့ခ်င္စိတ္ေတြကိုခ်ိဳးႏိွမ္ဖို႔ႀကိဳးစားရေတာ့သည္။
ဒါေပမယ့္ ရွင္းဆိုသည္မွာ
စိတ္ေစရာေနာက္ကိုလိုက္တတ္သၫ့္
နတ္ငယ္ေလးသာျဖစ္သည္မို႔၊
ထိုစိတ္ဆႏၵကိုအခ်ိန္ၾကာသည္အထိ၊
မထိန္းခ်ဳပ္ႏိုင္ခဲ့ေပ။

တိတ္ဆိတ္လွသၫ့္ ညခ်မ္းေလးတစ္ခုမွာ။

အျပာေရာင္ဝတ္စံုကိုဆင္ယင္ျပီး၊
ေငြေရာင္ဆံႏြယ္ေတြပိုင္ဆိုင္ထားသၫ့္
ရွင္းသည္ ႏြယ္ရွင္ေတြရဲ့အကူအညီကိုယူၿပီး
ဟြာ့စန္းေတာင္ေပၚသို႔ တိတ္တဆိတ္တက္ခဲ့ေတာ့သည္။

ေလႏုေအးေတြက သူ႔ဆံႏြယ္ေတြၾကားကေန
ျဖတ္သန္းၿပီး၊ သူ႔ကိုယ္ေပၚမွမက္မြန္ပန္းရနံ႔ကို
ေတာင္ေပၚသို႔သယ္ေဆာင္သြားေနၾကသလိုပင္။
ႏြယ္ႀကိဳးကိုလက္တစ္ဖက္နဲ႔ကိုင္ၿပီး၊
က်န္လက္တစ္ဖက္မွာေတာ့
ေရစက္ေလးေတြတြဲလြဲခိုေနသၫ့္ဓားရိုးကို
ဆုပ္ကိုင္ထားသၫ့္ ရွင္းမွာ
အရုပ္ေလးတစ္ရုပ္လို၊ ထင္မွတ္စရာေကာင္းေနခဲ့သည္။

လျပၫ့္ညတိုင္း ေတာင္ေပၚကေနဆင္းလာတတ္သၫ့္
ႏြယ္ရွင္‌ေတြသည္၊ ညသန္းေခါင္ခ်ိန္ေရာက္သည္ႏွင့္
ေတာင္ေပၚသို႔ျပန္တက္သြားတတ္သည္။
ရွင္းကလည္း ထိုအေလ့အက်င့္ကိုသိ၏။
သို႔ေၾကာင့္သာ အခြင့္အေရးကို
လက္လႊတ္မခံပဲေတာင္ေပၚသို႔တက္လာခဲ့ျခင္းပင္။

မဟုတ္ရင္ သူ႔လိုနတ္ငယ္ေလးတစ္ပါးက
ဘယ္လိုလုပ္ဟြာ့စန္းေတာင္ေပၚထိေရာက္ေအာင္
တက္ႏိုင္ပါ့မလဲ‌ေလ။

သူဉာဏ္ေကာင္းလြန္းခဲ့တာပင္။။။။။။။

ေတာင္‌ေပၚသို႔ခဲရာခဲဆစ္တက္လာၿပီးသၫ့္
ေနာက္မွာေတာ့ ရွင္းမွင္သက္သြားရေတာ့သည္။
သူ႔ကိုဆီးမိုးၾကၫ့္ေနသူတစ္ေယာက္။

ပိတုန္းေရာင္ဆံႏြယ္ရွည္ေတြသည္
ကေခ်သည္ေလးမ်ားကခုန္ေနသၫ့္ႏွယ္၊
ေလထဲမွာလူးလြင့္ေနၿပီး၊ ဝတ္ရံုအဖ်ားေလးေတြကေတာ့
အနီေရာင္လိပ္ျပာေလးမ်ားနွယ္
ထိုသူ႔ေဘးတြင္ပ်ံဝဲေနခဲ့သည္။

နီညိုေရာင္မ်က္ဝန္းေတြထဲမွာကိန္းခိုေနသည္က ႏူးညံ့မႈမ်ားနဲ႔ၾကင္နာမႈမ်ားသာ။
ထိုမ်က္ဝန္းေတြၾကားမွာရိွသၫ့္
ႏွာတံခြၽန္ခြၽန္ေလးသည္
နီေဆြးေဆြးႏႈတ္ခမ္းႏွစ္လႊာနဲ႔
မ‌နီးမေဝးအကြာအေဝးမွာအဆံုးသတ္၏။

ရွည္လ်ားသၫ့္မ်က္ေတာင္ရွည္မ်ားသည္
ထိုသူ၏ စိမ္းျမ‌ေရာင္အသားအေရေပၚမွာ ထင္းေအာင္‌ေပၚလြင္ေနခဲ့သည္။

"........."

သူတို႔ႏွစ္ေယာက္လံုးသည္ တစ္ေယာက္ကိုတစ္ေယာက္အခ်ိန္ၾကာျမင့္စြာ
ေငးၾကၫ့္ေနခဲ့ၾကသည္။
တစ္ေယာက္က ေတာင္စြန္းေလးမွာရပ္ေနၿပီး၊
က်န္တစ္ေယာက္ကေတာင္စြန္းရဲ့အဖ်ားမွာ
ကပ္တြယ္ေနသၫ့္ႏြယ္ႀကိဳးကိုကိုင္၍
ေလထဲမွာတန္းလန္းႀကီးျဖစ္ေနခဲ့သည္။
ဘယ္သူ႔မွလည္း စကားစေျပာဖို႔မႀကိဳးစားသလို၊
အၾကၫ့္လႊဲဖို႔လည္း စိတ္ကူးမရိွခဲ့ေပ။

ဤသို႔ႏွယ္ ရွင္းသည္ဟုန္လင္က်င္းျဖစ္လာမၫ့္
နတ္ဘုရား‌ေလးနဲ႔စတင္ေတြ ့ဆံုခဲ့ျခင္းျဖစ္၏။

ထိုစဉ္က ဟုန္လင္က်င္းမွာ
မည္မ်ွအထိသူ႔အေပၚမၾကင္နာခဲ့သလဲဆိုရင္၊
သူ႔ကိုေတာင္စြန္းေပၚမတက္ခိုင္းပဲ၊
ႏြယ္ႀကိဳးခိုစီးရင္း‌ တစ္ညလံုးေနခိုင္းခဲ့တာကိုပဲၾကၫ့္ပါေလ။

အာရုဏ္တက္ခ်ိန္ေရာက္မွ
ဆူပုတ္ေနသၫ့္မ်က္ႏွာျဖင့္
သူ႔ကိုေမာ့ၾကၫ့္ေနသၫ့္
ရွင္းကိုေတာင္‌ေပၚသို႔တက္ေစခဲ့သည္။
တစ္ညလံုးႏြယ္ႀကိဳးကိုဆုပ္ကိုင္ထားရသၫ့္အတြက္
နာက်င္စြာၿငီးျငဴေနခဲ့သၫ့္
ရွင္းကိုၾကၫ့္ၿပီး ရယ္ပင္ရယ္ေနခဲ့ေသးသည္။

သူ႔ရယ္သံသည္ ေနြအခါတြင္
ျမည္တြန္ေနတတ္သၫ့္ငွက္ကေလးႏွယ္
ၾကားရသူကိုနားဝင္ပီယံရိွေစလွသည္။
ဒါေပမယ့္ ရွင္းကေတာ့
ထိုအခ်ိန္က စိတ္ဆိုးေနသည္မို႔
ဟုန္လင္က်င္းရဲ့ရယ္သံေလး
ဘယ္ေလာက္နားေထာင္ေကာင္းခဲ့သလဲဆိုတာကို
သတိမျပဳမိခဲ့သၫ့္အျပင္၊
က်ိန္ပင္ဆဲခဲ့မိေသးသည္မဟုတ္လား။

သို႔ေပမယ့္ ဟုန္လင္က်င္းက
ခ်စ္စရာေတာ့ေကာင္းခဲ့ပါ၏။
ရွင္းရဲ့က်ိန္ဆဲသံကို ဟာသေလးတစ္ႏွယ္မွတ္ယူၿပီး
ေနာက္ပိုင္းမွာ သတိရတဲ့အခ်ိန္တိုင္း

"မင္းငါ့ကိုအဲ့ဒီေန့က.....အဲ့လိုစကားကို....
အဲ့လိုမ်က္ႏွာေလးနဲ႔ေျပာခဲ့တယ္မလား"

ဟူ၍ မွတ္မွတ္ရရျပန္လည္ေျပာခဲ့ေသးပါ၏။

ရွင္းေတာင္ေပၚခိုးတက္လာတဲ့ေန့မွာေတာ့
ဟုန္လင္က်င္းသည္တစ္ေန့လံုးေစာင္းတီးျပၿပီး၊
ညေနေစာင္းေရာက္ေတာ့
စိတ္စြမ္းအင္က်င့္စဉ္ေတြသင္ၾကားေပးခဲ့သည္။

ည‌ဦးပိုင္းမွာေတာ့ သူကိုယ္တိုင္လုပ္ထားသၫ့္
သစ္ေတာ္ပြင့္‌ေသရည္နဲ႔သ‌ေရစာမုန႔္မ်ားကို
တည္ခင္းေကြၽးေမြးကာ၊
ညလယ္ပိုင္းမွာေတာ့ သူ႔စြမ္းအင္နဲ႔ၾကယ္ေတြကိုဆင့္ေခၚၿပီး
ရွင္းရဲ့ေဘးမွာလင္းလက္ေနေစကာ၊
ညရဲ့အလွကိုပိုမိုပီျပင္ေစခဲ့သည္။

အဲ့ဒီညေလးမွာ သာေနခဲ့တဲ့လမင္းႀကီးမွာ
ေသးေသးမ်ွင္မ်ွင္ေလးသာရိွသၫ့္
လျခမ္း‌ေကြးေလးျဖစ္သည္။
လဆန္းတစ္ရက္ေန့ေပကိုး။။။။။

ထိုေန့က ဟုန္လင္က်င္းေျပာခဲ့ေသးသည္။

"မင္းအေၾကာင္းေတြးမိတိုင္း
ဒီညေလးကေတာ့ မပါမျဖစ္တဲ့ညေလး
ျဖစ္ေနေတာ့မွာပဲ"

တဲ့ေလ။။။။။။။

အတိတ္ေတြထဲမွာေသာ့ခတ္သိမ္းထားတဲ့
အမွတ္တရေဟာင္းမ်ားသည္
ထိုသို႔ခ်ိဳၿမိန္ခဲ့တာကို၊ သတိရမိတဲ့တစ္ခဏမွာ
ရွင္း ငိုင္ေတြသြားရေတာ့သည္။
အဲ့ဒီအခ်ိန္တုန္းကရိွခဲ့သၫ့္ ဟုန္လင္က်င္းဆိုသည္မွာ
သံုးေလာကအလယ္မွာဂုဏ္သတင္းေမႊးခဲ့သၫ့္
နတ္ဘုရားတစ္ပါးျဖစ္ခဲ့တာပါေလ။

ၾကက္ေသြးနီေရာင္စံအိမ္ႀကီးမွာေနထိုင္ၿပီး၊
ေရႊေရာင္တဖိတ္ဖိတ္လက္ေနသၫ့္
အနာဂတ္ကိုပိုင္ဆိုင္ခဲ့သူပင္။
ဒါေပမယ့္ ထိုသူကနတ္ဆိုးဘုရင္အျဖစ္
ျပန္လည္ေပၚထြက္လာၿပီး၊
ေကာင္းကင္ဘံုကိုေသြးေခ်ာင္းစီးေစခဲ့သတဲ့ေလ။

ႀကိဳတင္မွန္းဆလို႔မရတဲ့ကံၾကမၼာရဲ့စြမ္းအင္က
အဲ့ေလာက္ေတာင္ အစြမ္းထက္သတဲ့လား။
ရွင္း ရယ္မိေခ်ၿပီ။
မိုးေကာင္းကင္ေအာက္မွာ
ရိွေနရသည္က ဘာေၾကာင့္က်ားကြက္ေပၚက
နယ္ရုပ္ေတြလိုကံၾကမၼာရဲ့
အေျပာင္းအလဲကိုလိုက္ၿပီး
ေျပာင္းလဲေနရပါလိမ့္။

တစ္ခါတစ္ေလ မေက်နပ္ခ်က္ေတြ
ထုတ္ေျပာၿပီး၊ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးခ်င္မိသည္။
ဒါေပမယ့္ ၾကာေတာ့လည္း
ကိုယ္တိုင္ကိုယ္က် ကံၾကမၼာေရစီးမွာ
ေမ်ာပါမိျပန္တာပဲေလ။

ႀကိဳးစားတိုင္းမရနိုင္သၫ့္အထဲမွာ၊
ကံၾကမၼာကိုေျပာင္းလဲပစ္ရျခင္းက
ထိပ္ဆံုးကပါေနတတ္စၿမဲဆိုေတာ့
ဘာကိုမ်ားမေက်နပ္စိတ္ေတြပံုခ်ရပါေတာ့မလဲ။

သိပ္ခက္ခဲတဲ့ပုစၧာတစ္ပုဒ္လိုပါပဲေလ။။။။။။

တစ္ေယာက္တည္း ၿပံဳးလိုက္၊ ရယ္လိုက္လုပ္ေနၿပီးမွ
ရုတ္တရက္ ငိုင္က်သြားေသာသူ႔ကို
ဟုန္ဟြမ့္က စိုးရိမ္သြားသည္ထင္။
အသံျမႇင့္ၿပီး လွမ္းေခၚလာခဲ့သည္ေလ။

"အရွင္....."

"ဟင္"

ရွင္းတကယ္ကိုလန႔္သြားခဲ့တာပင္။
ဟုန္ဟြမ့္ဆိုသည္မွာ အိေႁႏၵႀကီးလွသၫ့္
ဘုရင္မတစ္ပါးျဖစ္သည္မို႔၊
ထိုသို႔ျပဳမူရိုးထံုးစံမရိွခဲ့ပါေလ။
သို႔ျဖစ္၍ ရွင္းမွာခ်က္ခ်င္းပင္
အသိစိတ္ျပန္ကပ္သြားရၿပီး၊
ခ်ိဳၿမိန္သၫ့္အဆိပ္ကန္ႏွင့္တူသၫ့္
ပံုရိပ္ေယာင္နယ္ေျမထဲမွႏိုးထလာရေတာ့သည္။

သူသည္ တစ္ခဏမ်ွခပ္ယဲ့ယဲ့ၿပံဳးလိုက္မိ‌ေသးသည္။
ထို႔ေနာက္မွ ေကာ့ၫႊတ္ေနသၫ့္
မ်က္ေတာင္ရွည္ေတြကိုပင့္ၿပီး
သူ႔ဆႏၵကို ထုတ္ျပန္လိုက္ေတာ့သည္။

"ဟြာ့စန္းေတာင္ကိုသြားမယ္.....
မနက္ျဖန္ဆိုအဲ့‌ဒီညေလးထပ္ေရာက္လာလိမ့္မယ္
ငါေသခ်ာေပါက္ မင္းရဲ့ဆြဲျပားမွာရိွတဲ့
ပေဟဠိကိုေျဖရွင္းႏိုင္မွာပါ"

ထိုအသံထဲမွာ ခိုင္ၿမဲျခင္းေတြနဲ႔
ယံုၾကည္မႈ‌ေတြသာျပၫ့္ႏွက္လို႔ေနခဲ့သည္။
ယိမ္းယိုင္ျခင္းတစ္ခ်က္မွမရိွပဲ၊
မိတ္ေဆြေဟာင္းနဲ႔ေဆြးေနြးရမယ့္
အေၾကာင္းအရာတစ္ခုကို
ႀကံဳေတြ ့ေနရသလိုပင္။
လြတ္လပ္ေပါ့ပါးလို႔ေနခဲ့သည္ေလ။။။။။။

ရွင္းသည္ထပ္မံေျပာခဲ့ပါ၏။

"ငါေသခ်ာေပါက္ေျဖရွင္းႏိုင္မွာပါ.....
ကစားပြဲကအခုမွစမွာ"

တဲ့ေလ။။။။။။
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

ရွင္းနဲ႔ဟုန္ဟြမ့္။။။။။။

ဟြာ့စန္းေတာင္‌ေပၚသို႔တက္ဖို႔ႀကံရြယ္ေနစဉ္။

က်င္းမွာလည္း တစ္ခုေသာကိစၥရပ္ကိုေျဖရွင္းရန္၊
လူ႔ျပည္သို႔ဆင္းဖို႔အေၾကာင္းဖန္လာခဲ့သည္။

မေန့ညတုန္းက အမူးလြန္ၿပီးအိပ္ေပ်ာ္‌ေနစဉ္၊
တစ္စံုတစ္ေယာက္က သူ႔ေဘးမွာစာတစ္ေစာင္ထားသြားခဲ့သည္ေလ။
ထိုစာက အနည္းငယ္ေတာ့ထူးဆန္းလို႔ေနသည္။
အမဲေရာင္စာရြက္ေပၚမွာ
အျဖဴေရာင္မွင္နဲ႔ေရးသားထားသၫ့္
စာျဖစ္ေန‌ေသာေၾကာင့္ပင္။

စာကိုလာထားသြားသူမွာ၊
မည္သူမည္ဝါဆိုတာ အတိအက်မသိရေပမယ့္၊
အဆင့္ျမင့္နတ္အရာရိွတစ္ပါးျဖစ္မွာေတာ့
ေသခ်ာလွပါ၏။
ထိုသူသည္ စိတ္ညို႔ကန္ထဲသို႔အဆီးအတားမရိွ
ျဖတ္သန္းလာႏိုင္သၫ့္အျပင္၊
က်င္းရဲ့နန္းေဆာင္ထဲကိုလည္း
အလြယ္တကူဝင္ေရာက္လာႏိုင္ခဲ့သတဲ့။
ေျခရာ၊လက္ရာပင္အနည္းငယ္မွ
ႂကြင္းက်န္ရစ္ခဲ့ျခင္းမရိွပါေလ။

တကယ္တမ္းေျပာရရင္
ထိုသို႔ေသာပ‌ေဟဠိဆန္သူတစ္ေယာက္
‌ေပးသြားခဲ့သၫ့္စာကို
ယံုၾကည္စရာအေၾကာင္းမရိွလွေပမယ့္၊
က်င္းယံုဖို႔ႀကိဳးစားမိပါ၏။
အဘယ္ေၾကာင့္ဆိုေသာ္
စာထဲမွာေရးသားထားသည္က

"ရွင္းရဲ့စိတ္ရင္းအမွန္ကိုသိခ်င္ရင္.....
က်န္းနန္ေဒသရဲ့
အေကာင္းဆံုးတည္းခိုေဆာင္ကိုလာခဲ့"

ဆိုတာေလးပါပဲ။

ရန္သူမဟုတ္ပါဘူးဆိုတဲ့
သက္ေသအေထာက္အထားလည္း
မပါဝင္သၫ့္အျပင္၊
ရွင္းအေၾကာင္းကိုတကယ္သိပါတယ္ဆိုတဲ့
အခ်က္လည္းမပါခဲ့တဲ့စာေလးပါပဲ။
ဒါေပမယ့္ က်င္းအတြက္ေတာ့
ရွင္းရဲ့အေၾကာင္းကိုအခုထက္
အနည္းမ်ွပိုသိခြင့္ရမယ္ဆိုရင္။
အရာရာက ပိုၿပီးျပၫ့္စံုသြားမယ့္သေဘာ
သက္ေရာက္ေနခဲ့သည္ေလ။

ထိုေၾကာင့္ တစ္ကိုယ္တည္းက်န္းနန္ေဒသသို႔
တိတ္တဆိတ္ေရာက္လာခဲ့ျခင္းပင္။
အကယ္၍ ရန္သူျဖစ္ေနမယ္ဆိုရင္
ဘယ္လိုလုပ္မလဲလို႔ေမးလာခဲ့သည္ရိွေသာ္

