Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 8
သံုးေလာကကိုလက္ဝါးႀကီးအုပ္ခ်င္ေနသၫ့္
သူ ့(မိုးနတ္မင္း)ထံတြင္ သာမန္ထက္ထူးကဲသၫ့္ဉာဏ္ပညာႏွင့္
အကြက္ေက်ာ္ျမင္တတ္တဲ့
တြက္ခ်က္မႈတို႔ရိွေနတတ္သည္မွာ
ထူးျခားလွသည္ေတာ့မဟုတ္လွပါ။

ထို႔အတူ ငယ္စဉ္ကတည္းက တိတ္တခိုးခ်စ္ျမတ္ႏိုးခဲ့ရသၫ့္
ခ်စ္သူရဲ့အသက္ကိုစေတးၿပီးမွ
ရလာသၫ့္ ‌နတ္ဆိုးဘုရင္ ဟုန္လင္က်င္းရဲ့
ရတနာပစၥည္းေတြဆိုသည္မွာလည္း
အလွထားရမည္မဟုတ္ပါ။
အခ်ိန္အေတာ္ၾကာသည္အထိ
အသံုးမျပဳပဲထားခဲ့သည္ဆိုတာက
အ‌ေျခအေနမေပးေသး၍သာျဖစ္သည္။

ယခုေတာ့ မက္မြန္သီးပြဲေတာ္အတြက္ဖိတ္ၾကားထားသၫ့္
နတ္ဘုရားမ်ားႏွင့္နတ္အရာရိွမ်ားက
ဝူရွင္းဥယ်ာဉ္ေတာ္အတြင္းမွာ
အသင့္ရိွေနၿပီျဖစ္သၫ့္အျပင္
အႏွစ္ရွစ္ေသာင္းလံုးေစာင့္ေမ်ွာ္ၿပီးမွ
ရရိွလာသၫ့္ က်င္းရဲ့အားနည္းခ်ိန္ကလည္းေရာက္လာၿပီျဖစ္သည္။ ခ်စ္ဦးသူရဲ့သားျဖစ္ေန၍သာ
သေဘာထားႀကီးႀကီးႏွင့္
က်င္းကိုသားအျဖစ္ေမြးစားၿပီး
အိမ္ေရ႔ွစံအရာေပးခဲ့သည္‌ဆိုေပမယ့္
တကယ္တမ္းမွာေတာ့ အကြက္က်က်စီမံခဲ့ျခင္းသာျဖစ္သည္။

' နာမည္ၾကား မုန္း၊ မ်က္ႏွာျမင္ သတ္ခ်င္'
ဟူေသာဂုဏ္ပုဒ္ကိုပိုင္ဆိုင္ထားသၫ့္
နတ္ဆိုးဘုရင္ ဟုန္လင္က်င္းရဲ့သားကိုေတာင္
သနားၾကင္နာမႈအျပၫ့္ႏွင့္
ေမြးစားထားသည္ဟူေသာအခ်က္ကို
အသံုးခ်ၿပီး သံုးေလာက၏ေလးစားမႈကို
သိမ္းပိုက္ခ်င္၍သာျဖစ္၏။
တကယ္လည္း သူ‌ရရိွခဲ့သည္။

သမုဒၵရာခုနစ္စင္းႏွင့္
‌ေတာင္စြယ္အထပ္ထပ္ကာရံထားသၫ့္
ကုန္းေျမမွစ၍
အထက္ဘဝဂ္တိုင္ေအာင္
မိုးနတ္မင္းရဲ့ သေဘာထားႀကီးမႈႏွင့္ စြမ္းအားႀကီးမႈစသၫ့္ဂုဏ္သတင္းတို႔က
ပ်ံ့လြင့္သြားခဲ့ေပမယ့္
တစ္စုံတစ္ေယာက္ကိုေတာ့
‌ေက်ာ္လႊားႏိုင္ျခင္းမရိွခဲ့ပါ။

ေဟာ္လင္အရွင္သခင္ မီးဝိဉာဉ္။။။။။။
သံုးေလာကတစ္ခြင္၌ မည္သူမ်ွထိန္းခ်ဳပ္ႏိုင္စြမ္းမရိွသၫ့္
မီးစြမ္းအင္ကိုပိုင္ဆိုင္ခြင့္ရိွသူ။
နတ္ဘုရားတိ့ုထက္သာလြန္သၫ့္
အလွတရား။
တုႏိႈင္းမရႏိုင္ေလာက္ေအာင္
တိုက္ခိုက္ေရးျမင့္မားသၫ့္သူတစ္ေယာက္။
တည္ၾကည္ေျဖာင့္မတ္မႈႏွင့္ အမွန္တရားကိုသာလက္ကိုင္ထားသူ။
ေဟာ္လင္အရွင္သခင္သည္ ျမင့္ျမတ္သူ။
ျမင့္ျမတ္သူမွာ ေဟာ္လင္အရွင္သခင္။
စသၫ့္ဂုဏ္ပုဒ္ေတြႏွင့္ျပၫ့္ႏွက္ေနသၫ့္
ရွင္းက အျမဲတေစသူ႔အေပၚမွာသာရိွေနခဲ့သည္။

အရင္တစ္ခ်ိန္တုန္းက ဝမ္ယြဲ႔မွာသံုးေလာကကိုအုပ္စိုးႏိုင္ခဲ့သည္ဆိုသည္မွာ
ရွင္းရဲ့ေထာက္ခံမႈမပါပဲႏွင့္ျဖစ္လာႏိုင္စရာမရိွပါ။
သို႔ေသာ္ ရွင္းက သူ႔ကိုေတာ့ပယ္ခ်ခဲ့သည္။
ေကာင္းကင္တိုက္ပြဲၿပီးဆံုးသြားခ်ိန္ကတည္းက
သံုးေလာကကိုအုပ္ခ်ဳပ္ခ်င္သၫ့္
သူ႔အစီအစဉ္အားလံုးကို
ရွင္းက သေဘာတူရန္ျငင္းဆန္ခဲ့သည္။

သို႔ေၾကာင့္ သူ႔ကိုယ္သူသာအားကိုးၿပီး
ရွင္းကိုျဖဳတ္ခ်ဖို႔ႀကံရြယ္ရေတာ့သည္။
ငယ္စဉ္ကတည္းက က်င္းကိုအရိပ္တၾကၫ့္ၾကၫ့္ႏွင့္
ေစာင့္ေရွာက္လာသၫ့္ ရွင္းအတြက္သူ႔မွာ
အထူးျပင္ဆင္ထားသၫ့္လက္ေဆာင္ရိွျပီးသားပင္။
မိစၧာမ်က္လံုးရဲ့စြမ္းအင္ကိုအသံုးျပဳျပီး
က်င္းကို အစီအရင္ေတြႏွင့္ခ်ဳပ္ေနွာင္ကာ
ရွင္းအားလာေရာက္ကယ္တင္ေစျခင္းသာျဖစ္၏ ။

သို႔ေသာ္ျငား ရွင္းရဲ့တပၫ့္ဆိုသည္မွာ
ေပါ့ေပ့ါေသးေသးေတာ့မဟုတ္လွပါ။
ေရွးယခင္ကစ၍ ယခုအခ်ိန္ထိ
ရွင္းရဲ့တပၫ့္ျဖစ္ခြင့္ရသူမွာ
ငါးေယာက္သာရိွခဲ့ဖူးသည္။

နတ္ဘုရားအႀကီးအကဲ ဟြားရန္၊ ေကာင္းကင္မင္းႀကီး ဝမ္ယြဲ႔၊ ေနနတ္ဘုရား ထိုက္ယန္၊ က်င္း ႏွင့္ ခ်ိဳးယြဲ႔ဆိုသၫ့္ သူကိုယ္တိုင္သာျဖစ္သည္။
ရွင္းကလြဲရင္ ထိုငါးေယာက္ကိုသံုးေလာကမွာယွဉ္ႏိုင္သူဆို၍
‌ဟုန္လင္က်င္းတစ္ေယာက္သာရိွပါ၏။

က်င္းကိုမိစၧာမ်က္လံုးရဲ့အစီအရင္ထဲ
ေရာက္လာေအာင္ႀကိဳးစားခဲ့ဖူး‌ေပမယ့္
နတ္ဘုရားစြမ္းအင္တခ်ိဳ႕က က်င္းရဲ့ခႏၶာကိုယ္
ပတ္လည္မွာဖံုးအုပ္ကာ အစီအရင္ကိုတန္ျပန္တိုက္ခိုက္ေနခဲ့သည္ျဖစ္၍
ႀကိဳးစားမႈမွာအရာမထင္ခဲ့ပါ။

သို႔ေပမယ့္ ရွန္းရႉး၏‌ ေျပာၾကားခ်က္အရ၊
က်င္းမွာ ဤေန့၌စိတ္ထိခိုက္လြန္းေနသည္ျဖစ္၍
စြမ္းအင္ေတြကေမာက္ကမျဖစ္ကာ
အားနည္းေနသည္ဟုသိလိုက္ရသည္။
တိုက္ဆိုင္စြာပင္ မက္မြန္သီးပြဲေတာ္ကလည္းရိွေနျပန္သည္။
သို႔ျဖစ္၍ ဝူရွင္းဥယ်ာဉ္ထဲမွ ၾကာကန္၏အကူအညျီဖင့္
အခမ္းအနားပြဲကိုမတက္ေရာက္လာႏိုင္သၫ့္
က်င္းရဲ့ပံုရိပ္ကို ရွာေဖြသလိုႏွင့္
ေရကန္ရိပ္မွာထင္ဟပ္ေနေစမည္။

ရွင္းကလည္း သူ႔တပၫ့္ကိုကယ္တင္ဖို႔
မလြဲမေသေရာက္လာမည္ျဖစ္ရာ
ၾကၫ့္ရႈေနသူအေပါင္း၏
စိတ္အာရံုကို
ၾကာကန္မ်က္ႏွာျပင္က ပံုရိပ္ေတြဆီမွာသာ
စုေဝးေနေစဖို႔ အလိုအေလ်ာက္ျပဳလုပ္ႏိုင္‌ေပလိမ့္မည္။

မိစၧာမ်က္လံုးရဲ့အစီအရင္ကိုတိုက္ထုတ္ဖို႔ဆိုသည္မွာ
နတ္ဆိုးစြမ္းအင္ရိွသူမွသာလ်ွင္
ျပဳလုပ္ႏိုင္မည္ျဖစ္‌ရာ
ရွင္းက ဟုန္ဟြမ့္ရဲ့နတ္ဆိုးစြမ္းအင္ကို
ငွားရမ္းအသံုးျပဳလိမ့္မည္မွာ
အေသအခ်ာပင္။
ထိုသို႔ျဖစ္လာမည္ဆိုပါက
သံုးေလာကရဲ့ေလးစားရသၫ့္
ေဟာ္လင္အရွင္သခင္မွာ
နတ္ဆိုးတစ္ေကာင္သာျဖစ္သည္ဟု
လူတိုင္းထင္မွတ္သြားၾကမည္သာ။
ထားရိွဖူးေသာ ေက်းဇူးတရားေတြ၊ ဂုဏ္‌ပုဒ္ေတြသည္လည္း ေန့ခ်င္း၊ညခ်င္းဆိုသလို
ေပ်ာက္ကြယ္သြားၿပီး နတ္ဆိုးတစ္ေကာင္ႏွယ္
အပယ္ခံဆိုသၫ့္ကမ႓ာထဲေရာက္သြားေစဖို႔ေမ်ွာ္လင့္သည္။

သို႔ေပမယ့္ သူမေမ်ွာ္လင့္ထားသည္က
ရွင္းက ဟုန္လင္းက်င္းရဲ့စြမ္းအင္ေတြကိုအသံုးျပဳျပီး
အသြင္ပါေျပာင္းလိုက္မည္ဆိုတာပါပဲ။
နတ္ဆိုးစြမ္းအင္ကိုအသံုးျပဳသူရိွမွသာ
ကန္ေရျပင္ကအသက္ဝင္လာမည္ျဖစ္တာေၾကာင့္
အစပိုင္းတုန္းက
က်င္းေတြ ့ခဲ့သၫ့္ပံုရိပ္ေတြကိုျမင္သၫ့္သူ
တစ္ေယာက္မွမရိွခဲ့ပါ။

သို႔ျဖစ္၍ သူတို႔ပထမဆံုးေတြ ့လိုက္ရသည္က
နတ္ဆိုးစြမ္းအင္ေတြလႊမ္းၿခံဳထားသၫ့္
ေဟာ္လင္အရွင္သခင္ရဲ့အဓိပၸာယ္ေတျြပၫ့္ႏွက္ေနသၫ့္အၿပံဳးသာ။။။။။။။

"ဒါဘယ္လိုျဖစ္တာလဲ"

"ေဟာ္လင္က.....ဟုန္လင္က်င္းလား"

"ဒါ....ဒါက....."

"မီးဝိဉာဉ္က နတ္ဆိုးဘုရင္လား"

အံ့ဩမွင္သက္စြာႏွင့္ေရရြတ္သံေတြ
အေျမာက္အျမားက ဝူရွင္းဥယ်ာဉ္ေတာ္အတြင္းတြင္
တစ္စထက္တစ္စ ပိုမိုက်ယ္ေလာင္စြာထြက္ေပၚလာခဲ့၏။
မိုးနတ္မင္းမွာ ျပႆနာကိုအဲ့ဒီေလာက္အထိႀကီးသြားေအာင္
လုပ္ဖို႔ဆႏၵမရိွေပမယ့္
ျဖစ္လာၿပီဆိုမွေတာ့အေကာင္းဟုသာ
ခံယူလိုက္ကာ ႏႈတ္ခမ္းေတြတြန႔္ေကြးေနေအာင္
ၿပံဳးလိုက္ေတာ့သည္။

ဥယ်ာဉ္ေတာ္အတြင္းတြင္
အားလံုးနီးပါးက ဝူရွင္းၾကာကန္ထဲက
ပံုရိပ္ေတြကို အလုအယက္ၾကၫ့္ေနၾကေပမယ့္
နတ္ဘုရားတခ်ိဳ႕မွာေတာ့
အံတႀကိတ္ႀကိတ္ႏွင့္သာ
ေနရာ၌စြဲစြဲၿမဲျမဲထိုင္ေနခဲ့သည္။
မည္သၫ့္စကားကိုမွလည္း
ဝင္မေျပာသလို၊ ထထြက္သြားျခင္းစသၫ့္
အျပဳအမူမ်ိဳးကိုလည္း မလုပ္ပါပဲႏွင့္
စိတ္ညစ္ၫူးသၫ့္အသြင္သာ
ေဆာင္ယူၿပီး လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ထားၾက၏။

ထိုသူမ်ားမွာ နတ္ဘုရားအႀကီးအကဲဟြားရန္၊
အိပ္မက္နတ္ဘုရား ဖန႔္ယြင္ႏွင့္
ေလနတ္ဘုရား ရွဲ႔ယန္ သာျဖစ္သည္။
၎တို့အနက္
ဟြားရန္တစ္ဦးတည္းသာလ်ွင္ ရွင္းႏွင့္သက္ဆိုင္သည္ျဖစ္ၿပီး
က်န္ႏွစ္ေယာက္မွာေတာ့ ပတ္သတ္ဆက္ႏြယ္ျခင္းအလ်ဉ္းမရိွပါေလ။
သို႔ေပမယ့္ ထိုႏွစ္ေယာက္က
ဟြားရန္ထက္ပင္ပို၍ခံျပင္းေနသေယာင္။။။။။။

တစ္ဖက္မွာေတာ့
ရွင္းရဲ့ေျပာင္းလဲသြားတဲ့အသြင္ေၾကာင့္
က်င္းေခါင္းငိုက္စိုက္က်သြားရေတာ့သည္။
နတ္ဆိုးႏွင့္ေကာင္းကင္ဘံုရဲ့အိမ္ေရ႔ွစံဆိုသည္မွာ
ေပါင္းစပ္ခြင့္မရိွသၫ့္ ျမစ္ေရစီးေၾကာင္းႏွစ္ခုႏွင့္
တူေနသည္မို႔ သူတို႔ၾကားမွာျခားထားတဲ့စည္းက
ပို၍သာ ႀကီးမားလို႔‌လာေနသလိုပင္။

' အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကို
ရွစ္စြမ္းကေဝးေဝးမွာေနခိုင္းတာလား....

က်ိန္စာေတြနဲ႔တူတဲ့သံေယာဇဉ္ေတြကို
အစကတည္းက နင္းေခ်ပစ္ခဲ့တာက
နတ္ဆိုးဘုရင္ဆိုတဲ့
ရွစ္စြမ္းရဲ့အရိပ္မည္းႀကီးေၾကာင့္လား.....

ဆံုစည္းခြင့္မရဘူးဆိုရင္လည္း
ဘာေၾကာင့္ ကြၽန္ေတာ့္ဆီေရာက္လာခဲ့ရတာလဲ....
ကြၽန္ေတာ့္ကိုအၿမဲတမ္းနာက်င္ေစခ်င္ေနတဲ့
ရွစ္စြမ္းက ကြၽန္ေတာ္ငိုေအာင္တမင္လုပ္ေနတာလား......

ဟားးးးး ငိုမယ္......
ကြၽန္ေတာ္ ငိုပါ့မယ္.....
ဝမ္းနည္းမႈေတြကဘယ္ေလာက္ပဲ
ခံစားရခက္ေနပါေစ.....
ကြၽန္ေတာ္ ခံယူပါ့မယ္.....

ရွစ္စြမ္းသာ ကြၽန္ေတာ့္အနားမွာရိွေနမယ္ဆိုရင္
ကြၽန္ေတာ္ နာက်င္ရလည္းဘာအေရးလဲ.....
ရွစ္စြမ္းက မီးေတာက္တစ္ခုဆိုရင္
ကြၽန္ေတာ္က ေလာင္ကြၽမ္းခံမယ့္
ဖေယာင္းတိုင္တစ္ေခ်ာင္းျဖစ္ေပးမွာမို႔
ကြၽန္ေတာ့္ဘက္မငဲ့ပဲ
ရွစ္စြမ္း ႀကိဳက္သလိုျပဳမူပါ......

ဒီ‌ေကာင္စုတ္‌ေလးကအဆင္ေျပပါတယ္ ရွစ္စြမ္းရယ္'

နားလည္ရခက္လွသၫ့္မ်က္ဝန္းေတြႏွင့္
သူ႔ကိုေတြေတြႀကီးစိုက္သၫ့္ေနသၫ့္ က်င္းကို
ရွင္းၿပံဳးေယာင္ေယာက္ေလးသာ
ၿပံဳးျပျဖစ္၏။
သူ႔ရွစ္စြမ္းကို ဟုန္လင္က်င္းလို႔ထင္မွတ္ၿပီး
စိတ္ထိခိုက္ေနရွာတဲ့ကေလးငယ္က
သူကိုယ္တိုင္ကသာ တကယ့္ဟုန္လင္က်င္းဆိုတာ
သိသြားခဲ့မယ္ဆိုရင္
ဘယ္ေလာက္ေတာင္ ယူႀကံဳးမရျဖစ္ေနရွာလိမ့္မလဲ။

သို႔ရာတြင္ က်င္းကိုႏွစ္သိမ့္ေနဖို႔သူ႔မွာအခ်ိန္မရိွလွပါ။
မိစၧာမ်က္လံုးရဲ့အစီအစဉ္ထဲကေန
ေဖာက္ထြက္ရဦးမည္မို႔
စိတ္ကိုထိန္းခ်ဳပ္လိုက္ကာ
စြမ္းအင္တခ်ိဳ႕ကို လက္ဖဝါးဆီသို႔ပို႔လႊတ္လိုက္ေတာ့သည္။

ခရမ္းေရာင္မီးေတာက္တစ္ခုက
သူ႔လက္ေပၚမွာဖ်က္ခနဲေပၚလာသၫ့္ခ်ိန္၌
ရွင္းက လက္ကိုေဝ့ယမ္းလိုက္ကာ
ေျမျပင္ေပၚမွာ အရင္ကတည္းကရိွႏွင့္ေနတဲ့
‌လန္ဟြားပန္းပြင့္ႏွင့္ဆင္တူလွသၫ့္မီးအိမ္ေတြကို
အလင္းေရာင္ေတြထြက္လာေစသည္။
တစ္ခဏအတြင္းမွာပင္ သူတို႔အေရ႔ွ၌လန္ဟြားမီးအိမ္ေလး‌ေတြ
ထိန္ထိန္လင္းေရာင္ထြန္းၫွိထားသၫ့္
လမ္းေလးတစ္ခုကေပၚလာခဲ့သည္။

မီးအိမ္ေလးေတြမွာ တစ္စံုတစ္ခုႏွင့္ခ်ိတ္ဆြဲထားျခင္းမရိွေသာ္ျငားလည္း
ေလထဲမွာၿငိမ္သက္စြာ ရိွေနခဲ့သည္။
ထိုမီးအိမ္ေလးမ်ားမွလာသၫ့္
ခရမ္းေဖ်ာ့ေရာင္အလင္းေတြမွာ
လွပကာ ရင္သပ္ရႈေမာဖြယ္ေကာင္းေနသည္မို႔
က်င္း အံ့ဩသြားမိသည္။
နတ္ဆိုးကမ႓ာက ဤမ်ွ‌ပင္ လွပသတဲ့လား၊
ဟူသၫ့္ေမးခြန္းကလည္း သူ႔လ်ွာဖ်ားမွထြက္ေျပးသြားေတာ့မၫ့္အလား။။။။

ရွင္းက အႏၲရာယ္အေငြ ့ ့အသက္ကိုစတင္ခံစားမိေနၿပီျဖစ္တာေၾကာင့္
က်င္းကိုသူ႔အနားဆြဲေခၚလိုက္ေတာ့သည္။
ဒီေနရာမွာက်င္းကိုကာကြယ္ေပးမၫ့္
အျဖဴေရာင္နတ္ဘုရားေလးဆိုတာက
ရိွမေနသည္မို႔
သူကသာကာကြယ္ေပးရေတာ့မည္ေလ။
သူက တည္ၿငိမ္စြာပင္ က်င္းကိုလွမ္းမွာ၏။

"ဘယ္လိုစြမ္းအင္ကိုမွမသံုးနဲ႔.....
ဘယ္လိုအရာမ်ိဳးကိုမွတိုက္ခိုက္ဖို႔မႀကံနဲ႔.....
ျဖစ္ႏိုင္ရင္ ငါ့အေနာက္မွာပဲေနပါ.....
ၾကားရဲ့လား"

"ဟုတ္....."

"ဒီေနရာက‌ေနဘယ္လိုအရာမ်ိဳးကိုမွလည္း
ယူသြားဖို့စိတ္မကူးနဲ႔.....
ျဖစ္လာမယ့္အက်ိဳးဆက္ကို ငါမေတြးရဲဘူးသိရဲ့လား"

အျဖစ္အပ်က္အလံုးစံုကိုေမ့ေလ်ာ့ေနရွာေသာ
က်င္းမွာ သူ႔ရွစ္စြမ္းက ကပ္စီးနဲၿပီးသူ႔ပိုင္နက္ထဲကအရာေတြကို
မယူဖို႔ေျပာေနသည္ဟုသာထင္မွတ္သြားကာ
ပြစိပြစိႏွင့္ေရရြတ္ေတာ့၏။

"ကပ္စီးနဲရွစ္စြမ္း.....ေကာ္ပင္ရွစ္စြမ္း......
ဒီမီးအိမ္ေတြကိုငါကလိုက္ေကာက္ရေအာင္
ကေလးလည္းမဟုတ္ပဲနဲ႔"

ပါးစပ္လႈပ္ရံုေလးႏွင့္ႂကြက္ကေလးတစ္ေကာင္လို
တက်ိက်ိအသံထြက္ေနသၫ့္ က်င္းကိုရွင္းက
ပါးစပ္လွမ္းပိတ္လိုက္ကာ မီးအိမ္ေတြႏွင့္ပံုေဖာ္ထားေသာ
လမ္းအတိုင္းေျပးေတာ့၏။
ရွင္းကသာ အထိတ္တလန႔္ႏွင့္ေျပးေနတာျဖစ္ေပမယ့္
က်င္းမွာေတာ့ အိပ္ရာလိပ္ကိုကိုင္ထားသၫ့္ႏွယ္
လက္တစ္ဖက္ႏွင့္ခါးကိုပိုက္ၿပီး
က်န္လက္တစ္ဖက္ႏွင့္ပါးစပ္ကိုအုပ္ခံထားရေသာေၾကာင့္ အေျခအေနသိပ္မေကာင္းလွပါ။

ထိုျပင္ ဒီေနရာေရာက္စဉ္ကတည္းက
အထိအေတြ ့အာရံုကို ခံစားမိလာတာေၾကာင့္
ခါးမွနာက်င္မႈဒဏ္ကိုအခ်ိန္ၾကာလာသည္ႏွင့္အမ်ွ
ပိုမိုခံစားလာရေတာ့သည္။

ထို႔ျပင္ ရွင္းကေျခလွမ္းဆယ္လွမ္းခန႔္သာ
လမ္းေျဖာင့္မွသြားၿပီး
က်န္ေသာ‌ေျခလွမ္းတို႔ကို
လမ္းရဲ့ဘယ္ဘက္မွာရိွေနတဲ့မီးအိမ္ေတြေပၚ
နင္းၿပီးေျပးလိုက္၊ ညာဘက္ကမီးအိမ္ေတြကို
နင္းလိုက္ႏွင့္ ေလ်ွာက္ေျပးေနသည္မို႔
မူးေဝၿပီးအန္ပါအန္ခ်င္မိလာ၏။

"ဘယ္သံုး၊ ညာႏွစ္၊ ဘယ္ငါး၊ ညာေျခာက္"

ရွင္းက အရင္တခ်ိန္တုန္းက ဟုန္လင္က်င္းသင္ေပးထားသၫ့္အတိုင္း၊
မီးအိမ္ေတြေပၚကေန ကိုယ္ေဖာ့သိုင္းျဖင့္ရွပ္ေျပးကာ
ေျပးလႊားေနမိ၏။ ဒီေနရာကို သူအရင္တစ္ခ်ိန္တုန္းကေတာ့ ဟုန္လင္က်င္းႏွင့္အတူအႀကိမ္ႀကိမ္လာဖူးပါ၏။

ခ်ိဳၿမိန္တဲ့အမွတ္တရတခ်ိဳ႕လည္း
ဒီနယ္ေျမထဲမွာစြဲထင္ေနသလို၊
သူ႔ရဲ့ေသြးစက္ေတြလည္း စြန္းထင္းဖူးသၫ့္
ေနရာတစ္ခုဟုေျပာ၍ရသည္။
ဒီေနရာတြင္ ဟုန္လင္က်င္းက
သူ႔ကိုအက်ဉ္းခ်ထားခဲ့ဖူးသည္။
ိမိစၧာနတ္‌ဆိုးကိုးပါးရဲ့နယ္‌ေျမကိုးခုကို
ေက်ာ္ျဖတ္ႏိုင္မွသာ လႊတ္ေပးႏိုင္မည္ဆိုသၫ့္
စကားကိုအႀကိမ္ႀကိမ္ေျပာရင္းနဲ႔ေပါ့။

အစပိုင္းမွာေတာ့
သူတစ္ခုကိုမွေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းမရိွခဲ့ေပ။
သူ႔ရဲ့သန႔္စင္တဲ့ဝိဉာဉ္ဓာတ္က
အစီအရင္ကိုပိုမိုအားေကာင္းေစသၫ့္အတြက္
ထုတ္သံုးသမ်ွစြမ္းအင္အားလံုးက
သူ႔ကိုယ္သူျပန္လည္တိုက္ခိုက္ဖို႔သာျဖစ္ခဲ့၏။

ဆယ္ႏွစ္တိတိ။

ဒီနယ္ေျမထဲမွာပိတ္မိခဲ့သည္က
ဆယ္ႏွစ္ျကာခဲ့သည္။

ဆယ္ႏွစ္ျပၫ့္တဲ့ေန့အေရာက္မွာေတာ့
ဟုန္လင္က်င္းက သူ႔ဆီေရာက္လာၿပီး
မည္သၫ့္ေနရာကေန ၊ မည္သို႔ပံုစံျဖင့္ထြက္ရမည္ဆိုတဲ့အေၾကာင္းကို
စိတ္လိုလက္ရသင္ၾကားေပးခဲ့သည္။
သို႔ေသာ္ ရွင္းမွာထိုနည္းလမ္းကိုတစ္ခါမွပင္
သံုးခြင့္မရလိုက္ပါေခ်။
ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီေန့က ဟုန္လင္က်င္းကိုယ္တိုင္ပင္
သူ႔ကိုအစီအရင္ထဲကေန ေပြ ့ခ်ီၿပီး
ေခၚေဆာင္သြားခဲ့သည္ေလ။

တစ္ခါတစ္ေလေတာ့လည္း နတ္ဆိုးဘုရင္ဟုန္လင္က်င္းက
သိပ္ကိုႏူးညံ့ခဲ့ပါ၏။။။။။။။

ေျပးေနစဉ္ အေနာက္မွဒုန္းစိုင္းေျပးလာသၫ့္
ေျခသံအေျမာက္အျမားကိုၾကားလိုက္ရတာေၾကာင့္
ရွင္းအေျပးႏႈန္းကိုထပ္ျမႇင့္လိုက္ရ၏။

သစ္စုန္းပင္ေတြ။။။။
သူတို႔လက္ရိွေရာက္ေနသၫ့္ေနရာမွာ
နတ္ဆိုးဘုရင္မငယ္တစ္ပါးျဖစ္သၫ့္
လန္ဟြားသခင္မ ဟုန္ရွန္၏ ပိုင္နက္ျဖစ္သည္။
သိမ္းငွက္ေတာင္ပံႏွင့္လန္ဟြားပန္းပံု ဆြဲျပားကိုင္ေဆာင္သၫ့္
ဟုန္ရွန္မွာ နတ္သူငယ္ဘုရင္မျဖစ္သၫ့္အေလ်ာက္
သူမလက္ေအာက္မွာရိွသၫ့္အရာရာတိုင္းဟာ
ေမွာ္ဆန္လွသည္။

သူမရဲ့လက္ေအာက္မွာရိွသၫ့္စစ္တပ္တြင္
ခ်ီစြမ္းအင္ကိုစုပ္ယူဝါးမ်ိဳတတ္သၫ့္
သစ္စုန္းပင္ႏွင့္ အမ်ိဳးအစားစံုလင္လွသၫ့္
မႏုႆသတၲဝါမ်ားစြာပါဝင္၏။
နတ္သူငယ္သစ္ေတာထဲ၌ အေသအခ်ာစိုက္ပ်ိဳးထားသၫ့္
ရွားပါးေဆးျမစ္မ်ားႏွင့္ စိတ္ညို႔ေရကန္မွစီးဆင္းလာသၫ့္
‌ေရကိုမွီဝဲၾကသည္ျဖစ္ရာ
စြမ္းအားႀကီးၿပီး တိုက္ခိုက္ဖို႔ခဲယဉ္းလွသည္။
ရွင္းရဲ့ လက္ေအာက္မွာရိွသၫ့္နတ္သားရဲေလးပါးႏွင့္
စြမ္းရည္တူညီသည္မို႔
၎တို့ကို တိုက္ခိုက္ဖို႔ ရွင္းအၿမဲတမ္းေရွာင္လႊဲတတ္သည္ပင္။

အႏိုင္ရႏိုင္ေပမယ့္ စြမ္းအင္အေျမာက္အျမားသံုးစြဲၿပီး
တိုက္ခိုက္ရမည္ဆိုတဲ့အခ်က္ေၾကာင့္
ေရွာင္ေျပးျခင္းဟုေျပာမည္ဆိုလ်ွင္ပိုမွန္၏။
အဘယ္ေၾကာင့္ဆိုေသာ္
မိစၧာမ်က္လံုးရဲ့အစီအရင္ထဲ၌
နတ္သူငယ္စစ္တပ္မွာ
အနိမ့္ဆံုးျဖစ္သည္မို႔
သူ႔ထက္ျမင့္သၫ့္အရာမ်ားကို
တိုက္ခိုက္ဖို႔
စြမ္းအင္ခ်န္ထားမွေတာ္ကာက်မည္ေလ။

ထို႔ျပင္ မီးစြမ္းအင္ကိုသာ
အသံုးျပဳခဲ့ဖူးသၫ့္ ရွင္းအတြက္
နတ္‌ဆိုးစြမ္းအင္ကို
ေျပာင္းလဲအသံုးျပဳဖို႔ဆိုသည္မွာ
အခက္အခဲအနည္းအက်ဉ္းေတာ့ရိွ၏။
သို႔ေၾကာင့္သာ ယခုလိုထြက္ေျပးလာျခင္းျဖစ္၏။

သူကိုယ္တိုင္က ဒဏ္ရာရဖို႔မေၾကာက္ရြံ႔ေပမယ့္
က်င္းကိုကာကြယ္ရမၫ့္တာဝန္ကရိွေနေသးသည္မို႔
မရွက္ႏိုင္ေတာ့ပါေလ။

အင္းေလ။။။။
ဘယ္သူမဆို ကိုယ့္သခင္ကို ကိုယ့္လက္ထဲကေနျပန္ေခၚေဆာင္သြားမၫ့္သူကို
မုန္းတတ္ၾကတာပဲမဟုတ္ပါလား။
အခုလည္း သူတို့အျမင္မွာ
ရွင္းက က်င္းကိုျပန္ေခၚထုတ္သြားဖို႔လုပ္သၫ့္အျပင္
က်င္းရဲ့စြမ္းအင္ကိုပါမေျပာမဆိုဘဲ
ငွားရမ္းအသံုးျပဳေနေတာ့
မ်က္စိစပါးေမႊးစူးစရာေပပဲေပါ့။

သို႔ေပမယ့္ရွင္းမွာလည္း ဒီလိုမွမလုပ္ရင္
ဒီနယ္ေျမထဲကေန ျပန္ထြက္ႏိုင္မည္မဟုတ္သည္မို႔
က်င္းကိုအိပ္ရာခင္းလိုလက္တစ္ဖက္နွင့္ပိုက္ၿပီးသာ
မီးအိမ္ေတြေပၚကေနျဖတ္ေျပးေနရေတာ့သည္။

ထိုစဉ္ ေလကိုျဖတ္သန္းလာတဲ့ရိုက္ခ်က္တစ္ခုႏွင့္အတူ
သစ္စုန္းႏြယ္ပင္ရဲ့လက္တံတစ္ခုက
သူ႔ကိုအရိွန္ျပင္းစြာရိုက္ခ်လာ၏။

"ေဖာင္း!!!!"

ရွင္းက ထိုႏြယ္ႏွင့္တူသၫ့္လက္တံကို
ေျခသလံုးရိုးကိုအသံုးျပဳျပီး အရိွန္ျပင္းစြာရိုက္ခ်ကာ
‌ေရွာင္တိမ္းလိုက္၏။ သို႔ရာတြင္ ေနာက္ထပ္ထပ္မံေရာက္ရိွလာျပန္သၫ့္
လက္တံသံုးခုက သူ႔ကိုၾကားၫွပ္ဖမ္းဆီးဖို႔ျပင္လာျပန္သည္။
ရွင္းက ေျခလွမ္းေတြကိုအတိမ္းအေစာင္းမရိွေအာင္
ျပဳလုပ္ေနရင္းႏွင့္ ခႏၶာကိုယ္တစ္ဝက္ကိုအေနာက္သို႔လွန္ခ်လိုက္ကာ
သူ႔ကိုေဘးတိုက္ရိုက္ခ်လာသၫ့္ လက္တံႏွစ္ခုကို
ေရွာင္လိုက္သည္။

ေအးခနဲျဖစ္သြားသၫ့္အသိႏွင့္အတူ ထိုလက္တံႏွစ္ခုဖန္ဆင္းေပးလိုက္ေသာ ေလျပင္းတစ္ခ်က္ကသူ႔အေပၚမွေဝ့တိုက္သြားကာ
အခ်င္းခ်င္းျပန္ရိုက္မိသံ တစ္ခုကိုပါ တစ္ဆက္တည္းၾကားလိုက္ရ‌၏။
သို႔ေပမယ့္ ရွင္းမွာသက္ျပင္းမခ်ႏိုင္ေသးပါ။
သူ႔အေပၚတၫ့္တၫ့္ကေန လ်င္ျမန္စြာနိမ့္ဆင္းလာ‌ေနသၫ့္ ႏြယ္လက္တံတစ္ခုက
ရိွေနေသးသည္ေလ။

ရုတ္တရက္ဆိုသလို ရွင္းရဲ့လက္က
ေခါင္းေပၚမွာရိွေနသၫ့္ ေငျြဖဴ‌ေရာင္ဆံထိုးအေပၚေရာက္သြားခဲ့သည္။

"ဝွစ္"

"ဝုန္း!!"

က်င္းမွာသူတို႔ကိုရိုက္မခ်ႏိုင္ခင္‌ေလးမွာ
ေျမေပၚသို႔ျပဳတ္က်သြားရသၫ့္ ႏြယ္လက္တံႀကီးကို
ေခါင္းေစာင္းၿပီးလွမ္းၾကၫ့္လိုက္မိသည္။

သူေတြ ့လိုက္ရသည္က
တစ္ေပခြဲခန႔္ထူသၫ့္လက္တံႀကီး၏
အလယ္တြင္ရိွေနသၫ့္
အေပါက္ကေလးတစ္ေပါက္။

ထူးဆန္းစြာပင္ ထိုအေပါက္ကေလးထဲမွ
စိမ့္ထြက္လာသၫ့္ ခရမ္းေရာင္စြမ္းအင္ေတြႏွင့္
ေရာေနွာေနသည္က ၾကည္လဲ့ေနေသာ
ေရစြမ္းအင္တခ်ိဳ႕။။။။။။

Unicode:

သုံးလောကကိုလက်ဝါးကြီးအုပ်ချင်နေသည့်
သူ့(မိုးနတ်မင်း)ထံတွင် သာမန်ထက်ထူးကဲသည့်ဉာဏ်ပညာနှင့်
အကွက်ကျော်မြင်တတ်တဲ့
တွက်ချက်မှုတို့ရှိနေတတ်သည်မှာ
ထူးခြားလှသည်တော့မဟုတ်လှပါ။

ထို့အတူ ငယ်စဉ်ကတည်းက တိတ်တခိုးချစ်မြတ်နိုးခဲ့ရသည့်
ချစ်သူရဲ့အသက်ကိုစတေးပြီးမှ
ရလာသည့် ‌နတ်ဆိုးဘုရင် ဟုန်လင်ကျင်းရဲ့
ရတနာပစ္စည်းတွေဆိုသည်မှာလည်း
အလှထားရမည်မဟုတ်ပါ။
အချိန်အတော်ကြာသည်အထိ
အသုံးမပြုပဲထားခဲ့သည်ဆိုတာက
အ‌ခြေအနေမပေးသေး၍သာဖြစ်သည်။

ယခုတော့ မက်မွန်သီးပွဲတော်အတွက်ဖိတ်ကြားထားသည့်
နတ်ဘုရားများနှင့်နတ်အရာရှိများက
ဝူရှင်းဥယျာဉ်တော်အတွင်းမှာ
အသင့်ရှိနေပြီဖြစ်သည့်အပြင်
အနှစ်ရှစ်သောင်းလုံးစောင့်မျှော်ပြီးမှ
ရရှိလာသည့် ကျင်းရဲ့အားနည်းချိန်ကလည်းရောက်လာပြီဖြစ်သည်။ ချစ်ဦးသူရဲ့သားဖြစ်နေ၍သာ
သဘောထားကြီးကြီးနှင့်
ကျင်းကိုသားအဖြစ်မွေးစားပြီး
အိမ်ရှေ့စံအရာပေးခဲ့သည်‌ဆိုပေမယ့်
တကယ်တမ်းမှာတော့ အကွက်ကျကျစီမံခဲ့ခြင်းသာဖြစ်သည်။

' နာမည်ကြား မုန်း၊ မျက်နှာမြင် သတ်ချင်'
ဟူသောဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားသည့်
နတ်ဆိုးဘုရင် ဟုန်လင်ကျင်းရဲ့သားကိုတောင်
သနားကြင်နာမှုအပြည့်နှင့်
မွေးစားထားသည်ဟူသောအချက်ကို
အသုံးချပြီး သုံးလောက၏လေးစားမှုကို
သိမ်းပိုက်ချင်၍သာဖြစ်၏။
တကယ်လည်း သူ‌ရရှိခဲ့သည်။

သမုဒ္ဒရာခုနစ်စင်းနှင့်
‌တောင်စွယ်အထပ်ထပ်ကာရံထားသည့်
ကုန်းမြေမှစ၍
အထက်ဘဝဂ်တိုင်အောင်
မိုးနတ်မင်းရဲ့ သဘောထားကြီးမှုနှင့် စွမ်းအားကြီးမှုစသည့်ဂုဏ်သတင်းတို့က
ပျံ့လွင့်သွားခဲ့ပေမယ့်
တစ်စုံတစ်ယောက်ကိုတော့
‌ကျော်လွှားနိုင်ခြင်းမရှိခဲ့ပါ။

ဟော်လင်အရှင်သခင် မီးဝိဉာဉ်။။။။။။
သုံးလောကတစ်ခွင်၌ မည်သူမျှထိန်းချုပ်နိုင်စွမ်းမရှိသည့်
မီးစွမ်းအင်ကိုပိုင်ဆိုင်ခွင့်ရှိသူ။
နတ်ဘုရားတိ့ုထက်သာလွန်သည့်
အလှတရား။
တုနှိုင်းမရနိုင်လောက်အောင်
တိုက်ခိုက်ရေးမြင့်မားသည့်သူတစ်ယောက်။
တည်ကြည်ဖြောင့်မတ်မှုနှင့် အမှန်တရားကိုသာလက်ကိုင်ထားသူ။
ဟော်လင်အရှင်သခင်သည် မြင့်မြတ်သူ။
မြင့်မြတ်သူမှာ ဟော်လင်အရှင်သခင်။
စသည့်ဂုဏ်ပုဒ်တွေနှင့်ပြည့်နှက်နေသည့်
ရှင်းက အမြဲတစေသူ့အပေါ်မှာသာရှိနေခဲ့သည်။

အရင်တစ်ချိန်တုန်းက ဝမ်ယွဲ့မှာသုံးလောကကိုအုပ်စိုးနိုင်ခဲ့သည်ဆိုသည်မှာ
ရှင်းရဲ့ထောက်ခံမှုမပါပဲနှင့်ဖြစ်လာနိုင်စရာမရှိပါ။
သို့သော် ရှင်းက သူ့ကိုတော့ပယ်ချခဲ့သည်။
ကောင်းကင်တိုက်ပွဲပြီးဆုံးသွားချိန်ကတည်းက
သုံးလောကကိုအုပ်ချုပ်ချင်သည့်
သူ့အစီအစဉ်အားလုံးကို
ရှင်းက သဘောတူရန်ငြင်းဆန်ခဲ့သည်။

သို့ကြောင့် သူ့ကိုယ်သူသာအားကိုးပြီး
ရှင်းကိုဖြုတ်ချဖို့ကြံရွယ်ရတော့သည်။
ငယ်စဉ်ကတည်းက ကျင်းကိုအရိပ်တကြည့်ကြည့်နှင့်
စောင့်ရှောက်လာသည့် ရှင်းအတွက်သူ့မှာ
အထူးပြင်ဆင်ထားသည့်လက်ဆောင်ရှိပြီးသားပင်။
မိစ္ဆာမျက်လုံးရဲ့စွမ်းအင်ကိုအသုံးပြုပြီး
ကျင်းကို အစီအရင်တွေနှင့်ချုပ်နှောင်ကာ
ရှင်းအားလာရောက်ကယ်တင်စေခြင်းသာဖြစ်၏ ။

သို့သော်ငြား ရှင်းရဲ့တပည့်ဆိုသည်မှာ
ပေါ့ပေ့ါသေးသေးတော့မဟုတ်လှပါ။
ရှေးယခင်ကစ၍ ယခုအချိန်ထိ
ရှင်းရဲ့တပည့်ဖြစ်ခွင့်ရသူမှာ
ငါးယောက်သာရှိခဲ့ဖူးသည်။

နတ်ဘုရားအကြီးအကဲ ဟွားရန်၊ ကောင်းကင်မင်းကြီး ဝမ်ယွဲ့၊ နေနတ်ဘုရား ထိုက်ယန်၊ ကျင်း နှင့် ချိုးယွဲ့ဆိုသည့် သူကိုယ်တိုင်သာဖြစ်သည်။
ရှင်းကလွဲရင် ထိုငါးယောက်ကိုသုံးလောကမှာယှဉ်နိုင်သူဆို၍
‌ဟုန်လင်ကျင်းတစ်ယောက်သာရှိပါ၏။

ကျင်းကိုမိစ္ဆာမျက်လုံးရဲ့အစီအရင်ထဲ
ရောက်လာအောင်ကြိုးစားခဲ့ဖူး‌ပေမယ့်
နတ်ဘုရားစွမ်းအင်တချို့က ကျင်းရဲ့ခန္ဓာကိုယ်
ပတ်လည်မှာဖုံးအုပ်ကာ အစီအရင်ကိုတန်ပြန်တိုက်ခိုက်နေခဲ့သည်ဖြစ်၍
ကြိုးစားမှုမှာအရာမထင်ခဲ့ပါ။

သို့ပေမယ့် ရှန်းရှူး၏‌ ပြောကြားချက်အရ၊
ကျင်းမှာ ဤနေ့၌စိတ်ထိခိုက်လွန်းနေသည်ဖြစ်၍
စွမ်းအင်တွေကမောက်ကမဖြစ်ကာ
အားနည်းနေသည်ဟုသိလိုက်ရသည်။
တိုက်ဆိုင်စွာပင် မက်မွန်သီးပွဲတော်ကလည်းရှိနေပြန်သည်။
သို့ဖြစ်၍ ဝူရှင်းဥယျာဉ်ထဲမှ ကြာကန်၏အကူအညြီဖင့်
အခမ်းအနားပွဲကိုမတက်ရောက်လာနိုင်သည့်
ကျင်းရဲ့ပုံရိပ်ကို ရှာဖွေသလိုနှင့်
ရေကန်ရိပ်မှာထင်ဟပ်နေစေမည်။

ရှင်းကလည်း သူ့တပည့်ကိုကယ်တင်ဖို့
မလွဲမသေရောက်လာမည်ဖြစ်ရာ
ကြည့်ရှုနေသူအပေါင်း၏
စိတ်အာရုံကို
ကြာကန်မျက်နှာပြင်က ပုံရိပ်တွေဆီမှာသာ
စုဝေးနေစေဖို့ အလိုအလျောက်ပြုလုပ်နိုင်‌ပေလိမ့်မည်။

မိစ္ဆာမျက်လုံးရဲ့အစီအရင်ကိုတိုက်ထုတ်ဖို့ဆိုသည်မှာ
နတ်ဆိုးစွမ်းအင်ရှိသူမှသာလျှင်
ပြုလုပ်နိုင်မည်ဖြစ်‌ရာ
ရှင်းက ဟုန်ဟွမ့်ရဲ့နတ်ဆိုးစွမ်းအင်ကို
ငှားရမ်းအသုံးပြုလိမ့်မည်မှာ
အသေအချာပင်။
ထိုသို့ဖြစ်လာမည်ဆိုပါက
သုံးလောကရဲ့လေးစားရသည့်
ဟော်လင်အရှင်သခင်မှာ
နတ်ဆိုးတစ်ကောင်သာဖြစ်သည်ဟု
လူတိုင်းထင်မှတ်သွားကြမည်သာ။
ထားရှိဖူးသော ကျေးဇူးတရားတွေ၊ ဂုဏ်‌ပုဒ်တွေသည်လည်း နေ့ချင်း၊ညချင်းဆိုသလို
ပျောက်ကွယ်သွားပြီး နတ်ဆိုးတစ်ကောင်နှယ်
အပယ်ခံဆိုသည့်ကမ္ဘာထဲရောက်သွားစေဖို့မျှော်လင့်သည်။

သို့ပေမယ့် သူမမျှော်လင့်ထားသည်က
ရှင်းက ဟုန်လင်းကျင်းရဲ့စွမ်းအင်တွေကိုအသုံးပြုပြီး
အသွင်ပါပြောင်းလိုက်မည်ဆိုတာပါပဲ။
နတ်ဆိုးစွမ်းအင်ကိုအသုံးပြုသူရှိမှသာ
ကန်ရေပြင်ကအသက်ဝင်လာမည်ဖြစ်တာကြောင့်
အစပိုင်းတုန်းက
ကျင်းတွေ့ခဲ့သည့်ပုံရိပ်တွေကိုမြင်သည့်သူ
တစ်ယောက်မှမရှိခဲ့ပါ။

သို့ဖြစ်၍ သူတို့ပထမဆုံးတွေ့လိုက်ရသည်က
နတ်ဆိုးစွမ်းအင်တွေလွှမ်းခြုံထားသည့်
ဟော်လင်အရှင်သခင်ရဲ့အဓိပ္ပာယ်တြွေပည့်နှက်နေသည့်အပြုံးသာ။။။။။။။

"ဒါဘယ်လိုဖြစ်တာလဲ"

"ဟော်လင်က.....ဟုန်လင်ကျင်းလား"

"ဒါ....ဒါက....."

"မီးဝိဉာဉ်က နတ်ဆိုးဘုရင်လား"

အံ့ဩမှင်သက်စွာနှင့်ရေရွတ်သံတွေ
အမြောက်အမြားက ဝူရှင်းဥယျာဉ်တော်အတွင်းတွင်
တစ်စထက်တစ်စ ပိုမိုကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။
မိုးနတ်မင်းမှာ ပြဿနာကိုအဲ့ဒီလောက်အထိကြီးသွားအောင်
လုပ်ဖို့ဆန္ဒမရှိပေမယ့်
ဖြစ်လာပြီဆိုမှတော့အကောင်းဟုသာ
ခံယူလိုက်ကာ နှုတ်ခမ်းတွေတွန့်ကွေးနေအောင်
ပြုံးလိုက်တော့သည်။

ဥယျာဉ်တော်အတွင်းတွင်
အားလုံးနီးပါးက ဝူရှင်းကြာကန်ထဲက
ပုံရိပ်တွေကို အလုအယက်ကြည့်နေကြပေမယ့်
နတ်ဘုရားတချို့မှာတော့
အံတကြိတ်ကြိတ်နှင့်သာ
နေရာ၌စွဲစွဲမြဲမြဲထိုင်နေခဲ့သည်။
မည်သည့်စကားကိုမှလည်း
ဝင်မပြောသလို၊ ထထွက်သွားခြင်းစသည့်
အပြုအမူမျိုးကိုလည်း မလုပ်ပါပဲနှင့်
စိတ်ညစ်ညူးသည့်အသွင်သာ
ဆောင်ယူပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားကြ၏။

ထိုသူများမှာ နတ်ဘုရားအကြီးအကဲဟွားရန်၊
အိပ်မက်နတ်ဘုရား ဖန့်ယွင်နှင့်
လေနတ်ဘုရား ရှဲ့ယန် သာဖြစ်သည်။
၎င်းတို့အနက်
ဟွားရန်တစ်ဦးတည်းသာလျှင် ရှင်းနှင့်သက်ဆိုင်သည်ဖြစ်ပြီး
ကျန်နှစ်ယောက်မှာတော့ ပတ်သတ်ဆက်နွယ်ခြင်းအလျဉ်းမရှိပါလေ။
သို့ပေမယ့် ထိုနှစ်ယောက်က
ဟွားရန်ထက်ပင်ပို၍ခံပြင်းနေသယောင်။။။။။။

တစ်ဖက်မှာတော့
ရှင်းရဲ့ပြောင်းလဲသွားတဲ့အသွင်ကြောင့်
ကျင်းခေါင်းငိုက်စိုက်ကျသွားရတော့သည်။
နတ်ဆိုးနှင့်ကောင်းကင်ဘုံရဲ့အိမ်ရှေ့စံဆိုသည်မှာ
ပေါင်းစပ်ခွင့်မရှိသည့် မြစ်ရေစီးကြောင်းနှစ်ခုနှင့်
တူနေသည်မို့ သူတို့ကြားမှာခြားထားတဲ့စည်းက
ပို၍သာ ကြီးမားလို့‌လာနေသလိုပင်။

' အဲ့ဒါကြောင့် ကျွန်တော့်ကို
ရှစ်စွမ်းကဝေးဝေးမှာနေခိုင်းတာလား....

ကျိန်စာတွေနဲ့တူတဲ့သံယောဇဉ်တွေကို
အစကတည်းက နင်းချေပစ်ခဲ့တာက
နတ်ဆိုးဘုရင်ဆိုတဲ့
ရှစ်စွမ်းရဲ့အရိပ်မည်းကြီးကြောင့်လား.....

ဆုံစည်းခွင့်မရဘူးဆိုရင်လည်း
ဘာကြောင့် ကျွန်တော့်ဆီရောက်လာခဲ့ရတာလဲ....
ကျွန်တော့်ကိုအမြဲတမ်းနာကျင်စေချင်နေတဲ့
ရှစ်စွမ်းက ကျွန်တော်ငိုအောင်တမင်လုပ်နေတာလား......

ဟားးးးး ငိုမယ်......
ကျွန်တော် ငိုပါ့မယ်.....
ဝမ်းနည်းမှုတွေကဘယ်လောက်ပဲ
ခံစားရခက်နေပါစေ.....
ကျွန်တော် ခံယူပါ့မယ်.....

ရှစ်စွမ်းသာ ကျွန်တော့်အနားမှာရှိနေမယ်ဆိုရင်
ကျွန်တော် နာကျင်ရလည်းဘာအရေးလဲ.....
ရှစ်စွမ်းက မီးတောက်တစ်ခုဆိုရင်
ကျွန်တော်က လောင်ကျွမ်းခံမယ့်
ဖယောင်းတိုင်တစ်ချောင်းဖြစ်ပေးမှာမို့
ကျွန်တော့်ဘက်မငဲ့ပဲ
ရှစ်စွမ်း ကြိုက်သလိုပြုမူပါ......

ဒီ‌ကောင်စုတ်‌လေးကအဆင်ပြေပါတယ် ရှစ်စွမ်းရယ်'

နားလည်ရခက်လှသည့်မျက်ဝန်းတွေနှင့်
သူ့ကိုတွေတွေကြီးစိုက်သည့်နေသည့် ကျင်းကို
ရှင်းပြုံးယောင်ယောက်လေးသာ
ပြုံးပြဖြစ်၏။
သူ့ရှစ်စွမ်းကို ဟုန်လင်ကျင်းလို့ထင်မှတ်ပြီး
စိတ်ထိခိုက်နေရှာတဲ့ကလေးငယ်က
သူကိုယ်တိုင်ကသာ တကယ့်ဟုန်လင်ကျင်းဆိုတာ
သိသွားခဲ့မယ်ဆိုရင်
ဘယ်လောက်တောင် ယူကြုံးမရဖြစ်နေရှာလိမ့်မလဲ။

သို့ရာတွင် ကျင်းကိုနှစ်သိမ့်နေဖို့သူ့မှာအချိန်မရှိလှပါ။
မိစ္ဆာမျက်လုံးရဲ့အစီအစဉ်ထဲကနေ
ဖောက်ထွက်ရဦးမည်မို့
စိတ်ကိုထိန်းချုပ်လိုက်ကာ
စွမ်းအင်တချို့ကို လက်ဖဝါးဆီသို့ပို့လွှတ်လိုက်တော့သည်။

ခရမ်းရောင်မီးတောက်တစ်ခုက
သူ့လက်ပေါ်မှာဖျက်ခနဲပေါ်လာသည့်ချိန်၌
ရှင်းက လက်ကိုဝေ့ယမ်းလိုက်ကာ
မြေပြင်ပေါ်မှာ အရင်ကတည်းကရှိနှင့်နေတဲ့
‌လန်ဟွားပန်းပွင့်နှင့်ဆင်တူလှသည့်မီးအိမ်တွေကို
အလင်းရောင်တွေထွက်လာစေသည်။
တစ်ခဏအတွင်းမှာပင် သူတို့အရှေ့၌လန်ဟွားမီးအိမ်လေး‌တွေ
ထိန်ထိန်လင်းရောင်ထွန်းညှိထားသည့်
လမ်းလေးတစ်ခုကပေါ်လာခဲ့သည်။

မီးအိမ်လေးတွေမှာ တစ်စုံတစ်ခုနှင့်ချိတ်ဆွဲထားခြင်းမရှိသော်ငြားလည်း
လေထဲမှာငြိမ်သက်စွာ ရှိနေခဲ့သည်။
ထိုမီးအိမ်လေးများမှလာသည့်
ခရမ်းဖျော့ရောင်အလင်းတွေမှာ
လှပကာ ရင်သပ်ရှုမောဖွယ်ကောင်းနေသည်မို့
ကျင်း အံ့ဩသွားမိသည်။
နတ်ဆိုးကမ္ဘာက ဤမျှ‌ပင် လှပသတဲ့လား၊
ဟူသည့်မေးခွန်းကလည်း သူ့လျှာဖျားမှထွက်ပြေးသွားတော့မည့်အလား။။။။

ရှင်းက အန္တရာယ်အငွေ့အသက်ကိုစတင်ခံစားမိနေပြီဖြစ်တာကြောင့်
ကျင်းကိုသူ့အနားဆွဲခေါ်လိုက်တော့သည်။
ဒီနေရာမှာကျင်းကိုကာကွယ်ပေးမည့်
အဖြူရောင်နတ်ဘုရားလေးဆိုတာက
ရှိမနေသည်မို့
သူကသာကာကွယ်ပေးရတော့မည်လေ။
သူက တည်ငြိမ်စွာပင် ကျင်းကိုလှမ်းမှာ၏။

"ဘယ်လိုစွမ်းအင်ကိုမှမသုံးနဲ့.....
ဘယ်လိုအရာမျိုးကိုမှတိုက်ခိုက်ဖို့မကြံနဲ့.....
ဖြစ်နိုင်ရင် ငါ့အနောက်မှာပဲနေပါ.....
ကြားရဲ့လား"

"ဟုတ်....."

"ဒီနေရာက‌နေဘယ်လိုအရာမျိုးကိုမှလည်း
ယူသွားဖို့စိတ်မကူးနဲ့.....
ဖြစ်လာမယ့်အကျိုးဆက်ကို ငါမတွေးရဲဘူးသိရဲ့လား"

အဖြစ်အပျက်အလုံးစုံကိုမေ့လျော့နေရှာသော
ကျင်းမှာ သူ့ရှစ်စွမ်းက ကပ်စီးနဲပြီးသူ့ပိုင်နက်ထဲကအရာတွေကို
မယူဖို့ပြောနေသည်ဟုသာထင်မှတ်သွားကာ
ပွစိပွစိနှင့်ရေရွတ်တော့၏။

"ကပ်စီးနဲရှစ်စွမ်း.....ကော်ပင်ရှစ်စွမ်း......
ဒီမီးအိမ်တွေကိုငါကလိုက်ကောက်ရအောင်
ကလေးလည်းမဟုတ်ပဲနဲ့"

ပါးစပ်လှုပ်ရုံလေးနှင့်ကြွက်ကလေးတစ်ကောင်လို
တကျိကျိအသံထွက်နေသည့် ကျင်းကိုရှင်းက
ပါးစပ်လှမ်းပိတ်လိုက်ကာ မီးအိမ်တွေနှင့်ပုံဖော်ထားသော
လမ်းအတိုင်းပြေးတော့၏။
ရှင်းကသာ အထိတ်တလန့်နှင့်ပြေးနေတာဖြစ်ပေမယ့်
ကျင်းမှာတော့ အိပ်ရာလိပ်ကိုကိုင်ထားသည့်နှယ်
လက်တစ်ဖက်နှင့်ခါးကိုပိုက်ပြီး
ကျန်လက်တစ်ဖက်နှင့်ပါးစပ်ကိုအုပ်ခံထားရသောကြောင့် အခြေအနေသိပ်မကောင်းလှပါ။

ထိုပြင် ဒီနေရာရောက်စဉ်ကတည်းက
အထိအတွေ့အာရုံကို ခံစားမိလာတာကြောင့်
ခါးမှနာကျင်မှုဒဏ်ကိုအချိန်ကြာလာသည်နှင့်အမျှ
ပိုမိုခံစားလာရတော့သည်။

ထို့ပြင် ရှင်းကခြေလှမ်းဆယ်လှမ်းခန့်သာ
လမ်းဖြောင့်မှသွားပြီး
ကျန်သော‌ခြေလှမ်းတို့ကို
လမ်းရဲ့ဘယ်ဘက်မှာရှိနေတဲ့မီးအိမ်တွေပေါ်
နင်းပြီးပြေးလိုက်၊ ညာဘက်ကမီးအိမ်တွေကို
နင်းလိုက်နှင့် လျှောက်ပြေးနေသည်မို့
မူးဝေပြီးအန်ပါအန်ချင်မိလာ၏။

"ဘယ်သုံး၊ ညာနှစ်၊ ဘယ်ငါး၊ ညာခြောက်"

ရှင်းက အရင်တချိန်တုန်းက ဟုန်လင်ကျင်းသင်ပေးထားသည့်အတိုင်း၊
မီးအိမ်တွေပေါ်ကနေ ကိုယ်ဖော့သိုင်းဖြင့်ရှပ်ပြေးကာ
ပြေးလွှားနေမိ၏။ ဒီနေရာကို သူအရင်တစ်ချိန်တုန်းကတော့ ဟုန်လင်ကျင်းနှင့်အတူအကြိမ်ကြိမ်လာဖူးပါ၏။

ချိုမြိန်တဲ့အမှတ်တရတချို့လည်း
ဒီနယ်မြေထဲမှာစွဲထင်နေသလို၊
သူ့ရဲ့သွေးစက်တွေလည်း စွန်းထင်းဖူးသည့်
နေရာတစ်ခုဟုပြော၍ရသည်။
ဒီနေရာတွင် ဟုန်လင်ကျင်းက
သူ့ကိုအကျဉ်းချထားခဲ့ဖူးသည်။
ိမိစ္ဆာနတ်‌ဆိုးကိုးပါးရဲ့နယ်‌မြေကိုးခုကို
ကျော်ဖြတ်နိုင်မှသာ လွှတ်ပေးနိုင်မည်ဆိုသည့်
စကားကိုအကြိမ်ကြိမ်ပြောရင်းနဲ့ပေါ့။

အစပိုင်းမှာတော့
သူတစ်ခုကိုမှကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
သူ့ရဲ့သန့်စင်တဲ့ဝိဉာဉ်ဓာတ်က
အစီအရင်ကိုပိုမိုအားကောင်းစေသည့်အတွက်
ထုတ်သုံးသမျှစွမ်းအင်အားလုံးက
သူ့ကိုယ်သူပြန်လည်တိုက်ခိုက်ဖို့သာဖြစ်ခဲ့၏။

