Chapter 25
ႏွလံုးသားရဲ့ေစၫႊန္ရာဆိုတာ
ဘယ္လိုအရာမ်ိဳးပါလိမ့္။။။။။။
ေအးခဲေနတဲ့ေရခဲျမစ္ထဲမွာ
စီးေမ်ာလိုက္ပါေနတဲ့ ေရခဲတံုးေလးေတြကို
ႏွင္းနတ္သားဆီ ပို႔ေဆာင္ေပးျခင္းမ်ိဳးကိုေခၚတာလား။
ဒါမွမဟုတ္ ဓူဝံၾကယ္ကိုေငးေမာၾကၫ့္ေနတဲ့
ကေလးငယ္တစ္ေယာက္ကို
မင္းရဲ့ဖူးစာရွင္ကေျမာက္အရပ္မွာရိွေနတာမို႔
ငါ့ကိုၾကၫ့္မေနပဲ.....သူ႔ကိုသြားရွာပါလို႔
ေျပာတာမ်ိဳးလား။
အခ်စ္ဆိုတာ တခ်ိဳ႕ေသာသူေတြအတြက္
ႀကိဳးစားအားထုတ္မႈမလိုပဲ
ေျဖရွင္းႏိုင္တဲ့ပုစၧာတစ္ပုဒ္ဆိုရင္၊
က်င္းအတြက္ကေတာ့
ထပ္ခါတလဲလဲတြက္ေနေပမယ့္
အေျဖမရိွႏိုင္တဲ့ပုစၧာေလးပါပဲ။
ရင္ေမာရျခင္းေတြကို မ်က္ဝန္းထဲမွာခ်ေရးလိုက္ေတာ့
မ်က္ရည္ေတြက ေရခဲအိုင္ေလးေတြလိုေပၚထြန္းလာခဲ့သည္။
စီးက်လာတဲ့မ်က္ရည္ေတြကို
မီးေတာင္ေခ်ာ္ရည္ေတြလိုပူေနြးေနမယ္လို႔
မွန္းဆခဲ့ေပမယ့္၊ တကယ္တမ္းမွာေတာ့
စိတ္ညို႔ေရကန္ထဲကေရေတြထက္ေတာင္
ပိုေအးေနခဲ့သည္ေလ။
အရာရာဟာ စိတ္ကူးနဲ႔လက္ေတြ ့ကြာျခားလွပါရဲ့။
တစ္ခါတုန္းက သူထင္ခဲ့ဖူးသည္။
ရွန္းရႉးကသာ သူ႔ၾကင္ယာဖက္ျဖစ္လာခဲ့မယ္လို႔ေလ။
ၿပီးေတာ့ သူ႔စိတ္ကူးယဉ္နယ္ေျမထဲက
နတ္ဘုရားေလးကေတာ့
သူသိပ္ခ်စ္ရတဲ့သူျဖစ္လာလိမ့္မယ္လိုေပါ့။
အဲ့ဒါေတြလည္း မမွန္ခဲ့ပါဘူး။။။။။
အခုခ်ိန္မွာ သူခ်စ္မိေနသူက
သူ႔ရွစ္ဇြင္းတဲ့။
ၿပီးေတာ့ သူက သူ႔ၾကင္ယာဖက္အျဖစ္
ရွစ္ဇြင္းကိုေရြးခ်ယ္ခ်င္ေနပါသတဲ့။
လက္ေတြ ့မဆန္ဘူးမလား။
ရယ္စရာေကာင္းေနတယ္မလား။
ဒါေပမယ့္ ခ်စ္မိခဲ့ၿပီပဲ။
ဘယ္လိုစိတ္မ်ိဳးနဲ႔ ဒီခ်စ္ျခင္းေတြကို
ေမ့ပစ္ႏိုင္ပါ့မလဲ။
ေက်ာက္ျဖဴကရားထဲက
သနပ္ခါးပန္းနံ႔သင္းေနတဲ့ေသရည္ကို
တစ္ရိႈက္တည္းအကုန္ေမာ့ေသာက္လိုက္မိေတာ့
ခါးသက္သက္အရသာက
သူ႔ႏွလံုးသားကိုပါ တိုက္စားသြားသလိုပင္။
ဒါေပမယ့္ က်င္းကေခါင္းမာသည္။
ငါးအိုး၊ ေျခာက္အိုးေလာက္အထိ
တစ္ဆက္တည္းေမာ့ေသာက္ပစ္ေနခဲ့သည္ေလ။
ပူေလာင္မႈနဲ႔ခါးသီးမႈကိုသာ
ေပးစြမ္းႏိုင္တဲ့ေသရည္ေတြကို
ဘာေၾကာင့္မက္မက္ေမာေမာေသာက္ေနရသလဲလို႔
ေမးလာရင္......
"ရွစ္ဇြင္း ရက္စက္လြန္းလို႔ပါ"
လို႔ျပန္ေျဖျဖစ္မည္ထင္သည္။
မ်က္လံုးေတြကိုေမွးမိွတ္ရင္း
ေသရည္ရဲ့စြဲထင္မႈမွာမိွန္းေမာလိုက္ပါမိေတာ့
ေန့လယ္တုန္းက ေတြ ့ခဲ့ရသၫ့္
ေၾကာက္မက္ဖြယ္ရာျမင္ကြင္းက
သူ႔ရင္ထဲကိုဓားျဖင့္ထိုးစိုက္လာသည္။
ပုဝါစေတြလြင့္ေျမာကခုန္ေနတဲ့
ေနနန္းေတာ္ထဲမွာ အနမ္းေႁခြေနခဲ့တဲ့
ရွစ္ဇြင္းနဲ႔ခ်ိဳးယြဲ႔ရဲ့ပံုရိပ္တစ္စြန္းတစ္စ။။။။။
သူ႔ကိုေသေစ၊ ရွင္ေစဖို႔
အမိန႔္ခ်မွတ္ႏိုင္တဲ့ထိုအခိုက္အတန႔္ေလးမွာ
သူ႔ႏွလံုးသားတစ္ခုလံုး၊
ဖန္ေဘာလံုးတစ္လံုးကိုပစ္ခ်လိုက္သၫ့္ႏွယ္၊
အစိတ္စိတ္အမႊာမႊာကြဲသြားခဲ့ရတယ္ဆိုတာ
ရွစ္ဇြင္းကေတာ့ သိလိမ့္မည္မထင္။
ေငျြဖဴေရာင္သံခ်ိန္းႀကိဳးေတြကို
သူခ်စ္ရတဲ့ရွစ္ဇြင္းရဲ့လက္ေကာက္ဝတ္ႏွစ္ဖက္မွာ
တြယ္ခ်ိတ္ရင္း၊ ခႏၶာကိုယ္ႏွစ္ခုပူးကပ္ကာ
နမ္းရိႈက္ေနခဲ့တဲ့မိုးနတ္မင္းရဲ့အႏိုင္အထက္ျပဳမႈ။
ထိုအျပဳအမူမွာ သူ႔ရွစ္ဇြင္းကလည္းသာယာခဲ့သည္
ထင္သည္။
အနည္းငယ္မ်ွပင္ ရုန္းကန္ျခင္းမရိွပါပဲ၊
သူ႔အေပၚဖိကပ္ထားတဲ့မိုးနတ္မင္းရဲ့
ခႏၶာကိုယ္ကို သံခ်ိန္းႀကိဳးေတျြဖင့္တုပ္ေနွာင္ခံထားရသၫ့္ၾကားမွ
ေပြ ့ဖက္ထားခဲ့သည္ေလ။
ပိတုန္းေရာင္ဆံႏြယ္ေတြက
အနီေရာင္အိပ္ရာခင္းထက္မွာ
ဖရိုဖရဲျပန႔္ႀကဲေနခဲ့ၿပီး၊ သူအေလးထားခဲ့ရတဲ့
အနီေရာင္ဝတ္ရံုစေတြက ရွစ္ဇြင္းရဲ့ေႂကြရည္သုတ္
ပခံုးသားေပၚမွေလ်ာက်ကာ၊ ခုတင္ေပၚမွာခေညာင္းေနခဲ့သတဲ့။
သြယ္ေျပာင္းလွတဲ့ရွစ္ဇြင္းရဲ့ေျခတံရွည္ေတြေပၚ
အနမ္းမိုးရြာသြန္းေနတဲ့မိုးနတ္မင္းကို
အဲ့ဒီအခ်ိန္က သူဓားနဲ႔ခုတ္ပိုင္းခ်င္ခဲ့တယ္ဆိုတာ
ရွစ္ဇြင္းကေတာ့သိလိမ့္မည္မထင္။
ထိုအနမ္းေတြသည္ တျဖည္းျဖည္းအေပၚသို႔တိုးသြားၿပီး
ရွစ္ဇြင္းရဲ့နဖူးထက္က
နီညိုေရာင္ရွည္ေမ်ာေမ်ာအမွတ္အသားေလးမွာ
အဆံုးသတ္သြားခဲ့သည္။
ဒါေပမယ့္ ရွစ္ဇြင္းကရပ္တန႔္ခ်င္ပံုမေပၚ။
မိုးနတ္မင္းကိုထပ္မံေပြ ့ဖက္ၿပီး
မြတ္သိပ္လွတဲ့အနမ္းေတြ
အဆက္မျပတ္ေပးေနခဲ့သည္။
