Chapter 5
ကျားကွက်ပေါ်မှာ ကျားစေ့တြွေပည့်နှက်နေပြီမို့
ဘယ်မှာထပ်တင်ရင်ကောင်းပါ့မလဲဟု
စဉ်းစားနေစဉ် ရွမ်မင်ထံမှကြားလိုက်ရသည့်စကားကြောင့်
မိုးနတ်မင်းရဲ့လက်တွေက တွန့်ဆုတ်ခြင်းနှင့်
တုန်လှုပ်ခြင်းတို့ပေါင်းကာ ရပ်တန့်သွားရတော့သည်။
သူ့ရဲ့ရှစ်ဇွင်း ဟော်လင်အရှင်သခင်က
နတ်သားရဲနယ်မြေမှာ ပိုင်ဟယ်သခင်မနှင့်အတူရှိနေသည်ဆိုသည့်အချက်သည် သူ့ကိုသွေးပျက်စေဖို့စေ့ဆော်လို့နေသယောင်။
သုံးလောကကို လက်ဝါးကြီးအုပ်ပြီး
တစ်ယောက်တည်းအုပ်စိုးဖို့လုပ်နေတဲ့
သူ့ရဲ့အစီအစဉ်တွေကို မပျက်ပျက်အောင်
တားဆီးနေတတ်သည့် ရှစ်ဇွင်းက နတ်ဆိုးတွေနှင့်ပါ
ပူးပေါင်းပြီး သူ့လမ်းကိုနှောက်ယှက်မယ်တဲ့လား။
ဘယ်လောက်တောင် ဘက်လိုက်မှုတစ်သန်းနှင့်
ငြိစွန်းနေတဲ့ ဟော်လင်အရှင်သခင်ပါလိမ့်။
သုံးလောကကိုတစ်ပေါင်းတစ်စည်းတည်းအဖြစ်
ဝမ်ယွဲ့အုပ်စိုးစဉ်အခါကတော့ ဘာကန့်ကွက်စကားမှပင်
မဆိုခဲ့တဲ့ ရှစ်ဇွင်းက သူ့ကိုကျမှဘာကြောင့်
ဖျက်လိုဖျက်ဆီးပြုနေသူဟု
စွပ်စွဲပြီး လိုက်လံတားမြစ်နေရပါလိမ့်။
ဒါမှမဟုတ် သူ့ကိုအထင်သေးလို့ မလုပ်နိုင်လောက်ဘူးထင်နေတာများလား။
လွန်ခဲ့တဲ့အနှစ်ရှစ်သောင်းက ကိစ္စတွေကိုလည်း
ရှစ်ဇွင်းက သိုဝှက်ထားခဲ့သေးသည်။ ဒါကသူ့ရဲ့ဓားကို
မီးပုံထဲပစ်ချပြီး ဖျက်ဆီးဖို့လုပ်နေသည်နှင့်တူနေသည်မို့
ပို၍သာဒေါသထွက်ရပြန်သည်။
သို့ပေမယ့် ရှစ်ဇွင်းမသိသည်က
သူ့မှာရှိနေတာက ဟုန်လင်ကျင်းရဲ့ရတနာ၂ပါးတင်မဟုတ်ပဲ၊
နတ်ဆိုးဘုရင်ငယ် ၂ပါးပါ ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။
ရှစ်ဇွင်းက ဘယ်လောက်ပဲကျန်နေတဲ့နတ်ဆိုးဘုရင်ငယ်တွေကို
လိုက်လံစုစည်းနေပါစေ၊ သူထိန်းချုပ်ထားတဲ့
အင်အားအကြီးဆုံးသူတွေနှင့်ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။
သို့ကြောင့် မဲ့ပြုံးတစ်ခုကိုအစချီပြီး ကျားကွက်ပေါ်သို့ ကျားစေ့တစ်စေ့တင်လိုက်ပါ၏။
"ငါနိုင်ပြီ"
သူ့ရဲ့စကားကိုတစ်ဖက်မှာကစားနေတဲ့
မိန်းမပျိုလေးက ဂရုပင်မစိုက်ပဲ
မကြားသယောင်ဟန်ဆောင်လို့နေသည်။
ခံစားမှုတစ်ခုတစ်လေမှမရှိတဲ့ သူမရဲ့မျက်လုံးတွေက
ကျားကွက်ပေါ်မှာသာရှိနေပြီး သူ့ဆီအနည်းငယ်မျှပင်လှည့်ကြည့်မလာခဲ့ပါ။
သို့သော်ငြား သူစိတ်လည်းမဆိုးမိသလို၊ ဝမ်းလည်းမနည်းမိပါ။ ဘာကြောင့်လဲဆိုတော့
သူမမှာသေဆုံးသွားတာ နှစ်အတော်ကြာပြီဖြစ်သည့်
အလောင်းကောင်ကြီးဖြစ်နေလို့ပါပဲ။
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
မိုးစက်မှုန်တွေကြားမှာ ပွင့်လန်းနေတဲ့
သစ်တော်ပန်းလေးတွေကိုငေးကြည့်ရင်း
ကျင်းရဲ့ နှုတ်ခမ်းတွေဟာအလိုလိုတွန့်ကွေးလို့သွားရပြန်၏။
အခုလိုပဲ ကောင်းကင်ကြီးကညို့မှိုင်းလို့
မိုးရေစက်တွေအဆက်မပြတ်ကျဆင်းကာ
ရှင်းရဲ့သွားလာလမ်းကို အတားဆီးတစ်ခုနှယ်
နှောက်ယှက်လို့နေခဲ့သည်။
သို့ပေမယ့် ရှင်းကမာနကြီးလှသည်။ ကျင်း ကမ်းပေးသည့်ထီးကိုလုံးဝမယူပဲ ဇရပ်ထဲတွင်သာ
အချိန်အတန်ကြာတဲ့အထိ ညောင်းညာဟန်မပြပဲ
မတ်တပ်ရပ်နေကာ မိုးတိတ်မည့်အချိန်အထိစောင့်ဆိုင်းနေခဲ့သည်လေ။
အဲ့ဒီနေ့တုန်းက ရှင်းရပ်နေခဲ့သည့်ဇရပ်မှာ
တခြားနေရာမဟုတ်ပဲ၊ ကျင်းပိုင်ဆိုင်သည့်
လေသာဆောင်တစ်ခုဖြစ်တာကိုတော့
ပြောပြဖြစ်ခဲ့သည်။ ထိုခဏ၌ ရှင်းရဲ့မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ ရှက်ဒေါသအရိပ်အယောင်လေးတွေက
တကယ်ပင်နူးညံ့လို့နေခဲ့သည်။
ကျင်းရဲ့နန်းဆောင်သည် ကောင်းကင်မြို့တော်မှာမဟုတ်ပဲ
ပင်လယ်နှင့်နီးတဲ့ချိုင့်ဝှမ်းဒေသမှာတည်ရှိတာကြောင့်
မိုးရေစက်တွေကို မြင်နိုင်သလို၊ နှင်းပွင့်တွေကိုလည်း
တွေကိုလည်း ခံစားခွင့်ရနိုင်သေးသည်။
ကောင်းကင်မြို့တော်မှာမနေရ၍ ကျင်းရဲ့နေရာက
လူ့ပြည်မှာရှိနေသည်လားဆိုတော့လည်း မဟုတ်ပြန်။ ကျင်းနေထိုင်ရာနေရာမှာ
ချီစွမ်းအင်တွေအဆက်မပြတ်စီးဝင်နေတဲ့
စိတ်ညို့ရေကန်ဟုခေါ်သည့် နတ်ရေကန်အလယ်တွင်
ခမ်းနားစွာတည်ရှိနေသည့် နန်းတော်တစ်ခုသာ။
ရေတံခွန်ပေါင်း ၅၀၀၀ကျော်စီးဝင်နေသည့်
အနှီစိတ်ညို့ရေကန်မှာ ကောင်းကင်ဘုံ၏
ရတနာတစ်ပါးဟုပင်သတ်မှတ်ခံထားရသည့်
နေရာတစ်ခုဖြစ်သည်။ ကောင်းကင်ဘုံနှင့်မြေပြင်ကြားမှာရှိသည့်နေရာတစ်ခုဟူ၍လည်း အလွယ်မှတ်ယူနိုင်၏။
ကန်ထဲကရေအနည်းငယ်ကိုချိုးရေထဲထည့်ပြီး
ကျင့်ကြံရေးလမ်းစဉ်တွေလေ့ကျင့်မည်ဆိုပါက
အလျင်အမြန်ပင် စွမ်းအင်တွေတိုးပွားလာနိုင်ပေသည်။
ထို့ပြင်နတ်ခန္ဓာကိုယ်ကိုလည်းထိန်းသိမ်းပေးနိုင်သတဲ့။ ကောင်းကင်ဘုံ၌ နတ်ဘုရားဖြစ်စေ၊ နတ်သားဖြစ်စေ သေဆုံးသွားပြီဆိုပါက
ခန္ဓာကိုယ်မှာ တစ်ခဏအတွင်းမှာပင်
အလင်းမှုန်များအဖြစ်သို့ပြောင်းလဲကာ
ပျက်ဆီးပျောက်ကွယ်သွားလေ့ရှိသည်။
သို့ပေမယ့် ထိုခန္ဓာကိုယ်ကိုစိတ်ညို့ရေကန်ထဲသို့
ထည့်လိုက်မည်ဆိုပါက နှစ်ပေါင်းများစွာတိုင်
ထိန်းသိမ်းထားနိုင်သည်။ ကံကောင်းထောက်မပါက
သေဆုံးသွားသည့်ဝိဉာဉ်သည် သေခြင်းမဲ့ကမ်းပါးကို
တဖန်ပြန်လည်ဖြတ်ကျော်လာနိုင်မည်ဆိုလျင်
ခန္ဓာကိုယ်ထဲပြန်ဝင်နိုင်အောင်ကူညီပေးနိုင်သည်ဟုဆို၏။
သို့ကြောင့် ရတနာတွေထဲက ရတနာတစ်ပါးဖြစ်သည့် စိတ်ညို့ရေကန်တွင်
နေထိုင်သည့် ကျင်းမှာ စိတ်စွမ်းအင်ပေါများသည်ထက် ပို၍ပိုင်ဆိုင်ထားသည်မှာ မထူးဆန်းလှပါ။
ထို့ပြင်သြဇာအာဏာလည်းများစွာရှိပါ၏။
ငယ်ရွယ်ပေမယ့် တိုက်ခိုက်ရေးစွမ်းရည်၊
ကျင့်ကြံရေးစွမ်းရည်၊ စိတ်စွမ်းအင်၊
အသိဉာဏ်ကြွယ်ဝမှု စသည့်အရာအားလုံးကို
သာမန်ထက်ပိုမိုနှံ့စပ်သည့်အချက်က
သူ့ဩဇာကိုပိုမိုငြောင်းစေသည်။
သို့ပေမယ့် အခြားသူတွေမသိသည်က
ကျင်းဆိုသည်မှာ ရှင်းဆိုသည့်သူ့ရှစ်ဇွင်းရှေ့မှာတော့
အမြဲလိုလိုရှပ်ပြာပြာနိုင်ပြီး စာကျက်ပျင်းသည့်
ကျောင်းသားတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။
ကလေးတစ်ယောက်လိုပြုမူတတ်ပေသည်။
ရှင်းကို လေးစားသည့်အပြင် ကြောက်လည်းကြောက်ပေမယ့် ဘယ်လိုချွဲနွဲ့ရမည်ကို အမြဲချောင်းနေတတ်သေးသည်။
သစ်တော်ပန်းလေးတွေရဲ့အလှကိုခံစားနေရင်း
ကျင်းရဲ့အာရုံထဲမှာ ဖြူလွလွလက်လေးတစ်ဖက်က
သူ့လက်ကိုဆုပ်ကိုင်လာသည်ဟု မြင်ယောင်မိလိုက်လေသည်။ ဆက်ခနဲခုန်သွားသည့်
ရင်ခုန်သံနှင့်အတူ မျက်စိတစ်မှိတ်အတွင်းမှာ
ပြန်လည်ပျောက်ကွယ်သွားသည့်၊
အဖြူရောင်ဝတ်ရုံလက်နှင့်မခြားနားစွာ
ကြွေထည်လိုဖြူစွတ်နေသည့် လက်ကလေးကို
ကျင်းလိုက်ရှာမိလေပြီ။
သူ့မျက်လုံးထဲမှာ အမြဲတမ်းမြင်ယောင်မိနေတဲ့
အဲ့ဒီကြွေရည်သုတ်လက်ကလေး။
ဖြူလွလွဝတ်ရုံနှင့်ရွှေရောင်အနားကွပ်ထားသည့်
ဝတ်ရုံလက်။ မှင်ရောင်လိုမည်းနက်နေပြီး
ပျော့ပျောင်းလှပေမယ့် စည်းနှောင်ခြင်းမခံရသည့်
ရှည်လျားလှတဲ့ဆံနွယ်ရှည်။
အထီးကျန်ဆန်ပြီးနာကျင်မှုမျိုးစုံရောပြွန်းနေပုံပေါ်သည့် ကျောပြင်။
ဒါတွေက ဘယ်ကလာသလဲ။
ဘာကြောင့်ဖြစ်လာတာလဲဆိုတာ
သူအမြဲတွေးနေပေမယ့် အဖြေကတစ်ကြိမ်တစ်ခါမှပင်
တွက်ချက်အဖြေရှာ၍မရနိုင်ခဲ့ပါ။
ဒူးအထိရောက်အောင်ရှည်လျားလှသည့်ဆံနွယ်ရှည်ကို ပိုင်ဆိုင်သည့်သူဆိုသည်မှာ နှစ်ယောက်သာရှိပါ၏။
တစ်ယောက်မှာ သူနဲ့စေ့စပ်ထားသည့်
ပန်းနတ်သမီး ရှန်းရှူး။
နောက်တစ်ယောက်ကတော့ သူ့ရဲ့ရှစ်ဇွင်း။
သို့ပေမယ့် နှစ်ယောက်လုံးမဖြစ်နိုင်ဘူးဟုသာ
သူအကြိမ်ကြိမ်တွေးနေမိသည်။
ရှန်းရှူးက သူ့ပခုံးသာသာလောက်သာရှိသည့်မိန်းကလေးဖြစ်သည်မို့ သူ့ထက်ခေါင်းတစ်လုံးလောက်ပိုမြင့်နေသည့်
အဖြူရောင်နတ်ဘုရားလေးနှင့်လားလားမျှသက်ဆိုင်လိမ့်မည်မဟုတ်။
ရှင်းကတော့။။။။။။။။။
သူ့ထက်ခေါင်းတစ်လုံးပိုမြင့်တာတော့မှန်ပေမယ့်
အနီရောင်ဝတ်စုံကိုသာစွဲစွဲမြဲမြဲဝတ်တတ်သူမို့
သူမြင်နေတဲ့အဖြူရောင်နတ်ဘုရားနှင့်
ပတ်သက်ဆက်နွယ်လိမ့်မည်မထင်။
ထို့ပြင် ရှင်းကနားဆွဲတွေ၊ လက်စွပ်တွေနှင့်ရှုပ်ထွေးလှသည့်
အပြင်အဆင်ကိုနှစ်ခြိုက်တတ်သူတစ်ဦးဖြစ်သည်မို့
ရိုးရိုးရှင်းရှင်းဝတ်ဆင်တတ်သည့် အဖြူရောင်နတ်ဘုရားလေးနှင့် များစွာကွဲလွဲနေသေးသည်မဟုတ်လား။
ဒီအချက်တွေထက်ပိုမိုကွဲလွဲနေသည့်အချက်နှစ်ခုလည်းရှိပါသေးသည်။
ရှင်းက မိုးရေထဲမှာဘယ်သောအခါမှမသွားလာတတ်ပါ။
သူမျိုး။ သူ့စိတ်ကူးထဲကအဖြူရောင်နတ်သားလေးကတော့
