Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 5.5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16(Final Part)
Extra Part
Chapter - 4
အသက်ရှူသံတွေသာကြီးစိုးနေသည့် ကျွန်တော့်
သီးသန့် အခန်းထဲတွင် သတိမေ့မျောနေသည့် Cherry , ရော့တိရော့ရွဲအဝတ်အစားနှင့် ထိုင်ခုံ
ကိုနောက်မှီထိုင်နေသောကျွန်တော်နှင့် တစ်စုံ တစ်ခုကိုအသည်းအသန်တွေးနေပုံရသည့် Soohyuk…ငြိမ်သက်နေကြသည်။ ဆရာဝန်က အရေးကြီးလူနာရှိ၍အနည်းငယ်မျှနောက်ကျ
မည်ဆို၍ ယခုအခြေအနေအတိုင်း နေသည်မှာ
ကိစ္စများဖြစ်ပြီးနာရီဝက်အကြာထိဖြစ်မည်။
"Chanyeol…"
အတန်ကြာမှခေါ်လာသည့်Soohyuk ကို ကျွန်တော်မေးဆတ်ပြတော့။
"မင်းထင်နေသလိုမဟုတ်လောက်ပါဘူး။ မင်း
အထင်လွဲနေတာမျိုးပဲနေမှာပါ။"
ကျွန်တော် စိတ်ပျက်စွာပင်Soohyukကို စိုက်
ကြည့်လိုက်သည်။ သူမေး၍ ပြောပြသည့် ကျွန်တော့်စကားက အထင်လွဲခြင်းဟု ခေါင်းစဉ်
အလွယ်တစ်ကူတပ်ရမည်လား။
"မင်းပြောတာကိုငါမယုံတာမဟုတ်ဘူးနော်။ ဒါပေမဲ့ မင်းကိုအဆိုးဘက်ကမတွေးစေချင်ဘူး။
မင်းကငါ့ထက်သူ့ အကြောင်းပိုသိတဲ့လူပါ။ သူကမင်းအပေါ်ဆိုးရွားတဲ့ကိစ္စလုပ်မဲ့သူမဟုတ်
ဘူးမလား။"
တရားခံဟုသတ်မှတ်ရမည့်သူ့ ဘက်မှအေး
Soohyukအားမှန်ကန်သောတရားလိုဖြစ်သူ
ကျွန်တော်ကထူးဆန်းစွာပင်ပြန်လည်ချေပခြင်း
မပြုမိ ။ ထူးဆန်းစွာပင် ဘုရားသခင်၌ တိုင်တည်ဆုတောင်းခြင်းမရှိတတ်သည့် ကျွန်တော်က Soohyukပြောသလိုသာ ဖြစ်နေ စေရန်ဆုတောင်းမိနေပြန်သည်။
ပြန်လည်တိတ်ဆိတ်သွားသောအခန်းသည် တံခါးခေါက်သံပေါ်လာမှလှုပ်လှုပ်ရှားရှားဖြစ်
လာသည်။
"JongWoo'ah…ဝင်လာခဲ့လေ။"
အထက်တန်းတက်ခဲ့စဉ်ကညီအစ်ကိုများသဖွယ်
ပေါင်းသင်းခဲ့ကြသောကျွန်တော်တို့ အုပ်စုထဲမှ
Yi Fanနှင့်အတူ ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့
သော Kim Jong Woo…
ယခုမူအထွေထွေရောဂါအထူးကုဆရာဝန်တစ်
ယောက်ဖြစ်နေခဲ့သည်။ Yi Fanသည်လည်း
နှလုံးရောဂါဆိုင်ရာအထူးကုဆရာဝန်တစ်
ယောက်ဖြစ်ခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ ။ "
Cherryကိုတစ်ချက်ကြည့်၍မေးလာသည့် Jong Wooအား Soohyukကတစ်ခုခုကပ်ပြောလိုက်
သည်ထင်ဧ။်။ကျွန်တော့်အားအဓိပ္ပာယ်ဖော်မရ
သည့်အကြည့်တို့ ဖြင့်ကြည့်လာ၍။
"ဟို…ငါရုတ်တရက်စိတ်မထိန်းနိုင်ဖြစ်သွားလို့ 
ပါကွ။"
Jong Wooဘာမှပြန်မပြောတော့ပဲ Cherryကို
သာစမ်းသပ်မှုပြုနေသည်။ ဆယ်မိနစ်ခန့် ကြာ
တော့မှ။
"ပြင်ပဒဏ်ရာအနေနဲ့  ဘေးအသားနံရံတွေ စုတ်ပြတ်သတ်သွားတာ။ဒါပေမဲ့ အတွင်းဒဏ်
ရာကိုတော့စစ်ဆေးဖို့ လိုတယ်။သားအိမ်တစ်ခု
ခုထိခိုက်သွားနိုင်တာဆိုတော့။"
"ဒါဆိုမင်းဆေးရုံကိုတင်လိုက်မယ်။"
Soohyukသာဦးဆောင်၍ပြောသွား၍ ကျွန်တော်အထူးတစ်လည်ပြောမနေတော့ပဲ ယိုယွင်းနေသောအဝတ်အစားကိုသာ သပ်သပ်
ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်သည်။
"Chanyeol မင်းကိုလည်းငါ့စီနီယာဆရာဝန် တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။"
"မိတ်ဆက်ပြီးဘာလုပ်ရမှာလဲ။"
Soohyukကတော့Cheeryအားဤအချင်းအရာ
ထွက်သွားသည်မို့ အခန်းထဲတွင်JongWooနှင့်
ကျွန်တော်သာကျန်ရစ်ခဲ့သည်။
" သူကစိတ်ရောဂါအထူးကုဆရာဝန်။"
"……?"
"အခုဖြစ်တဲ့ကိစ္စကပထမဆုံးမဟုတ်မှန်းမင်း
သိတယ်မလား။"
"ဘာတွေလာပြောနေတာလဲ။ဒါပထမဆုံး…"
ကျွန်တော်ထိတ်လန့် သွားရသည်။ ကျွန်တော့်
အသိစိတ်တွင်ပေါ်လာသည့်ပုံရိပ်တွေမှာ ကျွန်တော်ဟာမကောင်းဆိုးဝါးတစ်ဦးသဖွယ်။
"မှတ်မိတယ်မလား။"
ကျွန်တော်Jong Wooအား လန့် ထိတ်စွာဖြင့်
သာခေါင်းခါပြမိသည်။
•••••••••••••••••••••••••••••••••••••••••
"ပြန်လာပြီလား။"
ရေချိုးရင်းထွက်လာပုံရသည့်Kevinဧ။်နှုတ်ဆက်
စကားကိုYi Fanခေါင်းငြိမ့်ပြ၍ အိပ်ခန်းထဲသို့  ဝင်သွားသည်။ အခန်းထဲတိတ်ဆတ်မှုသာ ဖြစ်နေ၍ အပြင်သို့ ပြန်ထွက်ကာ ။
"Chanyeolမပြန်လာသေးတာလား။"
အပေါ်ပိုင်းဗလာဖြင့်Kevinက TVကြည့်ရန်အမှု
ပြုနေစဉ် Yi Fanမေးခွန်းကြောင့် ။
"အင်း။ မပြန်လာသေးဘူး။"
"Yi Fan "
"……!"
"ငါ့ကိုမမြင်ချင်လို့  မလှည့်လာတာလား။"
Yi Fanသက်ပြင်းအသာချ၍Kevinဘက်သို့  လှည့်လာသည်။Kevin, Yi Fanရှိရာသို့  လျှောက်လာပြီး အနားရောက်သည်နှင့် Yi Fan
လည်ဂုတ်ပေါ်သို့ လက်နှစ်ဖက်ကိုတွယ်ကာ ချိတ်လိုက်သည်။
" ငါအထဲဝင်တော့မယ်။ပင်ပန်းနေတယ်။"
လည်ဂုတ်ပေါ်မှလက်တို့ ကိုအသာဆွဲချ၍ ပြောသော်လည်းတင်းခံထားသော လက်တို့ မှာ
မလျော့သွားချေ။
"ငါအရှက်မရှိဘူးလို့ ထင်တယ်မလား။ ဟုတ်မှာပါ ငါမိန်းကလေးဖြစ်နေရင်တော့ ဒီလို လိုက်ကပ်တာမျိုးကို အရှက်သိက္ခာကြောင့် မလုပ်ပဲနေနိုင်လိမ့်ပေမဲ့ ငါယောက်ျားတစ်
ယောက်ဖြစ်နေတာကြောင့်အရှက်ကိုဘေးချိတ်
ထားတာYi Fan !"
ပြောရင်းနှုတ်ခမ်းကိုနမ်းရန်ကပ်လာသော Kevinကြောင့်Yi Fanဘေးသို့ မျက်နှာလွှဲကာ
လက်တို့ ကိုအားသုံး၍ဖြုတ်ချလိုက်သည်။
"Chanyeolပြန်လာရင် အထင်လွဲလိမ့်မယ်။ မင်းမျက်နှာပြောင်တိုက်ပေမဲ့ငါမျက်နှာပြောင် မတိုက်နိုင်ဘူးKevin! "
"ဟက်! "
Kevinနာနာကျည်းကျည်းရယ်မောလိုက်သည်။
"မျက်နှာပြောင်တိုက်တယ်တဲ့လား။ အင်း …
ဟုတ်မှာပေါ့။ငါPark Chanyeolအပေါ်မျက်နှာ
ပြောင်တိုက်တာမှန်လိမ့်မယ်။ ဒါပေမဲ့ မင်းအပေါ်တော့မဟုတ်ဘူးYi Fan။ ငါချစ်တဲ့ သူကိုငါပွင့်ပွင့်လင်းလင်းချစ်ချင်မိတာ။ ငါက မင်းကို Park Chanyeolဆီကလုယူချင်တာမ
ဟုတ်ပဲ မင်းကိုပဲကြည့်ပြီးချစ်နေချင်တာ။ အဲ့ဒီအ
တွက်မင်းဆီကအချစ်မရလည်းဖြစ်တယ်။ ခါးသီးမှုတော့မပေးပါနဲ့ လား။ မနူးညံ့ချင်လည်း
ရတယ်။မရက်စက်ပါနဲ့ လားကွာ … ဟင်။"
"ငါတောင်းပန်ပါတယ်။"
"ဟင့်အင်း။ငါလိုချင်တာတောင်းပန်တာမဟုတ်
ဘူး။မင်းငါ့ကိုမပစ်ထားဖို့ ပဲလိုအပ်တာ။"
"Kevin ရယ် …"
ရင်ထဲမှ ၊ နှလုံးသားထဲမှအကြိမ်ပေါင်းများစွာ တောင်းပန်နေမိတော့သည်။
••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
Cherryအားစမ်းသပ်မှုပြုနေစဉ်အတွင်း Soohyukနှင့်JongWoo ထံမှ တိုက်တွန်းမှုအား
ကျွန်တော်လက်မခံနိုင်စွာငြင်းဆိုနေမိသည်။
"မဟုတ်သေးဘူးလေChanyeolရာ။ ဒီအတိုင်း…"
JongWoo နှင့်Soohyuk ကိုကျွန်တော်စိတ်
ပျက်မိသည်။ ကျွန်တော့်ကိုအရူးတစ်ယောက်
ဟုသတ်မှတ်နေကြသည်။ ကျွန်တော့်သူငယ်
ချင်းတွေဖြစ်လျက်နှင့် ။
"ငါမင်းတို့ ကိုတစ်ကယ်စိတ်ပျက်မိတယ်။"
ကျွန်တော် လှည့်ထွက်လာခဲ့သည်။ Jackson,
Minho,Soohyuk နှင့် JongWoo သူတို့ အား
လုံးသည်ကျွန်တော့်ဘဝကိုတစ်ဖက်သတ် စွတ်
ဖက်ကြ၍ စိတ်ပျက်လွန်းလှသည်။
"Chanyeol'ah…!"
ခေါ်သံတို့ ကိုလျစ်လျူရှု၍ ။ကျောခိုင်း၍ ။
         ကျွန်တော်အိမ်သို့ ရောက်တော့ ညသန်း
ခေါင်ပင်ကျော်နေလေပြီ။ အိမ်အတွင်းမှနှစ် ယောက်သောလူသားနှစ်ယောက် အိပ်မောကျ
နေပြီထင်သည်။ ကျွန်တော် အနည်းငယ် ပူလောင်နေသည့်စိတ်အစုံကြောင့် ရေခဲရေတစ်ဗူးလောက်သောက်ချပြီးသည့် အခိုက်။
"ညဥ့်နက်တယ်နော် ။"
တစ်ရေးနိုးလာပုံရသည့်Kevinကို ကျွန်တော် အပြုံးဟုမမည်ထိုက်သောအပြုံးကိုပြုံးပြရင်း
" တစ်ရေးနိုးလာပုံပဲ။ "
"အင်း။ ရေသောက်ချင်တာနဲ့ ။ Yi Fanက ပြန်ရောက်ကတည်းကမင်းကိုပဲမေးနေတာ။"
"သြော် …ဟက် !ငါပင်ပန်းလို့ အိပ်တော့မယ်။"
"အင်းChanyeol ကောင်းသောညပါ။"
"အင်း …ထင်ရတာပဲ။"
ဤသို့ သာတုံ့ ပြန်၍ ကျွန်တော်အခန်းထဲဝင်ခဲ့
သည်။ ကောင်းသောညတဲ့လား။ ထိုအရာက ကျွန်တော့်အတွက်ဖြစ်ပေါ်လာသည်မှမဟုတ်ပဲ။
တော့ကျွန်တော် သက်ပြင်းကို မက်မက်မော
မောချမိပြန်သည်။
ငါတို့ ကတကယ်ပဲဘာတွေလဲကွာ …။
မှုဧ။် အစိတ်အပိုင်းတို့ အား မမြင်ဖူးသည့်အ
လားအသေးစိတ်ကြည့်မိနေသည်။
||ငါ့ကိုတစ်စိမ့်စိမ့်မကြည့်နဲ့ Chanyeol…
အမေပေးတဲ့သဘာဝပစ္စည်းတွေဖြစ်လို့  အဖိုးအခယူရလိမ့်မယ်။ သိတဲ့အတိုင်း မိဘပေး
တဲ့ပစ္စည်းကတန်ဖိုးသိပ်ကြီးတယ်လေ။||
ကားကြောင့် ကျွန်တော်ပြုံးမိပြန်သည်။
" အဲ့ဒီတော့ မင်းလည်းငါ့ကိုပြန်ပြီးတစ်စိမ့်စိမ့်
နဲ့ ကြည့်ပေါ့Yi Fan …တန်ဖိုးချင်းက ထပ်တူညီ
နေတာမို့ ။"
|| ဟင့်အင်း ။ မင်းမှားနေပြီ Chanyeol ! မင်းကငါ့အတွက်တန်ဖိုးဖြတ်လို့ မရတဲ့ အဖိုးတန်လူသားဖြစ်လို့  ဘားရက်အိုဘားမား
ရင်တောင်ငါကမင်းကိုပဲရွေးမှာ။||
အတော်လေးကိုနှိုင်းတတ်ရှာသည်။
ဤသို့ ဖြေလေတော့ သူကသဘောကျစွာ ကြည်ကြည်နူးနူးရယ်၍ ကြင်နာသောအနမ်း
တို့ ကိုခြွေလေသည်။
ငါရူးနေတာမှန်လောက်တယ်ထင်တယ်။ Yi Fan…မင်းကိုချစ်တဲ့အချစ်က စက္က္တန့် နဲ့  အမျှပို
တိုးလာတာကငါ့ကိုတကယ်ရူးသွပ်စေတယ်။
ကျွန်တော့်အားစိုက်ကြည့်နေသည်။
ကျွန်တော့်အားပြောလာသည်။
      " ငါမင်းကိုမချစ်ဘူး ။ "
ဟင့်အင်း !!! မဟုတ်ဘူး !!!
ကျွန်တော် အိပ်ယာပေါ်မှ ထိတ်လန့် စွာဖြင့် ပြေးထွက်ခဲ့သည်။ 
လေတစ်ဖြူးဖြူးတိုက်ခတ်နေသောလမ်းမ ထက်တွင် ဖိနပ်ဗလာဖြင့် ။
မောဟိုက်စွာတုန်ယင်နေသောရင်ဘတ်ကို ဖိခြင်းဖြင့်။
နာကျင်လာသောခြေထောက်ကိုမနားတမ်းဖြင့်။
ရပ်တန့် မိပြန်တော့ ကျွန်တော် ကားဂိတ်တစ်ခု
တွင်ဖြစ်နေခဲ့သည်။ယိုင်နဲ့ သောခြေထောက်ကို
အနားပေးမိတော့ မြေပြင်ပေါ်ခွေလျက်ကျလာ
ခဲ့သည်။ မျက်လုံးအစုံကိုမှိတ်မိတော့ ပူပြင်းစွာ ကျဆင်းလာသောမျက်ရည်စက်များ …။
"ဟေး …"
အချိန်မည်မျှကြာသွားသည်မသိပဲ ခေါ်သံတစ်ခု
ကြောင့်ကျွန်တော် ကြည့်မိတော့ ခြေတံတစ်စုံ။
ထိုင်နေလျက်ဖြစ်၍မော်ကြည့်မိတော့ ကြည်လင်သောမျက်နှာတစ်စုံ။
"တစ်ခုခုဖြစ်နေတာလား။ ကိုယ် ဆရာဝန်ပါ။ ဘာကူညီပေးရမလဲ။"
မည်သည့်ကံပေလဲမသိ။ဆရာဝန်ဟူသည်များ
"မလိုဘူး။ရတယ်။"
ကျွန်တော် မျက်ရည်တို့ ကိုလက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်၍နေရာမှထရာ ခြေဖဝါးမှ
ပြင်းပြစွာနာကျင်မှုကြောင့် နှုတ်ခမ်းကိုက်မိရာ
"ခြေထောက်ထိထားတာထင်တယ်။"
အသာလာတွဲသည့် ထိုလူဧ။်လက်တို့ ကို ဖယ်ထုတ်တော့ ထိုလူကရယ်သည်။
"ကိုယ်ကဆရာဝန်ဖြစ်တာမို့  မြင်ရက်နဲ့ တော့ မကျော်သွားနိုင်ဘူး။ ဒီတော့ ငြိမ်ငြိမ်နေလိုက်
ပါလား။"
"……!"
ကျွန်တော့်အခြေအနေကိုသိလိုက်၍ ထိုလူတွဲခေါ်ရာသို့ လိုက်၍ အနား၌ ရပ်ထားသည့် ကားထဲသို့ ဝင်ထိုင်လိုက်သည်။ တစ်ခါမှမသိကျွမ်းသောလူနှင့် ထိုသို့ သော အခြေအနေအပေါ် ကျွန်တော် အထူးတစ်လည်
တွေးတောမိခြင်းအလျဉ်းမရှိခဲ့ချေ။
•••••••••••••••••••••••••••••••••••••••••
"တစ်ခုခုနဲ့ ခလုတ်တိုက်မိတာလား။ ခြေထောက်ကွဲနေတာပဲ။"
"……!"
"ဆေးလိမ်းပြီးစည်းထားတာမို့ လို့  ဒီတစ်ည
တော့ဒီမှာပဲအိပ်လိုက်။ မနက်ကျမှ ကိုယ် မင်းအိမ်ကိုလိုက်ပို့ ပေးမယ်။"
"ခင်ဗျားတကယ်ဆရာဝန်ပေါ့။"
"အဟက် ! အင်းလေ …မင်းကမယုံလို့ လား။"
"မယုံတာတော့မဟုတ်ပေမဲ့ ညသန်းခေါင်ကြီး
"သြော် …ဆေးရုံကနေအိမ်ပြန်တာလေ။ မင်းကိုတွေ့ တာနဲ့ ကားရပ်ပြီးဆင်းလာခဲ့တာပဲ"
"'ဘာအထူးကုလဲ။အထွေထွေလား။"
ကျွန်တော့်မေးခွန်းကိုသူကပြုံး၍ ဆေးတို့ ကို နေရာတစ်ကျထားနေသည်။
"စိတ်ရောဂါအထူးကု။ "
ကျစ် !
ကျွန်တော်ထပ်မမေးတော့ပဲ သူနေရာချပေး
သည့်ဆိုဖာပေါ်တွင်သာလှဲအိပ်လိုက်သည်။
" မအိပ်တတ်ရင်ကိုယ့်အိပ်ယာပေါ်မှာအိပ်လို့ 
ရတယ်နော်။ကိုယ်ကဘယ်နေရာဖြစ်ဖြစ် အိပ်လို့ အဆင်ပြေတယ်။"
"ရတယ်။ဒီမှာပဲအိပ်လို့ ဖြစ်တယ်။"
ပြောပြီးသည်နှင့်ကျွန်တော်မျက်လုံးမှိတ်လိုက်
သည်။
||ငါမင်းကိုမချစ်ဘူး။||
||ChanyeolမရှိဘူးYi Fan! ငါတို့ တစ်ခုခုလုပ်
သင့်တယ်မလား အဟင်းးး||
နာကျင်သည် ။ ဒဏ်ရာဖြစ်နေသည့်နေရာမှမ
ဟုတ်ပဲကျွန်တော်ဧ။်နှလုံးသားထဲမှ တစ်ဆစ်ဆစ်ဖြင့်။
"တော်ကြပါတော့!!!!!! "
နားကိုပိတ်၍ကျွန်တော်အော်မိတော့ သူတို့  ငြိမ်သက်သွားကြသည်။
"ဘာဖြစ်လို့ လဲ။ "
"ဟင် …?"
ဟိုလူဘယ်လိုဖြစ်ပြီးရောက်လာသည်လဲ။ Yi Fan တို့ ကော ။
" သူတို့ ကော ။ ဟင် …သူတို့ ကောလို့ !!!"
"ဟင် ?အာ …သူတို့ ပြန်သွားပြီ။ "
ပြန်သွားပြီတဲ့လား။ အဟက် …ကျွန်တော့်ကို ရင်ဆိုင်ရန်တော့ကြောက်ကြသေးပုံပဲ။
"ခုနကဘာတွေမြင်လိုက်လို့ လဲ။"
ရေတစ်ခွက်ပေးရင်းမေးလာသည့်ထိုလူဆီမှ ရေခွက်ကိုလှမ်းယူ၍
"ခင်ဗျားမမြင်လိုက်ဘူးလား။ သူတို့  ကျွန်တော့်
"ဟုတ်လား ။ ကိုယ်မမြင်လိုက်မိဘူး။ သန့် စင်
ခန်းသွားနေတုန်းဖြစ်လိမ့်မယ်။"
"နေပါဦး။ဒါခင်ဗျားအိမ်မလား။ သူတို့ က ဘယ်လိုရောက်လာကြတာလဲ။ "
" သူတို့ ကဘယ်သူတွေမို့ လို့ လဲ။မင်းနဲ့  ဘယ်လိုပက်သက်လို့ လဲ။"
ကျွန်တော် မည်သို့ ဖြေရမည်လဲ။ ကျွန်တော့် ယောက်ျားနှင့်ဖောက်ပြန်သူဟူ၍လား။
"ထားပါ အရမ်းမတွေးပါနဲ့ ။ တစ်ခုခုစားမလား။"
"တော်ပြီ။ စားချင်စိတ်မရှိလို့ ။"
"အင်းပါ။ ခဏနေဦးနော်။ ရော့ …ဒီစာအုပ်ဖြစ်
ဖြစ်ဖတ်နေလိုက်။"
မဂ္ဂဇင်းစာအုပ်တစ်အုပ်ပေး၍ အနောက်ဘက်
သို့ ဝင်သွားသောထိုလူကိုကျွန်တော်လိုက်
ကြည့်နေမိသည်။ ၅မိနစ်ခန့် ကြာတော့ ထိုလူ့ 
လက်ထဲတွင်ကော်ဖီနှစ်ခွက်ပါလာသည်။
"ရော့ …ကော်ဖီသောက်လိုက်။"
"ကျေးဇူးပဲ။"
ကျွန်တော် သောက်ကြည့်တော့ ကောင်းမွန်သောအရသာတစ်ခု။ သောက်ပြီး
သည့်တိုင်လျှာပေါ်တင်ကျန်စွဲနေသည်မို့ ။
"ခင်ဗျားနာမည်ကဘာလဲ။"
"Kasper …မင်းကကော။"
"Chanyeol…Park Chanyeol"
"သြော် …ညဥ့်တောင်နက်နေပြီ။ကော်ဖီ
သောက်ပြီးရင်အိပ်လိုက်တော့နော်။"
"ခင်ဗျားကဆရာဝန်လည်းပြောသေးတယ်။ အိပ်ခိုင်းမဲ့လူကိုကော်ဖီတိုက်ရလား။"
"အဟက်… မဆိုင်ပါဘူး။မင်းကောင်းကောင်း
မွန်မွန်အိပ်ပျော်သွားမှာပါ ။ "
".……?"
အမှန်ပင် သိပ်မကြာသည့်အချိန်တစ်ခုတွင် ကျွန်တော်အိပ်ငိုက်လာသည်။ ကော်ဖီသောက်
၍အိပ်ငိုက်သူမှာကျွန်တော်ပင်ဖြစ်လိမ့်မည်။
"အိပ်လိုက်ပါတော့ Chanyeol…။ အားလုံးအ
ဆင်ပြေသွားမှာပါ။ အိပ်မက်လှလှမက်ပါစေ။"
ခပ်တိုးတိုးထိုလူ့ စကားသံတွေအကြား ကျွန်တော် အမြင်တွေဝေဝါးလာသည်။ ထို့  နောက်…….။
ထိုအခိုက်အတန့် ၌ Kasperသည် စာအုပ်အရှည်တစ်အုပ်တွင် ဆိုဖာထက်အိပ်
ပျော်နေသောကောင်ကလေးကိုကြည့်၍ တစ်စုံတစ်ရာကိုရေးမှတ်နေခဲ့သည်။
•••••••••••••••••••••••••••••••••••••••••
Tbc……
Steven_Cheng
© Steven Cheng Cheng,
книга «မညီမျှခြင်း».
Коментарі