မလွမ္းမကမ္းမွာရပ္ေနခဲ့တဲ့သူ႔ကိုေတာင္
မျမင္တဲ့အထိ၊ ရွစ္ဇြင္းရဲ့အျပဳအမူေတြက
ရဲတင္းခဲ့တာပါေလ။
ေနာက္ေတာ့ သူဘာလုပ္ခဲ့မိပါလိမ့္။
လွပ္ထားတဲ့ခန္းစီးပုဝါစကိုအသာျပန္ခ်ၿပီး
ေက်ာခိုင္းလွၫ့္ထြက္ခဲ့တယ္ ထင္သည္။
ေနနန္းေတာ္ရဲ့ေဝးရာကို ေရာက္တဲ့အခ်ိန္မွာေတာ့
နတ္ဘုရားနယ္ေျမကေန ေနာက္ျပန္ခုန္ခ်လိုက္ၿပီး
စိတ္ညို႔ေရကန္ထဲခုန္ခ်ခဲ့သည္။
သူ႔ပါးေပၚျဖတ္သြားတဲ့မ်က္ရည္စေတြသည္
ေလရဲ့ပင့္တင္မႈေၾကာင့္
နတ္ဘုရားနယ္ေျမဆီသို႔ျပန္တက္သြားသလိုပင္။
သူ႔ေဘးကေနျဖတ္သြားတဲ့တိမ္စိုင္ေတြနဲ႔
ငွက္ေလးေတြကိုလည္း ဂရုမျပဳႏိုင္ပဲ၊
စိတ္ညို႔ေရကန္ထဲျပဳတ္က်သည္အထိ၊
မ်က္လံုးေတြကိုတင္းက်ပ္စြာမိွတ္ထားၿပီး၊
ခႏၶာကိုယ္ကိုလည္း သူေသပမာျပဳမူခဲ့သည္။
လႈပ္ရွားမႈတစ္ခ်က္မွမရိွ၊ တံု႔ျပန္မႈတစ္ခ်က္မွမရိွပဲ၊
ရပ္တန႔္ေနစဉ္ ေရထဲျပဳတ္က်သြားသၫ့္အတြက္
ႀကီးမားေသာေရလိႈင္းေတြပင္
ထခဲ့ေသးသည္ မဟုတ္လား။
က်င္းသည္ စိတ္ညို႔ေရကန္ေအာက္ေျခရိွ
ေက်ာက္သားနံရံနဲ႔ရိုက္ခတ္မိသည္အထိ
သူျမင္ခဲ့သမ်ွကို အိပ္မက္အျဖစ္ေျပာင္းလဲသြားေစဖို႔
ေမ်ွာ္လင့္ခဲ့သည္။ ဆုေတာင္းခဲ့သည္။
ဒါေပမယ့္ သူ႔ဆုေတာင္းေတြက
အမွန္တကယ္မျဖစ္ခဲ့ပါေလ။
ေက်ာက္သားနံရံေပၚမွာက်ေနခဲ့တဲ့
အျပာေရာင္ရုပ္ေသးရုပ္ေလးလိုပင္၊
သူသည္အခ်ိန္ၾကာျမင့္စြာလွဲေလ်ာင္းရင္း
ငိုေကြၽးေနခဲ့သည္။ အရင္လိုသူ႔ရွစ္ဇြင္းမ်ားလာေခ်ာ့ေလမလားလို႔ေလ။
သူေစာင့္ခဲ့သည္။ ေန့လယ္ကေန ညေနေစာင္းခ်ိန္ထိ။
ဒါေပမယ့္ အနီေရာင္အရိပ္ေလးသည္
ေနနန္းေတာ္ထဲကေန ခြာခ်င္စိတ္ရိွပံုမေပၚ။
အရိပ္ေလးတစ္ခု၊ အသံေလးတစ္စြန္းတစ္စကိုပင္၊
အျပင္သို႔ထြက္ခြင့္မျပဳခဲ့ပါေလ။
မိုးနတ္မင္းထြက္လာၿပီး ေနာက္နာရီအနည္းငယ္ၾကာသၫ့္အခ်ိန္မွ
နတ္ဆိုးအသြင္ယူၿပီး ထြက္လာခဲ့တဲ့
ရွစ္ဇြင္းရဲ့မ်က္ဝန္းထဲမွာ
ၾကည္လဲ့ေနတဲ့မ်က္ရည္စေတြရစ္သိုင္းေနတာ
သူေတြ ့ခဲ့ရသည္။
ဒါေပမယ့္ေပါ့။ အဲ့ဒီမ်က္ရည္စေတြက
သိပ္ကိုခ်ိဳၿမိန္ခဲ့သည္ထင္သည္။
သူ႔ရွစ္ဇြင္းကငိုေနရင္းနဲ႔ပင္၊
တစ္စံုတစ္ခုကိုေတြးဆရင္း
ၿပံဳးေနခဲ့သတဲ့ေလ။
သူ႔ကိုမျမင္ခင္အထိေလးေပါ့။။။။။
သူကသာေတြ ့ခ်င္တဲ့စိတ္ေလးကို
အမွီျပဳျပီး အသြင္သစ္ရေအာင္
ႀကိဳးစားခဲ့ေပမယ့္၊
ရွစ္ဇြင္းကေတာ့သူ႔ကိုေတြ ့ခ်င္စိတ္ရိွေလပံုမေပၚ။
ကန႔္လန႔္ဆန္ေသာစကားေတြနဲ႔သာ
သူ႔ကိုတည္ခင္းဧၫ့္ခံခဲ့သည္။
ၿပီးေတာ့ ေျပာလိုက္ေသးသည္။
"ဝမ္ယြဲ႔လို သံုးေလာကဧကရာဇ္ျဖစ္လာတဲ့အခ်ိန္မွာ
င့ါအခ်စ္ေတြေရာ၊ ငါ့ဘဝပါ
မင္းလက္ထဲထၫ့္ေပးမယ္" တဲ့ေလ။
ၾကၫ့္ရတာေတာ့ ႀကီးျမတ္လွသၫ့္ေဟာ္လင္အရွင္က
မိုးနတ္မင္းကိုအခြင့္အေရးေပးခဲ့သည္ဆိုသည္မွာ၊
ရာထူးဂုဏ္အင္ေၾကာင့္ျဖစ္လိမ့္မည္ထင္သည္။
သို႔ေၾကာင့္သာ သူ႔ကိုလည္းသံုးေလာကဧကရာဇ္
ျဖစ္ေအာင္ႀကိဳးစားခိုင္းတာေနမွာေပါ့။
သူကေတာ့ မဆုတ္မနစ္ႀကိဳးစားမွာပါ။
တစ္ခ်ိန္ခ်ိန္မွာ ရွစ္ဇြင္းကိုသူ႔ရင္ခြင္ထဲမွာ
ေပြ ့ဖက္ထားႏိုင္ဖို႔ ဘယ္လိုအခက္အခဲရိွပါေစ။
သူႀကိဳးစားသြားမွာပင္။
ဒါေပမယ့္ ရွစ္ဇြင္းကဆိုးသည္။
မိုးနတ္မင္းနဲ႔တင္မရပ္တန႔္ပဲ၊ နတ္ဆိုးမေလးေတြကိုပါ
နတ္သားရဲကြၽန္းေခၚသြားၿပီး
အခ်စ္ဗိမၼာန္တည္ေနသတဲ့ေလ။
ဘယ္ေလာက္ေတာင္ ရက္စက္လိုက္တဲ့ရွစ္ဇြင္းပါလဲ။
သူ႔ခံစားခ်က္ကို နည္းနည္းေလးမွ
ဂရုမစိုက္ခ်င္တဲ့၊ အေလးမထားခ်င္တဲ့ရွစ္ဇြင္းမွာ
ႏွလံုးသားမွ ရိွပါရဲ့လားလို႔
ေတြးမိတာလည္းအႀကိမ္ႀကိမ္။
အေတြးေတြရဲ့အဆံုးမွာ လမ္းတစ္စေတာ့ပြင့္ေနခဲ့မယ္ထင္ခဲ့ေပမယ့္၊
အဆံုးသတ္ေရာက္ေတာ့ နံရံတစ္ခ်က္သာ
ရိွေနသတဲ့။
သိပ္ရက္စက္တဲ့အိပ္မက္ပါပဲ။
ရွစ္ဇြင္းနဲ႔ပတ္သတ္ခဲ့သမ်ွက
ရက္စက္လြန္းတဲ့အိပ္မက္ထဲမွာ
ပိတ္ေလွာင္ခံထားရသလိုပင္။
သို႔ေပမယ့္ က်င္းကေတာ့ဘယ္ေတာ့မွ
ထိုအိပ္မက္ကေတာ့ ႏိုးထခ်င္စိတ္မရိွခဲ့ပါေလ။
အေရ႔ွသို႔သာဆက္သြားၿပီး
အိပ္မက္ရဲ့အနက္ရိႈင္းဆံုးေနရာထိ
ထြက္သြားဖို႔ေမ်ွာ္လင့္ေနခဲ့မိသည္။
ဒါမွသာ ရွစ္ဇြင္းကိုအၿမဲတမ္းျမင္ေတြ ့ေနရမွာေလ။
အိပ္မက္ကေနသာ ႏိုးသြားခဲ့ရင္
ဘယ္ေတာ့မျွပန္ေတြ ့ခြင့္မရိွေတာ့ဘူးဆိုေတာ့၊
ရက္စက္တဲ့အိပ္မက္ထဲမွာ ေလ်ွာက္သြားဖို႔ပဲရိွေတာ့တာေပါ့။။။။။။
ရီေဝလာတဲစိတ္ေတြေၾကာင့္
ေသရည္ရဲ့အစြမ္းေတြရစ္ပတ္လာၿပီဆိုတာ
သတိထားမိစဉ္ ျမင္ကြင္းထဲကိုတိုးဝင္လာခဲ့တာက
ျဖဴလြလြပံုရိပ္ေလးတစ္ခု။
"အျဖဴ ...... ေရာင္နတ္ဘုရား........ေလးလား"
ေလးပင္လွတဲ့အသံထြက္ေတြနဲ႔
အျဖတ္ေတာက္မမွန္စြာ ေမးျမန္းခဲ့ေပမယ့္
တစ္ဖက္မွဘာတံု႔ျပန္စကားမွမဆိုပဲ၊
သူ႔မ်က္လံုးေတြေပၚမွာ လက္ဖဝါးေလးျဖင့္ကာဖို႔ႀကိဳးစားလာခဲ့သည္ေလ။
အေမွာက္ကမ႓ာထဲေရာက္သြားစဉ္တစ္ခဏမွာ
သူရုန္းကန္ဖို႔ ႀကိဳးစားမိခဲ့သည္။
ဒါေပမယ့္ တစ္ဖက္လူကအားသန္လြန္းလွပါ၏။
လက္ေလးတစ္ဖက္တည္းနဲ႔
သူ႔လက္ႏွစ္ဖက္လံုးကိုခ်ဳပ္ကိုင္ၿပီး
မလႈပ္ႏိုင္ေအာင္ဖမ္းခ်ဳပ္ထားခဲ့သည္ေလ။
လက္တစ္ဖက္ကိုေတာ့ ယခင္အတိုင္းသူ႔မ်က္လံုးေတြေပၚကာထားခဲ့သၫ့္
ထိုသူက ဘယ္သူမ်ားျဖစ္လိမ့္မလဲလို႔
က်င္းေမးခ်င္ခဲ့သည္။
ဒါေပမယ့္ သူ႔မွာေမးခြင့္မရိွခဲ့ပါ။။။။။။
ေနြးေထြးအိစက္လွတဲ့ႏႈတ္ခမ္းေလးတစ္စံုက
သူ႔ႏႈတ္ခမ္းေတြေပၚမွာ ဖိကပ္ထားခဲ့သၫ့္အတြက္ပင္။
ၾကက္သီးေမႊးေတြပါထသြားေလာက္ေအာင္၊
က်င္းလန႔္သြားမိသည္။
ဘယ္သူကမ်ား ငါ့ကို ဒီလိုျပဳမူရဲတာလဲဆိုတဲ့
ေဒါသနဲ႔ကန္ပစ္လိုက္ဖို႔ ေျခေထာက္ေတြေျမႇာက္လိုက္မိသည္အထိပင္။
သို႔ေသာ္ သူ႔ေျခေထာက္ေတြသည္
လႈပ္ရွားဖို႔မလုပ္ႏိုင္ေလာက္ေအာင္
ရပ္တန႔္သြားခဲ့ရေတာ့သည္။
အဘယ္ေၾကာင့္ဆိုေသာ္ သူ႔နဲ႔နီးကပ္စြာရိွေနခဲ့တဲ့
တစ္ဖက္လူဆီမွ သနပ္ခါးပန္းရနံ႔ေဖ်ာ့ေဖ်ာ့ေလးက
သူ႔ႏွာသီးဖ်ားေပၚ က်ေရာက္လာေသာေၾကာင့္ျဖစ္သည္။
' ရွစ္ဇြင္း?????......'
ေမ်ွာ္လင့္ခ်က္အျပၫ့္ျဖင့္ ထိုသို႔ယံုမွတ္ဖို႔ႀကိဳးစားလိုက္ေပမယ့္၊
ရွစ္ဇြင္းကခႏၶာကိုယ္မရိွတဲ့ဝိဉာဉ္တစ္ခုဆိုတာကို
သတိရလိုက္တဲ့တစ္ခဏမွာေတာ့
သူကမ႓ာႀကီးတစ္ခုလံုးအေမွာင္က်သြားခဲ့သည္။
' ရွစ္ဇြင္းေရ......
ကြၽန္ေတာ့္ကိုရွစ္ဇြင္းက
ႏွစ္သိမ့္အနမ္းတစ္ပြင့္ေပးသြားခဲ့တယ္လို႔
အိပ္မက္မက္တယ္ဗ်ာ......
ျဖစ္ႏိုင္ရင္ေလ ကြၽန္ေတာ္အိပ္မက္ထဲကေန
ျပန္မႏိုးလာခ်င္ေတာ့ဘူး....
ခ်ိဳၿမိန္တဲ့အိပ္မက္ေတြကို
လက္လႊတ္ဖို႔ဆိုတာသိပ္ခက္ခဲလို႔ေလ....... '
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
ဝူရွင္းေရကန္ေဘးမွာရပ္ေနစဉ္
အေနာက္ဘက္မွလြင့္လာခဲ့တဲ့ေျခသံတစ္ခုေၾကာင့္၊
ကိုယ္ကိုအေနာက္လွၫ့္လိုက္ၿပီး၊
လက္ကိုအနည္းငယ္လႈပ္ရွားလိုက္မိသည္။
ထိုခဏ၌
ခ်ိဳးယြဲ႔ရဲ့လက္ေခ်ာင္းေလးေတြရဲ့
လႈပ္ရွားမႈအတိုင္းပင္၊ ဝူရွင္းကန္ထဲမွေရေတြေျမႇာက္တက္လာၿပီး
တစ္ဖက္လူအေပၚသို႔
နဂါးတစ္ေကာင္ပမာရစ္ပတ္ေခြေနွာင္ဖို႔
က်ေရာက္သြားေတာ့သည္။
သူ႔လႈပ္ရွားမႈသည္အလြန္လ်င္ျမန္လွသည္မို႔၊
တစ္ဖက္လူမွာ လႈပ္ရွားဖို႔ပင္အခ်ိန္မရိွေတာ့ပဲ၊
လည္ပင္းေပၚေရာက္လာေတာ့မယ့္
နဂါးရဲ့အစြယ္ေတြနဲ႔ သူ႔ကိုယ္ေပၚရစ္ပတ္လာေတာ့မယ့္
ေရလႊာနဂါးကိုယ္ကိုသာ
စိုက္ၾကၫ့္ေနဖို႔တတ္ႏိုင္ခဲ့သည္ေလ။
သို႔ေပမယ့္ ခ်ိဳးယြဲ႔သည္
နဂါးကိုအေရ႔ွသို႔ဆက္မသြားေစဘဲ၊
လက္ဟန္တစ္ခုအျမန္ဖန္တီးၿပီး
အလ်င္အျမန္ျပန္သိမ္းလိုက္သည္ေလ။
အနက္ေရာင္ဝတ္ရံုရွည္ကိုဝတ္ဆင္ထားၿပီး
ေခါင္းေပၚမွာ ၿခံဳလႊာဖံုးလႊမ္းထားတဲ့
ခေမာက္ကိုေစာင္းထားသၫ့္ သူတစ္ေယာက္။
တစ္ကိုယ္လံုးကို အနက္ေရာင္ျဖင့္ဖံုးလႊမ္းထားသၫ့္
ထိုသူသည္ သူ႔ကိုအျခားသူေတျြမင္မွာ
စိုးရြံ႔ေနသည္ထင္။
လက္အိတ္ေတြဝတ္ဆင္ထားရံုမွ်မက၊ မ်က္ႏွာမွာပါအနက္ေရာင္ပုဝါပါးေလးျဖင့္
ကာရံထားခဲ့သည္ေလ။
ခ်ိဳးယြဲ႔သည္ ထိုသူ႔ကိုအသိအမွတ္ျပဳသၫ့္အေနျဖင့္
ဦးေခါင္းကိုမသိမသာၫႊတ္ၿပီး
ႏႈတ္ဆက္လိုက္သည္။
သို႔ေပမယ့္ သူ႔အျပဳအမူသည္
ရာထူးရာခံတူညီသၫ့္သူအခ်င္းခ်င္း၊
ဝတၲရားအရႏႈတ္ဆက္သၫ့္သေဘာသာ။
ေလးစားမႈေတြေပ်ာ္ဝင္မေနသလို၊
ႏွစ္လိုမႈေတြလည္းထၫ့္ေပါင္းလို႔မထားခဲ့ပါ။
ဝတ္ရံုနက္နဲ႔လူက အရင္စကားစလာသည္။
"မင္းရဲ့ေရစြမ္းအင္က တျဖည္းျဖည္းပိုအစြမ္းထက္လာသလိုပဲေနာ္.....
ေရနတ္သားထက္ေတာင္
ထိန္းခ်ဳပ္ႏိုင္စြမ္းပိုျမင့္ေနေတာ့
အထင္ႀကီးစရာပဲ....."
အသံဖ်က္သၫ့္မႏၲာန္သံုးထားသည္မို႔
ထိုသူ႔အသံက တစ္မ်ိဳးတစ္ဖံုနဲ႔
နားေထာင္ရခက္လွသည္။
သို႔ေပမယ့္ ထိုအသံကိုႏွစ္ေပါင္းမ်ားစြာ
နားေထာင္ခဲ့ရသၫ့္ ခ်ိဳးယြဲ႔အတြက္ေတာ့
ထူးဆန္းလို႔မေနခဲ့ပါေပ။
ခ်ိဳးယြဲ႔က လက္တစ္ဖက္ေဝ႔ွယမ္းၿပီး
ဝူရွင္းကန္ထဲကေရေတြကို
ဥယ်ာဉ္ထဲကပန္းေတြအေပၚသြန္းၿဖိဳးေပးရင္းနဲ႔
သူ႔စကားကိုတံု႔ျပန္လိုက္သည္။
"မင္းဒီစကားေျပာဖို႔အတြက္ငါ့ဆီလာတယ္လို႔
ယံုခိုင္းဖို႔ႀကိဳးစားေနတာေတာ့
မဟုတ္ဘူးမလား"
ေဒါသသံမမည္တဲ့ေဒါသသံေတြနဲ႔
တံု႔ျပန္လာတဲ့ခ်ိဳးယြဲ႔ရဲ့အျပဳအမူကိုျမင္ေတာ့
ဝတ္ရံုနက္နဲ႔လူက ရယ္သည္။
ခံစားခ်က္တစ္ခုတစ္ေလမွေတာင္မပါတဲ့
ရယ္သံေတြမို႔ နားထဲသို႔ဒလိွမ့္ေကာက္ေကြးသာ
ဝင္လာခဲ့သည္။
တစ္ခဏအၾကာမွာေတာ့ ရယ္ေမာျခင္းအမႈအား
ရပ္တန႔္လိုက္ၿပီး သူ႔ဝိဉာဉ္လႊာထဲမွ
အနက္ေရာင္ယပ္ေတာင္ကို
ဆင့္ေခၚကာေလေပၚသို႔ေျမႇာက္ျခင္းျဖင့္
ခ်ိဳးယြဲ႔ျမင္ေအာင္ျပလာသည္။
အနက္ေရာင္အေငြ ့အသက္ေတြဖံုးလႊမ္းေနသၫ့္
ယပ္ေတာင္ေလးသည္ ေလထဲမွာလွပစြာလွၫ့္ပတ္ေနခဲ့သည္မို႔
အစြန္းတစ္ဖက္မွာခ်ိတ္ထားတဲ့
မက္မြန္ပြင့္ပံုဆြဲျပားေလးပါ
ယိမ္းႏြဲ႔ေနခဲ့ရသည္ေလ။
ဆယ္ပတ္ခန႔္လွၫ့္ပတ္ၿပီးသၫ့္ေနာက္မွာေတာ့
ခရုခြံပမာျပန႔္ကားလာၿပီး
အနက္ေရာင္အေငြ ့ေတြကို
ပိုမိုထုတ္လႊတ္ေပးလာခဲ့သည္။
ထိုအေငြ ့မ်ားသည္ ေကာင္းကင္ေပၚသို႔
မီးေျပာက္ေလးတစ္ခုႏွယ္ျမင့္တက္သြားၿပီးမွ
ဝူရွင္းကန္ထဲသို႔ ဒေရာဒပါးျပန္လည္ေျပးဆင္းလာကာ
ပံုရိပ္အခ်ိဳ႕ကို ေရကန္ထက္တြင္
ထင္ဟပ္လာေစသည္။
ခန္းစီးပုဝါပါးပါးေလးေတြလြင့္ေျမာေနသၫ့္
ေနနန္းေတာ္ထဲတြင္ လံုးေထြးေနသၫ့္
အနီေရာင္နဲ႔အျဖဴေရာင္ပံုရိပ္ေလးကို
ကန္ေရျပင္ထက္တြင္ျမင္လိုက္ရသၫ့္
တစ္ခဏ၌ ခ်ိဳးယြဲ႔ရဲ့မ်က္လံုးေတြ
ျပဴးက်ယ္သြားရေတာ့သည္။
သူသည္မတရားခံလိုက္ရသူတစ္ေယာက္အလား၊
ေသြးေၾကာေတြထင္းေနသၫ့္
လက္ေတြကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္ၿပီး
စူးရွလြန္းတဲ့မ်က္ဝန္းေတြနဲ႔
ဝတ္ရံုနက္နဲ႔လူကိုၾကၫ့္လိုက္သည္။
ထိုအၾကၫ့္ထဲတြင္ သတ္ျဖတ္ေနသၫ့္အရိပ္ေတြ
ေရာေထြးေနခဲ့သည္။
ထို႔ျပင္ ယူႀကံဳးမရျဖစ္ေနမႈမ်ားလည္း
ေပ်ာ္ဝင္ေနခဲ့၏။
သူ႔ျဖစ္အင္ကိုၾကၫ့္ၿပီးဝတ္ရံုနက္နဲ႔လူကဆိုသည္။
"ငါ ဒီပံုရိပ္ေယာင္ေတြကို
အိမ္ေရ႔ွစံျမင္ေအာင္
အမ်ားႀကီးႀကိဳးစားခဲ့ရတယ္ဆိုတာ
မင္းသိရဲ့လား"
"ဘာ!!!!!"
ဟိန္းထြက္သြားသၫ့္ေဒါသသံေတြကို
ဝတ္ရံုနက္နဲ႔လူက အနည္းငယ္မ်ွပင္
ဂရုမစိုက္။ သူေျပာခ်င္ရာသာဆက္ေျပာေနခဲ့သည္။
"အဲ့ဒီတစ္ေယာက္က.....
ငါ့ဖန္တီးမႈေတြကိုအလကားမျဖစ္ေစခဲ့ဘူး....
ဒါေတြကိုတကယ္လို႔ထင္မွတ္သြားတဲ့အျပင္
မင္းတို႔ႏွစ္ေယာက္အေပၚမွာ
အၿငိဳးေတြေတာင္ထားသြားသတဲ့ေလ......"
"........"
"မင္းသိလား ခ်ိဳးယြဲ႔......
အခုလိုျမင္လိုက္ရေတာ့ ေဟာ္လင္အရွင္သခင္က
ဂုဏ္သိကၡာမရိွေတာ့တဲ့သူတစ္ေယာက္လိုပဲေနာ္....
ေျပာလို႔ေျပာတာမဟုတ္ဘူး
ငါေတာင္ဖန္တီးေနရင္းနဲ႔
သူ႔ရဲ့ခ်ယ္ရီေရာင္ႏႈတ္ခမ္းေတြၾကားမွာ
ယစ္မူးခ်င္လာမိတယ္.....
မင္းတို႔ သူ႔ကိုစြဲလန္းေနတာလည္း
အထူးအဆန္းေတာ့မဟုတ္ပါဘူးေလ"
"မင္း ပါးစပ္ပိတ္ထား!!!!"
ၾကားေနရတဲ့စကားေတြရဲ့
ထိုးစစ္ဆင္မႈကိုသည္းမခံႏိုင္ေတာ့သၫ့္အလား။
ခ်ိဳးယြဲ႔သည္ က်ယ္ေလာင္စြာေအာ္ဟစ္ကာ
ေဘးမွာရိွသၫ့္ေက်ာက္ထိုင္ခံုတစ္ခုကို
ဝတ္ရံုနက္နဲ႔လူဆီ ကန္ထုတ္လိုက္ေတာ့သည္။
ထိုသူက ကိုယ္ကိုအနည္းငယ္ေစာင္းၿပီး
ထိုင္ခံုကိုေရွာင္ကာ
ေလေပၚမွာ ပ်ံဝဲေနေသးသၫ့္
ယပ္ေတာင္ကိုဆင့္ေခၚလိုက္၏။
အနက္ေရာင္ယပ္ေတာင္ေလးသည္
သူ႔လက္ထဲသို႔ျပန္လည္ေရာက္ရိွလာၿပီး
ဓားတစ္ေခ်ာင္းအျဖစ္ေျပာင္းသြားကာ
ေဒါသတႀကီးနဲ႔သူ႔ဆီခုန္အုပ္လာသၫ့္
ခ်ိဳးယြဲ႔ရဲ့လည္ပင္းေပၚသို႔ ေရာက္သြားခဲ့သည္။
"မင္းရႈံးျပန္ၿပီ....."
ဝတ္ရံုနက္နဲ႔လူကခ်ိဳးယြဲ႔ကို
ေလွာင္ေျပာင္သံျဖင့္ေျပာဆိုကာ
ဓားကိုျဖည္းျဖည္းခ်င္းျပန္ရုတ္ေပးလိုက္သည္။
ခ်ိဳးယြဲ႔ကလည္း သူ႔ကိုဆက္လက္တိုက္ခိုက္ျခင္းမရိွ။
တစ္စံုတစ္ခုကိုသတိရသြားသၫ့္ႏွယ္၊
အသက္ျပင္းျပင္းရႈထုတ္လိုက္ၿပီး
ေက်ာခိုင္းထြက္ခြာသြားခဲ့သည္ေလ။
သူသည္ ေက်ာခိုင္းထားရက္နဲ႔ပင္
ဝတ္ရံုနက္နဲ႔သူကို မေျပာမျဖစ္သၫ့္စကားတစ္ခြန္းေတာ့
ေျပာခဲ့ပါေသးသည္။
"ေနာက္တစ္ခါ ရွစ္ဇြင္းကိုထိခိုက္ေစမယ့္
ဘယ္လိုကိစၥမ်ိဳးကိုမဆို
ငါခြင့္ျပဳမယ္လို႔မထင္လိုက္နဲ႔.....
မဟုတ္ရင္ ငါေနာက္တစ္ခါဓားကိုင္ရလိမ့္မယ္"
ေဝးသထက္ေဝးသြားျပီတဲ့
အျဖဴေရာင္အရိပ္ေလးကိုျကၫ့္ၿပီး ဝတ္ရံုနက္နဲ႔လူကၿပံဳးသည္။
ထိုအၿပံဳးသည္မဲ့ၿပံဳးသာ။
ခုနတုန္းက သူ႔ကိုခ်ိဳးယြဲ႔အေလ်ာ့ေပးလိုက္တာကို
သူသိသည္။ ခ်ိဳးယြဲ႔ရဲ့တိုက္ခိုက္မႈစြမ္းအားက
အရမ္းျမင့္ၿပီး သူ႔ကိုမက္မြန္ပြင့္လႊာတစ္ခုကို
ဓားနဲ႔ပိုင္းျဖတ္သလို၊ လြယ္ကူစြာသတ္ႏိုင္၏။
ဒါေပမယ့္ ဓားနဲ႔ပတ္သတ္ၿပီး
အတိတ္ဆိုးေတြပိုင္ဆိုင္ထားသၫ့္
ခ်ိဳးယြဲ႔သည္ သူအကြၽမ္းက်င္ဆံုးေသာ
ဓားသိုင္းကိုလက္လြတ္ကာ
ေရစြမ္းအင္ကိုအစားထိုးေလ့က်င့္ခဲ့သည္ေလ။
သူ႔ရွစ္ဇြင္းရဲ့စကားတစ္ခြန္းတည္းနဲ႔
အျမတ္ႏိုးရဆံုးဓားကိုေတာင္
စြန႔္လႊတ္ခဲ့တယ္ဆိုေတာ့
ခ်ိဳးယြဲ႔ရဲ့စိတ္က ပံုမွန္မွဟုတ္ပါရဲ့လား။။။။။။
ေတြးစရာေတာ့ျဖစ္ေလၿပီ။။။။။။။
Unicode:
နှလုံးသားရဲ့စေညွှန်ရာဆိုတာ
ဘယ်လိုအရာမျိုးပါလိမ့်။။။။။။
အေးခဲနေတဲ့ရေခဲမြစ်ထဲမှာ
စီးမျောလိုက်ပါနေတဲ့ ရေခဲတုံးလေးတွေကို
နှင်းနတ်သားဆီ ပို့ဆောင်ပေးခြင်းမျိုးကိုခေါ်တာလား။
ဒါမှမဟုတ် ဓူဝံကြယ်ကိုငေးမောကြည့်နေတဲ့
ကလေးငယ်တစ်ယောက်ကို
မင်းရဲ့ဖူးစာရှင်ကမြောက်အရပ်မှာရှိနေတာမို့
ငါ့ကိုကြည့်မနေပဲ.....သူ့ကိုသွားရှာပါလို့
ပြောတာမျိုးလား။
အချစ်ဆိုတာ တချို့သောသူတွေအတွက်
ကြိုးစားအားထုတ်မှုမလိုပဲ
ဖြေရှင်းနိုင်တဲ့ပုစ္ဆာတစ်ပုဒ်ဆိုရင်၊
ကျင်းအတွက်ကတော့
ထပ်ခါတလဲလဲတွက်နေပေမယ့်
အဖြေမရှိနိုင်တဲ့ပုစ္ဆာလေးပါပဲ။
ရင်မောရခြင်းတွေကို မျက်ဝန်းထဲမှာချရေးလိုက်တော့
မျက်ရည်တွေက ရေခဲအိုင်လေးတွေလိုပေါ်ထွန်းလာခဲ့သည်။
စီးကျလာတဲ့မျက်ရည်တွေကို
မီးတောင်ချော်ရည်တွေလိုပူနွေးနေမယ်လို့
မှန်းဆခဲ့ပေမယ့်၊ တကယ်တမ်းမှာတော့
စိတ်ညို့ရေကန်ထဲကရေတွေထက်တောင်
ပိုအေးနေခဲ့သည်လေ။
အရာရာဟာ စိတ်ကူးနဲ့လက်တွေ့ကွာခြားလှပါရဲ့။
တစ်ခါတုန်းက သူထင်ခဲ့ဖူးသည်။
ရှန်းရှူးကသာ သူ့ကြင်ယာဖက်ဖြစ်လာခဲ့မယ်လို့လေ။
ပြီးတော့ သူ့စိတ်ကူးယဉ်နယ်မြေထဲက
နတ်ဘုရားလေးကတော့
သူသိပ်ချစ်ရတဲ့သူဖြစ်လာလိမ့်မယ်လိုပေါ့။
အဲ့ဒါတွေလည်း မမှန်ခဲ့ပါဘူး။။။။။
အခုချိန်မှာ သူချစ်မိနေသူက
သူ့ရှစ်ဇွင်းတဲ့။
ပြီးတော့ သူက သူ့ကြင်ယာဖက်အဖြစ်
ရှစ်ဇွင်းကိုရွေးချယ်ချင်နေပါသတဲ့။
လက်တွေ့မဆန်ဘူးမလား။
ရယ်စရာကောင်းနေတယ်မလား။
ဒါပေမယ့် ချစ်မိခဲ့ပြီပဲ။
ဘယ်လိုစိတ်မျိုးနဲ့ ဒီချစ်ခြင်းတွေကို
မေ့ပစ်နိုင်ပါ့မလဲ။
ကျောက်ဖြူကရားထဲက
သနပ်ခါးပန်းနံ့သင်းနေတဲ့သေရည်ကို
တစ်ရှိုက်တည်းအကုန်မော့သောက်လိုက်မိတော့
ခါးသက်သက်အရသာက
သူ့နှလုံးသားကိုပါ တိုက်စားသွားသလိုပင်။
ဒါပေမယ့် ကျင်းကခေါင်းမာသည်။
ငါးအိုး၊ ခြောက်အိုးလောက်အထိ
တစ်ဆက်တည်းမော့သောက်ပစ်နေခဲ့သည်လေ။
ပူလောင်မှုနဲ့ခါးသီးမှုကိုသာ
ပေးစွမ်းနိုင်တဲ့သေရည်တွေကို
ဘာကြောင့်မက်မက်မောမောသောက်နေရသလဲလို့
မေးလာရင်......
"ရှစ်ဇွင်း ရက်စက်လွန်းလို့ပါ"
လို့ပြန်ဖြေဖြစ်မည်ထင်သည်။
မျက်လုံးတွေကိုမှေးမှိတ်ရင်း
သေရည်ရဲ့စွဲထင်မှုမှာမှိန်းမောလိုက်ပါမိတော့
နေ့လယ်တုန်းက တွေ့ခဲ့ရသည့်
ကြောက်မက်ဖွယ်ရာမြင်ကွင်းက
သူ့ရင်ထဲကိုဓားဖြင့်ထိုးစိုက်လာသည်။
ပုဝါစတွေလွင့်မြောကခုန်နေတဲ့
နေနန်းတော်ထဲမှာ အနမ်းခြွေနေခဲ့တဲ့
ရှစ်ဇွင်းနဲ့ချိုးယွဲ့ရဲ့ပုံရိပ်တစ်စွန်းတစ်စ။။။။။
သူ့ကိုသေစေ၊ ရှင်စေဖို့
အမိန့်ချမှတ်နိုင်တဲ့ထိုအခိုက်အတန့်လေးမှာ
သူ့နှလုံးသားတစ်ခုလုံး၊
ဖန်ဘောလုံးတစ်လုံးကိုပစ်ချလိုက်သည့်နှယ်၊
အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့ရတယ်ဆိုတာ
ရှစ်ဇွင်းကတော့ သိလိမ့်မည်မထင်။
ငြွေဖူရောင်သံချိန်းကြိုးတွေကို
သူချစ်ရတဲ့ရှစ်ဇွင်းရဲ့လက်ကောက်ဝတ်နှစ်ဖက်မှာ
တွယ်ချိတ်ရင်း၊ ခန္ဓာကိုယ်နှစ်ခုပူးကပ်ကာ
နမ်းရှိုက်နေခဲ့တဲ့မိုးနတ်မင်းရဲ့အနိုင်အထက်ပြုမှု။
ထိုအပြုအမူမှာ သူ့ရှစ်ဇွင်းကလည်းသာယာခဲ့သည်
ထင်သည်။
အနည်းငယ်မျှပင် ရုန်းကန်ခြင်းမရှိပါပဲ၊
သူ့အပေါ်ဖိကပ်ထားတဲ့မိုးနတ်မင်းရဲ့
ခန္ဓာကိုယ်ကို သံချိန်းကြိုးတြွေဖင့်တုပ်နှောင်ခံထားရသည့်ကြားမှ
ပွေ့ဖက်ထားခဲ့သည်လေ။
ပိတုန်းရောင်ဆံနွယ်တွေက
အနီရောင်အိပ်ရာခင်းထက်မှာ
ဖရိုဖရဲပြန့်ကြဲနေခဲ့ပြီး၊ သူအလေးထားခဲ့ရတဲ့
အနီရောင်ဝတ်ရုံစတွေက ရှစ်ဇွင်းရဲ့ကြွေရည်သုတ်
ပခုံးသားပေါ်မှလျောကျကာ၊ ခုတင်ပေါ်မှာခညောင်းနေခဲ့သတဲ့။
သွယ်ပြောင်းလှတဲ့ရှစ်ဇွင်းရဲ့ခြေတံရှည်တွေပေါ်
အနမ်းမိုးရွာသွန်းနေတဲ့မိုးနတ်မင်းကို
အဲ့ဒီအချိန်က သူဓားနဲ့ခုတ်ပိုင်းချင်ခဲ့တယ်ဆိုတာ
ရှစ်ဇွင်းကတော့သိလိမ့်မည်မထင်။
ထိုအနမ်းတွေသည် တဖြည်းဖြည်းအပေါ်သို့တိုးသွားပြီး
ရှစ်ဇွင်းရဲ့နဖူးထက်က
နီညိုရောင်ရှည်မျောမျောအမှတ်အသားလေးမှာ
အဆုံးသတ်သွားခဲ့သည်။
ဒါပေမယ့် ရှစ်ဇွင်းကရပ်တန့်ချင်ပုံမပေါ်။
မိုးနတ်မင်းကိုထပ်မံပွေ့ဖက်ပြီး
မွတ်သိပ်လှတဲ့အနမ်းတွေ
အဆက်မပြတ်ပေးနေခဲ့သည်။
မလှမ်းမကမ်းမှာရပ်နေခဲ့တဲ့သူ့ကိုတောင်
မမြင်တဲ့အထိ၊ ရှစ်ဇွင်းရဲ့အပြုအမူတွေက
ရဲတင်းခဲ့တာပါလေ။
နောက်တော့ သူဘာလုပ်ခဲ့မိပါလိမ့်။
လှပ်ထားတဲ့ခန်းစီးပုဝါစကိုအသာပြန်ချပြီး
ကျောခိုင်းလှည့်ထွက်ခဲ့တယ် ထင်သည်။
နေနန်းတော်ရဲ့ဝေးရာကို ရောက်တဲ့အချိန်မှာတော့
နတ်ဘုရားနယ်မြေကနေ နောက်ပြန်ခုန်ချလိုက်ပြီး
စိတ်ညို့ရေကန်ထဲခုန်ချခဲ့သည်။
သူ့ပါးပေါ်ဖြတ်သွားတဲ့မျက်ရည်စတွေသည်
လေရဲ့ပင့်တင်မှုကြောင့်
နတ်ဘုရားနယ်မြေဆီသို့ပြန်တက်သွားသလိုပင်။
သူ့ဘေးကနေဖြတ်သွားတဲ့တိမ်စိုင်တွေနဲ့
ငှက်လေးတွေကိုလည်း ဂရုမပြုနိုင်ပဲ၊
စိတ်ညို့ရေကန်ထဲပြုတ်ကျသည်အထိ၊
မျက်လုံးတွေကိုတင်းကျပ်စွာမှိတ်ထားပြီး၊
ခန္ဓာကိုယ်ကိုလည်း သူသေပမာပြုမူခဲ့သည်။
လှုပ်ရှားမှုတစ်ချက်မှမရှိ၊ တုံ့ပြန်မှုတစ်ချက်မှမရှိပဲ၊
ရပ်တန့်နေစဉ် ရေထဲပြုတ်ကျသွားသည့်အတွက်
ကြီးမားသောရေလှိုင်းတွေပင်
ထခဲ့သေးသည် မဟုတ်လား။
ကျင်းသည် စိတ်ညို့ရေကန်အောက်ခြေရှိ
ကျောက်သားနံရံနဲ့ရိုက်ခတ်မိသည်အထိ
သူမြင်ခဲ့သမျှကို အိပ်မက်အဖြစ်ပြောင်းလဲသွားစေဖို့
မျှော်လင့်ခဲ့သည်။ ဆုတောင်းခဲ့သည်။
ဒါပေမယ့် သူ့ဆုတောင်းတွေက
အမှန်တကယ်မဖြစ်ခဲ့ပါလေ။
ကျောက်သားနံရံပေါ်မှာကျနေခဲ့တဲ့
အပြာရောင်ရုပ်သေးရုပ်လေးလိုပင်၊
သူသည်အချိန်ကြာမြင့်စွာလှဲလျောင်းရင်း
ငိုကျွေးနေခဲ့သည်။ အရင်လိုသူ့ရှစ်ဇွင်းများလာချော့လေမလားလို့လေ။
သူစောင့်ခဲ့သည်။ နေ့လယ်ကနေ ညနေစောင်းချိန်ထိ။
ဒါပေမယ့် အနီရောင်အရိပ်လေးသည်
နေနန်းတော်ထဲကနေ ခွာချင်စိတ်ရှိပုံမပေါ်။
အရိပ်လေးတစ်ခု၊ အသံလေးတစ်စွန်းတစ်စကိုပင်၊
အပြင်သို့ထွက်ခွင့်မပြုခဲ့ပါလေ။
မိုးနတ်မင်းထွက်လာပြီး နောက်နာရီအနည်းငယ်ကြာသည့်အချိန်မှ
နတ်ဆိုးအသွင်ယူပြီး ထွက်လာခဲ့တဲ့
ရှစ်ဇွင်းရဲ့မျက်ဝန်းထဲမှာ
ကြည်လဲ့နေတဲ့မျက်ရည်စတွေရစ်သိုင်းနေတာ
သူတွေ့ခဲ့ရသည်။
ဒါပေမယ့်ပေါ့။ အဲ့ဒီမျက်ရည်စတွေက
သိပ်ကိုချိုမြိန်ခဲ့သည်ထင်သည်။
သူ့ရှစ်ဇွင်းကငိုနေရင်းနဲ့ပင်၊
တစ်စုံတစ်ခုကိုတွေးဆရင်း
ပြုံးနေခဲ့သတဲ့လေ။
သူ့ကိုမမြင်ခင်အထိလေးပေါ့။။။။။
သူကသာတွေ့ချင်တဲ့စိတ်လေးကို
အမှီပြုပြီး အသွင်သစ်ရအောင်
ကြိုးစားခဲ့ပေမယ့်၊
ရှစ်ဇွင်းကတော့သူ့ကိုတွေ့ချင်စိတ်ရှိလေပုံမပေါ်။
ကန့်လန့်ဆန်သောစကားတွေနဲ့သာ
သူ့ကိုတည်ခင်းဧည့်ခံခဲ့သည်။
ပြီးတော့ ပြောလိုက်သေးသည်။
"ဝမ်ယွဲ့လို သုံးလောကဧကရာဇ်ဖြစ်လာတဲ့အချိန်မှာ
င့ါအချစ်တွေရော၊ ငါ့ဘဝပါ
မင်းလက်ထဲထည့်ပေးမယ်" တဲ့လေ။
ကြည့်ရတာတော့ ကြီးမြတ်လှသည့်ဟော်လင်အရှင်က
မိုးနတ်မင်းကိုအခွင့်အရေးပေးခဲ့သည်ဆိုသည်မှာ၊
ရာထူးဂုဏ်အင်ကြောင့်ဖြစ်လိမ့်မည်ထင်သည်။
သို့ကြောင့်သာ သူ့ကိုလည်းသုံးလောကဧကရာဇ်
ဖြစ်အောင်ကြိုးစားခိုင်းတာနေမှာပေါ့။
သူကတော့ မဆုတ်မနစ်ကြိုးစားမှာပါ။
တစ်ချိန်ချိန်မှာ ရှစ်ဇွင်းကိုသူ့ရင်ခွင်ထဲမှာ
ပွေ့ဖက်ထားနိုင်ဖို့ ဘယ်လိုအခက်အခဲရှိပါစေ။
သူကြိုးစားသွားမှာပင်။
ဒါပေမယ့် ရှစ်ဇွင်းကဆိုးသည်။
မိုးနတ်မင်းနဲ့တင်မရပ်တန့်ပဲ၊ နတ်ဆိုးမလေးတွေကိုပါ
နတ်သားရဲကျွန်းခေါ်သွားပြီး
အချစ်ဗိမ္မာန်တည်နေသတဲ့လေ။
ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ရှစ်ဇွင်းပါလဲ။
သူ့ခံစားချက်ကို နည်းနည်းလေးမှ
ဂရုမစိုက်ချင်တဲ့၊ အလေးမထားချင်တဲ့ရှစ်ဇွင်းမှာ
နှလုံးသားမှ ရှိပါရဲ့လားလို့
တွေးမိတာလည်းအကြိမ်ကြိမ်။
အတွေးတွေရဲ့အဆုံးမှာ လမ်းတစ်စတော့ပွင့်နေခဲ့မယ်ထင်ခဲ့ပေမယ့်၊
အဆုံးသတ်ရောက်တော့ နံရံတစ်ချက်သာ
ရှိနေသတဲ့။
သိပ်ရက်စက်တဲ့အိပ်မက်ပါပဲ။
ရှစ်ဇွင်းနဲ့ပတ်သတ်ခဲ့သမျှက
ရက်စက်လွန်းတဲ့အိပ်မက်ထဲမှာ
ပိတ်လှောင်ခံထားရသလိုပင်။
သို့ပေမယ့် ကျင်းကတော့ဘယ်တော့မှ
ထိုအိပ်မက်ကတော့ နိုးထချင်စိတ်မရှိခဲ့ပါလေ။
အရှေ့သို့သာဆက်သွားပြီး
အိပ်မက်ရဲ့အနက်ရှိုင်းဆုံးနေရာထိ
ထွက်သွားဖို့မျှော်လင့်နေခဲ့မိသည်။
ဒါမှသာ ရှစ်ဇွင်းကိုအမြဲတမ်းမြင်တွေ့နေရမှာလေ။
အိပ်မက်ကနေသာ နိုးသွားခဲ့ရင်
ဘယ်တော့မြှပန်တွေ့ခွင့်မရှိတော့ဘူးဆိုတော့၊
ရက်စက်တဲ့အိပ်မက်ထဲမှာ လျှောက်သွားဖို့ပဲရှိတော့တာပေါ့။။။။။။
ရီဝေလာတဲစိတ်တွေကြောင့်
သေရည်ရဲ့အစွမ်းတွေရစ်ပတ်လာပြီဆိုတာ
သတိထားမိစဉ် မြင်ကွင်းထဲကိုတိုးဝင်လာခဲ့တာက
ဖြူလွလွပုံရိပ်လေးတစ်ခု။
"အဖြူ ...... ရောင်နတ်ဘုရား........လေးလား"
လေးပင်လှတဲ့အသံထွက်တွေနဲ့
အဖြတ်တောက်မမှန်စွာ မေးမြန်းခဲ့ပေမယ့်
တစ်ဖက်မှဘာတုံ့ပြန်စကားမှမဆိုပဲ၊
သူ့မျက်လုံးတွေပေါ်မှာ လက်ဖဝါးလေးဖြင့်ကာဖို့ကြိုးစားလာခဲ့သည်လေ။
အမှောက်ကမ္ဘာထဲရောက်သွားစဉ်တစ်ခဏမှာ
သူရုန်းကန်ဖို့ ကြိုးစားမိခဲ့သည်။
ဒါပေမယ့် တစ်ဖက်လူကအားသန်လွန်းလှပါ၏။
လက်လေးတစ်ဖက်တည်းနဲ့
သူ့လက်နှစ်ဖက်လုံးကိုချုပ်ကိုင်ပြီး
မလှုပ်နိုင်အောင်ဖမ်းချုပ်ထားခဲ့သည်လေ။
လက်တစ်ဖက်ကိုတော့ ယခင်အတိုင်းသူ့မျက်လုံးတွေပေါ်ကာထားခဲ့သည့်
ထိုသူက ဘယ်သူများဖြစ်လိမ့်မလဲလို့
ကျင်းမေးချင်ခဲ့သည်။
ဒါပေမယ့် သူ့မှာမေးခွင့်မရှိခဲ့ပါ။။။။။။
နွေးထွေးအိစက်လှတဲ့နှုတ်ခမ်းလေးတစ်စုံက
သူ့နှုတ်ခမ်းတွေပေါ်မှာ ဖိကပ်ထားခဲ့သည့်အတွက်ပင်။
ကြက်သီးမွှေးတွေပါထသွားလောက်အောင်၊
ကျင်းလန့်သွားမိသည်။
ဘယ်သူကများ ငါ့ကို ဒီလိုပြုမူရဲတာလဲဆိုတဲ့
ဒေါသနဲ့ကန်ပစ်လိုက်ဖို့ ခြေထောက်တွေမြှောက်လိုက်မိသည်အထိပင်။
သို့သော် သူ့ခြေထောက်တွေသည်
လှုပ်ရှားဖို့မလုပ်နိုင်လောက်အောင်
ရပ်တန့်သွားခဲ့ရတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ့နဲ့နီးကပ်စွာရှိနေခဲ့တဲ့
တစ်ဖက်လူဆီမှ သနပ်ခါးပန်းရနံ့ဖျော့ဖျော့လေးက
သူ့နှာသီးဖျားပေါ် ကျရောက်လာသောကြောင့်ဖြစ်သည်။
' ရှစ်ဇွင်း?????......'
မျှော်လင့်ချက်အပြည့်ဖြင့် ထိုသို့ယုံမှတ်ဖို့ကြိုးစားလိုက်ပေမယ့်၊
ရှစ်ဇွင်းကခန္ဓာကိုယ်မရှိတဲ့ဝိဉာဉ်တစ်ခုဆိုတာကို
သတိရလိုက်တဲ့တစ်ခဏမှာတော့
သူကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားခဲ့သည်။
' ရှစ်ဇွင်းရေ......
ကျွန်တော့်ကိုရှစ်ဇွင်းက
နှစ်သိမ့်အနမ်းတစ်ပွင့်ပေးသွားခဲ့တယ်လို့
အိပ်မက်မက်တယ်ဗျာ......
ဖြစ်နိုင်ရင်လေ ကျွန်တော်အိပ်မက်ထဲကနေ
ပြန်မနိုးလာချင်တော့ဘူး....
ချိုမြိန်တဲ့အိပ်မက်တွေကို
လက်လွှတ်ဖို့ဆိုတာသိပ်ခက်ခဲလို့လေ....... '
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
ဝူရှင်းရေကန်ဘေးမှာရပ်နေစဉ်
အနောက်ဘက်မှလွင့်လာခဲ့တဲ့ခြေသံတစ်ခုကြောင့်၊
ကိုယ်ကိုအနောက်လှည့်လိုက်ပြီး၊
လက်ကိုအနည်းငယ်လှုပ်ရှားလိုက်မိသည်။
ထိုခဏ၌
ချိုးယွဲ့ရဲ့လက်ချောင်းလေးတွေရဲ့
လှုပ်ရှားမှုအတိုင်းပင်၊ ဝူရှင်းကန်ထဲမှရေတွေမြှောက်တက်လာပြီး
တစ်ဖက်လူအပေါ်သို့
နဂါးတစ်ကောင်ပမာရစ်ပတ်ခွေနှောင်ဖို့
ကျရောက်သွားတော့သည်။
သူ့လှုပ်ရှားမှုသည်အလွန်လျင်မြန်လှသည်မို့၊
တစ်ဖက်လူမှာ လှုပ်ရှားဖို့ပင်အချိန်မရှိတော့ပဲ၊
လည်ပင်းပေါ်ရောက်လာတော့မယ့်
နဂါးရဲ့အစွယ်တွေနဲ့ သူ့ကိုယ်ပေါ်ရစ်ပတ်လာတော့မယ့်
ရေလွှာနဂါးကိုယ်ကိုသာ
စိုက်ကြည့်နေဖို့တတ်နိုင်ခဲ့သည်လေ။
သို့ပေမယ့် ချိုးယွဲ့သည်
နဂါးကိုအရှေ့သို့ဆက်မသွားစေဘဲ၊
လက်ဟန်တစ်ခုအမြန်ဖန်တီးပြီး
အလျင်အမြန်ပြန်သိမ်းလိုက်သည်လေ။
အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး
ခေါင်းပေါ်မှာ ခြုံလွှာဖုံးလွှမ်းထားတဲ့
ခမောက်ကိုစောင်းထားသည့် သူတစ်ယောက်။
တစ်ကိုယ်လုံးကို အနက်ရောင်ဖြင့်ဖုံးလွှမ်းထားသည့်
ထိုသူသည် သူ့ကိုအခြားသူတြွေမင်မှာ
စိုးရွံ့နေသည်ထင်။
လက်အိတ်တွေဝတ်ဆင်ထားရုံမျှမက၊ မျက်နှာမှာပါအနက်ရောင်ပုဝါပါးလေးဖြင့်
ကာရံထားခဲ့သည်လေ။
ချိုးယွဲ့သည် ထိုသူ့ကိုအသိအမှတ်ပြုသည့်အနေဖြင့်
ဦးခေါင်းကိုမသိမသာညွှတ်ပြီး
နှုတ်ဆက်လိုက်သည်။
သို့ပေမယ့် သူ့အပြုအမူသည်
ရာထူးရာခံတူညီသည့်သူအချင်းချင်း၊
ဝတ္တရားအရနှုတ်ဆက်သည့်သဘောသာ။
လေးစားမှုတွေပျော်ဝင်မနေသလို၊
နှစ်လိုမှုတွေလည်းထည့်ပေါင်းလို့မထားခဲ့ပါ။
ဝတ်ရုံနက်နဲ့လူက အရင်စကားစလာသည်။
"မင်းရဲ့ရေစွမ်းအင်က တဖြည်းဖြည်းပိုအစွမ်းထက်လာသလိုပဲနော်.....
ရေနတ်သားထက်တောင်
ထိန်းချုပ်နိုင်စွမ်းပိုမြင့်နေတော့
အထင်ကြီးစရာပဲ....."
အသံဖျက်သည့်မန္တာန်သုံးထားသည်မို့
ထိုသူ့အသံက တစ်မျိုးတစ်ဖုံနဲ့
နားထောင်ရခက်လှသည်။
သို့ပေမယ့် ထိုအသံကိုနှစ်ပေါင်းများစွာ
နားထောင်ခဲ့ရသည့် ချိုးယွဲ့အတွက်တော့
ထူးဆန်းလို့မနေခဲ့ပါပေ။
ချိုးယွဲ့က လက်တစ်ဖက်ဝှေ့ယမ်းပြီး
ဝူရှင်းကန်ထဲကရေတွေကို
ဥယျာဉ်ထဲကပန်းတွေအပေါ်သွန်းဖြိုးပေးရင်းနဲ့
သူ့စကားကိုတုံ့ပြန်လိုက်သည်။
"မင်းဒီစကားပြောဖို့အတွက်ငါ့ဆီလာတယ်လို့
ယုံခိုင်းဖို့ကြိုးစားနေတာတော့
မဟုတ်ဘူးမလား"
ဒေါသသံမမည်တဲ့ဒေါသသံတွေနဲ့
တုံ့ပြန်လာတဲ့ချိုးယွဲ့ရဲ့အပြုအမူကိုမြင်တော့
ဝတ်ရုံနက်နဲ့လူက ရယ်သည်။
ခံစားချက်တစ်ခုတစ်လေမှတောင်မပါတဲ့
ရယ်သံတွေမို့ နားထဲသို့ဒလှိမ့်ကောက်ကွေးသာ
ဝင်လာခဲ့သည်။
တစ်ခဏအကြာမှာတော့ ရယ်မောခြင်းအမှုအား
ရပ်တန့်လိုက်ပြီး သူ့ဝိဉာဉ်လွှာထဲမှ
အနက်ရောင်ယပ်တောင်ကို
ဆင့်ခေါ်ကာလေပေါ်သို့မြှောက်ခြင်းဖြင့်
ချိုးယွဲ့မြင်အောင်ပြလာသည်။
အနက်ရောင်အငွေ့အသက်တွေဖုံးလွှမ်းနေသည့်
ယပ်တောင်လေးသည် လေထဲမှာလှပစွာလှည့်ပတ်နေခဲ့သည်မို့
အစွန်းတစ်ဖက်မှာချိတ်ထားတဲ့
မက်မွန်ပွင့်ပုံဆွဲပြားလေးပါ
ယိမ်းနွဲ့နေခဲ့ရသည်လေ။
ဆယ်ပတ်ခန့်လှည့်ပတ်ပြီးသည့်နောက်မှာတော့
ခရုခွံပမာပြန့်ကားလာပြီး
အနက်ရောင်အငွေ့တွေကို
ပိုမိုထုတ်လွှတ်ပေးလာခဲ့သည်။
ထိုအငွေ့များသည် ကောင်းကင်ပေါ်သို့
မီးပြောက်လေးတစ်ခုနှယ်မြင့်တက်သွားပြီးမှ
ဝူရှင်းကန်ထဲသို့ ဒရောဒပါးပြန်လည်ပြေးဆင်းလာကာ
ပုံရိပ်အချို့ကို ရေကန်ထက်တွင်
ထင်ဟပ်လာစေသည်။
ခန်းစီးပုဝါပါးပါးလေးတွေလွင့်မြောနေသည့်
နေနန်းတော်ထဲတွင် လုံးထွေးနေသည့်
အနီရောင်နဲ့အဖြူရောင်ပုံရိပ်လေးကို
ကန်ရေပြင်ထက်တွင်မြင်လိုက်ရသည့်
တစ်ခဏ၌ ချိုးယွဲ့ရဲ့မျက်လုံးတွေ
ပြူးကျယ်သွားရတော့သည်။
သူသည်မတရားခံလိုက်ရသူတစ်ယောက်အလား၊
သွေးကြောတွေထင်းနေသည့်
လက်တွေကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး
စူးရှလွန်းတဲ့မျက်ဝန်းတွေနဲ့
ဝတ်ရုံနက်နဲ့လူကိုကြည့်လိုက်သည်။
ထိုအကြည့်ထဲတွင် သတ်ဖြတ်နေသည့်အရိပ်တွေ
ရောထွေးနေခဲ့သည်။
ထို့ပြင် ယူကြုံးမရဖြစ်နေမှုများလည်း
ပျော်ဝင်နေခဲ့၏။
သူ့ဖြစ်အင်ကိုကြည့်ပြီးဝတ်ရုံနက်နဲ့လူကဆိုသည်။
"ငါ ဒီပုံရိပ်ယောင်တွေကို
အိမ်ရှေ့စံမြင်အောင်
အများကြီးကြိုးစားခဲ့ရတယ်ဆိုတာ
မင်းသိရဲ့လား"
"ဘာ!!!!!"
ဟိန်းထွက်သွားသည့်ဒေါသသံတွေကို
ဝတ်ရုံနက်နဲ့လူက အနည်းငယ်မျှပင်
ဂရုမစိုက်။ သူပြောချင်ရာသာဆက်ပြောနေခဲ့သည်။
"အဲ့ဒီတစ်ယောက်က.....
ငါ့ဖန်တီးမှုတွေကိုအလကားမဖြစ်စေခဲ့ဘူး....
ဒါတွေကိုတကယ်လို့ထင်မှတ်သွားတဲ့အပြင်
မင်းတို့နှစ်ယောက်အပေါ်မှာ
အငြိုးတွေတောင်ထားသွားသတဲ့လေ......"
"........"
"မင်းသိလား ချိုးယွဲ့......
အခုလိုမြင်လိုက်ရတော့ ဟော်လင်အရှင်သခင်က
ဂုဏ်သိက္ခာမရှိတော့တဲ့သူတစ်ယောက်လိုပဲနော်....
ပြောလို့ပြောတာမဟုတ်ဘူး
ငါတောင်ဖန်တီးနေရင်းနဲ့
သူ့ရဲ့ချယ်ရီရောင်နှုတ်ခမ်းတွေကြားမှာ
ယစ်မူးချင်လာမိတယ်.....
မင်းတို့ သူ့ကိုစွဲလန်းနေတာလည်း
အထူးအဆန်းတော့မဟုတ်ပါဘူးလေ"
"မင်း ပါးစပ်ပိတ်ထား!!!!"
ကြားနေရတဲ့စကားတွေရဲ့
ထိုးစစ်ဆင်မှုကိုသည်းမခံနိုင်တော့သည့်အလား။
ချိုးယွဲ့သည် ကျယ်လောင်စွာအော်ဟစ်ကာ
ဘေးမှာရှိသည့်ကျောက်ထိုင်ခုံတစ်ခုကို
ဝတ်ရုံနက်နဲ့လူဆီ ကန်ထုတ်လိုက်တော့သည်။
ထိုသူက ကိုယ်ကိုအနည်းငယ်စောင်းပြီး
ထိုင်ခုံကိုရှောင်ကာ
လေပေါ်မှာ ပျံဝဲနေသေးသည့်
ယပ်တောင်ကိုဆင့်ခေါ်လိုက်၏။
အနက်ရောင်ယပ်တောင်လေးသည်
သူ့လက်ထဲသို့ပြန်လည်ရောက်ရှိလာပြီး
ဓားတစ်ချောင်းအဖြစ်ပြောင်းသွားကာ
ဒေါသတကြီးနဲ့သူ့ဆီခုန်အုပ်လာသည့်
ချိုးယွဲ့ရဲ့လည်ပင်းပေါ်သို့ ရောက်သွားခဲ့သည်။
"မင်းရှုံးပြန်ပြီ....."
ဝတ်ရုံနက်နဲ့လူကချိုးယွဲ့ကို
လှောင်ပြောင်သံဖြင့်ပြောဆိုကာ
ဓားကိုဖြည်းဖြည်းချင်းပြန်ရုတ်ပေးလိုက်သည်။
ချိုးယွဲ့ကလည်း သူ့ကိုဆက်လက်တိုက်ခိုက်ခြင်းမရှိ။
တစ်စုံတစ်ခုကိုသတိရသွားသည့်နှယ်၊
အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး
ကျောခိုင်းထွက်ခွာသွားခဲ့သည်လေ။
သူသည် ကျောခိုင်းထားရက်နဲ့ပင်
ဝတ်ရုံနက်နဲ့သူကို မပြောမဖြစ်သည့်စကားတစ်ခွန်းတော့
ပြောခဲ့ပါသေးသည်။
"နောက်တစ်ခါ ရှစ်ဇွင်းကိုထိခိုက်စေမယ့်
ဘယ်လိုကိစ္စမျိုးကိုမဆို
ငါခွင့်ပြုမယ်လို့မထင်လိုက်နဲ့.....
မဟုတ်ရင် ငါနောက်တစ်ခါဓားကိုင်ရလိမ့်မယ်"
ဝေးသထက်ဝေးသွားပြီတဲ့
အဖြူရောင်အရိပ်လေးကိုကြည့်ပြီး ဝတ်ရုံနက်နဲ့လူကပြုံးသည်။
ထိုအပြုံးသည်မဲ့ပြုံးသာ။
ခုနတုန်းက သူ့ကိုချိုးယွဲ့အလျော့ပေးလိုက်တာကို
သူသိသည်။ ချိုးယွဲ့ရဲ့တိုက်ခိုက်မှုစွမ်းအားက
အရမ်းမြင့်ပြီး သူ့ကိုမက်မွန်ပွင့်လွှာတစ်ခုကို
ဓားနဲ့ပိုင်းဖြတ်သလို၊ လွယ်ကူစွာသတ်နိုင်၏။
ဒါပေမယ့် ဓားနဲ့ပတ်သတ်ပြီး
အတိတ်ဆိုးတွေပိုင်ဆိုင်ထားသည့်
ချိုးယွဲ့သည် သူအကျွမ်းကျင်ဆုံးသော
ဓားသိုင်းကိုလက်လွတ်ကာ
ရေစွမ်းအင်ကိုအစားထိုးလေ့ကျင့်ခဲ့သည်လေ။
သူ့ရှစ်ဇွင်းရဲ့စကားတစ်ခွန်းတည်းနဲ့
အမြတ်နိုးရဆုံးဓားကိုတောင်
စွန့်လွှတ်ခဲ့တယ်ဆိုတော့
ချိုးယွဲ့ရဲ့စိတ်က ပုံမှန်မှဟုတ်ပါရဲ့လား။။။။။။
တွေးစရာတော့ဖြစ်လေပြီ။။။။။။။

Коментарі