Chapter - 13
လေထုသည်အေးစိမ့်နေခဲ့သည်။ အတိတ်အား
မြင်ယောင်နေပုံရသည့် Kasper ဧ။် ကြည်လင်
သောမျက်ဝန်းတို့ သည်…မျက်ရည်ကြည်တို့ 
ဖြင့်ရှုပ်ထွေးနေသည်။ ထူးဆန်းစွာပင်…။
နှလုံးသားမှအလိုအလျောက်နာကျင်လာရသည်
ကိုKevinခံစားနေရသည်။
"မင်း…သူမကိုသိပ်ချစ်ခဲ့တာလား။"
မရည်ရွယ်ပါပဲနှင့် မေးမိသော်လည်း အဖြေကို
ကြားသိရန် တွန့် ဆုတ်မိပြန်သည်။ Kasper ပြုံး
လိုက်သည်။ နွမ်းလျစွာဖြင့် ။ တစ်ဖန် …ရွှင်ပျစွာ
ဖြင့်။
"မင်းသိပ်စပ်စုတတ်မယ်လို့ ကိုယ်မထင်ထားခဲ့
မိဘူး။"
ရစ်သီနေသောမျက်ရည်တို့ အား သတိရှိစွာ မကျဆင်းစေသည့်နောက် ရွှတ်နောက်နောက်
စကားလုံးတို့ ကပွင့်အန်ကျလာခဲ့သည်။
"ငါ သိချင်တယ် Kasper ။ ကျေးဇူးပြုပြီး… "
နာကျင်နေသောနှလုံးတစ်စုံကြောင့် Kevin အ
ကြောင်းစုံအားသိရမှဖြစ်မည်။
"ဘာကိုသိချင်တာလဲ။ သူမက Yi Fanကိုချစ်ပြီး
ကိုယ်ကသူမကိုတစ်ဖက်သတ်ချစ်တယ်။ ဒါပဲ
လေ။"
အများအားဖြင့် စိတ်ရှည်နေတတ်သော Kasper
ယခုအခါတွင် စိတ်မရှည်စွာ ဖြေကြားဖြစ်သည်။
မေးခွန်းနှင့် ကိုက်ညီသယောင်နှင့် လွဲမှားသော
အဖြေကြောင့် Kevin စိတ်ရှုပ်ထွေးစွာပင် Kasper ဧ။် အင်္ကျီကော်လံကို ဆွဲကိုင်လိုက်
သည်။
"ငါ့ကိုပြောပြပါ…မင်းသူမကိုသိပ်ချစ်ခဲ့လား။"
အလွန်အမင်းသိချင်နေသည့် Kevin ဧ။် အပြုအမူကြောင့် Kasper ခုံပေါ်သို့  လဲကျသွား
သည်။ အပေါ်မှခွလျက် အနေအထားဖြစ်နေသူ
Kevin အား Kasper အသေအချာကြည့်နေမိ
သည့်အခိုက်…ရင်ခုန်လာရသည်။ တစ်ချိန်က
ရင်ခုန်နှုန်းကဲ့သို့  ။ တစ်စုံတစ်ဦးဧ။် အနား၌ ရှိနေချိန်နှင့် မတူညီသည်မို့ ။
"ချစ်ခဲ့တယ် …ကိုယ့်ကိုယ်ကိုထက်ပိုပြီး ချစ်ခဲ့တယ်။"
ကော်လံကို ဆွဲကိုင်ထားမိသော လက်များ ဖြေလျော့သွားသည်။ ဤစကားတစ်ခွန်းသည်
…နှလုံးသွေးတို့ ကိုတိုးစေသည်မို့ ။
"…?"
ဖြေလျော့ပြီးသော လက်အား ပြန်လည်ဆုပ်ကိုင်
လာသည့် Kasper ကို အံ့သြခြင်း ၊ ရင်ခုန်ခြင်း
နှစ်သွယ်ယှက်၍ ကြည့်မိသည်။
"ချစ်တယ် ။"
ရီဝေသောအကြည့်တို့ ဖြင့် ပြောသည့်Kasper
…အံ့သြမှုကြောင့် ပြန်လည်ငေးကြည့်မိသည့်
Kevin အား သူ့ ထံပါးသို့ ဆွဲလိုက်သည့်အခိုက်
နှုတ်ခမ်းနှစ်စုံ ထိစပ်သွားသည်။
အကြင်နာ…? အိမ်ထောင်ရှိယောက်ျားတစ်ဦး
နှင့်ဖလှယ်စဉ်က ခါးသက်ခဲ့သည် ။ ရမ္မက် စပ်နွယ်ခဲ့သည်။ ရင်ခုန်သည်ထက် ငြင်းဆိုမည်
ကို ကြောက်လန့် စွာ ရင်တုန်နေခဲ့သည်။
ယခု ။ ချိုမြိန်နေသည် ။ ပြင်းရှနေသည်။ ရင်ခုန်
လွန်းရသောကြောင့် မရပ်တန့် ချင်ပေ။
နှုတ်ခမ်းတစ်လွှာမှတစ်လွှာစုပ်ယူလေတိုင်း အသည်းထိလှိုက်ခုန်ရသည်။ လျှာအချင်းချင်း
ဆက်သွယ်လေတိုင်း ရင်ခုန်နှုန်းတိုးလာရ
သည် ။
အကြင်နာအားအပြီးသတ်ချိန်၌ Kevin မောဟိုက်စွာဖြင့် Kasper ဧ။် ရင်ဘတ်၌ မျက်နှာအပ်၍ အမောဖြေနေသည်။ Kasper
သည်လည်း အမောဖြေရင်း Kevin ဧ။် ခါးသွယ်
သွယ်အားဖက်ထားဖြစ်သည်။
"ကိုယ် …"
Kasper မည်သည့်ဖြေရှင်းချက်ပေးရမည်မသိ။
မိမိဘက်မှစတင်မိသည့် အကြောင်းပြချက်မရှိ
သည့် အနမ်းသည် အချစ်ဦးအား လွမ်းဆွတ်မှု
ကြောင့်ဟု အမည်တပ်လျှင် မှန်ကန်သော်ငြား
လွဲချော်နေပေသည်။
"ရှင်းပြဖို့ မလိုပါဘူး Kasper ။ ငါ…နားလည်နေ
ပါတယ်။"
အကြင်နာဧ။် အက်ျိုးသက်ရောက်မှုကြောင့် နီဆွေးစိုစွတ်နေသောနှုတ်ခမ်းဖြင့် Kevin ပြုံး
ကာပြောသည်။ အမောပြေစပြုနေသည်မို့  Kasper စိတ်ရိုင်းဝင်ချင်လာကာ လျှာသပ်လိုက်
မိသည်။
"ဟက်~နောက်တစ်ခါဆိုရင်တော့ အကြောင်း
ပြချက် လိုအပ်ပြီကွာ။"
အဓိပ္ပါယ်ပေါက်သည့် Kasper မခိုးမခန့် ရယ်၍
Kevin အား ခုံပေါ်သို့ ဆွဲချ၍ သူကKevin အပေါ်၌ ခွလိုက်သည်။
"အကြောင်းပြချက်? အင်း~မင်းနှုတ်ခမ်းတွေက
ဆွဲဆောင်လွန်းလို့ လေ။"
အနမ်းများကြမ်းတမ်းလာသည့် အလျောက် နှစ်ဦးသား အင်္ကျီများကင်းမဲ့သွားကြသည်။
သူမ က မင်းကိုမချစ်ခဲ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား?
နှလုံးသားဆိုတာ…ရင်ဘတ်ချင်းနီးစပ်သူကို
မှ ခုန်တာမဟုတ်လား?
ငါ့နှလုံးသားလေးကတော့ လှိုက်ခုန်နေခဲ့တယ်။
••• ••• ••• ••• ••• ••• ••• ••• ••• •••
"မင်းဇာတ်လမ်းကလည်းကြည့်နေရင်းပျင်းဖို့  တောင်ကောင်းလာပြီ။"
တရုတ်နန်းတွင်းဇာတ်လမ်းဖြစ်နေ၍ မနှစ်သက်
သောကျွန်တော်သည် တရုတ်လူမျိုးဖြစ်သော
သူ့ အား အားမနာတမ်းဆိုမိသည်။
"ဇာတ်လမ်းကကောင်းနေတာကို။"
TV မှအကြည့်မလွှဲသည့်သူ့ ခြေထောက်အား
ကျွန်တော်လှမ်းကန်၍
"ငါ နန်းတွင်းကားတွေမှစိတ်မဝင်စားတာ…
ကိုရီးယားဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ် နန်းတွင်းကား
ဆိုစိတ်မဝင်စားရတဲ့အထဲ သိုင်းပဲချနေကြတဲ့
ဟာကို။အဲ့ဒီအစား နပန်းသတ်ပွဲ ကြည့်တာမှ ကောင်းဦးမယ်။"
နပန်းပွဲဟုဆိုမှ Kevin အား သတိရမိသည်။ အိမ်ပြန်မလာသည်မှာ မရေတွက်ထားမိသော်
လည်းရက်အတန်ကြာနေပြီဖြစ်သောကြောင့်။
"Yi Fan ငါ့ကို Kevinဖုန်းနံပါတ်ပေး။"
"ဘာလုပ်မလို့ လဲ။"
ပြောလက်စအကြောင်းအရာနှင့် မဆိုင်၍လား
မသိ။ လှည့်မေးသော်လည်း ဖုန်းမျက်နှာပြင်ကို
ဖွင့်နေသည်။
"ပေးမှာသာအရင်ပေးစမ်းပါ "
"Kevin" အမည်ရှိ Contact name မှ ဖုန်းနံပါတ်အချို့ အားရိုက်နှိပ်၍ ခေါ်ဆိုတော့ မေးဆတ်ပြသည့်သူ။ ဘာလုပ်မလို့ လဲ ဟူ၍ အသံတိတ်မေးနေခြင်း။ မသိဟန်ပြု၍သာ
ဖုန်းကိုအာရုံစိုက်နေစဉ်…
"ဟယ်လို "
"အင်း Kevin ငါပါ …Chanyeol "
တစ်ဖက်မှ အသံတိတ်သွားသည်မို့ ။
"ဟယ်လို?"
"အင်း Chanyeol ပြောလေ။"
ကောင်းကောင်းမွန်မွန်အသံထွက်လာသည်မို့ 
ကျွန်တော်ပြုံးလိုက်သည်။
"အဆင်ပြေနေတယ်မလား။"
အနည်းငယ် …မဟုတ်။ အတော်များများ ကြောင်တောင်တောင်နိုင်ခြင်းပြည့်နှက်သည့်
မေးခွန်းပင်ဖြစ်လင့်ကစား ကျွန်တော်ဧ။် ဆိုလိုရင်းအား Kevin ကြားသိနိုင်ပါစေ။
ကြောင်တောင်တောင်နိုင်သည်ဟုဆိုရခြင်းမှာ
" ကျွန်တော် "ဟူသည့် လူသားကြောင့် သူဧ။် Yi Fanအပေါ်ထားရှိသည့် မေတ္တာရေးသည် အကွဲကွဲအပြဲပြဲဖြစ်သွားရသည်မို့  သူ့ အား … အဆင်ပြေနေကြောင်း တပ်အပ်သိနေသည့်အ
လား …မေးဖြစ်ခြင်းကြောင့်ပင်။
"အင်း…ကောင်းကောင်းမွန်မွန်ရှိနေပါတယ်။"
ကျွန်တော် ထပ်မံ၍ ပြုံးမိပြန်ပါသည်။ ကျွန်တော်
နှင့် Kevin အတူနေခဲ့စဉ် ကာလတစ်လျှောက်
သတိထားရသည်မှာ Kevinသည် လိမ်ညာကွယ်ဝှက်ပြောဆိုစဉ်၌ ယောက်ယက်
ခပ်နေတတ်ပြီး အရှိကိုအရှိအတိုင်း ပြောစဉ်တွင် လိုသည်ထက်တည်ငြိမ်နေတတ်
သည်။
"ငါမင်းကိုသတိရနေတာ…Kevin"
ကျွန်တော့်စကားကြောင့် ဖုန်းထဲမှ ရယ်သံသဲ့သဲ့
ကြားရသော်လည်း ပြင်ပ၌ကား ဘေးရှိလူသည်
နဂါးဆိုပါက ကျွန်တော် ပြာကျနေလောက်ပြီဖြစ်
သည်။
"ငါကောပါပဲ Chanyeol ရာ။ "
"ဟက်~အင်းပါ။ မင်းအဆင်ပြေတဲ့တစ်နေ့  တွေ့ ရ…Shit…! Yi Fan ရာ။"
ဖုန်းကိုမပြောမဆိုဆွဲယူသည့် သူ့ ကြောင့် ကျိန်ဆဲလိုက်သည့် ကျွန်တော် ။
"ဟယ်လို အင်း Kevinမလား? Chanyeol မအားလို့ ဒါပဲကွာ။"
တစ်ဖက်မှပြောသည်ကို မစောင့်ဆိုင်းပဲ ပြောဆိုကာဖုန်းချလိုက်သည့်သူ့ ကို ကျွန်တော် ရယ်ချင်မိသော်လည်း ။
"ဘာဖြစ်နေတာလဲ။ မတွေ့ တာကြာလို့  အလွမ်းသယ်နေတဲ့ဟာကို။"
ဖုန်းပြန်ယူကာ မကျေနပ်ဟန်ပြောဖြစ်တော့ အလိုမကျစွာဖြင့် မျက်မှောင်ကျုံ့ လာသည့်
သူ့ ကြောင့် ကျွန်တော်အော်ဟစ်ကာဖြင့် ရယ်
မောမိသွားသည်။
"သိပ်ရယ်သွားရတယ်ပေါ့လေ?"
"မင်းကွာ~မင်းExနဲ့ ပြန်သဝန်တိုရတယ်လို့ ။"
"နေစမ်းပါ။ ငါသဝန်မတိုတတ်တာတော့ မင်းမှတ်မိသင့်တယ်။"
သူ့ စကားကြောင့် ကျွန်တော်အရယ်ရပ်သွားရ
သည်။ ကျွန်တော်မမှတ်မိသောအတိတ်က သူသည်သဝန်တိုခြင်းကိုမတတ်မြောက်ခဲ့သည်
လား။
"ပြီးတာပဲလေ~Kevin နဲ့ တစ်ရက်လောက်
တွေ့ ဖို့ ဖုန်းပြန်ဆက်မှပါ ။"
ဖုန်းကိုပြန်ဖွင့်၍ ခေါ်ဆိုပြီးသော နံပါတ်အား
ပြန်လည်နှိပ်ရန်ပြုစဉ်အခိုက် သူ့ ထံမှ သက်ပြင်း
သည် သနားစဖွယ် ချလာခဲ့သည်။
"ငါတို့ အတူတူတွေ့ ကြမယ်လေ။"
Kevin အပေါ်အားနာရကောင်းမှန်းသိသော်
ငြား။ Yi Fan နှင့် ကျွန်တော့်အကြား တစ်စုံတစ်
ရာသော၊ဘာသော၊ညာသော ပြဿနာပင် မရှိ
ချင်သည်မို့ ။ ကျေနပ်သွားပုံရသည့် သူသည် ဝသီအတိုင်း အနည်းငယ်စူပုပ်သည့် မျက်နှာ
ထားအား မပြင်သေးချေ။
"ဟေ့ကောင်…သဘောကျရင်လည်းကျတယ်
ပြောလိုက်။ မြုံမနေနဲ့ ။"
"သေစမ်း!! သိပ်အူမြူးနေလား Park Chanyeol?"
…တင်း တောင်~တင်း တောင်…
ဘဲလ်သံကြောင့် ကျွန်တော်နှင့်သူ တစ်ယောက်
ကိုတစ်ယောက် ကြည့်မိကြသည်။
"ငါသွားဖွင့်လိုက်မယ်။"
Yi Fan ပြောရင်းထထွက်သော်လည်း ကျွန်တော် အနောက်မှလိုက်သွားဖြစ်သည်။
တံခါးဖွင့်လျှင်ဖွင့်ချင်းမြင်တွေ့ လိုက်ရသည်
မှာ…
"Hyung …"
ကျွန်တော်ဧ။်မွေးချင်းအစ်ကိုဖြစ်သူ YooChun Hyung သည် ပြုံးပြသော်လည်း အထူးတစ်
လည်ဝမ်းသာခြင်းမဖြစ်မိသည့်အပြင် တွေ့ ရ
သဖြင့် စိတ်ပင်ရှုပ်သွားသည်ကို ခံစားရသည်။
Yi Fanကို ကြည့်တော့ သူသည်လည်း ကျွန်တော့်နည်းတူ ဖြစ်နေပုံပင်။
"Hyung အထဲဝင်လို့ ရတယ်မလား။"
ကျွန်တော်မှတ်မိသလောက် YooChun hyung
သည် မိသားစုတွင် ကျွန်တော့်အချစ်ဆုံးဖြစ်ခဲ့
သည်။ မည်သို့ ဖြစ်ရပ်များဖြစ်ခဲ့၍ YooChun hyungအပေါ်ဤသို့ ဖြစ်နေရသည်မသိ။
"ဝင်ပါ။"
ခွင့်ပြုသူသည် ကျွန်တော့်ထံမှ မဟုတ်။ ကျွန်တော်နှင့်သက်ဆိုင်သူဧ။် ခွင့်ပြုသံပင်။
အိမ်ထဲသို့  ဝင်ရောက်လာသည့် hyungသည်
မကြာမှီက အိပ်ခန်းမှတစ်ဆင့် ဧည့်ခန်းသို့  ပြောင်းရွှေ့ ချိတ်ထားသည့် ကျွန်တော်နှင့် Yi Fanဧ။် မင်္ဂလာဓါတ်ပုံအား သိသိသာသာပင် မျက်နှာလွှဲသွားသည်။
"ဘာကိစ္စရှိလို့ လဲhyung?"
အလောကြီးစွာ ကျွန်တော်မေးဖြစ်တော့ hyung
က စိတ်မကောင်းစွာ လှည့်ကြည့်လာသဖြင့်။
" ညီအစ်ကိုနှစ်ယောက်စကားပြောကြပါ။ "
မီးဖိုခန်းသို့ ဝင်သွားသည့် Yi Fan ဧ။် နောက် ကျောပြင်ကိုကြည့်ရင်း ကျွန်တော် သက်ပြင်းချ
မိသည်။
"Hyung လာတွေ့ တာနောက်ကျသွားတယ်။"
ထိုင်သည်နှင့်စကားစသည့် hyung ကို ကျွန်တော် မကြည့်ဖြစ်။
"တကယ်တော့ အမေ့ကြောင့် hyung လာမတွေ့ ခဲ့ရတာပါ။ ဒါကပဲ…အတော် ဆိုးဝါးစေတယ်။ ကိုယ့်ညီရဲ့  ယာဉ်မတော်တဆ
မှုဖြစ်တာကိုတောင်မသိရတဲ့အထိ … "
"ကျွန်တော် အဆင်ပြေနေတာပဲ hyung ။ စိတ်မကောင်းဖြစ်နေဖို့ မလိုပါဘူး။"
"Hyung ကိုအခုထိစိတ်နာနေတုန်းဆိုတာသိ
ပေမယ့် …တစ်ခုလောက်ညီ့ကိုသိစေချင်တယ်။
ညီက hyung ရဲ့  ထာဝရညီပဲ။ ဒါကို မမေ့ပါနဲ့ ။
ဘယ်လောက်ပဲ အမျိုးဖြတ်ပါစေ …Park YooChunကထာဝရPark Chanyeolရဲ့  အစ်ကိုပဲ။"
ကျွန်တော် ခေါင်းပဲငြိမ့်ပြဖြစ်သည်။ ထို့ နောက် ကော်ဖီခွက်ကိုင်၍ Yi Fan ရောက်လာသည်။
အလိုက်အထိုက် နှုတ်ဆက်နေသည့် သူ့ ကို သာကျွန်တော်ငေးကြည့်နေမိသည်။
"Yi Fan…ငါ့ညီကိုစောင့်ရှောက်ပေးလို့  ကျေး
ဇူးတင်ပါတယ် ။ ငါတို့ မပေးနိုင်ခဲ့တဲ့ မေတ္တာ
အတွက်ကောပဲ။"
ကျွန်တော် ငေးကြည့်နေဖြစ်သည့် Yi Fan သည် အပြုံး ဟု သတ်မှတ်ရုံသာ ပြုံးလိုက်သည်။
"ကျေးဇူးအတင်ခံချင်လို့ မိသားစုကမပေးတဲ့ အရာတွေကိုပေးနေတာမှမဟုတ်ပဲ။"
ကျွန်တော်တို့ နှစ်ယောက် တူညီသောအချက်
သည်ဤသို့ သောတစ်ပါးသူဧ။်ဆရာလုပ်ခြင်း
နှင့် ကျေးဇူးအတင်မခံခြင်းပင်။
ခဏအကြာ၌…YooChun hyung သည် နှုတ်
ဆက်၍ ပြန်သွားခဲ့သည်။ ကျန်ရစ်နေခဲ့သည်မှာ
ကျွန်တော့်ပုခုံးဖက်၍ နှစ်သိမ့်ခြင်းပြုနေသည့်
Yi Fan။
သူရှိနေရုံဖြင့် ကျွန်တော်အားလုံးကို စွန့် လွှတ်
ခဲ့ခြင်းဖြစ်လိမ့်မည်။ သူဧ။် နှစ်သိမ့်မှုသည် ကျွန်တော်မမှတ်မိသော အတိတ်မှဆုံးဖြတ်ချက်
အား ဘယ်သောအခါမှနောင်တရမည်ဟု မထင်မိတော့ချေ။
••••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng

Коментарі