မိုးရေထဲမှာဖြစ်နေပါစေ၊ သူ့ဘေးနားမှာအမြဲရှိနေတတ်၏။
နောက်တစ်ခုက ရှင်းမှာ ကျင်းကိုအမြဲတမ်းဆူပူကြိမ်းမောင်းပြီး
ဒဏ်ရာအနာတရတွေတစ်ခုပြီးတစ်ခုပေးတတ်သူတစ်ဦးပါလေ။ အဖြူရောင်နတ်ဘုရားလေးကတော့
အဲ့လိုမဟုတ်ပဲ ကျင်းကိုအမြဲတမ်းကာကွယ်တတ်သူဖြစ်၏။
တစ်ခါတစ်လေတော့လည်း ကျင်းတွေးမိပါ၏။
အဖြူရောင်နတ်ဘုရားလေးကိုသာ
ရှန်းရှူးရဲ့အဝေးကို နှစ်ကိုယ်တူလက်တွဲပြီး
ထွက်ပြေးမိမယ်လို့လေ။
ဒါပေမယ့် ရှင်းကိုရောဘယ်လိုလုပ်ရမှာတဲ့လဲ။
သူ့ရင်ထဲမှာရှိနေတဲ့ ရှင်းရဲ့နေရာက ကြီးမားလွန်းလှသည်မဟုတ်လား။
အမြဲတမ်းနာကျင်အောင်လုပ်နေလို့သာ
ချစ်ရမှာကြောက်နေမိတာဖြစ်ပေမယ့်
ရှင်းဆိုသည့်နာမည်ကိုသူ့နှလုံးသားထဲမှာ
ထွင်းထုထားမိသည်မှာ ကာလကြာရှည်ခဲ့ပြီဖြစ်သည်။
"ကျင်း"
ရုတ်တရက်ကြီး ကြားလိုက်ရတဲ့ခေါ်သံခပ်တိုးတိုးနှင့်အတူ
နှာခေါင်းထဲသို့အလုအယက်တိုးဝင်လာသည့်
သနပ်ခါးပန်းရနံ့ကြောင့် ကျင်းအနောက်ကိုလျင်မြန်စွာလှည့်ကြည့်လိုက်မိသည်။ ချက်ချင်းဆိုသလိုပင် မြင်ကွင်းထဲဝင်လာတဲ့
အနီရောင်ပုံရိပ်လေးကြောင့် ကျင်းမှင်သက်သွားရတော့သည်။
ရွှေကြိုးတွေနှင့်သွယ်တန်းထားသည့်စောင်းကိုစားပွဲပေါ်တင်ပြီး ကြိုးညှိနေတဲ့ရှင်းရဲ့ ဆံပင်တွေက
မျက်နှာပေါ်မှာဝေ့ဝဲ၍ကျနေကာ ဖြူဖွေးသောအသားအရေကိုပိုမိုအားဖြည့်ပေးနေ၏။ နီမြန်းသောနှုတ်ခမ်းနှစ်လွှာက သွားနှင့်ဖွဖွဖိကိုက်ထားခံရမှုကြောင့်
ဖူးကြွနေကာ ပိုမိုနီရဲနေခဲ့သည်။
စောင်းကြိုးကိုညှိပြီးသည်နှင့်ဆံပင်တွေကို
အနောက်ဘက်ပြန်ပို့လိုက်ကာ သူ့ဘက်ကိုအကြည့်လွှဲလာစဉ်
မျက်ဝန်းတွေကသာမန်ထက်ပိုမိုတောက်ပနေသည်မို့
ဆွဲဆောင်မှုတြွေပည့်ဝလို့နေသည်။
ကျင်းမှာ တစ်ခဏမျှကြောင်ငေးကြည့်နေပြီးမှ
အသိပြန်ဝင်လာကာ ရှင်းရဲ့အရှေ့မှာရှိနေတဲ့
ကတ္တီပါစလေးပေါ်သို့ အလျင်အမြန်ဝင်ထိုင်လိုက်တော့သည်။
စိတ်ထဲမှာတော့ ဤသို့နှယ်အဖန်တလဲလဲတွေးနေမိ၏။
' ရှစ်ဇွင်းက ဒီနေ့အရမ်းကြည့်ကောင်းနေတာပဲ....
အားးးးငါ့ရင်တွေခုန်နေတာမရပ်တော့ဘူးလားဟ!!!'
သူ့အရှေ့မှာကြောင်တောင်တောင်နှင့်လာထိုင်နေတဲ့
ကျင်းကြောင့် ရှင်းဘာပြောလို့ပြောရမှန်းပင်မသိတော့ပြီမို့
ကြောင်အအနှင့်သာ ငေးကြည့်နေမိတော့သည်။
စောင်းအရှေ့မှာထိုင်လိုက်တာနှင့်
ဓားကိုကိုင်ပြီးလေ့ကျင့်ဖို့အသင့်ပြင်နေတတ်တဲ့
ကျင်းက ဒီနေ့မှအထူးအဆန်းလုပ်ကာ
ကျုံ့ကျုံ့လေး အရှေ့မှာလာထိုင်နေသတဲ့လေ။
စိုးရိမ်သည့်စိတ်ကလည်းထိန်း၍မရနိုင်လောက်အောင် လျှံကျလာပြီမို့ ဘာကိုမှဂရုမစိုက်နိုင်တော့ပဲ
အလောတကြီးမေးလိုက်မိတော့သည်။ သို့ပေမယ့်
ထိုအသံက စိတ်မရှည်ခြင်းဘက်ကိုသာဦးတည်လို့
သွားနေခဲ့တာက ကျိန်စာတစ်ပုဒ်နှယ်။
"မင်း နေမကောင်းဘူးလား"
"ဟင်.....ကောင်း.....ကောင်းပါတယ် ရှစ်ဇွင်း"
"ငါ့ကိုဖုံးကွယ်ဖို့မကြိုးစားပါနဲ့....."
"......."
"မင်းရဲ့ခန္ဓာကိုယ်ကပူနွေးနေတာ
ငါမသိဘူးထင်နေလား.....
ဒါပေမယ့်.....ဘာလို့နားရွက်ဖျားတွေကပိုပူနေရတာလဲ"
"......"
ကျင်းမှာ သူ့ရဲ့ထိန်းချုပ်မရတဲ့စိတ်ကူးတွေအား ရှင်းကအကုန်သိနေသည်ကိုမျက်ဝါးထင်ထင်
သိခွင့်ရလိုက်တာကြောင့်
ခုနတုန်းကထက်ပင်ရှက်သွေးကြွသွားပြီး
နားရွက်ဖျားတွေသာမက တစ်ကိုယ်လုံးပူခြစ်လာတော့သည်။
သို့ပေမယ့် ထိုပူလောင်ခြင်းတွေသည်
သူ့ဆီမှာကြာရှည်စွာနေထိုင်ဖို့
မတောင်းဆိုခဲ့သလို၊ နေထိုင်ဖို့လည်းမတွေးခဲ့ပါ။
ရှင်းရဲ့အမျိုးအမည်မဖော်ပြနိုင်တဲ့
အကြည့်လေးတစ်ချက်အောက်မှာပင်
ပုံမှန်အတိုင်း အေးမြခြင်းအသွင်သို့
ပြန်လည်ကူးပြောင်းလို့သွားခဲ့၏။
အဲ့ဒီအချိန်မှာပင် တိုက်ဆိုင်လှစွာ ရှင်းထံမှအမေးစကားတစ်ခု ထွက်ပေါ်လာခဲ့သည်လေ။
"အဆင်ပြေသွားပြီလား"
"ဟင်....ရှစ်ဇွင်း ဘယ်လိုသိတာလဲ"
မျက်လုံးလေးပြူးပြီးပြန်မေးလိုက်ပေမယ့်
ရှင်းရဲ့မျက်လွှာတွေက ခုနတုန်းကအတိုင်းချထားလျက်ရှိနေဆဲပင်၊
ထိုမျက်လွှာတွေကအပေါ်ကိုဖြည်းညင်းစွာ
မြောက်သွားပြီး သူ့ဆီကိုအကြည့်တစ်ချက်ပို့လွှတ်လိုက်လိမ့်မယ်လို့
ကျင်းထင်မှတ်ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့
အနည်းငယ်မျှပင်ရောက်မလာခဲ့ပါ။
'မျှော်လင့်လွန်းအားကြီးရင် ကိုယ်တောင်းတတဲ့အရာတွေက ကိုယ့်ဆီကနေ
အလုအယက်ပြေးထွက်သွားတတ်တယ်' ဆိုတဲ့
စကားက သူ့အတွက်တော့မှန်နေပြီထင်ပါရဲ့ ။
ရှင်းနဲ့ပတ်သတ်ပြီးထားခဲ့သည့်
ကြီးမားတဲ့မျှော်လင့်ချက်အားလုံးဟာ
ဘယ်တော့မှသူ့ဆီရောက်မလာခဲ့တာပါလေ။
ကြည့်ရတာကြောင့် သူအရမ်းမျှော်လင့်မိသွားတယ်ထင်သည်။
အတွေးတွေကြားမှာပြေးလွှားနေပြန်တဲ့ ကျင်းကို
ရှင်း ထပ်မံခေါ်လိုက်ရပြန်၏။
"ကျင်း!"
