Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 13
"ဝုန္း!ဝုန္း!!ဝုန္း!!!"

က်ယ္ေလာင္စြာထြက္ေပၚလာသၫ့္
လိႈင္းခတ္သံသံုးခ်က္သည္ အခ်ိတ္အဆက္မိလွစြာ
ေရစီးေၾကာင္းတစ္ေလ်ွာက္
ျဖတ္သန္းစီးဆင္းသြား၏။။။။။။

ေရထဲရုတ္တရက္ျပဳတ္က်လာတဲ့
နဂါးႀကီးတစ္ေကာင္သည္
သူ႔ကို‌စိုက္ၾကၫ့္ေနသၫ့္ ခ်စ္သူမိန္းကေလးေရ႔ွတြင္
အရွက္ေျပေအာင္ ကိုယ္ကိုလွၫ့္ပတ္ၿပီး
ဟန္လုပ္သကဲ့သို႔ပင္။
ျပင္းထန္စြာရမ္းခါသြား‌ေအာင္လိႈင္းလံုးႀကီးေတြ
ဖန္ဆင္းေပးလိုက္သလိုလို။။။။။

ရွင္းမွာ အတိတ္အေၾကာင္းေတြကို ျပန္ေတြးရင္း
အခ်ိန္လွၫ့္ပတ္မႈကို
ေမ့ေလ်ာ့သြားသည္ထင္၏။
က်င္းရဲ့အသြင္ေျပာင္းမႈ
ေနာက္ဆံုးအဆင့္ကိုေရာက္လာခဲ့သည္ကိုပင္
သတိမမူခဲ့မိတာပါေလ။


လႈပ္ရွားမႈကိုအတတ္ႏိုင္ဆံုးထိန္းထားရင္းႏွင့္
သူ႔အေရ႔ွမွာရိွေနတဲ့ ဆယ္ေက်ာ္သက္အရြယ္က်င္းကို
ရွင္း ‌မ်က္လႊာပင့္ၿပီးၾကၫ့္လိုက္မိသည္။
မ်က္ခံုးေတြတြန႔္‌ေကြးေနေအာင္ ခ်ိဳးထားသၫ့္
က်င္းမွာ စိတ္စုစည္းႏိုင္စြမ္းမရိွေတာ့ႏွယ္။

ရွင္းကိုဖက္ထားသၫ့္ သူ႔လက္ေတြက
ပိုမိုတင္းက်ပ္လာၿပီး


ႈတ္ခမ္းေတြကအေရ႔ွသို႔သာ
ဆက္လက္ေရြ ့လ်ားလာခဲ့သည္။
အေနာက္သို႔အနည္းငယ္မ်ွပင္
ဆုတ္ေပးမယ့္ဟန္မေပၚသၫ့္
အႏွီအျပဳအမူေတြက ရွင္းကိုစိတ္မသက္မသာျဖစ္ေစသည္ကေတာ့အမွန္။

က်င္းရဲ့ေရေဘာလံုးေလးမွ အဆက္မျပတ္ထုတ္ေပးေနသၫ့္ ေလစီးေၾကာင္းေလးေတြေၾကာင့္သာ
ရွင္း အသက္ရႈမရပ္သြားတာျဖစ္သည္။
မဟုတ္ရင္ ဒီလိုအျပဳအမူေတြၾကားမွာ
အသက္ရႈက်ပ္ၿပီး ငရဲျပည္သို႔
တခမ္းတနားႏွင့္ သြားေနရေလာက္ၿပီျဖစ္သည္။

ထို႔ျပင္ သူတို႔ကို ဝူရွင္းေရကန္ကေန
‌မ်က္ေတာင္မခတ္စတမ္းေစာင့္ၾကၫ့္ေနၾကသည္ကို
စိတ္ဝိဉာဉ္ဆက္သြယ္ေရးအစီအရင္ကေန
သတင္းပို႔လာေသာ ဟြားရန္ရဲ့ေျပာၾကားခ်က္အရ
သိၿပီးျဖစ္ရာ ရွင္းမွာပို၍ပင္အေနက်ပ္ရေတာ့သည္။

' က်င္း.....
ျမန္ျမန္သတိရလာၿပီး ငါ့ကိုလႊတ္ေပးစမ္းပါ
ဟုတ္ၿပီလား!!!
ငါ.....ငါ မင္းအနားမွာၾကာၾကာေနရင္....
မမင္းကို‌ေနာက္တစ္ႀကိမ္လက္လႊတ္‌ေပးႏိုင္ေတာ့မွာ
မဟုတ္ေတာ့ဘူး.....

ေက်းဇူးျပဳျပီး....လႊတ္ေပးပါ....
မင္းကိုခ်စ္ရတာ နာက်င္လြန္းလို႔ပါ....'

အျပင္မွာထုတ္ေျပာမရသၫ့္စကားေတြကို
ရင္ထဲမွာသာပဲ့တင္ထပ္ေအာင္
သီကံုးဖြဲ႔ႏြဲ႔ေနရတာေၾကာင့္
ရွင္း မ်က္ႏွာေပၚမွာေဒါသရိပ္ေတြကတရိပ္ရိပ္ႏွင့္
အေျပးအလႊားျဖတ္သြားၾက၏။
ရွက္စိတ္နဲ႔နာက်င္မႈကိုတြန္းလွန္ပစ္ခ်င္သၫ့္စိတ္။
ႏွစ္မ်ိဳးလံုးက သူ႔အတြက္သိပ္ကိုအေရးႀကီးလွပါသည္။
သို႔ေပမယ့္ သူ႔မွာထိုအျဖစ္အပ်က္ေတြကို
ျငင္းပယ္ဖို႔စြမ္းအားမရိွခဲ့ပါ။
သူသာ လႈပ္ရွားလိုက္မည္ဆိုလ်ွင္
သူတို႔ႏွစ္ေယာက္ရဲ့ ဝိဉာဉ္ကေျပာင္းသြားမည္ျဖစ္ရာ
ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို
တားဆီးႏိုင္စြမ္းရိွလိမ့္မည္မထင္။

သူ႔ကိုယ္သူ ဟုန္လင္က်င္းအျဖစ္ေၾကျငာလိုက္ၿပီမို႔
အျပင္ျပန္‌ေရာက္သည္ႏွင့္ ေျဖရွင္းရမၫ့္ျပႆနာမ်ားမွာ
သူ႔သက္တမ္းထက္ပင္ မ်ားျပားေနမည္မွာမလြဲမေသပင္။
သူကေတာ့ အေရထူေနၿပီမို႔
ေျဖရွင္းခ်က္ေတြအျပင္
ဆင္ေျခ၊ဆင္လက္၊ဆင္နားရြက္၊ဆင္ဖိနပ္ေတြလည္း
အၿမဲတေစေဆာင္ထားတတ္သူမို႔
ျပႆနာသိပ္မရိွလွေပမယ့္
က်င္းကေတာ့ ဘာမျွပန္ေခ်ပႏိုင္လိမ့္မည္မဟုတ္။

သို႔အတြက္ ေရစုန္ေမ်ာေနသၫ့္အရွက္ေတြကို
ျပန္ဆယ္ယူဖို႔မႀကိဳးစားေတာ့ပဲ
က်င္းျပဳသမ်ွသာႏုဖို႔ဆံုးျဖတ္လိုက္ရေတာ့သည္။
သို႔ေပမယ့္ က်င္းကပို၍သာဆိုးလာခဲ့သည္။
သူ႔ခါးစည္းႀကိဳးကိုေျဖေလ်ာ့ဖို႔ႀကိဳးစားလာခဲ့သည္ေလ။

'အတင့္ရဲလိုက္တာ.....
မင္းရဲ့အသက္ကိုဘယ္လိုနည္းနဲ႔
ဆံုးရႈံးခ်င္ေနလို႔ ငါ့ကိုအရသာခံဖို႔ႀကိဳးစားေနတာလဲ!'

ေထာင္းခနဲထြက္ေပၚလာသၫ့္ ေဒါသႏွင့္အတူ
ရွင္း သူ႔ကိုယ္သူမထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ
ပထမဆံုးတံု႔ျပန္မိလိုက္သည္က
က်င္းရဲ့ဝမ္းဗိုက္ကိုဒူးနဲ႔တိုက္ကာ
ဖယ္ထုတ္လိုက္ျခင္းပါပဲ။
ေနာက္ဆက္တြဲအေနႏွင့္
က်င္းရဲ့လက္ႏွစ္ဖက္လံုးကိုဖမ္းခ်ဳပ္ၿပီး
‌‌မီးဝင္းဝင္းေတာက္ေနတဲ့ အၾကၫ့္ေတြႏွင့္
က်င္းရဲ့မဟူရာလို‌မည္းနက္ေတာက္ပေနတဲ့
မ်က္လံုးေတြဆီ ၿခိမ္းေျခာက္သၫ့္အေနျဖင့္ပို႔လႊတ္လိုက္ျခင္းျဖင့္။။။

သို႔ေပမယ့္ အာရုဏ္ဦးၾကာပန္းေလးလို
ပြင့္လာခဲ့သၫ့္ က်င္းရဲ့မ်က္လံုးေတြက
ေက်နပ္မႈႏွင့္ေပ်ာ္ရႊင္မႈတို႔
ေရာႁပြန္းကာ သူ႔အၾကၫ့္ေတြကိုတံု႔ျပန္လာခဲ့သည္ေလ။
ႏႈတ္ခမ္းေပၚမွာ တြဲခိုလာတဲ့အၿပံဳးလြင္လြင္ေလးမွာ
ရင့္က်က္မႈေတျြပၫ့္ႏွက္ေနသၫ့္တိုင္
ကေလးဆန္မႈကလည္းေပ်ာက္ကြယ္မသြားေသးေပ။

က်င္းမွာ ယခုထက္ထိဆယ္ေက်ာ္သက္အရြယ္ပင္
ရိွေနေသးသည္မဟုတ္ပါလား။
ဘာေၾကာင့္ အသြင္မေျပာင္းႏိုင္ရေသးပါလိမ့္
ဆိုတဲ့အေတြးေၾကာင့္ ရွင္းရဲ့ေဒါသေတြသည္
မက္မြန္ပြင့္ဖတ္ေလးႏွယ္အေဝးသို႔လြင့္ျပယ္သြားခဲ့ရ၏။ စိုးရိမ္မႈႏွင့္တစ္ထပ္တည္းက်ေနသၫ့္ သူ႔လက္ေတြသည္
က်င္းရဲ့ပါးျပင္ေပၚအလိုအေလ်ာက္ေရာက္သြားၿပီး
ခပ္ဖြဖြပြတ္သပ္ေပးျခင္းျဖင့္အဆံုးသတ္၏။

ထိုစဉ္.......ဝုန္း ဆိုတဲ့အသံနက္ႀကီးနဲ႔အတူ တစ္စံုတစ္ခု‌ေသာစြမ္းအင္တစ္မ်ိဳး‌ေၾကာင့္ ဆြဲေဆာင့္လိုက္သလိုျဖစ္သြားၿပီး
ရွင္း‌လဲက်သြားရ‌ေတာ့သည္။

ဘာေတျြဖစ္ကုန္တာလဲဆိုၿပီး မ်က္လံုးဖြင့္မလို႔လုပ္ေပမယ့္ ေရရဲ့ဖိအားေၾကာင့္မ်က္လံုးပင္ေကာင္းေကာင္းမဖြင့္ႏိုင္ခဲ့ပါ။တစ္‌ေယာက္ေယာက္ကို
‌ေအ္ာဟစ္အကူအညီေတာင္းဖို႔ပါးစပ္ဟလိုက္မိေတာ့ ေရေတြကအရိွန္အဟုန္နဲ႔ ပါးစပ္ထဲဝင္လာျပန္တာေၾကာင့္
ရွင္း အလ်င္အျမန္ျပန္ပိတ္လိုက္ရသည္။
ေမွာင္မည္းေနတဲ့ ေရနက္ပိုင္းႀကီးထဲကို ေရေဘာလံုးထဲကေနတစ္ဆင့္
ဘယ္လိုေရာက္လာရသလဲဆိုတာလည္း သူမေတြးတတ္ေတာ့ေပ။
ေရေတြႏွာေခါင္းထဲဝင္လာမွာစိုးလို႔ အသက္ေအာင့္ထားမိေတာ့ အဆုတ္ကေလမရေတာ့ဘဲ ေမာဟိုက္လာရျပန္၏။

အသက္ရွင္ဖို႔ ‌ေရထဲမွာရုန္းကန္ေနေပမယ့္ ဖိအားတစ္မ်ိဳးက သူ႔ကိုအတင္းအက်ပ္ခ်ဳပ္ေနွာင္ထားတာေၾကာင့္
ေနာက္ဆံုးမွာေတာ့
အားကုန္ၿပီးေျခကုန္လက္ပန္းက်လာေတာ့သည္။
ေျခေတြ၊လက္ေတြကိုလည္းမလႈပ္ႏိုင္ေတာ့သလို
တစ္‌စံုတစ္ေယာက္ကိုအကူအညီေတာင္းဖို႔လည္း သူ႔ႏႈတ္ခမ္းေတြကိုမဖြင့္ဟႏိုင္ေတာ့ပါ။
အကူအညီရလိုရျငား က်င္းကိုလွမ္းၾကၫ့္မိျပန္ေတာ့
နဂါးျဖဴၾကီးတစ္ေကာင္၏ ရစ္ပတ္ျခင္းခံထားရသည္ကို
ေတြ ့လိုက္ရေလ၏။

ခႏၶာကိုယ္ကိုလႈပ္ယမ္းလိုက္တိုင္း
ေဘးပတ္လည္တြင္မက္မြန္းပြင့္ဖက္ေလးေတြ လြင့္က်န္ေနတတ္သၫ့္
၎ နဂါးျဖဴၾကီးမွာ ဟြားရန္ရဲ့ကိုယ္ပြားဝိဉာဉ္ကလြဲရင္
တျခားမဟုတ္တန္ရာ။
ခ်ိတ္ဆက္ေတြးၾကၫ့္မည္ဆိုလ်ွင္
က်င္းရဲ့ခႏၶာကိုယ္ထဲသို႔
ရွင္းရဲ့ဝိဉာဉ္ဆြဲသြင္းခံလိုက္ရမည္ကို
တားဆီးသၫ့္အေနျဖင့္
က်င္းကိုရစ္ပတ္ထားဟန္တူ၏။

နဂါးျဖဴၾကီးရဲ့ခႏၶာကိုယ္ထဲမွထြက္ေပၚလာသၫ့္
မက္မြန္ပြင့္သ႑ာန္စြမ္းအားေတြႏွင့္
က်င္းရဲ့ေရစြမ္းအားေတြသည္အခ်င္းခ်င္း
တြန္းကန္ၾကကာ အလိုရိွရာလမ္းေၾကာင္းသို႔
ေရာက္ရန္ရွာေဖြေနၾက၏။
က်င္းက ရွင္းကိုသူ႔ခႏၶာကိုယ္ထဲသို႔
ဝင္ေအာင္ႀကိဳးစားခ်င္ေနသလို၊
ဟြားရန္ကလည္း ထိုအႀကံအစည္မေအာင္ျမင္ေအာင္
တတ္အားသမ်ွႀကိဳးပမ္းေန၏။

လံုးေထြးသတ္ပုတ္ေနၾကသၫ့္
ႏွစ္‌ေယာက္မွာ ရွင္းထံသို႔နတ္ဆိုးလက္ပါးေစေတြ
အလ်င္အျမန္ကူးခတ္လာၾကသည္ကို
သတိမမူမိၾကပါေခ်။
သို႔အတြက္ ရွင္းမွာ သူ႔ကိုယ္သူအားတင္းလိုက္ကာ
လက္ေခ်ာင္းရွည္ေတြမွာ ဝတ္ဆင္ထားသၫ့္
လက္စြပ္ေလးေတြရဲ့စြမ္းအားကိုသာ
အသံုးခ်ဖို႔ဆံုးျဖတ္လိုက္ရေတာ့သည္။

ခ်က္ခ်င္းဆိုသလို
လက္ေခ်ာင္းသြယ္သြယ္ေလးေတြေပၚက
လက္စြပ္ဆယ္ကြင္းလံုးမွာ ရွင္းရဲ့စိတ္ေစရာအတိုင္းပင္
အေရာင္တဖ်တ္ဖ်တ္လက္လို႔လာခဲ့သည္။
လက္စြပ္တစ္ကြင္းစီတြင္
တြဲလြဲခိုေနသၫ့္ေရႊႀကိဳးေလးေတြမွာ
ထိုေရႊေရာင္စြမ္းအင္ေတြၾကားမွာ
အသက္ဝင္လာသၫ့္ႏွယ္
ယိမ္းႏြဲ႔လႈပ္ရွားလို႔လာ၏။

ကေခ်သည္‌‌မိန္းမပ်ိဳေလးေျမႇာက္ပင့္လိုက္သၫ့္
ပုဝါတစ္စႏွယ္ လွပၿငိမ့္ေျငာင္းစြာ
လႈပ္ရွားသြားသၫ့္ ေရႊႀကိဳးမ်ွင္ဆယ္စမွာ
ရွင္းရဲ့ဆံႏြယ္ရွည္ေတြရဲ့ အလ်ားအတိုင္းပင္
တစ္စထက္တစ္စရွည္လ်ားလို႔လာခဲ့သည္။
အစြန္းတစ္ဖက္စီက ရွင္းလက္ေခ်ာင္းေတြ‌ေပၚက
လက္စြပ္တစ္ခုစီကို ခ်ိတ္ဆက္ထားသည္မို႔
စိတ္ခ်င္းဆက္ႏြယ္ေနသၫ့္အလား
လက္ေခ်ာင္းတစ္ေခ်ာင္းစီ၏
လႈပ္ရွားမႈအတိုင္းလွပစြာကခုန္လို႔ေန၏။

ထိုသို႔ေသာအျခင္းအရာကိုျမင္လိုက္ရသည္ႏွင့္
ကန္ေရျပင္ထက္မွ ပံုရိပ္ေတြကိုေငးၾကၫ့္ေနသၫ့္
မိုးနတ္မင္းရဲ့မ်က္လံုးေတြသည္
အမ်ိဳးအမည္မသိသၫ့္ ပူေနြးမႈတစ္ခုျဖတ္စီးခံလိုက္ရသၫ့္ႏွယ္
အေရာင္လက္သြားရ၏။

"ရွစ္ဇြင္း....."

တီးတိုးေခၚလိုက္သၫ့္ေခၚသံတစ္စြန္းတစ္စသည္
မက်ယ္ေသာ္ျငားလည္း
အဓိပၸာယ္တစ္မ်ိဳးေပ်ာ္ဝင္ေနမႈေၾကာင့္
ဝမ္းနည္းဖြယ္ရာေတးသံစဉ္တစ္ခုအျဖစ္
ၾကားရသူအေပါင္းကိုဆြံ႔အသြားေစသည္။
ခ်ိဳးယြဲ႔(မိုးနတ္မင္း)မွာ
သူ႔ထံသို႔အားလံုးရဲ့အၾကၫ့္ေတြေျပးဝင္လာသည္ကို
သတိထားမိေပမယ့္ ဂရုမျပဳေတာ့ပဲ
ပုလႅင္ထက္မွ‌ကိုယ္ေဖာ့စြမ္းျဖင့္
ခုန္ဆင္းလိုက္ကာ
ဝူရွင္းကန္ထဲသို႔တစ္ဆက္တည္းတိုးဝင္သြားေတာ့သည္။

အစကတည္းက အစီအရင္ကိုဝူရွင္းကန္ထဲတြင္
တည္ထားသည္ျဖစ္ရာ
မၾကာလိုက္သၫ့္အခ်ိန္ခဏအတြင္း၌ပင္
က်င္းကိုထိန္းခ်ဳပ္ေနသၫ့္ဟြားရန္ႏွင့္
နတ္ဆိုးလက္ပါးေစေတြကို
ရင္ဆိုင္ဖို႔လုပ္ေနသၫ့္
ရွင္းကိုေတြ ့လိုက္ရေတာ့သည္ ။
သို႔ေပမယ့္ သူ႔ရဲ့ဦးတည္ရာမွာ
က်င္းႏွင့္ဟြားရန္ထံတြင္ရိွမေနခဲ့ပါ။
ရွင္းထံတြင္သာ လိပ္ျပာတစ္ေကာင္ႏွယ္
နားခိုလို႔ေန၏။

သူသည္ တိမ္ကေနျဖစ္တည္လာသၫ့္သူေပမို႔
လ်င္ျမန္စြာေရြ ့လ်ားႏိုင္သည္ျဖစ္ရာ
တစ္ခဏခ်င္းပင္ ‌ရွင္းကိုအေသအခ်ာျမင္ႏိုင္ေလာက္သၫ့္
ေနရာသို႔ေရာက္သြားခဲ့၏။

(ရွစ္ဇြင္း.....လန္ယာကိုေက်းဇူးျပဳျပီး
မသံုးလိုက္ပါနဲ႔ )

နားထဲတြင္က်ယ္ေလာင္စြာထြက္ေပၚလာသၫ့္
အသံေၾကာင့္ ရွင္းလႈပ္ရွားရုန္းကန္ေနရင္းမွ
ေတြေဝသြားရေတာ့သည္။
ဒီအသံက သူမၾကားရတာၾကာၿပီျဖစ္သၫ့္
ခ်ိဳးယြဲ႔ရဲ့အသံမဟုတ္ပါလား။
စိတ္စြမ္းအင္နဲ႔လွမ္းေျပာေနေပမယ့္
နား နားကပ္၍ ေအာ္လိုက္သၫ့္ႏွယ္
ၾကည္လင္ျပတ္သားေနသၫ့္အသံေၾကာင့္
ရွင္း ေဝ့ဝဲၾကၫ့္မိေခ်ၿပီ။

မျဖစ္ႏိုင္သၫ့္အိပ္မက္တစ္ခုကို
ျမင္မက္ရသၫ့္အခါ စိတ္ဝိဉာဉ္ကတစ္ခဏမ်ွ
အသိစိတ္ကင္းကြာသြားသည္ဟု
သူၾကားဖူးသည္။ တကယ္တမ္းႀကံဳေတြ ့လိုက္ခ်ိန္မွာ
ယံုတမ္းစကားေတြက မွန္ကန္ေနတတ္သည္မွာ
ရွားလြန္းလွေပမယ့္
ဒီတစ္ႀကိမ္ေတာ့မွန္သြားၿပီထင္ပါရဲ့။

အျဖဴ‌ေရာင္ဝတ္ရံုကိုဆင္ျမန္းထားေသာ
ခ်ိဳးယြဲ႔မွာ တိမ္လႊာသ႑ာန္ပံုေဖာ္ထားသၫ့္
ဓားအၿမိတ္ပါ
အသြားႏွစ္ဖက္ဓားရွည္ကိုကိုင္ဆြဲျပ
နတ္ဆိုးလက္ပါးေစေတြကို
လ်င္ျမန္စြာသုတ္သင္ပစ္ေနခဲ့သည္‌ေလ။
ဓားထဲတြင္ ဟုန္လင္က်င္းရဲ့မိစၧာမ်က္လံုးကို
ျမႇဳပ္ထားသည္ျဖစ္ရာ
နတ္ဆိုးစြမ္းအင္အသံုးျပဳ၍
တိုက္ခိုက္ေနသကဲ့ျဖစ္ေန၏။

သို႔ျဖစ္၍ နတ္ဆိုးလက္ပါးေစမ်ားမွာ
ထပ္မံတိုးပြားလာျခင္းမရိွပဲ
ခ်ိဳးယြဲ႔ရဲ့ဓားနဲ႔ထိရံုျဖင့္ပင္
အေငြ ့အျဖစ္သို႔ကူးေျပာင္းသြားရေတာ့သည္။
ဓားခ်က္ေတြသည္ ၫွာတာျခင္းကင္းမဲ့လ်က္။
အခ်ိတ္အဆက္မိလွစြာလႈပ္ရွားေနသည္မို႔
တစ္ဆက္တည္းႏွင့္ပင္
နတ္ဆိုးလက္ပါးေစသတၲဝါငါးေကာင္ခန႔္ကို
သတ္ျဖတ္ႏိုင္၏။

သို႔ေပမယ့္ ရွင္းမွာအသက္ေအာင့္ထားသည္မွာ
ၾကာျမင့္ေနေသာေၾကာင့္
အျမင္‌မွားေနသည္ဟုသာသတ္မွတ္လိုက္ၿပီး
လက္ေခ်ာင္းေတြကိုအသာလႈပ္ရွားလိုက္ေတာ့၏။
သူ႔လႈပ္ရွားမႈသည္ လေရာင္ေအာက္တြင္
သစ္ခြမုျဒာလက္ကြက္ျဖင့္ကေနေသာ
မိန္းမပ်ိဳေလး၏ လက္ဟန္ကဲ့သို႔ပင္
ၿငိမ္သက္မႈႏွင့္သက္ဝင္ႏိုးၾကားမႈတို႔
ဆတူေရာယွက္ေန၏။

ထိုလႈပ္ရွားမႈ၏ ရလဒ္အေနျဖင့္
ေသးမ်ွင္လွသၫ့္ ေရႊႀကိဳးမ်ွင္မ်ားသည္
‌နတ္ဆိုးလက္ပါးေစေတြဆီသို႔ အသာလူးလြန႔္သြားကာ
ပုဝါစေလးႏွယ္ ၎တို့အေပၚမျွဖတ္သန္းသြားခဲ့၏။
ထိုသို႔ေသာေရြ ့လ်ားမႈေလးအဆံုးမွာေတာ့
ေရႊႀကိဳးေလးေတြေပၚတြင္ ေသြးေတြႏွင့္ျပၫ့္ႏွက္သြားေတာ့သည္။

(ရွစ္ဇြင္း!!!!!)

ခ်ိဳးယြဲ႔ရဲ့ေအာ္သံသည္
နားစည္ကိုၾကမ္းတမ္းစြာတိုက္ခတ္သြားသၫ့္
ေလျပင္းတစ္ခ်ပ္ႏွယ္။
အျမင္မွားမႈမဟုတ္သည္ကို
သက္ေသျပလိုက္သကဲ့သို႔ပင္။
ရွင္းမွာ ေသြးစြန္းေနသၫ့္ႀကိဳးမ်ွင္မ်ားကို
ေငးၾကၫ့္ေနသၫ့္ ခ်ိဳးယြဲ႔ကိုဘယ္လိုတံု႔ျပန္ရမလဲဆိုတာမသိေတာ့သၫ့္အလား ၊တစ္ခဏျကာေအာင္တိတ္ဆိတ္ေနၿပီးမွ သူ႔လက္စာမိသြားသၫ့္
နတ္ဆိုးလက္ပါးေစမ်ားဘက္သို႔သာ
အၾကၫ့္ျပန္လႊဲလိုက္ေတာ့သည္။

ႀကိဳးရာအတိုင္း တိခနဲျပတ္သြားေသာနတ္ဆိုးလက္ပါးေစမ်ား၏
ခႏၶာကိုယ္မွာ
အေငြ ့အျဖစ္ေပ်ာက္ကြယ္သြားျခင္းမရိွေပမယ့္
အေနာက္သို႔အနည္းငယ္ေတာ့ ဆုတ္ခြာသြားၾက၏။
သို႔ေပမယ့္ ဝမ္းသာစရာေတာ့မရိွလွပါ။
ရွင္းငွားရမ္းထားသၫ့္နတ္ဆိုးစြမ္းအင္မွာ
အေစာပိုင္းကတည္းက ျပယ္ေပ်ာက္သြားခဲ့ၿပီမို႔
နတ္ဆိုးလက္ပါးေစေတြကိုႏွစ္ဆသာ
ထပ္တိုးေစခဲ့သည္ေလ။

ထိုအခ်ိန္မွာပင္
မ်က္ခံုးေတြတြန႔္ခ်ိဳးသြားတဲ့အထိ
မခံရပ္ႏိုင္ေလာက္ မြန္းၾကပ္လာမႈႏွင့္အတူ
ရွင္း ဒုတိယအႀကိမ္ေရမြန္းသြားရျပန္၏။
အသက္ရႈေအာင့္ႏိုင္သည္ဆိုေပမယ့္
ကာလၾကာရွည္ေအာင္‌ေနႏိုင္ဖို႔က
သိပ္ကိုခဲယဉ္းလြန္းလွပါ၏။
ထို႔ျပင္ ေရနက္ပိုင္းထဲသို့တတိတိႏွင့္
ဆြဲေခၚျခင္းခံေနရသည္ျဖစ္ရာ
မြန္းၾကပ္လြန္း၍ မ်က္လံုးေတြပင္
ျပာေဝလာရေတာ့သည္။

ေသတယ္ဆိုတဲ့ခံစားခ်က္ကဘယ္လိုပါလိမ့္လို႔
သူအရင္က‌ေတြးခဲ့ဖူးသည္။ဒါေပမယ့္ တကယ့္လက္ေတြ ့မွာႀကံဳေတြ ့လိုက္ရေတာ့
ေၾကာက္တဲ့စိတ္ေၾကာင့္သူဘာကိုမွမခံစားရသလိုပါပဲ။တစ္စတစ္စျကီးစိုးေနတဲ့အ‌ေမွာင္ထုထဲမွာ
စိတ္ေလ်ာ့ပစ္လိုက္ေတာ့ ပင္လယ္ၾကမ္းျပင္နဲ႔ရိုက္မိတဲ့အထိလူက
နစ္ျမႇဳပ္သြားျပန္သည္။ အေစာပိုင္းတုန္းကလည္း
တစ္ႀကိမ္ရိုက္မိထားသည္မို႔
အရိုးေတြပင္က်ိဳးကုန္ၿပီလားဟု
အသံတိတ္ေရရြတ္မိသည္အထိပင္ ။

ထိုစဉ္ အသံတိုးတိုးေလးတစ္ခုက သူ႔နားစည္ကိုထိပါးရိုက္ခတ္လာခဲ့ျပန္၏။
ထိုအသံေလးက တိုးလြန္းတယ္ဆိုေပမယ့္ ၾကည္လင္ျပတ္သားလြန္းလွတာေၾကာင့္ သူ႔အသိစိတ္ေတြပင္တစ္ဖန္ျပန္ႏိုးၾကားလာရသည္။

( ရွစ္ဇြင္းကို ေကာင္းကင္ဘံုဆီျပန္ပို႔လိုက္!!! )

စိတ္စြမ္းအင္ႏွင့္ေျပာလိုက္တဲ့
ခ်ိဳးယြဲ႔ရဲ့စကားသံအဆံုးမွာေတာ့
ရွင္းရဲ့တစ္ကိုယ္လံုးေျမႇာက္တက္သြားၿပီး
အလင္းေရာင္ရိွရာသို႔
ဆြဲ‌ေခၚျခင္းခံလိုက္ရေတာ့သည္။
သူ႔ကိုကယ္တင္လိုက္တဲ့ ခ်ိဳးယြဲ႔ရဲ့စိတ္ကစိတ္ရင္းလား၊
ဒါမွမဟုတ္ ဟန္ေဆာင္ေနတာလားဆိုတာ
ရွင္း မခြဲတတ္ေတာ့ေပမယ့္
ေက်းဇူးတင္စိတ္ေတာ့ျဖစ္မိပါ၏။

ေလရဲ့အလ်ဉ္ႏွင့္အတူဆြဲေဆာင္ျခင္းေတြရဲ့
ေနာက္သို႔အလိုက္သင့္လိုက္ပါသြားရင္း
အေနာက္မွာက်န္ခဲ့သၫ့္
တပၫ့္သံုးေယာက္ကို
ရွင္းေခါင္းအသာရမ္းၿပီး
ေနာက္လွၫ့္ၾကၫ့္မိ၏။
ျဖတ္ခနဲျမင္လိုက္ရသၫ့္
မႈန္ရီေဝဝါးလွတဲ့ျမင္ကြင္းေလးထဲမွာ
ဟိုးအရင္ကလိုပင္ ေက်ာခ်င္းကပ္ရင္း
ရန္သူေတြကိုစုေပါင္းႏိွမ္နင္းေနၾကသၫ့္
အျပဳအမူေလးေတြက ခ်စ္ဖို႔ေကာင္းလွပါရဲ့။

သို႔ေပမယ့္ ထိုျမင္ကြင္းေလးမွာ
ရွင္းရဲ့အျမင္မွားယြင္းျဖစ္ေနခဲ့တာကေတာ့
ႏွေျမာစရာေကာင္းလွ၏။။။။။။။။

Unicode:

"ဝုန်း!ဝုန်း!!ဝုန်း!!!"

ကျယ်လောင်စွာထွက်ပေါ်လာသည့်
လှိုင်းခတ်သံသုံးချက်သည် အချိတ်အဆက်မိလှစွာ
ရေစီးကြောင်းတစ်လျှောက်
ဖြတ်သန်းစီးဆင်းသွား၏။။။။။။

ရေထဲရုတ်တရက်ပြုတ်ကျလာတဲ့
နဂါးကြီးတစ်ကောင်သည်
သူ့ကို‌စိုက်ကြည့်နေသည့် ချစ်သူမိန်းကလေးရှေ့တွင်
အရှက်ပြေအောင် ကိုယ်ကိုလှည့်ပတ်ပြီး
ဟန်လုပ်သကဲ့သို့ပင်။
ပြင်းထန်စွာရမ်းခါသွား‌အောင်လှိုင်းလုံးကြီးတွေ
ဖန်ဆင်းပေးလိုက်သလိုလို။။။။။

ရှင်းမှာ အတိတ်အကြောင်းတွေကို ပြန်တွေးရင်း
အချိန်လှည့်ပတ်မှုကို
မေ့လျော့သွားသည်ထင်၏။
ကျင်းရဲ့အသွင်ပြောင်းမှု
နောက်ဆုံးအဆင့်ကိုရောက်လာခဲ့သည်ကိုပင်
သတိမမူခဲ့မိတာပါလေ။

လှုပ်ရှားမှုကိုအတတ်နိုင်ဆုံးထိန်းထားရင်းနှင့်
သူ့အရှေ့မှာရှိနေတဲ့ ဆယ်ကျော်သက်အရွယ်ကျင်းကို
ရှင်း ‌မျက်လွှာပင့်ပြီးကြည့်လိုက်မိသည်။
မျက်ခုံးတွေတွန့်‌ကွေးနေအောင် ချိုးထားသည့်
ကျင်းမှာ စိတ်စုစည်းနိုင်စွမ်းမရှိတော့နှယ်။
ရှင်းကိုဖက်ထားသည့် သူ့လက်တွေက
ပိုမိုတင်းကျပ်လာပြီး
နှုတ်ခမ်းတွေကအရှေ့သို့သာ
ဆက်လက်ရွေ့လျားလာခဲ့သည်။
အနောက်သို့အနည်းငယ်မျှပင်
ဆုတ်ပေးမယ့်ဟန်မပေါ်သည့်
အနှီအပြုအမူတွေက ရှင်းကိုစိတ်မသက်မသာဖြစ်စေသည်ကတော့အမှန်။

ကျင်းရဲ့ရေဘောလုံးလေးမှ အဆက်မပြတ်ထုတ်ပေးနေသည့် လေစီးကြောင်းလေးတွေကြောင့်သာ
ရှင်း အသက်ရှုမရပ်သွားတာဖြစ်သည်။
မဟုတ်ရင် ဒီလိုအပြုအမူတွေကြားမှာ
အသက်ရှုကျပ်ပြီး ငရဲပြည်သို့
တခမ်းတနားနှင့် သွားနေရလောက်ပြီဖြစ်သည်။

ထို့ပြင် သူတို့ကို ဝူရှင်းရေကန်ကနေ
‌မျက်တောင်မခတ်စတမ်းစောင့်ကြည့်နေကြသည်ကို
စိတ်ဝိဉာဉ်ဆက်သွယ်ရေးအစီအရင်ကနေ
သတင်းပို့လာသော ဟွားရန်ရဲ့ပြောကြားချက်အရ
သိပြီးဖြစ်ရာ ရှင်းမှာပို၍ပင်အနေကျပ်ရတော့သည်။

' ကျင်း.....
မြန်မြန်သတိရလာပြီး ငါ့ကိုလွှတ်ပေးစမ်းပါ
ဟုတ်ပြီလား!!!
ငါ.....ငါ မင်းအနားမှာကြာကြာနေရင်....
မမင်းကို‌နောက်တစ်ကြိမ်လက်လွှတ်‌ပေးနိုင်တော့မှာ
မဟုတ်တော့ဘူး.....

ကျေးဇူးပြုပြီး....လွှတ်ပေးပါ....
မင်းကိုချစ်ရတာ နာကျင်လွန်းလို့ပါ....'

အပြင်မှာထုတ်ပြောမရသည့်စကားတွေကို
ရင်ထဲမှာသာပဲ့တင်ထပ်အောင်
သီကုံးဖွဲ့နွဲ့နေရတာကြောင့်
ရှင်း မျက်နှာပေါ်မှာဒေါသရိပ်တွေကတရိပ်ရိပ်နှင့်
အပြေးအလွှားဖြတ်သွားကြ၏။
ရှက်စိတ်နဲ့နာကျင်မှုကိုတွန်းလှန်ပစ်ချင်သည့်စိတ်။
နှစ်မျိုးလုံးက သူ့အတွက်သိပ်ကိုအရေးကြီးလှပါသည်။
သို့ပေမယ့် သူ့မှာထိုအဖြစ်အပျက်တွေကို
ငြင်းပယ်ဖို့စွမ်းအားမရှိခဲ့ပါ။
သူသာ လှုပ်ရှားလိုက်မည်ဆိုလျှင်
သူတို့နှစ်ယောက်ရဲ့ ဝိဉာဉ်ကပြောင်းသွားမည်ဖြစ်ရာ
နောက်ဆက်တွဲဆိုးကျိုးတွေကို
တားဆီးနိုင်စွမ်းရှိလိမ့်မည်မထင်။

သူ့ကိုယ်သူ ဟုန်လင်ကျင်းအဖြစ်ကြေငြာလိုက်ပြီမို့
အပြင်ပြန်‌ရောက်သည်နှင့် ဖြေရှင်းရမည့်ပြဿနာများမှာ
သူ့သက်တမ်းထက်ပင် များပြားနေမည်မှာမလွဲမသေပင်။
သူကတော့ အရေထူနေပြီမို့
ဖြေရှင်းချက်တွေအပြင်
ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်၊ဆင်ဖိနပ်တွေလည်း
အမြဲတစေဆောင်ထားတတ်သူမို့
ပြဿနာသိပ်မရှိလှပေမယ့်
ကျင်းကတော့ ဘာမြှပန်ချေပနိုင်လိမ့်မည်မဟုတ်။

သို့အတွက် ရေစုန်မျောနေသည့်အရှက်တွေကို
ပြန်ဆယ်ယူဖို့မကြိုးစားတော့ပဲ
ကျင်းပြုသမျှသာနုဖို့ဆုံးဖြတ်လိုက်ရတော့သည်။
သို့ပေမယ့် ကျင်းကပို၍သာဆိုးလာခဲ့သည်။
သူ့ခါးစည်းကြိုးကိုဖြေလျော့ဖို့ကြိုးစားလာခဲ့သည်လေ။

'အတင့်ရဲလိုက်တာ.....
မင်းရဲ့အသက်ကိုဘယ်လိုနည်းနဲ့
ဆုံးရှုံးချင်နေလို့ ငါ့ကိုအရသာခံဖို့ကြိုးစားနေတာလဲ!'

ထောင်းခနဲထွက်ပေါ်လာသည့် ဒေါသနှင့်အတူ
ရှင်း သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပဲ
ပထမဆုံးတုံ့ပြန်မိလိုက်သည်က
ကျင်းရဲ့ဝမ်းဗိုက်ကိုဒူးနဲ့တိုက်ကာ
ဖယ်ထုတ်လိုက်ခြင်းပါပဲ။
နောက်ဆက်တွဲအနေနှင့်
ကျင်းရဲ့လက်နှစ်ဖက်လုံးကိုဖမ်းချုပ်ပြီး
‌‌မီးဝင်းဝင်းတောက်နေတဲ့ အကြည့်တွေနှင့်
ကျင်းရဲ့မဟူရာလို‌မည်းနက်တောက်ပနေတဲ့
မျက်လုံးတွေဆီ ခြိမ်းခြောက်သည့်အနေဖြင့်ပို့လွှတ်လိုက်ခြင်းဖြင့်။။။

သို့ပေမယ့် အာရုဏ်ဦးကြာပန်းလေးလို
ပွင့်လာခဲ့သည့် ကျင်းရဲ့မျက်လုံးတွေက
ကျေနပ်မှုနှင့်ပျော်ရွှင်မှုတို့
ရောပြွန်းကာ သူ့အကြည့်တွေကိုတုံ့ပြန်လာခဲ့သည်လေ။
နှုတ်ခမ်းပေါ်မှာ တွဲခိုလာတဲ့အပြုံးလွင်လွင်လေးမှာ
ရင့်ကျက်မှုတြွေပည့်နှက်နေသည့်တိုင်
ကလေးဆန်မှုကလည်းပျောက်ကွယ်မသွားသေးပေ။

ကျင်းမှာ ယခုထက်ထိဆယ်ကျော်သက်အရွယ်ပင်
ရှိနေသေးသည်မဟုတ်ပါလား။
ဘာကြောင့် အသွင်မပြောင်းနိုင်ရသေးပါလိမ့်
ဆိုတဲ့အတွေးကြောင့် ရှင်းရဲ့ဒေါသတွေသည်
မက်မွန်ပွင့်ဖတ်လေးနှယ်အဝေးသို့လွင့်ပြယ်သွားခဲ့ရ၏။ စိုးရိမ်မှုနှင့်တစ်ထပ်တည်းကျနေသည့် သူ့လက်တွေသည်
ကျင်းရဲ့ပါးပြင်ပေါ်အလိုအလျောက်ရောက်သွားပြီး
ခပ်ဖွဖွပွတ်သပ်ပေးခြင်းဖြင့်အဆုံးသတ်၏။

ထိုစဉ်.......ဝုန်း ဆိုတဲ့အသံနက်ကြီးနဲ့အတူ တစ်စုံတစ်ခု‌သောစွမ်းအင်တစ်မျိုး‌ကြောင့် ဆွဲဆောင့်လိုက်သလိုဖြစ်သွားပြီး
ရှင်း‌လဲကျသွားရ‌တော့သည်။

ဘာတြွေဖစ်ကုန်တာလဲဆိုပြီး မျက်လုံးဖွင့်မလို့လုပ်ပေမယ့် ရေရဲ့ဖိအားကြောင့်မျက်လုံးပင်ကောင်းကောင်းမဖွင့်နိုင်ခဲ့ပါ။တစ်‌ယောက်ယောက်ကို
‌အေ်ာဟစ်အကူအညီတောင်းဖို့ပါးစပ်ဟလိုက်မိတော့ ရေတွေကအရှိန်အဟုန်နဲ့ ပါးစပ်ထဲဝင်လာပြန်တာကြောင့်
ရှင်း အလျင်အမြန်ပြန်ပိတ်လိုက်ရသည်။
မှောင်မည်းနေတဲ့ ရေနက်ပိုင်းကြီးထဲကို ရေဘောလုံးထဲကနေတစ်ဆင့်
ဘယ်လိုရောက်လာရသလဲဆိုတာလည်း သူမတွေးတတ်တော့ပေ။
ရေတွေနှာခေါင်းထဲဝင်လာမှာစိုးလို့ အသက်အောင့်ထားမိတော့ အဆုတ်ကလေမရတော့ဘဲ မောဟိုက်လာရပြန်၏။

အသက်ရှင်ဖို့ ‌ရေထဲမှာရုန်းကန်နေပေမယ့် ဖိအားတစ်မျိုးက သူ့ကိုအတင်းအကျပ်ချုပ်နှောင်ထားတာကြောင့်
နောက်ဆုံးမှာတော့
အားကုန်ပြီးခြေကုန်လက်ပန်းကျလာတော့သည်။
ခြေတွေ၊လက်တွေကိုလည်းမလှုပ်နိုင်တော့သလို
တစ်‌စုံတစ်ယောက်ကိုအကူအညီတောင်းဖို့လည်း သူ့နှုတ်ခမ်းတွေကိုမဖွင့်ဟနိုင်တော့ပါ။
အကူအညီရလိုရငြား ကျင်းကိုလှမ်းကြည့်မိပြန်တော့
နဂါးဖြူကြီးတစ်ကောင်၏ ရစ်ပတ်ခြင်းခံထားရသည်ကို
တွေ့လိုက်ရလေ၏။

ခန္ဓာကိုယ်ကိုလှုပ်ယမ်းလိုက်တိုင်း
ဘေးပတ်လည်တွင်မက်မွန်းပွင့်ဖက်လေးတွေ လွင့်ကျန်နေတတ်သည့်
၎င်း နဂါးဖြူကြီးမှာ ဟွားရန်ရဲ့ကိုယ်ပွားဝိဉာဉ်ကလွဲရင်
တခြားမဟုတ်တန်ရာ။
ချိတ်ဆက်တွေးကြည့်မည်ဆိုလျှင်
ကျင်းရဲ့ခန္ဓာကိုယ်ထဲသို့
ရှင်းရဲ့ဝိဉာဉ်ဆွဲသွင်းခံလိုက်ရမည်ကို
တားဆီးသည့်အနေဖြင့်
ကျင်းကိုရစ်ပတ်ထားဟန်တူ၏။

နဂါးဖြူကြီးရဲ့ခန္ဓာကိုယ်ထဲမှထွက်ပေါ်လာသည့်
မက်မွန်ပွင့်သဏ္ဍာန်စွမ်းအားတွေနှင့်
ကျင်းရဲ့ရေစွမ်းအားတွေသည်အချင်းချင်း
တွန်းကန်ကြကာ အလိုရှိရာလမ်းကြောင်းသို့
ရောက်ရန်ရှာဖွေနေကြ၏။
ကျင်းက ရှင်းကိုသူ့ခန္ဓာကိုယ်ထဲသို့
ဝင်အောင်ကြိုးစားချင်နေသလို၊
ဟွားရန်ကလည်း ထိုအကြံအစည်မအောင်မြင်အောင်
တတ်အားသမျှကြိုးပမ်းနေ၏။

လုံးထွေးသတ်ပုတ်နေကြသည့်
နှစ်‌ယောက်မှာ ရှင်းထံသို့နတ်ဆိုးလက်ပါးစေတွေ
အလျင်အမြန်ကူးခတ်လာကြသည်ကို
သတိမမူမိကြပါချေ။
သို့အတွက် ရှင်းမှာ သူ့ကိုယ်သူအားတင်းလိုက်ကာ
လက်ချောင်းရှည်တွေမှာ ဝတ်ဆင်ထားသည့်
လက်စွပ်လေးတွေရဲ့စွမ်းအားကိုသာ
အသုံးချဖို့ဆုံးဖြတ်လိုက်ရတော့သည်။

ချက်ချင်းဆိုသလို
လက်ချောင်းသွယ်သွယ်လေးတွေပေါ်က
လက်စွပ်ဆယ်ကွင်းလုံးမှာ ရှင်းရဲ့စိတ်စေရာအတိုင်းပင်
အရောင်တဖျတ်ဖျတ်လက်လို့လာခဲ့သည်။
လက်စွပ်တစ်ကွင်းစီတွင်
တွဲလွဲခိုနေသည့်ရွှေကြိုးလေးတွေမှာ
ထိုရွှေရောင်စွမ်းအင်တွေကြားမှာ
အသက်ဝင်လာသည့်နှယ်
ယိမ်းနွဲ့လှုပ်ရှားလို့လာ၏။

ကချေသည်‌‌မိန်းမပျိုလေးမြှောက်ပင့်လိုက်သည့်
ပုဝါတစ်စနှယ် လှပငြိမ့်ငြောင်းစွာ
လှုပ်ရှားသွားသည့် ရွှေကြိုးမျှင်ဆယ်စမှာ
ရှင်းရဲ့ဆံနွယ်ရှည်တွေရဲ့ အလျားအတိုင်းပင်
တစ်စထက်တစ်စရှည်လျားလို့လာခဲ့သည်။
အစွန်းတစ်ဖက်စီက ရှင်းလက်ချောင်းတွေ‌ပေါ်က
လက်စွပ်တစ်ခုစီကို ချိတ်ဆက်ထားသည်မို့
စိတ်ချင်းဆက်နွယ်နေသည့်အလား
လက်ချောင်းတစ်ချောင်းစီ၏
လှုပ်ရှားမှုအတိုင်းလှပစွာကခုန်လို့နေ၏။

ထိုသို့သောအခြင်းအရာကိုမြင်လိုက်ရသည်နှင့်
ကန်ရေပြင်ထက်မှ ပုံရိပ်တွေကိုငေးကြည့်နေသည့်
မိုးနတ်မင်းရဲ့မျက်လုံးတွေသည်
အမျိုးအမည်မသိသည့် ပူနွေးမှုတစ်ခုဖြတ်စီးခံလိုက်ရသည့်နှယ်
အရောင်လက်သွားရ၏။

"ရှစ်ဇွင်း....."

တီးတိုးခေါ်လိုက်သည့်ခေါ်သံတစ်စွန်းတစ်စသည်
မကျယ်သော်ငြားလည်း
အဓိပ္ပာယ်တစ်မျိုးပျော်ဝင်နေမှုကြောင့်
ဝမ်းနည်းဖွယ်ရာတေးသံစဉ်တစ်ခုအဖြစ်
ကြားရသူအပေါင်းကိုဆွံ့အသွားစေသည်။
ချိုးယွဲ့(မိုးနတ်မင်း)မှာ
သူ့ထံသို့အားလုံးရဲ့အကြည့်တွေပြေးဝင်လာသည်ကို
သတိထားမိပေမယ့် ဂရုမပြုတော့ပဲ
ပုလ္လင်ထက်မှ‌ကိုယ်ဖော့စွမ်းဖြင့်
ခုန်ဆင်းလိုက်ကာ
ဝူရှင်းကန်ထဲသို့တစ်ဆက်တည်းတိုးဝင်သွားတော့သည်။

အစကတည်းက အစီအရင်ကိုဝူရှင်းကန်ထဲတွင်
တည်ထားသည်ဖြစ်ရာ
မကြာလိုက်သည့်အချိန်ခဏအတွင်း၌ပင်
ကျင်းကိုထိန်းချုပ်နေသည့်ဟွားရန်နှင့်
နတ်ဆိုးလက်ပါးစေတွေကို
ရင်ဆိုင်ဖို့လုပ်နေသည့်
ရှင်းကိုတွေ့လိုက်ရတော့သည် ။
သို့ပေမယ့် သူ့ရဲ့ဦးတည်ရာမှာ
ကျင်းနှင့်ဟွားရန်ထံတွင်ရှိမနေခဲ့ပါ။
ရှင်းထံတွင်သာ လိပ်ပြာတစ်ကောင်နှယ်
နားခိုလို့နေ၏။

သူသည် တိမ်ကနေဖြစ်တည်လာသည့်သူပေမို့
လျင်မြန်စွာရွေ့လျားနိုင်သည်ဖြစ်ရာ
တစ်ခဏချင်းပင် ‌ရှင်းကိုအသေအချာမြင်နိုင်လောက်သည့်
နေရာသို့ရောက်သွားခဲ့၏။

(ရှစ်ဇွင်း.....လန်ယာကိုကျေးဇူးပြုပြီး
မသုံးလိုက်ပါနဲ့ )

နားထဲတွင်ကျယ်လောင်စွာထွက်ပေါ်လာသည့်
အသံကြောင့် ရှင်းလှုပ်ရှားရုန်းကန်နေရင်းမှ
တွေဝေသွားရတော့သည်။
ဒီအသံက သူမကြားရတာကြာပြီဖြစ်သည့်
ချိုးယွဲ့ရဲ့အသံမဟုတ်ပါလား။
စိတ်စွမ်းအင်နဲ့လှမ်းပြောနေပေမယ့်
နား နားကပ်၍ အော်လိုက်သည့်နှယ်
ကြည်လင်ပြတ်သားနေသည့်အသံကြောင့်
ရှင်း ဝေ့ဝဲကြည့်မိချေပြီ။

မဖြစ်နိုင်သည့်အိပ်မက်တစ်ခုကို
မြင်မက်ရသည့်အခါ စိတ်ဝိဉာဉ်ကတစ်ခဏမျှ
အသိစိတ်ကင်းကွာသွားသည်ဟု
သူကြားဖူးသည်။ တကယ်တမ်းကြုံတွေ့လိုက်ချိန်မှာ
ယုံတမ်းစကားတွေက မှန်ကန်နေတတ်သည်မှာ
ရှားလွန်းလှပေမယ့်
ဒီတစ်ကြိမ်တော့မှန်သွားပြီထင်ပါရဲ့။

အဖြူ‌ရောင်ဝတ်ရုံကိုဆင်မြန်းထားသော
ချိုးယွဲ့မှာ တိမ်လွှာသဏ္ဍာန်ပုံဖော်ထားသည့်
ဓားအမြိတ်ပါ
အသွားနှစ်ဖက်ဓားရှည်ကိုကိုင်ဆွဲပြ
နတ်ဆိုးလက်ပါးစေတွေကို
လျင်မြန်စွာသုတ်သင်ပစ်နေခဲ့သည်‌လေ။
ဓားထဲတွင် ဟုန်လင်ကျင်းရဲ့မိစ္ဆာမျက်လုံးကို
မြှုပ်ထားသည်ဖြစ်ရာ
နတ်ဆိုးစွမ်းအင်အသုံးပြု၍
တိုက်ခိုက်နေသကဲ့ဖြစ်နေ၏။

သို့ဖြစ်၍ နတ်ဆိုးလက်ပါးစေများမှာ
ထပ်မံတိုးပွားလာခြင်းမရှိပဲ
ချိုးယွဲ့ရဲ့ဓားနဲ့ထိရုံဖြင့်ပင်
အငွေ့အဖြစ်သို့ကူးပြောင်းသွားရတော့သည်။
ဓားချက်တွေသည် ညှာတာခြင်းကင်းမဲ့လျက်။
အချိတ်အဆက်မိလှစွာလှုပ်ရှားနေသည်မို့
တစ်ဆက်တည်းနှင့်ပင်
နတ်ဆိုးလက်ပါးစေသတ္တဝါငါးကောင်ခန့်ကို
သတ်ဖြတ်နိုင်၏။

သို့ပေမယ့် ရှင်းမှာအသက်အောင့်ထားသည်မှာ
ကြာမြင့်နေသောကြောင့်
အမြင်‌မှားနေသည်ဟုသာသတ်မှတ်လိုက်ပြီး
လက်ချောင်းတွေကိုအသာလှုပ်ရှားလိုက်တော့၏။
သူ့လှုပ်ရှားမှုသည် လရောင်အောက်တွင်
သစ်ခွမုဒြာလက်ကွက်ဖြင့်ကနေသော
မိန်းမပျိုလေး၏ လက်ဟန်ကဲ့သို့ပင်
ငြိမ်သက်မှုနှင့်သက်ဝင်နိုးကြားမှုတို့
ဆတူရောယှက်နေ၏။

ထိုလှုပ်ရှားမှု၏ ရလဒ်အနေဖြင့်
သေးမျှင်လှသည့် ရွှေကြိုးမျှင်များသည်
‌နတ်ဆိုးလက်ပါးစေတွေဆီသို့ အသာလူးလွန့်သွားကာ
ပုဝါစလေးနှယ် ၎င်းတို့အပေါ်မြှဖတ်သန်းသွားခဲ့၏။
ထိုသို့သောရွေ့လျားမှုလေးအဆုံးမှာတော့
ရွှေကြိုးလေးတွေပေါ်တွင် သွေးတွေနှင့်ပြည့်နှက်သွားတော့သည်။

(ရှစ်ဇွင်း!!!!!)

ချိုးယွဲ့ရဲ့အော်သံသည်
နားစည်ကိုကြမ်းတမ်းစွာတိုက်ခတ်သွားသည့်
လေပြင်းတစ်ချပ်နှယ်။
အမြင်မှားမှုမဟုတ်သည်ကို
သက်သေပြလိုက်သကဲ့သို့ပင်။
ရှင်းမှာ သွေးစွန်းနေသည့်ကြိုးမျှင်များကို
ငေးကြည့်နေသည့် ချိုးယွဲ့ကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာမသိတော့သည့်အလား ၊တစ်ခဏကြာအောင်တိတ်ဆိတ်နေပြီးမှ သူ့လက်စာမိသွားသည့်
နတ်ဆိုးလက်ပါးစေများဘက်သို့သာ
အကြည့်ပြန်လွှဲလိုက်တော့သည်။

ကြိုးရာအတိုင်း တိခနဲပြတ်သွားသောနတ်ဆိုးလက်ပါးစေများ၏
ခန္ဓာကိုယ်မှာ
အငွေ့အဖြစ်ပျောက်ကွယ်သွားခြင်းမရှိပေမယ့်
အနောက်သို့အနည်းငယ်တော့ ဆုတ်ခွာသွားကြ၏။
သို့ပေမယ့် ဝမ်းသာစရာတော့မရှိလှပါ။
ရှင်းငှားရမ်းထားသည့်နတ်ဆိုးစွမ်းအင်မှာ
အစောပိုင်းကတည်းက ပြယ်ပျောက်သွားခဲ့ပြီမို့
နတ်ဆိုးလက်ပါးစေတွေကိုနှစ်ဆသာ
ထပ်တိုးစေခဲ့သည်လေ။

ထိုအချိန်မှာပင်
မျက်ခုံးတွေတွန့်ချိုးသွားတဲ့အထိ
မခံရပ်နိုင်လောက် မွန်းကြပ်လာမှုနှင့်အတူ
ရှင်း ဒုတိယအကြိမ်ရေမွန်းသွားရပြန်၏။
အသက်ရှုအောင့်နိုင်သည်ဆိုပေမယ့်
ကာလကြာရှည်အောင်‌နေနိုင်ဖို့က
သိပ်ကိုခဲယဉ်းလွန်းလှပါ၏။
ထို့ပြင် ရေနက်ပိုင်းထဲသို့တတိတိနှင့်
ဆွဲခေါ်ခြင်းခံနေရသည်ဖြစ်ရာ
မွန်းကြပ်လွန်း၍ မျက်လုံးတွေပင်
ပြာဝေလာရတော့သည်။

သေတယ်ဆိုတဲ့ခံစားချက်ကဘယ်လိုပါလိမ့်လို့
သူအရင်က‌တွေးခဲ့ဖူးသည်။ဒါပေမယ့် တကယ့်လက်တွေ့မှာကြုံတွေ့လိုက်ရတော့
ကြောက်တဲ့စိတ်ကြောင့်သူဘာကိုမှမခံစားရသလိုပါပဲ။တစ်စတစ်စကြီးစိုးနေတဲ့အ‌မှောင်ထုထဲမှာ
စိတ်လျော့ပစ်လိုက်တော့ ပင်လယ်ကြမ်းပြင်နဲ့ရိုက်မိတဲ့အထိလူက
နစ်မြှုပ်သွားပြန်သည်။ အစောပိုင်းတုန်းကလည်း
တစ်ကြိမ်ရိုက်မိထားသည်မို့
အရိုးတွေပင်ကျိုးကုန်ပြီလားဟု
အသံတိတ်ရေရွတ်မိသည်အထိပင် ။

ထိုစဉ် အသံတိုးတိုးလေးတစ်ခုက သူ့နားစည်ကိုထိပါးရိုက်ခတ်လာခဲ့ပြန်၏။
ထိုအသံလေးက တိုးလွန်းတယ်ဆိုပေမယ့် ကြည်လင်ပြတ်သားလွန်းလှတာကြောင့် သူ့အသိစိတ်တွေပင်တစ်ဖန်ပြန်နိုးကြားလာရသည်။

( ရှစ်ဇွင်းကို ကောင်းကင်ဘုံဆီပြန်ပို့လိုက်!!! )

စိတ်စွမ်းအင်နှင့်ပြောလိုက်တဲ့
ချိုးယွဲ့ရဲ့စကားသံအဆုံးမှာတော့
ရှင်းရဲ့တစ်ကိုယ်လုံးမြှောက်တက်သွားပြီး
အလင်းရောင်ရှိရာသို့
ဆွဲ‌ခေါ်ခြင်းခံလိုက်ရတော့သည်။
သူ့ကိုကယ်တင်လိုက်တဲ့ ချိုးယွဲ့ရဲ့စိတ်ကစိတ်ရင်းလား၊
ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာ
ရှင်း မခွဲတတ်တော့ပေမယ့်
ကျေးဇူးတင်စိတ်တော့ဖြစ်မိပါ၏။

လေရဲ့အလျဉ်နှင့်အတူဆွဲဆောင်ခြင်းတွေရဲ့
နောက်သို့အလိုက်သင့်လိုက်ပါသွားရင်း
အနောက်မှာကျန်ခဲ့သည့်
တပည့်သုံးယောက်ကို
ရှင်းခေါင်းအသာရမ်းပြီး
နောက်လှည့်ကြည့်မိ၏။
ဖြတ်ခနဲမြင်လိုက်ရသည့်
မှုန်ရီဝေဝါးလှတဲ့မြင်ကွင်းလေးထဲမှာ
ဟိုးအရင်ကလိုပင် ကျောချင်းကပ်ရင်း
ရန်သူတွေကိုစုပေါင်းနှိမ်နင်းနေကြသည့်
အပြုအမူလေးတွေက ချစ်ဖို့ကောင်းလှပါရဲ့။

သို့ပေမယ့် ထိုမြင်ကွင်းလေးမှာ
ရှင်းရဲ့အမြင်မှားယွင်းဖြစ်နေခဲ့တာကတော့
နှမြောစရာကောင်းလှ၏။။။။။။။။

© Sun Elf,
книга «The truth untold».
Коментарі