Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 9
နှစ်လက်မသာသာဝေးတော့သည့်အခိုက်အ
လိုက်သည်။
ဖြစ်လာမှာလဲ။"
နှစ်ကိုယ်ကြားရုံမျှမေးဖြစ်တော့တစ်စုံတစ်ရာ
တွေးတောလေဟန်ဖြစ်သွားသည့်Kasper…။
အမှန်ဆိုလျှင် ဤသို့ တွေးတောရန်မလိုအပ်ဖူး
ထင်သည်။ ကျွန်တော် Kasper ဧ။် မျက်နှာချော
ချောကို အနီးကပ်အနေအထား၌ ဝဝလင်လင်
ရှုစိမ့်ဖြစ်သည်။ သူ ယောက်ျားပီသစွာ အလွန်
ချောမောသည်။ တစ်စုံတစ်ဦးဧ။် ယောက်ျားပီ
သမှုနှင့်မတူညီစွာဖြင့် ။
"ဖြည်ဖို့ သိပ်ခက်တဲ့ချည်ထုံးတစ်ခုဖြစ်သွားလိမ့်
မယ်ထင်တယ်။"
ဂရုတစိုက်ပြန်လည်ဖြေလာသည့် Kasperကို
ကျွန်တော် ငေးကြည့်ရင်းမှပင် …
" ချည်ထုံးကိုဖန်တီးလိုက်ရင် သူနဲ့ ကျွန်တော်
ညီမျှခြင်းဖြစ်သွားမှာပဲနော်?"
သူ …။မည်သူ့ ကိုရည်ရွယ်ခြင်းဖြစ်ကြောင်းသိ
ပါလိမ့်မည်။ နှုတ်ခမ်းအနားတွန့် ရုံသာပြုံး၍ ခေါင်းငြိမ့်အဖြေပြုသည့်Kasper ဧ။် ရှပ်အင်္ကျီမှ
နက်ခ်တိုင်ကိုအသာဆွဲယူ၍ …
"ဘယ်လိုလုပ်ရပါ့မလဲ။ချည်ထုံးကိုဖန်တီးသူဖြစ်
ချင်လာတယ်။"
"ဒါဆိုလည်း…ကူဖော်လောင်ဖက်နေရာမှာ
တာဝန်ယူပေးရမှာပေါ့ ။"
"အဟင်း~~ဒေါက်တာKasper သိပ်ဥာဏ်ပြေး
လွန်းတယ်။"
ထိုနက်ခ်တိုင်ကိုခပ်တင်းတင်းဆွဲတော့အလိုက်
သင့် နီးကပ်လာသည့်Kasperဧ။် နှုတ်ခမ်းတစ်
ပြုမိသည်နှင့်တစ်ပြိုင်နက် …မညီမျှသောအမှု
ကိုညီမျှစေရန်ကျွန်တော်စွမ်းဆောင်ဖြစ်သည်။
ထူးဆန်းသည့်ခံစားချက်မှာ …ကျွန်တော်သည်
သူ့ အားအစစအရာရာလိုက်၍ယှဉ်ဖူးနေသ
ယောင် ။
||မင်းမှန်တယ် Chanyeol။ တိုက်ပွဲဆိုတာ သူသေကိုယ်သေတိုက်ခိုက်မှအနိုင်ရနိုင်တာမျိုး
မဟုတ်လား။ ||
အတိတ်မှကျွန်တော်ဧ။်စကားသံမှာ နားထဲ ဝင်
ရောက်လာသောအခါကျွန်တော် … ပါတနာ နှင့် အကြင်နာသွန်းနေသည့်အပေါ် အရှိန်မြှင့်
တင်ဖြစ်သည်။
••••••••••••••••••••••••••••••••••••
"Soohyuk,မင်းတကယ်ပဲChanyeolကိုမပြော
ပြတော့ဘူးလား။"
ဝိုင်ပုလင်းချရင်းမေးသည့် JongWoo ကို Soohyuk မည်သို့ ပြန်ဖြေရမည်မသိ။ တစ်ဖက်
၌လည်း Chanyeol သည်အတိတ်မေ့နေသည့်
လူနာတစ်ဦးဖြစ်သကဲ့သို့ ၊ တစ်ဖက်၌လည်း
