Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 11
|| မင်း တရုတ်ကိုထွက်သွားတုန်းက မင်းမသိခဲ့
တဲ့အဖြစ်အပျက်ရှိခဲ့တယ် Yi Fan။ ဒါက…
တော်တော်လေးကိုဆိုးရွားခဲ့တယ်။||
|| Chanyeol ကဖွင့်သာမပြောတာမင်းကိုသူ့ 
ကိုယ်သူထက်ပိုချစ်တာ…မင်းထွက်သွားတုန်း
ကငါတို့ သူစိတ်ပြေလက်ပျောက်ဖြစ်အောင်ဆို
ပြီး Clubက Na Ringဆိုတဲ့ကောင်မလေးနဲ့  ချိတ်ပေးခဲ့ကြတယ် ။ ဒါ… ငါတို့ ပယောဂမကင်း
ဘူးYi Fanရာ ။ ကားပါကင်မှာသူတို့ ဖြစ်ကြရင်း
Chanyeol လွန်သွားခဲ့တာ …Na Ring …
သေဆုံးသွားတဲ့အထိပဲကွာ။||
အပိုင်ရယူဖို့ အထိကြံခဲ့တာ။ ဆေး သုံးတာ
ကြောင့်ကော ၊ မင်းကို တွေးမိတာကြောင့်ကော
သူမထိန်းနိုင်ခဲ့ဘူး။||
||ဒါ ပထမဆုံးနဲ့ နောက်ဆုံးလို့ ငါတို့ ထင်ခဲ့ကြ
ပေမယ့်…ဒုတိယအကြိမ်အဖြစ်Cherryကို မသေရုံတမယ်ဖြစ်ခဲ့ပြန်ပြီ။ ငါတို့  မင်းကို ခေါ်
တယ်မလား။||
ညနေကSoohyukနှင့်JongWooထံမှစကားတို့ 
အားပြန်တွေးမိရင်းYi Fan ဘေး၌အိပ်မောကျ
နေသည့်Chanyeolကိုကြည့်လိုက်သည်။
" ငါဘာလုပ်သင့်လဲ Chan…? "
Yi Fan အိပ်မပျော်နိုင်စွာကုတင်ဘောင်ကိုမှီ၍
ထိုင်လိုက်သည်။ အိပ်မပျော်နိုင်သူအဖို့  ညတာ
သည်ရှည်လျားလွန်းသော်လည်း Yi Fan မိုးမ
လင်းချင်ပေ။
Yi Fan မင်္ဂလာဓါတ်ပုံအားလှမ်းကြည့်ရင်း…
"အဲ့ဒီနေ့ က…ငါတို့ နှစ်ယောက်လုံးသိပ်ကို
စိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး။ "
နှုတ်ခမ်းတွန့် ရုံသာပြုံးလိုက်သည့်အပြုံးတွင်
ကြည်နူးမှုများပါဝင်သည်။  ချစ်ခင်မှုများ
ရောယှက်သည်။ မြတ်နိုးမှုများခြယ်လှယ်သည်။
နေ့ ရက်တွေရှိခဲ့တယ်ဆိုရင် မင်းရယ်ချင်မလား
နော်?"
အိပ်မောကျနေဆဲChanyeolအားYi Fan မေး
ဖြစ်သည်။ ဖြေကြားခြင်းအလျဉ်းမရှိသည်ကိုပင်
သဘောကျနေသေးသည်။
သူ ဆိုသည်မှာ'အချစ်'ဟူသည့်စိတ္တဇနာမ်အား Chanyeol ကဲ့သို့ ပင် အထူးတလည် ဖွင့်ထုတ်ပြသခြင်းမရှိသော်ငြား…'ချစ်သူ'ထံမှ 'အရာရာ'အား မည်သို့ဆိုလျှင်အလိုအ
လျောက်ချစ်မြတ်နိုးသည်ဖြစ်၍။
" ဆယ်ကျော်သက်မနူးမနပ်အရွယ်မဟုတ်ပေ
Chanyeolဧ။်နဖူးပေါ်အနည်းငယ်ဝေ့ဝဲကျနေ
"ဘယ်အရာနဲ့ မှ မတူပဲ မြတ်နိုးတယ် Chan "
'အကြင်နာ'အားမိနစ်ပိုင်းမျှ ကြည်လင်သော
ချစ်သူဧ။်နဖူးပြင်၌ ယိုစိမ့်စေဖြစ်သည်။
ရှည်လျားသောညတာသည် ထိုညအတွက် လှပနေသည်။
••• ••• ••• ••• ••• ••• ••• ••• ••• •••
"ငါတို့ ရပ်လိုက်ရအောင်Kevin"
နေ့ ခင်းကြောင်တောင် ဖုန်းဆက်ခေါ်သည်က
ဤစကားပြောရန်အတွက်လား။
Kevin တုန်လှုပ်စွာဖြင့် ဆေးခန်းဧ။် လူနာကုတင်၌ထိုင်နေရာမှ ထရပ်လိုက်သည်။
မဖြောင့်တန်းစွာဖြင့် ။
" Yi …Yi Fan ?"
ဘာကြောင့်များ …ဟုမေးချင်သည်မှာ နှုတ်က
မထွက်လာသည်မို့ ။
"ငါတို့ မဖြစ်နိုင်ဘူး။ဟင့်အင်း…မဖြစ်ခဲ့သင့်တာ
သူစိမ်းသက်သက်ပဲ ။ တကယ်ဆို Eun Rae နဲ့  လည်းမသက်ဆိုင်ပေမယ့်ပေါ့ ။"
အေးအေးလူလူ အဖြေပြုသည့်Yi Fanအား Kevin နာကျည်းချင်သည်။ မုန်းတီးချင်သည်။
သို့ တိုင်အောင် …တစ်ပါးသူဧ။်နှလုံးသားက ခွင့်မပြုသည်မို့ ။
"သေချာစဉ်းစားပါဦး …ငါတို့  ဒီအတိုင်းဆက်
နေလို့ မဖြစ်ဘူးလားကွာ။"
အဖြေကိုသိလျက်နှင့် မိုက်ရူးရဲဆန်စွာ မေးမိ
သည့် ကိုယ့်ကိုယ်ကိုKevinစိတ်ပျက်သည်။
"ဆောရီး။ပြန်မဖြေပါနဲ့ …"
Kevin အနည်းငယ်မောဟိုက်လာသဖြင့် ဤအရပ်တွင်ဆက်၍မနေသင့်ကြောင်း သိသာလာသည်။
"ဆောရီး Yi Fan "
Kevin မပြေးရုံတမယ်ထွက်လာခဲ့သည်။ Bai Zi
ဧ။် သနားသောအကြည့်ကိုလျစ်လျူရှု၍ ချိနဲ့ စွာ
ဖြင့် ဦးတည်ရာမဲ့စွာလျှောက်နေမိသည်။
ကျောက်ခဲဟုသာသတ်မှတ်၍ တန်ဖိုးမဲ့စွာ လွှင့်
ပစ်ခြင်း ၊ဥပေက္ခာပြုခြင်း ခံရသည့်အလား။
မိမိကိုယ်ကို တန်ဖိုးမရှိတော့သယောင် ခံစားရ
ပင်နာကျင်ရသည်လား။
အိမ်ထောင်ရှိပုဂ္ဂိုလ်ဖြစ်နေ၍ အတတ်နိုင်ဆုံး ရှောင်ရန်ပြုခဲ့သော်လည်း မပိုင်ဆိုင်သောနှလုံး
သားဧ။်စေညွှန်ချက်အရ ။ ထို…လူသားအား
ချစ်မိခဲ့သည်။ အချစ်တစ်ခု အတွက်နှင့် ရရှိလိုက်
သည်မှာ အပြစ် ၊ စွန့် ပစ်ခြင်း နှင့် သနားခံရခြင်း
တို့ ပင် ။
"အဟက်~"
နာကျင်စွာ Kevin ရယ်မောလိုက်သည်။
တကယ်တမ်း…သူ့ အားမလိုအပ်သူထံ၌ အရှက်ကင်းမဲ့စွာကပ်နေခဲ့သည်ပဲ။ မလိုလား
အပ်ပါပဲနှင့် ။ ချစ်ရသူဧ။် အိမ်ထောင်ရေး၌ သူ
'ဗီလိန်' တစ်ဦးပမာ ဖြစ်သွားရသည် ။ ဤသို့ 
ဖြစ်ခဲ့သည့်တိုင်အောင် ချစ်ရသူဧ။် ချစ်သူအပေါ်
၌ သူ မုန်းတီးရန်ပင်ဝေးစွ။ အားနာခဲ့ရသည် ။
အတူနေထိုင်ခဲ့စဉ်ကာလအတွင်း၌လည်း ခင်တွယ်မိခဲ့သည်မို့ ။
……တီ !!!!! တီ!!!!! …
ကျယ်လောင်လှသောကားဟွန်းသံကြောင့် Kevin အသိဝင်လာသည်။ ပါးပြင်ထက်မှ ပူနွေး
ပလက်ဖောင်းပေါ်၌လျှောက်သွားကာ ငိုမိနေခြင်းဖြစ်နေသည်မို့ ။ သူ မည်မျှတောင် အသိစိတ်လွတ်သွားသည်လဲ။
…တီ!!!! …
ထပ်မံ၍ပေါ်ထွက်လာသည့်နံဘေးမှကားဟွန်း
သံကြောင့်Kevin အတွေးများနေရာမှလှည့်
ကြည့်လိုက်သည်။ ကားအနီတစ်စီးသည် ဘေး
မှ သူလမ်းလျှောက်နေသည့်အတိုင်း ကပ်လိုက်
နေသည်မို့  ခြေလှမ်းကိုရပ်တန့် လိုက်သည်။ ကားသည်လည်းရပ်တန့် သွားပြီး ထိုကားအတွင်းမှ Chanyeol ဧ။် မိတ်ဆွေထွက်
လာသည်။
"မင်းYi Fanသူငယ်ချင်း ဟုတ်တယ်မလား။"
Kevin ထိုသူ့ ကိုခေါင်းပဲငြိမ့်ပြလိုက်နိုင်သည်။
နာမည် ကြားရုံဖြင့်ပင် ရင်ကို နာကျင်စေသည်
ဖြစ်၍။
"ကိုယ့်ကို မှတ်မိတယ်ဟုတ်?"
"ဘာကိစ္စရှိလို့ လဲ။"
Kevin စကားပြောချင်စိတ်ကင်းမဲ့နေသော
ကြောင့်လိုရင်းသာမေးလိုက်သည်။
" ကိုယ်နဲ့ မင်းကအခုမှစကားပြောဖြစ်တာလေ ။
ကိုယ့်မှာတော့ကိစ္စမရှိပေမယ့် မင်းမှာတော့ ရှိမယ်ထင်တယ်နော် ?"
Kasper ပြောရင်း လက်ကိုင်ပုဝါဖြင့် Kevin ဧ။်
ပါးပေါ်မှ မျက်ရည်တို့ အား ခပ်ဖွဖွ သုတ်လိုက်
သည်။
လေပြည်တို့ သည်ဝေ့၍ တိုက်ခတ်လာခဲ့သည်။
••••••••••••••••••••••••••••••••••••
"နောက်ဆုံး …တစ်ရာရာခိုင်နှုန်း ပြည့်မှီတဲ့ အချစ် မဟုတ်တောင် တစ်ဆယ် ရာခိုင်နှုန်းဆို
ရင်တောင် ငါလက်ခံနိုင်မှာပါ …"
ဝိုင် ကိုပုလင်းလိုက်မော့ရင်းဖြင့် ခံစားချက်တို့ 
ကိုဖွင့်ဟသောKevinအားKasper စိတ်ကျဉ်း
ကျပ်စွာကြည့်နေမိသည်။
"လူတစ်ယောက် ဘဝမှာတစ်ကြိမ်ပဲချစ်နိုင်
တယ် ဆိုတာမင်းသိသင့်တယ်။"
Chilly Bar ဧ။် မှောင်ရိပ်ကျသော စားပွဲဝိုင်းမှ
ကြောင့် ခုံကိုမှီကာ မူးစပြုနေသည့် Kevin က
သဘောမကျသလိုကြည့်လာသည် ။
" ပထမဆုံးတစ်ကြိမ်ဆိုတာလည်း နှလုံးသားနဲ့ 
ချစ်တဲ့အချစ်ပဲ ချစ်နိုင်တယ်။ နောက်တစ်ကြိမ်
ချစ်တဲ့အချစ်ဆိုရင်တော့ …ဒါက နှလုံးသားအ
ရေးမဟုတ်ပဲ တခြားအရေးတွေကြောင့်ပဲ ဖြစ်လိမ့်မယ် ။"
Kasper ပြောရင်းဖြင့်Chanyeolအားတွေးမိ
သွားသည်။ ထို့ ကြောင့် အသာခေါင်းယမ်း၍ ဝိုင်
ကိုသာ မော့သောက်ဖြစ်သည်။
"ဟား~~"
နှစ်ဦးသား ယိုင်တိယိုင်တိုင်ဖြင့် ကားပါကင်သို့ 
လျှောက်လာစဉ် Kevin မွန်းကျပ်လာသဖြင့် ထုတ်ကာအော်မိသည်။
"စိတ် လျှော့စမ်းပါကွာ "
Kasper, Kevin ပုခုံးအားဖက်၍ နှစ်သိမ့်တော့
Kevinရယ်လိုက်မိသည်ထင်သည်။
ကားထဲသို့ နှစ်ယောက်သားဝင်၍ ခုံကို မှီကာ အမူးပြေလိုငြားငြိမ်နေလိုက်ကြသည်။
Kasperအားငဲ့ကြည့်၍Kevinမေးလိုက်သည်။
" ထင်ရတာပဲ ဟက်~"
"ဟာကွာ "
Kasper ရေဒီယို အားဖွင့်လိုက်တော့ တေးသီချင်း အစီအစဉ်မှလာနေသည်မှာ
Enrique Iglesiasဧ။် 'Why not me' ဖြစ်နေ
သည်။ သီချင်းသံအား နှစ်ဦးသား ငြိမ်၍ နား
ထောင်ဖြစ်သည်။ ထို့ နောက် တစ်ဦးကို တစ်ဦး
စေ့စေ့ကြည့်မိပြီး မျက်လုံးချင်းအငမ်းမရ စကား
များပြောဖြစ်သည်။ သီချင်းပြီးဆုံးသွားချိန်တိုင်
အောင် နှစ်ဦးသားအကြည့်မလွှဲဖြစ်ကြပဲ ပြုံးလိုက်ကြသည် ။ နှလုံးသားဧ။် အရှိအတိုင်း
မြင်ပြီးချိန်၌ ဆက်လက်၍ ပက်သက်မိဦးမည်
ထင်သည်။
••••••••••••••••••••••••••••••••••••
[ အိမ်ထောင်တစ်ခုသည်အချစ်တည်းဟူသော
သဘောတရားများဖြင့်တည်ဆောက်ထားသော
ကမ္ဘာငယ်တစ်ခုဖြစ်သည်။
ထိုအချစ်သည် စမ်းရေကဲ့သို့  အေးမြသယောင်
နှင့် မီးတောင်ကဲ့သို့ ပူလောင်စေတတ်သည်။ ]
•••••••••••••••••••••••••••••••••••
Tbc…
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі