Chapter 12
'ေသကြဲ ကြဲရျခင္း' တဲ့။။။။။။
တစ္စံုတစ္ေယာက္ကို လက္လႊတ္ဆံုးရႈံးရျခင္းက
'ရွင္ကြဲ ကြဲရျခင္း 'ဆိုရင္၊
တစ္စံုတစ္ေယာက္ကို သံသရာစက္ဝန္းမွာ
ဘယ္ေတာ့မျွပန္ဆံုခြင့္မရႏိုင္ေတာ့တာဟာ
'ေသကြဲ ကြဲရျခင္း'ပါပဲ။။။။။
ခ်စ္ရတဲ့သူကို ဆံုရႈံးရတဲ့
ခံစားခ်က္က သိပ္ကိုနာက်င္စရာေကာင္းတယ္လို႔
ရွင္း ၾကားဖူးသည္။
သို႔ေပမယ့္ တကယ့္လက္ေတြ ့က
ပံုျပင္ေတြ၊ ယံုတမ္းစကားေတြလို
နာက်င္စရာေကာင္းမေနခဲ့ပါ။
ပူေဆြးမႈေတြသည္ ျပန္လမ္းမရိွတဲ့ေခ်ာက္ကမ္းပါးထဲ
တြန္းခ်ခံလိုက္ရသလို၊
ယူႀကံဳးမရတဲ့စိတ္ေတြသည္လည္း
ေလတံခြန္တစ္ခုလိုပဲ မိုးေပၚကိုပ်ံတက္သြားခဲ့ေလၿပီ။
ဘာကိုဝမ္းနည္းရဦးမွာလဲ။။။။။
ေကာင္းကင္ဘံုမွာရိွတဲ့သက္ရိွေတြအားလံုးကို
ကယ္တင္ႏိုင္ခဲ့ၿပီပဲ ဘာလို႔မေပ်ာ္ရႊင္ႏိုင္ရမွာလဲ။
ကိုယ့္ကေလးကိုေတာင္ သတ္ပစ္ဖို႔ႀကံရြယ္ႏိုင္တဲ့
နတ္ဆိုးႀကီးကိုေသေစႏိုင္ခဲ့ၿပီပဲ
ဘာလို႔ငိုေႂကြးေနရမွာလဲ။
ႏွစ္ ႏွစ္ေတာင္တိတိကိုယ့္ကိုႏိွပ္စက္ခဲ့တဲ့သူကို
စကားေလးတစ္ခြန္းနဲ႔တင္ ဘဝျခားသြားေအာင္
လုပ္ႏိုင္ခဲ့တာပဲ ဘာလို႔သည္းအူျပတ္မတတ္
ယူႀကံဳးမရျဖစ္ေနရမွာလဲ။
အရာရာဟာ ေကာင္းဖို႔အတြက္ျဖစ္လာခဲ့တာမို႔
ဘာေၾကာင့္ မေက်မနပ္ခ်က္ေတြကို
စာစီကံုးၿပီးေရးဖြဲ႔ျပရေတာ့မွာလဲ။
ေလွာင္ေျပာင္မႈေတြနဲ႔
ဟားတိုက္ရယ္ေမာပစ္ရမွာေပါ့။။။။။
မ်က္ႏွာကိုေမာ့ၿပီး သံုးေလာကတစ္ခြင္မွာ
ဂုဏ္ဆာပစ္ႏိုင္ရမွာေပါ့။။။။။
သို႔ေပမယ့္ မ်က္လံုးေတြမိွတ္သြားေအာင္
ေအာ္ရယ္ပစ္လိုက္ေတာ့
ရင္ထဲျပၫ့္လ်ွံတက္လာသည္က
ဆို႔နစ္ေနတဲ့ ခံစားမႈအလီလီသာ။။။။
သူ႔ကိုယ္သူနားမလည္ႏိုင္စြာႏွင့္
ရွင္း ရယ္ဖို႔ထပ္မံႀကိဳးစားမိျပန္သည္။
ဒါေပမယ့္ သူ မရယ္ႏိုင္ခဲ့ပါ။
မ်က္ရည္က်လာေအာင္
ႀကိဳးစားၾကၫ့္ျပန္ေတာ့လည္း ထိုျမစ္တစ္စင္းသည္
သူ႔မ်က္ႏွာေပၚျဖတ္သန္းဖို႔တံု႔ဆိုင္းေနခဲ့၏။
ယူႀကံဳးမရမႈေတြနဲ႔လည္းရင္မဆိုင္ခဲ့ရသလို၊
ေၾကကြဲမႈေတြသည္လည္း ခါးစည္းခံပစ္လို့မရနိုင္ေလာက္ေအာင္
သူ႔ဆီကေနထြက္ေျပးဖို့ျကိုးစားေနျက၏။။။။။
သူအခုခ်ိန္မွာသိတာက 'ဟုန္လင္က်င္း ေသသြားၿပီ' ဆိုတဲ့
အေၾကာင္းအရာေလးတစ္ခုတည္းပါပဲ။
က်န္တဲ့အေတြးေတြကလည္း သူ႔ဆီကိုအလည္မေရာက္ခ်င္ၾကဘူး ထင္ပါရဲ့။
ေအာင္ျမင္ျခင္းဆိုတာ
'အရာရာကို အႏိုင္ယူပစ္ႏိုင္တာပဲ' လို႔
သူအၿမဲတမ္းေျပာေနခဲ့ေပမယ့္၊
အခုခ်ိန္မွာေတာ့ အဲ့ဒီစကားကမွားေနတယ္ဆိုတာ
နားလည္စျပဳလာခဲ့ပါၿပီ ။
'အရာရာကိုအႏိုင္ရေနတာကလည္း ရႈံးနိမ့္ျခင္းတစ္မ်ိဳးပါပဲ'ေလ။
ဥပမာေျပာရမည္ဆိုလ်ွင္။
ဇာတ္ခံုေပၚမွာ အမ်ိဳးသမီးဇာတ္ေဆာင္ႏွစ္ဦးကျပေဖ်ာ္ေျဖေနတယ္ဆိုပါစို႔။
ပထမဇာတ္ေဆာင္အမ်ိဳးသမီးက
ဒုတိယဇာတ္ေဆာင္အမ်ိဳးသမီးရဲ့
ရန္ေဆာင္တဲ့စကားေတြကို
ေခါင္းငံု႔ၿပီး အၿပံဳးလွလွေလးတစ္ခုႏွင့္သာ
တံု႔ျပန္ေနလ်ွင္ ဘယ္သူကအႏိုင္ရေနသည္ဟုဆိုႏိုင္သနည္း။
ထို႔မ်ွမက ဒုတိယဇာတ္ေဆာင္အမ်ိဳးသမီးက
ပထမအမ်ိဳးသမီးပိုင္ဆိုင္တဲ့
အရာေတြအားလံုးကိုသိမ္းယူသြားေပမယ့္
ပထမအမ်ိဳးသမီးက ေက်နပ္ပါသည္။
လက္ခံပါသည္။ စိတ္အလိုရိွတဲ့အတိုင္း
ယူေဆာင္သြားလို႔ရပါသည္ ဟုေစတနာအရင္းခံႏွင့္
ျပန္ေျပာေနသည္ဆိုပါစို႔။
ဘယ္သူက ရယူပိုင္ဆိုင္ျခင္းဆိုတဲ့ရႈံးနိမ့္မႈကို
ရရိွလိုက္ၿပီး ၊ ဘယ္သူက ေပးဆပ္ျခင္းဆိုတဲ့ေအာင္ျမင္မႈကို
လက္ဝယ္ရယူလိုက္ႏိုင္ပါသနည္း။
အေျဖကား ရွင္း၏။ ဟုန္လင္က်င္းက
ေပးဆပ္ျခင္းဆိုတဲ့ေအာင္ျမင္မႈကို
ၿပံဳးၿပံဳးကေလးႏွင့္ အလြယ္တကူေဆာင္ယူသြားၿပီး၊
သူ႔လက္ထဲကိုေတာ့ ရယူပိုင္ဆိုင္ျခင္းဆိုတဲ့ရႈံးနိမ့္မႈေတြ
ရက္ရက္ေရာေရာသြပ္သြင္းေပးသြားျခင္းသာျဖစ္၏။
တစ္သက္လံုးေနာင္တရေနမယ့္ ေအာင္ျမင္မႈကို
ပိုက္ၿပီးေတာ့ သူကဘာလုပ္ရမွာတဲ့လဲ။
ဒီလိုအႏိုင္ရမႈႀကီးကို ဘယ္လိုစိတ္မ်ိဳးနဲ႔
လက္ခံႏိုင္ရမွာတဲ့လဲ။
နာက်င္သည္။ စိတ္ဝိဉာဉ္တစ္ခုလံုးေၾကမြသြားေအာင္
ဆြဲစုတ္ခံလိုက္ရသသၫ့္ႏွယ္ နာက်င္ေန၏။
မ်က္ရည္ေတြက ဆည္ကိုခ်ိဳးဖ်က္ၿပီး
အရိွန္အဟုန္နဲ႔စီးဆင္းလာတဲ့ေရေတြလို
ရွင္းရဲ့မ်က္ႏွာေပၚမွာ အလ်ဉ္မျပတ္ေတာ့ေပ။။။။။
ဓားကိုျပန္ဆြဲထုတ္လိုက္ရင္ ဟုန္လင္က်င္းနာက်င္သြားလိမ့္မယ္ ဆိုတဲ့
ယုတၲိမရိွတဲ့အေတြးေတြနဲ႔ အသက္မရိွေတာ့တဲ့
ခႏၶာကိုယ္ကို ကေလးေခ်ာ့သိပ္သလို
ေက်ာျပင္ေလးေတြသပ္ေပးေနမိျပန္တဲ့
ရွင္းက အရူးတစ္ေယာက္လို။
အၿမဲတေစ လွပစြာစည္းေနွာင္ထားတတ္တဲ့
ဟုန္လင္က်င္းရဲ့ဆံႏြယ္ေတြက
အခုခ်ိန္မွာနဖူးေပၚအေျပးအလႊားခုန္ဆင္းလာေနၾကသည္မို႔ ရွင္းလက္နဲ႔ဖြဖြသပ္တင္ေပးလိုက္မိသည္။
ျဖဴေဖြးတဲ့မ်က္ႏွာျပင္သည္ ေသြးေတြနဲ႔ေပပြေနေပမယ့္လည္း
ခန႔္ျငားေနမႈေတြ ကိန္းဝပ္ေနေသး၏။
ဟုန္လင္က်င္းဆိုသည္မွာ
ဘယ္ေလာက္ေတာင္ကုသိုလ္ကံထူးတဲ့သူလည္းဆိုတာ အဲ့ဒါသာၾကၫ့္ပါေတာ့ေလ။
မကြယ္ဝွက္တမ္းေျပာရမည္ဆိုလ်ွင္
ဟုန္လင္က်င္းသည္လည္း ရွင္းရဲ့တပၫ့္ျဖစ္ခဲ့ဖူး၏။
ရွင္း အခ်စ္ရဆံုးတပၫ့္တစ္ေယာက္
မျဖစ္ခဲ့ေပမယ့္လည္း
ရွင္းကိုဂုဏ္တက္ေအာင္ ေဆာင္ၾကည္းေပးႏိုင္ခဲ့သူတစ္ဦးျဖစ္ခဲ့ဖူးေပသည္။
သို႔ေပမယ့္ အခ်ိန္ေတြအလီလီေျပာင္းသြားခဲ့တဲ့ေနာက္မွာေတာ့
မေကာင္းမႈေတြကိုသာ ပံုေဖာ္ထုဆစ္တတ္သၫ့္
နတ္ဆိုးတစ္ပါးအေနႏွင့္
သူ႔ဆရာရဲ့လက္ထဲမွာပဲ ေသဆံုးသြားခဲ့ရသည္တဲ့။
ဘယ္ေလာက္ရယ္စရာေကာင္းလိုက္တဲ့
ဟာသပါလိမ့္။
အဲ့ဒီထက္ပိုၿပီးရယ္စရာေကာင္းတာကေတာ့
ဟုန္လင္က်င္းက ထိုက္ယန္နတ္ဘုရားႏွင့္
သူ႔ရွစ္ဇြင္းမွာ တစ္ေယာက္ထဲဆိုတာကို
လံုးဝမသိခဲ့တာပါပဲ။
အကယ္၍ သူသာသိခဲ့မည္ဆိုလ်ွင္
ရွင္းကိုဘယ္ေတာ့မွ ခ်စ္ခဲ့မည္မဟုတ္ေပ။
ရွင္းဆိုသည္မွာ သူေလးစားျမတ္ႏိုးရတဲ့ဆရာတစ္ေယာက္အျဖစ္သာ
စိတ္ထဲစြဲၿမဲေနသည္မို႔ ခ်စ္တဲ့စိတ္ကိုေမြးျမဴဖို႔
လံုးဝႀကိဳးစားလိမ့္မည္မဟုတ္ပါ။
ဘယ္ေလာက္ထိေတာင္ ရွင္းကိုေလးစားခဲ့သလဲဆိုရင္
သူ႔မ်ိဳးရိုးနာမည္ကိုပါ 'ဟုန္' ဟူ၍
သတ္မွတ္ခဲ့သည္ကိုပဲၾကၫ့္ပါေတာ့။
အနီေရာင္ကိုသာ စြဲစြဲၿမဲျမဲဝတ္တတ္သၫ့္
ဆရာ့ကိုအၿမဲတမ္းသတိရေနေစရန္
ရည္ရြယ္ၿပီး သူ႔မ်ိဳးရိုးကိုသာမက
နတ္ဆိုးဘုရင္ငယ္ကိုးပါးရဲ့မ်ိဳးရိုးနာမည္ကိုပါ
'ဟုန္'(အနီေရာင္) အျဖစ္ေျပာင္းလဲေစခဲ့သည္။
ထို႔ျပင္ ကိုယ္တိုင္ကေရႊေရာင္အဆင္တန္ဆာေတြ
ႀကိဳက္ႏွစ္သက္ပါရက္ႏွင့္ ရွင္းကိုေျခရာတိုင္းၿပီးဝတ္ဆင္သည္ဟူ၍
မေလးစားသၫ့္အသြင္ေရာက္မွာ
စိုးရိမ္မိျပန္တာေၾကာင့္
ေငြေရာင္အဆင္တန္ဆာေတြသာ ဆင္ယင္ခဲ့၏။
အဲ့ဒီေလာက္အထိကို ေလးစားခဲ့သည္ျဖစ္ရာ
ရွင္းကိုသေဘာက်ဖို႔သူ႔ကိုယ္သူထိုက္တန္သည္ဟု
လံုးဝမေတြးဖူးခဲ့ပါ။
ထိုက္ယန္နတ္ဘုရားကို သေဘာက်မိသည္ကား
ရွင္းႏွင့္တူ၍သာ ျဖစ္၏။
သူကိုယ္တိုင္မသိေပမယ့္ သူ႔မသိစိတ္ကေတာ့
ထိုက္ယန္နတ္ဘုရားအေပၚတြယ္ၫွိမိသၫ့္စိတ္သည္
ရွင္းေၾကာင့္ဆိုတာ အၿမဲတေစသက္ေသျပေနခဲ့၏။
ဘယ္သူ႔မွ သတိမမူခဲ့မိသည္မွာ
ဟုန္လင္က်င္းရဲ့ တည္ၿငိမ္လွေသာမ်က္ႏွာအမူအရာေၾကာင့္ပင္ျဖစ္၏။
သို႔ေပမယ့္ အရာအားလံုးက ျပန္မရႏိုင္ေတာ့သၫ့္
အတိတ္တစ္ခုလိုပင္ မ်က္စိတစ္မိွတ္စာအတြင္းတြင္
ပ်က္စီးေပ်ာက္ကြယ္သြားခဲ့ရၿပီမို႔
ရွင္းဆက္မေတြးခ်င္ေတာ့ပါ။
ထိုစဉ္ ေသြးေတြရႊဲနစ္ေနသၫ့္ဟုန္လင္က်င္းရဲ့
ရုပ္အေလာင္းကိုၾကၫ့္ရင္း သူ႔စိတ္ထဲသို႔
အေတြးတစ္ခုဝင္ေရာက္လာခဲ့သည္။
စိတ္မႏွံ႔သၫ့္သူတစ္ေယာက္ေတြးတတ္သၫ့္
မျဖစ္ႏိုင္သၫ့္အေတြးမ်ိဳး။
တစ္ပါးသူထိခိုက္ခ်င္ထိခိုက္ပါေစ ။
မိမိရွင္သန္ေစခ်င္သၫ့္သူသာ ျပန္လည္ရွင္သန္လာမည္ဆိုလ်ွင္
ဘယ္အရာကိုမဆိုလုပ္ရဲသည္ဆိုသၫ့္
အေတြးမ်ိဳးပင္။
ရွင္းက မ်က္လံုးေတြေမွးစင္းကာ
နတ္ဆိုးမိဖုရားကိုလွၫ့္ၾကၫ့္လိုက္၏။
အႏၲရာယ္ၾကားထဲမွာပင္ ကေလးကိုမရရေအာင္
ေမြးဖြားေနသၫ့္ နတ္ဆိုးမိဖုရားက
တကယ့္ကိုေလးစားစရာေကာင္းလြန္းလွသည္။
သို႔ေပမယ့္ ရွင္းမွာ သူမကိုခ်ီးက်ူးစကားေျပာဖို႔
အစီအစဉ္မရိွခဲ့ပါ။
သူမသည္လည္း စြမ္းအင္လိႈင္းေတြၾကားမွာ
သူတို႔ႏွင့္အတူရိွေနသည္ျဖစ္၍
မည္သူမွလည္းသူမကိုေတြ ့ႏိုင္လိမ့္မည္မဟုတ္။
ဒီေတာ့ သူ႔အႀကံေတြကိုေရ႔ွဆက္တိုးဖို႔သာ
လုပ္ေဆာင္ရေတာ့မွာေပါ့။။။။။။
"မင္း အသက္ရွင္ခ်င္ရင္ ကေလးျမန္ျမန္ေမြးစမ္းပါ"
ေအးစက္ျပတ္ေတာင္းလွသၫ့္အသံေၾကာင့္
နာက်င္ေနသၫ့္ၾကားမွ နတ္ဆိုးမိဖုရားကလွမ္းၾကၫ့္လာသည္။
ေမွးစင္းထားတာေၾကာင့္
က်ဉ္းေျမာင္းေနသၫ့္မ်က္လံုးထဲတြင္
လူသတ္ခ်င္သၫ့္အရိပ္အေယာင္ေတြ
ေရာယွက္ေနသၫ့္ မ်က္လံုးေတြႏွင့္
ရွင္း သူမကိုႀကိဳဆိုလိုက္သည္။
ေရခဲရိုက္ထားသလို ေအးစက္ေတာင့္တင္းေနသၫ့္
မ်က္ႏွာထားေၾကာင့္လားေတာ့မသိ။
သူ႔ကိုၾကၫ့္ေနရင္းႏွင့္ပင္ မိဖုရားမွာသတိလစ္သြားေတာ့သည္။
သို႔ေပမယ့္သူမေတာ္သည္။
ကေလးကိုေတာ့ ရေအာင္ေမြးဖြားသြားခဲ့ေသး၏။
မိခင္ေမတၲာဟူသည္ တုႏိႈင္း၍မရႏိုင္ေလာက္ေအာင္
ႀကီးမားလြန္းသည္ဆိုတာ ယံုတမ္းစကားတစ္ခုမဟုတ္ေၾကာင္း
သက္ေသျပသြားသၫ့္ႏွယ္။။။။။။
ၾကမ္းျပင္ေပၚတြင္အိပ္စက္ေနသၫ့္ကေလးငယ္ကို
ရွင္း မခ်ီခဲ့ပါ။တစ္ခ်က္မ်ွသာ အသိအမွတ္ျပဳသၫ့္အေနျဖင့္ ၾကၫ့္ျဖစ္၏။
ဟုန္လင္က်င္း၏ကေလးငယ္သည္
ဟုန္လင္က်င္းႏွင့္တေထရာတည္းတူေနသည္ကို
ျမင္ရေသာအခါ ရွင္းမ်က္ႏွာထက္၌
အၿပံဳးတစ္ခုေပၚထြန္းသြားခဲ့သည္။
သို႔ေပမယ့္ ထိုအၿပံဳးသည္မဲ့ၿပံဳးတစ္ခုသာ။
ကိုယ့္ခ်စ္သူႏွင့္တျခားအမ်ိဳးသမီးရဲ့
ေသြးေတြေရာေနွာေနသၫ့္ ကေလးငယ္ကို
ရွင္းဘယ္လိုစိတ္မ်ိဳးႏွင့္ ၾကည္လင္စြာၿပံဳးျပႏိုင္မည္နည္း။
ကေလးကိုမမုန္းေပမယ့္၊ ခ်စ္သည္ဆိုလည္းမဟုတ္ပါ။
သို႔ေသာ္။။။။။
သူ႔မွာထပ္ေရြးစရာအေျခအေနမွမရိွေတာ့ပဲ။
ဘာေၾကာင့္ တြန႔္ဆုတ္ေနရေတာ့မွာလဲ။
အသက္ျပင္းျပင္းရႈသြင္းလိုက္ၿပီး
မ်က္လံုးကိုအသာမိွတ္လိုက္ေတာ့
မ်က္ရည္တစ္စက ပါးျပင္ေပၚျဖတ္ေလ်ွာက္သြား၏။
ထိုမ်က္ရည္စသည္ ေမးဖ်ားကိုေရာက္သြားခ်ိန္မွာေတာ့
ဟုန္လင္က်င္းရဲ့ႏွလံုးသားတၫ့္တၫ့္ေပၚသို႔
ခုန္ဆင္း၏။
ထိုအခ်ိန္မွာပင္ မထင္မွတ္ထားေသာအျဖစ္အပ်က္တစ္ခုသည္
ရုတ္ခ်ည္းဆိုသလိုႏိုးထလာခဲ့သည္။
ဟုန္လင္က်င္းရဲ့ဝိဉာဉ္စြမ္းအားေတြ။။။။
ျပာလဲ့လဲ့စြမ္းအင္ႏွင့္အနက္ေရာင္စြမ္းအင္ႏွစ္ခုသည္
လိမ္က်စ္ထားေသာ ႀကိဳးစမ်ားႏွယ္
ဟုန္လင္က်င္းရဲ့ႏွလံုးသားထဲမွ
ဒေရာေသာပါးထြက္ေျပးလာကာ
ရွင္းမွလြဲ၍ က်န္တဲ့အရာအားလံုးကို
အေဝးသို႔ၾကမ္းတမ္းစြာတြန္းထုတ္ပစ္လိုက္ေတာ့သည္။
ရွင္းမွာ သူ႔ေဘးကၾကမ္းျပင္ေပၚက်ေနတဲ့
ကေလးငယ္ကို အတင္းအက်ပ္ျပန္လည္ဖမ္းဆုပ္ထားလိုက္ရသည္။
ဟုန္လင္က်င္းကို အသက္ျပန္သြင္းႏိုင္မယ့္
တစ္ခုတည္းေသာအရာကို
လက္လႊတ္လိုက္ရမည္ဆိုရင္
သူ႔ကိုယ္သူ သမုဒၵရာေအာက္ေျခထိနစ္ျမႇဳပ္သြားေစဖို႔
အျပစ္ေပးလိမ့္မည္ထင္သည္။
သို႔မွသာ သူလည္းက်င္းႏွင့္အတူေသဆံုးသြားႏိုင္မွာေလ။
ဒါေပမယ့္ လက္ရိွအခ်ိန္မွာေတာ့ ရွင္းေသဖို႔ဆႏၵမရိွေသးပါ။
သူက မဆိုင္းမတြပင္ ဟုန္လင္က်င္းရဲ့ခႏၶာကိုယ္ထဲမွ
ထြက္လာတဲ့စြမ္းအင္ေတြကို
ညာလက္နွင့္စုပ္ယူလိုက္ၿပီး
ဘယ္လက္ႏွင့္ သူ႔ရင္ခြင္ထဲမွာႏွစ္ၿခိဳက္စြာအိပ္စက္ေနသၫ့္
ကေလးငယ္ထဲသို႔စီးဝင္ေစသည္။
ဘယ္ဘက္လက္ႏွင့္ေပြ ့ခ်ီထားလ်က္ပင္
လႊဲေျပာင္းေပးေနသည္မို႔
ထိုစြမ္းအင္တခ်ိဳ႕သည္
ကေလးငယ္ကိုယ္ထဲမွ ျပန္ကန္ထြက္ကာ
သူ႔ႏွလံုးအိမ္ထဲ စီးဝင္လာၾက၏။
ရွင္းရဲ့ကိုယ္ထဲမွ သန႔္စင္သၫ့္မီးဓာတ္သည္
ေရစြမ္းအင္ႏွင့္နတ္ဆိုးစြမ္းအင္ကို
လက္မခံသည္ျဖစ္ရာ
အခ်င္းခ်င္းတန္ျပန္တိုက္ခိုက္ၾကကုန္၏။
သို႔ေပမယ့္ ရွင္းမွာ သူ႔ကိုယ္သူဂရုစိုက္ရန္
မအားလပ္ခဲ့ပါ။
အခုခ်ိန္မွာ သူ႔ခႏၶာကိုယ္ပ်က္စီးသြားမည္ဆိုရင္ေတာင္
စြမ္းအင္လႊဲေျပာင္းေပးမႈကို ရပ္ဆိုင္းပစ္လိုက္မွာမဟုတ္။
ဟုန္လင္က်င္းကို အသက္ဆက္ရွင္ေစခ်င္တဲ့ဆႏၵေလးတစ္ခု
မၿပီးေျမာက္ႏိုင္လိုက္မွာပဲ
သူစိုးရိမ္ေနခဲ့သည္။
ဒါေၾကာင့္ ေရစြမ္းအင္ႏွင့္အဖ်က္စြမ္းအင္မ်ားကို
စုပ္ယူၿပီး ကေလးငယ္ဆီသို႔သာ
အဆက္မျပတ္လႊဲေျပာင္းေပးေနမိ၏။
နဖူးျပင္ထက္က ဆံစမ်ားမွသည္
ခႏၶာကိုယ္တစ္ခုလံုးတြင္ နာက်င္မႈမ်ား
တြန္းထိုးရုန္းႂကြေနေပမယ့္ ရွင္း အမႈမထားမိပါ။
သူ႔စိတ္ထဲမွာ နွေျမာသၫ့္စိတ္ကေလးသာရိွ၏။
ဟုန္လင္က်င္းရဲ့ ဝိဉာဉ္စြမ္းအင္ႏွစ္ခုသည္
သံုးပံုတစ္ပံုခန႔္သာ ကေလးငယ္၏ကိုယ္ထဲဝင္ျပီး
က်န္သံုးပံုႏွစ္ပံုခန႔္မွာ သူ႔ကိုယ္ထဲအတင္းအက်ပ္ဝင္ေရာက္၍
မီးဓာတ္ႏွင့္တိုက္ခိုက္ေနၾကသည္ေလ။
ဒါေၾကာင့္ ဟုန္လင္က်င္းရဲ့စြမ္းအင္ေတြ
သူ႔ရဲ့ေပါ့ဆမႈေၾကာင့္ ေလ်ာ့နည္းသြားခဲ့ရၿပီဟု
ယူႀကံဳးမရျဖစ္ကာ တိတ္တဆိတ္မ်က္ရည္က်မိေတာ့သည္။
သို႔ေပမယ့္ ထိုဆံုးရႈံးမႈထက္ ပို၍ေၾကကြဲစရာေကာင္းေသာအခ်က္ကိုလည္း
သူမျဖစ္မေနလုပ္ခဲ့ရပါ၏။
ဟုန္လင္က်င္းရဲ့ဝိဉာဉ္ကို ဆင့္ေခၚျခင္းမႏၲာန္နဲ႔
ကေလးငယ္ရဲ့ကိုယ္ထဲထၫ့္ေပးလိုက္ေပမယ့္
ငယ္ရြယ္သၫ့္ခႏၶာကိုယ္ေလးသည္
ဝိဉာဉ္ႏွစ္ခုရဲ့အားကိုခံႏိုင္စြမ္းမရိွခဲ့ပါ။
သို႔ျဖစ္၍ ဟုန္လင္က်င္းရဲ့ဝိဉာဉ္ႏွင့္
ကေလးငယ္ရဲ့ဝိဉာဉ္ႏွစ္ခုထဲမွတစ္ခုကိုသာ
ခႏၶာကိုယ္ထဲတြင္ ရွင္သန္ေနေစဖို႔
သူေရြးခ်ယ္ရေတာ့၏။
ကေလးမွာအျပစ္မရိွတာ သူသိသည္။
ေလာကႀကီးရဲ့ဆန္းၾကယ္မႈႏွင့္ ေနြးေထြးမႈတို႔ကို
ထိေတြ ့ခ်င္၍ ေမြးဖြားျခင္းဆိုသၫ့္
အခက္အခဲဆံုးလမ္းကိုျဖတ္ေက်ာ္လာသၫ့္
ကေလးငယ္ကို ခရီးေရာက္မဆိုက္
သတ္ပစ္ဖို႔ဆိုတာက သူ႔အတြက္ခက္ခဲလြန္းလွ၏။
ထိုအေတြးကိုသာ အျခားသူေတြမေတာ္တဆသိသြားမည္ဆိုပါက
တစ္ေထာင့္တစ္ညပံုျပင္ထက္ပင္
ရွည္ၾကာေအာင္ ေလွာင္ေျပာင္ရယ္ေမာၾကမည္မွာမလြဲဧကန္ပင္။
ၿငိမ္းခ်မ္းမႈကိုထိပါးလာတာႏွင့္
မ်က္ေတာင္တစ္ခ်က္မခတ္ပဲ
မ်ိဳးႏြယ္စုလိုက္ႀကီးသတ္ရဲသၫ့္
ေဟာ္လင္အရွင္သခင္က
ကေလးတစ္ေယာက္ကိုမသတ္ရဲသည္မွာ
တကယ္လည္း ဟာသေျမာက္လွပါသည္။
ဒါေပမယ့္ သူတကယ္ကိုသတ္ဖို႔တြန႔္ဆုတ္ေနခဲ့သည္သာ။
ႏွစ္ေယာက္ထဲမွာ တစ္ေယာက္ကိုေရြးခ်ယ္ရမည္ဆိုလ်ွင္
သူဘယ္သူ႔ကို ရွင္သန္ေစခ်င္သနည္း။
အထပ္ထပ္အခါခါစဉ္းစားေပမယ့္
ေနာက္ဆံုးရလာသၫ့္ ရလဒ္သည္ေျပာင္းလဲမသြားပဲ
ႏွစ္ေယာက္လံုးကိုသာ ခႏၶာကိုယ္တစ္ခုတည္း၌
ရွင္သန္ေစခ်င္ေန၏။
သို႔ျဖစ္၍ ႏွစ္ေယာက္စလံုးရဲ့ဝိဉာဉ္ေတြကို
ေရာေထြးပစ္ဖို႔ႀကိဳးစားရျပန္၏။
ဝိဥာဥ္တစ္ခုတြင္ ဝိဉာဉ္ခြဲခုႏွစ္လႊာရိွေနသည္ျဖစ္ရာ
ရွင္းမွာ ငါးခု၊နွစ္ခု ေရြး၍ ေရာေထြးပစ္လိုက္ရေတာ့သည္။
ဟုန္လင္က်င္းရဲ့ 'အခ်စ္၊ေပ်ာ္ရႊင္မႈ၊ သတၲိ၊ ဝမ္းနည္းမႈ၊ ေမတၲာ ' စသၫ့္ ဝိဉာဉ္ခြဲငါးခုႏွင့္
ကေလးငယ္၏ အားေပ်ာ့ေသာ'ေဒါသႏွင့္အမုန္း'ကို
ေရာယွက္ေပးမိ၏။ အကယ္၍
ဟုန္လင္က်င္းလုပ္ခဲ့သမ်ွအမွားေတြသည္
အမုန္းတရားႏွင့္ေဒါသကိုအေျခခံၿပီး
ျဖစ္တည္ခဲ့လ်ွင္ ထိုစိတ္ဝိဉာဉ္ႏွစ္မ်ိဳးကို
ေပ်ာက္ကြယ္သြားေအာင္လုပ္ဖို႔
ရွင္းမွာတာဝန္ရိွသည္ေလ။
ကိုယ့္တပၫ့္၊ ကိုယ့္ခ်စ္သူေကာင္းဖို႔
လုပ္ေပးေနသည္ျဖစ္၍
အရာရာဟာ အေကာင္းဘက္သို႔သာဦးတည္ေနပါ၏။
ထိုစဉ္ ႂကြင္းက်န္ရစ္သၫ့္ဝိဉာဉ္အပိုင္းအဆခုနစ္ခုသည္
ရွင္းရဲ့ လက္ထဲရိွ ျပာလဲ့လဲ့အလင္းတန္းတစ္ခုထဲသို႔
ေျပးဝင္သြားၿပီး အေငြ ့ေတြဖံုးလႊမ္းေနတဲ့အရာတစ္ခု
အျဖစ္လြင့္စင္သြားကာ
ေဖ့စမ္းမီးေတာင္ထဲသို႔က်သြားေတာ့၏။
အရိွန္နဲ့ျပုတ္က်သြားသည့္ ထိုအရာေၾကာင့္ ေဖ့စမ္းမီးေတာင္မွ
ေခ်ာ္ရည္ေတြပင္ လ်ွပ္စီးႏြယ္တန္းမ်ားပင္
ေၾကာက္လန႔္ဖြယ္ရာအဆင္းသ႑ာန္ျဖင့္
မီးေတာင္အျပင္ဘက္သို႔ စီးက်လာခဲ့၏။
သို႔ေပမယ့္
ရုတ္ခ်ည္းဆိုသလိုပင္ တစ္စံုတစ္ခု၏ထိန္းခ်ဳပ္မွုကို ခံစားလိုက္ရသၫ့္အလား။ မီးေတာင္တစ္ခုလံုးသည္ တစ္မုဟုတ္ခ်င္း ေပ်ာက္ကြယ္သြားခဲ့၏။ ထိုမီးေတာင္ေနရာမွာေတာ့ ခ်ိဳင့္ခြက္ႀကီးတစ္ခုေပၚလာၿပီး
ေကာင္းကင္ဘံုမွစီးဆင္းလာေသာ
ေရတံခြန္ေပါင္း ၅၀၀၀ေက်ာ္မွ
ေရမ်ားႏွင့္ျပၫ့္ႏွက္သြားေတာ့သည္။
ထိုေရမ်ားသည္တျခားမဟုတ္ေပ။
ဟုန္လင္က်င္းရဲ့ဝိဉာဉ္ဓာတ္မွ ျဖာထြက္လာသၫ့္
ခ်ီစြမ္းအင္ျပၫ့္ႏွက္ေနေသာ
ေရမ်ားပင္။ ႏွစ္ေပါင္းမ်ားစြာက်င့္ႀကံျခင္းမွ
ျဖစ္တည္လာေသာ ဟုန္လင္က်င္း၏
ေရစြမ္းအင္တြင္ ခ်ီစြမ္းအင္မ်ားစြာ
စိမ့္ဝင္ေနသည္ျဖစ္ရာ
ထိုေရကန္၏ အစြမ္းသတၲိသည္ ေကာင္းကင္ဘံု၏
ရတနာမ်ားထဲမွရတနာတစ္ခုဟုပင္
ေနာက္အခါ၌ တင္စားခံခဲ့ရေခ်၏။
၎ေရကန္သည္ အျခားမဟုတ္။
က်င္းေနထိုင္သၫ့္ နန္းေဆာင္တည္ရိွရာ
စိတ္ညို႔ေရကန္ပင္ျဖစ္၏။
သို႔ေပမယ့္ စိတ္ညို႔ေရကန္ထဲတြင္ေပ်ာ္ဝင္ေနသၫ့္
စြမ္းအင္မ်ားသည္ ဟုန္လင္က်င္းရဲ့ဝိဉာဉ္ဓာတ္ျဖစ္သည္ကိုေတာ့
ရွင္းကလြဲ၍ မည္သူမ်ွမသိခဲ့ေသာေၾကာင့္
ဒ႑ာရီဆန္သၫ့္ဇာတ္လမ္းမ်ိဳးစံုျဖင့္သာ
ေဖာ္ျပျခင္းခံခဲ့ရေလသည္။
စိတ္ညို႔ေရကန္ႀကီးဆီ စိတ္ေတြပ်ံ့လြင့္ေနစဉ္
လက္ထဲမွကေလးငယ္၏ မူမမွန္သၫ့္လကၡဏာမ်ားေၾကာင့္
ရွင္း စိတ္ျပန္စုစည္းလိုက္ရသည္။
ေရစြမ္းအင္၏ ဖိႏိွပ္မႈကိုခံထားရေပမယ့္
နတ္ဆိုးစြမ္းအင္မ်ားသည္ ကေလးကိုယ္ကို
အၫွာအတာကင္းမဲ့စြာ မေကာင္းဆိုးဝါးတစ္ေကာင္ႏွယ္ ရစ္ပတ္လႊမ္းၿခံဳထား၏။
သူ႔ကိုယ္ထဲမွာ အျပန္အလွန္တိုက္ခိုက္ေနၾကသၫ့္
ေရစြမ္းအင္၊နတ္ဆိုးစြမ္းအင္နွင့္မီးစြမ္းအင္
သံုးခုေပါင္းအားမ်ားသည္ သူ႔ဝိဉာဉ္ကိုပါ
တိုက္ခိုက္လာေနၿပီျဖစ္တာေၾကာင့္
ကေလးကိုကယ္တင္ဖို႔
ရွင္းအစြမ္းမသံုးႏိုင္ခဲ့ပါ။
ေႁမြတစ္ေကာင္ရဲ့ကိုက္ခဲျခင္းကိုခံထားရသၫ့္ႏွယ္
စူးရွၿပီးအဆိပ္ေငြ ့ေတြဖံုးလႊမ္းေနသၫ့္
နတ္ဆိုးစြမ္းအင္က သူ႔မီးဝိဉာဉ္ကို
စတင္လႊမ္းမိုးစျပဳလာတာေၾကာင့္
ရွင္းေအာ္ဟစ္ၿငီးျငဴမိေခ်ၿပီ။
နာသည္။ မီးဝိဉာဉ္ကိုထိခိုက္ေအာင္
လုပ္ႏိုင္သၫ့္အရာဟူသည္
ရွားပါးလြန္းသည္မို႔ ခံႏိုင္ရည္ကား
ေလ်ာ့နည္းလွ၏။ ရွင္းကိုင္ေဆာင္သၫ့္
လက္နက္ေတြႏွင့္ထပ္တူညီသၫ့္စြမ္းအင္။
သို႔မဟုတ္။ ၎တို့ထက္သာလြန္သည့္စြမ္းအင္ရိွသည့္အရာမ်ားသာ သူ႔ကိုထိခိုက္ေအာင္လုပ္ႏိုင္သည္မို႔
သူ႔သက္တမ္းတစ္ေလ်ွာက္၌
ေနနတ္ဘုရား၏ ခႏၶာကိုယ္ထဲေနရသၫ့္အခ်ိန္မွ
လြဲ၍ ထိခိုက္နာက်င္ျခင္းသည္
လံုးလံုးမ်ွပင္မရိွခဲ့ပါေခ်။
သို႔အတြက္ ဝိဉာဉ္ထိခိုက္မႈကိုေလ်ာ့ပါးေအာင္
လုပ္ရန္အတြက္ သူမစြမ္းႏိုင္ခဲ့ပါ။
သူလုပ္ေဆာင္ႏိုင္သၫ့္တစ္ခုတည္းေသာအရာက
ဝတ္ရံုအျဖဴတစ္ထည္လံုးေမဘယ္လ္ရြက္လို
နီရဲသြားေအာင္ ေသြးပြက္ပြက္အန္ထုတ္လိုက္ျခင္းသာျဖစ္၏။
ယုတ္ေလ်ာ့လာသၫ့္ေျခေထာက္တို႔သည္
ၫႊန႔္ေခြလာၿပီး သူ႔ကိုဒူးေထာက္လ်က္ၾကမ္းျပင္ေပၚက်သြားေစသည္။ထိုမ်ွမက။ ေနာက္တစ္ႀကိမ္ေသြးအန္ၿပီး
ေမွာက္လ်က္လဲက်သြားေအာင္
ဖန္တီးလိုက္ျပန္၏။
သူ႔ကိုယ္သူမထိန္းခ်ဳပ္ႏိုင္ေတာ့သၫ့္အျဖစ္ကို
မယံုႏိုင္စြာျဖင့္ ရွင္းဟားတိုက္ရယ္ေမာမိေခ်ၿပီ။
သို႔ေသာ္ သူ႔ရယ္သံသည္ နာက်င္မႈ၏သံစဉ္မ်ားနွယ္
အထားသိုညီညာမႈကင္းမဲ့စြာ ေျခာက္ကပ္အက္ကြဲေန၏။
ရွင္းသည္ ဘယ္အခ်ိန္ကတည္းက
ေပ်ာက္ကြယ္သြားၿပီမသိသၫ့္
ဟုန္လင္က်င္း၏ရုပ္အေလာင္းရိွခဲ့ရာ
ေနရာကိုေငးေမာၾကၫ့္ရင္း
ဝါက်တစ္ေၾကာင္းကို မသဲကြဲစြာေရရြတ္လိုက္သည္။
" မင္းလက္ကိုဘယ္ေတာ့မွ
ဆုပ္ကိုင္ခြင့္မရိွေတာ့တဲ့သူကို
ရွင္း လို႔ေခၚတယ္.....က်င္း"
ထိုစကားတိုတိုေလးၿပီးဆံုးသြားခ်ိန္မွာေတာ့
သူ႔ရဲ့ကိုယ္ေပၚမွနတ္ဘုရားအေငြ ့အသက္မ်ားသည္
ကေလးငယ္(က်င္း)ဆီသို႔
အလ်င္အျမန္ေရြ ့လ်ားသြားၿပီး
နတ္ဆိုးအေငြ ့အသက္မ်ားကို
ဖယ္ရွားပစ္လိုက္ေတာ့သည္။
ထိုနတ္ဘုရားအေငြ ့အသက္မ်ားသည္
နတ္ဆိုးစြမ္းအင္သာမက ေရစြမ္းအင္ကိုပါ
ခ်ိတ္ပိတ္ပစ္လိုက္သည္မို႔
က်င္းမွာ သာမန္နတ္ငယ္တစ္ပါးကဲ့သို႔ပင္
အမ်ား၏ အာရံုစိုက္ခံရျခင္းမွ ေရွာင္ဖယ္ကာ
ႀကီးျပင္းလာႏိုင္လိမ့္မည္။
မည္သူတစ္ဦး၊တစ္ေယာက္မ်ွလည္း
က်င္းက ဟုန္လင္က်င္းျဖစ္ခဲ့ဖူးသည္ဆိုတာ
ရိပ္မိလိမ့္မည္မဟုတ္ေပ။
က်င္းေပါက္စေလးအတြက္
ရွင္သန္ခြင့္ေရာင္ျခည္ေလးယွက္သမ္းသြားေပမယ့္
သူတို႔ႏွစ္ဦး၏ ပတ္လည္မွာေတာ့
ရွင္းရဲ့ကိုယ္ထဲမွရုန္းထြက္လာသၫ့္
စြမ္းအင္သံုးခုႏွင့္ ခုနတုန္းကေလေပြပမာရိွေနသၫ့္
စြမ္းအင္ႏွစ္ခုတို႔ ႀကီးစိုးေနၾကဆဲျဖစ္၏။
သို႔ေသာ္ ရွင္းပင္ပန္းလြန္းလွၿပီမို႔
မ်က္လံုးေတြအသာမိွတ္ခ်လိုက္ေတာ့သည္။
အခ်ိန္တစ္ခဏၾကာသည္အထိ စြမ္းအင္သံုးမ်ိဳး၏ ေရာေထြးမႈကၾကာရွည္ခဲ့သည္။
ေလျပင္းေတြလည္း တိုက္ခတ္ေနသလို၊ ေပါက္ကြဲမႈေတြလည္းဆက္လက္ျဖစ္ေပၚေနဆဲပါပဲ။သို့ေပမယ့္ ရွင္းနဲ႔က်င္းေပါက္စေလးကို
လာေရာက္ကယ္တင္ေပးမၫ့္သူသည္
တစ္ဦးတစ္ေယာက္မွပင္ ရိွမေနခဲ့ေပ။
ထိုစဉ္ မပီျပင္လွတဲ့ ရွင္းရဲ့ေအာ္သံတစ္စြန္းတစ္စက ေပါက္ကြဲသံေတြၾကားကေန လြင့္ေျမာလာခဲ့သည္။ မသဲကြဲလွတဲ့ေအာ္သံတစ္စြန္းတစ္စက စြမ္းအင္ထုႀကီးရဲ့အလယ္မွာ အႀကိမ္ေပါင္းမ်ားစြာ ေပၚလာတာနဲ႔အမ်ွ အဖ်က္စြမ္းအင္နဲ႔တိုက္ခိုက္ေနတဲ့ ခ်ီစြမ္းအင္တို႔မွာ တျဖည္းျဖည္းေလ်ာ့နည္းသြားေတာ့သည္။
ကံအားေလ်ာ္စြာပင္ ရွင္းရဲ့ ေအာ္သံသဲ့သဲ့ကိုၾကားလိုက္ရစဉ္မွာပဲ
နတ္ဘုရားအႀကီးအကဲဟြားရန္သည္ နဂါးျဖဴၾကီးစီးၿပီး
ေကာင္းကင္တိုက္ပြဲရိွရာသို႔အလ်င္အျမန္ေရာက္လာခဲ့သည္။ဟြားရန္က သူ႔ရဲ့ကိုယ္ပြားဝိဉာဉ္ျဖစ္တဲ့နဂါးျဖဴၾကီးကို
ေလထဲမွာအႀကိမ္ေပါင္းမ်ားစြာလွၫ့္ပတ္ေစၿပီး
နတ္ဆိုးဘုရင္ႀကီးရဲ့ေမာ့စြမ္းအင္ေတြကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားခဲ့သည္။ သို႔ေပမယ့္ သူ႔ရဲ့ကူညီေပးမႈက
ရွင္းအတြက္ အသံုးမဝင္ခဲ့ပါ။
ေအာ္သံတို႔သည္ နားစည္ကြဲလုနီးပါးဆက္လက္ထြက္ေပၚေနခဲ့၏။
ထိုတစ္ခဏ၌ နတ္ဆိုးဘုရင္ႀကီး၏ ေမာ့စြမ္းအင္ေတြသည္ အလံုးအရင္းနဲ႔ထြက္ေပၚလာၿပီး
သံုးေလာကလံုးကိုဖံုးလႊမ္းသြားေတာ့သည္။
ထိုေၾကာက္မက္ဖြယ္အရိပ္မည္းေတြေၾကာင့္ သက္ရိွအရာေတြအားလံုးမွာ ေအာ္ဟစ္ငိုေႂကြးျမည္တမ္းၾကကုန္၏။ အမည္မသိတဲ့ အေမွာင္ေလာကႀကီးကိုေပ်ာက္ကြယ္သြားေအာင္ဆုေတာင္းေနသူမ်ားႏွင့္ ပုန္းေရွာင္ရင္း
ကမ႓ာပ်က္မတတ္ေအာ္ဟစ္ျမည္တမ္းသံေတြက ေနရာအႏွံ႔ထြက္ေပၚလာခဲ့သည္။
အရာအားလံုးကိုဖ်က္ဆီးပစ္ေတာ့မၫ့္ႏွယ္
ဆိုင္းျပင္းေနသကဲ့သို႔။။။။။။
ထိုစဉ္ ရွင္းရဲ့နံေဘးသို႔လ်င္ျမန္သၫ့္
အရိွန္ျဖင့္တစ္စံုတစ္ေယာက္ ေရာက္လာခဲ့သည္။
ေရႊေရာင္ဝတ္ရံုကိုဝတ္ဆင္ထားသၫ့္သူသည္
ဟြားရန္မဟုတ္ဘူးဆိုတာကိုေတာ့
အားတင္းၿပီးဖြင့္ထားသၫ့္ မ်က္လံုးေထာင့္စြန္းေလးကေနတစ္ဆင့္
မႈန္ရီေဝဝါးစြာရွင္းေတြ ့လိုက္ရ၏။
သို႔ေသာ္ မည္သူဆိုတာ အတိအက်မေျပာႏိုင္ခဲ့ပါ။
သူ႔လက္ထဲတြင္
ဟုန္လင္က်င္းရဲ့အစြမ္းအထက္ဆံုးလက္နက္
တစ္ခုျဖစ္သၫ့္ မိစၧာမ်က္လံုးကို ဆုပ္ကိုင္ထား၏။
ၾကၫ့္ရသည္မွာေတာ့ ဟုန္လင္က်င္းရဲ့ရုပ္အေလာင္းပ်က္ဆီးသြားခ်ိန္၌
အႏွီမ်က္လံုးက်န္ရစ္ခဲ့ဟန္တူသည္။
ရွင္း ထိုသူ႔လက္ထဲမွ လုယူဖို႔ႀကိဳးစားခဲ့ေပမယ့္
တကယ္တမ္းမွာေတာ့ လက္ပင္မေျမႇာက္ႏိုင္ခဲ့သည္မို႔
ေငးၾကၫ့္ယံုသာတတ္ႏိုင္ခဲ့၏။
ထိုသူသည္ သူ႔ကိုေငးေၾကာင္ၾကၫ့္ေနေပမယ့္
မည္သၫ့္စကားမွဆိုျခင္းမျပဳခဲ့ေပ။
ထို႔အစား လက္ထဲမွမိစၧာမ်က္လံုးကိုသာ
ထိန္းခ်ဳပ္ၿပီး ဂါထာတစ္ပုဒ္ကိုရြတ္ဆိုေနခဲ့၏။
သူ႔ကိုၾကၫ့္ေနရင္း ႏႈတ္ခမ္းတစ္လႈပ္လႈပ္ျဖင့္
ရြတ္ဆိုေနသၫ့္ဂါထာမ်ားသည္
ရွင္းအသံုးျပဳတတ္သၫ့္ဂါထာမ်ားထက္ပင္
က်စ္လစ္သိပ္သည္းလွ၏။ ထို႔ျပင္ ဖိႏိွပ္မႈအားလည္းပိုမိုျပင္းထန္ေသး၏ ။
ထိုခဏ၌ ၎မွာမည္သျူဖစ္သည္ဆိုတာကို
ရွင္း ခြဲျခားသိသြားခဲ့၏။
"ခ်ိဳးယြဲ႔!!!"
ရွင္းရဲ့ေခၚသံတိုးတိုးေလးေၾကာင့္
မိုးနတ္မင္းရဲ့အၾကၫ့္ေတြက ရွင္းဆီျပန္ေရာက္လာျပန္သည္။
သို႔ေပမယ့္ ခုနတုန္းႏွင့္မထူးမျခားနားပင္။
ဂါထာကိုသာ တစိုက္မတ္မတ္ရြတ္ဆိုေနၿပီး
ရွင္းကိုစကားတစ္ခြန္းမွပင္ မဆိုခဲ့ပါေခ်။
မၾကာလိုက္ပါ။။။။
နတ္ဆိုးဘုရင္ႀကီးရဲ့
ေမာ့စြမ္းအင္အေငြ ့ အသက္ေတြသည္မိစၧာမ်က္လံုးထဲသို႔
ဝင္ေရာက္သြားကာ တစ္စတစ္စေလ်ာ့ပါးသြားခဲ့၏။ လူသားနယ္ေျမနဲ့ နတ္ဘုရားနယ္ေျမအေပၚမွာ
စီးမိုးထားတဲ့
အမည္းေရာင္အေငြ ့အသက္ေတြသည္
ေနထိႏွင္းလိုပင္ ေပ်ာက္ကြယ္သြားခဲ့၏။ေကာင္းကင္ဘံုနဲ့ နတ္ဆိုးနယ္ေျမ ကို
ဖံုးလႊမ္းထားတဲ့အေငြ ့အသက္ေတြကေတာ့ တစ္စုတစ္ေဝးတည္းစုေပါင္းသြားၿပီး နတ္ဆိုးေတြအကုန္လံုးကို နတ္ဆိုးနယ္ေျမထဲသို႔ ျပန္ဆုတ္ေစခဲ့၏။နတ္ဆိုးစစ္သည္အားလံုး နတ္ဆိုးနယ္နိမိတ္စည္းထဲေရာက္သြားၿပီးသည္ႏွင့္ နတ္ဆိုးနယ္ေျမနဲ႔ ေကာင္းကင္ဘံုကိုကာဆီးထားသၫ့္ အသူတရာေခ်ာက္နက္ႀကီးကို ျဖစ္ေပၚလာခဲ့သည္။
ထိုေခ်ာက္ႀကီးသည္ ေနာင္အခါမွာေတာ့ ေမ်ွာ္လင့္ျခင္းကမ္းပါးဟု အမည္တြင္ခဲ့၏။
ဟြားရန္က ေလ်ာ့နည္းလာၿပီျဖစ္တဲ့ေမာ့စြမ္းအင္ေတြကို ဖယ္ရွားပစ္ရန္အလို႔ငွာ နဂါးျဖဴၾကီးကို လွၫ့္ပတ္ေနစဉ္မွာပဲ ေက်ာက္တံုးမိုးမ်ားသည္
သူတို႔အေပၚရြာခ်လာခဲ့သည္။
မိုးနတ္မင္းမွာ ရွင္းရဲ့အေပၚအုပ္မိုးကာ
ေကာင္းကင္ေပၚမွအဆက္မျပတ္က်ဆင္းလာသၫ့္
ေက်ာင္တံုးေတြမွ လူသားဒိုင္းသဖြယ္ကာကြယ္ေပးလိုက္၏။
သို႔ေပမယ့္ သူသည္ က်င္းေပါက္စေလးကိုေတာ့
မ်က္လံုးေစြ၍ပင္တစ္ခ်က္မွမျကည့္ခဲ့ေပ။
ထိုစဉ္ ရွင္းရဲ့လက္တစ္ဖက္သည္ေျမႇာက္တက္လာၿပီး
မိုးနတ္မင္းကို ခပ္လွမ္းလွမ္းသို႔တြန္းထုတ္ပစ္လိုက္သည္။
ဟြားရန္ေရာ၊ မိုးနတ္မင္းပါ ရွင္းရဲ့အျပဳအမူကိုနားမလည္ပဲ
ဆြံ႔အသြားခဲ့ရသည္။ ရွင္းဘာေၾကာင့္
သူ႔အကာအကြယ္မယူခ်င္တာလဲလို႔
ေမးခ်င္ေနသၫ့္ မိုးနတ္မင္းရဲ့မ်က္လံုးေတြမွာ
အရိပ္အမ်ိဳးမ်ိဳးျဖတ္ေျပးေနခဲ့သည္။
ထိုအခ်ိန္မွာပင္ ေနခုနစ္စင္းတစ္ၿပိဳင္တည္းထြက္ေပၚလာသလို
ေတာက္ပလြန္းတဲ့ မီးေတာက္ေတြသည္
ရွင္းရဲ့ကိုယ္ထဲမွထြက္ေပၚလာခဲ့သည္။
ၾကၫ့္ေနသူအေပါင္းမွာ ထိုေတာက္ပမႈနဲ႔ပူျပင္းမႈကို
မထိန္းခ်ဳပ္ႏိုင္ၾကတာေၾကာင့္ မ်က္လံုးအစံုမိွတ္ၿပီး
အကာအကြယ္မႏၲာန္ရြတ္ဆိုၾကရေတာ့သည္။
ထိုအခိုက္အတန႔္အတြင္းမ်က္လံုးဖြင့္ႏိုင္ခဲ့တဲ့တစ္ဦးတည္းေသာသူမွာ နဂါးျဖဴၾကီးအေပၚမွာရပ္ေနတဲ့ ဟြားရန္ပင္ျဖစ္သည္။ဟြားရန္သည္ ရုတ္တရက္ ျမင္လိုက္ရတဲ့ျမင္ကြင္းကိုမယံုႏိုင္စြာႏွင့္ စြမ္းအင္အကုန္သံုးၿပီး မီးေတာက္ေတြကိုျဖတ္ေက်ာ္ကာ ရွင္းရဲ့လက္ကိုလွမ္းဆြဲလိုက္သည္။
သို႔ေပမယ့္ ေနာက္က်သြားခဲ့ပါၿပီ။ သူ႔လက္ထဲဆုပ္ကိုင္မိလိုက္တာက ေလထုတစ္ခုသာ။ရွင္းက နတ္ဘုရားခႏၶာကိုယ္မရိွေတာ့တဲ့ မီးဝိဉာဉ္ျပန္ျဖစ္သြားခဲ့ၿပီ။
နတ္ဘုရားခႏၶာကိုယ္ကေတာ့ မီးေတာက္မီးလ်ွံမ်ားႏွင့္အတူ
ထိုအခ်ိန္မွစ၍ေပ်ာက္ျခင္းမလွ
ေပ်ာက္ဆံုးသြားခဲ့သည္။
ရွင္းရဲ့ ေဘးက ၾကမ္းျပင္ေပၚမွာေတာ့ နတ္စြမ္းအင္ေတြလႊမ္းၿခံဳထားတဲ့ ေမြးခါစကေလးငယ္တစ္ေယာက္ရိွေနခဲ့သည္။
ထို႔ျပင္ ဓားရိုးမွာ ေငြကိုအသံုးျပဳျပီး
ေရစက္ေလးေတြတြဲလြဲခိုေနသ႑ာန္ျပဳလုပ္ထားတဲ့ ျဖဴလြလြဓားတစ္စင္း(ရွန႔္ဟြာ)ရိွေနခဲ့သည္။
အခ်ိန္ၾကာလာတာနဲ႔အမ်ွ ၎ကေလးငယ္သည္
ေကာင္းကင္ဘံုရဲ့အိမ္ေရ႔ွစံမင္းသား တစ္ျဖစ္လဲ ေရနတ္သား(က်င္း) ျဖစ္လာခဲ့ေလသည္။
Unicode:
'သေကွဲ ကွဲရခြင်း' တဲ့။။။။။။
တစ်စုံတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးရခြင်းက
'ရှင်ကွဲ ကွဲရခြင်း 'ဆိုရင်၊
တစ်စုံတစ်ယောက်ကို သံသရာစက်ဝန်းမှာ
ဘယ်တော့မြှပန်ဆုံခွင့်မရနိုင်တော့တာဟာ
'သေကွဲ ကွဲရခြင်း'ပါပဲ။။။။။
ချစ်ရတဲ့သူကို ဆုံရှုံးရတဲ့
ခံစားချက်က သိပ်ကိုနာကျင်စရာကောင်းတယ်လို့
ရှင်း ကြားဖူးသည်။
သို့ပေမယ့် တကယ့်လက်တွေ့က
ပုံပြင်တွေ၊ ယုံတမ်းစကားတွေလို
နာကျင်စရာကောင်းမနေခဲ့ပါ။
ပူဆွေးမှုတွေသည် ပြန်လမ်းမရှိတဲ့ချောက်ကမ်းပါးထဲ
တွန်းချခံလိုက်ရသလို၊
ယူကြုံးမရတဲ့စိတ်တွေသည်လည်း
လေတံခွန်တစ်ခုလိုပဲ မိုးပေါ်ကိုပျံတက်သွားခဲ့လေပြီ။
ဘာကိုဝမ်းနည်းရဦးမှာလဲ။။။။။
ကောင်းကင်ဘုံမှာရှိတဲ့သက်ရှိတွေအားလုံးကို
ကယ်တင်နိုင်ခဲ့ပြီပဲ ဘာလို့မပျော်ရွှင်နိုင်ရမှာလဲ။
ကိုယ့်ကလေးကိုတောင် သတ်ပစ်ဖို့ကြံရွယ်နိုင်တဲ့
နတ်ဆိုးကြီးကိုသေစေနိုင်ခဲ့ပြီပဲ
ဘာလို့ငိုကြွေးနေရမှာလဲ။
နှစ် နှစ်တောင်တိတိကိုယ့်ကိုနှိပ်စက်ခဲ့တဲ့သူကို
စကားလေးတစ်ခွန်းနဲ့တင် ဘဝခြားသွားအောင်
လုပ်နိုင်ခဲ့တာပဲ ဘာလို့သည်းအူပြတ်မတတ်
ယူကြုံးမရဖြစ်နေရမှာလဲ။
အရာရာဟာ ကောင်းဖို့အတွက်ဖြစ်လာခဲ့တာမို့
ဘာကြောင့် မကျေမနပ်ချက်တွေကို
စာစီကုံးပြီးရေးဖွဲ့ပြရတော့မှာလဲ။
လှောင်ပြောင်မှုတွေနဲ့
ဟားတိုက်ရယ်မောပစ်ရမှာပေါ့။။။။။
မျက်နှာကိုမော့ပြီး သုံးလောကတစ်ခွင်မှာ
ဂုဏ်ဆာပစ်နိုင်ရမှာပေါ့။။။။။
သို့ပေမယ့် မျက်လုံးတွေမှိတ်သွားအောင်
အော်ရယ်ပစ်လိုက်တော့
ရင်ထဲပြည့်လျှံတက်လာသည်က
ဆို့နစ်နေတဲ့ ခံစားမှုအလီလီသာ။။။။
သူ့ကိုယ်သူနားမလည်နိုင်စွာနှင့်
ရှင်း ရယ်ဖို့ထပ်မံကြိုးစားမိပြန်သည်။
ဒါပေမယ့် သူ မရယ်နိုင်ခဲ့ပါ။
မျက်ရည်ကျလာအောင်
ကြိုးစားကြည့်ပြန်တော့လည်း ထိုမြစ်တစ်စင်းသည်
သူ့မျက်နှာပေါ်ဖြတ်သန်းဖို့တုံ့ဆိုင်းနေခဲ့၏။
ယူကြုံးမရမှုတွေနဲ့လည်းရင်မဆိုင်ခဲ့ရသလို၊
ကြေကွဲမှုတွေသည်လည်း ခါးစည်းခံပစ်လို့မရနိုင်လောက်အောင်
သူ့ဆီကနေထွက်ပြေးဖို့ကြိုးစားနေကြ၏။။။။။
သူအခုချိန်မှာသိတာက 'ဟုန်လင်ကျင်း သေသွားပြီ' ဆိုတဲ့
အကြောင်းအရာလေးတစ်ခုတည်းပါပဲ။
ကျန်တဲ့အတွေးတွေကလည်း သူ့ဆီကိုအလည်မရောက်ချင်ကြဘူး ထင်ပါရဲ့။
အောင်မြင်ခြင်းဆိုတာ
'အရာရာကို အနိုင်ယူပစ်နိုင်တာပဲ' လို့
သူအမြဲတမ်းပြောနေခဲ့ပေမယ့်၊
အခုချိန်မှာတော့ အဲ့ဒီစကားကမှားနေတယ်ဆိုတာ
နားလည်စပြုလာခဲ့ပါပြီ ။
'အရာရာကိုအနိုင်ရနေတာကလည်း ရှုံးနိမ့်ခြင်းတစ်မျိုးပါပဲ'လေ။
ဥပမာပြောရမည်ဆိုလျှင်။
ဇာတ်ခုံပေါ်မှာ အမျိုးသမီးဇာတ်ဆောင်နှစ်ဦးကပြဖျော်ဖြေနေတယ်ဆိုပါစို့။
ပထမဇာတ်ဆောင်အမျိုးသမီးက
ဒုတိယဇာတ်ဆောင်အမျိုးသမီးရဲ့
ရန်ဆောင်တဲ့စကားတွေကို
ခေါင်းငုံ့ပြီး အပြုံးလှလှလေးတစ်ခုနှင့်သာ
တုံ့ပြန်နေလျှင် ဘယ်သူကအနိုင်ရနေသည်ဟုဆိုနိုင်သနည်း။
ထို့မျှမက ဒုတိယဇာတ်ဆောင်အမျိုးသမီးက
ပထမအမျိုးသမီးပိုင်ဆိုင်တဲ့
အရာတွေအားလုံးကိုသိမ်းယူသွားပေမယ့်
ပထမအမျိုးသမီးက ကျေနပ်ပါသည်။
လက်ခံပါသည်။ စိတ်အလိုရှိတဲ့အတိုင်း
ယူဆောင်သွားလို့ရပါသည် ဟုစေတနာအရင်းခံနှင့်
ပြန်ပြောနေသည်ဆိုပါစို့။
ဘယ်သူက ရယူပိုင်ဆိုင်ခြင်းဆိုတဲ့ရှုံးနိမ့်မှုကို
ရရှိလိုက်ပြီး ၊ ဘယ်သူက ပေးဆပ်ခြင်းဆိုတဲ့အောင်မြင်မှုကို
လက်ဝယ်ရယူလိုက်နိုင်ပါသနည်း။
အဖြေကား ရှင်း၏။ ဟုန်လင်ကျင်းက
ပေးဆပ်ခြင်းဆိုတဲ့အောင်မြင်မှုကို
ပြုံးပြုံးကလေးနှင့် အလွယ်တကူဆောင်ယူသွားပြီး၊
သူ့လက်ထဲကိုတော့ ရယူပိုင်ဆိုင်ခြင်းဆိုတဲ့ရှုံးနိမ့်မှုတွေ
ရက်ရက်ရောရောသွပ်သွင်းပေးသွားခြင်းသာဖြစ်၏။
တစ်သက်လုံးနောင်တရနေမယ့် အောင်မြင်မှုကို
ပိုက်ပြီးတော့ သူကဘာလုပ်ရမှာတဲ့လဲ။
ဒီလိုအနိုင်ရမှုကြီးကို ဘယ်လိုစိတ်မျိုးနဲ့
လက်ခံနိုင်ရမှာတဲ့လဲ။
နာကျင်သည်။ စိတ်ဝိဉာဉ်တစ်ခုလုံးကြေမွသွားအောင်
ဆွဲစုတ်ခံလိုက်ရသသည့်နှယ် နာကျင်နေ၏။
မျက်ရည်တွေက ဆည်ကိုချိုးဖျက်ပြီး
အရှိန်အဟုန်နဲ့စီးဆင်းလာတဲ့ရေတွေလို
ရှင်းရဲ့မျက်နှာပေါ်မှာ အလျဉ်မပြတ်တော့ပေ။။။။။
ဓားကိုပြန်ဆွဲထုတ်လိုက်ရင် ဟုန်လင်ကျင်းနာကျင်သွားလိမ့်မယ် ဆိုတဲ့
ယုတ္တိမရှိတဲ့အတွေးတွေနဲ့ အသက်မရှိတော့တဲ့
ခန္ဓာကိုယ်ကို ကလေးချော့သိပ်သလို
ကျောပြင်လေးတွေသပ်ပေးနေမိပြန်တဲ့
ရှင်းက အရူးတစ်ယောက်လို။
အမြဲတစေ လှပစွာစည်းနှောင်ထားတတ်တဲ့
ဟုန်လင်ကျင်းရဲ့ဆံနွယ်တွေက
အခုချိန်မှာနဖူးပေါ်အပြေးအလွှားခုန်ဆင်းလာနေကြသည်မို့ ရှင်းလက်နဲ့ဖွဖွသပ်တင်ပေးလိုက်မိသည်။
ဖြူဖွေးတဲ့မျက်နှာပြင်သည် သွေးတွေနဲ့ပေပွနေပေမယ့်လည်း
ခန့်ငြားနေမှုတွေ ကိန်းဝပ်နေသေး၏။
ဟုန်လင်ကျင်းဆိုသည်မှာ
ဘယ်လောက်တောင်ကုသိုလ်ကံထူးတဲ့သူလည်းဆိုတာ အဲ့ဒါသာကြည့်ပါတော့လေ။
မကွယ်ဝှက်တမ်းပြောရမည်ဆိုလျှင်
ဟုန်လင်ကျင်းသည်လည်း ရှင်းရဲ့တပည့်ဖြစ်ခဲ့ဖူး၏။
ရှင်း အချစ်ရဆုံးတပည့်တစ်ယောက်
မဖြစ်ခဲ့ပေမယ့်လည်း
ရှင်းကိုဂုဏ်တက်အောင် ဆောင်ကြည်းပေးနိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့ဖူးပေသည်။
သို့ပေမယ့် အချိန်တွေအလီလီပြောင်းသွားခဲ့တဲ့နောက်မှာတော့
မကောင်းမှုတွေကိုသာ ပုံဖော်ထုဆစ်တတ်သည့်
နတ်ဆိုးတစ်ပါးအနေနှင့်
သူ့ဆရာရဲ့လက်ထဲမှာပဲ သေဆုံးသွားခဲ့ရသည်တဲ့။
ဘယ်လောက်ရယ်စရာကောင်းလိုက်တဲ့
ဟာသပါလိမ့်။
အဲ့ဒီထက်ပိုပြီးရယ်စရာကောင်းတာကတော့
ဟုန်လင်ကျင်းက ထိုက်ယန်နတ်ဘုရားနှင့်
သူ့ရှစ်ဇွင်းမှာ တစ်ယောက်ထဲဆိုတာကို
လုံးဝမသိခဲ့တာပါပဲ။
အကယ်၍ သူသာသိခဲ့မည်ဆိုလျှင်
ရှင်းကိုဘယ်တော့မှ ချစ်ခဲ့မည်မဟုတ်ပေ။
ရှင်းဆိုသည်မှာ သူလေးစားမြတ်နိုးရတဲ့ဆရာတစ်ယောက်အဖြစ်သာ
စိတ်ထဲစွဲမြဲနေသည်မို့ ချစ်တဲ့စိတ်ကိုမွေးမြူဖို့
လုံးဝကြိုးစားလိမ့်မည်မဟုတ်ပါ။
ဘယ်လောက်ထိတောင် ရှင်းကိုလေးစားခဲ့သလဲဆိုရင်
သူ့မျိုးရိုးနာမည်ကိုပါ 'ဟုန်' ဟူ၍
သတ်မှတ်ခဲ့သည်ကိုပဲကြည့်ပါတော့။
အနီရောင်ကိုသာ စွဲစွဲမြဲမြဲဝတ်တတ်သည့်
ဆရာ့ကိုအမြဲတမ်းသတိရနေစေရန်
ရည်ရွယ်ပြီး သူ့မျိုးရိုးကိုသာမက
နတ်ဆိုးဘုရင်ငယ်ကိုးပါးရဲ့မျိုးရိုးနာမည်ကိုပါ
'ဟုန်'(အနီရောင်) အဖြစ်ပြောင်းလဲစေခဲ့သည်။
ထို့ပြင် ကိုယ်တိုင်ကရွှေရောင်အဆင်တန်ဆာတွေ
ကြိုက်နှစ်သက်ပါရက်နှင့် ရှင်းကိုခြေရာတိုင်းပြီးဝတ်ဆင်သည်ဟူ၍
မလေးစားသည့်အသွင်ရောက်မှာ
စိုးရိမ်မိပြန်တာကြောင့်
ငွေရောင်အဆင်တန်ဆာတွေသာ ဆင်ယင်ခဲ့၏။
အဲ့ဒီလောက်အထိကို လေးစားခဲ့သည်ဖြစ်ရာ
ရှင်းကိုသဘောကျဖို့သူ့ကိုယ်သူထိုက်တန်သည်ဟု
လုံးဝမတွေးဖူးခဲ့ပါ။
ထိုက်ယန်နတ်ဘုရားကို သဘောကျမိသည်ကား
ရှင်းနှင့်တူ၍သာ ဖြစ်၏။
သူကိုယ်တိုင်မသိပေမယ့် သူ့မသိစိတ်ကတော့
ထိုက်ယန်နတ်ဘုရားအပေါ်တွယ်ညှိမိသည့်စိတ်သည်
ရှင်းကြောင့်ဆိုတာ အမြဲတစေသက်သေပြနေခဲ့၏။
ဘယ်သူ့မှ သတိမမူခဲ့မိသည်မှာ
ဟုန်လင်ကျင်းရဲ့ တည်ငြိမ်လှသောမျက်နှာအမူအရာကြောင့်ပင်ဖြစ်၏။
သို့ပေမယ့် အရာအားလုံးက ပြန်မရနိုင်တော့သည့်
အတိတ်တစ်ခုလိုပင် မျက်စိတစ်မှိတ်စာအတွင်းတွင်
ပျက်စီးပျောက်ကွယ်သွားခဲ့ရပြီမို့
ရှင်းဆက်မတွေးချင်တော့ပါ။
ထိုစဉ် သွေးတွေရွှဲနစ်နေသည့်ဟုန်လင်ကျင်းရဲ့
ရုပ်အလောင်းကိုကြည့်ရင်း သူ့စိတ်ထဲသို့
အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။
စိတ်မနှံ့သည့်သူတစ်ယောက်တွေးတတ်သည့်
မဖြစ်နိုင်သည့်အတွေးမျိုး။
တစ်ပါးသူထိခိုက်ချင်ထိခိုက်ပါစေ ။
မိမိရှင်သန်စေချင်သည့်သူသာ ပြန်လည်ရှင်သန်လာမည်ဆိုလျှင်
ဘယ်အရာကိုမဆိုလုပ်ရဲသည်ဆိုသည့်
အတွေးမျိုးပင်။
ရှင်းက မျက်လုံးတွေမှေးစင်းကာ
နတ်ဆိုးမိဖုရားကိုလှည့်ကြည့်လိုက်၏။
အန္တရာယ်ကြားထဲမှာပင် ကလေးကိုမရရအောင်
မွေးဖွားနေသည့် နတ်ဆိုးမိဖုရားက
တကယ့်ကိုလေးစားစရာကောင်းလွန်းလှသည်။
သို့ပေမယ့် ရှင်းမှာ သူမကိုချီးကျူးစကားပြောဖို့
အစီအစဉ်မရှိခဲ့ပါ။
သူမသည်လည်း စွမ်းအင်လှိုင်းတွေကြားမှာ
သူတို့နှင့်အတူရှိနေသည်ဖြစ်၍
မည်သူမှလည်းသူမကိုတွေ့နိုင်လိမ့်မည်မဟုတ်။
ဒီတော့ သူ့အကြံတွေကိုရှေ့ဆက်တိုးဖို့သာ
လုပ်ဆောင်ရတော့မှာပေါ့။။။။။။
"မင်း အသက်ရှင်ချင်ရင် ကလေးမြန်မြန်မွေးစမ်းပါ"
အေးစက်ပြတ်တောင်းလှသည့်အသံကြောင့်
နာကျင်နေသည့်ကြားမှ နတ်ဆိုးမိဖုရားကလှမ်းကြည့်လာသည်။
မှေးစင်းထားတာကြောင့်
ကျဉ်းမြောင်းနေသည့်မျက်လုံးထဲတွင်
လူသတ်ချင်သည့်အရိပ်အယောင်တွေ
ရောယှက်နေသည့် မျက်လုံးတွေနှင့်
ရှင်း သူမကိုကြိုဆိုလိုက်သည်။
ရေခဲရိုက်ထားသလို အေးစက်တောင့်တင်းနေသည့်
မျက်နှာထားကြောင့်လားတော့မသိ။
သူ့ကိုကြည့်နေရင်းနှင့်ပင် မိဖုရားမှာသတိလစ်သွားတော့သည်။
သို့ပေမယ့်သူမတော်သည်။
ကလေးကိုတော့ ရအောင်မွေးဖွားသွားခဲ့သေး၏။
မိခင်မေတ္တာဟူသည် တုနှိုင်း၍မရနိုင်လောက်အောင်
ကြီးမားလွန်းသည်ဆိုတာ ယုံတမ်းစကားတစ်ခုမဟုတ်ကြောင်း
သက်သေပြသွားသည့်နှယ်။။။။။။
ကြမ်းပြင်ပေါ်တွင်အိပ်စက်နေသည့်ကလေးငယ်ကို
ရှင်း မချီခဲ့ပါ။တစ်ချက်မျှသာ အသိအမှတ်ပြုသည့်အနေဖြင့် ကြည့်ဖြစ်၏။
ဟုန်လင်ကျင်း၏ကလေးငယ်သည်
ဟုန်လင်ကျင်းနှင့်တထေရာတည်းတူနေသည်ကို
မြင်ရသောအခါ ရှင်းမျက်နှာထက်၌
အပြုံးတစ်ခုပေါ်ထွန်းသွားခဲ့သည်။
သို့ပေမယ့် ထိုအပြုံးသည်မဲ့ပြုံးတစ်ခုသာ။
ကိုယ့်ချစ်သူနှင့်တခြားအမျိုးသမီးရဲ့
သွေးတွေရောနှောနေသည့် ကလေးငယ်ကို
ရှင်းဘယ်လိုစိတ်မျိုးနှင့် ကြည်လင်စွာပြုံးပြနိုင်မည်နည်း။
ကလေးကိုမမုန်းပေမယ့်၊ ချစ်သည်ဆိုလည်းမဟုတ်ပါ။
သို့သော်။။။။။
သူ့မှာထပ်ရွေးစရာအခြေအနေမှမရှိတော့ပဲ။
ဘာကြောင့် တွန့်ဆုတ်နေရတော့မှာလဲ။
အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး
မျက်လုံးကိုအသာမှိတ်လိုက်တော့
မျက်ရည်တစ်စက ပါးပြင်ပေါ်ဖြတ်လျှောက်သွား၏။
ထိုမျက်ရည်စသည် မေးဖျားကိုရောက်သွားချိန်မှာတော့
ဟုန်လင်ကျင်းရဲ့နှလုံးသားတည့်တည့်ပေါ်သို့
ခုန်ဆင်း၏။
ထိုအချိန်မှာပင် မထင်မှတ်ထားသောအဖြစ်အပျက်တစ်ခုသည်
ရုတ်ချည်းဆိုသလိုနိုးထလာခဲ့သည်။
ဟုန်လင်ကျင်းရဲ့ဝိဉာဉ်စွမ်းအားတွေ။။။။
ပြာလဲ့လဲ့စွမ်းအင်နှင့်အနက်ရောင်စွမ်းအင်နှစ်ခုသည်
လိမ်ကျစ်ထားသော ကြိုးစများနှယ်
ဟုန်လင်ကျင်းရဲ့နှလုံးသားထဲမှ
ဒရောသောပါးထွက်ပြေးလာကာ
ရှင်းမှလွဲ၍ ကျန်တဲ့အရာအားလုံးကို
အဝေးသို့ကြမ်းတမ်းစွာတွန်းထုတ်ပစ်လိုက်တော့သည်။
ရှင်းမှာ သူ့ဘေးကကြမ်းပြင်ပေါ်ကျနေတဲ့
ကလေးငယ်ကို အတင်းအကျပ်ပြန်လည်ဖမ်းဆုပ်ထားလိုက်ရသည်။
ဟုန်လင်ကျင်းကို အသက်ပြန်သွင်းနိုင်မယ့်
တစ်ခုတည်းသောအရာကို
လက်လွှတ်လိုက်ရမည်ဆိုရင်
သူ့ကိုယ်သူ သမုဒ္ဒရာအောက်ခြေထိနစ်မြှုပ်သွားစေဖို့
အပြစ်ပေးလိမ့်မည်ထင်သည်။
သို့မှသာ သူလည်းကျင်းနှင့်အတူသေဆုံးသွားနိုင်မှာလေ။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရှင်းသေဖို့ဆန္ဒမရှိသေးပါ။
သူက မဆိုင်းမတွပင် ဟုန်လင်ကျင်းရဲ့ခန္ဓာကိုယ်ထဲမှ
ထွက်လာတဲ့စွမ်းအင်တွေကို
ညာလက်နှင့်စုပ်ယူလိုက်ပြီး
ဘယ်လက်နှင့် သူ့ရင်ခွင်ထဲမှာနှစ်ခြိုက်စွာအိပ်စက်နေသည့်
ကလေးငယ်ထဲသို့စီးဝင်စေသည်။
ဘယ်ဘက်လက်နှင့်ပွေ့ချီထားလျက်ပင်
လွှဲပြောင်းပေးနေသည်မို့
ထိုစွမ်းအင်တချို့သည်
ကလေးငယ်ကိုယ်ထဲမှ ပြန်ကန်ထွက်ကာ
သူ့နှလုံးအိမ်ထဲ စီးဝင်လာကြ၏။
ရှင်းရဲ့ကိုယ်ထဲမှ သန့်စင်သည့်မီးဓာတ်သည်
ရေစွမ်းအင်နှင့်နတ်ဆိုးစွမ်းအင်ကို
လက်မခံသည်ဖြစ်ရာ
အချင်းချင်းတန်ပြန်တိုက်ခိုက်ကြကုန်၏။
သို့ပေမယ့် ရှင်းမှာ သူ့ကိုယ်သူဂရုစိုက်ရန်
မအားလပ်ခဲ့ပါ။
အခုချိန်မှာ သူ့ခန္ဓာကိုယ်ပျက်စီးသွားမည်ဆိုရင်တောင်
စွမ်းအင်လွှဲပြောင်းပေးမှုကို ရပ်ဆိုင်းပစ်လိုက်မှာမဟုတ်။
ဟုန်လင်ကျင်းကို အသက်ဆက်ရှင်စေချင်တဲ့ဆန္ဒလေးတစ်ခု
မပြီးမြောက်နိုင်လိုက်မှာပဲ
သူစိုးရိမ်နေခဲ့သည်။
ဒါကြောင့် ရေစွမ်းအင်နှင့်အဖျက်စွမ်းအင်များကို
စုပ်ယူပြီး ကလေးငယ်ဆီသို့သာ
အဆက်မပြတ်လွှဲပြောင်းပေးနေမိ၏။
နဖူးပြင်ထက်က ဆံစများမှသည်
ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုများ
တွန်းထိုးရုန်းကြွနေပေမယ့် ရှင်း အမှုမထားမိပါ။
သူ့စိတ်ထဲမှာ နှမြောသည့်စိတ်ကလေးသာရှိ၏။
ဟုန်လင်ကျင်းရဲ့ ဝိဉာဉ်စွမ်းအင်နှစ်ခုသည်
သုံးပုံတစ်ပုံခန့်သာ ကလေးငယ်၏ကိုယ်ထဲဝင်ပြီး
ကျန်သုံးပုံနှစ်ပုံခန့်မှာ သူ့ကိုယ်ထဲအတင်းအကျပ်ဝင်ရောက်၍
မီးဓာတ်နှင့်တိုက်ခိုက်နေကြသည်လေ။
ဒါကြောင့် ဟုန်လင်ကျင်းရဲ့စွမ်းအင်တွေ
သူ့ရဲ့ပေါ့ဆမှုကြောင့် လျော့နည်းသွားခဲ့ရပြီဟု
ယူကြုံးမရဖြစ်ကာ တိတ်တဆိတ်မျက်ရည်ကျမိတော့သည်။
သို့ပေမယ့် ထိုဆုံးရှုံးမှုထက် ပို၍ကြေကွဲစရာကောင်းသောအချက်ကိုလည်း
သူမဖြစ်မနေလုပ်ခဲ့ရပါ၏။
ဟုန်လင်ကျင်းရဲ့ဝိဉာဉ်ကို ဆင့်ခေါ်ခြင်းမန္တာန်နဲ့
ကလေးငယ်ရဲ့ကိုယ်ထဲထည့်ပေးလိုက်ပေမယ့်
ငယ်ရွယ်သည့်ခန္ဓာကိုယ်လေးသည်
ဝိဉာဉ်နှစ်ခုရဲ့အားကိုခံနိုင်စွမ်းမရှိခဲ့ပါ။
သို့ဖြစ်၍ ဟုန်လင်ကျင်းရဲ့ဝိဉာဉ်နှင့်
ကလေးငယ်ရဲ့ဝိဉာဉ်နှစ်ခုထဲမှတစ်ခုကိုသာ
ခန္ဓာကိုယ်ထဲတွင် ရှင်သန်နေစေဖို့
သူရွေးချယ်ရတော့၏။
ကလေးမှာအပြစ်မရှိတာ သူသိသည်။
လောကကြီးရဲ့ဆန်းကြယ်မှုနှင့် နွေးထွေးမှုတို့ကို
ထိတွေ့ချင်၍ မွေးဖွားခြင်းဆိုသည့်
အခက်အခဲဆုံးလမ်းကိုဖြတ်ကျော်လာသည့်
ကလေးငယ်ကို ခရီးရောက်မဆိုက်
သတ်ပစ်ဖို့ဆိုတာက သူ့အတွက်ခက်ခဲလွန်းလှ၏။
ထိုအတွေးကိုသာ အခြားသူတွေမတော်တဆသိသွားမည်ဆိုပါက
တစ်ထောင့်တစ်ညပုံပြင်ထက်ပင်
ရှည်ကြာအောင် လှောင်ပြောင်ရယ်မောကြမည်မှာမလွဲဧကန်ပင်။
ငြိမ်းချမ်းမှုကိုထိပါးလာတာနှင့်
မျက်တောင်တစ်ချက်မခတ်ပဲ
မျိုးနွယ်စုလိုက်ကြီးသတ်ရဲသည့်
ဟော်လင်အရှင်သခင်က
ကလေးတစ်ယောက်ကိုမသတ်ရဲသည်မှာ
တကယ်လည်း ဟာသမြောက်လှပါသည်။
ဒါပေမယ့် သူတကယ်ကိုသတ်ဖို့တွန့်ဆုတ်နေခဲ့သည်သာ။
နှစ်ယောက်ထဲမှာ တစ်ယောက်ကိုရွေးချယ်ရမည်ဆိုလျှင်
သူဘယ်သူ့ကို ရှင်သန်စေချင်သနည်း။
အထပ်ထပ်အခါခါစဉ်းစားပေမယ့်
နောက်ဆုံးရလာသည့် ရလဒ်သည်ပြောင်းလဲမသွားပဲ
နှစ်ယောက်လုံးကိုသာ ခန္ဓာကိုယ်တစ်ခုတည်း၌
ရှင်သန်စေချင်နေ၏။
သို့ဖြစ်၍ နှစ်ယောက်စလုံးရဲ့ဝိဉာဉ်တွေကို
ရောထွေးပစ်ဖို့ကြိုးစားရပြန်၏။
ဝိဉာဉ်တစ်ခုတွင် ဝိဉာဉ်ခွဲခုနှစ်လွှာရှိနေသည်ဖြစ်ရာ
ရှင်းမှာ ငါးခု၊နှစ်ခု ရွေး၍ ရောထွေးပစ်လိုက်ရတော့သည်။
ဟုန်လင်ကျင်းရဲ့ 'အချစ်၊ပျော်ရွှင်မှု၊ သတ္တိ၊ ဝမ်းနည်းမှု၊ မေတ္တာ ' စသည့် ဝိဉာဉ်ခွဲငါးခုနှင့်
ကလေးငယ်၏ အားပျော့သော'ဒေါသနှင့်အမုန်း'ကို
ရောယှက်ပေးမိ၏။ အကယ်၍
ဟုန်လင်ကျင်းလုပ်ခဲ့သမျှအမှားတွေသည်
အမုန်းတရားနှင့်ဒေါသကိုအခြေခံပြီး
ဖြစ်တည်ခဲ့လျှင် ထိုစိတ်ဝိဉာဉ်နှစ်မျိုးကို
ပျောက်ကွယ်သွားအောင်လုပ်ဖို့
ရှင်းမှာတာဝန်ရှိသည်လေ။
ကိုယ့်တပည့်၊ ကိုယ့်ချစ်သူကောင်းဖို့
လုပ်ပေးနေသည်ဖြစ်၍
အရာရာဟာ အကောင်းဘက်သို့သာဦးတည်နေပါ၏။
ထိုစဉ် ကြွင်းကျန်ရစ်သည့်ဝိဉာဉ်အပိုင်းအဆခုနစ်ခုသည်
ရှင်းရဲ့ လက်ထဲရှိ ပြာလဲ့လဲ့အလင်းတန်းတစ်ခုထဲသို့
ပြေးဝင်သွားပြီး အငွေ့တွေဖုံးလွှမ်းနေတဲ့အရာတစ်ခု
အဖြစ်လွင့်စင်သွားကာ
ဖေ့စမ်းမီးတောင်ထဲသို့ကျသွားတော့၏။
အရှိန်နဲ့ပြုတ်ကျသွားသည့် ထိုအရာကြောင့် ဖေ့စမ်းမီးတောင်မှ
ချော်ရည်တွေပင် လျှပ်စီးနွယ်တန်းများပင်
ကြောက်လန့်ဖွယ်ရာအဆင်းသဏ္ဍာန်ဖြင့်
မီးတောင်အပြင်ဘက်သို့ စီးကျလာခဲ့၏။
သို့ပေမယ့်
ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ခု၏ထိန်းချုပ်မှုကို ခံစားလိုက်ရသည့်အလား။ မီးတောင်တစ်ခုလုံးသည် တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့၏။ ထိုမီးတောင်နေရာမှာတော့ ချိုင့်ခွက်ကြီးတစ်ခုပေါ်လာပြီး
ကောင်းကင်ဘုံမှစီးဆင်းလာသော
ရေတံခွန်ပေါင်း ၅၀၀၀ကျော်မှ
ရေများနှင့်ပြည့်နှက်သွားတော့သည်။
ထိုရေများသည်တခြားမဟုတ်ပေ။
ဟုန်လင်ကျင်းရဲ့ဝိဉာဉ်ဓာတ်မှ ဖြာထွက်လာသည့်
ချီစွမ်းအင်ပြည့်နှက်နေသော
ရေများပင်။ နှစ်ပေါင်းများစွာကျင့်ကြံခြင်းမှ
ဖြစ်တည်လာသော ဟုန်လင်ကျင်း၏
ရေစွမ်းအင်တွင် ချီစွမ်းအင်များစွာ
စိမ့်ဝင်နေသည်ဖြစ်ရာ
ထိုရေကန်၏ အစွမ်းသတ္တိသည် ကောင်းကင်ဘုံ၏
ရတနာများထဲမှရတနာတစ်ခုဟုပင်
နောက်အခါ၌ တင်စားခံခဲ့ရချေ၏။
၎င်းရေကန်သည် အခြားမဟုတ်။
ကျင်းနေထိုင်သည့် နန်းဆောင်တည်ရှိရာ
စိတ်ညို့ရေကန်ပင်ဖြစ်၏။
သို့ပေမယ့် စိတ်ညို့ရေကန်ထဲတွင်ပျော်ဝင်နေသည့်
စွမ်းအင်များသည် ဟုန်လင်ကျင်းရဲ့ဝိဉာဉ်ဓာတ်ဖြစ်သည်ကိုတော့
ရှင်းကလွဲ၍ မည်သူမျှမသိခဲ့သောကြောင့်
ဒဏ္ဍာရီဆန်သည့်ဇာတ်လမ်းမျိုးစုံဖြင့်သာ
ဖော်ပြခြင်းခံခဲ့ရလေသည်။
စိတ်ညို့ရေကန်ကြီးဆီ စိတ်တွေပျံ့လွင့်နေစဉ်
လက်ထဲမှကလေးငယ်၏ မူမမှန်သည့်လက္ခဏာများကြောင့်
ရှင်း စိတ်ပြန်စုစည်းလိုက်ရသည်။
ရေစွမ်းအင်၏ ဖိနှိပ်မှုကိုခံထားရပေမယ့်
နတ်ဆိုးစွမ်းအင်များသည် ကလေးကိုယ်ကို
အညှာအတာကင်းမဲ့စွာ မကောင်းဆိုးဝါးတစ်ကောင်နှယ် ရစ်ပတ်လွှမ်းခြုံထား၏။
သူ့ကိုယ်ထဲမှာ အပြန်အလှန်တိုက်ခိုက်နေကြသည့်
ရေစွမ်းအင်၊နတ်ဆိုးစွမ်းအင်နှင့်မီးစွမ်းအင်
သုံးခုပေါင်းအားများသည် သူ့ဝိဉာဉ်ကိုပါ
တိုက်ခိုက်လာနေပြီဖြစ်တာကြောင့်
ကလေးကိုကယ်တင်ဖို့
ရှင်းအစွမ်းမသုံးနိုင်ခဲ့ပါ။
မြွေတစ်ကောင်ရဲ့ကိုက်ခဲခြင်းကိုခံထားရသည့်နှယ်
စူးရှပြီးအဆိပ်ငွေ့တွေဖုံးလွှမ်းနေသည့်
နတ်ဆိုးစွမ်းအင်က သူ့မီးဝိဉာဉ်ကို
စတင်လွှမ်းမိုးစပြုလာတာကြောင့်
ရှင်းအော်ဟစ်ငြီးငြူမိချေပြီ။
နာသည်။ မီးဝိဉာဉ်ကိုထိခိုက်အောင်
လုပ်နိုင်သည့်အရာဟူသည်
ရှားပါးလွန်းသည်မို့ ခံနိုင်ရည်ကား
လျော့နည်းလှ၏။ ရှင်းကိုင်ဆောင်သည့်
လက်နက်တွေနှင့်ထပ်တူညီသည့်စွမ်းအင်။
သို့မဟုတ်။ ၎င်းတို့ထက်သာလွန်သည့်စွမ်းအင်ရှိသည့်အရာများသာ သူ့ကိုထိခိုက်အောင်လုပ်နိုင်သည်မို့
သူ့သက်တမ်းတစ်လျှောက်၌
နေနတ်ဘုရား၏ ခန္ဓာကိုယ်ထဲနေရသည့်အချိန်မှ
လွဲ၍ ထိခိုက်နာကျင်ခြင်းသည်
လုံးလုံးမျှပင်မရှိခဲ့ပါချေ။
သို့အတွက် ဝိဉာဉ်ထိခိုက်မှုကိုလျော့ပါးအောင်
လုပ်ရန်အတွက် သူမစွမ်းနိုင်ခဲ့ပါ။
သူလုပ်ဆောင်နိုင်သည့်တစ်ခုတည်းသောအရာက
ဝတ်ရုံအဖြူတစ်ထည်လုံးမေဘယ်လ်ရွက်လို
နီရဲသွားအောင် သွေးပွက်ပွက်အန်ထုတ်လိုက်ခြင်းသာဖြစ်၏။
ယုတ်လျော့လာသည့်ခြေထောက်တို့သည်
ညွှန့်ခွေလာပြီး သူ့ကိုဒူးထောက်လျက်ကြမ်းပြင်ပေါ်ကျသွားစေသည်။ထိုမျှမက။ နောက်တစ်ကြိမ်သွေးအန်ပြီး
မှောက်လျက်လဲကျသွားအောင်
ဖန်တီးလိုက်ပြန်၏။
သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့သည့်အဖြစ်ကို
မယုံနိုင်စွာဖြင့် ရှင်းဟားတိုက်ရယ်မောမိချေပြီ။
သို့သော် သူ့ရယ်သံသည် နာကျင်မှု၏သံစဉ်များနှယ်
အထားသိုညီညာမှုကင်းမဲ့စွာ ခြောက်ကပ်အက်ကွဲနေ၏။
ရှင်းသည် ဘယ်အချိန်ကတည်းက
ပျောက်ကွယ်သွားပြီမသိသည့်
ဟုန်လင်ကျင်း၏ရုပ်အလောင်းရှိခဲ့ရာ
နေရာကိုငေးမောကြည့်ရင်း
ဝါကျတစ်ကြောင်းကို မသဲကွဲစွာရေရွတ်လိုက်သည်။
" မင်းလက်ကိုဘယ်တော့မှ
ဆုပ်ကိုင်ခွင့်မရှိတော့တဲ့သူကို
ရှင်း လို့ခေါ်တယ်.....ကျင်း"
ထိုစကားတိုတိုလေးပြီးဆုံးသွားချိန်မှာတော့
သူ့ရဲ့ကိုယ်ပေါ်မှနတ်ဘုရားအငွေ့အသက်များသည်
ကလေးငယ်(ကျင်း)ဆီသို့
အလျင်အမြန်ရွေ့လျားသွားပြီး
နတ်ဆိုးအငွေ့အသက်များကို
ဖယ်ရှားပစ်လိုက်တော့သည်။
ထိုနတ်ဘုရားအငွေ့အသက်များသည်
နတ်ဆိုးစွမ်းအင်သာမက ရေစွမ်းအင်ကိုပါ
ချိတ်ပိတ်ပစ်လိုက်သည်မို့
ကျင်းမှာ သာမန်နတ်ငယ်တစ်ပါးကဲ့သို့ပင်
အများ၏ အာရုံစိုက်ခံရခြင်းမှ ရှောင်ဖယ်ကာ
ကြီးပြင်းလာနိုင်လိမ့်မည်။
မည်သူတစ်ဦး၊တစ်ယောက်မျှလည်း
ကျင်းက ဟုန်လင်ကျင်းဖြစ်ခဲ့ဖူးသည်ဆိုတာ
ရိပ်မိလိမ့်မည်မဟုတ်ပေ။
ကျင်းပေါက်စလေးအတွက်
ရှင်သန်ခွင့်ရောင်ခြည်လေးယှက်သမ်းသွားပေမယ့်
သူတို့နှစ်ဦး၏ ပတ်လည်မှာတော့
ရှင်းရဲ့ကိုယ်ထဲမှရုန်းထွက်လာသည့်
စွမ်းအင်သုံးခုနှင့် ခုနတုန်းကလေပွေပမာရှိနေသည့်
စွမ်းအင်နှစ်ခုတို့ ကြီးစိုးနေကြဆဲဖြစ်၏။
သို့သော် ရှင်းပင်ပန်းလွန်းလှပြီမို့
မျက်လုံးတွေအသာမှိတ်ချလိုက်တော့သည်။
အချိန်တစ်ခဏကြာသည်အထိ စွမ်းအင်သုံးမျိုး၏ ရောထွေးမှုကကြာရှည်ခဲ့သည်။
လေပြင်းတွေလည်း တိုက်ခတ်နေသလို၊ ပေါက်ကွဲမှုတွေလည်းဆက်လက်ဖြစ်ပေါ်နေဆဲပါပဲ။သို့ပေမယ့် ရှင်းနဲ့ကျင်းပေါက်စလေးကို
လာရောက်ကယ်တင်ပေးမည့်သူသည်
တစ်ဦးတစ်ယောက်မှပင် ရှိမနေခဲ့ပေ။
ထိုစဉ် မပီပြင်လှတဲ့ ရှင်းရဲ့အော်သံတစ်စွန်းတစ်စက ပေါက်ကွဲသံတွေကြားကနေ လွင့်မြောလာခဲ့သည်။ မသဲကွဲလှတဲ့အော်သံတစ်စွန်းတစ်စက စွမ်းအင်ထုကြီးရဲ့အလယ်မှာ အကြိမ်ပေါင်းများစွာ ပေါ်လာတာနဲ့အမျှ အဖျက်စွမ်းအင်နဲ့တိုက်ခိုက်နေတဲ့ ချီစွမ်းအင်တို့မှာ တဖြည်းဖြည်းလျော့နည်းသွားတော့သည်။
ကံအားလျော်စွာပင် ရှင်းရဲ့ အော်သံသဲ့သဲ့ကိုကြားလိုက်ရစဉ်မှာပဲ
နတ်ဘုရားအကြီးအကဲဟွားရန်သည် နဂါးဖြူကြီးစီးပြီး
ကောင်းကင်တိုက်ပွဲရှိရာသို့အလျင်အမြန်ရောက်လာခဲ့သည်။ဟွားရန်က သူ့ရဲ့ကိုယ်ပွားဝိဉာဉ်ဖြစ်တဲ့နဂါးဖြူကြီးကို
လေထဲမှာအကြိမ်ပေါင်းများစွာလှည့်ပတ်စေပြီး
နတ်ဆိုးဘုရင်ကြီးရဲ့မော့စွမ်းအင်တွေကို ထိန်းချုပ်ဖို့ကြိုးစားခဲ့သည်။ သို့ပေမယ့် သူ့ရဲ့ကူညီပေးမှုက
ရှင်းအတွက် အသုံးမဝင်ခဲ့ပါ။
အော်သံတို့သည် နားစည်ကွဲလုနီးပါးဆက်လက်ထွက်ပေါ်နေခဲ့၏။
ထိုတစ်ခဏ၌ နတ်ဆိုးဘုရင်ကြီး၏ မော့စွမ်းအင်တွေသည် အလုံးအရင်းနဲ့ထွက်ပေါ်လာပြီး
သုံးလောကလုံးကိုဖုံးလွှမ်းသွားတော့သည်။
ထိုကြောက်မက်ဖွယ်အရိပ်မည်းတွေကြောင့် သက်ရှိအရာတွေအားလုံးမှာ အော်ဟစ်ငိုကြွေးမြည်တမ်းကြကုန်၏။ အမည်မသိတဲ့ အမှောင်လောကကြီးကိုပျောက်ကွယ်သွားအောင်ဆုတောင်းနေသူများနှင့် ပုန်းရှောင်ရင်း
ကမ္ဘာပျက်မတတ်အော်ဟစ်မြည်တမ်းသံတွေက နေရာအနှံ့ထွက်ပေါ်လာခဲ့သည်။
အရာအားလုံးကိုဖျက်ဆီးပစ်တော့မည့်နှယ်
ဆိုင်းပြင်းနေသကဲ့သို့။။။။။။
ထိုစဉ် ရှင်းရဲ့နံဘေးသို့လျင်မြန်သည့်
အရှိန်ဖြင့်တစ်စုံတစ်ယောက် ရောက်လာခဲ့သည်။
ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်သူသည်
ဟွားရန်မဟုတ်ဘူးဆိုတာကိုတော့
အားတင်းပြီးဖွင့်ထားသည့် မျက်လုံးထောင့်စွန်းလေးကနေတစ်ဆင့်
မှုန်ရီဝေဝါးစွာရှင်းတွေ့လိုက်ရ၏။
သို့သော် မည်သူဆိုတာ အတိအကျမပြောနိုင်ခဲ့ပါ။
သူ့လက်ထဲတွင်
ဟုန်လင်ကျင်းရဲ့အစွမ်းအထက်ဆုံးလက်နက်
တစ်ခုဖြစ်သည့် မိစ္ဆာမျက်လုံးကို ဆုပ်ကိုင်ထား၏။
ကြည့်ရသည်မှာတော့ ဟုန်လင်ကျင်းရဲ့ရုပ်အလောင်းပျက်ဆီးသွားချိန်၌
အနှီမျက်လုံးကျန်ရစ်ခဲ့ဟန်တူသည်။
ရှင်း ထိုသူ့လက်ထဲမှ လုယူဖို့ကြိုးစားခဲ့ပေမယ့်
တကယ်တမ်းမှာတော့ လက်ပင်မမြှောက်နိုင်ခဲ့သည်မို့
ငေးကြည့်ယုံသာတတ်နိုင်ခဲ့၏။
ထိုသူသည် သူ့ကိုငေးကြောင်ကြည့်နေပေမယ့်
မည်သည့်စကားမှဆိုခြင်းမပြုခဲ့ပေ။
ထို့အစား လက်ထဲမှမိစ္ဆာမျက်လုံးကိုသာ
ထိန်းချုပ်ပြီး ဂါထာတစ်ပုဒ်ကိုရွတ်ဆိုနေခဲ့၏။
သူ့ကိုကြည့်နေရင်း နှုတ်ခမ်းတစ်လှုပ်လှုပ်ဖြင့်
ရွတ်ဆိုနေသည့်ဂါထာများသည်
ရှင်းအသုံးပြုတတ်သည့်ဂါထာများထက်ပင်
ကျစ်လစ်သိပ်သည်းလှ၏။ ထို့ပြင် ဖိနှိပ်မှုအားလည်းပိုမိုပြင်းထန်သေး၏ ။
ထိုခဏ၌ ၎င်းမှာမည်သြူဖစ်သည်ဆိုတာကို
ရှင်း ခွဲခြားသိသွားခဲ့၏။
"ချိုးယွဲ့!!!"
ရှင်းရဲ့ခေါ်သံတိုးတိုးလေးကြောင့်
မိုးနတ်မင်းရဲ့အကြည့်တွေက ရှင်းဆီပြန်ရောက်လာပြန်သည်။
သို့ပေမယ့် ခုနတုန်းနှင့်မထူးမခြားနားပင်။
ဂါထာကိုသာ တစိုက်မတ်မတ်ရွတ်ဆိုနေပြီး
ရှင်းကိုစကားတစ်ခွန်းမှပင် မဆိုခဲ့ပါချေ။
မကြာလိုက်ပါ။။။။
နတ်ဆိုးဘုရင်ကြီးရဲ့
မော့စွမ်းအင်အငွေ့ အသက်တွေသည်မိစ္ဆာမျက်လုံးထဲသို့
ဝင်ရောက်သွားကာ တစ်စတစ်စလျော့ပါးသွားခဲ့၏။ လူသားနယ်မြေနဲ့ နတ်ဘုရားနယ်မြေအပေါ်မှာ
စီးမိုးထားတဲ့
အမည်းရောင်အငွေ့အသက်တွေသည်
နေထိနှင်းလိုပင် ပျောက်ကွယ်သွားခဲ့၏။ကောင်းကင်ဘုံနဲ့ နတ်ဆိုးနယ်မြေ ကို
ဖုံးလွှမ်းထားတဲ့အငွေ့အသက်တွေကတော့ တစ်စုတစ်ဝေးတည်းစုပေါင်းသွားပြီး နတ်ဆိုးတွေအကုန်လုံးကို နတ်ဆိုးနယ်မြေထဲသို့ ပြန်ဆုတ်စေခဲ့၏။နတ်ဆိုးစစ်သည်အားလုံး နတ်ဆိုးနယ်နိမိတ်စည်းထဲရောက်သွားပြီးသည်နှင့် နတ်ဆိုးနယ်မြေနဲ့ ကောင်းကင်ဘုံကိုကာဆီးထားသည့် အသူတရာချောက်နက်ကြီးကို ဖြစ်ပေါ်လာခဲ့သည်။
ထိုချောက်ကြီးသည် နောင်အခါမှာတော့ မျှော်လင့်ခြင်းကမ်းပါးဟု အမည်တွင်ခဲ့၏။
ဟွားရန်က လျော့နည်းလာပြီဖြစ်တဲ့မော့စွမ်းအင်တွေကို ဖယ်ရှားပစ်ရန်အလို့ငှာ နဂါးဖြူကြီးကို လှည့်ပတ်နေစဉ်မှာပဲ ကျောက်တုံးမိုးများသည်
သူတို့အပေါ်ရွာချလာခဲ့သည်။
မိုးနတ်မင်းမှာ ရှင်းရဲ့အပေါ်အုပ်မိုးကာ
ကောင်းကင်ပေါ်မှအဆက်မပြတ်ကျဆင်းလာသည့်
ကျောင်တုံးတွေမှ လူသားဒိုင်းသဖွယ်ကာကွယ်ပေးလိုက်၏။
သို့ပေမယ့် သူသည် ကျင်းပေါက်စလေးကိုတော့
မျက်လုံးစွေ၍ပင်တစ်ချက်မှမကြည့်ခဲ့ပေ။
ထိုစဉ် ရှင်းရဲ့လက်တစ်ဖက်သည်မြှောက်တက်လာပြီး
မိုးနတ်မင်းကို ခပ်လှမ်းလှမ်းသို့တွန်းထုတ်ပစ်လိုက်သည်။
ဟွားရန်ရော၊ မိုးနတ်မင်းပါ ရှင်းရဲ့အပြုအမူကိုနားမလည်ပဲ
ဆွံ့အသွားခဲ့ရသည်။ ရှင်းဘာကြောင့်
သူ့အကာအကွယ်မယူချင်တာလဲလို့
မေးချင်နေသည့် မိုးနတ်မင်းရဲ့မျက်လုံးတွေမှာ
အရိပ်အမျိုးမျိုးဖြတ်ပြေးနေခဲ့သည်။
ထိုအချိန်မှာပင် နေခုနစ်စင်းတစ်ပြိုင်တည်းထွက်ပေါ်လာသလို
တောက်ပလွန်းတဲ့ မီးတောက်တွေသည်
ရှင်းရဲ့ကိုယ်ထဲမှထွက်ပေါ်လာခဲ့သည်။
ကြည့်နေသူအပေါင်းမှာ ထိုတောက်ပမှုနဲ့ပူပြင်းမှုကို
မထိန်းချုပ်နိုင်ကြတာကြောင့် မျက်လုံးအစုံမှိတ်ပြီး
အကာအကွယ်မန္တာန်ရွတ်ဆိုကြရတော့သည်။
ထိုအခိုက်အတန့်အတွင်းမျက်လုံးဖွင့်နိုင်ခဲ့တဲ့တစ်ဦးတည်းသောသူမှာ နဂါးဖြူကြီးအပေါ်မှာရပ်နေတဲ့ ဟွားရန်ပင်ဖြစ်သည်။ဟွားရန်သည် ရုတ်တရက် မြင်လိုက်ရတဲ့မြင်ကွင်းကိုမယုံနိုင်စွာနှင့် စွမ်းအင်အကုန်သုံးပြီး မီးတောက်တွေကိုဖြတ်ကျော်ကာ ရှင်းရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
သို့ပေမယ့် နောက်ကျသွားခဲ့ပါပြီ။ သူ့လက်ထဲဆုပ်ကိုင်မိလိုက်တာက လေထုတစ်ခုသာ။ရှင်းက နတ်ဘုရားခန္ဓာကိုယ်မရှိတော့တဲ့ မီးဝိဉာဉ်ပြန်ဖြစ်သွားခဲ့ပြီ။
နတ်ဘုရားခန္ဓာကိုယ်ကတော့ မီးတောက်မီးလျှံများနှင့်အတူ
ထိုအချိန်မှစ၍ပျောက်ခြင်းမလှ
ပျောက်ဆုံးသွားခဲ့သည်။
ရှင်းရဲ့ ဘေးက ကြမ်းပြင်ပေါ်မှာတော့ နတ်စွမ်းအင်တွေလွှမ်းခြုံထားတဲ့ မွေးခါစကလေးငယ်တစ်ယောက်ရှိနေခဲ့သည်။
ထို့ပြင် ဓားရိုးမှာ ငွေကိုအသုံးပြုပြီး
ရေစက်လေးတွေတွဲလွဲခိုနေသဏ္ဍာန်ပြုလုပ်ထားတဲ့ ဖြူလွလွဓားတစ်စင်း(ရှန့်ဟွာ)ရှိနေခဲ့သည်။
အချိန်ကြာလာတာနဲ့အမျှ ၎င်းကလေးငယ်သည်
ကောင်းကင်ဘုံရဲ့အိမ်ရှေ့စံမင်းသား တစ်ဖြစ်လဲ ရေနတ်သား(ကျင်း) ဖြစ်လာခဲ့လေသည်။

Коментарі