မိန်းမဖြစ်အင်ကိုဆုံးရှုံးလိုက်ရသည့် မိန်းမပျို မဟုတ်တော့သည့် မိန်းမငယ်ဖြစ်နေသည်။
"လောလောဆယ်တော့မပြောပဲနေရအောင် JongWooရာ။ "
Soohyuk ခွက်ထဲသို့ ဝိုင်ငှဲ့ ထည့်၍ ဖြေသည်။
" ငါတော့သဘောမတူချင်ဘူး။ Chanyeol အတိတ်မေ့နေတာမှန်တယ်။ဒါပေမယ့် … ဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ့်လူနာအ
ပေါ် တာဝန်မယူနိုင်တဲ့သူငယ်ချင်းရှိနေတဲ့အ
တွက်အားနာရတယ်။ "
"Chanyeolလည်းလူနာပဲလေ… ပြီးတော့ Chanyeol…သူဘယ်လိုတာဝန်ယူမလဲ? ငွေကြေးကိုလျော်ကြေးအဖြစ်ပေးရုံအပြင်သူ
ဘာလုပ်နိုင်မှာလဲ။"
"ဟူး~~ဘာဖြစ်လို့ ဒီကိစ္စဖြစ်သွားရတာလဲ ငါသိပ်သိချင်တယ်။ Yi Fan တရုတ်ကိုထွက်
သွားတုန်းကလည်း ….tsk! "
ကြိတ်မနိုင်ခဲမရဖြင့်ပြောရင်းစကားရပ်လိုက်
သည့် JongWooကို Soohyuk ငဲ့ကြည့်၍
" အခုကိစ္စလည်း Yi Fanနဲ့ ပက်သက်နေလိမ့်
မယ်။ "
JongWooခွက်ထဲမှဝိုင်အားမော့ချပစ်လိုက်
သည်။
"ငါတို့ Yi Fanနဲ့ စကားပြောဖို့ လိုအပ်နေပြီ။"
••••••••••••••••••••••••••••••••••••
"ကျေးဇူးပဲKasper ။"
အိမ်ထဲအထိပြန်လိုက်ပို့ ပေးသည့် Kasperအား
ကျွန်တော် ဖက်လှဲတကင်းကျေးဇူးစကားဆို၍
နှုတ်ဆက်တော့သူ ရောက်လာသည်။
" သြော် …ပြန်ရောက်လာပြီကိုး။"
"အင်း ။"
နံဘေး၌ရပ်နေသည့်Kevinကိုမြင်သည့်အခိုက်
အလိုအလျောက်ခံစားမိသည်မှာသိမ်ငယ်ခြင်း။
တကယ်တမ်း ဤသို့ သိမ်ငယ်ခြင်းအားခံစား
ထိုက်သူမှာ ကျွန်တော်မဟုတ်မှန်းသိနေလျက်
ဖြင့်။
" Yeollie, ကိုယ်ပြန်တော့မယ်။"
"အိုခေ Kasper ။"
Kasper ပြန်သွားပြီးနောက် ကျွန်တော် အပူရုပ်
ကိုဟန်လုပ်၍ ပြုံးဖြစ်သည်။
"ငါဗိုက်ဆာနေတာ…"
"ငါတို့ လည်းညစာမစားရသေးဘူး။ တစ်ခါတည်းဝင်စားလိုက်လေ။"
Kevin ဧ။် ဖိတ်ခေါ်သမှုသည် မသိသူအမြင်၌
ကျွန်တော်သည် ဧည့်သည်သယောင်။
" နေပါစေ…အစာမကြေမှာစိုးလို့  အခန်းထဲမှာ
ပဲစားတော့မယ်။ Yi Fan ငါ့ကိုအိပ်ခန်းထဲလိုက်
ပို့ ပေး။"
စကားပြန်ပြောခြင်းမရှိပေမယ့် တွဲလာပေးသည့်
Yi Fan ကြောင့် ကျွန်တော် အိပ်ခန်းထဲသို့  ချော
ဝင်ထိုင်သည်။
"ပြောစရာရှိလို့ လား?"
ကျွန်တော့်ဘက်မှပင် စကားစတော့ သူ ကျွန်တော့်ကိုငဲ့ကြည့်လာသည်။မပြုံးမရယ်သည့်
မျက်နှာသည် အနည်းငယ်ဝမ်းနည်းရိပ်တို့  ခြုံ
လွှမ်းနေသယောင်။ ကျွန်တော့် စိတ်အထင်
လည်းဖြစ်နိုင်သည်။
" ငါ့ကို တစ်ခုခုအထင်လွဲနေတယ်မလား။"
သြော် …အထင်လွဲနေတယ်တဲ့လား။
ဓါတုဆိုးဆေးမရောစပ်ပဲသဘာဝဆန်ဆန်ရဲနေ
သည့်သူဧ။်နှုတ်ခမ်းဖူးအားကျွန်တော်ကြည့်မိ
နေသည်မို့ …သတိကပ်ကာအကြည့်လွှဲ၍
"အထင်လွဲတယ်ဆိုတာ…မဟုတ်တဲ့ကိစ္စတစ်ခု
ကိုတစ်ဖက်သက်အဟုတ်ထင်နေတာမျိုးကိုမှ
ခေါ်ဆိုတာမဟုတ်ဘူးလား။"
သက်ရှိလူသားနှစ်ဦးတည်းရှိနေသည့် အခန်းမှာ
ပြင်းစွာသောအသက်ရှူသံတို့ ကြီးစိုးလာသည်။
"မမေးမမြန်းပဲတစ်ဖက်စောင်းနင်းသိမြင်သွား
တာကိုလည်းအထင်လွဲတယ်လို့ သတ်မှတ်
တယ်Chan။"
"အဟက်~"
ကြည့်လိုက်သည်။ မသုံးအပ်သည့် စကားပုံမှန်း
သိလျက်နှင့် သုံးရမည်ဆိုလျှင် " သူခိုးကလူပြန်
ဟစ်" နေသလိုပင်။
" ဒါဆိုမင်းပြောကြည့်ပါလား။ ငါအထင်လွဲနေ
တာဟုတ်ဟုတ်မဟုတ်ဟုတ် သိရတာပေါ့ ။ "
သူ ပြောသမျှနားထောင်မည့်ပုံစံဖြင့် ကျွန်တော်
နံဘေးမှခေါင်းအုံးကိုရင်ဝယ်ပိုက်၍ သက်တောင့်သက်သာထိုင်လိုက်သည်။
" ဗိုက်ဆာနေတယ်ဆို ။ သွားယူလိုက်ဦးမယ်။"
အဆုံးထိ သူမရှင်းပြပဲ တောင့်ခံနေခဲ့သည်။ ကျွန်တော်သည်လည်းအတင်းအကြပ်မမေးလို
သည်မို့ ။
"ငါစိတ်ပြောင်းသွားပြီ။ မင်း ပဲသွားစားလိုက်
တော့ ။"
ကျွန်တော် ခေါင်းအုံးချ၍ စောင်ခြုံကာ အိပ်ရန်
ပြင်တော့ သက်ပြင်းချသံနှင့်အတူ သူထွက်ခွာ
သွားသည်။ နံရံပေါ်မှ မင်္ဂလာဓါတ်ပုံအား
ကျွန်တော် အကြောင်းမဲ့ငေးကြည့်ကာ …
" ငါတို့ အချင်းချင်းချစ်ခဲ့ကြတယ်မဟုတ်လား။"
နှုတ်မှအလိုအလျောက်မေးမိတော့ အတိတ်မှ
ကျွန်တော်သည် ကြောင်စီစီရယ်မောနေပြန်
သည်။  မြင်ပြင်းကတ်ကာမျက်စိစုံမှိတ်မိတော့
ပူနွေးနွေးအရည်တို့ ကဝရုန်းသုန်းကားကျဆင်း
လာခဲ့သည်။
••••••••••••••••••••••••••••••••••••
"ခြေထောက်လည်းတော်တော်ကောင်းလာပါ
ပြီKasperရာ။လူနာတစ်ယောက်လိုမပြုမူစမ်း
ပါနဲ့ ။"
နေ့ စဉ် Yi Fan ဆေးခန်းထိုင်ချိန်၌ ကျွန်တော် Kasperဧ။်ဆေးကုသည့်အရပ်သို့ လှည့်လည်
ဖြစ်သည်။ Kevinဧ။် ပယောဂဖြင့်။ စင်စစ် …
Kevin အားကားမောင်းလိုက်ပို့ စေသော ကျွန်တော်ဧ။် တောင်းဆိုချက်ပင်။
" မင်းကောင်းကောင်းမလျှောက်နိုင်သေးသ၍
တော့လူနာပဲ Yeollie"
လူနာမရှိချိန်၌ လူနာအယောင်ဆောင် ကျွန်တော့်အားထိန်းသိမ်းနေရသည့် Kasper ။
သူ နှင့် အတူရှိနေချိန်တွင် ကျွန်တော့်စိတ် ပေါ့ပါးသည်။ စိတ်ရောဂါအထူးကုဆရာဝန် ဖြစ်နေ၍လားမသိ။ အတော်လေး အရိပ်အကဲ သိတတ်သည့် Kasper သည်ကျွန်တော်ဧ။် ရင်ဖွင့်ရာဖြစ်နေသည်မှာမထူးဆန်းဟုထင်ဧ။်။
" မပြေးနိုင်တာပဲရှိသေးတာပါ။"
အမှန်ပင် …ပတ်တီးဖြည်ပြီး၍ လမ်းပင်လျှောက်
နိုင်နေသည့်ကျွန်တော့်အားလူနာဟုသတ်မှတ်
၍မချိတင်ကဲဖြစ်ရခြင်း။
…ဒေါက် …ဒေါက် …ဒေါက် …
"ဝင်ခဲ့ပါ။"
အပြင်လူဝင်လာမည်ဖြစ်၍ ကျွန်တော် လူနာကု
တင်ပေါ်လှဲရာမှထိုင်လိုက်ရသည်။
" Hyung ဆေးရုံအုပ်ကြီးပေးခိုင်းလိုက်တဲ့ ဆေးစစ်ချက်မှတ်တမ်း…အာ…Chanyeol? မင်းဒီကိုဘယ်လိုရောက်နေတာလဲ။"
ကျွန်တော့်ကိုမြင်သည့်အခိုက် အံ့အားသင့်သွား
ပုံရသည့်JongWooအားကျွန်တော်သည်လည်း
အံ့သြမိသည်။
" ငါ ဒီကိုလာနေကျပဲ ။ "
ကျွန်တော် မမှတ်မိသည်မှာ ဤဆေးရုံ၌ JongWooရှိနေခြင်းအား။ မကြာခင်မှာပင် သူငယ်ချင်းတစ်ယောက်လုံးရှိနေလျက် တစ်ချက်ပင် မရောက်လာသည့် ကျွန်တော့်အား
ကျိန်ဆဲလေသည်။
" ငါမမှတ်မိလို့ ပါကွာ။"
ဆေးရုံကန်တင်း၌ JongWoo နှင့်ကျွန်တော် ဖျော်ရည်တစ်ခွက်စီဖြင့်ထိုင်ကြသည်။
" မင်းကို hyung မပြောဘူးလား။"
"ပြောဖူးရင်ပြောဖူးမှာပေါ့ ။ငါ သတိမထားမိတာ
လည်းဖြစ်နိုင်တာပဲ။"
ဖျော်ရည်သောက်၍အေးဆေးပြန်ဖြေသည့် ကျွန်တော့်အားJongWooအသံတိတ်ကျိန်ဆဲ
ပြန်သည်။
"ဒါနဲ့  …မင်း hyungနဲ့  ဘယ်လိုရင်းနှီးသွားတာ
လဲ။Yi Fanဆေးခန်းတောင်မလိုက်သွားတတ်တဲ့
မင်းကhyungဆီ လာနေကျဆိုတော့ …အံ့သြ
လွန်းလို့ ပါ။"
"ဒီလိုပါပဲ …"
ကျွန်တော် အထူးတစ်လည် စီကာပတ်ကုံး၍ မဖြေရှင်းဖြစ်။
"သေမလိုရောဂါဖြစ်နေလို့ လျှိုနေတာလား?!"
"သေစမ်းJongWoo! ငါသေမလိုဖြစ်နေရင် စိတ်ရောဂါဆရာဝန်ဆီရောက်နေမလား။"
ကျွန်တော့်အဖြေကြောင့် JongWoo မျက်နှာ
ပျက်သွားသည်ကိုကျွန်တော်သတိထားလိုက်မိ
သည်။
"ဘာဖြစ်သွားတာလဲ?!"
"ဟင်?အင်း …ဘာမှမဖြစ်ပါဘူး။ မင်းနဲ့ Yi Fan
အဆင်ပြေတယ်မလား။"
သည်တစ်ခါ မျက်နှာပျက်ရသူသည် ကျွန်တော်
ဖြစ်နေသည်။ သို့ သော် စက္ကန့် ပိုင်းအတွင်း ပြန်ပြင်၍ …ခေါင်းငြိမ့်ကာ
"ဒီလိုပါပဲကွာ "  မယုတ်မလွန်သာဖြေကြားဖြစ်
သည်။
••••••••••••••••••••••••••••••••••••
|| ဆို ၊ က ၊ရေး ၊ တီး ပါထားတဲ့သူတွေ ခန်းမ
ကိုလာခဲ့ကြပါတဲ့။||
အတန်းဖော် Chen နှင့် Game ကစားနေသည့်
ကျွန်တော် …အတန်းခေါင်းဆောင်ထံမှ အမှာ
စကားကြောင့် Chen နှင့် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်၍ အဆိုနှင့် အတီးတွင် ပါဝင်ထားမိ၍ အပြစ်တင်မဆုံးကာ ခန်းမသို့ 
ထွက်လာခဲ့ကြရသည်။
||ကဲ…ဆရာမ အခု နာမည်နဲ့ ဘာသာရပ် တစ်ခုစီခေါ်မှာဖြစ်လို့ နာမည်ခေါ်လိုက်တဲ့သူ
||Nae||
||Kim Taeyeon-အဆို ၊ Lisa -အက ၊……
………Kim Chen-အဆို ၊ Lee Taeyong- အက၊ Park Chanyeol-အတီး ၊ ………
……………………Choi Sejin -အတီး …………||
နာမည်အသီးသီးခေါ်ဆိုပြီး၍ တစ်ဦးချင်းစီဧ။် လက်ရှိအရည်အချင်းအားပြသရန်အတွက် တီးခတ်မှုဆိုင်ရာ လေ့ကျင့်ရေးပစ္စည်းများအား
အခြားကျောင်းသားတို့ သယ်ဆောင်လာကြ
သည်။
||Sam, Pianoကဘယ်သူလဲ။||
Piano အားသယ်ဆောင်လာသူနှစ်ယောက်အ
နက် အသံသြရှရှဖြင့်မေးသူ ကျောင်းသားအား
မရည်ရွယ်ပါပဲနှင့် ကျွန်တော်လှမ်းကြည့်မိသည်။
သူ…။မိုးရေထဲမှ ……။
||ဟိုဘက်အစွန်ကအရပ်ရှည်ရှည်ကောင်လေး
အနားမှာထားရမှာ။Chanyeol,သားပါ လာသယ်လိုက်ပါလား။ Piano က လေးတယ်။||
သူ ကျွန်တော့်အားလှမ်းကြည့်လာသည်။
||Nae sam||
ကျွန်တော် သူ တို့ ထံလျှောက်သွား၍ နေရာလွတ်မှဝင်၍ မ,လိုက်သည်။သူ ကျွန်တော့်
အားအကြည့်မလွှဲသည်ကို သတိထားမိသော်
လည်းကျွန်တော် မသိကျေးကျွံပြုမိသည်။
Piano အားနေရာတကျချပြီးနောက် ကျွန်တော်
၌ပင်ပြုံးလျက်စိုက်ကြည့်နေသောသူ ။
တယ်။ ||
ထိုအချိန်မှစ၍ သူဧ။် အများနှင့်မတူသော သြရှရှအသံသည်နားထဲ၌သံမှိုရိုက်ထားသကဲ့
သို့ စွဲနေခဲ့သည်။
ထိုအချိန်ကမသိခဲ့သည်မှာ နား၌သာမက နှလုံးသား၌ပါ စွဲနေခဲ့ခြင်းပင်။
"ငါလည်းမင်းနဲ့ ထပ်တူဝမ်းသာတယ်Yi Fan။"
ထိုညက အတိတ်မှအဖြစ်အပျက်အား အိပ်မက်
အဖြစ် မက်နေသည့် ကောင်လေးအား Yi Fan မက်မောဖွယ်ငေးကြည့်နေခဲ့သည်။
••••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі