Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 11
တြန႔္ေခါက္ေနသၫ့္ေရလိႈင္းမ်ားသည္
ေဆးသားမိွန္မိွန္သံုးကာ ေရးဆြဲထားသၫ့္
ပန္းခ်ီကားတစ္ခ်ပ္ႏွယ္ သူတို႔ႏွစ္ေယာက္ကိုရစ္သိုင္းေနွာင္ဖြဲ႔ကာ
ေရေဘာလံုးေလးတစ္လံုးအသြင္သို႔။။။။။

လႈပ္လီလႈပ္လဲ့ႏွင့္ သူတို႔ကိုဖမ္းဖို႔ႀကိဳးစားေနတဲ့
နတ္ဆိုးလက္ပါးေစမ်ားသည္
က်င္းရဲ့အကာအကြယ္ေရေဘာလံုးေလးကို
ျဖတ္သန္းရန္မျဖစ္ႏိုင္သည္မို႔၊
အျပင္ကေနသာ ေရေဘာလံုးကိုထုရိုက္ေနၾက၏။
သို႔ေပမယ့္ သူတို႔ႏွစ္ေယာက္ကိုရစ္ပတ္လႊမ္းၿခံဳထားသၫ့္
ေရေဘာလံုးသည္ ေပ်ာက္ပ်က္သြားလိမ့္မည္မဟုတ္ေပ။

နတ္တစ္ပါး၏အသြင္ေျပာင္းလဲခ်ိန္၌
ႀကံဳ‌ေတြ ့ႏိုင္သၫ့္
အႏၲရာယ္အသြယ္သြယ္ကိုကာကြယ္ေပးရန္ စည္းတစ္ခုသည္‌ေပၚလာတတ္စၿမဲပင္။
ထိုတားျမစ္စည္းသည္ မည္သူ႔အရာႏွင့္မ်ွ
ထိုးေဖာက္၍မရႏိုင္ေပ။

စည္းအတြင္းမွာရိွသၫ့္သူသာလ်ွင္
အျပင္သို႔ တံု႔ျပန္ႏိုင္သည္ျဖစ္ရာ
နတ္ဆိုးလက္ပါးေစေတြ၏ တိုက္ခိုက္မႈကိုေရွာင္လႊဲႏိုင္သၫ့္အျပင္၊
အထဲမွာေန၍လည္း ရွင္းတန္ျပန္တိုက္ခိုက္ႏိုင္၏။
သို႔ေပမယ့္ သို႔ေပမယ့္ သို႔ေပမယ့္။။။။။။။။

အသြင္ေျပာင္းေနသၫ့္သူႏွင့္ သူထိကိုင္ထားသၫ့္အရာမွန္သမ်ွသည္
လႈပ္ရွားမႈတစ္စံုတစ္ရာမွမျပဳလုပ္ပဲ
‌မိမိကိုယ္ကို‌ေသသူတစ္ေယာက္ႏွယ္
သေဘာထားရမည္ျဖစ္သည္မို႔
ရွင္းအတြက္ မ်ားစြာအခက္ေတြ ့ရေခ်ၿပီ။

သူ႔ကိုလႈပ္ရွား၍မရနိုင္ေလာက္ေအာင္ဖက္ထားသၫ့္
က်င္းရဲ့လက္ေတြကို ဖယ္ရွားပစ္ဖို႔မတတ္ႏိုင္သလို၊
သူတို႔ရဲ့ထိကပ္ေနသၫ့္ ႏႈတ္ခမ္းႏွစ္လႊာကိုလည္း
ေဝးကြာေစဖို႔မစြမ္း‌ေဆာင္ႏိုင္ေတာ့ပါ။
သူသာလႈပ္ရွားလိုက္မည္‌ဆိုရင္
က်င္းစိတ္ေဖာက္ၿပီးရူးသြပ္သြားႏိုင္သည္ေလ။
သို႔ျဖစ္၍ လက္သီးကိုက်စ္က်စ္ပါေအာင္
ဆုပ္ရင္းသာ ခ်က္ခ်င္းႀကီးအသြင္ေျပာင္းဖို႔
ေရြးခ်ယ္လိုက္သၫ့္က်င္းကို
ရင္ထဲကေန လိႈက္လိႈက္လွဲလွဲက်ိန္ဆဲရင္း
စိတ္တင္းထားလိုက္ရေတာ့သည္။

' အေကာင္စုတ္ေလး!!!!
လူစံုတက္စံုၾကၫ့္ေနပါတယ္ဆိုမွ.....
နမ္းေနလိုက္.....နမ္းေနလိုက္!!!!!
ဟုန္လင္က်င္းအျဖစ္ဟန္ေဆာင္‌ရပါမယ္ဆိုေန
ငါ့ကိုလာနမ္းေနေတာ့
သားနဲ႔အေဖ.....ဟူးးးးးဆက္မေျပာရဲေတာ့ဘူး!'

(ノ ̄皿 ̄)ノ ⌒== ┫

ေျပာမယ့္သာေျပာရေပမယ့္ က်င္းရဲ့အျပစ္ဟုလည္း
တထစ္ခ်ဆို၍ရမေနခဲ့ပါ။
ေရစြမ္းအင္ကိုထိန္းခ်ဳပ္ႏိုင္သၫ့္
ေကာင္းကင္ဘံုရဲ့အိမ္ေရ႔ွစံနတ္သားေလးမွာ
မည္မ်ွပင္အစြမ္းထက္သည္ဟု‌ေျပာပါေစ။
ဒါဟာ အသက္အရြယ္မတိမ္းမယိမ္းရိွသၫ့္
နတ္သားငယ္ေလးမ်ားၾကားတြင္သာ
ဂုဏ္ယူစရာေကာင္းသၫ့္သူအျဖစ္ ေက်ာ္ၾကားႏိုင္ေပ၏။

ေကာင္းကင္ၿမိဳ႔ေတာ္မွ အရြယ္ေရာက္ၿပီးသားနတ္အရာရိွတစ္ပါးကို
ယွဉ္ႏိုင္စြမ္း‌ေတာ့မရိွလွေသးပါ။
က်င္းအေနႏွင့္ နတ္ဗိုလ္ခ်ဳပ္တစ္ေယာက္ကို
ယွဉ္ၿပိဳင္တိုက္ခိုက္ႏိုင္သည္ဆိုေပမယ့္
နတ္စစ္သူႀကီးတစ္ပါးရဲ့အစြမ္းတစ္ဝက္ေလာက္ပင္ရိွေနမည္မဟုတ္ပါ။

နတ္စစ္သူႀကီးကိုေတာင္ မယွဉ္ႏိုင္ေသးသၫ့္ က်င္းသည္
မိုးနတ္မင္းရဲ့လက္ေခ်ာင္းတစ္ေခ်ာင္းကိုပင္
ၿဖိဳခြင္းႏိုင္စြမ္းရိွလိမ့္မည္မဟုတ္ေသး‌ေပ။
သို႔ျဖစ္ရာ မိုးနတ္မင္း၏ဆရာျဖစ္သၫ့္ ေဟာ္လင္အရွင္သခင္ကိုမွီႏိုင္ဖို႔ဆိုတာကေတာ့
မိုးေပၚကလကို ေျမထဲနစ္ျမႇဳပ္သြား‌ေအာင္
လုပ္ရသည္ႏွင့္တူလွ၏။
မၫွာတမ္းေျပာရမည္ဆိုလ်ွင္
ရွင္းရဲ့အရိပ္‌ေလာက္ပင္ အရြယ္မေရာက္ေသးသၫ့္က်င္းက
စြမ္းအားႀကီးမေနခဲ့ပါ‌ေလ။

သို႔ျဖစ္၍ ရွင္းကိုယ္တိုင္ စိတ္ႏွစ္ၿပီးတိုက္ခိုက္ေနရသၫ့္
နတ္ဆိုးလက္ပါးေစေတြကို တစ္ေယာက္တည္းတိုက္ခိုက္ရန္မွာ
လံုးဝမျဖစ္ႏိုင္ရာ။။။။။။

ထိုေၾကာင့္ က်င္းမွာေရြးခ်ယ္စရာႏွစ္ခုသာရိွခဲ့၏။
တစ္ခုမွာ အစီအရင္ထဲကလ်င္ျမန္စြာ
ထြက္သြားၿပီး ရွင္းရဲ့အေတာ္ဆံုးတပၫ့္ျဖစ္သၫ့္
နတ္ဘုရားအႀကီးအကဲဟြားရန္ကို
အေျပးတစ္ပိုင္းသြား‌ေခၚလာၿပီးမွသာ
ရွင္းကိုျပန္လာကယ္ရန္ျဖစ္သည္။

ေနာက္တစ္ခုမွာေတာ့ ေမးရန္ပင္လိုအပ္ေတာ့မည္မထင္။
သူ႔ကိုယ္သူအရြယ္ေရာက္ၿပီးသားနတ္တစ္ပါး
ျဖစ္လာရန္အတင္းအက်ပ္တြန္းအားေပးၿပီး
အသြင္ေျပာင္းလိုက္ျခင္းသာျဖစ္၏။
သို႔မွသာ အကာကြယ္စည္းေပၚလာၿပီး
ရွင္းသတိျပန္ရလာသည္အထိ အခ်ိန္ဆြဲကာ
ေတာင့္ခံေပးထားႏိုင္မည္ျဖစ္သည္။

ျပန္ေျပာင္းေတြးၾကၫ့္လ်ွင္ က်င္းမွာ ရွင္းကိုဟုန္လင္က်င္းဟု လက္မခံႏိုင္ပဲျဖစ္ေနသည္ထင္၏။
ဒါေၾကာင့္သာ အသက္ဝိဉာဉ္ေနွာင္ႀကိဳးႏွင့္
ရွင္းရဲ့လက္သူႂကြယ္မွာခ်ည္ေနွာင္ေပးၿပီး
သူ႔ႏွလံုးသားကိုရွင္းထံမွာ အပ္ႏွံထားသည္ဟု
သြယ္ဝိုက္ျပသလိုက္တာ‌ေပါ့။

ရွင္းကိုသာ ဟုန္လင္က်င္းအျဖစ္လက္ခံလိုက္မည္ဆိုလ်ွင္
ရွင္းထံမွာ ႏွလံုးသားအပ္ပါသည္ဟုေျပာလိမ့္မည္မဟုတ္
သၫ့္အျပင္ ၊ မသင့္ေလ်ာ္ေသာအျပဳအမူမ်ိဳးႏွင့္လည္း
ကယ္တင္လိမ့္မည္မဟုတ္ေပ။
ဘာေၾကာင့္လဲဆိုေတာ့ လက္ရိွဘဝမွာ
က်င္းက ဟုန္လင္က်င္းရဲ့သားအျဖစ္ရိွေနလို႔ပါပဲ။

ဒါကလည္း ရွင္းရဲ့ေပါ့ေလ်ာ့မႈေၾကာင့္ျဖစ္သြားရျခင္းသာ။
ေကာင္းကင္တိုက္ပြဲအတြင္း၌
ရွင္းသည္ ထိုက္ယန္နတ္ဘုရားအျဖစ္ႏွင့္
နတ္ဆိုးဘုရင္ဟုန္လင္က်င္းကို
တိုက္ခိုက္ခဲ့ရသည္။ထိုအခ်ိန္အတြင္း၌
ရွင္းရဲ့စိတ္ေတြသည္ အင္မတန္ရႈပ္ေထြးေနသည္ျဖစ္ရာ၊
စဉ္းစားဆင္ျခင္ျခင္းငွာ မစြမ္းႏိုင္ေတာ့ပဲ
အမွားတစ္ခုျပဳလုပ္မိသြားခဲ့ျခင္းျဖစ္သည္။

သူတို႔ႏွစ္ေယာက္ၾကားတြင္
စည္းတစ္ခုႏွယ္ျခားသြားေစသၫ့္
ထိုမွားယြင္းမႈသည္  ဤသို႔စတင္ခဲ့၏။

ခ်စ္ျမတ္ႏိုးလြန္း၍‌ေကာင္းကင္ဘံုအထိေရႊလမ္း၊ ေငြလမ္းေဖာက္ၿပီး ေတာင္းရမ္းခဲ့သည့္သတို႔သမီးကို ကိုယ္ဝန္အရင့္အမာႀကီးရလာကာမွ နတ္ဆိုးတိုင္းျပည္က‌ေန ႏွင္ထုတ္လိုက္ျခင္းျဖင့္
ဟုန္လင္က်င္းသည္ တိုက္ပြဲကိုအစျပဳေစခဲ့သည္။ ‌ေကာင္းကင္ဘံုမွ နတ္ဆိုးဘုရင္ႀကီးရဲ့အျပဳအမူကို အမ်က္ရွခဲ့ေပမယ့္ မေမြးဖြားရေသးတဲ့ကေလးကိုငဲ့ညာေသာအားျဖင့္ ၫွိႏိႈင္းမႈေတျြပဳလုပ္ခဲ့ၾက‌ေသးသည္။

သို႔ေပမယ့္ နတ္ဆိုးဘုရင္ႀကီးကၫွိႏိႈင္းဖို႔လာခဲ့တဲ့
နတ္တမန္ေတာ္ အားလံုးကို နတ္ဆိုးနယ္နိမိတ္စည္း
အေပၚေျခလွမ္းလိုက္တာနဲ႔ သတ္ပစ္ခဲ့သည္။
ထိုမွမကေသး ။ ေကာင္းကင္ဘံုကို တစ္ကိုယ္တည္းတက္သြားၿပီး မိစၧာမ်က္လံုးရဲ့အဖ်က္စြမ္းအင္နဲ႔
ေသြးေခ်ာင္းစီးေစခဲ့သည္။
ငိုေႂကြးသံ၊ေအာ္ဟစ္သံ၊ ဓားခ်င္းထိမိသံ၊
အေဆာက္အဦးၿပိဳက်သံ စသည္တို႔ကို
ေတးသံစဉ္တစ္ပုဒ္သဖြယ္အသက္သြင္း၍
ေကာင္းကင္ဘံုတစ္ခုလံုးကို
စိတ္တိုင္းက်ဖ်က္ဆီးပစ္ခဲ့သၫ့္
နတ္ဆိုးဘုရင္ ဟုန္လင္က်င္းသည္
စကားတစ္ခြန္းကိုေတာ့ အထပ္ထပ္အခါခါေအာ္ဟစ္ေျပာဆိုေနခဲ့၏။

ထိုစကားမွာ

" မင္းတို႔ငါ့ဘဝတစ္ခုလံုးကို
အသက္ျပန္မသြင္းႏိုင္ေလာက္ေအာင္
လွၫ့္စားရက္ၾကတယ္ေပါ့ေလ"

ဟုသာ။။။။။။။

‌နတ္ဘံုတစ္ခုလံုးကိုစိတ္ႀကိဳက္ဖ်က္ဆီးၿပီးသည္ႏွင့္ ဟုန္လင္က်င္းသည္
သူ႔အမ်ိဳးသမီး၏ ဝမ္းဗိုက္ကိုခြဲၿပီး ကေလးကိုသတ္ပစ္ဖို႔အထိပါႀကံရြယ္ခဲ့ျပန္၏။ ထိုျမင္ကြင္းကိုျမင္ေနရသူအေပါင္းကေတာ့
ကိုယ့္ေသြးသားကိုပင္ ေမြးဖြားခြင့္မျပဳခ်င္တဲ့ နတ္ဆိုးဘုရင္ႀကီးရဲ့စဉ္းလဲမႈကို အတိုင္းမသိေအာင္ျဖစ္ခဲ့ရသည္။မိဖုရားရဲ့ ေတာင္းပန္တိုးလ်ိဳးမႈေတြကို
ၾကားရ‌ေလေလ နတ္ဆိုးဘုရင္ႀကီးရဲ့မ်က္လံုးေတြက နီရဲလာေလျဖစ္ေနသည္မို႔ မိဖုရားမွာ
ေတာင္းပန္ဖို႔ပင္ မျပဳလုပ္ႏိုင္ေတာ့ေခ်။
ေနာက္ဆံုးမွာေတာ့ အရာအားလံုးကို ကံစီမံရာပဲ ရိွေစေတာ့ဟုဆိုကာ
မ်က္လံုးေတြအသာမိွတ္လိုက္ၿပီး ဓားခ်က္ကိုခံယူရန္သာ ေစာင့္ဆိုင္းေနခဲ့ရသည္။

သို႔ေပမယ့္ ဟုန္လင္က်င္းသည္ ဂရုဏာသက္လွဖြယ္ေကာင္းသၫ့္
မိဖုရားကို ငဲ့ၫွာျခင္းမရိွခဲ့ပါ။
သနားၫွာတာမႈကင္းမဲ့စြာျဖင့္
နီရဲေတာက္ပလြန္းေနသၫ့္ မ်က္လံုးေတြနဲ႔ စူးစူးဝါးဝါးစိုက္ၾကၫ့္ၿပီး ေကာက္က်စ္စြာၿပံဳးလိုက္ကာ ဓားကိုေျမႇာက္လိုက္ေတာ့သည္။
ထိုသို႔ဆိုးဝါးလွသၫ့္ နတ္ဆိုးဘုရင္ႀကီးရဲ့
အျပဳအမူေၾကာင့္
ၾကၫ့္ရႈ‌ေနသူအ‌ေပါင္းမွာ
ၾကက္ေသေသသြားခဲ့ရသည္။ ကေလးကိုကယ္တင္ခ်င္ေပမယ့္ သူတို႔ကိုယ္တိုင္က ေသြးအိုင္ထဲမွာ လဲေနရသည္မို႔ ေငးၾကၫ့္ေနရံုအျပင္ဘာမွမတတ္ႏိုင္ခဲ့ပါ။

အဓိကအခ်က္ကေတာ့ နတ္ဆိုးဘုရင္ႀကီးရဲ့ဓားခ်က္ကို တြန္းလွန္ၿပီး မိဖုရားကိုကယ္တင္ဖို႔ဆိုသည္မွာ သူတို႔အိပ္မက္ပင္မမက္ဖူးခဲ့တဲ့ကိစၥတစ္ရပ္ျဖစ္ေနျခင္းေၾကာင့္သာျဖစ္သည္။ထို‌ေၾကာင့္ သတ္ခ်င္တဲ့သူသာသတ္သြားပါေစေတာ့ဆိုကာ ၾကၫ့္ေနၾကျခင္းျဖစ္၏။ထိုအခိုက္မွာပင္ ငိုေႂကြးေနသၫ့္ နတ္ဆိုးမိဖုရားအေရ႔ွ၌ အလင္းတစ္ျဖာလက္ခနဲျဖစ္သြားခဲ့သည္။ ထိုအလင္းတန္း‌ေလးကိုျမင္လိုက္သည္ႏွင့္ အားနဲ႔လႊဲေျမာက္ခံထားရတဲ့
နတ္ဆိုးဘုရင္ႀကီးရဲ့ဓားသည္ ေလထဲမွာပင္ရပ္တန႔္သြားရ‌ေတာ့သည္။

"ရပ္လိုက္ေတာ့.....မင္းရဲ့လုပ္ရပ္‌ေတြက သိပ္ကိုဆိုးဝါးလြန္းေနၿပီ"

ေအးစက္ျပတ္ေတာင္းလွတဲ့ အသံပိုင္ရွင္ ေနနတ္ဘုရား(ရွင္း)ကို ၾကၫ့္ရင္း နတ္ဆိုးဘုရင္ႀကီးက ဟားတိုက္ရယ္ေမာပစ္လိုက္သည္။ သူ႔ရဲ့မ်က္လံုးေတြက ပိုမိုနီရဲလာကာ ရယ္သံေတြက အက္ကြဲေနခဲ့သည္။‌ေလွာင္ရယ္သံလို့ မမည္တဲ့ရယ္သံေတြက နာက်င္ျခင္းဘက္သို့ ဦးတည္ေန၏။ဒါေပမယ့္
ဘယ္သူသိလိမ့္မလဲ ...... ဟုန္လင္က်င္းစိတ္ေဖာက္ျပန္သြားၿပီး
မိစၧာအဖ်က္စြမ္းအင္ေတြကို
ဆင့္ေခၚပစ္လိုက္မယ္ဆိုတာကိုေပါ့။

ဆင့္ေခၚမႈရဲ့ရလဒ္အေနနဲ႔ ၾကည္ျပာေရာင္ေကာင္းကင္ေပၚ၌
နီရဲလွတဲ့မိုးသားတိမ္တိုက္ေတြနဲ႔ အနက္ေရာင္ တိမ္စိုင္ေတြ‌ေပၚ‌ထြက္လာကာ
အခ်င္းခ်င္း တြန္းတိုက္ျကရင္း
တိုက္ပြဲေခၚသံေတြႏွင့္
တစ္ေလာကလံုး ဖံုးလႊမ္းသြားရေတာ့သည္။

တိုက္ပြဲေခၚသံေတြဟိန္းထြက္ေနတဲ့
‌ေကာင္းကင္ယံကို ေမာ့ၾကၫ့္ရင္း နတ္ဆိုးနယ္ေျမထဲမွ နတ္သားရဲေတြလႈပ္လႈပ္ရြရြျဖစ္လာခဲ့ၾကသည္။ သူတို႔ရဲ့အရွင္သခင္ အႏၲရာယ္ထဲက်ေရာက္ေနၿပီဆိုသၫ့္ အသိေၾကာင့္
ေက်ာက္ရန္သခင္ ဟုန္မ်န႔္ႏွင့္
ပိုင္ဟယ္သခင္မ ဟုန္ဟြမ့္မွာ နတ္ဆိုးရတနာေတြကိုကိုင္ေဆာင္ၿပီး ေကာင္းကင္ဘံုနယ္နိမိတ္စည္းကို အျပင္းအထန္ခ်ီတက္လာၾကေတာ့သည္။