ဆယ်နှစ်တိတိ။

ဒီနယ်မြေထဲမှာပိတ်မိခဲ့သည်က
ဆယ်နှစ်ကြာခဲ့သည်။

ဆယ်နှစ်ပြည့်တဲ့နေ့အရောက်မှာတော့
ဟုန်လင်ကျင်းက သူ့ဆီရောက်လာပြီး
မည်သည့်နေရာကနေ ၊ မည်သို့ပုံစံဖြင့်ထွက်ရမည်ဆိုတဲ့အကြောင်းကို
စိတ်လိုလက်ရသင်ကြားပေးခဲ့သည်။
သို့သော် ရှင်းမှာထိုနည်းလမ်းကိုတစ်ခါမှပင်
သုံးခွင့်မရလိုက်ပါချေ။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီနေ့က ဟုန်လင်ကျင်းကိုယ်တိုင်ပင်
သူ့ကိုအစီအရင်ထဲကနေ ပွေ့ချီပြီး
ခေါ်ဆောင်သွားခဲ့သည်လေ။

တစ်ခါတစ်လေတော့လည်း နတ်ဆိုးဘုရင်ဟုန်လင်ကျင်းက
သိပ်ကိုနူးညံ့ခဲ့ပါ၏။။။။။။။

ပြေးနေစဉ် အနောက်မှဒုန်းစိုင်းပြေးလာသည့်
ခြေသံအမြောက်အမြားကိုကြားလိုက်ရတာကြောင့်
ရှင်းအပြေးနှုန်းကိုထပ်မြှင့်လိုက်ရ၏။

သစ်စုန်းပင်တွေ။။။။
သူတို့လက်ရှိရောက်နေသည့်နေရာမှာ
နတ်ဆိုးဘုရင်မငယ်တစ်ပါးဖြစ်သည့်
လန်ဟွားသခင်မ ဟုန်ရှန်၏ ပိုင်နက်ဖြစ်သည်။
သိမ်းငှက်တောင်ပံနှင့်လန်ဟွားပန်းပုံ ဆွဲပြားကိုင်ဆောင်သည့်
ဟုန်ရှန်မှာ နတ်သူငယ်ဘုရင်မဖြစ်သည့်အလျောက်
သူမလက်အောက်မှာရှိသည့်အရာရာတိုင်းဟာ
မှော်ဆန်လှသည်။

သူမရဲ့လက်အောက်မှာရှိသည့်စစ်တပ်တွင်
ချီစွမ်းအင်ကိုစုပ်ယူဝါးမျိုတတ်သည့်
သစ်စုန်းပင်နှင့် အမျိုးအစားစုံလင်လှသည့်
မနုဿသတ္တဝါများစွာပါဝင်၏။
နတ်သူငယ်သစ်တောထဲ၌ အသေအချာစိုက်ပျိုးထားသည့်
ရှားပါးဆေးမြစ်များနှင့် စိတ်ညို့ရေကန်မှစီးဆင်းလာသည့်
‌ရေကိုမှီဝဲကြသည်ဖြစ်ရာ
စွမ်းအားကြီးပြီး တိုက်ခိုက်ဖို့ခဲယဉ်းလှသည်။
ရှင်းရဲ့ လက်အောက်မှာရှိသည့်နတ်သားရဲလေးပါးနှင့်
စွမ်းရည်တူညီသည်မို့
၎င်းတို့ကို တိုက်ခိုက်ဖို့ ရှင်းအမြဲတမ်းရှောင်လွှဲတတ်သည်ပင်။

အနိုင်ရနိုင်ပေမယ့် စွမ်းအင်အမြောက်အမြားသုံးစွဲပြီး
တိုက်ခိုက်ရမည်ဆိုတဲ့အချက်ကြောင့်
ရှောင်ပြေးခြင်းဟုပြောမည်ဆိုလျှင်ပိုမှန်၏။
အဘယ်ကြောင့်ဆိုသော်
မိစ္ဆာမျက်လုံးရဲ့အစီအရင်ထဲ၌
နတ်သူငယ်စစ်တပ်မှာ
အနိမ့်ဆုံးဖြစ်သည်မို့
သူ့ထက်မြင့်သည့်အရာများကို
တိုက်ခိုက်ဖို့
စွမ်းအင်ချန်ထားမှတော်ကာကျမည်လေ။

ထို့ပြင် မီးစွမ်းအင်ကိုသာ
အသုံးပြုခဲ့ဖူးသည့် ရှင်းအတွက်
နတ်‌ဆိုးစွမ်းအင်ကို
ပြောင်းလဲအသုံးပြုဖို့ဆိုသည်မှာ
အခက်အခဲအနည်းအကျဉ်းတော့ရှိ၏။
သို့ကြောင့်သာ ယခုလိုထွက်ပြေးလာခြင်းဖြစ်၏။

သူကိုယ်တိုင်က ဒဏ်ရာရဖို့မကြောက်ရွံ့ပေမယ့်
ကျင်းကိုကာကွယ်ရမည့်တာဝန်ကရှိနေသေးသည်မို့
မရှက်နိုင်တော့ပါလေ။

အင်းလေ။။။။
ဘယ်သူမဆို ကိုယ့်သခင်ကို ကိုယ့်လက်ထဲကနေပြန်ခေါ်ဆောင်သွားမည့်သူကို
မုန်းတတ်ကြတာပဲမဟုတ်ပါလား။
အခုလည်း သူတို့အမြင်မှာ
ရှင်းက ကျင်းကိုပြန်ခေါ်ထုတ်သွားဖို့လုပ်သည့်အပြင်
ကျင်းရဲ့စွမ်းအင်ကိုပါမပြောမဆိုဘဲ
ငှားရမ်းအသုံးပြုနေတော့
မျက်စိစပါးမွှေးစူးစရာပေပဲပေါ့။

သို့ပေမယ့်ရှင်းမှာလည်း ဒီလိုမှမလုပ်ရင်
ဒီနယ်မြေထဲကနေ ပြန်ထွက်နိုင်မည်မဟုတ်သည်မို့
ကျင်းကိုအိပ်ရာခင်းလိုလက်တစ်ဖက်နှင့်ပိုက်ပြီးသာ
မီးအိမ်တွေပေါ်ကနေဖြတ်ပြေးနေရတော့သည်။

ထိုစဉ် လေကိုဖြတ်သန်းလာတဲ့ရိုက်ချက်တစ်ခုနှင့်အတူ
သစ်စုန်းနွယ်ပင်ရဲ့လက်တံတစ်ခုက
သူ့ကိုအရှိန်ပြင်းစွာရိုက်ချလာ၏။

"ဖောင်း!!!!"

ရှင်းက ထိုနွယ်နှင့်တူသည့်လက်တံကို
ခြေသလုံးရိုးကိုအသုံးပြုပြီး အရှိန်ပြင်းစွာရိုက်ချကာ
‌ရှောင်တိမ်းလိုက်၏။ သို့ရာတွင် နောက်ထပ်ထပ်မံရောက်ရှိလာပြန်သည့်
လက်တံသုံးခုက သူ့ကိုကြားညှပ်ဖမ်းဆီးဖို့ပြင်လာပြန်သည်။
ရှင်းက ခြေလှမ်းတွေကိုအတိမ်းအစောင်းမရှိအောင်
ပြုလုပ်နေရင်းနှင့် ခန္ဓာကိုယ်တစ်ဝက်ကိုအနောက်သို့လှန်ချလိုက်ကာ
သူ့ကိုဘေးတိုက်ရိုက်ချလာသည့် လက်တံနှစ်ခုကို
ရှောင်လိုက်သည်။

အေးခနဲဖြစ်သွားသည့်အသိနှင့်အတူ ထိုလက်တံနှစ်ခုဖန်ဆင်းပေးလိုက်သော လေပြင်းတစ်ချက်ကသူ့အပေါ်မှဝေ့တိုက်သွားကာ
အချင်းချင်းပြန်ရိုက်မိသံ တစ်ခုကိုပါ တစ်ဆက်တည်းကြားလိုက်ရ‌၏။
သို့ပေမယ့် ရှင်းမှာသက်ပြင်းမချနိုင်သေးပါ။
သူ့အပေါ်တည့်တည့်ကနေ လျင်မြန်စွာနိမ့်ဆင်းလာ‌နေသည့် နွယ်လက်တံတစ်ခုက
ရှိနေသေးသည်လေ။

ရုတ်တရက်ဆိုသလို ရှင်းရဲ့လက်က
ခေါင်းပေါ်မှာရှိနေသည့် ငြွေဖူ‌ရောင်ဆံထိုးအပေါ်ရောက်သွားခဲ့သည်။

"ဝှစ်"

"ဝုန်း!!"

ကျင်းမှာသူတို့ကိုရိုက်မချနိုင်ခင်‌လေးမှာ
မြေပေါ်သို့ပြုတ်ကျသွားရသည့် နွယ်လက်တံကြီးကို
ခေါင်းစောင်းပြီးလှမ်းကြည့်လိုက်မိသည်။

သူတွေ့လိုက်ရသည်က
တစ်ပေခွဲခန့်ထူသည့်လက်တံကြီး၏
အလယ်တွင်ရှိနေသည့်
အပေါက်ကလေးတစ်ပေါက်။

ထူးဆန်းစွာပင် ထိုအပေါက်ကလေးထဲမှ
စိမ့်ထွက်လာသည့် ခရမ်းရောင်စွမ်းအင်တွေနှင့်
ရောနှောနေသည်က ကြည်လဲ့နေသော
ရေစွမ်းအင်တချို့။။။။။။

© Sun Elf,
книга «The truth untold».
Коментарі