Chapter -10
"ရောက်နေတာကြာပြီလား?"
' Eve ' အမည်ရှိကော်ဖီဆိုင်အတွင်းကျောပေး ထားသည့် လူနှစ်ယောက်ထံသို့ Yi Fan လျှောက်သွားကာအနားရောက်သည်နှင့် မေး
လိုက်သည်။
"သြော် …သိပ်မကြာသေးပါဘူးကွာ။"
Soohyuk လှည့်ကြည့်ကာဖြေလိုက်သည်။ Yi
Fan ခုံအလွတ်တွင်ဝင်ထိုင်၍Soohyukနှင့် JongWooကိုကြည့်လိုက်သည်။ ရုတ်တရက်
တွေ့ ရအောင် ဟူ၍ဆက်သွယ်လာသည်မို့  ။
" ပြောစရာရှိတယ်ဆို…"
အသင့်မှာထားပြီးသောကော်ဖီလာချစဉ် Yi Fan
မေးလိုက်သည်။ Soohyuk သည်Yi Fan ထက်
Chanyeolနှင့် ပို၍ရင်းနှီးသောသူငယ်ချင်းဖြစ်
သည်ကြောင့် Yi Fan, Soohyuk ကိုဦးတည်၍
သာမေးလိုက်သည်။ အထူးတစ်လည်တွေ့ ဆုံ
ရန်အကြောင်းမှာ Chanyeol နှင့်ပက်သက်ခြင်း
ပင်ဖြစ်နိုင်သည်မို့ ။
"အင်း …အရင်ဆုံးငါတို့ ကိုမင်းနဲ့ Chanyeol
ရဲ့ အိမ်ထောင်ရေးကိုဝင်စွက်ဖက်တယ်လို့ မ
ထင်စေချင်ဘူး ။"
Yi Fan ခေါင်းငြိမ့်လိုက်သည်။JongWoo ကော်ဖီ
သောက်ရင်းYi Fanအားအကဲခတ်နေသည်။
"ငါတို့ သိချင်တာ …မင်းနဲ့  Chanyeol ပြဿနာ
တစ်ခုခုရှိနေလား။"
Soohyuk ကိုသာအာရုံစိုက်ကြည့်နေသည့် Yi Fan မျက်လုံးတို့  အနည်းငယ်စူးရဲသွားသည်။ စေ့ထားသောနှုတ်ခမ်းသည် ခပ်တင်းတင်းအ
နေအထားဖြစ်လာသည်။
"ဘာဖြစ်လို့ လဲ။"
မနူးညံ့သောလေသံဖြစ်နေမည်ကိုYi Fanသိ သော်လည်းပြင်ဆင်ချိန်မရလိုက်။
" မင်းမေးခွန်းကိုဖြေဖို့ ငါတို့ မှာတိကျတဲ့အ
ကြောင်းအရင်းရှိတဲ့အတွက် ငါတို့ မေးတာအ ရင်ဖြေပေးနိုင်မလားYi Fan?"
Yi Fan အားအကဲခတ်နေသည့် JongWoo ဝင်ပြောရင်းစိတ်ထဲမှလည်းChanyeolဧ။် အတိတ်မမေ့စဉ်ကပုံစံနှင့်တူသည်ဟုလည်း
မှတ်ချက်ပေးမိသည်။
" ပြဿနာကြီးကြီးမားမားတော့မရှိဘူး။မင်းတို့ 
သိထားတဲ့ကိစ္စပဲရှိတယ်။ဘာဖြစ်လို့ လဲ။"
JongWooနှင့် Soohyuk တစ်ယောက်ကိုတစ်
ယောက်ကြည့်လိုက်ကြသည်။ Yi Fan အေး
စက်နေပြီဖြစ်သောကော်ဖီအားသောက်သည့်
အခိုက် …
|| ပူပြင်းတဲ့ကော်ဖီအရသာငါမနှစ်သက်ဘူး။ အေးစိမ့်တဲ့ကော်ဖီကိုပဲငါသဘောကျတယ်။
ဒါက… ပိုအရသာရှိတယ်လို့ ထင်တယ်လေ။ ||
ချစ်သူဧ။် အကြိုက်ကိုဖော်ကျူးသည့်စကားသံ
ကိုကြားယောင်မိတော့ …မြိုချပြီးဖြစ်သော်
လည်းလျှာ၌တင်ကျန်နေသောအရသာကို အမြတ်တနိုးအာရုံခံဖြစ်သည်။
"အရသာရှိသားပဲ ။"
Yi Fan နှုတ်မှပင်ဖွင့်ချမိသည့် လက်ခံခြင်း။ ခပ်တိုးတိုးဖြစ်၍ Soohyukနှင့်JongWoo မကြား
သော်လည်း …Yi Fan မိမိဧ။်လက်ခံခြင်းအ
တွက် ဆိုင်သူကိုလွမ်းဆွတ်မိသည်။
"Yi Fan "
ဖိုင်တွဲတစ်ခုမှ A4 အရွယ်အစားစာရွက်ကိုထုတ်
ပေးသည့်JongWoo ကြောင့် Yi Fan ယခုအခြေ
အနေသို့ စိတ်တို့ ကပြန်ရောက်လာသည်။စာ
ရွက်ကိုယူ၍ ကြည့်မိတော့ JongWoo အလုပ်လုပ်သည့်ဆေးရုံဧ။် တံဆိပ်ခေါင်းအား
မြင်ရသည်။
"ကြည့်လိုက်ပါ။"
Cherry ဟူသောလူနာဧ။်ဆေးမှတ်တမ်းအား
ဖတ်ရှုပြီးနောက် အတွေးထဲဝင်လာသည့် အရာ
ကြောင့် JongWoo အားကြည့်လိုက်သည်။
" ငါနဲ့ ဆိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ငါတာဝန်
ယူပေးထားတဲ့လူနာပဲ Yi Fan ။ "
"ငါ ထင်နေသလို မဟုတ်ဘူးမလား ?"
စိတ်လှုပ်ရှားနေသော်လည်းအတတ်နိုင်ဆုံးထိန်း၍ အရဲစွန့် ကာမေးလိုက်သည်။
"ဆောရီး Yi Fan…မင်းထင်နေသလိုပဲ။ ဒါ Chanyeol လက်ချက်ပဲ။ သူ အတိတ်မမေ့ခင်
ကပေါ့…"
Yi Fan နှလုံးသွေးတို့ တစ်ဒိန်းဒိန်းခုန်လာသည်။
"Chanyeol အတိတ်မမေ့ခင်ကသိသွားခဲ့
လား။"
"သိတယ်။ ဒါပေမယ့် Yi Fan…အခု Cherry ကို
ဖြေရှင်းဖို့ ကလွယ်ပေမယ့် Chanyeol သူ …
မင်းမသိခဲ့တဲ့ ကိစ္စတစ်ခုရှိခဲ့သေးတယ်။"
"ဘာကိစ္စလဲ ?"
••• ••• ••• ••• ••• ••• ••• ••• ••• •••
အိမ်၌ Yi Fan လည်းမရှိ ၊ Kevin နှင့်လည်း
မျက်နှာချင်းမဆိုင်ချင်၍ ကျွန်တော် အခန်းထဲ၌
ပင် အတိတ်အားမှတ်မိလိုမှတ်မိငြား … ဟိုသည် ရည်ရွယ်ရာမရှိပဲ လိုက်ကြည့်နေဖြစ်
သည်။ အတန်ကြာသည်အထိ စိတ်ကျေနပ်ဖွယ်
ရာဟူ၍ မတွေ့ သည်မို့ အိပ်ယာ၌သာ ခြေပစ်
လက်ပစ်လှဲချမိသည်။
စိတ်ထဲ နေ၍မကောင်း။ သူနှင့်ကျွန်တော် ချစ်၍
နှစ်သက်၍ လက်ထပ်ခဲ့ကြသည်ဆိုလျှင် အမှတ်
တရပစ္စည်း အနည်းဆုံးတစ်ခုတော့ရှိရမည်။ ယခု၌လား တစ်ခုတစ်လေ တွေ့ ရန်ဝေးသည်
မို့ ။
" နောက်ကျတယ်နော် ?"
အပြင်ဘက်မှ Kevin အသံကြောင့် သူပြန်လာ
ပြီထင်သည်။ အနည်းငယ် ခံပြင်းသည့် စိတ်တို့ 
ကအလိုအလျောက် နေရာယူလာသည့်အခါ ကျွန်တော် တံခါးထံသို့ လှမ်းဖြစ်သည်။
…ချလောက် …
" …?! "
အခန်းထဲသို့ ဝင်လာသည့်သူ့ ကို အားဖြင့်ဆွဲ၍
နံရံသို့ တွန်းလိုက်သည်။ အံ့သြသွားပုံရသည့် ရသည့်သူ့ အားကျွန်တော် မဲ့၍သာပြုံးပြရင်း
သူဧ။် နှုတ်ခမ်းဖူးအား ပစ်မှတ်ထား၍ အနားတိုး
တော့ …အသာရှောင်ဖယ်သွားသည့်သူ။
သူမလိုချင်ဘူးလား ။ ကျွန်တော် ဖြစ်နေ၍လား။
သူ့ နှုတ်ခမ်းအား ကျွန်တော်က ပိုင်ဆိုင်၍ မထိုက်သည်လား ။
အတွေးများအစိုးမရဖြစ်လာသည့်အခါ ကျွန်တော် နာကျင်လာသည် ။
"တောင်းပန်ပါတယ်…"
ကျွန်တော့်အား အသာပွေ့ ဖက်ကာ နှစ်ကိုယ်တည်းကြားရုံမျှ တိုးလျှလျှ ဆိုသောသူ
ကြောင့် အတွေးဆိုးတို့ ကပျောက်ပျက်စပြုလာ
သည်။ တိုးဝှေ့ ဝင်ရောက်လာသည်က
မည်သည် ကိုတောင်းပန်ခြင်းလဲ ။
( ထို့ အပြင်…သူဧ။် တောင်းပန်မှုအား မကြုံဖူး
သယောင်လည်းခံစားရသည်။)
ဖြစ်စဉ်ကိုသတိထားမိသည့်အခါတွင်…
ကျွန်တော့် ပုခုံးထက်၌ သူဧ။် ဦးခေါင်းနေရာယူ
သည်။ ကျွန်တော့်ခါးထက်၌ သူဧ။် လက်တို့  နေရာယူသည်။ ကျွန်တော့် နှလုံးသားအတွင်း
၌ သူသည်နေရာယူပြီးဖြစ်နေသည်။ ကျွန်တော်
ဧ။် နှလုံးသွေးတို့ ဆောက်တည်ရာမရ အခုန်မြန်
လာသည့်အခါ ကျွန်တော့်လက်တို့ က သူ့ အား
ပြန်လည်ပွေ့ ဖက်ပြီးဖြစ်နေသည်။
" …Kevin က နှလုံးအစားထိုးခံထားရတာ။ "
ကျွန်တော် မျက်လုံးစုံမှိတ်လိုက်သည်။ သူ့  ထံမှ
ဝန်ခံချက်အား…ကျွန်တော် ဂရုစိုက်၍ နားထောင်ရန်လိုအပ်သည်မလား။
" မင်းကမမှတ်မိတော့လို့  မသိလောက်ပေမယ့်
Cha Eun Rae ရဲ့ နှလုံးက သူ့ ကိုလှူခဲ့တာ။"
Cha Eun Rae ? ခါးအထိရှည်သောအညိုရောင်
ဆံနွယ်ရှည်ရှည်ဖြင့် လှပသောမိန်းမပျိုကို ကျွန်တော် မြင်ယောင်လာသည် ။
" Eun Rae ရဲ့ နှလုံးနဲ့ ရှင်သန်တဲ့Kevin က
ငါတို့ ရဲ့ သဘောတူညီချက်ကြောင့် စတေးခံ
ဖြစ်သွားတယ်။ Eun Raeရဲ့ နှလုံးကြောင့် Kevin နဲ့ ဖြတ်လို့ မရတဲ့ဆက်ဆံရေးဖြစ်သွားခဲ့
တာ။"
"ခဏ …။ "
ကျွန်တော် ပွေ့ ဖက်မှုကြားမှရုန်းထွက်၍ သူ့ 
အားစေ့စေ့ကြည့်မိသည်။
"ငါတို့ သဘောတူညီချက်ကဘာလဲ။"
သူ နွမ်းလျစွာပြုံးကာ ကျွန်တော်တို့ ဧ။် မင်္ဂလာ
ဓါတ်ပုံချိတ်ဆွဲရာရှေ့ သို့ လျှောက်သွားသည်။
ကျွန်တော် အိပ်ယာပေါ်၌ထိုင်လိုက်သည်။
"သိပ်ပြီး အရေးမပါတဲ့ သဘောတူညီချက်ပေါ့
ကွာ။ အရှင်းဆုံးပြောရရင် …တစ်ယောက်က
လက်ခုပ်တီးဖို့ လက်ရွယ်ရင် ကျန်တစ်
ယောက်က တီးပြီးသားဖြစ်သွားတာမျိုး။ တစ်ခု
ပဲ…နှစ်ယောက်သားလက်ခုပ်ချင်းတော့ မတူရ
ဘူးဆိုတာပေါ့ ။"
နားလည်သယောင်ယောင် ရှိသော်လည်း…
သိပ်၍မရှင်းသည်မို့ ။
" ငါကောမင်းလိုဖြစ်ခဲ့လား?"
သူခေါင်းယမ်းကာ ကျွန်တော့်ကိုလှည့်ကြည့်
သည်။
" ငါ တစ်ခုလောက်တောင်းဆိုလို့ ရမလား။"
ကျွန်တော် မေးဆတ်ပြပြီး အိပ်ယာပေါ်မှ တစ်
ဆင့်ကြမ်းပြင်သို့ ခြေချထိုင်လိုက်သည်။ သူ
ကျွန်တော့် အရှေ့ ၌ ဒူးထောက်ကာ
ထိုင်ချလာသည်။
" ငါ့ကို ယုံကြည်ပေးပါလား။"
ဒါ …သိပ်ခက်ခဲတယ် Yi Fan ။
" အရင်က Park Chanyeol သာမြင်ရင် ငါ့ကို
လှောင်ရယ်နေမယ်ထင်တယ် ။"
သူ ပြုံး၍ ပြောသည် ။ နှုတ်ခမ်းတွန့် သွား၍သာ
ပြုံးသည်ဟု သတ်မှတ်မိခြင်းဖြစ်သော်လည်း ။
" အခု Park Chanyeolကတော့ မင်းကို ယုံကြည်ချင်နေတယ် ။"
သူ အံ့သြသွားပုံဖြင့် မယုံသလိုပင် သေချာကြည့်
သည်။
" ငါထင်တာ …ငါမင်းကို ချစ်ခဲ့တဲ့ပုံပဲကွ။ အဟင်း~ နည်းနည်းတော့ အောင့်သက်သက်
ဖြစ်နေပေမဲ့ပေါ့လေ။"
"ချစ်တယ် ။"
သည်တစ်ခါ အံ့အားသင့်ရသူမှာကျွန်တော် ဖြစ်
သွားသည်။
" မင်းမမှတ်မိပေမယ့် ငါ မင်းကို ဒုတိယအကြိမ်
ဖွင့်ပြောခြင်းပဲ။"
လည်ပင်းကိုလက်ဖြင့်သပ်နေသည့်သူသည် အထက်တန်းကျောင်းသားတစ်ယောက်သဖွယ်။
ဆောရီး Yi Fan ရာ ။ ငါ သည်းခံနိုင်စွမ်း ကုန်သွားပြီ။
ကျွန်တော်သူ့ အား ကြမ်းပြင်ပေါ်တွန်းလှဲကာ
အပေါ်မှတက်ခွ၍ သူ့ နှုတ်ခမ်းထံ၌နယ်လှည့်
ဖြစ်တော့ တုံ့ ပြန်မှုနှင့်အတူ ထထိုင်လာသော
သူ ။ ကျွန်တော်သည် သူ့ လည်ပင်းအား
မြွေတစ်ကောင်ကို ရစ်သိုင်း၍။ သူသည် ကျွန်တော့် ရှပ်အင်္ကျီမှတစ်ဆင့် ဝင်ရောက်ကာ
ဗိုက်သားပြင်နှင့် ကျောပြင်အား နယ်ချဲ့ ၍ ။
အမှောင်ကျသွားသည့်အခန်းကြောင့် မီးပျက်
သွားခြင်းဖြစ်လိမ့်မည်။ သို့ သော်လည်း… အမှောင်ထုအားဘေးမဲ့ပေး၍ သူနှင့် ကျွန်တော် မရပ်တန့် ခဲ့ပေ။ အကြင်နာဟူသော အရာသည် ကျွန်တော်တို့ အတွက် အစပျိုးရန်
ခက်ခဲ၍ အဆုံးသတ်ရန်မလွယ်ကူလှကြောင်း
လက်တွေ့ ကျကျ သိချိန်တွင် နှစ်ယောက်သား
မောဟိုက်နေပြီဖြစ်သည်။
ကုတင်အား မှီ၍ ထိုင်နေသောသူ့ ရင်ခွင်၌ ကျွန်တော်အမောဖြေသည့်အခိုက် သူသည် ပျက်စီးစပြုနေသော ကျွန်တော့် ဆံပင်တို့ အား
နမ်းရှိုက်နေသည် ။ မြတ်နိုးစွာဖြင့် ။ ကျွန်တော့် အားသိုင်းဖက်ထားသောသူဧ။် လက်မောင်းအား ကျွန်တော် အနမ်းဖွဖွပေး
တော့ သူ တွန့် သွားသည်။
"အဟက်~ မင်း သိပ် sensitive ဖြစ်တယ်
Yi Fan "
" မင်းတစ်ယောက်ထဲကိုပါ။"
ကျွန်တော် သူ့ ကိုမော့ကြည့်တော့ မျက်ခုံး တွန့် 
ပြသည်။
" Yi Fan "
"အင်း "
" ငါ့ယုံကြည်မှုကိုမပျက်စေဘူးလို့  မှတ်ထား
လို့ ဖြစ်တယ်မလား။"
"အင်း။"
အဖြေ တစ်လုံးတည်းနှင့် သူ့ အား သုံးစက္ကန့် 
မျှသောအကြင်နာချွေတော့ မကျေနပ်နိုင်သော
သူသည် ကျွန်တော့်အား ရှည်ကြာသော အကြင်နာတို့ အားပေးကမ်းပြန်သည်။
ယခုတိုင်အောင်…ကျွန်တော် သူ့ အားချစ်နေ
ဆဲဖြစ်မည်ထင်သည်။
ဆယ်ကျော်သက်တစ်ယောက်ဧ။် အချစ်ရေးမ
ဟုတ်သော်လည်း ပရမ်းပတာရင်ခုန်မှုများက
သက်သေအဖြစ်ရပ်တည်နေသည်မို့ ။
ချစ်တယ် Yi Fan ။ ။ ။
ဒါပေမယ့် မင်းကိုမသိစေချင်ဘူး။
••••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng

Коментарі