အျခားနတ္ဆိုးဘုရင္ငယ္ခုနစ္ပါးမွာ
ဟုန္လင္က်င္းရဲ့ေမာင္းထုတ္မႈကို
ခံခဲ့ရသည္ျဖစ္ရာ နတ္ဆိုးၿမိဳ႔ထဲတြင္ရိွမေနခဲ့ပါ။
ဟုန္လင္က်င္းကို မုန္းတီးၿပီး သီးသန႔္နယ္ေျမေတြတည္ေထာင္လိုက္ၿပီးျဖစ္ရာ
ဟုန္လင္က်င္း၏ ေသ‌ဆံုးျခင္းကို
ဝင္ေရာက္စြတ္ဖက္ရန္လည္း စိတ္ကူးမရိွခဲ့ၾကေပ။
ထိုေၾကာင့္ လာေရာက္ကယ္တင္ရန္
မေတြးခဲ့ၾကျခင္းျဖစ္သည္။

သို႔ေပမယ့္ နတ္ဆိုးဘုရင္ငယ္ထဲတြင္
စြမ္းအားအႀကီးဆံုးျဖစ္သၫ့္ ဟုန္မ်န႔္ႏွင့္
ဟုန္ဟြမ့္တို့ပိုင္ဆိုင္သၫ့္ နတ္ဆိုးစစ္တပ္ႏွစ္ခုႏွင့္ပင္
ေကာင္းကင္ဘံုနယ္နိမိတ္စည္းသည္ မည္းေမွာင္သြားခဲ့ရၿပီျဖစ္သည္။
နတ္ဆိုးၿမိဳ႔၏ ဗဟိုကာကြယ္ေရးစစ္တပ္ႏွင့္
ေျမေအာက္‌ေထာက္လွမ္းေရးစစ္တပ္သည္
အေၾကာင္းရင္းမရိွပဲ နာမည္ႀကီးေနခဲ့ျခင္းမဟုတ္ပါေလ။

ေနနတ္ဘုရား(ရွင္း)မွာ
နတ္ဆိုးစစ္တပ္ႀကီးနွစ္ခုကို ထိန္းခ်ဳပ္ရန္အတြက္ ျကံရာမရတဲ့အဆံုးမွာေတာ့  သူ႔ရဲ့ဝိဉာဉ္စြမ္းအားေတြကိုဆင့္ေခၚလိုက္ရသည္။ သူ႔လက္ႏွစ္ဖက္ကို
ဟုန္လင္က်င္းရဲ့ေသြးေတြနဲ႔
မေဆးေၾကာပစ္ခ်င္ေပမယ့္  နတ္ဘုရားမ်ိဳးႏြယ္နဲ႔နတ္မ်ိဳးႏြယ္ကို
ကာကြယ္ရမယ့္ တာဝန္ကသူ႔ထံတြင္ရိွေန‌ေသးသည္။

ဒါေၾကာင့္
သူ႔စြမ္းအင္အားလံုးကို ရွင္းရာဆီပို႔လႊတ္လိုက္ၿပီး နတ္ဆိုးဘုရင္ႀကီးကို ရင္ဆိုင္ဖို႔အသင့္ျပင္လိုက္ေတာ့သည္။ နတ္ဆိုးဘုရင္ႀကီး ေသသြားမွသာ
နတ္ဆိုးစစ္တပ္က ဆုတ္ခြာသြားမည္ျဖစ္သည္မို႔
သူ႔မွာေရြးခ်ယ္စရာလည္းမ်ားမ်ားစားစားမရိွခဲ့ပါ‌။ ထိုေၾကာင့္ စိတ္ပိုင္းျဖတ္လိုက္ကာနတ္ဆိုးဘုရင္ႀကီးကို ႏႈတ္ဆက္စကားဆိုလိုက္ေတာ့သည္။

" ငါ့ကိုခြင့္မလႊတ္ပါနဲ႔.....
ငါ့ရဲ့တံုးအမႈေတြေၾကာင့္သာ မင္းဒီလိုအမွားေတြလုပ္မိေနတာပါ.....

ဒါေပမယ့္‌.....ဟုန္လင္က်င္း
မင္းကိုငါမဟုတ္တဲ့ တျခားသူလက္ထဲမွာမေသဆံုးေစခ်င္ဘူး.....
မနာေစရဘူး....တကယ္မနာေစရဘူး.....

ၿပီးရင္ ငါလည္းမင္းေနာက္ကိုလိုက္လာမွာမို႔
မင္းကိုေနာက္ထပ္မနာက်င္ေစရပါဘူး.....

ဒီတစ္ႀကိမ္ၿပီးရင္ ဘယ္ေတာ့မွမနာက်င္ေစရဘူးလို႔
ငါကတိေပးပါတယ္...."

ရွင္းရာ၏အသြားႏွစ္ဖက္လံုးတြင္
ေတာက္ေလာင္ေနသည့္ အလ်ွံတၿငီးၿငီးႏွင့္
မီးေတာက္ေတြေၾကာင့္
ရွင္းေဒါသထြက္ေနသည္ဟု နတ္ဆိုးဘုရင္ႀကီးမွာထင္မွတ္သြားခဲ့သည္။ သူ႔ကိုဘယ္ေတာ့မွ ေဒါသမထြက္ဖူးသၫ့္
ရွင္းက ဒီအခ်ိန္‌ေရာက္မွသူ႔ကိုနားလည္မေပးပဲ
အျပစ္တင္ေနသည္ဟု ေတြးထင္သြား၍လားေတာ့မသိပါ။
နာက်င္စြာၿပံဳးျပလာခဲ့သည္‌ေလ။
သို႔ေပမယ့္ သူ႔အၿပံဳးက မၾကာရွည္လိုက္ပါ။
သူ႔ဆီကို အားမာန္အျပၫ့္နဲ႔ေျပးဝင္လာတဲ့
ရွင္းကို မေတြ ့ခင္အထိသာ။

ဟုန္လင္က်င္းသည္ အဖ်က္စြမ္းအင္ေတြကိုအျမင့္ဆံုးအထိ
ထုတ္လႊတ္လိုက္ၿပီး သူ႔ဆီေျပးလာတဲ့ ေနနတ္ဘုရားဆီ တန္ျပန္ေျပးဝင္လာခဲ့သည္။
အလင္းနဲ႔အေမွာင္။ အျဖဴနဲ႔ အမည္း။
သန႔္စင္သၫ့္မီးေတာက္ေတြႏွင့္ အဖ်က္စြမ္းအင္ေတြ။။။။။။

၎စြမ္းအင္ႏွစ္ခုတိုက္မိသြားခ်ိန္မွာေတာ့
မေျပာျပႏိုင္ေလာက္ေအာင္ ႀကီးမားသၫ့္
‌ေပါက္ကြဲမႈႀကီးတစ္ခုက သံုးေလာကကို
လႊမ္းၿခံဳသြားခဲ့သည္။

ျပင္းထန္လွတဲ့ေလျပင္းေတြနဲ႔အတူ တလိပ္လိပ္ထြက္ေပၚလာတဲ့ ေမာ့စြမ္းအင္နဲ႔ ခ်ီစြမ္းအင္ ႏွစ္မ်ိဳး‌မွာ
လိမ္ယွက္သြားကာ ေလေပြတစ္ခုကိုဖန္ဆင္းေပးလိုက္၏။ စြမ္းအင္ႏွစ္မ်ိဳးရိုက္ခတ္မႈေၾကာင့္ ၿပိဳက်သြားတဲ့
အေဆာက္အအံုေတြမွ ေရႊျပားမ်ားမွာ ေလေပြ၏စုပ္ယူမွုကို ခံလိုက္ရခ်ိန္တြင္
နဂါးေငြ ့တန္းမွ ၾကယ္ေတြကဲ့သို႔ပင္
တလက္လက္ႏွင့္ေတာက္ပေနခဲ့၏။ သို႔ေပမယ့္ တိုက္ပြဲအလယ္မွာရိွေနသၫ့္
နတ္ဆိုးဘုရင္ႀကီးနဲ႔ေန‌နတ္ဘုရားမွာ ေလေပြနဲ႔တူလွတဲ့စြမ္းအင္လိႈင္းေတြၾကားတြင္
‌ေရာက္ရိွေနသည္မို႔ အျပင္လူေတြမေတြ ့ႏိုင္ခဲ့ၾကေပ။ ဘယ္သူက အသာစီးရလို႔၊ ဘယ္သူက အေရးနိမ့္ေနရလဲဆိုတာလည္း သူတို႔မခန႔္မွန္းႏိုင္ခဲ့ပါ။ သို႔ေပမယ့္ ႏွစ္ေယာက္မွာ တစ္ေယာက္ကိုေရြးရမည္ဆိုလ်င္ ေသခ်ာေပါက္ နတ္ဆိုးဘုရင္ႀကီးအႏိုင္ရလိမ့္မည္လို႔ ေျပာျကမွာပင္။

ေနနတ္ဘုရား ထိုက္ယန္ဆိုသည္မွာ
ရွင္းအေပ်ာ္သေဘာမ်ိဳးႏွင့္
က်င့္ႀကံျပီးရယူထားသၫ့္ ခႏၶာကိုယ္တစ္ခုေပမို႔
စြမ္းအားနည္းလွသည္။
မီးဝိဉာဉ္ကဲ့သို႔ စြမ္းအင္ေတြစိတ္ႀကိဳက္သံုးစြဲခြင့္မရသၫ့္အျပင္
စိတ္စြမ္းအင္တခ်ိဳ႕မွာလည္း ပိတ္ဆို႔ေနေသး၏။
ထို႔ျပင္ ဟုန္လင္က်င္းရဲ့ႏိွပ္စက္မႈကို
ႏွစ္ေပါင္းႏွစ္ေထာင္ၾကာသည္အထိ
အလူးအလဲခံထားရမို႔ စိတ္ထဲရိွသလို
ထင္တိုင္းႀကဲခြင့္မရိွခဲ့ေပ။

သို႔ေပမယ့္ ဟုန္လင္က်င္းက သူ႔ကိုထိခိုက္ေအာင္မလုပ္ပဲ စြမ္းအင္အေပ်ာ့ကိုသာအသံုးျပဳခဲ့သည္။
သူခုခံႏိုင္ေလာက္တဲ့ ပမာဏေလာက္ေပါ့။

ထိုခဏ၌ ဟုန္လင္က်င္းရဲ့ညို႔ငင္ႏိုင္စြမ္းျမင့္မားလွသၫ့္
ႏႈတ္ခမ္းေတြမွာ အနည္းငယ္လႈပ္ခတ္သြားၿပီး
သူတို႔ႏွစ္ဦးသာၾကားႏိုင္သၫ့္ အသံတစ္ခုထြက္ေပၚလာခဲ့သည္။

"ထိုက္ယန္နတ္ဘုရား.....
ကြၽန္ေတာ့္ႏွလံုးသားကိုတစ္ခါေလာက္‌ေလးပဲ
ယံုၾကည္ေပးလို႔မရဘူးလားဟင္.....
တစ္ေခါက္ေလးပဲေလ....မရဘူးလား...."

ငိုရိႈက္သံေတြေရာေထြးေနသၫ့္ သူ႔ေမးခြန္းကို
ျပန္ေျဖဖို႔ ရွင္းမွာအေျဖမရိွခဲ့ပါ။
' အခ်စ္ '  ဆိုတဲ့အသံုးအႏႈန္းက
သူ႔တို႔ၾကားမွာ ရွင္သန္ဖို႔မျဖစ္ႏိုင္ေတာ့ဘူးမဟုတ္လား။
သူ႔တံု႔ဆိုင္းမႈကို ဟုန္လင္က်င္းက
အခ်ိန္အေတာ္ၾကာသည္အထိ မ်က္ရည္ေတျြပၫ့္လ်ွံေနေသာ
မ်က္ဝန္းေတြႏွင့္ေငးေမာကာ ေစာင့္စားေနခဲ့သည္။

သူက အပ္ခ်ည္ႀကိဳးစထက္ပင္ပါးလွပ္‌ေနၿပီျဖစ္သၫ့္
ေမ်ွာ္လင့္ခ်က္ေရာင္ျခည္တန္းေလးကို
ခဲရာခဲဆစ္ျဖင့္ ႀကိဳးစားပန္းစားဆုပ္ကိုင္ကာ
ထပ္မံေမးျမန္းလာျပန္၏။

"ကြၽန္ေတာ့္ကိုျပန္ခ်စ္ဖို႔မေတာင္းဆိုပါဘူး.....
အခြင့္အေရးေလးတစ္ႀကိမ္ပဲ
ထပ္ေပးဖို႔ေတာင္းခံတာပါ.....

ကြၽန္ေတာ္....ခင္ဗ်ားကို ျမတ္ႏိုးလြန္းလို႔ပါဗ်ာ"

ႏွလံုးအိမ္ထဲထိနာက်င္မႈေတြကူးစက္ေစေသာ
ဟုန္လင္က်င္းရဲ့အသံ‌ေတြကို ဥပကၡာျပဳကာ
ရွင္း ရင္နာနာႏွင့္ပင္ ျငင္းပယ္ပစ္ခဲ့သည္။

"မင္းလက္ထပ္လိုက္တဲ့အခ်ိန္ကစၿပီး
အဲ့ဒီအခြင့္အေရးေတြအားလံုးကို
ဆံုးရႈံးသြားခဲ့ၿပီေလ......

ဒီအခ်ိန္မွာ ငါ့ကိုျမတ္ႏိုးတာထက္
မင္းရဲ့ဇနီးနဲ႔ကေလးကိုပဲ တန္ဖိုးထားသင့္တယ္ဆိုတာ
မင္းေမ့ေနၿပီလား......"

"မဟုတ္ဘူး......ခင္ဗ်ားလို႔ထင္ခဲ့လို႔....
သူ႔ကိုခင္ဗ်ားလို႔ထင္ခဲ့လို႔
လက္ထပ္ခဲ့မိတာပါဗ်ာ.....

ေတာင္းပန္ပါတယ္.....
ကြၽန္ေတာ့္ကိုနားလည္ေပးပါဗ်ာ......
ေက်းဇူးျပဳျပီး.....နားလည္ေပးပါ"

မာနတရားေတြအားလံုးခဝါခ်ျပီး
့ျကမ္းျပင္ေပၚတြင္ ဒူးေထာက္ကာ ငိုေႂကြးေနသၫ့္
ဟုန္လင္က်င္းမွာ ေျမေပၚျပားျပားဝပ္ေတာ့မတတ္ပင္။
‌ေသြးစတခ်ိဳ႕စြန္းေပေနတဲ့ သူ႔ရဲ့အျဖဴေရာင္ဝတ္ရံုေအာက္နားစေလးကို
ဆြဲယူကာ မ်က္ႏွာအပ္ၿပီး ေျဖမဆည္ႏိုင္ေအာင္ငို‌ေႂကြးေနေပမယ့္
ရွင္း ဥပကၡာျပဳထားလိုက္သည္။
သူသာစိတ္ေလ်ာ့လိုက္ရင္
လနတ္သမီးရဲ့ဝမ္းၾကာတိုက္ထဲမွာရိွေနသၫ့္
ဟုန္လင္က်င္းရဲ့ကေလးကို
အျပစ္ျပဳရာက်သြားလိမ့္မည္ေလ။
ကေလးကအျပစ္မရိွသည္မို႔
မိဘႏွစ္ပါးရဲ့အရိပ္ေအာက္မွာ
ေအးခ်မ္းစြာႀကီးျပင္းလာသင့္သည္မဟုတ္လား။
သူ႔ေလာဘတစ္ခုတည္းျဖင့္
ထို‌အရိပ္အၿမံဳေလးေပၚ ေခ်ာ္ရည္ပူေတြမေလာင္းခ်ရက္ပါ။
ထိုေၾကာင့္ နာက်င္လြန္းလို႔ေပါက္ကြဲခါနီးျဖစ္ေနတဲ့
ႏွလံုးသားကိုလ်စ္လ်ူရႈကာ
ဟုန္လင္က်င္းကို တြန္းထုတ္လိုက္ေတာ့သည္။

" ဒီဘဝမွာ မင္းကိုငါဘယ္ေတာ့မွခ်စ္လာမွာ
မဟုတ္ေတာ့ဘူး....."

စကားဆံုးသည္ႏွင့္ ဓားကိုတဖန္ေျမႇာက္လိုက္ျပန္တဲ့
ရွင္းရဲ့လက္ေတြသည္ ဟုန္လင္က်င္းရဲ့ရင္ဝကို
ထိုးစိုက္ဖို႔အသင့္ျဖစ္သြားခဲ့သည္။

အစတုန္းကေတာ့ ႏွစ္ေယာက္အတူေသဖို႔
သူတကယ္ဆံုးျဖတ္ခဲ့တာျဖစ္ေပမယ့္
ယခုအခ်ိန္မွာ ဓားကိုေျမႇာက္လိုက္သည္က
မေမြးရေသးသၫ့္ကေလးရဲ့မ်က္ႏွာကို
ေထာက္ထားသၫ့္အေနျဖင့္
က်င္းကို ေျခာက္လွန႔္ဖို႔သာရည္ရြယ္လိုက္ျခင္းျဖစ္သည္။

တကယ္ေတာ့ရွင္းမွာ ဟုန္လင္က်င္း သူ႔ကိုမုန္းသြားၿပီး
ဇနီးႏွင့္ကေလးကိုျပန္ေခၚသြားဖို႔ပဲ ေမ်ွာ္လင့္ေနမိတာျဖစ္သည္။
စိတ္ကိုအေသအခ်ာထိန္းခ်ဳပ္ၿပီး
ထြက္သြားဖို႔ သူ႔စိတ္ထဲကေန
တိတ္တဆိတ္ဆုေတာင္းေနခဲ့မိတာပါ။

သို႔ေပမယ့္ ဟုန္လင္က်င္းကရက္စက္သည္။
ရွင္းရဲ့လက္ေကာက္ဝတ္ကိုလွမ္းဆြဲၿပီး
သူ႔ရင္ခြင္ထဲသို႔ေရာက္ေအာင္ဆြဲသြင္းပစ္လိုက္၏။

တစ္စကၠန႔္၊ ႏွစ္စကၠန႔္။။။။။။
အခ်ိန္ေတြတျဖည္းျဖည္းကုန္ဆံုးသြားေပမယ့္
ဟုန္လင္က်င္းရဲ့ရင္ခြင္ထဲမွာ နစ္ျမႇဳပ္‌ေနသၫ့္
ရွင္းသည္  ရွင္းရာကိုကိုင္ၿပီး
‌ေက်ာက္ရုပ္တစ္ရုပ္ပမာ ေအးစက္ေတာင့္တင္းေနခဲ့သည္။
သူ႔အသံေတြသည္ တစ္စံုတစ္ရာေသာ
အားျဖင့္ဖိႏိွပ္ခံထားရသၫ့္ႏွယ္
တိတ္ဆိတ္ေနခဲ့၏။

"ေတာက္!!!!" ခနဲ ၊ အသံေပး၍ ေျမေပၚက်သြားသၫ့္
ေသြးစက္ေတြသည္ ဟုန္လင္က်င္းရဲ့ႏွလံုးသားမွသည္
ရွင္းရဲ့ဓားသြားဆီသို႔။။။။။။။

ဓားရိုးတစ္ဝက္သည္ပင္ ခႏၶာကိုယ္ထဲတိုးဝင္ေနျပီျဖစ္ရာ
ဓားသြားမွာ ဟုန္လင္က်င္းရဲ့ခႏၶာကိုယ္တစ္ဖက္တြင္
ေသြးေတြရႊဲနစ္ၿပီးရွိ‌ေနမွာ ေျမၾကီးလက္ခတ္မလြဲ‌ေပ။

သူက ခပ္ယဲ့ယဲ့ေလးၿပံဳးရင္းနွင့္ပင္ ရွင္းကိုျမတ္ႏိုးမဝစြာစိုက္ၾကၫ့္ေနခဲ့သည္။
သူ႔အၾကၫ့္ေတြသည္ ေရေနြးစီးေၾကာင္းတစ္ခုႏွယ္
ရွင္းရဲ့ႏွလံုးသားအေပၚျဖတ္စီးသြားခဲ့၏။

" ခင္ဗ်ားေျပာတဲ့အတိုင္းဆိုရင္......
ျဖတ္သြားျဖတ္လာဆက္ဆံေရးေလးရဖို႔အတြက္
ကြၽန္ေတာ့္တစ္ဘဝလံုးေစာင့္ေနခဲ့ရတာေပါ့ေနာ္"

".........."

" ေက်နပ္ရဲ့လားဟင္......
ကြၽန္ေတာ့္ကိုသတ္လိုက္ရတာ အားရရဲ့လား......
စိတ္မေက်နပ္ေသးရင္ေျပာေနာ္.....

ေနာက္တစ္ခ်က္.....မဟုတ္ဘူး....
စိတ္ေက်နပ္တဲ့အထိ ထိုးလို႔ရပါတယ္......"

"........"

စကားတစ္ခါေျပာတိုင္း ေခ်ာင္းေတြအဆက္မျပတ္ဆိုးကာ
ေသြးေတြအန္ေနသၫ့္ ဟုန္လင္က်င္းက
တကယ့္အရူးလိုပင္။
ရွင္းရဲ့စိတ္ကိုနားမလည္ပဲ တစ္သက္လံုးေနာင္တရေနေအာင္
အျပစ္ေပးခဲ့သည္။

ဟုတ္ပါသည္။ ဟုန္လင္က်င္းေျပာတဲ့စကားေတြကမွန္လြန္းပါသည္။ သူ႔ကိုသတ္လိုက္သၫ့္သူက ရွင္းပါပဲ။

မ်က္ေတာင္တစ္ခ်က္မ်ွမခတ္ပဲ ဓားနဲ႔ရက္ရက္စက္စက္တစ္ခ်က္တည္း
ထိုးသတ္ခဲ့တာပင္။ သို႔ေပမယ့္ထိုဓားမွာရွင္းရာေတာ့မဟုတ္ပါ။
ရွင္းရာကို ဟုန္လင္က်င္းရဲ့ႏွလံုးေသြးနဲ႔
ေဆးေၾကာပစ္ခဲ့သည္ဆိုေပမယ့္
ဟုန္လင္က်င္းကိုေသေအာင္သတ္ဖို႔အတြက္
ရွင္းရာကမစြမ္းႏိုင္ခဲ့ပါေလ။

ဟုန္လင္က်င္းကို တကယ္ေသေစခဲ့သၫ့္လက္နက္မွာ

"ဒီဘဝမွာ မင္းကိုငါဘယ္ေတာ့မွခ်စ္လာမွာ
မဟုတ္ေတာ့ဘူး"

ဆိုသၫ့္စကားတစ္ခြန္းသာျဖစ္၏။

တံုးအလွသၫ့္ဟုန္လင္က်င္းမွာ
'ဒီဘဝမွာမခ်စ္ႏိုင္ဘူး' ဟုျငင္းပယ္ခံလိုက္ရခ်ိန္၌
ေနာက္ဘဝသို႔ အလ်င္အျမန္ကူးေျပာင္းၿပီး
ရွင္းရဲ့အခ်စ္ကိုေစာင့္စားေနမွသာ
အခြင့္အေရးရိွေတာ့မည္ဟု
ေတြးေတာခဲ့ဟန္တူ၏။။။။

ထိုအခ်ိန္မွစ၍ သံုးေလာကကို ကိုင္လႈပ္ႏိုင္ခဲ့သၫ့္
နတ္ဆိုးဘုရင္ႀကီးဟုန္လင္က်င္းမွာ
ဤသို႔ႏွယ္ သံုးဘံုေလာကမွ တိတ္တဆိတ္ထြက္ခြာသြားခဲ့ရေလ‌ေတာ့သည္။။။။။။

Unicode:

တွန့်ခေါက်နေသည့်ရေလှိုင်းများသည်
ဆေးသားမှိန်မှိန်သုံးကာ ရေးဆွဲထားသည့်
ပန်းချီကားတစ်ချပ်နှယ် သူတို့နှစ်ယောက်ကိုရစ်သိုင်းနှောင်ဖွဲ့ကာ
ရေဘောလုံးလေးတစ်လုံးအသွင်သို့။။။။။

လှုပ်လီလှုပ်လဲ့နှင့် သူတို့ကိုဖမ်းဖို့ကြိုးစားနေတဲ့
နတ်ဆိုးလက်ပါးစေများသည်
ကျင်းရဲ့အကာအကွယ်ရေဘောလုံးလေးကို
ဖြတ်သန်းရန်မဖြစ်နိုင်သည်မို့၊
အပြင်ကနေသာ ရေဘောလုံးကိုထုရိုက်နေကြ၏။
သို့ပေမယ့် သူတို့နှစ်ယောက်ကိုရစ်ပတ်လွှမ်းခြုံထားသည့်
ရေဘောလုံးသည် ပျောက်ပျက်သွားလိမ့်မည်မဟုတ်ပေ။

နတ်တစ်ပါး၏အသွင်ပြောင်းလဲချိန်၌
ကြုံ‌တွေ့နိုင်သည့်
အန္တရာယ်အသွယ်သွယ်ကိုကာကွယ်ပေးရန် စည်းတစ်ခုသည်‌ပေါ်လာတတ်စမြဲပင်။
ထိုတားမြစ်စည်းသည် မည်သူ့အရာနှင့်မျှ
ထိုးဖောက်၍မရနိုင်ပေ။

စည်းအတွင်းမှာရှိသည့်သူသာလျှင်
အပြင်သို့ တုံ့ပြန်နိုင်သည်ဖြစ်ရာ
နတ်ဆိုးလက်ပါးစေတွေ၏ တိုက်ခိုက်မှုကိုရှောင်လွှဲနိုင်သည့်အပြင်၊
အထဲမှာနေ၍လည်း ရှင်းတန်ပြန်တိုက်ခိုက်နိုင်၏။
သို့ပေမယ့် သို့ပေမယ့် သို့ပေမယ့်။။။။။။။။

အသွင်ပြောင်းနေသည့်သူနှင့် သူထိကိုင်ထားသည့်အရာမှန်သမျှသည်
လှုပ်ရှားမှုတစ်စုံတစ်ရာမှမပြုလုပ်ပဲ
‌မိမိကိုယ်ကို‌သေသူတစ်ယောက်နှယ်
သဘောထားရမည်ဖြစ်သည်မို့
ရှင်းအတွက် များစွာအခက်တွေ့ရချေပြီ။

သူ့ကိုလှုပ်ရှား၍မရနိုင်လောက်အောင်ဖက်ထားသည့်
ကျင်းရဲ့လက်တွေကို ဖယ်ရှားပစ်ဖို့မတတ်နိုင်သလို၊
သူတို့ရဲ့ထိကပ်နေသည့် နှုတ်ခမ်းနှစ်လွှာကိုလည်း
ဝေးကွာစေဖို့မစွမ်း‌ဆောင်နိုင်တော့ပါ။
သူသာလှုပ်ရှားလိုက်မည်‌ဆိုရင်
ကျင်းစိတ်ဖောက်ပြီးရူးသွပ်သွားနိုင်သည်လေ။
သို့ဖြစ်၍ လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်ရင်းသာ ချက်ချင်းကြီးအသွင်ပြောင်းဖို့
ရွေးချယ်လိုက်သည့်ကျင်းကို
ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျိန်ဆဲရင်း
စိတ်တင်းထားလိုက်ရတော့သည်။

' အကောင်စုတ်လေး!!!!
လူစုံတက်စုံကြည့်နေပါတယ်ဆိုမှ.....
နမ်းနေလိုက်.....နမ်းနေလိုက်!!!!!
ဟုန်လင်ကျင်းအဖြစ်ဟန်ဆောင်‌ရပါမယ်ဆိုနေ
ငါ့ကိုလာနမ်းနေတော့
သားနဲ့အဖေ.....ဟူးးးးးဆက်မပြောရဲတော့ဘူး!'

(ノ ̄皿 ̄)ノ ⌒== ┫

ပြောမယ့်သာပြောရပေမယ့် ကျင်းရဲ့အပြစ်ဟုလည်း
တထစ်ချဆို၍ရမနေခဲ့ပါ။
ရေစွမ်းအင်ကိုထိန်းချုပ်နိုင်သည့်
ကောင်းကင်ဘုံရဲ့အိမ်ရှေ့စံနတ်သားလေးမှာ
မည်မျှပင်အစွမ်းထက်သည်ဟု‌ပြောပါစေ။
ဒါဟာ အသက်အရွယ်မတိမ်းမယိမ်းရှိသည့်
နတ်သားငယ်လေးများကြားတွင်သာ
ဂုဏ်ယူစရာကောင်းသည့်သူအဖြစ် ကျော်ကြားနိုင်ပေ၏။

ကောင်းကင်မြို့တော်မှ အရွယ်ရောက်ပြီးသားနတ်အရာရှိတစ်ပါးကို
ယှဉ်နိုင်စွမ်း‌တော့မရှိလှသေးပါ။
ကျင်းအနေနှင့် နတ်ဗိုလ်ချုပ်တစ်ယောက်ကို
ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်ဆိုပေမယ့်
နတ်စစ်သူကြီးတစ်ပါးရဲ့အစွမ်းတစ်ဝက်လောက်ပင်ရှိနေမည်မဟုတ်ပါ။

နတ်စစ်သူကြီးကိုတောင် မယှဉ်နိုင်သေးသည့် ကျင်းသည်
မိုးနတ်မင်းရဲ့လက်ချောင်းတစ်ချောင်းကိုပင်
ဖြိုခွင်းနိုင်စွမ်းရှိလိမ့်မည်မဟုတ်သေး‌ပေ။
သို့ဖြစ်ရာ မိုးနတ်မင်း၏ဆရာဖြစ်သည့် ဟော်လင်အရှင်သခင်ကိုမှီနိုင်ဖို့ဆိုတာကတော့
မိုးပေါ်ကလကို မြေထဲနစ်မြှုပ်သွား‌အောင်
လုပ်ရသည်နှင့်တူလှ၏။
မညှာတမ်းပြောရမည်ဆိုလျှင်
ရှင်းရဲ့အရိပ်‌လောက်ပင် အရွယ်မရောက်သေးသည့်ကျင်းက
စွမ်းအားကြီးမနေခဲ့ပါ‌လေ။

သို့ဖြစ်၍ ရှင်းကိုယ်တိုင် စိတ်နှစ်ပြီးတိုက်ခိုက်နေရသည့်
နတ်ဆိုးလက်ပါးစေတွေကို တစ်ယောက်တည်းတိုက်ခိုက်ရန်မှာ
လုံးဝမဖြစ်နိုင်ရာ။။။။။။

ထိုကြောင့် ကျင်းမှာရွေးချယ်စရာနှစ်ခုသာရှိခဲ့၏။
တစ်ခုမှာ အစီအရင်ထဲကလျင်မြန်စွာ
ထွက်သွားပြီး ရှင်းရဲ့အတော်ဆုံးတပည့်ဖြစ်သည့်
နတ်ဘုရားအကြီးအကဲဟွားရန်ကို
အပြေးတစ်ပိုင်းသွား‌ခေါ်လာပြီးမှသာ
ရှင်းကိုပြန်လာကယ်ရန်ဖြစ်သည်။

နောက်တစ်ခုမှာတော့ မေးရန်ပင်လိုအပ်တော့မည်မထင်။
သူ့ကိုယ်သူအရွယ်ရောက်ပြီးသားနတ်တစ်ပါး
ဖြစ်လာရန်အတင်းအကျပ်တွန်းအားပေးပြီး
အသွင်ပြောင်းလိုက်ခြင်းသာဖြစ်၏။
သို့မှသာ အကာကွယ်စည်းပေါ်လာပြီး
ရှင်းသတိပြန်ရလာသည်အထိ အချိန်ဆွဲကာ
တောင့်ခံပေးထားနိုင်မည်ဖြစ်သည်။

ပြန်ပြောင်းတွေးကြည့်လျှင် ကျင်းမှာ ရှင်းကိုဟုန်လင်ကျင်းဟု လက်မခံနိုင်ပဲဖြစ်နေသည်ထင်၏။
ဒါကြောင့်သာ အသက်ဝိဉာဉ်နှောင်ကြိုးနှင့်
ရှင်းရဲ့လက်သူကြွယ်မှာချည်နှောင်ပေးပြီး
သူ့နှလုံးသားကိုရှင်းထံမှာ အပ်နှံထားသည်ဟု
သွယ်ဝိုက်ပြသလိုက်တာ‌ပေါ့။

