Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 1
……ခလွမ်း……
စားပွဲထက်တင်ထားသည့် 1980ပြင်သစ်ဝိုင်ပု
လင်းအား ကြမ်းပြင်ထက် အပိုင်းပိုင်းအစစပြန့် 
ကျဲလျက် …
ကျွန်တော်က အာရုံပျက်သည် ဟူသော မျက်နှာပေးဖြင့် လှည့်ကြည့်လာသော်လည်း ကိုယ်ပေါ်စောင်အုပ်ထားသည့် အမျိုးသမီးငယ်
သည်ကားအထိတ်တစ်လန့် ထကြည့်လာ
သည်။
"ဟင်းးပြန်လာတာစောသားပဲ။"
မောရင်း တန်းလန်းဖြစ်သွားသည့် အလုပ်ကို
ပြန်ဆက်ဖို့  ကြိုးစားနေသည်။
"မင်းတော်သင့်ပြီ Park Chanyeol"
လွှတ်လိုက်သည့် ကြမ်းပြင်ပေါ်က ဝိုင်ပုလင်းအ
ကွဲတို့  ကွဲကြေခြင်းတရားခံ ။ သူ ။
"ဟက် …"
Park Chanyeol ဟူသည့် ကျွန်တော်က ခြောက်ကပ်ကပ်ရယ်ဖြစ်သည်။ ထို့ နောက် အမျိုးသမီးငယ်ရှိရာသို့ လှည့်ကာ
"ပြန်တော့ Kella"
"Ok "
သည်။
" အချိန်ကောင်းကိုပြန်လာတာပဲ Yi Fan"
ကျွတ်လက်စ ဂျင်းဘောင်းဘီကို ဆွဲတင်ကာ
ဝတ်ရင်း မချိတင်ကဲပြောမိသည်။
"ငါအခုချိန်မင်းကိုဆွဲထိုးချင်စိတ်ဖြစ်နေတယ် Chanyeol …သိပ်စကားနာမထိုးနဲ့ ။"
"Hol~ ဘာလို့ လဲYi Fan "
ရပ်လိုက်သည်။
" မင်းနဲ့ ငါနဲ့ သဘောတူညီချက်မှာ အိမ်ကိုမခေါ်လာရဘူးဆိုတာမေ့နေလား။"
"ဟားဟား…"
ကျွန်တော်ရယ်မိသည်။ အသံထွက်သည်အ
ထိ ။ ဟားတိုက်သည့် အနေဖြင့် ရယ်မောပစ်
လိုက်သည်။
"ဘာလဲ Wu Yi Fan အိမ်ကို ငါပထမဆုံးခေါ်
လာတာကြောင့် မကျေနပ်ဘူးဖြစ်သွားလား။"
Yi Fan စိတ်ကို မနိုင်တော့သည်ထင်ဧ။်။  ခပ်တင်းတင်းဆုပ်ထားသော လက်သီးသည် ရယ်မောကာပြောနေသည့်ကျွန်တော့်ဧ။် ပါးစောင်တည့်တည့်သို့  ။
ဝိုင်အရှိန်ကြောင့် မူးနေသေးသည့် ကျွန်တော်
သည်။
"မင်းနဲ့ ငါဘယ်သူကမှမိန်းမနေရာမနေနိုင်လို့ 
ကိုယ့်ဘာသာအာသာဖြေနိုင်ဖို့  အပြင်မှာ ဘယ်လိုပဲဘယ်မိန်းမနဲ့ ပျော်ပါးပျော်ပါး ရတယ်
လို့ သဘောတူညီချက်ယူပြီးသား။ အေး…ငါတို့ 
အသက်မှအတင်မခံနိုင်ဘူး Park Chanyeol မင်းကိုလည်းငါစိတ်ပျက်တယ် ။ ငါဘယ်တုန်းက သဘောတူညီမှုချိုးဖျက်ဖူးလဲ။ "
ကျွန်တော်ပါးစောင်မှသွေးကိုသုတ်ရုံမှအပ ပြန်ဖြေရှင်းချက်ကင်းမဲ့နေသည်။ ပထမဆုံးအ
ဖြစ် Yi Fan သူ့ အား လက်ပါခြင်းပေမို့ ။ နာသည်။ ပါးစောင်မှသွေးထွက်သော ဒဏ်ရာ
ထက် ။နှလုံးသားထဲမှ ။
" ငါနဲ့ အရာရာပြိုင်ချင်လည်းရတယ် Chanyeol
ဒီတစ်ခုတော့ မင်းထိန်းသိမ်းပေးလို့ မရဘူးလား
မင်းနဲ့ ငါအချစ်မပါပဲ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ခဲ့တာမဟုတ်ဘူးလေ။ "
ဒူးထောက်ထိုင်ချ၍ ကြေကွဲစွာ ဆိုလေသောသူ
ကြောင့်ကျွန်တော်ထထိုင်လိုက်ရသည်။
Yi Fanပြောသလိုပင် ကျွန်တော်တို့ တစ်ဦး ကိုတစ်ဦး ချစ်၍သာ လူတစ်ကာဆွေမျိုးအပေါင်း ကန့် ကွက်သည့်အိမ်ထောင်ရေးကို တည် ဆောက်ခဲ့ခြင်းသာ။
ကျွန်တော်သည်လည်း Yi Fanကဲ့သို့  ကြမ်းပြင်
ထက် ဒူးထောက်လိုက်သည်။ ကျွန်တော့်အရှေ့ 
မှသူသည် ကျွန်တော်တို့ အိမ်ထောင်ရေးအပေါ်
နောင်တရနေပုံပေါ်သည်။ ကျွန်တော် ထိတ်လန့် စွာဖြင့် သူဧ။် လက်ချောင်းသွယ်
သွယ်ကိုဆုပ်ကိုင်မိသည်။
" ငါ …"
"မင်းငါတို့ ဇာတ်လမ်းကိုစိတ်ပျက်နေပြီမလား
Chanyeol"
ကျွန်တော် သူ့ ကိုကြည့်နေရင်း သူသည် ဝေဝါး
သည့် နှုတ်ကို ဒေါသထွက်ရင်း သူ့ ကို ခေါင်းခါ
ပြနေမိသည်။
" ငါတို့ လိုလိုလားလားလက်ခံခဲ့တဲ့သဘောတူ
ညီမှုကို မင်းအလွယ်တစ်ကူချိုးဖောက်မယ်လို့ 
ငါမတွေးခဲ့မိဘူး။ "
"……"
"တကယ်တော့မင်းအမှားမဟုတ်ဘူး။ အတူတူချင်းကို ပိုပြီးရူးရူးမူးမူးချစ်မိတဲ့ငါကမှား
တာ။မင်းကိုချစ်လွန်းလို့ ယုံကြည်မိတဲ့ငါကပဲ
ိမှားတာ။ မင်းအပြစ်မဟုတ်ဘူး။"
စကားနဲ့ များသေအောင်သတ်ဖို့ ရည်ရွယ်ထား
လားYi Fan…
"မဟုတ်ဘူး ။ မင်းထင်သလိုမဟုတ်ဘူး။ "
"ငါမတောင်းပန်ချင်ဘူး။ဒါပေမဲ့ မင်းထင်နေသ
လိုမဟုတ်ဘူးYi Fan "
အဆုံးထိ ကျွန်တော်မာနကို စောင့်ထိန်းနေဆဲ ပါလား ။ တောင်းပန်ရင်တော့ မလုံလောက်သည့် ကိစ္စကို ကျွန်တော်က မတောင်းပန်ချင်မိဘူး။
"မင်းတောင်းပန်ရင်လည်းငါကလိုလိုလားလား
လက်ခံမယ်ထင်လို့ လား။"
ကျွန်တော့်ပါးပြင်ထက် မျက်ရည်စီးကြောင်းတို့ 
ကို သူဧ။် ယောက်ျားဖြစ်လျက် သွယ်လျသော လက်ချောင်းတို့ ဖြင့် သုတ်ပေးနေသည်။
သူသည်ထိုသို့ သောလူမျိုး ။ စိတ်ဆိုးသည်နှင့် အနွံတာခံမှုကို တစ်ကန့် စီခွဲထားသည် ထင်ပါ
" ငါမင်းထင်သလို ငါတို့ ဇာတ်လမ်းကိုစိတ်မ
ပျက်နေပါဘူးYi Fan"
သူနှင့်ကျွန်တော် ဤသို့ ဖြင့်ပင် ပြန်လည်ပြေ
လည်သွားခဲ့ကြသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မနက်နိုးလာသည်နှင့် ဘေးရှိနေရာသို့  ကျွန်တော်မစမ်းမိစေရန် သတိထားရသည်။ သူသည် ကျွန်တော်မနိုးခင်၌ကပင် အလုပ်သို့ 
သွားနေကြကို အိမ်ထောင်သက်တစ်နှစ်ကျော်
အတွင်း ကျွန်တော် အလေ့အကျင့် မလုပ်ပါပဲ
နှင့် ကျင့်သားရခဲ့သည်။
ထုံးစံအတိုင်း လူပျိုအယောင်ဆောင်ရန်သာ နိုးထလာခြင်း ဖြစ်နေပြန်သည်။
မနက်စာကို အထူးတစ်လည်မပြုနေပဲ ကော်ဖီ
နှင့် ပေါင်မုန့် မီးကင် သာလည်ချောင်းထဲ မြိုချ၍
လက်တစ်ဖက်မှလည်း ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုနေရင်း……
"ဟေး Chanyeol "
"အင်း Jacksonမင်းဘယ်မှာလဲ။"
"ငါလား။ထုံးစံအတိုင်းပေါ့ကွာ။"
"ငါအခုလာခဲ့မယ်။"
ဆိုဖာခုံပေါ်တင်ထားသည့် စပို့ ရှပ်တစ်ထည်ကို
ကောက်စွပ်ကာပြောပြီးဖုန်းချလိုက်သည်။
ချောင်ထိုးထားသည့် ဆိုင်ကယ်ကို ထုတ်၍  Heaven club သို့ ဦးတည်မိသည်။
Night clubဖြစ်၍ အခုချိန်ဘယ်သူမှမရှိနိုင်
သည်ကို သိ၍ တမင်သွားခြင်းပင်။ လူရှုပ်သည်
ကိုသဘောမကျသည်မို့ ။
" Chanyeol ငါဒီမှာ။"
Clubထဲဝင်သည်နှင့် ခုံတွင်ကျကျနနထိုင်ရင်း
မိန်းမပျိုနှစ်ဦးခြံရံကာနေသည့် Jackson ထံသို့ 
သွားကာ ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချမိ
သည်။
"စောစောစီးစီးဘာဖြစ်လာတာလဲသားကြီး"
ကျွန်တော် ခေါင်းသာခါပြ၍ စီးကရက်တစ်လိပ်
ယူကာမီးညှိနေလိုက်သည်။
"Babeတို့ သွားတော့။ကိုယ်စကားပြောလိုက်ဦး
မယ်။"
ထွက်သွားကြသည့် မိန်းမလှတို့ ကို ကျွန်တော် မငေးကြည့်နေမိ။ ခဏတာ ကိုယ့်ကိုယ်ကို ပြန်လည်စမ်းစစ်နေခြင်း။ ရှိုက်ဖိုကြီးငယ်တို့ ကို
၌ ကျွန်တော် မရှက်တမ်းဝန်ခံရမည်ဆိုလျှင် ကျွန်တော်ဆက်ဆံခဲ့သည့် ကညာမဒီတို့ အား မိန်းမတစ်ယောက်ဟူ၍ နူးညံ့စွာမပြုမူမိခဲ့ ။ သူ ဖြစ်သည်ဟူ၍ အသိစိတ်ကို လိမ်လည်လှည့်
စား၍ သာမန်မဟုတ်သည့် နေရာ၌သာ ကျွန်တော်ကျက်စားခဲ့မြဲ။ သူသည်ကော … အဘယ်နေရာ၌ ကျက်စားမည်နည်း ။
"ဟေ့ကောင် ငါ့စကားလေးလည်းအဖက်လုပ်
ဦးကွ။"
စားပွဲပေါ်တစ်ဗုန်းဗုန်းရိုက်သံကြားမှ ကျွန်တော့်
အတွေးတို့ သူထံနယ်လှည့်ရာမှ လှည့်ပြန်လာ
သည်။
"Sorry ဘာပြောလိုက်တာလဲ။"
"မင်းဘဲကြီးနဲ့ အခြေအနေကိုမေးနေတာ။"
သူနှင့်ကျွန်တော့်အခြေအနေ …။ သူ ကျွန်တော့်
ကိုထိုးခဲ့သည်ပြောရမလား။ ပြောစရာမလိုအောင်ပင် ပါးစောင်က ဖူးယောင်နေ၍ အကင်းပါးသည့် Jacksonရိပ်မိ
လောက်သည်။
"မင်းမြင်တဲ့အတိုင်းပဲ။"
ကျွန်တော့်အဖြေကို Jacksonက သဘောကျပုံ
ဖြင့်ထရယ်သည်။ ကျွန်တော် ကျိန်ဆဲ၍ စီးကရက်ကိုသာရှိုက်ဖွာဖြစ်သည်။
"အခုထိမင်းတို့ နှစ်ယောက် အဆင်မပြေဘူး
လား။"
"သူနဲ့ ငါနဲ့ ကအိပ်ယာကကိစ္စမပါရင်အဆင်ပြေ
မှာပါ။ခက်တာက သူကောငါကောက တဏှာကုန်နေတဲ့ပုဂ္ဂိုလ်မှမဟုတ်ပဲ။"
"ဒါပေမဲ့ မင်းတို့ နှစ်ယောက်ကြား ဖလှယ်တာ
တော့မရှိသေးဘူးလုပ်လိုက်။"
"ဒါကတော့ငါကbuttomမှမထိုင်နေနိုင်ပဲ။"
"အဲ့ဒါခက်တာပဲလေ။မင်းကောသူကော နှစ်ယောက်လုံးကtopဆိုတော့ ဘာသွားလုပ်မှာလဲ။"
ကျွန်တော်ပြန်မဖြေမိပြန်။ သူလည်းbuttom ဖြစ်ချင်စိတ်မရှိသလိုကျွန်တော်သည်လည်း topနေရာသာယူချင်သည်မို့ ။
" အမှန်ဆို သူတို့ နှစ်ယောက်လုံးမယူခဲ့သင့် တာ။" 
ကျွန်တော့်နောက်ကျောမှ အသံကြောင့် လှည့်ကြည့်မိတော့ Lee Minho …
"ငါပြောချင်တာလည်းအဲ့ဒါပဲMinho ငါ့အစား ပြောပေးလို့ ကျေးဇူးပဲ။"
Minhoက Jacksonဘေးတွင် ထိုင်၍ အပြုံးတစ်
ခုကိုချိတ်ဆွဲကာ
" မင်းတို့ ဒီကိစ္စကိုမလိုအပ်ဘူး။အချစ်ပဲ အရေး
ကြီးမယ်လို့ ထင်ခဲ့လိမ့်မယ်။ မင်းတို့  အိမ်ထောင်ကျပြီးတော့ အဲ့ဒီကိစ္စနဲ့  ပြဿနာ
ဖြစ်ရတယ်မလား။"
သေချာပေါက်သိနေသလို ပြောလာသည့် Minho ကို ကျွန်တော်ခေါင်းမငြိမ့်ပြမိသလို ခေါင်းလည်းမခါမိ။ ကျွန်တော် မှန်သည်မှား
သည်ဝန်ခံရအောင် မလိုအပ်ဟုလည်း ထင်သည်။
"ငါတို့ တားခဲ့ပါတယ်နော် ယောက်ျားနှစ်ယောက်ပေါင်းဖက်တာ ထင်သ
မဖြစ်သင့်ခဲ့တဲ့အိမ်ထောင်ရေးပေမဲ့ ဖြစ်လာပြီ
တင်ပဲ တစ်ယောက်ယောက်ဘက်ကတော့ အရင်လျှော့သင့်တယ်။"
ကျွန်တော် ဆက်၍နားမထောင်ချင်တော့ပြီ။
ကျွန်တော်တို့ အကြောင်း သေချာမသိပဲနှင့် ဖြစ်သင့်တယ်မဖြစ်သင့်ဘူးဝေဖန်နေသူတို့ ထံ
ဆက်မနေချင်တော့၍ ဆေးလိပ်ကို ထိုးခြေ၍ ထိုနေရာမှထွက်လာခဲ့သည်။ နှုတ်ဆက်ဖို့  လည်းမလိုပါဘူးလေ …။
ဆိုင်ကယ်ကိုအရှိန်တင်မောင်းလာရင်း
Hyundai chungun high school ရှေ့ အရောက် ကျွန်တော် ရပ်လိုက်ဖြစ်သည်။
များလို ရင်ခုန်မှုဟူ၍မရှိခဲ့။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ထိုနေ့ က ပထမဦးဆုံး မိုးရွာသောနေ့  …
အိမ်ကထွက်စဉ်က မိုးမရွာ၍ ထီးမယူလာသော
ကျွန်တော်သည် သည်းကြီးမည်းကြီး ရွာလာ
သောမိုးကို ကျိန်ဆဲရင်း နီးစပ်ရာ ကားဂိတ်၌ ခိုနေလိုက်ရသည်။ ကျောင်းနောက်ကျဖို့ ရာ
100% အပြည့် ။
"မိုးကလည်း ယုတ်မာလိုက်တာ။"
ကျွန်တော့်နံဘေးယှဉ်ရပ်ရင်း ကျွန်တော့်ကဲ့သို့ 
ပင် မိုးအား ကျိန်ဆဲသူတစ်ဦးအား မသိမသာ
ကြည့်မိတော့ သူသည်လည်း ကျွန်တော့် ကျောင်းမှပင် ။
"ဟေး…မင်း Hyundai chungunက မလား။"
ကျွန်တော်ကြည့်နေသည်ကို သိသောသူက လှည့်မေးလာသည်။
"အေး။မင်းကောပဲမလား။"
"အင်း ။ မိုးရာသီကိုမုန်းပါတယ်ဆိုမှကွာ။ ကျောင်းကလည်းနောက်ကျဦးမယ်။ "
ကျွန်တော်မိုးရေစက်တွေကိုသာကြည့်မိသည်။
ကျောင်းသွားခါနီးရွာလို့ သာ စိတ်တိုတာ။ တကယ်တမ်းကျွန်တော် မိုးကိုချစ်သည်လေ။
" မင်း ပြိုင်ရတာစိတ်ဝင်စားလား။"
ထူးထူးဆန်းဆန်းမေးလာသည့်သူ့ ကို ကျွန်တော် ခေါင်းပဲငြိမ့်ပြလိုက်သည်။
"ဒါဆိုတစ်ခုလောက်ပြိုင်ရအောင်။"
"ဘာပြိုင်မလို့ လဲ။"
"အခုမိုးရွာနေတယ်မလား။မင်းနဲ့ ငါဘယ်သူ ကျောင်းကိုအရင်ရောက်မလဲပြိုင်ရအောင်။"
ကျွန်တော့်အတွေးထဲသူရူးနေသလားဟူ၍ တွေး
မိသည်။ မိုးရွာနေပါမှ ။ သို့ သော်လည်း ။ စိန်ခေါ်သည့် ပြိုင်ပွဲတစ်ခုကို ကျွန်တော် မငြင်းလို။ကြောက်သည်ဟုထင်မည်စိုးသည်။
"ပြိုင်တာပေါ့။ "
"Ok… 1,2,3...go!!"
သူကောကျွန်တော်ပါ ကားဂိတ်မှကျောင်းသို့  နေသာနေသည့်အလား ဒုန်းစိုင်းပြေးခဲ့ကြ
သည်။
နောက်မှသိရသည်မှာ ထိုနေ့ မှစ၍ သူသည်မိုး
ကိုနှစ်သက်ခဲ့ကြောင်း။
သူမသိသည်မှာထိုနေ့ မှစ၍ သူ့ ကို ပြိုင်ချင်လို
စိတ်ကကျွန်တော့်တွင်စတင်ခဲ့ကြောင်း။
နေလည်းမြင့်လာသည်မို့ ကျွန်တော် အိမ်သို့ 
သာပြန်လာခဲ့တော့သည်။ သူနှင့် ကျွန်တော် အိမ်ထောင်တစ်ခုထူထောင်ချိန်မှစ၍ နှစ်ယောက်ကြား နွေးထွေးမှုနည်းပါးခဲ့သည် သတ်မှတ်ရမလား။ အစတည်းက ကျွန်တော်
တို့  ချစ်သူ ဟုကြေညာဖို့ ရန်အထိ နွေးထွေး
သောချစ်ခြင်းမဟုတ်ခဲ့ပါပဲလေ။ သူသည်လည်း
ဆရာဝန်ဖြစ်သည့်အလျောက် ဆေးခန်းထိုင်ရ
သည်။ ကျွန်တော်သည်သာ Demonic Bar ကို
ဖွင့်ထားပြီး အခ်ျိန်ပြည့်သွားမနေသောသူ။
ဘယ်အခ်ျိန်ထိ ငါတို့ ခုလို အေးစက်စက်အချစ်
ကိုပုံဖော်ကြမလဲYi Fan…
လဲ Yi Fan…
ခြောက်နှစ်လုံးလုံးချစ်ခဲ့တဲ့ငါတို့ အချစ်ကာ လက်ထပ်ပွဲပြီးတာနဲ့ သေဆုံးသွားတာလား။
တကယ်ပဲMinhoပြောသလို ငါတို့ ကမဖြစ်သင့်
ခဲ့ဘူးလားကွာ။
ဘာလဲ။ ကျွန်တော်ကနွေးထွေးမှုတောင့်တနေ
ခဲ့သည်လား။ ဟက်…
ကျွန်တော် အသင့်ရှိပြီးသား ဘီယာကိုသာ ဖွင့်သောက်မိတော့သည်။ တစ်ငုံပြီးတစ်ငုံ…
တစ်ဗူးပြီးတစ်ဗူး…
အချိန်တွေလည်းကုန်ခဲ့သည်။ တစ်စက္ကန့်  ပြီးတစ်စက္ကန့် …တစ်မိနစ်ပြီးတစ်မိနစ်… တစ်နာရီပြီးတစ်နာရီ…
သူပြန်ရောက်လာတော့မည် ။
ကျွန်တော်လည်း အသိစိတ်လွတ်လာချေပြီ။
ကျွန်တော် မျက်ခွံနှစ်ဖက်လေးလံလာသည်။
"Yi Fan…"
ကျွန်တော့်ထံသို့  သဘောမကျသည့် ပုံဖြင့် လျှောက်လာသည်။
"မင်းတစ်နေကုန်သောက်နေတာလား Chanyeol"
ကျွန်တော် ခေါင်းငြိမ့်မိလား။ခေါင်းခါမိသည်
ကြားရသည်။
"မင်း စိတ်ညစ်နေပြီ မလား Yi Fan "
ကျွန်တော် လေးတွဲစွာမေးသည်ကို သူမဖြေ။
အဟက်…တကယ်စိတ်ညစ်နေပြီပဲ။
"ငါတို့ ရပ်လိုက်ကြတော့မလားYi Fan"
သက်ထွက်သက်သည် ကျွန်တော့် နှုတ်ခမ်း တစ်ဝိုက်ကျီဆယ်နေပြန်သည်။ ကျွန်တော် သူ့
ဆီမှ ရယ်သံသဲ့သဲ့ကြားရသည်။ သူငြင်းချင်တာလား။
"ဒီကနေဆက်ရင် မင်းနဲ့ ငါ နေရာလုရလိမ့် မယ် Chanyeol"
သြော်…အဟက် ကျွန်တော် မေ့သွားခဲ့သည်ပဲ။
မုန်းလိုက်တာPark Chanyeol …
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
TBC……
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі
Показати всі коментарі (1)