"ရွစ္ဇြင္းလာကယ္လိမ့္မယ္"

လို႔သာေျဖျဖစ္လိမ့္မည္ထင္ပါသည္။။။။။။

သူယံုၾကည္သည္ေလ။
တစ္စံုတစ္ခုေသာအႏၲရာယ္ေတြ
သူ႔ဆီေရာက္လာခဲ့မယ္ဆိုရင္
ရွင္း ခ်က္ခ်င္းေျပးလာခဲ့မယ္ဆိုတာကိုေပါ့။

လူရႈပ္လြန္းတဲ့ေဈးလမ္းေလးကို
ျဖတ္သန္းသြားၿပီးတဲ့ေနာက္မွာေတာ့၊
ခမ္းနားလြန္းတဲ့ တည္းခိုေဆာင္တစ္ခုက
သူ႔ကိုဆီးႀကိဳေနခဲ့သည္။
ျဖတ္သန္းလာရတဲ့ လမ္းေပၚမွာ
‌သေရစာမုန႔္ေလးေတြရဲ့အနံ႔ေတြ၊
မ်က္ႏွာေခ်မႈန႔္ေရာင္းေနတဲ့
ဦးေလးႀကီးရဲ့ေဈးေခၚသံေတြဆူေဝၿပီးက်န္ခဲ့သလို၊
ပုဝါေလးေတြေဝ႔ွယမ္းရင္း၊ ယပ္ေတာင္ဝိုင္းေလးေတြယိမ္းႏြဲ႔ကာ
ဟန္ေရးျပေနခဲ့တဲ့ အမ်ိဳးသမီးပ်ိဳေလးေတြလည္း
ရိွေနခဲ့သည္။

တစ္ခ်ိဳ႕ေဈးသည္မ်ားနဲ႔ဝယ္သူမ်ားရဲ့
အျငင္းပြားမႈမ်ားကလည္း
ေဈးရဲ့ရုပ္သြင္ကိုပိုမိုပီျပင္ေစဖို႔
ကူညီေနသေယာင္‌ေယာင္။

သို႔ေပမယ့္ တည္းခိုေဆာင္ထဲသို႔ေျခခ်လိုက္သည္ႏွင့္၊
အေစာပိုင္းတုန္းက သက္ဝင္လႈပ္ရွားေနခဲ့သၫ့္
ေဈးျမင္ကြင္းအားလံုးဟာ
ကြယ္ေပ်ာက္လို႔သြားခဲ့သည္။

ပထမဆံုးသူ႔ကိုႏႈတ္ဆက္လာသည္က
သင္းပ်ံ့ပ်ံ့ဝိုင္ရနံ႔ေလးနဲ႔
ပုေလြသံေလးတစ္ခုပင္။
ထိုေနာက္ ေစာင္းသံေလးနဲ႔သီခ်င္းဆိုေနသၫ့္
မိန္းကေလးတစ္ေယာက္အသံကပါ
တြဲရက္ပါလာခဲ့ျပန္၏။

မိန္းမငယ္ေလးရဲ့အသံသည္
ခ်ိဳအီလြန္းသၫ့္ပူတင္းကို
စားေနရသၫ့္ႏွယ္၊
ရင္ထဲတစ္မ်ိဳးပင္ျဖစ္လာရသလိုလို။
သူကပဲ ထိုသို႔ေသာသီခ်င္းသံေတြကို
သေဘာမက်၍လားေတာ့မသိ။
နားေထာင္ရသည္မွာ
အေတာ္ပင္နားဝင္ဆိုးေနခဲ့သည္ေလ။

ထို႔ျပင္ မ်က္ႏွာေခ်ေတြေဖြးေနေအာင္လိမ္းၿပီး၊
အဝတ္အစားမေပၚတေပၚ
ဝတ္ထား၍လားေတာ့မသိ။
ထိုမိန္းကေလးကို သူၾကၫ့္ခ်င္စိတ္ပင္
မရိွေတာ့သလိုခံစားလာရ‌သည္‌ေလ။

တည္းခိုေဆာင္သည္ ႏွစ္ထပ္ျမင့္အေဆာက္အအံုတစ္ခုျဖစ္၏။
ေအာက္ထပ္မွာ စားေသာက္ပြဲေတြနဲ႔ျပၫ့္ႏွက္ေနၿပီး၊
ေဖ်ာ္ေျဖ‌ေ‌ရးေတြသာရိွေနခဲ့သည္။
အေပၚထပ္မွာေတာ့ တည္းခိုသူမ်ားအတြက္
သက္ေသာင့္သက္သာဆန္လွသၫ့္
အခန္းေလးမ်ားျဖင့္ဖြဲ႔စည္းထားခဲ့သည္။

က်င္းမွာ ထိုအခ်ိန္ေရာက္မွ
ဘယ္ကိုသြားရမွန္းမသိေဝခြဲရခက္သြားေတာ့သည္။
သူသည္ ေဖ်ာ္ေျဖေရးအမ်ိဳးသမီးမ်ားနဲ႔
ရႈပ္ေထြးေနသၫ့္စားပြဲမ်ားကိုၾကၫ့္လိုက္၊
အေပၚထပ္ရိွအိပ္ေဆာင္မ်ားကို
ၾကၫ့္လိုက္နဲ႔အလုပ္မ်ားေနရေခ်ၿပီ။

သူ႔ဆီစာေရးထားသူကလည္း
အခုထိေရာက္လာေသးဟန္မတူ။

ခက္ေတာ့ေနပါၿပီ။။။။။

သူ႔ကိုအမ်ိဳးသမီးငယ္ေလးမ်ားက
ဝိုင္းအံုဖြဲ႔ၿပီးအထဲသို႔အတင္း‌ဆြဲေခၚေနၾကၿပီေလ။
သူဘာလုပ္ရမည္နည္း။
အခုခ်ိန္မွာ

'ရွစ္ဇြင္းေရ....ကယ္ပါဦး'

ဟုလည္း တမ္းတလို႔ရေနတာလည္းမဟုတ္။

မိန္းမငယ္ေလးမ်ားသည္
သူ႔ကိုစားပြဲတစ္ခုတြင္အတင္းထိုင္ေစၿပီး၊
ခြက္ထဲသို႔ဝိုင္နီေတြငွဲ႔ထၫ့္ေပးလ်က္ရိွသည္။
တစ္ခ်ိဳ႕အမ်ိဳးသမီးငယ္မ်ားက
ပခံုးသားေတြထင္းေနေအာင္ေပၚလြင္လြန္းသၫ့္
အဝတ္အစားမ်ားကိုေအာက္သို႔ပိုမိုဆြဲခ်ၿပီး
သူ႔ျမင္ကြင္းထဲသို႔ပိုမိုဝင္လာႏိုင္ေအာင္
ႀကိဳးစားေနၾကသည္။

အသံစူးစူးေလးေတြနဲ႔လည္း

"သခင္ေလးကေခ်ာလိုက္တာ"

"တစ္ခြက္ေလာက္ေသာက္ပါဦးလား"

"ဒီည....အတူအေဖာ္ျပဳေပးရဦးမလား"

စသၫ့္စကားေတြအဆက္မျပတ္ေျပာကာ
သူ႔ဝတ္ရံုေတြကို ဆြဲလား၊ ရမ္းလားလုပ္ေနခဲ့ၾက‌ေသးသည္။

က်င္းမွာ သူေရာက္လာသၫ့္ေနရာမွာ
တည္းခိုေဆာင္မဟုတ္ပဲ၊ လူ႔ေလာကမွာေျပာေနၾကသၫ့္
ေဆာင္ၾကာၿမိဳင္ျဖစ္ေနသည္ဆိုတာကို
ရိပ္မိလိုက္သၫ့္တစ္ခဏ၊
နားရြက္ဖ်ားေတြနီ‌ရဲသြားေလာက္ေအာင္ပင္
ရွက္ရြံ႔သြားရေတာ့သည္။
သူသည္ ထိုသို႔ေသာကိစၥမ်ားနဲ႔
ရင္းႏွီးကြၽမ္းဝင္ေနသူမဟုတ္ခဲ့ပါေလ။

သို႔အတြက္ လက္ကာျပၿပီးသာ
သူ႔ဆီတိုးဝင္လာေနတဲ့မိန္းမငယ္ေလးမ်ားရဲ့
လက္ေခ်ာင္းေတြရန္ကေန
ေရွာင္ေျပးရေတာ့သည္။

ကံဆိုးခ်င္ေတာ့.....
သူ႔ေဘးနားမွာ မိန္းမငယ္ေလးေတြ
အမ်ားအျပားစုေဝးေနခဲ့သည္။
က်င္းမွာ သူမတို႔ရဲ့လက္ေတြကို
ေရွာင္တိမ္းခြင့္လည္းမရခဲ့သလို၊
သူမတို႔အတင္းတိုက္လာသၫ့္
ဝိုင္နီမ်ားကိုလည္း ျငင္းပယ္ႏိုင္စြမ္းမရိွခဲ့ပါေလ။

တစ္ခြက္ၿပီးတစ္ခြက္
သူ႔ႏႈတ္ခမ္းကိုျဖတ္သန္းၿပီး
ဝင္လာသၫ့္ေနာက္မွာေတာ့
က်င္းရီေဝစျပဳလာခဲ့သည္။
ျမင္ျမင္သမ်ွေသာအရာရာတိုင္းသည္
ႏွစ္ထပ္ျဖစ္ေနခဲ့သည္မို႔၊
ဘယ္သူဘယ္ဝါဆိုတာပင္
ခြဲျခားဖို႔ခက္ခဲလာေတာ့သည္။

ထိုစဉ္ သူ႔ဆီလာေနသၫ့္ေျခသံတစ္ခုကို
ရီေဝေနသၫ့္ၾကားမွ က်င္းၾကားလိုက္ရသည္။
မေနွးလြန္း၊ မျမန္လြန္းသၫ့္
အႏွီ‌ေျခလွမ္းထဲမွာတည္ၿငိမ္မႈေတြ
ျပၫ့္ႏွက္လို႔ေန၏။
သူရင္းႏွီးသၫ့္ေျခလွမ္းမ်ိဳးပင္။

ဒါေပမယ့္ ထိုသူကိုသူလံုးဝမျမင္ဖူးတာေတာ့
ေသခ်ာလွပါသည္။
အနက္ေရာင္ေတျြဖင့္ တစ္ကိုယ္လံုးေနရာအၾကားအလပ္မရိွေအာင္
ဖံုးကာထားသၫ့္ ထိုသူ။
သူသိကြၽမ္းဖူးသူေတြထဲမွာ
ဒီလိုအသြင္ယူထားသူမရိွခဲ့ဖူးေပ။

က်င္းသည္ အကူအညီမရေတာ့သၫ့္
မ်က္လံုးမ်ားကို အေသအခ်ာပြတ္တိုက္ၿပီး
ထိုသူ႔ကိုျပန္ၾကၫ့္ျဖစ္သည္။
သို႔ေပမယ့္အခ်ည္းႏွီးသာ။
သူသည္ ဘာကိုမွသဲသဲကြဲကြဲျမင္ဖို႔
မစြမ္းႏိုက္ေတာ့ပါေလ။

က်င္းရဲ့ျဖစ္အင္ကိုၾကၫ့္ၿပီး
အနက္ေရာင္ဝတ္ရံုနဲ႔လူက
ေက်နပ္သြားသည္ထင္။
ခုနတုန္းက က်င္းေဘးမွာဝိုင္းေနခဲ့တဲ့
မိန္းမငယ္ေလးမ်ားကို
ေရႊတံုးေတြအမ်ားအျပားေပးကာဆုခ်‌ေနခဲ့သည္။

ေရႊဝါေရာင္ေရႊတံုးေလးမ်ားသည္
မည္မ်ွမ်ားသနည္းဆိုရင္။
စားပြဲေပၚမွပင္ ဖိတ္စင္သြားရသည္အထိ
မ်ားခဲ့သည္ဟုေျဖရပါမည္။
မိန္းမငယ္ေလးေတြဘယ္ေလာက္ပင္၊
ေကာက္ယူပါေစ။
အခ်ိန္တစ္ခုၾကာသည္အထိ၊
ကုန္စင္ေအာင္ေကာက္ယူႏိုင္ျခင္းမရိွ‌ခဲ့ေပ။

"ခင္ဗ်ားက ဘယ္သူလဲ"

က်င္းသည္အားတင္းၿပီး ထိုသူ႔ကိုေမးျမန္းမိ၏။

သို႔ေသာ္ သူ႔အေမးကိုတစ္ဖက္လူကျပန္မေျဖပဲ၊
ဩရွရွအသံျဖင့္ စကားတစ္ခ်ိဳ႕ကို
ေျပာလာခဲ့သည္။
ထူးဆန္းတယ္လို႔ဆိုရေပမလား။
ထိုစကားသံေတြကို
မူးေနာက္ေနသၫ့္ၾကားမွ
အေသအခ်ာၾကားေနရေသးသည္။
တစ္လံုးမွပင္လြဲမွားျခင္းမရိွေလာက္ေအာင္
ထင္ရွားျပတ္သားစြာၾကားေနရပါ၏။

ထိုစကားမ်ားသည္ ပံုျပင္တစ္ပုဒ္ကို
နားေထာင္ေနရသၫ့္ႏွယ္၊
အနိမ့္အျမင့္၊ အတက္အက်မ်ားလွပါ၏။

သူကေျပာသည္။

' ရွစ္ဇြင္းက အရင္တုန္းက
သာမညေညာင္ေညာင္ရုပ္ေသးဆရာတစ္ေယာက္
ျဖစ္ခဲ့ပါသတဲ့။။။။။

အျဖဴေရာင္၊အျပာေရာင္နဲ႔
အစိမ္းေရာင္ဝတ္စံုေလးေတြ
ဆင္ယင္ထားတဲ့
ရုပ္ေသးရုပ္ေလးသံုးရုပ္ကေတာ့
ရွစ္ဇြင္းရဲ့လက္စြဲေလးေတြ‌ေပါ့။။။။။။

ေနြ၊မိုး၊ေဆာင္းပါမက်န္
ထိုရုပ္ေသးေလးေတြကို
ဇာတ္ခံုေပၚမွာကျပခိုင္းၿပီး
အသက္ေမြးဝမ္းေၾကာင္းျပဳေနရင္း
ကပ္ေရာဂါတစ္ခုေၾကာင့္
ေသဆံုးသြားၿပီးေနာက္မွာေတာ့
နတ္ဆိုးတစ္ေကာင္အျဖစ္
ျပန္လည္‌ေမြးဖြားလာခဲ့သူပါတဲ့ေလ။။။။။။

မေကာင္းမႈေတြေဆာင္ၾကည္းၿပီး၊
ေသြးနံ႔လိႈင္ေနတဲ့အေလာင္းေကာင္ေတြၾကားမွာ
ေပ်ာ္ေမြ ့ရတာကို
ႀကိဳက္ႏွစ္သက္တဲ့ နတ္ဆိုးဘုရင္ဟုန္လင္က်င္းဟာ
ရွစ္ဇြင္းအစစ္ပါတဲ့။။။။။။

မိန္းမငယ္ေလးေတြကိုနတ္ဆိုးၿမိဳ႔ဆီေခၚသြားၿပီး
ေပ်ာ္ပါးရတာႏွစ္သက္တဲ့ရွစ္ဇြင္းက
ပင္လယ္ျပင္ထက္မွာအကေလ့က်င့္ေနတဲ့
လနတ္သမီးကိုအတင္းဆြဲေခၚသြားျပန္ကာ
မိဖုရားအျဖစ္တင္ေျမႇာက္လိုက္ပါသတဲ့။။။။။။

ဒါေပမယ့္ ေျမေခြးအိုႀကီးနဲ႔တူလွတဲ့
ရွစ္ဇြင္းက လနတ္သမီးကို
ကိုယ္ဝန္အရင့္အမာႀကီးရလာမွ
ေကာင္းကင္ဘံုဆီျပန္လည္ႏွင္ထုတ္ၿပီး
အိမ္ေရ႔ွစံျဖစ္လာမယ့္သူ႔ကို
ဗိုက္ထဲကေနဓားနဲ႔ခြဲၿပီး
ဆြဲထုတ္လိုက္သတဲ့ေလ။။။။။

ကေလးကိုသတ္ဖို႔ရည္ရြယ္ခဲ့ေပမယ့္
စိတ္ကူးေျပာင္းသြားတဲ့
ရွစ္ဇြင္းက ေကာင္းကင္ဘံုကို
ေသြးေခ်ာင္းစီးေစၿပီး
ပန္းၿမိဳ႔ေတာ္ကို
မီးေလာင္တိုက္သြင္းပစ္လိုက္ျပန္သတဲ့။။။။။

ေနာက္ပိုင္းမွာ‌ေတာ့
ေဟာ္လင္အရွင္သခင္အစစ္ကိုသတ္ၿပီး
သူ႔ကိုယ္သူကာကြယ္ဖို႔
ဟန္ေဆာင္ေနခဲ့တာ
က်င္းရဲ့တစ္စက္ပင္ရိွခဲ့ပါျပီတဲ့ေလ။။။။။ '

ၾကားလိုက္ရသမ်ွဟာ
ႀကိဳးႀကီးသီခ်င္းတစ္ပုဒ္ကို
နားေထာင္ရသလို၊ လြမ္းေမာဖြယ္ရာေကာင္းၿပီး၊
စိတၲဇဆန္လွတဲ့ေသြးကြက္ေတြလိုပါပဲ။
တကယ္လည္း ထိုသူကမိန္းမပ်ိဳေလးေတြ
တီးခတ္ေနသၫ့္သံစဉ္အတိုင္း၊
သီခ်င္းတစ္ပုဒ္ဆိုျပသြားတာပင္။

ဝတ္ရံုနက္နဲ႔လူက စိတ္စြမ္းအင္ေလ့က်င့္ရာမွာ
ထူးခြၽန္သူျဖစ္မည္ထင္သည္။
သူသည္ စကားေျပာျခင္းထက္၊
သီခ်င္းသံေတြနဲ႔စိတ္ကိုဆြဲေဆာင္ျခင္းက
ပို၍ထိေရာက္သည္ကိုသိေနခဲ့သည္ေလ။

သီခ်င္းအစပိုင္းမွာ က်င္းဟာအံ့ဩေနခဲ့ရၿပီး၊
သီခ်င္းအဆံုးမွာေတာ့ ဆြံ႔အသြားခဲ့ရသည္။

အခ်ဳပ္အားျဖင့္ေျပာရရင္ေတာ့

' ရွစ္ဇြင္းေလာက္ ရက္စက္သူကမ႓ာမွာထပ္မရိွႏိုင္ '

ဟူေသာစကားျဖင့္သာအဆံုးသတ္ရမည္ထင္သည္။

ထိုတစ္ခဏ၌ က်င္းသည္
မေန့ညတုန္းကအတိုင္းပင္၊
ထပ္မံသတိလစ္သြားရျပန္သည္။

သူသတိလစ္သြားတဲ့အခ်ိန္မွာေတာ့
ဝတ္ရံုနက္နဲ႔လူက သူ႔ကိစၥၿပီးသြားသၫ့္ႏွယ္၊
က်င္းကိုဂရုပင္မစိုက္ပဲ
ထထြက္သြားခဲ့သည္။
ေရာက္လာစဉ္ကအတိုင္း
အရိပ္တစ္ခုလိုလူအုပ္ၾကားထဲ
တိုးဝင္ေပ်ာက္ကြယ္သြားခဲ့သည္။
ေျခရာ၊လက္ရာပင္ မက်န္ခဲ့တဲ့အထိ၊
ထိုသူ႔လႈပ္ရွားမႈက ပိရိၿပီးအကြက္က်လွပါ၏။

ဒါေပမယ့္ ထိုဝတ္ရံုနက္နဲ႔လူေရာ၊ က်င္းေရာသတိမထားမိခဲ့တာတစ္ခုေတာ့ရိွသည္။

အဲ့ဒါကေတာ့ သူတို႔ႏွစ္ေယာက္လံုးကို
တစ္ခ်ိန္လံုးစိုက္ၾကၫ့္ေနခဲ့တဲ့
ၿပံဳးေယာင္ေယာင္မ်က္ဝန္းတစ္စံုရိွေနခဲ့တယ္
ဆိုတာပါပဲ။။။။။



Unicode:

ဟုန်ဟွမ့်ကိုင်ဆောင်သည့်
လခြမ်းကွေးနဲ့လီလီပန်းပုံဆွဲပြားလေးကို
ကြည့်ရင်း ရှင်း ချိုမြစွာပြုံးလိုက်မိသည်။

တစ်ဆက်တည်းမှာ သူ့အတွေးထဲဝင်လာခဲ့တာက
ဟုန်လင်ကျင်းနဲ့သူနဲ့
ပထမဆုံးတွေ့ဆုံခဲ့သည့်နေ့လေးပင်။။။။။

အဲ့ဒီနေ့လေးမှာ ကောင်းကင်ကြီးတစ်ခုလုံး
ပုဇွန်ဆီရောင်သမ်းနေခဲ့ပြီး ၊
တချို့တစ်ဝက်မှာတော့ ‌ရွှေရောင်တိမ်စိုင်လေးတွေနဲ့
ဖုံးအုပ်နေခဲ့သည်။

ဟွာ့စန်းတောင်ပေါ်ကလွင့်လာသည့်
စောင်းသံဖျော့ဖျော့လေးမှာ
သာယာငြိမ့်ငြောင်းပြီး၊
ရှင်းကိုတောင်ပေါ်တက်လာဖို့
ဆွဲဆောင်နေသည့်နှယ်။။။။။။
ထိုသံစဉ်လေးသည် ကျေးငှက်‌လေးပေါ်
သစ်ရွက်ဝါလေးကြွေကျလာသလို၊
လွမ်းမောဖွယ်ကောင်းလှသည်။
သို့ပေမယ့် ထိုလွမ်းမောဖွယ်ရာသံစဉ်လေးထဲတွင်
မိုးစက်မိုးပြောက်တွေထဲမှာ
ဓားသိုင်းကစားနေသည့်
နတ်ဘုရားတစ်ပါးရှိနေသကဲ့သို့
စိတ်ဓာတ်ခွန်အားတက်ကြွစေမှုလည်း
ပျော်ဝင်နေသေးသည်။

ထပ်တလဲလဲ‌နားထောင်နေရသည့်တိုင်၊
ရိုးအီသွားခြင်းမရှိသည့်သီချင်းကို
တီးခတ်နေသူအား မြင်ချင်လွန်းပေမယ့်၊
ရှင်းအတွက်ခက်ခဲလှပါ၏။
ထိုသူက ချီစွမ်းအင်တွေပေါများပြီး၊
သက်တော်ရှည်နတ်မင်းကြီးများသာ
လာခွင့်ရှိသည့် ဟွာ့စန်းတောင်ပေါ်မှာ
နေထိုင်သူသာ။

သို့အတွက် ငယ်ရွယ်ပြီး
အားနည်းလှသည့်ရှင်းမှာ
သူ့အိပ်မက်ထဲကနတ်ဘုရားလေးကို
တွေ့ဆုံဖို့၊အင်မတန်ခက်ခဲလွန်းနေခဲ့သည်လေ။

ထို့ကြောင့် ညနေခင်းတိုင်းကြားရလေ့ရှိသည့်
စောင်းသံလေးကိုသာနားထောင်ရင်း
တွေ့ချင်စိတ်တွေကိုချိုးနှိမ်ဖို့ကြိုးစားရတော့သည်။
ဒါပေမယ့် ရှင်းဆိုသည်မှာ
စိတ်စေရာနောက်ကိုလိုက်တတ်သည့်
နတ်ငယ်လေးသာဖြစ်သည်မို့၊
ထိုစိတ်ဆန္ဒကိုအချိန်ကြာသည်အထိ၊
မထိန်းချုပ်နိုင်ခဲ့ပေ။

တိတ်ဆိတ်လှသည့် ညချမ်းလေးတစ်ခုမှာ။

အပြာရောင်ဝတ်စုံကိုဆင်ယင်ပြီး၊
ငွေရောင်ဆံနွယ်တွေပိုင်ဆိုင်ထားသည့်
ရှင်းသည် နွယ်ရှင်တွေရဲ့အကူအညီကိုယူပြီး
ဟွာ့စန်းတောင်ပေါ်သို့ တိတ်တဆိတ်တက်ခဲ့တော့သည်။

လေနုအေးတွေက သူ့ဆံနွယ်တွေကြားကနေ
ဖြတ်သန်းပြီး၊ သူ့ကိုယ်ပေါ်မှမက်မွန်ပန်းရနံ့ကို
တောင်ပေါ်သို့သယ်ဆောင်သွားနေကြသလိုပင်။
နွယ်ကြိုးကိုလက်တစ်ဖက်နဲ့ကိုင်ပြီး၊
ကျန်လက်တစ်ဖက်မှာတော့
ရေစက်လေးတွေတွဲလွဲခိုနေသည့်ဓားရိုးကို
ဆုပ်ကိုင်ထားသည့် ရှင်းမှာ
အရုပ်လေးတစ်ရုပ်လို၊ ထင်မှတ်စရာကောင်းနေခဲ့သည်။

လပြည့်ညတိုင်း တောင်ပေါ်ကနေဆင်းလာတတ်သည့်
နွယ်ရှင်‌တွေသည်၊ ညသန်းခေါင်ချိန်ရောက်သည်နှင့်
တောင်ပေါ်သို့ပြန်တက်သွားတတ်သည်။
ရှင်းကလည်း ထိုအလေ့အကျင့်ကိုသိ၏။
သို့ကြောင့်သာ အခွင့်အရေးကို
လက်လွှတ်မခံပဲတောင်ပေါ်သို့တက်လာခဲ့ခြင်းပင်။

မဟုတ်ရင် သူ့လိုနတ်ငယ်လေးတစ်ပါးက
ဘယ်လိုလုပ်ဟွာ့စန်းတောင်ပေါ်ထိရောက်အောင်
တက်နိုင်ပါ့မလဲ‌လေ။

သူဉာဏ်ကောင်းလွန်းခဲ့တာပင်။။။။။။။

တောင်‌ပေါ်သို့ခဲရာခဲဆစ်တက်လာပြီးသည့်
နောက်မှာတော့ ရှင်းမှင်သက်သွားရတော့သည်။
သူ့ကိုဆီးမိုးကြည့်နေသူတစ်ယောက်။

ပိတုန်းရောင်ဆံနွယ်ရှည်တွေသည်
ကချေသည်လေးများကခုန်နေသည့်နှယ်၊
လေထဲမှာလူးလွင့်နေပြီး၊ ဝတ်ရုံအဖျားလေးတွေကတော့
အနီရောင်လိပ်ပြာလေးများနှယ်
ထိုသူ့ဘေးတွင်ပျံဝဲနေခဲ့သည်။

နီညိုရောင်မျက်ဝန်းတွေထဲမှာကိန်းခိုနေသည်က နူးညံ့မှုများနဲ့ကြင်နာမှုများသာ။
ထိုမျက်ဝန်းတွေကြားမှာရှိသည့်
နှာတံချွန်ချွန်လေးသည်
နီဆွေးဆွေးနှုတ်ခမ်းနှစ်လွှာနဲ့
မ‌နီးမဝေးအကွာအဝေးမှာအဆုံးသတ်၏။

ရှည်လျားသည့်မျက်တောင်ရှည်များသည်
ထိုသူ၏ စိမ်းမြ‌ရောင်အသားအရေပေါ်မှာ ထင်းအောင်‌ပေါ်လွင်နေခဲ့သည်။

"........."

သူတို့နှစ်ယောက်လုံးသည် တစ်ယောက်ကိုတစ်ယောက်အချိန်ကြာမြင့်စွာ
ငေးကြည့်နေခဲ့ကြသည်။
တစ်ယောက်က တောင်စွန်းလေးမှာရပ်နေပြီး၊
ကျန်တစ်ယောက်ကတောင်စွန်းရဲ့အဖျားမှာ
ကပ်တွယ်နေသည့်နွယ်ကြိုးကိုကိုင်၍
လေထဲမှာတန်းလန်းကြီးဖြစ်နေခဲ့သည်။
ဘယ်သူ့မှလည်း စကားစပြောဖို့မကြိုးစားသလို၊
အကြည့်လွှဲဖို့လည်း စိတ်ကူးမရှိခဲ့ပေ။

ဤသို့နှယ် ရှင်းသည်ဟုန်လင်ကျင်းဖြစ်လာမည့်
နတ်ဘုရား‌လေးနဲ့စတင်တွေ့ဆုံခဲ့ခြင်းဖြစ်၏။

ထိုစဉ်က ဟုန်လင်ကျင်းမှာ
မည်မျှအထိသူ့အပေါ်မကြင်နာခဲ့သလဲဆိုရင်၊
သူ့ကိုတောင်စွန်းပေါ်မတက်ခိုင်းပဲ၊
နွယ်ကြိုးခိုစီးရင်း‌ တစ်ညလုံးနေခိုင်းခဲ့တာကိုပဲကြည့်ပါလေ။

အာရုဏ်တက်ချိန်ရောက်မှ
ဆူပုတ်နေသည့်မျက်နှာဖြင့်
သူ့ကိုမော့ကြည့်နေသည့်
ရှင်းကိုတောင်‌ပေါ်သို့တက်စေခဲ့သည်။
တစ်ညလုံးနွယ်ကြိုးကိုဆုပ်ကိုင်ထားရသည့်အတွက်
နာကျင်စွာငြီးငြူနေခဲ့သည့်
ရှင်းကိုကြည့်ပြီး ရယ်ပင်ရယ်နေခဲ့သေးသည်။

သူ့ရယ်သံသည် နွေအခါတွင်
မြည်တွန်နေတတ်သည့်ငှက်ကလေးနှယ်
ကြားရသူကိုနားဝင်ပီယံရှိစေလှသည်။
ဒါပေမယ့် ရှင်းကတော့
ထိုအချိန်က စိတ်ဆိုးနေသည်မို့
ဟုန်လင်ကျင်းရဲ့ရယ်သံလေး
ဘယ်လောက်နားထောင်ကောင်းခဲ့သလဲဆိုတာကို
သတိမပြုမိခဲ့သည့်အပြင်၊
ကျိန်ပင်ဆဲခဲ့မိသေးသည်မဟုတ်လား။

သို့ပေမယ့် ဟုန်လင်ကျင်းက
ချစ်စရာတော့ကောင်းခဲ့ပါ၏။
ရှင်းရဲ့ကျိန်ဆဲသံကို ဟာသလေးတစ်နှယ်မှတ်ယူပြီး
နောက်ပိုင်းမှာ သတိရတဲ့အချိန်တိုင်း

"မင်းငါ့ကိုအဲ့ဒီနေ့က.....အဲ့လိုစကားကို....
အဲ့လိုမျက်နှာလေးနဲ့ပြောခဲ့တယ်မလား"

ဟူ၍ မှတ်မှတ်ရရပြန်လည်ပြောခဲ့သေးပါ၏။

ရှင်းတောင်ပေါ်ခိုးတက်လာတဲ့နေ့မှာတော့
ဟုန်လင်ကျင်းသည်တစ်နေ့လုံးစောင်းတီးပြပြီး၊
ညနေစောင်းရောက်တော့
စိတ်စွမ်းအင်ကျင့်စဉ်တွေသင်ကြားပေးခဲ့သည်။

ည‌ဦးပိုင်းမှာတော့ သူကိုယ်တိုင်လုပ်ထားသည့်
သစ်တော်ပွင့်‌သေရည်နဲ့သ‌ရေစာမုန့်များကို
တည်ခင်းကျွေးမွေးကာ၊
ညလယ်ပိုင်းမှာတော့ သူ့စွမ်းအင်နဲ့ကြယ်တွေကိုဆင့်ခေါ်ပြီး
ရှင်းရဲ့ဘေးမှာလင်းလက်နေစေကာ၊
ညရဲ့အလှကိုပိုမိုပီပြင်စေခဲ့သည်။

အဲ့ဒီညလေးမှာ သာနေခဲ့တဲ့လမင်းကြီးမှာ
သေးသေးမျှင်မျှင်လေးသာရှိသည့်
လခြမ်း‌ကွေးလေးဖြစ်သည်။
လဆန်းတစ်ရက်နေ့ပေကိုး။။။။။

ထိုနေ့က ဟုန်လင်ကျင်းပြောခဲ့သေးသည်။

"မင်းအကြောင်းတွေးမိတိုင်း
ဒီညလေးကတော့ မပါမဖြစ်တဲ့ညလေး
ဖြစ်နေတော့မှာပဲ"

တဲ့လေ။။။။။။။

အတိတ်တွေထဲမှာသော့ခတ်သိမ်းထားတဲ့
အမှတ်တရဟောင်းများသည်
ထိုသို့ချိုမြိန်ခဲ့တာကို၊ သတိရမိတဲ့တစ်ခဏမှာ
ရှင်း ငိုင်တွေသွားရတော့သည်။
အဲ့ဒီအချိန်တုန်းကရှိခဲ့သည့် ဟုန်လင်ကျင်းဆိုသည်မှာ
သုံးလောကအလယ်မှာဂုဏ်သတင်းမွှေးခဲ့သည့်
နတ်ဘုရားတစ်ပါးဖြစ်ခဲ့တာပါလေ။

ကြက်သွေးနီရောင်စံအိမ်ကြီးမှာနေထိုင်ပြီး၊
ရွှေရောင်တဖိတ်ဖိတ်လက်နေသည့်
အနာဂတ်ကိုပိုင်ဆိုင်ခဲ့သူပင်။
ဒါပေမယ့် ထိုသူကနတ်ဆိုးဘုရင်အဖြစ်
ပြန်လည်ပေါ်ထွက်လာပြီး၊
ကောင်းကင်ဘုံကိုသွေးချောင်းစီးစေခဲ့သတဲ့လေ။

ကြိုတင်မှန်းဆလို့မရတဲ့ကံကြမ္မာရဲ့စွမ်းအင်က
အဲ့လောက်တောင် အစွမ်းထက်သတဲ့လား။
ရှင်း ရယ်မိချေပြီ။
မိုးကောင်းကင်အောက်မှာ
ရှိနေရသည်က ဘာကြောင့်ကျားကွက်ပေါ်က
နယ်ရုပ်တွေလိုကံကြမ္မာရဲ့
အပြောင်းအလဲကိုလိုက်ပြီး
ပြောင်းလဲနေရပါလိမ့်။

တစ်ခါတစ်လေ မကျေနပ်ချက်တွေ
ထုတ်ပြောပြီး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးချင်မိသည်။
ဒါပေမယ့် ကြာတော့လည်း
ကိုယ်တိုင်ကိုယ်ကျ ကံကြမ္မာရေစီးမှာ
မျောပါမိပြန်တာပဲလေ။

ကြိုးစားတိုင်းမရနိုင်သည့်အထဲမှာ၊
ကံကြမ္မာကိုပြောင်းလဲပစ်ရခြင်းက
ထိပ်ဆုံးကပါနေတတ်စမြဲဆိုတော့
ဘာကိုများမကျေနပ်စိတ်တွေပုံချရပါတော့မလဲ။

သိပ်ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်လိုပါပဲလေ။။။။။။

တစ်ယောက်တည်း ပြုံးလိုက်၊ ရယ်လိုက်လုပ်နေပြီးမှ
ရုတ်တရက် ငိုင်ကျသွားသောသူ့ကို
ဟုန်ဟွမ့်က စိုးရိမ်သွားသည်ထင်။
အသံမြှင့်ပြီး လှမ်းခေါ်လာခဲ့သည်လေ။

"အရှင်....."

"ဟင်"

ရှင်းတကယ်ကိုလန့်သွားခဲ့တာပင်။
ဟုန်ဟွမ့်ဆိုသည်မှာ အိန္ဒြေကြီးလှသည့်
ဘုရင်မတစ်ပါးဖြစ်သည်မို့၊
ထိုသို့ပြုမူရိုးထုံးစံမရှိခဲ့ပါလေ။
သို့ဖြစ်၍ ရှင်းမှာချက်ချင်းပင်
အသိစိတ်ပြန်ကပ်သွားရပြီး၊
ချိုမြိန်သည့်အဆိပ်ကန်နှင့်တူသည့်
ပုံရိပ်ယောင်နယ်မြေထဲမှနိုးထလာရတော့သည်။

သူသည် တစ်ခဏမျှခပ်ယဲ့ယဲ့ပြုံးလိုက်မိ‌သေးသည်။
ထို့နောက်မှ ကော့ညွှတ်နေသည့်
မျက်တောင်ရှည်တွေကိုပင့်ပြီး
သူ့ဆန္ဒကို ထုတ်ပြန်လိုက်တော့သည်။

"ဟွာ့စန်းတောင်ကိုသွားမယ်.....
မနက်ဖြန်ဆိုအဲ့‌ဒီညလေးထပ်ရောက်လာလိမ့်မယ်
ငါသေချာပေါက် မင်းရဲ့ဆွဲပြားမှာရှိတဲ့
ပဟေဠိကိုဖြေရှင်းနိုင်မှာပါ"

ထိုအသံထဲမှာ ခိုင်မြဲခြင်းတွေနဲ့
ယုံကြည်မှု‌တွေသာပြည့်နှက်လို့နေခဲ့သည်။
ယိမ်းယိုင်ခြင်းတစ်ချက်မှမရှိပဲ၊
မိတ်ဆွေဟောင်းနဲ့ဆွေးနွေးရမယ့်
အကြောင်းအရာတစ်ခုကို
ကြုံတွေ့နေရသလိုပင်။
လွတ်လပ်ပေါ့ပါးလို့နေခဲ့သည်လေ။။။။။။

ရှင်းသည်ထပ်မံပြောခဲ့ပါ၏။

"ငါသေချာပေါက်ဖြေရှင်းနိုင်မှာပါ.....
ကစားပွဲကအခုမှစမှာ"

တဲ့လေ။။။။။။
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-

ရှင်းနဲ့ဟုန်ဟွမ့်။။။။။။

ဟွာ့စန်းတောင်‌ပေါ်သို့တက်ဖို့ကြံရွယ်နေစဉ်။

ကျင်းမှာလည်း တစ်ခုသောကိစ္စရပ်ကိုဖြေရှင်းရန်၊
လူ့ပြည်သို့ဆင်းဖို့အကြောင်းဖန်လာခဲ့သည်။

မနေ့ညတုန်းက အမူးလွန်ပြီးအိပ်ပျော်‌နေစဉ်၊
တစ်စုံတစ်ယောက်က သူ့ဘေးမှာစာတစ်စောင်ထားသွားခဲ့သည်လေ။
ထိုစာက အနည်းငယ်တော့ထူးဆန်းလို့နေသည်။
အမဲရောင်စာရွက်ပေါ်မှာ
အဖြူရောင်မှင်နဲ့ရေးသားထားသည့်
စာဖြစ်နေ‌သောကြောင့်ပင်။

စာကိုလာထားသွားသူမှာ၊
မည်သူမည်ဝါဆိုတာ အတိအကျမသိရပေမယ့်၊
အဆင့်မြင့်နတ်အရာရှိတစ်ပါးဖြစ်မှာတော့
သေချာလှပါ၏။
ထိုသူသည် စိတ်ညို့ကန်ထဲသို့အဆီးအတားမရှိ
ဖြတ်သန်းလာနိုင်သည့်အပြင်၊
ကျင်းရဲ့နန်းဆောင်ထဲကိုလည်း
အလွယ်တကူဝင်ရောက်လာနိုင်ခဲ့သတဲ့။
ခြေရာ၊လက်ရာပင်အနည်းငယ်မှ
ကြွင်းကျန်ရစ်ခဲ့ခြင်းမရှိပါလေ။

တကယ်တမ်းပြောရရင်
ထိုသို့သောပ‌ဟေဠိဆန်သူတစ်ယောက်
‌ပေးသွားခဲ့သည့်စာကို
ယုံကြည်စရာအကြောင်းမရှိလှပေမယ့်၊
ကျင်းယုံဖို့ကြိုးစားမိပါ၏။
အဘယ်ကြောင့်ဆိုသော်
စာထဲမှာရေးသားထားသည်က

"ရှင်းရဲ့စိတ်ရင်းအမှန်ကိုသိချင်ရင်.....
ကျန်းနန်ဒေသရဲ့
အကောင်းဆုံးတည်းခိုဆောင်ကိုလာခဲ့"

ဆိုတာလေးပါပဲ။

ရန်သူမဟုတ်ပါဘူးဆိုတဲ့
သက်သေအထောက်အထားလည်း
မပါဝင်သည့်အပြင်၊
ရှင်းအကြောင်းကိုတကယ်သိပါတယ်ဆိုတဲ့
အချက်လည်းမပါခဲ့တဲ့စာလေးပါပဲ။
ဒါပေမယ့် ကျင်းအတွက်တော့
ရှင်းရဲ့အကြောင်းကိုအခုထက်
အနည်းမျှပိုသိခွင့်ရမယ်ဆိုရင်။
အရာရာက ပိုပြီးပြည့်စုံသွားမယ့်သဘော
သက်ရောက်နေခဲ့သည်လေ။

ထိုကြောင့် တစ်ကိုယ်တည်းကျန်းနန်ဒေသသို့
တိတ်တဆိတ်ရောက်လာခဲ့ခြင်းပင်။
အကယ်၍ ရန်သူဖြစ်နေမယ်ဆိုရင်
ဘယ်လိုလုပ်မလဲလို့မေးလာခဲ့သည်ရှိသော်

"ရှစ်ဇွင်းလာကယ်လိမ့်မယ်"

လို့သာဖြေဖြစ်လိမ့်မည်ထင်ပါသည်။။။။။။

သူယုံကြည်သည်လေ။
တစ်စုံတစ်ခုသောအန္တရာယ်တွေ
သူ့ဆီရောက်လာခဲ့မယ်ဆိုရင်
ရှင်း ချက်ချင်းပြေးလာခဲ့မယ်ဆိုတာကိုပေါ့။

လူရှုပ်လွန်းတဲ့ဈေးလမ်းလေးကို
ဖြတ်သန်းသွားပြီးတဲ့နောက်မှာတော့၊
ခမ်းနားလွန်းတဲ့ တည်းခိုဆောင်တစ်ခုက
သူ့ကိုဆီးကြိုနေခဲ့သည်။
ဖြတ်သန်းလာရတဲ့ လမ်းပေါ်မှာ
‌သရေစာမုန့်လေးတွေရဲ့အနံ့တွေ၊
မျက်နှာချေမှုန့်ရောင်းနေတဲ့
ဦးလေးကြီးရဲ့ဈေးခေါ်သံတွေဆူဝေပြီးကျန်ခဲ့သလို၊
ပုဝါလေးတွေဝှေ့ယမ်းရင်း၊ ယပ်တောင်ဝိုင်းလေးတွေယိမ်းနွဲ့ကာ
ဟန်ရေးပြနေခဲ့တဲ့ အမျိုးသမီးပျိုလေးတွေလည်း
ရှိနေခဲ့သည်။

တစ်ချို့ဈေးသည်များနဲ့ဝယ်သူများရဲ့
အငြင်းပွားမှုများကလည်း
ဈေးရဲ့ရုပ်သွင်ကိုပိုမိုပီပြင်စေဖို့
ကူညီနေသယောင်‌ယောင်။

သို့ပေမယ့် တည်းခိုဆောင်ထဲသို့ခြေချလိုက်သည်နှင့်၊
အစောပိုင်းတုန်းက သက်ဝင်လှုပ်ရှားနေခဲ့သည့်
ဈေးမြင်ကွင်းအားလုံးဟာ
ကွယ်ပျောက်လို့သွားခဲ့သည်။

ပထမဆုံးသူ့ကိုနှုတ်ဆက်လာသည်က
သင်းပျံ့ပျံ့ဝိုင်ရနံ့လေးနဲ့
ပုလွေသံလေးတစ်ခုပင်။
ထိုနောက် စောင်းသံလေးနဲ့သီချင်းဆိုနေသည့်
မိန်းကလေးတစ်ယောက်အသံကပါ
တွဲရက်ပါလာခဲ့ပြန်၏။

မိန်းမငယ်လေးရဲ့အသံသည်
ချိုအီလွန်းသည့်ပူတင်းကို
စားနေရသည့်နှယ်၊
ရင်ထဲတစ်မျိုးပင်ဖြစ်လာရသလိုလို။
သူကပဲ ထိုသို့သောသီချင်းသံတွေကို
သဘောမကျ၍လားတော့မသိ။
နားထောင်ရသည်မှာ
အတော်ပင်နားဝင်ဆိုးနေခဲ့သည်လေ။

ထို့ပြင် မျက်နှာချေတွေဖွေးနေအောင်လိမ်းပြီး၊
အဝတ်အစားမပေါ်တပေါ်
ဝတ်ထား၍လားတော့မသိ။
ထိုမိန်းကလေးကို သူကြည့်ချင်စိတ်ပင်
မရှိတော့သလိုခံစားလာရ‌သည်‌လေ။

တည်းခိုဆောင်သည် နှစ်ထပ်မြင့်အဆောက်အအုံတစ်ခုဖြစ်၏။
အောက်ထပ်မှာ စားသောက်ပွဲတွေနဲ့ပြည့်နှက်နေပြီး၊
ဖျော်ဖြေ‌ေ‌ရးတွေသာရှိနေခဲ့သည်။
အပေါ်ထပ်မှာတော့ တည်းခိုသူများအတွက်
သက်သောင့်သက်သာဆန်လှသည့်
အခန်းလေးများဖြင့်ဖွဲ့စည်းထားခဲ့သည်။

ကျင်းမှာ ထိုအချိန်ရောက်မှ
ဘယ်ကိုသွားရမှန်းမသိဝေခွဲရခက်သွားတော့သည်။
သူသည် ဖျော်ဖြေရေးအမျိုးသမီးများနဲ့
ရှုပ်ထွေးနေသည့်စားပွဲများကိုကြည့်လိုက်၊
အပေါ်ထပ်ရှိအိပ်ဆောင်များကို
ကြည့်လိုက်နဲ့အလုပ်များနေရချေပြီ။

သူ့ဆီစာရေးထားသူကလည်း
အခုထိရောက်လာသေးဟန်မတူ။

ခက်တော့နေပါပြီ။။။။။

သူ့ကိုအမျိုးသမီးငယ်လေးများက
ဝိုင်းအုံဖွဲ့ပြီးအထဲသို့အတင်း‌ဆွဲခေါ်နေကြပြီလေ။
သူဘာလုပ်ရမည်နည်း။
အခုချိန်မှာ

'ရှစ်ဇွင်းရေ....ကယ်ပါဦး'

ဟုလည်း တမ်းတလို့ရနေတာလည်းမဟုတ်။

မိန်းမငယ်လေးများသည်
သူ့ကိုစားပွဲတစ်ခုတွင်အတင်းထိုင်စေပြီး၊
ခွက်ထဲသို့ဝိုင်နီတွေငှဲ့ထည့်ပေးလျက်ရှိသည်။
တစ်ချို့အမျိုးသမီးငယ်များက
ပခုံးသားတွေထင်းနေအောင်ပေါ်လွင်လွန်းသည့်
အဝတ်အစားများကိုအောက်သို့ပိုမိုဆွဲချပြီး
သူ့မြင်ကွင်းထဲသို့ပိုမိုဝင်လာနိုင်အောင်
ကြိုးစားနေကြသည်။

အသံစူးစူးလေးတွေနဲ့လည်း

"သခင်လေးကချောလိုက်တာ"

"တစ်ခွက်လောက်သောက်ပါဦးလား"

"ဒီည....အတူအဖော်ပြုပေးရဦးမလား"

စသည့်စကားတွေအဆက်မပြတ်ပြောကာ
သူ့ဝတ်ရုံတွေကို ဆွဲလား၊ ရမ်းလားလုပ်နေခဲ့ကြ‌သေးသည်။

ကျင်းမှာ သူရောက်လာသည့်နေရာမှာ
တည်းခိုဆောင်မဟုတ်ပဲ၊ လူ့လောကမှာပြောနေကြသည့်
ဆောင်ကြာမြိုင်ဖြစ်နေသည်ဆိုတာကို
ရိပ်မိလိုက်သည့်တစ်ခဏ၊
နားရွက်ဖျားတွေနီ‌ရဲသွားလောက်အောင်ပင်
ရှက်ရွံ့သွားရတော့သည်။
သူသည် ထိုသို့သောကိစ္စများနဲ့
ရင်းနှီးကျွမ်းဝင်နေသူမဟုတ်ခဲ့ပါလေ။

သို့အတွက် လက်ကာပြပြီးသာ
သူ့ဆီတိုးဝင်လာနေတဲ့မိန်းမငယ်လေးများရဲ့
လက်ချောင်းတွေရန်ကနေ
ရှောင်ပြေးရတော့သည်။

ကံဆိုးချင်တော့.....
သူ့ဘေးနားမှာ မိန်းမငယ်လေးတွေ
အများအပြားစုဝေးနေခဲ့သည်။
ကျင်းမှာ သူမတို့ရဲ့လက်တွေကို
ရှောင်တိမ်းခွင့်လည်းမရခဲ့သလို၊
သူမတို့အတင်းတိုက်လာသည့်
ဝိုင်နီများကိုလည်း ငြင်းပယ်နိုင်စွမ်းမရှိခဲ့ပါလေ။

တစ်ခွက်ပြီးတစ်ခွက်
သူ့နှုတ်ခမ်းကိုဖြတ်သန်းပြီး
ဝင်လာသည့်နောက်မှာတော့
ကျင်းရီဝေစပြုလာခဲ့သည်။
မြင်မြင်သမျှသောအရာရာတိုင်းသည်
နှစ်ထပ်ဖြစ်နေခဲ့သည်မို့၊
ဘယ်သူဘယ်ဝါဆိုတာပင်
ခွဲခြားဖို့ခက်ခဲလာတော့သည်။

ထိုစဉ် သူ့ဆီလာနေသည့်ခြေသံတစ်ခုကို
ရီဝေနေသည့်ကြားမှ ကျင်းကြားလိုက်ရသည်။
မနှေးလွန်း၊ မမြန်လွန်းသည့်
အနှီ‌ခြေလှမ်းထဲမှာတည်ငြိမ်မှုတွေ
ပြည့်နှက်လို့နေ၏။
သူရင်းနှီးသည့်ခြေလှမ်းမျိုးပင်။

ဒါပေမယ့် ထိုသူကိုသူလုံးဝမမြင်ဖူးတာတော့
သေချာလှပါသည်။
အနက်ရောင်တြွေဖင့် တစ်ကိုယ်လုံးနေရာအကြားအလပ်မရှိအောင်
ဖုံးကာထားသည့် ထိုသူ။
သူသိကျွမ်းဖူးသူတွေထဲမှာ
ဒီလိုအသွင်ယူထားသူမရှိခဲ့ဖူးပေ။

ကျင်းသည် အကူအညီမရတော့သည့်
မျက်လုံးများကို အသေအချာပွတ်တိုက်ပြီး
ထိုသူ့ကိုပြန်ကြည့်ဖြစ်သည်။
သို့ပေမယ့်အချည်းနှီးသာ။
သူသည် ဘာကိုမှသဲသဲကွဲကွဲမြင်ဖို့
မစွမ်းနိုက်တော့ပါလေ။

ကျင်းရဲ့ဖြစ်အင်ကိုကြည့်ပြီး
အနက်ရောင်ဝတ်ရုံနဲ့လူက
ကျေနပ်သွားသည်ထင်။
ခုနတုန်းက ကျင်းဘေးမှာဝိုင်းနေခဲ့တဲ့
မိန်းမငယ်လေးများကို
ရွှေတုံးတွေအများအပြားပေးကာဆုချ‌နေခဲ့သည်။

ရွှေဝါရောင်ရွှေတုံးလေးများသည်
မည်မျှများသနည်းဆိုရင်။
စားပွဲပေါ်မှပင် ဖိတ်စင်သွားရသည်အထိ
များခဲ့သည်ဟုဖြေရပါမည်။
မိန်းမငယ်လေးတွေဘယ်လောက်ပင်၊
ကောက်ယူပါစေ။
အချိန်တစ်ခုကြာသည်အထိ၊
ကုန်စင်အောင်ကောက်ယူနိုင်ခြင်းမရှိ‌ခဲ့ပေ။

"ခင်ဗျားက ဘယ်သူလဲ"

ကျင်းသည်အားတင်းပြီး ထိုသူ့ကိုမေးမြန်းမိ၏။

သို့သော် သူ့အမေးကိုတစ်ဖက်လူကပြန်မဖြေပဲ၊
ဩရှရှအသံဖြင့် စကားတစ်ချို့ကို
ပြောလာခဲ့သည်။
ထူးဆန်းတယ်လို့ဆိုရပေမလား။
ထိုစကားသံတွေကို
မူးနောက်နေသည့်ကြားမှ
အသေအချာကြားနေရသေးသည်။
တစ်လုံးမှပင်လွဲမှားခြင်းမရှိလောက်အောင်
ထင်ရှားပြတ်သားစွာကြားနေရပါ၏။

ထိုစကားများသည် ပုံပြင်တစ်ပုဒ်ကို
နားထောင်နေရသည့်နှယ်၊
အနိမ့်အမြင့်၊ အတက်အကျများလှပါ၏။

သူကပြောသည်။

' ရှစ်ဇွင်းက အရင်တုန်းက
သာမညညောင်ညောင်ရုပ်သေးဆရာတစ်ယောက်
ဖြစ်ခဲ့ပါသတဲ့။။။။။

အဖြူရောင်၊အပြာရောင်နဲ့
အစိမ်းရောင်ဝတ်စုံလေးတွေ
ဆင်ယင်ထားတဲ့
ရုပ်သေးရုပ်လေးသုံးရုပ်ကတော့
ရှစ်ဇွင်းရဲ့လက်စွဲလေးတွေ‌ပေါ့။။။။။။

နွေ၊မိုး၊ဆောင်းပါမကျန်
ထိုရုပ်သေးလေးတွေကို
ဇာတ်ခုံပေါ်မှာကပြခိုင်းပြီး
အသက်မွေးဝမ်းကြောင်းပြုနေရင်း
ကပ်ရောဂါတစ်ခုကြောင့်
သေဆုံးသွားပြီးနောက်မှာတော့
နတ်ဆိုးတစ်ကောင်အဖြစ်
ပြန်လည်‌မွေးဖွားလာခဲ့သူပါတဲ့လေ။။။။။။

မကောင်းမှုတွေဆောင်ကြည်းပြီး၊
သွေးနံ့လှိုင်နေတဲ့အလောင်းကောင်တွေကြားမှာ
ပျော်မွေ့ရတာကို
ကြိုက်နှစ်သက်တဲ့ နတ်ဆိုးဘုရင်ဟုန်လင်ကျင်းဟာ
ရှစ်ဇွင်းအစစ်ပါတဲ့။။။။။။

မိန်းမငယ်လေးတွေကိုနတ်ဆိုးမြို့ဆီခေါ်သွားပြီး
ပျော်ပါးရတာနှစ်သက်တဲ့ရှစ်ဇွင်းက
ပင်လယ်ပြင်ထက်မှာအကလေ့ကျင့်နေတဲ့
လနတ်သမီးကိုအတင်းဆွဲခေါ်သွားပြန်ကာ
မိဖုရားအဖြစ်တင်မြှောက်လိုက်ပါသတဲ့။။။။။။

ဒါပေမယ့် မြေခွေးအိုကြီးနဲ့တူလှတဲ့
ရှစ်ဇွင်းက လနတ်သမီးကို
ကိုယ်ဝန်အရင့်အမာကြီးရလာမှ
ကောင်းကင်ဘုံဆီပြန်လည်နှင်ထုတ်ပြီး
အိမ်ရှေ့စံဖြစ်လာမယ့်သူ့ကို
ဗိုက်ထဲကနေဓားနဲ့ခွဲပြီး
ဆွဲထုတ်လိုက်သတဲ့လေ။။။။။

ကလေးကိုသတ်ဖို့ရည်ရွယ်ခဲ့ပေမယ့်
စိတ်ကူးပြောင်းသွားတဲ့
ရှစ်ဇွင်းက ကောင်းကင်ဘုံကို
သွေးချောင်းစီးစေပြီး
ပန်းမြို့တော်ကို
မီးလောင်တိုက်သွင်းပစ်လိုက်ပြန်သတဲ့။။။။။

နောက်ပိုင်းမှာ‌တော့
ဟော်လင်အရှင်သခင်အစစ်ကိုသတ်ပြီး
သူ့ကိုယ်သူကာကွယ်ဖို့
ဟန်ဆောင်နေခဲ့တာ
ကျင်းရဲ့တစ်စက်ပင်ရှိခဲ့ပါပြီတဲ့လေ။။။။။ '

ကြားလိုက်ရသမျှဟာ
ကြိုးကြီးသီချင်းတစ်ပုဒ်ကို
နားထောင်ရသလို၊ လွမ်းမောဖွယ်ရာကောင်းပြီး၊
စိတ္တဇဆန်လှတဲ့သွေးကွက်တွေလိုပါပဲ။
တကယ်လည်း ထိုသူကမိန်းမပျိုလေးတွေ
တီးခတ်နေသည့်သံစဉ်အတိုင်း၊
သီချင်းတစ်ပုဒ်ဆိုပြသွားတာပင်။

ဝတ်ရုံနက်နဲ့လူက စိတ်စွမ်းအင်လေ့ကျင့်ရာမှာ
ထူးချွန်သူဖြစ်မည်ထင်သည်။
သူသည် စကားပြောခြင်းထက်၊
သီချင်းသံတွေနဲ့စိတ်ကိုဆွဲဆောင်ခြင်းက
ပို၍ထိရောက်သည်ကိုသိနေခဲ့သည်လေ။

သီချင်းအစပိုင်းမှာ ကျင်းဟာအံ့ဩနေခဲ့ရပြီး၊
သီချင်းအဆုံးမှာတော့ ဆွံ့အသွားခဲ့ရသည်။

အချုပ်အားဖြင့်ပြောရရင်တော့

' ရှစ်ဇွင်းလောက် ရက်စက်သူကမ္ဘာမှာထပ်မရှိနိုင် '

ဟူသောစကားဖြင့်သာအဆုံးသတ်ရမည်ထင်သည်။

ထိုတစ်ခဏ၌ ကျင်းသည်
မနေ့ညတုန်းကအတိုင်းပင်၊
ထပ်မံသတိလစ်သွားရပြန်သည်။

သူသတိလစ်သွားတဲ့အချိန်မှာတော့
ဝတ်ရုံနက်နဲ့လူက သူ့ကိစ္စပြီးသွားသည့်နှယ်၊
ကျင်းကိုဂရုပင်မစိုက်ပဲ
ထထွက်သွားခဲ့သည်။
ရောက်လာစဉ်ကအတိုင်း
အရိပ်တစ်ခုလိုလူအုပ်ကြားထဲ
တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ခြေရာ၊လက်ရာပင် မကျန်ခဲ့တဲ့အထိ၊
ထိုသူ့လှုပ်ရှားမှုက ပိရိပြီးအကွက်ကျလှပါ၏။

ဒါပေမယ့် ထိုဝတ်ရုံနက်နဲ့လူရော၊ ကျင်းရောသတိမထားမိခဲ့တာတစ်ခုတော့ရှိသည်။

အဲ့ဒါကတော့ သူတို့နှစ်ယောက်လုံးကို
တစ်ချိန်လုံးစိုက်ကြည့်နေခဲ့တဲ့
ပြုံးယောင်ယောင်မျက်ဝန်းတစ်စုံရှိနေခဲ့တယ်
ဆိုတာပါပဲ။။။။။



© Sun Elf,
книга «The truth untold».
Коментарі