'ဒီကလေး.....ဒီနေ့မှဘာဖြစ်နေတာပါလိမ့်'
"ဟင် ရှစ်ဇွင်း???"
"ရော့"
ပြတ်သားလှတဲ့စကားသံနှင့်အတူ
ရှင်းရဲ့ဆံနွယ်တွေထက်မှာခပ်ဖွဖွစည်းနှောင်ထားသည့် ဇာမဏီငှက်အရုပ်ပါသည့်ရွှေရောင်ခေါင်းစည်းကြိုးမှာ အလိုလိုပင် ၊ သူ့ဆီလွင့်ပျံလာပြီး
လက်ထဲသို့ဓားတစ်စင်းနှယ်သက်ဆင်းလာ၏။
ရွှေသားအတိပြီးသည့်ဇာမဏီငှက်သဏ္ဍာန်
ရွှေရိုးတပ်ဓားရဲ့အသွားနှစ်ဖက်လုံးက ထက်မြနေကာ နှင်းခဲတစ်မျှဖြူလွနေခဲ့သည်။ ဓားသွားမှာမုသမ်းပန်းပွင့်ပုံလေးများဟိုတစ်စ၊
ဒီတစ်စထွင်းထားတာကြောင့် အမြင်တင့်တယ်ပြီး
ထည်ဝါလှပေသည်။ သို့ပေမယ့် ဓားရဲ့ရောင်ဝါက
အဖြူရောင်မဟုတ်ပဲ ရွှေရောင်ဖြစ်နေသည်မို့
ခမ်းနားပြီးမြင့်မြတ်သည့်အသွင်ကိုဆောင်၏။
ကျင်းက ရှင်းရဲ့ခေါင်းစည်းကြိုးက ဓားတစ်လက်အသွင်ပြောင်းလဲသွားသည်ကို
မျက်မြင်ကြုံလိုက်ရတာကြောင့် အံ့ဩပြီးစကားပင်မပြောနိုင်တော့ချေ။
ထို့ပြင် မေးခွန်းတစ်ခုကိုလည်း သူအလေးအနက်တွေးနေမိပါ၏။
'ရှစ်ဇွင်းရဲ့ဆံပင်တွေက ဓားပြီးနေတာလားဟင်.....
ဒီလောက်ထက်တဲ့ဓားနဲ့စည်းထားတာတောင်
မပြတ်ဘူးဆိုတော့....
အင်းးး ရှစ်ဇွင်းကကတုံးကြီးများလား....
ငါမြင်နေတဲ့ဆံပင်တွေက ရှစ်ဇွင်းဖန်ဆင်းထားတဲ့
ဆံပင်တြွေဖစ်လိမ့်မယ် ....
ဒါကြောင့်သာ ဆံပင်တွေဘာမှမဖြစ်တာနေမှာပေါ့နော်'
မျက်လုံးလေး ကလယ်ကလယ်နှင့် တောင်စဉ်ရေမရလျှောက်တွေးနေပုံရသည့်
တပည့်ဖြစ်သူကိုကြည့်ပြီး ရှင်းမှာသံဝေဂ
အသွင်သွင်ရကာ တရားပေါက်ခါနီးပင်ဖြစ်သွားရချေသည်။
ဓားသိုင်းသင်ပေးမယ့်သူက
တုနှိုင်းမဲ့ရတနာဓားငှားပြီး
သင်ပေးဖို့အသင့်ဖြစ်နေတာတောင်
သူက 'စဉ်းစားရင်း၊ မေးခွန်းလေးတွေပေါ်လာ'
"ဟေ့......မင်းဒီနေ့ဓားသိုင်းလေ့ကျင့်ဦးမှာလား....
ငါ့ဓားရဲ့ကောက်ကြောင်းကို
ထိုင်ငေးနေမှာလား"
"ရှစ်ဇွင်း"
"အင်း...."
အတန်ကြာတဲ့အထိဘာမှမပြောပဲငြိမ်သက်နေပြန်တဲ့
ကျင်းကြောင့် ရှင်းတကယ်ပင်
ငိုရမလား၊ရယ်ရမလားမသိတော့ပါ။
ဒီကလေးလို စကားတွေရေအလျဉ်လိုအဆက်မပြတ်ပဲ
ပြောတတ်တဲ့သူတစ်ယောက်က
ရုတ်တရက်ကြီးပြောရမှာတွန့်ဆုတ်နေသည်မို့
သူစိုးရိမ်လာမိသည်။
သူကိုယ်တိုင်လည်း စိတ်လွတ်သွားပြီး
ဒီဓားကိုထုတ်ပေးလိုက်မိတာကြောင့်
ကိုယ့်အပြစ်နှင့်ကိုယ်မလုံမလဲဖြစ်ကာ
ရှင်းရဲ့ရင်တွေတလှပ်လှပ်ခုန်လာရသည်။
ဘာကြောင့်လဲဆိုတော့.....
ရှင်းရာဆိုတဲ့ ဒီဓားသွားမှာ ကျင်းရဲ့နှလုံးသွေးတွေစွန်းထင်းသွားအောင်
သူကိုယ်တိုင်လုပ်ခဲ့မိလို့ပါပဲ။
အဲ့ဒီအချိန်တုန်းက သူသိပ်ရက်စက်မိခဲ့သည်။
မျက်ရည်တြွေပည့်လျှံနေတဲ့ ကျင်းရဲ့မျက်လုံးတွေကို လျစ်လျူရှုပြီး
ဓားနှင့်တစ်ချက်တည်းထိုးသတ်ခဲ့သည်လေ။
တုန်လှုပ်ခြင်းအလျဉ်းမရှိပဲနဲ့ပေါ့။
အေးခဲနေတဲ့မြစ်ရေထဲမှာ ကျင်လည်ခဲ့ရသည့်ပမာ
နွေးထွေးမှုစိုးစဉ်းမျှမရှိတဲ့ရှင်းရဲ့မျက်လုံးတွေကို
ငေးကြည့်ရင်း ကျင်းကမေးခွန်းတစ်စမေးလို့လာခဲ့သည်။
သူ့အသံတွေကတုန်ရီလွန်းလို့ ရှင်းပင်
အားစိုက်ပြီး နားထောင်လိုက်ရ၏။
အဲ့ဒီလောက်အထိကို တိုးဖျော့ပြီး တုန်ခါနေခဲ့တာပါ။
သို့ပေမယ့် ကျင်းရဲ့မေးခွန်းကိုကြားလိုက်ရသည်နှင့် ရှင်းရဲ့နှလုံးသားက ခပ်ကြမ်းကြမ်းဆွဲထုတ်ခံလိုက်ရပြီး ဓားနှင့်အကြိမ်ကြိမ်ဆွဲမွခံလိုက်ရသလို
အဆုံးအဆမဲ့တဲ့နာကျင်မှုနွံထဲသို့
နစ်မြှုပ်သွားခဲ့ရတော့သည်။
ကျင်းမေးလိုက်သည်က......
"ကျွန်တော်......ကျွန်တော်....
သစ္စာပန်းတွေလိုလေ.....
ရှစ်စွမ်းရဲ့နှလုံးသားထဲကို
ပြန်နုတ်လို့မရနိုင်တဲ့ဓားတစ်လက် ထိုးစိုက်ခွင့်ရှိနိုင်မလား"
တဲ့လေ။။။။။။။။