Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 24
ခရမ္းရင့္ေရာင္နဲ႔အနက္ေရာင္စပ္တူေရာစပ္ထားတဲ့
ေကာင္းကင္ႀကီးေအာက္မွာ
ရပ္ေနရင္း ေလာကနိယာမေတြအေၾကာင္း
မွန္းဆေတြးေတာမိေတာ့
ရလဒ္က လြမ္းေမာျခင္းျဖင့္သာအဆံုးသတ္၏။

ေကာင္းကင္ျပာနဲ႔ပနံရတဲ့ေရလိႈင္းျပာ‌ေတြၾကားမွာ
လူးလြန႔္ေနတဲ့ငါးေလးေတြကေမးတယ္။

' မင္းယံုၾကည္တဲ့ၿငိမ္းခ်မ္းမႈဆိုတာ
ဘယ္လိုအသြင္မ်ိဳးနဲ႔တည္ရိွပါသလဲ '

တဲ့။

ေနြဦးနဲ႔ပနံရတဲ့‌ဖေယာင္းတိုင္ရနံ႔ေလးေတြက
မိုးေရစက္‌ေတြၾကားမွာၿပိဳလဲရခ်ိန္မွာ

' မင္းထင္မွတ္ထားတဲ့
အလင္းေရာင္ျဖစ္တည္မႈကဘယ္လိုမ်ားလဲ....
သူတို႔ကေရာ မင္းကိုေက်းဇူးတင္ပါရဲ့လား '

လို႔ေျပာျပန္တယ္။

ေတာင္တန္းျပာေတြနဲ႔ေတာတန္းစိမ္းေတြၾကား
ျဖတ္သြားတဲ့ မိုးစက္မိုးေပါက္ေလးေတြက
ဟားတိုက္ရယ္ရင္းနဲ႔

' မင္းရဲ့အက်ိဳးျပဳမႈကို
သူတို႔လက္ခံခ်င္တယ္ဆိုတာမွန္ရဲ့လား....

ဒါမွမဟုတ္ မင္းကပဲေပးဆပ္ခ်င္ေနတာလား '

တဲ့ေလ။။။။။။။

ေမးခြန္းေတြက လွပေပမယ့္
ရွင္းအတြက္ေတာ့ ေျဖဖို႔ခက္ခဲလွပါသည္။
တစ္ခါတစ္ရံေတာ့လည္း အမွန္ေတြထပ္ေနတဲ့
ေမးခြန္းေတြကို လူေတြကျပန္ေျဖဖို႔
တံု႔ဆိုင္းၾကပါသတဲ့။
မေျဖႏိုင္တာမဟုတ္ပါပဲနဲ႔ ဝမ္းနည္းမႈေတြကို
သိုဝွက္ထားဖို႔ ေရွာင္လႊဲတတ္ၾကတာလို႔
ေျပာၾကျပန္ေတာ့ ေခါင္မိုးထက္မွာ
ေမးတင္ထားတဲ့လမင္းႀကီးကို
ၿပံဳးျပဖို႔ပဲတတ္ႏိုင္ေတာ့တာေပါ့ေလ။

တကယ္ေတာ့ ငါးေလးေတြရဲ့ေမးခြန္းကို
ျပန္ေျဖရမယ္ဆိုရင္

' ေလေျပေလးေတြကူးလူးေနတဲ့‌
‌ေရႊဝါေရာင္ျမက္ပင္ရွည္ႀကီးေတြၾကားမွာ
ခ်စ္ၾကင္ေဖာ္ရဲ့လက္ကိုတြဲရင္း
ေနဝင္ဆည္းဆာကိုေငးၾကၫ့္ေနရျခင္း'

ကသာ သူယံုၾကည္တဲ့ၿငိမ္းခ်မ္းမႈအစစ္အမွန္လို႔
ေျဖရွင္းခ်က္ေပးလိုက္ခ်င္ပါရဲ့။

မိုးေရထဲမွာ မီးစာကုန္ဆံုးသြားရတဲ့
‌ဖေယာင္းတိုင္ေလးေတြကို ေတြ ့တဲ့အခါ

' ငါထင္မွတ္ထားတဲ့အလင္းေရာင္ျခည္ဆိုတာ
အာရုဏ္ဦးမွာတိမ္စိုင္ေတြကိုၿဖိဳခြင္းၿပီး
ထြက္ေပၚလာတဲ့ေနေရာင္ျခည္ကို
ႏွလံုးသားထဲမွာ သိမ္းဆည္းထားရင္း
စိန္ေခၚမႈေတြႀကံဳေတြ ့တိုင္း
ျပန္လည္အသံုးျပဳႏိုင္တဲ့ စိတ္ဓာတ္ခြန္အားပဲ.... '

လို႔သာ ျပန္ေျဖျဖစ္မည္ထင္သည္။

မိုးစက္မိုးေပါက္ေလးေတြနဲ႔ႀကံဳႀကိဳက္တဲ့အခါ

' မေသခ်ာလွတဲ့ဘဝခရီးလမ္းလို
ေကြ ့ဝိုက္သြယ္တန္းေနတဲ့
ေတာင္တန္းျပာနဲ႔သစ္ေတာစိမ္းေတြကို
ေတြ ့တဲ့အခါ သူတို႔လိုခ်င္သည္ျဖစ္ေစ၊
မလိုခ်င္သည္ျဖစ္ေစ......
အားမာန္အျပၫ့္နဲ႔သြယ္ေျပာင္းလွတဲ့
ခရီးတစ္ခုအျဖစ္‌ဖန္တီးေပးျဖစ္မွာ '

လို႔သာ တံု႔ျပန္လိုက္မွာပင္။။။။။။။

တစ္ခါတစ္ေလေတာ့လည္း
ကိုယ့္ဘဝဟာ အနိမ့္ဆံုးကိုေရာက္သြားတတ္ၿပီးမွ
အျမင့္ဆံုးကို‌ေရာက္သြားႏိုင္သလို၊
အျမင့္ဆံုးကိုေရာက္သြားၿပီးမွ
အနိမ့္ဆံုးကိုျပန္ေရာက္သြားတာလဲ
ရိွႏိုင္တာပဲေလ။
အဲ့ဒီအခ်ိန္မွာ ကံၾကမၼာကိုပဲ
ရိုးမယ္ဖြဲ႔ၿပီးအျပစ္တင္ေဝဖန္ေနမယ္ဆိုရင္
အျပာေရာင္ေကာင္းကင္ႀကီးထက္မွာ
ထိန္ထိန္သာေနတဲ့ ေနမင္းႀကီးဆီ
ဘယ္ေတာ့မျွပန္သြားႏိုင္မွာမွမဟုတ္ေတာ့ပဲ။

ဒါေၾကာင့္ ေရာက္ေနတဲ့ေနရာမွာသာ
အေကာင္းဆံုးျဖစ္ေအာင္ႀကိဳးစားရေတာ့မွာေပါ့။

အမ်ားအားျဖင့္ တည္ရိွေနတတ္တဲ့
ေလာကနိယာမဆိုတာ
ကိုယ့္ကိုယ္ကိုေကာင္းေအာင္ႀကိဳးစားႏိုင္မွ
သူတစ္ပါးကိုကူညီႏိုင္မယ္တဲ့။
ဒါေပမယ့္ ဒီတစ္ႀကိမ္ေတာ့ ရွင္းသည္
ထိုေလာကနိယာမကို ခ်ိဳးဖ်က္ၿပီး
ကံၾကမၼာကိုေျပာင္းလဲပစ္ဖို႔ႀကိဳးစားခ်င္ပါသည္။

ကမ႓ာေပၚမွာ ႏွစ္ေတြအၾကာႀကီးေနၿပီး
ၿငိမ္းခ်မ္းေရးကိုမရွာႏိုင္ခဲ့တဲ့
ေဟာ္လင္အရွင္သခင္ဆိုသၫ့္ေနရာေဟာင္းကို
စြန႔္လႊတ္ၿပီး နတ္ဆိုးတစ္ပါးအေနျဖင့္
ျပန္ရွင္သန္လိုခဲ့သည္။
ကိုယ္ခ်စ္ရတဲ့ေလာကႀကီးသာ
ပိုမိုေကာင္းမြန္သြားမယ္ဆိုရင္၊
ကိုယ့္အသက္တစ္ေခ်ာင္းကိုစေတးခံယံုနဲ႔
အရာရာအဆင္ေျပသြားမယ္ဆိုရင္၊
သူလုပ္သမ်ွက ထိုက္တန္သြားမွာပါေလ။

ေနာင္တကင္းကင္းနဲ႔
ဒီေလာကႀကီးက ထြက္သြားဖို႔
သူဘာေၾကာင့္ေၾကာက္ရြံ႔ရပါေတာ့မလဲ။

ၿပီး‌ေတာ့ သူေမ်ွာ္လင့္သည္။
ေနာက္ဘဝေရာက္ခဲ့ရင္ေတာ့
အပူအပင္ကင္းမဲ့လွတဲ့ဘဝကို
ပိုင္ဆိုင္ရၿပီးေတာ့
‌ငါးေလးေတြ၊ ဖေယာင္းတိုင္ေလးေတြနဲ႔
မိုးေရစက္ေလးေတြကို
အၿပံဳးလွလွေလးအစခ်ီၿပီး
တံု႔ျပန္စကားဆိုႏိုင္မယ္လို႔ေပါ့။

အဲ့ဒီအခ်ိန္‌ဆိုရင္ ျမင္းအိုႀကီးကိုစီးၿပီး
ေတာေတြ၊ ‌‌ေတာင္‌ေတြအႏွံ႔ေျခဆန႔္ျဖစ္ေနမည္
ထင္သည္။ အခါးရည္ေလး‌ကိုေသာက္ၿပီး
ပံုေျပာသူေတြရဲ့ ပါးစပ္ရာဇဝင္ေတြကို
ေခါင္းေလးတၿငိမ့္ၿငိမ့္နဲ႔နားေထာင္မည္။
တစ္ခါတစ္ရံပ်င္းလာၿပီလို႔
ခံစားရတဲ့အခါ ေသရည္ဆိုင္ဆီေျပးၿပီး
သူငယ္ခ်င္းေတြနဲ႔အတူ၊
ေရွးေဟာင္းေနွာင္းျဖစ္ေတြေျပာရင္း
စကားေဖာင္ဖြဲ႔ျဖစ္ေနမွာပါေလ။

ဓားရွည္ကိုေဝ႔ွယမ္းၿပီး သိုင္းကစားေနတဲ့
က်င့္ႀကံသူေတြကိုေတြ ့တဲ့အခါ
အတက္အက်၊ အနိမ့္အျမင့္မတူလွတဲ့
ေဟာ္လင္အရွင္သခင္ဘဝကို
လြမ္းေမာၿပီး ယဲ့ယဲ့ေလးၿပံဳးမိပါလိမ့္မည္။
ဒါမွမဟုတ္လည္း ဟားတိုက္ရယ္ေမာရင္း
သီခ်င္းတစ္ပုဒ္အျဖစ္ အသက္သြင္းေနမည္ထင္၏။

မိုးေရေတြထဲမွာ စာရြက္လိပ္ေလး‌ေတြပိုက္ၿပီး
ေျပးေနတဲ့စာေပသမားေလးေတြကို
ျမင္တဲ့အခါမွာေတာ့
တစ္ႀကိမ္တစ္ခါတုန္းက
က်င္းကမ္းလင့္ေပးခဲ့တဲ့ အျပာေရာင္ထီးေလးကို
အမွတ္ရေနမိမည္ထင္သည္။

ေရ႔ွေရးကိုႀကိဳေတြးလိုက္ေတာ့
ၾကည္ႏူးစရာေက်ာက္တံုးေလးေတြ
စီတန္းထားတဲ့ လမ္းေလးတစ္ခုမွာ
ရပ္ေနရသလိုပါပဲ။

အခုဘဝမွာ ဘယ္လိုမျွဖတ္မသြားႏိုင္တဲ့
အဲ့ဒီလမ္းေလးကိုသြားဖို႔
ခင္းက်င္းေပးရမယ့္အရာေတြက
ေသြး၊ ေခြၽး၊ မ်က္ရည္ ဆိုတဲ့
ရုပ္ဆိုးလွတဲ့အရာေတြပါေလ။
ဒါေပမယ့္ ရွင္းဘယ္ေတာ့မွေနာင္တရမိမည္မဟုတ္ပါ။
အရာရာေကာင္းဖို႔အတြက္
လုပ္ေနရတာပဲေလဆိုတဲ့
အေတြးကိုလက္ကိုင္ထားတဲ့အခါ
မ်က္ရည္ေတြလည္းရပ္တန႔္သြားသလို၊
ဝမ္းနည္းမႈေတြလည္း ေလ်ာ့ပါးသြားသလိုပါပဲ။

ေကာင္းကင္ေပၚမွာလွပတဲ့ၾကယ္တံခြန္တစ္ခု
ျမင္ရဖို႔အတြက္ ‌ၾကယ္တစ္လံုးကေႂကြေပး
ရသလိုပါပဲေလ။
ဝမ္းနည္းစရာလည္းမလိုသလို၊ ႏွေမ်ာစရာလည္း
မလိုအပ္ခဲ့ပါဘူး။။။။။။။။

ဘယ္သူ႔မွလည္း သနားတဲ့မ်က္လံုးေတြနဲ႔
လာၾကၫ့္ဖို႔သလို၊ သူကလည္း လက္ခံမည္မဟုတ္ပါ။။။။။။။။

ေဟာ္လင္အရွင္သခင္ဆိုတာ
အဲ့လိုေခါင္းမာတတ္တဲ့ နတ္သားရဲတစ္ပါးပါေလ။

"ေဟာ္လင္အရွင္....."

အေတြးေတြကို မွတ္ဉာဏ္ဆိုတဲ့
စာရြက္ျဖဴေပၚမွာ မွင္နက္နက္နဲ႔ေရးျခစ္ေနစဉ္
အေနာက္ဘက္ဆီသို႔ ေခၚသံတစ္ခုေပၚထြက္လာခဲ့တာေၾကာင့္
ရွင္းလွၫ့္ၾကၫ့္လိုက္မိသည္။

နတ္သားရဲေလးပါးနဲ႔ဟုန္ဟြမ့္ပါေလ။။။။။

ေျပာင္းလဲသြားတဲ့သူ႔အျပင္အဆင္ေတြကိုျကၫ့္ၿပီး တအံ့တဩျဖစ္ေနၾကရွာတဲ့
မိန္းမပ်ိဳေလး ငါးဦးကို
ရွင္း အၿပံဳးတစ္ခုနဲ႔ႀကိဳဆိုျဖစ္သည္။
ဒါေပမယ့္ သူမွားသြားတယ္ထင္သည္။
မိုးျပာနဂါးမေလးက ဤသို႔ႏွယ္ထေအာ္လာသည္ေလ။

"အားးးး အစြယ္ေတြ???"

တဲ့ေလ။

သူမရဲ့ထိတ္လန႔္မႈကို က်န္သူမ်ားက
ရယ္ေမာစရာတစ္ခုအျဖစ္သတ္မွတ္ႏိုင္ေပမယ့္
ဟုန္ဟြမ့္ကေတာ့ အဲ့လိုမသတ္မွတ္ႏိုင္ခဲ့ပါ။
အစြယ္ဆိုတာက နတ္ဆိုးမွာပဲရိွတဲ့အရာမွ
မဟုတ္ေလပဲ။

မိုးျပာနဂါးဆိုတဲ့သူမကိုယ္တိုင္မွာေရာ
အစြယ္ေတြမရိွလို႔လား။
ဒါကခြဲျခားဆက္ဆံတတ္တဲ့ အက်င့္ကို
လက္ကိုင္ထားတတ္တဲ့
နတ္အရာရိွေတြရဲ့ အက်င့္ပါေလ။

သူမသည္ ထိုသို႔ေသာ အျပဳအမူမ်ိဳးကို
မႏွစ္ၿခိဳက္သူတစ္ဦးပင္။
ထို႔ေၾကာင့္သာခ်ံဳခ်င္ေျမေခြးဘုရင္မဆိုသၫ့္
သူမသည္နတ္ဘုရားဘဝမွ နတ္ဆိုးတစ္ေကာင္အျဖစ္ေျပာင္းလဲၿပီး
နတ္ဆိုးဘုရင္ဆီမွာ သစၥာခံခဲ့ျခင္းျဖစ္သည္။

နတ္‌ဆိုးေတြထံတြင္ ထိုသို႔ေသာခြဲျခားျခင္းမ်ိဳးမရိွလွ။
မည္သၫ့္အသြင္ကိုယူထားသည္ျဖစ္ပါေစ၊
စူးစိုက္ၾကၫ့္ျခင္းမ်ိဳးကိုပင္
ျပဳလုပ္ျခင္းမရိွလွ။
သက္ေသာင့္သက္သာႏွင့္သာ
ေျပာဆိုဆက္ဆံတတ္ၾကသည္။

အမ်ားအားျဖင့္နတ္ဆိုးမ်ားသည္
မူလအသြင္မဟုတ္ပဲ၊
ကိုယ္ထည္အတုမ်ားျဖင့္သာ
သူတို႔၏အသြင္မွန္ကိုဖံုးကာထားေလ့ရိွသည္။
ဥပမာအားျဖင့္ ဟုန္ဟြမ့္လိုနတ္ဘုရားတစ္ပါး
အေနျဖင့္ နတ္‌ဆိုးတစ္ေကာင္အျဖစ္
ျပန္လည္ထြက္ေပၚလာခ်ိန္မွာ၊
မလိုလားအပ္တဲ့ေဝဖန္မႈေတြကို
ၾကားရန္ဆႏၵမရိွသည္မို႔
ထိုသို႔ေသာ အေလ့အက်င့္ကိုျပဳလုပ္ထားတတ္ၾကသည္။

အထူးသျဖင့္ ရာထူးခ်ခံထားရသူမ်ားသည္
ထိုအေလ့အက်င့္ကို အသံုးမ်ားၾကသည္။
သို႔ေပမယ့္ ဟုန္ဟြမ့္ကေတာ့
ထိုသို႔မဟုတ္။

နတ္သမီးတုန္းကထက္ပိုမိုျဖဴလြေသာ
ဝတ္ရံုကိုဝတ္ဆင္ၿပီး၊ ေရႊေရာင္အဆင္တန္ဆာမ်ားကိုဆင္ယင္၍
သံုးေလာကတစ္ခြင္ေလ်ွာက္သြားတတ္သည္။
မည္သူ႔ေဝဖန္စကားကိုမွ ဂရုမစိုက္ပဲ၊
သူမယံုၾကည္ရာအတိုင္းသာ
ေနထိုင္ခဲ့သူျဖစ္သည္။

ထို႔ေၾကာင့္ မိုးျပာနဂါးမေလးရဲ့စကားသည္
သူမအတြက္ အေနွာက္အယွက္ျဖစ္သြားရျခင္းျဖစ္သည္။

ရွင္းကလည္း ဟုန္ဟြမ့္ ရဲ့ စိတ္ထဲမွာထိုစကားနဲ႔ပတ္သတ္ၿပီး
တစ္မ်ိဳးတစ္ဖံုျဖစ္သြားရတာကို
သတိျပဳမိ၏။
သို႔အတြက္ နတ္သားရဲေလးပါးကို
အနားယူဖို႔ေျပာရင္း ျဖစ္လာေတာ့မယ့္
ျပႆနာေတြကိုဟန႔္တားလိုက္‌ရေတာ့သည္။

"မင္းတို႔ေလးေယာက္ ဒီေန့အရမ္းပင္ပန္းသြားတယ္မဟုတ္လား.....
အနားယူလိုက္ပါေတာ့.....

ဒီမွာငါရိွေနမွာဆိုေတာ့ ဘာအေနွာက္အယွက္မွမလာေလာက္ပါဘူး..."

"ဒါေပမယ့္....."

"ရပါတယ္.....သြားနားပါ"

ငွက္နီမေလးရဲ့စိုးရိမ္မႈကို ရွင္း ဟန႔္တားလိုက္ေတာ့
နတ္သားရဲေလးပါးမွာ စိတ္မေကာင္းလွေပမယ့္
အသီးသီးထြက္သြားၾကေတာ့သည္။

ငွက္နီမေလးဆိုရင္ အေနာက္ကိုတစ္ခ်ိန္လံုး
လွၫ့္တၾကၫ့္ၾကၫ့္ျဖင့္လုပ္ေန၍
ခလုတ္ပင္တိုက္လုနီးပါးျဖစ္ခဲ့ရသည္။
ဒါေပမယ့္ သူတို႔အရွင္သခင္ရဲ့စကားကို
မေက်ာ္လြန္ႏိုင္သည္မို႔
ကိုယ့္ေနရာကိုယ္ျပန္ၿပီး အနားယူျခင္းမွလြဲ။။။။။

နတ္သားရဲေလးပါးမရိွေတာ့သၫ့္အခ်ိန္မွ
ဟုန္ဟြမ့္က ရွင္းကိုအေရးႀကီးသတင္းစကားတစ္ခုကို
တိုးတိုးတိတ္တိတ္ပါးလာခဲ့သည္။

ထိုသတင္းသည္ ရွင္းအတြက္ေတာ့
ေရႊထက္ပင္တန္ဖိုးႀကီးလွသၫ့္အရာပင္ျဖစ္၏။

ဟုန္ဟြမ့္ကဆိုသည္။

" ေဟာ္လင္အရွင္.....
ကြၽန္မ ဒီေန့နတ္ဆိုးဘုရင္မငယ္သံုးပါးနဲ႔
ေတြ ့ခဲ့တယ္....

သူတို႔မျပန္ခင္မွာ
ကြၽန္မတို႔စကားအနည္းငယ္ေျပာျဖစ္ခဲ့ၾကတယ္...."

"ဘာမ်ားလဲ"

သူမကဆက္ေျပာသည္။

"အရွင့္ကို နတ္ဆိုးဘုရင္အျဖစ္လက္ခံဖို႔ပါ....

ဒါေပမယ့္......"

"သူတို႔လက္မခံဘူးတဲ့လား"

စိတ္ပ်က္အား‌ေလ်ာ့ဟန္ျဖင့္ေရရြတ္လာတဲ့
ရွင္းရဲ့စကားကိုၾကားေတာ့
သူမကေခါင္းခါသည္။

ေျပာေနရင္းႏွင့္ပင္ သူမရဲ့ခါးမွာတပ္ဆင္ထားတဲ့
လျခမ္းေကြးနဲ႔လီလီပန္းပံုဆြဲျပားကိုျဖဳတ္ၿပီး ရွင္းျမင္ေအာင္ေျမႇာက္ျပကာ

"သူတို႔ေျပာတာက ဒီဆြဲျပားေတြထဲက
ပ‌ေဟဠိကိုသာ‌ေျဖရွင္းႏိုင္မယ္ဆိုရင္....
အရွင့္ကိုနတ္ဆိုးအရွင္အျဖစ္မွတ္ယူၿပီး တစ္သက္လံုးသစၥာခံပါ့မယ္တဲ့"

"ဒီဆြဲျပားမွာ
ဘယ္လိုအေၾကာင္းအရင္းရိွေနလို႔လဲ"

ရုတ္တရက္မို႔ၾကားလိုက္ရတဲ့စကားကို
မယံုႏိုင္စြာနဲ႔ ရွင္း ၿငီးျငဴလိုက္မိေတာ့သည္။
ဒါေပမယ့္ ဟုန္ဟြမ့္က သူ႔ကိုအားေပးရွာပါသည္။

"ဒါေတာ့ ကြၽန္မလည္းမသိဘူး....."

"........"

' မသိဘူးတဲ့......ငါ့သာသတ္လိုက္ပါေတာ့လား '
(ノ≧∇≦)ノ ミ ┻━┻

ရွင္းရဲ့အေတြးကို ဟုန္ဟြမ့္ကသတိထားမိသြားသလားေတာ့မသိ။
ထပ္မံ၍ အားေပးစကားေျပာလာသည္။
ဒီတစ္ခါေတာ့ တကယ့္စကားနဲ႔ေပါ့ေလ။

"စိတ္မပူပါနဲ႔ အရွင္.....
ကြၽန္မမွာနည္းလမ္းရိွပါတယ္....

အရွင္ဟုန္လင္က်င္း.....
ကြၽန္မတို႔ဆီ ဒီဆြဲျပားေပးတဲ့အခ်ိန္မွာ
ေျပာခဲ့တဲ့စကားတစ္ခြန္းရိွပါတယ္.....

ေဟာ္လင္အရွင္သခင္နဲ႔သူကလြဲရင္
ဘယ္သူမွဆြဲျပားေတြရဲ့
ပေဟဠိကိုေျဖႏိုင္မွာမဟုတ္ဘူးတဲ့"

"ငါလား....ဘာလို႔ငါလဲ.....
ေနနတ္ဘုရားျဖစ္ရမွာမဟုတ္လား"

ႏိုးတစ္ဝက္အိပ္မက္ထဲသို႔လြင့္သြားရသၫ့္ႏွယ္၊
ယုတၲိမတန္လွသၫ့္စကားေၾကာင့္
ရွင္းမွာ ဟုတ္ပါရဲ့လားဟု
ထပ္မံေမးလိုက္ရေလသည္။
ဒါေပမယ့္ သူမွားသြားခဲ့သည္။
ထိုေမးခြန္းသည္ မေမးသင့္သၫ့္ေမးခြန္းႏွယ္၊
သူ႔နားရြက္ဖ်ားေတြကိုပါ
ပူေလာင္သြားေအာင္ ဖန္တီးႏိုင္ခဲ့သည္ေလ။

"ေနနတ္ဘုရားက အရွင္ဆိုတာ
အရွင္ဟုန္လင္က်င္းက
အရင္ကတည္းကသိပါတယ္....."

"ဟင္????? ဟုန္.....ဟုန္လင္က်င္းကသိေနခဲ့တယ္?.....
ငါက ေနနတ္ဘုရားျဖစ္ခဲ့တယ္ဆိုတာကိုေလ"

"ဟုတ္ကဲ့...သူက အရွင္မ်က္ႏွာပူမွာစိုးရိမ္လို႔သာ

မေျပာျဖစ္ခဲ့တာပါ"

"ဘယ္လို?"

"ဒါေပမယ့္ စိတ္မပူပါနဲ႔အရွင္....
အရွင္ဟုန္လင္က်င္းရယ္၊ ကြၽန္မရယ္၊
ၿပီးေတာ့က်န္တဲ့နတ္ဆိုးဘုရင္ငယ္ရွစ္ပါးကလြဲရင္
အရွင္က ေနနတ္ဘုရားဆိုတာ
ဘယ္သူ႔မွမသိေသးပါဘူး...."

".........."

ထိုသို႔ေျပာမွပဲ ရွင္းမွာမ်က္ႏွာတၫ့္တၫ့္ကို
ေရ‌ေနြးပူနဲ႔အပက္ခံလိုက္ရသလို၊
အရွက္ကြဲရေတာ့သည္။
သူထင္တာက သူ႔ကိုထိုက္ယန္လို႔
သိတဲ့သူက ဟြားရန္တို႔သံုးေယာက္ပဲ
ရိွမယ္လို႔ေလ။
အခုေတာ့ ဟုန္လင္က်င္း‌ေရာ၊
နတ္ဆိုးဘုရင္ငယ္ကိုးပါးကပါသိေနသတဲ့လား။


ေနနတ္ဘုရားျဖစ္ခဲ့စဉ္က ဟုန္လင္က်င္းရိွရာ

နတ္ဆိုးၿမိဳ႔အထိလိုက္ၿပီး ေမႊခဲ့သမ်ွ၊
စပ္စလူးထခဲ့သမ်ွကို ‌ေအာက္ေမ့မိျပန္ေတာ့
ဟုန္ဟြမ့္ကိုပင္ မ်က္ႏွာခ်င္းမဆိုင္ရဲေတာ့သလို
ျဖစ္လာရေတာ့သည္။
ဟုန္ဟြမ့္ဆိုသည္မွာလည္း
သူ႔ကိုဟြားရန္တို႔လိုမထိန္းေက်ာင္းခဲ့သည္ကလြဲ၍၊
သူနတ္ဆိုးၿမိဳ႔မွာေလ်ွာက္ေမႊသမ်ွ
ဒိုင္ခံရွင္းေပးခဲ့ရသၫ့္ အစ္မတစ္‌ေယာက္လိုျဖစ္ေနသည္မဟုတ္ပါလား။
ရွက္စရာေကာင္းလိုက္ပါဘိ။။။။။။။

' ငါအရွက္ကြဲလို႔ေရာၿပီးဦးမွာလားဟင္......

အဲ့ဒီအခ်ိန္တုန္းက ငါဘာလို႔အရမ္း‌ကို
ဖလန္းဖလန္းထခဲ့မိတာပါလိမ့္......

အားးးးငါ့ရဲ့တည္ၿငိမ္တဲ့အခြံေတြ
ၾကက္သြန္ခြံေတြလိုပဲ
တစ္လႊာခ်င္းခြာခ်ခံေနရပါလား...... '

ಥ‿ಥ ಥ‿ಥ ಥ‿ಥ

ရွင္းသည္စိတ္ထဲမွာသာ ေအာ္ဟစ္ေသာင္းက်န္းေနေပမယ့္
အျပင္မွာေတာ့ ႏွင္းခဲလႊာ‌ျဖင့္အထပ္ထပ္ကာရံထားသၫ့္
ဥေဒါင္းျဖဴေလးႏွယ္ တည္ၿငိမ္ျခင္းကို
လက္ကိုင္ထားခဲ့၏။

သူသည္

"ေအာ္"

ဟုသာ အာေမဋိတ္သံတစ္ခ်က္ျပဳျပီး
ဟုန္ဟြမ့္ထပ္ေျပာလာမၫ့္
စကားေတြကို ဆက္လက္ေစာင့္ဆိုင္းေနခဲ့သည္။
ကာယကံရွင္က တည္ၿငိမ္ဟန္ေဆာင္ေနေတာ့
ဟုန္ဟြမ့္လည္း ဒီစကားကိုဆက္မေျပာေတာ့ပဲ
ဆြဲျပားေတြအေၾကာင္းသာေျပာရေတာ့သည္။
မဟုတ္ရင္ ‌ဟုန္လင္က်င္းရဲ့ဝိဉာဉ္က
တမလြန္ရြာကေနျပန္ထလာၿပီး
သူမကို ႏုတ္ႏုတ္စင္းပစ္လိုက္ေတာ့မည္မဟုတ္လား။
သူ႔အခ်စ္ေတာ္ေလးကို ရွက္ေအာင္လုပ္ရပါစဟု
အမ်က္တေထာင္းေထာင္းထေနေပလိမ့္မည္ေလ။

သူမကဆိုသည္။

"အရွင္ဟုန္လင္က်င္း ေျပာတာေတာ့
ဒီဆြဲျပားေတြထဲမွာ
ကြၽန္မတို႔ရဲ့အားနည္းခ်က္ေတြကို
သိမ္းဆည္းထားတယ္တဲ့......

အရွင္သာ အဲ့ဒီအားနည္းခ်က္ေတြကို
ထိေတြ ့ႏိုင္မယ္ဆိုရင္
အလိုအေလ်ာက္ကြၽန္မတို႔စိတ္ကို
ထိန္းခ်ဳပ္ၿပီးသားျဖစ္သြားပါလိမ့္မယ္....

အရွင္ရဲ့အမိန႔္ကလြဲရင္
ကြၽန္မတို႔ကိုထိန္းခ်ဳပ္ႏိုင္မယ့္
အရာရိွေတာ့မွာမဟုတ္ပါဘူး......"

"အဲ့လိုကိုး.....ဒါနဲ႔မင္းတို႔ရဲ့ဆြဲျပားေတြမွာ
ပန္းပြင့္ေတြကလြဲရင္
အမ်ိဳးအစားမတူတဲ့အရာေတြနဲ႔
ခြဲျခားသတ္မွတ္ေပးထားတယ္လို႔
ငါၾကားဖူးတယ္....."

"ဟုတ္ပါတယ္ အရွင္.....
ကြၽန္မရဲ့အသိအမွတ္ျပဳပစၥည္းက
လျခမ္းေကြးပါ....."

"လျခမ္းေကြး????"

ရွင္းသည္ ဟုန္ဟြမ့္ရဲ့ေလယူေလသိမ္းအတိုင္း
လိုက္လံေရရြတ္ၾကၫ့္ရင္း
အေျဖရွာမိသည္။

ေျမေခြးေတြ၊ ဝံပုေလြေတြက လျပၫ့္ေန့ေတြမွာ
ေတာင္ကမ္းပါးယံေတြမွာ ေတြ ့ဆံုပြဲေတြ
က်င္းပေလ့ရိွတယ္လို႔သူၾကားဖူးသည္။
ထိုသို႔ေသာေန့မ်ားတြင္ ၎တို့ရဲ့အားအင္‌ေတြက
သာမန္ထက္ျပၫ့္ႏွက္ေနသည္ျဖစ္၍
တစ္ခါတစ္ရံတြင္ ‌ဘုရင္၊ ဘုရင္မစသျဖင့္
ေရြးခ်ယ္ပြဲမ်ားကိုပါ က်င္းပေလ့ရိွသည္တဲ့။
ထို႔ျပင္ စြမ္းအင္တိုးေအာင္
သတၲဝါတခ်ိဳ႕ကိုအမဲလိုက္ၿပီး
အျမဳေတေတြကိုလည္း စုေဆာင္းေလ့ရိွ၏။

ဒါဆိုရင္ ဟုန္ဟြမ့္ရဲ့အသိအမွတ္ျပဳပစၥည္းက
လျပၫ့္ဝန္းပံုျဖစ္ရမွာမဟုတ္လား။

ဘာေၾကာင့္ လျခမ္းေကြးျဖစ္ရမွာတဲ့လဲ။။။။။

ထိုစဉ္ ရွင္းသည္တစ္စံုတစ္ခုကို
အမွတ္ရသြားဟန္ျဖင့္ ဝမ္းေျမာက္ဝမ္းသာၿပံဳးလိုက္မိေတာ့သည္။
သို႔ေပမယ့္ သူကံဆိုးရွာပါ၏။
ဟုန္ဟြမ့္နဲ႔စကားေျပာရင္း ၿပံဳးလိုက္သည္ျဖစ္၍
မသိရင္သူသည္ ဟုန္ဟြမ့္ေၾကာင့္ၿပံဳးလိုက္သၫ့္ႏွယ္
ထင္မွတ္ရေစ၏။

အထူးသျဖင့္ ရွင္းနဲ့ဓားလြယ္ခုတ္ေနရာမွာ
ရပ္ေနခဲ့တဲ့ က်င္းေနရာကၾကၫ့္လိုက္ရင္
ထိုသို႔ပို၍ ထင္မွတ္ရေပလိမ့္မည္သာ။။။။။။

က်င္းသည္ သူ႔ကိုတစ္ႀကိမ္တစ္ခါမွပင္
ဤသို႔ႏွစ္လိုဖြယ္ၿပံဳးျပခဲ့ျခင္းမရိွသၫ့္
ရွင္းက တျခားမိန္းကေလးတစ္ေယာက္အတြက္
အၿပံဳးပန္းေတြစြန႔္ႀကဲေနသည္ကို
ျမင္လိုက္ရသၫ့္အခါ ေဒါသအမ်က္ေခ်ာင္းေခ်ာင္း
ထြက္သြားရေတာ့သည္။

သူသည္ ၿပံဳးရယ္ေနေသာထိုႏွစ္ေယာက္ကို
ေက်ာခိုင္းလိုက္ၿပီး လိပ္ေႁမြမေလးနဲ႔အတူ
နတ္သားရဲက်ြန္းအျပင္သို႔
ျပန္လည္ထြက္ခြာ‌သြား‌ေတာ့သည္။

အေစာပိုင္းတုန္းက
သူရပ္ေနခဲ့သၫ့္‌ေနရာမွာေတာ့
မီးစြမ္းအင္နဲ႔လုပ္ထားသၫ့္
ဆံခ်ိတ္ေလးတစ္ခုက်န္ရိွေနခဲ့သည္။
ထိုဆံခ်ိတ္ေလးသည္ က်င္းရဲ့ေလာင္ကြၽမ္းခံထားရသၫ့္
ညာဘက္လက္ေခ်ာင္းမ်ားမွသည္
ေျမျပင္ထက္ဆီသို႔။။။။။။။။


Unicode:

ခရမ်းရင့်ရောင်နဲ့အနက်ရောင်စပ်တူရောစပ်ထားတဲ့
ကောင်းကင်ကြီးအောက်မှာ
ရပ်နေရင်း လောကနိယာမတွေအကြောင်း
မှန်းဆတွေးတောမိတော့
ရလဒ်က လွမ်းမောခြင်းဖြင့်သာအဆုံးသတ်၏။

ကောင်းကင်ပြာနဲ့ပနံရတဲ့ရေလှိုင်းပြာ‌တွေကြားမှာ
လူးလွန့်နေတဲ့ငါးလေးတွေကမေးတယ်။

' မင်းယုံကြည်တဲ့ငြိမ်းချမ်းမှုဆိုတာ
ဘယ်လိုအသွင်မျိုးနဲ့တည်ရှိပါသလဲ '

တဲ့။

နွေဦးနဲ့ပနံရတဲ့‌ဖယောင်းတိုင်ရနံ့လေးတွေက
မိုးရေစက်‌တွေကြားမှာပြိုလဲရချိန်မှာ

' မင်းထင်မှတ်ထားတဲ့
အလင်းရောင်ဖြစ်တည်မှုကဘယ်လိုများလဲ....
သူတို့ကရော မင်းကိုကျေးဇူးတင်ပါရဲ့လား '

လို့ပြောပြန်တယ်။

တောင်တန်းပြာတွေနဲ့တောတန်းစိမ်းတွေကြား
ဖြတ်သွားတဲ့ မိုးစက်မိုးပေါက်လေးတွေက
ဟားတိုက်ရယ်ရင်းနဲ့

' မင်းရဲ့အကျိုးပြုမှုကို
သူတို့လက်ခံချင်တယ်ဆိုတာမှန်ရဲ့လား....

ဒါမှမဟုတ် မင်းကပဲပေးဆပ်ချင်နေတာလား '

တဲ့လေ။။။။။။။

မေးခွန်းတွေက လှပပေမယ့်
ရှင်းအတွက်တော့ ဖြေဖို့ခက်ခဲလှပါသည်။
တစ်ခါတစ်ရံတော့လည်း အမှန်တွေထပ်နေတဲ့
မေးခွန်းတွေကို လူတွေကပြန်ဖြေဖို့
တုံ့ဆိုင်းကြပါသတဲ့။
မဖြေနိုင်တာမဟုတ်ပါပဲနဲ့ ဝမ်းနည်းမှုတွေကို
သိုဝှက်ထားဖို့ ရှောင်လွှဲတတ်ကြတာလို့
ပြောကြပြန်တော့ ခေါင်မိုးထက်မှာ
မေးတင်ထားတဲ့လမင်းကြီးကို
ပြုံးပြဖို့ပဲတတ်နိုင်တော့တာပေါ့လေ။

တကယ်တော့ ငါးလေးတွေရဲ့မေးခွန်းကို
ပြန်ဖြေရမယ်ဆိုရင်

' လေပြေလေးတွေကူးလူးနေတဲ့‌
‌ရွှေဝါရောင်မြက်ပင်ရှည်ကြီးတွေကြားမှာ
ချစ်ကြင်ဖော်ရဲ့လက်ကိုတွဲရင်း
နေဝင်ဆည်းဆာကိုငေးကြည့်နေရခြင်း'

ကသာ သူယုံကြည်တဲ့ငြိမ်းချမ်းမှုအစစ်အမှန်လို့
ဖြေရှင်းချက်ပေးလိုက်ချင်ပါရဲ့။

မိုးရေထဲမှာ မီးစာကုန်ဆုံးသွားရတဲ့
‌ဖယောင်းတိုင်လေးတွေကို တွေ့တဲ့အခါ

' ငါထင်မှတ်ထားတဲ့အလင်းရောင်ခြည်ဆိုတာ
အာရုဏ်ဦးမှာတိမ်စိုင်တွေကိုဖြိုခွင်းပြီး
ထွက်ပေါ်လာတဲ့နေရောင်ခြည်ကို
နှလုံးသားထဲမှာ သိမ်းဆည်းထားရင်း
စိန်ခေါ်မှုတွေကြုံတွေ့တိုင်း
ပြန်လည်အသုံးပြုနိုင်တဲ့ စိတ်ဓာတ်ခွန်အားပဲ.... '

လို့သာ ပြန်ဖြေဖြစ်မည်ထင်သည်။

မိုးစက်မိုးပေါက်လေးတွေနဲ့ကြုံကြိုက်တဲ့အခါ

' မသေချာလှတဲ့ဘဝခရီးလမ်းလို
ကွေ့ဝိုက်သွယ်တန်းနေတဲ့
တောင်တန်းပြာနဲ့သစ်တောစိမ်းတွေကို
တွေ့တဲ့အခါ သူတို့လိုချင်သည်ဖြစ်စေ၊
မလိုချင်သည်ဖြစ်စေ......
အားမာန်အပြည့်နဲ့သွယ်ပြောင်းလှတဲ့
ခရီးတစ်ခုအဖြစ်‌ဖန်တီးပေးဖြစ်မှာ '

လို့သာ တုံ့ပြန်လိုက်မှာပင်။။။။။။။

တစ်ခါတစ်လေတော့လည်း
ကိုယ့်ဘဝဟာ အနိမ့်ဆုံးကိုရောက်သွားတတ်ပြီးမှ
အမြင့်ဆုံးကို‌ရောက်သွားနိုင်သလို၊
အမြင့်ဆုံးကိုရောက်သွားပြီးမှ
အနိမ့်ဆုံးကိုပြန်ရောက်သွားတာလဲ
ရှိနိုင်တာပဲလေ။
အဲ့ဒီအချိန်မှာ ကံကြမ္မာကိုပဲ
ရိုးမယ်ဖွဲ့ပြီးအပြစ်တင်ဝေဖန်နေမယ်ဆိုရင်
အပြာရောင်ကောင်းကင်ကြီးထက်မှာ
ထိန်ထိန်သာနေတဲ့ နေမင်းကြီးဆီ
ဘယ်တော့မြှပန်သွားနိုင်မှာမှမဟုတ်တော့ပဲ။

ဒါကြောင့် ရောက်နေတဲ့နေရာမှာသာ
အကောင်းဆုံးဖြစ်အောင်ကြိုးစားရတော့မှာပေါ့။

အများအားဖြင့် တည်ရှိနေတတ်တဲ့
လောကနိယာမဆိုတာ
ကိုယ့်ကိုယ်ကိုကောင်းအောင်ကြိုးစားနိုင်မှ
သူတစ်ပါးကိုကူညီနိုင်မယ်တဲ့။
ဒါပေမယ့် ဒီတစ်ကြိမ်တော့ ရှင်းသည်
ထိုလောကနိယာမကို ချိုးဖျက်ပြီး
ကံကြမ္မာကိုပြောင်းလဲပစ်ဖို့ကြိုးစားချင်ပါသည်။

ကမ္ဘာပေါ်မှာ နှစ်တွေအကြာကြီးနေပြီး
ငြိမ်းချမ်းရေးကိုမရှာနိုင်ခဲ့တဲ့
ဟော်လင်အရှင်သခင်ဆိုသည့်နေရာဟောင်းကို
စွန့်လွှတ်ပြီး နတ်ဆိုးတစ်ပါးအနေဖြင့်
ပြန်ရှင်သန်လိုခဲ့သည်။
ကိုယ်ချစ်ရတဲ့လောကကြီးသာ
ပိုမိုကောင်းမွန်သွားမယ်ဆိုရင်၊
ကိုယ့်အသက်တစ်ချောင်းကိုစတေးခံယုံနဲ့
အရာရာအဆင်ပြေသွားမယ်ဆိုရင်၊
သူလုပ်သမျှက ထိုက်တန်သွားမှာပါလေ။

နောင်တကင်းကင်းနဲ့
ဒီလောကကြီးက ထွက်သွားဖို့
သူဘာကြောင့်ကြောက်ရွံ့ရပါတော့မလဲ။

ပြီး‌တော့ သူမျှော်လင့်သည်။
နောက်ဘဝရောက်ခဲ့ရင်တော့
အပူအပင်ကင်းမဲ့လှတဲ့ဘဝကို
ပိုင်ဆိုင်ရပြီးတော့
‌ငါးလေးတွေ၊ ဖယောင်းတိုင်လေးတွေနဲ့
မိုးရေစက်လေးတွေကို
အပြုံးလှလှလေးအစချီပြီး
တုံ့ပြန်စကားဆိုနိုင်မယ်လို့ပေါ့။

အဲ့ဒီအချိန်‌ဆိုရင် မြင်းအိုကြီးကိုစီးပြီး
တောတွေ၊ ‌‌တောင်‌တွေအနှံ့ခြေဆန့်ဖြစ်နေမည်
ထင်သည်။ အခါးရည်လေး‌ကိုသောက်ပြီး
ပုံပြောသူတွေရဲ့ ပါးစပ်ရာဇဝင်တွေကို
ခေါင်းလေးတငြိမ့်ငြိမ့်နဲ့နားထောင်မည်။
တစ်ခါတစ်ရံပျင်းလာပြီလို့
ခံစားရတဲ့အခါ သေရည်ဆိုင်ဆီပြေးပြီး
သူငယ်ချင်းတွေနဲ့အတူ၊
ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း
စကားဖောင်ဖွဲ့ဖြစ်နေမှာပါလေ။

ဓားရှည်ကိုဝှေ့ယမ်းပြီး သိုင်းကစားနေတဲ့
ကျင့်ကြံသူတွေကိုတွေ့တဲ့အခါ
အတက်အကျ၊ အနိမ့်အမြင့်မတူလှတဲ့
ဟော်လင်အရှင်သခင်ဘဝကို
လွမ်းမောပြီး ယဲ့ယဲ့လေးပြုံးမိပါလိမ့်မည်။
ဒါမှမဟုတ်လည်း ဟားတိုက်ရယ်မောရင်း
သီချင်းတစ်ပုဒ်အဖြစ် အသက်သွင်းနေမည်ထင်၏။

မိုးရေတွေထဲမှာ စာရွက်လိပ်လေး‌တွေပိုက်ပြီး
ပြေးနေတဲ့စာပေသမားလေးတွေကို
မြင်တဲ့အခါမှာတော့
တစ်ကြိမ်တစ်ခါတုန်းက
ကျင်းကမ်းလင့်ပေးခဲ့တဲ့ အပြာရောင်ထီးလေးကို
အမှတ်ရနေမိမည်ထင်သည်။

ရှေ့ရေးကိုကြိုတွေးလိုက်တော့
ကြည်နူးစရာကျောက်တုံးလေးတွေ
စီတန်းထားတဲ့ လမ်းလေးတစ်ခုမှာ
ရပ်နေရသလိုပါပဲ။

အခုဘဝမှာ ဘယ်လိုမြှဖတ်မသွားနိုင်တဲ့
အဲ့ဒီလမ်းလေးကိုသွားဖို့
ခင်းကျင်းပေးရမယ့်အရာတွေက
သွေး၊ ချွေး၊ မျက်ရည် ဆိုတဲ့
ရုပ်ဆိုးလှတဲ့အရာတွေပါလေ။
ဒါပေမယ့် ရှင်းဘယ်တော့မှနောင်တရမိမည်မဟုတ်ပါ။
အရာရာကောင်းဖို့အတွက်
လုပ်နေရတာပဲလေဆိုတဲ့
အတွေးကိုလက်ကိုင်ထားတဲ့အခါ
မျက်ရည်တွေလည်းရပ်တန့်သွားသလို၊
ဝမ်းနည်းမှုတွေလည်း လျော့ပါးသွားသလိုပါပဲ။

ကောင်းကင်ပေါ်မှာလှပတဲ့ကြယ်တံခွန်တစ်ခု
မြင်ရဖို့အတွက် ‌ကြယ်တစ်လုံးကကြွေပေး
ရသလိုပါပဲလေ။
ဝမ်းနည်းစရာလည်းမလိုသလို၊ နှမျောစရာလည်း
မလိုအပ်ခဲ့ပါဘူး။။။။။။။။

ဘယ်သူ့မှလည်း သနားတဲ့မျက်လုံးတွေနဲ့
လာကြည့်ဖို့သလို၊ သူကလည်း လက်ခံမည်မဟုတ်ပါ။။။။။။။။

ဟော်လင်အရှင်သခင်ဆိုတာ
အဲ့လိုခေါင်းမာတတ်တဲ့ နတ်သားရဲတစ်ပါးပါလေ။

"ဟော်လင်အရှင်....."

အတွေးတွေကို မှတ်ဉာဏ်ဆိုတဲ့
စာရွက်ဖြူပေါ်မှာ မှင်နက်နက်နဲ့ရေးခြစ်နေစဉ်
အနောက်ဘက်ဆီသို့ ခေါ်သံတစ်ခုပေါ်ထွက်လာခဲ့တာကြောင့်
ရှင်းလှည့်ကြည့်လိုက်မိသည်။

နတ်သားရဲလေးပါးနဲ့ဟုန်ဟွမ့်ပါလေ။။။။။

ပြောင်းလဲသွားတဲ့သူ့အပြင်အဆင်တွေကိုကြည့်ပြီး တအံ့တဩဖြစ်နေကြရှာတဲ့
မိန်းမပျိုလေး ငါးဦးကို
ရှင်း အပြုံးတစ်ခုနဲ့ကြိုဆိုဖြစ်သည်။
ဒါပေမယ့် သူမှားသွားတယ်ထင်သည်။
မိုးပြာနဂါးမလေးက ဤသို့နှယ်ထအော်လာသည်လေ။

"အားးးး အစွယ်တွေ???"

တဲ့လေ။

သူမရဲ့ထိတ်လန့်မှုကို ကျန်သူများက
ရယ်မောစရာတစ်ခုအဖြစ်သတ်မှတ်နိုင်ပေမယ့်
ဟုန်ဟွမ့်ကတော့ အဲ့လိုမသတ်မှတ်နိုင်ခဲ့ပါ။
အစွယ်ဆိုတာက နတ်ဆိုးမှာပဲရှိတဲ့အရာမှ
မဟုတ်လေပဲ။

မိုးပြာနဂါးဆိုတဲ့သူမကိုယ်တိုင်မှာရော
အစွယ်တွေမရှိလို့လား။
ဒါကခွဲခြားဆက်ဆံတတ်တဲ့ အကျင့်ကို
လက်ကိုင်ထားတတ်တဲ့
နတ်အရာရှိတွေရဲ့ အကျင့်ပါလေ။

သူမသည် ထိုသို့သော အပြုအမူမျိုးကို
မနှစ်ခြိုက်သူတစ်ဦးပင်။
ထို့ကြောင့်သာချုံချင်မြေခွေးဘုရင်မဆိုသည့်
သူမသည်နတ်ဘုရားဘဝမှ နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲပြီး
နတ်ဆိုးဘုရင်ဆီမှာ သစ္စာခံခဲ့ခြင်းဖြစ်သည်။

နတ်‌ဆိုးတွေထံတွင် ထိုသို့သောခွဲခြားခြင်းမျိုးမရှိလှ။
မည်သည့်အသွင်ကိုယူထားသည်ဖြစ်ပါစေ၊
စူးစိုက်ကြည့်ခြင်းမျိုးကိုပင်
ပြုလုပ်ခြင်းမရှိလှ။
သက်သောင့်သက်သာနှင့်သာ
ပြောဆိုဆက်ဆံတတ်ကြသည်။

အများအားဖြင့်နတ်ဆိုးများသည်
မူလအသွင်မဟုတ်ပဲ၊
ကိုယ်ထည်အတုများဖြင့်သာ
သူတို့၏အသွင်မှန်ကိုဖုံးကာထားလေ့ရှိသည်။
ဥပမာအားဖြင့် ဟုန်ဟွမ့်လိုနတ်ဘုရားတစ်ပါး
အနေဖြင့် နတ်‌ဆိုးတစ်ကောင်အဖြစ်
ပြန်လည်ထွက်ပေါ်လာချိန်မှာ၊
မလိုလားအပ်တဲ့ဝေဖန်မှုတွေကို
ကြားရန်ဆန္ဒမရှိသည်မို့
ထိုသို့သော အလေ့အကျင့်ကိုပြုလုပ်ထားတတ်ကြသည်။

အထူးသဖြင့် ရာထူးချခံထားရသူများသည်
ထိုအလေ့အကျင့်ကို အသုံးများကြသည်။
သို့ပေမယ့် ဟုန်ဟွမ့်ကတော့
ထိုသို့မဟုတ်။

နတ်သမီးတုန်းကထက်ပိုမိုဖြူလွသော
ဝတ်ရုံကိုဝတ်ဆင်ပြီး၊ ရွှေရောင်အဆင်တန်ဆာများကိုဆင်ယင်၍
သုံးလောကတစ်ခွင်လျှောက်သွားတတ်သည်။
မည်သူ့ဝေဖန်စကားကိုမှ ဂရုမစိုက်ပဲ၊
သူမယုံကြည်ရာအတိုင်းသာ
နေထိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် မိုးပြာနဂါးမလေးရဲ့စကားသည်
သူမအတွက် အနှောက်အယှက်ဖြစ်သွားရခြင်းဖြစ်သည်။

ရှင်းကလည်း ဟုန်ဟွမ့် ရဲ့ စိတ်ထဲမှာထိုစကားနဲ့ပတ်သတ်ပြီး
တစ်မျိုးတစ်ဖုံဖြစ်သွားရတာကို
သတိပြုမိ၏။
သို့အတွက် နတ်သားရဲလေးပါးကို
အနားယူဖို့ပြောရင်း ဖြစ်လာတော့မယ့်
ပြဿနာတွေကိုဟန့်တားလိုက်‌ရတော့သည်။

"မင်းတို့လေးယောက် ဒီနေ့အရမ်းပင်ပန်းသွားတယ်မဟုတ်လား.....
အနားယူလိုက်ပါတော့.....

ဒီမှာငါရှိနေမှာဆိုတော့ ဘာအနှောက်အယှက်မှမလာလောက်ပါဘူး..."

"ဒါပေမယ့်....."

"ရပါတယ်.....သွားနားပါ"

ငှက်နီမလေးရဲ့စိုးရိမ်မှုကို ရှင်း ဟန့်တားလိုက်တော့
နတ်သားရဲလေးပါးမှာ စိတ်မကောင်းလှပေမယ့်
အသီးသီးထွက်သွားကြတော့သည်။

ငှက်နီမလေးဆိုရင် အနောက်ကိုတစ်ချိန်လုံး
လှည့်တကြည့်ကြည့်ဖြင့်လုပ်နေ၍
ခလုတ်ပင်တိုက်လုနီးပါးဖြစ်ခဲ့ရသည်။
ဒါပေမယ့် သူတို့အရှင်သခင်ရဲ့စကားကို
မကျော်လွန်နိုင်သည်မို့
ကိုယ့်နေရာကိုယ်ပြန်ပြီး အနားယူခြင်းမှလွဲ။။။။။

နတ်သားရဲလေးပါးမရှိတော့သည့်အချိန်မှ
ဟုန်ဟွမ့်က ရှင်းကိုအရေးကြီးသတင်းစကားတစ်ခုကို
တိုးတိုးတိတ်တိတ်ပါးလာခဲ့သည်။

ထိုသတင်းသည် ရှင်းအတွက်တော့
ရွှေထက်ပင်တန်ဖိုးကြီးလှသည့်အရာပင်ဖြစ်၏။

ဟုန်ဟွမ့်ကဆိုသည်။

" ဟော်လင်အရှင်.....
ကျွန်မ ဒီနေ့နတ်ဆိုးဘုရင်မငယ်သုံးပါးနဲ့
တွေ့ခဲ့တယ်....

သူတို့မပြန်ခင်မှာ
ကျွန်မတို့စကားအနည်းငယ်ပြောဖြစ်ခဲ့ကြတယ်...."

"ဘာများလဲ"

သူမကဆက်ပြောသည်။

"အရှင့်ကို နတ်ဆိုးဘုရင်အဖြစ်လက်ခံဖို့ပါ....

ဒါပေမယ့်......"

"သူတို့လက်မခံဘူးတဲ့လား"

စိတ်ပျက်အား‌လျော့ဟန်ဖြင့်ရေရွတ်လာတဲ့
ရှင်းရဲ့စကားကိုကြားတော့
သူမကခေါင်းခါသည်။

ပြောနေရင်းနှင့်ပင် သူမရဲ့ခါးမှာတပ်ဆင်ထားတဲ့
လခြမ်းကွေးနဲ့လီလီပန်းပုံဆွဲပြားကိုဖြုတ်ပြီး ရှင်းမြင်အောင်မြှောက်ပြကာ

"သူတို့ပြောတာက ဒီဆွဲပြားတွေထဲက
ပ‌ဟေဠိကိုသာ‌ဖြေရှင်းနိုင်မယ်ဆိုရင်....
အရှင့်ကိုနတ်ဆိုးအရှင်အဖြစ်မှတ်ယူပြီး တစ်သက်လုံးသစ္စာခံပါ့မယ်တဲ့"

"ဒီဆွဲပြားမှာ
ဘယ်လိုအကြောင်းအရင်းရှိနေလို့လဲ"

ရုတ်တရက်မို့ကြားလိုက်ရတဲ့စကားကို
မယုံနိုင်စွာနဲ့ ရှင်း ငြီးငြူလိုက်မိတော့သည်။
ဒါပေမယ့် ဟုန်ဟွမ့်က သူ့ကိုအားပေးရှာပါသည်။

"ဒါတော့ ကျွန်မလည်းမသိဘူး....."

"........"

' မသိဘူးတဲ့......ငါ့သာသတ်လိုက်ပါတော့လား '
(ノ≧∇≦)ノ ミ ┻━┻

ရှင်းရဲ့အတွေးကို ဟုန်ဟွမ့်ကသတိထားမိသွားသလားတော့မသိ။
ထပ်မံ၍ အားပေးစကားပြောလာသည်။
ဒီတစ်ခါတော့ တကယ့်စကားနဲ့ပေါ့လေ။

"စိတ်မပူပါနဲ့ အရှင်.....
ကျွန်မမှာနည်းလမ်းရှိပါတယ်....

အရှင်ဟုန်လင်ကျင်း.....
ကျွန်မတို့ဆီ ဒီဆွဲပြားပေးတဲ့အချိန်မှာ
ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်.....

ဟော်လင်အရှင်သခင်နဲ့သူကလွဲရင်
ဘယ်သူမှဆွဲပြားတွေရဲ့
ပဟေဠိကိုဖြေနိုင်မှာမဟုတ်ဘူးတဲ့"

"ငါလား....ဘာလို့ငါလဲ.....
နေနတ်ဘုရားဖြစ်ရမှာမဟုတ်လား"

နိုးတစ်ဝက်အိပ်မက်ထဲသို့လွင့်သွားရသည့်နှယ်၊
ယုတ္တိမတန်လှသည့်စကားကြောင့်
ရှင်းမှာ ဟုတ်ပါရဲ့လားဟု
ထပ်မံမေးလိုက်ရလေသည်။
ဒါပေမယ့် သူမှားသွားခဲ့သည်။
ထိုမေးခွန်းသည် မမေးသင့်သည့်မေးခွန်းနှယ်၊
သူ့နားရွက်ဖျားတွေကိုပါ
ပူလောင်သွားအောင် ဖန်တီးနိုင်ခဲ့သည်လေ။

"နေနတ်ဘုရားက အရှင်ဆိုတာ
အရှင်ဟုန်လင်ကျင်းက
အရင်ကတည်းကသိပါတယ်....."

"ဟင်????? ဟုန်.....ဟုန်လင်ကျင်းကသိနေခဲ့တယ်?.....
ငါက နေနတ်ဘုရားဖြစ်ခဲ့တယ်ဆိုတာကိုလေ"

"ဟုတ်ကဲ့...သူက အရှင်မျက်နှာပူမှာစိုးရိမ်လို့သာ

မပြောဖြစ်ခဲ့တာပါ"

"ဘယ်လို?"

"ဒါပေမယ့် စိတ်မပူပါနဲ့အရှင်....
အရှင်ဟုန်လင်ကျင်းရယ်၊ ကျွန်မရယ်၊
ပြီးတော့ကျန်တဲ့နတ်ဆိုးဘုရင်ငယ်ရှစ်ပါးကလွဲရင်
အရှင်က နေနတ်ဘုရားဆိုတာ
ဘယ်သူ့မှမသိသေးပါဘူး...."

".........."

ထိုသို့ပြောမှပဲ ရှင်းမှာမျက်နှာတည့်တည့်ကို
ရေ‌နွေးပူနဲ့အပက်ခံလိုက်ရသလို၊
အရှက်ကွဲရတော့သည်။
သူထင်တာက သူ့ကိုထိုက်ယန်လို့
သိတဲ့သူက ဟွားရန်တို့သုံးယောက်ပဲ
ရှိမယ်လို့လေ။
အခုတော့ ဟုန်လင်ကျင်း‌ရော၊
နတ်ဆိုးဘုရင်ငယ်ကိုးပါးကပါသိနေသတဲ့လား။

နေနတ်ဘုရားဖြစ်ခဲ့စဉ်က ဟုန်လင်ကျင်းရှိရာ

နတ်ဆိုးမြို့အထိလိုက်ပြီး မွှေခဲ့သမျှ၊
စပ်စလူးထခဲ့သမျှကို ‌အောက်မေ့မိပြန်တော့
ဟုန်ဟွမ့်ကိုပင် မျက်နှာချင်းမဆိုင်ရဲတော့သလို
ဖြစ်လာရတော့သည်။
ဟုန်ဟွမ့်ဆိုသည်မှာလည်း
သူ့ကိုဟွားရန်တို့လိုမထိန်းကျောင်းခဲ့သည်ကလွဲ၍၊
သူနတ်ဆိုးမြို့မှာလျှောက်မွှေသမျှ
ဒိုင်ခံရှင်းပေးခဲ့ရသည့် အစ်မတစ်‌ယောက်လိုဖြစ်နေသည်မဟုတ်ပါလား။
ရှက်စရာကောင်းလိုက်ပါဘိ။။။။။။။

' ငါအရှက်ကွဲလို့ရောပြီးဦးမှာလားဟင်......

အဲ့ဒီအချိန်တုန်းက ငါဘာလို့အရမ်း‌ကို
ဖလန်းဖလန်းထခဲ့မိတာပါလိမ့်......

အားးးးငါ့ရဲ့တည်ငြိမ်တဲ့အခွံတွေ
ကြက်သွန်ခွံတွေလိုပဲ
တစ်လွှာချင်းခွာချခံနေရပါလား...... '

ಥ‿ಥ ಥ‿ಥ ಥ‿ಥ

ရှင်းသည်စိတ်ထဲမှာသာ အော်ဟစ်သောင်းကျန်းနေပေမယ့်
အပြင်မှာတော့ နှင်းခဲလွှာ‌ဖြင့်အထပ်ထပ်ကာရံထားသည့်
ဥဒေါင်းဖြူလေးနှယ် တည်ငြိမ်ခြင်းကို
လက်ကိုင်ထားခဲ့၏။

သူသည်

"အော်"

ဟုသာ အာမေဋိတ်သံတစ်ချက်ပြုပြီး
ဟုန်ဟွမ့်ထပ်ပြောလာမည့်
စကားတွေကို ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
ကာယကံရှင်က တည်ငြိမ်ဟန်ဆောင်နေတော့
ဟုန်ဟွမ့်လည်း ဒီစကားကိုဆက်မပြောတော့ပဲ
ဆွဲပြားတွေအကြောင်းသာပြောရတော့သည်။
မဟုတ်ရင် ‌ဟုန်လင်ကျင်းရဲ့ဝိဉာဉ်က
တမလွန်ရွာကနေပြန်ထလာပြီး
သူမကို နုတ်နုတ်စင်းပစ်လိုက်တော့မည်မဟုတ်လား။
သူ့အချစ်တော်လေးကို ရှက်အောင်လုပ်ရပါစဟု
အမျက်တထောင်းထောင်းထနေပေလိမ့်မည်လေ။

သူမကဆိုသည်။

"အရှင်ဟုန်လင်ကျင်း ပြောတာတော့
ဒီဆွဲပြားတွေထဲမှာ
ကျွန်မတို့ရဲ့အားနည်းချက်တွေကို
သိမ်းဆည်းထားတယ်တဲ့......

အရှင်သာ အဲ့ဒီအားနည်းချက်တွေကို
ထိတွေ့နိုင်မယ်ဆိုရင်
အလိုအလျောက်ကျွန်မတို့စိတ်ကို
ထိန်းချုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်....

အရှင်ရဲ့အမိန့်ကလွဲရင်
ကျွန်မတို့ကိုထိန်းချုပ်နိုင်မယ့်
အရာရှိတော့မှာမဟုတ်ပါဘူး......"

"အဲ့လိုကိုး.....ဒါနဲ့မင်းတို့ရဲ့ဆွဲပြားတွေမှာ
ပန်းပွင့်တွေကလွဲရင်
အမျိုးအစားမတူတဲ့အရာတွေနဲ့
ခွဲခြားသတ်မှတ်ပေးထားတယ်လို့
ငါကြားဖူးတယ်....."

"ဟုတ်ပါတယ် အရှင်.....
ကျွန်မရဲ့အသိအမှတ်ပြုပစ္စည်းက
လခြမ်းကွေးပါ....."

"လခြမ်းကွေး????"

ရှင်းသည် ဟုန်ဟွမ့်ရဲ့လေယူလေသိမ်းအတိုင်း
လိုက်လံရေရွတ်ကြည့်ရင်း
အဖြေရှာမိသည်။

မြေခွေးတွေ၊ ဝံပုလွေတွေက လပြည့်နေ့တွေမှာ
တောင်ကမ်းပါးယံတွေမှာ တွေ့ဆုံပွဲတွေ
ကျင်းပလေ့ရှိတယ်လို့သူကြားဖူးသည်။
ထိုသို့သောနေ့များတွင် ၎င်းတို့ရဲ့အားအင်‌တွေက
သာမန်ထက်ပြည့်နှက်နေသည်ဖြစ်၍
တစ်ခါတစ်ရံတွင် ‌ဘုရင်၊ ဘုရင်မစသဖြင့်
ရွေးချယ်ပွဲများကိုပါ ကျင်းပလေ့ရှိသည်တဲ့။
ထို့ပြင် စွမ်းအင်တိုးအောင်
သတ္တဝါတချို့ကိုအမဲလိုက်ပြီး
အမြုတေတွေကိုလည်း စုဆောင်းလေ့ရှိ၏။

ဒါဆိုရင် ဟုန်ဟွမ့်ရဲ့အသိအမှတ်ပြုပစ္စည်းက
လပြည့်ဝန်းပုံဖြစ်ရမှာမဟုတ်လား။

ဘာကြောင့် လခြမ်းကွေးဖြစ်ရမှာတဲ့လဲ။။။။။

ထိုစဉ် ရှင်းသည်တစ်စုံတစ်ခုကို
အမှတ်ရသွားဟန်ဖြင့် ဝမ်းမြောက်ဝမ်းသာပြုံးလိုက်မိတော့သည်။
သို့ပေမယ့် သူကံဆိုးရှာပါ၏။
ဟုန်ဟွမ့်နဲ့စကားပြောရင်း ပြုံးလိုက်သည်ဖြစ်၍
မသိရင်သူသည် ဟုန်ဟွမ့်ကြောင့်ပြုံးလိုက်သည့်နှယ်
ထင်မှတ်ရစေ၏။

အထူးသဖြင့် ရှင်းနဲ့ဓားလွယ်ခုတ်နေရာမှာ
ရပ်နေခဲ့တဲ့ ကျင်းနေရာကကြည့်လိုက်ရင်
ထိုသို့ပို၍ ထင်မှတ်ရပေလိမ့်မည်သာ။။။။။။

ကျင်းသည် သူ့ကိုတစ်ကြိမ်တစ်ခါမှပင်
ဤသို့နှစ်လိုဖွယ်ပြုံးပြခဲ့ခြင်းမရှိသည့်
ရှင်းက တခြားမိန်းကလေးတစ်ယောက်အတွက်
အပြုံးပန်းတွေစွန့်ကြဲနေသည်ကို
မြင်လိုက်ရသည့်အခါ ဒေါသအမျက်ချောင်းချောင်း
ထွက်သွားရတော့သည်။

သူသည် ပြုံးရယ်နေသောထိုနှစ်ယောက်ကို
ကျောခိုင်းလိုက်ပြီး လိပ်မြွေမလေးနဲ့အတူ
နတ်သားရဲကျွန်းအပြင်သို့
ပြန်လည်ထွက်ခွာ‌သွား‌တော့သည်။

အစောပိုင်းတုန်းက
သူရပ်နေခဲ့သည့်‌နေရာမှာတော့
မီးစွမ်းအင်နဲ့လုပ်ထားသည့်
ဆံချိတ်လေးတစ်ခုကျန်ရှိနေခဲ့သည်။
ထိုဆံချိတ်လေးသည် ကျင်းရဲ့လောင်ကျွမ်းခံထားရသည့်
ညာဘက်လက်ချောင်းများမှသည်
မြေပြင်ထက်ဆီသို့။။။။။။။။

© Sun Elf,
книга «The truth untold».
Коментарі