Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 5.5
နာရီလက်တံမြည်သံတစ်ချက်ချက်ကြားနေရ
မှာတိတ်ဆိတ်ငြိမ်သက်နေသော်လည်း ကျွန်တော် ကောင်းစွာအိပ်၍မပျော်သေးချေ။
အခန်းဧ။်ပြတင်းပေါက်သို့ မျက်နှာမူ၍ဘေး
စောင်းအိပ်နေသောကျွန်တော်ဧ။် ကျောခိုင်းရာ
ဘက်မှအနည်းငယ်လှမ်းသောဆိုဖာခုံတွင်ရှိနေမည့်လူသားသည်လည်း ကျွန်တော့်ကဲ့သို့ ပင် ဖြစ်နေမည်ထင်သည်။
"ဟင်းးးး..………"
ပင့်သက်ရှိုက်၍ကျွန်တော်မျက်လုံးများကိုမှိတ်
ပစ်လိုက်သည်။ ကသိုက်ကရိုက်ဖြင့်အတွေးသို့ 
ရောက်ရှိလာသည်ကယခုနကအဖြစ်အပျက်အ
လွန်ခဲ့သည့်တစ်နာရီခန့် က သူနှင့်ကျွန်တော်
ဆေးရုံပန်းခြံအတွင်း၌နီးကပ်လျက်ရှိနေခဲ့ကြ
သည်။
"Yi Fan…"
ကျွန်တော့်ရင်ထဲဆို့ နင့်လာသည်။ သူ့  အမည်
ကိုခေါ်ရုံနှင့်ကျွန်တော်ထိုသို့ ခံစားနေရသည်
လား။
"ငါ …ငါမသိဘူး Yi Fan ။ ငါမင်းကို သိနေတယ်လို့ ထင်ခဲ့ပေမဲ့ …ငါ့အသိစိတ်က မင်းကိုမသိနေဘူး ။ "
ကျွန်တော့်အဖြေကိုနားထောင်ရင်း ကျွန်တော့်
ပါးပြင်ပေါ်မှလက်တို့ ကိုဖယ်ချလျက် နာကျင်စွာ
သူပြုံးသည်။ ထိုအပြုံးကပင် ကျွန်တော့်ကို ထပ်မံနာကျင်စေနေပြန်သည်။ ကျွန်တော် မွန်းကျပ်သည်။
" ဒီအခြေအနေကိုငါလက်ခံနိုင်ဖို့ အတော်လေး
ကြိုးစားရမယ်ထင်တယ်။ ငါ့ကို မမှတ်မိတော့တဲ့
မင်းနဲ့ ရင်ဆိုင်ဖို့ က……ငါ့ကိုအရှင်လတ်လတ်
"ငါတို့  …"
ကျွန်တော်မွန်းကြပ်မှုကိုသည်းမခံနိုင်တော့ပြီ။
"ဘယ်လိုပက်သက်မှုမျိုးလဲ။"
ကျွန်တော်အရဲစွန့် ၍မေးမိသည့်နောက် သူကျွန်
"အရမ်းကိုရင်းနှီးတဲ့သူစိမ်းတွေပေါ့ Chanyeol"
ထိုအဖြေစကားကြောင့်ပင်ကျွန်တော်အိပ်၍မရခဲ့။ သူရူးနေခြင်းလားဟူ၍သာ ခပ်ပေါပေါ့တွေး
ချင်မိသော်လည်းအစိုးမရသောကျွန်တော့်စိတ်
တို့ ကခွင့်မပြုချေ။
"အိပ်မပျော်ဘူးလား။"
ကျွန်တော်ထင်သည့်အတိုင်းပင်သူသည်အိပ်မ
ပျော်သေး။
"အင်း ။ "
ဆိုဖာမှသူထကာကျွန်တော့်ထံသို့ လျှောက်လာ
သည်။ထို့ နောက်ကုတင်စွန်းတွင်ထိုင်လာသည်
"မျက်လုံးမှိတ်ထားChanyeol"
သူပြောသည့်အတိုင်းပင်တစ်ဝေမသိမ်းလိုက်နာ
မိသူကျွန်တော် ။ ထို့ နောက် ကျွန်တော့်ကျော
ပြင်သို့ ခပ်ဖွဖွပုတ်ပေးနေသောသူ ။ ကျွန်တော် အိပ်မပျော်စဉ်တိုင်း အမေကဤသို့ ပုတ်ပေးမှ အိပ်ပျော်တတ်သည်။ ထိုအကြောင်းအရာအား
သူမည်သို့ သိနေသနည်း။ ကျွန်တော် သူ့
ဘက်သို့  လှည့်ရန်ပြုတော့
"မင်းကဒီလိုလုပ်ပေးမှအိပ်ပျော်တတ်တာလေ။"
"မင်းဘယ်လိုသိတာလဲ။"
"အဟက်…ငါမသိတဲ့မင်းအကြောင်းဆိုတာခပ်
ရှားရှားပဲ။"
ကျွန်တော်ရေငုံနှုတ်ပိတ်၍မျက်လုံးကိုသာစုံမှိတ်
ဖြစ်သည်။ ဖြေးညှင်းစွာ …လေးလံစပြုလာသည့်
ချက် မရတစ်ချက်ဖြင့်။ နောက်ဆုံးတွင်တော့ ကျွန်တော်အရာအားလုံးနှင့်ဝေးရာသို့  ထွက်ခဲ့
တော့သည်။
"Chanyeol'ah…မဖြစ်နိုင်ပေမဲ့ မင်းအိပ်ယာနိုး
တဲ့အခါ ငါ့ကိုမှတ်မိနေရင်ကောင်းမယ်။ "
ကျွန်တော့်နဖူးပြင်ဟာနွေးခနဲဖြစ်သွားခဲ့သည်ဟုကျွန်တော်ထွက်ခွာနေရင်းခံစားလိုက်ရသည်။
•••••••••••••••••••••••••••••••••••••••••
ကျွန်တော် အမျိုးသမီးတစ်ဦးနှင့် ချစ်တင်းနှော
နေသည်။ ကားအတွင်း ကျပ်နေသော်လည်း ထို
ရင်သားနှစ်မွှာကိုဆုပ်ကိုင်ရင်း ကျွန်တော် အရှိန်ပြင်းစွာဆောင့်နေသည် ။ ရုတ်တရက် ကျွန်တော်ကိုယ်တိုင်မထိန်းနိုင်သောအရှိန်ဖြင့် သူမအား ပြင်းထန်စွာပြုနေသည်။ သူမဧ။် နာ
ကျင်လွန်းသောညည်းညုသံကို ဥပေက္ခာပြု၍။
သူမဧ။်လက်သည်းချွန်ချွန်တို့ သည် ကျွန်တော့်
လက်မောင်းအားခြစ်၍ရုန်းကန်နေသည်ကို မသိကျေးကျွန်ပြု၍။ သူမထံမှ စိမ့်စီးဆင်းလာ
သောသွေးတို့ ကိုမမြင်ဟန်ဆောင်၍ ။ ကျွန်တော်ဟာစိတ်ရှိသလို ထင်ရာစိုင်းနေ
သည်။ ကိစ္စပြီးသွားသော်လည်းငြိမ်သက်နေ
သောသူမကိုငုံ့ ကြည့်မိသည့်အခါ ပြူးကျယ် သောမျက်လုံးအစုံသည် ကျွန်တော့်အားကြည့်
နေ၍……
"Huh!!!!!!!"
