Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 3
သူ႔အေရ႔ွမွာရပ္ေနတဲ့ရွင္းရဲ့အသြင္က
ေဆာင္းေလၫွင္းမွာေဝ့ဝဲေနတဲ့ သစ္ေတာ္ပန္းပြင့္လႊာေလးလို
က်က္သေရအျဖာျဖာႏွင့္ျပၫ့္စံုလို႔ေနသည္။
ေလေသြးရဲ့ေစ့ေဆာ္မႈေၾကာင့္ မက္မြန္ပြင့္ဖက္ေႂကြေလးမ်ားက လွပၿငိမ့္‌ေျငာင္းစြာ
ရွင္းအေပၚသို႔တျဖဳတ္ျဖဳတ္ႏွင့္‌ေႂကြက်ကာ ခစားလို႔ေနလ်က္။

ဆူးပန္းေတြမွလာတဲ့အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလးက
ရွင္းရဲ့နားဆြဲေပၚက်ေရာက္ေသာအခါ အလင္းတစ္စျပန္လို႔လာ၏။ ထိုအလင္းစေလးသည္
ေႂကြေရာင္သမ္းေနတဲ့ပါးျပင္ေပၚေရာက္သြားေသာအခါ စိမ္းျမေရာင္ေသြးေၾကာေလးေတြကို
အသက္ဝင္လာေစ၏။ ေႂကြပန္းအိုးေလးေပၚမွာ
စိမ္းျမေရာင္မွင္ႏွင့္ ေလယူရာယိမ္းႏြဲ႔ေနသၫ့္
ျမက္ပန္းတခ်ိဳ႕ကိုေရးဆြဲထားသၫ့္ႏွယ္။
ႏူးညံ့သိမ္ေမြ ့ကာ လွပလို႔ေန၏။

လက္ေခ်ာင္းသြယ္သြယ္ေလးေတြမွာဝတ္ဆင္ထားတဲ့
လက္စြပ္ေတြရဲ့ႀကိဳးေတြမွ
‌ေစာင္းႀကိဳးခတ္သံသဲ့သဲ့ေလးက
ရွင္းရဲ့အလွနဲ႔ေပါင္းစပ္လိုက္ခ်ိန္မွာေတာ့
တုႏိႈင္းလို႔မရတဲ့ပန္းခ်ီတစ္စႏွယ္ ခမ္းနားထည္ဝါမႈကိုျဖစ္ေပၚေစသည္။

ျပင္းျပလြန္းတဲ့စိတ္အာရံုကိုခ်ိဳးႏိွမ္ထားေပမယ့္
လက္ေတြ ့မွာေတာ့ က်င္းေရရွည္မထိန္းခ်ဳပ္ထားႏိုင္ခဲ့ပါ။
ဆင္စြယ္လိုသြယ္ေျပာင္းလွတဲ့ ရွင္းရဲ့လက္ေခ်ာင္းရွည္‌ေတြကို
သူထိေတြ ့ခ်င္လွသည္။ သူငယ္စဉ္ကတည္းက
ေန့တိုင္းမက္ခဲ့တဲ့အိပ္မက္တစ္ခုကိုေျပာျပပါဆိုရင္

' ရွစ္ဇြမ္းရဲ့လက္ေလးေတြကို ခဏေလာက္ထိခြင့္ရခ်င္ပါတယ္ '

လို႔သာေျပာျဖစ္ပါလိမ့္မည္။ အဲ့ဒီေလာက္အထိ‌ကို
သူျမတ္ႏိုးေနမိတာပါ။ မက္ေမာတြယ္တာမိေနတာပါ။
ရွင္းရဲ့လက္လွလွေလးေတြက သူ႔ေခါင္းကိုဖြဖြေလးပြတ္သပ္ေပးဖို႔
က်င္းေမ်ွာ္လင့္ခဲ့ဖူးသည္။ ေတာင္းဆိုမႈေတြလည္း
အႀကိမ္ႀကိမ္လုပ္ခဲ့ဖူးေပမယ့္ ရွင္းဆီကျပန္ရလိုက္တာက

' ငါ့ကိုမထိနဲ႔ '

ဆိုသၫ့္အစိမ္း‌ေရာင္နွင္းပြင့္‌ေတြလို
ရက္စက္မႈအ‌ေပါင္းခ‌ေျငာင္း‌ေနသၫ့္
စကားတစ္ခြန္းသာ။

သို႔ေပမယ့္ အခုခ်ိန္မွာေတာ့
နတ္ဘုရားတစ္ပါးထက္ပင္
ေခ်ာေမာလွပေနသၫ့္ ရွင္းရဲ့ညို႔ငင္မႈကို
မ်က္ဝါးထင္ထင္ျမင္ေတြ ့လိုက္ရၿပီမို႔
သူတကယ္ကိုမထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ
ရွင္းရဲ့လက္ကိုဖမ္းဆုပ္လိုက္မိေခ်ၿပီ။ထိုအခိုက္
အျပစ္တင္ေဝဖန္မႈေတြလႊမ္းၿခံဳေနတဲ့အၾကၫ့္ေတြက သူျမတ္နိုးရတဲ့မ်က္ေတာင္ရွည္ေတြေအာက္မွာရိွေနတဲ့
မ်က္ဝန္းေတြဆီမွာျပင္းျပစြာစုေဝးသြားကာ
လက္ကိုထိလုထိခင္ေလးမွာပင္ ခ်က္ခ်င္းျပန္ရုတ္သြားၿပီး
ေရႊေရာင္အလင္းတစ္ျဖာႏွင့္ သူ႔ရင္ဝကိုျပင္းထန္စြာရိုက္ခ်ျခင္းျဖင့္အဆံုးသတ္သြားခဲ့သည္။

ေလထဲသို႔သူ႔တစ္ကိုယ္လံုးေျမႇာက္တက္သြားကာ
ပူေနြးစိုစြတ္ၿပီးငံက်ိက်ိအရသာရိွတဲ့ေသြးတခ်ိဳ႕က
သူ႔ႏႈတ္ခမ္းေထာင့္ကေနစီးက်လာခဲ့၏။
ဘယ္လိုနာက်င္မႈမ်ိဳးမွမခံစားရတဲ့ခႏၶာကိုယ္ေၾကာင့္သာ ေျဖသာေတာ့သည္။ မဟုတ္ရင္ အူ၊အသည္းျပတ္ရွတဲ့ခံစားမွုေတြကို အရွင္လတ္လတ္ႀကီးခံစားလိုက္ရမွာမလြဲမ‌ေသပင္။
ထိုခဏ၌ ျဖတ္ခနဲသာျမင္လိုက္ရသည္ဆိုေပမယ့္
ရွင္းရဲ့လက္ထဲကထြက္လာတဲ့‌ေရႊေရာင္မီးေတာက္တစ္ခု
သူ႔ဆီေျပးဝင္လာခ်ိန္၌ သူ႔အေရ႔ွကေနကာရပ္လိုက္ၿပီး
လက္ဝါးခ်က္ကိုေက်ေက်နပ္နပ္ႀကီးခံယူလိုက္တဲ့
အျဖဴေရာင္နတ္ဘုရားေလးကို ျမင္ျဖစ္ေအာင္ ‌ျမင္လိုက္ရေသးသည္။ သို႔ေသာ္ျငား နတ္ဘုရားေလးမွာ တစ္ခဏအတြင္းမွာပင္ အလင္းမႈန္မ်ားအျဖစ္ျပန္လည္ေပ်ာက္ကြယ္သြားျပန္၏။

"ရွစ္ဇြင္း....."

ေျမျပင္ေပၚမွျပန္ထလိုက္ၿပီး မ်က္လံုးေလးပင့္ကာေခၚလိုက္ေတာ့
ရွင္းကပ်က္ယြင္းေနေသာ မ်က္ႏွာေလးကို
အစခ်ီၿပီး သူ႔ဆီလက္ကမ္းေပးလို့လာ၏။
လိႈက္ခနဲဝမ္းသာသြားတဲ့အသိႏွင့္အတူ
ရွင္းရဲ့လက္ဆီသို႔သူ႔ရဲ့လက္ကို
ဒုတိယအျကိမ္လွမ္းမိျပန္သည္။
ဒါေပမယ့္ ဒီတစ္ႀကိမ္ေတာ့ ရွင္းရဲ့အသားကိုထိဖို႔မျကိုးစား‌ေတာ့ပဲ
လက္စြပ္တစ္ခုခ်င္းစီမွတြဲေလာင္း‌က်ေနတဲ့
ေရႊႀကိဳးမ်ွင္ေလးမ်ားကိုသာ ဆြဲျဖစ္ပါ၏။

ဒါကသူတို႔ႏွစ္ေယာက္ၾကားမွာရိွတဲ့
တစ္ခုတည္းေသာဆက္သြယ္မႈ‌ေလးသာ။
ရွင္းရဲ့လက္ဝါးခ်က္ကိုခံခဲ့ရတိုင္း သူ႔ဆီကမ္းလင့္လာတတ္တဲ့ ေနြးေထြးတဲ့ခံစားမႈေလး။
ရွင္းရဲ့ကိုယ္ေပၚမွာသူထိခြင့္ရတဲ့ တစ္ခုတည္းေသာအရာေလးျဖစ္သၫ့္အျပင္
ရွင္းသူ႔အေပၚဘယ္ေလာက္စိတ္ရွည္ႏိုင္သလဲဆိုတာ
ၾကၫ့္ရႈႏိုင္တဲ့ တစ္ခုတည္းေသာရႈေထာင့္ေလး။
ဒီပါးလွပ္လွပ္ေရႊမ်ွင္ႀကိဳးေလးေတြဆီကလာတဲ့
ေနြးေထြးမႈႏွင့္ယွဉ္ရင္ ရွင္း သူ႔ကိုေပးလိုက္တဲ့
ဒဏ္ရာ‌ေတြကပမႊား‌တစ္ခုလိုသာ။
ရင္ကိုတလွပ္လွပ္ခုန္ေအာင္ဖန္တီးေပးႏိုင္သလို၊
နာက်င္သမ်ွအရာ‌ေတြကိုလည္း
ကုစားေပးႏိုင္ေလာက္ေအာင္ စြမ္းအားႀကီးမားလွသည္။

"အဆင္ေျပရဲ့လား"

တံုးတိႀကီးေမးလာတဲ့အသံက တည္ၿငိမ္ေအးခဲေနေပမယ့္ ၾကင္နာမႈအရိပ္အေယာင္ေတြကို က်င္းခံစားမိပါသည္။
ဒါေၾကာင့္ႏႈတ္ခမ္းေထာင့္က ေသြးစေတြကိုလက္နဲ႔ဖြဖြသုတ္လိုက္ကာ အၿပံဳးတစ္ခုကိုဖန္တီးရင္း ျပန္ေျဖျဖစ္၏။

"ရွစ္ဇြင္းလက္ကႀကိဳးေတြကိုထိလိုက္တာနဲ႔
အားေတြကျပန္ျပၫ့္လာတာပါဆို.....
အဆင္မေျပပဲေနပါ့မလားဗ‌်"

"ခုနတုန္းက မင္းဘာမွားလဲသိလား"

"......"

ဓားသြားလိုခြၽန္ျမေနတဲ့မ်က္ခံုးလွလွေလးေတြေအာက္က ရွင္းရဲ့မ်က္လံုးေတြကအျပစ္တင္မႈေတျြပၫ့္ႏွက္ေနေတာ့ က်င္းလန႔္သြားမိသည္။

' ရွစ္ဇြင္းကိုလက္ကိုင္ဖို႔ႀကိဳးစားမိတာပါ '

လို႔ေျပာရင္လည္း မျဖစ္ေသး။ ဒါက ကေလးဆန္လြန္းတဲ့အေျဖျဖစ္သၫ့္အျပင္
ကိုယ္ထိလက္ေရာက္‌ေစာ္ကားဖို့ျကိုးစားမိပါတယ္လို႔
ဝန္ခံမိသလိုလည္းျဖစ္သြားလိမ့္မည္။ဒီလိုဆိုရင္
ရွင္းကိုထပ္မံေတြ ့ရဖို႔ လြယ္ကူေတာ့မည္မဟုတ္။

မ်က္လံုးေလးကလယ္ကလယ္ႏွင့္ အျပစ္မလုပ္ထားတဲ့ကေလးတစ္ေယာက္လိုမ်ိဳး
သူ႔ကိုလာၾကၫ့္ေနတဲ့ က်င္းေၾကာင့္ ရွင္းရယ္ခ်င္စိတ္ကိုအတင္းအက်ပ္ၿမိဳသိပ္ထားရ၏။ က်င္းကအေတာ္ေလးကိုခ်စ္စရာေကာင္းလြန္းသည္ဆိုတဲ့အခ်က္မွာ ေနြဦးမွာတြန္ၾကဴးေနတဲ့ဥဩငွက္သံေလးလိုပင္၊
ထင္ရွားလို႔ေန၏။ သို႔ေသာ္ျငား သူဘယ္ေတာ့မွ
က်င္းကိုခ်စ္စရာေကာင္းပါတယ္လို႔ဖြင့္ေျပာျဖစ္မွာမဟုတ္ပါေပ။ အဘယ္ေၾကာင့္ဆိုေသာ္
အိမ္ေထာင္ျပဳျပီးသားေယာက္်ားတစ္ေယာက္အေပၚမွာ သူ႔စိတ္ေတြတိမ္းၫႊတ္ေနသည္ဆိုတဲ့အခ်က္ကို
တျခားသူေတြရိပ္မိသြားမွာ စိုးေၾကာက္မိလို႔ပါပဲ။

ဟုတ္သည္။ က်င္းက အရင္ဘဝကအိမ္ေထာင္ရိွတဲ့
အမ်ိဳးသားတစ္ေယာက္ျဖစ္ခဲ့တဲ့အျပင္ ကေလးလည္းရိွပါ၏။ ယခုဘဝမွာလည္း ေစ့စပ္ထားတဲ့အမ်ိဳးသမီးရိွေန‌ေသးသည္။
တကယ္ကိုဖမ္းဆုပ္လို႔မရႏိုင္ေတာ့တဲ့
တိမ္စိုင္ေလးတစ္ခုပါေလ။

အတိတ္တစ္ခ်ိန္တုန္းက က်င္းသူ႔ကိုသိပ္ခ်စ္ခဲ့သည္ဆိုတဲ့မွတ္ဉာဏ္ေတြကို
က်င္းရဲ့ေခါင္းထဲကေနတစ္ခုခ်င္းစီဆြဲထုတ္ပစ္ၿပီး
သူကိုယ္တိုင္ဖ်က္ဆီးပစ္ခဲ့သည္ဆိုတာကလည္း
က်င္းမွာအိမ္ေထာင္ရိွေနလို႔ျဖစ္သည္။
အႏွစ္ရွစ္ေသာင္းလံုး မာနႀကီးတဲ့ရွစ္ဇြင္းအျဖစ္ႏွင့္
က်င္းအေပၚေအးစက္ခဲ့သည္ဆိုတာက
အဲ့ဒီအခ်က္ေၾကာင့္ဆိုတာ က်င္းကေတာ့သိလိမ့္မည္မထင္။
သူ႔မွာ က်င္းကိုေပးစရာဘာမွမရိွေပမယ့္
ဒဏ္ရာေတြနဲ႔နာက်င္မႈေတြကိုေတာ့
ဒီဘဝမွာထပ္မေပးမိေအာင္ ထိန္းခ်ဳပ္ႏိုင္ပါ၏။
သူ႔ႏွလံုးသားေတြတစ္စစီကြဲရံုမကလို႔
မႈန႔္မႈန႔္ညက္ညက္ပင္ကြဲေၾကလို႔သြားပါေစ။
သူၿပံဳးလ်က္သာ ေပ်ာ္ေပ်ာ္ႀကီးလက္ခံလိုက္မည္။
က်င္းကိုေတာ့ သူ႔ေၾကာင့္ရင္ထဲမွာဒဏ္ရာေတြထပ္မံေမြးျမဴရေအာင္ ခြင့္ျပဳေပးလိမ့္မည္မဟုတ္။

' ငါက မင္းကိုသိပ္ခ်စ္မိေနတာကိုး....
မင္းနာက်င္မွာကို ခြင့္ျပဳေပးႏိုင္ပါ့မလား....
ငါျခားထားတဲ့စည္းက ေရခဲျမစ္ထဲမွာေျမာပါေနတဲ့
ေရခဲတံုးေလးေတြလို ေအးခဲေနမယ္ဆိုတာသိပါတယ္

ဒါေပမယ့္ ..... အဲ့ဒီေအးခဲမႈေတြသာမရိွရင္
မင္းရဲ့ႏွလံုးသားတစ္ခုလံုး အစိမ္းလတ္လတ္ႀကီး
ခြဲထုတ္ခံရသလိုနာက်င္ရလိမ့္မယ္....

ငါကအဲ့လိုခြင့္ျပဳေပးႏိုင္မယ္ထင္လို႔လား.....
ဟင့္အင္း....ငါကသိပ္အတၲႀကီးတယ္ က်င္း
မင္းကိုနာက်င္ခြင့္မျပဳႏိုင္ေလာက္ေအာင္
အတၲႀကီးတာ.....
ငါ့ကိုယ္ငါနာက်င္ေအာင္လုပ္ခ်င္ေနေလာက္ေအာင္ကို အတၲႀကီးေနမိတာပါ..... '

ဒါေၾကာင့္ မ်က္ႏွာထားတင္းတင္းႏွင့္သာ
ထပ္မံေမးျမန္းလိုက္ေတာ့သည္။

"ဘယ္နားမွာမွားသြားလဲ....ေျပာပါအံုး"

"ဟို‌....ဟိုေလ....ရွစ္ဇြင္း...."

လက္ထဲမွာရိွေနတဲ့ၾကာပြတ္ကိုလိမ္က်စ္ၿပီး
စကားေတြအထစ္ထစ္၊အေငါ့ေငါ့ျဖင့္ သနားစဖြယ္ၾကၫ့္လာတဲ့က်င္းေၾကာင့္
ရွင္းသက္ျပင္းေျမ့ေျမ့ခ်မိသည္။

' ဒီကေလးက ဘယ္ေတာ့မွငါ‌ေျပာတာေတြ
မွတ္မထားတတ္တာပါလား '

ရွင္းက တည္ၿငိမ္စြာျဖင့္ပင္ အၿမဲတမ္းေျပာခဲ့ရေသာ
စကားတစ္ခြန္းကိုျပန္ေျပာလိုက္ျပန္၏။

" ဒဏ္ရာရေအာင္မေနနဲ႔လို႔ေျပာထားတာကို
ေမ့ေနၿပီလား "

"......"

"ငါ့လက္ကိုယမ္းလိုက္တာနဲ႔ ေနာက္ျပန္ဂြၽမ္းထိုးၿပီး
ေရွာင္ရမယ္လို႔ေျပာထားတာမမွတ္မိဘူးလား"

"......."

"ငါ့ရဲ့အေဝးမွာေနပါလို႔ေျပာထားတာကို ေမ့ေနၿပီလား"

"မေနခ်င္ဘူး"

အစက‌ေတာ့ဘယ္ေလာက္ပဲဆူ‌ေနပါေစ ေခါင္းေလးငံု႔၊
ကိုယ္ကိုရို႔ၿပီးၿငိမ္ေနလိုက္ပါ့မယ္လို႔ စိတ္ကူးထားေပမယ့္ 'အေဝးမွာေနပါ' ဆိုတဲ့စကားကိုၾကားရခ်ိန္မွာေတာ့
က်င္းရဲ့စိတ္ေတြက မီးေတာင္ေခ်ာ္ရည္ေတြလို
ပူျပင္းေလာင္ကြၽမ္းသြားေအာင္ ေပါက္ကြဲထြက္လာရ၏။
သူက လက္သီးႏွစ္ဖက္ကိုတင္းေနေအာင္ဆုပ္ၿပီး
အံတက်ိတ္က်ိတ္ျဖင့္ ရွင္းရဲ့စကားကိုပယ္ဖ်က္ဖို႔ႀကိဳးစားလာ၏။

"ရွစ္ဇြင္းရဲ့အေဝးမွာမေနခ်င္ဘူး.....
ကြၽန္ေတာ့္ကိုေသေအာင္ရိုက္လည္း အဲ့ဒါကိုေတာ့
မလိုက္ေလ်ာႏိုင္ဘူး"

"ငါကမင္းထိခိုက္မွာစိုးလို႔ေျပာေနတာ"

"ကြၽန္ေတာ္မနာပါဘူး....လံုးဝမနာတာမို႔
ရွစ္ဇြင္းစိတ္ထဲမထားပါနဲ႔ဗ်ာ"

"........."

' မင္းမနာေပမယ့္ငါနာတယ္ ‌ေကာင္စုတ္ေလးရဲ့ '

ရွင္းမွာ ျပန္ေျပာနားမေထာင္ဆိုသၫ့္မူဝါဒကို
လက္ကိုင္က်င့္သံုးေနတဲ့ကေလးစုတ္ေၾကာင့္
က်ိန္ဆဲမိေခ်ၿပီ။ စာကေလးငွက္ေပါက္ေလးေတြႏွယ္
တက်ီက်ီႏွင့္စကားမ်ားတတ္တဲ့အက်င့္ကိုမွ
ဆြဲဆြဲၿမဲျမဲႏွင့္ တစိုက္မတ္မတ္က်င့္သံုးေနသၫ့္
အႏွီကေလးေပါက္စက သူ႔စကားကိုသာမန္အခ်ိန္မွာ
တေသြမတိမ္းနားေထာင္တတ္ေပမယ့္
တစ္ခါတစ္ေလမွာေတာ့ တစ္ခြန္းမက်န္ျဖစ္ေျပာတတ္ပါ၏။
ထိန္းမရေအာင္ဆိုးသြမ္းလွသၫ့္ကေလးပါေလ။

ေတြးေနရင္းမွာပင္ က်င္းရဲ့စကားသံေတြက
အဆက္မျပတ္ထြက္ေပၚလို႔လာျပန္၏။
မီးက်ီးခဲကို ယပ္ေတာင္ႏွင့္ခပ္ေနစဉ္
ထြက္‌ေပၚလာတတ္တဲ့မီးဖြားေတြလိုပင္
'‌တ‌ေျဖာက္ေျဖာက္' ႏွင့္ အဆက္မျပတ္ထြက္ေပၚလာခဲ့သည္။

"ရွစ္ဇြင္းကို ကြၽန္ေတာ္ကဘာအျပစ္ေတြမ်ားက်ူးလြန္ခဲ့မိလို႔လဲ....
ဘာလို႔ ကြၽန္ေတာ့္ကိုဆိုေမတၲာမဲ့တဲ့စကားေတြပဲ
‌ေျပာေနရတာလဲ......

ကြၽန္ေတာ့္ကိုသေဘာမက်လို႔လား...."

"........"

"ရွစ္ဇြင္း.....ကြၽန္ေတာ့္ကိုသေဘာမက်လို႔လားလို႔"

"ငါ့ကိုယ္ငါသေဘာမက်တာ..."

ရွင္းက ေအးေဆးၿငိမ္သက္စြာေျပာလိုက္ၿပီး
က်င္းကိုသူ႔အေနာက္ကိုလိုက္ခဲ့ဖို႔ လက္ဟန္ျပလိုက္သည္။ ဘယ္လိုပင္မနာဘူးလို့‌ေျပာပါေစ။
သူ႔ရဲ့လက္စကိုသူအသိဆံုးပါေလ။
က်င္းရဲ့ခႏၶာကိုယ္ထဲမွ နံရိုးေတြက်ိဳးၿပီး အသားထဲျပန္စိုက္ေနေလာက္ၿပီဆိုတာ
သူမသိပဲေနပါ့မလား။

'ုငါကငါ့ကိုယ္ငါရက္စက္ရမွ ေနသာတဲ့လူမ်ိဳးပါကြာ '

အေရ႔ွကေန အရိပ္တစ္ခုလိုလ်င္ျမန္စြာလမ္းေလ်ွာက္ေနတဲ့
ရွင္းရဲ့ေျခလွမ္းေတြကို က်င္းလိုက္မမွီႏိုင္ပါ။
ေပါ့ပါးဖ်က္လတ္ျခင္းႏွင့္အရြယ္တင္ႏုပ်ိဳမႈက
ဦးေဆာင္ေနသည္မို႔ ရွင္းရဲ့ေျခလွမ္းေတြက
ျမန္ဆန္ေနတာျဖစ္လိမ့္မည္။ တိက်ျပတ္သားၿပီး
ယံုၾကည္မႈျပၫ့္ဝေနတဲ့အရိပ္အေယာင္‌ေတြ
ထင္ဟပ္ေနတဲ့ လမ္းေလ်ွာက္ဟန္က ႏူးညံ့ညင္သာၿပီး
ေအးစက္မာေက်ာလွသည္။ ၿခံဳငံုေျပာရမည္ဆိုရင္ေတာ့ အဓိပၸာယ္ေတျြပၫ့္ဝေနသၫ့္ စာခ်ိဳးတစ္ခုႏွယ္။

ရွင္းရဲ့ေျခလွမ္းေတြကိုသာေငးစိုက္ၾကၫ့္ရင္း
လိုက္လာခဲ့သည္မို့ က်င္းမွာ ေဆးကုေဆာင္ရဲ့အဝင္ဝသို႔ေရာက္လာၿပီဆိုတာပင္
သတိမထားမိခဲ့ပါ။ ရုတ္တရက္အေနာက္သို႔လွၫ့္လာသၫ့္ ရွင္းကိုျမင္မွသာ
ေျခလွမ္းကိုအခ်ိန္မီရပ္တန႔္ၿပီး ေမာ့ၾကၫ့္မိ၏။
ခ်င္းဟန္နန္းေဆာင္ဆိုတဲ့ စာလံုးႀကီးေတြက
မ်က္လံုးထဲကိုကန႔္လန႔္၊ကန့္လန့္နွင့္ အျမင္ဆိုးစြာဝင္လာခဲ့၏။

တစ္ပတ္မွာတစ္ခါေလာက္ သူ႔ကိုလက္စြမ္းျပတတ္သၫ့္ ရွင္းေၾကာင့္
ခ်င္းဟန္နန္းေဆာင္ကိုလာၿပီး‌ေ‌ဆးကုရသည္မွာ
ေခ်ာင္းပင္ေပါက္လုပါၿပီ။ ဒဏ္ရာတစ္ခုေကာင္းရင္
ေနာက္ဒဏ္ရာသစ္တစ္ခုႏွင့္ မရိုးရေလေအာင္
လာေရာက္ကုသရသည္မို႔ ခ်င္းဟန္နန္းေဆာင္သခင္
'လုရွင္းဖန့္' သည္ပင္ က်င္းလာမွာကိုလန႔္ေနတတ္၏။
မိုးနတ္မင္းရဲ့သားေတာ္၊ အိမ္‌ေရ႔ွစံကိုေန့တိုင္းဒဏ္ရာေတြႏွင့္
‌ေတြ႕‌ေနရသည္မွာ သူမေခါင္းကိုလည္ပင္းေပၚမွာ
ျဖဳတ္လိုက္ရင္လွမလား၊ မလွမလားလို႔ ေမးခြန္းထုတ္ေနရသည္ႏွင့္တူ၏။

တစ္ေန့မွာ မိုးနတ္မင္းကဘာေၾကာင့္
ဒီဒဏ္ရာေတြရေနတာလဲဟု ေမးလာခဲ့သည္ရိွေသာ္
တိတ္တဆိတ္ကုသေပးေနသၫ့္ သူမလည္းအျပစ္ကင္းႏိုင္အံ့မထင္။
မကုသေပးျပန္ရင္လည္း အိမ္ေရ႔ွစံကိုမထီမဲ့ျမင္လုပ္တာလားဆိုၿပီး
ေနြလယ္ေခါင္မွာမိုးႀကိဳးႏွင့္အပစ္ခံေနရလိမ့္မည္။
‌မိုးနတ္မင္းကိုအေၾကာင္းၾကားဖို႔ႀကံရြယ္ျပန္ေတာ့
အိမ္ေရ႔ွစံရဲ့ဓားႀကီးကိုေၾကာက္ရျပန္၏။
ဘယ္ကေျပးေျပးမလြတ္ႏိုင္ေလာက္ေအာင္
ေခ်ာင္ပိတ္မိေနသည္ပင္။

အခုလည္း နန္းေဆာင္ေရ႔ွမွာေရာက္ေနျပန္ၿပီမို႔
တံေတြးအႏိုင္ႏိုင္မ်ိဳခ်ရင္းသာ အျပင္ကိုေျပးထြက္လာၿပီးႀကိဳဆိုလိုက္ရ၏။

"အိမ္ေရ႔ွစံကို ႏႈတ္ခြန္းဆက္သပါတယ္"

"မလႈပ္နဲ႔......အဲ့အတိုင္း ဦးၫႊတ္ေန"

"အမ္"

လုရွင္းဖန႔္မွာၾကားလိုက္ရသၫ့္စကားကိုမယံုႏိုင္ေပမယ့္ ေခါင္းငံု႔ၿပီးသာေနလိုက္ရသည္။ မဟုတ္ရင္
သခြားသီးကိုဓားႏွင့္ႏုတ္ႏုတ္စင္းသလို သူမကိုလည္း
အိမ္ေရ႔ွစံက အရိုးပါမက်န္ေအာင္ခုတ္ထြင္ပစ္လိုက္ႏိုင္သည္
မဟုတ္ပါလား။
ဒါေၾကာင့္ အိေႁႏၵရိွရိွႏွင့္သာ ေခါင္းႀကီးငံု႔ၿပီး
အသံတိတ္ရပ္ေနရရွာ၏။

ရွင္းႏွင့္စကားေျပာေနစဉ္ ရုတ္တရက္ႀကီးေရာက္လာတဲ့ လုရွင္းဖန႔္ကို
အျမင္မၾကည္လွသည္မို႔ ေခါင္းငံု႔ေနဖို႔ က်င္းအမိန႔္ေပးလိုက္ေတာ့သည္။
ဘာေၾကာင့္ ရွင္းကိုတျခားမိန္းကေလးေတြၾကၫ့္ဖို႔
ခြင့္ျပဳေပးရမွာတဲ့လဲ။ ဒါဟာ ပင္လယ္ထဲကေဝလငါးႀကီးကို ေရဇလံုေလးထဲထၫ့္ေနသည္ႏွင့္တူသည္မဟုတ္လား။ မျဖစ္ႏိုင္တဲ့ကိစၥပါေလ။

"ဒဏ္ရာကိုေသခ်ာဂရုစိုက္......မနက္ျဖန္က်ရင္
ဓားသိုင္းသင္ရမယ္.....ဒီေန့ေသခ်ာအနားယူလိုက္ပါ"

"ဟုတ္"

"သနပ္ခါးပန္းေရေနြးၾကမ္းလည္းေသာက္ဖို႔မေမ့နဲ႔
ဒဏ္ရာေတြသက္သာခ်င္ရင္ အဲ့ဒီနည္းကိုသံုးရမယ္"

"ဟုတ္"

သြားေတြအလျွပေၾကာ္ျငာေနသၫ့္ နတ္သားေပါက္စေလးကို ရွင္းစိတ္မရွည္လာၿပီမို႔
ေနာက္ဆံုးေသာအမွာစကားကို မွာၾကားလိုက္ေတာ့သည္။

"စိတ္စြမ္းအင္က်င့္စဉ္ကို အေခါက္တစ္ရာအလြတ္ေရးခဲ့"

"ဗ်ာ!!!"

က်င္းမွာ မထင္မွတ္ထားတဲ့စကားေၾကာင့္တအိအိႏွင့္ငိုရိႈက္မိေခ်ၿပီ။ အေတာ္ရက္စက္တဲ့ ရွစ္ဇြင္းပါေလ။။။။။။။။

Unicode:

သူ့အရှေ့မှာရပ်နေတဲ့ရှင်းရဲ့အသွင်က
ဆောင်းလေညှင်းမှာဝေ့ဝဲနေတဲ့ သစ်တော်ပန်းပွင့်လွှာလေးလို
ကျက်သရေအဖြာဖြာနှင့်ပြည့်စုံလို့နေသည်။
လေသွေးရဲ့စေ့ဆော်မှုကြောင့် မက်မွန်ပွင့်ဖက်ကြွေလေးများက လှပငြိမ့်‌ငြောင်းစွာ
ရှင်းအပေါ်သို့တဖြုတ်ဖြုတ်နှင့်‌ကြွေကျကာ ခစားလို့နေလျက်။

ဆူးပန်းတွေမှလာတဲ့အလင်းရောင်ဖျော့ဖျော့လေးက
ရှင်းရဲ့နားဆွဲပေါ်ကျရောက်သောအခါ အလင်းတစ်စပြန်လို့လာ၏။ ထိုအလင်းစလေးသည်
ကြွေရောင်သမ်းနေတဲ့ပါးပြင်ပေါ်ရောက်သွားသောအခါ စိမ်းမြရောင်သွေးကြောလေးတွေကို
အသက်ဝင်လာစေ၏။ ကြွေပန်းအိုးလေးပေါ်မှာ
စိမ်းမြရောင်မှင်နှင့် လေယူရာယိမ်းနွဲ့နေသည့်
မြက်ပန်းတချို့ကိုရေးဆွဲထားသည့်နှယ်။
နူးညံ့သိမ်မွေ့ကာ လှပလို့နေ၏။

လက်ချောင်းသွယ်သွယ်လေးတွေမှာဝတ်ဆင်ထားတဲ့
လက်စွပ်တွေရဲ့ကြိုးတွေမှ
‌စောင်းကြိုးခတ်သံသဲ့သဲ့လေးက
ရှင်းရဲ့အလှနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့
တုနှိုင်းလို့မရတဲ့ပန်းချီတစ်စနှယ် ခမ်းနားထည်ဝါမှုကိုဖြစ်ပေါ်စေသည်။

ပြင်းပြလွန်းတဲ့စိတ်အာရုံကိုချိုးနှိမ်ထားပေမယ့်
လက်တွေ့မှာတော့ ကျင်းရေရှည်မထိန်းချုပ်ထားနိုင်ခဲ့ပါ။
ဆင်စွယ်လိုသွယ်ပြောင်းလှတဲ့ ရှင်းရဲ့လက်ချောင်းရှည်‌တွေကို
သူထိတွေ့ချင်လှသည်။ သူငယ်စဉ်ကတည်းက
နေ့တိုင်းမက်ခဲ့တဲ့အိပ်မက်တစ်ခုကိုပြောပြပါဆိုရင်

' ရှစ်ဇွမ်းရဲ့လက်လေးတွေကို ခဏလောက်ထိခွင့်ရချင်ပါတယ် '

လို့သာပြောဖြစ်ပါလိမ့်မည်။ အဲ့ဒီလောက်အထိ‌ကို
သူမြတ်နိုးနေမိတာပါ။ မက်မောတွယ်တာမိနေတာပါ။
ရှင်းရဲ့လက်လှလှလေးတွေက သူ့ခေါင်းကိုဖွဖွလေးပွတ်သပ်ပေးဖို့
ကျင်းမျှော်လင့်ခဲ့ဖူးသည်။ တောင်းဆိုမှုတွေလည်း
အကြိမ်ကြိမ်လုပ်ခဲ့ဖူးပေမယ့် ရှင်းဆီကပြန်ရလိုက်တာက

' ငါ့ကိုမထိနဲ့ '

ဆိုသည့်အစိမ်း‌ရောင်နှင်းပွင့်‌တွေလို
ရက်စက်မှုအ‌ပေါင်းခ‌ငြောင်း‌နေသည့်
စကားတစ်ခွန်းသာ။

သို့ပေမယ့် အခုချိန်မှာတော့
နတ်ဘုရားတစ်ပါးထက်ပင်
ချောမောလှပနေသည့် ရှင်းရဲ့ညို့ငင်မှုကို
မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီမို့
သူတကယ်ကိုမထိန်းချုပ်နိုင်တော့ပဲ
ရှင်းရဲ့လက်ကိုဖမ်းဆုပ်လိုက်မိချေပြီ။ထိုအခိုက်
အပြစ်တင်ဝေဖန်မှုတွေလွှမ်းခြုံနေတဲ့အကြည့်တွေက သူမြတ်နိုးရတဲ့မျက်တောင်ရှည်တွေအောက်မှာရှိနေတဲ့
မျက်ဝန်းတွေဆီမှာပြင်းပြစွာစုဝေးသွားကာ
လက်ကိုထိလုထိခင်လေးမှာပင် ချက်ချင်းပြန်ရုတ်သွားပြီး
ရွှေရောင်အလင်းတစ်ဖြာနှင့် သူ့ရင်ဝကိုပြင်းထန်စွာရိုက်ချခြင်းဖြင့်အဆုံးသတ်သွားခဲ့သည်။

လေထဲသို့သူ့တစ်ကိုယ်လုံးမြှောက်တက်သွားကာ
ပူနွေးစိုစွတ်ပြီးငံကျိကျိအရသာရှိတဲ့သွေးတချို့က
သူ့နှုတ်ခမ်းထောင့်ကနေစီးကျလာခဲ့၏။
ဘယ်လိုနာကျင်မှုမျိုးမှမခံစားရတဲ့ခန္ဓာကိုယ်ကြောင့်သာ ဖြေသာတော့သည်။ မဟုတ်ရင် အူ၊အသည်းပြတ်ရှတဲ့ခံစားမှုတွေကို အရှင်လတ်လတ်ကြီးခံစားလိုက်ရမှာမလွဲမ‌သေပင်။
ထိုခဏ၌ ဖြတ်ခနဲသာမြင်လိုက်ရသည်ဆိုပေမယ့်
ရှင်းရဲ့လက်ထဲကထွက်လာတဲ့‌ရွှေရောင်မီးတောက်တစ်ခု
သူ့ဆီပြေးဝင်လာချိန်၌ သူ့အရှေ့ကနေကာရပ်လိုက်ပြီး
လက်ဝါးချက်ကိုကျေကျေနပ်နပ်ကြီးခံယူလိုက်တဲ့
အဖြူရောင်နတ်ဘုရားလေးကို မြင်ဖြစ်အောင် ‌မြင်လိုက်ရသေးသည်။ သို့သော်ငြား နတ်ဘုရားလေးမှာ တစ်ခဏအတွင်းမှာပင် အလင်းမှုန်များအဖြစ်ပြန်လည်ပျောက်ကွယ်သွားပြန်၏။

"ရှစ်ဇွင်း....."

မြေပြင်ပေါ်မှပြန်ထလိုက်ပြီး မျက်လုံးလေးပင့်ကာခေါ်လိုက်တော့
ရှင်းကပျက်ယွင်းနေသော မျက်နှာလေးကို
အစချီပြီး သူ့ဆီလက်ကမ်းပေးလို့လာ၏။
လှိုက်ခနဲဝမ်းသာသွားတဲ့အသိနှင့်အတူ
ရှင်းရဲ့လက်ဆီသို့သူ့ရဲ့လက်ကို
ဒုတိယအကြိမ်လှမ်းမိပြန်သည်။
ဒါပေမယ့် ဒီတစ်ကြိမ်တော့ ရှင်းရဲ့အသားကိုထိဖို့မကြိုးစား‌တော့ပဲ
လက်စွပ်တစ်ခုချင်းစီမှတွဲလောင်း‌ကျနေတဲ့
ရွှေကြိုးမျှင်လေးများကိုသာ ဆွဲဖြစ်ပါ၏။

ဒါကသူတို့နှစ်ယောက်ကြားမှာရှိတဲ့
တစ်ခုတည်းသောဆက်သွယ်မှု‌လေးသာ။
ရှင်းရဲ့လက်ဝါးချက်ကိုခံခဲ့ရတိုင်း သူ့ဆီကမ်းလင့်လာတတ်တဲ့ နွေးထွေးတဲ့ခံစားမှုလေး။
ရှင်းရဲ့ကိုယ်ပေါ်မှာသူထိခွင့်ရတဲ့ တစ်ခုတည်းသောအရာလေးဖြစ်သည့်အပြင်
ရှင်းသူ့အပေါ်ဘယ်လောက်စိတ်ရှည်နိုင်သလဲဆိုတာ
ကြည့်ရှုနိုင်တဲ့ တစ်ခုတည်းသောရှုထောင့်လေး။
ဒီပါးလှပ်လှပ်ရွှေမျှင်ကြိုးလေးတွေဆီကလာတဲ့
နွေးထွေးမှုနှင့်ယှဉ်ရင် ရှင်း သူ့ကိုပေးလိုက်တဲ့
ဒဏ်ရာ‌တွေကပမွှား‌တစ်ခုလိုသာ။
ရင်ကိုတလှပ်လှပ်ခုန်အောင်ဖန်တီးပေးနိုင်သလို၊
နာကျင်သမျှအရာ‌တွေကိုလည်း
ကုစားပေးနိုင်လောက်အောင် စွမ်းအားကြီးမားလှသည်။

"အဆင်ပြေရဲ့လား"

တုံးတိကြီးမေးလာတဲ့အသံက တည်ငြိမ်အေးခဲနေပေမယ့် ကြင်နာမှုအရိပ်အယောင်တွေကို ကျင်းခံစားမိပါသည်။
ဒါကြောင့်နှုတ်ခမ်းထောင့်က သွေးစတွေကိုလက်နဲ့ဖွဖွသုတ်လိုက်ကာ အပြုံးတစ်ခုကိုဖန်တီးရင်း ပြန်ဖြေဖြစ်၏။

"ရှစ်ဇွင်းလက်ကကြိုးတွေကိုထိလိုက်တာနဲ့
အားတွေကပြန်ပြည့်လာတာပါဆို.....
အဆင်မပြေပဲနေပါ့မလားဗ‌ျ"

"ခုနတုန်းက မင်းဘာမှားလဲသိလား"

"......"

ဓားသွားလိုချွန်မြနေတဲ့မျက်ခုံးလှလှလေးတွေအောက်က ရှင်းရဲ့မျက်လုံးတွေကအပြစ်တင်မှုတြွေပည့်နှက်နေတော့ ကျင်းလန့်သွားမိသည်။

' ရှစ်ဇွင်းကိုလက်ကိုင်ဖို့ကြိုးစားမိတာပါ '

လို့ပြောရင်လည်း မဖြစ်သေး။ ဒါက ကလေးဆန်လွန်းတဲ့အဖြေဖြစ်သည့်အပြင်
ကိုယ်ထိလက်ရောက်‌စော်ကားဖို့ကြိုးစားမိပါတယ်လို့
ဝန်ခံမိသလိုလည်းဖြစ်သွားလိမ့်မည်။ဒီလိုဆိုရင်
ရှင်းကိုထပ်မံတွေ့ရဖို့ လွယ်ကူတော့မည်မဟုတ်။

မျက်လုံးလေးကလယ်ကလယ်နှင့် အပြစ်မလုပ်ထားတဲ့ကလေးတစ်ယောက်လိုမျိုး
သူ့ကိုလာကြည့်နေတဲ့ ကျင်းကြောင့် ရှင်းရယ်ချင်စိတ်ကိုအတင်းအကျပ်မြိုသိပ်ထားရ၏။ ကျင်းကအတော်လေးကိုချစ်စရာကောင်းလွန်းသည်ဆိုတဲ့အချက်မှာ နွေဦးမှာတွန်ကြူးနေတဲ့ဥဩငှက်သံလေးလိုပင်၊
ထင်ရှားလို့နေ၏။ သို့သော်ငြား သူဘယ်တော့မှ
ကျင်းကိုချစ်စရာကောင်းပါတယ်လို့ဖွင့်ပြောဖြစ်မှာမဟုတ်ပါပေ။ အဘယ်ကြောင့်ဆိုသော်
အိမ်ထောင်ပြုပြီးသားယောက်ျားတစ်ယောက်အပေါ်မှာ သူ့စိတ်တွေတိမ်းညွှတ်နေသည်ဆိုတဲ့အချက်ကို
တခြားသူတွေရိပ်မိသွားမှာ စိုးကြောက်မိလို့ပါပဲ။

ဟုတ်သည်။ ကျင်းက အရင်ဘဝကအိမ်ထောင်ရှိတဲ့
အမျိုးသားတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် ကလေးလည်းရှိပါ၏။ ယခုဘဝမှာလည်း စေ့စပ်ထားတဲ့အမျိုးသမီးရှိနေ‌သေးသည်။
တကယ်ကိုဖမ်းဆုပ်လို့မရနိုင်တော့တဲ့
တိမ်စိုင်လေးတစ်ခုပါလေ။

အတိတ်တစ်ချိန်တုန်းက ကျင်းသူ့ကိုသိပ်ချစ်ခဲ့သည်ဆိုတဲ့မှတ်ဉာဏ်တွေကို
ကျင်းရဲ့ခေါင်းထဲကနေတစ်ခုချင်းစီဆွဲထုတ်ပစ်ပြီး
သူကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့သည်ဆိုတာကလည်း
ကျင်းမှာအိမ်ထောင်ရှိနေလို့ဖြစ်သည်။
အနှစ်ရှစ်သောင်းလုံး မာနကြီးတဲ့ရှစ်ဇွင်းအဖြစ်နှင့်
ကျင်းအပေါ်အေးစက်ခဲ့သည်ဆိုတာက
အဲ့ဒီအချက်ကြောင့်ဆိုတာ ကျင်းကတော့သိလိမ့်မည်မထင်။
သူ့မှာ ကျင်းကိုပေးစရာဘာမှမရှိပေမယ့်
ဒဏ်ရာတွေနဲ့နာကျင်မှုတွေကိုတော့
ဒီဘဝမှာထပ်မပေးမိအောင် ထိန်းချုပ်နိုင်ပါ၏။
သူ့နှလုံးသားတွေတစ်စစီကွဲရုံမကလို့
မှုန့်မှုန့်ညက်ညက်ပင်ကွဲကြေလို့သွားပါစေ။
သူပြုံးလျက်သာ ပျော်ပျော်ကြီးလက်ခံလိုက်မည်။
ကျင်းကိုတော့ သူ့ကြောင့်ရင်ထဲမှာဒဏ်ရာတွေထပ်မံမွေးမြူရအောင် ခွင့်ပြုပေးလိမ့်မည်မဟုတ်။

' ငါက မင်းကိုသိပ်ချစ်မိနေတာကိုး....
မင်းနာကျင်မှာကို ခွင့်ပြုပေးနိုင်ပါ့မလား....
ငါခြားထားတဲ့စည်းက ရေခဲမြစ်ထဲမှာမြောပါနေတဲ့
ရေခဲတုံးလေးတွေလို အေးခဲနေမယ်ဆိုတာသိပါတယ်

ဒါပေမယ့် ..... အဲ့ဒီအေးခဲမှုတွေသာမရှိရင်
မင်းရဲ့နှလုံးသားတစ်ခုလုံး အစိမ်းလတ်လတ်ကြီး
ခွဲထုတ်ခံရသလိုနာကျင်ရလိမ့်မယ်....

ငါကအဲ့လိုခွင့်ပြုပေးနိုင်မယ်ထင်လို့လား.....
ဟင့်အင်း....ငါကသိပ်အတ္တကြီးတယ် ကျင်း
မင်းကိုနာကျင်ခွင့်မပြုနိုင်လောက်အောင်
အတ္တကြီးတာ.....
ငါ့ကိုယ်ငါနာကျင်အောင်လုပ်ချင်နေလောက်အောင်ကို အတ္တကြီးနေမိတာပါ..... '

ဒါကြောင့် မျက်နှာထားတင်းတင်းနှင့်သာ
ထပ်မံမေးမြန်းလိုက်တော့သည်။

"ဘယ်နားမှာမှားသွားလဲ....ပြောပါအုံး"

"ဟို‌....ဟိုလေ....ရှစ်ဇွင်း...."

လက်ထဲမှာရှိနေတဲ့ကြာပွတ်ကိုလိမ်ကျစ်ပြီး
စကားတွေအထစ်ထစ်၊အငေါ့ငေါ့ဖြင့် သနားစဖွယ်ကြည့်လာတဲ့ကျင်းကြောင့်
ရှင်းသက်ပြင်းမြေ့မြေ့ချမိသည်။

' ဒီကလေးက ဘယ်တော့မှငါ‌ပြောတာတွေ
မှတ်မထားတတ်တာပါလား '

ရှင်းက တည်ငြိမ်စွာဖြင့်ပင် အမြဲတမ်းပြောခဲ့ရသော
စကားတစ်ခွန်းကိုပြန်ပြောလိုက်ပြန်၏။

" ဒဏ်ရာရအောင်မနေနဲ့လို့ပြောထားတာကို
မေ့နေပြီလား "

"......"

"ငါ့လက်ကိုယမ်းလိုက်တာနဲ့ နောက်ပြန်ဂျွမ်းထိုးပြီး
ရှောင်ရမယ်လို့ပြောထားတာမမှတ်မိဘူးလား"

"......."

"ငါ့ရဲ့အဝေးမှာနေပါလို့ပြောထားတာကို မေ့နေပြီလား"

"မနေချင်ဘူး"

အစက‌တော့ဘယ်လောက်ပဲဆူ‌နေပါစေ ခေါင်းလေးငုံ့၊
ကိုယ်ကိုရို့ပြီးငြိမ်နေလိုက်ပါ့မယ်လို့ စိတ်ကူးထားပေမယ့် 'အဝေးမှာနေပါ' ဆိုတဲ့စကားကိုကြားရချိန်မှာတော့
ကျင်းရဲ့စိတ်တွေက မီးတောင်ချော်ရည်တွေလို
ပူပြင်းလောင်ကျွမ်းသွားအောင် ပေါက်ကွဲထွက်လာရ၏။
သူက လက်သီးနှစ်ဖက်ကိုတင်းနေအောင်ဆုပ်ပြီး
အံတကျိတ်ကျိတ်ဖြင့် ရှင်းရဲ့စကားကိုပယ်ဖျက်ဖို့ကြိုးစားလာ၏။

"ရှစ်ဇွင်းရဲ့အဝေးမှာမနေချင်ဘူး.....
ကျွန်တော့်ကိုသေအောင်ရိုက်လည်း အဲ့ဒါကိုတော့
မလိုက်လျောနိုင်ဘူး"

"ငါကမင်းထိခိုက်မှာစိုးလို့ပြောနေတာ"

"ကျွန်တော်မနာပါဘူး....လုံးဝမနာတာမို့
ရှစ်ဇွင်းစိတ်ထဲမထားပါနဲ့ဗျာ"

"........."

' မင်းမနာပေမယ့်ငါနာတယ် ‌ကောင်စုတ်လေးရဲ့ '

ရှင်းမှာ ပြန်ပြောနားမထောင်ဆိုသည့်မူဝါဒကို
လက်ကိုင်ကျင့်သုံးနေတဲ့ကလေးစုတ်ကြောင့်
ကျိန်ဆဲမိချေပြီ။ စာကလေးငှက်ပေါက်လေးတွေနှယ်
တကျီကျီနှင့်စကားများတတ်တဲ့အကျင့်ကိုမှ
ဆွဲဆွဲမြဲမြဲနှင့် တစိုက်မတ်မတ်ကျင့်သုံးနေသည့်
အနှီကလေးပေါက်စက သူ့စကားကိုသာမန်အချိန်မှာ
တသွေမတိမ်းနားထောင်တတ်ပေမယ့်
တစ်ခါတစ်လေမှာတော့ တစ်ခွန်းမကျန်ဖြစ်ပြောတတ်ပါ၏။
ထိန်းမရအောင်ဆိုးသွမ်းလှသည့်ကလေးပါလေ။

တွေးနေရင်းမှာပင် ကျင်းရဲ့စကားသံတွေက
အဆက်မပြတ်ထွက်ပေါ်လို့လာပြန်၏။
မီးကျီးခဲကို ယပ်တောင်နှင့်ခပ်နေစဉ်
ထွက်‌ပေါ်လာတတ်တဲ့မီးဖွားတွေလိုပင်
'‌တ‌ဖြောက်ဖြောက်' နှင့် အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

"ရှစ်ဇွင်းကို ကျွန်တော်ကဘာအပြစ်တွေများကျူးလွန်ခဲ့မိလို့လဲ....
ဘာလို့ ကျွန်တော့်ကိုဆိုမေတ္တာမဲ့တဲ့စကားတွေပဲ
‌ပြောနေရတာလဲ......

ကျွန်တော့်ကိုသဘောမကျလို့လား...."

"........"

"ရှစ်ဇွင်း.....ကျွန်တော့်ကိုသဘောမကျလို့လားလို့"

"ငါ့ကိုယ်ငါသဘောမကျတာ..."

ရှင်းက အေးဆေးငြိမ်သက်စွာပြောလိုက်ပြီး
ကျင်းကိုသူ့အနောက်ကိုလိုက်ခဲ့ဖို့ လက်ဟန်ပြလိုက်သည်။ ဘယ်လိုပင်မနာဘူးလို့‌ပြောပါစေ။
သူ့ရဲ့လက်စကိုသူအသိဆုံးပါလေ။
ကျင်းရဲ့ခန္ဓာကိုယ်ထဲမှ နံရိုးတွေကျိုးပြီး အသားထဲပြန်စိုက်နေလောက်ပြီဆိုတာ
သူမသိပဲနေပါ့မလား။

'ုငါကငါ့ကိုယ်ငါရက်စက်ရမှ နေသာတဲ့လူမျိုးပါကွာ '

အရှေ့ကနေ အရိပ်တစ်ခုလိုလျင်မြန်စွာလမ်းလျှောက်နေတဲ့
ရှင်းရဲ့ခြေလှမ်းတွေကို ကျင်းလိုက်မမှီနိုင်ပါ။
ပေါ့ပါးဖျက်လတ်ခြင်းနှင့်အရွယ်တင်နုပျိုမှုက
ဦးဆောင်နေသည်မို့ ရှင်းရဲ့ခြေလှမ်းတွေက
မြန်ဆန်နေတာဖြစ်လိမ့်မည်။ တိကျပြတ်သားပြီး
ယုံကြည်မှုပြည့်ဝနေတဲ့အရိပ်အယောင်‌တွေ
ထင်ဟပ်နေတဲ့ လမ်းလျှောက်ဟန်က နူးညံ့ညင်သာပြီး
အေးစက်မာကျောလှသည်။ ခြုံငုံပြောရမည်ဆိုရင်တော့ အဓိပ္ပာယ်တြွေပည့်ဝနေသည့် စာချိုးတစ်ခုနှယ်။

ရှင်းရဲ့ခြေလှမ်းတွေကိုသာငေးစိုက်ကြည့်ရင်း
လိုက်လာခဲ့သည်မို့ ကျင်းမှာ ဆေးကုဆောင်ရဲ့အဝင်ဝသို့ရောက်လာပြီဆိုတာပင်
သတိမထားမိခဲ့ပါ။ ရုတ်တရက်အနောက်သို့လှည့်လာသည့် ရှင်းကိုမြင်မှသာ
ခြေလှမ်းကိုအချိန်မီရပ်တန့်ပြီး မော့ကြည့်မိ၏။
ချင်းဟန်နန်းဆောင်ဆိုတဲ့ စာလုံးကြီးတွေက
မျက်လုံးထဲကိုကန့်လန့်၊ကန့်လန့်နှင့် အမြင်ဆိုးစွာဝင်လာခဲ့၏။

တစ်ပတ်မှာတစ်ခါလောက် သူ့ကိုလက်စွမ်းပြတတ်သည့် ရှင်းကြောင့်
ချင်းဟန်နန်းဆောင်ကိုလာပြီး‌ေ‌ဆးကုရသည်မှာ
ချောင်းပင်ပေါက်လုပါပြီ။ ဒဏ်ရာတစ်ခုကောင်းရင်
နောက်ဒဏ်ရာသစ်တစ်ခုနှင့် မရိုးရလေအောင်
လာရောက်ကုသရသည်မို့ ချင်းဟန်နန်းဆောင်သခင်
'လုရှင်းဖန့်' သည်ပင် ကျင်းလာမှာကိုလန့်နေတတ်၏။
မိုးနတ်မင်းရဲ့သားတော်၊ အိမ်‌ရှေ့စံကိုနေ့တိုင်းဒဏ်ရာတွေနှင့်
‌တွေ့‌နေရသည်မှာ သူမခေါင်းကိုလည်ပင်းပေါ်မှာ
ဖြုတ်လိုက်ရင်လှမလား၊ မလှမလားလို့ မေးခွန်းထုတ်နေရသည်နှင့်တူ၏။

တစ်နေ့မှာ မိုးနတ်မင်းကဘာကြောင့်
ဒီဒဏ်ရာတွေရနေတာလဲဟု မေးလာခဲ့သည်ရှိသော်
တိတ်တဆိတ်ကုသပေးနေသည့် သူမလည်းအပြစ်ကင်းနိုင်အံ့မထင်။
မကုသပေးပြန်ရင်လည်း အိမ်ရှေ့စံကိုမထီမဲ့မြင်လုပ်တာလားဆိုပြီး
နွေလယ်ခေါင်မှာမိုးကြိုးနှင့်အပစ်ခံနေရလိမ့်မည်။
‌မိုးနတ်မင်းကိုအကြောင်းကြားဖို့ကြံရွယ်ပြန်တော့
အိမ်ရှေ့စံရဲ့ဓားကြီးကိုကြောက်ရပြန်၏။
ဘယ်ကပြေးပြေးမလွတ်နိုင်လောက်အောင်
ချောင်ပိတ်မိနေသည်ပင်။

အခုလည်း နန်းဆောင်ရှေ့မှာရောက်နေပြန်ပြီမို့
တံတွေးအနိုင်နိုင်မျိုချရင်းသာ အပြင်ကိုပြေးထွက်လာပြီးကြိုဆိုလိုက်ရ၏။

"အိမ်ရှေ့စံကို နှုတ်ခွန်းဆက်သပါတယ်"

"မလှုပ်နဲ့......အဲ့အတိုင်း ဦးညွှတ်နေ"

"အမ်"

လုရှင်းဖန့်မှာကြားလိုက်ရသည့်စကားကိုမယုံနိုင်ပေမယ့် ခေါင်းငုံ့ပြီးသာနေလိုက်ရသည်။ မဟုတ်ရင်
သခွားသီးကိုဓားနှင့်နုတ်နုတ်စင်းသလို သူမကိုလည်း
အိမ်ရှေ့စံက အရိုးပါမကျန်အောင်ခုတ်ထွင်ပစ်လိုက်နိုင်သည်
မဟုတ်ပါလား။
ဒါကြောင့် အိန္ဒြေရှိရှိနှင့်သာ ခေါင်းကြီးငုံ့ပြီး
အသံတိတ်ရပ်နေရရှာ၏။

ရှင်းနှင့်စကားပြောနေစဉ် ရုတ်တရက်ကြီးရောက်လာတဲ့ လုရှင်းဖန့်ကို
အမြင်မကြည်လှသည်မို့ ခေါင်းငုံ့နေဖို့ ကျင်းအမိန့်ပေးလိုက်တော့သည်။
ဘာကြောင့် ရှင်းကိုတခြားမိန်းကလေးတွေကြည့်ဖို့
ခွင့်ပြုပေးရမှာတဲ့လဲ။ ဒါဟာ ပင်လယ်ထဲကဝေလငါးကြီးကို ရေဇလုံလေးထဲထည့်နေသည်နှင့်တူသည်မဟုတ်လား။ မဖြစ်နိုင်တဲ့ကိစ္စပါလေ။

"ဒဏ်ရာကိုသေချာဂရုစိုက်......မနက်ဖြန်ကျရင်
ဓားသိုင်းသင်ရမယ်.....ဒီနေ့သေချာအနားယူလိုက်ပါ"

"ဟုတ်"

"သနပ်ခါးပန်းရေနွေးကြမ်းလည်းသောက်ဖို့မမေ့နဲ့
ဒဏ်ရာတွေသက်သာချင်ရင် အဲ့ဒီနည်းကိုသုံးရမယ်"

"ဟုတ်"

သွားတွေအလြှပကြော်ငြာနေသည့် နတ်သားပေါက်စလေးကို ရှင်းစိတ်မရှည်လာပြီမို့
နောက်ဆုံးသောအမှာစကားကို မှာကြားလိုက်တော့သည်။

"စိတ်စွမ်းအင်ကျင့်စဉ်ကို အခေါက်တစ်ရာအလွတ်ရေးခဲ့"

"ဗျာ!!!"

ကျင်းမှာ မထင်မှတ်ထားတဲ့စကားကြောင့်တအိအိနှင့်ငိုရှိုက်မိချေပြီ။ အတော်ရက်စက်တဲ့ ရှစ်ဇွင်းပါလေ။။။။။။။။

© Sun Elf,
книга «The truth untold».
Коментарі