ရှင်းကိုသာ ဟုန်လင်ကျင်းအဖြစ်လက်ခံလိုက်မည်ဆိုလျှင်
ရှင်းထံမှာ နှလုံးသားအပ်ပါသည်ဟုပြောလိမ့်မည်မဟုတ်
သည့်အပြင် ၊ မသင့်လျော်သောအပြုအမူမျိုးနှင့်လည်း
ကယ်တင်လိမ့်မည်မဟုတ်ပေ။
ဘာကြောင့်လဲဆိုတော့ လက်ရှိဘဝမှာ
ကျင်းက ဟုန်လင်ကျင်းရဲ့သားအဖြစ်ရှိနေလို့ပါပဲ။

ဒါကလည်း ရှင်းရဲ့ပေါ့လျော့မှုကြောင့်ဖြစ်သွားရခြင်းသာ။
ကောင်းကင်တိုက်ပွဲအတွင်း၌
ရှင်းသည် ထိုက်ယန်နတ်ဘုရားအဖြစ်နှင့်
နတ်ဆိုးဘုရင်ဟုန်လင်ကျင်းကို
တိုက်ခိုက်ခဲ့ရသည်။ထိုအချိန်အတွင်း၌
ရှင်းရဲ့စိတ်တွေသည် အင်မတန်ရှုပ်ထွေးနေသည်ဖြစ်ရာ၊
စဉ်းစားဆင်ခြင်ခြင်းငှာ မစွမ်းနိုင်တော့ပဲ
အမှားတစ်ခုပြုလုပ်မိသွားခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်ကြားတွင်
စည်းတစ်ခုနှယ်ခြားသွားစေသည့်
ထိုမှားယွင်းမှုသည်  ဤသို့စတင်ခဲ့၏။

ချစ်မြတ်နိုးလွန်း၍‌ကောင်းကင်ဘုံအထိရွှေလမ်း၊ ငွေလမ်းဖောက်ပြီး တောင်းရမ်းခဲ့သည့်သတို့သမီးကို ကိုယ်ဝန်အရင့်အမာကြီးရလာကာမှ နတ်ဆိုးတိုင်းပြည်က‌နေ နှင်ထုတ်လိုက်ခြင်းဖြင့်
ဟုန်လင်ကျင်းသည် တိုက်ပွဲကိုအစပြုစေခဲ့သည်။ ‌ကောင်းကင်ဘုံမှ နတ်ဆိုးဘုရင်ကြီးရဲ့အပြုအမူကို အမျက်ရှခဲ့ပေမယ့် မမွေးဖွားရသေးတဲ့ကလေးကိုငဲ့ညာသောအားဖြင့် ညှိနှိုင်းမှုတြွေပုလုပ်ခဲ့ကြ‌သေးသည်။

သို့ပေမယ့် နတ်ဆိုးဘုရင်ကြီးကညှိနှိုင်းဖို့လာခဲ့တဲ့
နတ်တမန်တော် အားလုံးကို နတ်ဆိုးနယ်နိမိတ်စည်း
အပေါ်ခြေလှမ်းလိုက်တာနဲ့ သတ်ပစ်ခဲ့သည်။
ထိုမှမကသေး ။ ကောင်းကင်ဘုံကို တစ်ကိုယ်တည်းတက်သွားပြီး မိစ္ဆာမျက်လုံးရဲ့အဖျက်စွမ်းအင်နဲ့
သွေးချောင်းစီးစေခဲ့သည်။
ငိုကြွေးသံ၊အော်ဟစ်သံ၊ ဓားချင်းထိမိသံ၊
အဆောက်အဦးပြိုကျသံ စသည်တို့ကို
တေးသံစဉ်တစ်ပုဒ်သဖွယ်အသက်သွင်း၍
ကောင်းကင်ဘုံတစ်ခုလုံးကို
စိတ်တိုင်းကျဖျက်ဆီးပစ်ခဲ့သည့်
နတ်ဆိုးဘုရင် ဟုန်လင်ကျင်းသည်
စကားတစ်ခွန်းကိုတော့ အထပ်ထပ်အခါခါအော်ဟစ်ပြောဆိုနေခဲ့၏။

ထိုစကားမှာ

" မင်းတို့ငါ့ဘဝတစ်ခုလုံးကို
အသက်ပြန်မသွင်းနိုင်လောက်အောင်
လှည့်စားရက်ကြတယ်ပေါ့လေ"

ဟုသာ။။။။။။။

‌နတ်ဘုံတစ်ခုလုံးကိုစိတ်ကြိုက်ဖျက်ဆီးပြီးသည်နှင့် ဟုန်လင်ကျင်းသည်
သူ့အမျိုးသမီး၏ ဝမ်းဗိုက်ကိုခွဲပြီး ကလေးကိုသတ်ပစ်ဖို့အထိပါကြံရွယ်ခဲ့ပြန်၏။ ထိုမြင်ကွင်းကိုမြင်နေရသူအပေါင်းကတော့
ကိုယ့်သွေးသားကိုပင် မွေးဖွားခွင့်မပြုချင်တဲ့ နတ်ဆိုးဘုရင်ကြီးရဲ့စဉ်းလဲမှုကို အတိုင်းမသိအောင်ဖြစ်ခဲ့ရသည်။မိဖုရားရဲ့ တောင်းပန်တိုးလျိုးမှုတွေကို
ကြားရ‌လေလေ နတ်ဆိုးဘုရင်ကြီးရဲ့မျက်လုံးတွေက နီရဲလာလေဖြစ်နေသည်မို့ မိဖုရားမှာ
တောင်းပန်ဖို့ပင် မပြုလုပ်နိုင်တော့ချေ။
နောက်ဆုံးမှာတော့ အရာအားလုံးကို ကံစီမံရာပဲ ရှိစေတော့ဟုဆိုကာ
မျက်လုံးတွေအသာမှိတ်လိုက်ပြီး ဓားချက်ကိုခံယူရန်သာ စောင့်ဆိုင်းနေခဲ့ရသည်။

သို့ပေမယ့် ဟုန်လင်ကျင်းသည် ဂရုဏာသက်လှဖွယ်ကောင်းသည့်
မိဖုရားကို ငဲ့ညှာခြင်းမရှိခဲ့ပါ။
သနားညှာတာမှုကင်းမဲ့စွာဖြင့်
နီရဲတောက်ပလွန်းနေသည့် မျက်လုံးတွေနဲ့ စူးစူးဝါးဝါးစိုက်ကြည့်ပြီး ကောက်ကျစ်စွာပြုံးလိုက်ကာ ဓားကိုမြှောက်လိုက်တော့သည်။
ထိုသို့ဆိုးဝါးလှသည့် နတ်ဆိုးဘုရင်ကြီးရဲ့
အပြုအမူကြောင့်
ကြည့်ရှု‌နေသူအ‌ပေါင်းမှာ
ကြက်သေသေသွားခဲ့ရသည်။ ကလေးကိုကယ်တင်ချင်ပေမယ့် သူတို့ကိုယ်တိုင်က သွေးအိုင်ထဲမှာ လဲနေရသည်မို့ ငေးကြည့်နေရုံအပြင်ဘာမှမတတ်နိုင်ခဲ့ပါ။

အဓိကအချက်ကတော့ နတ်ဆိုးဘုရင်ကြီးရဲ့ဓားချက်ကို တွန်းလှန်ပြီး မိဖုရားကိုကယ်တင်ဖို့ဆိုသည်မှာ သူတို့အိပ်မက်ပင်မမက်ဖူးခဲ့တဲ့ကိစ္စတစ်ရပ်ဖြစ်နေခြင်းကြောင့်သာဖြစ်သည်။ထို‌ကြောင့် သတ်ချင်တဲ့သူသာသတ်သွားပါစေတော့ဆိုကာ ကြည့်နေကြခြင်းဖြစ်၏။ထိုအခိုက်မှာပင် ငိုကြွေးနေသည့် နတ်ဆိုးမိဖုရားအရှေ့၌ အလင်းတစ်ဖြာလက်ခနဲဖြစ်သွားခဲ့သည်။ ထိုအလင်းတန်း‌လေးကိုမြင်လိုက်သည်နှင့် အားနဲ့လွှဲမြောက်ခံထားရတဲ့
နတ်ဆိုးဘုရင်ကြီးရဲ့ဓားသည် လေထဲမှာပင်ရပ်တန့်သွားရ‌တော့သည်။

"ရပ်လိုက်တော့.....မင်းရဲ့လုပ်ရပ်‌တွေက သိပ်ကိုဆိုးဝါးလွန်းနေပြီ"

အေးစက်ပြတ်တောင်းလှတဲ့ အသံပိုင်ရှင် နေနတ်ဘုရား(ရှင်း)ကို ကြည့်ရင်း နတ်ဆိုးဘုရင်ကြီးက ဟားတိုက်ရယ်မောပစ်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေက ပိုမိုနီရဲလာကာ ရယ်သံတွေက အက်ကွဲနေခဲ့သည်။‌လှောင်ရယ်သံလို့ မမည်တဲ့ရယ်သံတွေက နာကျင်ခြင်းဘက်သို့ ဦးတည်နေ၏။ဒါပေမယ့်
ဘယ်သူသိလိမ့်မလဲ ...... ဟုန်လင်ကျင်းစိတ်ဖောက်ပြန်သွားပြီး
မိစ္ဆာအဖျက်စွမ်းအင်တွေကို
ဆင့်ခေါ်ပစ်လိုက်မယ်ဆိုတာကိုပေါ့။

ဆင့်ခေါ်မှုရဲ့ရလဒ်အနေနဲ့ ကြည်ပြာရောင်ကောင်းကင်ပေါ်၌
နီရဲလှတဲ့မိုးသားတိမ်တိုက်တွေနဲ့ အနက်ရောင် တိမ်စိုင်တွေ‌ပေါ်‌ထွက်လာကာ
အချင်းချင်း တွန်းတိုက်ကြရင်း
တိုက်ပွဲခေါ်သံတွေနှင့်
တစ်လောကလုံး ဖုံးလွှမ်းသွားရတော့သည်။

တိုက်ပွဲခေါ်သံတွေဟိန်းထွက်နေတဲ့
‌ကောင်းကင်ယံကို မော့ကြည့်ရင်း နတ်ဆိုးနယ်မြေထဲမှ နတ်သားရဲတွေလှုပ်လှုပ်ရွရွဖြစ်လာခဲ့ကြသည်။ သူတို့ရဲ့အရှင်သခင် အန္တရာယ်ထဲကျရောက်နေပြီဆိုသည့် အသိကြောင့်
ကျောက်ရန်သခင် ဟုန်မျန့်နှင့်
ပိုင်ဟယ်သခင်မ ဟုန်ဟွမ့်မှာ နတ်ဆိုးရတနာတွေကိုကိုင်ဆောင်ပြီး ကောင်းကင်ဘုံနယ်နိမိတ်စည်းကို အပြင်းအထန်ချီတက်လာကြတော့သည်။

အခြားနတ်ဆိုးဘုရင်ငယ်ခုနစ်ပါးမှာ
ဟုန်လင်ကျင်းရဲ့မောင်းထုတ်မှုကို
ခံခဲ့ရသည်ဖြစ်ရာ နတ်ဆိုးမြို့ထဲတွင်ရှိမနေခဲ့ပါ။
ဟုန်လင်ကျင်းကို မုန်းတီးပြီး သီးသန့်နယ်မြေတွေတည်ထောင်လိုက်ပြီးဖြစ်ရာ
ဟုန်လင်ကျင်း၏ သေ‌ဆုံးခြင်းကို
ဝင်ရောက်စွတ်ဖက်ရန်လည်း စိတ်ကူးမရှိခဲ့ကြပေ။
ထိုကြောင့် လာရောက်ကယ်တင်ရန်
မတွေးခဲ့ကြခြင်းဖြစ်သည်။

သို့ပေမယ့် နတ်ဆိုးဘုရင်ငယ်ထဲတွင်
စွမ်းအားအကြီးဆုံးဖြစ်သည့် ဟုန်မျန့်နှင့်
ဟုန်ဟွမ့်တို့ပိုင်ဆိုင်သည့် နတ်ဆိုးစစ်တပ်နှစ်ခုနှင့်ပင်
ကောင်းကင်ဘုံနယ်နိမိတ်စည်းသည် မည်းမှောင်သွားခဲ့ရပြီဖြစ်သည်။
နတ်ဆိုးမြို့၏ ဗဟိုကာကွယ်ရေးစစ်တပ်နှင့်
မြေအောက်‌ထောက်လှမ်းရေးစစ်တပ်သည်
အကြောင်းရင်းမရှိပဲ နာမည်ကြီးနေခဲ့ခြင်းမဟုတ်ပါလေ။

နေနတ်ဘုရား(ရှင်း)မှာ
နတ်ဆိုးစစ်တပ်ကြီးနှစ်ခုကို ထိန်းချုပ်ရန်အတွက် ကြံရာမရတဲ့အဆုံးမှာတော့  သူ့ရဲ့ဝိဉာဉ်စွမ်းအားတွေကိုဆင့်ခေါ်လိုက်ရသည်။ သူ့လက်နှစ်ဖက်ကို
ဟုန်လင်ကျင်းရဲ့သွေးတွေနဲ့
မဆေးကြောပစ်ချင်ပေမယ့်  နတ်ဘုရားမျိုးနွယ်နဲ့နတ်မျိုးနွယ်ကို
ကာကွယ်ရမယ့် တာဝန်ကသူ့ထံတွင်ရှိနေ‌သေးသည်။

ဒါကြောင့်
သူ့စွမ်းအင်အားလုံးကို ရှင်းရာဆီပို့လွှတ်လိုက်ပြီး နတ်ဆိုးဘုရင်ကြီးကို ရင်ဆိုင်ဖို့အသင့်ပြင်လိုက်တော့သည်။ နတ်ဆိုးဘုရင်ကြီး သေသွားမှသာ
နတ်ဆိုးစစ်တပ်က ဆုတ်ခွာသွားမည်ဖြစ်သည်မို့
သူ့မှာရွေးချယ်စရာလည်းများများစားစားမရှိခဲ့ပါ‌။ ထိုကြောင့် စိတ်ပိုင်းဖြတ်လိုက်ကာနတ်ဆိုးဘုရင်ကြီးကို နှုတ်ဆက်စကားဆိုလိုက်တော့သည်။

" ငါ့ကိုခွင့်မလွှတ်ပါနဲ့.....
ငါ့ရဲ့တုံးအမှုတွေကြောင့်သာ မင်းဒီလိုအမှားတွေလုပ်မိနေတာပါ.....

ဒါပေမယ့်‌.....ဟုန်လင်ကျင်း
မင်းကိုငါမဟုတ်တဲ့ တခြားသူလက်ထဲမှာမသေဆုံးစေချင်ဘူး.....
မနာစေရဘူး....တကယ်မနာစေရဘူး.....

ပြီးရင် ငါလည်းမင်းနောက်ကိုလိုက်လာမှာမို့
မင်းကိုနောက်ထပ်မနာကျင်စေရပါဘူး.....

ဒီတစ်ကြိမ်ပြီးရင် ဘယ်တော့မှမနာကျင်စေရဘူးလို့
ငါကတိပေးပါတယ်...."

ရှင်းရာ၏အသွားနှစ်ဖက်လုံးတွင်
တောက်လောင်နေသည့် အလျှံတငြီးငြီးနှင့်
မီးတောက်တွေကြောင့်
ရှင်းဒေါသထွက်နေသည်ဟု နတ်ဆိုးဘုရင်ကြီးမှာထင်မှတ်သွားခဲ့သည်။ သူ့ကိုဘယ်တော့မှ ဒေါသမထွက်ဖူးသည့်
ရှင်းက ဒီအချိန်‌ရောက်မှသူ့ကိုနားလည်မပေးပဲ
အပြစ်တင်နေသည်ဟု တွေးထင်သွား၍လားတော့မသိပါ။
နာကျင်စွာပြုံးပြလာခဲ့သည်‌လေ။
သို့ပေမယ့် သူ့အပြုံးက မကြာရှည်လိုက်ပါ။
သူ့ဆီကို အားမာန်အပြည့်နဲ့ပြေးဝင်လာတဲ့
ရှင်းကို မတွေ့ခင်အထိသာ။

ဟုန်လင်ကျင်းသည် အဖျက်စွမ်းအင်တွေကိုအမြင့်ဆုံးအထိ
ထုတ်လွှတ်လိုက်ပြီး သူ့ဆီပြေးလာတဲ့ နေနတ်ဘုရားဆီ တန်ပြန်ပြေးဝင်လာခဲ့သည်။
အလင်းနဲ့အမှောင်။ အဖြူနဲ့ အမည်း။
သန့်စင်သည့်မီးတောက်တွေနှင့် အဖျက်စွမ်းအင်တွေ။။။။။။

၎င်းစွမ်းအင်နှစ်ခုတိုက်မိသွားချိန်မှာတော့
မပြောပြနိုင်လောက်အောင် ကြီးမားသည့်
‌ပေါက်ကွဲမှုကြီးတစ်ခုက သုံးလောကကို
လွှမ်းခြုံသွားခဲ့သည်။

ပြင်းထန်လှတဲ့လေပြင်းတွေနဲ့အတူ တလိပ်လိပ်ထွက်ပေါ်လာတဲ့ မော့စွမ်းအင်နဲ့ ချီစွမ်းအင် နှစ်မျိုး‌မှာ
လိမ်ယှက်သွားကာ လေပွေတစ်ခုကိုဖန်ဆင်းပေးလိုက်၏။ စွမ်းအင်နှစ်မျိုးရိုက်ခတ်မှုကြောင့် ပြိုကျသွားတဲ့
အဆောက်အအုံတွေမှ ရွှေပြားများမှာ လေပွေ၏စုပ်ယူမှုကို ခံလိုက်ရချိန်တွင်
နဂါးငွေ့တန်းမှ ကြယ်တွေကဲ့သို့ပင်
တလက်လက်နှင့်တောက်ပနေခဲ့၏။ သို့ပေမယ့် တိုက်ပွဲအလယ်မှာရှိနေသည့်
နတ်ဆိုးဘုရင်ကြီးနဲ့နေ‌နတ်ဘုရားမှာ လေပွေနဲ့တူလှတဲ့စွမ်းအင်လှိုင်းတွေကြားတွင်
‌ရောက်ရှိနေသည်မို့ အပြင်လူတွေမတွေ့နိုင်ခဲ့ကြပေ။ ဘယ်သူက အသာစီးရလို့၊ ဘယ်သူက အရေးနိမ့်နေရလဲဆိုတာလည်း သူတို့မခန့်မှန်းနိုင်ခဲ့ပါ။ သို့ပေမယ့် နှစ်ယောက်မှာ တစ်ယောက်ကိုရွေးရမည်ဆိုလျင် သေချာပေါက် နတ်ဆိုးဘုရင်ကြီးအနိုင်ရလိမ့်မည်လို့ ပြောကြမှာပင်။

နေနတ်ဘုရား ထိုက်ယန်ဆိုသည်မှာ
ရှင်းအပျော်သဘောမျိုးနှင့်
ကျင့်ကြံပြီးရယူထားသည့် ခန္ဓာကိုယ်တစ်ခုပေမို့
စွမ်းအားနည်းလှသည်။
မီးဝိဉာဉ်ကဲ့သို့ စွမ်းအင်တွေစိတ်ကြိုက်သုံးစွဲခွင့်မရသည့်အပြင်
စိတ်စွမ်းအင်တချို့မှာလည်း ပိတ်ဆို့နေသေး၏။
ထို့ပြင် ဟုန်လင်ကျင်းရဲ့နှိပ်စက်မှုကို
နှစ်ပေါင်းနှစ်ထောင်ကြာသည်အထိ
အလူးအလဲခံထားရမို့ စိတ်ထဲရှိသလို
ထင်တိုင်းကြဲခွင့်မရှိခဲ့ပေ။

သို့ပေမယ့် ဟုန်လင်ကျင်းက သူ့ကိုထိခိုက်အောင်မလုပ်ပဲ စွမ်းအင်အပျော့ကိုသာအသုံးပြုခဲ့သည်။
သူခုခံနိုင်လောက်တဲ့ ပမာဏလောက်ပေါ့။

ထိုခဏ၌ ဟုန်လင်ကျင်းရဲ့ညို့ငင်နိုင်စွမ်းမြင့်မားလှသည့်
နှုတ်ခမ်းတွေမှာ အနည်းငယ်လှုပ်ခတ်သွားပြီး
သူတို့နှစ်ဦးသာကြားနိုင်သည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

"ထိုက်ယန်နတ်ဘုရား.....
ကျွန်တော့်နှလုံးသားကိုတစ်ခါလောက်‌လေးပဲ
ယုံကြည်ပေးလို့မရဘူးလားဟင်.....
တစ်ခေါက်လေးပဲလေ....မရဘူးလား...."

ငိုရှိုက်သံတွေရောထွေးနေသည့် သူ့မေးခွန်းကို
ပြန်ဖြေဖို့ ရှင်းမှာအဖြေမရှိခဲ့ပါ။
' အချစ် '  ဆိုတဲ့အသုံးအနှုန်းက
သူ့တို့ကြားမှာ ရှင်သန်ဖို့မဖြစ်နိုင်တော့ဘူးမဟုတ်လား။
သူ့တုံ့ဆိုင်းမှုကို ဟုန်လင်ကျင်းက
အချိန်အတော်ကြာသည်အထိ မျက်ရည်တြွေပည့်လျှံနေသော
မျက်ဝန်းတွေနှင့်ငေးမောကာ စောင့်စားနေခဲ့သည်။

သူက အပ်ချည်ကြိုးစထက်ပင်ပါးလှပ်‌နေပြီဖြစ်သည့်
မျှော်လင့်ချက်ရောင်ခြည်တန်းလေးကို
ခဲရာခဲဆစ်ဖြင့် ကြိုးစားပန်းစားဆုပ်ကိုင်ကာ
ထပ်မံမေးမြန်းလာပြန်၏။

"ကျွန်တော့်ကိုပြန်ချစ်ဖို့မတောင်းဆိုပါဘူး.....
အခွင့်အရေးလေးတစ်ကြိမ်ပဲ
ထပ်ပေးဖို့တောင်းခံတာပါ.....

ကျွန်တော်....ခင်ဗျားကို မြတ်နိုးလွန်းလို့ပါဗျာ"

နှလုံးအိမ်ထဲထိနာကျင်မှုတွေကူးစက်စေသော
ဟုန်လင်ကျင်းရဲ့အသံ‌တွေကို ဥပက္ခာပြုကာ
ရှင်း ရင်နာနာနှင့်ပင် ငြင်းပယ်ပစ်ခဲ့သည်။

"မင်းလက်ထပ်လိုက်တဲ့အချိန်ကစပြီး
အဲ့ဒီအခွင့်အရေးတွေအားလုံးကို
ဆုံးရှုံးသွားခဲ့ပြီလေ......

ဒီအချိန်မှာ ငါ့ကိုမြတ်နိုးတာထက်
မင်းရဲ့ဇနီးနဲ့ကလေးကိုပဲ တန်ဖိုးထားသင့်တယ်ဆိုတာ
မင်းမေ့နေပြီလား......"

"မဟုတ်ဘူး......ခင်ဗျားလို့ထင်ခဲ့လို့....
သူ့ကိုခင်ဗျားလို့ထင်ခဲ့လို့
လက်ထပ်ခဲ့မိတာပါဗျာ.....

တောင်းပန်ပါတယ်.....
ကျွန်တော့်ကိုနားလည်ပေးပါဗျာ......
ကျေးဇူးပြုပြီး.....နားလည်ပေးပါ"

မာနတရားတွေအားလုံးခဝါချပြီး
့ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးနေသည့်
ဟုန်လင်ကျင်းမှာ မြေပေါ်ပြားပြားဝပ်တော့မတတ်ပင်။
‌သွေးစတချို့စွန်းပေနေတဲ့ သူ့ရဲ့အဖြူရောင်ဝတ်ရုံအောက်နားစလေးကို
ဆွဲယူကာ မျက်နှာအပ်ပြီး ဖြေမဆည်နိုင်အောင်ငို‌ကြွေးနေပေမယ့်
ရှင်း ဥပက္ခာပြုထားလိုက်သည်။
သူသာစိတ်လျော့လိုက်ရင်
လနတ်သမီးရဲ့ဝမ်းကြာတိုက်ထဲမှာရှိနေသည့်
ဟုန်လင်ကျင်းရဲ့ကလေးကို
အပြစ်ပြုရာကျသွားလိမ့်မည်လေ။
ကလေးကအပြစ်မရှိသည်မို့
မိဘနှစ်ပါးရဲ့အရိပ်အောက်မှာ
အေးချမ်းစွာကြီးပြင်းလာသင့်သည်မဟုတ်လား။
သူ့လောဘတစ်ခုတည်းဖြင့်
ထို‌အရိပ်အမြုံလေးပေါ် ချော်ရည်ပူတွေမလောင်းချရက်ပါ။
ထိုကြောင့် နာကျင်လွန်းလို့ပေါက်ကွဲခါနီးဖြစ်နေတဲ့
နှလုံးသားကိုလျစ်လျူရှုကာ
ဟုန်လင်ကျင်းကို တွန်းထုတ်လိုက်တော့သည်။

" ဒီဘဝမှာ မင်းကိုငါဘယ်တော့မှချစ်လာမှာ
မဟုတ်တော့ဘူး....."

စကားဆုံးသည်နှင့် ဓားကိုတဖန်မြှောက်လိုက်ပြန်တဲ့
ရှင်းရဲ့လက်တွေသည် ဟုန်လင်ကျင်းရဲ့ရင်ဝကို
ထိုးစိုက်ဖို့အသင့်ဖြစ်သွားခဲ့သည်။

အစတုန်းကတော့ နှစ်ယောက်အတူသေဖို့
သူတကယ်ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့်
ယခုအချိန်မှာ ဓားကိုမြှောက်လိုက်သည်က
မမွေးရသေးသည့်ကလေးရဲ့မျက်နှာကို
ထောက်ထားသည့်အနေဖြင့်
ကျင်းကို ခြောက်လှန့်ဖို့သာရည်ရွယ်လိုက်ခြင်းဖြစ်သည်။

တကယ်တော့ရှင်းမှာ ဟုန်လင်ကျင်း သူ့ကိုမုန်းသွားပြီး
ဇနီးနှင့်ကလေးကိုပြန်ခေါ်သွားဖို့ပဲ မျှော်လင့်နေမိတာဖြစ်သည်။
စိတ်ကိုအသေအချာထိန်းချုပ်ပြီး
ထွက်သွားဖို့ သူ့စိတ်ထဲကနေ
တိတ်တဆိတ်ဆုတောင်းနေခဲ့မိတာပါ။

သို့ပေမယ့် ဟုန်လင်ကျင်းကရက်စက်သည်။
ရှင်းရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲပြီး
သူ့ရင်ခွင်ထဲသို့ရောက်အောင်ဆွဲသွင်းပစ်လိုက်၏။

တစ်စက္ကန့်၊ နှစ်စက္ကန့်။။။။။။
အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားပေမယ့်
ဟုန်လင်ကျင်းရဲ့ရင်ခွင်ထဲမှာ နစ်မြှုပ်‌နေသည့်
ရှင်းသည်  ရှင်းရာကိုကိုင်ပြီး
‌ကျောက်ရုပ်တစ်ရုပ်ပမာ အေးစက်တောင့်တင်းနေခဲ့သည်။
သူ့အသံတွေသည် တစ်စုံတစ်ရာသော
အားဖြင့်ဖိနှိပ်ခံထားရသည့်နှယ်
တိတ်ဆိတ်နေခဲ့၏။

"တောက်!!!!" ခနဲ ၊ အသံပေး၍ မြေပေါ်ကျသွားသည့်
သွေးစက်တွေသည် ဟုန်လင်ကျင်းရဲ့နှလုံးသားမှသည်
ရှင်းရဲ့ဓားသွားဆီသို့။။။။။။။

ဓားရိုးတစ်ဝက်သည်ပင် ခန္ဓာကိုယ်ထဲတိုးဝင်နေပြီဖြစ်ရာ
ဓားသွားမှာ ဟုန်လင်ကျင်းရဲ့ခန္ဓာကိုယ်တစ်ဖက်တွင်
သွေးတွေရွှဲနစ်ပြီးရှိ‌နေမှာ မြေကြီးလက်ခတ်မလွဲ‌ပေ။

သူက ခပ်ယဲ့ယဲ့လေးပြုံးရင်းနှင့်ပင် ရှင်းကိုမြတ်နိုးမဝစွာစိုက်ကြည့်နေခဲ့သည်။
သူ့အကြည့်တွေသည် ရေနွေးစီးကြောင်းတစ်ခုနှယ်
ရှင်းရဲ့နှလုံးသားအပေါ်ဖြတ်စီးသွားခဲ့၏။

" ခင်ဗျားပြောတဲ့အတိုင်းဆိုရင်......
ဖြတ်သွားဖြတ်လာဆက်ဆံရေးလေးရဖို့အတွက်
ကျွန်တော့်တစ်ဘဝလုံးစောင့်နေခဲ့ရတာပေါ့နော်"

".........."

" ကျေနပ်ရဲ့လားဟင်......
ကျွန်တော့်ကိုသတ်လိုက်ရတာ အားရရဲ့လား......
စိတ်မကျေနပ်သေးရင်ပြောနော်.....

နောက်တစ်ချက်.....မဟုတ်ဘူး....
စိတ်ကျေနပ်တဲ့အထိ ထိုးလို့ရပါတယ်......"

"........"

စကားတစ်ခါပြောတိုင်း ချောင်းတွေအဆက်မပြတ်ဆိုးကာ
သွေးတွေအန်နေသည့် ဟုန်လင်ကျင်းက
တကယ့်အရူးလိုပင်။
ရှင်းရဲ့စိတ်ကိုနားမလည်ပဲ တစ်သက်လုံးနောင်တရနေအောင်
အပြစ်ပေးခဲ့သည်။

ဟုတ်ပါသည်။ ဟုန်လင်ကျင်းပြောတဲ့စကားတွေကမှန်လွန်းပါသည်။ သူ့ကိုသတ်လိုက်သည့်သူက ရှင်းပါပဲ။

မျက်တောင်တစ်ချက်မျှမခတ်ပဲ ဓားနဲ့ရက်ရက်စက်စက်တစ်ချက်တည်း
ထိုးသတ်ခဲ့တာပင်။ သို့ပေမယ့်ထိုဓားမှာရှင်းရာတော့မဟုတ်ပါ။
ရှင်းရာကို ဟုန်လင်ကျင်းရဲ့နှလုံးသွေးနဲ့
ဆေးကြောပစ်ခဲ့သည်ဆိုပေမယ့်
ဟုန်လင်ကျင်းကိုသေအောင်သတ်ဖို့အတွက်
ရှင်းရာကမစွမ်းနိုင်ခဲ့ပါလေ။

ဟုန်လင်ကျင်းကို တကယ်သေစေခဲ့သည့်လက်နက်မှာ

"ဒီဘဝမှာ မင်းကိုငါဘယ်တော့မှချစ်လာမှာ
မဟုတ်တော့ဘူး"

ဆိုသည့်စကားတစ်ခွန်းသာဖြစ်၏။

တုံးအလှသည့်ဟုန်လင်ကျင်းမှာ
'ဒီဘဝမှာမချစ်နိုင်ဘူး' ဟုငြင်းပယ်ခံလိုက်ရချိန်၌
နောက်ဘဝသို့ အလျင်အမြန်ကူးပြောင်းပြီး
ရှင်းရဲ့အချစ်ကိုစောင့်စားနေမှသာ
အခွင့်အရေးရှိတော့မည်ဟု
တွေးတောခဲ့ဟန်တူ၏။။။။

ထိုအချိန်မှစ၍ သုံးလောကကို ကိုင်လှုပ်နိုင်ခဲ့သည့်
နတ်ဆိုးဘုရင်ကြီးဟုန်လင်ကျင်းမှာ
ဤသို့နှယ် သုံးဘုံလောကမှ တိတ်တဆိတ်ထွက်ခွာသွားခဲ့ရလေ‌တော့သည်။။။။။။

© Sun Elf,
книга «The truth untold».
Коментарі