နှလုံးသွေးတစ်ဒိန်းဒိန်းခုန်၍ ကျွန်တော်လန့် နိုး
လာခဲ့သည်။
"Yi Fan …"
ကျွန်တော်ထိုင်၍ အခန်းအတွင်းကြည့်သော်
လည်းYi Fan မရှိနေ။ အိပ်မက်ဖြစ်သော်လည်း
နိုးလာသည့်တိုင်အောင် ထိုအမျိုးသမီးဧ။် အကြည့်တို့ ကကျွန်တော့်အားခြောက်လှန့် နေ
သည်။ ကျွန်တော့်ကုတင်ဘေးရှိ ဝှီးချဲပေါ်သို့  ခက်ရာခက်ဆစ် ထိုင်ကာအခန်းအပြင်သို့  လက်ဖြင့်သာဝှီးချဲကိုလှိမ့်၍ကျွန်တော်ထွက်လာ
ခဲ့သည်။
"မင်းဘယ်မှာလဲ Yi Fan။ "
ကျွန်တော် Yi Fan ကိုသာတမ်းတမိသည်။ ကျွန်တော်ဧ။် ထိတ်လန့် နေမှုသည် သူ့ အား
မြင်လျှင်သက်သာသွားမည်ထင်သည်။ ဦးတည်
ရာမရှိ ကျွန်တော် ဝှီးချဲကိုလှိမ့်ရင်း ဆေးရုံပန်း
ခြံအနားသို့ ရောက်လာခဲ့သည်။ နေ့ လည်ခင်း
ဖြစ်၍ လူများစုဝေးစုဝေးဖြစ်နေကြ၍ ကျွန်တော်
စိတ်ကျဉ်းကျပ်လာသည်။ ကျွန်တော်သည် လူတွေအကြားရောထွေးနေရသည်ကိုအလွန်
မုန်းတီးလှသည်။
"Park Chanyeol??!"
မေးခွန်းစွက်သည့်ခေါ်သံကြောင့်ကျွန်တော်
လှည့်ကြည့်တော့ယောက်ျားတစ်ဦး။ ကျွန်တော်
မြင်ဖူးသည်ထင်ဧ။်။ ထိုယောက်ျားက ကျွန်တော့်
ထံသို့ မရေမရာလျှောက်လှမ်းလာသည်။
"ကိုယ့်ကိုမမှတ်မိဘူးလား။"
အသိစိတ်ထဲရေးတေးတေးဖြစ်နေသည့် အသိဥာဏ်သည် ထိုယောက်ျားနှင့်ကျွန်တော်
သိကြသည်ဟု အသိပေးနေသည်။
"မှတ်မိသလိုရှိပေမဲ့ သေချာမသိဘူးဖြစ်နေ
တယ်။ "
" ကိုယ် Kasperလေကွာ။တကယ်ပဲမမှတ်မိတာ
လား။"
Kasperဆိုသူက ယခုမှကျွန်တော့်အဖြစ်ကို သတိထားမိဟန်တူသည်။
"အာ…ဟုတ်လား။ တော်သေးတာပေါ့ကွာ။ တခြားကြီးကြီးမားမားမဖြစ်တာ။ သတိမေ့တာ
ကလက်တစ်လောဖြစ်တာပါ။ပြန်သတိရလာ
လိမ့်မယ်။"
"အင်း ။ "
"မင်းတစ်ယောက်တည်းလား။လူနာရှင်တွေ ကော။"
"မသိဘူး။ကျွန်တော်နိုးလာတော့ ဘယ်သူမှမရှိ
ဘူး။ဒါနဲ့  ခင်ဗျားကကော။"
"ကိုယ်က ဂျူတီအချိန်ပြီးလို့  ပြန်ဖို့ ထွက်လာ
"ခင်ဗျားက ဆရာဝန်လား။"
"အင်း။ "
ကျွန်တော်သည် ဘယ်လိုတောင်ဆရာဝန်နှင့်
ကံစပ်သည်လဲ။ သူငယ်ချင်းဆရာဝန် ၊ ရင်းနှီးသောသူစိမ်းဆရာဝန် နှင့် မိတ်ဆွေဆရာ
ဝန် ။ ကျွန်တော်သည်သာ မည်သည့်အရာမှ မဟုတ်ခြင်းသာ။
"တကယ်လို့ မင်းပျင်းနေရင်ကိုယ်အဖော်လုပ်
ပေးရမလား။"
ကျွန်တော် Kasperအားမော့ကြည့်မိသည်။ အပြုံးတစ်ခုနှင့်ပြောလာသည့်သူသည် ကျွန်တော်ဧ။်စိတ်ရှုပ်ထွေးမှုအား ပြေပျောက်
စေမည်ထင်သည်။
•••••••••••••••••••••••••••••••••••••••••
လူများသည်ကိုမကြိုက်သောကျွန်တော့်ကြောင့်
Kasperသည် ဆေးရုံဧ။်ခေါင်မိုးထပ်သို့  ကျွန်တော့်ကိုခေါ်ဆောင်လာသည်။
"ဒီနေရာတော့မင်းအတွက်အဆင်ပြေမယ်လို့ 
ကိုယ်ထင်တယ်။ "
လေကောင်းလေသန့် ရသည့်နေရာဖြစ်၍ ကျွန်
တော်အားရပါးရရှူရှိုက်တော့ စိတ်ပေါ့ပါးသွား
သယောင်။
"သိပ်ကိုအဆင်ပြေပါတယ်။ "
မိတယ်။ "
ရုတ်တရက်ကျွန်တော်မြင်လာသည်မှာ …
ဝတ်စုံဖြင့်ရပ်နေသည့် Yi Fan ။ သူသည် ကျွန်တော့်အားရယ်ပြကာ
တယ်။ " ဟုပြောသည်။
"Yi Fan!!! "
"ကျွန်တော် …မြင်တယ် ။ Yi Fan ကိုမြင်တယ်။
တဲ့။ ဒါ…ဒါပေမဲ့ Yi Fan ဆိုတာကို … လူတစ်
Yi Fan!!!!"
"Yeol'ah…စိတ်အေးအေးထားလေ။ မင်းသေ
ချာကြည့်…အခုလေတွေကဖြေးဖြေးလေး တိုက်
ရှိနေတယ် ။ "
ကျွန်တော့်ပုခုံးကိုဆုပ်ကိုင်ကာ နူးညံ့စွာပြောနေ
သည့် Kasperဧ။်စကားလုံးများအပေါ် ကျွန်တော်အာရုံစိုက်မိသည်။
"မင်းနဲ့ အတူရှိနေတာ Kasperဆိုတဲ့ကိုယ်ပဲ။ ဒီမှာ မင်းနဲ့ ကိုယ့်အပြင်ဘယ်သူမှမရှိဘူး။ ဟုတ်ပြီလား။"
ကျွန်တော်ခေါင်းငြိမ့်ပြတော့ Kasperသည် အပြုံးတစ်ခုနှင့်အတူ ကျွန်တော့်လက်ကို ဆုပ်ကိုင်ပေးသည်။ သို့ သော် ။ သူဧ။် လက်သည်နွေးထွေးသော်လည်း ကျွန်တော့်
အတွက် တစ်စုံတစ်ခုကိုလိုအပ်နေခဲ့သည်။
"Kasper…ခင်ဗျားလူတွေနဲ့ ဘယ်လိုဆက်ဆံ
လဲ။"
"ကိုယ့်အထင်ပြောရမယ်ဆိုရင် လောကကြီးက
ဘူးလေ။ ဆရာဝန်တစ်ယောက်အနေနဲ့  မဟုတ်ပဲသာမန်လူတစ်ယောက်အနေနဲ့  ဆိုရင်
ရမယ်။ ကိုယ်ကတော့ အဲ့လိုမျိုးဆက်ဆံတယ်။"
"ကျွန်တော်ကကောဘယ်လိုလူမျိုးလဲ။"
Kasperကကျွန်တော့်အားငေးကြည့်လာသည်။
"မင်းကကိုယ့်အတွက်တော့ …"
"Chanyeol!!"
ခေါ်သံတစ်ခုကြောင့် Kasperကကျွန်တော့်အ
နောက်သို့ ကျော်ကြည့်သည်။ ကျွန်တော်လည်း
ရင်းနှီးနေသည့်အသံကြောင့်လှည့်ကြည့်တော့
Yi Fan ဖြစ်နေသည်။
"မင်းကိုလိုက်ရှာနေတာ။"
Yi Fanဟာပြောရင်းဖြင့်ကျွန်တော့်ထံလျှောက်
လာသည်။
"ဒါပေမဲ့မင်းကိုတစ်ခြားယောက်ျားနဲ့  တွေ့ နေ
မယ်လို့ တော့မမျှော်လင့်ထားမိဘူး။ "
တစ်ဦးကိုတစ်ဦးရန်သူများသဖွယ်ကြည့်နေကြ
သည်။
•••••••••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі