Chapter - 8
စူးရှသောအလင်းရောင်ကြောင့်ကျွန်တော့်မျက်
လုံးတို့ ပွင့်လာခဲ့သည်။ အချိန်မည်မျှပင်ရှိပြီသေ
ချာမသိ။ နေရောင်တို့ သည်အလုအယက် ၊ အ
ပြိုင်အဆိုင်ဖြင့် ခန်းစီးလိုက်ကာကြားမှတိုးဝင်
လာကြသည်။ နံဘေး၌ Yi Fan မရှိ ။ ထို့ အပြင်
အခန်းထဲ၌လည်းရှိပုံမရ။ ကျွန်တော် အသာထ
၍ ခြေထောက်ကိုအားပြုရန်ကြံဖြစ်သည်။ အကယ်၍လိုအပ်လျှင် ဟူ၍ Kevinဝယ်ပေးထား
သည့် ချိုင်းထောက်မှာတံခါးအနားတွင်ထောင်
လျက်ရှိသည်ဖြစ်၍ ကျွန်တော်ကုတင်လက်ရန်း
ကိုကိုင်၍ မတ်တပ်ရပ်ကြည့်သည်။ လွန်ခဲ့သော
ွှရက်များကထက်ပို၍အဆင်ပြေစွာရပ်နိုင်လာ
သည်။ အကောင်းအတိုင်းကျန်ရှိနေသောကျန် ခြေထောက်ကိုအားပြု၍ ငါးလှမ်းမျှဝေးသော
တံခါးထံသို့ သွားပြီးသည့်ကာလ ချိုင်းထောက်ကိုယူနိုင်သွားသည်။ဤအရာဖြင့်
မျက်နှာသစ်ခြင်းသွားတိုက်ခြင်းအမှုပြုရသည်။
"Yi Fan မင်းဆေးခန်းမသွားဘူးလား?"
နံနက်စာပြင်နေသည့်Yi Fan ရှိသောမီးဖိုချောင်
အတွင်း၌ Kevin ရေခွက်ထဲရေထည့်ရင်းမေး
သည်။
"အင်း …Bai Zi ကိုChanyeolပြန်ကောင်းလာ
မဲ့ကာလအထိခွင့်တောင်းထားတယ်။"
Kevin သောက်ရန်ပြုနေသည့်ရေခွက်ကိုပြန်
ထားလိုက်ပြီး…
"Chanyeol က ငါရှိနေတာပဲ ။ "
Yi Fan ကြက်ဥမွှေနေရင်းKevinအားလှမ်း
ကြည့်၍
" မင်းကိုပြုစုခိုင်းရင် ငါဘယ်လောက်တောင်မ
ကောင်းတဲ့သူဖြစ်သွားမလဲ။"
Yi Fan လက်ထဲမှကြက်ဥမွှေတံ ဧ။် "တတောက်
တောက်" မြည်သံမှလွဲ၍ Kevinဧ။်အဖြေစကား
မထွက်လာခဲ့။
"Kevin ရေခဲသေတ္တာထဲကခရမ်းချဉ်သီးနှစ်လုံး
လောက်ယူခဲ့ပေးပါလား။"
ထပ်မံ၍ Yi Fanထံမှခိုင်းစေချက်ကြောင့် Kevin
ခရမ်းချဉ်သီးနှစ်လုံးယူ၍ ပေးလိုက်သည်။
" မင်းချစ်တဲ့သူကိုငါမမုန်းရဲပါဘူး…Yi Fan"
ဒယ်အိုးထဲထည့်ထားသောဆီများစ၍ဆူလာ
သည်။ Yi Fan, Kevin ကိုအားနာစွာကြည့်ဖြစ်
သည်။ ယခု အခြေအနေအရ Kevin ကို သူ အားနာလွန်းလှသည်။ သို့ သော်လည်း… ။
သူ့ ကြောင့်Kevinမျှော်လင့်ချက်ကြီးမားသွား
မည်ကိုစိုးရိမ်သည်။
"မင်းကတော့ငါ့ကိုဒီလိုမကြည့်ပါနဲ့ လားYi Fan
…သနားစရာသတ္တဝါလိုအကြည့်ကမင်းရဲ့ သူ
ငယ်ချင်းတွေနဲ့ တင်လုံလောက်ပါပြီ ။ "
" ငါ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငါဒီလိုဖြစ် အောင်အထိမရည်ရွယ်ခဲ့ဘူး ။ မင်းလည်းငါ့ကို တကယ်ချစ်သွားလိမ့်မယ်လို့  . . . ငါ …အာ့ !!"
မီးဧ။်အပူရှိန်ကြောင့်ဆူပွက်နေသောဆီတို့  ပေါက်ကာYi Fan လက်ကိုစင်သွားသည်။
" နောက်ဆုတ်လိုက် Yi Fan …ခဏလေး ငါမီးပိတ်လိုက်ဦးမယ် ။ "
Kevin မီးဖိုကိုပိတ်၍ Yi Fan လက်ခုံကို ယူကြည့်ရာ ဆီပူကြောင့် နီရဲကာအရည်ကြည်
ဖုဖြစ်လာသည်မို့ …
" ငါဆေးသွားယူလိုက်ဦးမယ် ။ "
Kevin ပြော၍အလျင်အမြန်မီးဖိုချောင်မှပြေး
ထွက်လာရာ…
" Chan …Chanyeol"
ချိုင်းထောက်ဖြင့်ငိုင်တွေကာရပ်နေသည့် Chanyeol ကိုတွေ့ ၍ထိတ်လန့် သွားသည်။
" Chan"
" ဟင် ? Yi Fan …Kevin "
ကျွန်တော် မျက်နှာအမူအယာမည်သို့ ဖြစ်နေ
မည်မသိ ။ ကျွန်တော့်အရှေ့ မှ မျက်နှာပျက်နေ
သည့်Kevinနှင့်တစ်စုံတစ်ခုကိုစိုးရိမ်နေပုံရ
သည့် Yi Fan ကို ကျွန်တော်ကြောင်အစွာဖြင့် ရယ်ပြမိသည်။
" ငါ အိပ်ယာနိုးတော့ဗိုက်ဆာနေတာနဲ့  ချိုင်းထောက်နဲ့  ဆင်းလာတာ ။"
"ဘေးကစားပွဲမှာဖုန်းတင်ထားတယ်လေ။ မင်း
နိုးလာရင်လှမ်းခေါ်ဖို့ စာတောင်ရေးထားသေး
တယ်။ "
"ဟုတ်လား ? ငါသေချာမကြည့်ဖြစ်ဘူး ။ဒါနဲ့ 
မင်းလက်က ?"
ခပ်ကြီးကြီးအရည်ကြည်ဖုကိုကျွန်တော်ကြည့်
ရင်းမေးတော့
"ဟို ...ဆီပူလောင်သွားရုံပါ ။ Kevin ဆေးသွား
ယူမလို့ ဆို။"
"အင်း "
Kevin ထွက်သွားသည်။ ကျွန်တော်ချိုင်းထောက် ကိုခပ်တင်းတင်းဆုပ်ကိုင်မိသည်။
"မင်းဘာလို့ မျက်နှာပြောက်တိုက်လာရလဲ Kevin!ငါ့ဘက်ကိုဘာလို့ မငဲ့တာလဲ။"
ကျွန်တော့်အရှေ့ မှမြင်ကွင်းကြောင့်ကျွန်တော်
ထိတ်လန့် သွားသည်။ Kevinသည်Yi Fanအား
နောက်ကျောမှဖက်ထား၍ Yi Fanသည် အထက်ပါစကားအားဆိုရင်းဆွဲဖယ်နေသည်။
"ငါမင်းကိုဘယ်အထိငဲ့ရမလဲ။ငါလည်းမင်းကို
နေ့ တိုင်းမြင်ချင်တာပေါ့ ။ ………"
Kevinဆက်ပြောသည့်စကားများကိုကျွန်တော်
ကြိုသိနေသည့်အလားကြားရမည်ကိုကြောက်
ရွံ့ စွာနားနှစ်ဖက်ကိုအတင်းအကြပ်ပိတ်ပစ်မိ
သည်။ ကျွန်တော်ဤအခြေအနေကိုမြင်ဖူးနေ
သည်။ ရင်ထဲမှနာကျင်မှုသည် အသစ်အဆန်း မဟုတ်သယောင်ခံစားရသည်။ ဒါ…ဒါဆို အတိတ်မှကျွန်တော် ပြောခဲ့သည့်အတိုင်းမှန်
ကန်နေသည်လား ။
"မဖြစ်ဘူး ။ "
……ဖြောင်း……
ချိုင်းထောက်ပြုတ်ကျသည်နှင့်ကျွန်တော့်ခြေ
ထောက်တို့ အားများဆုတ်ယုတ်ကာခွေလဲကျ
သွားသည်။
"Chanyeol!!! "
ကျွန်တော် ကြောက်ရွံ့ စွာပင်Yi Fanဧ။် လက်
တို့ ကိုဆုပ်ကိုင်မိသည်။ ပူဆွေးသောအကြည့်
တို့ ဖြစ်နေမည်မလားမသိသောကျွန်တော့်မျက်
ဝန်းတို့ ကYi Fanကိုထိတ်လန့် ဖွယ်ရာမော့
ကြည့်မိသည်။
မဟုတ်ဘူးမလား ။ ကျွန်တော်နှင့်သက်ဆိုင်သူ
ဖြစ်သောYi Fanနှင့် သူငယ်ချင်းဟူသောခေါင်း
စဉ်အောက်တည်ရှိသည့်Kevinတို့ သည် .…?
"Chan…ဘာဖြစ်လို့ လဲ။ ဘယ်နားနေမကောင်း
ဖြစ်လို့ လဲ။"
ကျွန်တော့်ရဲ့ တုန်ယင်နေသောလက်တို့ ကိုပြန်
လည်ဆုပ်ကိုင်၍စိတ်ပူနေသည့်အကြည့်နှင့်
မေးခွန်းတို့ အားမရည်ရွယ်ပါပဲနှင့် ကျွန်တော်
ဟားတိုက်ရယ်မောချင်လာသည်။ တစ်ဆက်
တည်းမှာပင်ချုံးပွဲချ၍ငိုချင်းချချင်မိပြန်သည်။
ကျွန်တော်ဧ။်စိတ်တို့ သည်အစိုးမရချေ။
"Yi Fanဆေးရ...ဟင် ? Chanyeol ဘာဖြစ်လို့ 
လဲ။ "
ဆီပူလောင်ဒဏ်ရာအတွက် အပ်စပ်သောဆေး
ကိုကိုင်ဆောင်ကာမေးလာသည့်Kevinအား
သူ အလိုမရှိသလိုလှမ်းကြည့်နေသည်။
"ငါ နည်းနည်းခေါင်းမူးသွားလို့ ။ အခန်းထဲပြန်
ဝင်တော့မယ်။ "
ကျွန်တော် ချိုင်းထောက်ကိုမ၍ ထဟန်ပြုတော့
Yi Fanကတားသည်။
"မနက်စာတစ်ခါထဲစားသွားလေ။ "
"ဟင့်အင်း။ငါစားချင်စိတ်မရှိတော့လို့ ။မင်းတို့ 
ပဲစားလိုက်ကြပါ။ "
"ဒါဆိုအခန်းထဲငါလိုက်ပို့ ပေးမယ်။ "
တွဲထူသည့်Yi Fanကိုကျွန်တော်တားမြစ်ခြင်းမ
ပြုမိတော့။ အခန်းထဲပြန်ရောက်သည့်တိုင်
ကျွန်တော် စိတ်တွေရှုပ်ထွေးနေသည်။
"တစ်ခုခုစားချင်စိတ်ရှိရင်ငါ့ကိုပြောနော် Chan"
"အင်း"
ကျွန်တော် ကုတင်ကိုမှီကာထိုင်၍ မျက်နှာချင်း
ဆိုင်နံရံရှိ သူနှင့်ကျွန်တော်ဧ။်မင်္ဂလာဓာတ်ပုံကို
သာစိတ်ရှုပ်မှုပြေပျောက်လိုငြားကြည့်နေဖြစ်
သည်။
" Chan တစ်ခုခုဖြစ်နေတာမလား။"
ထိုဓာတ်ပုံအရှေ့ ၌ပိတ်ရပ်လာသည့်သူဧ။် မျက်
နှာချောချောကြောင့် ကျွန်တော်သက်ပြင်းရှည်
ကိုသာမက်မက်မောမောချမိသည်။
"ငါစိတ်တွေရှုပ်ထွေးနေတယ် Yi Fanရာ "
" ဘာဖြစ်လို့ လဲ?"
ကုတင်လက်ရန်းကိုမှီကာမေးသည့်သူ့ ကိုကျွန်
တော် မကြည့်မိရန်မျက်နှာလွှဲဖြစ်သည်။
……ဒေါက် …ဒေါက် …
တံခါးခေါက်သံကြောင့်ကျွန်တော်တံခါးဝသို့ 
လှမ်းကြည့်ကာ
"ဝင်ခဲ့ပါ"
တံခါးဟရုံသာပွင့်လာပြီးKevinအားတွေ့ ရ
သည်။
"Chanyeolဧည့်သည်ရောက်နေတယ်။ Dr.Kasper လို့ ပြောရင်သိတယ်တဲ့။"
"ဘာ!သူကဘာလာလုပ်တာလဲ။"
ကျွန်တော့်ထက်အရင်ဦးစွာအခန်းထဲမှထွက်
သွားသည့်Yi Fanကြောင့် ကျွန်တော် Kevin အကူအညီဖြင့်ချိုင်းထောက်ယူကာဧည့်ခန်းတွင်း
သို့ လိုက်သွားရသည်။
"မင်းကိုမဖိတ်ထားမိဘူးထင်တာပဲ Kasper"
ဓာတ်ပုံများအားကြည့်နေပုံရသည့် Kasper,
Yi Fanစကားကြောင့် ဧည့်ခန်းထဲဝင်လာသည့်
Yi Fanကိုတစ်ချက်ကြည့်၍ အနောက်မှလိုက်
လာသည့် Chanyeolကြောင့် …
"ငါလည်းChannieကိုပဲလာတွေ့ တာပါ Wu Yi Fan "
"Kasper ဘယ်လိုရောက်လာတာလဲ ?"
အပြန်အလှန်ဖြစ်နေသောနှစ်ယောက်ကြောင့်
ကျွန်တော် စကားလုပြောရသည်။
" JongWooနဲ့ စကားပြောဖြစ်ရင်းမင်းကိုတွေ့ 
ဖို့ လိပ်စာမေးပြီးလာခဲ့တာ"
"သြော် …ထိုင်လေKasper "
"အင်း မင်းကော ဘယ်လိုနေသေးလဲ။ "
Kasperဧ။်မေးခွန်းအားကျွန်တော်ချိုင်းထောက်
မြှောက်ပြ၍သာအဖြေပေးဖြစ်သည်။
"Yi Fanမင်းလက်ကဒဏ်ရာကဆေးလိမ်းသင့်
ပြီနော် "
"အင်း နောက်မှလိမ်းတာပေါ့ "
"နောက်မှဆိုတာဘယ်တော့လဲ။"
ကျွန်တော့်နံဘေးမှတီးတိုးစကားသံတို့ အား
ကျွန်တော်အတ္တကြီးစွာမကြားချင်မိချေ။
"Kasper ကျွန်တော်နဲ့ အပြင်သွားရအောင်။"
"Chan!!"
Yi Fanထံမှလျင်မြန်သည့်ခေါ်သံကို ကျွန်တော်
မသိကျေးကျွန်ပြုချင်သည်။
"မင်းဘယ်သွားချင်လို့ လဲ။"
"မသွားရဘူး။Chan … မင်းခြေထောက်မ
ကောင်းသေးဘူးလေ။"
ကျွန်တော့် စိတ်သည် သူဧ။် စိတ်ပူ၍တားမြစ်
သည့်စကားတို့ အားမယုံကြည်မှုတို့ ပြင်းထန်
နေသည်။ ထူးဆန်းလွန်းလှသည်။
"ငါ Channie ကိုပစ်ထားမယ်ထင်လို့ လား?"
"မင်းပါးစပ်ပိတ်ထား! "
"မင်းဘာဖြစ်နေတာလဲYi Fanရာ။ ငါခြေထောက်မကောင်းလည်းKasperရှိတယ်
ကိစ္စမရှိလို့ စိတ်ပူချင်ယောင်ဆောင်မနေနဲ့ ။
Kasper ကျွန်တော့်ကိုတွဲပေးလို့ ရမလား။ "
စိတ်ရှိသလိုပြောပြီးမှကျွန်တော့်ကိုကျွန်တော်
လန့် သွားသည်။ စိတ်ထဲမှအတိုင်း ပြောထွက်
ခဲ့သည်မို့ Yi Fanပုံစံမှာအံ့သြသွားသယောင်။
"သွားရအောင် "
ကျွန်တော် Kasperဧ။် လက်မောင်းကို တွဲကိုင်
၍ တစ်ဖက်မှချိုင်းထောက်ကိုင်ကာ Kasper ဧ။်
ကားရှိရာသို့ ထွက်လာကြသည်။ ကားထဲ အသီး
သီးဝင်ပြီးနောက် …ကျွန်တော့်အားKasper
လှည့်ကြည့်သည်။
"တကယ်တော့ မင်းကိုခြေထောက်မကောင်း
လို့ အပြင်ခေါ်မထုတ်ချင်တာအမှန်ပဲ ။ ဒါပေမဲ့
…ကိုယ့်အထင် မင်းအိမ်မှာမနေချင်တဲ့ပုံပေါ်လို့ 
ခေါ်လာခဲ့တာ။ဘယ်သွားချင်လဲ ?"
ကျွန်တော့်အိမ်ရှိရာသို့ ကျွန်တော်ကားထဲမှနေ၍
လှမ်းကြည့်လိုက်သည်။
" ကျွန်တော့်အိမ်မဟုတ်တဲ့နေရာကိုခေါ်သွား
ပေးနိုင်မလား။"
"Ok လေ…"
ကားစတင်ထွက်သည်နှင့်ကျွန်တော်မျက်လုံးအ
စုံမှိတ်ပစ်လိုက်သည်။ တစ်မနက်တည်းနှင့် ကျွန်တော့်စိတ်တို့ သည်မျိုးစုံယောက်ယက်ခတ်
နေခဲ့သည်မှာ ကျွန်တော်မနှစ်သက်သောမြင်
ကွင်းတို့ ကြောင့်ပင်ဖြစ်မည်ထင်သည်။
••••••••••••••••••••••••••••••••••••
"အရင်ကကျွန်တော် ဒီကိုလာခဲ့ဖူးလား?"
Kasperအိမ်ဧ။်ဆိုဖာခုံရှည်အပေါ်ကျွန်တော်ခြေ
ဆန့် ထိုင်ကာမေးခွန်းထုတ်တော့ဖျော်ရည်နှစ်
ခွက်ကိုချ၍ဘေးတွင်ဝင်ထိုင်ပြီး
"အင်း …ရောက်ခဲ့ဖူးတယ် ။ "
ကျွန်တော် ခေါင်းငြိမ့်ရင်းအိမ်အပြင်သို့  ပြတင်း
ပေါက်မှလှမ်းကြည့်လိုက်သည်။
"မိုးရွာနေတာပဲ …!"
ကျွန်တော် ပြတင်းပေါက်ထံသို့ သွားရန်ပြုပြီးမှ
စိတ်သွားတိုင်းကိုယ်မပါသည်ကိုသတိရသည်။
" ဒီအကျင့်လေးမပျောက်သေးတာတော့ ချစ်ဖို့ 
ကောင်းတယ် …မင်းက။"
Kasperသည်ကျွန်တော့်အားတွဲစေပြီး ပြတင်း
ပေါက်ထံသို့ ခေါ်လာခဲ့သည်။
"ကျွန်တော် မိုးကိုသိပ်ချစ်တာ ။"
"ကိုယ် မှတ်မိနေပါတယ် ။"
ကျွန်တော် Kasper ကိုလှည့်ကြည့်မိသည်။ Kasperသည် ပြုံးလျက်သာကျွန်တော့်ကိုပြန်
ကြည့်သည်။
" ခင်ဗျား ကျွန်တော့်အကြောင်းတွေသိထားတာ
ပဲ။"
"အမှတ်မထင်သိထားပြီးမှတ်မိနေရုံပါကွာ။"
ကျွန်တော် မျက်ခုံးတွန့် ပြကာမိုးရေများကိုပြန်
လည်ရှုစားဖြစ်သည်။
"Kasper …"
"အင်း"
" တစ်ခါတစ်လေမျက်စိရှေ့ မှာမြင်နေပေမဲ့ အမှန်တရားလို့ လက်မခံနိုင်တာမျိုးကြုံဖူးလား။"
"မင်းကြုံနေလို့ လား?"
"ကျွန်တော်မသိဘူး …တစ်ခါတစ်လေ အမှန်တ
ရားလို့ ယုံကြည်မိပေမဲ့တစ်ခါတစ်လေမုသား
တွေလို့ ထင်ကြေးပေးမိပြန်တယ်။ ပြီးတော့…
ကျွန်တော် မသိတဲ့ အာရုံတွေကလည်း အရမ်း
ကိုစိတ်ရှုပ်စေတယ် ။"
ကျွန်တော် အလုံးစုံဖွင့်ဟဖြစ်သူမှာ Kasper ဖြစ်နေသည်။ Kasper အားပြောပြလျှင် ကျွန်တော် စိတ်ရှုပ်ထွေးမှုလျော့သွားမည်ဟု
ထင်သည်။
" အမှန်တရားဖြစ်မလား ၊ မုသားဖြစ်မလားဆို
တာမင်းရဲ့ မှတ်ဥာဏ်အပေါ်မူတည်မယ်ထင်
တယ်Channie! အခုလက်ရှိအခြေအနေအရ မင်းကအတိတ်မေ့နေသူဖြစ်တဲ့အတွက် အတိတ်ကအဖြစ်အပျက်တွေကအခုဖြစ်ပျက်နေ
တဲ့အရာတွေနဲ့ တစ်ခါတစ်ရံရောနှောလာနိုင်
တယ်။ "
ကျွန်တော် Kasper ထံသို့ မျက်နှာမူဖြစ်သည်။
" ကျွန်တော် မြင်နေရတဲ့ အရာတွေက အတိတ်ကအဖြစ်အပျက်တွေဖြစ်နေရင် …
ကျွန်တော် ကြောက်တယ် Kasper ! သူ ကျွန်တော် မဟုတ်တဲ့တခြားသူတစ်ယောက်နဲ့ 
ဖြစ်ပျက်နေမှာကို ကျွန်တော်သိရက်နဲ့  ဘာလို့ 
မြိုသိပ်နေခဲ့တာလဲ ? သူ့ ကို သိပ်ချစ်ခဲ့သလား
တော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ … ဒါပေမဲ့
ဒီနေရာက ပြောမပြတတ်အောင်နာကျင်နေရ
တယ် ။"
ဘယ်ဘက်ရင်အုံကိုလက်ဖြင့်ဖိ၍ ကျွန်တော် ပြောနေမိသည်။ ပါးပြင်ပေါ်မှပူနွေးသည့် သောကမျက်ရည်စီးကြောင်းကို ကျွန်တော် ဂရုမစိုက်နိုင်တော့ ။
" အရမ်းမတွေးနေပါနဲ့ ။ အတိတ်မှာဖြစ်စေ ၊
ပစ္စုပ္ပန်မှာဖြစ်စေ မင်းရဲ့ သက်ဆိုင်သူက သူတစ်ယောက်တည်းဆိုတာမပြောင်းလဲသွား
ဘူးမဟုတ်လား။ မင်းသူ့ ကိုပိုင်ဆိုင်နေဆဲပါ။"
ကလေးတစ်ယောက်သဖွယ်ကျွန်တော်ဧ။် မျက်ရည်တို့ ကိုသုတ်ပေးကာ ပြောသည့် Kasper စကားကြောင့်ကျွန်တော် အနည်းငယ်
စိတ်သက်သာရာရသည်မှာအမှန်။
" ကျွန်တော်သူ့ ကိုမပိုင်တော့ရင်ကော?"
"မင်းနှလုံးသားထဲသူ့  ဖြစ်တည်မှုကိုကဗ္ဗည်းထိုး
ထားသ၍မင်းသူ့ ကိုပိုင်ဆိုင်နေဆဲပါ ။ "
ကျွန်တော် နှင့် နီးကပ်သောအခြေအနေ၌ရှိနေ
သည့်Kasperဧ။်စကားကြောင့်ကျွန်တော် ပြုံး
လိုက်မိသည်။
"မင်းသိလား Channie ?"
"ဘာကိုလဲ။"
"မရည်ရွယ်ပါပဲနဲ့ ချစ်မိသွားတာမ်ျိုးကိုလည်း
အချစ်လို့ သတ်မှတ်တယ်ဆိုတာ …"
ရုတ်တရက်…မရည်ရွယ်ပါပဲနှင့် ။
ကျွန်တော် Kasper ဧ။် နှုတ်ခမ်းပါးထံသို့ ချဉ်း
ကပ်မိသည်။
သူသည်လည်း ကျွန်တော့်ချဉ်းကပ်မှုအားကြို
ဆိုသည့်အလား ထပ်တူချဉ်းကပ်လာကာ……
•••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng

Коментарі